Monday, March 28, 2011

SQ117 ပြန်ပေးဆွဲခံရမှု အနှစ် ၂၀ ပြည့် အမှတ်တရ











ဒီဆောင်းပါးကတော့ ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် The Straits Times သတင်းစာ၏ Saturday Special တွင်ဖော်ပြခဲ့သော
ဆောင်းပါးရှင်များဖြစ်သည့် Mr. Francis Chan နှင့် Mr. William Choong တို့ရေးသားသည့် စင်္ကာပူလေကြောင်းလိုင်း ခရီးစဉ်အမှတ်
SQ117 ပြန်ပေးဆွဲခံရမှု အနှစ် ၂၀ ပြည့်အမှတ်တရအဖြစ် ဖော်ပြသည့်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
ယခုဘာသာပြန်ဆိုမှု post ကိုမည်သည့် website/blog များနှင့်ပုံနိုပ်ထုတ်ဝေသည့် စာအုပ်များ၊ forward e-mail များတွင် ထပ်ဆင့် ကူးယူဖော်ပြခြင်းမပြုပါရန် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။

၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ စင်္ကာပူလေကြောင်း ခရီးစဉ် SQ117 ပြန်ပေးဆွဲခံရမှုဟာ ယနေ့ ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာတော့ အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှု ကို စင်္ကာပူတပ်မတော်ရဲ့ အထူးကွန်မန်ဒို များက အောင်မြင်စွာ ခြေမှုန်းနိုင်ခဲ့ပုံကိုအဆင့်ဆင့်ကို ပြန်ပြောင်းဖော်ပြထားတာဖြစ်ပါတယ်။

ပြန်ပေးဆွဲသူများရဲ့တောင်းဆိုချက်များက အလွန်ရှင်းလင်းပြတ်သားပါတယ်။ လေယာဉ် ၅ မိနစ်အတွင်း မထွက်ခွာလျှင် ဓားစာခံများကို
သတ်ပစ်လိမ့်မည်ဖြစ်ပါတယ်။ ဒါလေယာဉ်အပိုင်စီးမှုကို နိုမ်နင်းရေးအတွက် အစမ်းလေ့ကျင့်နေကြတာမဟုတ်ပါဘူး။ စင်္ကာပူလေကြောင်း
ရဲ့လေယာဉ်အမှုထမ်း ၂ ဦးကို ဓားတရမ်းရမ်းနဲ့အပိုင်စီးထားတဲ့ သောင်းကြမ်းသူများက လေယာဉ်ပေါ်မှတွန်းချခဲ့ ပြီးဖြစ်ပါတယ်။

ပါကစတန်နိုင်ငံသား အကြမ်းဖက်သောင်းကြမ်းသူ ၄ ဦးတို့ကလေယာဉ်ပေါ်ရှိ ခရီးသည်များနဲ့ လေယာဉ်အမှုထမ်းများကို မီးလောင်တိုက် သွင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အဲ့ဒီအချိန်ဟာ မနက် ၆နာရီ ၄၅မိနစ်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတရာ ချနိုင်ဖို့
၅ မိနစ်ပဲ အချိန်ရှိပါတယ်။ လူအယောက် ၁၂၃ ဦးတို့ရဲ့ အသက်တွေကိုကယ်တင်မလား?? သို့တည်းမဟုတ် သွေးပင်လယ်ဝေမလား ??ဆိုတာကတော့ ဒီ ၅ မိနစ်သာ ကျန်ရှိတဲ့ အချိန်ပေါ်မူတည်နေပါတယ်။

အခင်းဖြစ်ပွားနေတဲ့ နေရာမှာ အခြေစိုက်ပြီး အနီးကပ်ကွပ်ကဲမှုတွေပေးနေတဲ့ အဆင့်မြင့်ထိပ်တန်းအရာရှိကြီးများဟာ ဒီပြန်ပေးဆွဲမှုကို
အကြမ်းနည်းနဲ့ ဖြိုခွင်းဖို့ပိုမိုအရေးကြီးတယ် ဆိုတာသိရှိနားလည်ထားကြပါတယ်။ စောစောပိုင်းတုံးက ညှီနှိုင်းမှုတွေ၊ အပေးအယူပြုမှု
တွေကတော့ ပြသနာအပေါ် အသက်ရှုအနည်းငယ်ချောင်ရုံပဲရှိပါတယ်။ သို့သော် ယခုအချိန်မှာတော့ စကားတွေပြောနေဖို့အချိန်မဟုတ်
တော့ပါဘူး။

ပြန်ပေးဆွဲမှုဖြိုခွဲရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဦးဆောင်လမ်းညွှန်သူများ ဖြစ်သောဖြစ်သော ဥပဒေနှင့်ပြည်ထဲရေး ဝန်ကြီး
Prof. S.jayakumar (ယခု အဆင့်မြင့် ဝန်ကြီး)၊ ကာကွယ်ရေး ဒုတိယ ဝန်ကြီး Dr. Yeo Ning Hong (ယခု Director of Singapore Press Holding, A member of Kepple Panel and Adviser to Far East Organization) တို့ကဒီအဖြစ်အပျက်ကို ပြန်ပြောင်း
ပြောဆိုရာတွင် -

“ ကျနော်တို့မှာ ရွေးချယ်စရာနည်းလမ်း မရှိတော့ပါဘူး။ ကျနော်တို့အနေနဲ့ ပြန်ပေးသမားတွေ စပြီးအချိန်ကိုစရေတွက်နေချိန် မှာပဲ
တစ်ခုခု ကိုအလျှင်အမြန်လုပ်ဆောင်ရတော့မှာပါ”

“ ကျနော်တို့ စင်္ကာပူတပ်မတော် ကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ခံအရာရှိကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် Ng jui Ping ကိုတပ်ဖွဲ့ဝင်တွေအစဉ်သင့်ဖြစ်နေ
လား၊ ဖြစ်နေရင် နှောင့်နှေးမနေပဲ တိုက်ခိုက်တော့ဖို့ အမိန်ပေးလိုက်တယ် ”

နာရီပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ပြန်ပေးသမားတွေနဲ့ ညှီနှိုင်းမှုတွေဟာနောက်ဆုံးမှာတော့ ဘာရလဒ်မှမပေါ်ထွန်းလာခဲ့ပါဘူး။ ချန်ဂီလေဆိပ်ကြီး မပိတ်ရသေးခင် ဓားစာခံ တွေကိုကယ်တင်နိုင်ပြီး ဒီပြသနာပြီးဆုံးနိုင်ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အရေးတကြီး ဆောင်ရွက်ခဲ့ရတာပါ။ ဒီပြန်ပေးဆွဲမှုအဖြစ်အပျက်ကို အစကနေပြန်ပြောင်း လေ့လာရရင်တော့ -

လွန်ခဲ့သော နှစ်ပေါင်း ၂၀၊ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က ခရီးသည်အဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ ပြန်ပေးသမား ၄ ဦးဟာ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Subang International Airport ကနေ စင်္ကာပူကို ထွက်ခွာမယ့် စင်္ကာပူလေကြောင်းခရီးစဉ်အမှတ်
SQ117 ပေါ်ကိုတက်ရောက်လာခဲ့ကြပါတယ်။ ည 9.38 နာရီမှာတော့ လေဆိပ်ကနေ လေယာဉ်အောင်အောင်မြင်မြင် ထွက်ခွာခဲ့ပြီးနောက်
၁၂ မိနစ်အကြာ လေထုတွင်း မြေပြင်မှ အမြင့်မီတာ ၈၃၀၀ ကိုပျံသန်းတက်နေစဉ်အတွင်း၊ ပြန်ပေးသမားတစ်ဦးက လက်ထဲမှာ ဖောက်ခွဲ
ရေးပစ္စည်း လို့ယူဆရတဲ့အရာတစ်ခုနှင့် မီးခြစ်တစ်ခုကိုကိုင်တွယ်ပြီး လေယာဉ်မောင်းခန်းအတွင်းသို့ရောက်ရှိလာခဲ့ပါတယ်။

ပြန်ပေးသမား ရဲ့ ပထမဆုံးတောင်းဆိုချက်အနေနဲ့ လေယာဉ်မှူးကို စင်္ကာပူမှာမဆင်းပဲ ဆစ်ဒနီမြို့ကိုပျံသန်းဖို့ပြောပါတယ်။ ဒါပေမယ့်
လေယာဉ်မှူးက ဆစ်ဒနီကိုပျံသန်းနိုင်ဖို့ဆီ အလုံအလောက်မရှိတဲ့ အတွက် စင်္ကာပူမှာပဲဆင်းသက်မှဖြစ်မယ် လို့ ပြန်ပေးသမားကို ရှင်းပြ
ခဲ့ပါတယ်။ ဒါပေမယ့် အလွယ်တကူ လက်မခံပဲ Airbus A-310 လေယာဉ်ကို လေထုထဲမှာပဲဖောက်ခွဲပစ်မယ် လို့ခြိမ်းခြောက်သော်လည်း
လေယာဉ်မှုးက ဆီမလောက်ပဲဆက်အတင်းဆက်ပျံခိုင်းမယ်ဆိုရင်တော့ ဆစ်ဒနီကိုမရောက်ပဲ လမ်းမှာတင်ပျက်ကျလိမ့်မယ် လို့ထပ်ပြော
တဲ့အခါ ပြန်ပေးသမားက လေယာဉ်ကို စင်္ကာပူမှာယာယီဆင်းသက်ဖို့ သဘောတူလိုက်ပါတယ်။ လေယာဉ်မောင်းခန်းထဲမှာ ဖြစ်နေစဉ်
အတွင်းမှာပဲ ကျန်တဲ့ ပြန်ပေးသမား ၃ ဦးတို့က ခရီးသည်များအားလုံး နဲ့ လေယာဉ်အမှုထမ်းများကို Economy Class ထဲမှာ ထိမ်းသိမ်း
ထားပါတယ်။

ည 10.24 နာရီမှာတော့ SQ117 ဟာစင်္ကာပူချန်ဂီလေဆိပ် ကိုဆင်းသက်ခဲ့ပြီး လေယာဉ်ပြေလမ်း အမှတ် (၁) ရဲ့အလည်မှာ ရပ်တန့်ထား
ပါတယ်။ ပြန်ပေးခေါင်းဆောင် Sahid က လေယာဉ်မှူး Captain Lim ကိုသူ့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေဆီသတင်းပို့ခိုင်း
ရာမှာ -

၁။ စင်္ကာပူနိုင်ငံ ပါကစတန်နိုင်ငံသံအမတ်ကြီးနဲ့ စကားပြော၍ ပါကစတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း၏ အမျိုးသားအပါအဝင် ၄င်းတို့ ပါတီဖြစ်သည့် Pakistan People's Party ပါတီဝင် ၁၁ ဦးတို့ကို ပါကစ်စတန်နိုင်ငံ အတွင်းရှိထောင်များမှ လွှတ်ပေးရန်

၂။ လေယာဉ်ကိုဆီအပြည့်ဖြည့်ပြီး ဆစ်ဒနီမြို့ကိုဆက်လက်ပျံသန်းခွင့်ပြုရန်

တို့ဖြစ်ပြီး သူတို့၏တောင်းဆိုချက်တွေကို မလိုက်လျောပါက လေယာဉ်ပေါ်ရှိခရီးသည်များ အားလုံးကိုသတ်ပစ်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

လေယာဉ်မှူး Captaing Lim ကပြန်ပေးသမား Sahid လေယာဉ်မောင်းခန်းအတွင်း ဝင်မလာမီ စက္ကန့်ပိုင်းအလိုမှာ လေယာဉ် အနောက်ပိုင်း မှာရှိတဲ့ လေယာဉ်အမှူထမ်းချုပ် ကသူ့စီလှမ်းသတိပေးချက်ကို လက်ခံရရှိပြီးနောက် သူ့ လေယာဉ်ပြန်ပေးဆွဲ ခံနေရ ကြောင်း လေကြောင်းထိမ်းမျှော်စင်ကိုထပ်ဆင့် အကြောင်းကြားနိုင်ခဲ့ပြီး အာဏာပိုင်များအနေနဲ့ အဆင့်သင့် ပြန်ဆင်ဖို့ အခွင့်အရေး ပိုမိုရရှိခဲ့စေပါတယ်။ သတင်းရရှိလျှင် ရရှိခြင်း စင်္ကာပူအကြမ်းဖက်မှုကာကွယ်ရေး ယန္တရားဟာ အသက်ဝင်လှုပ်ရှားလာပြီး၊ ရဲတပ်ဖွဲ့၊ စင်္ကာပူတပ်မတော်၊ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ နဲ့ အမျိုးသား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေကို အလျှင်အမြန် ဆင့်ခေါ်ပြီးလေယာဉ်ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ည ၁၀ နာရီအချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် Mr. Lim Siong Guan (ယခု - President of the Government of Singapore Investment Corporation) က သတင်းရရှိခြင်း ချန်ဂီလေဆိပ်ကို ချက်ချင်း သွားရောက်ခဲ့ပြီး အမှန်တကယ် ဖြစ်နေတာလား လို့ သူတွေးခဲ့မိတဲ့အကြောင်းပြန်ပြောပြပါတယ်။ အဲ့ဒီအချိန်တုံးက ဥပဒေနဲ့ပြည်ထဲရေးဝန်ကြီး
Prof Jayakumar ကတော့ ည 10.30 အချိန်သူ့အိမ်မှာရှိနေချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ဖုံးနဲ့ဆက်ပြီး သတင်း
ပေးပို့တာကိုလက်ခံရရှိပြီးတဲ့နောက် ဝန်ကြီးချုပ် Mr. Goh Chok Tong နဲ့ ဝါရင့်ဝန်ကြီး Mr. Lee Kuan Yew တို့ကိုထပ်ဆင့်သတင်းပေး
ပို့ခဲ့ပြီး ပြန်ပေးသမားတွေရဲ့ တောင်းဆိုချက်နဲ့ အခြေအနေကိုရှင်းပြခဲ့ပါတယ်။

တချိန်ထဲမှာပဲ ရဲတပ်ဖွဲ့ ညှီနှိုင်းရေးမှူးက ပြန်ပေးသမားတွေကို Captain Lim ကတဆင့်ဆက်သွယ်ပြီး စတင်ညှီနှိုင်းဖို့ကြိုးစားခဲ့ပါတယ်။
အဖြစ်အပျက်ကြီးတစ်ခုလုံးရဲ့ အစပိုင်းမှာတော့ ၁၁၄ ဦးသောခရီးသည်များနဲ့ ၉ ဦးသော လေယာဉ်အမှုထမ်းများဟာ ဒီပြန်ပေးသမားတွေ
ဟာ အရက်မူးပြီးသောင်းကျန်း ကြတာပဲလို့ထင်ပေမယ့် နောက်ပိုင်းမှာတော့ ပြန်ပေးသမားများရဲ့ အဆက်မပြတ်ခြိမ်းခြောက်မှုတွေ၊
အလေးအနက်ပြောဆိုမှုတွေ၊ စိတ်လှုပ်ရှားဒေါသထွက်နေတဲ့ ဟန်အမှုအရာတွေကြောင့် အမှန်တကယ် ပြန်ပေးဆွဲခံနေရပြီဖြစ်ကြောင်း
သိရှိနားလည်လာကြတယ်လို့ ဆိုပါတယ်။

ည 11.20 နာရီမှာတော့ စိတ်မရှည်တော့တဲ့ ပြန်ပေးသမားတစ်ဦးဖြစ်တဲ့ Fida ဆိုသူက လေယာဉ်အမှုထမ်း Mr. Bernard Tan ကို ၄.၅ မီတာ မြင့်တဲ့ လေယာဉ်စီကနေ ပြေလမ်းပေါ်ကိုတွန်းချခဲ့ပါတယ်။ နောက်ထပ် ၄ နာရီကြာတဲ့ အချိန်မှာတော့ သူတို့ရဲ့လိုလားတောင်းဆို
ချက်တွေကို မြန်မြန်ဆန်ဆန်မဖြစ်မြောက်သဖြင့် စိတ်မရှည်တော့ပဲ နောက်ထပ်လေယာဉ်အမှုထမ်းတစ်ဦးကို ထိုးကျိတ်ကန်ကြောက်ပြီး
လေယာဉ်ပေါ်က ထပ်မံတွန်းချခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ညှီနှိုင်းရေးမှူးတွေကလဲ အစွမ်းကုန်အချိန်ဆွဲဖို့ကြိုးစားရာမှာ အသင့်အတင့် အချိန်ဆွဲနိုင်ခဲ့သော်လည်း တဖြည်းဖြည်းအချိန်
ဟာကုန်ဆုံးလာနေခဲ့ပါပြီ။ ည ၁၂ နာရီထိုးမှာတော့ သူတို့ရဲ့တောင်းဆိုချက်တွေ ဘာတစ်ခုမှဖြစ်မလာတဲ့ အတွက် စိတ်တိုဒေါသထွက်လာ
တဲ့ ပြန်ပေးသမားများဟာ လေယာဉ်မောင်းခန်းထဲက စက်ခလုတ်များ ကို အရက်များပက်ဖြန်းပြီး လေယာဉ်ကို မီးတင်ရှို့တော့မယ်လို့
ခြိမ်းခြောက်လာပါတယ်။ မနက် ၄ နာရီရောက်သည်အထိ သူတို့ရဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်မှုများ ကို ရဲတပ်ဖွဲ့ ညှီနှိုင်းရေးမှူးများက
အောင်မြင်စွာ အချိန်ဆွဲစည်းရုံးထားနိုင်ခဲ့ပါတယ်။

မနက် ၅ နာရီမှာတော့ ဆီတင်ကားတစ်စင်းစာ လေယာဉ်ကိုဆီဖြည့်ပေးခဲ့ခြင်းဖြင့် ပြန်ပေးသမားတွေကို အနည်းငယ်ကျေနပ်နှစ်သိမ့်နိုင်ခဲ့
ပါတယ်။ သို့သော် လေယာဉ်အမှန်တကယ်ပျံသန်းဖို့အတွက် ဆီအမြောက်အများ ဖြည့်ဖို့လိုအပ်နေပါသေးတယ်။ ဒီလိုညှီနှိုင်းမှုများ
ကြောင့် တစုံတရာ ဆိုးဆိုးရွားရွား မဖြစ်အောင် အခြေအနေကို ထိမ်းသိမ်းနိုင်ခဲ့တဲ့ အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေ အတွက် စဉ်းစား
သုံးသပ်ဖို့အဖိုးတန်တဲ့ အချိန်တွေရရှိစေခဲ့ ပါတယ်။

အကြမ်းဖက်မှုနိုမ်နင်းရေး တပ်ဖွဲ့ တခြားအမည်တစ်ခုအဖြစ် အထူးစစ်ဆင်ရေး တပ်ဖွဲ့တစ်ခုကို စင်္ကာပူတပ်မတော်အတွင်း ထိပ်တန်း လျို့ဝှက်စွာ ဖွဲ့စည်းထားတဲ့အလျှောက် အခင်းဖြစ်ပွားရာနေရာ ရဲ့ စစ်ဆင်ရေးခန်းမအတွင်းမှာ ဖြစ်နိုင်ခြေရှိသော ကယ်ဆယ်ရေး
နည်းလမ်းများကို တပ်ဖွဲ့ဝင်များထံရှင်းလင်းပြီး စစ်ဆင်ရေးစတင်ဖို့ အစဉ်သင့်ဖြစ်နေပါပြီ။ ဒါအပြင် အခြားကံကောင်းတဲ့ အချက်အနေနဲ့
တိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်များအနေဖြင့် လျှပ်တပျက် တိုက်ခိုက်ရေးစနစ်လေ့ကျင့်မှုများတွင် ယခုပြန်ပေးဆွဲခံထားရသော ပုံစံတူ လေယာဉ်ဖြင့် လေ့ကျင့်ထားသောကြောင့် အထွေအထူး ထပ်မံလေ့လာစရာမလိုပဲ တိုက်ခိုက်ကယ်ဆယ်ရန် အစဉ်သင့်အနေအထားကို
အလျှင်အမြန် ရောက်ရှိနေစေခြင်းဖြစ်သည်။

သို့သော် ချက်ချင်းဆိုသလိုပဲ ပြန်ပေးသမား ခေါင်းဆောင် Sahid ကညှီနှိုင်းမှုကို လက်လျှော့လိုက်ပြီး လေယာဉ်မှူးကို အခုချက်ချင်း
ထွက်ခွာဖို့ အမိန့်ပေးခဲ့သလို ၅ မိနစ်အတွင်းမထွက်ခွာနိုင်ခဲ့ပါက အကုန်လုံး ကို သတ်ပစ်မည် ဖြစ်ကြောင်း ရာဇသံပေးလိုက်ပါတယ်။
ကွပ်ကဲရေးအဖွဲ့ရဲ့ ခေါင်းဆောင်တွေအနေနဲ့ နောက်ဆုံးမှာတော့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ မနက် 06.47 နာရီမှာ လေယာဉ်ကို ဝင်ရောက်စီနင်းဖို့နောက်ဆုံး မီးစိမ်းကို ပြလိုက်ရပါတော့တယ်။ တချိန်ထဲမှာပဲ ညှီနှိုင်းရေးအဖွဲ့ကို အဆက်မပြတ် စကားပြောခိုင်းနေပြီး
အာရုံကို ၄င်းတို့ထံကျရောက်နေအောင် ပြုလုပ်နေစေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ အနက်ရောင်ဝတ်စုံ ကိုယ်စီဝတ်ဆင်ထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်တံခါးပေါက်အသီးသီးဆီးကို
လှေခါးဖြင့်ထောင်တက်ခါ တံခါးပေါက်များကို ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖောက်ခွဲရန် ၃ မိနစ်အတွင်း အသင့်ပြင်ဆင်ပြီးနောက်
လေယာဉ်တံခါးများကို ဖောက်ခွဲပွင့်စေခဲ့ပါတယ်။ တံခါးပေါက်ပွင့်လျှင်ပွင့်ချင်း လျှပ်စီးရောင်ဖြင့် ခဏတာမျက်စိကန်း၊ နားမကြားဖြစ်စေ
နိုင်သော လက်ပစ်ဗုံးများပစ်သွင်းကာ လေယာဉ်အတွင်းစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဖရိုဖရဲ ဖြစ်နေတဲ့ ပြန်ပေးသမားတွေမှာတော့ အနီးကပ် တိုက်ပွဲအတွက် အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေရဲ့ စက်သေနတ်များ ကြားမှာ စက္ကန့်ပိုင်းအတွင်းအတုံးအရုံးသေဆုံးခဲ့
ကြရပြီး စတင်တိုက်ခိုက်ပြီး ၁ မိနစ်မပြည့်မှီမှာပင် အခြေအနေအရပ်အရပ် ကိုထိမ်းသိမ်းနိုင်ပြီး ဖြစ်ပါတယ်။

စီးနင်းတိုက်ခိုက်မှုစစ်ဆင်ရေး Operation Thunderbolt ဟာ အချိန်စုစုပေါင်း ၃ မိနစ်ကျော်ကျော်လေးသာကြာခဲ့ပြီး စက္ကန့် ၃၀ အတွင်း
ပြန်ပေးသမားများရဲ့ တည်နေရာကို သိရှိခဲ့ခြေမှုန်းနိုင်ခဲ့ကာ ကျန်ခရီးသည်များ တစုံတရာ အထိအခိုက်မရှိအောင်မြင်ခဲ့ပါတယ်။ အထူး
တိုက်ခိုက်ရေး ကွန်မန်ဒိုတွေဟာ စင်္ကာပူကို နိုင်ငံတကာကအလည်မှာ ဂုဏ်ယူနိုင်စေခဲ့သလို ဒီပြသနာကြောင့် ချန်ဂီလေဆိပ်ကိုလဲ မပိတ်
ခဲ့ရပါဘူး။ ပြန်ပေးဆွဲမှုကြီး ပြီးနောက်မှာတော့ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ လေ့လာချက်အရ ပြန်ပေးသမားများမှာ လက်နက်ဆို၍
စားပွဲတင်ထောပတ်သုတ်သောဓားသေး (၂) ချောင်း နှင့် ခေါက်ဓား (၂) ချောင်းသာပါရှိပါတယ်။ သို့သော်လည်းပဲ ပြန်ပေးသမားများ
ဟာ လေယာဉ်အမှုထမ်း (၂) ဦးကိုထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပြီး ဒီထက်ပိုမိုဆိုးရွားတဲ့ အခြေအနေကို အချိန်မရွေးရောက်ရှိနိုင်တဲ့
အပြင် တန်းဖိုးကြီးတဲ့ လေယာဉ်ကိုလဲ အဆုံးအရှုံးမခံနိုင်တဲ့အတွက် အကြမ်းဖက်နိုမ်နင်း လိုက်ရတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ခရီးသည် ၁၁၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦးတို့ ဘေးမသီရန်မခ ပဲလေယာဉ်ပေါ်ကဆင်းသက်နိုင်ခဲ့ကြပါတယ်။
စစ်ဆင်ရေး အောင်မြင်လျှင်အောင်မြင်ခြင်း ဝန်ကြီးချုပ် Mr. Goh Chok Tong က ကွပ်ကဲရေးဦးစီးအဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို
ချက်ချင်း ချီးကျုးဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။

နောင်မှာတော့ ဒီစစ်ဆင်ရေးမှာစွမ်းစွမ်းတမံ အောင်မြင်အောင်ပံ့ပိုးကူညီခဲ့ကြတဲ့ လေယာဉ်မှူးကြီး Captain Stanley Lim (ယခု ထိ SIA တွင်အလုပ်လုပ်ဆ)ဲ နဲ့ ရဲတပ်ဖွဲ့ညှီနှိုင်းရေးအဖွဲ့ခေါင်းဆောင် Supt Foo Kia Juah (ယခု - Retired) တို့ကို Public Service Star တံဆိပ်ဖြင့် လည်းကောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Medal for Valour တံဆိပ်များဖြင့်လည်းကောင်း၊ ရဲတပ်ဖွဲ့ ညှီနှိုင်းရေးအဖွဲ့ကို Presidential Certificates of Commendationလက်မှတ်များဖြင့် လည်းကောင်း အသီးသီးချီးမြှင့်ခံခဲ့ကြရသည်။



Ref: and photo by:

1.Ministry of Defence, Singapore website www.mindef.gov.sg

2. news.xin.msn.com

3. The Straits Times Newspaper