tag:blogger.com,1999:blog-3011804308369704862024-02-23T00:08:37.794+08:00ကျွန်တော် SOL @ Hein OoKOhttp://www.blogger.com/profile/11621868649139688780noreply@blogger.comBlogger75125tag:blogger.com,1999:blog-301180430836970486.post-34518403001636155062016-06-10T16:14:00.001+08:002016-06-10T16:14:44.616+08:00စင်္ကာပူတွင် ဆယ်စုနှစ်တစ်စု ကြာသောအခါ
၂၀၁၆ ဇွန်လ (၆) ရက်က အမိမြန်မာပြည်က ထွက်ခွာခွဲ့ပြီး စင်္ကာပူကျွန်းနိုင်ငံမှာ အခြေချနေထိုင် ခဲ့တာ ၁၀ စုနှစ်တစ်စုစာ ကြာခဲ့ပြီ။ တစ်နှစ်တခါ ဇွန်လတိုင်း ရေးခဲ့တဲ့ blog series တစ်ခုအဖြစ် နဲ့ရော၊ ကိုယ်ပိုင် မှတ်တမ်းလေးတစ်ခု အတွက်နဲ့ပါ ဒီပိုစ့်ကိုရေးဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၆ ခုနှစ် ဇွန်လ (၇) ရက်နေ့က စင်္ကာပူဝန်ကြီးချူပ် လီရှန်လွန်း မြန်မာနိုင်ငံကို့  သံတမန်နှစ် (၅၀) ပြည့်အထိမ်းအမှတ် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် နဲ့ သွားရောက်လည်ပတ် ဖို့မြန်မာ နိုင်ငံ နေပြည်တော် ကို ရောက်ရှိပါတယ်။ ဆိုက်ရောက်ပြီး မကြာမီ အချိန်အတွင်း ပဲ စင်္ကာပူ - မြန်မာ (၂) နိုင်ငံကြား အပြန်အလှန် ဗီဇာကင်းလွှတ်ခွင့်တွေ ပေးတဲ့ သဘောတူညီချက်များ ကို လဲလည်ကြကြောင်းကို Social Media တို့ရဲ့ အကျိုးကျေးဇူးများကြောင့် ချက်ချင်း သိကြရ ပြီးသူငယ်ချင်းရဲ့ သတင်းပေး whats app msg ကနေရတာကြောင့် လမ်းပေါ်မှာပြေးနေရင်း တန်းလန်း က ခဏရပ်ပြီး facebook က ကိုယ့် ဝေါ ပေါ် အမြန်တင်လိုက်ရတာ မှတ်မှတ်ရရ တစ်ခုပါပဲ။
ဒီစင်္ကာပူ ဗီဇာနဲ့ ပါတ်သတ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေက ဗီဇာကင်းလွှတ်ခွင့်ရရေး အတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြ ပေမယ့် ဟုတ်တော့မလိုလို နဲ့ အဖြားရှုးရှူး သွားခဲ့ကြတော့ ဒီတခါလဲ ဟုတ်ရဲ့လား သေခြာ ရဲ့လား ဆိုပြီး ဆန်းစစ်တော့ မြန်မာနိုင်ငံတော်အစိုးရ၏ အတိုင်ပင်ခံပုဂိုလ် နဲ့ ဝန်ကြီးချူပ်တို့ ရှေ့မှာ အပြန် အလှန် စာချူပ်လဲလည်ကြတယ် ဆိုတော့မှပဲ ဒီတခါတော့ ဟုတ်ပါပြီ လို့ စိတ်ဒုန်းဒုန်းချ နိုင်ပါတော့တယ်။
အဲ့ဒီအတွက် စလုံးပီအာများ၊ နိုင်ငံသားခံယူထားသော မြန်မာလူမျိုးများ သူတို့အမျိုး၊ မိတ်ဆွေသူငယ်ချင်း များအတွက် Online Visa လျှောက်ပေးရသည်များ၊ Letter of Introduction များရေးပေးရသည်များ၊ အကြောင်းမလှပဲ ဗီဇာ ပယ်ချခံရတဲ့အခါ စလုံးလူဝင်မှုကြီးကြပ်ရေး ကို သွားပြီး အသနားခံစာ တင်ကြရတဲ့ ဒုက္ခအပေါင်းဟာ လာမည့် လအနည်းငယ်အတွင်းမှာပဲ ချူပ်ငြိမ်းရပါတော့မယ်။ အဲ့ဒီအတိုင်းပဲ စလုံးဖက်က မြန်မာပြည်ဖက်ကို သွားကြမယ့် စလုံးစီးပွားရေး လုပ်ငန်းရှင်များနဲ့ ဝန်ထမ်းများအတွက် မြန်မာသံရုံးမှာ ဗီဇာ လျှောက်ဖို့ ပြင်ဆင်ပေးကြရတဲ့ ကျနော်တို့ကို ဝန်ထမ်းရေးရာ၊ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ အတွက်လဲ အလုပ်တစ်ခု သက်သာသွားတဲ့ အတွက် မြန်မာတပြည်လုံး နဲ့ Facebook ကြီးတစ်ခုလုံး မြန်မာပြည်ရဲ့ ရှိသမျှ သတင်းမီဒီယာ အကုန်နဲ့ နောက်နေ့ ဇွန်လ (၈) ရက်နေ့ထုတ်The Straits Time နဲ့ TODAY Paper တို့ရဲ့ မျက်နာဖုံး သတင်းကြီးများ အဖြစ်နဲ့ ပါ အကြီးအကျယ် အုံးအုံးကြပ်ကြပ် သတင်း တွေ ကို အပြိုင်အဆိုင် ဖော်ပြလိုက်ကြတာ ဝန်ကြီးချူပ်လေယာဉ်ပျံ ရန်ကုန်လေဆိပ်ကို ခက်ခက်ခဲခဲ ဆင်း ရသည် ဆိုတဲ့ သတင်းပါ ပါသည်အထိကို စင်္ကာပူဝန်ကြီးချူပ် ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဟာ ပေါ်ပြူလာဖြစ်ခဲ့ ပါတယ်။
ဝန်ကြီးချူပ် လီရှန်လွန်း က ” မြန်မာနိုင်ငံဟာ မိတ်ဆွေဟောင်း နိုင်ငံတစ်ခုတင်မက အရေးကြီးတဲ့ မိတ်ဖက် နိုင်ငံဖြစ်ပါတယ် ” ဆိုတဲ့ စာကြောင်းကို The Straits Time သတင်းစာကြီး က မျက်နာဖုံး သတင်း ကြီးအဖြစ် ဖော်ပြခဲ့ ပြီး၊ ဝန်ကြီးချုပ် ရဲ့ မှတ်ချက်စကားများ အဖြစ်၊ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ က ရန်ကုန် မြို့ ကွက် ဖော်ခဲ့တဲ့ သူ နဲ့ စင်္ကာပူမြို့ကွက် ဖော်ခဲ့တဲ့ တူတူဖြစ်သည်ကအစ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတွက် စလုံးစစ်ဖက်ဆိုင်ရာ ဆေးတပ်ဖွဲ့နဲ့ အခြား အကူအညီအမြောက်အများ ပေးခဲ့တယ် ဆိုတဲ့အလည်၊ မြန်မာနိုင်ငံ တိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ အစဉ်တဆိုက် ကူညီဆောင်ရွက် ပေးခဲ့တဲ့ အပြင်၊ ရှေ့ လျှောက်မှာပဲ ဆက်လက်ကူညီသွားပေးမယ် ဆိုသည်အဆုံး ပြောဆိုသွားတာတွေ အားတက်သရော ဖတ်ကြရပါတယ်။
မစ္စတာလီရှန်လွန်း ရဲ့ ဖခင် မစ္စတာလီကွမ်ယူ လက်ထက်ကထဲကိုက စင်္ကာပူနဲ့ မြန်မာနိုင်ငံဟာ ရင်းရင်း နှီးနှီး ဆက်ဆံခဲ့ကြပြီး၊ မစ္စတာလီကွမ်ယူ နဲ့ ဦးနေဝင်းလက်ထက်ဆက်ဆံရေး ရင်းနှီးမှုတွေ နဲ့ နအဖ အစိုးရ ခေတ်က ဗိုလ်ချူပ်ကြီးများနဲ့ ဆက်ဆံရေး၊ စီးပွားရေးအကြံဥာဏ် များပေးခဲ့ပုံတွေကို ကျနော် အရင် က ရေးခဲ့ဖူးတဲ့
Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၁) - (၂) ကို အောက်ကလင်ခ့်တွေက နေ ပြန်ဖတ်နိုင်ပါတယ်။
http://kosol15.blogspot.sg/2012/03/mr-lee-kuan-yew.html
http://kosol15.blogspot.sg/2012/03/mr-lee-kuan-yew_21.html
လွန်ခဲ့တဲ့ (၁၀) နှစ်တာကာလ က ကျနော် ဒီကျွန်းနိုင်ငံပေါ်ကို ခြေချခဲ့စဉ်ကတော့ ဒီလောက်အထိ ကြာအောင် အခြေချနေထိုင် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိပဲ၊ နောက်တစ်ဆင့် အနေနဲ့ အခြား နိုင်ငံကြီး တစ်ခုကို အခွင့်အရေး ရရင်ရသလို ရေကြည်ရာမျက်နု ရာ ပြောင်းရွှေ့မယ်လို့ စဉ်းစားမျှော်မှန်း ထားခဲ့ပေမယ့် ဒီနိုင်ငံအတွင်းမှာ ပဲ ဖြစ်လာတဲ့ စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲ တွေကြားထဲကပဲ အခွင့် အလန်းနဲ့ ကံတရားရဲ့ မျက်နာသာပေးမှုတွေ ကြောင့် ဒီတိုင်းပြည်မှာ ဆက်ပြီးနေထိုင် ဖြစ်ခဲ့သည်။ (၁၀) နှစ် ကြာအသားကျလာတဲ့ လမ်းပန်းဆက်သွယ်ရေး၊ အလုပ်လုပ်တဲ့ စနစ်တွေ၊ talent အပေါ်မှာ အခြေခံထားတဲ့ တိုးတက်မှုကို အားပေးတဲ့ စနစ်တွေကြောင့်ရယ်၊ အားလုံးအဆင်ပြေနေတဲ့ comfort zone ထဲက ရုံးမထွက်နိုင်တော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုတည်ထောင် ပြီး ဒီထက်မကမြင့်မားတဲ့ ဘဝကို ရောက် အောင် ဆက်သွားချင်ပေမယ့် ရုံးမထွက်နိုင်သေးပါဘူး။
သို့သော် စင်္ကာပူရဲ့ ပြောင်းလဲလာခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ ကို ပြန်သုံးသပ်မယ်ဆိုရင်
လွန်ခဲ့သော (၁၀) နှစ်က စင်္ကာပူပြည်တွင်း မှာလိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ် တွေအတွက် ပေါ်လီ ကျောင်းဆင်းတာနဲ့ ပီအာတန်းပေး၊ အလုပ်ဆိုတာ ချက်ချင်းတန်းရ၊ Spass Reject တယ်ဆိုတာ အင်မတန် ကံဆိုးမှ ဖြစ်တဲ့အဖြစ်။ တင်သွင်းလိုက်တဲ့ လူ့အရင်းအမြစ်တွေ ကြောင့် side effect တွေ ကို နိုင်ငံသားတွေက မခံမရပ်နိုင်တွေ ဖြစ်တော့ ရွေးကောက်ပွဲမှာ အတော်လေး အကျိတ်အနယ် ပြိုင်လိုက်ရတဲ့ အခါမှာတော့ အစိုးရရဲ့ ပေါ်လစီတွေ အပြောင်းအလဲ တွေစလာပါတော့တယ်။ စီးပွားရေးဖက်မှာလဲ အရင် ကုန်ထုတ်လုပ်မှု အပိုင်း၊ ပို့ကုန်တင်ပို့မှုအပိုင်းတွေ မှာ စတင်ကျဆင်းလာတဲ့အတွက် စီးပွားရေးပြုပြင် ပြောင်းလဲ ရေးမူဝါဒ အသစ်ချမှတ်မှုတွေကို လွန်ခဲ့တဲ့ နှစ် ကစပြီး ပြင်ဆင်လာတာတွေ့ရပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေကိုလဲ ပြည်ပနိုင်ငံတွေမှာပါ ပိုမိုရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းတွေအတွက် အစိုးရ က ထောက်ပံငွေတွေချပေး၊ ကုန်ထုတ်လုပ်မှုအပိုင်းတွေမှာ လူအစား၊ စက်တွေကို တက်နိုင်သမျှ အစားထိုး အသုံးချဖို့အရေး အတွက် စီမံကိန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန ပေါင်းစုံကနေ ချပေးနေ တာ တွေ့ရပါတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် စင်္ကာပူက ပြောင်းလဲနေတယ်၊ နောင် တချိန်မှာ ဝန်ထမ်း ဘဝ နဲ့ ဘယ်လောက် အလုပ် လုပ်နိုင်မှာလဲ၊ တခါတလေများ (အခုနှစ်ပေါ့) စီးပွားရေးကျဆင်း နေတဲ့ အချိန် ဘယ်အချိန်များ လစာဖြတ် မလဲ၊ အလုပ်ကနေ Retrenchment လုပ်မလဲ ဆိုတာတွေကို တွေးတောပူပန်လာရတယ်။ ဟိုးအရင် ခေတ် များကလို အလုပ်ကို (၁) လအတွင်း ပြန်ရတာ မျိုးတွေ အတော်လေး ရှားသွားတာတွေ သိရလာတယ်။ ဒီတော့ ဒီဟာတွေ ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ ဆိုတဲ့ back up plan လေးတွေ ပြင်ဆင်လာရပြီး၊ ကိုယ်ကိုကိုယ် လဲ တခြားလူတွေ upgrade လုပ်နေသလို အဆင့်မြင့် တင်ဖို့အတွက် မတက်တဲ့ပညာရပ်ဆိုသင်၊ တက်ပြီးသားဟာ ကို ပိုတက်အောင် ထပ်အဆင့်မြင့်နဲ့ ပေါ့။
အသက်ကလဲ (၄၀) နားကပ်လာပြီ၊ တည်တည်တံ့တံ့ ရာထူးလေး နဲ့ ကိုယ့်လက်ကိုယ်ခြေ ဖြစ်နေတဲ့ လက်ရှိ အလုပ်မှာ လုပ်ခဲ့တာ ရှေ့လဆို (၄) နှစ်ပြည့်ခဲ့ပြီ။ စင်္ကာပူမှာရော၊ ကျနော့်ရဲ့ ဝန်ထမ်းဘဝမှာပါ အချိန် အကြာဆုံးတာဝန်ထမ်းဆောင် တဲ့ အလုပ်အဖြစ် စံချိန်ကျိုးခဲ့ပြီပေါ့။ ဒီနှစ်ထဲမှာတော့ စင်္ကာပူ စီးပွားရေး ကျနေတဲ့အချိန် အပြင် ဆောက်လုပ်ရေး လုပ်ငန်းများပါ အနည်းငယ်အထိနာနေတဲ့ အချိန်ဖြစ် တဲ့ အတွက် ကျနော့်အလုပ်မှာလဲ အခြားအပို expanding HR activity တွေ သိပ်မလုပ်တော့ပဲ၊ အရှိန် လျှော့်ချထားလိုက်ပါတယ်။ မနှစ်ကလို Job creation ပေါပေါများများ မရှိတဲ့အပြင်၊ စလုံးလုပ်ငန်းရှင်တွေ အတော်များများ က အသက် ၅၀ အထက် ဆိုရင် အလုပ်ခန့်ထားဖို့ သိပ်မလိုလားတော့ တာကြောင့် ဒီ နှစ်ထဲမှာ အလုပ်ထွက်တဲ့ သူ နည်းသွားတာ သတိထားမိသည်။ အပေါ်မှာရေးခဲ့တဲ့ စင်္ကာပူအစိုးရရဲ့ စီးပွားရေး ပေါ်လစီအသစ်တွေကြောင့် ကျနော်တို့ အလုပ်ရဲ့ အဓိကစက်ရုံကြီး ကို တဖက်ကမ်း မလေးရှား ဂျိုဟိုးကို ပြောင်းရွေ့ဖွင့်လှစ်ဖို့ ဖြစ်လာသည့်အပြင်၊ မြန်မာနိုင်ငံ လုပ်ငန်းခွဲအတွက်ပါ ဖွင့်လှစ်ဖို့ စီမံကိန်း များ စတင်ပြင်ဆင်လာရပါတယ်။
ဒီပိုစ့်ကိုတော့ ဘာမှထွေထွေထူးထူး ရေးစရာ သိပ်မရှိတာကြောင့် ဒီမှာပဲ နိဂုံးချူပ်ပါရစေ။ ဖတ်ပေးတဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-63791658005782591782016-05-06T11:11:00.004+08:002016-05-06T11:18:48.750+08:00ကျနော် နှင့် ကျန်းမာရေး အာမခံ အတွေ့အကြုံ အချို့
ဦးနှောက်အကျိတ်ကြောင့်ခွဲစိတ် ကုသမှုစားရိတ်အတွက် စင်္ကာပူဒေါ်လာသိန်းကျော်ကုန်ကျမှာ
ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ ကိုယ်ချင်းစာနာစိတ်နဲ့ လှူဒါန်းကြ မျှဝေပေးကြ၊ ဈေးရောင်းပေးကြနဲ့
အတော်လေးဗျာများ သွားကြပါ တယ်။ ပါဝင်လှူဒါန်းကြ လှုံဆော်ပေးကြတဲ့ သူများ ကို မုဒိတာပွားရပါတယ်။
ကျနော့်အနေနဲ့ ကျန်းမာရေးအာမခံရောင်းချတဲ့သူ မဟုတ်သော်လည်း အလုပ်ရဲ့သဘောသဘာဝအရ ဝန်ထမ်းများ
အလုပ်သမားများအတွက် အစိုးရက မဖြစ်မနေပြုလုပ်ပေးရမည် လို့ ဖော်ပြထားတဲ့ အာမခံ များအပြင်
ဝန်ထမ်းများအတွက် အထူးအခွင့်အရေး တစ်ခုအနေနဲ့ ကုပ္မဏီများကနေ အပိုဆောင်း ဝယ်ယူ ထောက်ပံပေးတဲ့
အာမခံများအတွက် ဒီ အာမခံတွေနဲ့ တနည်းမဟုတ်တနည်း ပတ်သတ်လာရပြီးနားလည် သဘောပေါက်အောင်လေ့လာခဲ့ပါတယ်။
<o:p></o:p>
စင်္ကာပူနိုင်ငံအတွင်း ရှိ အခြား မြန်မာနိုင်ငံသား များ သိရှိဖို့အတွက် ရယ်၊ မြန်မာနိုင်ငံမှ
အခြားသော ဝန်ထမ်းရေးရာ ပရော်ဖစ်ရှင်နယ် (HR Professional) များလဲ အတွေ့အကြုံရအောင်၊
ကျနော့်ကိုယ်တွေ့အတွေ့အကြုံလေးတွေ နဲ့ မှီငြမ်းပြီး  မိမိသိထားတာလေးတွေ ဝေမျှဖို့အတွက် ဒီ ပိုစ့်ကို ရေးဖြစ်ပါသည်။
အာမခံ အသေးစိတ် အချက်အလက်တွေ အတွက်တော့ ခုနကပြောခဲ့တဲ့ အတိုင်း ကျနော်က အာမခံရောင်းချသူ
Professional မဟုတ်တဲ့အတွက် မိမိတို့ရဲ့ နီးစပ်ရာ
အာမခံကိုယ်စားလှယ်များ ကို ဆက်သွယ်မေးမြန်းစေလိုပါတယ်။ <o:p></o:p>
ဝန်ထမ်း၊ Work Permit Holderနဲ့ S pass Holder များခန့်ထားတော့မယ် ဆိုတာနဲ့ ဒီအလုပ်သမား၊
ဝန်ထမ်းများအတွက် Company ဖက်က နေ Ministry of Manpower  (MOM) စင်္ကာပူအလုပ်သမားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း
ကျန်းမာရေးအာမခံ ပေါ်လစီတစ်ခုကို ဝယ်ယူပြဌာန်းပေးရတယ်။ ဒီအာမခံပေါ်လစီက အခြေခံအဆင့် ပေါ်လစီတစ်ခုဖြစ်ပြီးတော့
စင်္ကာပူဒေါ်လာ ၁၅၀၀၀ အထိ အာမခံဖက်ကနေပေးလျှော်မယ့် အဆင့်ပါ။ <o:p></o:p>
EP အတွက်အကာ အကွယ် မပေးပါဖူး။ ဒီပေါ်လစီအတွက် ပရီမီယံကြေးအနေနဲ့ အာမခံ company နဲ့ ဝန်ထမ်းအင်အား ပေါ်မူတည်ပြီး တစ်နှစ်ကို
ဝန် ထမ်းတစ်ယောက်အတွက် ၅၀ ကနေ ၁၀၀ အတွင်းပေးရပါတယ်။ ဒီပေါ်လစီဟာ Hospitalization
& Surgical ပဲဖြစ်တဲ့အတွက် ဝန်ထမ်း ဆေးရုံတက်ကုသမှ သာလျှင် အာမခံကလျှော်ကြေးစပေးမှာဖြစ်ပြီး၊
ပဏာမရောဂါရှာဖွေရေးအတွက် ဓာတ်ခွဲခန်း၊ စကမ် စသည်ဖြင့် နဲ့ အထူးကု၊ သာမန်ကုဆရာဝန်များအတွက်
ကုသစားရိတ် တွေကိုပါထည့်သွင်း ပြီးလျှော်ကြေးတောင်း ခံနိုင်ပါတယ်။ တကယ်လို့ ကိုယ်က စင်္ကာပူရဲ့
အထူးကုဆရာဝန်ကြီးတွေနဲ့ ရောဂါရှာဖွေ စမ်းသပ်ပြီး တဲ့နောက် ဘာရောဂါမှရှာမတွေ့ သော်လည်းကောင်း၊
ဆေးရုံတက်ကုသ စရာမလိုရင် လည်းကောင်း ဒီပေါ်လစီအတွင်းမှာ မပါဝင်ပဲ လျော်ကြေးငွေတောင်းခံလို့မရနိုင်ပါဘူး။
<o:p></o:p>
အခြေခံအားဖြင့် ခုတင် (၄) လုံးဝင် အခန်းအဆင့်မှာပဲ တက်ရောက်ရမှာဖြစ်ပြီး၊ လိုအပ်ချက်အရ
သီးသန့်အခန်း သို့မဟုတ် အထူးကြပ်မတ်ကုသခန်းထဲ ကို လဲ ထည့်သွင်းကုသဖို့အတွက် ဆေးရုံကနေပဲ
စီစဉ် ဆုံးဖြတ်တာဖြစ် ပါတယ်။ ဆေးရုံတွေရဲ့ procedure အရ ဝန်ထမ်းတစ်ယောက်ဆေးရုံတက်ကုသဖို့
လိုအပ်ပြီဟေ့ ဆိုတာနဲ့ ဆေးရုံကနေ ဝန်ထမ်း အလုပ်လုပ်နေတဲ့ company ကိုလှန်းအကြောင်းကြားပြီး
လူနာကို ဆေးရုံတင် မှာဖြစ်ကြောင်း၊ ဆေးရုံကုန်ကျစားရိတ် အတွက် company ဖက်က ငွေပေးခြေမည်
ဖြစ်ပါကြောင်း ကို Letter of guarantee ပေးပို့ပြီး အတည်ပြုချက် ရ ယူပါတယ်။ အဲ့ဒီအခြေအနေမျိုးမှာ
တော့ Company ဖက်ကနေ တာဝန်မယူနိုင်ပါ ဆေးရုံမတက်နဲ့ ပြန်လာပါလို့လဲ ပြောလို့မရတော့ပါဖူး။
အဲ့လိုပြောရင် လူနာရဲ့ အသက်အန္တရယ် နီးစပ်တဲ့အတွက် မဖြစ်မနေ တင်ရပါမယ်ဆိုပြီး၊
Company တွေပေါ် မှာ အာဏာသက်ရောက် နိုင်တဲ့ ဝန်ကြီးဌာန MOM ကိုအကြောင်းကြားပြီး MOM
ရဲ့ အာဏာနဲ့ Company ကို ဖိအားပေးခိုင်းမှာပါ။ <o:p></o:p>
ဟာကြီးမားလှတဲ့အတွက် သာမန် အူယောင်ငန်းဖျားလို၊ သွေးလွန်တုတ်ကွေး လို ရောဂါမျိုးများအတွက်
(၅) ရက်တာ သာမန်အခန်း တွင်းကုသစားရိတ်၊ ဆရာဝန်၊ ဆေး ဘာညာစာရိတ်တွေဟာ ငွေ ၅၀၀၀ ကနေ ၆၀၀၀
ကြားကျသင့် ပြီး၊ ICU အထူးကြပ်မတ်ကုသခန်း ထဲများ ဝင်သွားပြီဆိုရင်တော့ (၅) ရက်အတွက်
ပေါ်လစီ အကာအကွယ် ပေးထားတဲ့ ငွေ ၁၅၀၀၀ ဆိုတာ ICU ခန်းသုံးခလောက်ပဲ ရှိပါတော့တယ်။ <o:p></o:p>
အတွက် ခွဲစိတ်ကုသရ တဲ့ လူနာမျိုး၊ ကင်ဆာအတွက် ဓာတ်ကင်ကုသရတဲ့ အခြေအနေ မျိုးတွေ ရောက်လာခဲ့အခါ
ဘယ်သူက ကျန်တဲ့ဆေးကုသစားရိတ်ကို အကုန်ကျခံရမှာလဲ။ အဲ့ဒီအတွက် အဖြေက သာမန်ကျနော်တို့
နေစဉ် ထိတွေ့နေတဲ့ Employment Act ထဲမှာ မရှိတော့ပဲ သူ့ထက် ပိုမိုခြုံငုံထားတဲ့ Employment
of Foreign Manpower Act လို့ခေါ်တဲ့ နိုင်ငံခြားသားအလုပ်သမားများ ခန့်ထားရေးဥပဒေ ထဲက
ဖေါ်ပြချက်အရ ဝန်ထမ်း ကိုခန့်ထားတဲ့ Company ကနေ ဒီဝန်ထမ်းရဲ့ ဆေးကုသမှုကုန်ကျစားရိတ်
အားလုံး၊ အာမခံ ကပေးထားတဲ့ ၁၅၀၀၀ ထက်ပိုသော မည်သည့်ပမာဏ ကိုမဆို ကုန်ကျ ခံရမည် ဆိုပြီးပြဌာန်း ထားတာ တွေ့ရပါတယ်။
<o:p></o:p>
ကံမကောင်းအကြောင်းမလှ ခြင်းများ ကို ကာကွယ်ဖို့အတွက် WP အလုပ်သမားများအတွက် ခုနက အခြေခံပေါ်လစီ
၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ တိုးမြင့်အာမခံဖို့ လုပ်ကြရပါတယ်။ အဲ့ဒါအပြင်ကို Company တွေရဲ့
သုံးစွဲနိုင်မှုအသုံးစားရိတ်တွေ ပေါ်မူတည်ပြီး Pre-Employment Full Medical Check
Up လို့ခေါ်တဲ့ အလုပ်မခန့်ထားမီ ဆေးစစ်ချက် တွေ၊ Annual Medical Check Up တွေပြုလုပ်ကာကွယ်ရပါတယ်။
S Pass အတွက် ငွေ ၃၀၀၀၀ အထိ အပို ထပ်ဆောင်းအာမခံလို့ရတဲ့အပြင် အခြားသီးသန့် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ
များ ကို ငွေ တက်နိုင်ရင် တက်နိုင်လောက်ထပ်မံ အာမခံထားလို့ရပါတယ်။ ကုန်ကျစားရိတ်အားလုံးရဲ့
၉၀% အထိ ပြန်ပေးမယ့် ပေါ်လစီ၊ ၁၀၀% အထိပြန်ပေးမယ့် ပေါ်လစီများ အတွက် အသက်အပိုင်းအခြားပေါ်မူတည်
ပြီး တစ်နှစ်အတွက် ၃၀၀ ကနေ ၈၀၀ လောက်အထိ အာမခံ ပရီမီယံကြေးကုန်ကျနိုင်ပါတယ်။ ဒီအာမခံခံ အတွက် ဘယ်ဟာတွေ
ကိုကာဗာဖြစ်သလဲ၊ ဆေးရုံစားရိတ် အတွက် ကိုယ်ဖက်ကငွေဘယ်လောက်ပေးပြီး ပိုတာ ကိုမှာ အာမခံကပေးမှာလား၊
ဘယ်ဆေးရုံအဆင့်တွေနဲ့ ဘယ်အခန်းအဆင့် တွေ ကို တက်ရောက် ကုသမှုခံနိုင်မလဲ၊ အာမမခံတဲ့
ရောဂါတွေ ရှိသလားဆိုတဲ့ မေးခွန်းတွေကို ကိုယ် အာမခံ အရောင်း ကိုယ်စားလှယ်နဲ့ တွေ့တဲ့အခါ သေသေချာချာ မေးစေလိုပါတယ်။
<o:p></o:p>
အာမခံကတော့ Workmen Compensation လို့ခေါ်တဲ့ အလုပ်ခွင်အတွင်း အလုပ်သမား ထိခိုက်ဒဏ်ရာရရှိ၊
သေဆုံးမှုအတွက် အာမခံပဲ ဖြစ်ပါတယ်။ ဒီအာမခံကိုတော့ MOM က Workmen compensation Act
ပြဌာန်းချက်တွေနဲ့ တိုက်ရိုက်ကိုယ်တွယ်ပြီးတော့ ပြင်ပ အာမခံ Company ကြီးတွေကနေ
Company တွေကို အာမခံရောင်းပါ တယ်။ ဒီအာမခံကြေးအတွက် Company ကနေပဲ ပေးရမှာဖြစ်ပြီး၊
အလုပ်သမားစီကနေ တပြားမှ တောင်းခံခွင့်မရှိပါဘူး။ ဒီအာမခံအတွက်ကတော့ လုပ်ငန်းခွင်အတွင်း
ထိခိုက်ဒဏ်ရာရရှိမှုအတွက် (၃) ရက်ထပ်ပိုသော ဆေးခွင့်ကို စင်္ကာပူဆေးရုံဆေးခန်း တစ်ခုခုကများ
ပေးခဲ့ရင် MOM ကို (၁၄) ရက်အတွင်း အကြောင်းကြားပြီး လိုအပ်သည်များ ကို ဆက်လက်ဆောင်ရွက်ရပါတယ်။
<o:p></o:p>
ပတ်သတ်ပြီး မှတ်မှတ်ရရ အဖြစ်အပျက် (၂) ခုကြုံခဲ့ဖူးပါတယ်။ ပထမ case ကတော့ မြန်မာ အလုပ်သမားပါ။
ဗိုက်အရမ်းနာတဲ့အတွက် ညဖက်က ဆေးရုံကို တင်လိုက်ရတဲ့အကြောင်း မနက်မိုးလင်းလင်းချင်း
ဖုံး msg တွေ့တော့ ဆေးရုံးက အိမ်နဲ့ နီးတဲ့ NUH မှာဆိုတော့ ချက်ချင်းသွားတွေ့ဖြစ်သည်။
ထုံးစံအတိုင်း ခေါင်းကနေခြေအဆုံး ရောဂါတွေရှာဖွေထား ပြီးတော့ ရလဒ်များကို စောင့်နေသည်ပေါ့။
နေ့လည်ရောက်တော့ ဆေးရုံးကနေဖုံးဆက်တယ်၊ ပဏာမ သွေးစစ်ချက်တွေ အရ ကင်ဆာလက္ခဏာ ပြနေသည့်အတွက်
စကမ်ဖတ်ချင်သည်၊ ကုန်ကျစားရိတ် မည်မျှရှိသည် လုပ်ရမလား လို့ ခွင့်ပြုချက်တောင်းတော့
ဆေးရုံပေါ်ရောက်နေပြီ၊ ဆေးရုံတင်ထားပြီးပြီး ဖြစ်တဲ့ အတွက် အာမခံက ၁၅၀၀၀ အထိပြန်ရနိုင်တဲ့အတွက်
ဆက်လုပ်ပါလို့ ခွင့်ပြုချက်ပေးလိုက်သည်။
လူနာရဲ့ အခြေအနေ က ပြန်ကောင်းလာပြီး အသက်အန္တရယ်နဲ့ လဲဝေးသွားပြီဖြစ်တဲ့အတွက် နည်းနည်း စိတ်အေးသွားပေမယ့်
စကမ် ဖတ်တဲ့ ရလဒ်ရတော့ နည်းနည်းတော့ ပြသနာကြီးလာပြီ၊ စကမ်ကနေ တွေ့တာ အူမကြီးထဲမှာ ကင်ဆာအလုံးတွေ
တွေ့သည်ပေါ့။ ထပ်သေခြာအောင် အသားစယူရပါ မည်ဆိုတော့ ဟင့်အင်း မယူနဲ့ ပြောလို့မှမရတာ
ယူရမှာပေါ့။ လူနာကတော့ ဆေးရုံကဆင်းလာပြီး အဆောင်မှာ ပဲ နားနေခိုင်းထားပြီး (၃) ရက်လောက်ကြာတော့
ဆေးရုံကနေ အသားစရလဒ် အတွက် Company မှာ တာဝန်ရှိသူတစ်ဦးကိုယ်တိုင် လိုက်လာပါဆိုတော့
ကျနော် သိလိုက်ပြီ အခြေအနေ သိပ်မကောင်းဆိုတာ၊ ဒါမယ့် အဆိုးဆုံးကိုတော့ ကျနော်မမျှော်လင့်ထားမိပါဖူး။<o:p></o:p>
ပြောပြတော့ ကင်ဆာရဲ့ နောက်ဆုံးအဆင့် နဲ့ နောက်ထပ် (၆) လအထိ အသက်ရှင်ဖို့ခန့်မှန်းပါသည်တဲ့၊
လူနာက သိခွင့်ရှိပေမယ့် ခံစားနိုင်ပါ့မလား၊ မင်းဘာသာပြန်ပြီး ပြောပါဆိုတော့ အသက် (၃၄)
နှစ်ပဲရှိသေးတဲ့ ကျနော့် မြန်မာ အလုပ်သမား ကို " မင်း ကင်ဆာနောက်ဆုံးအဆင့်နဲ့ ၆ လပဲ အသက်
ရှင်တော့မယ် " လို့ ကျနော် ပြောမထွက်ပါဖူး။ တစ်ခုခုတော့ ပြောရမယ် ဆိုတော့ " မင်းမှာ အူမကြီးကင်ဆာဖြစ်နေတယ်၊
အခြေအနေ အရတော့ ဆရာဝန်က ခွဲစိတ်ကုသဖို့ အားမပေးဖူး၊ ဓာတ်ကင်ကုသနည်းနဲ့ပဲ ကုသပါမယ်၊
ဒီမှာကုသလို စိတ်ရှိလား၊ မြန်မာပြည်ပြန် ကုသမလား " လို့ ကျနော်ပြောပြ ပြီးမေးမြန်းတယ်ပေါ့။
သူက မြန်မာပြည်မှာပဲ ပြန်ပြီး ကုချင်ပါတယ် ဆိုတော့ ဆရာဝန်ကြီးကနေ လွှဲစာ၊ စစ်ဆေးတွေ့ရှိချက်တွေ၊
စကမ် နဲ့ အသားစ ရလဒ်တွေ အကုန်လုံးကို ထုတ်ပေးဖို့ ဆရာမကို ညွှန်ကြားပေးပါတယ်။<o:p></o:p>
သူ့ခမျာ ကျနော့်ကို ရောဂါ ပျောက်ရင် ပြန်လာပါရစေနော်လို့ တဖွဖွ ပြောရှာတယ်။ ကျနော့်မှာ
တော့ မုသားမပါလင်္ကာ မချော ဆိုတဲ့အတိုင်း ပြန်လာပါပေါ့။ တော်တဲ့ အလုပ်ကြိုးစားတဲ့ အလုပ်သမား
မို့လို့ ရုံးဝန်ထမ်းတွေ စီကနေ မြန်မာပြည်ပြန်ရင် ဆေးကုသစားရိတ် အတွက်ဆိုပြီး ငွေ ၄၀၀၀
နီးပါးရပါတယ်။ ရန်ကုန်ရောက်တော့ လဲ အဆက်အသွယ် သိပ်မပျက်ပဲ သူခွဲစိတ်ကုသမှုလုပ်မယ် ဆိုပြီး မြန်မာဆရာဝန်ကြီးများက အူမကြီးထဲမှာ ရှိတဲ့ ကင်ဆာအလုံးများ ကို ခွဲထုတ်ပါသော်လည်း၊ ခွဲစိတ်ပြီး
၃ လောက်အကြာမှာ သူ့အမျိုးသမီး က နေတဆင့် ဆုံးပါးကြောင်း သတင်းရောက်ပါတယ်။ အတော်လေး
စိတ်မကောင်းဖြစ်ရလိုက်ရတယ်။<o:p></o:p>
မှာ (၁၀) နှစ်ကြာအမှုထမ်း နေတဲ့ အလွန်တော်တဲ့ ဆေးသုတ်သမား ပါ။ လုပ်ငန်းခွင်မှာ ရင်ဖက်အောင့်တယ်
ဆိုပြီး အော့အန်တော့ အလုပ်သမားခေါင်းတစ်ယောက်နဲ့ အတူ ဆေးရုံကို တက်စီနဲ့ တင်လိုက်ပြီ
ဖြစ်တဲ့အကြောင်း ရုံးကို သတင်းရောက်တဲ့ အခါ ကျနော်တို့ ရုံး ကျနော့် HR practice အရ
ကျနော် သို့မဟုတ် ကျနော့် လက်ထောက် ဆေးရုံကို လိုက်ရပါတယ်။ အဲ့ဒီတုံးကလဲ ကျနော်ပဲ
Yishun က Khoo Teck Puat ကို လိုက်ပါတယ်။
A& E ကိုမေးလိုက်တော့ ICU ထဲမှာရောက်နေပါပြီ ဆိုတော့ ကျနော့်မှာ ဆေးရုံ
Bill ကိုတွေးမိပြီး နည်းနည်းတော့ သွေးတိုးသွားတော့တယ်။ ICU ထဲရောက်တော့ ကျနော့်စိတ်ထဲမှာ
မျှော်လင့်ထားတာက ပိုက်တွေတန်းလန်းနဲ့ မေ့မြောနေလိမ့်မယ်ပေါ့။ အလွန်သန်မာ တဲ့ အလုပ်သမားပါပဲ၊
ပိုက်တွေတန်းလန်း၊ အောက်စီဂျင် ပိုက်တက်ရက်နဲ့ Hi Sir, Thank you for coming ဆိုပြီး၊
သူ့ကို ဆေးကုခွင့်ပေးဖို့ မျက်ရည်ကျပြီး ပြောတော့တာပါပဲ။ Heart Attack ရကြောင်း အခြေအနေ
ကို ထိမ်းသိမ်း ထားနိုင်ပြီ ဖြစ်ကြောင်း ဆရာမကရှင်းပြထားတော့ ကျနော်သူဘာဖြစ်တယ်ဆိုတာ
သိနေနှင့် ပြီးတော့ စိတ်ချပါ၊ ဆေးရုံ ကုန်ကျစားရိတ်အတွက် ဘာမှစိတ်မပူနဲ့ စိတ်အေးအေးသာနေပါဆိုတော့ ကျေးဇူးတင် တဲ့အကြောင်းပြောလိုက်တာ အထပ်ထပ်အခါခါ၊
မပေးချင်သည် ဖြစ်စေပေးရမှာပါပဲ။ ဒါမယ့် ပရိယယ်ကြောင့် မပြောဖူးပေါ့။ ကံကောင်းစွာနဲ့
နှလုံးသွေးကြောထဲ ပူဖေါင်းထည့်ကုသနည်းများနဲ့ အမြန်ကုသချက်ကြောင့် အသက်ချမ်းသာပြီး
ICU ထဲမှာလဲ (၃) ရက်ပဲနေလိုက်ရပါတယ်။ ရုံးကို Bill ရောက်လာတော့ ကုန်ကျငွေ ၂၁၀၀၀ နဲ့
နောက် ဆုံးစိတ်ချရသည်အထိ ဆေးကုသစားရိတ် ၁၀၀၀၀ လောက်အထိ Company ကနေ ကုန်ကျခံခဲ့ရပါတယ်။
အလုပ်သမား ဖက်ကတော့ သူ့ကို ငွေ ၁၅၀၀၀ ကျော်အပိုကုန်ကျ ခံခဲ့ပေးတဲ့ အတွက် ကျနော့်သူဌေးကို
သူ့ ဘုရားသခင် အလားပါပဲ။ အခုချိန်ထိ အလုပ်လုပ်ဆဲဖြစ်ပြီး ကျေးဇူးဆပ်ချင် တဲ့ စိတ်ကြောင့်
အလွန် အလုပ်ကြိုးစားတဲ့ အလုပ်သမားတစ်ယောက်ပါပဲ။ <o:p></o:p>
အာမခံ company ကိုတောင်းဆိုတဲ့ အခါကျတော့ လုပ်ငန်းခွင်မှာဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဆိုင်ရာ
အာမခံဖက် ကနေ တောင်းခံဖို့ ပြန်ပြော တော့ လုပ်ငန်းခွင်ဆိုင်ရာ အာမခံကလဲ ထိခိုက်ဒဏ်ရာကြောင့်
မဟုတ်သဖြင့် မပေးနိုင်ပါဆိုပြီး ဘောလီဘောပုတ်တော့ MOM ရဲ့ အဆုံးအဖြတ် ခံရသည်အထိ ကျန့်ကြာခဲ့ရပါတယ်။
ဒေါ်လာသန်းချီ အလုပ်လုပ်နေတဲ့ Company များအတွက် ငွေလေး ၂၀၀၀၀ လောက်ကဘာမှမဖြစ်လောက်ပေမယ့်
တစ်နှစ်မှာ ငွေ ၁ သိန်း ၂ သိန်းလောက်နဲ့လည်ပတ်တဲ့ လုပ်ငန်းငယ်လေးများသာ ဆိုရင် ငွေ
၂၀၀၀၀ ဟာ အတော်လေး ဒုက္ခရောက်စေနိုင်တဲ့ ပမာဏပါ။
ကျနော်အလုပ်လုပ်နေတဲ့  Company အတွက် ဆေးကုသစားရိတ်
ကုန်ကျငွေ သိန်းချီ နဲ့ အထိမနာရလေ အောင် တိကျတဲ့ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ ပေါ်လစီတွေချမှတ်
ထားခဲ့ပြီး၊ နှစ်စဉ် ရုံးဝန်ထမ်းအားလုံး နဲ့ အသက် ၄၀ နှင့် အထက်အလုပ်သမားများကို ကျန်းမာရေးစစ်ဆေး
စေပါတယ်။ စင်္ကာပူအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ပံပိုးကူညီမှုနဲ့ တစ်နှစ်တာပတ်လုံး
ကိုယ်လက်လေ့ကျင့်ခန်း၊ ယောဂ စတဲ့ သင်တန်းတွေ ကို အခမဲ့သွားရောက်လေ့ကျင့်နိုင်အောင်
စီစဉ်ပေးခြင်း၊ တစ်နှစ်မှာ (၄) ကြိမ် ကျန်းမာရေး အသိပညာဆိုင်ရာ Seminar များစီစဉ်ပေးခြင်းနဲ့
အခါအားလျော်စွာ အသီးအနှံစားသောနေ့၊ အသီးအနှံ ဖျော်ရည်သောက်သုံးသောနေ့များ အတွက်
Company ရဲ့ ကုန်ကျစားရိတ်၊ အစိုးရရဲ့ ထောက်ပံငွေတွေ နဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ဝန်ထမ်းများအားလုံး အတွက် အာမခံပရီမီယံကြေး လျှော့ဈေးနဲ့ ရအောင် စီစဉ်ပေးထား ပါတယ်။
အလုပ်သမား အဆင့် မှာ အထူးကု ဆရာဝန် နဲ့ ဆေးရုံဖက်ကို ရိုးရိုးဆရာဝန်က လက်လွှဲကုသ စေလိုက်သည်
ဆိုသည်နှင့် ဝန်ထမ်းရေးရေးရာ ဌာနမှ ဝန်းထမ်းတစ်ယောက်၊ စကားပြန်တစ်ယောက် ဆေးရုံကိုလိုက်ပြီး
ကူညီဆောင်ရွက် စေခြင်းဖြင့် အလုပ်သမား ကို ကူညီအားပေးရာလဲ ရောက်၊ ရောဂါအခြေအနေ အတိမ်အနက်
ပေါ်မူတည်ပြီး စင်္ကာပူတွင် ကုသသင့်မသင့် ကိုလဲ ဆုံးဖြတ်ချက်ချနိုင်သွားပါတယ်။
အလုပ်လုပ်နေတဲ့ Company ရဲ့ ငွေရေးကြေးရေးအခြေအနေ၊ Employee Benefit လို့ခေါ်တဲ့ ဝန်ထမ်းအခွင့်အရေး
အတွက်ဘယ်လောက် အတိုင်းအတာ အထိစီစဉ်ပေးထားလဲ၊ သာမန် MOM ရဲ့ အခြေခံအာမခံပဲလား၊ ဒီထက်မကတဲ့
အာမခံတွေ ဝယ်ထားသလားဆိုတာ မိမိ HR ကိုမေးမြန်းစုံစမ်းသင့်ပါတယ်။ တကယ်လို့များ သာမန်အာမခံအဆင့်
ပဲ ထားရှိတယ်ဆိုရင်တော့ ကိုယ်ပိုင် အာမခံအတွက် တစ်နှစ်အတွက် ငွေ ၃၀၀ က နေ ၈၀၀ လောက်အထိ
သုံးစွဲပြီး အာမခံဝယ်ယူထားဖို့အတွက် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း အကြံပေးရင်း ကျနော့်ပိုစ့်
ကို နိဂုံး ချူပ်ပါရစေ။ အားလုံးပဲ ကျန်းမာပျော်ရွှင်စွာ ပါစေကြောင်းလဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။ <o:p></o:p>
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-20906693252015070172016-02-28T17:35:00.001+08:002016-02-28T17:44:39.206+08:00ကျနော် နှင့် RHC Career Talk
ဒီ blog ပေါ်update မတင်၊ စာအသစ်မရေးမိတာ ၁ နှစ်ကျော်တောင်ကြာပါပေါ့။ လွန်ခဲ့တဲ့ နှစ်ကလို့ daily life style တစ်ခုလုံးကို healthy life style အနေနဲ့ရော စလုံး တစ်တိုင်းပြည်လုံး အစိုးရကစလို့ အောက်ခြေအထိ ပြောနေကြတဲ့ work-life balance ပေါ်လစီကြီးကို အလွန်ထောက်ခံတာကြောင့် နေ့စဉ်နဲ့အမျှ အားကစားလေ့ကျင့်ခန်းတွေ ကိုယ်တိုင်လဲ လုပ်၊ အစိုးရရဲ့ အထောက်အပံငွေတွေ သုံးပြီး company က ဝန်ထမ်းများအတွက်လဲ တစ်နှစ်ပါတ်လုံးအတွက် ကိုယ်ကာယလေ့ကျင့်ခန်း အစီအစဉ်တွေ ချမှတ်နဲ့ HR project များစွာကို
ကောင်အထည်ဖော် နေတာများသွားတာကြောင့် ဘာစာမှမရေးဖြစ်ခဲ့တော့ပါဖူး။ ဒီအကြောင်းအရာကတော့ ၂၀၁၆ ဖေဖဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ RHC Technologies မှာ စကား ပြောခဲ့တာလေးအတွက် Short note လေး ကိုယ့်မှတ်တမ်းလေးအနေနဲ့ ချရေးထားတာလေးပါ။
အဲ့ဒီလိုနဲ့ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ရန်ကုန်ကို ဘန်ကောက်ကတဆင့် ခရီးသွားဟန်လွဲလေး ဝင်သွားမယ် စိတ်ကူးမိတယ်။ ရန်ကုန်မှာလဲ ဒီတခါသွားတာ ဘာမှမယ်မယ်ရရ လုပ်စရာမရှိ တော့ ကိုစိုင်းလင်းသူ ဖွင့်ထားတဲ့ RHC ကိုသွားလည်မယ်လို့ စိတ်ကူးမိတော့ သူ့ကို Fb chat box ကနေ လာလည်ပါမယ်လို့ အကြောင်းကြားတော့ သူက မထင်မှတ်ပဲ သူ့ကျောင်းသား လေးတွေကို စကားပြောပေးပါတယ်။ ၁ နာရီအချိန်ပေးပါ့မယ်တဲ့။ ဘာပြောရမှာလဲ လို့ မေးတော့ HR နဲ့ပါတ်သက်တဲ့အကြောင်း၊ Motivation စိတ်ဓာတ်တက်ကြွ ဖို့ပြောတဲ့ အကြောင်းတဲ့။ ကျနော် က blog ပေါ်မှာသာစာရေးဖူးတာ၊ ဒီလို လက်ချာပုံစံ၊ Motivation talk ပုံစံတွေကို တခါမှမပြောဖူးတော့ အတွေ့အကြုံ ရအောင် ပြောလဲပြောချင်တယ်။ ကျနော့် အတွက် challenging တစ်ခုအနေနဲ့ ရယ်၊ အတွေ့အကြုံ ရယ်၊ နောက်ဆုံး တစ်ခုအနေနဲ့ စင်္ကာပူမှာ အမြဲတမ်းလိုလို contribution back to society လုပ်နေပေမယ့် ကိုယ့်မြန်မာပြည် အတွက် တစ်ထောင့်တစ်နေရာ ကနေ contribution လုပ်တဲ့အနေနဲ့ ပြောမယ်လို့ ဆုံးဖြတ်ပြီး ဘာပြောမလဲ ဆိုတာ ကိုယ့်ဟာကိုယ် ပြန်တွေးတယ်။ ကိုစိုင်းလင်းသူ ကိုလဲ သူ့ သင်တန်းသားတွေက ဘယ်လိုလူမျိုး၊ အသက်စတာလေးတွေ မေးပြီးတော့ ပြောမယ့် topic ကို ရွေးထုတ်ရတာပေါ့။ သူ့နဲ့စကားပြောဖြစ်တဲ့နေ့က စင်္ကာပူကနေ ဘန်ကောက်ကို သွားဖို့ (၄) ရက်အလိုပေါ့။ ရုံးမှာလဲ ပိတ်ရက်တွေ နီးလာတာနဲ့ အမျှ ဖြတ်စရာလေးတွေ အတော်များများ ရှိနေတာလေ။ လုပ်စရာရှိတာလေးတွေ ခပ်မြန်မြန်ရှင်း စီစဉ်စရာ ရှိတာလေးတွေ စီစဉ်ပါတယ်။
သင်တန်းသူ သင်တန်းသားများက ကျောင်းပြီးကာစလူငယ် တွေများပြီး၊ အလုပ်လုပ်ဖို့ တာဆူနေကြတဲ့ လူငယ်တွေဆိုတော့ အဲ့ဒါနဲ့ ကိုက်ညီမယ့် အကြောင်း အနေနဲ့ Career Life ဆိုတဲ့ ခေါင်းစဉ် အောက်က အကြောင်းအရာတွေ အတွက် ပြောမယ့်အကြောင်းအရာ အတွက် စာရေးတဲ့ပုံစံအတိုင်း ဖြစ်အောင် စာစီရေးချ၊ research လုပ်စရာတွေ အတွက် research လုပ်ပေါ့။ အဲ့ဒီအတွက် ရုံးတက်ဖို့ (၄) ရက်ထဲကနေ (၂) ရက်သုံးလိုက်ရပြီး (၁) ရက်မှာ မနက် ၁၀ နာရီကနေ ၄ နာရီအထိ ပြင်ဆင်ပါတယ်။ ဒီကြားထဲမှာလဲ ရုံးကပြသနာ တစ်စုံတစ်ခု ရှိရင် ဖြေရှင်းတာတို့၊ သူဌေးခေါ်လို့ သွားစကားပြောရတာတို့လဲ ရှိတာပေါ့။ Company မှာ တစ်နှစ်ကို (၂) ခါလောက် နှစ်စဉ်ပေါ်လစီ အပြောင်းအလဲ တွေအတွက် လူအများကို စကား ပြောရတာ ရှိပေမယ့် projector background ပေးထားပြီး ပြောတဲ့အကြောင်းအရာ က Power Point Slide က ညွန်းတဲ့အတိုင်း ကိုယ့်စကားနဲ့ ကိုယ် လက်တန်းပြောတာများတော့၊
ပထမတော့ ရန်ကုန်မှာ Projector သုံးရင် Power Point Slide ပါပြင်ပြီးသွားမယ်လို့ တွေးမိတယ်။ တကယ်တော့ Slide ပြင်ဖို့ကလဲ အချိန်တော့မရှိတော့ပါဖူး။ တကယ်တန်းလုပ်မယ် ဆိုရင်တော့ အချိန်ယူလုပ်ရမှာပေါ့။ အဲ့ဒီလိုနဲ့ ကိုစိုင်းလင်းသူက projector မသုံးဖူးဆိုတော့ PP Slide ညွန်းမရှိပဲ ပြောရဖို့ဖြစ်လာပြီ။ အဲ့ဒီအချိန်မှာတော့ ပြောမယ့် အကြောင်းအရာ
တွေ အကုန် A4 စာမျက်နာ ၈ မျက်နာစာလောက် ချရေးထာပြီးပြီ။ ၁ နာရီလောက်မလောက်ဆိုတာ တော့ မပြောတက်တော့ ကဲ ဘန်ကောက်နဲ့ ရန်ကုန်မှာ ရှိတဲ့အချိန်ကို ပြောကြည့်
မယ်လို့ စိတ်ကူးပြီး အိတ်ထဲကောက်ထည့်လိုက်တော့တယ်။
ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးမှတ်မှတ်ရရ တစ်ခုအနေနဲ့ ကျနော်က တခုခုလုပ်ရင် Planning ချတက်တော့ စကားသွားပြောရင် ဘာဝတ်မှာလဲ ဆိုပြီးလဲ တွေးမိတယ်။ ရန်ကုန်မှာ မိသားစု ဓာတ်ပုံရိုက်ဖို့ အတွက်ယူသွားမယ့် အဝတ်အစား တွေကလဲ အဆင်သင့်ရှိနေတော့ အဲ့ဒီထဲက ရှပ်တစ်ထည်ဝတ်မယ်ပေါ့။ အဲ့တော့ neck tie စီးမလား၊ မစီးပဲ ရှပ်ပေါ်ကနေပဲ coat ထပ်ဝတ်မလားတွေးမိတော့ coat က ပူပါလိမ့်မယ်၊ neck tie နဲ့ပဲဝတ်မယ်လို့ တွေးလိုက်မိတယ်။ ရှိတဲ့ တိုင် ၄ခုလောက်ထဲက တစ်ခုကအမြဲဝတ်နေကျ အဆင်သင့် စီးထားပြီး သားလေး။ နောက်တစ်ခုက တလောကလက်ဆောင်ရထားပြီး ပို modern ဖြစ်တယ်လို့တွေးမိတော့ အဲ့တာကို စီး ချင်တယ်၊ ခက်တာက ကိုယ်က neck tie တစ်ခါမှကိုယ်ဟာကိုယ် မလုပ်ဖူးဘူး။ မလုပ်တက်တာပေါ့။ လုပ်ပေးနေကျ သူငယ်ချင်းကလဲ မရှိ၊ ဝတ်ကလဲ ဝတ်ချင်တယ်ဆိုတော့ စင်္ကာပူက မထွက်ခင် တစ်ညမှာ ipad ကို ရှေ့မှာချ၊ youtube ကနေ ကြည့်ပြီး စီးလိုက်တာ ၄ ခါလောက်မှာ အောင်မြင်သွားတယ်၊ ၆ ခါမြောက်လောက်မှာတော့ ကိုယ်လိုချင်တဲ့ အနေအထား အတိုင်းလှလှပပ လေးဖြစ်သွားပါတော့တယ်။ ကိုယ်ကိုကိုယ်လဲ အတော် ကျေနပ်သွားတယ်။ တစ်သက်လုံးအပျင်းကြီးပြီး ဒီဟာစီးနည်းကို မသင်လာခဲ့ပဲ အခုကျမှလုပ်တက်သွားလို့လေ။
ရန်ကုန်ရောက်တော့ ရေးထားတာကို ၂ ခါလောက်ပြန်ဖတ်ကြည့်ပေမယ့်။ စကားပြောသလို မပြောဖြစ်ဖူး။ RHC သွားရမယ့် နေ့ နေ့လည် ၂ နာရီလောက်မှာ တစ်ယောက်ထဲ စကားပြော ကြည့်တာ ခပ်မြန်မြန်ပြောတာ ရယ် ကျော်ချပြီးပြောတာရယ်နဲ့ ၄၅ မိနစ်လောက်ကြာသွားတော့၊ တချို့အကြောင်းအရာတွေ ကို ဖျက်ထုတ်ဖို့ ရေးထားတဲ့အထဲမှာ အမှတ်အသား လေးတွေပြရတော့တာပေါ့။ ကျနော့်သမိုင်းက တိုက်ခန်းကနေ RHC ကို ခပ်စောစောလေးထွက်သွားမိတာ ကံကောင်းသွားတယ်။ လမ်းကကျော်သွားတော့ u Turn က ကွေးလို့မရတော့ လှည်းတန်းပွိုင့်ကိုရောက်၊ အဲ့ကနေ တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ပြန်ကွေ့ပြီး၊ လှည်းတန်းပွိုင့်ကို ပြန်တန်းစီ၊ နဲ့လမ်းမှာ technology ကိုအားကိုးပြီး၊ Show Direction တွေဘာတွေ လုပ်တာလဲ မရတော့၊ Human Direction နဲ့ လမ်းဘေးက လူတွေ မေးမြန်း၊ RHC ကိုဖုံးဆက်မေးနဲ့ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်လောက်စောပြီး RHC ကို ရောက် ပါတယ်။
စင်္ကာပူတစ်မြိုထဲမှာနေပြီး မတွေ့ကြတဲ့ ကိုစိုင်းလင်းသူနဲ့ စကားလေးနည်းနည်းပါးပါးပြော၊ ပြီး သူ့အတန်းနဲ့ မိတ်ဆက်ပေးပေါ့။
သင်တန်းကျောင်းတစ်ခုမှာ မြန်မာလိုစကားတခါမှမပြောဖူးတော့ နည်းနည်းလေးတော့ စိတ်လှုပ်ရှားပါတယ်။ ရာသီဥတု ကြောင့်နဲ့ အတန်းထဲက လေအေးစက် က မီးအားကျနေတာ ကြောင့် နည်းနည်းပူတာကြောင့် အတော်လေးချွေးပြန်သွားတယ်။ ကိုယ့်အကြောင်း ကိုယ်မိတ်ဆက်ပြီးတဲ့နောက် ကျနော့်သင်တန်းသားပရိတ်သတ်က ကျနော့်အပေါ် စိတ်ဝင်တစား ရှိတာ ကြောင့် အတော်လေး ဝမ်းသာပြီး စီစဉ်ထားတဲ့အတိုင်း ၈၅% လောက်ပြောလိုက်နိုင်ပါတယ်။ အချိန်ကြောင့် တချို့အကြောင်းအရာ အတော်များများ ကို ဖြတ်ထုတ်လိုက်ရပါတယ်။
စကားစပြောပြီး နာရီဝက်လောက်နေတော့ ပူတာရယ် စကားပြောရတယ်ကြောင့် အာတွေခြောက်ပြီး ရေငတ်လာတာကြောင့် ပါလာတဲ့ရေဗူး ထုတ်သောက်ရတော့တယ်။ ပြောသမျှ တွေ ပြီးသွားပြီး Q & A Session မှာ ကျနော်ထင်ထားတာတွေ အတော်လေးလွဲသွားတယ်။ ကျနော်က မေးခွန်း ၂-၃ ခုလောက်နဲ့ ၁၅ မိနစ်အတွင်း ပြီးမယ်လို့ မှန်းထားပြီး အဲ့ဒီက အပြီး တခြားက appointment ကို တောင် အချိန်ကိုက်လောက်လုပ်ထားတာ။ Q & A Session မှာမေးတဲ့ မေးခွန်းတွေက တော်တော်လေးများပြီး စိတ်ဝင်စားစရာတွေကြီးပါပဲ။ အဲ့ဒီအတွက် နောက်ထပ် ၁ နာရီထပ်ကြာသွားပါတယ်။ Q & A ပြီးတော့ ပြီးမလားမှတ်ပါတယ်၊ တချို့သင်တန်းသူ သင်တန်းသားများက အများနဲ့ မမေးချင်လို့နဲ့တူပါရဲ့ private ထာလာမေးကြာ တော့ နောက်ထပ် ၁၅ မိနစ်ကြာပါတယ်။ အဲ့ဒီအချိန်မှာ ပါလာတဲ့ 600ml ရေဗူးထဲကရေလဲ ကုန်ပါပြီ။
ချိန်းထားတဲ့ appointment ကိုလဲ ဖျက်လိုက်ပြီး အိမ်ကိုတန်းပြန်မောင်းတော့တာပါပဲ။ အိမ်ရောက်တော့ လူလဲ အတော်လေးပင်ပမ်းသွားပါတယ်။ ရေမိုးချိုး ထမင်းစားပြီး လို့ ဖုံးကို ကြည့်လိုက်တော့ fb notification ပေင်း ၇၀ ကျော်လောက်တွေ့တော့ ဘာဖြစ်တာလဲပေါ့။ RHC သင်တန်းသားများစီက friend request လုပ်ထားတာတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားဟန်လွဲ ရန်ကုန်မှာ RHC သင်တန်းသားများ အတွက် စကားပြောခွင့်ရလို့ ကိုယ့်အတွက်လဲ ဂုဏ်ယူသလို၊ အမိမြန်မာနိုင်ငံက လူငယ်များအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးခွင့်ရလို့ အများကြီး ကျေနပ်ဝမ်းမြောက်မိပါကြောင်း ....
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-82153355418710707512015-05-14T13:04:00.000+08:002015-05-14T13:07:06.600+08:00ကျွန်တော်၊ မြန်မာ (၂) ဦး နှင့် Communication
ဒီ Short note လေးကတော့ ဘာရယ်လို့မဟုတ်ပဲ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ကြုံရတာလေး ချရေးထားတာပါ။ ပထမတော့ fb status ပေါ်ကပဲ ရေးမယ်ဆိုပြီး စိတ်ကူးထားပေမယ့် ရေးရင်းနဲ့ ဇာတ်လမ်းရှည်လာတော့ note အဖြစ်ပြောင်းပြီးတော့ ရယ်ကျနော့်ရဲ့ ဟာလာဟင်လင်း ဖြစ်နေတဲ့ blog ရယ်ပေါ်တင်ရအောင်ရေးဖြစ်ပါတယ်။
ဒီရက်ပိုင်းလေး တိုက်တိုက်ဆိုင်ဆိုင် စွာပဲ မြန်မာ (၂) ယောက်နဲ့ communication လုပ်ဖြစ်ပါတယ်။ တစ်ခုကတော့ အလုပ်အတွက် အင်တာဗျူးပါ။ ကျနော့်သူဌေးစီကနေ တိုက်ရိုက် refer လုပ်လာတဲ့အတွက် weekend တောင်မရှောင် Out of Office အင်တာဗျူးကို shopping mall တစ်ခုမှာလုပ်ဖြစ်တယ်ဗျ။ အလုပ်လျှောက်ထားသူကလဲ သိပ်မဆိုးဘူးပေါ့၊ သို့သော်ကျနော်တို့ အလုပ်ရဲ့လိုအပ်ချက်နဲ့ နည်းနည်း ဝေးနေတော့ ကျနော် HR Services တွေ consultant အဖြစ်လုပ်ပေးနေတဲ့ company တစ်ခုကို refer ထပ်လုပ်ဖို့ပြောလိုက်တယ်။ နောက်နေ့ ရုံးတက်တဲ့နေ့မှာ သူဌေးကို ပြောပြတော့ မင်းကြည့်ရတာ အဆင်ပြေရင် လစာညှီနှိုင်းတာ အဆင်ပြေရင် ငါ့တို့ဖက်မှာပဲ နည်းနည်းသက်ဆိုင်တဲ့ဌာနမှာခန့်ပေးလိုက် ပါဆိုတော့ ကျနော် သူ့ကို ကျနော့်ရုံးမှာ ခေါ်တွေ့ပါတယ်။ အစစအရာရာ အစဉ်ပြေတယ်ပြောရမှာပါ။ လစာလဲ တောင်းထားတာ အတော်လေးများပေမယ့် ဒီခေတ်ဒီအခါ ဒီလောက်ပါပဲလေလို့ဆိုပြီး အလုပ်ခန့်ထားဖို့ အကြောင်းအရာ တွေ ပြောပါတယ်။ အဲ့ဒီမှာ အလွန်တရာ communication ကကောင်းနေတော့ သူ့ကိုယ်သူ အရမ်းယုံကြည်မှုတွေ ရှိနေတာကြောင့်လား ဘာကြောင့်မှန်း မသိဖူး၊ ကျနော်တို့ သူ့ကိုပို့မယ်ဆိုတဲ့ ပရိုဂျက်တစ်ခုကို သူ့အရင့်အလုပ်က အဲ့မှာ ဆပ်ကွန်းဝင်နေတာမို့လို့ ဖြစ်နိုင်ရင်မပို့ပါနဲ့လို့ ပြောပါတယ်။ ကျနော်က ဘာလို့လဲလို့မေးတော့ အရင်သူဌေးက ပြန်ခေါ်နေမှာဆိုးလို့ပါတဲ့။ သူ့စီတော့ ပြန်မလာပဲ ဘာလို့ သူများစီမှာ အလုပ်သွားဝင်တာလဲ လို့မေးနေမှာ ဆိုပါတယ်တဲ့။ ကျနော်က စင်္ကာပူမှာ ဒါမျိုးဖြစ်တာ အဆန်းတကြယ်မဟုတ်ပါဖူး။ ဖြစ်လေ့ဖြစ်ထ ရှိကြတာပဲလေ။ ဒီလောက်သေးတဲ့ တိုင်းပြည် လေးရဲ့ same industry မှာ ပြန်တွေ့ကြတာတွေကပုံလို့ပါ။
ကျနော် တော်တော်လေး တွေဝေသွားတယ်။ ပထမအချက်အနေနဲ့ အလုပ်ခန့်စာတော့ မပြောနဲ့အော်ဖာ ပေးတဲ့ တရားဝင်အီးမေလ်းလေးတောင်မရေးရသေးတဲ့ အချိန်။ဒုတိယလူတွေ့စကားပြောနေတဲ့ အချိန်မှာ ငါဘယ်နေရာပဲ သွားချင်တယ် ဘယ်နေရာတော့ မသွားချင်ဖူး ပြောနေတော့ အဲ နည်းနည်းတော့ ခက်သွားပြီပေါ့။ အခုချိန်မှာတောင် အိအ ဂျိဂျ ဖြစ်နေရင် ဒီလူ့နှယ် နောင်မှာ ဘယ်လိုဖြစ်လာမလဲ လို့တွေးမိသွားတယ်။ ဒုတိယအချက် အနေနဲ့ သူက အရင်အလုပ်နဲ့ ပြသနာမရှိပါဖူး လို့ ပြောထားပါရက်နဲ့ ဘာလို့ အရင်အလုပ်က ပိုင်ရှင်နဲ့မတွေ့ချင်ရတာလဲ ဆိုတဲ့ မေးခွန်းလေးတွေ ထွက်လာပါတယ်။ တခြား HR တွေတော့ မပြောတက်ဖူး ကျနော်အမြင်အရ ဆိုရင်တော့ ဒါသိပ်ကောင်း တဲ့လက္ခဏာာမဟုတ်ဖူး လို့ သုံးသပ်ချက်ချမိတယ်။ တကယ်လို့ ကိုယ်ဒီပရောဂျက်ကို တကယ်ကြီးမသွားချင်အုံးတော့ ဒီအချိန်ကြီးမှာ မပြောသင့်ဖူးလို့ မြင်တာပဲ။ All the way အခြေအနေတွေ ကောင်းနေပါရက် communication က အဆင် ပြေချောမွေ့နေပါလျှတ်နဲ့ ဆင်ပြောင်ကြီးအမြီးကျမှတစ် ဆိုသလိုဖြစ်သွားပါတယ်။ ကျနော့်မှာလဲ ကြမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင်နှုတ်လို့ မရဆိုသလို စကားကအတော်လေးကို ကျွံထားပြီးနေပြီ၊ ရှင်းရှင်းပြောရရင် နှုတ်နဲ့တောင်ခန့်မယ် လို့ပြောပြီးနေရက်နဲ့ စကားပြန်နုတ်ရမှာခက်နေရော။ တကယ်ဆို ကျနော့်လက်ထဲ ရောက်နေတဲ့ case တွေကို ချက်ချင်းပြီးစီးအောင်လုပ်တာကြောင့် S Pass ကို ချက်ချင်းတင်ဖို့ MOM online ပေါ်တောင်တက်ပြီးနေပြီ။ အဲ့ဒီအချိန်မှာလဲ ခေါင်းထဲမှာ အလျှင်အမြန်တွေ စဉ်းစားရတာ ဘယ်နှယ့်ဖြေရှင်းရမလဲပေါ့။ ကဲနောက်တော့ ကျနော့်လက်ထောက် ခွင့်ယူထားတာကို အကြောင်းပြပြီး နောက်နေ့မှာ လက်ထောက် HRE ကနေဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ဆိုပြီး ပြောလိုက်ရတော့တယ်။
နောက်နေ့ကျတော့ ကျနော့်သူဌေးကို အစီရင်ခံတဲ့အချိန်မှာ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့အတွက် ခန့်အပ်ရန်မသင့်တဲ့အပြင် သက်ဆိုင်ရာဌာနကြီးမှူးကလဲ မခန့်အပ်စေလိုကြောင်း ရှင်းပြပြီးတဲ့နောက် ကျနော် လျှောက်ထားသူစီကို sms လှမ်းပို့ပါတယ်။ ကျနော်တို့ company က စိတ်မဝင်စားသော်လည်း ကျနော့် client company က ခန့်နိုင်သေးတယ်လို့ မျှော်လင့်ထားတော့ ကျနော်တို့ company ဖက်က ဌာနကြီးမှူးက အလုပ်ခန့်ထားရေးအတွက် ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ရယူအုံးမှာ ဖြစ်တဲ့ အတွက် အလုပ်ခန့်ထားရေးကို ခေတ္တဆိုင်းငံထားလိုက်ကြောင်းနဲ့ တခြား company တစ်ခုကိုလဲ အလုပ်ခန့်နိုင်ရေးအတွက် refer လုပ်ပေးလိုက်တဲ့အကြောင်း ပြောလိုက်ပါတယ်။ ပို့ပြီးတဲ့ နောက်မှာတော့ ယနေ့တိုင် ဘာအကြောင်းပြန်ကြားချက်မှ မရပဲ။ communication က ပျောက်ဆုံးသွားပါတယ်။ ကျနော့်ကို စိတ်နာပြီး ပြန်မပြောတော့တာလဲ ဖြစ်နိုင်သလို ဒီကိစ္စ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဖူး ပြန်ပြောနေစရာ မလိုဖူး ဆိုပြီး ပြန်မပြောတာလဲပဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျနော့်ဖက်ကလဲ စကားလွန်ထားတာလဲ ပါတော့ ကိုယ်ကိုကိုယ် လဲ မကောင်းတဲ့ကောင်ပါလားလို့ အပြစ်တင်မိတယ်။ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံ အရတော့ ကျနော်အလုပ်ရှာနေတဲ့ အချိန်တွေမှာ ဆိုရင် company တစ်ခုက အလုပ်ခန့်တယ်လို့ ပြောခဲ့ရင် တရားဝင်အလုပ်ခန့်စာမှာ လက်မှတ်ထိုးပြီးတဲ့ အခါကြမှ ကျနော်အလုပ်ရှာတာကို စိတ်ဒုန်းဒုန်း ချပြီး ရပ်ပါတယ်။ Pass လျှောက်ထားရတဲ့ အလုပ်ရှာတဲ့ သူ များကို တော့ ဝန်ကြီးဌာနက approval ကျမှ အလုပ်ရှာတရပ်ပါလို့ အကြံပြုလိုပါတယ်။
နောက်ထပ်ဇာတ်လမ်း ကတော့ ဒီလိုပါ။ ရှေ့လမှာကျင်းပါ့မယ့် ၂၈ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလာပြိုင်မယ့် ရွက်လှေအားကစားသမားများအတွက် ဆိုပြီးတော့ လက်ဆောင်ပစ္စည်းလေး တွေ စီစဉ်ဖြစ်ပါတယ်။ ကိုယ်နေထိုင်ရာတိုင်းပြည်မှာလုပ်တာကြောင့်ရော၊ သံယောဇဉ်ကြောင့်ရော၊ ပြိုင်ပွဲလာပြိုင်ကြတဲ့ အားကစားသမားများလည်း ပိုပျော်ရအောင်လို့၊ ကိုယ်တက်နိုင်သလောက်လေး လုပ်ထားတာလေးပါ။ ကောင်းကောင်းမွန်မွန် သတ်သတ်ရပ်ရပ်လေးဖြစ်ချင်တော့ အသင်းရဲ့ လိုဂို လေးတွေ ကို အမှတ်တရပစ္စည်းလေးတွေမှာ ရိုက်ခတ်မယ်ပေါ့။ ရွက်လှေအဖွဲ့ချူပ် အထွေထွေမန်နေဂျာ စီက ခွင့်ပြုချက်ရပြီးတာနဲ့ တပြိုင်နက်ထဲ အထွေထွေမန်နေဂျာ စီကနေ Cc: email တွေထဲမှာ သူနဲ့သက်ဆိုင် တဲ့ဆိုင်ရာလူများကို ဘယ်လိုလုပ်ပါလို့ ညွှန်ကြားတော့ လိုဂိုဒီဇိုင်နာက ညွှန်ကြားချက်အတိုင်း လိုဂိုတွေ
ကျနော့်စီကိုပို့လိုက်ပါတယ်။ အီးမေလ်းကို ရတော့ ဖိုင်က ၄ ခုပါတယ်။ ၂ ခုကတော့ jpg နဲ့၊ ၂ ခုက ဘာမှန်းမသိဖြစ်နေရော ကျနော့်လက်တော့ပ်နဲ့ ရုံးက ကွန်ပြူတာမှာ အဲ့ဒီ ဖိုင် ၂ ခုကို ဖွင့်လို့ရတဲ့ software က မရှိဖူးဖြစ်နေတာ။ ကွန်ပြုတာနဲ့ နည်းနည်းဝေးတဲ့ ကျနော်ဆိုတဲ့ ကောင်ကလဲ အဲ့ဒီဖိုင် ၂ ခုက Photoshot မှန်းမသိပြန်ပါဖူး။ အဲ့တော့ ကျနော်က ဒီဇိုင်နာစီကို အီးမေလ်းပြန်ပြောဖြစ်တယ်။ resolution ကောင်းတာလေး ပို့ပေးပါလို့။ ခနနေတော့ သူက gtalk ကနေအက်လိုက်တော့ သြော်ပို အဆင်ပြေတာပေါ့ တိုက်ရိုက်ပြောလို့ရတာပေါ့ ဆိုပြီး လှမ်း ပြီး msg လေးပို့ထားလိုက်တယ်။ သူက ပြန်မပြောတော့ မအားလို့နေမှာပါဆိုပြီး ကိုယ်လဲကိုယ်ဟာနဲ့ ကိုယ်ပေါ့။ တော်တော်ကြာတော့ ဟိုင်း .. what? ဆိုပြီး ပြန်တက်လာတော့ အယ် ဒီလူ communication လုပ်တာ နည်းနည်းများ ကြမ်းတမ်းလား
လို့တွေးမိတယ်။ what ကို မြန်မာလိုပြန်ရင် "ဘာလဲ " ပေါ့။ မသကာ Yes လို့ပြောရင်တောင် နည်းနည်း ခံသာသေးတယ်။ စိတ်ကနည်းနည်းလေး ခုသွားတော့ အထွေထွေမန်နေဂျာဆီတောင် စာလှမ်းရေးချင် စိတ်ကို ပေါက်သွားတယ်။ ကိုယ့်ထက်လဲ အသက်ကြီးနိုင်သလို ငယ်လဲငယ်နိုင် သော်လည်း သြော် သူ communication မလုပ်တက်လို့ပဲလို့ ဆိုပြီး သည်းခံလိုက်ရတယ်ပေါ့ဗျာ။
ကျနော်ပို့ထားတဲ့စာလဲ မပြန်ပါဖူး။ နောက်နေ့ကျတော့ ကျနော် supplier တွေက high resolution တွေတောင်းကြပြန်ရော၊ ခက်လှချီရဲ့ ဘယ်လိုလုပ်ရပါ့မလဲ ပြီး သူအရင်က ပေးထားတဲ့ ဖိုင်တွေကို ပြန်ကြည့် ဖြစ်တဲ့ အခါ supplier စီကပြောထားတဲ့ အီးမေလ်းထဲမှာ PSD ဆိုတာလေးရေးထားတာ သတိထားမိတယ်။ အဲ့ဒီဖိုင်တွေ ကြည့်တော့ PSD တဲ့ဆိုတော့ အဲ့တော့မှ သိတယ် သူပို့ထားတာ high rosolution photoshot ဖိုင်တွေပဲဆိုပြီး အီးမေလ်းကို supplier တွေစီ forward လုပ်လိုက်ပြီး supplier တွေစီကနေ simple တွေ ပြန်ပို့လာ ပါတော့တယ်။ ကျနော်ပြောချင်တာ က ကျနော်မသိလို့မေးတဲ့ တောင်းတဲ့ ဟာကို ဘာကြောင့်များအကြောင်းမပြန်ရတာလဲ ပေါ့။ တကယ်ဆို စာတကြောင်းစာပါပဲ။ ပို့ထားတဲ့ဖိုင် ၂ ခု high resolution ပါ။ အဲ့တာ PSD ဖိုင်ပါဆို။ ကျနော်သိပြီပေါ့။ ကိစ္စကအဲ့မှာတင်ပြီးနေပြီ။ ခက်တာက Communication က မလုပ်တော့၊ ငါ့ကိုလုပ်ခလစာပေးထားတဲ့ ကောင်မဟုတ်ဖူး၊ communication လုပ်စရာမလိုဖူးဆိုပြီးများ မလုပ်တော့ ကျနော့်မှာ နည်းနည်းလေး ကသိလင်တ လေးဖြစ်သွားရတော့ပေါ့ဗျာ။ သူအရမ်းတွေ အလုပ် များနေတာကြောင့်လဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
Communication နဲ့ဆက်စပ်ပြီးဆက်ပြောရရင် ကျနော့် အလုပ်လုပ်နေတဲ့ company ရဲ့ HR Practice တွေထဲမှာ အင်တာဗျူးကွန်ဖန်းလုပ်တာ၊ အလုပ်ခန့်ထားကြောင်းလှမ်းအကြောင်းကြားတာ တွေကို အီးမေလ်းနဲ့ အတိအကျ တွေ ရေသားပြီးပို့တဲ့ အလေ့အထ ကို ကျင့်သုံးပါတယ်။ ကိုယ်ရုံးကိုလာဖို့အတွက် ဘယ်ရထားဘူတာကနေ ဘယ်ဘတ်စ်ကားကိုစီးလို့ ဘယ်မှတ်တိုင်မှာ ဆင်းပါဆိုတာကအစ
တကယ်လို့များ အနီးဆုံး ဘူတာကို ရုံးကကားလွှတ်ကြိုမယ်ဆိုရင် သတ်မှတ်နေရာမှာ စောင့်ဖို့အတွက်
ဓာတ်ပုံနဲ့တကွ အတိအကျ ဖော်ပြပြီး communication လုပ်ပါတယ်။ အလုပ်လျှောက်ထားသူများရဲ့ ၇၀% လောက်က တကယ်လို့များ appointment ကိုရွေ့ဆိုင်းလိုရင်ပဲ ဖြစ်ဖြစ် ဖျက်သိမ်းလိုရင်ပဲဖြစ်စေ၊ နောက်ကျနေသော်လည်းကောင်း ရုံးကိုဖုံးဆက်ပြီး သို့မဟုတ် အီးမေးလ် လှမ်းပို့တာကို တွေ့ရပါတယ်။
ဒီတလောမှာ ဖြစ်ချင်တော့ ရုံးကဝန်ထမ်းတစ်ယောက်ကြောင့် လုံးရှပ်နဲ့ communication လုပ်လိုက် ရပါတယ်။ လုံးရှပ်ဆိုတာ တရားမဝင်ငွေတိုးချေးစားတဲ့ လုပ်ငန်းရှင်များကို စင်္ကာပူမှာခေါ် တဲ့စကားရပ်ပါ။
ရေးထားတဲ့ ခေါင်းစဉ်နဲ့မဆိုင်ပေမယ့် ဒီလုံးရှပ် အကြောင်းကို သိရအောင်ပြောပြပါမယ်။ သူတို့ရဲ့ဈေးကွက် က ဘဏ်ကနေတရားဝင်ငွေချေးခွင့်မရတဲ့ လစာနည်း စင်္ကာပူသားတွေ နဲ့ လူမွဲစာရင်း အဖြစ်ကြေငြာထား တဲ့သူတွေ၊ အကြွေးလည်ပင်းနစ်လို့ ဒုက္ခရောက်နေကြတဲ့ လူတွေပါ။ သူ့စီကငွေချေးရင် အပေါင်ပစ္စည်း မလိုသလောက်ဖြစ်ပြီးတော့ မှတ်ပုံတင်မိတ္တူပေးရပါတယ်။ မှတ်ပုံတင်မှာ အိမ်လိပ်စာအတိအကျပါ တာ ကြောင့် တကယ်လို့များငွေချေးပြီး ပြန်မပေးပဲ ဝေ့လည်ကြောင်ပတ် လုပ်နေရင်တော့ ပထမဦးဆုံး အိမ်တံခါးရှေ့ ကိုသင်္ဘောဆေးနဲ့ပတ်၊ ဓာတ်လှေခါးအတက်အဆင်းနေရာတွေမှာ အိမ်လိပ်စာနဲ့ ငွေချေးထားရင် ပြန်ပေးဆိုတဲ့ သင်္ကေတတွေနဲ့ ချေးပြီးပြန်မပေးတဲ့သူကို ဒုက္ခရောက်အောင် အရှက်ကွဲ အောင်လုပ်တော့တာပါ။ ဒါမှ မပေးသေးရင် လူမိုက်များလွှတ်ပြီး လူကိုရန်ပြုတဲ့အထိပါ။ အဲ့ဒီလုံးရှပ်စီကနေ
ကျနော့်ရုံးက ဝန်ထမ်းတစ်ယောက်ကငွေသွားချေးပြီး ပြန်မဆပ်တော့ လုံးရှပ်ကသူ့ကို ဒုက္ခပေးချင်ရော၊
အခုနောက်ပိုင်း စင်္ကာပူ HDB တိုက်ခန်းတွေရဲ့ ဓာတ်လှေခါးရပ်တဲ့နေရာ နဲ့ လှေခါးဝတိုင်းမှာ ရဲ စီစီတီဗွီ တွေ တက်လိုက်တော့ လုံးရှပ် ကအရင်လိုသိပ်သောင်းကြမ်းလို့မရတော့တဲ့ အခါ သူ့နောက်ကို ခြေရာခံ တော့ အလုပ်လုပ်တဲ့နေရာသိပါတယ်။ သူ့မိုဘိုင်းဖုံးကို လုံးရှပ်ကဖုံးဆက်တဲ့အခါ လက်ခံမပြောတဲ့ အတွက်
လုံးရှပ်က ရုံးကအချိန်နဲ့အမျှဖုံးတွေဆက်ပြီး နှောက်ယှက်တော့တာပါပဲ။ ဖုံးကိုင်တဲ့ဝန်ထမ်းတွေလဲ ဆဲဆို တော့ ဝန်ထမ်းတွေက ကျနော့်စီကိုပြန်ပြောတာနဲ့ နောက်တခါလာရင် ကျနော့်စီဖုံးလွှဲလိုက်ပါဆိုပြီး လက်ခံ
ပြောကြည့်တာပေါ့။ ဒီဝန်ထမ်းရဲ့ ပုဂိုလ်ရေးငွေချေးတဲ့ ကိစ္စက ငါတို့နဲ့မပတ်သတ်လို့ တို့စီမဆက်ပဲ မနှောက်ယှက်ပါနဲ့လို့ကောင်းကောင်းမွန်မွန် ပြောပေမယ့် မရပါဖူး။ မရတော့ ရဲ ကို တိုင်ရပါလိမ့်မယ်ဆို တော့ အောင်မလေး ပိုဆိုးသွားပြီး ကျနော့်ကို တရုတ်လိုရောအင်္ဂလိပ်လိုရော မိုးမွှန်အောင်ဆဲ နင့်ကိုလဲ ငါ လူမိုက်တွေလွှတ်ပြီး ချခိုင်းမယ်လဲ ချိန်းချောက်နဲ့ဖုံးထဲကနေ ပက်ပက်စက်စက် တွေပြောတော့တာပါပဲ။
ကျနော်လဲ ပြောရင်နိုင်မှာမဟုတ်တော့ ဖုံးချထားလိုက်တယ်ပေါ့။ နောက်နေ့တွေလဲ မရပါဖူး ထပ်ခါထပ်ခါ တွေဆက်ပြီး ပြောတော့ ဒီအတိုင်းဆိုရင်တော့ မရတော့ဖူးဆိုပြီး အဲ့ဒီဝန်ထမ်းကိုခေါ် အကြိုးအကြောင်းမေး မြန်းပြီး လုံးရှပ် နဲ့ ဖုံးထဲမှာပြောဖို့ communication လုပ်ပေးရတော့တယ်။ လုံးရှပ်ကလဲ အဲ့တော့မှ လေသံကပျော့သွားပြီး ဘရားသား ဘာညာဖြစ်လာတယ်။ နောက်ဆုံးမှာတော့ ဝန်ထမ်းများ ကို အလွန်ကူ ညီတက်သော ကျနော့်သူဌေးက ငွေထုတ်ချေးပြီး လုံးရှပ်ကို ငွေပြန်ပေးဖို့စိုက်ထုတ်လိုက်ရရော။ ဒီလူ့လက်ထဲကို ငွေ ပေးလိုက်ရင်မသေချာမှာဆိုးလို့ လုံးရှပ်ကလဲ ဂျွန်နသန်ပဲ သူ့စီပေးပေးပါတဲ့။ ကျနော့်
သူဌေးကို ပြောပြတယ် စင်္ကာပူတစ်မြို့လုံးမှ လုံးရှပ် နဲ့ communication လုပ်ရတဲ့ HR Manager ဆိုလို့
ကျနော် တစ်ယောက်ပဲရှိပါလိမ့်မယ်လို့။ လုံးရှပ်ဆီကို communication လုပ်ချင်ရင် သူ့ပေးထားတဲ့ဖုံး
နံပါတ်ကို လှမ်းခေါ်ရတယ်၊ ဖုံးက နိုင်ငံပြင်ပ (မလေးရှား ဖြစ်နိုင်) မှာပါ။ ဖုံးလှမ်းခေါ်လိုက်ပြီး မကြာခင်ပဲ
သူ့စီကနေ ဖုံးပြန်ခေါ်ပါတယ်။ အင်တာနက်ကတဆင့်ခေါ်တဲ့ ဖုံးပါ။ ငွေအပေးအယူလုပ်ဖို့ ပြောကြပြီး
တော့ လွှဲစေချင်တဲ့ ဘဏ်အကောင့်ကို လွှဲပြီးတာနဲ့ မိနစ်ပိုင်းအတွင်း လုံးရှပ်စီကနေ unknow sms နဲ့
ငွေလက်ခံရရှိကြောင်း အကြွေးကျေပြီဆိုတဲ့အကြောင်း အကြောင်းပြန်ပြီး communication လုပ်ပါတယ်။
သူတို့လို အမှောင်ထဲက တရားမဝင် အလုပ်လုပ်တဲ့ လူတွေတောင် communication ကောင်းကောင်း လုပ်တက်ကြတာ အလင်းထဲမှာအလုပ်လုပ်ကြတဲ့ ကျနော်တို့တွေ အတွက် လိုအပ်ခဲ့ရင် ပိုပြီးများ communication လုပ်ဖို့မလိုအပ်ဖူးလားဗျာ။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-15989328352522771962015-05-10T21:57:00.002+08:002015-05-10T22:09:04.944+08:00စင်္ကာပူတွင် (၉) နှစ်ကြာသောအခါ အပိုင်း (၁)
ကျနော့်ရဲ့ ပိုစ့်စီးရီးတစ်ခုအဖြင့် စင်္ကာပူကို အခြေချနေထိုင်တဲ့ နှစ်ပတ်လည်ရောက်တိုင်း ကိုယ့်သမိုင်းကိုယ် ရေးတဲ့အနေနဲ့ရယ် ကိုယ်ဘာတွေဖြစ်ခဲ့တယ် ဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆို တချိန်မှာ ပြန်ဖတ်လို့ရအောင် နဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း မိတ်ဆွေ စာဖတ်ပရိတ်သတ်များဖတ်ရအောင် ရေးဖြစ်ပါတယ်။ စင်္ကာပူကိုအခြေချခဲ့တာ လာမယ့် ဇွန်လ (၆) ရက်နေ့ဆိုရင် (၉) နှစ်ရှိခဲ့ပါပြီ။ ရှေ့လထဲမှာ ဆီးဂိမ်းလုပ်အားပေးရှိတာရယ်၊ ပါပါးနဲ့မာမား ဆီးဂိမ်းပွဲလာကြည့်မှာရယ်ကြောင့် ရေးနိုင်မှာမဟုတ်လို့ အခုလထဲမှာ ကြိုတင်ရေးပြီး ကြိုတင်လိုက်သည်။ လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်က များပြားလှတဲ့ တာဝန်နဲ့ဝတ္ထရားတွေကြောင့် ဘာစာမှမရေးဖြစ်တော့တာ ၂၀၁၃ ခုနှစ်ကထဲကပါ။ မနှစ်ကဒီလိုအချိန်မှာတောင် စင်္ကာပူ (၈) နှစ်ပြည့်အကြောင်းမရေးဖြစ်ခဲ့
ပါဖူး။
Professional Life
လွန်ခဲ့တဲ့ နှစ် ၂၀၁၄ ခုနှစ်မှာတော့ ကျနော် ၂၀၁၃ခုနှစ်တွင်းမှာ HR Specialist Diploma ကို နန်ယန်ပေါ်လီကနေ အောင်မြင်စွာနဲ့ရယူနိုင်ခဲ့ပါတယ်။ မော်ဂျူး (၆) ခုမှာ (၂) ခုလောက်ကအတော်လေးခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်ပေါ့။ ကျနော့် Graduation ကိုကျနော့်မိသားစုတစ်ခုလုံး တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ Company ကလဲ ဒီအထူးပြုဒီပလိုရပြီး သိပ်မကြာခင်မှာပဲ Asst HR Manager ကနေ HR Manager ရာထူးကို တိုးမြှင့်ပေးခဲ့ပါတယ်။ တကယ်တန်းအမှန်အတိုင်းဝန်ခံရရင်တော့ ယနေ့တိုင် ကျနော် ကျင့်သုံးနေတဲ့ HR Policy နဲ့ အိုင်ဒီယာတွေဟာ
ဒီအထူးပြုဒီပလိုမာစီကနေ ပြန်လည်အသုံးချခဲ့တာဆိုလို့
ကျနော့်စိတ်ထင် ၂၀%အောက်မှာပဲရှိမှာပါ။ ဒီပလိုသင်တန်းမှာ တစ်ခုမှနားမလည်ခဲ့တဲ့ Performance Management လို့ခေါ်တဲ့ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ချက်ကို စီမံခန့်ခွဲတဲ့ မော်ဂျူးကိုတော့ Spring Singapore လို့ခေါ်တဲ့ စလုံးအစိုးရရဲ့ Company တွေအပေါ်ကူညီတဲ့ဦးစီးဌာနကနေ ထောက်ပံတဲ့ငွေ (Grant) ၅၀၀၀ ကိုသုံးပြီး သင်တန်းက ကိုယ်နဲ့ကီးကိုက်တဲ့ဆရာတစ်ယောက်ကို အတိုင်ပင်ခံအနေနဲ့ဌား
ရမ်းပြီး Company ရဲ့ Performance Management System ကို ပိုမိုကောင်းမွန်လာအောင်အဆင့်မြင့်တင်
နိုင်ခဲ့ပါတယ်။ သို့သော်လည်း Company Management Team အနေနဲ့ အတိုင်ပင်ခံ ရဲ့ HR နဲ့ပတ်သတ် တဲ့ အကြံပြုချက်တွေကိုသာလက်ခံခဲ့ပြီး၊ တခြားတွေ့ရှိချက်တွေကိုတော့ သိပ်လက်မခံချင်ကြပါဖူး။ ၂၀၁၄
ခုနှစ်ဟာ Company အတွက် ဝင်ငွေသိပ်မကောင်းတဲ့အတွက် ၂၀၁၄ နှစ်ကုန် ဆုကြေးငွေကို အမြင့်ဆုံး
အခြေခံလစာရဲ့ ၅၀% အထိကိုပဲအမြင့်ဆုံးပေးနိုင်ခဲ့ပါတယ်။
တဆက်ထဲမှာပဲ ဆုံးရှုံးခဲ့တာတွေ ကို ပြန်အဖတ်ဆယ်နိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်အတွင်းမှာ အလုံးအရင်းနဲ့ ကြိုးစားကြရမှာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ကျနော့် HR အပိုင်းထဲကနေ Company နလထူနိုင်ဖို့အစွမ်းကုန်ကြိုးစားရမှာမို့ကုန်ကျစားရိတ်ခြွေတာရေး အစီအမံတွေကို အလျှင်အမြန်ရေးဆွဲခဲ့ပြီး တဲ့အနောက် စီမံကိန်းကို အဆင့် ၁ / ၂ / ၃ သတ်မှတ်ပြီး ၂၀၁၅ခုနှစ်ဇန်နဝါရီလကစတင်အကောင်အထည်ဖော်ပါတယ်။
ကုန်ကျစားရိတ်ခြွေတာရေး လို့ ခေါင်းစဉ်တက်ထားတာနဲ့အမျှ ဖြစ်နိုင်ချေရှိသော၊ ငွေယိုပေါက်ဖြစ်နေသော အရာမှန်သမျှကို တားဆီးပိတ်ပင်ရတာနဲ့အမျှ၊ လူသဘောတရားအရ ကိုယ့်အကျိုးအမြတ်ထိခိုက်လာ
ခဲ့ရင် ဆန့်ကျင်တက်တဲ့သဘောသဘာဝတွေကြောင့် ကျနော့်ရဲ့ စီမံကိန်းတွေက အစပိုင်းမှာ အခက်အခဲတွေရှိခဲ့သော်လည်း နောက်ပိုင်းမှာ တော့ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မှတ်မှတ်ရရ နဲ့ရယ်
လျို့ဝှက်ချက်မဟုတ်တာရယ်ကြောင့် ဒီစီမံကိန်းတွေထဲ က တစ်ခုကိုပြောပြချင်ပါတယ်။ ကျနော့် စာဖတ်
ပရိတ်သတ်ထဲမှာ HR နဲ့ပတ်သတ်တဲ့ လေ့လာဆည်းပူးနေတဲ့ သူတွေများရှိခဲ့ရင် အတုယူနိုင်အောင်ပါ။
ကျနော့် plan တစ်ခုမှာ (၃) နှစ်နှင့်အထက် လုပ်သက်ရှိသူ မန်နေဂျာအဆင့်မှန်သမျှကို အခြေခံလစာ ၆%
၆ လစာလျှော့ချဖို့ပါပါတယ်။ မန်နေဂျင်းဒါရိုက်တာကစလို့ မန်နေဂျာအဆင့်မှန်သမျှပါ။ ကျနော်က လစာငွေ တွေလျှော့ချမယ့် လူစာရင်းနဲ့ လျှော့ချခဲ့မယ်ဆိုရင် ငွေဘယ်လောက် အကုန်အကျ သက်သာသွားမယ့်
အကြောင်းကို မန်နေဂျင်းကိုတင်ပြတော့ သူကဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ နာမည်တွေ ကြည့်တော့ ကျနော့် နာမည်ပါတာတွေပါတယ်။ policy အရ (၃) နှစ်လုပ်သက်အထက်လို့ပြောထားတဲ့အတွက် တကယ်တန်းပေါ်လစီအတိုင်းလုပ်မယ်ဆိုရင် ကျနော်ပါစရာမရှိပါဘူး။ သူက မင်းပါစရာမလိုဘူးလေတဲ့၊ မင်းက (၃) နှစ်မှ မပြည့်သေးပဲလို့ပြောတော့၊ ကျနော်က ဒီလိုလစာဖြတ်တောက်တဲ့ ပေါ်လစီမျိုးချမှတ်တဲ့အခါမှာ ချမှတ်တဲ့ သူကိုယ်တိုင်ပါမှ တခြားသူတွေ ပြောစရာကနေလွတ်မယ်၊ ဒီပေါ်လစီကို အကောင်အထည်ဖော်ရတာလွယ်ပါလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ၆% က မင်းကို မထိခိုက်စေဖူးလားတဲ့။ ဖြစ်ချင်တော့ ကျနော့် ကို နောက်ထပ်ရာထူးတစ်ခုထပ်ဆောင်းပေးထားပြီး လောလောလတ်လတ် လစာတိုးပေးထားတော့ ပြန်
ဖြတ်မယ်ဆိုရင် မကောင်းဖူးထင်နေပုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၆% ကလဲ ထိခိုက်တာပဲပေါ့လို့၊ တဆက်ထဲ Company အခြေအနေကောင်းလာခဲ့ရင် ၆% ကို ၆ လလျော့ခဲ့တဲ့ငွေတွေကို ပြန်ပေးမယ်လို့ ပေါ်လစီထဲမှာ ထည့်ရေးရင်ပိုကောင်းတာပေါ့လို့ ပြောတော့ အင်းကောင်းသားပဲတဲ့ ထည့်လိုက်လို့ လမ်းညွှန်ပါ
တယ်။ အဲ့ဒီမှာ HR တစ်ယောက်ရဲ့ စကားအသွားအလာဟာ ပေါ်လစီချမှတ်မှုတွေအပေါ်မှာ အများကြီး
သက်ရောက်မှုရှိတဲ့အတွက် သတိထားစရာပါ။ HR အနေနဲ့ တခြားဝန်ထမ်းတွေအပေါ်မှာ ရော ကိုယ့်နဲ့
တန်းတူ လိုင်းမန်နေဂျာလို့ခေါ်တဲ့ ဌာနကြီးမှူးများ အပေါ်မှာပါ စံနမူနာဖြစ်ရအောင်၊ သာတူညီမျှ ဖြစ်ရ
အောင်၊ မျက်နာမလိုက်ပဲ အမှန်အတိုင်းပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲဖို့လိုပါတယ်။ ကျနော့်ရဲ့ စီမံကိန်း အဆင့် ၁ ကိုတော့ အောင်မြင်စွာနဲ့ အကောင်အထည်ဖော်ပြီးတဲ့ နောက်မှာ အဆင့် ၂ ကိုစတင်ဖို့ တာဆူနေပါတယ်။ သို့သော်လည်း အဆင့် ၂ မတိုင်မီမှာ Company စပြီးနလံထူနိုင်ပါစေလို့ပဲဆုတောင်းနေရပါတယ်။
Company ရဲ့အခြေအနေက သိပ်ကြီးအကောင်းကြီးမဟုတ်သော်လည်း အဆိုးဆုံးအခြေအနေ မဟုတ်တာ ကြောင့် ကျနော်ကိုယ်တိုင် အလုပ်ကထွက်ဖို့၊ တခြားအလုပ်တစ်ခုရှာဖို့ လောလောဆယ်အစီအစဉ်မရှိပေ
မယ်၊ မြန်မာပြည် အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ဖြစ်တဲ့ myjob.com.mm ကနေအခါအားလျှော်စွာ ဆက်သွယ်လာတဲ့ အတွက်မြန်မာပြည်ကို ဝင်ရောက်လာတဲ့ နိုင်ငံတကာ Company ကြီးတွေအတွက် အရမ်း လိုအပ်နေတဲ့ အဆင့်မြင့် HR ရာထူးကြီးများ မိတ်ဆက်လာခဲ့ရင်တော့ တခါတခါ စကားပြောဆွေးနွေးဖြစ်
ပါတယ်။ တေ့တေ့ဆိုင်ဆိုင် အနေနဲ့ ကာလ်းစ်ဘတ် ဘီယာရဲ့ HR Director က စင်္ကာပူကိုရောက်နေတာနဲ့ ကြုံတော့ career discussion အနေနဲ့ ၁နာရီလောက်ကြာအောင် စကားပြောဖြစ်ကြပါတယ်။ ဒါရိုက်တာ က မြန်မာအမျိုးသမီး အမေရိကန်နိုင်ငံသားပါ။ အင်္ဂလိပ်စကားကို အမေရိကန်လေသံနဲ့ကိုပြောပြီး ထက်မြတ်တဲ့ အမျိုးသမီးတစ်ဦးပါပဲ။ သူတို့မျှော်မှန်းထားတဲ့လစာက ကျနော်ရနေတဲ့ လစာရဲ့ ၅၀% လောက်ပဲရှိ
တော့ နှစ်ဦးနှစ်ဖက် အစဉ်မပြေနိုင်ကြမှန်း စကားဝိုင်းအဆုံးမသတ်မီထဲကသိနှင့်နေကြပြီးသားပါ။ ဒါမယ့်
မြန်မာပြည်ရဲ့ လက်ရှိ HR အခြေအနေကို သူ့စီကနေ နည်းနည်းပါးပါး သိလိုက်ရတာကတော့ ကိုယ့်အတွက် အမျက်ပေါ့ဗျာ။ ဒီတလောမှာတော့ ဥရောပအခြေစိုက် Electronic Cash transaction အလုပ်တွေ လုပ် မယ်ဆိုတဲ့ Company အတွက်ရယ်၊ ဟင်နီကန်ဘီယာအတွက်ရယ်၊ မြန်မာနိုင်ငံသားပိုင် နာမည်ကျော် ရေနံ company ကြီး တစ်ခု အတွက်ရယ်ဆိုပြီး မိတ်ဆက်လာတော့ ကာလ်းစ်ဘတ် နဲ့တုံးကလိုဖြစ်မှာဆိုးလို့
ဒီပမာဏငွေရမှာ စဉ်းစားမှာနော်ဆိုတော့ ပေးနိုင်ပါတယ်တဲ့။ အဲ့တာကြောင့် ကျနော်စကားနည်းနည်း ဆက်ပြောကြည့်ကြတယ်။ တဖက်ကစဉ်းစားနေတာက မြန်မာနိုင်ငံသားတစ်ယောက်ကို မြန်မာပြည်မှာ အလုပ် လာလုပ်ဖို့အတွက် အဲ့လောက်ငွေပေးစရာမလိုဖူးပေါ့။ အဲ့တာကို ကျနော်လုံးဝလက်မခံနိုင်တာပါ။ ဒီရာထူး
ဒီလိုတာဝန်တွေအတွက် မြန်မာပြည်မှာ ရှာလို့မရလို့နိုင်ငံခြားလာရှာတယ်၊ မြန်မာနိုင်ငံသားဆိုရင်တော့ ဈေးတစ်မျိုး၊ တခြားနိုင်ငံခြားသားဆိုရင် ဈေးတစ်မျိုးဆိုရင်တော့ ကျနော်တို့အစထဲက စကားပြောစရာကို မလိုတာပါ။ တကယ်တန်း ဟုတ်ပြီ တောင်းတဲ့လစာပေးမယ် လာလုပ်ပါဆိုရင်တောင် စဉ်းစားရမယ့် အချက် တွေကု A4 စာမျက်နာ ၁ ခုစာလောက်ရှိပါတယ်။ ဆုံးရှုံးသွားရမယ့် life style၊ ၉ နှစ်ကြာကွဲနေတဲ့ ပတ်ဝန်း ကျင်တစ်ခုနဲ့ မြန်မာနိုင်ငံ ရဲ့ Human Resources တွေကြောင့်  ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေ အများ
ာကီးမှ အများကြီးပါ။ ကျနော့်သူငယ်ချင်း ဟောင်းတွေဖြစ်တဲ့ အမေရိကန်သမ္မတကြီးကတောင် မိန့်ခွန်းထဲ ထည့်ပြောခံရတဲ့ လမင်းဦး တို့လို၊ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေနဲ့ ဒေါက်တာဘွဲ့တောင်ရတော့မယ် ဆရာ ဦးစံဇာနည်ဗိုလ်သား အမရတို့လောက်မတော်မတက်ပဲ သူတို့လို ကိုယ်ကျိုးစွန့်ပြီး နိုင်ငံကို တဖက်တလမ်းကနေ အထောက်အကူမပြုနိုင်သေးတာ အမှန်ပါလို့ ဝန်ခံပါတယ်။
Weight Lose Mission
လွန်ခဲ့တဲ့ နှစ် မေလ မှာ အဝလွန်နေပြီဖြစ်တဲ့ ကိုယ်ကိုကိုယ် ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ကျနော်ရဲ့ နာစေးတဲ့ ရောဂါ၊ နေရင်းထိုင်းရင် ဘာမှမလုပ်ပဲ ပင်ပန်းနေတာ၊ တခါတယံ အိပ်မပျော်တဲ့ ပြသနာတွေဟာ ကျနော့်နေ့စဉ်ဘဝကို ထိခိုက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် မေလက ကိုယ်အလေးချိန် ၉၂ ကီလိုဖြစ်နေတဲ့အတွက် BMI 32 အဆင့်ဖြစ်နေပေမယ့် ကိုယ်ကိုကိုယ် ဝနေတဲ့လို့ ဘယ်တော့မှမထင်ခဲ့
ပါဘူး။ နန်ယန်ပေါ်လီက graduate ဖြစ်ပြီးတဲ့နောက်မှာ Dover မှာရှိတဲ့ Singapore Polytechnic Graduate Guild မှာ ပေါ်လီအောင်အဖြစ် မန်ဘာကို လျှော့ဈေးနဲ့ဝင်ခွင့်ရခဲ့ပါတယ်။ သူ့စီမှာရှိတဲ့ Gym အသေးလေးမှာပဲ အပြေးစက်ပေါ်ပြေး၊ လမ်းလျှောက်စက်ပေါ်လျှောက်၊ ရေကူးနဲ့ ၁၅ နှစ်လောက်ဘာအားကစားမှ မယ်မယ်ရရ မလုပ်တဲ့ body ကြီးကိုလှုပ်ရှားစေရပါတော့တယ်။ နေ့စဉ်ရုံးကအပြန် gym ကိုတိုက်
ရိုက်သွား လေ့ကျင့်ခန်းလုပ် Weekend မှာလဲ လုပ်နဲ့ဆိုတော့ ၉၂ ကီလိုကနေ ၉၀ ကီလိုကို ကျလာတယ်။
ဝိတ်ကကျလာတော့ လူကအားတက်လာတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် အကျိုးသက်ရောက်မှုရှိတယ်
ပေါ့။ ၂ လလောက်ကိုယ်ဟာကိုယ်လုပ်ပြီးတဲ့နောက် ကျနော့်ရုံးက ကျနော့်လက်ထောက်က အားကစားလုပ်တာလဲ ဝါသနာပါ၊ စလုံးစစ်တပ်မှာလဲ အထူးလက်ရုံးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ ကျနော့်ရဲ့
Weight Lose Mission ကြီးကို သူက Training Plan ချပေးပါတယ်။ ဘယ်နေ့မှာဘာလုပ်၊ ဘယ်နှမိနစ်ပြေး ဘာညာပေါ့။ အဲ့ဒီမှာ ကျနော် ငယ်ငယ်က ရွက်လှေအသင်းမှာအလုပ်လုပ်တုန်းက အားကစားသမား (၂) ဦးကို တစ်ယောက်ကို ဝိတ်ချပြီး၊ တစ်ယောက်ကို ဝိတ်တင်ရတာ သွားသတိရတယ်။ ပြီးတော့ ကျနော်က ရေကူးရတာပဲ ကြိုက်တယ်။ ပြေးရတာဝါသနာကို မပါတာ။ မှတ်မှတ်ရရ အဲ့ဒီမှာလုပ်တုန်းက မနက်ပိုင်း
Physical training အချိန်မှာ ကလေးတွေပြေးခိုင်းနေတုံး၊ ကျနော်တို့လေးစားကြောက်ရွံရတဲ့ ရွက်လှေအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး (ယခုဥက္ကဌ) ရောက်လာလို့၊ ကျနော့်မှာ သူမပြန်မချင်း ကလေးတွေနဲ့လိုက်ပြေးရတာ ဟာ နောက်ဆုံးပြေးခြင်းပါပဲ။ အဲ့ဒီမှာ ဝိတ်ချရတဲ့အားကစားသမားကို တစ်ရက် ၃ မိုင်လောက်ပြေးခိုင်းတာ သတိရမိတယ်။ အခုကျနော်ကိုယ်တိုင်ပြေးမှာ အတော်ပင်ပန်းတာပါလားလို့ပေါ့။
အပြေးစက်ပေါ်မှာပြေးရာကနေ Singapore Poly အားကစားကွင်း ထဲ မှာ တဖြည်းဖြည်းနဲ့အပတ်ရေကို တိုးတိုးပြေးဖြစ်တယ်။ အဲ့တုံးက စလုံးတပ်မတော်ကခေါ်တဲ့ လုပ်အားပေးစစ်တပ်မှာ ဝင်ပါမယ်စိတ်ကူးထား
တော့ စလုံးတပ်မတော်ရဲ့ ကာယကြံ့ခိုင်မှု အောင်မှတ်ဖြစ်တဲ့ ၂.၄ ကီလိုမီတာကို ၁၂.၄၀ စက္ကန့်အတွင်း အပြီး ပြေးနိုင်ရတယ်ဆိုတော့ အဲ့တာကို ရည်မှန်းပြီးပြေးတာ။ ၂.၄ ကီလိုမီတာဖြစ်တဲ့ ၆ ပါတ်ပြည့်ပြီးတိုင်း ငါ
ဘယ်တော့ မှာ အဲ့လိုမပြေးတော့ဖူးလို့ တွေးမိတဲ့အထိ မောဟိုက်လွန်းတာပါ။ ပေါ်လီကျောင်းရဲ့ အားကစားကွင်းထဲမှာ အပြေးလေ့ကျင့်ခန်းလုပ်တော့ ပျိုပြစ်နုနယ်တဲ့ ကျောင်းသားကျောင်းသူ တွေရဲ့ ရုပ်ပုံတွေက
ကျနော့်အတွက် အများကြီးအားတက်စေပါတယ်။ တချိန်ထဲမှာပဲ ငါ သူတို့အရွယ်တုံးက သူတို့လိုကျောင်းသားဘဝ တွေမဖြတ်သန်းခဲ့ဖူးဘူး။ အခုလက်ရှိကိုယ်နိုင်ငံက ကျောင်းသားတွေ လဲ သူတို့လိုကျောင်းသားဘဝ ဖြတ်သန်းဖို့ဖြစ်လာစရာမမြင်သေးဘူးလို့ အတွေးနည်းနည်း လွန်မိတယ်။ ကျနော်သူတို့အသက်အရွယ် ကျောင်းသားဘဝ ၁၈-၁၉ ပေါ့။ ကျနော် ပြည်မြို့မှာ နာမည်ကျော်တိုက်ဂါးဘီယာကို နိုင်အောင်ဖိုက်ရင်း
နဲ့ ဘီယာချမ်းရောင်းနေခဲ့တာ။ ပြည်မြို့ကနေ မန္တလေးအသွားမှာ ဘီယာတွေဈေးတက်မှာကြိုသိလို့၊ ကွနန်တင်နာကား နဲ့ လမ်းမှာရသမျှဘီယာတွေ ပြန်ဝယ်ပြီး ဈေးတက်ချိန်ပြန်ရောင်းခဲ့တာ ဘီယာကုန်သည် ပေါက်စဘဝပေါ့။ ကျနော်ဒါတွေ အတွက်ဝမ်းမနည်းပါဘူး။ ဒီလိုမျိုးကျနော့်ဘဝကို စောစောစခဲ့တဲ့ အတွက်
လောကကြီးအကြောင်းပိုနားလည်ပြီး ဒီအခြေအနေမျိုး ကို ရောက်လာတယ်လို့ပဲတွေးမိတယ်။ ကိုယ်လုပ်ချင်တာတွေ ကို တသက်လုံးလုပ်ခွင့်ပေးခဲ့တဲ့ ကျနော့်မိဘတွေကို လဲ ကျေးဇူးတင်ပြီး အခုချိန်မှာ အတက်နိုင်ဆုံးကျေးဇူးတွေ ဆပ်နေဆဲပါ။
ကွင်းထဲမှာပတ်ပြေးနေရာကနေ အပြင်မှာသူများတွေလို ပြေးချင်လာတော့ ဒီပေါ်လီကျောင်းကြီး တပါတ်
ပြေးတယ်။ ပေါ်လီကျောင်းတစ်ပတ် က ၃ ကီလိုမီတာ ကွက်တိပဲဗျာ။ လွန်ခဲ့တဲ့ August လလောက်ကစပြီး
ကျနော်အပြင်မှာ ပြေးတဲ့ရက်က တစ်ပါတ်ကို ၂ ရက်ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် မေလကစခဲ့တဲ့ ကျနော့်
mission ကိုအောင်မြင်အောင် ကျနော်ခရီးသွားနေတဲ့ ကာလကလွဲလို့ တစ်ပါတ်က (၆) ရက်လေ့ကျင့်ခန်းလုပ်တာပါ။ တစ်ရက်ကို အနည်းဆုံး ၁ နာရီကနေ ၁ နာရီခွဲလောက်အထိကြာပါတယ်။ တင်္နလာနေ့ကတော့ ကျနော်အတော်သဘောကျတဲ့ workout ပါ။ ပေါ်လီတစ်ပါတ် ၃ ကီလိုမီတာပြေး၊ မီတာ ၁၀၀၀ ရေကူး ပြီး ၁၅ မိနစ်စက်ဘီးစီးတဲ့ triathlon ပါ။ ဒီ workout တစ်ခါလုပ်ရင် အနည်းဆုံး ၀.၃ ကီလိုကျပါတယ်။
နောက်တစ်ရက် အင်္ဂါနေ့ကို ကလပ်က Running Interest Group နဲ့ ၆ ကီလိုမီတာပြေးပါတယ်။ သူတို့ကတခါတလေ ၁၁ ကီလိုမီတာပြေးတာ၊ မှတ်မှတ်ရရ ၂ ခါပြေးဖြစ်တယ်။ ၂၀၁၄ ခုနှစ် August လမှာတော့
ပြေးတဲ့ ဟာ နည်းနည်းလျှော့ချင်လို့ဆိုပြီး နာမည်ကြီး Fitness Club ဖြစ်တဲ့ Fitness First မှာ အသင်းဝင် ဖြစ်ပြီး၊ Group Aerobic Exercise တစ်ခုဖြစ်တဲ့ Body Attack ကို Wednesday နဲ့ Saturday မှာ လုပ်ဖြစ်
ပါတယ်။ Group Exercise ကို မြူးမြူးကြွကြွ သီးချင်းတွေနဲ့လုပ်ရတဲ့ အတွက် အတော်လေး သဘောကျ
တယ်ပြောရမယ်။ အဲ့တာမလုပ်ခင်လေး အပြေးစက်ပေါ်မှာ ၁၅ မီနစ်လောက်ကြိုပြေးလိုက်ရင်တော့ ကယ်လိုရီ လောင်ကြွမ်းမှုပိုပြီး ဘော်ဒီဝိတ်ကျလာတာလဲ သတိထားမိပါတယ်။ ဒီဝိတ်ချတဲ့ ကာလတောက်
လျှောက်မှာ လွန်ခဲ့တဲ့ မတ်လ ၂၀၁၅ အထိကျနော် အစားအသောက်ကို မလျှော့ချခဲ့ပါဖူး။ ကိုယ်စားနေကျအစားအစာ ကို ပဲ ပုံမှန်စားသောက်နေခဲ့တာပါ။ လုပ်ခဲ့တဲ့ကာလတောက်လျှောက် မှာ ဘယ်လေ့ကျင့်ခန်း တွေ ဘယ်လိုလုပ်ခဲ့တယ်၊ ကျလာတဲ့ ဘော်ဒီဝိတ်စတဲ့ အချက်အလက် တွေအကုန်လုံးကို မှတ်ထားခြင်း
ဖြင့် ကျနော့်ရဲ့ weight lose mission ကို အနီးကပ်စောင့်ကြည့်ခဲ့သည်ပေါ့။ နောက်တစ်ခု တစ်ကီလို တစ်ကီလို ကျတိုင်းမှာ ခံစားရတဲ့ ပီတိဖြစ်မှု၊ ဒီပီတိဖြစ်မှုများကို ဆက်ထိမ်းထားဖို့ ကုန်ခဲ့တဲ့ အချိန်တွေ
ကို နှမြောမှု တို့က ကျနော် ရှေ့ဆက်သွားဖို့ခွန်အားတွေပါပဲ။
မတ်လ မှာတော့ ကျနော့်ဘော်ဒီဝိတ်ဟာ ၇၈ ကီလိုကိုရောက်ရှိလာပါတယ်။ ၇၈ ကိုရောက်လာတဲ့ အခါ
လုပ်နေကျ လေ့ကျင့်ခန်းတွေနဲ့ ဝိတ်ကဆက်မကျတော့ပဲ အဲ့နေရာမှာပဲ တဝဲလည်လည် ဖြစ်နေတဲ့အတွက်
Diet စစ်ကူခေါ်ရပါတော့တယ်။ Weekend ကလွဲပြီး ညစာတွေအကုန် ကို အရွက်သုတ်တို့၊ Subway တို့
Macdonal Wrap တို့အပြင် တချို့ရက်တွေမှာ နေ့ခင်းစာ ကို အရွက်သုတ်၊ ကိုယ်တိုင်လုပ် အသားညှပ် ပေါင်မုန် နဲ့ ကြက်သားရင်ဖုံသားကို ပျားရည် ချက် တို့ကို ကိုယ်တိုင်လုပ်ပြီးစားသောက် Diet စစ်ကူခေါ်တဲ့
အခါမှာတော့ ခေါင်းမာနေတဲ့ ဘောဒီဝိတ်ဟာ ၇၅ ကီလိုဇုန်ထဲကိုကျဆင်းလာပါတယ်။ ကျနော့် မစ်ရှင်အဖြစ် ၇၅ ကီလိုအတိကို ရောက်ဖို့သိပ်မလိုတော့ပါဖူး။ ဒီမစ်ရှင်ပြီးရင်တော့ ၇၀ ကီလိုကို ခရီးဆက်နိုင်မနိုင် စဉ်းစားရအုံးမှာပါ။
လွန်ခဲ့နှစ် သြဂုတ်လ ကနေ စတင်မှတ်တမ်းတင်လာတဲ့ runkeeper app အရ မေလ ၁၀ ရက်နေ့မှာတော့ ပြေးတာမကြိုက်တဲ့ ကျနော် ကီလိုမီတာ ၁၀၀၀ ကျော်ပြေးခဲ့ပြီးပါပြီ။ အခုတလော တော့ တပါတ်ကို အနည်းဆုံး စာအတွက် ၁၅ ကီလိုမီတာက နေ အများဆုံး ၂၀ ကီလိုမီတာအထိပြေးဖြစ်ပါတယ်။
ကျနော်ရဲ့ weight lose mission ကြောင့်ပြန်လည်စတင်ဖြစ်ခဲ့တဲ့ ကျနော့်အားကစား ကဏ္ဍကြောင့် အနည်း ငယ်ချို့ယွင်းစပြုလာတဲ့ ကျနော့်ကျန်းမာရေးအခြေအနေ ပြန်ပြီးကောင်းလာတာတွေ့ရပါတယ်။ နှားစေးရောဂါ သိသိသာသာ ကြီးပျောက်သွားတဲ့အပြင် အိပ်ရေးပျက်တာတွေလဲ အများကြီးလျှော့ကျသွားပါတယ်။
အရင်လိုပင်ပန်းတွေတာတွေ လုံးဝမရှိတော့ပဲ အတော်လေးလန်းလန်းဆန်းဆန်း ဖြစ်လာတာ လက်တွေ့ဆို တော့ ကျနော့်အလုပ်က HR Policy ထဲမှာ Active and Healthy Life Style activities တွေကို အကောင် အထည်ဖော်ခြင်းဖြင့် ဝန်ထမ်းများရဲ့ MC rate ကိုလျှော့ချပြီး၊ ကျန်းမာရေးအသုံးစားရိတ်တွေလဲ လျော့ကျစေနိုင်မှာဖြစ်တဲ့အကြောင်း ကျနော့် သူဌေးကိုပြောတော့ သူဌေးကိုယ်တိုင်ကလဲ တပါတ်ကို ၄ ရက် gym မှာလေ့ကျင့်ခန်းလုပ်လေ့ရှိတာကြောင့် ကျနော့်ပေါ်လစီကို ချက်ချင်းပဲ အကောင်အထည် ဖော်ဖို့ လမ်းညွှန်ပါတယ်။
Travelling
အမိမြန်မာပြည်ကိုတော့ ၂၀၁၄ ဒီဇင်ဘာ holiday ကာလအတွင်းရောက်ခဲ့ပြီး ထုံးစံအတိုင်းဘာမှာထွေထွေ
ထူးထူးတွေ ပြောင်းလဲလာတာမရှိပါဘူး။
ခရီးရှည်အဖြစ် လွန်ခဲ့တဲ့ မတ်လ တိုင်ဝမ်ကို ၁၀ ရက်ကြာအလည်အပတ်သွားဖြစ်ခဲ့ပါတယ်။ လေကြောင်း လိုင်းကိုတော့ ဈေးအသင့်အတင့် ဖြစ်တဲ့ EVA Air ကိုရွေးဖြစ်ပြီး ခရီးစဉ်ပျံသန်းမှုအတွင်း Entertainment နဲ့ အစားအသောက်ပိုင်း၊ ဝန်ဆောင်မှုပိုင်းတွေ ကို စိတ်တိုင်းအကျကြီး မရှိခဲ့ပါဖူး။ တိုင်ဝမ်ခရီးစဉ်တစ်ခုလုံး ကို ကျနော့်သူငယ်ချင်း ဘရမ်ဒမ်ကစီစဉ်တာဖြစ်ပြီး ခရီးစဉ်တခုလုံးနီးပါးဟာ private tour ဖြစ်တာကြောင့်
ကိုယ်ရပ်ချင်တဲ့နေရာ မှာ ရပ်၊ ကိုယ်စားချင်တာ အေးအေးဆေးဆေး စား၊ ဖြည်းဖြည်းချင်းသွားတာကြောင့်
တခါတလေ အလွန်နှေးလှပါလား ဟဲ့ ဆိုပြီးတောင် စိတ်ညစ်ရတဲ့အထိပါ။ မှတ်မှတ်ရရ တွေအဖြစ် တိုင်ဝမ် သမ္မတကိုယ်တိုင်နဲ့ နာမည်ကျော်ပုဂိုလ်များ ကိုယ်တိုင်ရောက်ဖူး စားသောက်ဖူးတယ်ဆိုတဲ့ မီးကင်ကျောက် တုံး ကို ဟင်းရည်အိုးထဲနှစ်ထည့်ပြီး ချက်ပြုတ်ရောင်းချတဲ့ဆိုင်ကို ရောက်ရှိစားသောက်ခဲ့ရပါတယ်။
Home Stay လို့ခေါ်တဲ့ မြို့ခံတစ်ယောက်ယောက်ရဲ့ အိမ်တွေမှာ ညအိပ်ရပ်နားတာကြောင့်လဲ ဟိုတယ်တွေ မှာပဲ တည်းခိုနေထိုင်ခဲ့တာနဲ့မတူပဲ ထူးထူးခြားခြား အတွေ့အကြုံတစ်မျိုးပါ။
စင်္ကာပူတွင် (၉) နှစ်ကြာသောအခါ အပိုင်း (၂) မှာတော့ ဇွန်လတွင်းကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရဲ့ ရွက်လှေအားကစားယှဉ်ပြိုင်ရာ နေရာမှာ Asst Venue WorkForce Manager အနေနဲ့ လုပ်အားပေးခဲ့တဲ့ အမှတ်တရ အတွေ့အကြုံလေးတွေ ရေးမယ်လို့စိတ်ကူးထားတာကြောင့် ဇွန်လ ကုန်ပိုင်းလောက်မှာ စောင့်ဖတ်ပါလို့ ကြိုတင်အသိပေးရင်း အပိုင်း (၁) ကို နိဂုံးချူပ်ပါတယ်။
ဖတ်ပေးတဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-23726208525752644542015-04-05T22:09:00.000+08:002015-04-07T12:46:31.639+08:00မစ္စတာ လီကွမ်ယူ ၏ သေတ္တာနီ ... Mr. Lee's Red Box
မူရင်းဆောင်းပါး ဖြစ်တဲ့ Mr. Lee's red box ကို Mr. Lee ရဲ့ Principal Private Secretary (PPS)
ကိုယ်ရေးအတွင်းရေးမှူးချုပ်အဖြစ် ၁၉၉၇ ခုနှစ် မှ ၂၀၀၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ ပြီး နောက်
ရာထူးအဆင့်ဆင့် တက်ကာ လက်ရှိ စင်္ကာပူနိုင်ငံ ပညာရေးဝန်ကြီး အဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Mr. Heng Swee Keat က Mr Lee ကွယ်လွန်ပြီး ၁ ရက်အကြာမှာ မီဒီယာပေါင်းစုံကနေ ထုတ်ဝေခဲ့တာ
ဖြစ်ပါတယ်။
Mr. Lee ကွယ်လွန်ပြီးတဲ့နောက်မှာ မီဒီယာတွေ Facebook တွေမှာ အကောင်းအဆိုးတွေ ဝေဖန်ကြ။
တချို့ကလဲ အကောင်းရေးတဲ့ သူများကို အမေကျော်ဒွေးတော်လွမ်းတို့၊ အဆိုးရေးတဲ့ သူများ
ကိုလည်း
တလုတ်စားဖူးသူ့ကျေးဇူးဆိုတာ ရှိတယ်။ သူတည်ထောင်ခဲ့ပြီး တိုးတက်ခဲ့တဲ့နိုင်ခံမှာနေပြီး အရိပ်နေနေ အခက်ချိုးချိုး မျိုးမလုပ်ကြတဲ့ စသည်ဖြင့် ထုံးစံအတိုင်း ဂိုဏ်းဂနတွေ ကွဲပြားနေဆဲ ကာလဆိုတော့ ကျနော်လဲ ပြောခံရမှာဆိုးတာ နဲ့ ရေးချင်တဲ့ အကြောင်းအရာတွေ အခုမှရေးဖြစ်ပါတယ်။
မူရင်းဆောင်းပါးက
ဆီလျော်အောင်ဘာသာပြန်ရေးတဲ့ အတွက်အမှားများပါခဲ့ရင် ခွင့်လွှတ်ဖို့ ကြိုတင်တောင်းပန်ပါတယ်။
ကိုယ်ပိုင် Blog များနဲ့ facebook မှ ရှယ်မယ်ဆိုရင် ကျေးဇူးပြုပြီး Credit ပေးပါလို့
မေတ္တာရပ်ခံပါတယ်။
သေတ္တာနီ ကို Mr Lee ဝန်ကြီးချုပ်ဖြစ်သည့်အချိန်မှ စပြီး ဖေဖဝါရီလ ၅ ရက်နေ့ Mr. Lee နေမကောင်း
ဖြစ်ပြီး ဆေးရုံမတက်မီ ၁ ရက်အလိုအထိ Mr. Lee သုံးစွဲခဲ့သည့် သမိုင်းဝင်ပစ္စည်းတစ်ခုဖြစ်ပါသည်။
Mr Lee ကွယ်လွန်ပြီးနောက်သေတ္တာနီကို စင်္ကာပူအမျိုးသားပြတိုက်ရှိ Mr Lee ပြခန်းတွင်အများပြည်သူ
ကြည့်ရှုနိုင်ရန်စတင် ပြသထားပြီဖြစ်ပါတယ်။
Mr. Lee မှာ သေတ္တာနီ တစ်လုံးရှိသည်။ မိမိ Mr Lee အတွက် ကိုယ်ရေးအတွင်းရေးမှူးချူပ်အဖြစ်တာဝန်ထမ်းဆောင် နေစဉ်ကာလ က ဒီ သေတ္တာနီနှင့် နေစဉ်နှင့် အမျှပတ်သတ်ခဲ့ရဖူးသည်။ Mr Lee ရုံးမတက်
လာမီ မနက် ၉ နာရီခန့်တွင် သေတ္တာနီ ရုံးသို့ အရင်ရောက်လေ့ရှိသည်။ Mr Lee ဒီသေတ္တာနီကို နှစ်ပေါင်းများစွာသုံးစွဲ ခဲ့သည်ကို Mr Lee နှင့် အလုပ်တူတူတွဲ လုပ်ခဲ့ဖူးသည့် အရာရှိကြီးငယ်များ မှတ်မိလောက်
အုံးမည်ဟုမိမိထင်သည်။ တကယ်တော့ သေတ္တာနီသည် သေတ္တာပုံစံလေးထောင့် ပုံရှိပြီး ၁၄ စင်တင်မီတာခန့်ဗျက်ကျယ်သည်။ သေတ္တာနီ၏ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် သေတ္တာနီကိုယခင်ကိုလိုနီခေတ်ကအင်္ဂ
လိပ်ဝန်ကြီးများ ရုံးတစ်ရုံးနှင့် တစ်ရုံး စာရွက်စာတမ်းများ ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိပြီး မိမိတို့၏
စင်္ကာပူဝန်ကြီးများ လည်းယခင်က အသုံးပြုဖူးသော်လည်း ယခုနောက်ပိုင်းနှစ်များ တွင် Mr Lee တစ်ဦး
တည်း သာသုံးစွဲတာ သတိထားမိသည်။ ၁၉၉၇ခုနှစ်က မိမိ Mr Leeထံတွင် စတင်တာဝန်ထမ်းဆောင်တော့ သေတ္တာနီကို စမြင်ဖူးသည်။ သေတ္တာနီလို့ခေါ်ပေမယ့် ဝိုင်အနီရောင်ရင့်ရင့်နှင့်ပိုတူပြီး ပါလီမန်
ထဲကထိုင်ခုံအရောင်မျိုးရှိသည်။
ဒီသေတ္တာနီကို Mr Lee အလုပ်လုပ်သော အချိန်တိုင်းတွင် အသုံးပြုလေ့ရှိပြီး သူ၏စာရွက်စာတမ်းများ၊ မိန့်ခွန်းအကြမ်းများ၊ ဖတ်စရာစာများ၊ မေးခွန်းများမေးရန်အတွက် အကြမ်းရေးမှတ်ထားသည့် မေးခွန်းများ၊
လေ့လာမှတ်သားမိသော အကြောင်းအရာများ၊ ဆင်ခြင်သုံးသပ်ချက်များ ပါရှိလေ့ရှိပါသည်။ ဒီနှစ်ပိုင်းများတွင် Mr Lee သူ၏ ကိုယ်ရေးအထုပတ္ထိများ ရေးနေချိန်အတွင်း သေတ္တာနီသည် သူ၏ ရုံးနှင့် အိမ်ကို လွန်း ထိုးခေါက်ပြန်ပြေးပြီး စာရွက်စာတမ်းများ ပို့ဆောင်သည့် တာဝန်များထမ်းဆောင်ခဲ့
သည်။ ထို့အပြင် Mr Lee ယခင်ကသုံးစွဲခဲ့သည့် အသံသွင်း တိတ်ခွေများ၊ နိုင်ငံခြားခေါင်းဆောင်များ နှင့် အဆက်အသွယ်ပြု
လုပ်သည့် အကြောင်းအရာများ၊ စီးပွားရေးပျက်ကပ်သုံးသပ်ချက်များ၊ ဝန်ကြီးချုပ်အိမ် တော် ဝန်ထမ်းများအတွက် ညွန်ကြားချက်များ၊ ဒီထက်မက အမြန်လမ်းမကြီးများပေါ်မှာ သစ်ပင်များ အကြောင်း အထိပါဝင်
လေ့ရှိသည်။ Mr Lee သည် မည်သည့်အကြောင်းအရာမဆို စေ့စေ့စပ်စပ် တိတိကျကျ လုပ်တက်သည့် အကြောင်း လူအများ သိကြသည့်အတိုင်း စင်္ကာပူမြို့အတွင်း သွားရင်းလာရင်း တွေ့မိသည့် သစ်ပင်ညိုး
နွမ်းပြီး သေနေသည်ကအစ သေတ္တာနီအတွင်း က မှတ်စုတွင် ရေးမှတ်ပြီး အရေးတယူ
ဆောင်ရွက်စေလေ့ရှိသည်။
Mr Lee ပြောလာမည့်အကြောင်းအရာ များ ကို မိမိတို့ တခါမှကြိုတင်မှန်းဆလို့ မရနိုင်ခံပေ။ စင်္ကာပူနိုင်ငံအတွင်း သို့မဟုတ် ကမ္ဘာ့တစ်နေရာရာမှာ တစ်ခုခုဖြစ်သည့်အကြောင်းအရာ များဖြစ်နိုင်သည်။ သေခြာ
သော အချက်အနေနဲ့ ဖြစ်နေသည့်အကြောင်းအရာများ သည် သူ၏နိုင်ငံအတွက်၊ သူ့နိုင်ငံသားများအ တွက်သူများထက်ယှဉ်ရင် ရှေ့ကိုဘယ်လိုခြေတလှမ်းသာနေထိုင်ရေးတွေအတွက် သေတ္တာနီထဲတွင်
ခိုင်မာသည့်စီမံကိန်း တွေရှိနေသည်။ သေတ္တာနီ Mr Lee ရုံးသို့ ရောက်ရှိသည်နှင့် Mr Lee ၏ အတွင်းရေးမှူးများ မှ Mr Lee အတိုချုပ်မှတ်ချက် ရေးထားသည်များ ကို အကျယ်တဝင့်ဖြစ်အောင် ပြန်ရေးပြီး သည်နှင့် သက်ဆိုင်ရာဝန်ကြီးဌာန များကို ညွှန်ကြားချက်များ ပေးပို့ခြင်း၊ မေးခွန်းများမေးမြန်းခြင်းများ တို့ကို Mr Lee ရုံးမတက်လာမီအမြန်ဆုံးပြီးစီးအောင် ပြင်ဆင်လုပ်ဆောင်လေ့ရှိသည်။ အရှေ့တောင် အာရှ စီးပွားရေးပျက်ကပ်အတွင်း Mr Lee အိမ်မှ အလုပ်လုပ်နေစဉ်ကာလ သေတ္တာနီ သည် အိမ်နှင့် ရုံးအသွားအပြန်လုပ်ကာ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်များ၊ စီးပွားရေးပညာရှင်များ နှင့် တွေ့ဆုံဆွေးနွေး
မှုများကို သယ်ယူပို့ဆောင်ခြင်းဖြင့် တာဝန်ကျေပွန်ခဲ့သည်။
မိမိ Mr Lee ထံတွင် အလုပ်လုပ်စဉ်အချိန်အတွင်း သူ၏နေ့စဉ်နံနက်စာသည် သူ့အိမ်အနီး စားသောက်ဆိုင်တန်းမှ ဂျိုင့်ဖြင့်သွားဝယ်သော အချိုရည်မဆမ်းထားသည့် ပဲနို့ခဲတခွက်ဖြစ်ပြီး၊ လက်ဖက်ရည် နှင့် ကော်ဖီကို နံနက်စာတွင်သုံးဆောင်လေ့မရှိပေ။ Mr Lee ရုံးတက်လာသည်နှင့် သူ့အရင်ရောက်နှင့်နေသော သေတ္တာနီအတွင်း မှ အကြောင်းအရာများ သည် သူပြန်လည်သုံးသပ်ရန် အဆင်သင့်ပြင်ဆင်ထားလေ့
ရှိသည်။ အဲ့ဒီအချိန်ကစပြီး အလုပ်လုပ်တဲ့ရက်က သူ့ပုံမှန်အချိန်ဇယားအတိုင်း အစဉ်လိုက်သွားတော့သည်။ ဖတ်စရာရှိသည်များဖတ်သည်၊ အီးမေလ်းများဖတ်ပြီး စာပြန်စရာရှိသည်များ ပြန်ပြီးသည်နှင့် အဲ့ဒီနေ့ အတွက် နိုင်ငံခြားနှင့် ပြည်တွင်းဧည့်သည်များ ကို လက်ခံတွေ့ဆုံလေ့ရှိသည်။ ကိုယ်ရေးအတွင်းမှူးချူပ် ဆိုသည်နှင့်အမျှ Mr. Lee K Y ဧည့်သည်များတွေ့ဆုံသည့်အခါတိုင်း အခွင့်ထူးရကာ အနားတွင် ထိုင် ပြီးနားထောင်ခွင့်ခဲ့သည်။ အစည်းအဝေး သို့မဟုတ် ဧည့်သည်လက်ခံတွေ့ဆုံပြီးသည်နှင့် မိမိကို ဘယ်လိုထင်လဲ လို့ ထင်မြင်ချက်မှတ်ချက်များမေးတက်သည့်အတွက် ပြောသမျှစကား တလုံးမကျန်ရအောင်
နားထောင်မှတ်သား ရသည့်အတွက် မိမိအတွက် အများကြီးပညာဆည်းပူးနိုင်ခဲ့သည်။
ညနေပိုင်းအချိန်များကတော့ Mr. Lee K Y အတွက်လေ့ကျင့်ခန်းအချိန်ပဲဖြစ်ပြီး မည်သည့်နေရာ ရောက် နေနေ လေ့ကျင့်ခန်းကို မပျက်မကွက် စည်းကမ်းထားပြီးလုပ်လေ့ရှိသည်။ အပြေးစက်ပေါ်တွင် ပြေးခြင်း၊
လှေလှော်စက်ဖြင့်လှေလှော်လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း နှင့် လမ်းလျှောက်ခြင်းတို့ သည် သူလုပ်နေကျ ကာယလေ့ကျင့်ခန်းများပင်ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းလဲ ညနေ သတင်း ဒါမှမဟုတ်
သူ့တရုတ်စာ စကားပြောလေ့ကျင့်ခြင်း ကိုနားထောင်လေ့ရှိသလို တခါတလေ လဲ ဖုံးများပြောလေ့ရှိသည်။ အသက် ၇၀ ကျော် ၈၀ နားနီးလာသည်နှင့် အမျှ ဇရာကြောင့်စိတ်သွားတိုင်း ကိုယ်မပါတော့ သည့် နောက်
တွင်တော့ ရိုှးရှင်းသောကာယလေ့ကျင်းခန်းများ သာ လုပ်တော့ပြီး အစိုးရအဖွဲ့ဝင်ဝါရင့်ဝန်ကြီးအဖြစ်မှ အနားယူချိန် ၂၀၁၁ ခုနှစ်တွင်တော့ လေ့ကျင့်ခန်းလုပ်ချိန်တွင် အလုပ်ကိစ္စများ သိပ်မလုပ်တော့ ပဲပိုပြီး
လွတ်လပ်ပေါ့ပါးကာ သူ့ဘဝအကြောင်းအရာများ၊ ရီစရာ ဟာသလေးများကို သူ့ ကိုယ်ရံတော်များ၊ ဝန်ထမ်းများ ကိုပြောပြလေ့ရှိတော့သည်။
Mr. Lee K Y ညနေပိုင်း လေ့ကျင့်ခန်းလုပ်နေပြီ ဆိုရင်တော့
မိမိတို့ ရုံးဝန်ထမ်းအပေါင်းတို့က အဲ့ဒီနေ့အတွက်လုပ်စရာရှိသည်များ၊ Mr. Lee K Y ဖတ်ရန်မှတ်ချက်ပေးထားသည့်စာများ၊ စသည့်ဖြင့် Mr. Lee K Y အိမ်စာလုပ်ရန်အတွက် သေတ္တာနီထဲ ကို အစီစီအရီရီ ပြန် ထည့်ကြရသည်။ တခါတယံ သေတ္တာနီထဲ ထည့်စရာများ မပြီးသေးသည့်အတွက် သူ့ကိုယ်ရံတော် အရာရှိကို နောက်တခေါက်ပြန်လာယူခိုင်းကြရသည်။
Mr. Lee K Y ၏ ဇနီးသက်ရှိထင်ရှားရှိစဉ်က ညနေပိုင်းတွင် Mr. Lee K Y ရုံးခန်းရှိရာ သမ္မတနန်းတော်အတွင်း ရှိ ဝန်ကြီးချူပ်ရုံး ကိုလာရောက်ပြီး Mr. Lee K Y နှင့်အတူတကွထိုင်ကာသူတို့ နှစ်ဦးစလုံးနှစ်သက်သဘောကျသည့် သမ္မတနန်းတော် အတွင်ရှိသစ်ပင်များကို ကြည့်ရှုစကားစမည်ပြောလေ့ရှိသည်။ သူတို့ဇနီးမောင်နှံပြောကြသည့်စကာ များမှာ အခြား ဇနီးမောင်နှံတွေပြောသလိုပဲ ဒီကနေ့ညစာတော့ ဘာစားကြရင်ကောင်းမလဲ၊ သူ့တို့မြေးတွေ ဘာတွေလုပ်နေကြတယ် စတဲ့အကြောင်းအရာတွေပဲ ဖြစ်သည်။ အဲ့ဒီနောက်တော့ သူတို့ဇနီးမောင်နှံ အိမ်သို့ပြန်ချိန်တွင် သေတ္တာနီလဲ အတူတကွပါသွားတော့သည်။
အိမ်တွင်ညစာစားပြီးသည် နှင့် သူတို့ဇနီးမောင်နှံ အေးအေးလူလူ လမ်းလျှောက်လေ့ရှိပြီး၊ Mr. Lee K Y ဝန်ကြီးချူပ်ဘဝ သန်တုံးမြန်တုံးကာလများတွင် သူ့ဇနီးက လမ်းလျှောက်လေ့ရှိပြီး Mr. Lee K Y က တော့ စက်ဘီးစီးလေ့ရှိသည်။ သူစီးသည့် စက်ဘီးကို မြင်လျှင် လူအများလက်ဖျားခါလေ့ရှိပြီး အလွန်ရှေးကျနေပြီဖြစ်သော စက်ဘီးဖြစ်သည်။ အဲ့ဒီစက်ဘီးကို အသစ်လဲလိုက်သည်ဟု ဘယ်သူမှ မမြင်ဖူးကြပေ။
Mr. Lee K Y အသက်အရွယ်ကြောင့် အားနည်းလာအခါကျမှ သူသည် အဲ့ဒီစက်ဘီးကို အစီးရပ်လိုက်ပေတော့သည်။
Mr. Lee K Y ညစာအပြီး အေးအေးလူလူ လမ်းလျှောက်ပြီးသည်နှင့် သူအလုပ်ပြန်စလုပ်ရန် ရုံးမှပြန်ယူလာသော သို့မဟုတ် ပို့လိုက်သော သေတ္တာနီကို ဖွင့်တော့သည်။ သူ့အလုပ်ခန်းအဖြစ် စာကြည့်ခန်းကိုအသုံး
ပြုပြီး ယခင်ကတော့ သူ့သားအကြီးဆုံး လီရှန်လွန်း (လက်ရှိဝန်ကြီးချူပ်) ၏အိပ်ခန်းဖြစ်သည်။ သူ့စာကြည့်ခန်း သို့မဟုတ် အလုပ်ခန်းသည် အလွန်ရိုးရှင်းသော ပရိဘောဂများဖြင့်သာ ဆင်ယင်ထားပြီး၊
အလုပ်စားပွဲသည် သစ်သားစားပွဲဟောင်းတစ်ခုသာဖြစ်သည်။ စားပွဲမျက်နာပြင်ကို မှန်သားပြင်အုပ်ထားပြီး အတွင်းတွင် မိသားစုဓာတ်ပုံများ၊ သာအကြီး ဝန်ကြီးချူပ်လီရှန်လွန်း စစ်မှုထမ်းကာလဓာတ်ပုံများ ထည့်ထားသည်။ Mr. Lee K Y ဇနီးရှိစဉ်ကတော့ သူ အလုပ်လုပ်နေစဉ် သူ့ဇနီးက စာဖတ်ရင်းစောင့်ပေးလေ့ရှိသည်။ Mr. Lee K Y ဝန်ကြီးချူပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလ များတွင် သူ၏ အိပ်ချိန်သည်
နံနက် ၃နာရီခွဲ ဖြစ်ပြီး၊ စီနီယာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလများတွင်တော့ နံနက် ၂ နာရီတွင် အိပ်လေ့ရှိသည်။ နိုင်ငံခြားခရီးစဉ်များမှ ပြန်လာသောရက်များတွင်တော့ သူ၏အိပ်ချိန်ကို နံနက် ၁ နာရီမှ ၂ နာရီအတွင်းသတ်မှတ်ထားလေ့ရှိသည်။ စင်္ကာပူမြိုကြီး အိပ်မောကျချိန်များတွင် တော့ Mr. Lee K Y အတွက် ပုံမှန်အလုပ်ချိန်များပင် ဖြစ်နေသည်။ Mr. Lee K Y အိပ်ယာသို့မဝင်မီ သူလုပ်စေချင်သည့်
ညွှန်ကြားချက်များ၊ မှတ်ချက်များ စာရွက်စာတမ်းများ အားလုံးကို သေတ္တာနီ အတွင်းအစီစီအရီရီ ထည့်သွင်းပြီးနောက် သော့ခတ်ကာ သူ၏စာကြည့်ခန်းအပြင်တွင် ချ ထားပေးပြီးနောက် သူ့တစ်နေ့တာလုပ်ငန်းများ ပြီးဆုံးတော့သည်။ နံနက်တွင်တော့ အဲ့ဒီနေ့အတွက်တာဝန်ကျ သည့် ကိုယ်ရံတော် အရာရှိက သေတ္တာနီကို သူ့ရုံးသို့ ပို့ဆောင်ပြီး နေ့သစ်တစ်ရက် စတော့သည်။
သေတ္တာနီအတွက် မှတ်မှတ်ရရ များအနေဖြင့် ၁၉၉၆ ခုနှစ်တွင် Mr. Lee K Y နှလုံးခွဲစိတ်ကုသမှု ပြုလုပ်ရသည်။ ၂ လအတွင်း ဒုတိယမြောက်ခွဲစိတ်ကုသမှုဖြစ်ပြီးပထမအကြိမ်ခွဲစိတ်မှု မှာ မအောင်မြင်ခဲ့ပေ။
ခွဲစိတ်အပြီး သူ့ကို အထူးကြပ်မတ်ကုသဆောင်အတွင်း စောင့်ကြည့်နေပြီးနောက်၊ မေ့ဆေးပြယ်ပြီး ပြန်လည်သတိရလာသည်နှင့် သူ့ကိုယ်ရံတော်အရာရှိကို ခေါ်တော့သည်။ ကိုယ်ရံတော်အရာရှိ အလောတကြီး
ပြေးဝင်ပြီး ဘာအလိုရှိပါသလဲ မေးတော့ " သေတ္တာနီယူခဲ့ပေးမလား ?" တဲ့။ ICU ထဲရောက်နေတဲ့ ကာလထဲမှာတောင် မေးတဲ့ သေတ္တာနီ ကို အရာရှိက အလျှင်အမြန်ရရှိအောင်ဆောင်ရွက်ပြီးတဲ့ နောက်၊
အလုပ်လုပ်ရအောင်ထားခဲ့လို့ ပြောတယ်။ အဲ့ဒီတုံးက Mr. Lee K Y အသက် ၇၂ နှစ်ပါ။ ၂၀၁၀ ခုနှစ်မှာတော့ Mr. Lee K Y ရင်ဖက်ကို ပိုးဝင်တဲ့ရောဂါကြောင့် ဆေးရုံတက်နေစဉ်ကာလအတွင်း သူ့ချစ်ဇနီး
ကွယ်လွန်ရှာပါတယ်။ သူ့ဇနီးကွယ်လွန်ကြောင်း ပြောပြီးချိန်မှာတော့ သူထနိုင်သည်နှင့် အသုဘအခန်းအနား
ပြင်ဆင်ထားရာ ဝန်ကြီးချူပ်အိမ်တော် သို့သွားတော့သည်။ သူ့ကျန်းမာရေး အခြေအနေကြောင့်
ဆေးရုံကို ဆရာဝန်၏ညွှန်ကြားချက်ကြောင့် ပြန်ရချိန်တွင် သူ့ကိုယ်ရံတော်အရာရှိကို ဆေးရုံမသွားသေးပဲ စင်္ကာပူ
မြစ်ကမ်း ပို့ပေးလို့ ညွှန်ကြားပါတယ်။ ညနက်သန်းခေါင်အချိန်မှာ Mr. Lee K Y တစ်ယောက်
သူ့ချစ်ဇနီးအတွက် ကြေကွဲဝမ်းနည်းနေရသည့်အတွက်သူ့ချစ်ဇနီးနဲ့အတူ လမ်းတူတူလျှောက်ခဲ့ဖူးတဲ့ မြစ်ကမ်းဘေးမှာ သူတစ်ယောက်ထဲလမ်းလျှောက်နေချိန်မှာတော့ ခပ်လှမ်းလှမ်းကပဲ စောင့်ရှောက်နေပါတယ်။ တစ်နေရာအရောက်မှာတော့ Mr. Lee K Y လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး ကိုယ်ရံတော်ကို လပ်ယပ်လှမ်းခေါ်ပြီး မြစ်ထဲက အမှိုက်စတွေ မြောနေတာကို လှမ်းပြပြီး " အဲ့တာတွေ ကို ဓာတ်ပုံလှမ်း
ရိုက်ပေးပါလား... မနက်ဖန်ငါ့ အတွင်းရေးမှူးချူပ်ကိုဘာလုပ်ရမယ် ဆိုတာ ပြောလိုက်မယ် " ဓာတ်ပုံရိုက်ပြီးသည်နှင့် ဆေးရုံကို ပြန်တော့သည်။
Mr. Lee K Y အနေဖြင့် စင်္ကာပူမြစ်သာယာလှပရေး ကို သူ
ဝန်ကြီးချူပ်အဖြစ်တာဝန်ယူစဉ်ကာလက ပြုလုပ်ခဲ့ပြီး ဒီမြစ်ထာဝစဉ်သန့်ရှင်းသာယာစေဖို့ အချိန်နှင့်အမျှတွေးတော့နေပုံရသည်။ သူ့ကျန်းမာရေးကြောင့် ဆေးရုံသို့ပြန်ရတော့မည့်ဆဲဆဲ၊ ချစ်ဇနီးကွယ်လွန်ခြင်း
အတွက် ပူဆွေးသောကရောက်နေရချိန်မှာတောင် ဒီမြစ်ထဲက အမှိုက်ကိုသတိရနိုင်သေးသော သူ ၏ စိတ်ဓာတ်ပြင်းပြမှုကို အလွန်ပဲ ချီးကြူးမိသည်။ အဲ့ဒီညက ရိုက်ခဲ့သည့်ဓာတ်ပုံများသည် နောက်တစ်နေ့ နံနက်တွင် သေတ္တာနီအတွင်း မှ သက်ဆိုင်ရာဌာနများ ကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ဆင့်ကဲပို့ဆောင်ပေးလိမ့်မည်ဖြစ်သည်။
Mr. Lee K Y ၏ ဈာပန ကို နိုင်ငံတော်အဆင့်အဖြင့် နိုင်ငံတော်ဈာပနအခန်းအနားကျင်းပခဲ့ပြီး၊ စင်္ကာပူသမိုင်းတွင် အကြီးကျယ်ဆုံး ဈာပနအဖြစ်ကျင်းပခဲ့သည်။ Lying in State ဟုတ်ခေါ်သည့် ပါလီမန် အဆောက် အအုံအတွင်းအများပြည်သူများ နောက်ဆုံးဂါရဝပြုရန်အတွက် ထားရှိရန် နိုင်ငံတော်ဝန်ကြီးချူပ်အိမ်တော်မှ Mr. Lee K Y ၏ ရုပ်ကလပ်ကို သယ်ဆောင်လာခဲ့ပြီးနောက် ပထမဆုံး ရုပ်ကလပ် အစောင့် အရှောက်အဖြစ် စင်္ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကြည်းတပ်မတော်ကာကွယ်ရေးဦးစီးချူပ်၊ ရေတပ်မတော်ကာကွယ်ရေး ဦးစီးချူပ်၊ လေတပ်မတော်ကာကွယ်ရေး
ဦးစီးချူပ် နှင့် စစ်ဦးစီးအရာရှိချူပ် တို့မှ ဂုဏ်ပြုစောင့်ရှောက်ခဲ့ကြပြီး၊ ကျန် ၅ ရက် တွင်လဲ ၂၄ နာရီပါတ်လုံး ရဲတပ်ဖွဲ၊ မြိုပြကာကွယ်ရေး၊ ကြည်းရေလေ တပ်မတော်အရာရှိကြီးငယ်များမှ ဂုဏ်ပြုစောင့်ရှောက်
ခဲ့ကြောင်းသိရသည်။ အများပြည်သူတို့ ဂါရဝပြုရန်ထားရှိရက်အတွင်း လူပေါင်း ၄သိန်း၅သောင်းခန့်နောက်ဆုံးဂါရဝပြုခဲ့ကြပြီး၊ နိုင်ငံတော်ဈာပန အခန်းအနား ကျင်းပရန်အတွက် ပါလီမန်အဆောက်အုံမှ
အမျိုးသားတက္ကသိုလ် ယဉ်ကျေးမှုစင်တာသို့ ပို့ဆောင်ရာတွင်လည်း မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ လူပေါင်း ၁ သိန်းခန့်စောင်
့ကြို ပြီးနောက်ဆုံးနှုတ်ဆက်ခဲ့ကြပါသည်။ ပါလီမန်မှ စတင်ထွက်ခွာ
ချိန်တွင် အမြှောက် ၂၁ ချက်ပစ်ဖောက်ခဲ့ပြီး၊ အစီအစဉ်အရ လေတပ်မတော် မှာ Black Knight တိုက်လေယာဉ် (၄) စင်းမှ ကောင်းကင်မှ ပျံဝဲအလေးပြုကာ " Missing Man Formation" ကို ဖော်ဆောင်ရန်
စီစဉ်ထားသော်လည်း မိုးရွာသွန်းနေပြီး မြင်ကွင်းမရှင်းလင်းခြင်း လေယာဉ်များဟာ တိမ်လွှာအထက်မှ ပျံသန်းနေရခြင်းကြောင့် Formation ကို မဖော်ဆောင်ခဲ့ပဲ ဖြတ်ကျော်ပျံသန်းခြင်းဖြင့် သာ Mr. Lee K Y ကို
နောက်ဆုံးအလေးပြုနှုတ်ဆက်နိုင်ခဲ့ပါသည်။ Missiong man formation သည် အထူးဈာပန အခန်းအနားများတွင် အသုံးပြုသည့် လေကြောင်းအလေးပြုစနစ်တစ်ခုဖြစ်ပြီး ၁၉၃၂ ခုနှစ်မှစတင်အသုံးပြုခဲ့ သည်။
V ပုံစံပျံသန်းမှုဖြစ်ပြီး အုပ်မှူးမှာ လေယာဉ်အုပ်စု၏ ရှေ့ထိပ်ဆုံးနေရာတွင်နေရာယူပျံသန်း ပြီး ကျန်လေယာဉ်များက နောက်မှ လိုက်ပျံသန်းမှုပုံစံဖြစ်သည်။
Mr. Lee K Y ကို Mandai သုသာန်တွင် မိသားစုဈာပန အဖြစ်ကျင်းပ မီးသဂြိုလ်ခဲ့ပြီး သူ၏ မကွယ်လွန်မီ ညွှန်ကြားချက်အရ သူ၏အရိုးပြာများ ကို သူ့ချစ်ဇနီးအရိုးပြာများဖြင့် ရောစပ်ထားပေးပြီး နောက် Mr. Lee K Y တစ်ယောက်ကောင်းမွန်ရာဘုံဘဝ တွင်
ကောင်းမွန်စွာအနားယူနိုင်ပါစေကြောင်းဆုတောင်းလျှတ် .....
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com1tag:blogger.com,1999:blog-301180430836970486.post-60019592433116562042014-04-05T12:24:00.000+08:002014-04-05T13:34:07.443+08:00ကျနော် နှင့် ဂျပန်ခရီး ၂၀၁၄
အခုလက်ရှိအလုပ်လုပ်နေတဲ့ Company မှာ အလုပ်ဝင်ပြီးတဲ့နောက် စာမရေးဖြစ်ခဲ့တာ အတော်ကိုကြာခဲ့ပါပြီ။ ပုံမှန်အားဖြင့် ခရီးထွက်တဲ့ အကြောင်းတွေကို အကျယ်တဝင့်ရေးလေ့မရှိပေမယ့် အခုသွားခဲ့တဲ့
ဂျပန်ခရီးက ကျနော့်အတွက် ထူးထူးခြားခြား လေးတွေရှိတာကြောင့် ကျနော့်မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ ဖတ်ရအောင်ရေးဖြစ်ပါတယ်။
တကယ်တော့ ဒီခရီးထွက်ဖို့အစီအစဉ်မရှိခဲ့ပဲ ၂၀၁၄ တရုတ်နှစ်
သစ်ကူးကိုတော့ စင်္ကာပူမှာပဲ နေဖြစ်မယ်လို့ စဉ်းစားပြီးကာမှ ရုံးကပိတ်ရက်ကို အကြာပြီးရက်ရှည်ပိတ်လိုက်တာ ကြောင့် ၁ လလောက်အလိုမှာ ကောက်ကာငင်ကာ နဲ့ စီစဉ်လိုက်ပါတယ်။ ဖြစ်ချင်တော့ အမေရိကန်လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Delta Airlines ကလဲ ဈေးလျော့တာကြောင့် ရုံးမှာ ခွင့်တောင်မတင်ရသေးပဲ လက်မှတ်ဝယ်လိုက်ပြီး ခွင့်တစ်ရက်အတွက် သူဌေးနဲ့ အတော်လေး စကားပြောဆိုလိုက်ရပါ
တယ်။ ခရီးသွားမယ့် ကာလက ဂျပန်မှာ အအေးဆုံးရာသီဥတု ဖြစ်နေတာကြောင့် ကျနော်နဲ့ ကျနော့်သူငယ်ချင်း နှစ်ယောက်သား အေးဒဏ်ခံနိုင်ဖို့ အဝတ်အစား တွေကအစ အတော်လေးပြင်ဆင်လိုက်ရတယ်။
သွားမယ့် ခရီးစဉ်ကို တိုကျိုမြို့မှာ အဝင် ၂ ည အိပ်၊ နှင်းလျှောစီးတာမလုပ်ဖူးတာရယ်၊ နှင်းကို မမြင်ဖူးလို့ သွားကြည့်ချင်တာရယ်ကြောင့် တိုကျိုမြို့တော်ကနေ ကီလိုမီတာ ၂၈၀ လောက်ဝေးတဲ့ ဂျပန်မြောက်ပိုင်း က Nagano မြို့နားမှာ ရှိတဲ့ Nozawa Onsen Ski Resort မှာ ၁ ည၊ ကျိုတိုမြို့တော်မှာ ၁ ညနဲ့ စင်္ကာပူမပြန်ခင် တိုကျိုမှာ ၁ ည အားလုံးပေါင်း ၅ ညအိပ် ၆ ရက်ခရီးဖြစ်ပါတယ်။ မြို့တွေတစ်ခုနဲ့ တစ်ခု သွားရလာရမှာ ဆိုတော့ ဂျပန်ရဲ့ အဓိက Transportation ဖြစ်တဲ့ ရထားနဲ့ပဲခရီးသွားမယ် စိတ်ကူးတော့ စင်္ကာပူကထွက်ခင်မှာပဲ Japan Rail Pass လို့ခေါ်တဲ့ JR Pass ကို (၇) ရက်အတွက် ကြိုဝယ်ထားလိုက် ပါတယ်။ online ကနေပဲ အော်ဒါမှာလိုက်ပြီး ၂ ရက်အတွင်းမှာ FEDEX နဲ့အိမ်အရောက်ပို့ပေးပါတယ်။ Japan Rail Company လက်အောက်က ကျည်ဆံရထားတွေ အပါအဝင်၊ ရထားလိုင်းအားလုံးကို (၇) ရက်ကြာ ကြိုက်သလောက်စီးလို့ရတဲ့ လက်မှတ်ပါ။ ဈေးနှုန်းက မသက်သာပေမယ့် သွားရမယ့် ခရီးတွေမှာ ကျည်ဆံရထားအသုံးများတာကြောင့် ပြန်တွက်ကြည့်လိုက်ရင် ကိုက်တယ်လို့ပြောရမှာပါ။
ဂျပန်ခရီးစဉ် ကို ဖေဖဝါရီလ (၄) ရက်နေ့မှာ စထွက်ဖြစ်ပါတယ်။ မနက်အစောကြီးလေယာဉ်ခရီးစဉ်
ဖြစ်တာကြောင့် ချန်ဂီကို ၄ နာရီလောက်ရောက်ပြီး Delta Airlines Counter မှာ Check in ဝင်ဖို့လုပ်တော့ အရင်တုံးက Check In ဝင်တဲ့ ပုံစံနဲ့မတူထူးထူးခြားခြား တစ်ခုက ကောင်တာမှာ Check in မဝင်မီမှာ Private Security Company တစ်ခု က Security Officer တွေက ခရီးသည်တစ်ယောက်ချင်းစီရဲ့ e-ticket ကို တောင်းကြည့်တယ်၊ ဘယ်သွားမှာလဲ ? အလုပ်ကိစ္စလား၊ အပျော်ခရီးလား၊ ဘယ်နှစ်ရက်ကြာမှာလဲ၊
ခရီးဆောင်အိတ်ကို ကိုယ်တိုင်ထုတ်ပိုးတာလား၊ တစ်ယောက်ယောက်က လူကြုံထည့်ပေးလိုက်တာ ရှိလား၊ စင်္ကာပူမှာ ဘာအလုပ်လုပ်တာလဲ စတဲ့မေးခွန်းတွေကို မေးတဲ့အပြင် သူတို့ရဲ့ Check List မှာပါထည့်ရေးတာကို တွေ့ရတယ်။ ဘာကြောင့် ဒီလို မေးမြန်းစစ်ဆေးတာလဲ ဆိုတာတော့ ကျနော်က American Airlines တစ်ခါမှ မစီးဖူးတာကြောင့် မသိဘူး။ အမေရိကန် လေကြောင်းလိုင်း တစ်ခုကြောင့် လုံခြုံရေးပိုမိုတင်းကြပ်တယ်လို့ထင်တာပါပဲ။ Delta Airlines ရဲ့ မြေပြင်ဝန်ဆောင်မှုဟာ စီးဖူးသမျှ လေကြောင်းလိုင်းတွေအားလုံးထဲက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Check In Procedure နှုတ်ဆက်တာ၊ ဘာညာဟာ SQ Ground Service ထက်အများကြီးသာပါတယ်။
မနက် ၆ နာရီ ၁၅ မိနစ်မှာ ချန်ဂီက ထွက်လာတဲ့ ကျနော်တို့လေယာဉ်ဟာ တိုကျို Narita Airport ကို ဂျပန်စံတော်ချိန် ၁ နာရီ ၃၀ မှာဆိုက်ပါတယ်။ Narita Airport ဟာ ကျနော်မျှော်လင့်ထားသလို အပျံစားကြီးမဟုတ်တော့ နည်းနည်းတော့ အံသြသွားတယ်။
ကမ္ဘာ့အကောင်းဆုံး လေဆိပ်ကြီးတွေ ဖြစ်တဲ့ Changi International၊ Hong Kong Int'l နဲ့ Inchong Int't ထဲမှာ Inchong ကို မရောက်ဖူးတော့ မနှိုင်း ယှဉ်တက်ပေမယ့် လောလောဆယ်အထိကတော့ ချန်ဂီ လေဆိပ်က ကျနော့်အတွက် အကောင်းဆုံးလေဆိပ်တစ်ခုပါပဲ။ ဂျပန်လူဝင်မှုကြီးကြပ်ရေး ဟာ မျှော်လင့်ထားသလို မဟုတ်ပဲ အသက်ငယ်ငယ် Officer တွေ ပဲ များပါတယ်။ မျက်နာ က တင်းပေမယ့် နှုတ်ဆက်
ဖော်တော့ ရပါသေးတယ်။ ဘာအပိုတစ်ခုမှ မပြောပဲ၊ လက်ဗွေယူတာ ဓာတ်ပုံရိုက်တာ တွေကို ဆက်တိုက်လုပ်ပြီး ၃ မိနစ်လောက်အတွင်းမှာ ကိစ္စပြီး သွားပါတယ်။ အကောက်ခွန်နေရာရောက်တော့ Green Channel က ဖြတ်ပေမယ့် အသက်ငယ်ငယ် မိန်းကလေး အရာရှိက အလွန်မျက်နာ ပြုံးချိုစွာနဲ့ ပါတ်စ်ပို့ကိုတောင်းကြည့်ပြီး ဘာတွေပါလဲ လို့မေးတယ်။ ဘာ မှမပါဘူးပေါ့၊ အဝတ်အစားတွေပဲ ပါပါတယ်ဆိုတော့ အိတ်ကိုဖွင့်ကြည့်လို့ရမလားတဲ့၊ ရပါတယ်ပေါ့ မရဖူးပြောလို့မှမရတာ။ အိတ်ကို ဖွင့်ကြည့်ပြီး တိတိကျကျ ကို ရှာဖွေပါတယ်။ အိတ်ထဲမှာ နည်းနည်းရှုပ်ပွသွား တာကို သေသေခြာခြာ ပြန်စီပြီးပိတ်ပေးပြီးတဲ့အချိန်မှာ တခြားကောင်တာ မှာ အစစ်ခံနေတဲ့ ကျနော့် သူငယ်ချင်း အိတ်ကို ဖွင့်ကြည့်ချင်လို့ သော့ က ကျနော့်စီမှာ ရောက်နေတော့ အရာရှိတစ်ယောက်က လာတောင်းတာနဲ့ ပေးလိုက်ရသေးတယ်။ ၂ ယောက်လုံး clear
ဖြစ်ပြီးတော့ အချိန်လေး နည်းနည်းရတာနဲ့ Narita Terminal 2 ဖက်မှာ Free Wifi Card ပေးတဲ့
ကောင်တာကို Shuttle bus စီးပြီးသွား ရှာ တာမတွေ့တဲ့နောက်တော့ Pocket Wifi လို့ခေါ်တဲ့ Device
လေးကို ၆ ရက်အတွက် စင်္ကာပူ ဒေါ်လာ ၇၀ ပေးပြီး ဌားလာလိုက်ရတယ်။
စင်္ကာပူက ဝယ်ထားတဲ့ JR Pass ရထားလက်မှတ်ကို ဂျပန်ရောက်မှ စီးလို့ရတဲ့ ကဒ်ပြားလဲရတာဆိုတော့ ရထားလက်မှတ်ကောင်တာ မှာ နာရီဝက်လောက်တန်းစီပြီး လက်မှတ်ကိုလဲ၊ သွားမယ့် ခရီးတောက်လျှောက်ကို ထိုင်ခုံတွေ reserved တစ်ခါထဲလုပ်လိုက်ပါတယ်။ Narita Airport ကနေ တိုကျိုမြို့ထဲကို Narita Express လို့ခေါ်တဲ့ ရထားတစ်စင်းနဲ့ ၁ နာရီလောက်ကြာအောင် စီးပြီးတဲ့နောက်တော့ တိုကျို ရထား
ဘူတာကြီးကို ချောချောမောမော ပဲ ဆိုက်ပါတယ်။ အဲ့ဒီကနေ စင်္ကာပူက MRT လိုရထားဆက်စီးပြီး တည်းမယ့် ဟိုတယ်ကို သွားတော့ မြေအောက်ကနေ မြေပေါ်ကို တက်တော့ နှင်းကျနေတာကို ပထမဆုံး တွေ့ဖူးလိုက်ပါတယ်။ နှင်းနဲ့ မိုးဖွဲလေး ရောပြီးကျနေတဲ့ အနေအထားပါ။ ကိုယ်ကိုကိုယ်ပို လုံခြုံအောင်ဝတ်ပြီး
တော့ ဟိုတယ်ကို လမ်းလျှောက်မယ့် လမ်းကြောင်းကို ဖုံးနဲ့ကြည့် မြေပြင်က အမှတ်အသားတွေ ကြည့်လိုက်တော့ ကံကောင်းစွာနဲ့ ဟိုတယ်က လမ်းဖြတ်ကူးပြီး ၁ မိနစ်လောက်လမ်းလျှောက်လိုက်ရုံနဲ့ ရောက်တဲ့ နေရာမှာ တွေ့ရတော့ အတော်ပျော်သွားတယ်။ နှင်းဖွဲဖွဲကြားကနေ လမ်းအကြာကြီး မလျှောက် ရတော့ ဖူးပေါ့။ ဟိုတယ်ရောက် Check In ဘာညာလုပ်ပြီး အခန်းကို တက်သွားတော့ တွေ့ဖူးသမျှ၊ နေဖူးသမျှ ဟို
တယ်အခန်းတွေထဲက အသေးဆုံး အခန်းလေးပါပဲ။ ဟိုတယ်အခန်းထဲမှာ ရှိသင့်ရှိထိုက် တဲ့ ပစ္စည်းပစ္စရ Facility အပြည့်အစုံကို တော့ သူ့နေရာနဲ့သူသပ်သပ်ရပ်ရပ် လေး ရှိနေပါတယ်။ ဟိုတယ်မှာ Onsen လို့ခေါ်တဲ့ ဂျပန်ပုံစံ ရေချိုးကန်က ဟိုတယ် ရဲ့ ၂ ထပ်မှာ ရှိတော့ ရေနွေးလေး သွားစိမ်လိုက် တာ ခရီးပန်းတာအတော်လေး သက်သာသွားပါတယ်။ အပြင်မှာ နှင်းကျ တာရပ်သွားတော့ နောက်တော့ (၂) ယောက်သား လုံလုံခြုံခြုံ လေးဝတ်စားပြီး ပထမညကို Ginza Area
ဖက်လမ်းလျှောက်သွားဖြစ်ပါတယ်။
ဒုတိယနေ့မနက်ပိုင်းတော့ရာသီဥတုက သာသာယာယာရှိတာကြောင့် ဟိုတယ်က နေ 1 ကီလိုမီတာ
ကျော်ကျော်လေးဝေးတဲ့ Tsukiji Fish Market ကို လမ်းလျှောက်သွားပြီး အဲ့ရောက်တော့ သွားတာ
နောက်ကျသွားလို့လား၊ Holiday ကြောင့်လား မသိဘူး ပိတ်တယ်ဆိုတော့ ကျနော်တို့ ပထမဆုံး visit ကတော့ မအောင်မြင်လိုက်ပါဖူး။ အဲ့ဒီမှာ မနက်စာစားမယ်လို့ စိတ်ကူးထားတော့ ပိတ်တာတာနဲ့တိုးနေတာ နဲ့ ဘယ်နေရာမှာ ဘာစားရမှန်းမသိပဲ ယောင်ဝါးဝါး ဖြစ်ပြီး တဲ့နောက် 7-11 လိုဆိုင်လေးတစ်ဆိုင်တွေ့တာနဲ့ ဝင်ပြီး ဆူရှီလေး တစ်ဗူးရယ်၊ ကော်ဖီရယ်ဝယ်ပြီး ဗိုက်ကဆာနေတာနဲ့ဆိုတော့ လမ်းပေါ်မှာ ပဲ ၂ ယောက်သား မတ်တက်ရပ်စားလိုက်တယ်။ ဂျပန်ဟာ ဘာကြောင့်မှန်းမသိ အမှိုက်ပုံးကို နေရာတိုင်းမှာ မထားပေးထားပဲ၊ recycle bin တွေပဲ တော်တော်များများ တွေ့ရပါတယ်။ အမှိုက်ပုံးမရှိတော့ အမှိုက်က
မပြစ်ရပဲ လက်ကနေတန်းလန်းကိုင်ထားရတော့ အတော်လေးခက်တယ်။ အဲ့ဒီကနေ တိုကျိုဘူတာကြီးကို ရထားစီး၊ အဲ့ဒီကနေတဆင့် ရထားထပ်စီးပြီး Meiji Shrine ကို သွားပါတယ်။ Meiji Shrine ကတော့
လွယ်လွယ်ကူကူ နဲ့ ရှာတွေ့ပြီး ဝင်ပေါက်ကနေ အထဲကို အတော်လေး လမ်းလျှောက်ဝင်ရတယ်ဗျ။ အဲ့ဒီကနေပြန်တော့ အနီးတဝိုက်လမ်းလျှောက်ကြည့်ပြီး မြေအောက်ကစားသောက်ဆိုင်လေး မှာ နေလည်စာ စားဖြစ်ပါတယ်။ အစားအသောက်က သိပ်မကောင်းရတဲ့ အထဲ စားသောက်ဆိုင်တွင်း ဆေးလိပ်သောက်ခွင့်ပြုထားတော့ မီးခိုးမွှန်တာကြောင့် ခပ်မြန်မြန်ပဲစားပြီးလိုက်ရတယ်။ အဲ့တာမျိုးလေးတွေ ကျ တော့ စင်္ကာပူ
ဥပဒေ ကို ကျေးဇူးတင်မိတယ်။ နောက်တစ်နေရာ ဆက်သွားတာကတော့ တိုကျိုရဲ့ နာမည်ကျော် Electronic ပစ္စည်းတွေ ရောင်းတဲ့ shopping mall များစုဝေးရာ Akihabara ဖက်ကိုပါ။ ကိုယ်ပဲ ဝယ်ဖို့စိတ်ကူးမရှိတာလား၊ ဈေးပဲ ကြီးနေတယ်လို့ ထင်လို့လားမသိ ဘာမှထွေထွေထူးထူး မဝယ်လာဖြစ်ပါဖူး။
ဂျပန်ရဲ့ အိမ်သာတိုင်းလိုလို မှာ ရှိတဲ့ အိမ်သာကမုတ်မှာ တက်ထားတဲ့ ရေဆေးတဲ့ toilet seat ကို တော့ ဝယ်ချင်လို့ လိုက်ရှာပေမယ့် မတွေ့ဖြစ်ပါဘူး။ Akihabara ကနေတော့ Shinjuku ဖက်ကို ဆက်သွားပြီး ညစာစား လမ်းလျှောက်လိုက်ကြည့်ပြီး ဟိုတယ်ပြန်နားဖြစ်ပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခရီးစကထဲ က ဖျားချင်ချင်ဖြစ်နေတဲ့ ခရီးသွားဖော်သူငယ်ချင်းက အပြင်းအထန် ဖျားပြီး ကိုယ်တွေ အရမ်းပူလာတာကြောင့် ဟိုတယ် reception ကို ဆရာဝန်အနီးမှာ ရှိလားမေးတော့ communication က ပြသနာတက်နေတာနဲ့ အနီးဆုံးဆေးရုံ ဘယ်နားမှာ ရှိလဲဆိုတော့ ဆေးရုံမြေပုံကို ကွန်ပြုတာကနေ print ထုတ်ပေးတယ်။
အခန်းပြန် အဝတ်အစား တွေ အထပ်ထပ်ဝတ်ပြီး ည ၁၁ နာရီလောက်ဆိုတော့ Taxi ပဲဌား ပြီး အနီးဆုံး
ဆေးရုံကို ၂ ယောက်သားပြေးကြရတယ်။ အနီးဆုံးဆေးရုံက ကံကောင်းချင်တော့ တကယ့်ကို အနီးလေးပါ၊ Taxi မီတာ Flag Down Rate အတွင်းမှာပဲ ရောက်ပါတယ်။ ယန်း ၇၀၀ ကျော်ဆိုတော့ စင်္ကာပူ ၈ ကျပ်ကျော်ဆိုတော့ အတော်ဈေးကြီးတယ်ပြောရမှာပေါ့။ ဆေးရုံကလဲ International Hospital Private Hospital ဆိုတော့ ဘာသာစကားအခက်အခဲ အတော်လေးနည်းပါတယ်။ ညလည်ကောင် ဆို တော့ လူနာကလဲ မရှိတော့ မြန်မြန်ဆန်ဆန် ပဲ ကုသပေး၊ ဆေးထုတ်နဲ့ ည ၁၂ နာရီခွဲလောက်မှာ ကိစ္စပြီးသွားပါတယ်။ Bill တောင်းတော့ ယန်း ၃၇၀၀၀ ကျပါတယ်။ ပထမ ၃၇၀၀ လို့ထင်လို့ တယ်သက်သာ ပါလားဟဲ့ လို့ထင်မိတာ။ Accident & Emergency Service ကို စင်္ကာပူ ၄၅၀ ကျော်ကျတယ်ဆိုတော့ စင်္ကာပူ
A & E ငွေ ၁၀၀ ယူတာကို ဈေးကြီးတယ်လို့ မပြောလိုတော့ ပါဘူး။ Travel Insurance ဝယ်ထား တော့
ပြသနာ သိပ်မရှိလိုက်ဖူးပေါ့။ Insurance က ပြန်ပေးမယ်ဆိုတဲ့ ငွေ က မနေ့ကမှ approved ဖြစ်ကြောင်း အကြောင်းကြားလာတယ်။
တတိယနေ့ အစီအစဉ်ကတော့ တိုကျိုကနေ Nozawa Onsen ဆိုတဲ့ တောင်ပေါ်နှင်းလျှောစီး စခန်းကို သွားဖို့ပါ။ တိုကျိုကနေ Nagano City ကို ကျည်ဆံရထားနဲ့ ၁ နာရီ မိနစ် ၃၀ လောက်စီး၊ Nogano Station ကနေ Togarinozawa Onsen Station လေးကို Local ရထားနဲ့ ၁ နာရီထပ်စီး၊ အဲ့ဒီကနေ Nozawa Onsen ကို Bus ထပ်စီးပြီး သကာလ ကျနော်တို့ တည်းခိုမယ့် Lodge Nogano ကို ရောက်ပါ
တယ်။ Lodge Nogano က တောင်ကုန်းပေါ်မှာဖြစ်ပြီးတော့ ဂျပန်စတိုင် အိပ်ခန်းလေးတွေရယ်၊ Hostel style Share bed rooms တွေနဲ့ဖွဲ့စည်းထားတဲ့ တည်းခိုခန်းလေးပါ။ Host က ဂျပန်အမျိုးသမီးနဲ့ သူ့
အမျိုးသား Australian ပါ။ အတော်လေးပျုဌာလှပြီး နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ရောက်ပြီး အ
ထုတ်ချပြီးတာနဲ့ နှင်းလျှောစီးမယ့် ကိရိယာတွေကို ထုတ်တဲ့ နေရာမှာ ကိုယ်နဲ့တော်မယ့် ဖိနပ်တို့၊ဘာတို့ သွားထုတ်ရတယ်။ နှင်းလျှောစီး blade မှာတက်ရတဲ့ ဖိနပ်ဟာ ကျနော့်အထင် ၅ ကီလိုလောက်လေး
မယ်ဗျာ။ အဲ့ဖိနပ်စီးပြီး လမ်းလျှောက်ရတာ အင်မတန်မှကို အခက်အခဲပါ။ Equipment တွေ ထမ်းပြီး Lodge ကို ပြန်တော့ ချထားခဲ့တဲ့ luggage တွေက အခန်းပေါ်ရောက်နှင့်နေပါပြီ။ ကျနော်တို့ အခန်းက
ဒုတိယထပ်မှာပါ။ အခန်းကနေကြည့်ရင် ပတ်ဝန်းကျင်တစ်ခုလုံးကနှင်းတွေနဲ့ ဖုံလွှမ်းနေပြီးနှင်းတောင်ကုန်း တွေကိုလှန်းမြင်နေရပါတယ်။ အချိန်က မရှိတော့ အဝတ်အစားလဲ ပြီး ခုနက ကိရိယာတွေ ထမ်းလို့တောင်ပေါ်ကိုတက်တဲ့ cable car station ကို လမ်းလျှောက်သွားရတယ်။ station ရောက်တော့တောင်ပေါ်
တက်တဲ့ လက်မှတ်ကို ပြောင်းပြီး တဲ့နောက်ကြည့်လိုက်တော့ တောင်ပေါ်တက်တဲ့ cable car တွေက
တောင်ကုန်းအနိုမ့်အမြင့်ပေါ်မူတည်ပြီး ၃ station လောက်တွေ့ရတယ်။ ကျနော်တို့ကတော့ အမြင့်ဆုံး
တောင်ပေါ်ကို တက်တဲ့ cable car ကိုရွေးပြီး တက်သွားလိုက်တာ ၁၅ မိနစ်လောက်ကြာကြာစီးရပါတယ်။ တောင်ပေါ်စခန်းကို ရောက်တော့ကိုယ်က အမြင့်ဆုံးရောက်ပြီထင်တာ အဲ့ဒီကနေထပ်တက်တဲ့ တစ်ဆင့် ကျန်သေးတာတွေ့ရတယ်ဗျ။ သူများတွေ Ski စီးနေတာတွေ့တော့ အတော်လေးလွယ်တယ်တဲ့ ဟ ဆိုပြီး blade တွေ ချဖိနပ်ကို blade မှာတက်ပြီး တောင်ကုန်းပေါ်ကနေဆင်းချလိုက်တာ အဲ့လောက် အရှိန် ပြင်းလိမ့်မယ်လို့ မထင်ဖူး။ ၁၅ မီတာလောက်ဆင်းချသွားပြီးတော့ ခနတန့်သွားတာနဲ့ တုတ်ချောင်း ၂ ချောင်းနဲ့ ထောက်ပြီး ရပ်အောက်လုပ်ကြည့်တာလဲ မရ၊ ဆက်ပြီးလျှောနေတာ၊ ထောက်ထားတဲ့ တုတ်တွေ ကလဲ ကိုယ့်ဘော်ဒီဝိတ်ကို မခံနိုင်ပဲ ကွေးကုန်တယ်။ အဲ့တာနဲ့ လွှတ်လိုက်ရင်တော့ လျောကျသွားတော့မှာ၊
ပြီးတော့ တခြားလူတွေစီးနေတဲ့ လမ်းကြောင်းပေါ်ရောက် ရင်ကိုယ်က မရှောင်တက်မတိမ်း တက်နဲ့ ဆို
တော့ ဒုက္ခတွေဖြစ်ကုန်တော့မှာပဲ ဆိုပြီး ဘယ်လိုလုပ်ရမလဲ ခပ်မြန်မြန်တွေးလိုက်တော့ ခန္ဒာကိုယ်တစ်ခုလုံးလှဲချလိုက်ရင်တော့ ဆက်မလျှောနိုင်တော့ဖူး ဆိုပြီး ကိုယ် ကို ဘေးတိုက်လှဲချလိုက်ရပါတယ်။
လှဲချပြီး
တော့ ချက်ချင်းက ထလို့မရသေးဘူး၊ ဖိနပ်နဲ့တွဲထားတဲ့ blade တွေကို ချွတ်ရအုံးမှာလေ၊ သင်ပေးထားတဲ့အတိုင်းခုလုပ်ကို တုတ်ချောင်းနဲ့ နိုပ်ပြီးဖွင့်၊ ဖိနပ်နဲ့ blade ကွဲသွားပြီဆိုမှာပဲ လူကို လှုပ်လို့ရ
တော့တယ်။ အပေါ်ကို လှန်းကြည့်လိုက်တော့ ကျနော့် သူငယ်ချင်းကလဲ ဆင်းချလာတော့ မယ့်ပုံစံဖြစ်နေတော့ မဆင်းလာနဲ့လို့ အော်ပေမယ့် သူကမကြားဖူး။ ဆင်းချတာလဲ ကျနော်လဲနေတဲ့ နေရာကိုမှ တည့် တည့်။ သူလဲ ဆင်းလာပြီးတဲ့နောက် အခြေအနေ ကို သိပြီး အမြန်ရပ်နိုင်အောင်ကြိုးစားတာ ကျနော့် ခပ်လှမ်းလှမ်းမှာပဲ တန့်သွားတယ်။ ဖိနပ်နဲ့bladeကို အမြန်ချွတ်ဖို့လှန်းအော်လိုက်ရတယ်။ အဲ့တာနဲ့
၂ ယောက်သားတောင် ကုန်းပေါ်ဖြည်းဖြည်းချင်းပြန်တက်ပြီးတောင်ကုန်းပေါ်က လွင်ပြင်လေးလိုဖြစ်နေတဲ့နေရာလေးမှာ ခနနည်း
နည်းပါးပါးစီး ဓာတ်ပုံလေးပါလေးရိုက်ပြီးလက်လျှော့လိုက်ကြတော့တယ်။
တောင်ပေါ်က စားသောက်ဆိုင် မှာ နေ့လည်စာစား၊ ခနနားပြီး တောင်အောက်ကို cable နဲ့ပြန်ဆင်း၊ သူငယ်ချင်းကလဲ အဖျားတက်လာတာနဲ့ lodge ကိုပြန်ပြီး နားလိုက်ကြတော့သည်။ ညစာကို တော့ ရွာထဲ
က အိမ်ဆိုင်လေးမှာ ဆာကေး
လေး သောက်ပြီး စားလိုက်တာ အတော်စားကောင်းဗျာ။ ဆိုင်ရှင်ကလဲ English လိုမတက်တော့ လာစား
နေတဲ့ တခြားဂျပန်ကောင်လေး တစ်ယောက်ကို စကားပြန်လုပ်ပြီး ဆာကေးမှာရတာ ရီနေရတယ်။
တကယ်တော့ Ski စီးကြည့်ချင်တာထက် နှင်းတွေအများကြီးဖုံးနေတဲ့၊ တလောကလုံးနှင်းတွေနဲ့ ဖုံးလွှမ်း
နေတဲ့ နေရာကို ရောက်ဖူးချင်တာရယ်ကြောင့် Nozawa Onsen Resort ကို လာရထားတတန်၊ ကားတ
တန်နဲ့လာခဲ့ကြာတာပါ။ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး၊ အတော်လေးသာသာယာယာ ရှိတဲ့ ရွာလေးပါ။ ကျနော်အဲ့ဒီနေရာကို နောက်တစ်ခေါက်တော့ ထပ်သွားမယ် စိတ်ကူးထား
သေးတယ်။
(၄) ရက်မြောက်နေ့မှာတော့ Nozawa Onsen ကနေ ကျိုတိုမြို့တော်ကို တိုကျိုကတဆင့်သွားပါတယ်။
အလာတုံးကအတိုင်း ရထားတွေ အဆင့်ဆင့်စီး၊ တိုကျိုရောက်၊ တိုကျိုကနေ ကျည်ဆံရထားနဲ့ (၃) နာရီ
ကြာစီးပြီးတဲ့ နောက် ကျိုတိုကို ညနေ (၄)နာရီလောက်မှာ ရောက်ပါတယ်။ ဟိုတယ်က Kyoto station နားမှာကို ထုံးစံအတိုင်း မြေပုံအကြည့်မှား၊ လမ်းတွေမှားနဲ့ ဟိုတယ်ကို နောက်ကျမှရောက်တော့တယ်။
ည
ဖက်တော့ Kyoto Station ထဲက ဆိုင်တွေလိုက်ကြည့်၊ ညစာစားနဲ့ပဲ အချိန်ဖြုံးလိုက်တော့တယ်။
(၅) ရက်မြောက်နေ့မှာ Kyoto က အထင်ကရ နေရာတွေ ကို စက်ဘီးနဲ့ လျှောက်သွားမယ်လို့ တွေးထားပေမယ့် မိုးရွာနေတာကြောင့် ရထားနဲ့ပဲ သွားဖြစ်ပါတယ်။ မိုးကြောင့်သွားရလာရတာ ခရီးမတွင်ပဲ၊
ဖိနပ်ကရေဆို နဲ့ အတော်လေး ကသိကအောက်နိုင်လှတယ်။ ကျိုတိုမြို့က Arashiyama ဆိုတဲ့နေရာမှာ ရှိတဲ့ Tenryuji Temple၊ Bamboo Grove ၊ Togetsykyo Bridge တို့ကိုလမ်းလျှောက်လည်ပတ်ပြီး
ကျိုတို ဘူတာကို
ပြန်လာ၊ မနက်ထဲက အပ်ထားခဲ့တဲ့ luggage တွေပြန်ထုတ်ပြီး တိုကျိုဖက်ကိုပြန်ထွက်လာပါတယ်။ တိုကျိုအဝင်မှာတော့ ရထားက ရပ်လိုက်သွားလိုက်နဲ့ တိုကျိုကို ဆိုက်ရောက်ရမယ့် အချိန်
ထက်နောက်ကျနေပါ
ပြီ။ အပြင်ကိုကြည့်တော့ နှင်းက အတော်ကြီးကျနေတော့ သာမန်နှင်းကျတယ်လို့ပဲ ထင်မိတာ။ တိုကျိုဘူ
တာကြီး ကို ရောက်တဲ့ အချိန်မှာ တော့ local ရထားတွေအကုန် နှင်းမုန်တိုင်း ကြောင့် မထွက်နိုင်တော့ တဲ့အကြောင်းကြော်ငြာနေတာ ကြားရပါတယ်။ အဲ့ဒီညအတွက်တည့်မယ့်နေရာက ဘူတာနဲ့ ၂.၂ ကီလိုမီတာဝေးပါတယ်။ taxi စီးသွားမယ်ဆိုတော့ Taxi တန်းစီနေတဲ့ လူတန်းကြီးက
များပြီး Taxi တစီးမှလဲ မလာပါဖူး။ အဲ့တော့ တိုကျိုဘူတာကြီးမှာ ညအိပ်မလား၊ မလာတဲ့ Taxi ပဲစောင့်မလား၊ စွန့်စားပြီးလမ်းလျှောက်ကြမလား ဆိုပြီးတွေးတော့ စွန့်စားလမ်းလျှောက်ကြမယ်ပေါ့။ ခြေထောက်
ကို ရေမဆိုရအောင် ပလစ်စတစ် စွပ်၊ အပေါ်ကခြေအိတ်ထပ်ဝတ်၊ ဖိန်ပ်စီးပြီး နှင်းတောထဲမှာ iPhone ရဲ့ လမ်းညွှန်ကို အားကိုးလို့ Luggage ကိုယ်စီဆွဲပြီး နှင်းထု ၆ လက်မလောက်ရှိတဲ့ လမ်းပေါ်ကို လျှောက်
ကြပါတယ်။ Luggage က ဘီးတွေက အလုပ်မလုပ်နိုင်တော့ နှင့်ပေါ်မှာ ဆွဲရတာ ပင်ပန်းချက်က ကမ်းကုန်။ မီတာ ၂၀၀-၃၀၀ လောက်လျှောက် လိုက်၊ အမိုးလေးရှာပြီး နားလိုက်နဲ့ လျှောက်ကြရင်း၊ Internet Wi-Fi လွှင့်ပေးနေတာ Pocket Modern က Battery ကုန်သွားပါတော့တယ်။ သိပ်မကြာဖူး၊ ကျနော့် iPhone ကလဲ Battery ရှိနေသေးပေမယ့်အ
အေးလွန်သွားတာလား၊ ဘာကြောင့်မှန်းမသိ အလုပ်မလုပ်တော့
ပါဖူး။ အဲ့တော့ print ထုတ်ထားတဲ့
စာရွက်မြေပုံကိုအားကိုးပြီး လျှောက်ရင်းနဲ့ လာသမျှ Taxi လဲ တားပေမယ့် ဘယ်သူမှမရပ်ပေးကြပါဖူး။
၂ ယောက်လုံးလဲ ခြေကုန်လက်ပန်းကျလို့အဆောက်အဦး တစ်ခုက
အကန့်လေးတစ်ခုမှ နှင်းခိုရင်း taxi တစ်စင်းလာတာတွေ့တော့ စွန့်စားတားကြည့်တာ၊ ကံတရားမျက်နာသာပေးတာနဲ့ taxi ကရပ်ပေးပါ
တယ်။ ဒါတောင်ပေးမတက်သေးဘဲ ဘယ်သွားမှာလဲ ဆိုတာမေးနေ
တော့ လိပ်စာရေးထားတဲ့ စာရွက်ကို
ပေးတော့ ကားထဲက GPS ထဲကို ရိုက်ထဲကြည့်သေးတယ်၊ ကျနော်တို့မှာတော့ လမ်းလည်ကောင် နှင်းတွေကြားထဲမှာရပ်စောင့်လို့ပေါ့။ နောက်တော့ အိုကေ ဆိုတာနဲ့
luggage ၂ လုံးအမြန်တင်ပြီး taxi ပေါ်
တက်လို့ ဘလောက်ခ်တစ်ခုလောက်ပဲ ပတ်မောင်းလိုက်ရတယ်၊ ၅ မိနစ်မကြာဖူး တည်းခိုမယ့်ဟိုတယ်ရှေ့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ အဲ့ဒီအချိန်မှာ ပိုက်စံ
ကုန်တာအရေး မဟုတ်တော့ပါဘူး။ လုံခြုံရာ
နေရာတစ်ခု၊ နွေးနွေးထွေးထွေး နေလို့ရမယ့် နေရာရောက်ရင်ပဲ ကျေးဇူးတင်လှပါပြီ။ နှင်းမမြင်ဖူးလို့ နှင်း
တောင်အထိအတောင် ခရီးအတန်တန်ဆင့်ပြီး သွားကြည့်
ရတာ။ အခုတော့ နှင်းတောထဲမှာ ဒုက္ခနဲ့တွေ့လိုက်တာ၊ နှင်းဆိုတာ မကြည့်ချင်တော့ပါဖူး၊ တော်ပါပြီ ကို ဖြစ်သွားတော့တာပါပဲ။
(၆) ရက်မြောက်နေ့ မှာ အစီအစဉ် အရ Kamakura ကိုသွားလည်မယ် စိတ်ကူးထားပေမယ့် ရာသီဥတု ကြောင့်ရယ်၊ ရထားအချိန်
တွေ မမှန်တော့မှာကြောက်တာရယ်ကြောင့် မနက်စာစားပြီး၊ ပြင်ဆင်ပြီးတာနဲ့
တိုကျိုဘူတာကြီးကို ပဲ
ထွက်လာခဲ့တော့တယ်။ တိုကျိုဘူတာကြီးမှာ လူတွေက သာမန်ထပ်ပိုများနေတယ်လို့ ထင်ပေမယ့်၊ ဖြစ်ရိုး
ဖြစ်စဉ်ပဲလို့ ပဲတွေးလိုက်မိတယ်။ ညနေစင်္ကာပူပြန်မယ့် လေယာဉ်အချိန်က
၆ နာရီမှဆိုတော့ တိုကျိုကနေ လေဆိပ်ကို နေ့လည် ၃ နာရီမှာထွက်မယ့် Narita Express ကို reserved လုပ်ထားတယ်ဆိုတော့ အချိန် ရသေးတာနဲ့ Shinjuku က Tokyo Metropolitan Building ကို သွား
လည်ဖြစ်ပါတယ်။ အဲ့ဒီကနေ ဘူတာကြီးကို ပြန်ပြီး ရထားအချိန်စောင့်နေတုံး၊ နှင်းအရမ်းကျတာကြောင့် Narita Express Delayဖြစ်မယ်ဆိုတော့ Information မှာ သွားမေးရတယ်၊ Information မှာလဲ လူတွေ
အုံးအုံးကျွတ်ကျွတ်နဲ့ပါ။ Information က ရထားနောက်ကျကောင်းနောက်ကျနိုင်တယ်၊ ဒါမယ့် ရထားလာမယ်၊ ပလတ်ဖောင်းမှာ
စောင့်ပါဆိုတော့ ပလတ်ဖောင်းကို ဆင်းသွားမှာ အဲ့မှာလူတွေက ပြွတ်သိပ်နေ
အောင့် စောင့်နေကြတာ
တွေ့ရတော့တယ်။ တစ်ခုခုတော့ လွဲနေပြီဆိုပြီး ကိုယ်တက်ရမယ့် ရထားတွဲ နေရာမှာတန်းစီနေတာပေါ့။
စိတ်ထဲမှာတော့ အလာမှာတုံးက အေးအေးဆေးဆေး ပဲ ဆိုတော့ ရထားပေါ်
အတက်အဆင်းလုပ်တဲ့နေရာမှာ ပြသနာမရှိဖူး၊ ကိုယ်တက်လို့ရမှာပဲ၊ ကိုယ့်ခုံကိုယ် ရမှာပဲ လို့ထင်မိတယ်။ ရထားလာပြီးတဲ့ နောက် ကိုယ်ထင်ထားတွေ တက်တက်ဆင်အောင်လွဲပြီး၊ ရထားပေါ်တောင် တက်
လို့မရတော့အောင် ရထားပေါ်မှာ လူတွေပြည့်ကြပ်သွားပါတယ်။ အဲ့ဒီအချိန်ကျမှ သိလိုက်တာက အဲ့ဒီနေ့တစ်နေကုန် လေဆိပ်ကို ရထားတစ်စင်းမှမထွက်ပဲ၊ အခုထွက်တဲ့ ရထား ပထမဆုံးဆိုတော့ ရှေ့ပိုင်း
က မသွားရသေးတဲ့ ခရီးသည်တွေ အကုန်က အခုရထားကို ရောက်လာကြတာပါ။ ကျနော်ကတော့ လေယာဉ်မမှီတော့ဖူးလို့ တွက်ထားပေမယ့် ရလိုရငြား ကြိုးစားချင်သေးတာကြောင့် ရှေ့မှာလူ ၅ ယောက်
လောက်ကျန်နေပေမယ့် ဆက်စောင့်ကြည့်
နေလိုက်တယ်။ ရထားဝန်ထမ်းတစ်ယောက် ဂျပန်လိုလာပြောတော့ ကိုယ့် ရှေ့ကစောင့်နေတဲ့ ၅ ယောက်လောက်က လက်လျှော့ပေးလိုက်ကြတယ်။ အဲ့တော့ ကိုယ်
တွေ က ရထားအပေါ်ဝရောက်လာပြီပေါ့။
တက်လို့ကတော့ မရသေးဘူး။ ကျနော်ကြည့်လိုက်တော့ အထဲမှာ Luggage တွေကြောင့် ပြည့်နေတာဆိုတော့၊ luggage တွေကို ထပ်ပေးဖို့၊ လူတွေ နည်းနည်းနေရာပေးဖို့၊ ပူးပေါင်းကူညီဖို့ English လို့ကျနော်အော်ပြောပေမယ့် ဂျပန်တွေက English လိုနားလည်တဲ့ ပုံမပေါ်တာကြောင့် ပထမဆုံး ခရီးသည်တစ်ယောက်ရဲ့ luggage ပေါ်ကို ကျနော့် luggage တစ်ခုထပ်တင်၊
ခြေတစ်နေရာစာကို အတင်းထိုးဝင်လိုက်လို့၊
နည်းနည်းရွေ့ပေးကြပြီး၊ ကျနော်တို့ (၂) ယောက်တင်မက နောက်ထပ် လူ ၃ ယောက်လောက်ထပ်ဝင်လို့ရလိုက်ပါတယ်။ ဝင်လို့ရလိုက်တာကို ကျေးဇူးမတင်ပဲ၊
ဂျပန်အဖိုးကြီး ငမူးကြီးက ကျနော်တို့ ၂ယောက်ကို လက်မှတ်ပြခိုင်းတယ်၊ သူက လက်မှတ်ရှိလို့ အထဲဝင်ပြီး သူ့ထိုင်ခုံကို သွားမယ်တဲ့။ ကျနော် က ရှေ့မှာ လူတွေအကုန်ပိတ်နေ့တဲ့အတွက် ရွေ့လို့တောင်
မရကြောင်း၊ ငါတို့မှာလဲ လက်မှတ်နဲ့ ထိုင်ခုံရှိကြောင်း
ပြောတာကို အတင်းကြီးပြောတော့၊ ကျနော်လဲ အသံကျယ်ကျယ်နဲ့ အော်ဟစ်ရတဲ့ အဆင့်ကို ပါရောက် လာတော့တယ်။ ကျနော့်သူငယ်ချင်းကို လဲ သူ့ကို
စကားပြန်ပြောနေဖို့ မလိုကြောင်း၊ သူလဲ ခရီးသည်
ကိုယ် လဲ ခရီးသည်၊ ကိုယ့်မှာလဲ လက်မှတ်ရှိနေတာ အခြေအနေက ဒီလိုဖြစ်နေတာ ဘယ်လိုမှလုပ်မရတဲ့အကြောင်း ပြောရသေးတယ်။
ရထားကထွက်ခွာချိန်ထက် နာရီဝက်လောက်နောက်ကျပြီးတဲ့ နောက် တိုကျိုဘူတာကြီးကနေထွက်ခွာနိုင်လိုက်ပါတယ်။ ၄၅ မိနစ်ကြာခရီးကို ငါးသေတ္တာလိုနေပြီး ရထားစီးလာရပေမယ့် လေယာဉ်အချိန်တော့
မှီမှာပဲ ဆိုပြီး အားတင်းလိုက်တာပြီးတဲ့ နောက် Narita လေဆိပ်ကိုရောက်တဲ့ အခါမှာ Ticket Exit လုပ်တဲ့နေရာက တန်းစီနေတဲ့ လူအုပ်ကြီးကို တဆင့်၊ လေဆိပ်အဝင် Passport Check Area ကလူအုပ်ကြီး
များကို ကျော်ပြီးတဲ့နောက် ဒုက္ခတော့ ကုန်ပြီလို့ ထင်လိုက်တာ Check in Counters တွေကို တန်းစီနေတဲ့ လူတန်းကြီးတွေကို ကြည့်လိုက်တဲ့ အခါ မူးမေ့သွားမတက်ပါပဲ။ Narita
လေဆိပ်တစ်ခုလုံးဟာ၊
ူဒုက္ခသည်စခန်းလို ဖြစ်နေပြီး အရေးပေါ်အိပ်ယာတွေ၊ စောင်တွေ၊ အရေးပေါ်စားစရာသေတ္တာပုံးခွံတွေနဲ့ ရှုပ်ရှပ်ခက်ပြီး၊ လူအများအပြားဟာ လေဆိပ်ကြမ်းပြင်တွေပေါ်မှာ အိပ်နေကြတာ၊ နားနေကြတာ တွေ့
ရပါတယ်။ ကောင်တာတစ်ခုကို တန်းစီနေပြီး နာရီတစ်ကြည့်ကြည့်နဲ့ပေါ့။ ၆နာရီခွဲ
ထွက်မဲ့ ကျနော့်လေယာဉ်အတွက် ၆ နာရီအတိမှာ ကျနော်တို့ check in ဝင်လို့ပြီးသွားပါတယ်။ Immigration၊ Security Screening တွေကို အပြေးအလွှားဖြတ်၊ ဂိတ်ကိုရောက်အောင်ပြေးပြီးလို့ ဂိတ်
ရောက်တဲ့အခါ၊ ကျနော်တို့ စီးမယ့် လေယာဉ်ဟာ ည ၇ နာရီခွဲမှ ထွက်တော့မယ့် အကြောင်း ကြော်ငြာသံကြားရတယ်။ စောစော စီးစီး ထဲက ကြော်ငြာပါလား၊ အဲ့လိုဆို မပြေးရ မလွှားရတော့ဖူးပေါ့။ ဂိတ်ရောက်
တော့မှပဲ သက်ပျင်းကြီးချပြီး နားနိုင်တော့တယ်။ Boarding ခေါ်ပြီး လေယာဉ်ပေါ်ရောက်ပြီးတာတောင်
လေယာဉ်ဟာ နောက်ဆုံး
ည၈ နာရီကျော်မှထွက်နိုင်ခဲ့တာပါ။ ထိုင်ခုံပေါ်ရောက်တော့ တညနေလုံးဘာမှမစားရသေးတာ ကြောင့်ဗိုက်ကအသံပေးလာပြီဆိုတော့ ဘူတာကြီးကဝယ်လာတဲ့ ပေါင်မုံတစ်ယောက် တစ်လုံး စားနေတာမြင်တဲ့
cabin crew တစ်ယောက်က ရေယူလာပေးရမလားဆိုပြီး လာမေးတော့ Delta Airlines Service ကိုရော Crew ကိုရော အတော်လေး ကျေးဇူးတင်အထင်ကြီးမိပါတယ်။
ကျနော့် ဒီခရီးကတော့ အပျော်ခရီးထက် Adventure ခရီးလို့နာမည်တက်လိုက်ချင်ပါတယ်။ ကျနော့် ရဲ့ Crisis Management Skill ဟာလဲ အတော်လေး ညံ့ဖျင်းသေးမှန်းသတိထားမိတယ်။ သင်ခန်းစာအနေနဲ့
အနေနဲ့ local news ကို သတိထားဖတ်ဖို့၊ especially အခုလို ရာသီဥတု အခြေအနေနဲ့ပတ်သတ်တာမျိုးပေါ့။ နောက်တစ်ခုက Technology ကိုပဲ အားမကိုးပဲ၊ Manual မြေပုံလေးပါလေးဆောင်ဖို့ တွေ လိုအပ်တယ် လို့ သင်ခန်းစာယူရင်း ကျနော့် ပိုစ့်ကို နိဂုံးချုပ်ပါသည်။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com1tag:blogger.com,1999:blog-301180430836970486.post-55048145201775318652013-06-23T15:03:00.001+08:002013-06-23T15:10:56.771+08:00စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၂) နောက်ဆုံးပိုင်း
အပိုင်း (၂) ပိုင်းခွဲမယ်လို့ စိတ်မကူးထားပေမယ့် ရေးချင်တာတွေ များနေလို့အချိန်အခက်အခဲကြောင့် (၂)ပိုင်းခွဲရေးဖြစ်လိုက်ပါတယ်။ ပထမပိုင်းမှာပြောလက်စ ဝန်ထမ်းရွေးချယ်ရေးနဲ့ ခန့်ထားရေးတို့အတွက်
ဆက်ပြောရရင် အင်တာဗျူးခေါ်ဖို့ဆုံးဖြတ်လိုက်တဲ့ လျှောက်ထားသူကို ဖုံးခေါ်၊ ခေါ်လို့မရရင် အီးမေလ်းနဲ့ဆက်သွယ်ပြီး ဘယ်နေ့ဘယ်အချိန်မှာတော့ အင်တာဗျူးလာလို့ရမလားဆိုပြီး လှမ်းဆက်သွယ်ပါ
တယ်။ (၂) ဖက်အစဉ်ပြေမယ့် ရက်နဲ့ အချိန်ကိုဆုံးဖြတ်ပြီးတာနဲ့ လျှောက်ထားသူကို အီးမေလ်းနဲ့ အင်တာဗျူးအချိန် နေရာနဲ့ ဘယ်လိုလာရမယ်ဆိုတာ အသေးစိတ်ရေးထားတဲ့ အီးမေလ်းကို ရုံးရောက်ရင်
ဖြည့်ရမယ့် လျှောက်လွှာဖောင်နဲ့အတူ ပေးပို့လိုက်ပါတယ်။ ကိုယ်တိုင်ဖြည့်စွတ်ရမယ့် လျှောက်လွှာကို ကြိုတင်ပေးပို့ထားခြင်းကြောင့် (၂) ဖက်လုံးအချိန်ကုန်သက်သာပြီး ရုံးရောက်မှ ကသောကမျော ဖြည့်ရ
တက်ထက်စာရင် အများကြီးကောင်းတယ်လို့ ယူဆပါတယ်။ ဒီနည်းကိုတော့ ကျနော်ရင်က အင်တာဗျူးသွားခဲ့ဖူးတဲ့ American MNC ကြီးတစ်ခုရဲ့ HR ကသုံးတာကို ပုံတူယူထားတာဖြစ်ပါတယ်။အင်တာဗျုးခေါ်
တဲ့နေရာမှာ အထူးသဖြင့် အလုပ်ခေါ်ရခက်တဲ့ ရာထူးတွေအတွက် အင်တာဗျူးအချိန်နဲ့ ရက်ကိုတခါတယံမှာ ရုံးချိန်ပြင်ပတွေမှာ စီစဉ်ပေးတာတွေ၊ ကျနော်တို့ရုံးရဲ့ နေရာအနေအထား အရ လာရခက်တဲ့အတွက်လိုအပ်ရင် အနီးဆုံး ရထားဘူတာကို အကြိုအပို့လုပ်ပေးတာတွေကို အထူးဝန်ဆောင်မှုနဲ့လုပ်ပေးတာတွေ ရှိပါတယ်။
အလုပ်လျှောက်လွှာမှာတော့ ပိုမိုအသေးစိတ်တဲ့အချက်အလက်တွေ ကို ကိုယ်တိုင်ဖြည့်ခိုင်းခြင်းကြောင့် ပုံမှန်ပေးပို့လိုက်တဲ့ Resume ထက်ကိုယ်သိလိုတဲ့အကြောင်းအရာတွေ ကို အင်တာဗျူးမေးသူတစ်ယောက် အနေနဲ့ ကြိုသိရတာရယ်၊ ကိုယ်တိုင်လက်ရေးနဲ့ ရေးသားရတဲ့အတွက် လက်ရေးပေါ်မူတည်ပြီး လျှောက် ထား သူရဲ့ တိကျမှု၊ အသေးစိတ်ဂရုစိုက်မှုနဲ့ စိတ်နေစိတ်ထား တွေကို ကြိုတင်ခန့်မှန်းပါတယ်။ အဲ့ဒီနောက်တော့ အလုပ်လျှောက်ထားသူအတွက်အမှတ်ပေးစနစ် စာရွက်ကိုအလုပ်လျှောက်လွှာ နဲ့ အခြားအထောက်အပံစာရွက်စာတမ်း များနဲ့အတူ အင်တာဗျူးမေးမြန်းမယ့် ဌာနအကြီးအကဲ ဆီကိုပေးပို့လိုက်ပါတယ်။ လျှောက်ထားသူအတွက်အမှတ်ပေးစနစ် က တော့ အလုပ်လျှောက်ထားသူ ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ရုံးထဲဝင်လာရင် ဧည့်ကြိုနဲ့ ဆက်ဆံစကားပြောပုံ၊ လျှောက်ထားတဲ့ အလုပ်နဲ့ပညာအရည်အချင်းဆက်စပ် မှုရှိမရှိ၊ အလုပ်အတွေ့အကြုံ၊ မေးမြန်းတဲ့မေးခွန်းတွေ ကို ပြန်ဖြေပုံ ဖြေနည်း၊ ကိုယ့်ကုမ္ပဏီကို စိတ်ဝင်စားမှု စတဲ့ အသေးစိတ်အချက်အလက် အခု (၂၀) ကို အမှတ်ပေးပြီး ဘယ်လောက်အမှတ်ရရင်တော့ ဖြင့်အလုပ်ခန့်ထားဖို့ စဉ်းစားမယ် မစဉ်းစားဖူးဆိုတာကို ဆုံးဖြတ်ပါတယ်။ နောင်ကျနော်သူငယ်ချင်းများ အင်တာဗျူးသွားခဲ့ ရင် ဧည့်ကြိုကိုလဲ ဂရုစိုက်ပါလို့ အကြံပြုပါရစေ။ အထူးသဖြင့် MNC အဆင့်လုပ်ငန်းကြီးတွေရဲ့ HR ဟာ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ကျနော်လက်ရှိအလုပ်လုပ်နေတဲ့ လုပ်ငန်းအဆင့်ကတော့ MNC အဆင့်မဟုတ်ပေမယ့် ကျနော့် အရင် လုပ်ငန်းအတွေ့အကြုံတွေ၊ လေ့လာသင်ယူခဲ့တာတွေ နဲ့ ပေါင်းစပ်ပြီး ကျနော့်ဌာနတစ်ခုလုံးရဲ့ စနစ်အလုံးစုံကို MNC လုပ်ငန်းကြီးများရဲ့ စနစ်အတိုင်းဖန်တီးထားပါတယ်။
ကျနော်စင်္ကာပူမှာနေထိုင်အလုပ်လာခဲ့တာ (၇) နှစ်ကြာတဲ့အခါမှာတော့ လက်ရှိအလုပ်ရှင်ရဲ့ မြှောက်စားမှုကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ရာထူးတစ်ခုနဲ့အတူလက်အောက်ခံအမှုထမ်းတွေကိုအုပ်ချုပ်ကွပ်ကဲရတဲ့ အချိန်အနေမျိုးဖန်တီးလာတဲ့နောက်မှာတော့ ကျနော့်ကိုအဓိက ကူညီပေးရတဲ့လက်ထောက်တစ်ယောက်ရပါတယ်။ ကျနော့်ရဲ့ ပထမဆုံးလက်ထောက်ကတော့ ကျနော်တိုက်ရိုက်ခန့်အပ်တာမဟုတ်ပဲ
ကျနော့်သူဌေးကို တခြားတစ်ယောက်ကအကူအညီတောင်းတာကြောင့် အလွန်တရာမှ အကူအညီ ပေးလိုတဲ့ ကျနော့်သူဌေးက ဟိုဖက်ကလူဘာလုပ်တက်လဲ ဘာပညာအရည်အချင်းလဲ မေးမနေတော့ပဲ ခန့်ပေး ပါတယ်။ ကျနော်အလုပ်ဝင်ပြီး (၁) လအကြာမှာတော့ ကိုယ်တော်ချော က တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ စင်္ကာပူကို ရောက်လာပါတော့တယ်။ အဲ့ဒီမှာ တရုတ်လိုမတက်တဲ့ ကျနော်နဲ့ အင်္ဂလိပ်လို လုံးစေ့ ပတ်စေ့မတက်တဲ့ တရုတ်နဲ့ စခန်းသွားရပါတော့တယ်။ သူ့ရဲ့ နောက်ကြောင်းကိုကြည့်တဲ့အခါမှာတော့ ကိုယ်တော်ချောက Microtronic နဲ့ဘွဲ့ရထားတာပါတဲ့ဗျာ။ HR နဲ့မှ ပြဒါးတစ်လမ်းသံတစ်လမ်း ဆို သလို
လားလားမှမအပ်ဆက်ပဲ ဘာ တစ်ခုမှ သုံးစားလို့မရပါဘူး။ ကျနော်သိတဲ့ တက်တာတွေကိုသင်ပေးရမှာ မစိုးရိမ်တက်တဲ့ ကျနော် တက်နိုင်သမျှသင်ပေးပေမယ့် သင်သလိုလဲ မလုပ်၊ ခိုင်းသလိုလဲ မလုပ်ပဲ၊ ဘာမှ သာမတက်တယ် ကိုယ့်တောင်ဆရာပြန်လုပ်ချင်ပါတယ်။ (၂) လကျော် (၃) လအကြာမှာတော့ ကျနော့်အထက်က သူဌေးကိုပြော အဲ့ဒီကနေတဆင့် လုပ်ငန်းပိုင်ရှင်သူဌေးကိုပြောပြီး စက်တွေနဲ့ သက်ဆိုင်တဲ့
ဌာနကို ပြောင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ ကိုယ်တော်ချောက HR မှာ သက်သာနေတော့ မပြောင်းချင်ပေမယ့် အထက်အမိန့်ကြောင့်ပြောင်းပြီးတဲ့ နောက် (၁) လအကြာမှာတော့ တရုတ်ပြည်ကို အလုပ်ထွက်ပြီး ပြန်သွားပါတော့တယ်။ သူပြီးတော့ ကျနော့်အထက်ကသူဌေးကို ကျနော်အလုပ်စမလုပ်မီထဲက အင်တာဗျူးလုပ်ထားဖူးတဲ့ မလေးတရုတ်ကောင်မလေး တယောက်ကသူ့ကို အလုပ်ရှိလားလှန်းမေးတော့ အစဉ်သင့်ရှိတာနဲ့ ခန့်ထားလိုက်ပါတယ်။ အသက်က (၂၆) နှစ်နဲ့ HR လုပ်ငန်းအတွေ့အကြုံအတော်များများ ရှိပါတယ်။ သူကတော့ စာရွက်စာတမ်းကိစ္စတွေ၊ MOM နဲ့ပတ်သတ်တာတွေကို အကုန်လုံးနီးပါး ကျနော့်ကိုကူညီလုပ်ကိုင်ပေးနိုင်ပါတယ်။ သူနဲ့ကတော့ ဘာပြသနာမှမရှိပေမယ့် ကျနော်ချမှတ်နေတဲ့ ပေါ်လစီတွေ စတင်အသက်ဝင်အကောင်အထည်ပေါ်လာတဲ့အထိ စိတ်ရှည်ပုံမရပါတာကြောင့် ကုမ္ပဏီမှာ စနစ်မရှိဖူးဆိုပြီး (၂)လအကြာမှာ အလုပ်ကထွက်သွားပါတော့တယ်။ လုပ်ငန်းကြီးတစ်ခုလုံးအတွက်ချမှတ်ရတဲ့ပေါ်လစီတွေဟာ ဒီနေ့ချမှတ် မနက်ဖန်မှာ အသက်ဝင်အကောင်အထည်ပေါ်လာတာမဟုတ်ပါဘူး။ အထူးသဖြင့် လက် ရှိ အလုပ်လုပ်နေတဲ့လုပ်ငန်းလို အရင်ကဝန်ထမ်းအမှုထမ်း အယောက်(၃၀) လောက်ရှိတာကနေဗြုန်းဆိုင်းဆို (၂၀၀) လောက်ဖြစ်လာတဲ့အခက် အပြောင်းအလဲကိုချက်ချင်းလက်ခံလို့မရတာရယ်၊လုပ်နေကျလုပ်ရုံးလုပ်စဉ်သာ အကောင်းဆုံးလို့ ထင်နေတာရယ်၊ ဌာနကြီးမှူးများက ဒီကုမ္ပဏီတစ်ခုမှာပဲ အလုပ်လုပ်ဖူးတဲ့အတွက် တခြားလုပ်ငန်းတွေ ဘယ်လိုအလုပ်ကြတယ်ဆိုတာ အတွေ့အကြုံမရှိတာတွေရယ်ကြောင့် အခုလို အပြောင်းအလဲ အသစ်အဆန်းပေါ်လစီတွေ ချမှတ်တဲ့အခါမှာ သူတို့အတွက် လက်ခံဖို့အချိန်ယူရပါတယ်။ ခုနကပြောတဲ့ မရွှေချောထွက်သွားပြီးတဲ့နောက်မှာတော့ ကျနော့်အတွက်လက်ထောက်ကို ကျနော်ကိုယ်တိုင်ရှာဖို့အခွင့်အရေးရလာပါတယ်။ ဒီတခါတော့ အလောတကြီးတွေမခေါ်တော့ပဲ အချိန်လေးယူပြီး အလုပ်လျှောက်လွှာတွေကို အသေးစိတ်စိစစ်လေ့လာပြီးတဲ့ အခါ အခုလက်ရှိကျနော့်လက်ထောက် စလုံးကောင်လေး တစ်ယောက်ကို အလုပ်ခန့်ထားနိုင်ခဲ့ပါတယ်။ HR နဲ့ပတ်သတ်တဲ့ လုပ်ငန်းအတွေ့အကြုံဘာမှမရှိပဲ အခုမှ စလုံးတပ်မတော်ကနေ (၂) နှစ်စစ်မှုထမ်းပြီးလို့ထွက်လာတဲ့အသက် က (၂၃) နှစ်ကောင်လေးပါ။ သူ့ရဲ့ ပညာရေးနောက်ကြောင်း ဟာ အမြင့်ကြီးမဟုတ်ပေမယ့် စင်္ကာပူနိုင်ငံထဲက ကျောင်းမြင့်မြင့်တွေကို ဝင်ခွင့်ရခဲ့ပြီး ဆက်မတက်ပဲ လက်ရှိပညာ
အရည်အချင်းတစ်ခုမှာ တန့်နေခဲ့တာကြောင့် ပညာရေးနောက်ခံမမြင့်ပေမယ့် သင်ယူနိုင်မှုစွမ်းအားအတော်မြင့်မားပါတယ်။ တစ်ခုသင်ပေးပြီးရင် နောက်တခါထပ်သင်စရာမလိုပဲ ကိစ္စအဆုံးတိုင်အထိ အမြဲကူညီပေးပါတယ်။ အလုပ်လုပ်ပြီး (၂) လအကြာမှာ ထုံးစံမဟုတ်ပဲ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပေးထားပြီးတဲ့ နောက် ယနေ့တိုင်ကျနော်နဲ့အတူအမှုထမ်းနေဆဲပါ။ ကျနော့် NYP မှာ တက်နေတဲ့ Specialist Diploma ရဲ့ ပထမဆုံးModule ရဲ့ Lecturer က လက်ချာတစ်ခုမှာ ပြောတယ်၊ ကိုယ်အတွက်လက်ထောက်ခေါ်မယ်ဆိုရင် HR နဲ့ပတ်သတ်တဲ့ အတွေ့အကြုံတစ်ခုမှမရှိတဲ့ သူကို ရှာခေါ်ပါတဲ့ သင်ရတာပိုလွယ်ပါလိမ့်မယ်တဲ့။ အမှန်တကယ်ကိုယ်တွေ့ပါပဲ။
စင်္ကာပူမှာ (၇) နှစ်ကြာတဲ့အခါမှာတော့ မြန်မာတွေအများကြီး နဲ့ တရုံးထဲတူတူအလုပ်စုလုပ်ရတာ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအတွက် မြန်မာဝန်ထမ်းများရှာပေးရတော့ မြန်မာအတော်များများ နဲ့ ဆက်ဆံရတာတွေ ပထမဆုံးအနေနဲ့ ဖြစ်လာပါတယ်။ ပျော်စရာလဲကောင်းသလို တခါတလေ မှာလဲပြသနာလေးတွေ နည်းနည်းပါးပါး ရှိပါတယ်။ သိတဲ့အတိုင်း HR ဆိုတာဌာနကြီးမှူးများအားလုံးအပြင်အလုပ်ရှင်သူဌေး တို့နဲ့ တိုက်ရိုက်စကားပြော၊ သူတို့ဖြစ်စေချင်တာတွေကို လုပ်ပေးဆိုတော့ တချို့အကြောင်းအရာတွေဟာ လုပ်ငန်းပိုင်းဆိုင်ရာ လျို့ဝှက်ရတာတွေရှိပါတယ်။ ကိုယ်ကသိနေတာတွေ ရှိတော့ တခါတလေ ကိုယ့်မြန်မာအချင်းချင်း ဆိုတော့အလွန်အကြွံတွေ မဖြစ်ရလေအောင် ထိမ်းသိမ်းသတိပေးတာတွေကို လုပ်ပေးပေမယ့် ကိုယ့်စေတနာ အတွက်သူများဝေဒနာဖြစ်တာတွေ ဖြစ်တော့သူ့ထိုက်နဲ့သူကံ လို့ပဲသဘောထားလိုက်ရတော့တယ်။ လွန်ခဲ့တဲ့ (၃) လလောက်က ကျနော်တို့ လုပ်ငန်းရဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတစ်ခုက မြန်မာပြည်ရုံး အတွက် ဝန်ထမ်းများခန့်အပ်ဖို့ကူညီပေးဖို့ အကူအညီတောင်းတာကြောင့် စင်္ကာပူမှာ ဝန်ထမ်းအတော်များများ ရှာဖွေခန့်ထားရေးအတွက်လုပ်ဖြစ်တယ်။ အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ မြန်မာလူမျိုးများရဲ့ English Communication အတော်ကြီးကို ညံ့ဖျင်းသွားတာကိုပါ။ မေးတာနဲ့ဖြေတာတွေ တခြား၊ မလိုအပ်ပဲမတောင်းဆိုပဲ ရှိသမျှစာရွာက်စာတမ်းတွေ ထုတ်ပြတာ၊ ကျနော့်ဆီကို ဖုံးဆက်ပြီး မြန်မာအချင်းချင်း ကူညီပါဆိုပြီး ကူညီပေးခိုင်းတာ စသည့်ဖြင့် တခြားနိုင်ငံသားးတွေကိုအလုပ်ရွေးချယ်ခန့် ထားတဲ့အရာမှာမတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ရပါတယ်။ မြန်မာပြည်အတွက်လစာ ဘယ်လောက်လိုချင်လဲ မေးရင် ဖြင့် ငွေ ၁၈၀၀ အောက်ကိုမလျှော့နိုင်ပေမယ့်အရည်အချင်းတစုံတရာမှမရှိတော့ ကိုယ့် အမိမြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်ဟာ အတော်ညံ့ဖျင်းသွားပါလားဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။ Certificate ထက်ကိုယ်တကယ်ဘာလုပ်တက်လဲ ဘာအရည်အချင်းရှိလဲ ဆိုတာပို
အရေးကြီးပါတယ်။ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ မြန်မာတွေလဲ တွေ့ဖူးပါတယ်။ ဥပမာပြောရင် မြန်မာပြည်လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအတွက်စင်္ကာပူကနေ ခန့်အပ်ပေးလိုက်တဲ့ HR Executive တစ်ယောက် ဆိုရင် Communication ဆိုတာပြောစရာမရှိ၊ အရည်အချင်းဆိုတာလဲ တကယ့်ကို လုပ်နိုင်ကိုင်နိုင်တဲ့ တစ်ယောက်ပါ။ သူ့ကိုစင်္ကာပူကျနော့်ရုံးမှာ အင်တာဗျူးခေါ်တော့ ကျနော်က ကျနော့်လက်ထောက် ကောင်လေးကို သင်ပေးတဲ့အနေနဲ့ အင်တာဗျူးခိုင်းပါတယ်။ ကျနော်ကတော့ ဘေးကထိုင်ပေါ့။ ကျနော့်ကောင်က မေးခွန်းစစအဖွင့်ကို Tell Me more about yourself နဲ့စပါတယ်။ တကယ်ဆို အင်တာဗျူးမေးခွန်း တွေထဲမှာ ကျနော်အမုန်းဆုံး မဖြေချင်ဆုံးမေးခွန်းပါ။ လွယ်မယောင်နဲ့ခက်တဲ့မေးခွန်းဆိုတော့ ဒီကောင်ဘာကြောင့်ဒီလိုမေးခွန်းနဲ့ စရပါလိမ့်လို့တွေးနေတုံး ဖြေတဲ့သူက သူ့မေးခွန်းကို အကောင်းဆုံး အင်္ဂလိပ်စာ၊ အပြည့်စုံဆုံးအဖြေကို ဖြေသွားတော့ ကျနော့်ကောင်ဘာဆက်မေးရမှန်းမသိတော့ပဲ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေတဲ့အခြေအနေကို ကျနော်အမြန်ဝင်ရောက်ကယ်တင်လိုက်ရတဲ့ အထိကို တော်တာပါ။
စင်္ကာပူမှာ (၇) နှစ်ကြာတဲ့အခါမှာတော့ (၈) နှစ်ကြာလောက်ရပ်နားထားတဲ့ ကျနော့်ရဲ့ ပညာရေးကို ပြန်လည်စတင်ဖြစ်ပါတယ်။ ကျနော့်ရဲ့ နောက်ဆုံးဒီပလိုမာကို မြန်မာနိုင်ငံ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကနေ
ရယူပြီးတဲ့နောက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘာကျောင်းမှဆက်မတက်ဖြစ်ခဲ့ပါဘူး။ ကျနော်ဒီ HR လိုင်းဖက်ကိုသွားမယ်လို့ စိတ်ကူးထဲက စင်္ကာပူကကျောင်းတချို့မှာ ဘွဲ့လွန်ဒီပလိုမာ၊ အထူးပြုဒီပလိုမာ စတာတွေကို ဆက်တက်နိုင်ဖို့လျှောက်ထားခဲ့ပြီး NUS က(၁)ကြိမ်၊ Singapore poly က (၂) ကြိမ်ကျောင်းဝင်ခွင့်ပေးခဲ့သော်လည်း သူတို့သတ်မှတ်ထားတဲ့ ကျောင်းသားဦးရည်မပြည့်မှီတာကြောင့် သင်တန်း များမဖွင့်လှစ်နိုင်ခဲ့ပဲ ဒီနှစ် ၂၀၁၃ မှာတော့ Nangyang Polytechnic ကနေပထမဆုံးဖွင့်အကြိမ်အဖြစ်ဖွင့်လှစ်တဲ့ Specialist Diploma in Human Resources Management အထူးပြုဒီပလိုမှာသင်တန်း ကိုစတင်တက်ရောက်ဖြစ်ပါတယ်။ ကျောင်းလက်ခံပြီး ကျောင်းမဖွင့်ဖြစ်တဲ့ ယခင်အတွေ့အကြုံတွေကြောင့် ကျောင်းစတက်ပြီး စာသင်ခန်းထဲရောက်မှပဲ သြော်ငါတကယ်ပဲ ကျောင်းတက်ရပြီလား လို့ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်။ မော်ဂျူး (၆) ခု ကို Semester (၂) ခုခွဲတက်ရပြီး (၉) လပဲ ကြာတဲ့ သင်တန်းဟာ အခုဆိုရင်တော့ First Semester ရဲ့ Last module ကိုရောက်နေပါပြီ။ သင်ကြားလိုက်တဲ့ ပညာရပ်တွေဟာ
တချို့ကို ချက်ချင်းလက်တွေ့အသုံးချနိုင်သလို တချို့ကတော့ ကိုယ့်လုပ်ငန်းလို သေးသေးမွှားမွှား ကုမ္ပဏီ နဲ့ မအပ်ဆက်သေးတာတွေပါ။ ဒီသင်တန်းပြီးသွားရင်တော့ ဖြင့် ကျနော့်ဘဝလှေကားထစ်တစ်ခု ကို တဆင့်ထပ်တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ကျနော့်ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။ ဖတ်ပေးတဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com2tag:blogger.com,1999:blog-301180430836970486.post-83213463142220396532013-06-16T21:46:00.000+08:002013-06-16T21:49:12.115+08:00စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၁) ကျနော့်ရဲ့ ပိုစ့်စီးရီးတစ်ခုဖြစ်တဲ့ စင်္ကာပူကို အခြေချနေထိုင်တဲ့ နှစ်ပတ်လည်ရောက်တိုင်း ကိုယ့်သမိုင်းကိုယ် ရေးတဲ့အနေနဲ့ရယ် ကိုယ်ဘာတွေဖြစ်ခဲ့တယ် ဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆို တချိန်မှာ
ပြန်ဖတ်လို့ရအောင် နဲ့ ကျနော့်ညီအကို မောင်နှမသူငယ်ချင်း မိတ်ဆွေ စာဖတ်ပရိတ်သတ်များဖတ်ရအောင် ရေးဖြစ်ပါတယ်။ တချို့သူငယ်ချင်းတွေကတော့ comment ရေးတယ် ပျင်းစရာကောင်းတယ်တဲ့၊
ကျနော်လက်ခံပါတယ်၊ ကျနော့်အကြောင်းကျနော်ရေးတာ ဆိုတော့ ပျင်းစရာကောင်းမှာပါပဲ။ လွန်ခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကတော့ ကျနော်စင်္ကာပူနိုင်ငံ ကို အခြေချနေထိုင် လာခဲ့တာ (၇) နှစ်မြောက် ရှိခဲ့ပါပြီ။
မဖြှောင့်ဖြူးသော ပန်းခင်းလမ်းမဟုတ်သော ကျနော့်ရဲ့ ဘဝ လှေကားထစ်များကို အခက်အခဲ များကြိုးစားအားထုတ်မှုများစွာနဲ့ လှေကားထစ် တစ်ခုစာ တက်လှမ်းနိုင်ခဲ့ပြီးလို့ နောက်ထပ် လှေကားထစ် တွေ
ဆင့်ကဲတက်နိုင်ဖို့ ဆက်လက်ရုံးကန်သွားရအုံးမှာပါ။
ကျနော့်နောက်ဆုံးပိုစ့်တစ်ခုဖြစ်တဲ့ ဖြတ်သန်းခဲ့သော ၂၀၁၂ ခုနှစ်မှာ ကျနော်အလုပ်ပြောင်းရတဲ့ အကြောင်းရေးထားပြီးသားဖြစ်လို့ အသေးစိတ်ထပ်မရေးတော့ပါဘူး။ အမြဲလိုလို ရင်းနှီးနေတဲ့ retrenchment
တို့ Layoff တို့ကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ ကြုံဖူးလိုက်ရတော့ အတော်ခါးသီးပါလားလို့ ခံစားမိပါရဲ့။ အကောင်းဖက်ကပြန်လှည့်ကြည့်မယ် ဆိုရင်တော့ အဲ့ဒီ retrenchment သာမရှိခဲ့ရင် ကျနော်လိုချင်တဲ့
career path ပေါ်ကို ဘယ်အချိန်မှရောက်မလဲ၊ ကျနော်လိုချင်တဲ့ decision making level အဆင့်မျိုးကို ဘယ်လို တက်လှမ်းရမလဲ ဆိုတာတွေ အတွက် အဖြေတကယ်ကိုမရှိခဲ့ပါဘူး။ မထင်မှတ်ပဲ ကြိုးစားပမ်း
စားအလုပ်ရှာရင်းနဲ့ ရလာခဲ့တဲ့ အခုလက်ရှိအလုပ်အကြောင်း ကို ဒီပိုစ့်ရဲ့ အဓိကအကြောင်းအရာ အနေနဲ့ ရေးမယ်စိတ်ကူးထားပါတယ်။
လက်ရှိအလုပ်လုပ်နေတဲ့ အဆောက်အအုံ အတွင်းပိုင်းအလှဆင် ကန်ထရိုက်တာ တစ်ခုဖြစ်တဲ့ ကုမ္ပဏီဟာ လက်ရှိဝန်ထမ်းအလုပ်သမား အင်အား ၂၂၀ ရှိပါတယ်။ ၂၅%ကတော့ Management Staffs and Technical Staffs လို့ခေါ်တဲ့ ပရိုဂျက်တွေကို အုပ်ချူပ်ကွပ်ကဲရတဲ့ အုပ်ချူပ်မှုဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်တင်ဒါတွေကို တွက်ချက်ရတဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ထမ်းတွေ၊ ဝယ်ခြမ်းရေး နဲ့ စာရင်းပိုင်းဆိုင်ရာ
တွေအတွက် ပံ့ပိုးအထောက်အကူပြုဝန်ထမ်းတွေ နဲ့ ကျန်တဲ့ ၇၅% ကတော့ တရုတ်ပြည်၊ မြန်မာပြည်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ(ခ်ျ) နိုင်ငံတွေက လက်သမား၊ ဆေးသုတ်သမား က စလို့ အလုပ်ကြမ်းအလုပ်
သမားတွေပါ။ ဝန်ထမ်းအလုပ်သမား အင်အား ၂၂၀ အတွက် အုပ်ချုပ်မှုဆိုင်ရာ နဲ့ ပံပိုးမှုများအတွက် ကျနော်နဲ့ ကျနော့် လက်ထောက် အမှုထမ်း (၂) ယောက်ဟာ နေ့စဉ်နဲ့ အမျှ မရိုးနိုင်တဲ့ ပြသနာပေါင်းစုံ
ကို ဖြေရှင်းကြရပါတယ်။
ဘယ်လိုပြသနာမျိုးတွေလဲ လို့ ဆိုရင် ၂၅% ရှိတဲ့ ဝန်ထမ်းများအတွက် အဓိက ပံပိုးပေးရတာကတော့ ဝန်ထမ်းရှာဖွေရေး နဲ့ ရွေးချယ်ရေးပါပဲ။ ဇူလိုင် (၂၆)ရက်နေ့ဆိုရင် ကျနော့်လက်ရှိကုမ္ပဏီမှာ အလုပ်လုပ်
တာ (၁) နှစ်တိတိရှိခဲ့ပါပြီ။ ၁ နှစ်လုံးလုံး (၁) လမျှ မပြတ်လ တိုင်း ဝန်ထမ်းရှာဖွေခန့်ထားရေးကို လုပ်ကိုင်လာရတာပါ တကယ်တန်းပြောရရင် အတော်ကြီးငြီးငွေ့စရာကောင်းလှပါတယ်။ အဓိကဌာနကြီး တွေ
ဖြစ်တဲ့ ပရိုဂျက်ဌာန၊ ကြူအက်(စ်)ဌာန၊ ဝယ်ချမ်းရေးဌာန တွေကတော့ ဝန်ထမ်းအဝင်အထွက် အများဆုံး ဖြစ်ပြီး တကယ်တော် တကယ်တက်လို့ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းရှာရအခက်ဆုံး ဌာနတွေပါပဲ။
ဌာနတစ်ခုက ဝန်ထမ်းပြည့်သွားရင် နောက်ဌာနတစ်ခုက လိုပြန်ပြီ၊ အဲ့ဌာနပြီးလို့ အေးဆေးပြီကြံကာရှိသေး နောက်ဌာနတစ်ခုကထလာပြန်လို့ ကျနော်နဲ့ ကျနော့်လက်ထောက်က Tsunami wave တွေလို့
ခေါ်ပါတယ်။ လက်ရှိကမ္ဘာဟာ ကျွမ်းကျင်ဝန်ထမ်းများ အလုပ်ခန့်ထားနိုင်ဖို့ အလုအယက် ရှာရဖွေရ ခက်လွန်းတဲ့အတွက် Talent War လို့ခေါ်တဲ့အထိကို ပါပဲ။ ဒီ Talent War ထဲမှာ ကိုယ့်ကုမ္ပဏီ ဝန်ထမ်း
ကောင်းတွေနဲ့ ရပ်တည်နိုင်ဖို့အတွက်ကတော့ retain talent strategy လို့ခေါ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို ထွက်မသွားအောင် ထိမ်းထားနိုင်ဖို့အတွက် မဟာဗျုဟာကောင်းတွေ လိုအပ်ပါတယ်။ ကျနော့်
ကိုယ်ပိုင်ပေါ်လစီကတော့ Retain Talent policy ပါ။ ပြသနာရှိနေတဲ့ ဝန်ထမ်းကို ထွက်သွားစေဖို့ သို့မဟုတ် ထုတ်ပြစ်ဖို့ ဆိုတဲ့ ပေါ်လစီဟာ ကျနော့်ရဲ့ နောက်ဆုံးမဖြစ်မနေ အခြေအနေမှာပဲ သုံးဖို့ ထားပါ
တယ်။ ရှိနေတဲ့ ဝန်ထမ်းတွေကို ထိမ်းထားပြီး သူတို့ကိုပျော်အောင်ထားဖို့ နည်းလမ်းကောင်းတွေကို အသုံးချခွင့်ရအောင် ကျနော့် မန်းနေဂျင်းဒါရိုက်တာစီက အထောက်အပံ့ရဖို့ အစွမ်းကုန်ကြိုးစားရပါတယ်။
တခါတလေ မန်နေးဂျင်းကနေ အထောက်အပံ့ကောင်းလွန်းလို့ တခြားဒါရိုက်တာတွေက အမြင်ကတ်သည်အထိ ပါပဲ။ သို့သော် ဝန်ထမ်းတွေ မတည်မြဲ မထိမ်းနိုင်ဖြစ်နေရတဲ့ အကြောင်းအရင်း အဓိကအမှန်ကို
သိပေမယ့်လဲ Change management Policy အပြောင်းအလဲတွေ ချက်ချင်းအသက်မဝင်နိုင်သေးတာကြောင့် ချမှတ်လိုက်တဲ့ ပေါ်လစီတွေ အသက်ဝင်လာအောင် အချိန်ကာလတစ်ခု တော့ စောင့်ရအုံးမှာပါ။
၇၅% ရှိတဲ့ အခြေခံအလုပ်သမား များစီက တက်လာတဲ့ ပြသနာအများစုကတော့ စည်းကမ်းနဲ့ပတ်သတ်တာတွေ၊ သူတို့နေထိုင်မကောင်းဖြစ်လို့ ဆေးရုံဆေးခန်းလိုက်ရတာတွေပါ။ ကျနော်က ဆောက်လုပ်ရေး
လုပ်ငန်းမှာ ပထမဆုံးအလုပ်အတွေ့အကြုံဆိုတော့ အလုပ်သမား တွေ လစာဘယ်လောက်ရတယ် ဘယ်လိုနေထိုင်စားသောက်ကြတယ်ဆိုတာ အမှန်အတိုင်း ဝန်ခံရရင် အရင်ကမသိခဲ့ပါဖူး။ တကယ်တန်း ထဲထဲဝင်ဝင် သိလိုက်ရတဲ့ အခါမှာ သူတို့ရဲ့ ဘဝတွေက ဟိုးရှေးအခါက ငွေဝယ်ကျွန်လိုမျိုးအထိပါပဲ၊ ထားရာနေစေရာသွား၊ ပေးတာယူခိုင်းတာ လုပ် ပြန်မပြောနဲ့ ဆိုသလိုပါပဲ။ ကျနော် ပြောတဲ့အထဲမှာ တရုတ်ပြည် နဲ့ မြန်မာပြည်က အလုပ်သမားတွေမပါဖူး။ ဘင်္ဂလား နဲ့ အိန္ဒိယအလုပ်သမားများ ဟာ သူတို့တိုင်းပြည်ကနေ စင်္ကာပူမှာ အလုပ်လာလုပ်ရဖို့အတွက် အနည်းဆုံး ငွေ ၃၀၀၀ က နေ ၅၀၀၀ အထိပေးကြရပါတယ်။ ဒါတောင် ကျနော့်အလုပ်သမား အေးဂျင့်ကအနည်းဆုံးယူထားလို့ပါ။ အလုပ်စစဝင်ခြင်းမှာ အခြေခံလစာ စင်္ကာပူ ၁၈ ကျပ်ပဲရပါတယ်။ တလမှာ သူတို့ရဲ့ အိုဗာတိုင် ကြေးနဲ့ဘာနဲ့ဆိုရင် တလကို ငွေ ၇၀၀ ကနေ ၈၀၀ လောက်ပဲရပါတယ်။ အဲ့ဒီကနေ ၁၃၀ က နေ ၁၅၀ က ထမင်းစားရိတ်နှုတ်လိုက်ရင်ဖြင့် ငွေ ၅၀၀-၆၀၀ ပဲ သူတို့မှာကျန်ပါတယ်။ ဒီငွေကိုမှ သူတို့ဒီတိုင်းပြည်ကိုလာတဲ့ အခါ အေးဂျင့်ခပေးရတဲ့
ငွေအကြွေးပြန်ဆပ်၊ အတော်များများ ဟာ ပထမတစ်နှစ်မှာ အကြွေးဆပ်တာနဲ့တင်ကုန်ပါတယ်။ ကုမ္ပဏီကအလုပ်ကောင်းလို့ နောက်ထပ်စာချုပ်ထပ်ချုပ်ရင် သူတို့အတွက် မဟာအခွင့်အရေးကြီးတစ်ခုပါပဲ။
လစာငွေ ၁ ကျပ်တိုးဖို့အရေးကို အထက်က ဖိုမင်၊ ဆူပါဗိုက်စာကို မျက်နာလုပ်ရ၊ သူဌေးတွေမန်နေဂျာတွေဆူဆဲရင် ဘာတစ်ခွန်းမှ ပြန်မပြောပဲ အံကြိတ်နားထောင် ပြီး ဆောရီးကို အခါ ၁၀၀ လောက်ပြောကြရ
တာပါ။ ဒီကုမ္ပဏီက အလုပ်မလိုတော့ လို့ တခြားကို ပြောင်းရမယ်ဆိုလဲ အလုပ်သမား သွားချင်လား မသွားချင်လားတွေ မေးမနေတော့ပဲ ပို့ဖြစ်တာ၊ သူတို့ခမျာလဲ ဘာကုမ္ပဏီလဲ ဘာအလုပ်လုပ်လဲ တောင် မမေးရှာပဲ အထုတ်လေးပိုက်လို့ နောက်ထပ်ပြောင်းရမယ့် ကုမ္ပဏီနောက်ကို လိုက်ကြရတာပါ။ ကျနော့်ကုမ္ပဏီသူဌေးဟာ တခြားအရာတွေမှာ မကောင်းတာရှိချင်ရှိမယ်ဒီအလုပ်သမား များ နဲ့ ပတ်သတ်လာရင်ဖြင့်အတော်ကြီးကောင်းပါတယ်။ ကျနော့်တို့ရဲ့ ကိုယ်ပိုင်အလုပ်သမားတန်းလျား ဟာဖြင့် စင်္ကာပူတစ်မြို့လုံးမှာ အကောင်းဆုံးလို့ ကျနော်အာမခံပြောနိုင်ပါရဲ့။ အိန္ဒိယ၊ ဘင်္ဂလားနဲ့ တရုတ်နိုင်ငံသားများ အတွက်
TV အခန်း သက်သက်စီ (၃) ခန်းမှာ လက်မ ၄၀ LED TV တစ်လုံးကျစီ၊ ဗဟိုထမင်းစားခန်းမှာ ထမင်းစားရင်း အပန်းဖြေဖို့ LED TV တစ်လုံး၊ Computer (၅) လုံးနဲ့ အခမဲ့အင်တာနက်စင်တာ၊ ဒါတင်မကဖူး၊
ကိုယ်ပိုင်လက်တော့ရှိတဲ့ အလုပ်သမားတွေအတွက် Wi-Fi တောင်ဖွင့်ပေးထားသေးဗျာ။ ဒီလောက်ထိကောင်းအောင်လုပ်ပေးထားပေမယ့် တခါတလေ များ လူ့အလိုနတ်မလိုက်နိုင် ဆို သလို လိုအပ်ချက်တွေ ကိုတင်ပြပြီး တောင်းလာတာတွေ လဲ အများကြီးပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေများမှာတော့ သူဌေးက အလုပ်သမားတွေတောင်းဆိုတာ တော်တော်များမျာ ကို ဖြည့်ဆည်းပေးတယ်လို့ ကြားမိပေမယ့် ကျနော် ကိုယ်တွယ် ပြီးတဲ့နောက်မှာတော့ အလုပ်သမားများ အားလုံးကို တိုက်ရိုက်တောင်းဆိုခွင့်တွေ ပိတ်ပင်ပြီး လိုအပ်တာတွေ ကို စိစစ်ပြီးဖြည့်ဆည်းပေးပါတယ်။
အလုပ်သမားများ ကို သနားပေမယ့်လည်း တခါတလေမှာတော့ ဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်ရတာတွေ ကြုံရပါတယ်။ ကျနော့်ရဲ့ဌာန HR Dept ဟာ အလုပ်သမားများ အားလုံးရဲ့ အရေးကို တိုက်ရိုက်
ကိုင်တွယ်ဖြေရှင်းလေ့ရှိပါတယ်။ အလုပ်သမားများနဲ့ ပတ်သတ်ပြီး ပထမပိုင်းမှာ ကျနော်သဘောထားပျော့ပြောင်းစွာကိုင်တွယ်တော့ ကျနော့် မန်းနေဂျင်းက ပျော့လွန်းတယ်ဆိုပါတယ်။ ကျနော့်ရဲ့ Management Style က Soft Approach ကိုသုံးလေ့ရှိတော့ အလုပ်သမားများနဲ့ ပတ်သတ်လာရင်တော့ တိတိကျကျ နဲ့ Central Command Management စနစ်နဲ့အုပ်ချူပ်မှရနိုင်မယ်ဆိုတာ တဖြည်းဖြည်း
နဲ့ သဘောပေါက်လာပါတယ်။ ဒီစနစ်နဲ့ ပထမဆုံးကိုယ်တွယ်တဲ့ ပြသနာက (၂) ခုပါ။ တစ်ခုကတော့ တရုတ်နှစ်ကူးအချိန်မို့လို့ သူဌေးရဲ့ ကိုယ်စားလှယ်ကနေတဆင့် အလုပ်သမား တွေကို အန်ပေါင်းပေးပါတယ်။ အလုပ်ကြိုးစားတဲ့ပေါ်မူတည်ပြီး စာအိတ်အနီထဲမှာပါတဲ့ ငွေ က ကွာပါတယ်။ အဲ့ဒီအလုပ်သမား တစ်ယောက်ကတော့ နေတာကြာတော့ လူပါးဝတဲ့အထဲပါတယ်ပေါ့ဗျာ။ အန်ပေါင်းရတော့ စာအိတ်ကို ဖွင့်
ကြည့်ပြီး ပေးတဲ့လူရဲ့ရှေ့မှာတင် လွှင့်ပြစ်ပါတယ်တဲ့၊ သဘောကတော့ ပါတဲ့ငွေက မပြောပါ့လောက်ဖူးပေါ့ဗျာ၊ သူကသူ့ကိုယ်သူဒီထက်မက ပိုရထိုက်တယ်လို့ထင်ထားတာပါ။ တရုတ်ယဉ်ကျေးမှုအနေနဲ့ ပေးတဲ့ အန်ပေါင်းကို လွှင့်ပြစ်တယ်ဆိုတာ တနည်းအားဖြင့် ပုန်ကန်စော်ကားတာပါပဲ။ Report ရလျှင်ရချင်းပဲ ချက်ချင်းဆင့်ခေါ်ပြီး WP ကိုသိမ်း၊ အလုပ်ထုတ်ပြီး ဘင်္ဂလားပြည်ကို နောက်နေ့မှာပဲ ပြန်ပို့ပလိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ ခုနက တစ်ယောက်နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အလုပ်သမား တန်းလျားက သူ့အိပ်ယာမှာ ရှုပ်ပွနေလို့ ဒဏ်ငွေချတာကို မကျေနပ်လို့ ဒဏ်ငွေချတဲ့ အမိန့်စာကို စုတ်ဖြဲပြစ်ပြီး ကျနော့် ရုံးအထိတက်လာပြီး စောဒကတက်ပါတယ်။ အလုပ်သမားများဟာ မဆင့်ခေါ်ပဲ ကျနော်တို့ရုံးပေါ်ကို တက်ဖို့အခွင့်မရှိပါဘူး။ ဒါလဲ ပုန်ကန်တယ်လို့စွဲချက်တင်ပြီး ချက်ချင်းအလုပ်က ထုတ်ပယ်ပြစ်လိုက်
ပါတယ်။ အဲ့ဒီ (၂) ယောက်ကို ပြင်းပြင်းထန်ထန် အရေးယူပြီးတဲ့နောက်မှာတော့ဖြင့် ကျန်တဲ့အလုပ်သမား အားလုံး ငြိမ်ဝပ်ပိပြားသွားပါတော့တယ်။ စည်းရုံးရေးဆင်းပြီး ထိမ်းသိမ်းတဲ့နည်းလမ်းအနေနဲ့တော့ ဖြင့် လွန်ခဲ့တဲ့လ မှာ လုပ်လက်စ ပရိုဂျက်တစ်ခုကို ကြိုတင်အကြောင်းမကြားပဲ KFC တွေဝယ်ပြီးသွား၊ အလုပ်သမားများ နဲ့ အတူ သူတို့ဘင်္ဂလားထမင်းကို သူတို့နဲ့အတူကြမ်းပေါ်ထိုင်လို့သူတို့လို စက္ကူပေါ်မှာ
ဟင်းရည်ဆမ်းပြီးစား စကားစမြည်ပြော တော့ သဘောတွေကျပြီး အလုပ်တွေအတော်ကြိုးစားလုပ်ကြရှာပါတယ်။
Management Staff လို့ခေါ်တဲ့ အုပ်ချူပ်မှုဆိုင်ရာ ဝန်ထမ်းများအတွက် ဝန်ထမ်းရှာဖွေခန့်အပ်ရေးဟာဖြင့် အင်မတန်မှ သိမ်မွေ့နက်နဲ ခက်ခဲလွန်းလှပါတယ်။ လစ်လပ်နေရာပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်
စေမပေါ်သည်ဖြစ်စေ အမြဲလိုလို သတင်းတွေကို ထောက်လှမ်းလေ့လာနေရပြီး၊ အလုပ်လိုအပ်ကြောင်းကြော်ငြာတွေကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီး အမြဲလိုလို ကြိုတင်ကြော်ငြာထုတ်ပြီး အလုပ်လျှောက်လွှာတွေကို လက်ခံထားလေ့ရှိရပါတယ်။ တခါတလေမှာတော့ ဝန်ထမ်းဖက်ကသူ့သဘောနဲ့ သူထွက်ကြသလို၊ အုပ်ချုပ်ရေးဖက်က မလိုလားတော့လို့ဖိအားပေးထွက်စေတာတွေ အတွက်သင့်တော်တဲ့
ဗျူဟာ အသေးလေးတွေအသုံးပြုရပါတယ်။ ဝန်ထမ်းခန့်အပ်ရေးအတွက် ကျနော့်ရဲ့ ကိုယ်ပိုင်ပေါ်လစီအနေနဲ့ ဘယ်နိုင်ငံသား၊ ဘယ်သူ့ကိုမှ မျက်နာမလိုက်ပဲ ကိုယ့်ကုမ္ပဏီအတွက် သင့်တော်တဲ့ ဝန်ထမ်းတစ် ယောက်ရရှိရေး ကိုပဲ ရှေးရှုပါတယ်။ သို့သော် စင်္ကာပူအစိုးရရဲ့ မူဝါဒအရ မဖြစ်မနေ ဦးစားပေးအနေနဲ့ စင်္ကာပူနိုင်ငံသားများကို အဓိကဦးစားပေးရွေးချယ်ခေါ်ယူရပါတယ်။ ဗဟုသုတ အနေနဲ့ပြောရရင်ဖြင့် ကျနော့်ရဲ့ စနေသတင်းစာ ကြော်ငြာတစ်ခုအတွက် ပုံမှန်အားဖြင့် အလုပ်လျှောက်လွှာ ၁၀၀ ကနေ ၂၀၀ အထိရလေ့ရထရှိပါတယ်၊ အထူးသဖြင့် ပရိုဂျက်ပိုင်းဆိုင်ရာ အလုပ်တွေခေါ်ယူတဲ့နေရာ၊ ကြူအက်စ်နေရာတွေ
မှာပါ။ ဒီလျှောက်လွှာ အီးမေလ်း ပေါင်းများစွာအတွက် တခါတလေ နေ့တစ်ဝက်လောက်ထိအောင် ရှင်းရပါတယ်။ တခြား HR တွေတော့ မပြောတက်ဖူး ကျနော်ကတော့ အပေါ်စာလို့ခေါ်တာ့ Cover letter ကို အတိအကျ ဖတ်လေ့မရှိပါဖူး။ ဖတ်ဖို့လဲ အချိန်မရှိပါဖူး။ MS Outlook 2010 ရဲ့ MS Word Preview ကနေ လျှောက်ထားသူရဲ့ ကိုယ်ရေးအကျဉ်းကိုပဲ အမြန်ဖတ်လေ့ရှိပါတယ်။ ကိုယ်ပစ်မှတ်ထားတဲ့ လျှောက်ထားသူဆိုရင် နောက်ပိုင်းအလုပ်ရာဇဝင်ကို ဆက်ဖတ်ပါတယ်။ အဲ့ဒီမှာမှ ကိုယ့်အလုပ်လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ယူဆရင် အင်တာဗျုးခေါ်ယူဖို့လျှာထားစာရင်းထဲထည့်လိုက်ပါတယ်။ ကျနော်ရဲ့ ပစ်မှတ်က ဖြင့် စင်္ကာပူနိုင်ငံသားကိုပဲ ခန့်ရမယ်ဆိုရင်တော့ ဖြင့် အချိန်ကုန်ခံပြီး လျှောက်ကြည့်မနေတော့ပါဘူး။ ကျနော့်ဖက်ကမြင်ရတဲ့ e-mail display name က အမည်ကိုကြည့်ပြီး ပမာဏရွေးချယ်မှုကို လုပ်ပါတယ်။ တခြားအလုပ်ရှာဖွေရေး website တွေကကြော်ငြာများအတွက်တော့ Auto Screen Function တွေပါတဲ့အတွက် ကိုယ်မလိုအပ်တဲ့ နိုင်ငံသားဆိုရင် သူ့အလိုလို ဖယ်ထုတ်ပြီးသားဖြစ်သွားတော့ ကိုယ်
ဖတ်ရတာ သက်သာပါတယ်။ ခုနကပြောတဲ့ ပမာဏရွေးချယ်လိုက်တဲ့အထဲကမှ ထပ်ပြီး ၂ ယောက် သို့မဟုတ် ၃ ယောက်လောက်ကို သက်ဆိုင်ရာဌာနအကြီးအကဲဆီကို ပို့ပြီး အင်တာဗျူးဖို့ စိတ်ဝင်စား လား စိတ်မဝင်စားဖူးလားဆိုတာ ကို မှတ်ချက်တောင်းပါတယ်။ တချို့ ဝန်ထမ်းနေရာတွေကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပြီး အင်တာဗျူးခေါ်ပါတယ်။ စင်္ကာပူနိုင်ငံသား ခေါ်လို့မရလို့ နိုင်ငံခြားသားထဲမှာမှ တခြားနိုင်ငံ သားမရှိလို့ မြန်မာကိုမှ ပမာဏရွေးချယ်ထားတယ်ဆိုရင်တော့ တယ်လီဖုံးဆက်ပြီး ဖုံးအင်တာဗျူးအရင်လုပ်ကြည့်ပါတယ်။ ဖုံးထဲမှာ စကားပြန်ပြောနိုင်မှုပေါ်မူတည်ပြီး အင်တာဗျုးခေါ်ဖို့မခေါ်ဖို့ဆုံးဖြတ်ပါတယ်။
ဒီနေ့စာစရေးတာနောက်ကျသွားလို့ အပြီးသတ်ရေးမယ်စိတ်ကူးထားပေမယ့် မရေးနိုင်တော့လို့ စင်္ကာပူတွင် (၇) နှစ်ကြာသောအခါ အပိုင်း (၂) နောက်ဆုံးပိုင်းကို ကျနော်ရှေ့တပါတ်မှာကြိုးစားဆက်ရေး
ပါ့မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com5tag:blogger.com,1999:blog-301180430836970486.post-28928542507314131252013-01-01T17:56:00.000+08:002013-01-01T21:26:12.429+08:00ဖြတ်သန်းခဲ့ သော ၂၀၁၂ ခုနှစ်
ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၂၀၁၂ ခုနှစ်ကို ကျနော်ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆိုတာ မှတ်တမ်းတင်တဲ့ ကျနော့်
ဘဝမှတ်တမ်းသက်သက်ပါ။ ကျနော့် blog ကို ကြုံရင်ကြုံသလိုအားပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမ တွေအားလုံး ၂၀၁၃ခုနှစ်မှာ သာယာဖြှောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို
လျှောက်လှန်းနိုင်ကြပါစေကြောင်း
နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပါတယ်။
၂၀၁၂ ခုနှစ်ဟာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေတဲ့ ကျနော့်ဘဝ ကို နည်းနည်းလှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတွေမဖြစ်ခဲ့ပေမယ့် ကျနော့်လိုချင်တဲ့ career path ပေါ်ကို အောင်အောင်မြင်မြင် မထင်မှတ်ပဲရောက်ရှိခဲ့တယ်လို့ မှတ်ယူရမှာပဲ။
၂၀၁၂ ခုနှစ်အတွင်းကိုတော့ ဘယ်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲမှ မသွားပဲ အိမ်ကနေပြီးတော့ ၂၀၁၂ ခုနှစ်
အတွင်းကို ချင်းနင်းဝင်ရောက်ခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ရန်ကုန်ကို အစီအစဉ်
တစ်စုံတရာမရှိပဲ ပြန်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူတွေကို ကားပါမစ်ပေးမယ်ဆိုလို့ပါ။ အသေးစိတ် ကိုတော့ မဖတ်ရသေးတဲ့ သူများအတွက် ကျနော်နှင့်ကားပါမစ် ကိုသွားဖတ်ကြည့်နိုင်ပါတယ်။
၂၀၁၂ ခုနှစ် ဖေဖဝါရီမှာတော့ မိသားစုနဲ့အတူ ဟောင်ကောင်ကိုခရီးထွက်ဖြစ်ပါတယ်။ အဲ့တာလဲ တကယ် တန်းတော့ စီစဉ်ထားတဲ့ ခရီးစဉ်မဟုတ်ပဲ စင်္ကာပူမှာနေကြတဲ့ ကျနော့် ဝမ်းကွဲအမ နဲ့ ညီဝမ်းကွဲ တို့
ဟောင်ကောင်ကို အလည်သွားမယ်ဆိုတော့ ကျနော့်အမေကို ထည့်ပေးလိုက်မယ်ဆိုပြီး Cathay Pacific Promotion လက်မှတ်ကို ဝယ်လိုက်ပြီးကမှ မာမား ပါတ်စ်ပို့ ၆ လ သက်တမ်းမရှိတော့တာကို သတိထားမိ
ကြပါတယ်။ အဲ့ဒါနဲ့ လက်မှတ်ကို ပိုက်ဆံထပ်ပေးပြောင်းပြီးတော့ ကျနော်ပဲ လိုက်ပို့လိုက်တော့မယ်ဆို
တော့ ရန်ကုန်မှာရှိနေကြတဲ့ အဖေနဲ့ ညီမနဲ့ကလဲ သူတို့ပါလိုက်မယ်ဆိုပြီး ဂျီကျတာနဲ့ သူတို့ကို
ဘန်ကောက်ကတဆင့် ဟောင်ကောင်ကို လာ ကျနော်တို့ သားအမိ နှစ်ယောက်က စင်္ကာပူကနေသွားပြီး
ဟိုမှာဆုံကြပါတယ်။ ဟောင်ကောင်ရာသီဥတုက အေးနေတော့ ပါပါး သိပ်ပင်ပင်ပန်းပန်း မရှိပဲ သွားလာနိုင်
ပါတယ်။
၂၀၁၂ ခုနှစ် မတ်လထဲမှာတော့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အမတစ်ဝမ်းကွဲ အလုပ်လုပ်တဲ့ US MNC ကြီးရဲ့
Singapore Office ကနေ အလုပ်ခေါ်တာကို သတင်းစာမှာတွေ့တော့ အမကိုလှန်းပြောပြီး လျှောက်မိပါ
တယ်။ အမေရိကန် MNC ကြီးတစ်ခုဖြစ်တာနဲ့ အမျှ ဖြတ်သန်းရတဲ့ အလုပ်လျှောက်ထားမှု အဆင့်ဆင့်ဟာ
ကျနော်ကြုံဖူးသမျှ အခက်အခဲဆုံးနဲ့ နောက်ဆုံး Shortlisted Interview Process ဟာလည်း ကျနော့်ဘဝ ရဲ့ အခက်အခဲ ဆုံး အင်တာဗျူး တွေပါပဲ။ အဲ့ဒီမှာ ကိုယ်ကိုကိုယ် ဘာကို သတိပြုမိသွားလဲ ဆိုတော့ ကျနော်
အတော်လေး တုံးသွားပါလား ဆိုတာပါပဲ။ Jurong Island ဆိုတဲ့ ကျွန်းပေါ်မှာ ထိုင်ပြီး နေ့စဉ် မပြောင်းလဲ
တဲ့ အလုပ်တွေလုပ်ပြီး တိုးတက်မှုတစ်စုံတရာ မရှိလာပါလား ဆိုပြီး သုံးသတ်မိပါတယ်။ ဒီ အင်တာဗျူး
မအောင်မမြင်ဖြစ်ခဲ့တာကိုလဲ အတော်ကြီးကို ဝမ်းနည်းမိပါတယ်။ အဲ့ဒီအလုပ်ကိုလျှောက်ထား ခဲ့တဲ့
အကြောင်း ကိုတော့ ကျနော့်တခြား အရင်က အင်တာဗျူးဖြေခဲ့တာတွေနဲ့ ပေါင်းပြီး
ကျနော့်နှင့်အင်တာဗျူးများ အပိုင်း ၁ ဆိုပြီး ရေးဖြစ်ပါတယ်။ အဲ့ဒီကစလို့ ကျနော်တော့ နေ့စဉ်ဒီလိုပဲသွား
နေရင် development ဖြစ်မလာနိုင်ဖူးလို့ ကောက်ချက်ချပြီး အလုပ်ကို ပြင်းပြန်းထန်ထန် ရှာပါတော့တယ်။
ဒါပေမယ့် အဲ့ဒီအခြေအနေကာလရဲ့ job market မကောင်းတာကြောင့်လား၊ ကိုယ်ပို့တဲ့ resume ကိုပဲ
စိတ်မဝင်စားတာကြောင့်လားတော့ မသိဖူး အင်တာဗျူး တစ်စုံတရာမှ မရခဲ့ပါဘူး။
မတ်လကုန်ပိုင်းမှာတော့ ဆွီဒင်အခြေစိုက် MNC တစ်ခုရဲ့ Singapore Office ကနေအင်တာဗျူးလာဖို့
ခေါ်ပါတယ်။ အင်တာဗျူးသွားတဲ့ တခါတလေများ ကျနော့်မိတ်ဆွေတွေ စိတ်ထဲမှာ ခံစားမိလားတော့ မသိဘူးဗျ၊ ရုံးထဲဝင်သွားလိုက်တာနဲ့ ကိုယ်အလုပ်လုပ်ရမယ့် ရုံး၊ ဒီအလုပ်ရလိမ့်မယ်လို့ လေ။ ကျနော့် အတွေ့အကြုံအရတော့ ကျနော်ခံစားမိတယ်။ အဲ့ဒီရုံးကိုရောက်ပြီးတော့ အင်တာဗျုးဖြေဖို့စောင့်နေရတဲ့အချိန်လေး
မှာပဲ ကျနော်တော့ ဒီအလုပ်ကိုရလိမ့်မယ်လို့ ခံစားမိတယ်။ အင်တာဗျုးကို Regional Director နဲ့ Finance & HR Manager ၂ ယောက်မေးပါတယ်။ ဘာမှထွေထွေထူးထူး ခက်ခက်ခဲခဲ တွေ မမေးကြပါဘူး။ သာမန် မေးရိုးမေးစဉ်မေးခွန်းတွေလောက်ပဲ မေးပါတယ်။ အသေးစိတ်ကိုတော့ ကျနော့် post series တစ်ခုဖြစ်တဲ့ စင်္ကာပူမှာ ၆ နှစ်ကြာသောအခါ မှာရေးထားပြီးသးဖြစ်လို့ ထပ်မရေးတော့ပါဘူး။
၂၀၁၂ ခုနှစ် ဧပြီလ (၃) ရက်နေ့မှာတော့ ကျနော် အလုပ်အသစ်ဖြစ်တဲ့ OSM Singapore မှာ အလုပ်စဝင်
ဖြစ်ပါတယ်။ အဲ့ဒီအလုပ်မှာလဲ Sankyu Singapore မှာနေခဲ့တုံးက ထက်ပိုပြီး အားလာတယ် အချိန်အပိုနဲ့
လေ့ကျင့်ခန်းလုပ်တဲ့အချိန်ပိုရလာပါတယ်။ မနက်ပိုင်းရုံးမသွားမီနာရီဝက်လမ်းလျှောက်၊ ရုံးကပြန်ရင်ရေကူး
နဲ့ အတော်လေးအစဉ်ပြေပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော့် Professional Experience အပြင် ကိုယ်
ပိုင်အတွေ့အကြုံတွေနဲ့ လုပ်ငန်းတွင်းမှာ အတော်အစဉ်ပြေပြေ လုပ်နိုင်ပေမယ့်၊ တချို့အပိုင်းတွေမှာတော့
အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာ သတိထားမိပါတယ်။ အရင်ကအလုပ်သမားများနဲ့ သာဆက်ဆံ
ရတဲ့ ကျနော့်မှာ Management Staff တွေနဲ့သာဆက်ဆံရတဲ့အခါမှာ အတော်လေးသတိထားရပါတယ်။
ဆိုလိုတာက ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးလေးလုပ်ပြနေပေမယ့် နောက်ကွယ်ကနေဓားနဲ့ ထိုးနိုင်တဲ့ အနေ အထားပါ။ OSM Singapore မှာ အလုပ်ဝင်ပြီးလို့ မကြာသေးဘူး မြန်မာ Company ကြီးဖြစ်တဲ့ Yoma Strategic (FMI) မှာ လက်ဆော့ပြီးအလုပ်လျှောက်လွှာတင်ခဲ့တဲ့ ကျနော့်ကို အင်တာဗျူးလာဖို့ခေါ်ပါတယ်
မြန်မာပြည်ပြန်ပြီးအလုပ်လုပ်မယ်လို့ ရည်ရွယ်ချက်မရှိပေမယ့် အင်တာဗျူးခေါ်ရင် မငြင်းတက်တဲ့ ကျနော်
FMI နဲ့ Interview & Career discussion တွေကို FMI ရဲ့ HR Consultant နဲ့(၃)ကြိမ်၊ Yoma Strategic ရဲ့ CEO နဲ့ (၁) ကြိမ်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ ကျနော့် blog ကနေပြီး
ပြည်တော်ပြန်အလုပ်လုပ်ကြမှာလား ဆိုတဲ့ ပိုစ့်ကိုရေးဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လထဲမှာတော့ OSM Group ရဲ့ CEO ဟာ group ကြီးတစ်ခုလုံး အကြီးအကျယ်အရှုံးနဲ့
ရင်ဆိုင်နေရတာနဲ့ ပတ်သတ်ပြီး နှုတ်ထွက်လိုက်ရပါတယ်။ Europe Crisis ရဲ့ effect ဟာ နောက်ဆုံး
Singapore အထိရောက်လာပါတော့တယ်။ CEO နှုတ်ထွက်ပြီးထဲက အခြေအနေသိပ်မဟန်ဖူးဆိုတာ
သတိထားမိတော့ online ပေါ်ကနေအလုပ်လေးတွေ နည်းနည်းစီ စပြီးလျှောက်ထားနှင့်ပါတယ်။ ထင်ထား
တဲ့အတိုင်းပါပဲ ၂၀၁၂ ဇူလိုင်လဆန်းမှာ Group President တစ်ယောက် Singapore ကိုလာပြီး သူတို့ရဲ့
restructure ကိုစတင်အကောင်အထည်ဖော်ပါတယ်။ ထုံးစံအတိုင်း cost saving စလုပ်မယ်ဆိုရင် အကုန်
အကျအများဆုံးဖြစ်တဲ့ လစာတွေကို လျှော့ချရမှာဆိုတော့ Singapore Office တစ်ခုလုံးရဲ့ Supporting Staffs တွေအကုန်လုံးကို laid off လုပ်ရတော့တာပါပဲ။ Last in First Out policy အရ ကျနော်က နောက်
ဆုံးမှရောက်လာတဲ့ ဝန်ထမ်းဆိုတော့ ကျနော်ကို ထိပ်ဆုံးကပဲ နှုတ်ထွက်ဖို့ notice ပေးပါတယ်။ ၃ လ
မပြည့်သေးတဲ့အတွက် notice period ကို ၁ ပါတ်သာပေးလို့ရပေမယ့် MD ကသဘောကောင်းစွာနဲ့ ၁ လ အထိခွင့်ပြုကြောင်း၊ ဒီတစ်လအတွင်းမှာလဲ အလုပ်အင်တာဗျူးများကို ခွင့်ယူစရာမလိုပဲ သွားဖို့၊ ရုံးက
တခြားအလုပ်တွေကိုလည်း အရေးကြီးတာလောက်ပဲလုပ်ဖို့ ပြောပြီးခွင့်ပေးပါတယ်။
ဇူလိုင်လဟာ ထုံးစံအားဖြင့် Job Market ထဲမှာ အလွန်ပဲ demand များတယ်ပြောရမှာပါ။ ကျနော်လျှောက်
ထားသမျှရဲ့ ၁၀% လောက် response ပြန်လာပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန် စရှာတဲ့နေ့ကစလို့
နေ့စဉ်အင်တာဗျူးရပါတယ်။ ကျနော့်အခြေအနေဟာ ဟိုး အရင် ၆ နှစ်ကျော်က စင်္ကာပူကို ပထမဆုံး
စရောက်ခါစကမျိုးပါပဲ။ အလုပ်နဲ့ နေရာကိုသိပ်ရွေးလို့မရပဲ ပေးတဲ့လစာ အခြေအနေကောင်းရင် လုပ်ရ
မယ်ဆိုသလိုပါပဲ။ အင်တာဗျူးတွေရပေမယ့် အလုပ်ရဖို့ရာ မျှော်လင့်ချက်ကသိပ်မရှိသေးပါဘူး။ ဒီတခေါက်
အလုပ်ရှာတဲ့ အခါမှာ သတိထားမိတာလေး တစ်ခုက Employment Agency တွေဟာ အတော်လေး ကြိုး
စားပမ်းစား အလုပ်ရှာပေးတာကို သတိထားမိပါတယ်။ ဒီတစ်ခေါက်အလုပ်ရှာရတာအင်မတန်မှစိတ်ပင်ပန်း
လူပင်ပန်းဖြစ်ရပါတယ်။ မှတ်မှတ်ရရ အင်တာဗျုးတစ်ခု အနေနဲ့ Watami Japanese restaurant က HR Officer ရာထူးအတွက် အင်တာဗျူးပါ။ First Interview Process မှာ English Test ဆိုပြီး letter writing ရေးခိုင်းပါတယ်။ ကျနော့်ဘဝရဲ့ အင်တာဗျူးပေါင်းများစွာထဲမှာ ဒါပထမဆုံးပါပဲ။ နောက်ထပ်ပထမဆုံးတစ်ခု
ကတော့ သူတို့နဲ့ပါပဲ။ Second interview လာခိုင်းတော့ သူတို့ရဲ့ so call HQ ကိုသွားတယ်ပေါ့ဗျာ။ သူတို့ရုံးခန်းလေး က bugis က National Library ရှေ့မှာပါ။ ရုံးခန်းတစ်ခုလုံးက HDB တိုက်ခန်းက living room လောက်ပဲရှိပါတယ်။ သိထားတာကတော့ 2nd Interview ကို GM ကမေးပါမယ်။ neck tie ဝတ်ခဲ့ပါ
တဲ့။ အဲ .. အင်တာဗျူးကို neck tie ဝတ်သွားတာလဲပထမဆုံးပဲဗျ။ နောက်တော့ GM က Korea မှာရောက်
နေလို့ Video Conference နဲ့ မေးပါမယ်တဲ့။ အဲ့တာကို ကြိုတင်ပြောထားတာလဲ မဟုတ်ပါဖူး။ ကျနော့်
ဘဝရဲ့ ပထမဆုံး Video Conference Interview ပါ။ Skype နဲ့ ဖြစ်ပြီးတော့ သူ့ဖက်က ရုပ်ကိုမပြပါဖူး။
တကယ်တန်း video conference တွေဟာအဲ့လိုမဟုတ်ပါဖူး။ 2 ways face to face ဖြစ်ရမှာပါ။ သူ့ဖက်
ကိုမမြင် ရတဲ့ အခါမှာ ကိုယ့်ဖက်ကပြောရတာက ကွန်ပြူတာကိုစကားပြောနေရသလိုဖြစ်နေတော့ အတော်
ကြီးအဆင်မပြေလှပါဖူး။ မေးတာတွေနဲ့ ဖြေတာတွေလဲ လွဲပြီး အလွဲလွဲအချော်ချော်နဲ့ 2nd interview ပြီး
သွားပါတော့တယ်။
၂၀၁၂ အတွက်ဇူလိုင်လကတော့ ကျနော့်အတွက် အခက်ခဲဆုံးအခြေအနေပါပဲ။ ရုံးပြေးတက်၊ အလုပ်
လျှောက်၊ အင်တာဗျူးရရင်သွား။ ဒီကြားထဲ ဧပြီလထဲက စတင်လေ့ကျင့်ခဲ့ရတဲ့ စင်္ကာပူနိုင်ငံအမျိုးသားနေ့ အတွက်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကလဲ တစ်ပါတ်မှာ ၂ ရက်ဆိုတော့ တခါတလေ တစ်နေ့ထဲ အင်တာဗျူး ၂ ခုသွားရတဲ့ နေ့တွေမျိုးဆို အတော်ကြီးကို အားယူပြီးသွားရတာမျိုးတွေ ကြုံရပါတယ်။ ဇူလိုင်လရဲ့
တတိယပါတ်လောက်မှာ မြို့ထဲမှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ HR Officer Post အတွက် အင်တာဗျူးရပါတယ်။
အဲ့တာလဲ မှတ်မှတ်ရရ ဗျာ၊ အမျိုးသားနေ့အတွက် Soka Association ရဲ့ဆုတောင်းတဲ့ ပွဲအလည်မှာ ထုံးစံ
မဟုတ်ပဲ ည ၈ နာရီလောက်မှာ အင်တာဗျူး invite ရတာဗျ။ နောက်နေ့အဲ့ဒီဟိုတယ်ရောက်တော့လဲခုန
ကပြောခဲ့သလိုမျိုး ဖီလင်တမျိုး ရတယ်ပေါ့ ဒီမှာ အလုပ်ရလောက်တယ်ပေါ့။ စိတ်ထင်တာကြောင့်၊
ဆုတောင်းပွဲအလည်မှာ အင်တာဗျူးခေါ်တာကြောင့် အယုံအကြည် လွန်တာကြောင့်လဲဖြစ်မှာပေါ့။
အင်တာဗျူးတဲ့သူကလဲ မန်နေဂျာအသစ်ဖြစ်တဲ့အကြောင်းပြောပြပြီး အလုပ်ခန့်ဖို့သေခြာလောက်သည် အထိပြောလိုက်တော့ အတော်လေးစိတ်အေးခဲ့ရပါတယ်။ အဲ့ဒီကနေအင်တာဗျူးပြန်ပြီး ရုံးပြန်ရောက်တော့
နောက်နေ့မနက်မှာ အခုလက်ရှိအလုပ်လုပ်နေတဲ့ local company ကနေအင်တာဗျူးလာဖို့ပြောတော့
သိပ်မသွားချင်တော့ပေမယ့် ဟိုတယ်ကအလုပ်က Employment Letter ပေးသေးတာမဟုတ်တဲ့အတွက်
back up အနေနဲ့ဆိုပြီးသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သိပ်မကြာဖူး ဟိုတယ်ဖက်ကလဲ ဖုံးဆက်ပြီး
မနက်ဖန်မှာ GM နဲ့တွေ့ဖို့ ထပ်လာပါအုံးဆိုတော့ အလုပ်ရဖို့ကသေခြာသလောက်ရှိပါပြီ။
နောက်နေ့မနက်ကြတော့ ခေါ်ထားတဲ့ အင်တာဗျူးကိုရောက်သွားတော့ ရုံးကြီးကိုကြည့်လိုက်တာ
ရောက်ဖူး သမျှရုံးတွေထဲမှာ အပျံစားလို့ပြောရမှာပါ။ Shenton Way က ရုံးခန်းတွေထက်တောင်သာသေး ဗျာ။ interviewer ဖြစ်တဲ့ အခုလက်ရှိ ကျနော့် မန်နေဂျာကမေးပါတယ်။ ဘာမှလဲ ထွေထွေထူးထူး တွေလဲ
မမေးပါဘူး။ တောင်းတဲ့လစာအတိုင်းလဲ ဈေးမဆစ်ပါဘူး။ အလျှင်အမြန် အလုပ်ဝင်နိုင်ရင် ရပါပြီပဲ ပြောပါ
တယ်။ အဲ့ဒီကနေပြန်လို့ နေ့လည်ကြတော့ သူတို့စီကနေဖုံးဆက်ပြီး offer ပေးတဲ့အကြောင်း လာမယ့်
တင်္နလာနေ့မှာ အလုပ်ဝင်နိုင်ကြောင်းပြောပါတယ်။ အဲ့အချိန်အခါက ကိုယ်ကလဲ urgent ဖြစ်နေတော့
အသေးစိတ်အချက်အလက်တွေ ကိုထည့်မစဉ်းစားနိုင်တော့ပဲ ပေးလာတဲ့အလုပ် ရလာတဲ့အလုပ်လုပ်မယ်
လို့ပဲတွေးထားလိုက်မိတယ်။
နောက်နေ့ကြတော့ ဟိုတယ်က GM နဲ့တွေ့ဖို့အင်တာဗျူးကို မဖျက်ချင်တာနဲ့ပဲ သွားပါတယ်။ HR Mngr
ကိုတော့ တဖက်မှာ Offer ရထားတဲ့အကြောင်း compare လုပ်ပြီးဆုံးဖြတ်မယ့်အကြောင်းပြောဖြစ်ပါတယ်။
အဲ့ဒီကနေ တန်းပြီး အခုလက်ရှိအလုပ်လုပ်နေတဲ့ DHdeco ကိုသွားတဲ့လမ်းမှာ ၂ ခုပေးတဲ့ လစာနဲ့ ခံစား
ခွင့်တွေကို နှိုင်းယှဉ်တွက်ချက်ပါတယ်။ DHdeco ကတော့ Starting pay က ငွေ ၂၀၀ ပိုများပြီး၊ ၅ ရက်
ပဲအလုပ်လုပ်ရမှာပါ။ ဟိုတယ်ဖက်ကတော့ ၅ ရက်ခွဲကို တပါတ်ခြားစီနဲ့ နေ့လည်စာကျွေးပါတယ်တဲ့။
သွားရမယ့် ခရီးအကွာအဝေးက ဟိုတယ်က နည်းနည်းပိုဝေးပါတယ်။ ကျနော်လဲ နောက်ဆုံးတော့ ငွေ နဲ့
၅ ရက်အလုပ်ကိုမက်ပြီးတော့ DHdeco က offer ကိုလက်ခံလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၂ ခုနှစ်
အတွင်းအရေးအကြီးဆုံး အဆုံးအဖြတ် တစ်ခုပါပဲ။ ဒီဆုံးဖြတ်ဟာ ကျနော့်လက်ရှိ အခြေအနေအတွက်
အကောင်းရော အဆိုးပါရောလှက်နေပါတယ်။
အကောင်းဖက်ကကြည့်မယ်ဆိုရင်တော့ ကျနော်လိုချင်တဲ့ career path ပေါ်ပို တိတိကျကျ ရောက်လာ တယ်။ ကျနော့် Professional Experience တွေ အတွက်အရေးအကြီးဆုံး အခြေခံအုတ်မြစ်အတွေ့အကြုံ
တွေကို ရယူနိုင်တဲ့နေရာ၊ ကျနော်ဘဝ တောက်လျှောက်ဖြည့်ဆည်းခဲ့တဲ့ ဘဝအတွေ့အကြုံ၊ လုပ်ငန်း
အတွေ့အကြုံတွေကို လက်တွေ့အသုံးချနိုင်တဲ့နေရာ၊ ကိုယ်လမ်းကိုယ်ဖောက်ရင် ကိုယ်လိုချင်တဲ့နေရာ
တစ်ခုကို ရနိုင်တဲ့နေရာ နဲ့ အတိုင်းအတာ တစ်ခုအထိ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ decision maker level ကို
ရောက်နိုင်ခဲ့တာတွေပါပဲ။ အဆိုးဖက်ကကြည့်မယ်ဆိုရင်တော့ ဘာဆိုဘာမှ တိတိပပ ပေါ်လစီတွေ မရှိတဲ့
လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အလုံးစုံဟာ သူဌေးတစ်ယောက်ထဲရဲ့ ပါးစပ်ပေါ်ရောက်ပြီး အရေးကြီးတဲ့ ကိစ္စ
တွေ အတွက်အခက်အခဲဖြစ်စေတာ၊ အထက်အရာရှိက ရှေးဆန်ပြီးခေတ်ဟောင်းကစနစ်တွေကိုတွယ်ကပ်
ပြီး မပြောင်းလဲနိုင်တဲ့အတွက် အောက်ခြေဝန်ထမ်း အလုပ်သမားတွေ နဲ့ သူဌေးတွေကြားညှပ်တာ၊ အဆိုး
ဆုံးအခြေအနေကတော့ ဘာမှမတက်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို လူယုံလိုသဘောထားပြီး
ပြောသမျှယုံတာ၊ သူဌေး (၅) ယောက်အတွက် (၅) မျိုးသော စနစ်တွေဖန်တီးပေးရတာတွေပါပဲ။ ဘယ်လို
ပဲဖြစ်ဖြစ် ဒီဟာတွေဟာ ကျနော့်အတွက် ဖြတ်ကျော်အောင်ကြိုးစားရမယ့် စိန်ခေါ်မှုတွေပါပဲ။
၂၀၁၂ ခုနှစ် သြဂုတ်လ ထဲမှာတော့ ဧပြီလထဲကနေ ကြိုတင်ပြင်ဆင်လာခဲ့တဲ့ စင်္ကာပူနိုင်ငံအမျိုးသားနေ့ ကို Singapore SOKA Association နဲ့အတူပါဝင်ဆင်နွှဲပါတယ်။ ဒီနှစ်ထဲမှာတော့ Volunteerအလုပ်အဖြစ်
ဒီတစ်ခုပဲ လုပ်ဖြစ်ပါတယ်။ DHdeco မှာအလုပ်ဝင်ပြီးတဲ့နောက် အင်မတန်များပြားလှတဲ့အလုပ်တွေကြောင့်
Blog Post အနေနဲ့ တစ်ခုပဲရေးနိုင်လိုက်ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ ကျနော့်လုပ်ငန်း
အတွေ့အကြုံတွေ ထဲ က ပထမဆုံးအတွေ့အကြုံအဖြစ် General Workers Gathering ကို သူတို့လုပ်ခဲ့
တာတွေနဲ့ ခြားနားစွာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ မှာတော့ ကျနော့်ဘဝရဲ့
ပထမဆုံး အဖြစ်နဲ့ အလုပ်ဝင်ပြီး ၂ လအကြာမှာ တိုးမြှင့်လစာနဲ့အတူ Confirmation ရပါတယ်။ ပေါ်လစီ
အသစ်တွေ၊ လုပ်ငန်းစဉ်အသစ်တွေ၊ data base system အသစ်တွေကို နေ့စဉ်နဲ့အမျှ ပြင်းပြန်းထန်ထန်
လုပ်ဆောင်ပြီးတဲ့ သကာလမှာတော့ အခု နေ့စဉ်လုပ်ငန်း တွေမှာ ချောမွေ့စွာနဲ့ လည်ပတ်နေနိုင်တာ ကို
တွေ့ရပါတယ်။ သို့သော်လည်းပဲ တိကျခိုင်မာတဲ့ HR policy တွေကို မချမှတ်နိုင်သေးတဲ့အတွက် ဝန်ထမ်း
အဝင်အထွက်များပြား မြန်ဆန်လွန်းတဲ့အတွက် ဖြစ်ချင်တဲ့ orgizational goal တစ်ခုစီကိုရောက်ဖို့တော့
ဆက်ကြိုးစားရအုံးမှာပါပဲ။
၂၀၁၂ ခုနှစ် စက်တင်ဘာလကနေ နိုဝင်ဘာလအထ အစိုးရ WDA grant နဲ့ တရုတ်စာသင်တန်း တစ်ခု
တက်ဖြစ်ပါတယ်။ သင်တန်းပြီးတဲ့အခါမှာတော့ ဘာမှထူးထူးခြားခြား မတက်လာခဲ့ပေမယ့် အခြေခံတရုတ်
စာကို ဘယ်လို လေ့လာသင်ကြားရမယ် ဆိုတာတော့ သိရှိနားလည်လိုက်ပါတယ်။ ဝါကျရှည်ကြီးမဟုတ်
ပေမယ့် တော်တော်များများ သော စာလုံးလေးတွေ လဲ သိလာခဲ့ပါတယ်။ အောက်တိုဘာလ ထဲမှာတော့
ကျနော့် ညီ နေထွန်းနိုင် စင်္ကာပူကို ၂ ပါတ်ကြာ အလည်လာလို့၊ စင်္ကာပူမှာ ရှိနေတဲ့ ပါပါး မာမားတို့နဲ့
အတူ လျှောက်သွားလည်ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ပတ္တရား ကို သူငယ်ချင်း ဘရမ်ဒမ်နဲ့ သွား
လည်ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဘန်ကောက်ခရီးကတော့ အတော်လေးပျင်းစရာကောင်းတယ် ပြောရမှာပါ။
ဒီဇင်ဘာလထဲမှာတော့ နှစ်ကုန်ဆုကြေးအတွက် စနစ်သစ်တစ်ခုထဲမှာ အလုပ်ရှုပ်နေခဲ့ပြီး ထွေထွေထူးထူး ဆိုလို့ Nanyang Polytechnic မှာ Diploma သင်တန်းတစ်ခုလျှောက်ထားတာကို လက်ခံတဲ့အကြောင်း
offer ရပါတယ်။ ဒါပေမယ့် ငွေသွင်းပြီးသိတိုင် ကျောင်းမတက်ရမချင်း မယုံကြည်ရဘူးဆိုတာ အရင်
အတွေ့အကြုံတွေအရ အမှတ်ရနေပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ Singapore Polytechnic ကတစ်ကြိမ်
NUS ကတစ်ကြိမ် Offer ပေးပြီးကာမှ သတ်မှတ်ကျောင်းသားဦးရည် မပြည့်တဲ့အတွက် မဖွင့်ဖြစ်ကြောင်း
ဆိုပြီး ကြုံခဲ့ဖူးလို့ပါပဲ။
၂၀၁၂ ခုနှစ်အတွင်း မှတ်မှတ်ရရ တစ်ခုပြောပါဆိုရင်တော့ အခုလက်ရှိအလုပ်ဖြစ်တဲ့ DHdeco က
လုပ်ဖော်ကိုင်ဖက် မြန်မာညီအကို မောင်နှမတွေနဲ့ တစ်နေ့တစ်နေ့ ရယ်စရာတွေ ပြောကြ၊ သူဌေးတွေ
အတင်းပြောကြနဲ့ ကျနော့်စင်္ကာပူ ဘဝမှာ ဒုတိယမြောက်အဖြစ် မြန်မာဝန်ထမ်းများနဲ့ အလုပ်တူတူ လုပ်ဖူး
တာပါ။ ပျော်စရာတွေ ရှိ သလို၊ တခါတလေ မှာ မြန်မာလိုပြောရင်း နားလည်မှုလွဲတာလေးတွေ ရှိတော့
အလုပ်နဲ့ပတ်သတ်တာတွေကို အတော်လေး သတိထားပြောဆို လုပ်ရတာလေးတွေ ရှိတာတွေ့ရပါတယ်။
နောက်တစ်ခုအနေနဲ့ ၃၃ နှစ်လုံးဟင်းမချက်တက်ခဲ့တာကနေ နိုဝင်ဘာလမှာမာမား ရန်ကုန်ပြန်သွားတော့
ချက်ကျွေးမယ့် သူမရှိတော့တာကြောင့် ကိုယ်ဟာကိုယ် ချက်ရင်းကနေ အခုအတော်လေး ဟင်းချက်
တက်လာပါတယ်။
၂၀၁၃ ခုနှစ် ကိုတော့ ကျနော့် အတွက် စိန်ခေါ်မှုတွေ ကြိုးစားရုံးကန်မှုတွေ ဆက်ရှိနေအုံးမယ့် နှစ်တစ်ခု
အဖြစ်သတ်မှတ်ရမှာပါ။ တကယ်လို့ များ NYP ကသင်တန်း Confirm ဖွင့်ဖြစ်ခဲ့ရင် ဖေဖဝါရီလက စလို့
ဒီဇင်ဘာအထိတိုင်အောင် ၉ လကြာ ညနေပိုင်း သင်တန်း၊ စာမေးပွဲတွေ၊ project တွေနဲ့ အလုပ်ရှုပ်ပြီး
ကြိုးစားရမှာပါ။ ၂၀၁၃ ခုနှစ် ဖေဖဝါရီလ တရုတ်နှစ်သစ်ကူးကိုတော့ ရန်ကုန်မှာ မိသားစုနဲ့အတူ ရှိမှာဖြစ်
ပြီး ကျိုက်ထီးရိုးဘုရားသွားဖူး မယ်လို့စီစဉ်ထားပါတယ်။ သြဂုတ်လလောက်မှာတော့ ရက်ရှည် ခရီးတစ်ခု
ထွက်မယ်လို့ မျှော်လင့်ထားပါကြောင်း နဲ့ ကျနော့် ဒီပိုစ့် ကို နိဂုံးချူပ်ပါတယ်။ ဖတ်မိတဲ့လူတိုင်းကို ကျေးဇူး
အထူးတင်ပါတယ် ခင်ဗျာ။ ။ KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com4tag:blogger.com,1999:blog-301180430836970486.post-21562214887402409122012-11-01T18:43:00.002+08:002012-11-01T18:43:49.049+08:00ကျနော် နှင့် စင်္ကာပူနိုင်ငံ ၄၇ နှစ်မြောက် အမျိုးသားနေ့ဒီပိုစ့်ကတော့ဖြင့် ကျနော့် ဘဝမှတ်တမ်းတစ်ခု အနေနဲ့ရယ် ကျနော့်စင်္ကာပူဘဝ ရဲ့ Mile stone တစ်ခု အနေနဲ့ ရေးထားတဲ့ ပိုစ့်တစ်ခုပါ။ စင်္ကာပူရောက်ပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ ကျရောက်တဲ့ ၄၃ နှစ် မြောက် စင်္ကာပူနိုင်ငံ အမျိုးသားနေ့ ကို Singapore Soka Association (SSA) နဲ့ပါဝင်ဆင်နွှဲခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တော့ အကြောင်းအမျိုးမျိုးကြောင့် ထပ်ပြီးမပါဝင်ဖြစ်တော့ပဲ ယခုနှစ် ၂၀၁၂ သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၄၇ နှစ်မြောက် အမျိုးသားနေ့ကိုတော့ SSA နဲ့ပဲ ထပ်မံပါဝင်ခွင့်ရလိုက်ပြန် ပါတယ်။ တကယ်တော့ ဒီပိုစ့်ကို အမျိုးသားနေ့ မတိုင်မီတင်မယ်လို့ စိတ်ကူးပြီး ရေးထားခဲ့ပေမယ့် ဇူလိုင်လ ကုန်ပိုင်းလောက်မှာ အရေးပေါ်အလုပ်ရှာဖို့ဖြစ်လာပြီး၊ အလုပ်ရပြီးတဲ့နောက်မှာ အလွန်အလုပ် များလှတာကြောင့် အခုမှပဲ ကျနော့် blog ဖက်ကိုလှည့်ကြည့်နိုင်တော့ တာပါပဲ။
Volunteer လို့ခေါ်တဲ့ ငွေကြေး နှင့် တခြားတစုံတရာ ခံစားခွင့်မရပဲ မိမိသဘောဆန္ဒ ဖြင့်သာပါဝင်ကူညီ ပတ်သတ်ခဲ့သမျှထဲမှာ အချိန်အပေးရဆုံး၊ တာဝန်အကြီးဆုံး၊ အပင်ပန်းဆုံး နဲ့ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတော် အဆင့်အခန်းအနားထဲမှာ မှ အမြင့်မားဆုံးပွဲတော်တစ်ခု ပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်အတော်များများ ကို
ပေးထားရတဲ့အတွက်ကြောင့် သူ တို့စီကနေ သင်ကြားလို့ရသမျှတွေ ကိုလေ့လာသင်ယူဖြစ်ပါတယ်။
အထူးသဖြင့် SSA အနေနဲ့ Volunteer တွေကို ဘယ်လိုခေါ်ယူရွေးချယ်တယ်။ ရွေးချယ်တဲ့ Procedure
အဆင့်ဆင့်၊ သူတို့ရဲ့ Organizational Management Style တွေထဲက ကိုယ်မသိတာတွေကို သိရသလို၊
သူတို့မှားနေတဲ့ အရာတွေထဲက ကိုယ်သာဆို ဘယ်လိုစီမံခန့်ခွဲမယ် ဆိုတာ စီမံခန့်ခွဲရေး Professional Field ထဲက တစ်ယောက်ပီပီ စိတ်ကူးထဲမှာ စီမံကြည့်မိပါတယ်။
၂၀၁၂ ခုနှစ် ဧပြီလထဲမှာတော့ SSA ကနေ National Day Parade 2012 (NDP 2012) အတွက် ပါဝင်နိုင်မယ့် Volunteer တွေကို စပြီးခေါ်ယူပါတယ်။ Telok Blangah မှာရှိတဲ့ SSA Youth Centre မှာ recruitment drive ကို စနေ နဲ့ တင်္နဂနွေနေ့ (၂) ပါတ်ကြာ ခေါ်ယူပါတယ်။ Youth Centre ကိုရောက် တဲ့အခါမှာ စီးကြိုနှုတ်ဆက်သူတွေနဲ့စီကားနေပြီး ဘယ်နေရာကိုသွားပြီး Form ဖြည့်ရမှာကအစ အသေ အခြာပဲလမ်းညွှန်ပေးပါတယ်။ ဖြည့်စရာရှိတာတွေဖြည့်ပေးပြီးတော့ ဒုတိယအဆင့်အနေနဲ့ Basic Medical Check Up အနေဲ့ သွေးပေါင်ချိန်တာ၊ Medical History ယူတာတွေလုပ်ပါတယ်။ အဲ့ဒီကနေပြီးတော့ Hall တစ်ခုထဲမှာ Pre-Briefing အနေနဲ့ အကြိုလေ့ကျင့်မှုအတွက် အချိန်ဇယားနဲ့ ရက်စွဲပေးပြီး၊ ဘယ်နေ ရာမှာ ဘယ်လိုတွေ လေ့ကျင့်ရမယ်၊ လူပေါင်းဘယ်နှစ်ယောက်ပါမယ် စသည်ဖြင့် ရှင်းပြပေးပါတယ်။ ဒီအဆင့်ပြီးတဲ့ နောက်မှာတော့ နောက်ထပ် Hall တစ်ခုကိုသွားပြီး NDP 2012 မှာ ကိုယ်တကယ်ပါဝင်
ဖျော်ဖြေရမယ့် dance step အခြေခံကို သင်ပေးပြီး တစ်ဦးချင်းစီမှာ ပါဝင်ဖျော်ဖြေနိုင်စွမ်း ရှိမရှိ အကဲဖြတ်
ပါတယ်။
မေလဆန်း အချိန်မှာတော့ SSA အနေနဲ့ ကျနော့်ကို NDP 2012 မှာပါဝင်ဖို့ ရွေးချယ်ကြောင်း၊ ပထမပိုင်း လေ့ကျင့်မှုတွေ ပြုလုပ်မယ့် Yee Tee မှာရှိတဲ့ Kranji Camp ကို လေ့ကျင့်မှု စတင်မယ့်ရက်မှာ သတင်းပို့ ဖို့ အကြောင်းကြားပါတယ်။ ထုံးစံအတိုင်း ကျနော့် အခန်းဖော် SSA Member ဖြစ်တဲ့ Brandon နဲ့အတူ သတင်းပို့ခိုင်းတဲ့ CAMP ကိုသွား၊ သက်ဆိုင်ရာ ကောင်တာမှာ register လုပ်ရပါတယ်။ Registration အတွက် SSA Member တွေထဲကပဲ Volunteer အန်ကယ်လ်ကြီးများ အဖွဲ့ဖြစ်တဲ့ SSA Men Division ကနေပါဝင်ကူညီပါတယ်။ သူတို့ကတော့ NDP 2012 ရဲ့ SSA အတွက် Administration and Logistics တာဝန်တွေကို ထမ်းဆောင်ရပါတယ်။ Participant တွေရဲ့ ပါလာတဲ့ အိတ်စတာတွေကိုBag Deposit Area သတ်မှတ်ပြီး အိတ်တွေကို မပျောက်မရှရအောင် အိတ်လက်ခံ/ထုတ်ပေးတဲ့ နေရာ ထားရှိဝန်ဆောင်မှု ပေးခြင်း၊ Participant တွေအတွက် သောက်ရေနဲ့ စားစရာတွေ ဖြန့်ဝေပေးခြင်း နဲ့ သယ်ယူပို့ဆောင်ရေး အတွက် သက်ဆိုင်ရာ နေရာတွေကို လိုက်ပို့ပေးမယ့် Bus တွေပေါ်ကို အစဉ်ပြေပြေ တက်ရောက်နိုင်ဖို့ ကူညီတဲ့ ဝန်ဆောင်မှုတွေကိုဆောင်ရွက်ပေးပါတယ်။
အဲ့ဒီကနေတော့ Camp ရဲ့ Mulity purpose Hall ထဲကိုသွားပြီး Volunteer အဖြစ်ပါဝင်လာကြတဲ့ SSA
Men Division (MD), SSA Women Division (WD), SSA Young Men Division (YMD) နဲ့ SSA Young Women Division (YWD) တွေကို dancing block ကြီးများ တည်ဆောက်ရာ မှာ လူမျှအောင် စီစဉ်ဆောင်ရွက်ကြပါတယ်။ Block A, B, C, D ဆိုပြီး Block ကြီး (၄) ခုခွဲပြီးတဲ့နောက်မှာတော့ Block ကြီးတစ်ခုမှာ 1 2 3 4 ဆိုပြီး အုပ်စု (၄) ခုထပ်ဖွဲ့တဲ့အခါ ကျနော်နဲ့ Brandon တို့ ၂ ယောက်ကတော့
Block B ရဲ့ Group 2 (B2) မှာ ပါဝင်ခဲ့ကြပါတယ်။ Group တစ်ခုမှာ ပါဝင်သူ ၃၀ ကနေ ၄၀ အထိရှိပါ တယ်။ Block တစ်ခုမှာအယောက် ၁၆၀ ရှိပြီး Block ကြီး ၄ ခုပေါင်းပါဝင်ကူညီသူစုစုပေါင်း ၆၄၀ ရှိပါ တယ်။သက်ဆိုင်ရာ Block များနဲ့ Group များအားလုံးခွဲပြီးတဲ့နောက်မှာတော့ Camp ရဲ့ Parade Square ကိုသွားသက်ဆိုင်ရာ Block များ Group များ နေရာချပြီးတဲ့နောက်မှာတော့ Chief Trainer သို့မဟုတ် Central Command ကနေပြီးတော့ Block ၄ ခုလုံးကို ညွှန်ကြားလေ့ကျင့်ပါတော့တယ်။ ဒီလိုလေ့ကျင့် မှုများကိုဧပြီလကနေစပြီး အမျိုးသားနေ့ကျင်းပမယ့် သြဂုတ်လအထိ (၃)လကြာ တပါတ်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်း၊နဲ့ စနေနေ့ညနေပိုင်း (၂) ကြိမ်လေ့ကျင့်ကြရတယ်။
ကျနော်ပါဝင်တဲ့ Block B , Group 2 မှာတော့ စင်္ကာပူနိုင်ငံသားများအပြင် Malaysian, Indonesian,
Japanese, Vietnamese နဲ့ ကျနော်မြန်မာနိုင်ငံသား ၊ ပေါ်လီနဲ့ University များကကျောင်းသားများ၊ Company အမှုထမ်း အရာထမ်းများ နဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်သူများ စသည်ဖြင့် အလွှာအသီး သီးမှ ပါဝင်ကြတာတွေ့ရပါတယ်။ အသက်အငယ်ဆုံး ၁၉ နှစ်ကနေ အသက်အကြီးဆုံး ၅၀ နှစ်အထိပါ။
၄၇ ကြိမ်မြောက် စင်္ကာပူအမျိုးသားနေ့အတွက် SSA အတွက် ဖျော်ဖြေရေးကဏ္ဍအပိုင်း ၂ ကနေပါဝင်ကြ
ရမှာဖြစ်ပြီး သရုပ်ဖော် (Formation) ၆ ခုအဖြစ်၊ Triangle တြိဂံပုံစံ၊ Inverted Triangle တြိဂံပြောင်းပြန် ပုံစံ၊ Diamond စိန်ပုံစံ၊ Lion Head စင်္ကာပူခြင်္သေ့ခေါင်းပုံစံ၊ Heart Shape Small အသည်းပုံအသေး၊ Heart Shape Extended အသည်းပုံအကြီးစတဲ့ ပုံစံများအတွက် သက်ဆိုင်ရာ ပုံစံတစ်ခုစီ အတွက် ကကွက် (၆) မျိုးနဲ့ ရေလှိုင်းပုံစံလှုပ်ရှားမှု (၃) ကြိမ်ပြုလုပ်ရမှာဖြစ်ပြီး၊ ဒီလိုပုံစံများဖော်ကပြတဲ့နေရာမှာ
ပိုမိုထင်သာဖို့အတွက် လက်မှာ မီးပန်း (၃) ကြိမ်ထုတ်လွှတ်နိုင်တဲ့ အပြင် အနီရောင် LED အလင်းတက်
ဆင်ထားတဲ့(pyro)ပိုင်ရိုလို့ခေါ်တဲ့မီးရှူးတိုင်တစ်ခုစီကိုင်တွယ်ကပြကြရမှာဖြစ်ပါတယ်။အဲ့ဒီမီးရှူးတိုင်ကနေ
၃ ကြိမ်မီးပန်း ထုတ်လွှတ်မှာ ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် တြိဂံပုံစံနဲ့ ပရိတ်သတ်မြင်ကွင်းထဲကို
စင်နောက်ပိုင်းကနေချီတက်ဝင်ရောက်နေရာယူတဲ့ အခါမှာ စက္ကန့် (၆၀) ကြာမီးပန်းလွှတ်နေရာယူ ပုံစံ ဖော်ခြင်း၊ တြိဂံပြောင်းပြန် ပုံစံအတွက် (၁၅) စက္ကန့်ကြာမီးပန်းလွှတ်ပြီး ကကွက်ဖော်ကပြခြင်း နဲ့ နောက်ဆုံး အကြိမ်အဖြစ် ခြင်္သေ့ခေါင်းပုံစံမှာ (၁) စက္ကန့်ပစ်လွှတ်ခြင်း တို့ဖြစ်ပါတယ်။ အနီရောင် LED Light ကတော့ အသည်းပုံစံဖော်ရမှာလှလှပပ မြင်ရအောင်တက်ဆင်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒီ LED မီးကိုလဲ သူ့နေရာနဲ့သူအဖွင့်အပိတ်လုပ်ရပါသေးတယ်။
Formation အသီးသီးအတွက် ကိုယ်ဘယ်နေရာမှာ နေရမယ်ဆိုတာကို တော့ မြေပြင်မှာကပ်ထားပေးတဲ့
နံပါတ်အသီးသီး စီကိုသွားပြီး နေရာယူရတာဖြစ်တဲ့အတွက် ကိုယ်ရပ်ရမယ့် နေရာကို အသေအခြာသိဖို့
လိုအပ်ပါတယ်။ အစပိုင်းတော့ စာရွက်နဲ့ရေးမှတ်ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းမှတ်မိလာပြီး ကိုယ်
နေရာအနီးတဝိုက်က အခြားသူတွေကိုကြည့်ပြီး မှတ်သားရပါတယ်။ တကယ်တန်း တော့ ဖျော်ဖြေရမယ့်
နေရာ platform ပေါ်ရောက်တဲ့အခါ ကိုယ့်သက်ဆိုင်ရာ မြေပြင်အမှတ်အသား များကို lighting effect ကြောင့် ဘာတစ်ခုမှမမြင်ရတော့ ပဲ ကိုယ့်ပါတနာ နဲ့ သွားရမယ့် နေရာအကြမ်းကိုမှန်းသွားပြီး ပုံစံဖော်ရ
တာ တကယ်တန်းမလွယ်ကူလှပါဘူး။ ဒီကြားထဲ ဘယ် formation မှာ ဘယ်လိုကကွက်နဲ့ ဘယ်မီးပန်း
ကိုပစ်လွှတ်ရမယ်၊ LED မီးကိုအဖွင့်အပိတ်လုပ်ရမယ် ဆိုတာတွေကိုလဲ မှတ်ရပါသေးတယ်။ လူငယ်တွေ
အတွက်တော့ မှတ်သားရတာ လွယ်ပေမယ့် အသက်ကြီးကြီး ပါဝင်သူတွေအတွက်တော့ အတော်လေး အခက်အခဲတွေ့ကြတာတွေ့ရပြီ၊ အမျိုးသားနေ့မတိုင်မီ ဖျော်ဖြေရတဲ့ National Education (NE) Show
ဖြစ်တဲ့ စင်္ကာပူနိုင်ငံတွင်းရှိ ကျောင်းအသီးသီးက ကျောင်းသူ ကျောင်းသားတွေကိုပြသတဲ့ ပွဲ နဲ့ ဝတ်စုံပြည့်
ကြိုတင်လေ့ကျင့်မှုပွဲတွေ မှာ မီးရှူးအပစ်မှားတာတွေ ကြုံတွေ့ကြရပါတယ်။
ကိုယ့်ခေါင်းပေါ်မှာတင် ပစ်လွှတ်ရတဲ့ မီးပန်းဖြစ်တဲ့အတွက် အန္တရယ်မရှိရအောင်ကျလာတဲ့ မီးပွားတွေကို
မပူတဲ့ မီးပွားဖြစ်အောင် အထူးစီမံပြုလုပ်ထားတဲ့အပြင် ကပြဖျော်ဖြေတဲ့နေရာမှာ ဝတ်ရတဲ့ ဝတ်စုံကလဲ
မီးမကူးစက်နိုင်သော မီးကာအမျိုးအစား ဝတ်စုံဖြစ်ပါတယ်။ ဒီထက်မက မီး မကူးစက်နိုင်သော အရည် တစ်မျိုး ကိုလဲ ဖြန်းထားပေးပြီး၊ ဒီလောက်ကာကွယ်ထားတဲ့ ကြားက တကယ်လို့များ အကြောင်းမသင့်လို့ ခန္ဒာကိုယ်ကို မီးကူးစက်လို့ရှိရင် ချက်ခြင်း ကူညီ မီးငြိမ်းသက်နိုင်အောင် ကပြဖျော်ဖြေတဲ့ Marina Bay Platform ကြီးရဲ့နေရာအသီးသီးမှာSingapore Arms Forces (SAF) ကနေ မီးသတ်ဆေးဗူး၊ မီးသတ်စောင် အသီးသီးကိုင်ဆောင်ပြီး စောင့်ရှောက်ပေးပါတယ်။ Safety Glasses အသီးသီး ကိုလဲ ဝတ်ဆင်စေပါသေး တယ်။
ဒီနှစ် ၄၇ နှစ်မြောက် စင်္ကာပူအမျိုးသားနေ့ အတွက် Theme ကတော့ Loving Singapore Our Home ပါ။ အဓိကဆိုလိုချင်တဲ့ သဘောတရားအနေနဲ့ ကမ္ဘာနိုင်ငံအနှံအပြားမှာရောက်ရှိနေတဲ့ သူတို့နိုင်ငံသား ပညာရှင်များကို နိုင်ငံတွင်းပြန်လာပြီး နေထိုင်စေလို့တဲ့ ရည်ရွယ်ချက် ဖော်ဆောင်မှု ဖြစ်ပါတယ်။
July လက ပထမပတ်ကနေစပြီး အပါတ်စဉ် စနေနေ့တိုင်းမှာတော့ National Education Show (NE Show) လို့ခေါ်တဲ့ စင်္ကာပူနိုင်ငံထဲက မူလတန်းကျောင်းသူ ကျောင်းသားများ ကိုဖိတ်ခေါ်ပြသတဲ့ ပွဲများ ကိုဖျော်ဖြေတင်ဆက်ရပါတယ်။ NE Show 2 မှာတော့ National Day Parade 2012 မှာပါဝင်တဲ့ Volunteer များအားလုံးရဲ့ မိသားစုဝင်များ၊ ထောက်ပံကူညီရတဲ့ စစ်တပ်များရဲ့ မိသားစုဝင်များအတွက် တစ်ဦး ကိုလက်မှတ် (၂) စောင်ပေးတဲ့အတွက် ကျနော်တို့ volunteer များရဲ့ မိသားစုဝင်တွေ ပါဝင် ဆင်နွှဲ ခွင့်ရရှိလိုက်ပါတယ်။ ဇူလိုင်လအတွင်း စနေ (၄) ပါတ်မှာ ကျင်းပတဲ့NE Show (၄) ပွဲအထိ ကျနော်တို့ရဲ့ performance ဟာ 100% မဖြစ်သေးပါဘူး။ အထူးသဖြင့် မီးရှူးပစ်မှားတဲ့ ပြသနာကို အထူးရင်ဆိုင် နေရ တာ ပါပဲ။ ပထမပိုင်းမှာ ပစ်လိုက်တဲ့ မီးရှူးများရဲ့ မီးခိုးနဲ့ အသံတွေကြောင့် စိတ်အာရှံစိုက်မှုကို လွင့်ပျံစေပြီး နားထောင်ရတဲ့ တီးလုံးအသံ နဲ့ မြင်ကွင်း၊ မြေပြင်အမှတ်အသားတွေကို ကြည့်ပြီး ကကွက်ဖော်ဆောင် တဲ့ အခါမှာ အခက်အခဲဖြစ်စေပါတယ်။ အသက်ရှူကြပ်တဲ့ပြသနာ၊ မြင်ကွင်းမရှင်းတဲ့ပြသနာ များကို အထူး ရင်ဆိုင်ကြရပါတယ်။ NE Show 3 ရဲ့ ပွဲအပြီးမှာတော့ ရုတ်တရက် မိုးရွာချတာကြောင့် Grand Finale လို့ခေါ်တဲ့ ပိတ်သိမ်းတဲ့ ပွဲအတွက် platform ကြီးတစ်ခုလုံးမှာ အပြည့်ရှိနေတဲ့ performer များအားလုံး မိုးရေချိုးလိုက်ကြရပါတယ်။ အရာရာမှာ အဆင်သင့်ဖြစ်နေတဲ့ ထောက်ပံရေးတပ်ကတော့ ဒီတခါမှာ အတော်လေးညံ့ဖျင်းသွားပါတယ်။ မိုးကာအင်္ကျတွေကို platform အောက်မှာ အဆင်သင့်မထားပဲ ၁ ကီလိုမီတာလောက်ဝေးတဲ့ F1 Building မှာ ထားတာကြောင့် အဲ့ဒီကနေ platform ကိုပို့ရတာကြောင့် မိုးတိတ်ခါနီးမှအားလုံးအတွက်ဝေငှနိုင်ခဲ့တာတွေ့ခဲ့ရပါတယ်။ NE Show 1 ကိုတော့ စင်္ကာပူ ပညာရေး ဝန်ကြီး၊ NE Show 2 ကိုတော့ စင်္ကာပူကာကွယ်ရေးဝန်ကြီး၊ NE Show 3 ကိုတော့ စင်္ကာပူပါလီမန် ဥကဌ
အသီးသီးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
NE Show များအပြီးမှာတော့ August လပထမ စနေနေ့မှာတော့ NDP Preview လို့ခေါ်တဲ့ ကံစမ်းမဲနဲ့ လက်မှတ်ရရှိထားတဲ့ ပြည်သူတွေကို ဖျော်ဖြေတဲ့ ပွဲဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံ ဒုတိယဝန်ကြီးချူပ် တက်ရောက်ချီးမြှင့်ခဲ့ပြီး ပွဲမစတင်မီအချိန်မှာ Base ဖြစ်တဲ့ F1 Pit Building မှာအခြေပြုနေတဲ့ Volunteer များနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဓာတ်ပုံများ လာရိုက်သွားပါသေးတယ်။ သွားနှုတ်ဆက် စကားပြောတဲ့ လူတိုင်းကို ပြန်နှုတ်ဆက်စကားပြောပြီး အနီးမှာရှိတဲ့ လုံခြုံရေးကိုယ်ရံတော်ကတချက်မှ အနှောက်အယှက် ပေးတာ မရှိပါဘူး။ Preview ပြီးလို့ ၅ ရက်အကြာမှာတော့ (၄)လ ကြာအပင်ပန်းခံ အချိန်တွေ အများကြီး ပေးပြီး ကြိုတင်ပြင်ဆင်ခဲ့ကြရတဲ့ National Day 2012 ကိုရောက်ရှိလာပါတော့တယ်။ ပထမစုရပ်ဖြစ်တဲ့ Tampines က SSA Headquarters မှာနေလည် (၁) နာရီကစလို့ စုစည်းကြရပါတယ်။ Preview မှာ ဖျော်ဖြေခဲ့တဲ့ Video ကိုပြန်ပြပြီး လိုအပ်တာတွေ ကို နောက်ဆုံးလေ့ကျင့်ညွှန်ကြားချက်များ ပေး၊ ဆုတောင်းဘုရားရှိခိုးပြီး Bus ကားအသီးသီးနဲ့ F1 Pit Building ကိုချီတက်ကြပါတယ်။ Actual Day ဖြစ်တာနဲ့ အမျှ President , Prime Ministers နှင့် ဝန်ကြီးအဖွဲတစ်ခုလုံး၊ ပါလီမန်အမတ်များအားလုံး တက်ရောက်ကြမှာဖြစ်တဲ့အတွက် အထူးတင်းကြပ်လှတဲ့ လုံခြုံရေးရှာဖွေမှုကြောင့် နေပူထဲမှာ တန်းစီကြရ တဲ့အတွက် အနည်းငယ်တော့ စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။
Singapore Police Force (SPF) ကနေ ရွေ့လျားနိုင်သောရှေ့တန်းစစ်ဆင်ရေးညွှန်ကြားမှုယာဉ် (Police Forward Command Vehicle) တစ်စင်းအခြေချပြီးတော့ များပြားလှစွာသော ရဲတပ်ဖွဲ့ဝင်တွေအသုံးပြုပြီး လုံခြုံရေးရယူခဲ့တာတွေ့ရပါတယ်။ စင်္ကာပူတပ်မတော် ဆေးတပ်ကနေ ရွေ့လျားနိုင်သောစစ်မြေပြင် ဆေးရုံ (၂)စင်း၊ တပ်မတော်သူနာတင်ယာဉ် (၁၀) စင်း၊ အရေးပေါ်ဆေးခန်း (၃) တို့နဲ့ ရုတ်တရက် နာမကျန်းဖြစ်မှု နဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ဝန်ဆောင်မှုပေးနိုင်အောင် ကြိုတင်စီစဉ်ပြင်ဆင် ထားတာတွေ့ရပါတယ်။ ဒါ့အပြင် Singapore Civil Defence Force ကနေ Mobile Commanding Vehicle (၂) စင်း၊ မီးသတ်ယာဉ် (၅) စင်းတို့နဲ့ မီးလောက်ပေါက်ကွဲမှုဖြစ်ပွားပါက လက်ဦးမှုရယူဖို့ ပြင် ဆင် ထားရှိပါတယ်။
NDP 2012 အတွက် အပိုင်း (၅) ပိုင်းနဲ့ ဖျော်ဖြေခဲ့တာဖြစ်ပြီး ပထမပိုင်းအတွက် Pre-Parade Show၊ ဒုတိယပိုင်းအတွက် Reflection of Our Identity လို့ခေါ်တဲ့ လူမျိုးဘာသာပေါင်းစုံ တစ်နိုင်ငံထဲမှာ ညီတူ ညီမျှစွာယှဉ်တွဲနေထိုင်ခြင်း အတွက် သရုပ်ဖော်ကပြဖျော်ဖြေတဲ့ အပိုင်းဖြစ်ပါတယ်။ တတိယပိုင်းအတွက် ကတော့ ကျနော်တို့ ဖျော်ဖြေကြရတဲ့ Reflection of our Spirit လို့ ခေါ်တဲ့ ယနေ့စင်္ကာပူ အတွက် အတိတ်က ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်း အောင်နိုင်ခဲ့ကြရပြီး အနာဂါတ်မှာ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သွားမယ် ဆိုတာကို သရုပ်ဖော်တင်ဆက်သွားတဲ့အပိုင်းဖြစ်ပါတယ်။ အပိုင်း (၄) ကတော့ Reflection of Our Love လို့ခေါ်တဲ့နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ပြီး၊ တစ်နိုင်ငံလုံးရဲ့ အိပ်မက် တစ်ခုဖြစ်တဲ့ Singapore Garden City ကို စင်္ကာပူတစ်နိုင်ငံလုံး ကြိုးစားမှုရဲ့ ရလဒ်နဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကို သရုပ်ဖော်တင်ဆက်သွားတာဖြစ်ပါတယ်။ နောက်ဆုံးအပိုင်း ကတော့ စင်္ကာပူအမျိုးသားနေ့ အောင်ပွဲအဖြစ် NDP 2012 Theme ဖြစ်တဲ့ Loving Singapore Our Home ဖြစ်ပြီး ဖျော်ဖြေတင်ဆက်သူ Volunteer များ၊ ဝန်ကြီးချူပ် အပါအဝင်အစိုးရထိပ်တန်း ခေါင်းဆောင် များ နဲ့ ပရိတ်သတ်များအားလုံး Floating Platform ပေါ်ဆင်းပြီး အမျိုးသားအောင်ပွဲကို အတူတကွဆင်နွှဲကြပါတယ်။
August လ တတိယအပါတ်မှာတော့ Singapore Soka Association ရဲ့ NDP 2012 အောင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး NDP 2012 Organization Committee Chairman တက်ရောက်ချီးမြှင့်ခဲ့ပြီး၊
ပါဝင်ကူညီသူအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးခဲ့ပါတယ်။ (၄)လကြာ ဖြတ်သန်းခဲ့တဲ့ NDP Journey ရဲ့ ခရီးလမ်းဆုံးတစ်ခုဖြစ်ပြီး ကျနော့်ဘဝရဲ့ အမှတ်တရ များစွာထဲက အမှတ်တရ အဖြစ်ဆုံး အဖြစ် မှတ်တမ်းတင်ရင်း နိဂုံးချုပ်ပါတယ်။ ဖတ်ပေးတဲ့ သူအားလုံးကိုလဲ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-82473588978633960822012-05-19T11:51:00.001+08:002012-05-19T12:23:12.606+08:00ပြည်တော်ပြန် အလုပ်လုပ်ကြမှာလား ...
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
၂၀၁၂ ခုနှစ် မေ လ ၁၇ ရက်နေ့မှာတော့ ဆယ်စုနှစ် အတန်ကြာပိတ်ဆို့ထားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုများထဲကအရေးကြီးပြီး အရာရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုများဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု အသစ်များ နဲ့ Finance ဆိုင်ရာပိတ်ဆို့မှုများကို ယာယီဆိုင်းငံလိုက်ကြောင်းသတင်းကောင်း ကြားလိုက် ရပါတယ်။ ပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံပြီး ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ခွင့်ပြုဖို့အတွက် အမေရိကန် ပြည်ထောင်စု အစိုးရကနေ ခွင့်ပြုမိန့်ပါမစ်တွေကို ထုတ်ပေးမယ်လို့လဲ ဆိုပါတယ်။ ဘယ်အချိန်မှာမှန်း မသိပေမယ့် အမြန်ဆုံး ၂၀၁၂ နှစ်ကုန် သို့မဟုတ် ၂၀၁၃ နှစ်လည်ပိုင်းလောက်မှာ ဖြင့်နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ကျနော်တော့ထင်မြင်မိပါတယ်လောလောဆယ်တော့ နိုင်ငံတကာ ကော်ပရေးရှင်းကြီးတွေ ဝင်ရောက် လာနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ အမြောက်အမြား လိုအပ်နေပါသေးတယ်။ လျှပ်စစ်မီးအလုံအလောက်ရရှိနိုင်ဖို့နဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ၊ ဆက်သွယ်ရေး နဲ့ အလွန်အရေးကြီးတဲ့ လူစွမ်းအားအရင်းအမြစ်တွေ အမြောက်အမြားလိုအပ်လျှတ်ရှိနေ ပါတယ်။
အခြားလိုအပ်ချက်တွေကို အစိုးရအနေနဲ့ ဖြည့်စီးပေးနိုင်ဖို့ မဟာဗျူဟာများချမှတ်လုပ်ဆောင်မယ်၊ အစိုးရအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာဌာနများကနေပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ဖြစ်နိုင်လိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ သို့သော် အလွန်အမင်းလိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေရရှိဖို့ အတွက်ကတော့ ကျနော်တို့ နိုင်ငံနဲ့ နိုင်ငံတကာ ကော်ပရေးရှင်းကြီး များအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ အင်ဂျင်နီယာဘွဲ့နှင့် လုပ်ငန်းအတွေ့အကြုံရှိပြီးသော၊ ဘွဲ့ရရှိပြီး လုပ်ငန်းအတွေ့အကြုံ မရှိသေးသောအင်ဂျင်နီယာပေါင်းစုံ၊ ကွန်ပြူတာပညာရှင်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပညာရှင်များ အမြောက်အများဟာ အမိမြန်မာနိုင်ငံကနေထွက်ခွာလာလိုက်ကြတာ အခုဆို နိုင်ငံတွင်း ပညာရှင်ရှားပါးမှုကို အကြီးအကျယ်ရင်ဆိုင်နေရတွေ့ရပါတယ်။
နိုင်ငံတကာ ကော်ပရေးရှင်းကြီးများ မဝင်ရောက်ခင်မှာ လိုအပ်နေတဲ့ လူစွမ်းအားအရင်းအမြစ်တွေကို ပြည်တွင်းရှိ အင်အားကြီး Company ကြီး များကလက်ဦးမှုရယူပြီး အမိမြန်မာပြည်အတွင်းကို ပညာရှင်တွေ ပြန်လည်ခေါ်ယူခန့်ထားနိုင်ဖို့ကြိုးစားလာကြတာကိုယခုနှစ်ဆန်းပိုင်းလောက်ကစပြီးတွေ့ရှိလာရပါတယ်။
ပထမဦးဆုံး သတိထားမိတာကတော့ FMI Co.,Ltd လို့ လူသိများတဲ့ Serge Pun & Associates (Myanmar) SPA. ရဲ့ အလုပ်ကြော်ငြာ ကို Singapore Strait Time စနေသတင်းစာရဲ့ Executive Recruit ကော်လံမှာပါ။ Position တစ်ခုချင်းစီကို ခေါ်ယူတာမဟုတ်ပဲ သူရဲ့ မြောက်များလှစွာသော လုပ်ငန်းကြီးများအတွက် ခြုံငုံပြီး Project Management ၊ Engineering ၊ Sales & Marketing ၊ Investment နဲ့ Administration ဆိုင်ကျွမ်းကျင်သူများကို အမိမြန်မာပြည်မှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ခေါ်တဲ့ကြော်ငြာဖြစ်ပါတယ်။ Singaporean and PR preferred ဆိုတာတွေ နဲ့သာ ရင်းနှီးနေတဲ့ကျနော်တို့အတွက်၊ ကြုံတောင့်ကြုံခဲ စင်္ကာပူ Executive Recruitment ရဲ့အောက်ကကြော်ငြာမှာ SPA ရဲ့ Myanmar Nationality Preferred ဆိုတာကို ဖတ်ရတော့ ခံစား ရတဲ့ ခံစားမှုက နည်းနည်းတော့ တမျိုးပါပဲ။ ဒီနောက်ပိုင်းမှာတော့ SPA ဟာ စင်္ကာပူမြန်မာများ အမြဲဝင်လေ့ရှိတဲ့ website တွေမှာပါ ကြော်ငြာတွေ ထည့်ပြီး သူရဲ့ အိမ်ယာအရောင်းပြပွဲမှာ အလုပ်လျှောက်လွှာ တွေလာတင်နိုင်ကြောင်းဖိတ်ခေါ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူRecruitment Agency တစ်ခုကိုလဲ အသုံးပြုပြီးတော့ လူစွမ်းအားအရင်းအမြစ်တွေ စုဆောင်းခဲ့တာ ကို ဝမ်းမြောက်ဖွယ် ရာတွေ့ရပါတယ်။
သူ့နောက်ကနေတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Company ကြီးများထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Myint & Associates Co.,Ltd ဟာလဲ သူ့ Company ရုံးချူပ်ကို ထပ်မံတည်ဆောက်တဲ့နေရာမှာ အလုပ်လုပ်ဖို့အတွက် Mechanical Engineer နဲ့ Electrical Engineer တွေကို စင်္ကာပူသတင်းစာကနေပြီးတော့ ခေါ်ယူပြီး မြန်မာနိုင်ငံမှာ ပြန်လည်အလုပ်လုပ်ဖို့အတွက် ဖိတ်ခေါ်ခဲ့
တာတွေ့ရပါတယ်။ အခုနောက်ဆုံးအနေနဲ့ ကတော့ Forever Group ရဲ့ MRTV 4 ကလဲပဲ Event Coordinator နဲ့ Designer တွေကို စင်္ကာပူ shweroom website ကနေကြော်ငြာခေါ်ယူခဲ့ပြန်ပါတယ်။
မြန်မာပြည်တွင်း လုပ်ငန်းကြီးများကနေ ခေါ်ယူတဲ့ အလုပ်ကြော်ငြာ ကိုကြည့်ခြင်းဖြင့် ပြည်တွင်းမှာ ကြွမ်းကျင်အလုပ်သမားရှားပါးမှုနဲ့ရင်ဆိုင်နေရတာသိသာထင်ရှားတယ်လို့ကျနော့်အနေနဲ့တော့ထင်မြင်ယူဆပါတယ်။ ပြည်တွင်းလုပ်ငန်းကြီးတစ်ခုကနေ ပြည်ပမှာရှိတဲ့ မြန်မာဝန်ထမ်းများပြန်လည်ခေါ်ယူ ခန့်အပ်ရေးအတွက် အထူး ဌားရမ်းထားတဲ့ လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ အတိုင်ပင်ခံတစ်ယောက်နဲ့ မထင်မှတ်ပဲ တွေ့ကြုံစကားပြောဖြစ်တော့ သူက နောင်လာမည့် အနာဂါတ်မှာ ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာကော်ပရေးရှင်းကြီးများ အနေနဲ့လိုအပ်တဲ့ မန်နေဂျာများကိုအနီးစပ်ဆုံးဖြစ်တဲ့စင်္ကာပူကနေ ခေါ်ယူကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ သူတို့လိုအပ်တဲ့ ဝန်ထမ်းများရှာဖွေရတာ အင်မတန်ခက်ခဲနေတဲ့အကြောင်းပြောပြပါတယ်။ မြန်မာများကို စီမံအုပ်ချုပ်ရမှာဖြစ်တဲ့အတွက် မြန်မာလိုတက်တဲ့ မြန်မာတစ်ယောက်ထက်ပိုမို သင့်တော်တဲ့လူမျိုးမရှိနိုင်ကြောင်း၊ နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးမှုနဲ့ စီးပွားရေးဖွံဖြိုးမှုဟာ အနှေးနဲ့ အမြန်ဆိုသလိုဖြစ်ပေါ်လာမှာဖြစ်တဲ့ အကြောင်း သူရဲ့ ထင်မြင်ချက်ကိုပြောပြပါတယ်။
ဟုတ်ပါတယ်ကျနော်တို့လဲဒီလိုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ကြပါတယ်။သို့သော်ဘယ်တော့လောက်မှာ ဖြစ်မလဲဆိုတော့ တော့စောင့်ကြည့်လေ့လာကြရအုံးမှာပါ။ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုး အများစုအနေနဲ့တော့ ကိုယ်နိုင်ငံကိုယ်ပြန်ပြီး အလုပ်လုပ်ချင်ကြမှာပါပဲ။ သို့သော်လုပ်ခလစာ ဘယ်လောက်ရကြမှာလဲ ? ဆိုတဲ့ မေးခွန်းဟာ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ။ ကိုယ်နိုင်ငံကိုယ် ပြန်လုပ်လို့အချို့သောစားရိတ်စကများသက်သာသွားမယ်ဆိုပေမယ့်နေထိုင်စားရိတ်တစ်ခု လောက်ပဲ ရှိမှာဖြစ်ပြီး အခြေခံစားကုန်တွေနဲ့ ခရီးစားရိတ်တွေက သိပ်တော့ မထောင်းသာလှပါဘူး။ ဒါ့အပြင် မြို့တွင်းသွားတဲ့ bus နဲ့ ပို့ဆောင်ရေးစနစ်ကဖွံဖြိုးမှုမရှိသေးတာနဲ့ အလျှောက်သွားလာရေးမှာ အခက်အခဲ၊ Telecommunication ကလဲ တခါတယံမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုမရသေးတာဟာလည်း ကျနော်တို့အတွက် စဉ်းစားစရာတွေပါ။
စင်္ကာပူမှာအနိုမ့်ဆုံးလစာစင်္ကာပူဒေါ်လာ ၂၀၀၀နှင့်အထက်ရရှိနေတဲ့အင်ဂျင်နီယာတစ်ယောက်ကတော့ မြန်မာနိုင်ငံကအလုပ်တွေက သူဒီမှာ ရရှိနေတဲ့ လစာအနေအထားမျိုးရမယ်ဆိုရင်တော့ ဒီမှာတက်နေတဲ့ ဘွဲ့လွန်ဒီပလိုမာပြီးရင် ဖြင့်ကိုယ်နိုင်ငံကိုယ် ပြန်ပြီးအလုပ်လုပ်နိုင်ကြောင်းပြောပြပါတယ်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ကော်ပရေးရှင်းအဆင့် MNC Company ကြီးတစ်ခုမှာ စာရင်းဆိုင်ရာအရာရှိအဖြင့် အလုပ်လုပ်နေတဲ့ Account Executive တစ်ယောက်ကတော့ လစာရရှိမှုအနေအထားအပြင် သွားလာရေးလွယ်ကူဖို့မြန်မာပြည်တွင်း company တွေကဖြည့်ဆည်းစီစဉ်ပေးနိုင်တာတွေ စင်္ကာပူမှာရရှိနေကျ ဖြစ်တဲ့ နှစ်စဉ်ဆုကြေးအဖြစ် လစာငွေရဲ့၂ ဆ ကနေ ၄ ဆ အထိရရှိတာတွေ ကို ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။ စင်္ကာပူရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအနေနဲ့ ပြည်တွင်းပြန်လည်အလုပ်လုပ်နိုင်ဖို့အတွက် တူညီသောလစာပေးသည့်တိုင်အလွယ်လေးစဉ်းစား မဆုံးဖြတ်နိုင် ပါဘူး။ သူတို့အတွက် လစာအပြင် စင်္ကာပူဥပဒေအရမဖြစ်မနေစုဆောင်းရတဲ့ CPF စုငွေ၊ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးရတဲ့ လစာအပြင် CPF ၁၅.၅%၊ အခြားကျန်းမာရေးဝန်ဆောင်မှု များ အတွက် စင်္ကာပူအစိုးရဖက်ကဖြည့်ဆည်းပေးတာတွေ စတဲ့ လစာအပြင်အခြားသော ခံစားခွင့်တွေကို ပါထည့်သွင်းစဉ်းစားကြရမှာပါ။ ဒါ့အပြင် မြန်မာအလုပ်သမားဥပဒေအနေနဲ့ စင်္ကာပူ Employment Act လိုတိကျခိုင်မာမှုမရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ပြည်တော်ပြန်အလုပ်လုပ်ဖို့အတွက် လောလောဆယ် စောင့်ကြည့်လေ့လာရေးမူဝါဒကိုကိုင်ဆွဲပြီး ဆက်လက်စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။
အခကြေးငွေ ဖြင့်ထုတ်ဝေသည့် မည်သည့် media တွင်မဆိုထည့်သွင်းဖော်ပြခြင်းမပြုပါရန် လေးနက်စွာ
မေတ္တာရပ်ခံပါသည်။ Social Network Facebook နှင့်အခြား ကိုယ်ပိုင် Blog များတွင်ဖော်ပြလိုပါက
myanmarinsingapore မှတဆင့်နှင့် ကျနော်၏ Blog မှနေပြီး ရှယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-71202832706741849152012-05-11T15:58:00.001+08:002012-06-06T15:56:09.841+08:00စင်္ကာပူ တွင် (၆) နှစ်ကြာသောအခါ
အခုလာမည့် ဇွန်လ (၆) ရက်နေ့ဆိုရင်စင်္ကာပူမှာနေလာတာ (၆) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ Great Singapore Sales ကျင်းပတဲ့ အချိန်ကာလ ဖြစ်တာကြောင့် GSS ကြော်ငြာတွေစတွေလာတာနဲ့ ကျနော်စတင်ခြေချခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကို သတိမရပဲကို မနေနိုင်ပါဘူး။ ၂၀၁၀ မှာရေးခဲ့တဲ့ စင်္ကာပူ မှာ (၄) နှစ်ကြာသောအခါမှာတော့ ရန်ကုန်ကနေ စတင်ထွက်ခွာလာခဲ့တဲ့အကြောင်း၊
၂၀၁၁ မှာရေးခဲ့တဲ့ စင်္ကာပူမှာ (၅) နှစ်ကြာသောအခါ post မှာ ကျနော်အလုပ်လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းတွေ ရေးခဲ့ပြီးတဲ့နောက် အခု ၂၀၁၂ (၆) နှစ်ကြာသောအခါမှာတော့ ဘာရေးရမှန်း တွေးလို့မရဖူးဖြစ်နေပါတယ်။ (၆) နှစ်ပြည့်လာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင် ပဲ (၆) ခုမြောက် အလုပ်အသစ်တစ်ခုမှာ အလုပ်စဖြစ်ပါတယ်။ ဒီတော့ အသစ်အလုပ်လုပ်နေတဲ့ အလုပ်အကြောင်း လေး နဲ့ အိမ်ဌားရတဲ့အကြောင်းအတွေ့အကြုံလေးရေးမယ်စိတ်ကူးမိပါတယ်။
တကယ်တော့ ဒီအိမ်ဌားတင်တဲ့အကြောင်းကို သီးသန့်ပိုစ့်တစ်ခုအနေနဲ့တင်မယ် စိတ်ကူးပေမယ့် သူများအကြောင်းမကောင်းတာကို
blog ပေါ်မှာအကျယ်တပွင့် ရေးတယ်ဖြစ်မှာဆိုးတာရယ်၊ ဒီမကောင်းကြောင်းတွေကိုလဲ သီးသန့်ကြီးချမရေးလိုတာရယ်ကြောင့် ဒီပိုစ့်
နဲ့အတူ နည်းနည်းထည့်ရေးလိုက်တာပါ။ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ပါပါး ရန်ကုန်ပြန် တလှည့်ပြန်သွားနေတော့ ကျနော့်တိုက်ခန်းမှာ
အိပ်ခန်း (၂) ခန်းရှိတဲ့အထဲက တစ်ခန်းကို ပြန်ဌားဖို့လုပ်လိုက်ပါတယ်။ တိုက်ခန်းခတွေကဈေးကြီးတော့ ဒီလိုမှရှယ်မနေရင် ရတဲ့ငွေနဲ့
ခက်ခက်ခဲခဲ ဖြတ်သန်းရမှာပါ။ အခန်းခကိုတော့ တခန်းလုံးကို (၂) ယောက်နေဖို့ ၈၅၀ အပြီးအစီးတောင်းလိုက်ပါတယ်။ အဲကွန်းကိုလဲ
ကန့်သတ်ချိန်မထားပဲ သင့်တော်သလိုကြည့်ဖွင့်လို့ပြောထားလိုက်တယ်။ ကိုယ်က အိမ်ဌားတဲ့အတွေ့အကြုံမရှိတော့ စည်းမျဉ်းစည်း
ကမ်းတွေကိုလဲ အတိအကျမပြောတော့ပဲ အများသူဌာရှိတဲ့ basic house rules ပဲလို့ပြောလိုက်ပါတယ်။ ပထမဆုံးအိမ်ဌားအနေနဲ့
ပေါ်လီနောက်ဆုံးနှစ်ကျောင်းသားနဲ့ ဒီမှာကျောင်းပြီးတဲ့ အင်ဂျင်နီယာကောင်လေး သူငယ်ချင်း (၂) ယောက်လာဌားနေကြတယ်။
ကျနော့်တိုက်ခန်းမှာ ထမင်းဟင်းကိုတော့ပေးမချက်ပဲ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ခေါက်ဆွဲတော့ ပြုတ်လို့ရတယ်ပေါ့ဗျာ။
ပထမပိုင်းမှာတော့ ခေါက်ဆွဲပဲပြုတ်ပါတယ်၊ နောက်ပိုင်းမှာတော့အင်ဂျင်နီယာကောင်လေးကဟိုဟာလေးဒီဟာလေး ကြော်စားချင်လို့ ပါဆိုပြီး ကျနော့်အမေဆီကနေ ဆီတောင်းပြီး ကြော်ပါတယ်။ ဒီလိုဟာက အကြိမ်ရေစိတ်လာတော့ လုံးဝပေးမကြော်တဲ့အကြောင်းပြော ပြီးပိတ်ပင်လိုက်ရပါတယ်။ သူနဲ့ပဲတောက်ရှောက်ကြီးကြီးမားမား ပြသနာတွေမဟုတ်ပဲနဲ့ ညဖက်တညလုံး အခန်းထဲက တီဗွီဖွင့်ပြီးအိပ်
ပျော်နေတာတို့၊ ထီးဌားသွားပြီးပြန်ပေးဖို့အကြိမ်ကြိမ်တောင်းရတာတွေ၊ အိမ်ခန်းထဲမှာ ဘီယာတွေသောက်ပုလင်းတွေကို အမှိုက်ပစ်
တဲ့ Tube ကနေတခွမ်းခွမ်းပစ်ချတာ စတဲ့ သေးသေးဖွဲဖွဲ တွေပေါင်းလာတော့ ကျနော်လဲ သည်းမခံနိုင်တာနဲ့ သူတို့ကိုမကြိုက်တဲ့
အချက်တွေစာနဲ့ ချရေးပေးပြီး တကယ်လို့ အစဉ်မပြေရင်ပြောင်းနိုင်ပါတယ်လို့ လမ်းဖွင့်ပေးတော့ အင်ဂျင်နီယာကောင်လေးက သူနဲ့တူတူပါလာတဲ့ သူ့သူငယ်ချင်းကောင်လေးကိုထားခဲ့ပြီး ပြောင်းမယ်လို့ အကြောင်းကြားပါတယ်။ ကျနော်လဲ (၁) လ နို့တစ်ပေး
ဖို့သဘောတူထားပေမယ့် သူလဲအနေကြပ်ကိုယ်လဲအနေကြပ်ဖြစ်မှာဆိုးလို့ နေဖို့နေရာရတာနဲ့ ပြောင်းနိုင်တယ်ဆိုတော့ သူလဲ
လကုန်တာနဲ့ ပြောင်းသွားခဲ့ပါတယ်။
ကျန်ခဲ့တဲ့တစ်ယောက်ကိုတော့ ပထမပိုင်း တူတူပြောင်းခိုင်းမယ်ကြံပေမယ့် နောက်တော့ နောက်တစ်ယောက်ပဲရှာလိုက်ပါမယ်ဆိုပြီး
ကြော်ငြာထည့်ရှာပါတယ်။ အဲ့ဒီမှာ NTU Master ဆင်း အသက် ၃၀ နဲ့ ၄၀ ကြား အိမ်ဌားတစ်ယောက်ထပ်ရပါတယ်။ အဲ့ဒီမှာ ကျနော်
တို့ မြန်မာစကားပုံ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတာနဲ့စတွေ့ပါတော့တယ်။ သူကတော့ ဒီမှာနေတာကြာတဲ့
သူဖြစ်လို့ စည်းကမ်းတွေကိုတော့ အတော်လေး တိတိကျကျ လိုက်နာပါတယ်။ ကျနော့်အိမ်မှာ ခုနကပြောခဲ့သလို ချက်စားလို့မရဖူး
light cooking ဖြစ်တဲ့ ခေါက်ဆွဲပြုတ်လို့ရတယ်ဆိုတာမှာ ဒီလူဟာ ညစဉ်ညတိုင်း ခေါက်ဆွဲပြုတ်ပါတယ်။ ခေါက်ဆွဲပြုတ်တာရိုးရိုးပြုတ်
ရင်ကျနော့်အနေနဲ့ပြောဖို့မရှိပေမယ့် သူ့ပြုတ်ပုံကကြေးအိုးချက်သလို အသားစိမ်းတွေ၊ အရွက်တွေနဲ့ကို တခါပြုတ်၊ ခေါက်ဆွဲကိုပြုတ်
ဒါမတိုင်မီမှာ အသားငါး၊ ပုဇွန်စတာတွေကို လှီးဖြတ်တာ၊ ပုဇွန်အခွန်နွှာတာစတာတွေက processing တစ်ခုလုံးကို (၁) နာရီကျော်ကြာ
ပါတယ်။ နောက်ဒီဟာကိုစားတဲ့အခါမှာလဲအသံမျိုးစုံပါးစပ်ကထွက်ပြီး စားသောက်တာကနောက်ထပ်အနည်းဆုံး မိနစ် ၄၀ကြာပါတယ်။
ကျနော်က စလုံးအိမ်မှာ စင်္ကာပူသက်တမ်းရဲ့ တစ်ဝက်လောက်နေလာတော့ light cooking ကို definition ဖွင့်တဲ့အခါမှာ သူခေါက်ဆွဲ
ပြုတ်တာနဲ့ အတော်လေးခြားနားနေတာတွေ့ရတော့ အတော်လေးစိတ်မချမ်းသာရပါဘူး။ နောက်တစ်ခုက ဘယ်နေရာပဲနေနေ၊ သူ့
အခန်းထဲမှာဖြစ်လို့ အခန်းဖော်ကောင်လေးရှိနေ မနေနေ သီချင်းကိုအော်ဟစ်ဆိုတယ်၊ မီးဖိုမှာလဲ ပဲ အော်ဟစ်ဆိုလိုဆို၊ ရေဒီယိုကို
တစ်အိမ်လုံးကြားရလောက်အောင်ဖွင့်ပြီး ဘယ်သူ့မှဂရုမစိုက်ဖူးဟေ့ဆိုသလို နေပါတယ်။ တအိမ်လုံးမှာရှိတဲ့ အိမ်ရှေ့တံခါး၊ အိပ်ခန်း
တံခါး၊ Fridge တံခါးမကျန် ဆောင့်ပိတ်ပြီးအသံမမြည်ရရင်ကို မကြိုက်တဲ့သူပါ။ ကျနော့်အမေက အပြင်မှာအိပ်တော့ သူ့ဒဏ်ကိုအခံရ
ဆုံးဖြစ်ပြီး တစ်ညအမေကမခံနိုင်လို့ ပြောတော့ သူကပဲ ကျနော့်အမေကို ပြန်ရန်တွေ့ပြီး တဲ့အထိဆိုးလာပါတယ်။ တအိမ်လုံးမှာသူပါ
မှ (၅) ယောက်ရှိတာ (၄) ယောက်က သူ့ကိုမကြိုက်တော့မှန်းသိတော့ နောက်တစ်ရက်မနက်မှာ ကျနော့်စီဖုံးဆက်ပြီး ပြောင်းတော့
မယ်ဆိုတဲ့အကြောင်းပြောပါတယ်။ မှတ်မှတ်ရရ ဖေဖဝါရီ (၁၃) ရက်ပါ။ ကျနော်က ဖေဖဝါရီလကုန်မှာ ပြောင်းချင်လဲရပါတယ်ဆိုတော့
မဟုတ်ဖူး မတ်လကုန်မှပြောင်းမယ်ဆိုပြီးပြောပါတယ်။ အဲ့တုံးက ဒီထက်မကပြသနာကြီးလာလိမ့်မယ်လို့မထင်လို့ ရပါတယ်ပြောလိုက်
မိတယ်။ နောက်နေ့ကစပြီးတော့ မှ အရင်ကထက်ပိုပြီး ဆိုးလာပြီး ကျနော့်အမေကို အဓိကထားပြီးတိုက်ခိုက်တာ ကျနော့်အမေခမျာ
ညဖက်အိပ်လို့မရလို့ သူများအိမ်မှာ သွားနေရတဲ့စီကိုတောင်ရောက်လာတော့ ကျနော်လဲ မနေနိုင်တော့တာနဲ့ ဖေဖဝါရီ (၁၃) မှာသူ
ပြောင်းမယ်ပြောထားတော့ မတ်လ (၁၃) မှာပဲ ပြောင်းပေးဖို့ကောင်းကောင်းမွန်မွန် ပြောပေးမယ့်ကျနော်သူ့ကိုမတ်လကုန်အထိပေး နေဖို့ သဘောတူထားတယ်ပြောပြီး ပြောင်းဖို့ငြင်းဆန်ပါတယ်။ ကျနော့်တသက်မှာ ဒီလောက်အရှက်မရှိတဲ့သူကို ပထမဆုံးမြင်ဖူးတာ
ပါပဲ။ နှင်ချတာတောင်မဆင်းဖူးဆိုတော့ ဘယ်လိုလုပ်မလဲပေါ့။ PR ဆိုပြီးလူပါးဝတာလဲပါတယ်ပေါ့ဗျာ။ ကျနော်လဲ ပြောမရတဲ့အဆုံး
သူခေါက်ဆွဲပြတ်တာကို မကြိုက်တဲ့အကြောင်း light cooking ဟာ ဒါကိုမဆိုလိုကြောင်းပြောပြီး gas ကို လုံးဝမသုံးတော့ ဖို့ ပြောတော့ လဲကျနော် သူစပြောင်းလာထဲက ချက်ခွင့်ပေးထားလို့ သူဒီစည်းကမ်းကိုမလိုက်နာနိုင်ဖူးဆိုပြီး စောဒကတက်ပါတယ်။ ကျနော်လဲဒီတစ်
ခုတော့ အလျှော့မပေးတော့ပဲ ကျနော့် အိမ်နေရာဖြစ်လို့ကျနော့်စည်းကမ်းကို ကြိုက်သလိုထုတ်လို့ရတယ်ပြောပြီးအတင်းပိတ်ပင်တာ
တောင်လက်မခံပါဘူး။ နောက်ဆုံးကျနော့်အခန်းဖော် က ကျနော်တို့ပြောနေတာကို သူနားမလည်ပေမယ့် ပြောနေတဲ့ အသံတွေအရ
အခြေအနေမဟန်တာ သိလို့ ထွက်လာပြီး ပြောတော့မှာ NTU Master သမားကြီးက English စာကို ခွေးအ လှည်းနင်းသလိုဖြစ်ပြီး
နိုင်အောင်မပြောနိုင်တော့ ပဲ အလျှော့ပေးပြီး သူဝယ်ထားတဲ့ ဟာတွေကုန်အောင် (၇)ခါ ချက်ပြီးရင် ဆက်မချက်တော့ ဖူးဆို ပြီး ဇာတ်လမ်း ပြတ်သွားပါတယ်။ နောက်ဆုံးတော့ ကျနော်တို့အတွက် သည်းအခံရဆုံးအချိန် ၁ လကျော်ကြာပြီးတဲ့ အခါမှာတော့ သူလဲ
ပြောင်းသွားပါတယ်။ ပြောင်းတဲ့ရက်မှာတောင် ကျနော်အမေက ပစည်းတွေ သေခြာစစ်သွားဖို့ ဘာမှမကျန်ခဲ့ဖူးဆိုတာ ပြောတာကိုသူ
က အခန်းစစ်ခိုင်းတာ ကျန်တာဘာမှပြောမနေနဲ့ဆိုပြီး ရန်ထောင်သွားပါသေးတယ်။ ဒီလူနောက်ပိုင်းမှာတော့ learning from experience ဆိုသလို အရင်ကဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ ကြီးချရေး၊ ခေါက်ဆွဲကိုလဲ gas နဲ့လုံးဝမပြုတ်ခိုင်းတော့ပဲ တစ်ခုခုဖြစ်တာနဲ့ စိတ်ထဲထားမနေတော့ပဲ ချက်ချင်း action ယူပြီးလုပ်ခိုင်းတဲ့ Policy ကိုပြောင်းသုံးပါတော့တယ်။
အခုတော့ ကျနော့်တိုက်ခန်းမှာ ဟိုး ပထမဆုံးစဌားနေတဲ့ ပေါ်လီကျောင်းသား (ယခုတော့ ကျောင်းပြီးလို့ အလုပ်လုပ်နေ) ကောင်လေး
တစ်ယောက်နဲ့ နောက်လာနေတဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ ပေါ်လီဆင်းကောင်လေးဆို စစလာနေချင်းက စည်းကမ်းနဲ့
ပတ်သတ်ပြီး အတော်လေး ပြသနာများပေမယ့် အခုဆိုအများကြီးတိုးတက်ပြောင်းလဲသွားပါပြီ။ အိမ်ဌားတဲ့ အကြောင်းပြီးတော့ ကျနော့်
အလုပ်အကြောင်းဆက်ပြောတာပေါ့ဗျာ။
၂၀၀၉ ခုနှစ် နိုဝင်ဘာလနေ စတင်အလုပ်လုပ်ခဲ့တဲ့ ဂျပန်ပိုင် MNC Company ကြီးဖြစ်တဲ့ Sankyu Singapore ကနေ တကယ့် တကယ်တန်းတော့ အလုပ်ပြောင်းဖို့ စိတ်ကူး ကြီးကြီးမာမား မရှိခဲ့ပါဘူး။ ပေးထားတဲ့လစာက အများကြီးလဲမဟုတ်သလို၊ အနည်းလေး လဲမဟုတ်ပါဘူး။ အခြားခံစားခွင့်တွေဖြစ်တဲ့ အကန့်အသက်မရှိ ဆေးကုသခွင့်တွေ၊ အထူးကုဆရာဝန်ကြီးများနဲ့ ဆေးကုသခွင့်၊ အများကြီးမဟုတ်ပေမယ့် better than nothing ဖြစ်တဲ့ နှစ်စဉ်ပုံမှန်ဘောနပ်စ်၊ နှစ်စဉ်လစာတိုး စတာတွေအပြင် Company ရဲ့ကြီးမား ခိုင်မာမှု က ကျနော်ရှေ့ရေးအတွက် လုံခြုံမှုအပြည့်ရှိတယ်ပြောရမှာပါ။ ကျနော်ရုံးစိုက်နေရတဲ့ Section အကြီးအကဲက မလေးရှားဖွား Indian ဖြစ်လို့ သူ့လူမျိုးတွေကို မျက်နာသာပေးတာကလွဲလို့ ကိုယ့်အပေါ်လဲ ဘာဖိအားမှမပေး၊ ဘယ်အရာကိုမှဝင်ရောက်စွတ်ဖက် လေ့မရှိ တာကြောင့် အတော်အေးအေးချမ်းချမ်းရှိတယ်ပြောရမှာပါပဲ။ အခက်အခဲဘာတွေရှိလဲလို့မေးလာရင်ကျနော့်ရဲ့ အလုပ်တာဝန် တွေထဲက တစ်ခုဖြစ်တဲ့ HR Function တွေထဲက အလုပ်သမားတွေနဲ့ဆက်ဆံရေးပါပဲ။ စက်ရုံအလုပ်ဖြစ်တဲ့အတွက် ဝန်ထမ်းခန့်ထား တဲ့နေရာမှာ အလုပ်သမား အဆင့်ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်စကား ပြောဆိုရတာ ခက်ခဲသလို၊ အလွန်ပဲ demanding များတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ အလုပ်သမားလို့ဆိုလို အထင်မသေးနဲ့နော် စောဒကတက်တဲ့ နေရာမှာလဲ စလုံးတွေနဲ့ နင်လားငါလားပါပဲ။ နောက်တစ်ခုကတော့ Middle Management သမားတွေ ကြုံတွေ့နေကျဖြစ်တဲ့ ကြားညှပ်တဲ့ပြသနာပါ။ ကျနော့်တို့အထက် စီမံခန့်ခွဲ ရေးမန်နေဂျာစီကနေ ဒီလအတွက် သို့မဟုတ် ဒီကာလတစ်ခုအတွက် ဘက်ဂျက်သတ်မှတ်ချက်ကတော့ ဒီလောက်ပမာဏပါလို့ သိထားပြီးတဲ့နောက်၊ ခုနကပြောတဲ့အလုပ်သမားတွေ သူတို့ရဲ့ Supervisor တွေကနေလိုအပ်ချက်တွေ ဝယ်ချမ်းဖို့တို့၊ ယူနီဖောင်း မလောက်လို့တို့၊ ဝန်ထမ်းအသစ်တွေအတွက် Safety Shoe ဝယ်ဖို့တို့စတာတွေအတွက်အသုံးလိုလာခဲ့လို့ရှိရင်ရထားတဲ့ဘက်ဂျက် ကနေ လောက်ဌအောင်သုံးရတာ၊ မလောက်လို့မဝယ်ပေးနိုင်ခဲ့ရင် ကပ်စေးနဲတယ်ဘာညာဆိုပြီး ကိုယ့်အပေါ်ညိုငြင်ကြတာ ပါ။ ဘယ်သူကမှ Upper Management ကို သွားပြောကြတာ မဟုတ်ပါဘူး။ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရဲ့ Attendance ကို Bio Metric System တက်ဆင်ထားပေမယ့်လဲ ဒီ System Data တွေကို automatic calculation မလုပ်ပဲ Manual Punch Card ပါသုံးပြီး Manual Data ကိုပဲ အသုံးပြုတာကြောင့် အခြားသောမသမာမှုတွေ အများအပြား လဲ ကြုံတွေ့ရပါတယ်။ ကိုယ့်အထက်ကအရာရှိကတောင် မပြောပဲ မျက်စိစုံမှိတ်နေတော့ ကျနော့်မှာလဲ ဘာမှမပြောသာပါဘူး။ နောက်တစ်ခုကတော့ အလုပ်ချိန်ပါ။ အလုပ်ချိန်ကမနက် ၈ နာရီ ကနေ ၅ နာရီပဲဖြစ်ပေမယ့် မနက်ပိုင်း Transport က Jurong East မှာ မနက် ၆ နာရီ ၄၀ မှာကြိုတာကြောင့်အိမ်ကနေ အစောကြီး ထသွား ရ ပြီးတဲ့နောက် ရုံးကကျနော့်စားပွဲကိုရောက်တဲ့အချိန်က မနက် ၇ နာရီ ၁၀ မိနစ်ပါ။ ညနေကိုယ်က အိုတီမထိုင်လို့ ၈ နာရီခွဲမှ ကြိုပို့အားနဲ့ပြန်တယ်ဆိုရင် အိမ်ကို ည ၉ နာရီကျော်မှပြန်ရောက် ပါတယ်။ တခြားဘာမှလုပ်လို့မရပဲ နေ့စဉ်နဲ့အမျှ ရုံးနဲ့ အိမ်ပါပဲ။
Sankyu Singapore ကနေ အလုပ်ထွက်ဖို့ဖြစ်လာတာကတော့ ကျနော် အမေရိကန် MNC ကြီးတစ်ခုမှာ အလုပ်အင်တာဗျူးရတာ
က စပါတယ်။ ကျနော့် ပိုစ့်တစ်ခုဖြစ်တဲ့ ကျနော်နှင့် အင်တာဗျူးများ အပိုင်း (၁) မှာ အသေးစိတ်ရေးထားပြီးဖြစ်တဲ့ အတွက်အသေးစိတ်
တော့ထပ်မရေးတော့ပါဘူး။ အဲ့ဒီအင်တာဗျူးကမအောင်မြင်ခဲ့တာကြောင့် ကိုယ်ကိုကိုယ်လဲ အတော်တုံးသွားတယ် လို့ ထင်တယ်။ အဲ့ဒီနေ့ကစလို့ ကျနော်အလုပ်မရှိတဲ့အတိုင်း အပြင်းအထန်အလုပ်ရှာပါတယ်။ job portal ကြီးတွေဖြစ်တဲ့ st701 jobDB jobstreet ထဲကနေ resume တွေ ပို့၊ စနေသတင်းစာဝယ်ဖတ်ပြီး e-mail တွေပို့နဲ့ (၂) လနီးပါးကာလ အတွင်း ခန့်မှန်းခြေ အလုပ် (၂၀၀) ကျော်လောက်လျှောက်ထားဖြစ်ပါတယ်။ ဒီလောက်များပြားစွာလျှောက်ပေမယ့် တောင်းထားတဲ့ expected salary ကများတာကြောင့် လား? ကိုယ့် qualification ကလျှောက်ထားတဲ့ အလုပ်တွေနဲ့ ကိုက်ညီမှုမရှိလို့လားမသိ၊ response က (၁) ခုပဲ ရပါတယ်။ ရတာကလဲ Agent ဆီကပါ။ Agent က လိုအပ်တဲ့မေးခွန်းတချို့ e-mail ကမေးပြီး သူ့ Client ကို ပြန်ပြောမယ်ပြောပြီး ပေါ်မလာတော့ ပါဘူး။ ဖေဖဝါရီလဆန်းလောက်ထဲကစရှာလိုက်တဲ့ အလုပ်တွေကနေ မတ်လ ကုန်ပိုင်းလောက်မှာ အင်တာဗျူးတစ်ခုရပါတယ်။ Local Company တစ်ခုမဟုတ်ဖူးဆိုတာ သိရပြီး Company ရုံးကလဲ အိမ်ကနေ ၁၅ မိနစ်လောက် Bus စီးရင်ရောက်တယ်ဆိုတော့ အတော်လေးရချင်ပါတယ်။ US MNC Interview မှာအတွေ့အကြုံတော်တော်ရထားပြီဆိုတော့ ဒီတခါအင်တာဗျူးတော့ ဖြင့် ရအောင်ဖြေမယ်ဆိုပြီး သွားပါတယ်။ Finance and HR Manager နဲ့ Regional Head, MD (၂) ယောက်ဗျူးပါတယ်။ နှစ်ယောက်လုံးက Local ပဲဆိုတော့ ပြောရဆိုရတာ၊ ဆက်ဆံရတာ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင်၊ မေးမြန်း တာတွေကလဲ ပုံမှန်မေးနေကျမေးခွန်းတွေပါပဲ။ လက်ရှိ Sankyu မှာလုပ်နေတဲ့ အလုပ်တာဝန်တွေ၊ အရင်ကလုပ်ဖူးတဲ့ အလုပ်တာဝန်တွေပါပဲ။ ကျနော်ကတော့ အရင်ပြန်မေးနေကျ မေးခွန်းတစ်ခုမဟုတ်တဲ့ကိုယ်အပါအဝင် Short-listed ဘယ်နှယောက်ရှိလဲဆိုတော့ MD က ပြန်မေးနေကျ မေးခွန်းမဟုတ်လို့ အတော်တွန့်ဆုတ်သွားပြီးမှ (၃) ယောက်ရှိကြောင်း ယောင်္ကျားလေး က ကျနော် တစ်ယောက်ထဲသာဖြစ်ကြောင်း ပြောပါတယ်။ ထုံးစံအတိုင်း (၂) ရက်နေရင် အကြောင်းပြန်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။
အင်တာဗျူးသွားဖို့ ရုံးကနေ နေ့တစ်ဝက်ခွင့်ယူသွားပြီး အိမ်ပြန်အဝတ်လဲဖို့လဲ အချိန်မရတာကြောင့် အင်တာဗျူးသွားတဲ့အတိုင်း Formal နဲ့ ရုံးပြန်ရောက်တော့ မန်နေဂျာနဲ့ပက်ပင်းတိုးပြီး တအံ့တသြနဲ့အင်တာဗျူးကပြန်လာတာလား ဆိုပြီးမေးပါတယ်။ ကျနော်လဲ Yes လဲမပြော No လဲမဆိုပဲ ရီပြပြီး ကိုယ့်အခန်းထဲကိုယ်သွား ယူနီဖောင်းလဲ ပြီးအလုပ်လုပ်နေလိုက်တာ။ မန်နေဂျာကမကြာခနပဲ ကျနော့်အခန်းလာပြီး မထိတထိ လာလာအစ်သေးတာ။ ကိုယ်က First Interview ပဲရသေးတော့ အလုပ်ရမှာမသေခြာသေးပဲ ဘာမှမပြောချင်သေးဘူးလေ။ ရုံးရောက်ပြီးတာနဲ့ အင်တာဗျူးခဲ့တဲ့ MD နဲ့ HR ဆီ e-mail ပို့ ကျေးဇူးတင်ကြောင်း၊ မိမိကိုယ် အလုပ်ခန့်ဖို့ထပ်ပြီးကောင်းကြောင်းတွေ လှမ်းပြောပါတယ်။ ညနေစောင်းမှာတော့ HR ဆီကနေ နောက်နေ့မှာ Second Interview လာဖို့ပြောတာကြောင့် အတော်လေးမျှော်လင့်ချက်ထားမိတယ်။ နောက်နေ့အတွက်တော့ Polyclinic သွားပြီး MC ယူပြီး တစ်နေကုန် ပဲ အလုပ်မသွားတော့ ပဲ Second Interview သွားလိုက်တော့တယ်။ Second Interview ကိုတော့ HR and Finance Manager တစ်ယောက်ပဲ ရှိပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ဖတ်ခိုင်းပြီး တစ်ခုချင်းစီရှင်းပြပါတယ်။ နောက်ဒီအလုပ်တွေကိုလုပ်နိုင် မနိုင်မေးပြီး ထင်ထားတဲ့အတိုင်းပဲတောင်းထားတဲ့လစာကို ညှီနှိုင်းပြီး ဘယ်လောက်အနိုမ့်ဆုံးထားနိုင်မလဲ မေးပါတယ်။ ကိုယ်ကလဲ ဒီလိုဈေးဆစ်မယ်ဆိုတာ သိတော့ ဆစ်မယ့် ပမာဏကိုကြိုတင်မြှင့်ထားပြီး ကိုယ်လိုချင်တဲ့ ပမာဏကိုတောင်းလိုက်တယ်။ ပြောပြီးတာ နဲ့တခါထဲHR Manager က ဖိုင်ထဲကနေ Appointment Letter ကိုထုတ်ပေးတာကြည့်လိုက်တော့ ကိုယ်ပြောတဲ့လစာပမာဏကို ကြိုတင်ရေးထားနှင့်ပြီးသားပါ။ သူတို့ကလဲ ဘယ်လောက်ဈေးတင်ထားပြီး ဘယ်လောက်နဲ့ရနိုင်တယ် ဆိုတာကြိုတင်ခန့်မှန်းထား ပြီးသားပါ။ ကျနော်လဲ Appointment Letter ကိုအသေးစိတ်ဖတ်ပြီး တခါတည်း လက်မှတ်ထိုးပေးလိုက် ပါတယ်။ အလုပ်စမယ့် ရက်တော့ Immediate Vacancy ဖြစ်တာနဲ့ အမျှ တပါတ်အတွင်း အလုပ်စဖို့ ပြောပါတယ်။ အခြာခံစားခွင့်တွေကတော့ Sankyu လို အကန့်အသတ်မရှိဆေးကုခွင့် ကလွဲလို့ အားလုံးလိုလိုတူတူလောက်ပါပဲ။
နောက်တစ်ရက် Sankyu မှာရုံးတက်တာနဲ့ အလုပ်မှနှုတ်ထွက်စာကို ရေးပြီး မန်နေဂျာကိုပေးတော့ မန်နေဂျာက သူခန့်မှန်းတာ မှန်နေတာပေါ့တဲ့ မအံသြပါဘူးလို့ပြောပါတယ်။ ထုံးစံအရ (၁)လ ကြိုတင်ပြီးနှုတ်ထွက်ခွင့်တောင်းရမှာဖြစ်ပေမယ့် ဒီဖက်က လိုအပ်ချက်ကြောင့် အလျှင်အမြန်ပဲထွက်ရလို့ Sankyu ဖက်ကို လစာတစ်လစာလျှော်ပြီး ထွက်ရတာပါ။ ကျနော့်ရဲ့အခြေခံလစာက မများတဲ့အတွက် တစ်လစာအတွက် များများစားစားတော့ မပေးလိုက်ရပါဘူး။ လိုအပ်တဲ့ Handover Process ကိုအလျှင်အမြန် လုပ်ပေးပြီးတဲ့နောက်မှာတော့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ Sankyu Singapore ကနေနှုတ်ထွက်ခဲ့ပါတယ်။
ကျနော့်အတွက် New Era ကို တော့ ဆွီဒင်အခြေစိုက် MNC Company တစ်ခုဖြစ်တဲ့ OSM Group နဲ့ဧပြီလ (၃) ရက်နေ့မှ စဖြစ်ပါ တယ်။ Singapore ရုံးကတော့ Sales & Marketing ရုံးလေးတစ်ခုပဲဖြစ်ပြီး Regional Sales Director (၁) ဦး၊ Global Sales Vice-President (၁) ဦးနဲ့ Singapore MD and Asia Pacific Regional Sales Director (၁) ဦး အပါအဝင် အရောင်းမန်နေဂျာ (၃) ဦး၊ Logistics Manager (၂) ဦးနဲ့ HR & Finance Manager (၁) ဦးရုံးထိုင်ပါတယ်။ ကျနော့်အလုပ်တာဝန်ကတော့ VP နဲ့ Directors များ နဲ့ အရောင်းမန်နေဂျာများ ခရီးသွားရင် လေယာဉ်လက်မှတ်တွေစီစဉ်ပေးရတာ၊ MD အတွက် Secretary Service နဲ့ Office တစ်ခုလုံးရဲ့ Administration တွေ ကိုင်တွယ်ရတာပါ။ ဒီ Company ကတော့ သူများနဲ့မတူတဲ့ ထူးခြားတာတစ်ခုက အပါတ်စဉ် သောကြာနေ့တိုင်း ညနေ ၄ နာရီကစပြီး Cozy Friday ဆိုပြီး ပါတီအသေးစားလုပ်တာပါ။ Fridge ထဲမှာ Beer နဲ့ အချိုရည် အပြည့်ရှိ နေဖို့နဲ့စားစရာအမြည်းဘာညာတွေ အဆင်သင့်ရှိနေဖို့ ကြိုတင်စီမံထားရပါတယ်။ MD ကပျော်ပျော်နေတက်လို့ Cozy Friday တိုင်းလိုလို သူကအတက်ကြွဆုံးပါပဲ။ OSM Group ဟာ ကိုယ်ပိုင် Brand အနေဲ့ DICOTA နာမည်နဲ့ Laptop Bag တွေကစလို့ Mobile Phone မျိုးစုံအတွက် ကာဗာတွေ အခြား ကွန်ပြူတာသုံး accessories မျိုးစုံထုတ်လုပ်ရောင်းချပါတယ်။ နောင်များ ကျနော့် သူငယ်ချင်းညီအစ်ကို မောင်နှမများ DICOTA Brand တွေ့ရင် ကျနော့်ကိုသတိရပြီး ဝယ်ယူအားပေးပါလို့ တိုက်တွန်းရင်း ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်ခင်ဗျား။ ဖတ်ပေးတဲ့သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ။
KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com2tag:blogger.com,1999:blog-301180430836970486.post-4028373945340941952012-03-21T12:55:00.008+08:002012-03-22T11:34:35.962+08:00Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၂)
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရ၏ ဝန်ကြီးချူပ်နှင့် စစ်တပ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချူပ်ကြီးသန်းရွှေ စင်္ကာပူသို့အလည်အပတ်လာရောက်
စဉ်ကာလ၌ ကျန်ုပ်နှင့်တွေ့ဆုံချိန်တွင် သူ့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံကိုသွားရောက်လည်ပတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စစ်ခေါင်းဆောင်
တစ်ဦးဖြစ်သော ဗိုလ်ချူပ်ကြီးဆူကာနို အနေဖြင့် စစ်ခေါင်းဆောင်အဖြစ်မှ တိုင်းပြည်သမ္မတ ဖြစ်အောင် ပြုပြင်ပြောင်းလဲလုပ်ဆောင် သွားပုံကိုသွားရောက် လေ့လာသင့်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေအရ စစ်တပ်ကို အစိုးရအဖွဲ့အတွင်းအထူးအရေးပါသည့် နေရာတွင်ထားရှိပြီး ဥပဒေပြုပြင်ပြောင်းလဲရေးများ အတွက်အရေးပါသော စစ်တပ်ကိုယ်စားလှယ်များ (အမတ်များ) ပါဝင်ထားစေသည်။ ထို့အပြင် အင်ဒိုနီးရှားစစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံလုံခြုံရေး နှင့် ဥပဒေစိုးမိုးရေးအတွက် အထူး တာဝန်ယူဆောင်ရွက် စေသည်။ သမ္မတ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကို (၅)နှစ် တကြိမ် အထွေထွေရွေးကောက်ပွဲခေါ်ယူပြီး ရွေးချယ်တင်မြှောက်သည်။ မြန်မာအနေဖြင့် အခြားအရှေ့တောင်အာရှနိုင်ငံ များနှင့် အသွင်တူ ရှေ့ဆက်နိုင်ရန် အင်ဒိုနီးရှားပြုလုပ်သွားသည့်ပုံစံကို အတုခိုးသင်ယူ သင့်ကြောင်း အကြံပေးလိုက်သည်။
၁၉၉၄ နှစ်ဦးပိုင်းတွင် ဦးနေဝင်း ကျန်းမာရေးအတွက် စင်္ကာပူသို့ဆေးကုသမှုလာရောက်ချိန်တွင် ကျန်ုပ်သူ့အားလက်ခံတွေ့ဆုံခဲ့သည်။
ဦးနေဝင်း မှ သူ့လေ့လာကျင့်ကြံလျှတ်ရှိသော တရားရှုမှတ်ခြင်းဖြင့် သူ၏စိတ်ထဲတွင် စိတ်အေးချမ်းသာမှု အပြည့်အဝရရှိပြီး မပူမပန်
မကြောင့်မကြရှိကြောင်း ကျန်ုပ်ကိုပြောပြသည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာအစိုးရခေါင်းဆောင်ကြီးအဖြစ်မှ ဆင်းပေးလိုက်ရပြီး (၂) နှစ်ခန့်
ကြာသည်အထိ သူ့အနေဖြင့် တိုင်းပြည်အတွက် စိတ်မအေးပဲ အလွန်အမင်း စိတ်မပျော်မရွှင်ဖြစ်ပြီး စိုးရိမ်ကြီးစွာဖြစ်မိကြောင်း၊ ၁၉၉၀
ခုနှစ်တွင် သူတရားရှုမှတ်ခြင်း ကိုစတင်ဖတ်ရှုလေ့လာကြောင်း၊ ယခုအခါမှာတော့ မနက်ခင်း၊ နေ့လည်နဲ့ ညနေပိုင်း အချိန်အတော်များ
များကို ဆိတ်ငြိမ်စွာ တရားရှုမှတ်ခြင်းဖြစ်သာ အချိန်ကုန်သွားစေကြောင်း ကျန်ုပ်ကိုပြောပြခဲ့သည်။ ၁၉၈၆ ခုနှစ်က ကျန်ုပ် ရန်ကုန်တွင်
သူ့ကိုတွေ့စဉ် ကျန်းမာရေးမကောင်းသော သူနှင့်တူလှပြီး ယခုအခါ အများကြီးကြည့်ကောင်း၍ ကျန်းမာရွှင်လန်းလှသည်။
၁၉၉၇ ခုနှစ် တွင် ဦးနေဝင်း စင်္ကာပူသို့ သူ၏ဆရာဝန်များ နှင့်တွေ့ဆုံရန်လာသောအခါ ၌ ကျန်ုပ်သူနှင့် တွေ့ဆုံခြင်းသည် နောက်ဆုံးပင်
ဖြစ်သည်။ သူ၏အသက် (၈၆) နှစ်ပြည့်ပြီးဖြစ်သော်လည်း သူ့ကိုကြည့်ရသည်မှာယခင်အခေါက်ကထက်ပင်ပို၍ ကြည့်ကောင်းနေသည်။
ဒီတကြိမ်တွင် တရားထိုင်ခြင်းနှင့် တရားရှုမှတ်ခြင်းအကြောင်းများသာပြောတော့ပြီး ကျန်ုပ်ကိုလဲ တရားထိုင်နည်းလမ်းကောင်းများ အကြံ
ဥာဏ်ပေးသွားသည်။ ကျန်ုပ်မှ ဦးနေဝင်းအား “ သားသမီးမြေးမြစ်တွေ မကျန်းမမာဖြစ်မှာ မစိုးရိမ်ဘူးလား ? ” ဟုမေးတော့ သူ့ စိုးရိမ်
သေးကြောင်း သို့သော် သူ့စိတ်ကိုအပြင်းအထန်မပူပင်အောင် ထိမ်းချူပ်လျှော့ချနိုင်ပြီဖြစ်ကြောင်း၊ စိတ်ခံစားမှုများကို တရားထိုင်ခြင်း
ဖြစ် မေ့ပျောက်ပစ်နိုင်ကြောင်းဖြေကြားသည်။ ကျန်ုပ်ကထပ်မံ၍ “ ယခင်တပည့်ဟောင်း ဗိုလ်ချူပ်များကအကြံဥာဏ်လာတောင်းမှာရော
မစိုးရိမ်ဘူးလား ?” ဟုမေးတော့ သူက “ သူတို့တွေလာမေးကြရင် အလုပ်အကြောင်းတွေ မပြောပါနဲ့လို့ တားမြစ်ထားတယ်၊ ဒီပြသနာ
လောကကြီးထဲကနေ အနားယူပြီးပြီ ” လို့ သူက ကျန်ုပ်ကိုပြောပြသည်။ သို့သော် သံတမန် အသိုင်းအဝိုင်းမှ ဦးနေဝင်း သည် ယနေ့တိုင် စစ်တပ်၏ အာဏာာပိုင်များကို သြဇာလွှမ်းမိုးထားပြီး တစုံတရာပြုလုပ်နိုင်ရန် တန်ခိုးအာဏာာရှိနေသေးကြောင်း
ကျန်ုပ်ကို ပြောပြသည်။
အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများအုပ်စုက ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ဆုရရှိခဲ့သည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ခေါင်းဆောင်များကအာဏာလွှဲပြောင်းပေးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများဖြင့် ဖိအားပေးဆောင်ရွက်
ခဲ့ကြသည်။ ကျန်ုပ်အနေဖြင့် ထိုကဲ့သို့ ပိတ်ဆို့မှုနည်းလမ်းဖြင့် အောင်မြင်မှုရရှိရန် မမြင်ပေ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းနိုင်ငံ၏ အာဏာကို
ရယူပြီးချိန်မှအစပြု၍ နိုင်ငံ၏ တပ်မတော်သည် အရေးပါသော နေရာသို့ရောက်ရှိလာခဲ့သည်။ စစ်တပ်ခေါင်းဆောင်များသည် တဖြည်း
ဖြည်းခြင်းစီ မြိြု့ပအုပ်ချူပ်မှုများနှင့် အစိုးရအဖွဲ့အတွင်း နေရာယူလာကြသည်။ အခြားသောနည်းလမ်းအနေဖြင့် Bosnia နိုင်ငံသို့ ဝင်ရောက် ခဲ့သည့်နည်းအတိုင်း အမေရိကန်နိုင်ငံ သို့မဟုတ် ကုလသမဂ္ဂ၏ စစ်တပ်များပြင်ဆင် ပို့ဆောင်စေပြီးမှ သာတိုင်းပြည်ကို ထိမ်းချူပ်နိုင်ပေမည်။ မြန်မာနိုင်ငံတွင် စစ်တပ်မရှိလျှင် အစိုးရမရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင်အာဆီယံနိုင်ငံ ခေါင်းဆောင် များက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းဝင်ရောက်ခွင့်ပေးခဲ့ခြင်းအပေါ် အနောက်နိုင်ငံများအုပ်စုမှ အလွန်သည်းမခံနိုင်
ဖြစ်ခဲ့ကြသည်။ သို့သော် မြန်မာ၏ တိုးတက်ပြောင်းလဲမှု၊ နိုင်ငံ၏ တံခါးဖွင့်ပေးနိုင်မှုများအတွက် ဘယ်နည်းလမ်းဟာ ပိုကောင်းပါသလဲ ?
Cambodia နိုင်ငံတွင် ကုလသမဂ္ဂကြီးကြပ်သည့် ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်းနိုင်ငံ၏ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချူပ်ရေးအဖွဲ့ များကို ဟွန်ဆန် မှထိမ်းချူပ်ထားသဖြင့်ရွေးကောက်ပွဲ အနိုင်ရရှိသူကို အာဏာာလွှဲမရသည့်အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးသည်။
နိုင်ငံတကာမိသားစု ဖြင့် မြန်မာစစ်အစိုးရပိုမိုဆက်သွယ်လာသည်နှင့် အမျှ မြန်မာဗိုလ်ချူပ်များအနေဖြင့် နောက်ဆုံးတွင် အခြားအာဆီယံ နိုင်ငံများနည်းတူ အစိုးရဖွဲ့စည်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများမကြာခင်ပြုလုပ်လာနိုင်ဖွယ်ရှိသည်။
အခုရေးသောပို့စ်အတွက် ခေါင်းစဉ်မူရင်းက Mr. Lee Kuan Yew နှင့် မြန်မာနိုင်ငံပါ။ ပိုစ့်ကိုတင်လိုက်ပြီးမှ ကျနော်ရေးပြီးတိုင်းချက်ချင်း
ဖတ်အကြံပြုလေ့ရှိတဲ့ သူငယ်ချင်းညီလေး ဥာဏ်လင်းထွန်း က “လီကွမ်ယူပြောသော မြန်မာနိုင်ငံ” ဆိုရင် ပိုမကောင်းဖူးလား လို့ အကြံပြုတာကြောင့် Mr. Lee K Y ပြောသော မြန်မာနိုင်ငံအကြောင်း ဆိုပြီး ပြန်ပြောင်းခေါင်းစဉ် တက်လိုက်ကြောင်း မှတ်တမ်းတင်ပါ သည်။
နိဂုံးချူပ်အနေဖြင့် ပြောရလျှင် စင်္ကာပူ၏ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံဖြိုးမှုများ သည် စင်္ကာပူကိုလဲ တိုက်ရိုက် အကျိုးသက်ရောက် မှု များရှိသဖြင့် Mr Lee အနေဖြင့် အခါအားလျှော်စွာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကြံဥာဏ်များကို သက်ဆိုင်ရာနိုင်ငံများ မှ ဖိတ်ကြား
ခြင်းကြောင့်သော်လည်းကောင်း၊ သူ၏သဘောဖြစ်သော်လည်းကောင်း ပေးလေ့ပေးထရှိကြောင်း Mr. Lee ရေးသောစာအုပ်မှတဆင့်
ဖတ်ရှုနားလည်မိသည်။ ကျနော်တို့၏ အမိမြန်မာနိုင်ငံကိုလဲ စီးပွားရေးဆိုင်ရာ အကြံဥာဏ်ကောင်းများ ပေးခဲ့သော်လည်း မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသလောက်နည်းပါးခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရဖတ်ရသည်။ သူများထက် အများကြီးနောက်ကျကျန်ခဲ့ရသော အမိမြန်မာနိုင်ငံတော် အမြန်ဆုံးပြုပြင်ပြောင်းလဲ၍ အလျှင်အမြန် တိုးတက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျနော့်ပိုစ့်ကို နိဂုံးချူပ်ပါသည်။ ။KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com2tag:blogger.com,1999:blog-301180430836970486.post-28950390400732183212012-03-20T11:36:00.008+08:002012-03-22T11:34:18.149+08:00Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၁)
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
ဒီအကြောင်းအရာကတော့ Mr. Lee ရဲ့ ရေးသားခဲ့သည့် From Third World To First စာအုပ်အတွင်းမှ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့်
အကြောင်းအရာ အနည်းငယ်ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ Mr. Lee စင်္ကာပူနိုင်ငံဝန်ကြီးချူပ် အဖြစ်တာဝန် ထမ်းဆောင်ချိန် နှင့် ဝန်ကြီးချူပ်တာဝန် မှ အနားယူသွားပြီးနောက်ပိုင်း အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများအပြင် ဒေသတွင်းအာဆီယံနိုင်ငံများနှင့်ဆက်ဆံရေး၊ ၄င်းနိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် နိုင်ငံခေါင်းဆောင်ကြီး များအကြောင်းကို Mr. Lee ၏စာအုပ်အတွင်းရေးသားဖော်ပြခဲ့ရာ မြန်မာနိုင်ငံနှင့်ပတ်သတ်သည့် အကြောင်းအရာ အနည်းငယ်လဲပါဝင်
ခဲ့ခြင်းကို စိတ်ပါဝင်စားဖွယ်တွေ့ရှိရသဖြင့် ကျနော့်သူငယ်ချင်း ညီအကိုမောင်နှမများဖတ်ရအောင် တက်အားသရွေ့ ဘာသာပြန်ဆိုထား
ခြင်းဖြစ်ပြီး ဘာသာပြန်ဆိုမှုချွတ်ယွင်းချက်များရှိပါက နားလည်ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။ ထို့အပြင် ထင်ရှားကျော်
ကြားသည့် နိုင်ငံခေါင်းဆောင်ကြီး၏စာအုပ်ဖြစ်သည့်အပြင် ထုတ်ဝေသူ Harper Collins Publishers ၏ Copyright အရ ထပ်မံပုံနိုပ်ဖော်
ပြမှုကိုပြင်းထန်စွာတားမြစ်ထားသည့်အတွက် အခကြေးငွေဖြင့်ထုတ်ဝေသည့် မည်သည့် media တွင်မဆိုဖော်ပြခြင်းမပြုပါရန်လေးနက်
စွာမေတ္တာရပ်ခံပါသည်။
[Lee K.Y, (2000). From Third World to First, Harper Collins Publisher, "Chapter 19 : Vietnam, Myanmar and Combodia to Terms with the Modern World ", pages: 319- 324.]
ကျွန်ုပ် ရန်ကုန်မြို့တော်ကို ပထမဆုံး အလည်အပတ်ခရီးစဉ်အဖြစ် ၁၉၆၂ ခုနှစ် ဧပြီလကသွားရောက်ခဲ့သည်။ ကျွန်ုပ် မသွားရောက်
မီ အချိန်မတိုင်မီလေးတွင် ဗိုလ်ချူပ်ကြီးနေဝင်းဦးဆောင်သော မြန်မာတပ်မတော်ကနေ မြန်မာနိုင်ငံဝန်ကြီးချူပ် ဦးနုထံမှ နိုင်ငံတော်
အာဏာာကိုလွှဲပြောင်းယူလိုက်ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မတိုင်မီက Myanmar ကို Burma ဟုခေါ်သော မြန်မာနိုင်ငံတွင် ဝန်ကြီးချူပ်
ဦးနုမှ ထကြွသောင်းကျန်းနေသော ရောင်စုံသူပုန်များ၏ ပုံကန်မှူများကို မနိုမ်နင်းနိုင်တော့သဖြင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချူပ်ကြီး
နေဝင်းကိုအာဏာာလွှဲပြောင်း၍ နိုင်ငံကိုအုပ်ချူပ်စေခဲ့သည်။ ၁၈ လကြာစစ်အုပ်ချူပ်ရေးကာလအပြီးတွင် အထွေထွေရွေးကောက်ပွဲထပ်မံ
ကျင်းပသည့်အခါ ဦးနု၏ ပါတီမှပင်အနိုင်ရ အစိုးရဖွဲ့နိုင်ခဲ့သည်။ သို့သော်ဦးနု၏ အရပ်သားအစိုးရအဖွဲ့အုပ်ချူပ်ပြီးမကြာမီမှာပင် ပြသနာ
များထပ်မံပေါ်ပေါက်လာသဖြင့် ၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်မှ အာဏာာကိုထိမ်းသိမ်းလိုက်ခြင်းသည်။
ရန်ကုန်မြို့တော်သည် ကျွန်ုပ် ၁၉၅၆ ခုနှစ်တွင်သွားရောက်ခဲ့သည့် ကိုလံဘိုနှင့် မတူပဲ အိုမင်းပြိုပျက်နေသော မြို့တော်ကြီးနှင့်ဆင်တူနေ
သည်။ မြို့တော်ကြီးသည် ဂျပန်၏အုပ်စိုးမှုအောက်တွင် နေခဲ့ရပြီးနောက် ဗြိတိသျှတပ်များပြန်လည်ဝင်ရောက်ချိန်တွင် စစ်တလင်းဖြစ်ခဲ့
ရခြင်းကြောင့်ဖြစ်နိုင်သည်ဟု ထင်မြင်မိသည်၊ ကျွန်ုပ်နှင့် ဇနီး Choo ကို ဦးနေဝင်းမှ သူ၏အိမ်တွင် ခင်မင်ရင်နှီးစွာဖြင့် ဧည့်ခံခဲ့သည်။
သို့သော် စက်သေနတ်များ နှင့် တင့်ကားများ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝန်းရံထားသည်ကိုတွေ့ရသည်မှာ အလွန်စိတ်အနှောက်အယှက်
ဖြစ်ရသည်။ ကျန်ုပ်၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အင်ဒိုနီရှားနိုင်ငံ သမ္မတဆူကာနို ၏ နိုင်ငံရေးလှည့်ကွက်တစ်ခုကို တန်ပြန်ရန်အတွက်
ြ်မန်မာနိုင်ငံသို့သွားရောက်ခြင်းဖြစ်သည်။ ထိုအကြောင်းအရာကို နေ့လည်စာသုံးဆောင်ရင်း ဦးနေဝင်းကိုအသေးစိတ်ရှင်းလင်းပြောကြား
သောလည်း သူ သည်အလေးတစိုက်နားမထောင်ခဲ့ချေ။ ဦးနေဝင်းအနေဖြင့် နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေး၊ သောင်းကြမ်းသူများကို
နိုင်နင်းအောင်နိုင်ရေးနှင့် လက်ရှိအာဏာာကိုစွဲကိုင်ထားနိုင်ရေးများကိုသာ စိုးရိမ်ကြီးစွာဖြင့် စဉ်းစားပူပန်လျှတ်ရှိသည်။
ဦးနေဝင်းသည် မြို့ဆင်ခြေဖုံးနေဒေသတွင် အလည်အလတ် အဆင့်လုံးချင်းအိမ်ဖြင့်နေထိုင်သည်။ သူနှင့် သူ့ဇနီးဖြစ်သော သူနာပြု ဝန်ထမ်းဟောင်းဖြစ်သူ ဒေါ်ခင်မေသန်း (kitty) သည်ခင်မင်ဖွယ်ရာကောင်းသူများဖြစ်ကြသည်။ နှစ်ဦးစလုံး English စကားပြော ကောင်းပြီး ထက်မြက်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ငွေကြေးအရင်းအနှီး ထုတ်နိုင်သောနိုင်ငံတစ်ခုဖြစ်ပြီး
ဒုတိယကမ္ဘာစစ်မတိုင်မီက ဆန်နှင့်အစားအသောက်များတင်ပို့နိုင်သောနိုင်ငံတစ်ခုဖြစ်သည်။ ပြည်သူများသည် လူမျိုးတစ်ခုထဲမဟုတ်
သည့်အပြင် ဘာသာစကားများလည်းမတူကွဲပြားသည်။ တောင်တန်းများအများအပြားရှိသောနိုင်ငံဖြစ်ပြီး လူမျိုးပေါင်းစုံသည် သီးခြားစီ နေရာဌာန ကွာပြားစွာနေထိုင်ကြသော်လည်း ဗြိတိသျှကိုလိုနီလက်ထက်တွင် အင်္ဂလိပ်တို့မှ အားလုံးကို တစ်နိုင်ငံအဖြစ် သွတ်သွင်း အုပ်ချုပ်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အဖြစ် ဦးနေဝင်းမှပြဌာန်းခဲ့ပြီး ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်နိုင်ငံ ပြောင်းလဲအုပ်ချူပ်ခဲ့
သည်။ သူ၏ နိုင်ငံရေးလမ်းစဉ်မှာ ရိုးရှင်းသောလမ်းစဉ်ဖြစ်သည်။ ပြည်တွင်းအင်အားကို သာမှီခိုအားထားသွားမည်ဖြစ်ပြီး ဗြိတိသျှများ ဖြစ်အတူဝင်ရောက်လာခဲ့သည့် လူမျိုးခြားများဖြစ်သည့် တရုတ် နှင့် အိန္ဒိယလူမျိုးများကို နိုင်ငံအတွင်းမှ နှင်ထုတ်ရေးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ တရုတ်လူမျိုး အများအပြား အနေဖြင့် ဦးနု လက်ထက်မှပင်စ၍ စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ စတင်ပြောင်းရွှေ့ အခြေချနေကြပြီဖြစ်သည်၊ ပိုမိုများပြားသည်မှာ အိန္ဒိယလူမျိုးများဖြစ်ပြီးဗြိတိသျှလက်ထက်က နိုင်ငံဝန်ထမ်းများအဖြစ်တာဝန်ထမ်းဆောင်
ရန်ခေါ်ဆောင်ခြင်းခံရသူများ ဖြစ်ပြီး၊ သူတို့သည်လည်း ဖြည်းဖြည်းချင်း အိန္ဒိယသို့ပြန်နေကြသည်။
ရန်ကုန်မြို့သို့ ဒုတိယအကြိမ်အဖြစ် ၁၉၆၅ ခုနှစ် မေလက အိန္ဒိယနိုင်ငံဘုံဘေမြို့တွင် ကျင်းပသည့် Asian Socialist ညီလာခံမှအပြန်
တွင်ဖြစ်သည်။ ရန်ကုန်တွင်ရောက်နေနေစဉ် ကျန်ုပ်၏ မေ့မရနိုင်သောအဖြစ်အပျက်တစ်ခုအဖြစ် ရန်ကုန်မြို့ကမ်းနားဟိုတယ်တွင်တည်းခို
နေခိုက် အသက် (၅၀)ကျော်ရှိပြီဖြစ်သော အိန္ဒိယလူမျိုး ဟိုတယ်ဘဏ္ဍာစိုး ဖြင့် စကားပြောခဲ့ခြင်းဖြစ်သည်။ ဘဏ္ဍာစိုးကြီး ကျွနိုပ်အတွက်
နံနက်စာ ပို့ဆောင်လာစဉ်တွင် သူ့ကိုကြည့်ရသည်မှာ မပျော်မရွှင်ဖြင့်မျှော်လင့်ချက်မဲ့နေသည်။ ဘဏ္ဍာစိုးကြီးမှ -
“ ဝန်ကြီးချူပ်ခင်ဗျား - ဒီနေ့ဟာကျွန်တော်၏ နောက်ဆုံးအမှုထမ်းခြင်းဖြစ်ပြီး မနက်ဖန်ဒီလိုလာရောက်ပို့ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်၏ မြန်မာလူမျိုးလက်ထောက်ဘဏ္ဍာစိုးမှ ဝန်ကြီးချူပ်အားယခုကဲသို့ ဗြိတိသျှပုံစံ နံနက်စာအဖြစ် ကြက်ဥကြော်၊
နို့လက်ဖက်ရည် နှင့် ပေါင်မုန့်မီးကင် ကောင်းကောင်းလုပ်ပေးနိုင် မလုပ်ပေးနိုင် မသေခြာပါဘူး ခင်ဗျား။ ”
ကျန်ုပ်မှ ဘဏ္ဍာစိုးကြီးအား “ဘာကြောင့်အလုပ်ကနေထွက်ရတာလဲ” လို့မေးတော့ -
“ ဒီတိုင်းပြည်မှာမွေးဖွားကြီးပြင်း အသက်မွေးလာခဲ့သည့် ကျွန်တော့်မှာဖြင့် မြန်မာအစိုးရ၏ မောင်းထုတ်မှုကြောင့် အိန္ဒိယကိုသွားရပါ တော့မယ်။ မြန်မာအစိုးရက အိန္ဒိယလူမျိုးတွေအကုန် အိန္ဒိယသွားရမယ်ဆိုပြီးနှင်ထုတ်ပါတယ်။ ကျနော်နဲ့အတူပိုက်ဆံလေးအနည်းငယ်
နှင့်မိမိပိုင် ပစ္စည်း အနည်းငယ်သာယူဆောင်ခွင့်ပြုပါတယ်။ ”
ကျန်ုပ်က အိန္ဒိယမှာ အမျိုးတွေရှိလားလို့မေးတော့ မရှိဘူးတဲ့။ နောက်တစ်ရက် မနက်မှာ ကျန်ုပ် မနက်စာ လက်ခံရရှိတဲ့အခါမှာတော့
မနက်စာလင်ဗန်း ဟာ သတ်သတ်ရပ်ရပ် ရှိမနေပဲ ပေါင်မုန့်မီးကင်ဟာ ကျွပ်ရွမနေတော့ပါဘူး။
အဲ့ဒီနေ့လည်မှာပဲ ဦးနေဝင်းနဲ့အတူ ရန်ကုန်ဂေါက်ကလပ်မှာ ဂေါက်သီးကစားဖြစ်သည်။ ဒီဂေါက်သီးပွဲဟာ ကျန်ုပ်အတွက်အင်မတန်
ထူးခြားသောဂေါက်သီးပွဲတစ်ခုဖြစ်နေသည်။ ဂေါက်သီးပွဲမှာကစားသမားအဖြစ် (၄)ဦးသာရှိပြီးကျန်ုပ်တို့၏ဘေးတဖက်စီနှင့် ပတ်ဝန်းကျင်
တစ်ခုလုံးတွင် သေနတ်များကိုချိန် ၍ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် လုံခြုံရေးယူထားသော သက်တော်စောင့်များဖြင့် ကစားရသော
ကစားပွဲဖြစ်သောကြောင့် ဖြစ်သည်။ ဂေါက်ကလပ်တွင် မြင်တွေ့ရသည်များအနက် အခြား စိတ်မလှုပ်ရှားဖွယ်ရာ ဖက်ရှင်အဖြစ် ဦးနေဝင်း
သည် သံခမောက်ဆောင်း၍ ဂေါက်သီးကစားခြင်းဖြစ်သည်။ ကျန်ုပ် အလွန်အားနာသော်လည်း သိချင်စိတ်ဖြင့်မည်သည့်အတွက်ကြောင့်
သံခမောက်ဆောင်းဂေါက်သီးကစားသနည်း ဟုမေးသောအခါ လုပ်ကြံခံရနိုင်သည် ဟု သတင်းကြားထားရသောကြောင့် ဖြစ်ကြောင်း ကစားဖော်ဖြစ်သူ ဦးနေဝင်း၏ ဝန်ကြီးတစ်ဦးမှ တိုးတိုးတိတ်တိတ် ဖြေကြားသည်။
၁၉၆၈ ခုနှစ်တွင် ဦးနေဝင်း စင်္ကာပူသို့အလည်အပတ်လာရောက်စဉ် ကျန်ုပ်နှင့် အတူ ဂေါက်သီးကစားချိန် တွင် သူ၏ လုံခြုံရေးကို စိတ်မပူတော့ပဲ သံခမောက်မဆောင်းတော့ပေ။ ၁၉၇၄ ခုနှစ်တွင် ဦးနေဝင်းနောက်တကြိမ် စင်္ကာပူသို့လည်ပတ်ချိန်တွင် မဟာအင်အား ကြီး နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား နိုင်ငံရေးချိန်ခွင်လျှာညှီမှုများ အတွက် ကျန်ုပ်တို့နိုင်ငံအချင်းချင်း နိုင်ငံရေးဆိုင်ရာများကို ပူပေါင်းလှုပ်ရှားသင့်ကြောင့် အကြံပြုသည်ကို စိတ်ပါဝင်စားမှုမရှိပဲ ထိုအရာ
များကို မဟာအင်အားကြီးနိုင်ငံ အခြင်းခြင်းသာ ဆောင်ရွက်စေလိုပြီး သူ့အနေဖြင့် ပါဝင်ပတ်သတ်လိုခြင်းမရှိပေ။
ရန်ကုန်မြို့တော်သို့ နောက်ဆုံးရောက်ရှိသည်မှာ ၁၉၈၆ ခုနှစ် ဇန်နဝါရီလကဖြစ်ပြီး ဦးနေဝင်း၏ ဇနီးအသစ်ဖြစ်သူ နှင့်ပါတွေ့ဆုံခဲ့ရသည်။
ဦးနေဝင်းသည် အလွန်မှတ်ဥာဏ်ကောင်းပြီး လွန်ခဲ့သော ၁၅ နှစ် နှစ်ပေါင်း ၃၀ မှအကြောင်းအရာများကို ပြန်ပြောင်းပြောဆိုနိုင်သည်။
ညစာစားပွဲသုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကအတိုင်း မတိုးတက်ပဲရှိနေ
သည်ကို သိရှိလိုက်ရသည်။ ဦးနေဝင်းသည် ထိုကဲ့သို့အခြေအနေမျိုးဖြစ်နေသည့်တိုင်အောင် နိုင်ငံခြားတိုင်းပြည်များကို အယုံအကြည်မရှိ
ပေ။
အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ ရန်ကုန်မြို့တော်သည် ၁၉၆၅ ခုနှစ်ထက်ပင် ပိုမိုဆိုးရွားနေခြင်းဖြစ်သည်။ လမ်းအသစ်များ၊
အဆောက်အအုံအသစ်များပေါ်ပေါက်လာခြင်းလဲမရှိသည့်အပြင် အရာရာတိုင်းသည်မပြုမပြင်ပဲထားခံထားရသည်။ အဓိကလမ်းမကြီးများ ပင်လျှင်လမ်းအပေါက်များဖြင့်ပျက်စီးလျှတ်ရှိသည်။ ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်ထုတ်ကားအဟောင်းများသာတွေ့ရသည်။ ဦးနေဝင်း၏နိုင်ငံ
ရေးလမ်းစဉ်ဖြင့် သူ၏အစိုးရဝန်ကြီးများသည်မည်သည်ကိုမျှမလုပ်နိုင်ချေ။ အင်္ဂလိပ်စာဖြင့်ထုတ်ဝေသော သတင်းစာသည် စာမျက်နာ (၄)
မျက်နာသာရှိသော စာရွက်ကြီး (၁) ရွက်ဖြင့်ပြုလုပ်ထားသည်။ မြန်မာစာဖြင့်ထုတ်ဝေသော သတင်းစာသည်လည်း အင်္ဂလိပ်သတင်းစာ
ထက်အနည်းငယ်သာ ပိုသည်။ မြန်မာနိုင်ငံသားများ အလွန်ကြည်ညိုသော ရွှေတိဂုံစေတီတော်တွင် ပြည်သူများကိုကြည့်ရသည်မှာ
ဆင်းရဲ နွမ်းပါးလွန်းလှသည်။ ကျန်ုပ်၏ ကားပေါ်မှာမြင်ရသည်မှာ ဆိုင်များသည်လည်း ဝယ်သူမရှိလှပဲ ရှင်းလင်းလှသည်။
၁၉၈၆ ခုနှစ် စက်တင်ဘာလတွင် စင်္ကာပူသို့ လာရောက်လည်ပတ်သော မြန်မာအစိုးရဝန်ကြီးချူပ် ဦးမောင်မောင်ခ နှင့် ကျန်ုပ်တွေ့ဆုံစဉ်
အတွင်း သူ့ကို ခရီးသွားလုပ်ငန်းနှင့်ပတ်သတ် ၍ စိတ်ပါဝင်စားလာအောင် Singapore American မဂ္ဂဇင်းမှ ကျွန်ုပ်ဖတ်ရသည့် American School မှကျောင်းဆရာ (သို့) ဆရာမနှစ်ဦး ရန်ကုန်၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ်သွားခဲ့သည့် အကြောင်းကို ပြောပြ
ဖြစ်သည်။ ကျန်ုပ်မှ - နိုင်ငံကိုတံခါးဖွင့်ပြီး ဟိုတယ်တွေဆောက်၊ ရန်ကုန်မှ အထက်မြန်မာပြည် မန္တလေးနှင့် ပုဂံသို့သွားနိုင်မည့်လုံခြုံစိတ်
ချရသည့် လေယာဉ်ပျံများဝယ်ယူကာ ပျံသန်းပြေးဆွဲပြီး ကမ္ဘာလှည့်ခရီးသည်အမြောက်အများ ကိုစွဲဆောင်၍ ၄င်းတို့ထံမှ ဝင်ငွေအများ
အပြားရနိုင်မည်ဖြစ်ကြောင်း အကြံပေးဆွေးနွေးခဲ့သည်။ ဝန်ကြီးချူပ်ဦးမောင်မောင်ခ သည် ကျန်ုပ်၏အကြံပေးချက်ကို တိတ်ဆိတ်စွာနား
ထောင်သော်လည်း အနည်းငယ်သာ ပြန်စကားပြောသည်။ သို့သော် ကျန်ုပ်အကြံပေးသည်များ ဘာတစ်ခုမှဖြစ်လာသည်ကိုမတွေ့ရပေ။
ဦးနေဝင်းသည် နိုင်ငံခြားသားများလာရောက်လည်ပတ်မည်ကို မနှစ်မြို့ပေ။
၁၉၉၃ ခုနှစ်တွင်မှ မြန်မာအစိုးရ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့် စင်္ကာပူသို့လာရောက် သဖြင့်
ကျန်ုပ်နှင့် တွေ့ဆုံချိန်သောအချိန်မှ မြန်မာခေါင်းဆောင်များ အတွင်းတွင် လျှင်မြန်သွက်လက်ချက်ချာ သည့် ခေါင်းဆောင်တစ်ဦးကို
ပထမဆုံးတွေ့ရှိရသည်။ ဖြစ်နိုင်သည်မှာ ယခင်ခေါင်းဆောင်ဟောင်း ဦးနေဝင်း၏ စိတ်အပြောင်းအလဲဖြစ်ပြီး၊ ဦးနေဝင်းအနေဖြင့် ကျန်ုပ်
ကို သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ကြောင်း၊ ပြောထားသဖြင့် ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်အနေဖြင့် ကျန်ုပ်၏ ရှင်းပြချက်များ
ဖြစ်သည့် ကမ္ဘာနိုင်ငံကြီးများ ၏ စစ်အေးတိုက်ပွဲများအပြီးတွင် မြန်မာနိုင်ငံအနေဖြင့် ၄င်း၏ပေါ်လစီများကို ပြန်လည်သုံးသပ်ညှီနှိုင်းသင့်
ကြောင်း၊ စီးပွားရေးကို ဈေးကွက်အတွင်းဖွင့်လှစ်သင့်ပြီး တစ်နိုင်ငံလုံးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်သင့်ကြောင်း များကို ဂရုတစိုက်
နားထောင်ခဲ့သည်။ ယခင်ကပိတ်ဆို့ထားခဲ့သည့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဗီယက်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်တည်ထောင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများခွင့်ပြုဖိတ်ခေါ်ခြင်း တို့ဖြင့် အလုပ်အကိုင်များဖန်တီးနိုင်ပြီး ပိုမိုတိုးတက်အောင်
ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့သည်။
ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်သည် မြန်မာထောက်လှမ်းရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာစစ်အစိုးရ၏ထိပ်တန်းခေါင်းဆောင်တစ်ဦး
ဖြစ်သည်။ ကျန်ုပ်အနေဖြင့် သူ နှင့်တွေ့ဆုံစဉ်အတွင်း မြန်မာဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်သူ နှင့် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး နှင့်
မြန်မာ့ပထမဆုံး ဝန်ကြီးချူပ် ဗိုလ်ချူပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး သူတို့၏ အစိုးရ၏ ပေါ်လစီ
ကို ပြန်လည်စဉ်းစားသင့်ကြောင်း၊ သူ့ကိုအစဉ်အမြဲ အကျဉ်းချထားရန်မဖြစ်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နေပါက နိုင်ငံတကာအလည်
တွင် စဉ်ဆက်မပြတ် အရှက်ရနိုင်ဖွယ်ရာရှိနေကြောင်း အကြံပြုခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်သူပြည်သား တို့၏ အကျိုးစီးပွားမြင့်မားလာဖို့အတွက် တက်ကျွမ်းနားလည်သော နိုင်ငံရပ်ခြားမှ ပညာရှင်များ
ကို ခေါ်ဆောင်၍ အစိုးရကို အကြံဥာဏ်များပြုစေရမှာဖြစ်သည်။ မြန်မာအစိုးရ၏ တပ်မတော်ခေါင်းဆောင်များသည် မြန်မာ့စီးပွားရေး
ဖွံဖြိုးတိုးတက်လာအောင် ဘာတစ်ခုမှ မဆောင်ရွက်နိုင်ခဲ့ပေ။ စင်္ကာပူအနေဖြင့် မြန်မာ့စီးပွားရေးတိုးတက်လာစေရေးအတွက် စီးပွားရေး
ဆိုင်ရာ အကူအညီများ ပေးနိုင်ဖို့ ဗိုလ်ချူပ်ကြီးခင်ညွှန့်အနေဖြင့်ဆောင်ရွက်သင့်ကြောင်း၊ စင်္ကာပူအနေဖြင့် နိုင်ငံတကာအလည်တွင်
အခြေအနေတရပ်အနေဖြင့် ရပ်တည်နေနိုင်သဖြင့် မြန်မာအနေဖြင့် စင်္ကာပူဖြင့်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများဖြင့် ပုံမှန်အခြေ
အနေကို ပြန်လည်ရောက်ရှိလာနိုင်ပြီး ယခုကျင့်သုံးနေသော ပေါ်လစီများကို ဆက်လက်ထားရှိရန်မသင့်ကြောင်း ပွင့်လင်းစွာအကြံပြုခဲ့
သည်။ ထိုကဲ့သို့ ပွင့်လင်းစွာဝေဖန်ပြောကြားချက်ကြောင့် ကျန်ုပ်၏ မှတ်စုရေးမှတ်ပေးသူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ
ဆိုင်ရာ အရာရှိမှ အလွန်တုန်လှုပ်သွားခဲ့ပြီး မြန်မာခေါင်းဆောင်အနေဖြင့် ပြင်းထန်စွာတုံပြန်ပြောဆိုမည်ဟု သူမျှော်လင့်ခဲ့ကြောင်း၊
သို့သော် မြန်မာခေါင်းဆောင် ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်မှ သူထင်သလို မတုံပြန်ပဲ ဆွေးနွေးပဲအပြီးတွင် ကျန်ုပ်၏ အမြင်နှင့်အကြံပေး
မှုများသည်အလွန်တန်ဖိုးကြီး သဖြင့်ကျေးဇူးအထူးတင်ကြောင်းပြောသဖြင့် ကျနိုပ်မှတ်စုရေးမှတ်သူ အရာရှိမှာအလွန်ပင် အံ့အားသင့်သွား
ကြောင်း ပြန်ပြောပြခဲ့သည်။
ဆက်ဖတ်ဖို့ ဆန္ဒရှိသေးလျှင် အပိုင်း (၂) နောက်ဆုံးပိုင်း သို့ ... မကြာမီKOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com4tag:blogger.com,1999:blog-301180430836970486.post-19656691532978614932012-03-01T13:57:00.005+08:002012-03-17T13:56:12.909+08:00ကျနော် နှင့် အင်တာဗျူးများ (၁)အသက် (၁၆) နှစ်ကစလို့ အခုချိန်ထိတိုင်အောင် ဖြတ်သန်းလာခဲ့တဲ့ အလုပ်အင်တာဗျူးအတွေ့အကြုံတွေ ကို သတိရသလောက်ချရေး
ထားတာပါ။ တချို့အင်တာဗျူးတွေကတော့ ကျနော့်ရဲ့ blog post တွေမှာ အကြောင်းသင့်ရင်သင့်သလို ထည့်တက်တာကြောင့် တချို့လဲ
ဖတ်ပြီးသားတွေဖြစ်နေမှာပါ။ တွေ့ကြုံလာရတဲ့ အင်တာဗျူးတွေက များလွန်းတော့ မှတ်မှတ်ရရ သတိရမိတာလေးတွေပဲ ဒီပို့စ်မှာပါမှာပါ။
ကျနော့်ဘဝရဲ့ ပထမဆုံးအင်တာဗျူးကိုတော့ ကျနော့်အသက် (၁၆)နှစ်မှာ မြရိပ်ညိုဇေကမ္ဘာက ဦးဆောင်ကျင်းပတဲ့ မြန်မာ့စက်မှုလက်မှု
ပြပွဲမှာ လုပ်အားပေးလူငယ်အဖြစ် ပါဝင်ခွင့်ရဖို့အတွက်ပါ။ ဘဝရဲ့ပထမဆုံးအင်တာဗျူး ဖြစ်သည်နှင့်အညီ အင်မတန်မှစိတ်လှုပ်ရှားရင်ခုန်
ခဲ့ရပေမယ့် ဖခင်ကြီးရဲ့ ကျေးဇူးကြောင့် ဘာမှ မမေးမမြန်းတော့ပဲ အလွယ်တကူ ဖြတ်သန်းအောင်မြင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်က
ဒုတိယမြောက်အင်တာဗျူးအနေနဲ့တော့ Lolane Company MD ဦးလှဝင်းနဲ့ပါ။ ပြပွဲမှာ လုပ်အားပေးလုပ်ရင်း ကျနော်တို့သူငယ်ချင်း
တစ်အုပ်ကို မျက်စိကျတာနဲ့ သူ့ Company မှာအလုပ်လုပ်ဖို့ပြောရာကနေ ပြပွဲအပြီးမှာ သူနဲ့အင်တာဗျူးရပြီး အလုပ်တန်းရခဲ့ပါတယ်။
MD ဦးလှဝင်းဟာ လူငယ်တွေရဲ့တက်လမ်းကို အမြဲအားပေးကူညီလေ့ရှိတဲ့ အပြင် ကျနော်ခြေချရပ်တည်နေတဲ့ စီပွားရေးနယ်ပယ်အတွက် လက်ဦးဆရာတစ်ယောက်လို့ပြောလို့ရပါတယ်။ သူနဲ့အင်တာဗျူးခဲ့တာတော့ အချိန်ကာလကြာမြင့်လွန်းနေပြီဖြစ်တဲ့ အတွက် မမှတ်မိ
သလောက်ကိုဖြစ်သွားခဲ့ပါပြီ။
အလုပ်နဲ့ပတ်သတ်တဲ့ အင်တာဗျူးတွေကို Lolane နောက်ပိုင်းမကြုံရတော့ပဲ ကျနော်ရွက်လှေအသင်းမှာ ရွက်လှေစီးရင်းနဲ့
မြန်မာနိုင်ငံ ရွက်လှေအဖွဲချူပ် ဥက္ကဌလဲ ဖြစ်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဝင်လဲဖြစ်တဲ့ မြန်မာနိုင်ငံစီးပွားရေးလောကရဲ့ အအောင်မြင် ဆုံးပုဂ္ဂိုလ်များ စာရင်းဝင်အန်ကယ်လ် ဦးမိုးမြင့်စီမှာ အလုပ်လုပ်ခွင့်တောင်းတော့ သူ့ရုံးမှာလာတွေ့ပါလို့ခွင့်ပြုချက်ရတာနဲ့သွားတွေ့ ပြီး အင်တာဗျူးရတာပါ။ အန်ကယ်လ်မေးတဲ့ မေးခွန်းတချို့ရှိပြီးသိပ်မမှတ်မိတော့ပေမယ့် အခုချိန်ထိ အမှတ်ရနေသေးတဲ့ မေးခွန်းကတော့
“ မင်းဘာကြောင့် အလုပ်လုပ်ချင်ရတာလဲ ” တဲ့။ မှန်တယ်။ ကိုယ်ကိုကိုယ် ဘာကြောင့်အလုပ်လုပ်ချင်ရတာလဲဆိုတာ သိဖို့လိုပါတယ်။ ပိုက်ဆံလိုချင်လို့၊ မိဘကိုလုပ်ကျွေးချင်လို့ ဘဝတိုးတက်မှုကိုရှာချင်လို့ အတွေ့အကြုံလိုချင်လို့ စသည်ဖြင့်အကြောင်းပြချက်တွေ ကတော့ အများကြီးရှိမှာပါပဲ။ ကျနော်ပြန်ဖြေတာကတော့ “ ကျနော် အသက် (၁၇) ထဲက အလုပ်လုပ်ခဲ့တာပါ။ ကျနော့်အိမ်မှာဆိုလဲ အမေလဲ အလုပ်လုပ်တယ်၊ အဖေလဲအလုပ်လုပ်တယ်၊ ကျနော်တစ်ယောက်ပဲ အလုပ်မရှိတဲ့အတွက် မိဘစီကလက်ဖြန့်မတောင်းချင်လို့ အလုပ်လုပ်ချင်ပါတယ် ” လို့ဖြေပါတယ်။ ကျနော်ရွက်လှေအဖွဲ့ချူပ်မှာ သို့တည်းမဟုတ် အန်ကယ်လ်ဦးမိုးမြင့်လက်အောက်မှာ
အမှူထမ်းဆောင်ခွင့်ရခဲ့တာဟာ အခုလက်ရှိကျနော်ဖြစ်နေတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေပါပဲ။ ဌာနဆိုင်ရာစာအရေးအသားတွေ၊
အစည်းအဝေးမှတ်တမ်းပြုလုပ်တာတွေ၊ notice တို့ Memo တို့ထုတ်တာတွေကို ကျောင်းမှာမသင်ခင်ကတဲက တက်ကျွမ်းနားလည်
လာပါတယ်။ ဒီထက်မကလို့ Organizational Structure နဲ့ပတ်သတ်တာတွေ အလွန်ကြီးမားအောင်မြင်သော လုပ်ငန်းစုကြီးတစ်ခုရဲ့
လုပ်ငန်းဆောင်ရွက်တာတွေကိုလဲ အသေးစိတ်မသိရင်တောင် အတော်အတန် လေ့လာခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ကျနော်ဘဝရဲ့ပထမဆုံး
နိုင်ငံခြားခရီးစဉ်ကိုလဲ အန်ကယ်လ်ရဲ့ကျေးဇူးကြောင့် သွားဖူးခဲ့ပြီးပိုမိုမျက်စိပွင့်နားပွင့်ဖြစ်စေခဲ့ပါတယ်။ ပြောရင်မကုန်နိုင်တဲ့ကျေးဇူးတွေ
နဲ့နောက်ဆုံး ၂၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲလို အဆင့်မျိုးကိုလဲ လိုက်ပါတာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အပြင် ပြိုင်ပွဲ
အပြီးမှာတော့ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ ဥက္ကဌကချီးမြှင့်တဲ့ Certificate of Honour လို့ခေါ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခုကိုလဲ
အန်ကယ်လ်ကျေးဇူးကြောင့် ချီးမြှင့်အပ်နှင်းခံခဲ့ရပြီး အခုချိန်အထိ ဒီမှတ်တမ်းလွှာဟာ ကျနော့်ကို အထောက်အကူပြုဆဲ၊ ကျနော်စင်္ကာပူ
အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြခဲ့သလို၊ အလုပ်အသစ်ပြောင်းလို့ အထောက်အပံစာရွက်စာတမ်းတွေ ပြတဲ့ အခါမှာ အသုံးပြုနေဆဲပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ အလုပ်အင်တာဗျူးတွေနဲ့ ဝေးကွာသွားခဲ့ပြီး ရန်ကုန်ကနေ စင်္ကာပူကို မထွက်လာခင်မှာ Htoo Trading လက်အောက်ခံ Air Bagan Ltd မှာ Airport Passenger Service Staff အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ဒီအလုပ်ကတော့ ကျနော့်ဘဝမှာ
ပထမဆုံးအင်တာဗျူးမရှိပဲ အကြောင်းကြောင်းကြောင့် တိုက်ရိုက်ခန့်ထားခဲ့ခဲ့ရတဲ့ အလုပ်ဖြစ်တာကြောင့် ထွေထွေထူးထူး မရေးတော့ ပါဘူး။ ဒီအလုပ်မှာတော့ အထူးသဖြင့် ဝန်ဆောင်မှုပေးတဲ့အလုပ် Service Scetor အတွက် ကျနော့်ဘဝရဲ့ ပထမဆုံအတွေ့အကြုံ တစ်ခုဖြစ်လာပြီး ဒီ Service Sector ဟာ ကျနော်ရဲ့ Professional မဟုတ်ဖူးဆိုတာလဲသိလာရပါတယ်။ သို့သော်ကျနော်ဝါသနာပါတဲ့ လေကြောင်းနဲ့ပတ်သတ်တာတွေကို အတော်များများလေ့လာသင်ယူနိုင်ပါတယ်။
စင်္ကာပူကိုရောက်ရှိပြီးနောက်မှာတော့ ပထမဆုံးအင်တာဗျုးအဖြစ်နဲ့Singapore Polytechnic Gradutuates Guide Club မှာ ပွဲစားလူကြီး
စီစဉ်ပေးတဲ့ အင်တာဗျူးကိုသွားပါတယ်။ ထွေထွေထူးထူး တွေ ဘာမှလဲမမေးပဲ မြန်မာနိုင်ငံရေးအကြောင်းထိုင်ပြောလိုက်တာ ၁ နာရီ
လောက်ကြာပါတယ်။ နောက်တော့ Spass Quota မရှိတာနဲ့အလုပ်မရပါဘူး။ အဲ့ဒီနောက်ပိုင်းတော့သတင်းစာဖတ်ပြီး walk-in interview
သွားလို့ရရင် သွားပါတယ်။ အင်တာဗျူးအတွေ့အကြုံရအောင်လို့ပါ။ စင်္ကာပူမှာပထမဆုံး အလုပ်ရမယ့် အင်တာဗျူးကိုတော့ ဖုံးဆက်ခေါ်
တာကြောင့် သွားရတယ်။ အဲ့ဒီ Company ရှိရာ အဆောက်အအုံကိုဝင်ဝင်ချင်းပဲ Raffle City ကဖိနပ်ဆိုင်တစ်ခုက အင်တာဗျုးလာဖို့ခေါ်
တဲ့ဖုံးထပ်ရပြန်ပါတယ်။ သွားတဲ့အင်တာဗျူးမှာတော့ သိပ်မမှတ်မိတော့ပေမယ့် မှတ်မိသလောက်မေးတာတွေ ပြောရရင် ဘာနဲ့ကျောင်းပြီး
လာတာလဲ? အရင်ကဘာတွေလုပ်ဖူးလဲ? Business letter ရေးတက်လား? တောင်းထားတဲ့လစာကို ဒီထက်လျော့ရင်စဉ်းစားမှာလား?
Company ပိုင်ရှင်ကိုယ်တိုင်မေးပါတယ်။ နောက်တော့အကြောင်းပြန်မယ်ပေါ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ Raffle City ဖိနပ်ဆိုင်ကလဲ
ပိုင်ရှင်မိန်းကလေးတစ်ယောက်ကမေးတာပါ။ သူကတော့ ပညာတက်ဖြစ်ပုံရတယ်၊ မေးတဲ့မေးခွန်းတွေက အရင်လိုမဟုတ်တော့ပဲစာထဲ
ကအကြောင်းတွေပါမေးလာတာ။ အတိအကျကြီးတွေ မမှတ်မိတော့ပါဘူး။ ဒီနောက်တော့ သွားခဲ့တဲ့အင်တာဗျူးတွေဆိုတာ ရေတွက်လို့
တောင်မရတော့ပါဘူး။ နောက်ဆုံးတော့ ခုနကပြောခဲ့တဲ့ သူဌေးကိုယ်တိုင်ဗျူးတဲ့အလုပ်မှာ စင်္ကာပူရောက်ပြီး ၁ လအကြာမှာ ဖုံးဆက်ခေါ်
ပြီးအလုပ်ရပါတယ်။ Second Interview တောင်မခေါ်တော့ပဲ ဖုံးထဲကပဲပိုက်ဆံညှီနှိုင်းပြီးအလုပ်ရခဲ့တာပါ။ အဲ့ဒီအလုပ်မှာတော့ အလွန်
စိတ်ပင်ပန်လူပင်ပန်း၊ နေ့စဉ်နဲ့အမျှဝဋ်ခံရသလိုပဲ ဆူပူအကြိမ်းအမောင်းခံပြီးလုပ်ခဲ့ပြီးတဲ့နောက် ၁၀ လလောက်အကြာမှာတော့ ဘယ်လို
မှမခံနိုင်တဲ့အဆုံး နောက်အလုပ်တစ်ခုမရသေးသော်လည်း ထွက်စာတင်ပြီး ၁ လ notice ပေးလိုက်ပါတယ်။ တကယ်ဆို အဲ့တုံးကဘာမှ
နားမလည်တော့ Appointment Letter, Confirmation Letter ဘာမှမရှိပဲအလုပ်လုပ်ခဲ့ပြီး တကယ်ဆိုရင် အဲ့ဒီဟာတွေမရှိရင် ၁ လကြို
ပြောစရာမလိုပဲ MOM ရဲ့စည်းမျဉ်းအရစောပြီးထွက်လို့ရပါတယ်။ ဒီကြားထဲမှာလဲ အလုပ်ရှာတာ အင်တာဗျူး ၂ ခုလောက်ရတယ်။ တစ်ခု
က မှတ်မှတ်ရရ မန်နေဂျာက ကျနော်နေတဲ့ CCK ကတိုက်နားမှာပဲနေလို့ သူ့ရုံးကိုမခေါ်တော့ပဲ တိုက်အောက်ကခုံမှာထိုင်ပြီး အင်တာဗျူး
ပြီးခဲ့တာပါ။ နောက်တစ်ခုကတော့ အဲ့တုံးကအလုပ်လုပ်နေတဲ့ Boon Keng က တစ်လမ်းပဲခြားတဲ့ ပုံနိုပ်တိုက်မှာပါ။ အဲ့ဒီအင်တာဗျူးကို
သူဌေးကမမေးပဲ မန်နေဂျာကပဲမေးပါတယ်။ အင်မတန်ဆက်ဆံရေးကောင်းတဲ့ မန်နေဂျာပါ။ တကယ်တော့ HR Manager မဟုတ်ပဲ
Sales Manager ပါ။ သူ့လက်အောက်မှာလုပ်ဖို့အတွက်ခန့်ထားချင်တာကြောင့် သူဌေးကအာဏာကုန်လွှဲအပ်ထားတဲ့ မန်နေဂျာပါ။
ပထမဆုံးအလုပ်မှာ ၁ လ notice အပြည့်မပြီးခင်မှာပဲ ကျနော်အပြင်းအထန်ဖျားပါတယ်။ ဆရာဝန်ဆီသွားတော့ MC (၂) ရက်ပေးပါတယ်။
စင်္ကာပူမှာပထမဆုံးဖျားတာဖြစ်ပြီး MC ပထမဆုံးယူဖူးတာပါ။ သို့သော် ရုံးမှာလူမရှိတာသိတော့ MC (၁)ရက်ပဲနားပြီး နောက် တစ်ရက်
ကိုနေပြန်ကောင်းတာနဲ့ ရုံးတက်ပါတယ်။ ရုံးတက်ပြီး နာရီဝက်လောက်ကြာတော့ သူဌေးရုံးတက်လာပြီး ချက်ချင်းဆိုသလို အခန်းထဲခေါ်
ပြီး ဘာကြောင့် MC ယူရတာလဲဆိုပြီးဆူဆဲ၊ ရုံးမှာလူမရှိတာသိရက်နဲ့ သက်သက်ပညာပြတာဘာညာဆိုပြီး MC ပေးလိုက်တဲ့ဆေးခန်းကို
လဲ Complain လုပ်တာ ဆရာဝန်ကတကယ်နေမကောင်းဖြစ်နေလို့ပေးသင့်လို့ပေးရတာဆိုပြီး ပြန်ရန်တွေ့လိုက်တော့ ကျနော့်ကိုပိုမဲပြီး
နောက်ဆုံးမလုပ်ချင်ရင် ၁ လ နေစရာမလိုဖူး အခုချက်ချင်းထွက်လို့ရတယ်ပြောတာနဲ့ တစ်ရက်ထဲချက်ချင်း hand over လုပ်၊ အဲ့ဒီ
ရက်မှာပဲ MOM ကိုသွား Spass Cancel လုပ်လိုက်ပါတယ်။ ကိုယ့်မှာတော့ အမှန်တကယ်စေတနာရှိလို့ ရုံးမှာလူမရှိတာကိုသိလို့တာဝန်
သိစွာနဲ့ အလုပ်လာတဲ့ဟာကိုတောင် အဲ့ဒီလိုပြသနာရှာတာပါ။ ကျနော့် စင်္ကာပူဘဝ အစပိုင်းရဲ့ အလွန်ခါးသီးတဲ့အတွေ့အကြုံတွေပါပဲ။
အဲ့ဒီကနေထွက်ပြီးတဲ့နောက် အလုပ်ကိုလဲဖိရှာ၊ ပုံနိုပ်စက်ကအင်တာဗျူးကလဲ ရနိုင်လောက်တော့ ဖုံးဆက်ပြီး follow up လုပ်တာ၊ အဲ့ဒီ
ပုံနိုပ်စက်မှာပဲ အလုပ်ရလိုက်တော့ Stay အတွက်စိတ်အေးပြီးစင်္ကာပူမှာ ဆက်နေထိုင်ခွင့်ရလိုက်ပါတယ်။ တိုတိုပြောရရင်အဲ့အလုပ်မှာလဲ
အစဉ်အပြေကြီးမဟုတ်တော့ ကြိုတင်ပြီးအလုပ်ရှာထားနှင့်ပါတယ်။ အဲ့ဒီအလုပ်မှာ (၄)လပဲကြာပြီး Spass ဘဝရဲ့နောက်ဆုံးအလုပ်ဖြစ်တဲ့
Jurong Food Industry ထဲက Pie Cake စတဲ့အနောက်တိုင်းအစားအစာတွေထုတ်လုပ်ရောင်းချတဲ့ စီကနေအင်တာဗျူးရတော့သွားတာ။
မန်နေဂျာ လူဝကြီးကမေးပါတယ်။ MYOB Accounting Software ကိုတက်လား? အရင်ကဘာတွေလုပ်ဖူးလဲ? အဲ့ဒီလောက်ပဲမေးပါတယ်။
အဲ့ဒီအလုပ်ရဲ့ Second Interview ကိုတော့ သူဌေးနဲ့သူဌေးရဲ့အတိုင်ပင်ခံကမေးပါတယ်။ မေးတာထက်သူတို့လုပ်ချင်တာတွေကိုထိုင်ပြော
တာ (၂)နာရီကျော်ကြာသွားတယ်။ နောက်အဲ့အလုပ်မှာအလုပ်ရ ၁ နှစ်ကျော်လောက်ကြတော့ ပီအာလျှောက်ထားတာအောင်တော့ ပီအာ
ဖြစ်ပြီး လက်ထဲ blue ic ရောက်တာနဲ့ထွက်စာတင်ပါရော။ အဲ့ဒီနေရာမှာ အမှားတစ်ခုနဲ့စတွေ့ပါတယ်။ ရှေ့ကို သိပ်ကြိုမကြည့်လိုက်မိပဲ
လောလောဆယ် ထွက်ချင်တာပဲသိပြီးထွက်တော့ ၂၀၀၉ ခုနှစ်စီးပွားပျက်ကပ်ဆိုက်တဲ့အချိန်ထဲမှာရောက်နေတော့ နောက်အလုပ်တစ်ခုကို
တော်တော်နဲ့မရနိုင်ပါဘူး၊ Changi Airport က Passenger Service Associate တွေကို budget airlines တွေအတွက် walk in interview သွားပါတယ်။ အဲ့ဒီမှာ အလုပ်လျှောက်ထားသူပေါင်း ၂၀၀-၃၀၀ မကပါဘူး ကိုယ့်အလှည့်ရောက်ဖို့ထိုင်ခုံမှာတန်းစီရတာ ကိုက
၃ နာရီလောက်ကြာသွားတယ်။ လေကြောင်းဆိုတဲ့အတွက် အရင်က ရန်ကုန်မှာလုပ်ခဲ့ဖူးတဲ့ လေကြောင်းအတွေ့အကြုံတွေ က ကျနော့် အတွက်အခွင့်အလမ်းကောင်းတွေပါပဲ။ Interviewer ကလဲ ရန်ကုန်မှာဘာတွေလုပ်ခဲ့ဖူးတာလဲ လောက်ပဲမေးပြီး၊ သူတို့Company ကြီး
အလွန်ကောင်းပြီး ရှေ့အလားအလာကောင်းတွေရှိတယ်ဆိုတာရှင်းပြတာနားထောင်ပြန်လာခဲ့ပါတယ်။ (၃) ရက်နေတော့အလုပ်ရကြောင်း
အလုပ်ခန့်စာမှာလက်မှတ်လာထိုးပါလို့ခေါ်ပါတယ်။ ကျနော့်စင်္ကာပူဘဝရဲ့ ပထမဆုံးအလုပ်ခန့်စာကိုမြင်ဖူးတာပါ။ အဲ့ဒီကအကြောင်းတွေ
ကိုတော့ ကျနော်နှင့် Airline Industry ဆိုပြီးအပိုင်းပေါင်းများစွာခွဲရေးခဲ့ပြီးပြီမို့ ထပ်မရေးတော့ပါဘူး။ (၃) လ Confirmation letter
မပေးမီမှာပဲ ကျနော်အလုပ်ထွက်စာတင်ပြီး အလုပ်ထပ်ရှာပါတယ်။ ဒီမှာတော့ မတူတော့ဘူး ပီအာဖြစ်လာတဲ့အတွက် အလုပ်ရှာရတာသိပ်
အခက်ကြီးမဟုတ်တော့ပါဘူး။ အင်တာဗျူးတချို့သွားတယ်။ ထုံးစံအတိုင်း walk-in လဲသွားပါတယ်။ အလုပ် (၂)ခုလောက်က offer ပေး
ပါတယ်။ ဒါပေမယ့် အယူသည်းလွန်းတယ်ပဲပြောပြော အလုပ်အသစ်ရပေမယ့် မပျော်မရွှင်ရှိတာနဲ့ ကျနော့်ယုံကြည့်ချက်ကြောင့် ကွမ်ရင်မယ်တော်သွားမေးတော့ မလုပ်နဲ့ပြောတာကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး။
ပီအာဖြစ်လာပြီးတဲ့နောက်ပိုင်း ပထမဆုံးခက်ခက်ခဲခဲ ဖြေခဲ့ရတဲ့ အင်တာဗျူးတစ်ခုကတော့ ပင်နဆူလာပလာဇာ အပေါ်မှာရှိတဲ့ရုံးတစ်ခုရဲ့
Administrator Post တစ်ခုအတွက် Second interview ပါ။ ကျနော်အဲ့ဒီအလုပ်ကိုအရမ်းရချင်ပါတယ်။ ပင်နဆူလာမှာရှိနေတဲ့အတွက်
စားရေးသောက်ရေးလဲမပူရဘူး၊ မြို့လည်ကောင်မှာရှိနေပြီး ကျနော်အင်မတန်ကြိုက်တဲ့ အထပ်မြင့်ရုံး environment တစ်ခုပါ။ သူရဲ့
First Interview ကိုတော့ သူဌေးရဲ့ Secretary ကဗျူးပါတယ်။ သူနဲ့ပြောတဲ့အခါမှာလဲ အရင်အင်တာဗျူးတွေလိုတော့မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေပြောပါတို့၊ ကိုယ့်အကြောင်းကိုယ်ပြောပါတို့ပါလာပါပြီ။ လူဆိုတာတော့ ကိုယ့်အားသာချက်
သာပြောချင်ပေမယ့် ကိုယ့်အားနည်းချက်ကြတော့ ကိုယ့်အတ္တကြောင့်ထင်ပါရဲ့ နည်းနည်းတော့ ပြောရခက်တယ်။ သို့သော်လည်းမေးလာ
တော့မဖြေချင်လို့မှမရပဲ ဖြစ်ညစ်ပြီးဖြေရတာပေါ့။ အမှန်တကယ်အားနည်းချက်ကို ကိုယ်ဟာကိုယ်သိပေမယ့် ပြောလိုက်ရင်အသေအခြာ
အလုပ်မရမှာပဲ။ Second Interview ကိုတော့ သူဌေးကမေးပါတယ်။ သူဌေးက အမျိုးသားအသက် ၅၀ ပတ်ဝန်းကျင်ပါ။ သူကအဓိကမေး
တဲ့အကြောင်းတွေက အရင်အလုပ်တွေကနေဘာကြောင့် ခဏခဏ ခုန်လာရတာလဲကို အတိအကျမေးပါတယ်။ အဲ့ဒီတုံးကတော့ ဒီလို
မေးခွန်းတွေအတွက် မဟာဗျူဟာကျကျ အဖြေတွေ၊ လိုက်နာရမယ့်စည်းကမ်းတွေသိပ်မသိတော့ ရှင်းရှင်းနဲ့ပွင့်ပွင့်လင်းလင်းကိုမုသား
နည်းနည်းစွတ်ဖြေရတာပေါ့။ အရင်သူဌေးနဲ့ရန်ဖြစ်ပြီးထွက်လာတယ်လို့တော့ ဘယ်ပြောလို့ဖြစ်မလဲနော်။ ကျနော်သိတယ်၊ သူဌေးက
ကျနော် အလုပ်ခဏခဏ ပြောင်းတာသူမကြိုက်မှန်းကိုလေ။ အင်တာဗျူးခန်းထဲကထွက်လာတော့ ဒီအလုပ်မရဖူးဆိုတာ ကျနော်သိနေပါ
တယ်။ အဲ့ဒီနေ့က အဲ့ဒီအင်တာဗျူးက ၂ ခုမြောက်အင်တာဗျူးပါ။ ပထမဆုံး Bedok မှာ၊ အဲ့ကနေ City Hall အဝင်မှာ မိုးတွေကရွာပြီး
စီးထားတဲ့ဖိနပ်အဟောင်းက ခွာပြုတ်သွားလို့ Bata မှာဖိနပ်အသစ်တစ်ရံဝယ်စီးပြီး ပင်နဆူလာကအင်တာဗျူးကိုသွားရတာပါ။ ဒီအလုပ်
မရလောက်ဖူးထင်တော့ အဲ့ဒီနေ့အတွက်ဆွဲထားတဲ့ Schedule အရ Clementi က walk-in interview တစ်ခုဆက်သွားဖို့ဆုံးဖြတ်လိုက်
ပြီး Lakeside ကအိမ်ကိုခပ်မြန်မြန်ပြန်၊ Shirt တစ်ထည်ပြန်လဲပြီး ၄ နာရီခွဲအမှီပြေးတာ အဲ့ဒီရုံးရှေ့ရောက်တော့ ၄ နာရီထိုးနေပါပြီ။
အလွန်ကြီးမားတဲ့ ရုံးချုပ်ကြီးဖြစ်ပြီး အထဲဝင်ဖို့ လုံခြုံရေးကိုအရင်ပြောရပါတယ်။ လုံခြုံရေးက အင်တာဗျူးမရှိတော့ကြောင်းပြောတော့
အတင်းငြင်းတာနဲ့ သူတို့ HR Department ကိုလှန်းမေးမေးတော့ HR ကနောက်ဆုံးတစ်ယောက်အနေနဲ့ လက်ခံပေးမယ်ဆိုတာနဲ့
အထဲဝင်ခွင့်ရလိုက်တယ်။ တကယ်တော့ ကျနော်အင်တာဗျူးသွားတဲ့နေ့က စက်တင်ဘာ ၃၀ ရက်နေ့ထင်တယ်။ တကယ်တော့ သူတို့
အင်တာဗျူးက ၂၉ ရက်နေ့ထဲကပြီးသွားခဲ့တာ ကျနော်ရက်ကြည့်တာမှားပြီးသွားတာ HR Staff ကပြောမှသိပါတယ်။ HR Interviewer
ကလဲ ဘာမှထွေထွေထူးထူးမမေးပဲ Jurong Island မှာအလုပ်လုပ်နိုင်လား? Accounting ကိုနားလည်လား? ရေးထားတဲ့ expected
salary က gross လား? ဒီမေးခွန်း (၃)ခုပဲမေးပြီး အကြောင်းပြန်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ ဘယ်လိုမှ မျှော်လင့်ချက်မရှိပါဘူး။ HR ပုံစံကစိတ်ဝင်တစားမရှိတာကြောင့်ပါ။ နောက်တစ်ရက်ကြတော့ ဖုံးဆက်ခေါ်ထားတဲ့သင်္ဘောကျင်းCompany
တစ်ခု အင်တာဗျူးသွားတယ်။ Company အဆင့်ကမသေးပါဘူး။ HR Manager က အင်တာဗျူးလုပ်ပါတယ်။ အရင်ကလုပ်ခဲ့ဖူးတဲ့ အလုပ်
အတွေ့အကြုံရယ်၊ (၆) ရက်အလုပ်လုပ်နိုင်လား? Data Entry Skill နဲ့ပတ်သတ်တာတွေ၊ အလုပ်သမား ၁၀၀၀ ကျော်လောက်ရဲ့ payroll
entry ကိုလုပ်ရမှာဆိုတဲ့ အကြောင်းပြောပါတယ်။ လစာညှီနှိုင်းတာလဲအဆင်ပြေတော့ ခဏစောင့်မလားတဲ့ GM နဲ့ Second Interview
တခါထဲပြီးသွားအောင်လုပ်လိုက်ချင်လို့တဲ့ ဆိုတော့ အောက်ဆင်းပြီးတွေ့တဲ့ထမင်းဆိုင်မှာ ထမင်းစား ရုံးပေါ်ပြန်တက်ပြီးစောင့်လိုက်တာ
၂ နာရီလောက်ကြာသွားပြီးတဲ့နောက် GM မအားလို့ Interview မလုပ်နိုင်တော့ပါဘူးတဲ့။ စိတ်ကအတော်ကိုတိုသွားပါတယ်။ အချိန်တွေ
ကုန်ခံစောင့်ပြီး ဘာမှလဲမဟုတ်ဖူးပေါ့။ နောက်ထပ် (၃) ရက်လောက်ကြာတော့ အဲ့ဒီ Marine Company ကဖုံးဆက်ပြီး Second Interview သွားစရာမလိုတော့ကြောင်း၊ အလုပ်ခန့်လိုက်ပြီးဖြစ်ကြောင်း၊ သင်္ဘောကျင်းလုပ်ငန်းဖြစ်တဲ့အတွက် Safety Course တစ်ခုကို
သွားတက်ပြီးမှ အလုပ်စရမှာဖြစ်တဲ့အတွက် Safety Course Provider ရှိတဲ့နေရာကိုသွားပြီး သင်တန်းတက်ရမှာဖြစ်တဲ့အကြောင်း
အကြောင်းကြားပါတယ်။ Safety Course တက်ပြီးတော့ ပုံမှန်အားဖြင့် တင်္နလာနေ့မှာအလုပ်စလုပ်ကြတာဖြစ်ပေမယ့် ဘာကြောင့်မှန်း
မသိ ကျနော့်ကိုအင်္ဂါနေ့မှအလုပ်စဝင်ခိုင်းပါတယ်။ တဆက်ထဲမှာပဲ Clementi မှာသွားထားတဲ့ အင်တာဗျူးက Second Interview ကို
သူတို့ Jurong Island ကသက်ဆိုင်ရာ Section ရဲ့မန်နေဂျာက အင်တာဗျူးမှာဖြစ်တဲ့အတွက် တင်္နလာနေ့မှာလာနိုင်မလား ဆိုတော့ ဟို
အလုပ်ကိုလက်ခံထားပြီးဖြစ်ပေမယ့် လက်မှတ်မထိုးရသေးတာကြောင့် လာမယ်ပြောလိုက်ပါတယ်။
Second Interview သွားဖို့အတွက် Clementi ရုံးကိုပဲသွားရပြီး အဲ့ဒီကနေ Jurong Island ကိုသွားဖို့ ကားတစ်စင်းလာခေါ်ပါတယ်။
ကျနော်အပါအဝင် (၄)ယောက်ပါ။ တစ်ယောက်ကိုယ်တစ်ယောက်စုံစမ်းလိုက်ကြတော့ သူတို့ကြော်ငြာအလုပ်ခေါ်ထားတဲ့ Position ၁ ခု
စီအတွက် (၁) ယောက်စီကိုပဲ Second Interview ခေါ်တဲ့အတွက် အလုပ်ရဖို့က အင်တာဗျူးမဝင်ခင်ကထဲက ၈၀% လောက်သေခြာနေ
ပါတယ်။ Second Interview ကိုတော့ အဲ့ဒီရုံးခွဲရဲ့ Section Manager မလေးရှားဖွား အိန္ဒိယလူမျိုးမန်နေဂျာ နဲ့ Direct Superior အဖြစ် မလေးရှားဖွား တရုတ် Officer ကမေးပါတယ်။ အမှန်တကယ်တော့ မန်နေဂျာကပဲ ဘယ်နေ့လောက်အလုပ်စဝင်နိုင်သလဲ ဒီနေရာမှာ
အလုပ်လုပ်နိုင်လား အဲ့လောက်ပဲမေးတာပါ။ Officer ကတော့ တစ်ခွန်းမှမမေးပါဘူး။ သူတို့မမေးတော့ ကျနော်ကပဲ သူတို့ရဲ့ လုပ်ငန်းစဉ် တွေ၊ သုံးတဲ့ software တွေ၊ အလုပ်ချိန်၊ အိုတီဘာညာပြန်မေးလိုက်တာ (၁၀ )ခွန်းမကပါဘူး။ ပြီးတော့ မန်နေဂျာကသူ့အထက်မှာဆုံး
ဖြတ်ပေးနိုင်တဲ့ အရာရှိတစ်ယောက်ရှိသေးလို့နောက်တော့ အကြောင်းပြန်ပါ့မယ်ဆိုတော့ ကျနော်ကအမြန်အကြောင်းပြန်ပေးဖို့၊ တခြား
အလုပ်တစ်ခုကိုလက်ခံထားပြီးဖြစ်နေလို့ မနက်ဖန်အလုပ်ဝင်ရမှာဖြစ်တဲ့အကြောင်းပြောတော့ ဒါဆိုအပြင်မှာခဏစောင့်ပါတဲ့ မေးပေးပါ
မယ်ဆိုပြီး ၁၅ မိနစ်လောက်ကြာတော့ အခန်းထဲပြန်ခေါ်ပြီး ဟိုဖက်အလုပ်ကို cancel လုပ်နိုင်ပြီဖြစ်ကြောင်း ဒီမှာ Confirm အလုပ်ရ
ကြောင်းပြောပါတယ်။ ကြိုတင်တွက်ထားတဲ့အတိုင်း အဲ့ဒီနေ့က Second Interview သွားတဲ့ (၄) ယောက်အနက်က (၃) ယောက်ကိုခန့်
ထားလိုက်ပါတယ်။ တစ်ယောက်ကိုတော့ အသက်ကြီးလို့မကြိုက်ဘူးဆိုပြီး အထက်ကအရာရှိကပယ်ချလိုက်လို့ပါ။ ဒီလိုနဲ့ ကျနော်အခု
လက်ရှိအလုပ်လုပ်နေတဲ့ Sankyu Singapore Pte Ltd မှာအလုပ်ရရှိခဲ့တာပါ။ အပွင့်လင်းဆုံးပြောရရင်တော့ သူတို့မှာလဲ ဒီ Jurong Island လိုနေရာမှာအလုပ်လုပ်ချင်တဲ့သူမရှိလို့ ကျနော့်ကိုရွေးတာဖြစ်နိုင်သလို ကျနော်ကံကောင်းတာကြောင့်လဲ ဘာမှ ထွေထွေထူးထူး
အင်တာဗျူးတွေမဖြေခဲ့ရပဲ အလုပ်ရခဲ့တာပါ။
Sankyu Singapore ဟာ ဂျပန်နိုင်ငံမှာ ရုံးချူပ်တည်ရှိတဲ့ Multi National Corporation (MNC) အဆင့် Sankyu Inc. ကရာနှုန်းပြည့်ပိုင်
ဆိုင်တဲ့စင်္ကာပူနိုင်ငံမှာ တိုက်ရိုက်ဝန်ထမ်းပေါင်း ၈၀၀ ကျော်ရှိတဲ့ လုပ်ငန်းစုကြီးတစ်ခုပါ။ ကျနော်နေရတဲ့ ရုံးခွဲလေးကတော့ Sankyu ရဲ့
Client တစ်ခုဖြစ်တဲ့အခြား ဂျပန်ကုန်ကြမ်းထုတ်လုပ်ရေးစက်ရုံကြီးမှာ အခြေချထားတဲ့ Logistics Site Office လေးတစ်ခုပါပဲ။ ကျနော်
အလွန်ကြိုက်တဲ့ ပင်လယ်ကြီးဘေးမှာပါ။ ညနေခင်းလေး ရုံးပြင်ထွက်လမ်းလျှောက်လို့အင်မတန်ကောင်းပါတယ်။ လုပ်ငန်းလိုအပ်ချက်
အရ အရေးကြီးသောစာရွက်စာတမ်းများနဲ့ Confidential စာရွက်စာတမ်းများကို ကိုင်တွယ်အလုပ်လုပ်ရတဲ့အတွက် ကျနော့်အတွက်
သီးသန့်ရုံးခန်းပေးထားပါတယ်။ မန်နေဂျာကလဲ ဘာဖိအားမှမပေးတဲ့ ရေခဲတုံးလိုမန်နေဂျာဖြစ်ပြီး အထက်အရာရှိကလဲ အင်မတန်ကိုမှ
သဘောကောင်းလွန်းလို့ Everything Yes Man ပါပဲ။ အလုပ်ရယ်လို့လဲ တစ်လမှာ ၂ ခါလောက်သာအလုပ်များပြီး သူဟာသူအလွန်
ချောမွေ့နေသောအလုပ်တစ်ခုလို့ပြောရမှာပါ။ Comapany ရဲ့ Policy တွေအရ အခမဲ့ဆေးကုခွင့်၊ အထူးကုဆရာဝန်ကြီးများနဲ့ကုသခွင့်၊
ကျန်းမာရေးအာမခံစတဲ့ ခံစားခွင့်တွေ တော်တော်များများကိုလဲ ပေးထားပါသေးတယ်။ ဒီအလုပ်မှာ (၂) နှစ်ကျော် (၃) နှစ်အတွင်းရောက်
လာတဲ့အခါမှာတော့ ကျနော့်ရဲ့ဗီဇကြောင့်ပဲလား၊ ဒါမှမဟုတ်ဒီထက်မက မြင့်တဲ့စီကိုပျံသန်းချင်လို့လားမသိ ကျနော်အလုပ်အသစ်တစ်ခု
ရှာပါတယ်။ (၂) နှစ်တာကာလအတွင်းမှာ နေ့စဉ်၊ လစဉ်လုပ်ငန်းစဉ်တွေဟာ ထွေထွေထူးထူးတွေ မရှိပါဘူး။ ဒီဟာကဒီဟာနဲ့အင်မတန်
မှလဲ ပျင်းလာတဲ့အပြင် ကိုယ်ကိုကိုယ်လဲ တုံးသွားတယ်လို့ထင်မိတယ်။ ဆက်ဆံရတဲ့ပတ်ဝန်းကျင်အနေနဲ့လဲ ကျနော့်အပေါ်တိုးတက်ရာ
တိုးတက်ကြောင်းဖြစ်လာနိုင်တဲ့အလားအလာမရှိဘူးလို့လဲ ယူဆမိတာတွေကြောင့်လဲ အလုပ်အသစ်ရှာဖို့ဖြစ်လာပါတယ်။
လွန်ခဲ့တဲ့ ဖေဖဝါရီလထဲမှာတော့ ကျနော်သိတဲ့ အမေရိကန် MNC ကြီးတစ်ခုကနေ ကျနော်နဲ့ပတ်သတ်တဲ့အလုပ်တစ်ခုလစ်လပ်ကြောင်း ကြော်ငြာတစ်ခုကိုတွေ့ပါတယ်။ Company ရုံးချုပ်ကို အမေရိကန်နိုင်ငံမှာရုံးဆိုက်ထားတာဖြစ်ပြီး Singapore ရုံးကတော့ သူတို့ရဲ့ အာရှ၊ ပစိဖိတ်ဆိုင်ရာရုံးချုပ်တစ်ခုပါ။ ကျနော့် resume ကိုပေးပို့တဲ့အခါမှာတော့ Singapore HR Manager စီ တိုက်ရိုက်ရောက်ရှိပြီး
ပထမဆုံးအဆင့်အနေနဲ့ ကျနော့်စီဖုံးခေါ်ပြီး telephone interview လုပ်မယ်ဆိုတဲ့အကြောင်း ဘယ်နေ့ဘယ်အချိန်မှာအစဉ်ပြေနိုင်မလဲ
ဆိုတာမေးပါတယ်။ telephone interview အနေနဲ့အခုလို ထွေထွေထူးထူး တကူးတက စီစဉ်ပြီးမေးတာမကြုံဖူးပေမယ့် အရင်ကဆိုလဲ
အခြားအလုပ်လျှောက်ထားမှုတွေမှာ ကြုံရင်ကြုံသလိုဖုံးထဲကမေးတာတွေကြုံဖူးပါတယ်။ အခုဟာကတော့ interview appointment တစ်
ခုပေးသလိုမျိုး e-mail နဲ့ ဘယ်နေ့ဘယ်အချိန်မှာ interview လုပ်ပါမယ်ဆိုတဲ့အကြောင်း confirmation လုပ်ပါတယ်။ ချက်ချင်းကြီးမေး
လိုက်တာမှတော်သေးတယ်။ အခုဟာက အဲ့ဒီဖုံးဆက်ပါမယ်ဆိုတဲ့အချိန်ကိုစောင့်နေရတာကိုက ရင်ပိုခုန်ပါတယ်။ သူဆက်မယ်ဆိုတဲ့အချိန်
မှာဆက်လာပြီး မေးခွန်းတွေမေးပါတယ်။ အထူးသဖြင့်လက်ရှိအလုပ်လုပ်နေတဲ့ Company ကစလို့ လုပ်ခဲ့သမျှအလုပ်တွေမှာ ဘာတွေ
လုပ်ခဲ့ရတာလဲဆိုတာကို resume ထဲမှာပါတဲ့အတိုင်း အစဉ်တစိုက် မေးသွားတာပါ။ အဲ့ဒီအလုပ်တွေကနေဘာကြောင့်ထွက်ခဲ့တာလဲ?
အခုအလုပ်ကရောဘာကြောင့်ထွက်ချင်ရတာလဲ? ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေ ကိုပြောပါတို့။ အခုလက်ရှိလုပ်နေတဲ့ company ကဘာတွေလုပ်ပြီး၊ ဘယ်လောက်ကြီးသလဲ? ဘယ်သူ့ကိုတိုက်ရိုက်အစီရင်ခံရသလဲ? နောင် ၁၀ နှစ်တာကာလ အတွက်
ရည်မှန်းချက်ကိုပြောပါ။ စတဲ့မေးခွန်းတွေမေးပြီး သူတို့ Company ကဘာတွေ လုပ်တဲ့ company ဖြစ်ပြီး အခုအလုပ်ခေါ်တဲ့ position
မှာလုပ်ရမယ့် အလုပ်တွေကိုဖြေကြားရှင်းလင်းလိုက်တာ အားလုံး ၄၅ မိနစ်ကြာပါတယ်။ ဖြေဖူးသမျှအင်တာဗျူးတွေမှာ အကြာဆုံးစံချိန်ပါ။
Telephone Interview အပြီးမှာ ထုံးစံအားဖြင့် face-to-face interview အဆင့်တစ်ခုထပ်ရှိတာမို့ face-to-face ခေါ်မှာလားမေးတော့
ခေါ်မှာဖြစ်တဲ့အကြောင်း စီစဉ်ပြီးတာနဲ့ အကြောင်းကြားမယ်ပြောပါတယ်။
နောက် (၂) ရက်အကြာမှာတော့ face-to-face interview ကို သူတို့ Company ရဲ့ Global Human Resources, Vice President (VP)
နဲ့တစ်ခါ၊ Singapore ရုံးရဲ့ Country Manager and Chief Financial Officer (CFO) နဲ့တစ်ခါ တစ်ရက်ထဲမှာပဲ ဒီ (၂) ယောက်နဲ့
interview လုပ်ပါမယ်တဲ့။ အရင်က Company ပိုင်ရှင်သူဌေးတွေနဲ့သာဗျူးခဲ့ဖူးပေမယ့် အခုလို Global Level, Senior Executive တွေနဲ့
တော့ တခါမှအတွေ့အကြုံမရှိတော့ အင်မတန်ကိုရင်ခုန်ပါတယ်။ Interview ခေါ်ထားတဲ့နေ့ကိုရောက်တော့ သူတို့ရုံးကို ချိန်းထားတဲ့
အချိန်ထက် ၁၀ မိနစ်ကြိုရောက်ပါတယ်။ ဖုံးထဲကဗျူးခဲ့တဲ့ HR Manager က အစည်းအဝေးခန်းမကြီးတစ်ခုထဲမှာ နေရာချပေးပြီးနောက်
အာခြောက်မယ်ဆိုတာကြိုသိလို့ထင်ပါရဲ့ ရေသောက်မလားမေးတော့ သောက်မယ်ပြောလိုက်တယ်။ ရေတဗူးတိုက်ပြီး ခဏစောင့်ဖို့ VP
အခုပဲလာပါမယ် ဆိုတဲ့အကြောင်း အလွန်ဖော်ရွေစွာပြောပြီး ထွက်သွားပါတယ်။ ၅ မိနစ်လောက်ကြာတော့ VP ဝင်လာတော့ မတ်တက်ရပ်
နှုတ်ဆက်၊ သူထိုင်ပါလို့ပြောတဲ့အခါမှထိုင်ပြီး သူ့ကိုယ်သူမိတ်ဆက်တာကို နားထောင်ရပါတယ်။ ဒါကတော့ သူက Global HR VP တစ်
ယောက်ဖြစ်သည်နှင့်အညီ HR Professional တစ်ယောက်ရဲ့ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတာပါ။ ပထမဆုံးမေးခွန်းအနေနဲ့ကတော့
ကြိုတင်မျှော်လင့်ထားပြီးမေးခွန်းဖြစ်တဲ့ " Can you share with me about Yourself ?" ပါ။ ဒီမေးခွန်းမျိုးကို ဟိုးအရင်က အလုပ်တချို့
မှာ မေးခံထားတာတွေရှိပြီး open ended မေးခွန်းမျိုးတွေဖြစ်တော့ ဖြေရတာသိပ်အချိုးမကျပါဘူး။ အခုလဲ တူတူပါပဲ ကျနော်ကြိုတင်ပြီး လေ့ကျင့်ထားပေမယ့် ကျနော်ပြောတဲ့ Myself က သိပ်တိုလွန်းသွားပြီး ပေးရမယ့် အချက်အလက်တွေ တော်တော်များများ ကျန်ခဲ့တယ်
ဆိုတာ ကျနော်သိလိုက်ပါတယ်။ ဒါမယ့် VP က သူသိချင်တဲ့ အချက်အချို့ကိုပဲပြန်မေးသွားပြီး ထုံးစံအတိုင်း အခုလက်ရှိအလုပ်ကနေ
ဘာကြောင့်ထွက်ချင်ရတာလဲ ကိုမေးပါတယ်။ ဒီဟာမှာလဲ မဖြစ်မနေလိုက်နာရမယ့်စည်းကမ်းတစ်ခုအနေနဲ့ထွက်ချင်တဲ့အလုပ်အကြောင်း
မကောင်းလုံးဝမပြောရပါဘူးတဲ့။ ဒီတော့ ကျနော်ကတော့ ကျနော်အမှန်တကယ်ဖြစ်ချင်တဲ့အတိုင်းပဲ ကျနော့်ဘဝ ပိုမိုမြင့်မားတိုးတက်မှု
အတွက်အလွန်လျှင်မြန်စွာ ဖွံဖြိုးတိုးတက်နေသော Company ကြီးတစ်ခုမှာအလုပ်လုပ်ကိုင်ခွင့်ရချင်တာပါလို့ဖြေပါတယ်။ ဒီဟာကိုနင်းပြီး
တော့ VP က Singapore ရုံးအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ အရောင်းဆိုင်ရာရုံးလေးတစ်ခုသာဖြစ်လို့ မင်းသာအမှန်တကယ်တိုး
တက်ချင်တယ်ဆိုရင် သူတို့ရဲ့ ထုတ်လုပ်ရေးစက်ရုံကြီးများရှိရာ တရုတ်ပြည်သာလျှင် မင်းဘဝကို ပိုမိုလျှင်မြန်စွာတိုးတက်နိုင်တယ်ဆိုပြီး
သွယ်ဝှက်သောနည်းနဲ့ ကျနော် တရုတ်စာမတက်တဲ့အကြောင်းကိုပြောတာပါ။ ကျနော်မှာလဲ သူဆိုလိုချင်တာ သဘောပေါက်တော့
တကယ်လို့သာ ဒီအလုပ်ခန့်ခဲ့ရင် တရုတ်စာသွားသင်မယ်လို့ကတိပေးကြောင်းပြောလိုက်ပါတယ်။ အဲ့ဒီနောက်တော့ ကျနော်အရင်က
လုပ်ခဲ့တဲ့ Volunteer အလုပ်တွေကိုကြည့်ပြီး အင်မတန်သဘောကျတဲ့အကြောင်း၊ ဒီအချက်တစ်ခုထဲနဲ့တင် မင်းကို စိတ်ဝင်တစားရှိမိ
ကြောင်းပြောပြီး ဘာကြောင့် ဒီ Volunteer အလုပ်ကိုလုပ်ရတာလဲ? Volunteer အလုပ်နဲ့ ဝင်ငွေရနေတဲ့အလုပ်ကြားမှာ အချိန်ကိုဘယ်လို
စီမံခန့်ခွဲပါသလဲ? မေးခွန်းတွေနဲ့ Volunteer လုပ်ခဲ့တဲ့အလုပ်တစ်ခုချင်းစီရဲ့ လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေကို အတိအကျမေးပါ
တယ်။ ဒါ့အပြင်ဒီ Volunteer အလုပ်တွေထဲကနေဘာတွေကို မင်းဘဝအတွက် သင်ကြားတက်မြောက် အထောက်အကူပြုစေခဲ့ပါသလဲ?
ဒီလိုမေးခွန်းမျိုးတွေကတော့ အရင်ကမဖြေဖူးတဲ့ မေးခွန်းမျိုးတွေဖြစ်ပေမယ့် ကိုယ်ဘာတွေလုပ်ခဲ့တာလဲဆိုတာကို ပြန်ပြောရတာဆိုတော့
သိပ်ပြီး အခက်အခဲမရှိလှပါဘူး။ ကျနော့်ကိုလဲ ထုံးစံအတိုင်း ဘာမေးအုံးမလဲဆိုတော့ မေးစရာသိချင်တာတွေက HR Manager ကနေ
သိပြီးသားတွေဖြစ်နေလို့ ထပ်မေးစရာမလိုတော့ပေမယ့် မမေးမဖြစ်မေးမှဖြစ်မှာဆိုတော့ ဒီ Position အတွက်ဘယ်တော့လောက်များ
အဖြေသိရမလဲ ဆိုတော့ ကျနော်အပါအဝင် Shortlsited က (၄)ယောက်ရှိတဲ့အကြောင်း (၄)ယောက်လုံးကိုဒီနေ့တစ်ရက်မှာပဲ interview
လုပ်တဲ့အကြောင်း၊ ဒီညနေမှာပဲ သူတို့ ဆွေးနွေးတိုင်ပင်ပြီးဆုံးဖြတ်မှာဆိုတဲ့အကြောင်းဖြေပါတယ်။ ထပ်မေးစရာလဲမရှိတော့တာနဲ့ VP
က သူ့ business card ပေးပြီး အချိန်မရွေး e-mail ပို့နိုင်ပါကြောင်းပြော၊ ကျေးဇူးတင်ကြောင်း အပြန်အလှန်တွေကို ပြောပြီး interview
ပြီးပါတယ်။
Myself နဲ့ပတ်သတ်ပြီး ကျနော်ဖတ်ဖူးတာလေး ဝေမျှရရင် MySelf ကို ကျနော်တို့ငယ်ငယ်တုံးက ကျောင်းတွေမှာ Essay တွေ ခဏခဏရေးခဲ့ဖူးကြမှာပါပဲ။ သို့သော်တစ်ခါတလေ မှာ ကိုယ့်အကြောင်းကိုယ်ပြောလို့ မေးခံရလို့ဖြေရတဲ့ အခါဖြေရခက်တာလေးတွေ တွေ့ရတယ်။ မွေးတာကစလို့ယနေ့အချိန်အထိတိုင်အကြောင်းတွေကို ပြောခိုင်းတာတော့မဟုတ်ပါဘူး။ သို့သော် အတက်နိုင်ဆုံး အကျဉ်းချူံးပြောရမှာပါ။ HR Professional တစ်ယောက်အနေနဲ့ အလုပ်လျှောက်ထားသူရဲ့ တွေးတောချက်မြန်ဆန်မှု၊ သူ့ရဲ့ အပြောအဆို
ဆက်ဆံရေးပြေပြစ်မှုတွေကိုလေ့လာဆန်းစစ်ပြီး၊ သူပြောတဲ့ထဲက အလုပ်လျှောက်ထားသူကို ထပ်မံမေးရမယ့် မေးခွန်းတွေကို စိတ်ထဲ ကနေ ထုတ်နုတ်သွားရမှာပါတဲ့။ စုစုပေါင်းကြာမြင့်ချိန် (၅) မိနစ်ထပ်မပိုပဲ (၃) မိနစ်ပတ်ဝန်းကျင်ဟာ အသင့်အတော်ဆုံးဖြစ်ပါတယ်တဲ့။ ဒီအကြောင်းကိုစပြော ရမယ်ဆိုရင် (E) လေးလုံးကိုအခြေခံပြီး ပြောရပါတယ်တဲ့။ Early Life လို့ခေါ်တဲ့ ဘဝအစပိုင်းဖြတ်သန်းလာခဲ့ တဲ့ပုံစံ၊ ဒီအထဲမှာ ကိုယ်ကကျောင်းမှာ ဘယ်လိုဆုတံဆိပ်တွေ ရခဲ့ဖူးတယ်၊ ဘယ်လိုအသင်းတွေမှာ ပါခဲ့ပြီး ဘာတာဝန်တွေ ထမ်းဆောင် ခဲ့တာတွေကိုထည့်ပြီးပြောရမှာပါ။ နောက်ထပ် (E) တစ်လုံးကတော့ Education ပါ။ ဒါကတော့ရှင်းပါတယ်။ ကိုယ်ဘာ ဒီဂရီ၊ ဘာဒီပလိုမာ ကို ဘာမေဂျာအဓိကနဲ့တက်မြောက်သင်ကြားလာခဲ့တယ်၊ ဘယ်လိုအောင်မြင်ခဲ့တယ်ပေါ့။ ဥပမာ ဂုဏ်ထူးတန်း ပထမအဆင့် ဖြင့် အောင်မြင်သည် ဘာညာပေါ့။ နောက်တစ်ခုကတော့ Experience ပါ။ ကိုယ့်မှာလျှောက်ထားတဲ့အလုပ်နဲ့ပတ်သတ်ပြီး ဘယ်လို အတွေ့အကြုံ တွေရှိခဲ့တယ်။ လုပ်ငန်းခွင်မှာဘယ်လို Achievement တွေရခဲ့တယ်ဆိုတာကို ဥပမာနဲ့ပြောရမှာပါ။ နောက်ဆုံး E ကတော့ Expectations ပါ။ ဒါကတော့ ကျနော် နားလည်သလောက်ပြောရရင် ကိုယ်ဘယ်လိုအလုပ်မျိုးလိုချင်တယ်၊ ကိုယ်မှန်းထားတဲ့ ရည်မှန်းချက်စသည်ဖြင့်ပေါ့၊ သို့သော်ငွေကြေး လစာကိုတော့ မမေးရင်ထုတ်ဖော်မပြောသင့်ပါဘူး။ Resume ထဲမှာကိုယ်လိုချင်တဲ့ လစာအခြေအနေကို ရေးပြီးသားဖြစ်နေပါပြီ။
VP နဲ့ Interview ပြီးတဲ့နောက်မှာတော့ Country Manager and CFO နဲ့ HR Manager (၂)ယောက်ပေါင်း Interview ပါ။ HR Manager
ကတော့ ဖုံးထဲမှာ အာပေါက်အောင်မေးထားပြီးပြီမို့ သူကဘာမှထပ်မမေးပဲ CFO တစ်ယောက်ကပဲဒိုင်ခံမေးပါတယ်။ သူကတော့ အခုလုပ်
နေတဲ့အလုပ်ကအကြောင်းတွေ၊ ဒီအလုပ်ကိုဘာကြောင့်လိုချင်ရတာလဲ? ဘာဖြစ်လို့မှ Human Resources ကိုစိတ်ဝင်စားရတာလဲ?
ံHR Line ထဲမှာကမှ ဘယ်လို HR အလုပ်မျိုးကိုနှစ်သက်သဘောကျပါသလဲ? ကျနော်နှစ်သက်တဲ့ ရွက်လှေအားကစားကိုလဲ ဘာကြောင့်
ရွက်လှေအားကစားကိုမှရွေးချယ်နှစ်သက်တာလဲ ? ရေကူးတာကိုကြိုက်တဲ့အတွက် ဒီလိုရေကူးသမားမျိုးဟာ အသင်းအဖွဲ့နဲ့လုပ်ဆောင်
ချက်တွေမှာ အားနည်းတက်တယ်လို့ထင်သလား? ဘာဖြစ်လို့စင်္ကာပူမှာရွက်လှေမစီးတော့တာလဲ? အခုလက်ရှိလုပ်နေတဲ့အလုပ်ကနေ
ဘာကြောင့်ထွက်ချင်တာလဲဆိုတဲ့ မေးခွန်းကိုပဲ မေးခွန်းပုံစုံပြောင်းမေ့လောက်တဲ့အခါမှာတစ်ခါတစ်ခါထပ်မေးလုပ်တာ (၃)ခါမေးပါတယ်။
အခုလက်ရှိလုပ်နေတဲ့အလုပ်မှာ ဘယ်လိုအခက်အခဲမျိုးတွေကို ရင်ဆိုင်ရပြီး အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းအောင်မြင်ခဲ့ပါသလဲ?
တစ်ယောက်ထဲအလုပ်လုပ်ရတာကြိုက်သလား? ရုံးထဲမှာတရုံးရုံးနဲ့နေတက်သလား? အဲ့ဒီမေးခွန်းတွေလဲ မေးပါတယ်။ တကယ်ဆိုရင်
အတော်ကို စေ့စေ့စပ်စပ်နဲ့ တစ်ခုဖြေတိုင်းဖြေတိုင်း ကို အဖြေပေါ်နင်းမေးတဲ့ အင်တာဗျူးမဟာဗျူဟာ ကိုသုံးမေးသွားတာပါ။ ဒီကြားထဲ
သူက ဟောင်ကောင်ဖွားအမေရိကန်ဖြစ်လို့၊ ကျနော်တို့ပတ်ဝန်းကျင်က English စာအသုံးအနှုန်းအသံထွက်က မတူတော့ အတော်လေး
ခက်ခက်ခဲခဲ နားထောင်ရပါတယ်။ ထုံးစံအတိုင်းမေးစရာမေးခွန်းတွေ ပြီးတဲ့နောက်မှာတော့ ကျေးဇူးတင်ကြောင်းဘာညာပြီးတော့ ပြန်လာ
ခဲ့တော့တယ်။ အပြန်လမ်းမှာ ကျနော်တွေးလာတယ်။ ဖြေခဲ့သမျှအင်တာဗျူးတွေထဲမှာ အမြင့်ဆုံးအဆင့်ထိပ်တန်းအရာရှိကြီး Interviwer တွေနဲ့ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး အခက်အခဲဆုံးဖြေခဲ့ရတဲ့ Interview Process တစ်ခုပါ။ ကိုယ်ကိုကိုယ် ကျေနပ်ဂုဏ်ယူတာက တော့ ကျနော်အချိန်ပေးလုပ်ဆောင်ခဲ့တဲ့ Volunteer အလုပ်တွေဟာအလကားမဟုတ်ပဲ တစ်ချိန်ချိန်မှာ တစ်စုံတစ်ခုကိုအကျိုးရှိစေတာပဲ ဆိုတာသိလိုက်လို့ပါ။ သို့သော်ကိုယ်ကိုကိုယ်လဲ (၂) နှစ်တာ ကျွန်းပေါ်ကရုံးမှာထိုင်နေလိုက်တာ အနယ်တွေထိုင်ပြီးအတော်တုံးသွားတာ သိလိုက်ရတယ်။ ကျနော့်ကို Interviewer (၂) ယောက်လုံးက အနည်းနဲ့အများမကြိုက်တာကို ကိုယ်ကိုကိုယ် သိတယ်ပြောရမှာပါ။ ကျနော့်မှာ အားသာတာဆိုလို့ လုပ်ငန်းအတွေ့အကြုံများတာလေးတစ်ခုပဲရှိပြီး၊ ဘာသာစကားနဲ့ပတ်သတ်လို့ Chinese မတက်တာ၊ Communication Skill မှာလိုအပ်တာ၊ သူတို့လိုချင်တဲ့ Inter Office Active Person မဖြစ်တာတွေ၊ ဒီအားနည်းချက်တွေကြောင့် မအောင်မြင်ဖူးလို့လဲ ကိုယ်ကိုကိုယ်သုံးသပ်ပါတယ်။ ဒါ့အပြင် သူတို့ Company အဆင့်လိုပဲကြီးမားတဲ့တကယ်ဆိုရင် သူတို့ထက်တောင်
ပိုကြီးတဲ့ Japanese MNC အဆင့်ကနေဘာကြောင့်မှထွက်ချင်ရတာလဲဆိုတဲ့မေးခွန်းတွေအပေါ် ကျနော်ဖြေတာတွေကို သဘောမကျလှ
တာနားလည်သဘောပေါက်မိပါတယ်။
ယနေ့ထုတ် TODAY Newspaper မှ Foreign labour cuts: Too Deep? သတင်းကို သူငယ်ချင်းတွေအားလုံးဖတ်ရအောင် ဆီလျှော်အောင် ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ ဘာသာပြန်ဆိုမှု အားနည်းချက်များရှိနိုင်သည့်အတွက် အမှားအယွင်းများ ရှိခဲ့ရင် ခွင့်လွှတ်ဖို့ကြိုတင်တောင်းပန်လိုက်ပါတယ်။ အခကြေးငွေဖြင့်ထုတ်လုပ်ဖြန့်ချီသော ပြည်တွင်းပြည်ပဂျာနယ်များ နှင့် အခြား Media များမှအပ မည်သည့် blog နှင့် website များတွင်မဆို myanmarinsingapore.com မှ နှင့် ယခု blog တဆင့် လွတ်လပ်စွာရှယ်ယူနိုင် ပါတယ်။
စင်္ကာပူအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားများလျှော့ချမှု ပေါ်လစီများမှာ လွန်လွန်းနေပြီလား? ဆိုသော မေးခွန်းကို အချို့သော စင်္ကာပူနိုင်ငံသားပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ မှ မေးမြန်းဖွယ်ရာရှိနေပြီး စင်္ကာပူအစိုးရအနေနဲ့လဲ ဖြေရှင်းချက်တွေ ထုတ် ရနိုင်ဖွယ်အခြေအနေ ကိုရင်ဆိုင်နေရပါတယ်။ အချို့သောပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ မှ အစိုးရအပေါ်မေးခွန်း မထုတ်မီ ဖေဖဝါရီလ (၂၈) ရက်နေ့ကစတင်လိုက်တဲ့ စင်္ကာပူပါလီမန်တွင်း အစိုးရဘက်ဂျက် ဆွေးနွေးခန်းမှာ ပါလီမန်အမတ် ၂၅ ယောက်က ပါဝင်ဆွေးနွေးသွားသည့် အနက် စီးပွားရေးလုပ်ငန်းစုများ နှင့် ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုအလွန်အမင်း ထိမ်းချုပ်လာခြင်း နဲ့ပတ်သတ်သောဆွေးနွေးချက်များ ကို (၁၆) ဦးသော ပါလီမန်အမတ်များ က ပိုမိုအလေးပေးဆွေးနွေးသွားပါတယ်။ ပိုမိုကြပ်တည်း လိုက်သော စည်းမျဉ်းစည်းကမ်း များတွင် နိုင်ငံခြားသားအလုပ်သမား များအပေါ် အလွန်အမင်းမှီခိုနေရခြင်း ကင်းလွတ်အောင်ဖိအားပေး ဆောင်ရွက်မှုများပါဝင်ကြောင်းသိရပါတယ်။
နိုင်ငံခြားသားအလုပ်သမားဌားရမ်းမှုအတွက်ပေးရသော အခွန် (Levy) ကို အကြိမ်ကြိမ်တိုးမြှင့်ကောက်ခံခြင်း၊ တင်းကြပ်သောစည်းမျဉ်း စည်းကမ်း လိုအပ်ချက်များပြဌာန်းခြင်းတို့လဲပါဝင်သဖြင့် အချို့သောပါလီမန် အမတ်များအနေဖြင့် အစိုးရ၏ ပေါ်လစီများချမှတ်သူများ အနေဖြင့် လိုသည်ထက်ပို၍ အလွန်အမင်း တင်းကြပ်လွန်းနေပြီဟုထင်မြင်ယူဆကြပါတယ်။ ထိုကဲ့သို့ အလွန်တင်းကြပ်မှုကြောင့် စီးပွားရေးလုပ်ငန်းများကို အနည်းနှင့်အများ ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည့်အပြင် အထူးသဖြင့် အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကိုပိုမို အထိလာနိုင်စရာအကြောင်းရှိနေပါတယ်။
ပါလီမန်အမတ်အများစုအနေဖြင့် ယခုအသစ်ပြဌာန်းလိုက်သော စည်းမျဉ်းစည်းကမ်းများမှာ အလွန်ပြင်းထန်သည်ဟု ယုံကြည်ထောက်ခံ ပြီး စီးပွားရေးလုပ်ငန်းများ၏ ဖွဲ့စည်းပုံများပြန်လည် ပြုပြင်ဖို့ သတ်မှတ်ပေးရာတွင် သက်ဆိုင်ရာ လုပ်ငန်းများပေါ်မူတည်ပြီး ပိုမို သင့်တင့်မျှတသော စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ ချမှတ်သင့်ကြောင်း အစိုးရကိုဝေဖန်လိုက်ပါတယ်။၂၀၁၂ ခုနှစ် ဖေဖဝါရီလ (၁၇) ရက်နေ့ကထုတ်ပြန်လိုက်တဲ့ အစိုးရဘက်ဂျက်ပြဌာန်းမှုအတွင်း တွင် Manufacturing နှင့် Service Sectors ၂ ခုတွင် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုနေမှုများလျော့ချနိုင်ရေးအစီအစဉ် နှင့် ကျန် Sector အားလုံးတွင် S-Pass ချထားပေးမှုအရေအတွက်ကို ပိုမိုတင်းကြပ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ပါလီမန်အတွင်းဆွေးနွေးနေခြင်းဖြစ်ပါတယ်။
Ang Mo Kio GRC မှ PAP ပါလီမန်အမတ် MP Inderjit Singh ကပြောကြားရာတွင် နိုင်ငံခြားသားအလုပ်သမားများ ကိုလျှော့ချရပ်တန့် စေခြင်း ဟာ စီးပွားရေးလုပ်ငန်းစုများ၏ အလွန်အမင်းလိုအပ်လျှတ်ရှိသော အလုပ်သမားလိုအပ်ချက်ကိုဖြတ်တောက်လိုက်ခြင်းနှင့် တိုင်းပြည်၏ စီးပွားရေးဖွံဖြိုးမှုကို တိုက်ရိုက်ထိခိုက်နစ်နာစေသည့် တူညီသောသဘောတရားဖြစ်ကြောင်း၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အစိုးရ၏ ပြင်ဆင်သတ်မှတ်ချက်များကြောင့် ၂ ဆမျှကြီးထွားလာသည့် အသုံးစားရိတ်များနှင့်ကြပ်တည်း လာသည့် အလုပ်သမားဈေးကွက်ကြောင့် များစွာအထိနာလျှတ်ရှိကြောင်း ထည့်သွင်းဆွေးနွေးသွားပါတယ်။
Holland-Bukit Timah GRC မှ PAP ပါလီမန်အမတ် MP Liang Eng Hua မှ စီးပွားရေးလုပ်ငန်းရှင်အများစုအနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကိုဖြတ်တောက်နိုင်သလောက်ဖြတ်တောက်ပြီး ကိုယ်ပိုင်ကိုယ်ထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းသင့်သည် ကို နားလည်သဘောပေါက် ထောက်ခံကြကြောင်း၊ သို့သော် နိုင်ငံခြားသားအလုပ်သမားများ အပေါ်မှီခိုမှုလျော့ချနိုင်ရေးကို မည်၍ မည်မျှလျော့ချနိုင်မည်၊ အချိန်ကာလဘယ်လောက်ကြာမြှင့်မည် စသည်တို့ ကို အစိုးရနှင့်စီးပွားရေးလုပ်ငန်းများ လက်တွဲညီစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးတင်ပြသွားခဲ့ပါတယ်။
အတိုက်အခံပါတီဖြစ်သော WP ပါတီမှ ပါလီမန်အမတ် MP Chen Show Mao မှ Manufacturing, Service and Construction Sector များသည် စင်္ကာပူစီးပွားရေး၏ တစ်စိတ်တစ်ဒေသဖြစ်သည်နှင့်အညီ ယခုပြဌာန်းလိုက်သော ratio ceiling ပြဌာန်းချက်အရ အခြားသော Food and Beverage Services, Social Services and Finance Industries စတဲ့ Service Sector များနှင့် အတူအညီဖြစ်နေကြောင်း၊ MP အနေဖြင့် အကြံပေးလိုသည်မှာ မတူညီသော sector များဖြစ်သည်နှင့်အမျှ ပြဌာန်းချက်ကိုလဲ sector အလိုက်သတ်မှတ်သင့် ကြောင်း၊ ဥပမာအားဖြင့် နိုင်ငံသားများအားသာချက်ရှိသည့် ဘဏ်လုပ်ငန်းများ၊ Biomedicalနှင့်လေကြောင်းနှင့်သက်ဆိုင်သော လုပ်ငန်း များတွင် နိုင်ငံခြားသားအလုပ်သမားဌားရမ်းမှုပေါ်လစီ များကိုပိုမိုတင်းကြပ်သင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခြားသော လုပ်ငန်းများလုပ်ငန်းများတွင် ကုန်ကျစားရိတ်များသက်သာအောင်ပေါ်လစီကိုလျော့ပေးသင့်ကြောင်း ပါဝင်ဆွေးနွေးသွားပါတယ်။KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-65012643226147078252012-01-19T09:37:00.004+08:002012-01-20T11:32:38.832+08:00ကျနော် နှင့် ကားပါမစ်ဒီပိုစ့်ကတော့ လောလောလက်လက် ကျနော်ကားပါမစ်ရောဂါထတဲ့အကြောင်းလေးပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းနေတဲ့ စင်္ကာပူမှာနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ညီအကိုသူငယ်ချင်းတွေလဲ ရှိနေလို့ တခါထဲရှင်းပြပြီးသားဖြစ်သွားအောင် ရေးသားဖော်ပြ
လိုက်ပါတယ်။ တစ်လက်စထဲ ကားပါမစ်ကိစ္စ ကိုလုပ်ဖို့အတွက် မြန်မာပြည်ပြန်တာဆိုတာဆိုတော့ ပြန်ဖို့စီစဉ်တာကစလို့ကြုံတွေ့သမျှ တွေနဲ့ မြန်မာသံရုံးမှာ အခွန်ဆောင်တာကိုလဲထည့်ရေးထားဖြစ်ပါတယ်။ အမြဲပြောနေကျအတိုင်းပဲ ကျနော်နိုင်ငံရေးသမားတစ်ယောက် မဟုတ်သလို နိုင်ငံရေးကိုလဲစိတ်ဝင်တစားမရှိလှသလောက်ဖြစ်ပေမယ့် ဒီပိုစ့်မှာတော့ နိုင်ငံရေးနဲ့ပတ်သတ်တာလေးတွေနည်းနည်းပါးပါး တော့ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှထိခိုက်နစ်နာစေလို သောသဘောမဟုတ်ပါဘူးဆိုတာ ကြိုပြောပါရစေ။ ဒီပိုစ့်ကို
အခကြေးငွေဖြစ်သော်လည်းကောင်း၊ အခမဲ့သော်လည်ကောင်း ပုံနိုပ်ဖော်ပြသည့်မည်သည့် media တွင်မှသုံးစွဲခြင်းမပြုပါရန်မေတ္တာရပ်
ခံပါသည်။ Internet Website များနှင့် facebook တွင် ခွင့်ပြုချက်တောင်းခံစရာမလိုပဲ blog မှတဆင့် share နိုင်ပါကြောင်းအသိပေး အပ်ပါသည်။
ကျနော်တို့ အမိမြန်မာနိုင်ငံတော်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ကနေ ၂၀၁၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့က နိုင်ငံရပ်ခြားမှာ
အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများ ၏ အခွန်ဆောင်ပြီးသောရရှိတဲ့ဝင်ငွေမှ မော်တော်ယာဉ်များတင်သွင်းခွင့်ပြုမယ်ဆိုတဲ့
အကြောင်း သတင်းစာများမှထုတ်ပြန်ကြေငြာပြီးတာနဲ့ တပြိုင်နက်ပဲ ကမ္ဘာကိုရွာလို့တင်စားခေါ်ဝေါ်ရတဲ့ ခေတ်ကာလကြီးမှာ အချိန်နဲ့
တပြေးညီပဲ facebook ပေါ်မှာ တဆင့်သတင်းတွေချက်ချင်း ရရှိခဲ့ပါတယ်။ သိလျှင်သိချင်း တော့ သိပ်စိတ်ဝင်တစားမရှိလှပါဘူး။ တနေ
ကုန်ရုံးမှာထိုင်နေပေမယ့် အဲ့ဒီကားပါမစ်ကိစ္စကို မတွေးမိပဲ ညဖက်အိမ်အပြန် လမ်းရောက်မှကားပါမစ်ရရင်ရောင်းစားလို့ရတာပေါ့လို့
ဆိုပြီး နည်းနည်းစိတ်ဝင်စားသွားပါတယ်။ ဒါကြောင့်ပဲ နီးစပ်ရာတွေကိုမေးမြန်းစုံစမ်းကြည့်တော့ ကားပါမစ်တစ်စောင်ကိုပဲ မြန်မာကျပ်ငွေ
သိန်း ၁၀၀ က နေ ၁၅၀ ကြားဖြစ်တာဆိုတော့ မဆိုးဘူးဟဲ့ဆိုပြီး နောက်တစ်ရက်မှာ ရန်ကုန်ကိုရောက်နေတဲ့ အမေကိုလှန်းပြောပါတယ်။
ကြေငြာချက်ထဲမှာပါတဲ့အတိုင်း အခွန်ကြေပြီးသားဖြစ်ရမယ်ဆိုတော့ ပထမဆုံး ကျန်နေတဲ့ အခွန်တော်တွေကို ဆောင်ဖို့လုပ်ရမယ်ဆို
တော့ ရုံးမှာ အခွန်ဆောင်ဖို့တွက်ချက် လိုအပ်တဲ့ငွေကြေးကိုဘယ်လိုရှာရမယ် ဘယ်လိုလှည့်ပတ်သုံးစွဲရမယ်ဆိုတာတွေကို တနေကုန်
ရုံးအလုပ်မလုပ်ပဲ ကိုယ်ကိစ္စတွေကိုယ်လုပ်လိုက်တယ်။
အဆင့် (၁) မြန်မာသံရုံးသို့
နောက်တစ်နေ့တော့ မြန်မာသံရုံးကို မနက်စောစောထပြီး ၈ နာရီလောက်ရောက်အောင်သွားလိုက်ပေမယ့် ဟိုးအရင်လွန်ခဲ့တဲ့ ၄ နှစ်
လောက်ကပုံစံမဟုတ်တော့ပဲ အတော်ကြီးကိုတိုးတက်ပြောင်းလဲလာတယ်လို့ပြောရမှာပါ။ အခွန်ဆောင်မယ့်သူ၊ စာအုပ်သတ်တမ်းတိုး၊
ထောက်ခံစာယူစတဲ့ ကောင်စစ်ရေးရာလုပ်ဆောင်ချက်တွေလာလုပ်ကြတဲ့သူတွေအတွက် နားနေဆောင်သီးသန့်ထားရှိထားပေးပြီး၊
ခုနကပြောတဲ့ ကောင်စစ်ရေးရာတွေလုပ်ဖို့အတွက် step by step ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းပြထားတဲ့ကြော်ငြာတွေကိုကပ်ထား
ပေးပါတယ်။ နားနေဆောင်ထဲမှာလဲ ၃၂ လက်မ LCD (LED လဲဖြစ်ချင်ဖြစ်မှာပေါ့) တီဗွီကြီး ၂ လုံးနဲ့လဲ Q နံပါတ်ဖော်ပြပေးသလို သတင်း
နဲ့မြန်မာကားလဲ ပြသပြီးစောင့်နေတဲ့အချိန်တွေမှာအပျင်းပြေစေပါသေးတယ်။ သက်ဆိုင်ရာစာရွက်စာတမ်းတွေဖြည့်ဖို့ စားပွဲနဲ့ ထိုင်ခုံ
တွေ၊ မတ်တတ်ရပ်ပြီးဖြည့်ဖို့နေရာတွေ၊ သောက်ရေအတွက် တခါသုံးခွက်ပါအဆင်သင့်နဲ့ရေသန့်ရေပူရေအေးစက်တွေ၊ ပျင်းရင်ဖတ်ဖို့ စာအုပ်စင် စတာတွေကို အစီအစဉ်တကျတွေ့ရလို့ ဝမ်းသာမိတာအမှန်ပါ။ ဘယ်သူ့လမ်းညွှန်မှုနဲ့လုပ်ဆောင်ခဲ့တယ်ဆိုတာမသိပေမယ့် အခုလိုအဆင်ပြေပြေလေးနေဖို့ထိုင်ဖို့ စီစဉ်ပေးထားတာတွေကိုတော့ ကျေးဇူးတင်မိပါတယ်။
နံနက် ၉ နာရီ တိတိမှာ Q နံပါတ်စပေးမယ်ဆိုတော့ ၈ နာရီ ၄၅ လောက်မှာ နံပါတ်ပေးမယ့်ပြူတင်းပေါက်ကောင်တာရှေ့မှာ မြန်မာပီပီ
ကိုယ်ရှေ့ဆုံးကရောက်ရေးအတွက် နေရာဦးဖို့လုပ်နေကြတော့ လုံခြုံရေးကုလားကြီးက ၉ နာရီမှ တန်းစီကြဖို့ပြောပြီးပြန်ထိုင်ခိုင်းနေရ
တယ်။ ၉ နာရီထိုးခါနီးမှာတော့ လူတိုင်းတန်းစီနေကြပြီး သံရုံးဝန်ထမ်း က တံခါးဖွင့်ပြီး Q နံပါတ်မှာကိုစောင့်ကြပါတော့တယ်။ ၉ နာရီ ၁၀
လောက်မှာတော့ တံခါးဖွင့်ပြီး ဗီဇာလာလျှောက်တဲ့သူတွေအတွက် တဖက်လိုင်းမှာတန်းစီနေတဲ့ သူတွေကိုစပေးပါတယ်။ ကျနော်ကတော့
ရှေ့ဆုံးကစရီရင် ၁၄ ယောက်မြောက်မှာရှိနေပေမယ့် ပွဲစား (၂) ယောက်ကကြိုစီပေးထားတဲ့နေရာမှာ လူ ၄ ယောက်လောက် ကိုယ့်ရှေ့ က ဝင်လာတော့ နံပါတ် ၁၈ လောက်ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာ ပြောချင်တာက ကြိုစီပေးထားတာကိုကျနော်လက်ခံပါတယ်။
သို့သော် (၁) ယောက်ကြိုစီရင် (၁) ယောက်ပဲ replace လုပ်သင့်တာပေါ့ဗျာ။ (၁) ယောက်က စီပေးထားပြီး (၂) ယောက်လောက်ဝင်တာ
ဆိုတော့ နောက်ကတန်းစီနေတဲ့သူတွေကို မတရားရာကျပါတယ်။ ဒါပေမယ့်လဲ မြန်မာလူမျိုးပီပီ အားနာသည်းခံနေလိုက်ပေမယ့် စိတ်ထဲ
မှာတော့ တွေးထားမိတယ် နောက်ထပ် တစ်ယောက်လောက်ရှေ့ကပွဲစားထပ်သွင်းရင်တော့ ပြောမယ်ပေါ့။
Q နံပါတ်ရပြီးတော့ ပေးလိုက်တဲ့ form မှာ ဖြည့်စရာဖြည့်ပြီးကိုယ့်နံပါတ်ခေါ်တဲ့စီကိုစောင့်ပြီး နံပါတ်ခေါ်ခါနီးတော့ ကောင်တာတွေထားတဲ့
ခန်းမထဲဝင်ပြီး ကြိုတင်တန်းစီစောင့်နေလိုက်တယ်။ ကိုယ်နံပါတ်ကို display မှာအပေါ်ကိုယ်လဲ ကောင်တာရှေ့ရောက်ကွက်တိပဲပေါ့။
ပထမကောင်တာမှာ ပါတ်စ်ပို့စာအုပ်နဲ့ အရင်ကဆောင်ထားတဲ့အခွန်စာရွက်တွေကို အရာရှိတစ်ယောက်ကကြည့်ပါတယ်။ ကျနော့်အခွန်
ဆောင်ထားတာမှာ ရန်ကုန်မှာပြန်ဆောင်ထားတာရှိလို့ ဘယ်လိုသွားဆောင်ထားလဲမေးတော့ ရန်ကုန်အလည်ပြန်ရင်းနဲ့ စာအုပ်သက်
တမ်းတိုးရင်းဆောင်ထားပါတယ်ဆိုတော့ ရပါတယ်တဲ့။ နောက်မှသိရတာက ရန်ကုန်ကို လူကြုံနဲ့လှမ်းပို့ပြီး ဆောင်ရင်မရဘူး၊ လက်မခံပါ
ဘူးတဲ့၊ သူတို့ဘယ်လိုသိမလဲတော့ ကျနော်လဲ မသိဘူးဗျာ။ ဒီကောင်တာက အိုကေ ဆိုတော့ နောက်ကောင်တာမှာ ကျနော့်စာရွက်တွေ
စာအုပ်ပါယူပြီး data တွေ သွင်းတာတွေ့ပါတယ်။ အဲ့ဒီနောက်တော့ အခွန်တွက်ချက်ဖို့အတွက် ကောင်တာကနံပါတ်ခေါ်တာကို စောင့်ရ
ပါတယ်။ အခွန်တွက်တဲ့ကောင်တာကထိုင်တဲ့ အရာရှိအမျိုးသမီးငယ်ငယ် က ကောင်တာအောက်ဖက်မှာရောက်နေပြီး မှန်ကခံနေတဲ့
အတွက်စကားပြောရတာ နည်းနည်းခက်ပါတယ်။ သူ့ကိုအခွန်ဆောင်ထားတဲ့စာရွက်တွေပြတော့ အခွန်ဆောင်ဖို့ကျန်နေတဲ့ဘယ်ကာလ
တွေကိုဆောင်ရမယ်၊ ရန်ကုန်မှာဆောင်ခဲ့တဲ့ တစ်လ (၄၀) အတွက် ပီအာဆိုရင် (၁၂၀) ပြည့်အောင် (၈၀) ကွာခြားခွန်၊ Spass ဆိုရင်
နောက်ထပ် (၄၀)ကွာခြားခွန်ဆိုပြီး ကောက်ရပါမယ်ဆိုတော့ ဟုတ်ကဲ့ပါပေါ့။ ကျနော့်မှာလဲ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာပြည်ပြန်နေထား
တာတွေ၊ အလုပ်မရခင်စပ်ကြားကာလတွေရှိပါတယ်ဆိုတော့ ကြည့်ပေးပါမယ်တဲ့။ ကြိုတင်ပြင်ဆင်လာတဲ့ CPF Statement တွေကို
yearly အပြင် up to date ပြပါသော်လည်း CPF Online ပေါ်မှာကြည့်မယ်ဆိုပြီး ကောင်တာခုံပေါ်အစဉ်သင့်တင်ထားတဲ့ PC တစ်လုံးကို
ဖွင့်ပါတယ်။ အဲ့ဒီနေရာမှာပြောချင်တာက CPF Account ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် Private ပါ။ စင်္ကာပူနိုင်ငံပြည်တွင်းမှ ဘဏ်များ
ကနေ တစ်စုံတစ်ခုအတွက်လိုအပ်လို့ CPF Statement တွေကိုကြည့်ချင်ရင် သူတို့ရဲ့ secure site တွေကတဆင့်သော်လည်းကောင်း၊
print ထုတ်ပေးတဲ့ CPF Statement ကိုလည်းကောင်း တင်ပြလို့ရပါတယ်။ CPF Statement ကို အခုလိုနည်းပညာ ခေတ်ကြီးမှာ
အတုလုပ်လို့မရဘူးလို့တော့ မပြောလိုပေမယ့် တော်ရုံတော့ အတုမလုပ်ကောင်းဘူးထင်ပါရဲ့။ အခုတော့ လူတွေကြားထဲမှာ ကိုယ့် CPF
Account ကို SingPass နဲ့ဝင်ပြပြီး သူမကြည့်ချင်တဲ့ statement တွေကိုဖွင့်ပြခိုင်းပါတယ်။ ကိုယ့် account ကိုလူတွေမြင်တော့ ဘာဖြစ်
သလဲ အသားပဲ့ပါသွားတာမှတ်လို့ လို့ စောဒကတက်လို့ရပေမယ့် ဒီဟာက private and confidential ဖြစ်တဲ့အတွက် အဖြစ်သင့်တာ ကိုကြုံလို့ရေးဖြစ်လိုက်တာပါ။
သို့သော်လည်းပဲ အခွန်စစ်ပေးတဲ့ အရာရှိအမျိုးသမီးက သူမတက်နိုင်သလောက်အခွန်ကို လျှော့ပေါ့လုပ်ဆောင်ပေးပါတယ်။ ၂၀၀၉ ခုနှစ်
အတွင်းမှာ ကျနော်ပီအာဖြစ်လာပြီးတဲ့နောက် မြန်မာပြည်ပြန်နေတာတွေ စင်္ကာပူပြန်လာတော့ စီးပွားပျက်ကပ်ကြောင့်အလုပ်ရှာမရလို့
အလုပ်လက်မဲ့နေခဲ့ရတဲ့ကာလ၊ ရရာအလုပ်လုပ်ဖြစ်လိုက်တဲ့ ချန်ဂီလေဆိပ်ကအလုပ်မှာ လုပ်ခဲ့တဲ့ကာလမှာ လစာအဝင်နည်းနေတာတွေ
ကို CPF မှာတွေ့တဲ့အတွက် ၂၀၀၉ ခုနှစ်မှာ ၁၀ လစာလောက်အခွန်ဆောင်စရာမလိုလိုက်ပါဘူး။ ဒီအတွက်တော့ ကျေးဇူးတင်စရာပါပဲ။
အရင်ကကျန်ခဲ့တဲ့အခွန်တွေ၊ မြန်မာပြည်မှာ ပြန်ဆောင်ထားတဲ့အတွက် ကွာခြားခွန်တွေနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိအခွန်အကုန်ကျေ
အောင်ဆောင်လိုက်တာ စင်္ကာပူ ၃၀၀၀ ကျော်လောက်တော့ထွက်သွားပါတယ်။ ၂၀၁၂ ကစပြီး နိုင်ငံတော်ရဲ့စေတနာကြောင့်အခွန်ကင်း
လွှတ်ခွင့်ပြုလိုက်တယ်ဆိုတော့ ကျနော့်မှာ အစိုးရနဲ့ပတ်သတ်ပြီးဘာအကြွေးမှမကျန်တော့ပါဘူး။ အခွန်ဆောင်ငွေသွင်းဖို့အတွက်
ဘားကုဒ်ပါတဲ့ လက်ခံဖြတ်ပိုင်းလေးတစ်ခုပေးပြီး ညနေ ၃ နာရီမှာပြန်လာပါဆိုတော့ ဘာမှလုပ်စရာမရှိတော့တဲ့အတွက်အိမ်ပြန်ပြီး နားနေ
လိုက်တယ်။ နေ့လည် ၂ နာရီခွဲလောက်မှာတော့ သံရုံးကိုပြန်သွားပြီး ထိုင်စောင့်နေတော့ ၃ နာရီခွဲမှာ လူနာမည်တွေကို နားနေဆောင်
အသံချဲ့စက်ကနေတဆင့်ခေါ်ပါတယ်။ ဒီလိုခေါ်ရာမှာလဲ မနက်ကစီထားတဲ့ Q နံပါတ်အတိုင်းခေါ်တာ သတိထားမိပါတယ်။ ကိုယ့်နာမည်
ခေါ်တဲ့အခါ ကောင်တာကိုသွားကျသင့်တဲ့ အခွန်ငွေပေးပြီးမှာတော့ ကျနော့်ကိစ္စ အကုန်ပြီးလို့ အခွန်ကြေစာရွက်လေးကိုင်ပြီးသံရုံးကနေ ပေါ့ပေါ့ပါးပါးထွက်လာဖြစ်ပါတယ်။
ရန်ကုန်သို့ အမြန်
ဒီ ၂၀၁၂ အတွင်းရန်ကုန်ကိုပြန်ဖို့ ခရီးစဉ်စီစဉ်ထားတာ မရှိဖူးလို့ ခဏခဏ ပြောဖြစ်လို့ထင်ပါရဲ့ ဒီကားပါမစ်ကိစ္စ အတွက် ရန်ကုန်ကို
အလျှင်အမြန်ပြန်ဖို့ စီစဉ်ဖြစ်ပါတယ်။ သိတဲ့အတိုင်း တရုတ်နှစ်ကူးကာလဖြစ်နေတာကြောင့် လေကြောင်းလိုင်းတွေအကုန်ကြပ်ပြီး ဈေး
အမြင့်တွေကြီးပဲဖြစ်နေတာပါ။ တိုက်ရိုက်လေကြောင်းတွေဖြစ်တဲ့ Silk Air ကတော့ ၆၀၀ ကျော်အနားတောင်မကပ်နိုင်၊ Jet Star ကတော့
သူ့ထုံးစံအတိုင်းသွားမယ့်ရက်နီးလေဈေးကြီးလေဖြစ်တဲ့အတွက် ၇၀၀ နားကပ်နေ၊ နောက်ဆုံး ရွေးချယ်စရာမရှိတဲ့နောက် MAI ကိုကြည့်
တော့ ၄၅၇ တဲ့။ အခြားလေကြောင်းလိုင်းတွေကို online ကပဲဝယ်လေ့ရှိပေမယ့် MAI ကိုတော့ တခါမှ online ကမဝယ်ဖြစ်တော့ မရဖူး လို့ပဲထင်နေတာ၊ အိမ်မှာတူတူနေတဲ့ တစ်ယောက်က MAI ကိုonline ကဝယ်ထားတယ်ဆိုတော့ဒီတခါစမ်းကြည့်မှပဲဆိုပြီးလုပ်ကြည့်တော့
မဆိုးဘူးဗျ၊ အခြား Airline ကြီးတွေလိုတော့မဟုတ်ပေမယ့် အရင်ကထက်စာရင် အများကြီးတိုးတက်လာတယ်ပြောရမှာပါ။ သို့သော်
MAI ရဲ့ fare ကိုကြည့်ထားပြီး မဝယ်ဖြစ်သေးပါဘူး။ ဘန်ကောက်တစ်ဆင့်ခံ၊ ကွာလာလမ်ပူ တစ်ဆင့်ခံပျံသန်းမှုတွေကိုလိုက်ကြည့်ဖြစ်
သေးပါတယ်။ ဈေးကမကွာဘူး ဆိုရင် MAI ကို မရွေးချယ်ချင်တာကျနော့်ဆန္ဒပါပဲ။ နောက်ဆုံးမှာတော့ ရှာဖွေလို့ရသမျှလေကြောင်းတွေ
မှာ MAI ကဈေးအသက်သာဆုံးဖြစ်နေတော့ သူ့ကိုပဲ online ကတဆင့်ဝယ်ယူဖြစ်လိုက်ပါတယ်။ online transation ဟာ တခြားလိုင်း
တွေမှာ ဝယ်သလိုပဲ ချောမွေ့မြန်ဆန်ပါတယ်။ e-ticket ကိုလဲ ငွေပေးချေပြီးပြီးချင်းပဲ မိနစ်ပိုင်းအတွင်းပြန်ရပါတယ်။ ဒီအတွက်တော့
MAI ကို အရင်ကထက်ပိုပြီး အထင်ကြီးမိပါရဲ့။ ဇန်နဝါရီလ (၉) ရက်နေ့မှာ အခွန်ဆောင်တဲ့ကိစ္စ ပြီး၊ (၁၀ နဲ့ ၁၁) မှာ ရုံးမှာလုပ်စရာရှိတာ
လေးတွေလုပ်၊ (၁၂) ရက်နေ့နေ့လည်အထိရုံးတက်ပြီး၊ ညနေ MAI လေကြောင်းနဲ့ ရန်ကုန်ပြန်လာဖြစ်ပါတယ်။
၁၂ ရက်နေညနေ ၇ နာရီ ၄၀ မိနစ် မှာထွက်မှာဆိုတော့ ချန်ဂီကို နေတဲ့ Commonwealth ကနေရထားပဲစီးသွားဖြစ်ပါတယ်။ ရန်ကုန်ပြန်
ရင်သိတဲ့အတိုင်း ဟိုဟာထည့်ဒီဟာထည့်နဲ့ luggage က ၂ လုံးဖြစ်သွားတော့ ရထားဘူတာကို အိမ်မှာနေတဲ့ ညီလေး စံလင်းကိုဘူတာ
လိုက်ပို့ပေးဖို့အကူအညီတောင်းရတယ်။ လေဆိပ်ရောက်တော့ T3 Mall မှာဝယ်စရာတွေဝယ်ခြမ်းပြီး MAI ကောင်တာကိုတန်းစီတော့
မယုံနိုင်စရာကောင်းအောင်တန်းရှည်ပြီး ကောင်တာကိုရောက်ဖို့ နာရီဝက်ကျော်လောက်တန်းစီလိုက်ရပါတယ်။ checked baggage က
ကီလို ၂၀ ပဲရပေမယ့် ချိန်လိုက်တော့ ၂၄ကီလိုရှိနေသော်လည်း ကောင်တာဝန်ထမ်းက သဘောကောင်းစွာလွှတ်ပေးလိုက်ပါတယ်။
ကိုယ့်ဟာကိုယ်တောင်အဲ့လောက်ပိုနေတာ အနောက်ကတန်းစီနေတဲ့ အမျိုးသမီးကြီးတစ်ယောက်က ကီလိုပိုရင်ပိုချိန်ရအောင်ဆိုပြီး အဖော်ကစပ်နေသေးတာ။ တန်းစီနေတုံး လေဆိပ်ဝင်ပေါက်လုံခြုံရေးကနေ ကောင်တာကိုပြန်ပြန်ခေါ်လာတဲ့ ခရီးသည်တွေတွေ့တော့
ဘာကြောင့်လဲလို့ စပ်စုလိုက်တာ ထုံးစံအတိုင်း hand carry bag ကိုကောင်တာမှမပြပဲ တစ်နေရာမှာထား အထဲဝင်ခါနီးမှယူပြီးဝင်တဲ့သူ၊
hand carry ကို ၁ ခုမက ၂ခု ၃ ခုတစ်ကိုယ်လုံးရှုပ်ယှက်ခပ်နေသူများ ကို ဝင်ပေါက်မှာ boarding pass စစ်တဲ့ လေဆိပ်လုံခြုံရေးကနေ
ရန်ကုန်ကိုသွားမယ့် MAI ခရီးသည်လို့ boarding pass မှာတွေ့ရရင် hand carry မှာ ချိတ်ပေးလိုက်တဲ့ tag (sticker) ကို ရှာကြည့် ပါတယ်။ အဲ့တာမတွေ့ရင် ပေးမဝင်ပဲ ကောင်တာကိုပြန်သွားခိုင်းတာတို့ လိုက်ပို့တာတို့လုပ်ပါတယ်။ MAI ခမျာမှာလဲ ခံရပါများလာတဲ့
အတွက်အခုလိုကြပ်ကြပ်မတ်မတ်လုပ်ဆောင်လာတာလို့ မြင်ပါတယ်။ ဒီနေရာမှာလဲ လေကြောင်းလိုင်းတိုင်းရဲ့ Economy Class ဟာ
ခရီးသည်တစ်ယောက်အတွက် hand carry ကိုတစ်ခုသာယူဆောင်ခွင့်ပေးပါတယ်။ ကင်မရာ၊ မိန်းမကိုင် လက်ဆွဲလက်ကိုင်အိတ်၊ လွယ်
အိတ်အသေးလိုမျိုးကိုတော့ ထည့်မတွက်ကြပါဘူး။ ကျနော်တို့ မြန်မာပြည်သွားမြန်မာခရီးသည်များကတော့ လက်ဆွဲလက်ကိုင်အိတ်လဲ
ပါတယ်၊ hand carry လက်ဆွဲသေတ္တာလဲပါတယ်၊ တချို့များ ကျောပိုးအိတ်မှာအပြည့်အသိပ်ထည့်ထားတာတွေလဲပါပါသေးတယ်။
ဒီတော့ လေကြောင်းလိုင်းအနေနဲ့ အခုလိုကြပ်မတ်လာရတာကိုအပြစ်ပြောလို့တော့မရပဲ ကျနော့်အနေနဲ့ ထောက်ခံပါတယ်။ ဟိုးအရင်
ကရေးခဲ့တဲ့ လေကြောင်းလိုင်းနဲ့ပတ်သတ်တဲ့ ပိုစ့်တွေမှာရေးခဲ့သလိုပဲ လူတစ်ယောက်အတွက် hand carry (7) ကီလိုသတ်မှတ်ထားပေ
မယ့် လူတစ်ယောက်ကို (၅)ကီလိုလောက်ပိုသယ်လာကြရင် အယောက် (၁၄၀)ပါ ခရီးသည်အပြည့်လေယာဉ်တစ်စင်းမှာ ကီလို ၇၀၀
လောက်ပိုထွက်လာပါတယ်။ ဒါ့အပြင် check in luggage တွေမှာ ပိုလာတဲ့ အလေးချိန်တွေပါထပ်ထည့်လိုက်ရင် အနည်းဆုံး ကီလို ၁၀၀၀
ကတော့ ပိုကျော်လာနိုင်ပါတယ်။ ဒီအလေးချိန်တွေဟာ လေယာဉ်ပျံသန်းဖို့ တွက်ချက်တဲ့ဟာကို ပြောင်းလဲစေနိုင်ပါတယ်။ တစ်လက်စ
ထဲကြုံလို့ပြောရရင် ခရီးသည်တွေရဲ့ လက်ကိုင်ဖုံးတွေကို လေယာဉ်ပြေးလမ်းပေါ်ဆင်းပြီးတာနဲ့ ဖွင့်ကြတဲ့ကိစ္စပါ။ ကျနော်ကပိုင်းလော့
တစ်ယောက်မဟုတ်ပေမယ့် သိသလောက်ပြောရရင် ပြေးလမ်းပေါ်ဆင်းပြီးပေမယ့် လေကြောင်းထိန်းမျှော်စင်ကနေတဆင့် လေယာဉ်ကို
အဆင်ပြေချောမွေ့စွာဆိုက်ကပ်နိုင်ဖို့ လမ်းညွှန်မှုတွေလုပ်ရပါသေးတယ်။ ခရီးသည်တွေက လက်ကိုင်ဖုံးတွေကိုဖွင့်ကြတဲ့အခါမှာ တော့
မျှော်စင်ကနေလေယာဉ်ကိုပေးပို့တဲ့ navigation system ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်ကျနော့် ညီအကိုမောင်နှမများ
လက်ကိုင်ဖုံးဖွင့်ချင်တယ်ဆိုရင် လေယာဉ်ပျံ ဂိတ်မှာဆိုက်မှသာဖွင့်ကြဖို့ ကိုယ်တစ်ယောက်ထဲအတွက်မဟုတ်ပဲ လေယာဉ်ပေါ်ပါတဲ့လူ
တိုင်းအတွက်တိုက်တွန်းလိုပါတယ်။
မြန်မာနိုင်ငံအလံတင် နိုင်ငံပိုင်လေကြောင်းကို ဒုတိယအကြိမ်မြောက်စီးဖူးခြင်းကတော့ ကျနော့်အတွက်အထင်ကြီးစရာ တစ်စက်မှဖြစ်
မလာရပါဘူး။ ညစာအဖြစ်တည်ခင်းကျွေးမွေးတဲ့အခါ ရွေးချယ်စရာ ၂ မျိုးအဖြစ် အုန်းထမင်းနဲ့ကြက်သား နဲ့ ခေါက်ဆွဲနဲ့ငါးပါ။ Crew က
အုန်းထမင်းလို့ပြောတော့ ရုတ်တရက် မြန်မာစာစားချင်တဲ့အာသီသဖြစ်ပြီး အုန်းထမင်းစားမယ်ပြောလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့
Nasi Lamek ဖြစ်နေပါရောလား။ သူ့ကိုလဲအပြစ်ပြောလို့မရပါဘူး။ တကယ်တော့ Nasi Lamek ဟာ အုန်းထမင်းမှတ်လား။ ခက်တာက
ကောင်းရင်တော်သေးရဲ့ ရပ်ကွက်ထဲကဈေးထဲမှာရောင်းတဲ့ Nasi Lamek ကမှသူ့ထက်အများကြီးသာပါအုံးမယ်။ ကျနော်ပဲကံဆိုးတာလား
မသိဘူး၊ ကျနော့်အတွက် ကြက်သားက တူးနေပါသေးတယ်။ Crew တွေရဲ့စကားပြောဟန်၊ ဝန်ဆောင်မှုပေးဟန်က စက်ရုပ်တအားဆန်
ပါတယ်။ ရန်ကုန်ကို ပျံသန်းနေစဉ်အတွင်း ထုံးစံအရလေယာဉ်မှူးက နှုတ်ဆက်စကားပြောပြီး လေယာဉ်ပျံသန်းမှုလမ်းကြောင်းကိုရှင်းပြ
လေ့ရှိပေမယ့် စင်္ကာပူ - ရန်ကုန် ခရီးမှာ လေယာဉ်မှူးစီကဘာမှမကြားရပါဘူး။ ရန်ကုန်ရောက်ခါနီးမှ ရန်ကုန်ကိုဆင်းတော့မယ်နဲ့အတူ
ပြင်ပရာသီဥတု ဘာညာနည်းနည်းလေးပဲပြောသွားပါတယ်။ ရန်ကုန်ကိုတော့ ချန်ဂီလို Air traffic မိမနေပဲ တိုက်ရိုက်ဆင်းသက်ဖြစ်ပါ
တယ်။
အဆင့် (၂) အကောက်ခွန်သို့ နိုင်ငံခြားငွေ ယူဆောင်လာသောပမာဏတင်ပြရန်
လေဆိပ်ထဲရောက်တော့ လဝက ကောင်တာတွေ က အရင်ကထက်တော့ပိုများနေတာသတိထားမိပါတယ်။ အခွန်အပြည့်အဝဆောင်ထား
ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ပြပေးလိုက်တဲ့အတွက် အပြန်အတွက် d-form လုပ်စရာမလိုတော့ပါဘူး။ လဝက ကလဲ မလိုအပ်
တဲ့မေးခွန်းတွေမေးမြန်းခြင်း၊ ဟိုဟာဒီဟာများတောင်းခြင်းတွေလဲ မလုပ်ပါပဲအေးအေးဆေးဆေးပါပဲ။ နောက်ထူးထူးခြားခြား တိုးတက် လာတာက checked baggage တွေဟာအရင်လိုကြာမနေပဲ အမြန်ထွက်လာပါလားဆိုတော့မှာ ကျနော်တို့ချန်ဂီတို့အခြားနိုင်ငံတကာ လေဆိပ်ကြီးတွေမှာလို Custom နေရာမှာ X-Ray စက်ကြီးတွေချထားပြီး ပစ္စည်းတွေကိုစစ်ပါတယ်။ တကယ်တော့အဲ့လိုဖြစ်သင့်နေခဲ့တာ အတော်ကိုကြာနေပါပြီ။ အရင်ကတော့ စက်ကိုအထဲမှာထား တစ်ခုခုကိုကြက်ခြေခတ်ခြစ်နဲ့ဆိုတော့ မြင်မကောင်းတဲ့အပြင်မလိုလားအပ် တဲ့အချိန်တွေကိုပိုကြာစေပါတယ်။ ကားပါမစ်အတွက် ငွေစာရင်းဖွင့်ဖို့အတွက် ပြည်ပကနေ အမေရိကန်ဒေါ်လာယူလာတဲ့သူများအနေနဲ့
တော့ လေဆိပ်အထွက် အကောက်ခွန်ကောင်တာ အေကောက်ခွန်ကြော်ငြာရန်ပါရှိသည်ဆိုတဲ့ အနီရောင်လိုင်းကကောင်တာမှာ တန်းစီ
ဖို့လိုပါတယ်။ လေယာဉ်ပေါ်မှာထဲကပေးလိုက်တဲ့ အကောက်ခွန်ကြော်ငြာလွှာမှာ ယူဆောင်လာတဲ့ငွေကြေးပမာဏတန်ဖိုးအမှန်ကိုရေးဖို့
လိုပါတယ်။ ပြီးတော့ အကောက်ခွန်အရာရှိကပေးတဲ့ စာရွက်နောက်တစ်ခုမှာထပ်ဖြည့်ပြီး အရာရှိကနေငွေကို အကြမ်းစစ်ဆေးပါတယ်။
ဖော်ပြထားတဲ့ပမာဏဟုတ်မဟုတ် စစ်တဲ့သဘောပါ။ မသင်္ကာရင် တစ်ရွက်ချင်းရေပါတယ်။ ကားပါမစ်အတွက်သွားကြတဲ့ သူတွေအဖို့
ဒီကိစ္စဟာမဖြစ်မနေလိုပါတယ်။ (ဘာကြောင့်လိုတယ်ဆိုတာ နောက်ပိုင်းတွင်းရှင်းပြပါမည်)။ အရာရှိစီကနေစစ်ဆေးပြီးကြောင်းလက်မှတ်
ထိုးပြီးရင်တော့ ကိစ္စပြီးပါပြီ။ သူတို့ပေးလိုက်တဲ့စာရွက်ကိုယူပြီး အပြင်ကိုတန်းထွက်ရုံပါပဲ။ ဒီငွေတွေဘာကြောင့်ပါလာတာလဲ၊ ဘာအလုပ်
လုပ်တာလဲ စတဲ့မေးခွန်းတွေလဲ မမေးပါဘူး။ တကယ်လို့မေးခဲ့ရင်လဲ ကျနော်တို့သံရုံးမှာဆောင်ခဲ့တဲ့ အခွန်ပြေစာတွေပြလိုက်ရုံသာရှိပါ
တယ်။ အကောက်ခွန်ကောင်တာဟာဘာပြသနာမှမရှိပေမယ့် မြန်မာနိုင်ငံရဲ့ ဖြစ်နေကျပြသနာဖြစ်တဲ့ လူတွေကိုတန်းမစီခိုင်းပဲ ကြုံရာလက်
မြန်ရာလူရဲ့စာရွက်ကို process လုပ်ပေးနေတာပါပဲ။ တကယ်ဆိုရင် တစ်ယောက်ချင်းတန်းစီ စစ်စရာရှိတဲ့ငွေစစ်၊ လက်မှတ်ထိုးပေးလိုက်
ရင် အလုပ်လဲမြန်မယ် စေ့စပ်သေခြာမှုလဲရှိမှာအမှန်ပါပဲ။ ကျနော်တို့လို ပုံစံခွက်အတိုင်း အော်တိုမစ်တစ် တန်းစီကြတဲ့ စင်္ကာပူလိုနိုင်ငံက
လာတဲ့လူများနဲ့ မကိုက်လှပါဘူး။ ဒီငွေကိုဘာကြောင့်ပြရသလဲဆိုတော့ အလုပ်သမားရုံးက ဒုတိယညွှန်ချုပ်ရဲ့ပြောစကားအရတော့ ဒီငွေ
ဟာတရားဝင်လမ်းကြောင်းကလာတဲ့ ငွေဖြစ်ရပါမယ်တဲ့။ အဝင်မှာ အေကာက်ခွန်ကို ငွေပမာဏကြော်ငြာခဲ့ရပါမယ်လို့ဆိုလို့ပါ။ သူတို့
လိုအပ်တဲ့စာရွက်စာတမ်းစာရင်းမှာမပါပေမယ့် ခုတမျိုးတော်ကြာတမျိုးဖြစ်နေတော့ တကယ်တင်မယ်ဆိုမှ လိုတယ်ပြောမှာဆိုးလို့ပါ။
အဆင့် (၃) စာရွက်စာတမ်းများစုဆောင်းခြင်း
ဒီနေရာမှာတော့ ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တွေကိုပဲ ရေးသွားဖြစ်မှာပါ။ ဒီထဲကမှ လုပ်ရမယ့်အချက်အလက်တွေ၊ စုဆောင်းရမယ့် ဟာတွေ
ကိုပါထည့်သွင်းဖော်ပြပေးသွားပါမယ်။ ဇန်နဝါရီလ (၁၃) ရက်မှာ မဟာဗန္ဒုလပန်းခြံလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ MFTB လို့
ခေါ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုသွားပါတယ်။ ဘဏ်က မနက် ၉ နာရီခွဲမှာဖွင့်တာကြောင့် ၉ နာရီခွဲအရောက်သွားရင်အတော်
ပါပဲ။ ဘဏ်မှာ စုံစမ်းရေးကောင်တာရယ်လို့ သတ်သတ်မှတ်မှတ် ရှိပုံမရသလို ရှိရင်လဲဘာဆိုင်းဘုတ်မှထောင်ထားတာတွေ့ရမှာမဟုတ်
ပါဘူး။ အပေါက်ဝမှာ ဝင်ခွင့်ကဒ်ပြားကို မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်နဲ့လဲယူ၊ ယူလာတဲ့အိတ်တွေကို X-Ray စက်နဲ့အရှာခံ
ပြီးတဲ့နောက်မှာတော့ အကောင့်ဖွင့်ဖို့ ဟိုမေးဒီမြန်း နဲ့ Opening Section ကိုရောက်သွားပါတယ်။ အဲ့ဒီမှာရှိတဲ့ အမျိုးသမီးစာရေးမကြီး
က စာရင်းဖွင့်ဖို့လိုအပ်တဲ့ အောက်ပါစာရွက်စာတမ်းတွေနဲ့ ရေးရမယ့် လျှောက်လွှာပုံစံတွေကိုထုတ်ပေးပြီး မိတ္တူသွားကူးခိုင်းပါတယ်။
A. မိမိအလုပ် မှ Appointment Letter and Employment Contract. (Contract မရှိတဲ့သူများအတွက် အလုပ်မှ Offer Letter လဲရ)
B. မိမိ၏ သက်ဆိုင်ရာအလုပ် မှ ခွင့်စာ (leave form)
C. သက်ဆိုင်ရာ သံရုံးများကို အခွန်အပြေသွင်းပြီးကြောင်း ထောက်ခံစာ
D. Passport Copy
E. Myanmar NRIC Copy
F. MFTB Bank မှာ account ဖွင့်ထားသူ ၂ ဦး ရဲ့ထောက်ခံစာ နှင့် ၄င်းတို့၏ account စာအုပ် ကော်င်္ပီများ
G. ဓာတ်ပုံ passport size 2 ပုံ။
H. ပူးတွဲစာရင်း (Join Account) အတွက် ပူးတွဲမည့်သူ၏ မှတ်ပုံတင်မိတ္တူ နှင့် passport size ဓာတ်ပုံ (၂) ပုံ
I. ကိုယ်တိုင်ရေးရမည့်လျှောက်လွှာတစ်စောင်
မှတ်ချက်။ ။ ကားပါမစ်ကိစ္စအတွက် စာရင်းဖွင့်လိုသူများအနေဖြင့် Join Account ဖွင့်ရန်မဖြစ်မနေလိုပါသည်။ မိမိ ရန်ကုန်တွင် နေပြီး
ကားရောက်တဲ့အထိနေမယ်ဆိုရင်တော့ မလိုပါ။ Join Account ဖွင့်ရန်အတွက် မိမိ ၏ မိသားစုဝင်ဖြစ်ရပါမည်။
အဲ့ဒီစာရွက်စာတမ်းတွေရရင်ပြန်လာခဲ့ လို့ပြောပြီး ဒီအထဲမှာ သူတို့ဘဏ်မှာဖွင့်ထားတဲ့ စာရင်းပိုင်ရှင် ၂ ယောက်ဆိုတာတော့ နည်းနည်း
ခက်တယ်နော် လို့ သူမကပြောပါတယ်။ ဒါကို ကျနော်ကနားမလည်ပဲ သဘောရိုးပဲတွေး၊ စင်္ကာပူမှာနေတာကြာပြီဖြစ်တော့ ဒီလိုစာရွက်
စာတမ်းတွေလိုတယ်လို့ပြောလိုက်ရင် ဒါတွေကို အမှန်အတိုင်းမဖြစ်မနေရဖို့ပဲစိတ်ကူးရှိလို့ ဘာမှပြန်မပြောတော့ပဲ ဟုတ်ကဲ့ရအောင်
လုပ်ပါမယ်လို့ပြောပြီးထွက်လာခဲ့မိတယ်။ ကျနော့်စိတ်ထဲမှာတော့ အပြင်ကဆိုင်လေးတွေမှာများလုပ်လို့ရမယ်ပေါ့ ဘဏ်ကလူစီမှာတော့
မရလောက်ဖူးဆိုပြီး ပါလာတဲ့အမေကိုဆိုင်တွေလိုက်စုံစမ်းကြည့်ပါလားလို့မေးတော့ အမေလဲ စင်္ကာပူမှာနေတာကြာသွားလို့ထင်ပါရဲ့
မရလောက်ပါဘူး၊ အခုရန်ကုန်မှာ အမှန်အတိုင်းပဲရတယ်ဆိုပဲ။ အင်းဒါဆိုလဲပြီးတာပဲပေါ့ ဆိုပြီးသားအမိ ၂ ယောက် ဒီစာရင်းပိုင်ရှင် (၂)
ယောက်ကို အရှာထွက်ကြပါတယ်။ တစ်ယောက်ကိုတော့ ဦးလေး အရင်းစီကရပြီး နောက်တစ်ယောက်ကိုတော့ မိတ်ဆွေတစ်ယောက်စီ
ကနေရပါတယ်။ သောကြာဆိုတော့ ရုံးက Saturday Sunday ခံသွားပြီဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပဲ စုဆောင်းတင်္နလာမှပဲ
ဆက်လုပ်တော့မယ်ဆိုပြီး (၈) မိုင်ကပြည်ပအလုပ်သမားအေဂျင်စီကိုပြေးပါတယ်။ အဲ့ဒီကိုမရောက်ခင်မှာ အလုပ်သမားမှတ်ပုံတင်အတွက်
ဆိုပြီး ကန်တော်ကြီးကအလုပ်သမားမှတ်ပုံတင်ရုံးလဲရောက်တယ်၊ ရန်ကင်းကျောက်ကုန်း ကုန်းဆင်းက ပြည်ပအလုပ်သမားသင်တန်း
ကျောင်းကိုလဲရောက်ပါတယ်။ နောက်ဆုံး (၈)မိုင်ရုံးရောက်တော့မှပဲ ရှင်းသွားတော့တယ်။
(၈)မိုင်က ပြည်ပအလုပ်သမားအေဂျင်စီဆိုတာကတော့ တခြားရောက်ခဲ့သမျှရုံးတွေထဲမှာ စနစ်နည်းနည်းကျတယ်ပြောရမှာပါ။ ကားပါမစ်
အတွက်လျှောက်လွှာပုံစံကို ငွေကျပ် (၅၀၀) နဲ့ဝယ်ရပါတယ်။ ကားပါမစ်လျှောက်လွှာပုံစံနဲ့အလုပ်သမားမှတ်ပုံတင်ကြေးအတွက် ငွေပေး
သွင်းခွင့်လျှောက်လွှာတို့ပါ။ အဲ့ဒီကအလုပ်သမားမှတ်ပုံတင်ကြေးပေးသွင်းခွင့်လျှောက်လွှာမှာ လိုတာတွေဖြည့်၊ passport မိတ္တူနဲ့အတူ
အဲ့ဒီရုံးမှာ ရုံးထိုင်တဲ့ ဒုတိယညွှန်ကြားရေးမှူးချူပ်ရုံးခန်းမှာ သွားပြီး သူ့ကိုလတ်မှတ်ထိုးခိုင်းရပါတယ်။ မထိုးမီမှာတော့ ၄-၅ယောက်တတွဲ
ဝင်သွားကြရပြီး အရာရှိကြီးကလျှောက်လွှာတစ်ဦးချင်းစီကိုနာမည်ခေါ်ပြီး အခွန်အကြေဆောင်ပြီးပြီလား၊ ငွေကိုနိုင်ငံခြားကယူလာရင်
အကောက်ခွန်မှာ ကြေငြာလာခဲ့လား စတာတွေမေးပြီးတော့ သူကလတ်မှတ်ထိုး ပြီး စာရွက်ကိုပြန်ပေးပါတယ်။ အလုပ်သမားမှတ်ပုံတင်
ကြေး FEC 100 ကိုပေးမသွင်းမီ ဘဏ်နဲ့သေခြာမေးမြန်းဖို့၊ ဘဏ်စာရင်းဖွင့်ခွင့်ရမရ သေခြာမေးမြန်းဖို့နဲ့ တကယ်လို့ဘဏ်စာရင်းဖွင့်
ခွင့်မရခဲ့ရင် ဒီငွေ ၁၀၀ ဆုံးမှာဆိုတဲ့အကြောင်းလဲ သေခြာရှင်းပြပေးတာ ကျေးဇူးတင်ရမှာပါ။ တကယ်တော့ ကျနော်တို့လို အလုပ်သမား
အေဂျင်စီကနေတဆင့်မလာပဲ ကိုယ့်အစီအစဉ်နဲ့ပြည်ပထွက်အလုပ်လုပ်တဲ့သူတွေကို သူတို့အလုပ်သမားအေဂျင်စီကနေဘာကဒ်ပြားမှ
ထုတ်ပေးမှာမဟုတ်ပဲ မှတ်ပုံတင်ကြေးဆိုပြီး ငွေ ၁၀၀ သာယူလိုက်တာပါ။ သူတို့ပြောတဲ့အလုပ်သမားမှတ်ပုံတင်ကဒ်ပြားကိုလဲ လုပ်ခွင့်
မရပါဘူးတဲ့။ သူတို့အသိအမှတ်ပြုထားတဲ့ အလုပ်သမားပို့တဲ့ company တွေကမှတဆင့်လုပ်ပေးတာပါဆိုပြီး သိလိုက်ရပါသေးတယ်။
ခုနကပြောတဲ့ အလုပ်သမား မှတ်ပုံတင်ကြေး ငွေ ၁၀၀ ပေးဖို့လျှောက်လွှာရရင်တော့ စာရွက်စာတမ်းတွေစုံသလောက်ရှိသွားပါပြီ။
အဲ့ဒီလျှောက်လွှာကို MFTB ဘဏ်သွားတဲ့နေ့မှာယူသွားပြီး ဘဏ်မှာကိုယ်တကယ်စာရင်းဖွင့်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ငွေသွင်းလို့ရပါပြီ။
(၈)မိုင်က အဲ့ဒီရုံးကိုကျနော်ရောက်ခဲ့စဉ်ကတော့ အဲ့ဒီလျှောက်လွှာတွေလက်ခံဆောင်ရွက်ပေးတဲ့ ဝန်ထမ်းများက ဘဏ်နဲ့ပတ်သတ်တဲ့
စာရွက်စာတမ်းတွေ ဘယ်လိုတွေလိုတာလဲ ဆိုတာကိုသူတို့မသိလို့ကျနော့်အမေကရှင်းပြခဲ့ရပါသေးတယ်။ တကယ်ဆိုရင် သူတို့လို
ဒီကားပါစစ်ကိစ္စ ကိုဆောင်ရွက်ပေးရတဲ့ အစိုးရရုံးအနေနဲ့သိသင့်သိထိုက်တာတွေကိုတော့ သူတို့အနေနဲ့သိထားသင့်ပါတယ်။ ဌာနဆိုင်
ရာအချင်းချင်းလဲ ပူးပေါင်းပါဝင်ပြီးကူညီသင့်တဲ့ကိစ္စ တွေပါ။ အခုဟာကတော့ ဟိုရုံးပြေးဒီရုံးပြေးနဲ့ အချိန်ကုန်ပြီးလူတွေပင်ပန်းပါတယ်။
ကျနော်ရေးတဲ့ဒီ ပိုစ့်လေးဖတ်ပြီးတဲ့သူများသွားလုပ်ရင်တော့ ကျနော့်လိုအချိန်ကုန်၊ ငွေကုန် လူပင်ပန်းမဖြစ်တော့ဘူးပေါ့ဗျာ။ :D
အဆင့် (၄) ဘဏ်စာရင်းဖွင့်ခြင်း
ဇန်နဝါရီလ (၁၆) ရက်ကတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ယူပြီး ဘဏ်ရှေ့ကိုမနက် ၉ နာရီ ၂၀ လောက်မှာရောက်ပါတယ်။
Opeing Section ကိုပဲတန်းသွားပြီး စာရွက်တွေရပြီဆိုတဲ့အကြောင်းပြောပြီးပေးတော့ ဟိုနေ့ကရှင်းပြပေးတဲ့ ဝန်ထမ်းအမျိုးသမီးကြီးပဲ
စစ်ဆေးပေးပါတယ်။ အားလုံးစုံနေအောင်လုပ်ထားလို့ ဘာမှမပြောပဲ ဒီစာရွက်ထပ်ကြီးကို တဖက်အဆောက်အအုံမှာရှိတဲ့ ဦးဆောင်
ညွှန်ကြားရေးမှူး (MD) ရုံးထိုင်ရာနေရာကိုသွားပို့ရပါမယ်လို့ပြောပါတယ်။ ဒီတော့ ကျနော်ကအဲ့ဒီကပြီးရင်ရောဆိုတော့ မနက်ဖန် ၁၁
နာရီလောက်ပြန်လာခဲ့ပါတဲ့၊ MD လက်မှတ်ထိုးပြီးလို့ပြန်ကျလာရင် နောက်ထပ်ဖြည့်စရာစာရွက်စာတမ်းတွေကျန်သေးတယ်ဆိုတော့
ကျနော်ကဘယ်လောက်လောက်ကြာမှာလဲဆိုတော့ ၅ ရက်ကနေ ၁၀ ရက်လောက်ကြာမယ်တဲ့။ ဒါဘဏ်စာရင်းဖွင့်တာပါပဲနော်။ စာရင်း
ဖွင့်ခွင့်ပြုပြီးတဲ့နောက်မှာ အဆင့်တွေကျန်သေးတယ်တဲ့ ဘာအဆင့်တွေလဲတော့ အတိအကျမမေးလာခဲ့တော့ပါဘူး။ ကျနော်ကWednesday ကိုပြန်မယ်လို့ပြောတော့ ဒီလိုဆိုရင်ထိုးစရာရှိတဲ့လက်မှတ်တွေထိုးထားခဲ့ပြီး Join Account နဲ့ထားခဲ့ပါတဲ့။ နောက်တော့
နောက်နေ့လက်မှတ်တွေထိုးတဲ့နေရာမှာလဲ ပထမပိုင်းမှာလိုအပ်တဲ့ စာရင်းပိုင်ရှင် (၂) ယောက်ကိုလဲခေါ်လာခဲ့ပါအုံးတဲ့ ဒီမှာသူတို့လဲထိုး
ရအုံးမယ်တဲ့။ အယ် ဟိုနေ့ကအဲ့လိုမပြောလိုက်ပါဘူး၊ ကျနော့်အတွက်စာရင်းပိုင်ရှင် (၂) ယောက်ကလဲ ပြည်တွင်းမှာရှိမနေပါဘူး။ ဒီတော့
ကျနော်ကအဲ့လိုဆိုအဆင်မပြေဘူးဆိုတော့ သူမက လမ်းကြောင်းအမှန်ကိုပြောပြမယ် ဒီမှာစီစဉ်ပေးလိုက်မယ် စာရင်းပိုင်ရှင် ၁ ယောက်
ကို တစ်သောင်းခွဲ၊ ၂ ယောက်ဆိုတော့ သုံးသောင်း၊ ကျွန်မအတွက်မပါသေးဘူးတဲ့။ နောက်နေ့ MD ရုံးခန်းကနေလျှောက်လွှာခွင့်ပြုချက်
ကျရင် ထိုးစရာရှိတဲ့လက်မှတ်တွေထိုးခဲ့ပြီး နိုင်ငံခြားပြန်မှာဆိုတော့ မန်နေဂျာနဲ့ဝင်တွေ့ရမယ်၊မန်နေဂျာအတွက် ဒါးကြီးပါတိတ်တစ်ကွင်း
လောက်ယူခဲ့ပါတဲ့။ သောကြာနေ့ကထဲကအဲ့လိုပြောလိုက်ရင် ကျနော်လဲအချိန်ကုန်ခံပြီး အမှန်အကန်တွေလိုက်စုမနေတော့ဘူးပေါ့။ အခု
တော့ အချိန်တစ်ရက်ကုန်သွားတာပဲ အဖတ်တင်ပါတယ်။ ကျနော်လဲ ဒီလိုဆိုလဲ ပြီးရောပေါ့ အခုလျှောက်လွှာမှာ ထောက်ခံပေးတဲ့လူတွေ
နဲ့ နောက်နေ့ကျရင်လာပြီး လူကိုယ်တိုင်ထောက်ခံတဲ့သူမတူတော့ ဘယ်လိုလုပ်မလဲဆိုတော့ ရတယ်တဲ့ အခုလောလောဆယ် ဒီအတိုင်း
တင်လိုက်တဲ့။ ပြီးရောပေါ့ဆိုပြီး MD ရုံးပေါ်တက်ပြီး လျှောက်လွှာသွားပို့ပါတယ်။ လျှောက်လွှာမှာရေးရမယ့်ပုံစံကိုအောက်က Opeing
Section ကနေယူပြီးရေးသော်လည်းပဲ MD ရုံးခန်းရှေ့ကစာရေးက လျှောက်လွှာမှာ Company Name နဲ့ ရာထူးမပါလို့ပြန်ရိုက်ပါတဲ့။
ကျနော်ကအောက်ကရုံးခန်းက ရေးခိုင်းတဲ့အတိုင်းရေးတာပါဆိုတော့ တစ်ဘဏ်တစ်ဌာနထဲမှာတင်နော် မဟုတ်ဘူး သူပြောတဲ့အတိုင်းပြန်
ရိုက်ပေးပါတဲ့ မဟုတ်ရင်အဆင်မပြေနိုင်ဘူးတဲ့ဆိုတော့ ကျနော်လဲလက်လျှော့လိုက်ပြီး နီးစပ်ရာအင်တာနက်ဆိုင်သွား e-mail ထဲသိမ်း
ထားတဲ့ လျှောက်လွှာပုံစံမှာပြန်ပြင်ရေးပြီး ပြန်သွားတာပေါ့။ အဲ MD အခန်းဝရောက်တော့ခုနကစာရေးမဟုတ်ပဲစာရေးမဖြစ်နေပြီး စာလေး
(၅) ကြောင်းလောက်ကို အခုမှဖတ်ဖူးတဲ့ ပုံစံနဲ့ (၅)မိနစ်လောက်ကြာအောင်ဖတ်ပြီး တစ်နေရာကိုလက်ညိုးထိုးပြီး ဒါကအဆင်မပြေဘူးတဲ့
ဘာလဲကြည့်လိုက်တော့ ကျနော်အလုပ်လုပ်တဲ့ Sankyu Singapore Pte Ltd ကိုရေးတဲ့နေရာမှာ Sankyu Singapore Pte ကအပေါ်
တစ်ကြောင်းနဲ့ Ltd က အောက်ကိုဆင်းသွားလို့ Company နာမည်ကိုစာကြောင်းတစ်ကြောင်းထဲမှာ မရေးလို့ မကြိုက်ဖူးတဲ့ စာရေးမ
ကပြောတယ်ဗျာ။ ကျနော်စာစီနေတုံးက သတိထားမိပေမယ့် ဒီလောက်ကတော့ ပြသနာမရှိပါဘူးလို့ထင်ပြီးမလုပ်လိုက်မိတာပါ။ ကျနော်
ဒီတခါတော့ သည်းမခံနိုင်တော့ပဲ ကျနော်ဘယ်သူပါလို့ ဆွေမျိုးစပ်ပြပြီး MD နဲ့ဝင်တွေ့မယ်ဆိုတော့ ခုနကစာရေးကောင်ပြန်ရောက်လာ
ပြီးရပါတယ်။ ပြသနာမရှိတော့ပါဘူးတဲ့။ ကျနော် ဘာမှမဟုတ်ပေမယ့် နီးစပ်ရာပတ်သတ်ရာပတ်သတ်ကြောင်း တွေများလှတဲ့အတွက်
လွန်ခဲ့တဲ့ (၅) နှစ်လောက်ကများစိတ်နဲ့ဆိုရင် ကျနော်ဘယ်သောအခါမှ သာမန်လမ်းကြောင်းတွေအတိုင်းမလုပ်ခဲ့သလို ငွေကြေးတစ်စုံ
တရာလဲမပေးခဲ့ပါဘူး။ သက်ဆိုင်ရာဌာနအကြီးအကဲဆီတိုက်ရိုက်တွေ့ဆုံပြီး လုပ်ခဲ့တာတွေကြီးပါပဲ။ အခုဟာကစင်္ကာပူမှာနေတာကြာလာ
တာနဲ့အမျှ ပုံမှန်အတိုင်းလုပ်လိုပေမယ့် အခုလိုဘာမဟုတ်တဲ့ဟာတွေကို ဇာချဲ့ပြီးလုပ်ခိုင်းတာတွေ၊ မလိုအပ်တဲ့ ကြိုးနီစနစ်တွေနဲ့ အချိန်
ဆွဲလုပ်ဆောင်မှုတွေကိုတွေ့ရကြုံရတော့ မြန်မာအစိုးရရုံးတွေနဲ့ ပတ်သတ်ရမယ်ဆိုရင် ဝေးဝေးကပဲနေပါတော့မယ်လို့ စိတ်ကူးမိတော့
တယ်ဗျာ။
ခုနကစာရွက်တထပ်ကြီးကို တင်ခဲ့ပြီးကာမှ Account Opening Section မှာ စုံစမ်းခဲ့တဲ့ အခြေအနေအရ သွင်းထားတဲ့ငွေ ၁ သောင်းက
နေမှ ကားဖိုးငွေချေတာတွေ၊ အကောက်ခွန်အတွက်အခွန်ပေးဆောင်တာတွေ စတာတွေကို အကုန်အသုံးပြုကြရမှာဖြစ်ပါတယ်တဲ့။
ဒါကြောင့်မို့လို့ သွင်းထားတဲ့ငွေကိုလဲ ဒီကားကိစ္စ မပြီးမချင်းပြန်ထုတ်ဖို့ရတော့ မလွယ်ကူလှပါဘူး။ ပြီးတော့ ဒီလောက်ရှုပ်ယှက်ခပ်တဲ့
မြန်မာအစိုးရရုံးများရဲ့ ကြိုးနီစနစ်တွေ၊ သတင်းအချက်အလက်မပြည့်စုံမှုတွေ၊ နိုင်ငံခြားမှာအလုပ်လုပ်တယ်ဆိုတိုင်း ငွေကြီး နင်းကန် တောင်းနေတဲ့ ဝန်ထမ်းတွေနဲ့ ဆက်ပြီးစိတ်ရှုပ်မခံနိုင်တော့တာကြောင့်လက်လျှော့ပြီး နောက်တစ်ရက်မှာ ပြန်ကျလာမယ့် လျှောက်လွှာ ခွင့်ပြုချက်ကိုတောင် သွားမယူတော့ပဲ လျှောက်လွှာသွားယူရမယ့်နေ့မှာ မယူတော့ပဲလေဆိပ်ကိုတန်းဆင်းပြီး ပြန်လာလိုက်တော့တယ်။
ဘဏ်ကိစ္စ မှာဆက်ပြီးလုပ်ဆောင်ချင်တဲ့ သူများအတွက်တော့ ခုနကပြောတဲ့အတိုင်း စာရွက်စာတမ်းတွေပြည့်စုံအောင်လုပ် (သို့မဟုတ်)
တောင်းသမျှငွေကိုပေးဖို့ယူသွားပြီး (၅) ရက်ကနေ (၁၀) ရက်အတွင်း စာရင်းဖွင့်လွှစ်ပြီး ငွေပေးသွင်းနိုင်ပါလိမ့်မယ်။ ဒီလိုငွေပေးသွင်းပြီး
ပြီဆိုရင်တော့ ပြည်ပအလုပ်သမားအေဂျင်စီကလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ (၈)မိုင်ရုံးမှာ အလွယ်တကူလျှောက်လွှာတင်လို့ရ
ပါတယ်။ ကားပါစစ်ရဖို့ကတော့ အခွင့်အလမ်းအများကြီးရှိပါတယ်။ ပါမစ်ကိုပြန်ရောင်းဖို့အတွက်တော့ ထပ်ပြီးစုံစမ်းဖို့လိုပါလိမ့်မယ်။
ကျနော်တို့ကိုတင်သွင်းခွင့်ပေးတဲ့ မော်ဒယ်လ်က ၂၀၀၇ အထက်ဖြစ်တဲ့အတွက် အစိုးရကို အခွန်ဆောင်နှုန်းအလွန်ပဲမြင့်မားလှပါတယ်။
သို့သော် တစ်နေ့ရွှေတစ်နေ့ငွေ ဖြစ်နေတဲ့ မြန်မာအစိုးရရဲ့ ပေါ်လစီတွေကချက်ချင်းကြီး အခွန်နှုန်းထားတွေ လျှော့ချပေးချင်လဲပေးလိမ့်
မယ်လို့ သတင်းတွေလဲထွက်ပေါ်နေပါတယ်။ အခုလောလောဆယ် ကျနော်တို့ပါမစ်လိုဆင်တူပါမစ်မျိုးဖြစ်တဲ့ သင်္ဘောသားပါမစ်ဆိုရင်လဲ
သိန်း (၂၀) ကနေ (၂၅) သိန်းအထိပဲဈေးရှိနေပါတဲ့သတင်းလဲကြားမိလို့ ကိုယ်တိုင်ရန်ကုန်သွားလုပ်ရမယ့်ကိစ္စ(ဘဏ်စာရင်းဖွင့်ခြင်း)၊
အခွန်အကြေဆောင်ရမယ့် ပမာဏ၊ လေယာဉ်လက်မှတ်ခတွေနဲ့ တွက်ချက်လေ့လာပြီးသွားပါလို့ အကြံပြုလိုပါတယ်။
အပြန်ခရီးမှာတော့ တက်သုတ်ရိုက်လေဆိပ်ကိုဆင်းခဲ့ပေမယ့် လေယာဉ်ပေါ်မှာ ခုံအပို ၂၀ ကျော်ရှိနေတာကြောင့် Go Show ကိုအလွယ်
တကူရပြီး လိုချင်တဲ့ခုံကို လျှောလျှောလျှူလျှူပေး ပြုံးပြနှုတ်ဆက်ဖော်ရတဲ့ MAI မြေပြင်ဝန်ထမ်းနဲ့ကြုံတောင့်ကြုံခဲတွေ့ရပြီးတိုးတက်
လာတဲ့ ဝန်ဆောင်မှုကို ထိတွေ့အသိအမှတ်ပြုမိပါတယ်။ အချိန်အလွန်စောနေတာကြောင့် သက်တောင့်သက်သာ နားနေရအောင်
MAI ကဖွင့်ထားတဲ့ CIP Lounge ဖြစ်တဲ့ Sky Smile lounge ကိုသွားပြီး မြည်းစမ်းကြည့်ဖြစ်ပါတယ်။ US$ 8 ပဲကျသင့်ပြီး မဆိုးလှပါဘူး။
ရန်ကုန်မြို့ရဲ့ အဆင့်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင့်နဲ့ဆိုရင် အတော်လေးကောင်းတယ်ပြောရမှာပါ။ စားစရာ snack အဖြစ်
(၆) မျိုးလောက်ရှိပြီး၊ ဗိုက်ပြည့်ပြည့်စားချင်တယ်ဆိုရင်တော့ ထမင်းကြော်နဲ့ ကြက်ဥကြော်လဲရှိပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အချို
ရည်များအပြင်၊ fruit juice မျိုးစုံနဲ့ မြန်မာဘီယာလဲရှိပါတယ်။ အညောင်းပြေထိုင်ဖို့အနိုပ်ထိုင်ခုံ၊ အင်တာနက်အတွက် Computer တွေ
လဲတွေ့ရပေမယ့် Wi-Fi တော့ လောလောဆယ်ဒေါင်းနေတယ်တဲ့ဗျာ။ သီးသန့်အိမ်သာပါ lounge ထဲမှာရှိပြီး ခန်းမကြီးထဲမှာ BAC က
စလို့ MAI ဖြစ်သည်အထိ သုံးစွဲခဲ့တဲ့ လေယာဉ်ဓာတ်ပုံတွေကိုပြသထားပြီး Bangkok Post, Straits Times စတဲ့ သတင်းစာကြီးတွေ၊
မြန်မာသတင်းဂျာနယ်တွေကအစ စုံစုံလင်လင် လေးတွေ့ရတဲ့အပြင် Lounge Staff တွေရဲ့ ဝန်ဆောင်မှုကိုလဲ အားရကျေနပ်မိပါရဲ့။
ရန်ကုန် - စင်္ကာပူ အပြန်ခရီးမှာတော့ ကျွေးမွေးဧည့်ခံတာက အလာတုံးကထက်အများကြီး ပိုမိုအစဉ်ပြေတဲ့အပြင် Crew ရဲ့ ဝန်ဆောင်မှု၊
ဘီယာခဏခဏတောင်းသောက်ပြီးဗူးလိုက်မချပေးလို့ပြသနာရှာတဲ့ခရီးသည်အဖိုးကြီးတစ်ယောက်ကို ဖြေရှင်းကိုယ်တွယ်တဲ့နေရာမှာလဲ
တော်တယ်လို့ချီးကျူးရမှာပါ။ ချန်ဂီအဆင်းမှာလဲ နောက်ဘီးချတာ ငြင်သာလှတဲ့ အပြင် flight information ကိုထုံးစံအတိုင်း တက်ပြီး
တခါ ဆင်းခါနီးတခါ ရှင်းပြတဲ့ Captain စိုးမိုး ရဲ့ကျွမ်းကျင်မှုကိုလဲ အသိအမှတ်ပြုပါတယ်။ Overall ပြောရရင်တော့ အမိမြန်မာနိုင်ငံအလံ
တင်လေကြောင်းလိုင်းဟာ အရင်ကထက်စာရင် အများကြီးတိုးတက်လာပါတယ်။
ရန်ကုန်ကိုရောက်ပြီး နောက်တစ်ရက်မှာပဲ သတင်းကောင်းအဖြစ် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသမားတွေကိုလွှတ်ပေးခဲ့တဲ့အပြင်
ဗိုလ်ချုပ်ကြီးဟောင်း ဘဘကြီး ဦးခင်ညွှန့်နှင့်မိသားစုကိုလဲ လွှတ်ပေးခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ အခုလို
တိုးတက်ပြောင်းလဲမှုတွေရဲ့ ရလဒ်တွေအဖြစ် နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေ တစတစ ရုပ်သိမ်းလာပြီး အမိမြန်မာနိုင်ငံပိုမိုဖွံဖြိုး
တိုးတက်စေချင်ပါတယ်။
ရန်ကုန်မြို့သို့ရောက်ရှိစဉ်ကာလအတွင်းပြုစုစောင့်ရှောက်မှုများ နှင့် ခရီးစဉ်မတိုင်မီလိုအပ်သည်များ ကြိုတင်စီစဉ်ပေးထားတဲ့ အမြဲ အားကိုးနေရသောညီငယ် ကိုဖြိုး၊ အောင်ကိုကို နဲ့ ဘရမ်အောင်။ MAI Online မှဝယ်ထားသော လေယာဉ်လက်မှတ်ကို booking
ပြန်ပြောင်းရာတွင် MAI Ticketing office ကိုအတင်းလာ print ထုတ်ခိုင်းနေခြင်းကြောင့် အစဉ်မပြေဖြစ်နေသည်ကို ကူညီပေးလိုက်သော
MAI HQ မှ ညီငယ် မျိုးပိုင်၊ ဒန်ပေါက်ဝယ်ကျွေးသော ဗိုလ်ကြီးဒေါက်တာကျော်သူရဇော်၊ မွေးနေ့တွင်မအားလပ်နေသည့်ကြားက ဘဏ်စာရင်းကိစ္စ ကားပါမစ်ကိစ္စ များရှင်းပြကူညီပေးလိုက်သော ဗိုလ်ကြီးဒေါက်တာသီဟန်ထွန်း၊ လေဆိပ်ကို တကူးတကလာကြိုပေး
သောဒေါက်တာရဲနိုင်၊ ခေတ္တတည်းခိုးရန်စီစဉ်ပေးသော အန်တီအုံး နှင့်မိသားစု၊ နေ့လည်စာထမင်းကျွေးလိုက်သော အစ်မဝမ်းကွဲ
မသန်းသန်းခိုင် နှင့် ကိုဇော်လွန်းအောင် တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ....
(ကျနော့်မှာ မေးမြန်လာတဲ့ မေးခွန်းတွေကို comment ကနေပြန်ဖြေချင်ပေမယ့် ဘာကြောင့်မှန်းမသိပဲ comment ထဲကို ကိုယ်တိုင်ဝင်
ထုံးစံအတိုင်းရေးရရင်တော့ ဒီပိုစ့်က ကျနော့်ဘဝရဲ့ မှတ်တမ်းသက်သက်ပါပဲ။ Public Open Blog ဖြစ်သည်နှင့်အမျှ ဝင်ရောက်ဖတ်မိကြတဲ့
သူငယ်ချင်း ညီအကို မောင်နှမတွေအတွက် ၂၀၁၂ ခုနှစ်မှာ သာယာဖြှောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို လျှောက်လှန်းနိုင်ကြပါစေကြောင်း
နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပါတယ်။
ဖြတ်သန်းခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ကျနော့်အတွက်တိုးတက်မှုတစ်စုံတရာပြသနဲ့နှစ်တခုမဟုတ်သလိုဆုတ်ယုတ်တဲ့နှစ်လဲမဟုတ်ပါဘူး။
ကြိုတင် plan လုပ်ထားတဲ့ အပျော်ခရီးတွေအပြင် အရေးပေါ်အစီအစဉ်နဲ့ထွက်တဲ့ခရီးတော်တော်များများထွက်ခဲ့လို့ ကျနော့်အတွက်
ခရီးသွားနှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းဇန်နဝါရီလမှာ ပါပါးနဲ့ မာမား စင်္ကာပူကိုလာနေဖြစ်ကြပါတယ်။ ပြုစုမယ့်သူ
အမေရောက်လာတာနဲ့ နေမကောင်းဖြစ်ခဲလှတဲ့ ကျနော့်မှာ တော်တော်ကြီးအပြင်းအထန်ဖျားလိုက်ပါတယ်။ MC ကို (၄) ရက်လောက်ကို
နေလိုက်ရပြီး တော်တော်ကြီးခံလိုက်ရပါတယ်။ Bukit Gombak ကနေ Commonwealth က ၂ ခန်းအိမ်ကို ရောက်တော့ အထပ်မြင့်ဖြစ်
တာကြောင့်ရယ် ဒီအိမ်ကတော်တော်လေးလဲ အေးတာကြောင့် အိမ်အပြောင်းအရွေ့ပင်ပန်းတာရယ်၊ အအေးမိတာရယ်ပေါင်းပြီးဖျားသွား
တော့တာပါပဲ။ ဒီနှစ်ထဲမှာ ကျန်းမာရေးနည်းနည်းလေးချူချာတယ်ပြောရမယ်ဗျာ။ သို့သော်လည်းကာလကြာရှည်စွာ ဖြစ်နေတဲ့ ခြေထောက်ကလမ်းလျှောက်လိုက်ရင် ထုံကျဉ်တဲ့ပြသနာကိုတော့ ဘာဆေးနဲ့ပျော်သည်မသိ ပျောက်သွားခဲ့ပါတယ်။ ဖြစ်နေတာတော့
ကြာပြီဖြစ်ပေမယ့် ဆရာဝန်ဆီကိုသွားမပြဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမနေနိုင်တဲ့အဆုံးမှာတော့ Polyclinic ကိုသွားပြပြီး အထူးကုဆရာဝန်ထံ
ကိုပြောင်းလွှဲပေးဖို့ request လုပ်လိုက်ပါတယ်။ Polyclinic ကနေ Alexandra ဆေးရုံကအရိုးအကြောအထူးကု ဆရာဝန် စီကို refer
လုပ်လိုက်ပြီးတဲ့နောက်၊ နေ့ချင်းပဲ X-Ray နဲ့ ရောဂါကိုရှာဖွေပေမယ့် အကုန်ကောင်းတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဖြစ်နိုင်ချေရှိတဲ့ကုသ
မှူ (၂) ခုကိုလုပ်ခိုင်းပါတယ်။ တစ်ခုကတော့ physiotherapy နဲ့ အကြောလျှော့၊ကြောရိုးကိုဆွဲဆန့်တဲ့နည်းပါ။ နောက်ခုကတော့ ခြေဖဝါး
မှာများပြသနာရှိနေလားဆိုပြီး ခြေဖဝါးကိုအထူးပြုကုသတဲ့ ဌာနကိုထပ်ပြီး refer လုပ်ပါတယ်။ physiotherapy နည်းက နည်းနည်းပိုနီး
စပ်တော့ အဲ့ဒါနဲ့ ၂ ပါတ်ကို ၁ ကြိမ်လုပ်ဖြစ်ပေမယ့် ထူးထူးခြားခြား သက်သာလာတာမတွေ့ရပါဘူး။ ဆေးကုသမှုကုန်ကျစားရိတ်ကို
ကျနော့် company ကနေပေးချေပေးလို့သာတော်ပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ ထဲမှာတော့ ပထမဆုံးကြိုတင်စီစဉ်ထားတဲ့ ခရီးမဟုတ်တဲ့ ရန်ကုန်ကိုပြန်ပြီး အခွန်ဆောင်တဲ့ကိစ္စကိုလုပ်ပါတယ်။
ဒီခရီးရဲ့ detail ကို တော့ ရန်ကုန်သို့အခွန်ဆောင်ခရီး ဆိုပြီး blog တစ်ခုရေးထားပြီးသားဖြစ်လို့ ဒီမှာဘာမှမရေးတော့ပါဘူး။ ရန်ကုန်မှာ
ရောက်နေတုံး ခြေထောက်ပြသနာအတွက် အာရုံကြောဆိုင်ရာအထူးကုသမားတော်ကြီး ကိုသွးပြကြည့်တော့ စင်္ကာပူကဆရာဝန်တွေ
ဘာဖြစ်တယ်ဆိုတာ (သိရက်နဲ့မပြောတာလဲဖြစ်မှာပေါ့) ဆရာဝန်မကြီးက အတိအကျပြောပါတယ်။ ကုသရမယ့်နည်းလမ်းကိုလဲပြော
တော့ စင်္ကာပူမှာ Tharapy ကုသတဲ့ပုံစံနဲ့ထပ်တူကျတာကြောင့် ဆရာဝန်မကြီးပြောတဲ့အတိုင်း ကြောရိုးမှာရှိတဲ့ အာရုံကြောညှပ်နေတာ
ဆိုတာကို အတိအကျသိလိုက်ရပါတယ်။ ပိုမိုအတိအကျ သိချင်ရင်တော့ MRI Scan နဲ့ကြည့်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ စင်္ကာပူ
ပြန်ရောက်တော့ ဆေးရုံကိုအရိုးအကြောဆရာဝန်ကြီး နဲ့ပြသဖို့ ရက်ချိန်းထပ်ယူပြီး MRI နဲ့စစ်ပေးဖို့ request လုပ်လိုက်ပါတယ်။ MRI
ဟာအင်မတန်ဈေးကြီးတဲ့ အတွက်ပြန်စဉ်းစားနိုင်ကြောင်းပြောတော့ Company ကပေးတာကြောင့် Go Head လုပ်ခိုင်းလိုက်ပါတယ်။
MRI ဖတ်ပြီး တဲ့နောက်တော့ Bill က ငွေ ၈၀၀ ကျော်ကျသင့်တာမှာ PR မို့အစိုးရကစိုက်ပေးတာနှုတ်ပြီးတဲ့နောက် ၆၀၀ ကျော်ကို ကျနော့်
company ကပေးပါတယ်။ တစ်နှစ်ကိုအထူးကုဆရာဝန်ကုသစားရိတ် ၈၀၀ ရှိတာကုန်ပါတော့တယ်။ MRI result ကိုလဲ အရိုးအကြော
ဆရာဝန်က ရှင်းပြပေမယ့် သိပ်ပြီးရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ ကြောရိုးမကြီးမှာ အကြောတစ်ခုခုညှပ်နေတာလောက်ပဲအလွယ်
တွေးထားလိုက်တယ်။ နောက်တော့ အသည်းပါရဂူဆရာကြီးဦးခင်မောင်ဝင်းရဲ့ အမျိုးသမီး မာမားမိတ်ဆွေ ပါမောက္ခအန်တီကမြန်မာလို အသေအခြာရှင်းပြမှပဲ ဘာကိုဘယ်လိုဖြစ်နေတယ်ဆိုတာ အတိအကျသိရပါတော့တယ်။
၂၀၁၁ ခုနှစ် သြဂုတ်လမှာတော့ တစ်မိသားစုလုံး အစ်မတစ်ဝမ်းကွဲရှိရာ တရုတ်ပြည် ရှန်ဟိုင်း၊ ဟန်ကျိုး နဲ့ စူကျိုးမြို့များကိုအလည်
အပတ်သွားခဲ့ပါတယ်။ ဒီအကြောင်းကိုလဲ Blog သတ်သတ်ရေးထားပြီးသားရှိလို့ ဒီမှာထပ်မရေးတော့ပါဘူး။ ဒီခရီးနောက်ပိုင်းမှာတော့
Budget Airline နဲ့ခရီးထွက်ဖို့ဆိုတာကို တော်တော်တန်တန်မစဉ်းစားရဲလောက်အောင်ဖြစ်သွားပါတော့တယ်။ ဘာကြောင့်မှန်းမသိပဲ
ဒီခရီးကပြန်လာပြီးတဲ့နောက်မှာတော့ လမ်းလျှောက်ရင် ခြေထောက်ထုံကျဉ်တဲ့ဝေဒနာ လုံးဝပျောက်ကင်းသွားပါတယ်။ therapy ကြောင့်
မဟုတ်သလို သောက်တဲ့ဆေးတွေကြောင့်လဲမဟုတ်တာအသေအခြာသိပါတယ်။ တရုတ်ပြည်ကအပြန်မှာတော့ ရန်ကုန်ကနေလာတဲ့ညီမ
လေးနဲ့အတူ ပါပါးရန်ကုန်ကိုပြန်ပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာတစ်လနားနေပြီး အောက်တိုဘာမှာတော့ အခန်းဖော်သူငယ်ချင်းနဲ့အတူ ထိုင်းနိုင်ငံချင်းမိုင်မြို့ကို အလည်ခရီး
ထွက်ခဲ့ပြန်ပါတယ်။ ဒီအကြောင်းကိုလဲ ချင်းမိုင်မြို့သို့အလည်တစ်ခေါက် ဆိုပြီး Blog တစ်ခုရေးဖြစ်ခဲ့ပြီးပြီမို့လို့ထပ်အကျယ်ချဲ့မရေး တော့ပါဘူး။ အောက်တိုဘာလအတွင်းမှာတော့ ဘယ်မှထွေးထွေထူးထူးမသွားဖြစ်ပဲ နိုဝင်ဘာလအတွင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို အလုပ်ကိစ္စ နဲ့ သွားရင်း ခရီးသွားဟန်လွှဲဆိုသလို အရှေ့တောင်အာရှအားကစားပြိုင်ပွဲလာပြိုင်တဲ့ မြန်မာ့ရွက်လှေအဖွဲ့
နဲ့တွေ့ဆုံခဲ့ရပါသေးတယ်။ အသေးစိတ်ကိုတော့ သံယောဇဉ်မကုန်နိုင်သော ဒီရွက်လှေ ဆိုပြီး blog post တစ်ခုရေးဖြစ်ခဲ့ပါတယ်။
ဂျာကာတာကအပြန်ချန်ဂီမှာ အိတ်ရွေးတော့ checked in လုပ်လိုက်တဲ့ hand carry size luggage အသေးမှာ ဆီတွေရွှဲရွှဲဆိုပြီးထွက်လာ
ပါတယ်။ ကိုယ့်အိတ်ထဲမှာ ဘာဆီမှမပါတာသိတော့ တခြားအိတ်တစ်ခုခုကနေပေလာတာဆိုတဲ့အတွက် ground handling လုပ်တဲ့ SATs
ကိုချက်ချင်း complain လုပ်ပြီးတစ်ခုခုစီစဉ်ခိုင်းပါတယ်။ SATs က အိတ်ကိုပြန်ပြီး သန့်ရှင်းရေးလုပ်ပေးပါမယ်၊ သူတို့ Agent အိမ်ကို
လာယူပြီးသန့်ရှင်းရေးလုပ်၊ ပြီးရင်ပြန်ပို့ပေးပါမယ်ဆိုတော့ နောက်တစ်ရက်မှာပဲ Lion Air က Agent လာယူပြီးအိတ်ကို cleaning service ကိုပို့ပြီးသေခြာသန့်ရှင်းရေးလုပ်ပေးပါတယ်။
၂၀၁၁ ခုနှစ် လဆန်းပိုင်းမှာတော့ Standard Chartered Marathon မှာ Volunteer လုပ်ဖြစ်ပါတယ်။ ဒီနောက်တော့ မာရသွန်မှာ
Volunteer မပါတော့ဘူးလို့ဆုံးဖြတ်ထားပါတယ်။ ဒီအကြောင်းကိုလဲ ကျနော်နဲ့ Standard Chartered Marathon ဆိုပြီး post ရှိပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ ခွင့်ရက်တွေလဲ မကျန်တော့တဲ့အတွက်ဘယ်ခရီးမှထွက်စရာမရှိ၊ December ခရီးသွားရာသီဖြစ်တဲ့
အတွက် လေယာဉ်ပျံလက်မှတ်တွေကလဲ အလွန်ဈေးကြီးနေတယ်ဆိုတော့ စင်္ကာပူမှာပဲနေမယ်စိတ်ကူးပေမယ့်တရုတ်ပြည်ကအမဝမ်းကွဲ
ရဲ့အမျိုးသားက အသည်းအသန်မကျန်းမမာဖြစ်ပြီး တိမ်းပါးသွားတဲ့အတွက် ရှန်ဟိုင်းကိုအရေးပေါ်လိုက်သွားပြီး ကွယ်လွန်သူရဲ့ ဈာပနကို
သွားပါတယ်။ စင်္ကာပူ - ရှန်ဟိုင်း တိုက်ရိုက်လေကြောင်းလက်မှတ်တွေကုန်နေပြီဖြစ်တဲ့အတွက် တဆင့်ခံတွေနဲ့သွားဖို့ရာလိုက်ရှာတော့
ဟောင်ကောင်ကို Cathay Pacific နဲ့သွား၊ ဟောင်ကောင်ကနေ ရှန်ဟိုင်းကို Cathay ရဲ့ လက်အောက်ခံလေကြောင်း Dragon Air နဲ့
ဆက်ဖို့ လက်မှတ်ဝယ်လိုက်ပါတယ်။ Cathay က ချန်ဂီကနေ မိနစ် ၄၀ နီးပါးနောက်ကျ ပျံတက်ခဲ့လို့ ဟောင်ကောင်ရောက်တဲ့အချိန်မှာ
connection flight အတွက် အပြေးအလွှားကိုတက်ခဲ့လိုက်ရတယ်။ ရှန်ဟိုင်းကိုတော့ ပုံမှန်အချိန်အတိုင်းဆိုက်လို့ လေယာဉ်တံခါးဝကနေ
ထွက်လိုက်ရင်ပဲ အပူထဲကနေ Aircon ထဲဝင်လိုက်သလို အင်မတန်အေးတဲ့ လေထုကဆီးကြိုနေပါတယ်။ ရှန်ဟိုင်း Pudong Int'l ဟာ
အင်မတန်မှကိုကြီးမားလှတဲ့ လေဆိပ်ကြီးပါပဲ။ လူဝင်မှုကြီးကြပ်ရေး Arrival ကိုရောက်ဖို့၁၀ မိနစ်လောက်ကိုလျှောက်လိုက်ရတယ်။
လေဆိပ်ကြီးကကြီးပေမယ့် ဝန်ဆောင်နေတဲ့ခရီးသည်ကနည်းတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးကို သိပ်တန်းမစီရပဲ ကိစ္စ ပြီးသွားပါတယ်။
checked in လုပ်လိုက်တဲ့ luggage ကိုရွေးတော့ အကျင့်ဖြစ်နေတဲ့အတိုင်း luggage ကိုစစ်လိုက်တော့သေတ္တာဒေါင့်မှာ ၆ လက်မလောက်
ပြဲနေတာတွေ့တယ်။ အပေါ်ရံမဟုတ်ပဲအတွင်းထဲအထိဆိုတော့ ရှန်ဟိုင်း ground handling ကို complain လုပ်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့
ဒုတိယနဲ့နောက်ဆုံးအကြိမ် luggage ပြသနာပါပဲ။ ရှန်ဟိုင်းလေဆိပ် ဝန်ထမ်းက တရုတ်ငွေ ယွမ် ၁၅၀ (S$30) ခန့်ပေးပါမယ်တဲ့ ဒါမှ
မဟုတ်ပြင်ပေးပါမယ်တဲ့။ ကျနော်က ရှန်ဟိုင်းမှာနေမှာမဟုတ်ပဲ တခြားမြို့ကိုခရီးဆက်ရအုံးမှာဆိုတော့ ယွမ် ၁၅၀ ဆိုလက်ခံမလားဆို
တော့ ဒီထက်ပိုရသင့်တယ်ထင်လို့ ပိုပေးဖို့ပြောတာ့ ဒီလိုဆိုရင် ဒီကိစ္စကိုစင်္ကာပူဖက်ကို ပြန် refer လုပ်ရပါမယ်၊ စင်္ကာပူမှာပြန်ပြီးပြောပါ
တဲ့။ ကျနော်ကလဲ တခါထဲ ၁၅၀ ယူလိုက်ရမှာမှားသွားတယ်။ complain report ဘာညာတွေယူပြီးလေဆိပ်အပြင်ခန်းမဖက်ထွက်တော့
ဖုံးကဒ်ရောင်းတဲ့ နေရာတွေ့လို့ အင်မတန်ဖုံးကဒ်ဝယ်ရခက်တဲ့အတွက် တွေ့တဲ့နေရာမှာ မြန်မြန်လေးဝယ်ထားလိုက်တယ်။ မလာခင်ထဲ
က အင်တာနက်ပေါ်ကရှာဖွေလေ့လာထားတဲ့ ရှန်ဟိုင်းမြေအောက်ရထားစီးဖို့အတွက် ဘူတာကိုသွားပါတယ်။ လက်မှတ်ဝယ်တော့ စက်
မှာဝယ်ပါတဲ့၊ စက်ကလဲတရုတ်လိုတွေရေးထားတော့ ဘေးနားကအမျိုးသမီးတစ်ယောက်ကို သွားမယ့်နေရာပြပြီး လက်မှတ်ဝယ်ပေးဖို့
အကူအညီတောင်းရတယ်။
ရထားစီးဖို့ ပလက်ဖောင်းပေါ်ရောက်တော့ အအေးဒဏ်ကမခံမရပ်နိုင်အောင်ဖြစ်လာလို့ luggage ကိုဖွင့်ပြီး မလာခင်ကြိုတင်ဝယ်လာတဲ့
Jacket ထူထူကိုထုတ်ဝတ်ရတယ်။ စီးရမယ့်ရထားရဲ့တဖက်လမ်းဆုံးမှာ ရှိတဲ့ကျည်ဆံရထားဘူတာရုံကိုသွားရမှာဆိုတော့ မှားစရာမရှိဘူး
ဆိုပြီး စိတ်အေးအေးနဲ့လိုက်လာလိုက်တာ လမ်းတစ်နေရာအရောက်တော့ ခရီးသည်တွေအကုန်ဆင်းသွားကြပြီး ကျနော်တစ်ယောက်ပဲ
ရထားပေါ်ကျန်ပါတယ်။ နောက်တော့ ရထားကရှေ့ဆက်မသွားပဲ နောက်ပြန်လှည့်မောင်းသွားတော့ တခုခုတော့မှားနေပြီလို့ ထင်ပြီး
နောက်တမှတ်တိုင်မှာရပ်တော့ လေဆိပ်ကိုပြန်မောင်းနေမှန်း သိတော့ အမြန်ပြေးဆင်းလိုက်တယ်။ တကယ်တော့ ချန်ဂီကိုသွားသလို
တစ်နေရာမှာ interchange လုပ်တာပါ။ မြေပုံမှာအသေအခြာလဲမပြထား Announcement ကလဲ မသဲကွဲတော့ ရှုပ်ကုန်တော့တာပေါ့။
မြေပေါ်ကိုတက် ontrol station မှာသွားမေးတော့ ကံကောင်းချင်တာ staff က English လိုတက်တာနဲ့ ရှင်းပြပါတယ်။ နောက်တော့
လမ်းမှန်ကိုရောက်ပြီးနောက်ဆုံး ကျည်ဆံရထားဘူတာကို ရောက်ပါတယ်။ လက်မှတ်ဝယ်ဖို့နေရာကို မေးမြန်းစုံစမ်းပြီးဝယ်ပြီးတဲ့နောက်
မှာတော့ ရထားကနောက်ထပ် ၂၅ မိနစ်လောက်မှာထွက်မှာဆိုတော့ စားဖို့လဲအချိန်မရှိတော့ပဲ ထွက်ဖို့ဂိတ်ကိုတန်းပြေးရပါတယ်။ ပထမ
တစ်ခါလာတုံးက အစ်မသင်ပေးထားလို့ ချောချောမောမော ပဲရထားပေါ်ရောက်ပါတယ်။ ဆင်းရမယ့်မှတ်တိုင်က ၃ ဘူတာမြောက် လောက်မှာဆိုတော့ စိတ်အေးအေးနဲ့မထိုင်နိုင်ပဲ စိတ်ကပူနေမိတယ်။ ရထားက ဘူတာတစ်ခုမှာဆိုက်တော့ luggage ကိုသတ်သတ်ထား
တော့ စိတ်မချလို့အပေါက်ဝနားသွားကြည့်နေမိပြီး ကျောပိုးအိတ်ကို ထိုင်ခုံအပေါ်ကအိတ်ထားတဲ့နေရာမှာထားလိုက်မိတယ်။ အစ်မစီက
နေဖုံးလာပြီး ဒီမှတ်တိုင်မှာပဲ ဆင်းလို့ရတယ်ဆိုတော့ရထားကလဲ ရပ်ထားတာကြာပြီဆိုတော့ ထွက်သွားမှာဆိုးလို့လောလောလောလော နဲ့ ဆင်းလိုက်တာ ကျောပိုးအိတ်ကိုရထားပေါ်မေ့ထားခဲ့လိုက်ပါတယ်။ ကျောပိုးအိတ်ဟာ အင်မတန်မှာတန်ဖိုးကြီးသော အရေးကြီးသော
Passport၊ DSLR Camera နဲ့ iPad ပါပါတယ်။ Station Staff ကိုပြောပေမယ့် တရုတ်လိုမပြောနိုင်တာကြောင့် သူတို့မှာနားမလည်နိုင်
ဖြစ်နေတော့ အစ်မကဖုံးထဲကနေ သူတို့ကိုဘာသာပြန်ပြောရင်း ဆိုရင်းကနေ နောက်ဆုံးတော့ Enquiry ဆိုတဲ့ ကောင်တာစီကိုရောက်
သွားပါတယ်။ ကံကောင်းချင်တော့ Enquiry က Staff က English လိုတစ်လုံးနှစ်လုံးပြောတက်တော့ ဖြစ်နေတဲ့ပြသနာကို သူ့ကိုပြောပြ
နိုင်လိုက်ပါတယ်။ ချက်ချင်းပဲ သွားနေတဲ့ရထားရဲ့ schedule ကိုထုတ်ကြည့်ပြီး ဖုံးနဲ့တစ်နေရာပြီးတစ်နေရာဆက်နေတာတွေ့တော့ ရထား
ကို မိအောင် သွားနေတဲ့လမ်းကြောင်းပေါ်ကဘူတာတွေကို ဆက်ပြီးသတင်းပို့နေတယ်လို့ထင်တာပဲ။ ကျနော့်မှာတော့ အပူလုံးဆို့ပြီး
ပြန်ရပါစေလို့ဘုရားဆုတောင်းရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ ကျနော့်အစ်မကိုဒုက္ခမပေးချင်လို့ ကိုယ်ဟာကိုယ်ကြံဖန်လာပါတယ်ဆိုမှ
သူ့ခမျာ နာရေးရှိရက်နဲ့ ကျနော့်ကိုကူညီရအောင်ဘူတာကို ထွက်လာရပါတယ်။ Station Staff က သူရှေ့ဘူတာတွေကို သတင်းပို့ထား
ကြောင်း ပြန်လာမယ့်သတင်းကိုစောင့်ရမည်ဖြစ်ကြောင်း သူတက်သလောက်ရှင်းပြပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တယ်လီဖုံးပြန်
လာတော့ တက်သလောက်နားလည်သလောက် အိတ်တွေ့ကြောင်းပါ။ နောက်တော့ ဘူတာဝန်ထမ်းကိုမေးတော့ အိတ်ကိုရရှိကြောင်း
ဒီဖက်ကိုပြန်လာမယ့် ရထားနဲ့ပြန်ထည့်ပေးလိုက်မှာဖြစ်ကြောင်း ပြောပြပါတယ်။ တရုတ်နိုင်ငံမှည အခုလိုပြန်ရတယ်ဆိုတာ အင်မတန်မှ ကိုကံကောင်းတယ်ပြောရမှာပါ။ ကျည်ဆံရထားတွေဟာ သာမန်ထက်ဈေးပိုကြီးပြီး ထိုင်ခုံနံပါတ်အတိအကျတွေနဲ့ ရောင်းတာ၊ ထိုင်ရတာ
ဆိုတဲ့အတွက် ကျနော်ထိုင်တဲ့ထိုင်ခုံတည့်တည့်အပေါ်မှာ အိတ်ကိုအလွယ်တကူရှာတွေ့တာကြောင့်လဲ ပြန်ရနိုင်လိုက်တာပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် Station Staff ကိုအင်မတန်မှကိုကျေးဇူးတင်မိတာပါပဲ။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ ရှန်ဟိုင်းမြို့မှာကွယ်လွန်သူကို မီးသဂြိုလ်ပါတယ်။ ၂၉ ရက်နေ့မှာတော့ စင်္ကာပူကိုနောက်တစ်နေ့ ၃၀ ရက်နေ့မှာပြန်ဖို့အတွက် ရှန်ဟိုင်းမြို့မှာ တစ်ညအိပ်ပြီး မရောက်ဖူးသေးတဲ့နေရာတွေ လျှောက်ကြည့်ဖြစ်ပါတယ်။ ၃၀ ရက်နေ့ မနက်
စောစောထပြီး တည်းခိုးရာ Holiday Inn ကနေ Pudong Int'l ကို taxi စီးရင် ယွမ် ၂၀၀ လောက်ကျမှာမို့လို့ ရထားပဲစီးသွားဖြစ်ပါတယ်။
ဒီတခါတော့ Shanghai Metro ရထားလမ်းတစ်ဝက်ကနေ လေဆိပ်စီကိုသွားတဲ့ အထူးအမြန် သံလိုက်ရထား စီးပြီးသွားဖြစ်ပါတယ်။
လေယာဉ်လက်မှတ်ပြရင် ၁၀% လျော့ဈေးရပါတယ်။ Economy Class နဲ့ VIP Class ဆိုပြီး အတန်း ၂ ခုရှိပြီးဈေးက ၅၀ နဲ့ ၁၀၀ ယွမ်
အသီးသီးပါ။ ကျနော်တော့ Economy တန်းကပဲဝယ်စီးဖြစ်ပါတယ်။ ၁၅ မိနစ်လောက်ကိုတော့ ငွေပိုကုန်မခံတော့ပါဘူး။ ဒီရထားကရထား
သံလမ်းနဲ့ ရထားကို သံလိုက်စက်ဝန်းနဲ့ မထိအောင်လုပ်ပြီးမောင်းတဲ့အတွက် အလွန်မြန်ပါတယ်တဲ့ တစ်နာရီကို ကီလိုမီတာ ၄၀၀ ကျော်
အထိမောင်းနိုင်ပါတယ်တဲ့။ Pudong လေဆိပ်ကိုချောချောမောမောရောက် check in ဝင်၊ လေဆိပ်ထဲမှာလိုက်လျှောက်ကြည့်တော့
လေဆိပ်ကကြီးပေမယ့် ဘာမှထွေထွေထူးထူး မရှိပါဘူး။ ထူးထူးဆန်းဆန်းတွေ့ခဲ့တာတော့ Suzhou မြို့ကနာမည်ကျော် Hairy Crab ကို
လေဆိပ်အတွင်းက transit area တွင်းမှာရောင်းတာပါပဲ။ ထွက်ခွာဖို့အချိန်စောနေသေးတာကြောင့် မနက်ကနံနက်စာကို ဟိုတယ်မှာ ဝဝလင်လင် မစားလာခဲ့တော့ ဗိုက်ဆာတာနဲ့ ထပ်စားပြီးသွားရမယ့် Boarding Gate ကိုသွားစောင့်နေလိုက်တယ်။ ၁၁၂၀ ထွက်ရမှာကို
၁၁ အထိ boarding လုပ်ဖို့မခေါ်သေးတာနဲ့ ကောင်တာမှာသွားကြည့်တော့ ဂိတ်ပြောင်းသွားကြောင်း ရေးထားတာတွေ့တော့ အမြန်ပဲ
ပြောင်းသွားတဲ့ ဂိတ်ကိုပြေးရတယ်။ ပြောင်းသွားတဲ့ဂိတ်ရောက်တော့လဲ boarding မခေါ်သေးပြန်ဖူးဆိုတော့ ဝန်ထမ်းကိုမေးကြည့်တော့
လေယာဉ်မှူးများနောက်ကျနေလို့ နည်းနည်းလောက်နောက်ကျထွက်ခွာနိုင်ကြောင်းပြောပါတယ်။ ကျနော်က ဟောင်ကောင်ကနေတဆင့်
စီးရမှာဖြစ်တဲ့အတွက် နောက်ကျလို့မရပါဘူး။ နောက်ကျရင် ဟိုဖက်က connection flight ကလွတ်သွားမှာပါ။ ကျနော့်မှာ transit ရှိတယ်
လို့ပြောတော့ မှီနိုင်ပါတယ်တဲ့ စိတ်မပူပါနဲ့တဲ့။ အိုကေပေါ့ ခဏစောင့်ကြည့်နေလိုက်တယ်။ ၁၁၂၀ ကျတော့ တရုတ်လိုတစ်ခုခုကြေငြသံ
ကြားတော့ တရုတ်တွေအုံးအုံးကျွတ်ကျွတ်ဖြစ်တာနဲ့ delay flight ဖြစ်တာပြောတာထင်တယ်ဆိုပြီး ကောင်တာကိုအမြန်ပြေးနေရာယူတာ
ကိုယ်တောင်နည်းနည်းလေးနောက်ကျသွားတယ်။ သေသေခြာခြာ တန်းစီပြီးပြသနာကို ဖြေရှင်းပေးတာမဟုတ်တဲ့အပြင် မြေပြင်ဝန်ထမ်း
တွေမှာလဲ ဒီလိုပြသနာမျိုးကိုဖြေရှင်းနိုင်ဖို့ အတွေ့အကြုံအလေ့အကျင့် အားနည်းဟန်တူပါတယ်။ တရုတ်တွေ တယောက်တပေါက်နဲ့
departure gate မှာ ကမ္ဘာပျက်သလိုပါပဲ။ တကယ်ဆိုရင် မြေပြင်ဝန်ထမ်းတွေကိုဆူဆူပူပူလုပ်နေလဲ ကျနော်တို့မှာဖြေရှင်းချက်တစ်စုံတ
ရာရနိုင်ဖို့မမြင်ပါဘူး။ ဒါကြောင့် ကောင်းကောင်းမွန်မွန်ပဲ ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို မေးတာ တရုတ်လိုမေးနေတဲ့လူတွေကိုပဲရှင်းနေ
တာတွေ့တော့ စိတ်ကတော်တော်တော့တိုလာတော့တယ်။ နောက်တော့ မရမက ရင်ဖက်ကတက်ထားတဲ့နံမည် ကိုဖတ်သူ့နာမည်ကိုခေါ်
မေးတော့ စင်္ကာပူကိုပျံမယ့်တိုက်ရိုက်လေကြောင်းတစ်ခုခုနဲ့ ကြိုးစားနေပြီး တခြားလေကြောင်းလိုင်းတွေက အကြောင်းပြန်ကြားချက်ကို
စောင့်နေကြောင်းပြောပြပါတယ်။ တခြားခရီးသည်တွေကိုတော့ ၇၅ ယွမ် (S$15) တန်ဘောက်ချာတွေပေးပြီး တောင်းပန်နေတာကိုတွေ့
ရတယ်။ ဟောင်ကောင်ကိုပဲသွားမယ့် တရုတ်တွေလဲ ၇၅ ယွမ်လဲရရောထွက်သွားလိုက်ကြတာတော်တော်ငြိမ်းချမ်းသွားပါတယ်။ ကျန်တဲ့
connection flight တွေရှိတဲ့ ခရီးသည်တွေပဲ တပူပူတစာစာ လုပ်ပြီးကျန်ခဲ့တော့တယ်။ Newzeland ကိုသွားမယ့်သူ၊ အင်ဒိုနီးရှားကိုသွား
မယ့်သူ၊ စသည်ဖြင့် Airlines Hub တစ်ခုဖြစ်တဲ့ ဟောင်ကောင်ကနေတဆင့်ပျံကြမယ် ခရီးသည်ကလဲတော်တော်ကိုများပြားပါတယ်။
နောက်ဆုံး ၁ နာရီနီးပါးလောက်ကောင်တာရှေ့မှာ ရပ်စောင့်ပြီးတဲ့နောက်မှာတော့ ကျနော်နဲ့အတူ တခြားခရီးသည် ၄ ယောက် စင်္ကာပူကို Singapore Airlines (SQ) နဲ့ နောက်တစ်နာရီကြာလောက်မှာထွက်မယ့် လေယာဉ်နဲ့တင်ပေးလိုက်နိုင်ကြောင်းပြောပါတယ်။
အဆိုးထဲက အကောင်းဆိုသလိုပဲ ဟောင်ကောင်ကနေတဆင့် ၈ နာရီလောက်ကြာအောင် မသွားရတော့တဲ့အပြင် ကမ္ဘာအကောင်းဆုံး
လေကြောင်းစာရင်းဝင် SQ နဲ့လဲပျံရအုံးမှာဆိုတော့ ၇၅ ယွမ်တောင်မယူတော့ပဲ မြေပြင်ဝန်ထမ်းခေါ်ရာနောက်ကိုလိုက်ပြီး SQ ဖက်မှာပြန်
check in ပြန်လုပ်ပြီး စင်္ကာပူကို ချောချောမောမော ဇိမ်ရှိရှိလေးပြန်ရောက်ပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းကတော့ ကျနော့်အတွက်မမေ့နိုင်စရာ ပထမဆုံးအဖြစ်အပျက်များမှာ အကောင်းအဆိုး ရောယှက်နေခဲ့တာပါပဲ။
ကျနော့်ဘဝရဲ့ ပထမဆုံးသော အကြီးအကျယ်ပြသနာ ရှိတဲ့ အိတ်ကိုမေ့ကျန်ခဲ့ခြင်း၊ လေကြောင်းခရီးစဉ်များအတွင်း အခုလို အကြီး အကျယ် flight delay ဖြစ်တာကြုံဖူးလိုက်ရခြင်း၊ ပထမဆုံး Singapore Airlines Flight ကိုစီးဖူးခြင်းတို့ပါပဲ။ အမြဲတမ်းလိုလို ခရီးထွက်
တိုင်း ခရီးသွားအာမခံဝယ်သွားတက်တဲ့ ကျနော်မှာ ဒီတခါတော့ အကုန်အကျတွေလျှော့ချတဲ့အနေနဲ့ မဝယ်သွားတဲ့အခါမှာမှ အိတ်ကကွဲ၊
လေပျံကနောက်ကျနဲ့ ကံကောင်းလို့ passport ပြန်ရပြီး စင်္ကာပူကိုပြန်ရောက်လာတယ်ပြောရမှာပါပဲ။ ရှန်ဟိုင်းမှာ ကွဲသွားတဲ့အိတ်ကို
ပစ်ခဲ့ပြီး whole sales market ကနေ luggage အသစ်တစ်လုံးဈေးသက်သက်သာသာနဲ့ ဝယ်လာလိုက်တာ ကံကောင်းသွားပါတယ်။
စင်္ကာပူပြန်ရောက်တော့ ကျနော့်ကွဲသွားတဲ့အိတ်အတွက်လေကြောင်းလိုင်းက ဝယ်ထားတဲ့အိတ်အသစ်ဖိုးပြန်ပေးမယ့် ဆိုပြီးအကြောင်း
ကြားလာတော့ အဆိုးထဲကအကောင်းတစ်ခုထပ်ဖြစ်ရပါတယ်။
၂၀၁၂ ခုနှစ်မှာ ကျနော့်အတွက်တော့ Financial Year အဖြစ်သတ်မှတ်ပြီးအသုံးစားရိတ်ကိုလျှော့ချ၊ ငွေကြေးစီမံခန့်ခွဲမှုကို သေခြာလုပ်
မယ်စိတ်ကူးထားပါတယ်။ ခရီးထွက်တာတွေကိုတော့ ဒေသတွင်းခရီးနဲ့ မြန်မာနိုင်ငံခရီးအစဉ်မသွားပဲနဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ တကြိမ်၊ နှစ်လည်မှာ တစ်ကြိမ်နဲ့ နှစ်ကုန်ပိုင်းမှာ တစ်ကြိမ် ခရီးထွက်ဖို့ မျှော်မှန်းထားပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်ပါစေလို့ဆုတောင်း
ဒီပိုစ့်ကတော့ Standard Chartered Marathon 2011 နဲ့စထားပေမယ့် ကျနော့်ကိုတော်တော်များများက ဘာကြောင့် Volunteer လုပ်
တာလဲဆိုတဲ့ မေးခွန်းခဏခဏမေးတဲ့အတွက် ဘယ်လို Volunteer လုပ်ဖို့ဝါသနာပါလာတာလဲဆိုတာကို ကျနော့်ဘဝရဲ့ မှတ်တမ်းတစ်ခု
နဲ့ရော မေးကြတဲ့သူငယ်ချင်းတွေအတွက်ပါချရေးထားခြင်းဖြစ်ပါတယ်။ အခြားစာလာဖတ်ကြတဲ့သူတွေအတွက်လဲ စင်္ကာပူရဲ့အကြီးဆုံး မာရသွန်ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ဒေသကို ကျနော်ပါဝင်ခဲ့တဲ့အပိုင်းလေးအပြင် အခြားအချက်အလက်တွေကိုဗဟုသုတအနေနဲ့ ရှာဖွေ
တင်ပြပေးထားပါတယ်။
စေတနာ့ ဝန်ထမ်း Volunteer ဆိုတဲ့ စကားလုံးကို ငယ်ငယ်လေးထဲက ဖခင်ကြီးထံကနေကြားနေကြပါ။ ပါပါးက အားကစားဝန်ကြီးဌာန
ကနေတရားဝင်အနားယူပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် လစာမယူပဲ သူ ဝါသနာပါတဲ့
အလုပ်ကို volunteer လုပ်လာခဲ့တာပါ။ ဒီတော့ကျနော်လဲ ဒီ volunteer စိတ်ဓာတ်တမျိုးဖခင်ကြီးစီကနေ အမွေရလာခဲ့တယ်ထင်ပါရဲ့ဗျာ။
မြန်မာပြည်မှာနေစဉ် ကာလကတော့ ကျနော်ပထမဆုံး စေတနာဝန်ထမ်းဆိုလို့ (၁၀) တန်းဖြေပြီးလို့ အောင်စာရင်းစောင့်နေတဲ့ အချိန်
မှာ မြန်မာ့စက်မှုလက်မှုပြပွဲဆိုပြီး ဇေကမ္ဘာကနေဦးစီးကျင်းပပါတယ်။ ဒီပြပွဲအတွင်းမှာ ပြသထားတဲ့ပြခန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာရှိတဲ့
ကစားပွဲဆိုင်လေးတွေမှာ တာဝန်ယူဖို့အတွက် လုပ်အားပေးလူငယ်များလိုအပ်သည်ဆိုတဲ့ ကြော်ငြာနဲ့ကြော်ငြာပါတယ်။ လိုအပ်ချက်က
တော့ (၁၀)တန်းအောင်ရမယ်လို့ပါပေမယ့် (၁၀) တန်းစောင့်နေတာလဲ ရမှာပေါ့ဆိုပြီး လျှောက်ကြည့်လိုက်တယ်။ ဇေကမ္ဘာဖက်ကလက်
ခံကြောင်းနဲ့ဘယ်နေ့မှာတော့အင်တာဗျူးလာပါဆိုတာကိုအကြောင်းကြားပါတယ်။ မှတ်မှတ်ရရကျနော့်ဘဝရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။
အင်တာဗျူးဆိုတော့ ဘာတွေများမေးမှာလဲပေါ့ တခါမှမသွားဖူးတော့ အင်မတန်မှလဲကြောက်ပါတယ်။ ဒီလိုနဲ့ အင်တာဗျူးဖြေရမယ့်နေ့
ရောက်တော့ ချိန်းဆိုထားတဲ့ မြရိပ်ညိုရွိုင်ရယ် ဟိုတယ်ကိုရောက်တဲ့အခါ လူငယ်ပေါင်းများစွာကိုတွေ့ရပါတယ်။ တော်တော်များများက
တော့စာအုပ်ကိုယ်စီနဲ့ ဘာမေးမှန်းမသိတဲ့ဟာကို ဖတ်နေကျက်နေကြပါတယ်။ ကျနော်ကတော့ ဘာကျက်ရမှန်းမှမသိတာလေ ဘာမှမယူ
သွားဘူး။ ကျနော့်အမည်ခေါ်လို့ အင်တာဗျုးအခန်းထဲကို ရင်တခုန်ခုန်နဲ့ ရောက်သွားတော့ အထဲမှာ(၃) ယောက်ထိုင်နေပါတယ်။ အတိ
အကျကြီးတော့ မမှတ်မိတော့ဘူး။ (၁) ယောက်ကတော့ အန်တီဆွေဇင်ထိုက်ဖြစ်မယ်ထင်တယ်၊ နောက်တစ်ယောက်ကတော့ ပါပါးရဲ့
မိတ်ဆွေတစ်ဦးပါ နာမည်တော့ မမှတ်မိတော့ဘူး။ ထိုင်ခုံမှာထိုင်ပြီးတော့ ဘာမေးမလဲလို့စောင့်နေတဲ့အခါ သားအဖေက ဦးဘဟိန်း လား
ဆိုတော့ ဟုတ်ကဲ့ခင်ဗျပေါ့။ သြော် ဦးဘဟိန်း သားပဲ။ အင်းရပါပြီ သွားလို့ရပြီတဲ့။ အမ် ဘယ်လိုဖြစ်တာလဲ ဘာမှမမေးတော့ဘူးလား။
အဖေရဲ့ နာမည်တစ်ခုထဲနဲ့တင် ကျနော်လုပ်အားပေးလူငယ်အဖြစ်အရွေးခံခဲ့ရပါတယ်။ ဒီ စက်မှုလက်မှုပြပွဲ လုပ်အားပေးခြင်းကြောင့်ပဲ
နောင်ဖြစ်တဲ့ အခုလက်ရှိကျနော့်ဘဝရဲ့ အခြေခံအကျဆုံးအုတ်ချပ်တွေကို စပြီးအုတ်မြစ်စီနိုင်ခဲ့တယ်လို့ပြောလို့ရမှာပါ။ အဲ့ဒီကနေပြီးတော့
သိခဲ့တဲ့ သူငယ်ချင်းတွေဟာယနေ့တိုင်ခင်မင်အဆက်အသွယ်ရှိဆဲ သူငယ်ချင်းကောင်းတွေဖြစ်လာသလို၊ အဲ့ဒီကနေပဲ သိခဲ့တဲ့ Lolane
Company ပိုင်ရှင်ကြောင့် ကျနော့်ဘဝရဲ့ ပထမဆုံး Company တစ်ခုမှာအလုပ်လုပ်ဖူးပြီးအတွေ့အကြုံသစ်တွေရရှိခဲ့တာပါပဲ။ ဒီပြပွဲနောက်
ပိုင်းမှာတော့ မြန်မာပြည်မှာ ဒီလိုလုပ်အားပေးတွေခေါ်ယူတဲ့ ပွဲတွေမရှိသလောက်ရှိတာမို့ဘယ်စေတနာ့ဝန်ထမ်းမှ မလုပ်ဖြစ်တော့ပဲ
၂၀၀၂-၂၀၀၃ လောက်တွေကြမှရွှေတောင်ကုန်းသာသနာရိပ်သာက ဖွင့်လှစ်တဲ့ ဗုဒ္ဓယဉ်ကျေးမှူအခြေပြုသင်တန်းမှာ ပါပါးက သင်တန်း သားကိုရင်တွေ ကို ဆွမ်းစားရာမှာ ဟင်းလိုက်ပေး၊ ထမင်းလိုက်ပေး လုပ်အားပေးတာကနေ ကျနော်လဲ တခါတလေအားလို့ သွားကူလုပ် ရင်းနဲ့ တစ်နှစ်မှာတော့ ဘုန်းကြီးကျောင်းမှာ ၁ လလုံးနေ့ရောညပါနေလိုက်ပြီး သင်တန်းဆရာဘုန်းကြီးများကို ဝိုင်းကူပြီးကိုရင်တွေ ကို ထိမ်းပေး၊ ရေသန့်စက်မှာရေကုန်ရင် ရေထမ်းထည့်၊ ဆွမ်းစားချိန်ဆို ဆွမ်းလိုက်ပေးစတဲ့ ဝေယာဝစ္ဆကုသိုလ်တွေယူဖြစ်ပါတယ်။ အဲ့ဒါတွေကနေအစပျိုးလာခဲ့တဲ့ Volunteer စိတ်ဓာတ်ဟာစင်္ကာပူမှာ အခြေချနေထိုင်လာတဲ့အခါမှာလဲကြုံရင်ကြုံသလို အားရင်အားသလို ဆက်ပြီးလုပ်ဖြစ်ခဲ့ပါတယ်။
စင်္ကာပူနိုင်ငံအတွင်းက volunteer အလုပ်တွေကိုပြန်ကြည့်မယ်ဆိုရင် ပထမဆုံးကတော့ ၂၀၀၇ ခုနှစ် စင်္ကာပူအမျိုးသားနေ့ NDP Parade မှာ Singapore SOKA Association နဲ့ Line Dancer အဖြစ်ပါဝင်ဖြစ်ခဲ့ပါတယ်။ Volunteer အလုပ်ထဲမှာ အချိန်အပေးရဆုံးနဲ့
ယနေ့တိုင်လုပ်ဖူးခဲ့သမျှ Volunteer အလုပ်တွေနဲ့ယှဉ်လိုက်ရင် Organizing Management အကောင်းဆုံး၊ အပျော်ဆုံး event တစ်ခုပါ
ပဲ။ ဒီနောက်မှာတော့ Volunteer အလုပ်တွေထဲမှာ ရက်အရှည်ဆုံး လို့ပြောရမယ့် Singapore YOG 2010 ပါ။ (၈) ရက်ကြာတာဝန်ထမ်း
ဆောင်ခဲ့ရပြီး အညံ့ဖျင်းဆုံး Management နဲ့စတွေ့ခဲ့ရတယ်လို့ပြောလို့ရမှာပါ။ အဲ့ဒီကနေပြီးတော့ People's Association ရဲ့ ဦးဆောင်
မှုနဲ့ Salamon X trial Run မှာ သူငယ်ချင်း ဥာဏ်လင်းထွန်း၊ Brandon Chong တို့နဲ့ Volunteer လုပ်ဖြစ်ကြပါတယ်။ အဲ့ဒီမှာတော့
Water Station မှာ လုပ်ရတာဖြစ်တဲ့အတွက် ဒီအပြေးသမားတွေ ကိုယ့်နေရာရောက်လာတဲ့အချိန်မှာ အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်
အောင် ဒီ water station တစ်ခုကို ဘယ်လောက်အလျှင်အမြန်လုပ်ရတယ်ဆိုတာ အဲ့ဒီမှာ လက်တွေ့သိသွားပါတယ်။ အလွန်လျှင်မြန်တဲ့
ပတ်ဝန်းကျင်တစ်ခုအတွင်းမှာ ယားလို့တောင်မကုတ်အားသလိုလုပ်ရသလို အတော်လဲ ပျော်စရာကောင်းလှပါတယ်။ ဒီကနေစလို့
Marathon Volunteer အလုပ်ကိုပိုပြီးစိတ်ဝင်စားမိတယ်။ Marathon Volunteer အနေနဲ့ တစ်ရက်မှာ တစ်မနက်ပဲ အလုပ်လုပ်ရတာဆို
တော့ မဆိုးဘူးပေါ့။ ဒါကြောင့် Singapore Sport Council ကနေလွှင့်တင်ထားတဲ့ Sports Volunteer Website မှာ Sign Up လုပ်ပြီး
၂၀၁၁ ခုနှစ် Standard Chartered Marathon မှာပါဝင်ဖို့ ဇူလိုင်လ ထဲကစပြီး စာရင်းပေးသွင်းထားလိုက်ပါတယ်။
Drink Station မှာလုပ်ရတာ ပျော်စရာကောင်းတာကြောင့် Drink Station Crew အဖြစ်ဦးစားပေးဖို့နဲ့ Leader အနေနဲ့ ပါဝင်ခြင်းမပြု
လိုပါဘူးလို့ မှတ်ချက်ပေးထားပါတယ်။ Leader အဖြစ်တာဝန်ယူရရင် အချိန်တွေအများကြီးပိုပေးရမှာပါ။ August လထဲမှာတော့ ကျနော့်
ရဲ့ register လုပ်တာကိုလက်ခံကြောင်းနဲ့ ထုံးစံအတိုင်း Service Excellence Training ဆိုတာကိုလာဖို့ ညွှန်ကြားပါတယ်။ တခါတယံ
မှာ Volunteer လုပ်ရတာကိုပျော်ပေမယ့် အခုလိုသင်တန်းတွေ ဘာတွေသွားရတာကို မကြိုက်လှပါဘူး။ ကျောင်းသားလူငယ်တွေအတွက်
တော ဒီလို training တွေဟာအသုံးဝင်ကောင်းဝင်ပေမယ့် ကျနော့်အတွက်တော့ အဲ့ဒီလောက်အသုံးမကျဘူးလို့ထင်ပါတယ်။ YOG တုံး
ကလဲ ဒီလို Training ပေါင်းများစွာသွားခဲ့ပြီးပါပြီ။ အခုသွားရတဲ့ training ဆိုတာလဲ ဒီအတိုင်းပါပဲ။ ဒီ training ကိုတော့ Singapore
Sports Council ကခန်းမတစ်ခုမှာပြုလုပ်တာဖြစ်ပြီး Session တစ်ခုကို လူ ၁၀၀ လောက်ရှိပါတယ်။ အုပ်စု ၉ အုပ်စုခွဲလိုက်ပြီးတော့ ထိုင်
ခိုင်းပါတယ်။ ကျနော့်အုပ်စုမှာတော့ ၁၂ ယောက်ပါပြီး NUS, Ngee Ann Poly, Singapore Poly, ITE နဲ့ Junior College တွေကကျောင်း
သားကျောင်းသူတွေအပြင် ကျနော့်လို working adult တွေလဲပါပါတယ်။ ထုံးစံအတိုင်း ပြောနေကြလုပ်ခိုင်းနေကြ တွေပဲလုပ်သွားတာပါ။
အဲ့ဒီ training ပြီးတဲ့နောက်မှာတော့ November လထဲမှာ ကျနော့်ကို Sentosa Starting Point ရဲ့ Courtesy Crew အနေနဲ့ လုပ်ဖို့
အကြောင်းကြားစာနဲ့အတူ detail briefing ပေးဖို့ဆိုပြီး Repulic Poly ကို ထပ်ခေါ်ပါတယ်။ မသွားချင်ပေမယ့်လဲ ကိုယ်ကပါပြီးပြီပဲ သွားရ
မှာပေါ့။ အဲ့ဒီမှာတော့ လက်ချာခန်းမကြီးတစ်ခုထဲမှာ ဘယ်လိုနေရာက တာလွှတ်မယ်၊ ပြိုင်ပွဲဝင်တွေကို ဘယ်လိုတန်းစီရမယ်၊ ဘယ်လို
လမ်းညွှန်ရမယ် စတဲ့ ညွှန်ကြားချက်တွေကို အတိအကျပေးပါတယ်။ Courtesy Crew အနေနဲ့တော့ သိပ်ပြီး ထွေထွေထူးထူး လုပ်စရာ
မရှိပါဘူး။ အချက်အချာကျတဲ့နေရာတွေမှာ ဆိုင်းဘုတ်ကိုင်မတ်တက်ရပ်စောင့်နေပြီး လာတဲ့ အပြေးသမားတွေကို ဘယ်နေရာသွားရမယ်
ဆိုတာကို လမ်းညွှန်ပေးရတာပါ။ အင်မတန်မှ ပျင်းစရာကောင်းမယ့်အလုပ်ပါပဲ။ ဒါပေမယ့် ကိုယ့်ကိုအဲ့ဒီနေရာကိုနေရာချထားတယ်ဆို
တော့ ဘယ်လို စောဒကသွားတက်မလဲနော်။ ဒါပေမယ့် ကံကောင်းချင်တော့ November လလည်ပိုင်းမှာတော့ ကျနော့်တို့ အုပ်စုရဲ့
ခေါင်းဆောင်စီက ဖုံးဆက်လာတယ်၊ ကျနော့်မှာ Driving Licence ရှိတယ်ဆိုတာကို သူတို့ System ထဲမှာတွေ့ရတဲ့အတွက် ပထမလုပ်
ခိုင်းတဲ့ Courtesy Crew မလုပ်တော့ပဲ Medical Team အတွက် Buggy ကားလေးကိုမောင်းပေးနိုင်မလားတဲ့ ကျနော်က ဟိုအလုပ်ကို
မလုပ်ချင်တာနဲ့ ရေငတ်တုံးရေတွင်းထဲကျဆိုသလို ချက်ချင်းလက်ခံလိုက်ပါတယ်။ အဲ ခက်တာက အဲ့ဒီအတွက်တစ်ရက်တော့ buggy
ကား Driver အတွက် Briefing လေးတော့သွားလိုက်ပါအုံးတဲ့။ ဒါကြောင့်တစ်ညနေလေးတာဝန်ကျမယ့် Sentosaကိုခဏသွားပြီးတာဝန်ခံ
က ကားလေးကို ဘယ်နေရာမှာယူရမယ်၊ ဘယ်နေရာမှာ စောင့်ရမယ်စတာတွေကို ပြောပြပါတယ်။
Standard Chartered Marathon ဟာစင်္ကာပူနိုင်ငံမှာလုပ်သမျှ Marathon ထဲမှာအကြီးဆုံးနဲ့ ပြည်သူလူထုစိတ်အဝင်စားဆုံးဖြစ်ပါတယ်။
မာရသွန်ကိုဦးဆောင်စီမံတာကတော့ စင်္ကာပူအစိုးရ Ministry of Community, Youth & Sports (MCYS) လက်အောက်ခံ Singapore Sports Council (SSC) ကနေဦးဆောင်ကျင်းပပေးပြီး London အခြေစိုက် Standard Chartered Bank ကြီးကနေ Title Sponsor အဖြစ်ကူညီတာကြောင့် Standard Chartered Marathon Singapore(SCMS 2011) ဆိုပြီးဖြစ်လာတာပါ။ တကယ်တန်းတော့ Standard Chartered Bank ရဲ့ ရှယ်ယာအများဆုံး ကို စင်္ကာပူအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်စီမံခန့်ခွဲတဲ့ Temasek Holding ကနေ ပိုင်ဆိုင်ပါတယ်။
၂၀၁၁ ခုနှစ် SCM 2011 ကိုတော့ ပြိုင်ပွဲအမျိုးအစားပေါင်း (၇) မျိုးကို အောက်မှာဖော်ပြထားတဲ့အတိုင်းထည့်သွင်းခဲ့ပါတယ်။
Full Marathon - 42.195 Km နဲ့ Ekiden လို့ခေါ်တဲ့ လက်ဆင့်ကမ်း (၆) ယောက်တစ်သင်း 42.195 Km ကို Orchard Road ကနေနံနက် (၅) နာရီမှာ တာလွှတ်ယှဉ်ပြိုင်စေပါတယ်။
Half Marathon - 21.1 Km ကို Sentosa Start point နံနက် ၆နာရီခွဲ က ၄င်း
Wheelchair - 10 Km ကို Espanade Drive ကနေ နံနက် ၇ နာရီ ၁၀ မိနစ်က ၄င်း
10 Km (Men & Women) နှင့် 5 Km Fun Run ကို Espanade Drive ကနေ နံနက် ၇ နာရီ ၁၅ မိနစ်က ၄င်း
750 m Kid Dash ကိုတော့ အုပ်ထိန်းသူမိဘများနဲ့အတူ နံနက် ၉ နာရီက ၁၅ မိနစ်စလို့ ၁၀ နာရီအထိ အသက်အပိုင်းအခြားအလိုက်
တာလွှတ်ယှဉ်ပြိုင်စေပါတယ်။
5 KM Fun Run နဲ့ Kid Run ပြိုင်ပွဲတွေကိုတော့ အပျော်သဘောပဲဖြစ်ပြီး ဆုချီးမြှင့်မှာမဟုတ်ပါဘူး။ သို့သော် ပန်းဝင်သည်အထိပြေးတဲ့
အပြေးသမားပြိုင်ပွဲဝင်တိုင်းကိုတော့ Finisher’s Medal ဆုတစ်ခုစီနဲ့ T-Shirt, ပါဝင်ယှဉ်ပြိုင်ပန်းဝင်ကြောင်း လတ်မှတ်တစ်ခုစီပေးပါ
တယ်။ Full Marathon Men and Women ပထမ၊ ဒုတိယ နဲ့ တတိယဆုအသီးသီးကိုတော့ US$50,000, US$30,000 နဲ့ US$10,000
စီနဲ့ အမှတ်စဉ် ၁၀ အထိဆုကြေးအသီးသီးချီးမြှင့်ပေးပါတယ်။ Full Marathon ပြိုင်ပွဲအတွင်းမှာပဲ စင်္ကာပူနိုင်ငံသားပြိုင်ပွဲဝင်တွေအတွက်
သီးသန့်ချီးမြှင့်တဲ့ဆုကြေးငွေလဲ ရှိပါတယ်။ SCM ဟာ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲကြီးဖြစ် သဖြင့် အခြား Professional အပြေးသမား
တွေလဲလာပြိုင်ကြတာကြောင့် စင်္ကာပူနိုင်ငံသားတွေအတွက် ဆုသီးသန့်ချီးမြှင့်ပေးတာပါ။ ထို့အတူပဲကျန်တဲ့ ပြိုင်ပွဲအမျိုးအစားအသီးသီး
အလိုက် ဆုစုစုပေါင်းချီးမြှင့်ငွေ US$200,000 ကျော်နဲ့ S$160,000 ကျော်ကုန်ကျခံခဲ့ပါတယ်။ SCMS 2011 ကိုအပြေးသမားပေါင်း ၆၅၀၀၀ ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ကြေးတွေကိုတော့ သက်ဆိုင်ရာပြိုင်ပွဲအမျိုးအစားအလိုက် S$18 ကနေ S$85 အထိပေးရပါတယ်။ Standard Chartered Bank Credit Card ကိုင်ဆောင်တဲ့သူတွေအတွက် 15% Discount နဲ့ Passion Card အတွက်တော့ 10% Discount ပေးပါတယ်တဲ့။
ဒီဇင်ဘာလ ၃ ရက်နေ့ညမှာတော့ အချို့ Medical Team Volunteer တွေကလွဲလို့ အားလုံးသော Volunteer တွေဟာ ည ၁၁နာရီ ၄၅
အရောက် Singapore Flyer ဘေးနားမှာရှိတဲ့ F1 Pit Building မှာစုရပ်အဖြစ် သတင်းပို့ရပါတယ်။ အဆောက်အအုံရဲ့ မြေညီထပ်နေရာ
တွေမှာ ပထမဆုံး Registration Area အနေနဲ့ သွားပြီး ကျနော့် NRIC ကို Scan ဖတ်လိုက်တာနဲ့ ကျနော်ရောက်ရှိသတင်းပို့ကြောင်း
သူတို့ system ထဲကိုဝင်သွားပါပြီ။ ဝတ်ရမယ့် ယူနီဖောင်းတီရှပ်တစ်ထည်နဲ့အတူ ကြိုးနဲ့လွယ်ရတဲ့ အိတ်တစ်လုံးပေးပါတယ်။ အိတ်ထဲ
မှာတောင့် ပန်းသီးတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ ကိတ်မုန့်တစ်ခု၊ Energy Bar တစ်ခုနဲ့ ရေတစ်ဗူးပါပါတယ်။ အဲ့တာတွေယူပြီးတာနဲ့
အဆောက်အုံရဲ့ အလည်ပိုင်းလောက်မှာနေရာယူထားတဲ့ အမျိုးသား အမျိုးသမီးသီးသန့်ခွဲထားတဲ့ အဝတ်လဲခန်းတွေမှာ ပေးလိုက်တဲ့
တီရှပ်ကိုလဲဝတ် ပြီးကျနော့်အုပ်စုရဲ့ခေါင်းဆောင်စီကို သတင်းထပ်ပို့ရပါတယ်။ အယောက် (၄၀) ရှိတဲ့ ကျနော့်အုပ်စုမှာ ကျနော်ပထမဆုံး
ရောက်ရှိသတင်းပို့ဖြစ်တာပါ။ ခေါင်းဆောင်ကို နောက်ထပ်ရောက်လာမယ့် Volunteer တွေကိုနေရာချပေး စားစရာယူပေးပြီး တာဝန်ကျ
ရာနေရာကို သွားဖို့အတွက် ကော်ဖီလေးသောက်ပြီးထိုင်စောင့်ဖြစ်ပါတယ်။ ညလည်စာအတွက် မလေးရှားခေါက်ဆွဲကြော်ဗူးတွေစီစဉ်
ပေးထားပြီး ကော်ဖီနဲ့လက်ဖက်ရည်ကိုတော့ အသင့်ဖျော်ပြီး အပူခံအိုးများနဲ့ ချပေးထားပါတယ်။ လူစုံလို့တာဝန်ကျရာနေရာကိုသွားဖို့
ခေါ်တော့ Transport Support လုပ်ပေးတဲ့ SMRT က Bus ကားကြီးများနဲ့ တပျော်တပါး တာဝန်ကျရာနေရာဖြစ်တဲ့ Vivo City Habour Front ဖက်ကိုသွားကြပါတယ်။ Vivo City ကိုရောက်တော့ ကျနော်နဲ့ တခြား Buggy Driver ၂ ယောက်ကတော့ အုပ်စုကြီးကနေခွဲထွက်
ပြီး ကျနော်တို့ (၃) ယောက်တာဝန်ကျတဲ့ Sentosa ဖက်ကို လမ်းလျှောက်ခရီးဆက်ရတော့တယ်။ Sentosa ထဲရောက်တဲ့အထိ နာရီဝက်
နီးပါးကိုကြာပါတယ်။ သူများတွေထက်ထူးတဲ့ ကျနော်တို့ buggy (၃)ယောက်ဟာဖြင့် ညနေ (၃)နာရီက Sentosa ကိုတကူးတက သွား
ပြီး လက်ခံထားတဲ့ကားလေးစီရောက်တော့ ချိန်းဆိုထားတဲ့ ဆေးအဖွဲ့ရောက်ဖို့ ၁ နာရီလောက်လိုသေးတာမို့ နည်းနည်းတော့ မျက်လုံး
မှိတ်ပြီးမှေးချိန်လေးရလိုက်တယ်။ အချိန်ကျတော့ ကားလေးစီသွား မိုးရွာထားလို့ ရေတွေကိုခြောက်အောင်သုတ်ပြီး Medical Team နဲ့
တွေ့ဖို့နေရာဖြစ်တဲ့ Tanjong Beach ကိုမောင်းပြီးစောင့်နေတာ Medical Team ဟာဖြင့် သတ်မှတ်အချိန်ထက် (၁) နာရီနောက်ကျပြီး
မှ ကျနော့်စီကိုရောက်ပါတယ်။ Singapore Red Cross က အရေးပေါ်သူနာပြုတစ်ဦးနဲ့ နပ်စ်တစ်ဦးဖြစ်ပါတယ်။ ရောက်ပြီးတော့လဲ
ဘာမှလုပ်စရာမရှိပဲ ပွဲစတဲ့အချိန် နံနက် ၆နာရီခွဲကိုစောင့်ရပြန်ရော။ Half Marathon 21.1 KM ရဲ့ ပထမ ၃ ကီလိုမီတာ ပွိင့်မှာကျနော့်တို့
Medical Support Buggy ကစောင့်နေတာပါ။ ပြိုင်ပွဲကိုတာလွှတ်လိုက်ကြောင်း ဝေါ်ကီတော်ကီအသီးသီးကနေအသံကြားရပြီး မိနစ်ပိုင်း
အတွင်းမှာပဲ ကျနော်တို့ နေရာကို ပထမဆုံးအပြေးသမား ရောက်လာပါတယ်။ သူတို့တွေကတော့ နိုင်ငံခြားက Professional အပြေး
သမားတွေပါ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ များများလာလိုက်တာ ကျနော်တို့ အနားမှာရှိတဲ့ ပြေးလမ်းကျဉ်းတစ်ခုကြောင့် လူ
တွေအားလုံး jam ဖြစ်ပြီးပိတ်ဆို့မှုဖြစ်သွားတဲ့အထိအောင် လူအုပ်ကြီးကများပြားပါတယ်။ တချို့ပြသနာရှာတက်တဲ့ အပြေးသမားတချို့
ကတော့ ကျနော်တို့စီလာပြီး ဒီပိတ်ဆို့မှုကြောင့်အများကြီးထိခိုက်တယ်ဆိုတဲ့အကြောင်း စောဒကလာတက်ကြတဲ့အခါ ကျနော့်အဖွဲ့က
နပ်စ်က ဘာမှပြန်မပြောပဲ MEDICAL လို့ရေးထားတဲ့ သူ တီရှပ်နောက်ကျောကိုလှဲ့ပြလိုက်ပါတယ်။ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ
ပဲ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းလူပါးသွားပြီး အပြေးပြိုင်ပွဲကနေလမ်းလျှောက်ပွဲကိုပြောင်းသွားပါတော့တယ်။ အစ (၃) ကီလိုမီတာ
မှာတောင် ဒီအပြေးသမားတွေ စလမ်းလျှောက်နေကြပြီဆိုတော့ ကျန်တဲ့ (၁၈) ကီလိုမီတာကို သူတို့ဘယ်လိုစခန်းသွားကြမယ်လို့တောင်
မတွေးတက်တော့ပါဘူး။ ဘာကြောင့်များနည်းနည်းပဲပြေးရတဲ့ (၁၀) ကီလိုမီတာကိုတော့မရွေးပဲ (၂၁)ကိုမှ ရွေးရတာလဲမသိတော့ပါဘူး။
(၃) ကီလိုမီတာ ပွိင့်မှာဖြစ်တာကြောင့် ဘာတစုံတရာပြသနာ မှမရှိပဲ ဆေးအဖွဲ့ဟာပြေးတဲ့လူတွေကိုပဲ မတ်တက်ရပ်ပြီးကြည့်နေဖြစ်တော့
တယ်။ နောက်ဆုံးမှာတော့ escort လုပ်ပေးနေတဲ့ မော်တော်ဆိုင်ကယ် (၃) စင်းနဲ့အတူ ၂၁.၁ ကီလိုမီတာ Half Marathon ပြိုင်ပွဲ့ရဲ့
နောက်ဆုံးအပြေးသမား အမျိုးသား၊ အမျိုးသမီး (၂)ယောက်အတွဲဟာတော့ သူတို့ကိုယ်သူတို့ပင်လယ်ကမ်းခြေမှာ ရောက်နေတယ်လို့ ထင်လို့နဲ့တူပါရဲ့ စကားတပြောပြော နဲ့လမ်းလျှောက်ပြီး ကျနော်တို့ရှေ့ကနေဖြတ်လျှောက်သွားပါတော့တယ်။ သူ့နောက်က စောင့်ပေး
ရတဲ့ ရဲ ဆိုင်ကိုယ်၊ ပြိုင်ပွဲကော်မတီက ဆိုင်ကယ်နဲ့ ဆေးအဖွဲ့ကဆိုင်ကယ်သမားတွေကတော့ အမုန်းမျက်နာတွေနဲ့တဖြည်းဖြည်း သူတို့
နောက်ကလိုက်သွားကြလေရဲ့။
ကျနော့် Buggy ဟာလဲ တာဝန်ကျရာနေရာမှာ ဘာတစ်ခုမှမလုပ်လိုက်ရပဲ သူနာပြု (၂)ယောက်ကိုတင်ပြီး ပြေးလမ်းတောက်လျှောက် လိုက်မောင်းကြည့်ဖြစ်တယ်။ နောက်တော့ Volunteer တစ်ယောက်နေမကောင်းလမ်းမလျှောက်နိုင်လို့ သွားခေါ်ပေးပါဆိုလို့ အပြေးသမားကိုမတင်ရပဲ Volunteer ကိုသွားခေါ်ပြီး သူတို့စုရပ်နေရာကိုပြန်ပို့ပေးလိုက်တယ်။ ဒီနောက်တော့ ကျနော့် ဆေးအဖွဲ့ဟာလဲ
တာဝန်ပြီးဆုံးပြီမို့လို့ သူတို့စုံရပ်ကိုသွားကြပြီး ကျနော်ကတော့ Sentosa ပြေးလမ်းတောက်လျှောက်က တခြား Volunteer တွေကို
စေတနာနဲ့မိမိတာဝန်ထဲမှာမပါပေမယ့် လိုက်ကြိုပြီး သူတို့စုံရပ်အသီးသီးကိုလိုက်ပို့ပေးပြီးတဲ့နောက်တော့ ကျနော်လဲ ကားကိုသတ်မှတ်
ပေးထားတဲ့နေရာမှာရပ်ပြီး ပြန်စုရပ်ဖြစ်တဲ့ F1 Building ကိုပြန်ဖို့အတွက် transport ကားတွေကိုစောင့်နေလိုက်တော့တယ်။ အသွားမှာ
တော့ အစဉ်ပြေသလောက်အပြန်မှာတော့ (၁)နာရီနီးပါးနောက်ကျစောင့်ပြီးမှ ပြန်ကြရပါတယ်။ လူတိုင်းကအိပ်ငိုက်ပြီး အမြန်ပြန်ချင်နေ
ကြတာပါ။ F1 Building ပြန်ရောက်တော့ Sign Out လုပ်တဲ့နေရာမှာ လုပ်ပြီး Volunteer လုပ်တဲ့အတွက်အိပ်ရေးပျက်ခံအချိန်အကုန်ခံ ပြီးရတဲ့ hard earn money S$20 ကိုလက်ခံရရှိပါတယ်။ ကျနော်တို့ ပြန်သည်အထိ အပြေးသမားတွေဟာ ပန်းဝင်ဖို့နေရာကိုရောက်
အောင်ပြေးတုံး၊ လမ်းလျှောက်တုံးပဲရှိပါသေးတယ်။
နောက်တစ်နေ့မှာတော့ အသက် ၂၂ အရွယ် Half Marathon 21.1 KM ပြိုင်ပွဲဝင်အပြေးသမားအမျိုးသားတစ်ဦး ပန်းဝင်ပြီးတဲ့အချိန်မှာ
လဲကျသွားပြီးတဲ့နောက် ဆေးရုံကိုအချိန်မီပို့ကုသသော်လည်းသေဆုံးသွားကြောင်း ကြားသိရတဲ့အတွက်အလွန်ပဲစိတ်မကောင်းမိပါဘူး။
SCMS 2011 အတွက် Alexandra Health မှ Medical Partner အဖြစ်တာဝန်ယူပြီး ဆရာဝန် ၂၆ ယောက်၊ နပ်စ် ၁၂၇ ယောက်၊
အရေးပေါ်အသက်ကယ် ကျွမ်းကျင်သူနာပြု ၈၂၀၊ ကိရိယာစုံတက်ဆင်ထားသော သူနာတင်ယာဉ် ၃၂ စင်း၊ သူနာပြုများပါဝင်သော
အထူးအမြန်သယ်ယူပို့ဆောင်ရေး BMW ကား ၁၁ စင်း၊ သူနာပြုတင်မော်တော်ဆိုင်ကယ် ၁၆စင်း၊ စက်ဘီးဖြင့် သူနာပြုအမြောက်အများ၊
အပြင် ကျနော်တို့တာဝန်ယူရတဲ့ Buggy သူနာပြုယာဉ်ငယ်များစွာဖြင့်အပြေးသမားများရဲ့ အရေးပေါ်ကျန်းမာရေးနှင့် အခြားအသေးစား
ထိခိုက်မှုများ စတဲ့ ဆေးဖက်ဆိုင်ရာပြသနာများကိုကူညီဆောင်ရွက်ပေးပါတယ်။ ထို့အတူပဲ ရေနဲ့ အားဖြည့်အချိုရည်ရနိုင်တဲ့ water
station များကို Official Isotonic Drink Sponsor အဖြစ် 100Plus နဲ့ ရေအတွက်တော့ Ice Mountain ရေသန့်တို့ရဲ့ အကူအညီနဲ့
Full Marathon ပြိုင်ပွဲအတွက် (၃) ကီလိုမီတာ အကွာအဝေးတိုင်းမှာ ၄င်း၊ Half Marathon ပြိုင်ပွဲအတွက် ပထမ (၄) ကီလိုမီတာပြေး
ပြီးတဲ့နောက် (၃) ကီလိုမီတာအကွာအဝေးတိုင်းမှာ Water Station ပေါင်း ၂၄ ခု ထားရှိပေးထားပြီး ရေလီတာပေါင်း (၂၃၂ ၀၀၀)၊
100 Plus (၉၂ ၀၀၀) လီတာ ခန့်သုံးစွဲခဲ့ပေးခဲ့ကြောင်းသိရပါတယ်။ SCMS 2011 အတွက် ကျောင်းသူကျောင်းသားများ၊ နယ်ပယ်အသီး
သီးမှ တစ်ဦးချင်း နှင့် အုပ်စုလိုက်ပါဝင်ကူညီခဲ့သော Volunteer စုစုပေါင်း (၇၀၀၀) ရှိပြီး၊ ပြိုင်ပွဲကျင်းပသည့်နေ့တွင် Volunteer ပေါင်း
၅၀၀၀ မှ Drink Stations Crew, Safety Spotter, Pen Crew လို့ခေါ်တဲ့ ပြိုင်ပွဲဝင်တွေကို နေရာချပေးတဲ့ Crew များ၊ ပြိုင်ပွဲဝင်တွေ
ကို လမ်းညွှန်ပေးတဲ့ Courtesy Crew၊ ပြိုင်ပွဲဝင်များ၏ အိတ်များကို ထိမ်းသိမ်းပေတဲ့ Baggage Crew၊ စသည်ဖြစ့် နေရာပေါင်းစုံကနေ
ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ဒါ့အပြင် Singapore Polytechnic အသီးသီးမှာ ပညာသင်ကြား နေတဲ့ Nursing Students များကိုလဲ အခြားသူနာပြုများဖြင့်တွဲဖက်ပြီးတော့ ပြေးလမ်းတောက်လျှောက်က အချက်အချာကတဲ့ နေရာ တွေရဲ့ ဓာတ်မီးတိုင် ၁ တိုင်မှာ (၂) ယောက်တာဝန်ချထားပေးပါတယ်။ ဓာတ်မီးတိုင်မှာ တာဝန်ချထာဟာအကြောင်းရှိပါတယ်။ စင်္ကာပူက ဓာတ်မီးတိုင်တိုင်းမှာကိုယ်ပိုင် နံပါတ်တွေရှိပါတယ်တဲ့၊ တစုံတစ်ခုများ ပြသနာပေါ်လို့ သူနာတင်ယာဉ်ခေါ်သည်မယ်ဆိုရင် ဘယ်နေရာမှာလဲဆိုတာကို ဓာတ်မီးတိုင် နံပါတ်ပြောလိုက်တာနဲ့တင် ချက်ချင်းတန်းသိပြီး အနီးဆုံးမှာရှိတဲ့ လူနာတင်ယာဉ်ကိုလှမ်းအကြောင်းကြားနိုင်ပါကြောင်းသိရပါတယ်။
Volunteer လုပ်ခြင်းဟာ ငွေကြေးတစုံတရာကိုမျှော်လင့်နိုင်စရာမရှိပေမယ့် အခြားသောကောင်းကျိုးတွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်
Volunteer များနဲ့ သူငယ်ချင်းဖြစ်ပြီး မိမိရဲ့ Social Circle ပိုမိုကောင်းလာစေခြင်း၊ မိမိရဲ့ Social Skill Communication Skills တွေပိုမို
တိုးတက်လာစေခြင်း၊ ကိုယ်ပါဝင်တဲ့ Event ပေါ်မူတည်ပြီးတော့ ဒီ Event ကိုဦးစီး စီမံခန့်ခွဲတဲ့ Management Team ရဲ့ လုပ်ဆောင် ချက်တွေက ကိုယ့်အတွက်အတွေ့အကြုံသစ်တွေရရှိစေခြင်းစတာတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် စင်္ကာပူပြည်တွင်းမှာ ရှိတဲ့သူတွေ အတွက် တော့ စင်္ကာပူအစိုးရရဲ့ အဓိက လူဝင်မှုကြီးကြပ်ရေး policy ဖြစ်တဲ့ Integrate and Contribute to Society ဆိုတာကို အထောက်အကူအများကြီးဖြစ်စေတဲ့ အတွက် ကိုယ်နေတဲ့လူမှုအဖွဲ့အစည်းအတွင်း ကိုယ်တက်နိုင်သမျှကူညီ ဆောင်ရွက် ပေးနိုင်ဖို့ တိုက်တွန်းရင်း ကျနော့် ပိုစ့်ကိုနိဂုံးချုပ်ပါတယ်။ ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အတိုင်း
စင်္ကာပူနိုင်ငံတွင်းရှိကြတဲ့ သူငယ်ချင်း
United State of America, Secretary of State သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး၏ သမိုင်းတွင် မြန်မာနိုင်ငံခရီးအပေါ် မြန်မာနိုင်ငံသူ
နိုင်ငံသား အလွှာပေါင်းစုံမှ စိတ်ဝင်တစားရှိလှပါတယ်။ Facebook နဲ့ ပြည်တွင်းပြည်ပ သတင်း website များကနေ စဉ်ဆက်မပြတ်
ဓာတ်ပုံသတင်းတွေ ဆောင်းပါးတွေ တင်နေသလို၊ Secretary of State ပျံသန်းလိုက်ပါလာတဲ့ အထူးလေယာဉ်ကြီးကိုလဲ စိတ်ဝင်တစား
ရှိကြပါတယ်။ ဖွင့်လိုက်တဲ့လေယာဉ်တံခါးမှာကအစ Secretary of State ဆိုတဲ့ အမေရိကန်နိုင်ငံတော်တံဆိပ် ပါတာကြောင့်လဲ ကျနော်
အင်မတန်စိတ်ဝင်စားမိတယ်။ ဒီနေ့ပဲ facebook ပေါ်မှာ စာရေးသူ စိုင်းနေမင်း ရေးသားတဲ့ Secretary of State လေယာဉ်ဘယ်လို
အစွမ်းထက်သလဲ ဆိုတဲ့ note ကိုဖတ်မိတော့ အင်မတန်မှလဲ အံ့အားသင့်မိပြီး ဒီလေယာဉ်အကြောင်းရှာကြံရေးမယ်လို့ အကြံရပေမယ့်
သူများရေးပြီးသားခေါင်းစဉ်တစ်ခုအတွင်းမှာ ထပ်ရေးဖို့စိတ်မပါတာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ President ကစလို့ ဝန်ကြီးများ
ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်များကိုလေကြောင်းဝန်ဆောင်မှုပေးတဲ့ Special Air Mission (SAM) ရဲ့အကြောင်းနဲ့ တချို့ နည်းနည်းလေး မှားနေတာလေးတွေများကို ပြင်ဆင်ချင်တာတွေရယ်၊ တခြားနိုင်ငံများရဲ့ VIP တွေဘယ်လိုခရီးသွားကြတဲ့ အကြောင်းနည်းနည်းလေးတွေ ကိုဖတ်မိသလောက်ပြန်ရေးချလိုက်ပါသည်။
အထူးလေကြာင်းခရီးစဉ် လို့ တိုက်ရိုက်ဘာသာပြန်လို့ရမယ့် Special Air Mission (SAM) ရဲ့ လေယာဉ်ပျံအုပ်စုဟာ လုံခြုံမှု နဲ့ သက်တောင့်သက်သာရှိမှု တို့ဖြင့် အမေရိကန်ပြည်ထောင်စု သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမေရိကန် ကွန်ဂရက်
လွှတ်တော်အမတ်များ နဲ့ နိုင်ငံရပ်ခြားသို့စေလွှတ်သည့် အထူးကိုယ်စားလှယ်များအတွက် ဝန်ဆောင်မှုပေးရပါတယ်။ ကမ္ဘာ့နိုင်ငံအနှံကို
ပျံသန်းပေးတဲ့ SAM ရဲ့လေယာဉ်ပျံအမျိုးအစားအသုံးပြုမှုကိုတော့ စီးနင်းလိုက်ပါမယ့် အရေးကြီးပုဂ္ဂိုလ်ပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။
အရေးကြီးပုဂ္ဂိုလ်များအနေနဲ့ အလွန်တိကျတဲ့ အချိန်ဇယားအတိုင်း ခရီးသွားလာကြရတဲ့အတွက် SAM အနေနဲ့ အလွန်တင်းကြပ်တဲ့
စည်းမျဉ်းဥပဒေတွေနဲ့ ဝန်ဆောင်မှုပေးရပါတယ်။ SAM ကို အမေရိကန်ပြည်ထောင်စု လေတပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် အုပ်စု ၈၉ မှ အထူးလေယာဉ်မျိုးစုံ ၁၇ စင်း နဲ့ ရဟတ်ယာဉ် ၁၅ စင်းတို့ဖြင့် ပြည်ထောင်စုအရေးပေါ်စီမံချက်အတိုင်း ဖွဲ့စည်းအထောက်
အကူပြုပေးသည်။ SAM ၏ Airlift 89th ကို အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်ရှိ Andrew လေတပ်စခန်းတွင် အခြေစိုက်
ထားပြီး အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်၊ လေတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်မတော် ဌာနချုပ်တို့မှ တိုက်ရိုက်အမိန့်ပေးအုပ်ချုပ်ကာ ဗိုလ်ချုပ်ကြီးမှစ၍တပ်သားအဆုံး စုစုပေါင်း အင်အား ၁၀၀၀ ခန့်ဖြင့်ဖွဲ့စည်းထားသည်။
SAM ၏ ခရီးသည်များမှာ အလွန်အရေးကြီးသော ကိစ္စရပ်မျာဖြင့် ခရီးသွားလာနေသူများဖြစ်သည့်အလျှောက် ပျံသန်းရာခရီးလမ်း
ကြောင်းကို အထူးဂရုစိုက်၍ ပျံသန်းရသည့်အပြင်၊ လုံးဝအမှားမရှိရသည့် ခရီးလမ်းကြောင်းဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် အရပ်ဖက်
လေဆိပ်များတွင် ဆိုက်ကပ်ရပ်နားရာတွင် SAM မှချမှတ်ပေးထားသည့် ထုံးစံအစဉ်အလာအတိုင်း အချွတ်အချော်မရှိ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများပြုလုပ်နိုင်စေရန် လေဆိပ်ပျံသန်းမှုထိမ်းချုပ်ရေးမျှော်စင်ကို ညွှန်ကြားမေတ္တာရပ်ခံပြီး ပူးပေါင်းဆောင်ရွက်သည်။
အဘယ်ကြောင့်ဆိုသော် SAM ၏ လေယာဉ်သည် အထူးပျံသန်းလာသောခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု၏ အမြင့်မားဆုံးသော ခေါင်းဆောင်များ၏ သင်္ကေတ အမှတ်လက္ခဏာအဖြစ်ဖော်ပြခြင်းများကြောင့်ဖြစ်သည်။
SAM ၏ Mission များကို (၃) ပိုင်းအဓိကအားဖြစ်ခွဲခြားထားသည်။
Presidential Mission အဖြစ် အိမ်ဖြူတော်၏ တိုက်ရိုက်ညွှန်ကြားမှုအတိုင်း သမ္မတကြီး နှင့် သမ္မတကြီး ၏ မိသားစုဝင်များကိုသယ်ယူပို့
ဆောင်ပေးခြင်း။
Special Air Mission အဖြစ် အမေရိကန်တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ်၏ အုပ်ချုပ်လမ်းညွှန်မှုဖြင့် ဒုတိယသမ္မတ၊ ဝန်ကြီးများ
နဲ့ ထိပ်တန်းအရာရှိကြီးများ၊ CIA အစရှိတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ အထူးကိစ္စရပ်များဖြင့်သွားလာသော
အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှ ခေါင်းဆောင်များ ကိုသယ်ယူပို့ဆောင်ပေးရသည်။
Helicopter Special Mission အဖြစ် အမှတ် (၁) ရဟတ်ယာဉ်အုပ်စုကို ဖွဲ့စည်းထားပြီး နိုင်ငံအတွင်းအရေးပေါ်အခြေအနေကြုံတွေ့ပါက
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများကို သယ်ယူပို့ဆောင်ပေးရန် တို့ ဖြစ်သည်။
ယခု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အတွက်စီစဉ်ပေးလိုက်တာကတော့ Special Air Mission အဖြစ်နဲ့ ဖြစ်ပြီးလေယာဉ်
အမှတ် ၈၀၀၀၂ ဖြစ်တဲ့ Boeing 757-200 အမျိုးအစားကို အထူးပြန်လည်မွန်းမံထားသော C32-A လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ကြီးကို အပိုင်း (၄) ပိုင်းခွဲခြားထားပြီး ခေါင်းပိုင်းကစ၍ပထမCabin မှာ တော့ဆက်သွယ်ရေးခန်း၊ ကြည့်ရှုခန်း၊ အိမ်သာနဲ့
Business Class ထိုင်ခုံ (၁၀) ခုံပါရှိပါတယ်။ ဒုတိယ Cabin မှာတော့ အဓိကပုဂ္ဂိုလ်အတွက် သီးသန့်ခန်းတစ်ခုလုပ်ပေးထားပြီး အခန်း
အတွင်းမှာတော့ အဝတ်လဲခန်း၊ သီးသန့်သန့်စင်ခန်း၊ ထိုင်ခုံနှစ်ခုကို ပြုပြင်လိုက်ပါက ထိုင်ခုံ ၃ခု အထိအသုံးပြုနိုင်သည့်အပြင်ဖြန့်ခင်း လိုက်ပါက အိပ်ယာတစ်ခုအဖြစ်အသုံးပြုနိုင်သော First Class ထိုင်ခုံနှစ်ခုပါရှိပြီး အထူးသီးသန့် Entertainment စနစ်ကို တက်ဆင် ပေးထားပါတယ်။ Cabin ၃ ခုမြောက်မှာတော့ အစည်းဝေးခန်းမငယ်တစ်ခုနဲ့ Business Class ထိုင်ခုံ (၈)ခုံပါရှိပါတယ်။ နောက်ဆုံးအပိုင်း
မှာတော့ Business Class ထိုင်ခုံ (၃၂)ခုံ၊ သန့်စင်ခန်းနဲ့ လေယာဉ်ဝန်ထမ်းများဝန်ဆောင်မှုပေးဖို့ မီးဖို facility တွေရှိပါတယ်။ C32 -A
ဟာ ပေ ၅၀၀၀ ရှိသော လေယာဉ်ပြေးလမ်းတွင် ဆင်းသက် ပျံတက်နိုင်ပြီး ဆီမထည့်ပဲ မရပ်မနား ကီလိုမီတာ ၁၀၀၀၀ (တစ်သောင်း) ပျံသန်းနိုင်ပါတယ်။
ဒီပိုစ့်နဲ့ ပတ်သတ်ပြီး ကြုံတုံးလေးဖောက်သည်ချရရင်ကျနော်ရန်ကုန်မှာနေစဉ်ကာလကအဲပုဂံမှာ အလုပ်လုပ်ခဲ့ဖူးလေတော့ မြန်မာပြည်ရဲ့
အရေးကြီးပုဂ္ဂိုလ်များ ရဲ့ သာမန်လေကြောင်းခရီးစဉ်တွေ၊ အထူးခရီးစဉ်တွေနဲ့ မကြာခဏကြုံတွေ့ကြရပါတယ်။ သိကြတဲ့အတိုင်း အရင်
ကမြန်မာနိုင်ငံပိုင် လေယာဉ်ကြီးတွေကမရှိတော့ နိုင်ငံတော်အကြီးအကဲကြီးများ ခရီးသွားမယ်ဆိုရင် အဲပုဂံကနေလေကြောင်းဝန်ဆောင်
မှုပေးပါတယ်။ အဲပုဂံခင်မျာလဲ သူ့မှာရှိတဲ့ Fokker 100 နဲ့ပို့ရင်ပို့၊ အနီးနားသွားတယ်၊ ပြည်တွင်းခရီးပဲသွားတယ်ဆိုရင်တော့ ATR 72 နဲ့ပို့ပေးပါတယ်။ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးများစီးမယ်ဆိုရင်တော့ လေယာဉ်အတွင်း ပိုင်းကခရီးသည်ခုံတွေနေရာမှာ အထူးထိုင်ခုံ
တွေလဲပြီး စီစဉ်ပေးပေးလေ့ရှိပါတယ်။ ကျနော်တို့စီကအရေးကြီးပုဂ္ဂိုလ်ကြီးများဟာဖြင့် ကိုယ်ကဖြင့်ငွေမရှိသော်လည်း အထူးလေယာဉ်
တွေကိုပဲ စီးချင်ကြတာပါ။ အခုချိန်ထိနိုင်ငံရပ်ခြားခရီးစဉ်တွေသွားတယ်ဆိုရင် MAI ရဲ့ လေယာဉ်ကိုစီးလုံးဌား သို့မဟုတ် စီးလုံးအလကား
စီးကြတာပါ။ ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံအကြီးအကဲကြီးများ ဘယ်လိုလေကြောင်းခရီးသွားတယ်ဆိုတာကို သူငယ်ချင်းတွေ သိရအောင်
မျှဝေလိုက်ပါတယ်။
Brunei နိုင်ငံကတော့ ဘုရင်က နိုင်ငံခေါင်းဆောင်နေရာမှာမို့လို့ His Majesty The Sultan's Flight (HMSF) လို့ခေါ်ပြီး ဘုရင်နဲ့တော်
ဝင်မိသားစုဝင်များအတွက်သာ သီးသန့်ပျံသန်းပေးတဲ့ လေကြောင်းအုပ်စုကို Boeing 767-200ER V8-MHB, Boeing 747-400 V8-ALI
Airbus A340-200 V8-BKH, Sikorsky S-70A V8-029, Sikorsky S-70A လေယာဉ်များနဲ့ ပျံသန်းပို့ဆောင်ပေးပါတယ်တဲ့။
China တရုတ်နိုင်ငံ သမ္မတကြီးကတော့ နိုင်ငံတွင်းသွားရင်တော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (လေ) ပိုင် B-737s ကို
အသုံးပြုပြီးတော့ နိုင်ငံရပ်ခြားသွားရင်တော့ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ Air China ရဲ့ B747-400လေယာဉ်တွေကို အသုံးပြုပါတယ်။
၂၀၀၀ ခုနှစ်လောက်ကတော့ တရုတ်နိုင်ငံသမ္မတကြီး တစ်ဦးဖြစ်ခဲ့သူ ကျန်စီမင်း စီးဖို့အတွက် B 767-300ER တစ်စင်းကိုဝယ်ယူခဲ့သော်
လည်းပဲ စပိုင်ကိရိယာ ၂၇ ခုတွေ့ရှိခဲ့လို့ လေယာဉ်ကိုပြန်လည်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
India နိုင်ငံအတွက်တော့ အမေရိကန်ကို အားကျလို့ထင်ပါရဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတတို့စီးနင်းတဲ့ အခါ Air India One လို့ ခေါ်ရတဲ့
747-437B ကိုအသုံးပြုပြီး ဒုံပျံကာကွယ်ရေးစနစ်၊ လေထုအတွင်း လေယာဉ်ဆီဖြည့်စနစ်တို့ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာတော့ Indian Air Force Boeing 737–200 ကိုအသုံးပါတယ်။
Indonesia နိုင်ငံ သမ္မတကြီးနဲ့ ဒုတိယသမ္မတကြီးများကတော့ နိုင်ငံရပ်ခြားခရီးတွေအတွက် နိုင်ငံပိုင် Garuda လေကြောင်းကလေယာဉ်
တွေကို စီးလုံးဌားအသုံးပြုသလို၊ ပြည်တွင်းနဲ့ ဒေသတွင်း အနီးခရီးစဉ်တွေကိုတော့ အင်ဒိုနီးရှားလေတပ်မတော်က စီမံပေးထားတဲ့
အထူးလေယာဉ်အုပ်စုကိုအသုံးပြုပါတယ်။ အထူးလေယာဉ်အုပ်ထဲမှာတော့ Boeing 737–400, Boeing 737–200, C-130 Hercules, Fokker F27-400, Fokker F28-1000, RJ-85 and Super Puma ရဟတ်ယာဉ်တွေပါဝင်ပါတယ်။
Malaysia နိုင်ငံဝန်ကြီးချုပ်၊ ဘုရင်နဲ့ တော်ဝင်မိသားစုများကတော့ မလေးရှားတော်ဝင်လေတပ်မတော် မှBoeing Business Jet ကိုအသုံး
ပြုပြီး ဝန်ကြီးချုပ်ပျံသန်းစဉ် (Perdana One) လို့ခေါ်ပြီး ဘုရင်ပျံသန်းစဉ်မှာတော့ (DiRaja One) လို့ခေါ်ပါတယ်။
Philippines သမ္မတနဲ့ သမ္မတမိသားစုဝင်တွေအတွက် ဖိလစ်ပိုင်လေတပ်မတော် လေကြောင်းပို့ဆောင်ရေးလေယာဉ်အုပ်စုမှတာဝန်ယူ
ပျံသန်းပို့ဆောင်ပေးပြီး၊ သမ္မတပြည်တွင်းခရီးစဉ်တွေကိုတော့ Fokker F28 လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပြည်ပခရီး
စဉ်တွေကိုတော့ Philippine Airlines က Bombardier Learjet 60 တွေကိုဌားရမ်းအသုံးပြုပါတယ်။
Singapore နိုင်ငံကတော့ အလွန်ချမ်းသာသောနိုင်ငံဖြစ်ပေမယ့် သမ္မတကြီး၊ ဝန်ကြီးချုပ် တို့ခရီးသွားရင်အထူးလေယာဉ်ကိုအသုံးပြုလေ့
မရှိပဲ၊ Singapore Airlines (SIA) ရဲ့ ပုံမှန်လေကြောင်းခရီးစဉ်တွေအတွင်းမှာ First Class Cabin ကနေစီးနင်းလိုက်ပါလေ့ရှိပါတယ်တဲ့။
ဒေသတွင်း ဝန်ကြီးများများစားစားလိုက်ပါပြီးသွားရင်တော့ စင်္ကာပူလေတပ်ပိုင် Fokker-50 လေယာဉ်လေးနဲ့ပဲသွားလေ့ရှိပါတယ်။
Mr. Lee Kuan Yew ကတော့ တခါတယံမှာသီးသန့်လေယာဉ်နဲ့ သွားတက်ပါတယ်။
Thailand ထိုင်းနိုင်ငံဘုရင်နဲ့ တော်ဝင်မိသားစုဝင်များအတွက် ထိုင်းဘုရင့်လေတပ်မတော် ကိုယ်ရံတော်တပ်မှ Boeing 737 (၂) စင်း, Airbus A319 (၁) စင်းနဲ့ Airbus A310 တစ်စင်းတို့ဖြင့် ပြည်တွင်းပြည်ပခရီးစဉ်တွေကို သယ်ယူပို့ဆောင်ပေးသော်လည်း များသော
အားဖြင့် တော်ဝင်မိသားစုများဟာ ထိုင်းနိုင်ငံပိုင် Thai Airways နဲ့ပဲသွားလေ့ရှိပါတယ်တဲ့။
Vietnam ဝန်ကြီးချုပ်ကတော့ ပြည်ပခရီးစဉ်တွေကို Boeing 777-200ER ၊ ပြည်တွင်းခရီးများကို Airbus 321 Vietnam Airlines ကစီးလုံးဌားပြီး သွားလေ့ရှိပါတယ်။
Refrence -
1) http://en.wikipedia.org/wiki/Boeing_C-32
2) http://www.planespotters.net/Airline/USAF-United-States-Air-Force
3) http://en.wikipedia.org/wiki/89th_Airlift_Wing
ဒီပိုစ့်ကတော့ အစီအစဉ်မရှိသွားရောက်ခဲ့တဲ့ ဂျကာတာအလုပ်ခရီးစဉ်အတွင်း မြန်မာ့ရွက်လှေအဖွဲ့နဲ့ တွေ့ဆုံခဲ့ရတဲ့ အကြောင်းမှတ်တမ်း
တစ်ခုအဖြစ်၎င်း၊ နိုင်ငံတော်အတွက် ဒုတိယငွေတံဆိပ်တစ်ခုကို ရယူပေးနိုင်ခဲ့တဲ့ မခင်ဆွေဦးနဲ့ မသိင်္ဂဝင်းရွှေတို့ကို ဂုဏ်ပြုသောအား
ဖြင့်၎င်း ရေးသားခြင်းဖြစ်သည်။
ကျနော်ရွက်လှေနဲ့ ပင်လယ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော့်ရွက်လှေဘဝမှာကျင်လည်ခဲ့တဲ့အကြောင်းကို အပိုင်း (၁) ကနေ (၃) အထိ
ရေးခဲ့ဖူးပါတယ်။ အပိုင်း (၄) နောက်ဆုံးအပိုင်းကိုတော့ ရေးခဲ့ပြီးကာမှ internet connection ပြတ်ကျတာလားဘာလားမသိပဲ ရေးနေရင်း
တန်းလန်းပျောက်သွားလို့ ထပ်ရေးရမှာပျင်းတာနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ပါဝင်ပံပိုးခွင့်ရခဲ့တဲ့ ၂၁ ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအပြီးမှာတော့ မြန်မာနိုင်ငံရွက်လှေအဖွဲချုပ်ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီးနောက်၊ ရန်ကုန်ရွက်လှေ
အသင်းအလုပ်အမှုဆောင်ကော်မတီအဖြစ်လဲ ဆက်လက်တာဝန်မထမ်းဆောင်ဖြစ်ခဲ့ပါဘူး။ ဒီထက်ဆိုးရွားတာကတော့ရန်ကုန်ရွက်လှေ
အသင်းရဲ့ သမိုင်းဝင် ဧည့်သည်တော်မှတ်တမ်းစာအုပ်ကြီးမှာအရက်၏ အမှားကြောင့်မည်သည့်ရည်ရွယ်ချက်နှင့်မျှမဟုတ်ပဲ အဲ့ဒီတုံးက
Network Game ကိုစွဲစွဲမြဲမြဲကစားပြီးရူးမိုက်စွာနဲ့ ဂိမ်းထဲမှာသုံးတဲ့ nick name တွေကိုနာမည်တစ်ခုလိုပဲ အသုံးပြုပြီးချရေးလိုက်မိတာက
အုပ်ချုပ်ရေးကော်မတီကိုမျက်စိအလွန်နောက်သွားစေခဲ့ပါတယ်။ ကိုလိုနီခေတ်ကဘုရင်ခံ၊ Governer ကစလို့ နိုင်ငံတော်ထိပ်တန်း
ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှတော်ဝင်မိသားစုများနှင့် ဝန်ကြီးအဖွဲ့ဝင်များ အပါအဝင်မြန်မာနိုင်ငံအတွင်းက ဝန်ကြီးများ၊ ဒုတိယ
ဝန်ကြီးများစတဲ့ အရေးကြီးပုဂ္ဂိုလ်ကြီးများရဲ့ အမည်များနဲ့ အမှတ်တရလက်မှတ်များရေးထားတဲ့စာအုပ်ကြီးမှာမှ ဆင်ခြင်တုံတရားကင်းမဲ့
စွာပေါက်ကရအမည်တွေချရေးခဲ့တဲ့ပြစ်မှုကို ကလပ်ရဲ့ Executive Committee ကခွင့်မလွှတ်ခဲ့ပါဘူး။ သာမန်အသင်းသားမဆိုထားနှင့်
ကလပ်ရဲ့ စည်းမျဉ်းစည်းကမ်းများကို နားလည်သိကျွမ်းသော ကလပ် ရဲ့ ကော်မတီဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့်ပိုမိုအပြစ်ကြီးလေး
စွာနဲ့ ကျနော့်ကို ကလပ်ကနေထုတ်ပယ်ပြစ်ခဲ့ပါတယ်။ ကျနော်လဲ ကိုယ်ကိုကိုယ် အလွန်မှားကြောင်းနောင်တရမိတာ အမှန်ပါပဲ။ EC
ကော်မတီကစီရင်ချက်မချမီကထဲက ဘာဖြစ်မယ်ဆိုတာ သိနှင့်နေတဲ့ ကျနော် Yangon Sailing Club ကိုနောက်ဆုံးအကြိမ်အနေနဲ့သွား
ပြီး ဝန်ထမ်းနဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက် ကလပ်ကိုနောက်ဆုံးအကြိမ်အဖြစ် နေရာစုံလျှောက်ကြည့်ပြီး ကလပ်ရှိရာ အင်းယားကန်
စောင်းကကျွန်းပေါ်ကနေပြန်ထွက်လာပြီးတဲ့နောက် ကလပ်နယ်နိမိတ်ကုန်ဆုံးရာနေရာဖြစ်တဲ့ တံတားထိပ်မှာအကြာကြီးရပ်ပြီး ကလပ်
ကိုနောက်ဆုံးအကြိမ်နှုတ်ဆက်မိပါတယ်။ ကျနော့်ရင်ထဲက ကြေကွဲမှုကို ရွာချလာတဲ့ မိုးကပိုပြီးဝမ်းနည်းစေခဲ့တာပါပဲ။ မိုးရွာထဲတစ်ယောက်ထဲလမ်းလျှောက်ပြန်ပြီး ရွက်လှေစစီးခဲ့တာကစလို့ နေပူမရှောင်မိုးရွာမရှောင် ပင်လယ်ပြင်ထဲနေခဲ့ရတာတွေ မျက်လုံး
ထဲ တကွက်ပြီးတကွက်ပေါ်လာလို့ပါပဲ။ နောက်တပါတ်လောက်အကြာမှာပဲ ကျနော့်အိမ်ကို ကလပ်ရဲ့ ကော်မတီကနေပေးပို့လိုက်တဲ့စာ
ကိုလက်ခံရရှိပါတယ်။ အဲ့ဒီအချိန်မှာ အသနားခံလဲရမှာမဟုတ်တော့ ဒီအတိုင်းပဲနေလိုက်တော့ပြီး ရန်ကုန်မှာရှိစဉ်ကာလကစလို့ယနေ့
တိုင် ကလပ်ရဲ့စည်းမျဉ်းစည်းကမ်းများကို လေးစားသောအားဖြင့် ကလပ်ကိုမရောက်ခဲ့တော့ပါဘူး။
ကျနော့်ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေလို့ဆိုရမယ့် ဘဝရဲ့အတွေ့အကြုံ၊ နိုင်ငံတကာအတွေ့အကြုံ၊ Administration နဲ့ Management အတွေ့အကြုံတွေ အကုန်ဟာ ကျနော့်ရွက်လှေအဖွဲ့ချုပ်မှာ အလုပ်လုပ်စဉ်ကာလကရရှိခဲ့တာကြောင့် ကျနော့်ဆရာကြီး
ဦးမိုးမြင့်ကို ကျေးဇူးရှင်လို့ကျနော့်ဘဝမှာ သတ်မှတ်ထားခဲ့ပါတယ်။ သူ့ကြောင့်သာ ကျနော်ပထမဆုံး နိုင်ငံခြားခရီးစဉ်ကိုထွက်ခဲ့ဖူးပြီး
မျက်စိပွင့်အမြင်ကျယ်လာခဲ့တာ၊ သူ့ကြောင့်သာ ရုံးတွင်းစာတွေ၊ ပြင်ပစာတွေအရေးအသားမှာရေးတက်လာတာ၊ စသည်ဖြင့်ဆူငေါက်
သင်ပေးခဲ့တာတွေဟာ ကျနော့်ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေပါပဲ။ နောက်တယောက်ကတော့ မြန်မာနိုင်ငံရွက်လှေအဖွဲချုပ်ရဲ့
နည်းပြချုပ် ဦးသန်းစိန်ပါ။ သူကတော့ ကျနော်ရွက်လှေမှာအလုပ်လုပ်စဉ်ကာလက အနီးကပ်သွန်သင်ဆုံးမခဲ့တာ၊ လိုတာတွေဖြည့်စည်း
ဖို့ အထက်ကိုတင်ပြပေးတာ၊ ကျနော်အမှားလုပ်သမျှကိုဒိုင်ခံ ကျနော့်ဖက်ကခုခံကာကွယ်ပြောဆိုပေးခဲ့တဲ့ တချိန်က နိုင်ငံတော်အတွက်
ရွှေတံဆိပ်တွေရယူပေးခဲ့သောနိုင်ငံဂုဏ်ဆောင် ရွက်လှေကစားသမားဟောင်းကြီးပါပဲ။
အခု ၂၀၁၁ အကုန်ဆိုတော့ ရွက်လှေနဲ့ မထိတွေ့ခဲ့တာ နှစ်ပေါင်း ၁၀ နှစ်လောက်ရှိရောပေါ့။ စင်္ကာပူမှာကျနော်ရွက်လှေပြန်စီးဖို့ကြိုးစား
ခဲ့ဖူးပါတယ်။ Changi Sailing Club လို Private Club တွေမှာတော့ မစီးနိုင်တော့ People Association ရဲ့ facility တွေဖြစ်တဲ့ Water Venture မှာ စီးဖို့ပါ။ စီးမယ်လို့ဆိုတော့ ကျနော့်ကို Certified Sailing certificate ရှိမှရမယ်တဲ့၊ မဟုတ်ရင် အခြေခံရွက်လှေသင်တန်း
ကိုပြန်တက်ရမယ်တဲ့။ အခြေခံသင်တန်းကိုတောမတက်ချင်တာ အမှန်ပါပဲ။ ကျနော့်မှာ Myanmar Yatching Federation ကပေးထားတဲ့
Quilify Helmsman Certs ကိုပြတော့ မရဘူးတဲ့။ ဘယ်နှယ့်ကြောင့်မရရမှာလဲဆိုပြီး Singapore Sailing Federation ကိုစာပို့ပြီးလှမ်း
ပြောတဲ့အခါကျတော့ Singapore Federation က MYF ကပေးထားတဲ့ လက်မှတ်ကိုအသိအမှတ်ပြုပါကြောင်းနဲ့ People Association
ကိုလဲဒီလက်မှတ်ကိုင်ဆောင်ထားသူကိုအသိအမှတ်ပြုပေးဖို့ လှမ်းပြီးစာပေးပို့ပါတယ်။ အဲ့ဒီအခါကျတော့ နောက်တဆင့်တက်လာပြီး
ရထားတဲ့လက်မှတ်မှာ ဘယ်လှေတွေစီးတက်တာဆိုတာမပါကြောင်း Int'l 420 နဲ့ Int'l 470 လှေတွေကိုသာပေးစီးနိုင်ကြောင်း အဲ့ဒီလှေ
တွေသူတို့မှာမရှိတဲ့အတွက် ရှိတဲ့လှေ Laser ကိုစီးဖို့အတွက် Modify Course ကိုတော့တက်စေလိုကြောင်းပြောပါတယ်။ ကျနော်လဲအဲ့
လောက်တောင်အရစ်ရှည်နေတာ မစီးတော့ဘူးဆိုပြီး မစီးဖြစ်ခဲ့တော့တာပါဘူး။
မြန်မာနိုင်ငံနဲ့ဝေးကွာနေပေမယ့် တခါတယံမှာတော့ မြန်မာရွက်လှေအသင်းရဲ့ သတင်းတွေကိုတော့ facebook တို့ဘာတို့ကတဆင့်
တော့ကြားကြားနေရတာပေါ့။ အခုလ နိုဝင်ဘာလအတွင်းမှာ ၂၆ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာမြို့တော်မှာကျင်းပနေတာကိုသိတဲ့အချိန်မှာပဲ ကျနော့်ရုံးကနေ ကြိုတင်အစီအစဉ်လုပ်ထားခြင်းမရှိပဲ ဂျကာတာကိုအရေးပေါ်
စေလွှတ်ခဲ့တော့ ရေငတ်တုံးရေတွင်းထဲကျဆိုသလိုပဲ အတော်ပဲပေါ့ Sea Games ကလဲအဲ့မှာလုပ်နေတော့ အလုပ်ပြီးတာနဲ့ သံယောဇဉ်
ရှိတဲ့ ရွက်လှေပြိုင်ပွဲနေရာကိုတော့ ရောက်အောင်သွားကြည့်မယ်ဆိုပြီး ပြိုင်ပွဲကျင်းပနေတဲ့နေရာတွေနဲ့ ဂျကာတာအတွင်းဆောင်ရန်
ရှောင်ရန်တွေကိုရတဲ့ ရက်အတွင်းအပြင်းအထန်လေ့လာလိုက်ပါတယ်။ ဂျကာတာဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်သည့်အလျှောက်
လူဦးရည် ၁၀ သန်းလောက်နေထိုင်ပါတယ်။ မြို့တော်ဟာ ကားပိတ်ဆို့မှုအလွန်ကြောက်စရာကောင်းတဲ့နိုင်ငံအဖြစ်လဲထင်ရှားတဲ့ အပြင်
ကမ္ဘာပေါ်မှာ တတိယမြောက်လေထုညစ်ညမ်းမှုအများဆုံးတိုင်းပြည်မြို့တော်လဲဖြစ်ပါတယ်။ ဖတ်လိုက်သမျှထဲမှာကောင်းကွက်တော်
တော်နည်းတဲ့အတွက် သွားဖို့ရာတောင်နည်းနည်းလန့်လာပါရဲ့။ Taxi စီးရင်တောင်မှ တံခါးချက်ချစီးဖို့သတိပေးထားတာလဲဖတ်ရတယ်။
စီးရမယ့် taxi company brand ကိုလဲမှတ်ရသေးတယ်။ ဂျကာတာ တက်စီတွေက တချို့မီတာမဖွင့်ပဲခရီသည်ကိုငွေပိုတောင်းတက်လို့
ပါတဲ့။
၂၆ ကြိမ်မြောက်အရှေ့တောင်အာရှအာကစားပြိုင်ပွဲ ရဲ့ ရွက်လှေပွဲစဉ်တွေကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ကထဲကစတင်ပြီး မြို့တော်
ဂျကာတာမြောက်ပိုင်းက Ancol Marina ဆိုတဲ့ကမ်းခြေမှာကျင်းပလျှတ်ရှိကြောင်း အင်တာနက်ပေါ်ကနေသိနေရပါတယ်။ မြန်မာရွက်လှေ
အသင်းဟာ Int'l 470 Men and Women, Laser Radial Man and Woman နဲ့ Optimist Class Open မှာ ပြိုင်ပွဲဝင်အားကစားသမား
(၇) ယောက်၊ အရံအားကစားသမား (၃) ယောက်၊ နိုင်ငံခြားသားနည်းပညာကျွမ်းကျင်သူ(၂) ယောက်၊ မြန်မာနည်းပြ (၁) ယောက်၊ နည်းပြချုပ် (၁) ယောက်၊ အုပ်ချုပ်မှုခေါင်းဆောင် (၁) ဦးနဲ့အတူ အထောက်အကူပြုအဖွဲ့ဝင်ပေါင်း(၇) ဦးနဲ့အတူပါဝင်ယှဉ်ပြိုင်ကြောင်း
သိရှိရပါတယ်။ စင်္ကာပူကနေမထွက်ခွာသွားခင်နောက်ဆုံးသိနေရတဲ့ ပြိုင်ပွဲရလဒ်တွေအရ Int'l 470 women မှာစင်္ကာပူကဦးဆောင်နေ
ပြီးမြန်မာက ဒုတိယနေရာကနေကပ်နေတော့ ဆုရရှိဖို့တော်တော်အခွင့်အလန်းကောင်းနေတာတွေ့ရပါရဲ့။
ဂျကာတာကို နိုဝင်ဘာလ (၁၇) ရက်နေ့မှမနက်ပိုင်းမှာ အင်ဒိုလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Lion Air နဲ့ကျနော်ထွက်ခွာသွားခဲ့ပြီး
ဂျကာတာကို schedule ရဲ့နာရီဝက်နောက်ကျပြီးမှရောက်ပါတယ်။ ဂျကာတာလေဆိပ်ကြီးဟာ အတော်လေးစုတ်ပြတ်ပြီး လမ်းညွှန်ဆိုင်း
တွေကလဲ သေခြာမရှိတော့ ဆိုက်ရောက်လူဝင်မှုကြီးကြပ်ရေးကို တော်တော်ရှာဖွေမေးမြန်းပြီးမှရောက်သွားတော့တယ်။ သာမန်နိုင်ငံကူး
ကိုင်ဆောင်ပြီး ဗီဇာမလိုပဲ ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံတစ်ခုအဖြစ် ဘဝမှာမှတ်တမ်းတင်ရမှာပါပဲ။ ခေါင်းစဉ်က ရွက်လှေနဲ့စထား
လို့တခြားအလုပ်တွေဘာတွေမရေးတော့ပဲ ရွက်လှေပြိုင်ပွဲရှိတဲ့နေရာကိုတိုက်ရိုက်ပဲဆက်ရေးလိုက်ပါတယ်။
ရွက်လှေပြိုင်ပွဲကျင်းပနေတဲ့ Marina Ancol ကိုမနက်စောစောထပြီး တက်စီနဲ့သွားပါတယ်။ တက်စီဟာ ဟိုတယ်ဝင်ထဲကနေထွက်ဖို့ကို
လမ်းမပေါ်ကားတွေပိတ်နေတဲ့အတွက် ၁၀ မိနစ်လောက်အတင်းခေါင်းထိုးဝင်ပြီးကာမှ လမ်းမကြီးပေါ်ကိုရောက်ပါတယ်။ ဂျကာတာမြို့
ကြီးဟာ အကြမ်းဖက်သမားတွေရဲ့ ဗုံးခွဲမှာစိုးလို့ လုံခြုံရေးတွေ၊ မိုင်းရှာကိရိယာတွေနဲ့ ရှာဖွေနေတဲ့နေရာတွေအခြားနေရာမှာတွေ့ရပေ
မယ့် ရွက်လှေပြိုင်ပွဲကျင်းပနေတဲ့ Marina Ancol မှာတော့ အဲ့လောက်လုံခြုံရေးတင်းကြပ်ထားတာမတွေ့ရပါဘူး။ ပြိုင်ပွဲဝင်နိုင်ငံများရဲ့
base container တွေရှိတဲ့နေရာကို အလွယ်တကူပဲရှာတွေ့ပြီး ကွန်တိန်နာမှာ နိုင်ငံတော်အလံလွှင်ထူထားတာတွေ့ရပါတယ်။ အသင်း
ခေါင်းဆောင် ဦးမောင်ဝင်းကိုနှုတ်ဆက်၊ သူငယ်ချင်းဟောင်းတွေနဲ့ စကားတွေပြောအပြီးမှာတော့ ရဲအစောင့်အရှောက်ယာဉ်တန်းနဲ့လာ
တဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေရောက်လာပါရော။ ရောက်ပြီးတာနဲ့ တန်းစီ၊ နိုင်ငံတော်အလံကိုအလေးပြုစတဲ့ နေ့စဉ်လုပ်နေကျတွေ
ကိုလုပ်တာတွေ့ရပါတယ်။ ပြီးတာနဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေအကုန်လုံး ကိုယ့်ဆိုင်ရာလှေတွေစီသွားပြီး ရွက်တွေပြင်ကြဆင်ကြနဲ့
စစ်မြေပြင်သွားမယ့် စစ်သည်တွေလိုပါပဲ။ ကျနော်လဲ အမှတ်တရ ဓာတ်ပုံတွေလိုက်ရိုက်ဖြစ်ပါတယ်။ ခဏနေတော့ အားကစားဒုတိယ
ဝန်ကြီး ရောက်လာတော့ ဒုဝန်ကြီးနဲ့ ၂၁ ကြိမ်မြောက် Sea Games မှာထဲကခင်နေတော့ နှုတ်ဆက်ပြီး ဓာတ်ပုံရိုက်တာဝါသနာပါတဲ့
ဒုဝန်ကြီးကို ဓာတ်ပုံတွေရိုက်ပေးဖြစ်တယ်။ ဒုဝန်ကြီးရောက်ပြီးမကြာမီပဲ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌကြီး ကျနော့်ဆရာကြီး ဦးမိုးမြင့်ရောက်
လာပါတယ်။ ကျနော့်ကိုမြင်တော့ အံ့သြပြီး မင်းကဘယ်လိုရောက်နေတာလဲ လို့လှမ်းနှုတ်ဆက်မေးမြန်းတယ်ဗျ။ ဥက္ကဌနဲ့ဒုဝန်ကြီးလဲ
ပြိုင်ပွဲကျင်းပရေးကစီစဉ်ပေးတဲ့ စက်တက်ရွက်လှေကြီးတစ်စင်းနဲ့ ပင်လယ်ထဲထွက်ပြီးအားကစားသမားတွေနဲ့ ပြိုင်ပွဲကိုကြည့်ရှုအား
ပေးပါတယ်။
ကျနော်လဲ ပျင်းပျင်းရှိလို့ကမ်းနားမှာလိုက်ရှောက်ကြည့်နေတုံး စက်တက်လှေကြီး (၃) စင်းကကမ်းနားကထွက်တော့မယ်တွေ့တယ်ဗျ။
အထိမ်းအမှတ်အလံတွေကြည့်တော့ media, spectator ဆိုတာတွေတွေ့တယ်။ လှေထဲက တစ်ယောက်ကျနော် camera လွယ်ထားတာ
တွေ့တော့ မီဒီယာသမားမှတ်လို့ထင်ပါရဲ့ ဒါ international media boat လိုက်မလို့လားဆိုတော့ အေးဟုတ်တယ် လိုက်မလို့ဆိုပြီး
လှေပေါ်ခုန်တက်ပြီးလိုက်သွားတော့တယ်။ sun block လဲမလိမ်းထား၊ လက်ရှည်လဲမဝတ်နဲ့ ရွက်လှေသမားဟောင်းပီသစွာပဲ ပေပေတေ
တေလိုက်သွားလိုက်တာ ပင်လယ်ထဲရောက်လို့ ၁ နာရီကျော်ကြာတော့မှပူလာမှန်းသတိထားမိတယ်။ လှေတွေကိုဓာတ်ပုံရိုက်ပြီး ပင်လယ်
ထဲမထွက်တာကြာတဲ့ ကျနော် ပူရမှန်းမသိလောင်ရမှန်းမသိအောင်ပဲ ပျော်မိတာအမှန်ပါပဲ။ ပြိုင်ပွဲတွေပြီးကာနီးလို့ လှေကမ်းနားပြန်ကပ်
ကုန်းပေါ်တက်တော့ လှိုင်းမူးတက်တဲ့ကျနော် လှိုင်းနည်းနည်းမူးနေတာ သတိထားမိတယ်။ နေ့လည်စာလဲမစားချင်တော့ပဲ အချိုရည်
သောက်၊ ဘီစကစ်စားပြီးပဲနေလိုက်တော့တယ်။ ခဏနေတော့ ပြိုင်ပွဲဝင်လှေတွေ အကုန်ပြန်ဝင်လာကြပြီး ပြိုင်ပွဲပြီးဆုံးသွားပြီဆိုတဲ့
အလျှောက် လှေတွေကိုကွန်တိန်နာထဲပြန်ထည့်ဖို့ လုပ်ကြတာမှာ တက်နိုင်တာလေးတွေဝင်ကူလုပ်ပြီး ကျွမ်းကျင်လှတဲ့ supporting team နဲ့အာကစားသမားတွေတက်ညီလက်ညီလုပ်လိုက်တာ ၂ နာရီအတွင်း ကွန်တိန်နာထဲလှေတွေအကုန်ဝင်သွားပြီး ပစ္စည်းတွေလဲ
သိမ်းပြီးသားဖြစ်သွားပါတယ်။
မြန်မာ့ရွက်လှေအသင်းအနေနဲ့ Int'l 470 women class မှာငွေတံဆိပ်တစ်ခုရရှိပြီး ကျန်တဲ့ class တွေမှာတော့ ဆုတံဆိပ်မချိတ်ခဲ့ပါဘူး။
သို့သော်စိတ်ဓာတ်ကျစရာလုံးဝမရှိပါဘူး။ အခုအသင်းဟာ လှေစီးသက် ၁ နှစ်အောက်သာရှိပြီးတော့ ဒုတိယဆုရတဲ့ အတွဲဆိုရင်ဒီလှေ
အမျိုးအစားကို စတင်စီးနင်းတာ ၂ လပဲရှိပါသေးတယ်။ ငယ်ငယ်ကထဲကလှေစီးလာကြတဲ့ အခြားအသင်းကအားကစားသမားတွေနဲ့
ယှဉ်လိုက်ရင်အလွန်ဝါနုသေးတဲ့ ကာလမှာ နိုင်ငံတော်အတွက်ဒုတိယငွေတံဆိပ်ရယူပေးနိုင်တာကို ဂုဏ်ယူဝမ်းမြောက်ရမှာပါ။ Int'l 470
class မှာ ပထမရွှေတံဆိပ်ကို စင်္ကာပူနဲ့ တတိယကိုတော့ ထိုင်းနိုင်ငံက အသီးသီးရရှိခဲ့ပါတယ်။ ဆုပေးပွဲအခန်းအနား ကိုတော့ အင်ဒိုနီးရှားကခန်းခန်းနားနားမကျင်းပနိုင်တဲ့အပြင် အစီအစဉ်တွေက ညံ့ဖျင်းတာတွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူနိုင်ငံတော်သီချင်းဖွင့်
နေစဉ်စီဒီထစ်သွားလို့ စလုံးတွေ ဘာလုပ်ရမှန်းမသိဖြစ်သွားတာလဲတွေ့ရတဲ့အပြင်၊ စလုံးဒုတိယရတဲ့ class တစ်ခုရဲ့ဆုပေးပွဲမှာလဲ စလုံး
အလံတော် တိုင်ဝက်မှာတစ်ပြီး တင်မရတော့လို့ အလံတိုင်ကိုဖြုတ်ချပြီး လုပ်ရတဲ့အထိတောင် အလွဲလွဲအချော်ချော်တွေနဲ့ ပြီးသွားပါ
တော့တယ်။ ဆုပေးပွဲအပြီးမှာတော့ ဥက္ကဌကြီးက သူခေတ္တတည်းခိုနေထိုင်တဲ့ ဂျကာတာမြို့လည်က Grand Hyaat Hotel မှာတသင်းလုံး
ကိုညစာကျွေးဖို့အတွက်ခေါ်တဲ့အထဲ ကျနော့်ကိုပါလိုက်ခဲ့ဖို့ခေါ်လို့ ဝမ်းသာအားရလိုက်သွားပြီး celebrate လုပ်လိုက်ကြပါတယ်။
အပြန်မှာတော့ ဥက္ကဌကြီးကိုနှုတ်ဆက်ပြီး ၂၀၁၃ ခုနှစ်မှာကျင်းပမယ့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှာ
ကျင်းပပြုလုပ်မှာမို့ လိုအပ်တဲ့ human resource များရှိရင် စေတနာဝန်ထမ်းလာရောက်တာဝန်ထမ်းဆောင်ပါ့မယ်လို့ ပြောခဲ့ပါသေး
တယ်။ မိခင်နိုင်ငံမဟုတ်တဲ့ စင်္ကာပူနိုင်ငံကလက်ခံကျင်းပတဲ့ YOG မှာတောင် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ပေးခဲ့တာ အမိမြန်မာ
နိုင်ငံမှာပြုလုပ်မယ့် ဒီလိုပွဲကြီးမျိုးမှာတော့ အုတ်တချပ်သဲတစ်ပွင့် တက်နိုင်တဲ့ နေရာတစ်နေရာကနေပါဝင်ကူညီချင်ခွင့်ရနိုင်ဖို့ ဆုတောင်း
ရင်းနဲ့ ကျနော့် ဒီပိုစ့်ကိုနိဂုံးချုပ်ပါတယ်။KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com1tag:blogger.com,1999:blog-301180430836970486.post-21078786967076066562011-11-14T13:26:00.002+08:002011-11-14T14:47:02.022+08:0012.2 သန်းတန် လိမ်လည်မှုကြီးအဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားပြုမှု၊ လိမ်လည်မှုစတဲ့အမှုတွေနည်းပါးကင်းစင်လှပြီး အထူးသဖြင့် စင်္ကာပူအစိုးရဌာနကြီးတွေ
မှာတင်းကြပ်တဲ့ စနစ်တွေနဲ့ ထိမ်းချုပ်ထားတဲ့အပြင် အဂတိလိုက်စားမှုကင်းအောင် လစာနဲ့ခံစားခွင့်တွေကို နင့်နေအောင်ပေးထားသော
ကမ္ဘာ့ခြစားမှုအကင်းဆုံးနိုင်ငံတွေထဲမှာပါတဲ့ စင်္ကာပူနိုင်ငံမှာ အစိုးရဌာကြီးတစ်ခုအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံးလိမ်လည်မှုကြီး
တစ်ခုအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။
စင်္ကာပူအစိုးရ၏ မြေယာဆိုင်ရာအာဏာာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (Singapore Land Authority, SLA) ရဲ့ ထိပ်တန်းအရာရှိအဆင့်
ဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူး ( Deputy Director ) အဆင့်နဲ့ လက်အောက်ခံ မန်နေဂျာ တို့က အစိုးရကို ပူးပေါင်းလိမ်လည်ခဲ့တဲ့ အမှုကြီးတစ်ခုဖြစ်သည့်အတွက် အဓိကစီစဉ်သူ Master Brain ဖြစ်တဲ့ ဒုညွှန်မှူးဟောင်း အသက် ၄၁ နှစ်ရှိ တရားခံ Koh Seah Wee ကို
ပြစ်မှုပေါင်း ၃၇၂ မှုတို့ဖြင့်စွဲချက်တင်ခဲ့ပြီး မြင့်မားသော ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂၂) နှစ်ကျခံစေရန် နှင့် ပူပေါင်းကြံစည်ခဲ့ သူ
မန်နေဂျာဟောင်း အသက် ၃၈ နှစ်ရှိ တရားခံ Lim Chai Meng ကို စွဲချက်ပေါင်း ၃၀၉ ချက်ဖြင့်စွဲချက်တင်ကာ ထောင်ဒဏ် (၁၅) နှစ်ကို
စင်္ကာပူတရားရုံးတော် တရားသူကြီး Justice Tay Yong Kwang မှ အမိန့်ချမှတ်ခဲ့သည်။
တရားခံ ဒုညွှန်မှူးအဖြစ်တာဝန်ယူ လုပ်ကိုင်သော စင်္ကာပူမြေယာဌာနကြီး၏ Technology and Infrastructure Department မှ
၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၀ ခုနှစ် မတ်လအထိ ၁၁ ခုသော Company များကို နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိမ်းသိမ်းရေးလုပ်ငန်း
များ၊ ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများဝယ်ယူတက်ဆင်ခြင်းစတဲ့ စာချူပ်များအတွက် စင်္ကာပူဒေါ်လာ ၁၂.၂ သန်းပေးချေခဲ့ရသည်။ သို့သော်ဌာနကြီးအနေဖြင့်မည်သည့် ဝန်ဆောင်မှု၊ မည်သည့်အပိုပစ္စည်းစသည့်တို့ ဘာတစ်ခုမှမရရှိခဲ့ချေ။ တရားခံနှင့် အခြားအပေါင်း
အပါများတည်ထောင်ထားသည့် company များဖြင့်စာချုပ်အတုများ ချုပ်ဆိုခြင်း၊ ငွေပေးခြေခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြသည်။ တရားခံ
နှင့် အပေါင်းအပါ မန်နေဂျာ တို့ ၂ ဦးစလုံး အလုပ်မှ နှုတ်ထွက်ခဲ့ကြပြီးနောက် SLA အနေဖြင့်ပုံမှန်မဟုတ်သော ငွေပေးခြေမှုများကို
စတင်တွေ့ရှိရမှစပြီး လိမ်လည်မှုကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဆုံးရှုံးခဲ့ရသည့် ပြည့်သူ့ငွေများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ရှာဖွေဖော်ထုတ်ပြန်လည်သိမ်းစည်းခဲ့ရာတွင် ခန့်မှန်းခြေတန်ဖိုး
ဒေါ်လာ ၉ သန်းဖိုးခန့်တန် ငွေကြေးနှင့် ပစ္စည်းများပြန်လည်ရရှိခဲ့သည်။
တရားခံ Koh Seah Wee ထံမှ သိမ်းစည်းရမိပစ္စည်းနှင့်ငွေကြေးများ
ဘဏ်အပ်ငွေ S$554,872 နှင့် ငွေစုစာချုပ်များ
East Coast ရှိ S$2.4 သန်းတန် အိမ်ယာ ၂ ခု
အာမခံပေါ်လစီ ၂ ခု
ငွေသား S$21,000
အာမခံသေတ္တာအတွင်းမှ S$1.1 သန်း
Tanah Merah ရှိ ဆောက်လုပ်ဆဲ Condo မှကြိုတင်ပေးငွေ S$96,320
Lamborghini ပြိုင်ကားတစ်စင်းနှင့် Mercedes-Benzes ၂ စင်း ကိုရောင်းရာမှ ပြန်လည်ရရှိငွေ S$1.6 သန်း
နိုင်ငံခြားသုံးငွေဖြင့်ရင်းနှီးမြုပ်နှံထားသောစာရင်းမှ S$464,429
StarHub သို့ကြိုတင်ပေးငွေ S$1,550
ှSingapore Power သို့ကြိုတင်ပေးငွေ S$5,000
စုစုပေါင်းတန်ဖိုး S$6.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။
တရားခံ Lim Chai Meng ထံမှ သိမ်းစည်းရရှိသော ငွေကြေးနှင့် ပစ္စည်း များ
Tanah Merah ရှိအိမ်နှင့် Condo တစ်ခုတို့ထံရင်းနှီးမြုပ်နှံထားငွေ S$927,218
Sing Inevestment နှင့် ဘဏ်စာရင်းမှ S$81,235
ပြိုင်ကား Ferrari တိုက်မိသဖြင့် အပုံလိုက်ရောင်းရာမှရငွေ S$10,800
လမ်းခွန်ပေးထားငွေ မှ S$2,302
အဆိုပါကားနှင့်ပတ်သတ်၍ ပြန်အမ်းရငွေ S$207,862
LV, Prada နှင့် Dior branded အိတ်ပေါင်းစုံ ၁၀ အိတ်
တန်ဖိုးကြီး လက်ပတ်နာရီ (၃) လုံး
တရားခံ၏ အိမ်ထောင်ဖက်၊ တူ၊ ယေက္ခမစသည့် အမျိုးများ၏ အမည်များဖြင့် အပ်နှံထားသော ဘဏ်စာရင်းများထံမှ ပြန်လည်ရရှိငွေ ပေါင်း S$2 သန်း
စုစုပေါင်းခန့်မှန်းတန်ဖိုး S$3.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။
စင်္ကာပူနိုင်ငံ၏ အစိုးရနှင့် ပတ်သတ်သောအဖွဲ့အစည်းအတွင်းဖြစ်ပွားခဲ့ သည့်လိမ်လည်မှုများအနက် အကြီးဆုံးအမှုတစ်ခု အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပြီး လိမ်လည်မှုများတွင်လည်း အမြင့်မားဆုံးထောင်ဒဏ်အပြစ်ပေးခဲ့သည့် အမှုကြီးတစ်ခုဖြစ်သည်။
Reference - The Straits Times Newspaper, Today Newspaper.KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com0tag:blogger.com,1999:blog-301180430836970486.post-21674536383406788842011-10-31T15:46:00.018+08:002011-11-09T15:59:09.480+08:00ချင်းမိုင်မြို့သို့အလည်တစ်ခေါက်ဒီအကြောင်းအရာကတော့ စာဖတ်ပရိသတ်အတွက်မရည်ရွယ်ပဲ ကျနော့်ခရီးသွားမှတ်တမ်းသက်သက် တစ်ခုပါပဲ။ အောက်တိုဘာ ဒေဝါလီနေ့ holiday ရှိတဲ့အတွက် ဘယ်သွားရင် ကောင်းမလဲဟဲ့လို့ တရုတ်ပြည်ကအပြန်မှာ တွေးပြီးနေတာ သွားစရာနေရာတွေကို စဉ်းစားကြည့်တော့ Bali မှာမိုးရွာနေတော့ သိပ်အစဉ်မပြေ၊ ထိုင်းနိုင်ငံထဲက Karabi ကလဲရာသီဥတုကသိပ်မကောင်းနဲ့ နောက်ဆုံးတော့
Thai Airways က promotion ချတယ်ဆိုတဲ့ဟာကိုကြည့်လိုက်တော့ သွားခဲလှတဲ့ land tour ကိုသွားကြည့်ဖို့ ထိုင်းနိုင်ငံ ရဲ့ ဒုတိယ အကြီးဆုံးမြို့တော် ချင်းမိုင်မြို့ ကိုသွားဖို့ ခရီးသွားဖော်လဲဖြစ် အခန်းဖော်လဲဖြစ်တဲ့ ကျနော့်သူငယ်ချင်းနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ စင်္ကာပူ ချင်းမိုင်တိုက်ရိုက်လေကြောင်းဟာ ၄ နာရီလောက်ကြာမြင့်မှာဖြစ်တဲ့အပြင် Budget လေကြောင်းတွေထဲက Air Asia တစ်ခု ထဲ ပျံသန်းတာကြောင့် ဈေးနှုန်းတွေကို ထုံးစံအတိုင်း ယှဉ်ကြည့်ပါတယ်။ တိုက်ရိုက်ခရီးကို ၃၅၀ ကျပြီးတော့ TG နဲ့ ဘန်ကောက်တဆင့်ပျံ ဆိုရင် ၃၇၀ ပဲကျမယ်ဆိုတော့ Budget Airline ကိုတရုတ်ပြည်ကပြန်လာပြီးထဲ ကစီးဖို့အားသိပ်မရှိတာကြောင့် ဒီတခါတော့ Star Allience Member ကြယ်ငါးပွင့်အဆင့်လေကြောင်း TG နဲ့သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။
Zuji Travel နဲ့
များသောအားဖြင့် online ကဝယ်တဲ့လက်မှတ်တွေမှာ လေကြောင်းလိုင်းကတိုက်ရိုက်ဝယ်လေ့ရှိပေမယ့် ဒီတခါတော့ Online Travel Agent ဖြစ်တဲ့ Zuji Travel ကနေဈေးနှုန်းစစ်ကြည့်တော့ တခြား online travel agent တွေထက်ဈေးသက်သာတာကြောင့် Zuji ကနေ ဝယ်ဖို့ဖြစ်လာပါတယ်။ ဒါ့အပြင် NATAS Travel Fair Promotion အဖြစ် MasterCard နဲ့ဝယ်ရင် S$25 Hotel Voucher ရမယ်၊ POSB MasterCard ကလဲ သူ့ဘဏ်ကဒ်နဲ့ဆို rebate ပေးအုံးမယ်ဆိုတော့ Mastercard နဲ့ဝယ်ဖြစ်လိုက်တယ်။ Full Service Airlines and
5 Stars Airline ကြီးဖြစ်သည်နဲ့အမျှ Online transation မှာ Passgener အနေနဲ့ဘယ်လိုခုံကို ဦးစားပေးရွေးချယ်လိုပါသလဲ၊ ဘယ်လို အစားအသောက်များ စားချင်ပါသလဲဆိုတာ ကြိုတင်မှာကြားလို့ရတဲ့အားလျှော်စွာ ခရီးစဉ်တစ်ခုလုံးအတွက် Seafood Meal စားဖို့ Specail Meal Request လုပ်ထားလိုက်ပါတယ်။ Mastercard နဲ့ပေးချေတဲ့အတွက် S$25 တန် Online Voucher တစ်ခုကို တပါတ် အကြာမှာ Zuji ကပို့တာကြောင့် Zuji ရဲ့ Marketing Strategy ထဲမှာနစ်မြောပြီး ဟိုတယ်အခန်းအတွက်လဲ Voucher ကိုသုံးရမှာဆိုတဲ့ အတွက် Zuji ကနေပဲ ဟိုတယ်ကို Booked လုပ်ရပြန်ပါတယ်။ ဒီတခါတော့ အဆင်မြင့်ဟိုတယ်ကြီးတွေမှာမနေတော့ပဲ အချက်အချာ ကျ တဲ့နေရာနဲ့ဈေးသင့်ရုံနေရာကိုရွေးနေဖြစ်တယ်။ တစ်ညကို S$35 လောက်ပဲကျပါတယ်။ ကြယ်၎လုံးအဆင့်လို့ရေးထားတဲ့ဟိုတယ်ပါ။
စင်္ကာပူ မှ ချင်းမိုင်ဆီသို့
ခရီးသွားမယ့်နေ့အောက်တိုဘာ ၂၂ မနက်ပိုင်းမှာများ သာမန်ထက်ကိုပိုအလုပ်များနေပါတယ်။ Weekend နဲ့ Holiday ကခံနေ၊ ကိုယ်ကလဲ မရှိဖူးဆိုတော့ Deposit လုပ်စရာရှိတဲ့ ချက်တစ်စောင်ကို အနီးနားကဘဏ်မှာသွား Deposit လုပ်၊ အိမ်ရောက်တော့ အိမ်သန့်ရှင်းရေးလုပ်နဲ့ အကုန်ပြီးသွားတဲ့အချိန်ကပဲ ၁၂ ထိုးခါနီးနေပါပြီ၊ နေ့လည်စာစားပြီးတော့ တမှေးလောက်လှဲလိုက် ချင်သေး ပေမယ့် အချိန်ကသိပ်မရပြန်တော့ဘူး။ NEA ကို check လုပ်ထားတော့မိုးကလဲရွာနိုင်ဖွယ်ရှိတယ်တဲ့ဆိုတော့ အိမ်ကနေ လေဆိပ်သွားဖို့ MRT ကိုလမ်းဘယ်လိုလျှောက်ရမလဲတွေးနေတုံး မိုးကတဖွဲဖွဲရွာလာတော့တယ်။ အချိန်လေးတစ်ခုသတ်မှတ်လိုက်ပြီး ဒီအချိန်အတွင်း တော့ မိုးမစဲရင် အိမ်ရှေ့ကားမှတ်တိုင်ကနေ Bus 61 စီးသွားမယ်လို့တော့တွေးထားပါရဲ့။ ထင်တဲ့အတိုင်း မိုးက မစဲပဲရွာနေတော့ နှစ်ယောက်သား သေတ္တာတစ်ယောက်တစ်လုံးနဲ့ ၆၁ ကိုစီးဖို့ဆင်းရတော့တာပေါ့။ ကားကသိပ်မစောင့်ရပဲ မြန်မြန်လာတော့ တော်ပါ သေးရဲ့။ လမ်းမှာတော့တွေးသွားတယ်၊ ဖြတ်သွားတဲ့ Habour Front MRT မှာဆင်းပြီး ရထားစီးရမလား၊Bugis ရောက်ရင်စီးမလားနဲ့ပေါ့။ ကားက Eunos မှာဂိတ်ဆုံးမှာဆိုတော့ Eunos အထိစီးသွားပြီး ရထားဆက်စီးရင်ပိုနီးတယ်ဆိုပြီး လမ်းမှာဖြတ်ခဲ့သမျှ MRT တွေမှာဆင်း ပြီး ရထားဆက်မစီးဖြစ်ခဲ့ ပါဘူး။ ကားက Lavender ကိုကျော်ပြီးတာနဲ့ Boonkeng ဖက်တွေရော ရပ်ကွက်တွေထဲပါလျှောက်ပတ်တာ Eunos နဲ့နီးရက်နဲ့မရောက်နိုင်ဖြစ်လာတာ နောက်ဆုံး Check in Counter ပိတ်ဖို့ မိနစ် ၄၅ လောက်အလိုမှာတော့ ငါဒီအတိုင်းဆက်စီး သွားရင် မှီမှာတောင်မဟုတ်တော့ဘူးဆိုပြီး လမ်းမကြီးတစ်ခုအရောက်မှာ ကားပေါ်ကဆင်းပြီး Taxiနဲ့ ခရီးဆက်ဖို့ကားပေါ်က အထုတ် ဆွဲပြီးကသိုက်ကရိုက် ပြေးဆင်းရပါတော့တယ်။ လမ်းမကြီးမှာဆင်းလို့ Taxi ရမလားမှတ်တယ်၊ ကားသွားကားလာ ကများ၊ Bus lane ထဲကနေတားရတော့ ကားကတစ်စင်းမှတောင်မရပါဘူး။ Busy Sign On Call Sign တွေနဲ့ရဲရဲတောက်မီးနီတွေနဲ့ Taxi တွေပဲ ဖြတ်မောင်းနေပါတယ်။ လေယာဉ်အချိန်မမှီမှာဆိုးလို့ စိတ်ကလဲပူ၊ လမ်းမှာဘာကြောင့်များ ဆင်းပြီးရထားမစီးမိပါလိမ့်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်၊ ကြက်တူရွေးတောင်အရှုံးပေးရမယ့် တတွတ်တွတ် အဆက်မပြတ်စကားပြောလာတဲ့ သူငယ်ချင်းကြောင့်ကိုယ့်မှာ စဉ်းစား တွေးတောချိန်မရ လို့ဆုံးဖြတ်ချက်မှားရတယ်ဆိုပြီး သူ့ကိုစိတ်ကတို၊ ကံဆိုးသူသွားရွာ (not ကံဆိုးမ) မိုးလိုက်လို့ရွာဆို သလို မိုးရွာထဲမှာ ထီးတချောင်းနဲ့ Taxi ကို မရမကတားနေရတဲ့အဖြစ်ကတော့ဆိုးလှပါတယ်။ အဲ့ဒီမှာ ဘာတစ်ခုသင်ခန်းစာရသွားလဲဆိုရင် နောင်အခါများမိုးရွာလို့ တစုံတခုအစဉ်မပြေလို့ လေဆိပ်သွားရမယ်ဆိုရင် ငွေကိုချွေတာမနေပဲ Taxi ပဲစီးသွားဖို့ပါ။ စိတ်ဖိစီးမှု ခံရတာ ဟာပေးလိုက်ရတဲ့ ငွေနဲ့ဆိုဘာမှမပြောပါ့လောက်ပါဘူး။ နောက်ဆုံးမှာတော့ ကောင်တာပိတ်ဖို့ နာရီဝက်အလိုမှာ ရှားပါးအဖိုးတန် လှတဲ့ taxi တစ်စင်းကိုရလိုက်ပါတယ်။ လမ်းပေါ်မှာကားသွားနေတုံး အရှေ့ဖက်ကိုရောက်နေတာကိုသိပေမယ့် လေဆိပ်ကိုဘယ်လောက် ကြာအောင်မောင်းရအုံးမလဲလို့တွေးပြီး စိတ်ကပူသေးတာ။ Thai Airways ကောင်တာရှေ့ကိုတော့ ကောင်တာမပိတ်မီ မိနစ် ၂၀ အလို မှာရောက်သွားပါတယ်။ ကျနော့်ဘဝမှာ ပထမဆုံး အဖြစ်မှတ်တမ်းတင်ရမှာပါ။ ဘယ်တော့မဆိုကောင်တာဖွင့်ချိန်မှာ အမြဲကောင်တာရှေ့ ရောက်နေတက်တဲ့ကျနော့်မှာ ဒီတခါတော့ ကောင်တာပိတ်ခါနီး အချိန်မှကောင်တာရှေ့ကိုရောက်ရပါတော့တယ်။ ၂၄နာရီကြိုတင် online check in system ပေါ်မှာ စင်္ကာပူ ဘန်ကောက်၊ ဘန်ကောက်ကနေ ချင်းမိုင် တောက်လျှောက်ကိုခုံနေရာတွေယူထားပြီး ပြီးဆိုတော့ ကောင်တာဝန်ထမ်းကို Luggage တွေတောက်လျှောက်ပို့ဖို့သာထပ်ပြောလိုက်ပြီးနောက် ထုတ်ပေးလိုက်တဲ့ Boarding pass တွေယူ
ပြီးကျနော့် စင်္ကာပူကနေထွက်ခွာလာပါတယ်။
စင်္ကာပူ - ဘန်ကောက်ခရီးစဉ်ကို Boeing 777 လေယာဉ်သုံးတာကြောင့် အလည်ခုံလေးခုံတွဲထဲက ၂ ခုံကိုကြိုယူထားဖြစ်တယ်။
ကံကောင်းချင်တော့ လေးခုံမှာ တစ်ခုံကလူမရှိတော့ ပိုပြီးလွတ်လွတ်လပ်လပ် ထိုင်ရတာပေါ့။ လေယာဉ်လေထဲရောက်ပြီး ဝန်ထမ်းတွေ
လမ်းလျှောက်လို့ရတော့ လေယာဉ်မောင်ချုပ်ကရောက်လာပြီး ကြိုတင်မှာကြားထားတဲ့ အစားအစာအတွက် Double Confirm လာလုပ်
ပါတယ်။ မနက်ကမိုးအေးတာရယ် စိတ်မောလူမောတာရယ်ကြောင့် တောက်လျှောက်ဟတ်ချိုးချီပြီး နေမကောင်းချင်သလိုဖြစ်နေတယ်။
Personal Entertaiment System က activated ဖြစ်ပြီးပြီမို့ ကြည့်ချင်တဲ့ ရုပ်ရှင်လေးတစ်ခုရွေးပြီး ဇိမ်လေးနဲ့နေတုံး ကြိုတင်မှားထား
တဲ့အတွက် in flight meal ကိုအရင်မှာထားတဲ့ ခရီးသည်တွေအတွက်လာချပေးပါတယ်။ သောက်စရာအတွက် red wine ရွေးလိုက်ပြီး
တစ်ခွက်ကုန်တော့ စမ်းသောက်ကြည့်ချင်တာနဲ့ white wine သောက်ကြည့်လိုက်တာ ဘယ်လိုကြီးဖြစ်သွားတယ်မသိ ပိုတောင်နေထိုင်
မကောင်းဖြစ်ချင်သွားပါတယ်။ ရုပ်ရှင်လေးကြည့် ဇိမ်လေးနဲ့ နှပ်မယ်ကြံခါရှိသေးတယ် ဘန်ကောက်သုဝဏဘူမိလေဆိပ်ကို ဆင်းဖို့
လေယာဉ်စပြီး နိုမ့်ဆင်းလာပါတယ်။ ဘန်ကောက်လေဆိပ်ကိုဆိုက်တော့ လေယာဉ်က terminal tube ကိုမသွားပဲ တစ်နေရာမှာရပ်ပြီး
ခရီးသည်တွေကို ကားနဲ့ခေါ်သွားလို့ မြန်မာပြည်ကစထွက်လာတုံးက ကားနဲ့လေယာဉ်ကိုသွားရတာ တောင်ပြေးပြီးမှတ်မိလိုက်သေး
တယ်။ ၂၀၀၆ ခုနှစ်ထဲက ကားနဲ့လေယာဉ်စီကိုမသွားဖြစ်တော့တာ အခုကြမှပဲဘယ်လိုဖြစ်တယ်မသိ သုဝဏဘူမိရယ်။ လေဆိပ်ခန်းမ
ထဲရောက်တော့လဲ ထုံးစံအတိုင်းလမ်းညွှန်တွေက သေခြာမရှိတော့ information counter ကိုမနည်းရှာပြီး Connection flight အတွက်
မေးမြန်းလိုက်ရတယ်။ နည်းနည်းလျှောက်လိုက်ပြီး ထပ်ပြောင်းစီးရမယ့် ဂိတ်ကိုရောက်တော့ ခရီးသည်တွေတော်တော်များများတောင်
ရောက်နေနှင့်ကြပြီ၊ ဂိတ်ကလဲ မီးမလာသလို မီးတော်တော်များများ ကို ပိတ်ထားတော့ မှောင်မည်းမည်းမှုန်ဝါးဝါးနဲ့ဗျာ။ ဘန်ကောက်
ကနေချင်းမိုင်ကိုတော့ Airbus A330 လေယာဉ်ကိုသုံးပါတယ်။ လေယာဉ်ပြန်အကြီးကြီးကိုခရီးတိုလေးတွေမှာသုံးတော့၊ အစားအသောက်
ကျွေးတဲ့အခါ လေယာဉ်အမှူထမ်းတွေအတော်ပင်ပန်းကြတာပဲ။ ၁ နာရီ မိနစ် ၂၀ အတွင်းခရီးသည် ၃၀၀ နီးပါးကိုအမြန်ကျွေး၊ အမြန်
သိမ်းကြရတာကြည့်ရတော့ တချို့တွေဘာကြောင့်များ cabin crew ဖြစ်ချင်တာပါလိမ့်လို့တွေးမိပါရဲ့။ ချင်းမိုင်ရောက်တော့ ည ၈ နာရီ
ကျော်နေပါပြီ။ ဒီတခါတော့မသွားမီထဲကတော်တော်လေ့လာထားတော့ taxi ဆိုဘယ်လောက်ပေးရမယ် ဆိုတာသိနေပြီ။ ပထမတော့
Airport Taxi Counter ကိုသွားမယ်ကြံတုံး ထိုင်းတစ်ယောက်ကတက်စီရမယ် လေဆိပ်တက်စီဈေးဖြစ်တဲ့ ဘတ် ၁၂၀ ပဲဆိုတာနဲ့ သူ့
ကားနဲ့ပဲလိုက်သွားလိုက်တယ်။ ကားသမားက English လိုတော်တော်ပြောတက်တယ်။ ဒီလိုပြောတက်မှလဲ သူစီးပွားရေးလမ်းဖြှောင့်မှာ
ကိုး။ လမ်းမှာတောက်လျှောက်ဘယ်နေရာတွေသွားလို့ရကြောင်း၊ သူ့မှာတခြားကားလဲရှိကြောင်း ဘာညာပြောတော့ ဈေးလေးတီးခေါက်
ကြည့်မိတယ်။ စဉ်းစားထားတဲ့အတိုင်း ရွှေတြိဂံကိုပဲသွားမယ်လို့ ဘယ်လိုဈေးရှိလဲဆိုတော့ ၂ ယောက်ကို ဘတ် ၁၅၀၀ နဲ့ဆီထည့်ပေး
တဲ့ ကားတစ်စင်းလုံး ၂ ယောက်ထဲတဲ့။ စုံစမ်းထားတာက tour group နဲ့သွားရင် ၁ ယောက်ကို ဘတ် ၉၀၀ သူများနဲ့ သွားရမှာဆိုတော့
သူပြောတာကမဆိုးဘူးပေါ့။ ဆီကရော ဘယ်လောက်လောက်ကျမှာလဲဆိုတော့ ၁ထောင်ကျော်တဲ့။ အင်းဒါဆို ကိုယ်လဲ အေးအေး ဆေးဆေးသွားရ၊ ဈေးလဲမဆိုးဘူးပေါ့။ အဲ့ဒါနဲ့ကားဆရာကို သဘက်ခါအောက်တိုဘာလ ၂၄ တင်္နလာနေ့မှာသွားမယ်လို့ ကြိုတင်ချိန်း
ထားလိုက်ပါတယ်။
ဟိုတယ်နာမည်က Maninarakorn Hotel တဲ့။ ချင်းမိုင်ညဈေးနဲ့ နီးနီးနားနားပါ။ Deluxe Residence type အခန်းကိုယူထားပါတယ်။
ဟိုတယ် reception နေရာ၊ lobby ကတော့ တော်တော်ကိုခန်းခန်းနားနား ပြင်ဆင်ထားတာပါ။ ဧည့်ကြိုဝန်ထမ်းရဲ့ဝန်ဆောင်မှုကတော့
အားရစရာ တစက်မှမရှိပါဘူး။ အင်္ဂလိပ်လိုလဲသိပ်မယ်မယ်ရရမပြောတက်တဲ့အပြင် ပြုံးတောင်ပြုံးတက်ပုံမပေါ်ဘူး။ အခန်းကိုရောက်
တော့ အခန်းကမဆိုးလှပါဘူး။ resident type ဖြစ်တဲ့အတွက် ဧည့်ခံမှာဆက်တီကြီးတစ်ခုနဲ့၊ ထမင်းစားစားပွဲ၊ ထိုင်ခုံအပြည့်အစုံရှိပါတယ်
Microwave တစ်လုံးတောင်ထားပေးထားပါတယ်။ အတွင်းအိပ်ခန်းကတော့ သာမန်ပါပဲ၊ ရေးချိုးခန်း အိမ်သာကိုတော့ ဧည့်ခန်းနဲ့အိပ်ခန်း
အလည်မှာတွေ့ရတယ်။ ပစ္စည်းတွေချပြီးဘောင်းဘီတိုလဲပြီးတာနဲ့ နှစ်ယောက်သားအနီးဆုံး ညဈေးကိုသွားကြည့်ကြတယ်။ ညဈေးက
စနေနေ့ပေမယ့် သိပ်လဲစည်စည်ကားကားမရှိပါဘူး။ အထူးသဖြင့်ပစ္စည်းအတုတွေရောင်းတာများပါတယ်။ နေမကောင်းတဲ့အတွက်
ဆေးလေးဝယ်ပြီးဟိုတယ်မှာစောစောပြန်နားလိုက်တော့တယ်။
Day 1 in Chaing Mai
မနက်စာကိုဟိုတယ်မှာစားပြီး နှစ်ယောက်သားပြင်ဆင်ထွက်လာပြီးတဲ့နောက် လမ်းမကြီးတစ်ခုရဲ့ဘေး ချင်းမိုင်မြို့ဟောင်းကျုံးဘေးမှာ
ယောင်ဝါးဝါးနဲ့ ဘယ်ဆက်သွားရမယ်မသိဖြစ်နေတုံး Tok tok သုံးဘီးတစ်စီးရပ်လာပြီး ဘုရားတွေလိုက်ဖူးမလား ၅ နေရာကို ဘတ် ၅၀
ပဲပေးဆိုတာနဲ့ တန်လှချီလားသွားမယ်ဆိုပြီးသုံးဘီးသမားခေါ်ရာနောက်ကိုလိုက်သွားကြလေရဲ့။ သူလဲ English လိုသူများနားလည်အောင်
တော့ပြောတက်ရှာပါတယ်။ ချင်းမိုင်မြို့ဟောင်း(ကျုံးနဲ့ကာထားတဲ့ လေးထောင့်ပုံမြို့) ထဲက ရှေးဟောင်းစေတီ (၅) နေရာကိုသေသေ
ခြာခြာလိုက်ပို့ပါတယ်။ သူခမျာ ဂိုက်တစ်ယောက်လိုတော့မဟုတ်ပေမယ့် သူသိသလောက်တက်သလောက်လေးကို အင်္ဂလိပ်လိုရှင်းပြ၊
ဓာတ်ပုံတွေလဲရိုက်ပေးပါသေးတယ်။ သူပို့တဲ့စေတီတွေရဲ့နာမည်တွေကိုသေသေခြာခြာတော့ မမှတ်မိပေမယ့် မှတ်မိသလောက်ပြောရရင်
Wat Chedi Luang စေတီဟာတော့ နည်းနည်းပိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုရမှာပါ။
စေတီတော်ကို ၁၄ ရာစုနှစ်က ဘုရင် Saen Muang Ma ကဖခမည်းတော်နတ်ရွာစံ ကံကုန်တော်မူသောအခါ အရိုးပြာကို ဌာပနာအဖြစ်
တည်ထားကိုးကွယ်မယ်လို့ကြံပြီး စတင်တည်ဆောက်ခဲ့သည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ၁၀ နှစ်ကြာသည်အထိအပြီးမသတ် နိုင်ခဲ့ပဲ ကံကုန်တော်မူခဲ့သော ဘုရင်ကြီး၏ မိဖုရားမုဆိုးမမှဆက်လက်တည်ဆောက်ခဲ့သော်လည်း မပြီးစီးခဲ့ပဲ ၁၅ရာစုနှစ်အတွင်း ဘုရင်
Tilokaraj ကဆက်လက်တည်ဆောက်ပြီးစီးစေခဲ့သည်။ ၈၂ မီတာဥာဏ်တော်အမြင့်ရှိပြီး ထုထည် ၅၄ မီတာရှိသည့် ထိုအချိန်ကာလတွင်း
က အကြီးဆုံးစေတီဖြစ်သည်။ ၁၄၆၈ ခုနှစ်တွင် မြဘုရားတစ်ဆူကိုဌာပနာတော်မူသည်။ ၁၅၄၅ခုနှစ်တွင် မြေငလျင်ကြောင့် စေတီတော်
အထက်ပိုင်းမြေခတော်မူပြီးနောက် မြဘုရားကို ၁၅၅၁ ခုနှစ်တွင် Luang Prabang စေတီစီသို့ရွေ့ပြောင်းစံပါယ်တော်မူကြောင်းသိရ
သည်။
သူပို့ပေးတဲ့ စေတီ (၅) ဆူပြီးတော့ တော်တော်စောနေတာကြောင့် ဘယ်သွားရမှန်းမသိတော့ပဲ သူခုနကပြောတဲ့ Tiger kingdom ဆို
တာကိုသွားကြည့်ဖို့ဈေးမေးတော့ နောက်ထပ် ဘတ် ၁၅၀ ပဲထပ်ပေးပါဆိုတာနဲ့ အဲ့ဒီကိုသွားဖို့ခရီးဆက်ကြပါတယ်။ အဲ့ဒီကိုတော့ ၃ ဘီး
နဲ့သွားလို့မရတော့ပဲ သူဘုန်းကြီးကျောင်းတစ်ခုမှာ ရပ်ထားတဲ့ သူ့ဆလွန်းကားတစ်စီးကိုသွားယူပြီး Tiger Kingdon ကို မိနစ် ၂၀
လောက်မောင်းပြီးတဲ့အခါရောက်ပါတယ်။
ကျားလှောင်ခြံထဲစီသို့
ချင်းမိုင်မြို့ပြင်မှာရှိတဲ့ အဲ့ဒီ ကျားပြပွဲကိုရောက်တော့ လာလေ့လာကြတဲ့ လူတွေတော်တော်များများတွေ့တယ်။ Asianနည်းပြီးအဖြူတွေပဲ များပါတယ်။ ကျားလှောင်အိမ်ထဲဝင်ကြည့်ရမယ်လို့ မထင်ပဲလာခဲ့ကြပြီးနောက် သူတို့ဧည့်ကြိုကောင်တာကိုရောက်မှ ဘယ်လိုဆိုတာကို အတိအကျသိရတော့တယ်။ ရောက်ပြီးမှတော့ ပေါက်တဲ့နဖူးမထူးတော့ပြီမို့ တခါမှကျားလှောင် အိမ်ထဲဝင်မကြည့်ဖူးတာကြောင့်ဝင်ကြည့် မယ်ဆိုပြီး အစားစားရှိတဲ့ဈေးနှုန်းတွေကိုဖတ်ကြည့်ပါတယ်။ ကျားအကြီးဆုံးကောင်ရဲ့ လှောင်အိမ်ထဲဝင် ဓာတ်ပုံရိုက်၊ ကျားကိုကိုင်ကြည့် ဖို့အတွက် ၁၅ မိနစ်အချိန်ကို ဘတ် ၄၈၀ ပါ။ ကျားအလတ်စားကတော့ ၅၀၀၊ ၅ လသားကျားအသေးအတွက် ၅၂၀ နဲ့၊ ကျားအငယ်စား လေးအတွက် ၁၀ မိနစ်ကို ၅၂၀ ဘတ်အသီးသီးပါ။ ဒီတော့ ကျနော်တို့က ကျားအိမ်ထဲဝင်ခြင်းဝင်တော့ တန်အောင်ကြာကြာ ဝင်မယ် ပေါ့ ဆိုပြီး သိပ်မကြီးဘူးလို့ထင်တဲ့ ၅ လသားကျားအသေးကို ၁၅ မိနစ်ဝင်မယ်လို့ လတ်မှတ်ဝယ်လိုက်ပါတယ်။ ဝယ်တဲ့အခါမှာလဲ မိမိသဘော နဲ့မိမိဝင်တာဖြစ်ကြောင်း တစ်စုံတစ်ခုများဖြစ်ခဲ့ရင် အာမခံအကာအကွယ်ထားရှိတာကို နားလည်ကြောင်းလက်မှတ်ထိုး ရပါတယ်။ အဲ့ဒီနောက်ကိုယ်သွားရမယ့် ကျားလှောင်တဲ့အိမ်လို့ပြောတာထက်စာရင် လှောင်ထားတဲ့ ခြံ လို့ပြောလို့ပိုရတယ်ပေါ့ဗျာ။ ခြံ
ရှေ့မှာတော့ camera flash မီးလုံးဝမသုံးဖို့၊ ကျားခြံထဲမှာမပြေးဖို့၊ ရုတ်တရုတ်မလှုပ်ရှားဖို့၊ ကျားစီကိုရှေ့တည့်တည့်မှမသွားဖို့စတဲ့
သတိပေးထားတဲ့စာတွေဖတ်ရတယ်။ အဲ့ဒီတော့နည်းနည်းတော့လန့်လာပါပြီ။ ကျားခြံထဲကိုဝင်တော့ ခြေသလုံးလောက်နေရာမှာ ကြိုး ၂
ချောင်းကို ကျော်ခွဖို့လျှပ်စစ်လွှတ်ထားတာဖြစ်ကြောင်းသတိပေးတော့ ဘယ်နှယ့်ခြေသလုံးလောက်ကို ကျားကခုန်ကျော်နိုင်မှာပေါ့လို့
တွေးမိသေးတယ်။ ခြံထဲမှာ ကျားကတစ်ကောင်ထဲမဟုတ် ၃ ကောင်တောင်ရှိတယ်ဗျ။ သူတို့ပြောတာ့ ကျားအသေးက စင်္ကာပူမှာတွေ့နေ
ကျ မိုင်းရှာ အယ်လ်ဇေးရှင်းခွေးလောက်ရှိပြီး ခွေးလောက်အရပ်မမြင့်ပေမယ့် ကိုယ်လုံးထွားထွားပါ။ ၂ ကောင်က အုံးလက်တစ်ခုကိုကိုက်
ဖဲ့နေပြီး တစ်ကောင်ကတော့ အိပ်နေပါတယ်။ ခြံထဲကိုအစောင့် ၂ ယောက် ကြိမ်လုံးကိုယ်စီနဲ့အစဉ်သင့်မျက်ခြေမပြတ်စောင့်ရှောင့်နေပြီး
ကျားကိုအနီးကပ်ထိကိုင်လို့ရအောင်၊ ကျားနဲ့အနီးဆုံးမှာဓာတ်ပုံရိုက်လို့ရအောင်ကူညီပေးပါတယ်။ တကယ်တော့ ကျားမျက်စိမနောက်
အောက်တစ်ခုခုအာရုံလွှဲထားတာပါ။ ကျနော့်မှာအသက်တောင်ဖြှောင့်အောင်မရှုရဲပါဘူး။ ကျားနဲ့ဓာတ်ပုံရိုက်ခံရာမှာလဲ ကျားကိုကြည့်နေ
ရတာနဲ့ အာရုံကသိပ်မရဘူး။ ကိုင်ကြည့်ပါဆိုလို့ ခပ်လန့်လန့်နဲ့ ကျားကျောကုံးကိုတစ်ချက်နှစ်ချက်လောက်တော့ ပွတ်ပေးလိုက်ပါသေး
တယ်။ ကျားအမွှေးကကြောင်လို့တော့ချောချောမွတ်မွတ်ရှိမနေပဲ တော်တော်ကြမ်းတာကိုးဗျာ။ တကယ်တော့ ဒီကျားအသေးကိုရွေးမိ
တာဟာ ကျနော်တို့အမှားပါ။ ကျားကအကောင်ကသာကြီးပေမယ့် သူကကလေးစိတ်ပဲရှိသေးတော့၊ ကျနော်တို့အိမ်ကြောင်လေးတွေများ
ခုန်ပေါက်ကစားချင်သလိုပေါ့၊ သူတို့မှာလဲခုန်ပေါက်ကစား၊ ကျားနှစ်ကောင် နပန်းသတ်ကြ၊ ကစားဖို့ပေးထားတဲ့ အုန်းလက်ကြီးကိုသွား
ယားလို့ထင်ပါရဲ့ကိုက်ဆွဲဖဲ့ဆိုတော့ တန်အောင်နေမယ်လို့တွေးထားတဲ့ စိတ်တွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ၂ ယောက်
သားရပြီ တော်ပြီဆိုပြီ ကျားခြံအပြင်ကိုအလျှင်အမြန်ပြေးထွက်လိုက်တော့တယ်။ ကျားအကြီးဆုံးကိုရွေးတဲ့သူတွေကမှ ပိုကောင်းတာပါ။
ကျားကြီးက ကစားချင်တဲ့စိတ်မရှိတော့ ဓာတ်ပုံလာရိုက်တဲ့သူကိုမျက်လုံးတောင်ဖွင့်မကြည့်ပဲအိပ်နေတာကျားဗိုက်ပေါ်ခေါင်းအုံးလို့တောင်
ရတယ်ဗျာ။ ဘယ်လောက်ပဲလေ့ကျင့်ထားပေမယ့် တောရိုင်းသတ္တဝါဖြစ်တဲ့အတွက် အရိုင်းစိတ်ဝင်ပြီးတစ်စုံတစ်ခု အန္တရယ်များပြုလိုက်
ရင်မတွေးရဲစရာပါပဲ။
ကျားခြံထဲကထွက်ပြီး အခြားကျားတွေကိုခြံအပြင်ဖက်နေ လိုက်ကြည့်ဓာတ်ပုံရိုက်ပြီး Tiger Kingdom ကနေမြို့ထဲက ဈေးဝယ်စင်တာ
တစ်ခုကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ ကြီးကြီးမားမား ဈေးဝယ်စင်တာပို့ပါဆိုကာမ စင်္ကာပူမြို့နယ်တွေမှာရှိတဲ့ စင်တာလောက်ရှိတဲ့ ဟာ
မှာချပေးခဲ့တော့ သွားလို့မတက်မယ့်တူတူအဲ့ဒီမှာ နေ့လည်စာစားရအောင်ဆိုပြီးဆိုင်လိုက်ရှာတော့ စားချင်တဲ့ဆိုင်ဖြစ်တဲ့ Black Canyon
ကိုရှာတွေ့ပါတယ်။ Black Canyon မှာဝက်သားနီချက်၊ ယိုးဒယားတုံယမ်းဟင်းချိုနဲ့စားလိုက်တာ စပ်ကလဲစပ်စားလို့ကလဲကောင်းနဲ့
နေ့လည်စာပြီးသွားတယ်။ Black Canyon မရောက်မီမုန့်ဈေးဆိုင်လေးတွေ့တော့ မုန့်လုံးရေပေါ်လေးဝယ်လာတာနဲ့ အတော်ဖြစ်ပြီး အစပ်အမြန်သက်သာအောင် စားလိုက်မှနေသာထိုင်သာရှိသွားပါတယ်။ ဈေးဝယ်စင်တာမှာ လိုက်လျှောက်ပတ်ကြည့်ပြီး ညှပ်ဖိနပ်တစ်
ယောက်တရံဝယ်ပြီး ဟိုတယ်ပြန်နားလိုက်ကြတော့တယ်။ နောက်နေ့ကိုတော့ ခရီးဝေးဆက်စရာရှိတာနဲ့ အနီးနားက ညဈေးမှာလိုက်
ကြည့်ပြီး ယိုးဒယားဆိုင်လေးတစ်ဆိုင်မှာ ညစာစားဖြစ်ပါတယ်။ မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ငါးကောင်လုံးသွားသွား စားတာ ချင်းမိုင်
မှာတော့ ငါကောင်လုံးကြော်စားဖြစ်တယ်။ တကောင်လုံးမှ ဘတ် ၁၂၀ ပဲပေးရတယ်ဗျ။
Day 2 ... ရွှေတြိဂံ သို့
မနက်စောစောထ နံနက်စာစား လိုတာလေးတွေပြင်ပြီးတော့ ချိန်းထားတဲ့အချိန် ၈ နာရီတိတိမှာပဲ ခေါ်ထားတဲ့ကားဆရာရောက် လာပါ
တယ်။ သူနဲ့တူတူ အမျိုးသမီးတစ်ယောက် ဂိုက်ဆိုပြီးပါတယ်ဗျ။ သွားမယ့်ခရီးလမ်းမှာ ဘယ်နေရာတွေဝင်မယ် ဘယ်လိုသွားမယ်ဆိုတာ
ထပ်ရှင်းပြပြီးတော့ Toyota Viao လေးနဲ့ ခုနက အမျိုးသမီးကမောင်းလို့ တစ်လမ်းလုံးသူကမောင်းမှာလားဆိုပြီး တွေးနေတော့ သူ့
ယောင်္ကျားလေးမိတ်ဆွေကလိုက်မောင်းပေးမှာဖြစ်ကြောင်း သူက တော့စကားပြန်အဖြစ်လိုက်ပေးပါမှာဖြစ်ကြောင်းပြောပြပါတယ်။
ချင်းမိုင်မြို့ထဲကအတွက်မှာ ပြောထားတဲ့အတိုင်းကားကို ကျနော်တို့ရှေ့မှာ ဆီတိုင်ကီအပြည့်ဖြည့်ပေးပါတယ်။ အပြန်ခရီးဆုံးမှာ ဆီတိုင်
ကီအပြည့်ပြန်ဖြည့်ပေးရမှာ ဖြစ်တဲ့အတွက်ပါ။ ချင်းမိုင်ကနေထွက်တော့ တောင်ပေါ်တက်တဲ့လမ်းတစ်ခုကိုမောင်းတက်တယ်ဗျ။ လမ်းမှာ
လဲ တောအုပ်တွေ စမ်းချောင်းလေးတွေနဲ့ တကယ့်ကိုသာသာယာယာပါပဲ။ ကားမောင်းတဲ့လူကလဲ မောင်းနေကျဆိုတော့ တောင်ဆင်း
တောင်တက်လမ်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေတာ ကီလိုမီတာ ၁၀၀ အောက်ကိုမရောက်ပါဘူး။ မိနစ် ၂၀လောက်ကြာတော့
ပထမဆုံးကြည့်ရမယ့် ရေပူစမ်း ကိုရောက်ပါတယ်။ ဘာမှမယ်မယ်ရရ မရှိပဲဈေးဆိုင်တန်းတွေနဲ့ ရေပူတွေကို စမ်းချောင်းလေးတစ်ခုလို
လုပ်ပေးထားပြီး ခြေထောက်ရေစိမ်လို့ရပါတယ်။ ရေပူတွေကို ၃-၄ နေရာလောက်မှာ ရေပန်းနဲ့ပန်းထုတ်ပေးထားတော့ ရေနွေးငွေ့လေး
တော့ခံလို့ရတယ်ဗျ။ အဲ့ဒီမှာ မိနစ် ၂၀ နားမယ်ဆိုပေမယ့် ကားမောင်းတဲ့သူနဲ့ ဂိုက်မကစားလို့မပြီးသေးလို့ နာရီဝက်ကျော်လောက်
နေဖြစ်တယ်။
အဲ့ဒီရေပူစမ်းကနေ နောက်ထပ် ၂ နာရီလောက်မောင်းတော့ Chaing Rai မြို့ကိုရောက်ပါတယ်။ အဲ့ဒီနောက်တော့ မဲခေါင်မြစ်ကြီးကို
လှမ်းမြင်လိုက်ရပြီး သိပ်မကြာပဲ နာမည်ကျော်ရွှေတြိဂံကိုရောက်ရှိပါတော့တယ်။ မဲခေါင်မြစ်ဘေးက စားသောက်ဆိုင်မှာ နေ့လည်စာကို
ခပ်မြန်မြန်စားလိုက်ပြီး ရွှေတြိဂံအထိမ်းအမှတ်ဆိုင်းဘုတ်နဲ့ဓာတ်ပုံလေးဘာလေးရိုက်ပြီး မဲခေါင်မြစ်တဖက်ခြမ်းက လာအိုနိုင်ငံကိုကူးဖို့
လှေဆိပ်ကိုဆင်းကြရော၊ အဲ့ဒီကြမှ ဘာကြောင့် tour နဲ့သွားရင် တစ်ယောက် ၉၀၀ ဘတ် အပြီးအစီးယူထားလဲသိရတော့တာပါ။
စက်တပ်လှေနဲ့ကူးဖို့ တစ်ယောက်ကို ဘတ် ၈၀၀ ကြီးများတောင်ပေးရတယ်။ ကျနော်တို့က ၂ ယောက်၊ ဂိုက်ကတော့ ဂိုက်မို့လို့မပေး
ရဖူးဆိုတော့ တော်သေးတာပေါ့။ ဘတ် ၁၆၀၀ ပေးပြီး lift jacket ကိုယ်စီယူပြီး စက်လှေပေါ်ဆင်းကြတယ်။ လှေလေးက ၃ ယောက်ထိုင်
စာပဲရှိတာပါ။ သမ္ဗန်ကိုစက်တက်ထားတဲ့ပုံမျိုးပါ။ လူတွေတက်ပြီးတာနဲ့ မောင်းသွားလိုက်တာ တကယ့်ကိုအမြန်မောင်း speed boat
အတိုင်းပါပဲ။ ပင်လယ်ထဲမှာအလွန်မြန်တဲ့ speed boat တွေစီးလာတော့ ကျနော့်အနေနဲ့တော့ အဲ့လောက်မဟုတ်ပေမယ့် ကျနော့်သူငယ်
ချင်းမှာတော့ တော်တော်ကိုလန့်နေတာပါ။ မဲခေါင်မြစ်ဟာရေစီးလဲတော်တော်သန်တယ်ဗျာ။ ပထမဆုံးမြစ်ထဲကနေ မြန်မာဖက်အခြမ်း
မှာရှိတဲ့ ကာစီနိုဆိုတာကိုလိုက်ပြပါတယ်။ ကမ်းကပ်လို့မရဖူးလို့ပြောတယ်။ ဘယ်လိုကနေဘယ်လို မြန်မာပြည်နယ်နိမိတ်ထဲမှာ ကာစီနို
ရှိနေတာလဲတော့ မသိဘူးဗျ။ မြန်မာအလံ နဲ့ ထိုင်းနိုင်ငံအလံထောင်ထားတာတွေ့တော့ ယိုးဒယားဖက်ကပဲ ဖွင့်ထားတာနေမယ်လို့
ထင်မိတယ်။ အဲ့ဒီကနေပြန်လှဲ့ပြီး တရုတ်ပိုင်ဆိပ်ကမ်းလားတော့ မသိဘူး တရုတ်အလံလွှင့်ထားတဲ့တရုတ်သဘောင်္တွေ ရပ်ထားတဲ့
ဆိပ်ကမ်းနားကိုဖြတ်မောင်းပြတယ်။ အဲ့ဒီကနေတော့ လာအိုဆိပ်ကမ်းသေးသေးလေးကိုမောင်းပြီး ကမ်းပေါ်တက်ကြည့်တယ်ဗျ။ လာအို
လူဝင်မှုကြီးကြပ်ရေး က မြန်မာပြည်ကမီးကင်းလောက်ပဲရှိပြီး အရာရှိတစ်ယောက်ပြည်ဝင်ခ ဘတ် ၂၀ စီထိုင်ကောက်နေတယ်။ လာအို
အလံကိုလဲ တဲထိပ်မှာထောင်ထားသေးတာ။ အဲ့ဒီနောက်မှာတော့ ဈေးတစ်ခုရှိပါတယ်။ ကျနော့်မှာ မြန်မာပြည်ကဈေးထဲ ပြန်ရောက်သွား သလိုခံစားရတယ်။ တခုပဲကွာတာက ဒီဈေးကတော့ နာမည်ကျော်တံဆိပ်တွေရဲ့ အိပ်တွေ၊ အင်္ကျ၊ ဘောင်းဘီ စတဲ့ပစ္စည်းအတုတွေကြီး
ပဲရောင်းတာပါ။ မြန်မာနိုင်ငံသုံးငွေစက္ကူအဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ဓာတ်ပုံပါ တဲ့ ၁ ကျပ်တန်၊ ၅ ကျပ်တန်ငွေစက္ကူတွေကို ပလပ်စတစ်
အုပ်ရောင်းသလို၊ အခုခေတ်ကလေးတွေမမြင်ဖူးတော့လောက်တဲ့ ၁ ကျပ်တန်အကြွေကစလို့ ၅ပြားစေ့အဆုံးကြွေမျိုးစုံကိုလဲ ပလပ်စတစ်
ကဒ်ပြားနဲ့ရောင်းပါသေးတယ်။ ၁ ခုကို ဘတ် ၁၀၀ တဲ့။ ပထမတော့ တစ်ခုလောက်ဝယ်လာအုံးမလို့နောက်တော့ တော်ပါပြီမသိမ်းထား
တော့ပါဘူးဆိုပြီး ပြန်ချထားလိုက်တယ်။ ဘာမှမဝယ်ပဲ လာအိုနိုင်ငံ Donsao လို့ရေးထားတဲ့ဆိုင်းဘုတ်ရှေ့မှာ အမှတ်တရဓာတ်ပုံလေး
ရိုက်ပြီး စက်တပ်မော်တော်လေးနဲ့ ထိုင်းနိုင်ငံဖက်ကိုပြန်ကူးခဲ့ပါတော့တယ်။
ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်/တာချီလိတ်သို့
ရွှေတြိဂံဒေသ မဲခေါင်မြစ်ကမ်းဘေးကနေ ထိုင်းမြန်မာနယ်စပ်မြို့တွေ ရှိတဲ့ မယ်ဆိုင်မြို့ဖက်ကိုဆက်ထွက်လာခဲ့ကြပါတယ်။ နာရီဝက်ကျော်လောက်တော့ လမ်းနည်းနည်းဆိုးတဲ့လမ်းပေါ်မောင်းပြီးတဲ့နောက် မယ်ဆိုင်မြို့ထဲကိုဝင်လာတော့တယ်။ လမ်းတောက်
လျှောက်မြန်မာပြည်ထဲကနေ တာချီလိတ်ကိုမရောက်ဖူးတော့ ရောက်ရချီသေးရဲ့ဆိုပြီး ရင်တခုန်ခုန်နဲ့ပေါ့။ မြို့ထဲရောက်လာတာနဲ့ လမ်း
ပေါ်ကဆိုင်တွေမှာ မြန်မာလိုရေးထားတဲ့ဆိုင်းဘုတ်တွေ၊ ဘန်နာတွေကိုစတွေ့ရပြီး၊ တချို့လမ်းဘေးသတိပေးချက်တွေက အစ ထိုင်း မြန်မာ ဘာသာ၂ မျိုးနဲ့ရေးထားတာတွေ့ရတယ်။ ဒရိုင်ဘာနဲ့ စကားပြန်တို့ကထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှာ ထွက်ခွာခွင့်ပါမစ်ယူပြီးတဲ့
နောက် တာချီလိတ် မယ်ဆိုင် တံတားထိပ်က ထိုင်းမြန်မာနယ်စပ်ဖြတ်ကူးဂိတ်ကိုရောက်ပါတယ်။ ကားကိုအနီးနားမှာရှိတဲ့ အခပေးကား
ရပ်တဲ့နေရာတွေမှာ ရပ်တော့ငွေကောက်တဲ့သူက မြန်မာအမျိုးသမီးဆိုတာ မျက်နာပေါ်ကပါးကွက်ကြားကိုမြင်တာနဲ့သိသာပါရဲ့။ ဟိုဖက်
ကမ်းကူးဖို့အတွက် ထိုင်းဖက်ခြမ်း လူဝင်မှုကြီးကြပ်ရေးရောက်တော့ ပြသနာကစပေါ်ပါတော့တယ်။ ကျနော့်မြန်မာနိုင်ငံကူးလက်မှတ်ကို
ပေးတော့ ထိုင်းအရာရှိက ကူးလို့မရကြောင်းငြင်းပါတယ်။ မြန်မာဖက်ကလက်မခံတဲ့အကြောင်း၊ တံဆိပ်တုံးထုမပေးတဲ့အကြောင်း အဲ့တာ
ကြောင့်ဖြတ်ခွင့်မပေးပါတဲ့။ အဖြစ်က ကိုယ့်မြန်မာဖက်ကလက်မခံတာတဲ့။ မြန်မာနိုင်ငံသား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားလို့တဲ့
လူကြားလို့တောင်မကောင်း ကိုယ်နိုင်ငံအတွင်းတောင်ပြန်ဝင်ခွင့်မရတဲ့ မြန်မာ့လူဝင်မှုကြီးကြပ်ရေးစနစ်ပါပဲ။ အမြဲလိုလိုစိတ်ထဲမှာ ထားတဲ့
အမိမြန်မာနိုင်ငံတော် ဆိုတာကြီးကို တစ်သက်မှာပထမဆုံးအကြိမ် စိတ်နာမိတာပဲ။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
မြန်မာပြည်ထဲကို မည်သည့်တရားဝင်လမ်းကြောင်းမှမဆိုဝင်လာတာကို တရားဝင်ခွင့်ပြုရမှာပေါ့။ တခြားနိုင်ငံသားတွေတောင် ဥဒဟိုဝင်
ထွက်နေတာ ကိုယ့်နိုင်ငံသားမှမဝင်ရဖူးဆိုတာကိုတော့ လက်မခံနိုင်လောက်အောင်ပါပဲ။ တော်တော်လဲစိတ်မကောင်းဖြစ်မိပါရဲ့။ ဘယ်တက်နိုင်မလဲ မဝင်ရဖူးဆိုတော့လဲ မဝင်ယုံပေါ့။ သူငယ်ချင်းကိုတော့ ကိုယ့်မြန်မာပြည်ထဲရောက်ဖူးအောင် စကားပြန်နဲ့ထည့်ပေး
လိုက်ပြီး ကျနော်တော့ မယ်ဆိုင်ဈေးထဲမှာပတ်နေလိုက်တော့တယ်။ မယ်ဆိုင်ဈေးကလဲ တကယ်တော့စိတ်ဝင်စားစရာပါပဲ။ မြန်မာပြည်
ဖက်ကထွက်တဲ့ပစ္စည်းအစုံကို ဒဏ်ကြေလိမ်းဆေးကအစရပါတယ်။ ပထမပိုင်းတော့ ဈေးဝယ်တဲ့အခါ ထုံးစံအတိုင်း English လိုပဲပြောပါ
တယ်။ အဲ့တော့ ဈေးရောင်းတဲ့သူက အထူးအဆန်းလုပ်ပြီးကြည့်တော့ မြန်မာလိုပြောလို့ရလား လို့မေးလိုက်တော့ ဝမ်းသားအားရ လေသံနဲ့ ရပါတယ်တဲ့။ တယ်ဟုတ်ပါလား မြန်မာလိုပြောပြီး ဈေးဆစ်လို့ရပြီပေါ့။ မာမားအတွက်ဝယ်ချင်တဲ့ ဆွယ်တာလိုက်ရှာတော့
တော်တော်များများဆိုင်တွေမှာတွေ့တယ်။ ဈေးထဲမှာဈေးဝယ်တာ နည်းနည်းလည်သွားပြီဆိုတော့ဈေးမေးပြီး တခြားဆိုင်တွေလိုက်ကြည့်
ဈေးနှုန်းကိုအရင် နည်းနည်းစနည်းနာကြည့်လိုက်တယ်။ ဆိုင်တိုင်းဟာမြန်မာဆိုင် သို့မဟုတ် မြန်မာအရောင်းဝန်ထမ်းခန့်ထားတာကြီးပဲ
ဘယ်နေရာမှာမဆို မြန်မာလိုပြောပြီးဈေးမေး ဈေးဝယ်လို့ရတယ်ဗျ။ အနွေးထည်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရောက်တော့ ပစ္စည်းလဲ
ကောင်းဈေးလဲ မဆိုးဆိုတာနဲဝယ်မယ်လို့ဆုံးဖြတ်ပြီး စကားစမြည်ပြောတော့ ဟိုဖက်ကမ်းကူးလို့မရတဲ့အကြောင်းကိုရောက်တော့ ဆိုင်
ရှင်ရှမ်းမကပြောပြတယ်၊ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ထားရင် ကူးလို့မရဖူးတဲ့၊ မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပါလာရင်တော့ ဟိုဖက်
ကို ဘတ် ၃၀၀ ပေးရင် ရေထဲကကူးလို့ရတယ်တဲ့ဗျ။ ကျနော့်ကိုတောင်နောင်ကူးချင်ရင်ပြောလို့ပြောလိုက်သေးတယ်။ ဘယ်နှယ့်စင်္ကာပူ
က ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား Mas Salamat အားကျလို့ ဟိုဖက်ကမ်းကို စက်ဘီးကျွတ်ဖက် ရေကူးပြီး ကူးရမလိုဖြစ်နေ
တယ် အဖြစ်က။ ကျနော်လဲ ရပါတယ် မကူးတော့ပါဘူးလို့ပြောလိုက်တယ်။ ဆိုင်ရှင်ကဟိုဖက်ကမ်းကိုလှန်းမျှော်ကြည့်လို့ရတဲ့နေရာရှိ
ကြောင်း၊ ကူးလို့မရတဲ့သူတွေကအဲ့ဒီမှာသွားပြီး ဓာတ်ပုံရိုက်ကြကြောင်းပြောတော့ ဆိုင်ရှင်ရဲ့လမ်းညွှန်မှုနဲ့ ဟိုဖက်ကမ်းကို လှန်းမျှော်လို့ ရတဲ့နေရာလေးကိုရောက်တော့ မြန်မာနိုင်ငံဖက်ကိုကူးခွင့်မရတဲ့ အနောက်နိုင်ငံသားတွေ ကင်မရာကိုယ်ဆီနဲ့ ရိုက်နေကြတာတွေ့ရတယ်။
ကိုယ့်လိုမြန်မာပါမပါတော့ မပြောတက်ပါဘူး။ တကယ်တော့ ချောင်းလို့သာပြောရပေမယ့် မြောင်းလို့ခေါ်ရင်ပိုမှန်မှာပါ။ အကျယ်က ၁၀ မီတာကနေ ၁၅ မီတာလောက်ပဲရှိပုံပေါ်ပါတယ်။ ရေစီးတော့တော်တော်သန်ပြီး ညစ်ပတ်တဲ့ရေတွေစီးဆင်းနေပါတယ်။ ကျနော်လဲ ဟိုဖက် ကိုဓာတ်ပုံလေးဘာလေးရိုက်ပြီး ပြန်ထွက်မယ်လုပ်တော့ ဟိုဖက်ကပြန်လာတဲ့သူငယ်ချင်းကိုတွေ့တယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးရှေ့
ကစောင့်ပြီး ကျနော်တို့ မယ်ဆိုင်မြို့ကနေပြန်လည်ထွက်ခွာပါတယ်။ လမ်းမှာတော့ Chaing Rai မှာရှိတဲ့ Silver Temple ကိုဝင်ကြည့်ပြီး
ဓာတ်ပုံရိုက်ကြတယ်။ နေဝင်သွားပြီဖြစ်တဲ့အတွက် ဘုရားကျောင်းကလှပေမယ့် ဓာတ်ပုံကောင်းကောင်းမရိုက်လိုက်နိုင်ပါဘူး။ ချင်းမိုင်မြို့
ထဲကိုတော့ ည ၈ နာရီကျော်လောက်မှာပြန်ရောက်ကြပြီး အပြင်တောင်မထွက်နိုင်တော့ပဲ အနားယူလိုက်ရတော့တယ်။
Day 3 ... ချင်းမိုင် Shopping
ဒီမနက်တော့ ဘာအစီအစဉ်မှမရှိတော့တဲ့အတွက် အေးအေးဆေးဆေးမှ အိပ်ယာထ နံနက်စာကိုဇိမ်ဆွဲစားပြီး ရှောပင်းစင်တာတစ်ခုမှာ
အချိန်ဖြုံးဖို့ စိတ်ကူးတာကြောင့် ဟိုတယ်ဧည့်ကြိုမှာ ဘယ်ဈေးဝယ်စင်တာသွားရင်ကောင်းမလဲလို့စုံစမ်းပြီးတော့ လေဆိပ်နားက
Airport Plaza ကိုသွားမယ်ဆိုပြီး ဟိုတယ်ရှေ့ကတက်စီကားဌားပြီး သွားကြတယ်။ စင်တာရှေ့ရောက်တော့ လူတွေကဘာလို့ မတ်တက်
တမျိုးထိုင်လို့တဖုံတွေ့တော့ ဘာလုပ်နေကြပါလိမ့်ပေါ့။ နောက်တော့မှသိတယ် ဈေးဝယ်စင်တာက နံနက် ၁၁ နာရီမှဖွင့်လို့ ဝင်ဖို့စောင့်
နေကြတာတဲ့။ ကျနော်တို့လဲ ၁၀ မိနစ်လောက်လိုသေးတော့ ခဏစောင့်ပြီးဖွင့်တော့ လျှောက်ကြည့်ကြတယ်။ ရှေ့ပင်းစင်တာက အဆင့်
မြင့်ဈေးမြင့် ရှောပင်းစင်တာတစ်ခုဖြစ်ပြီးတော့ စင်္ကာပူမှာရှိတဲ့ brand တွေပါပဲ။ တချို့ဟာတွေတော့ဈေးသက်သာပါရဲ့။ နေ့လည်စာကို
ရှော့ပင်းစင်တာ မြေအောက်မှာရှိတဲ့ စားကောက်တန်းမှာ ထိုင်းဝက်ခြေထောက်ထမင်းစားဖြစ်တယ်။ ထိုင်းဘတ်ငွေသိပ်မရှိတော့လို့ ငွေ
လဲပြီး နေ့လည်ကိုဟိုတယ်မှာပြန်နားဖြစ်ကြတယ်။ ညနေဖက်တော့ ညဈေးနားမှာရှိတဲ့ ဂျပန်စာဘူဖေးဆိုင်မှာစားဖြစ်တယ်။ အစားအစာ
တော့ သိပ်အစုံကြီးမဟုတ်ပေမယ့် ၁ နာရီခွဲစာအဝစားအတွက် ဘတ် ၂၄၀ လားကျတော့ S$10 လောက်ပဲဆိုတော့ စားပျော်ပါတယ်။
အဲ့ဒီကနေဗိုက်ပြည့်တော့ ညဈေးထဲပတ်ကြည့်ပြီး စောသေးတာနဲ့ ချင်းမိုင်ကMandalay Disco ကို ၂ ယောက်သားသွားကြည့်ကြတယ်။
စောသေးလို့လား၊ ကြားရက်မို့လားမသိ Disco ကြီးတစ်ခုလုံး စားပွဲဝိုင်း ၂ ခုမှာပဲလူရှိတယ်ဗျာ။ ဝင်ကြေးပေးစရာမလိုပဲ သောက်စရာတစ်
ခုစီတော့ ဝယ်သောက်ကြရတယ်။ ၁ နာရီလောက်ထိုင်ပြီးတော့ ဘာမှထွေထွေထူးထူးမရှိတာနဲ့ ဟိုတယ်ကိုလမ်းလျှောက်ပြန်ပြီး စောစော
ပဲအနားယူလိုက်ကြတော့တယ်။
စင်္ကာပူသို့
လေယာဉ်အချိန်က မနက် ၁၀ နာရီဆိုတော့ မနက်စာစားပြီးတာနဲ့ လေဆိပ်ကိုတန်းဆင်းဖြစ်ပါတယ်။ ချင်းမိုင်ကနေဘန်ကောက် တဆင့်
နဲ့စင်္ကာပူကိုပြန်ရမှာပါ။ Check in Counter Staff က ဘန်ကောက်မှာ ၆ နာရီနားရမယ့်အတွက် အပြင်ထွက်ချင်သေးလား ဆိုတော့
ဘန်ကောက်မှရေကကြီး traffic jam ကိုလဲကြောက်တာကြောင့် လေဆိပ်ထဲမှာပဲနေတော့မယ်လို့ ပြောလိုက်ပါတယ်။ ချင်းမိုင်ကနေ
ထွက်လာပြီး ဘန်ကောက်ကို ၁၁ နာရီလောက်မှာရောက်ကြတယ်။ ပြည်တွင်းဆိုက်ရောက်ကနေ ပြည်ပထွက်ခွာထဲကိုပြောင်းစီးရတာ
ကြောင့် transit area ထဲကိုဝင်တဲ့နေရာမှာ တခါမှမမြင်ဖူးမကြုံဖူးတဲ့ စက်တစ်လုံးနဲ့ စစ်ဆေးခံခဲ့ရတယ်ဗျ။ စီးထားတဲ့ဖိနပ်၊ ခါးပတ်ကို
ချွတ် ပြီး ဖန်ပေါင်းချောင်လိုဟာထဲဝင်ပြီး မတ်တပ်ရပ်နေတုံး အဲ့ဒီကစက်ကအသံတွေမြည်လာပြီး ၁၀ စက္ကန့်လောက်ကြာတဲ့အခါ အပြင်
ကိုထွက်ပြီး စက်ကထွက်လာတဲ့ အဖြေကိုစောင့်ခိုင်းသေးတာ။ အဲ့ဒီနောက်ကိုယ့်ရှေ့က screen ပေါ်မှာ OK လို့အစိမ်းရောင်ပေါ်လာတော့
မှ သွားခွင့်ပြုပါတယ်။ တကိုယ်လုံးကိုဖောက်ပြီးကြည့်တဲ့ X-Ray စက်လားလို့ထင်မိတယ်။ နေ့လည်စာကို Black Canyon မှာပဲစားပြီး
တော့ အိပ်ဖို့နေရာကိုသွားရှာတော့ အိပ်တဲ့ခုံကလဲမကောင်း Air Con ကလဲမအေးတော့ ဘယ်နားသွားနေရပါ့မလဲ စိတ်ကူးနေတုံး
Diners Club Member ဆိုရင် Airport Lounge တစ်ခုမှာ အခမဲ့နားလို့ရတာမှတ်မိတော့ ဘယ် lounge မှာနားခွင့်ရမလဲ Internet ကနေ
တချက်ကြည့်တော့ Louis' Tavern CIP Lounge မှာနားလို့ရတယ်ဆိုတာ သိရတော့အဲ့ဒီမှာ နားဖို့စိတ်ကူးမိတယ်။ သူငယ်ချင်းက
ခြေထောက်အနိုပ်ခံချင်တယ်ဆိုတော့ သူက အနိုပ်ခံတဲ့နေရာကိုသွားပြီး ကျနော်ကတော့ lounge ကိုသွားပါတယ်။ lounge ကဝန်ထမ်း
တွေက အလကားနေမယ့်သူမို့လားမသိ Customer Service ကတော့အလွန်ချာပါတယ်။ lounge တစ်ခုလုံးမှာ ခရီးသည်တစ်ယောက်မှ
မရှိပဲ ကျနော်တစ်ယောက်ထဲရှိပါတယ်။ အဲပုဂံမှာအလုပ်လုပ်တုံးက ပဲ Airline Lounge ဆိုတာကို ဝင်ဖူးတော့ အခုလို International
Level Lounge ဆိုတာကို တခါမှမရောက်ဖူး၊ ဝင်ဖို့လဲ ကိုယ်က Business Class စီးတာမဟုတ်တော့ လိုက်ကြည့်ဖြစ်တယ်။ ခင်းကျင်းထားတဲ့ အစားအစာတွေကကိတ်မျိုးစုံအပါအဝင် အသားညှပ်ပေါင်မုန့်က ၄ မျိုးလောက် စားစရာတွေကြီးပဲ ၁၅ မျိုးလောက်ရှိ
ပါတယ်။ အရက်မျိုးစုံသောက်လို့ရတဲ့ အရက်ဘားတစ်ခု၊ အချိုရည်မျိုးစုံနဲ့ ဘီယာမျိုးစုံ ထည့်ထားတဲ့ ရေခဲသေတ္တာ၊ လက်ဖက်ရည်၊
ကော်ဖီဖျော်ဖို့နေရာ၊ ဒီထက်မက အသင့်စားခါက်ဆွဲပြုတ်နဲ့ရေနွေးလဲရှိပါတယ်။ အင်တာနက်သုံးဖို့အတွက် PC ၂ လုံးကိုချထားပေး
တယ်။ ကျနော်လဲ ကျနော်ကြိုက်တက်တဲ့ ကိတ် ၂ မျိုးလောက်ယူမြည်း၊ အိပ်လို့ရတဲ့ခုံတစ်ခုံယူပြီး ၁ နာရီလောက်မျက်လုံးမှိတ်နားနေ လိုက်တယ်။ အိပ်ယာထတော့ မျက်နာလေးဘာလေးသစ်ပြီး အချိုရည်တဗူးယူသောက်၊ စားစရာလေး နည်းနည်းစားပြီး Connection
Flight အတွက်ဂိတ်ကိုသွား၊ ဘန်ကောက်ကနေပျံသန်းထွက်ခွာလာပြီးတဲ့နောက် စင်္ကာပူကို ညနေ ၆ နာရီလောက်မှာပြန်ရောက်ပါတယ်။
ဒီအကြောင်းအရာကတော့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း နဲ့ ဝါရင့်ဝန်ကြီး ရာထူးကတရားဝင်အနားယူသွားပြီးဖြစ်တဲ့ နိုင်ငံရေးဂုရုကြီး
Mr Lee Kuan Yew နဲ့ NTU ကမဟာဘွဲ့၊ ဒေါက်တာဘွဲ့ရယူဖို့ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူများ ရဲ့ ဆွေးနွေးပွဲမှာ အလွန်နာမည်ကြီး သွားတဲ့အကြောင်းအရာတစ်ခုကို The New Paper သတင်းထောက် Koh Hui Theng ရဲ့ ရေးသားချက်ကို ဆီလျှော် အောင်ဘာသာပြန်ဆိုဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ခုများ အကြောင်းတိုက်ဆိုင်မကျေလည်မှုများနှင့် အမှားအယွင်းပါရှိပါက ခွင့်လွှတ်ပါရန်ကြိုတင်တောင်းပန်ပါတယ်။
၂၀၁၀ စင်္ကာပူရွေးကောက်ပွဲမတိုင်မီထဲက လှုပ်လှုပ်ရွရွ နဲ့ ဆူဆူပူပူဖြစ်လာနေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားများအလွန်အကျွံလက်ခံ
နေတဲ့ကိစ္စဟာ အခုချိန်အထိ အေးအေးချမ်းချမ်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးများ နဲ့ ပါလီမန်အမတ်များ
ဟာ နိုင်ငံခြားသားများအနေနဲ့ စင်္ကာပူစီးပွားရေးဖွံဖြိုးမှုကို ဘယ်လိုအထောက်အကူပြုနေကြောင်း အခွင့်အရေးရလျှင်ရသလို ရှင်းပြမြဲ
ဖြစ်သလို သူတို့နိုင်ငံသားများကလဲ အခွင့်အရေးရလျှင်ရသလို ဆူဆူပူပူ လုပ်မြဲပါပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးအခုနောက်ဆုံးပေါ် ပေါ်ပြုလာ အတင်းတစ်ခုအနေနဲ့ ကတော့ Nanyang Technological University (NTU) မှ Biological Science ဘာသာရပ်ဖြင့် PhD ဒေါက်တာဘွဲ့
ကိုရယူဖို့ စာသင်ကြားနေတဲ့ အသက် ၂၇ နှစ်အရွယ် ကျောင်းသူ စင်္ကာပူနိုင်ငံသား Ms Joan Sim မှ Mr Lee Kuan Yew ကိုမေးမြန်းခဲ့
သည့် " အချိန်တိုတိုအတွင်း နိုင်ငံတစ်ပါးမှ ဝင်လာ၍ အခြေစိုက်နေထိုင်သူ အမြောက်အများစွာ ကိုနေထိုင်ခွင့်ပြုခဲ့ခြင်း ၏ အကျိုး
သက်ရောက်မှုအနေဖြင့် နိုင်ငံ၏ အရည်အသွေးကို ထိခိုက်စေနိုင်သည့်အတွက် What Can We Do to Create A Sense of Belonging and Foster Social Cohesiveness? ဟုမေးမြန်းခဲ့ခြင်းအပေါ် Mr Lee မှအဖြေကို တိုက်ရိုက်ရိုးစင်းစွာ ဖြေဆိုခဲ့ လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပါသည်။ ထို့အပြင် အမေးအဖြေ အခြေအနေဖြစ်သည့်အတိုင်း Mr Lee မှလဲ သူမမေးမြန်းခဲ့သည့် အခြေအနေကို အခြေခံ ၍ ပြန်လှန်မေးခွန်းထုတ်လိမ့်မည်ဟု သူမ ထင်မြင်ခဲ့သော်လည်း ထင်သလိုမဖြစ်လာခဲ့ချေ။
မေးခွန်းဆုံးသွားသည်နှင့်တပြိုင်နက် Mr Lee မှ စင်္ကာပူနိုင်ငံတွင်ကြုံတွေ့နေရသည့် ပြသနာတစ်ခုဖြစ်သည့် အသက်အရွယ်ကြီးသူများ
ပိုမိုများပြားလာသည့် အကြောင်း၊ ဒါ့အပြင် ကလေးမွေးဖွားနှုန်းကျဆင်းနေသည့် ပြသနာတစ်ရပ်သည် စင်္ကာပူ၏ နိုင်ငံခေါင်းဆောင်များ
အတွက် အလွန်စိတ်ပူပန်နေရသည့် အကြောင်းတစ်ခုဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားသည်။ စင်္ကာပူတွင်ရှိသော ဇနီးမောင်နှံ
တစ်စုံတွင် ပျှမ်းမျှအားဖြင့် ကလေး ၁.၀၁ သာရှိကြောင်း၊ နိုင်ငံရေးသိပ္ပံမှလေ့လာသုံးသပ်သည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ
အရ စီးပွားရေးဖွံဖြိုးတိုးတက်မှု ရလဒ်ကောင်းများအတွက် စင်္ကာပူနိုင်ငံသည် နှစ်စဉ် နိုင်ငံခြားမှရွေ့ပြောင်းအခြေစိုက်နေထိုင်သူ ၆၀၀၀၀ (ခြောက်သောင်း) လိုအပ်လျှတ်ရှိသော်လည်းမဖြစ်နိုင်ကြောင်း၊ ၂သောင်း သို့မဟုတ် ၂သောင်း၅ထောင်ခန့်လောက်သာဖြစ်နိုင်ကြောင်း၊
ဆက်လက်၍ ဇနီးမောင်နှံတစ်စုံလျှင် ကလေး ၁.၈၊ ပိုမို၍ ၂.၁ ဆိုလျှင်လိုအပ်လာမည့် လူဦးရေကို သူ့လူနဲ့သူပြန်ဖြည့်သွားနိုင်လိမ့်မည်
ဖြစ်ကြောင်း ပြောကြားသည်။
စင်္ကာပူအစိုးရ၏ ပညာရေးဝန်ကြီးအပါအဝင် ၁၇၀၀ သောကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျှတ်ရှိသော ဝါရင့်နိုင်ငံရေးဂုရုကြီး
Mr Lee Kuan Yew နှင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေ့ဆုံစကားပြောဆွေးနွေးပွဲကြီးတွင် Mr Lee မှ စင်္ကာပူနိုင်ငံကို မည်ကဲ့သို့
ရှေ့ဆက်ပဲ့ကိုင်သွားမည့်အကြောင်းပြောကြားနေရင်း သူ၏ပြောစကားများကို ရပ်တန့်၍ သူ့ကိုမေးမြန်းခဲ့သည့်မေးခွန်းရှင်ကို လှည့်ကြည့်
လိုက်ပါတယ်။ ထိုမှတစ်ဆက်တည်း -
Mr Lee မှ အသက်ဘယ်လောက်ရှိပြီလဲ ? ဟုမေးခွန်းထုတ်ခြင်းအပေါ် Ms Sim မှ အသက် (၂၇) နှစ်ရှိပြီဖြစ်ကြောင်း ပြန်လည်ဖြေကြား
ပါတယ်။ ထို့နောက်လျှင်မြန်စွာပဲ နောက်ထပ်မေးခွန်းများတစ်ခုပြီးတစ်ခုထပ်မေးပါတယ် -
အိမ်ထောင်ကျပြီလား ( အဖြေ - မကျသေးပါဘူး)
ဘယ်တော့ PhD ပြီးမှာလဲ ( အဖြေ - နောက် ၂ နှစ်ကြာရင်ပါ )
မှတ်ချက်တိုလေးတစ်ခုအနေဖြင့် Mr Lee မှ သြော် ဒါမဆို မင်း ဒေါက်တာဘွဲ့ရတဲ့အချိန်က အသက် ၂၉ နှစ်ဖြစ်နေပြီပဲ။
နောက်ဆုံးမေးခွန်းတစ်ခု အနေဖြင့် -
မင်းမှာ ယောင်္ကျားလေး မိတ်ဆွေ (boyfriend) ရောရှိပြီလား ( အဖြေ - မရှိသေးပါဘူး )
သူမေးခွန်းများမေးပြီးသည်နှင့်တပြိုင်နက် Mr Lee မှ ဆက်လက်၍ အမျိုးသမီးများ၏ အိမ်ထောင်ကျချိန်၊ ကလေးမွေးဖွားရန်သင့်တော်
ချိန်စတဲ့ အကြောင်းအနည်းငယ်ပြောပြီးသည်နှင့် -
“ မင်းကိုငါ့အနေနဲ့ အကြံပေးချင်တာကတော့ အချိန်ကုန်မနေပါနဲ့၊ မင်းရဲ့ ဒေါက်တာဘွဲ့ (PhD) နဲ့ တူတူ မင်းအတွက်ယောင်္ကျားလေး
မိတ်ဆွေတစ်ယောက်ပါရရှိပါစေလို့ ငါမျှော်လင့်တယ် ”
၁၇၀၀ သော ပရိသတ်စီမှ အလွန်ကျယ်လောင်သော ရယ်မောသံများထွက်လာသည် နှင့် အတူ Ms Sim ၏ မျက်နာမှာလဲ အရှက်ကြောင့်
နီရဲသွားစေခဲ့ပါတယ်။ The New Paper ဖြင့် အင်တာဗျူးတွင် သူမအနေဖြင့်အလွန်တရာ အရှက်တကွဲအကျိုးနည်းဖြစ်ရကြောင်း၊ မိမိ
ကိုယ်မိမိ ချက်ချင်းပျောက်ကွယ်သွားလိုကြောင်း၊ Mr Lee အဲ့ဒီမေးခွန်းတွေစမေးတဲ့အချိန်ကစပြီး သူ့စိတ်တွေဘာကိုဘာမှ မသိတော့ လောက်အောင်ဖြစ်သွားကြောင်း၊ နောက် (၁) နာရီလောက်ကြာအထိဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည်အထိဖြစ်သွားကြောင်း ဖြေကြား သွားခဲ့ပါတယ်။
သူမမျှော်လင့်ထားခဲ့ သည့် အပြန်အလှန်မေးခွန်းတစ်ခုမှ ပြန်မေးမလာခဲ့ပဲ မမျှော်လင့်ထားသည့် မေးခွန်းများအတွက် သူမစိတ်ကျေနပ်မှု
မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမမေးမြန်းသွားသည့်မေးခွန်းအပေါ် Mr Lee မှတိုက်ရိုက်မဖြေဆိုသည့် အတွက်လဲ Mr Lee ကို
အပြစ်တင်ချင်တဲ့ လေသံလေးတွေပါတယ်ဆိုတာ ကျနော်သတိထားမိပါတယ်။ တကယ်ဆိုရင် ကျနော့်အမြင်ပြောရရင်ဖြင့် သူမမေးတဲ့
မေးခွန်းရဲ့တစ်စိတ်တစ်ဒေသအပေါ်မှာ Mr Lee ကတိုက်ရိုက်မဟုတ်သော နိုင်ငံရေးစကားဖြင့်ပြန်လည်ဖြေကြားသွားခဲ့တယ်လို့မြင်ပါ တယ်။ စင်္ကာပူနိုင်ငံသား တွေကတော့လတ်တလော ရထားကြပ်တာတွေ၊ အလုပ်အတွက်ယှဉ်ပြိုင်ရတာတွေ အိမ်ဈေးတက်တာတွေ စတဲ့
အများအပြားသော ဆင်ခြေတက်မှုတွေကိုသာသိကြာပေမယ့် နောင်နှစ်ပေါင်းများစွာမှာတကယ်တန်းဖြစ်ပေါ်လာမည့် ပြသနာတွေကို
တော်တော်များများ က မသိကြပါဘူး။ တွေးလဲမတွေးကြပါဘူး။ သာမန်ပြည်သူမဆိုထားနှင့် ဒေါက်တာဘွဲ့ယူရန်ပြင်ဆင်နေသည့် သူမ
အနေဖြင့်တောင် သတိထားမိပုံမပေါ်ပေ။KOhttp://www.blogger.com/profile/11621868649139688780noreply@blogger.com6