ဒီပိုစ့်ကရေးထားတာ တော်တော်ကိုကြာပါပြီး တင်ပြီးပြီလို့စိတ်ထဲမှာ မှတ်ထားတာ။ ဟိုတစ်နေ့ကမှ မာမားကိုပေးဖတ်ချင်လို့ ပြန်ရှာ
တော့မှ မတင်ရသေးမှန်းသိတာနဲ့ အခုမှပဲ blog ပေါ်ကိုတင်လိုက်နိုင်ပါတယ်။ အပိုင်း (၁) ကိုမဖတ်ရသေးတဲ့ သူတွေများရှိရင် ပြန်ရှာဖတ်
နိုင်ပါတယ်။
ကျနော် ဟိုးစောစောပိုင်းမှာပြောခဲ့ ဖူးတဲ့အတိုင်း ကိုယ်ပိုင်အိမ်မဝယ်နိုင်သမျှ၊ သို့တည်းမဟုတ် ဝယ်နိုင်တောင် ဝယ်ခွင့်မရသေးသမျှ
တော့ အိမ်တွေဘယ်လောက် ပြောင်းနေရအုံးမလဲ မသိပါဘူး။ ကျနော်ရဲ့ ပထမပိုင်း မှာ နောက်ဆုံးပြောင်းခဲ့တဲ့ Bukit Gombak ကအိမ်
ကို နှစ်ယောက်သား mover ခေါ်ပြီး ပြောင်းကြပါတယ်။ ဒီတခါတော့ ပစ္စည်းတွေပါ တစ်ခါတည်းသယ်ဆောင် ဝန်ဆောင်မှုပေးတဲ့ မြန်မာ mover ကိုခေါ်ဖြစ်ပါတယ်။ တကယ့် mover စစ်စစ်ကြီးမဟုတ်ပဲ သူတို့အမြဲတမ်းအလုပ်လုပ်တဲ့ အလုပ်ချိန်အပြင်မှာ အပိုဝင်ငွေ ရှာတဲ့ mover ပေမယ့် တကယ့် professional mover တွေလိုပဲ ဝန်ဆောင်မှုနဲ့ လုပ်ငန်းကျွမ်းကျင်မှု ရှိပါတယ်။ အဲ့ဒီအိမ်ကို ပြောင်းပြီး တာ နဲ့ ပစ္စည်းတွေကို တက်နိုင်သမျှ ဖြည်ထုတ်နေရာချပြီး အခန်းထဲမှာ နေရာမဆန့်တော့ ပါလာတဲ့ မတ်တပ်ပန်ကာ တစ်လုံးကိုတဖက်က လွတ်နေတဲ့ အခန်းထဲမှာ ခဏထည့်ထားလိုက်မိပါတယ်။ နောက်တော့နှစ်ယောက်သား ညစာထွက်စားဘာညာနဲ့ ပြန်လာတဲ့အခါ အိမ်ရှင် အဖွားကြီး အသက်ကတော့ (၅၅-၆၀) စလုံးတရုတ်မကြီးပါ။ သူကပန်ကာကို ဘာဖြစ်လို့ တဖက်ခန်းထဲ ထားရတာလဲ ဆိုပြီးမေးတယ်။ သြော်နေရာမရှိလို့ နောက်တော့မှာ လွှတ်ပစ်ဖို့ခဏထားတာပါလို့ ပြောတော့ ပစ်စရာရှိလဲအမြန်ပစ်ဖို့ ပြောပါတယ်။ ကျနော့်စိတ်ထဲမှာ တော့ ဘာမှထွေထွေထူးထူးတော့ မဖြစ်သွားပေမယ့် ကျနော့်သူငယ်ချင်း ကတော့ စိတ်နည်းနည်း ခုသွားတယ်ပြော ရမှာပါ။ ထားပါတော့ စစခြင်းဆိုတော့ သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်းသူမသိ ဖြစ်တက်တာပဲလေ ဆိုပြီးစိတ်ထဲမှာမေ့ထားလိုက်တယ်ပေါ့ဗျာ။
အဲ့ဒီအိမ်အကြောင်း အပြည့်အစုံပြောရရင်တော့ အိမ်က ၂ ထပ်ပါတဲ့ HDB အိမ်ပါ။ အပေါ်ထပ်မှာတော့ masterbed room တစ်ခန်းနဲ့
Common room (၂) ခန်းအပြင် အိမ်သာ၊ ရေချိုးခန်း တွဲရက်တစ်ခန်း ပါပါတယ်။ အောက်ထပ်မှာတော့ ဧည့်ခန်း၊ စတိုခန်းထက်လဲ ကြီး၊
အိပ်ခန်းထက်လဲ သေးတဲ့ အခန်းတစ်ခန်း၊ နောက်တော့မိသားစုခန်း လို့ ပြောလို့ရတဲ့ တီဗွီကြည့်တဲ့ အခန်းကျယ်ကြီးတစ်ခုလဲ ပါပါတယ်။
မီးဖိုးချောင်မှာ ရေချိုးခန်း၊ အိမ်သာတွဲရက်တစ်ခန်း ထပ်ရှိပါတယ်။ အိမ်ရှင်တစ်မိသားစုလုံးဖြစ်တဲ့ အဖိုးကြီး အဖွားကြီး လင်မယား ၂ယောက်၊ သမီး (၂) ယောက် နဲ့ သား (၁) ယောက် စုစုပေါင်း (၅) ယောက်က အဲ့ဒီ မိသားစု တီဗွီကြည့်တဲ့ အခန်းထဲမှာ (၂) ထပ်ခုတင်
တွေနဲ့ အိပ်ကြပါတယ်။ သူတို့ဘယ်လိုတွေ နေကြလဲတော့ မပြောတက်ပါဘူး။ ဟိုစတိုခန်းသာသာ အခန်းလေးကိုတော့ Malaysian
ကျောင်းဆရာတစ်ယောက် ကိုဌားထားပြီး၊ အပေါ်ထပ်က Common Room ၂ ခန်းထဲက တစ်ခန်းကို ကျနော်တို့နေပြီး နောက်တစ်ခန်း
ကတော့ ကျနော်တို့ ပြောင်းပြီး ၃ ရက်လောက်မှာ တရုတ်ပြည်က အမျိုးသမီးတစ်ယောက်နဲ့ ကလေးလေး တစ်ယောက် ပြောင်းလာ
ကြပါတယ်။ ဒီတော့ အဲ့ဒီတစ်အိမ်လုံးမှာ ၁၀ ယောက်လောက်ဖြစ်နေတော့တာပေါ့။ ကျနော်တို့ စာချုပ်ထဲမှာ အင်တာနက် အသုံးပြုခွင့်
အချိန်မရွေးခွင့်ပြုကြောင်းနဲ့ အနည်းဆုံး (၃) လနေရမယ်လို့လဲပါပါတယ်။ ဒီအိမ်ကတော့ အိမ်ဌားပြီး လုပ်စားနေတဲ့ အိမ်ပုံမျိုး ဖြစ်တာ တော့အသေအခြာပါပဲ။ အလွန်သန့်တဲ့ အိမ်တွေစီကနေပြောင်းလာတဲ့ ကျနော်တို့ ၂ ယောက် အတွက် ဒီအိမ်ဟာ ညစ်ပတ်စုတ်ပြတ်
နေတဲ့ အနေအထားမှာလဲ ရှိပါတယ်။
နောက်တစ်နေ့ကျနော် ရုံးသွားတက်တဲ့ နေ့၊ အိမ်ပြောင်းပြီး (၃) ရက်မြောက်တဲ့နေ့မှာ ပြသနာစပေါ်ပါတယ်။ ကျနော့်သူငယ်ချင်းက
အဲ့ဒီတုံးက ကျောင်းတက်နေတုံးဆိုတော့ သူ့ project ဘာညာအတွက် အင်တာနက်သုံးဖို့ လုပ်တဲ့အခါမှာ အင်တာနက် Wi-Fi ကရှိ
မနေပါဘူး။ အဲ့ဒီတော့ အဖွားကြီးဆီဖုံးဆက်ပြီး အင်တာနက် ရှိမနေကြောင်းပြောတော့ သူ Router ကိုမေ့ပြီးပိတ်လိုက်မိကြောင်း ပြော
ပြီး၊ Wi-Fi နဲ့ Router ကိုဖွင့်ခိုင်းပါတယ်။ Wi-Fi ကတော့ ဧည့်ခန်းထဲမှာရှိပြီး Router ကတော့ သူတို့ရဲ့မိသားစု အခန်းထဲမှာပါ။ ဒီတော့
သူပြောတဲ့ အတိုင်းသွားဖွင့် ပြီးတော့လဲ မရပါဘူး။ နောက်တော့ အဖွားကြီးပြန်လာတဲ့နောက်၊ သူတို့ (၂) ယောက်ကြိုးစားကြသော်လည်း
မရပြန်ပါဘူး။ ဒီတော့လဲ လက်လျော့ပြီး ကျနော့်သူငယ်ချင်း သူ့အခန်းကိုပြန်မယ်လုပ်တော့ အဖွားကြီးက သူတို့ မိသားစုအခန်း ကို
နောက်အခါမှာဝင်ခွင့်မပြုကြောင်းပြောပါတယ်။ ကျနော့်သူငယ်ချင်းမှာလဲသူဝင်ခိုင်းလို့လဲဝင်ရပြီးအခုလိုအပြောခံရတော့ခွန်းကြီးခွန်းငယ် စကားနည်းနည်း များလိုက်ရပါတယ်။ စကားများတဲ့ အထဲမှာ ကျနော်တို့ အဝတ်လျှော်ပြီး အဝတ်လှမ်းတာ အစဉ်မပြေတဲ့ အကြောင်း၊ ပန်ကာကို လွှတ်မပစ်ပဲ ထားတဲ့အကြောင်း စတဲ့ဘာမှမဆိုင်တဲ့ အကြောင်းတွေပါထည့်ပြောပါတော့တယ်။ ကျနော်ရုံးကပြန်ပြန်လာချင်း ပဲ အဖွားကြီးက ဒီဖြစ်စဉ်ကိုပဲ ဆက်ပြီးပြောတဲ့အခါမှာ ကျနော်သူ့ပြောတာတွေနားထောင်လိုက်တာနဲ့တင်ဘယ်လို လူစားတွေ ဖြစ်တယ်၊ ဆက်နေလို့တော့မဖြစ်ဘူးဆိုတာ သိတော့၊ ချက်ချင်းပဲ (၁) လ Notice ပေးကြောင်း လကုန်တာနဲ့ပြောင်းမယ်လို့ ပြောလိုက်တော့ မမျှော်လင့်ထားတဲ့ စကားကိုကြားလိုက်ရတဲ့ အဖွားကြီးချက်ချင်း ကိုငြိမ်ကျသွားပါတော့တယ်။ ကျနော်က စိတ်မြန်ပြီး ရှေ့လျှောက်ကို ရှုပ်ရှုပ်ထွေးထွေးတွေ စိတ်ညစ်စရာတွေ မကြားချင်တာတွေ နဲ့တင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါပဲ။ အဖွားကြီး ကိုလဲ စိတ်တို၊ သူငယ်ချင်းကိုလဲ စိတ်တိုနဲ့ အဲ့ဒီညက တစ်ညလုံး နီးပါးအိပ်မပျော်လိုက်ပါဘူး။ နောက်နေ့ကြတော့ ကျနော်စိတ်ညစ်တာ သိတဲ့ ကျနော့် သူငယ်ချင်းပဲပြေလည်မှု ယူပြီးတော့ အဖွားကြီးနဲ့ ညှီနှိုင်းလိုက်တဲ့အခါမှာတော့ အိမ်ပြောင်းဖို့ကိစ္စ မလုပ်ဖြစ်တော့ပါဘူး။ သိတဲ့ အတိုင်း အိမ်တစ်ခါ ပြောင်းဖို့ပစ္စည်းတွေပြန်ထည့်ရဘာရ နဲ့ဆိုတော့ ဒီအတိုင်းခဏ သည်းခံနေလိုက်ပါမယ်လို့ ဆုံးဖြတ်မိတာကတော့ ကျနော့် ဘဝ ရဲ့ အမှားဆုံး ဆုံးဖြတ်ချက်တွေ ထဲကတစ်ခုအပါအဝင်ပါပဲ။
နောင်အခါများမှာလဲ ဒီအင်တာနက် ဟာတစ်ခါတလေလဲရ၊ တခါတလေလဲမရနဲ့ ဘာမှမပြောတော့ပဲ (၂)ယောက်သား ဆက်နေလိုက် ကြပါတယ်။ အိမ်သားတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်လဲရန်ဖြစ်သလို အော်ကြီးဟစ်ကျယ်တွေပြောကြတာ အဖွားကြီး ရဲ့ အသံဟာ အကျယ်ဆုံးပါပဲ။ ကျနော်တို့ပြောင်းပြီး ပြောင်းလာတဲ့ တရုတ်သား အမိနှစ်ယောက်လဲနေလို့မှာ (၁) လမပြည့်ခင်အဖွားကြီး နဲ့ ရန်ဖြစ်ပြီး ပြောင်းသွားကြတာတွေ့ရတော့ ငါတို့မလွန်ပါလား လို့တွေးမိပါသေးတယ်။
အဲ့ဒီအိမ်မှာ ကျနော့်အတွက်အဓိက ပြသနာကတော့ ရေအလွန်ကြိုက်တဲ့ ကျနော့်မှာ ရေချိုးခန်း ရေပန်းကရေထွက်တာ နည်းတော့ရေချိုး
ရတာ မဝသလို ခံစားရတာပါပဲ။ တကယ်တန်းတော့ ရေကုန်မှာစိုးလို့ ရေထိန်းဘားတစ်ခုကနေ ထိမ်းထားတာပါ။ အဲ့တာကြောင့် နောင်
အခါများ အိမ်ဌားဖို့အိမ်သွားကြည့်မယ်ဆိုရင် ရေပန်းနဲ့ရေဘုံဘိုင်တွေကို ဖွင့်ပြီးစစ်ဖို့လိုကြောင်း ကိုယ့်စိတ်ထဲမှာတေးထားလိုက်ရ တယ်။ အဲ့လိုနဲ့ (၄) လ လောက်နေပြီးတော့ကျနော့်မိဘတွေ လာနေမယ်ဆိုတော့ အိမ်ရှာဖို့လုပ်ရပြန်ပါတယ်။ ဒီတကြိမ်တော့ ပထမဆုံး
အကြိမ် whote unit ဌားဖို့ဖြစ်လာတော့ internet website တွေမှာရှာ၊ သတင်းစာထဲမှာလဲ ကြော်ငြာထည့်ရှာ၊ ကိုယ်တိုင်လဲ သတင်းစာ
ဖတ်ပြီးရှာဖြစ်ရတယ်။ အိမ်ဈေးတွေလဲ ခန့်မှန်းထားတဲ့ဈေးထက် ၂၀၀ - ၃၀၀ ကိုကွာနေတော့တာပါ။ အစကတော့ အနောက်ပိုင်းဒေသ
တွေဖြစ်တဲ့ Bukit Batok, Jurong West/East ပေါ့။ Boon Lay ဖက်မှာလဲ အခန်းတွေသွားကြည့်ဖြစ်တယ်။ မှန်းထားတဲ့ဈေးနဲ့ မကိုက်တာ
နဲ့၊ အိမ်အနေအထားမကောင်းတာနဲ့စသည်ဖြင့်ပေါ့။ တစ်ရက်ကြတော့ သတင်းစာထဲက ကြော်ငြာတစ်ခုထဲကပဲ Commonwealth ဆို
တော့ မှန်းထားတဲ့နေရာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့်လဲ ဈေးသင့်တော်တာကြောင့် သူငယ်ချင်းနဲ့ ၂ ယောက်သား သွားကြည့်
ဖြစ်ကြတယ်။ ကံကောင်းချင်တော့ အိမ်လာကြည့်တဲ့ လူကနောက်ထပ် Indian တစ်ယောက်ပဲကျနော်တို့အပြင်ရှိတယ်လေ။ တချို့တွေ
လဲသိကြမှာပါ။ အိမ်သွားကြည့်လို့ ၄-၅ အုပ်စုဆိုရင် ပွဲစားက လေလံပစ်သလို ဈေးအမြင့်နဲ့အခုချက်ချင်း စပေါ်တင်နိုင်တဲ့သူကိုဌားတာ
ဆိုတော့လေ။
အဲ့ဒီနေ့ကတော့ (၂) ယောက်ထဲဆိုတော့ ပြသနာမရှိဘူး။ လက်ရှိနေနေတဲ့ အိမ်ဌားက Indian မိသားစုတစ်ခုပါ။ အိမ်အနေအထားကလဲ
အရှေ့နေထွက်၊ အနောက်နေဝင် အပူဒဏ်ခံရဖို့မရှိဘူး။ MRT နဲ့လဲ မနီးမဝေး၊ ဈေး နဲ့ Food Court ကလဲအနားမှာရှိတယ်။ Bus Stand
တစ်ခုကလဲ တိုက်ရှေ့မှာတင်ဆိုတော့ မဆိုးဘူးပေါ့။ အိမ်နီးနားချင်းကလဲ အေးဆေးငြိမ်သက်လောက်တဲ့ လက္ခဏာမှာရှိတယ်ဆိုတော့
ပွဲစားကိုခဏစောင့်ခိုင်း သူငယ်ချင်းနဲ့ မြန်မြန်တိုင်ပင်ပြီး ပွဲစားကိုချက်ချင်းပဲ စရံပေးပြီး ပြောင်းမယ့်ရက်ကို သက်မှတ်လိုက်ပါတယ်။
ကျနော်တို့အဲ့ဒီတုံးကနေနေတဲ့ Bukit Gombak အိမ်ကနေပြောင်းဖို့ (၃) ရက်အလိုမှာ Commonwealth အိမ်ကိုလွှဲပြောင်းယူထားလိုက်
ပြီး ၃ ရက်အတွင်းမှာ သန့်ရှင်းရေးကိုအတော်ကြီးလုပ်လိုက်ရတယ်ဗျာ။ အရင်နေသွားခဲ့တဲ့ အိမ်ဌားက Indian ဆိုတော့ သူတို့အသုံးပြု
လေ့ရှိတဲ့ အမွှေးအကြိုင်တွေကြောင့်စွဲနေတဲ့အနံတွေကို Air Fresher တွေ၊ အိမ်ကြမ်းတိုက်တာတဲ့ဆေးတွေနဲ့ (၂) ယောက်သား တစ်နေ
ကုန်နီးပါး သန့်ရှင်းလိုက်ရတယ်။ အဲ့ဒီအိမ်မှာ အိမ်သွားကြည့်တုံးကမသိလိုက်ရတဲ့ အားနည်းချက်လေးတစ်ခုကို ပြောင်းပြီးတော့မှပဲ
သိရတောတာ။ ရထားအသံကို အလွန်ကြောက်တက်လို့ MRT နဲ့ အလွန်မနီးနဲ့နေရာမှာနေပါတယ်ဆိုမှာ တိုက်အနောက်ဖက်ကနေ
မလေးရှားကို သွားတဲ့ ရထားလမ်းရှိနေပါရောလား။ ဒီရထားက MRT ထက်ဆိုးတဲ့အပြင် ဥသြတောင်ဆွဲလိုက်သေးဗျာ။ ဒါမယ့် MRT လို
တော့ မိနစ်ပိုင်းတစင်းဖြတ်နေတာ မဟုတ်လို့တော်ပါရောလားဗျာ။ သို့သော်လည်း မကြာခင်ကာလ ဇူလိုင်လက စပြီးတော့ Malaysia
Railway Station ကို Woodlands ကိုပြောင်းသွားတဲ့အတွက် ပိုမိုတိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို ပြန်ရောက်သွားလို့ စလုံး
အစိုးရနဲ့ မလေးရှားအစိုးရတို့ကိုပဲ ကျိတ်ပြီးကျေးဇူးတင်နေရတော့တာပါပဲဗျာ။
အိမ်ပြောင်းတော့လဲ အရင်တစ်ခေါက်က ဌားတဲ့ Mover ကိုပဲခေါ်ဖြစ်ပါတယ်။ အခန်းကိုသန့်ရှင်း ရေးလုပ်၊ သော့အပ်ပြီးတော့ အခန်းကို တက်ကြည့်ပါအုံး ဆိုတော့အဖွားကြီးတက်ကြည့်၊ အိုကေတယ်ဆိုပြီး စဘော်တင်ထားတာ ပြန်ပေးလိုက်ပါတယ်။ကျနော့်စိတ်ထဲမှာတော့ ဒီအဖွားကြီးနဲ့ ကိစ္စပြီးပြီလို့ထင်ထားတာ မပြီးပဲ၊ နောက်နေ့မှာကျနော့်စီဖုံးဆက်ပြီး ရေချိုးခန်းဘေစင် အောက်က Filterမှာညစ်ပတ်တာ တွေ ထည့်ခဲ့ကြောင်း၊ ကျနော့်သူငယ်ချင်းကသူ့ကိုမကျေနပ်လို့ တမင်လုပ်တာဖြစ်ကြောင်း၊ ဖုံးထဲမှာ ရန်တွေ့ပါတော့တယ်။ ကျနော်က ပထမတော့ ကောင်းကောင်းမွန်မွန် ပဲအိမ်ခန်းမအပ်မီမှာ စစ်ဆေးပြီးလို့ deposit လဲပြန်ပေးပြီးပြီ ဖြစ်လို့ဘာမှမဆိုင်တော့ကြောင်း၊ ရေချိုးခန်းဆိုတာ ကျနော်တို့ ၂ ယောက်ပဲသုံးတာမဟုတ်ပဲ ဘေးခန်းက နောက်မှပြောင်းလာတဲ့ ယောင်္ကျားလေး (၂) ယောက်အပြင် အောက်က ကျောင်းဆရာလဲ သုံးတဲ့ ဘုံသုံးဖြစ်လို့ ဘာဆိုဘာမှ တာဝန်မယူနိုင်ကြောင်းပြောတော့ မကျေမနပ်နဲ့ဖုံးကိုပိတ်ပစ်လိုက်ပါ တယ်။ ကျနော့်သူငယ်ချင်း ဆိုတာပေါင်းလာတာ ၄ နှစ်ကျော်ပြီမို့ သူဒီလိုစိတ်မျိုးမရှိပဲ၊ အားအားယားယား အဲ့လို လုပ်စရာလဲ မရှိတာကို ကျနော်ကောင်းကောင်းသိပါတယ်။ အဖွားကြီးသတ်သတ်စိတ်ပုပ် ပြီး ပြသနာရှာတာ အင်မတန်မှ အောက်တန်းကျတာ သိသာ လွန်းပါ တယ်။
ဒီတခါ စလုံးအိမ်မှာ နေပြီးတဲ့နောက်မှာတော့ နောင်တခါများ စလုံးအိမ်ဌားနေဖို့ ဆိုတာစဉ်းတောင်မစဉ်းစားရဲတော့ပါဘူး။ တချို့အိမ်ရှင် များဆိုလဲ အင်မတန်ကောင်းပါတယ်။ ကျနော့်သူငယ်ချင်း အချို့ဆိုအဝတ်ကအစလျှော်ပေး၊ မီးပူထိုးပေးတဲ့ အိမ်ရှင်တွေနဲ့တွေ့ဖူးကြတာ ကြားဖူးသိဖူးတဲ့ အပြင် ကျနော် Lakeside မှာနေတုံးကအိမ်ရှင်ဆို၊ တရုတ်နှစ်ကူးဆို မုန့်ဖိုးပေး၊ အိမ်မှာရှိတဲ့ မုန့်တွေဝေပေး၊ ကိုယ်က အပြင်သွားနေ အဝတ်တွေ ကို အပြင်ထုတ်လှန်းခဲ့လို့ မိုးရွာရင်ရုပ်ပြီး ခေါက်သိမ်းပေးစတဲ့ ကိုယ်ချင်းစာတရား၊ စိတ်ကောင်းထားတဲ့ အိမ်ရှင်တွေလဲ အများကြီးရှိပါတယ်။ ဒီတခါသာ ကံဆိုးစွာနဲ့ မကြုံစဖူးထူးခြား ဆိုးသွမ်းတဲ့ အိမ်ရှင်နဲ့တွေ့မိလိုက်ရတာပါပဲ။ နောင်အခါ အဲ့လို လူမျိုးတွေနဲ့ မတွေ့ပါရစေနဲ့လို့ဆုတောင်းမိပါရဲ့။ ။
13/05/2011
1549 hrs, Jurong Island Singapore.
Modify on 26/07/2011
1034hrs.
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
Tuesday, July 26, 2011
Tuesday, July 12, 2011
ရန်ကုန်သို့ အခွန်ဆောင်ခရီး
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
ကျေးဇူးပြုပြီး Forward mail များနှင့် အခြားမည်သည့် blog/website များတွင်မှ ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်။
ဒီအကြောင်းအရာကတော့ ကျနော့်မှတ်တမ်းမှတ်ရာလေး သက်သက်ပါပဲ။ ၂၀၁၀ ခုနှစ် ဖေဖဝါရီလက ရန်ကုန်ကိုရောက်ခဲ့ပြီးနောက် ဒီနှစ် ၂၀၁၁ မှာတော့ အိမ်ကမိဘတွေကလဲ စင်္ကာပူမှာရောက်နေတော့ ပြန်စရာလမ်းမရှိတော့ဘူးလို့ တွေးထားပေမယ့် တကယ့်ကို အစီအစဉ်
မရှိပဲ ကောက်ကာငင်ကာနဲ့ အမိမြန်မာပြည်ရဲ့ ရန်ကုန်မြို့ကို ၂၀၁၁ ခုနှစ်ဇွန်လ ၁၉ ရက်နေ့ကပြန်လည်ရောက်ရှိခဲ့ပါတယ်။
အခုနှစ်ဆန်းပိုင်းလောက်ကနေ ပြောသံတွေကြားလာရတဲ့ ရန်ကုန်မှာပြန်ပြီး အခွန်ဆောင်၊ ပါတ်စ်ပို့သက်တမ်းတိုးတယ်ဆိုတဲ့အကြောင်း
ကိုသေသေခြာခြာ လိုက်မေးလိုက်တော့ ဘယ်သူမှလဲ ရေရေရာရာ ပြောမပြနိုင်ပါဘူး။ ကျနော့်စာအုပ်က ၂၀၁၂ ဖေဖဝါရီလမှာ ကုန်မှာဆို
တော့ အခု သြဂုတ်လကစပြီး စာအုပ်သက်တမ်း (၆) လမရှိတော့တဲ့အတွက် နိုင်ငံပြင်ပကိုထွက်ပြီး ခရီးထွက်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။
ပထမတော့ အောက်တိုဘာလောက်ကြမှပဲ ငွေကုန်ရင်လဲကုန်ပါစေ စင်္ကာပူက မြန်မာသံရုံးမှာပဲအေးအေးဆေးဆေး ဆောင်ပြီး သက်တမ်း
တိုးတော့မယ် စိတ်ကူးထားတာပါ။ ကျနော်ဆောင်စရာရှိတာကလဲ စုစုပေါင်း (၄၂) လစာမှာ၊ S Pass နဲ့တချို့၊ PR နဲ့တချို့ဆောင်ရမှာ
ကိုအတိအကျ တွက်ချက်လိုက်တဲ့အခါမှာတော့ ဒေါ်လာ ၃၈၇၀ လောက်ပေးရဖို့ရှိနေပါတယ်။ ရန်ကုန်မှာဆောင်မယ်ဆိုရင်တော့
သက်သာမယ်ဆိုတာ သိပေမယ့် ဘယ်လောက်ရက်ကြာအောင်စောင့်ရမှာလဲ၊ ဘယ်လိုလုပ်ရမှာလဲ ဆိုတဲ့ အဆက်အသွယ်ကို အသေခြာ
ကြီးမသိတဲ့အခါမှာတော့ ဘယ်လိုမှ မလုပ်ရဲသလောက်ပါ။
ဒီလိုနဲ့ အကယ်ဒမီများရှင် မမို့နဲ့ မထင်မှတ်ပဲ ခင်မင်ရင်နှီးရာကနေ ကိုဇော်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ကို သံရုံးမှာဆောင်တဲ့ အခွန်ကိစ္စ
တစ်ခုကို မေးမြန်းစုံစမ်းတော့ သူက ရန်ကုန်မှာသွားဆောင်ဖို့အကြံပေးပါတယ်။ သူကိုယ်တိုင်ကလဲ ရန်ကုန်မှာ လွန်ခဲ့သောမကြာသေးခင်
ကာလကဆောင်ခဲ့တာဆိုတော့သူ့ကိုအသေးစိတ်စုံစမ်းတဲ့အခါမှာလဲ သူက ဆက်ဆံရေးအလွန်ကောင်းမွန်ပြီး လိုချင်တဲ့ အချက်အလက်
တွေကို အတိအကျပေးနိုင်တဲ့ Customer Service အရာရှိ တစ်ယောက်ပီသစွာပဲ သိချင်တဲ့ အသေးစိတ်အချက်အလက်တွေ နဲ့ ကျနော် မေးသမျှကို အလုပ်များနေတဲ့ကြားက စိတ်ရှည်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နောက်ဆုံးအဆင့် အနေနဲ့ ဒီအခွန်ကိစ္စ၊ စာအုပ်သက်တမ်း တိုးကိစ္စတွေကို One Stop ဆောင်ရွက်ပေးနိုင်တဲ့ အကျိုးဆောင်ပုဂ္ဂိုလ် ရဲ့ အဆက်အသွယ်ကိုပါ ပေးခဲ့ပါသေးတယ်။
ကျနော်လဲ စဉ်းစားစဉ်းစားနဲ့ အိမ်ပြန်ရောက်တော့ မာမားကို အောက်တိုဘာလောက်မှာတော့ ရန်ကုန်ပြန်ပြီး ဒီကိစ္စ ကိုလုပ်မယ် ဆိုတော့ မာမားက ကိစ္စအမြန်ပြီးလေ ကောင်းလေဆိုပြီး ဇူလိုင်လထဲမှာ ပြန်သွားလုပ်ဖို့ပြောပါတယ်။ ဇူလိုင်လထဲမှာကြည့် လိုက်တော့ ကျနော် သွားလို့ရနိုင်တဲ့ ရက်ပိုင်းတွေမှာ ဓမ္ဓစတြာနေ့ နဲ့ အာဇာနည်နေ့ ပိတ်ရက်တွေကခံနေပါတယ်။ ပိတ်ရက်တွေခံနေ ရင် processing လုပ်တဲ့ကာလကိုထိခိုက်မှာ စိုးတဲ့အတွက် ဇွန်လကုန်လောက်မှာ သွားဖို့စီစဉ်ပြီး မန်နေဂျာကို ခွင့်တင်တော့ မန်နေဂျာက လကုန်ရက် အလုပ်များတက်တဲ့အတွက် ခွင့်စာမှာ လက်မှတ်ထိုးပေးပေမယ့် မျက်နာသိပ်မကောင်းလှပါဘူး။ ဒါကြောင့် လကုန်ရက်မတိုင် မီများသွား လို့ရမလားဆိုပြီး ပြန်မယ့်ရက်ကို ဇွန်လ (၁၉) ရက်နေ့လို့သတ်မှတ်ထားလိုက်ပါတယ်။
အဲ့ဒီတချိန်ထဲမှာပဲ ဒီကဆောင်ထားတဲ့အခွန်စာရွက်၊ ကျနော့်စာအုပ်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကျနော့်ရဲ့အလွန်အားကိုးရတဲ့
ညီအရင်းကဲ့သို့ ခင်တဲ့ ကိုဖြိုးစီကို Scan နဲ့ပို့၊ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်ဆီကိုသွားတွေ့ခိုင်းပြီး ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်မှာလဲ
ကြာမယ့်ရက် စတာတွေကို မေးမြန်းစုံစမ်းစေပါတယ်။ ဆောင်ရွက်ပေးမယ့်သူနဲ့ နောက်ဆုံးသဘောတူညီချက်ရပြီး တဲ့နောက်မှာတော့
ကျနော်ပြန်လာမယ့် ရက်ကတိုလွန်းတာကြောင့် တချို့ကြိုတင် ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို သူကကြိုတင်ဆောင်ရွက်နှင့်နေပါပြီ။
ရန်ကုန်က ကျနော့်စီကို မီးစိမ်းရတဲ့ ရက်ကတော့ သောကြာနေ့ ဇွန်လ ၁၇ ရက်နေ့ပါ။ ဒီနောက်မှာတော့ Travel Agent ဆီဖုံးဆက်ပြီး
လေယာဉ်ပျံလက်မှတ်ရ မရ မေးတော့ MIA က ၃၅၀ နဲ့ စင်္ကာပူကနေရန်ကုန်ကိုရပေမယ့် ရန်ကုန်ကနေ စင်္ကာပူကို ကျနော်မျှော်လင့်ထား
တဲ့ရက် မရပါဘူး။ Jetstar ကလဲ Fix Date ဖြစ်မှရမယ်ဆိုတော့ အစဉ်မပြေပြန်ပါဘူး။ နောက်ဆုံးရွေးချယ်ရာ အဖြစ် Silk Air လက်မှတ်
ကိုမေးတော့ ၄၂၀ ပါတဲ့။ ဒါနဲ့ ခပ်မြန်မြန်လေး online ပေါ်တက်ကြည့်တော့ Silk Air Online Direct Sales က ၃၉၀ ဆိုတာနဲ့ သိပ် မတွေးတော့ပဲ ချက်ချင်းလက်မှတ်ဝယ်လိုက်ပါတယ်။ ရန်ကုန်ကိုလဲ ၁၉ ရက်နေပြန်လာပြီးတဲ့နောက် ၂၀ ရက်နေ့ကစပြီး အဲ့ဒီ ကိစ္စ တွေ
ကိုစတင်လုပ်မယ်ဆိုပြီး ကြိုတင်ချိန်းဆိုထားပါတယ်။
ပြန်သမျှခရီးတွေထဲမှာ ဒီတခါပြန်တာတက်သုတ်ရိုက် အလျှင်အမြန်ဆုံးပါပဲ။ စနေနေ့မှာ ရန်ကုန်ကိုယူသွားစရာလေးတွေ အမြန်ပြေးဝယ်
လိုက်ရသေးတယ်။ ၁၉ ရက်နေ့ နေ့လည်လေကြောင်းနဲ့ ရန်ကုန်ကို ညနေ ၄နာရီခွဲလောက်မှာပြန်ရောက်ပါတယ်။ ညီမလေးနဲ့ သူ့
သူငယ်ချင်းတစ်ယောက် လာကြိုကြပါတယ်။ မြန်မာ လဝက မှာတော့ ထုံးစံအတိုင်း ဖြေရှင်းလိုက်တာ အေးအေးချမ်းချမ်း ပြည်ဝင်ခွင့်ရ
ပါတယ်။
ဇွန်လ (၂၀) ရက်နေ့ - Day 1 Monday
မနက်စောစောထဲက တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ လက်ကိုင်ဖုံးတစ်လုံးယူဖို့ရှိတာနဲ့ အိမ်ကမနက်စာတောင်မစားနိုင်ပဲ လိုအပ်တာတွေ
ယူပြီး လမ်းကြုံလိုက်တဲ့ ညီဝမ်းကွဲနဲ့အတူ တက်စီတစ်စင်းဌားပြီးထွက်လာပြီးတဲ့နောက် လမ်းတစ်ဝက်အရောက်မှာ အိတ်ထဲမှာ မြန်မာငွေ
တပြားမှမပါတာ သတိရလိုက်ပါတယ်။ ကံကောင်းလို့ လမ်းကြုံလိုက်လာတဲ့ ညီစီကနေ ငွေတစ်သောင်းချေးပြီး လိုရာကိုရောက်အောင်
သွား၊ အဲ့ဒီကနေ ဖုံးတင်မက နောက်ထပ်ငွေ လေးသောင်းပါထပ်ချေးပြီး မြို့ထဲကအကျိုးဆောင်ရုံးရှေ့ရောက်တော့ ၉ နာရီခွဲခါနီးပါ။
ရုံးပေါ်ကိုတက်ကြည့်တော့ ရုံးကမဖွင့်သေးပါဘူး။ ကျနော်ကလဲ မြန်မာစံတော်ချိန်ကိုမေ့ပြီး ကိုယ့်စံချိန်နဲ့ကိုယ်ဆိုတော့ ရုံးရှေ့မှာ နာရီဝက်လောက်စောင့်ပြီး တဲ့နောက်မှာတော့ အကျိုးဆောင်ရုံးတက်လာပါတယ်။ သူ့ရုံးမှာထိုင်စောင့်ပြီး တော်တော်ကြာတော့ တခြား
စာအုပ်အသစ်လုပ်ဖို့ လာတဲ့ကောင်လေးတစ်ယောက်နဲ့ တူတူ ပါတ်စ်ပို့ရုံးသွားဓာတ်ပုံရိုက်ရပါတယ်။ ပါတ်စ်ပို့ရုံးထဲကိုဝင်ဖို့ အဆင့် ၂ ခု
စစ်ဆေးပါတယ်။ ပါလာတဲ့ခါးပတ်အိတ်ကိုဖွင့်ပြပြီး ခန္ဓာကိုယ်ကိုလဲ ရှာပါတယ်။ အိတ်ကြီးကြီးမှန်သမျှယူလို့မရပါဘူး။ ဓာတ်ပုံရိုက်တာ
တော့ အတော်မြန်ပါတယ်။ တရုံးလုံးလူတွေကတော့ အုံးအုံးကျွတ်ကျွတ်ပါပဲ။ အဲ့ဒီကိစ္စပြီးတော့ ငွေလဲဖို့အတွက် ပုဇွန်တောင်ဈေးက အမ
ဝမ်းကွဲရဲ့ ပဲပွဲရုံကိုသွားဖို့ ပန်းဆိုးတန်းထိပ်ကိုထွက်တဲ့အခါ များပြားလှတဲ့ ဘတ်စ်ကားတွေတန်းစီပြီး မှတ်တိုင်တွေအော်နေတာနဲ့ Taxi ခ
သက်သာရအောင် အော်နေတဲ့စပယ်ရာ ကို ပုဇွန်တောင်ဈေးရောက်လားလို့မေးတော့ ရောက်တယ်ဆိုတာနဲ့ တက်စီးလိုက်ပါတယ်။
ပုဇွန်တောင်ဈေးမှာ အမ နဲ့ထိုင်စကားပြော ငွေလဲပြီး ဆူးလေဖက်ကိုပြန်သွားဖို့တော့ ဘတ်စ်အစဉ်မပြေလောက်တော့တာနဲ့ တက်စီပဲစီး
ပြီး ပြန်သွားလိုက်တယ်။ အဲ့ဒီနေ့ကငွေဈေး 1 US$ ကို 793 ကျပ်ပါ။
နေ့လည်စာစားဖို့အချိန်ကလဲ ရောက်နေပြီဆိုတော့ ကျနော်စားနေကြ ချစ်တီးထမင်းဆိုင် ရွှေမြို့တော်ကိုသွားရှာတဲ့ အခါဆိုင်ကပြောင်း
သွားပြီတဲ့ဆိုတော့ ဘာစားရမှန်းမသိတော့ပါဘူး။ ဒီလိုနဲ့ ရှေ့ဆောင်ရုပ်ရှင်ရုံအောက်က ရှမ်းခေါက်ဆွဲဆိုင်သတိရတာနဲ့ အဲ့ဒီသွားပြီး
ရှမ်းခေါက်ဆွဲနဲ့ နေ့လည်စာပြီးသွားပါတယ်။ အချိန်လေးနည်းနည်းရသေးတာနဲ့ အင်တာနက်ဆိုင်လေးဝင်ပြီး အီးမေးလ်းလေးဘာလေး
စစ်ပြီး အကျိုးဆောင်ရုံးကို သွားထိုင်စောင့်ရပါတော့တယ်။ ကျနော့်ကိစ္စအတွက် အခွန်ဆောင်ဖို့ကိုကြိုလုပ်ထားပြီး အဲ့ဒီအချိန်မှာတော့
အခွန်ဦးစီးမှူးစီကို လက်မှတ်ထိုးခိုင်းထားပါတယ်။ တကယ့်အတိုင်းဆိုရင်တော့ အဲ့ဒါကတစ်ရက်ကြာပါတယ်တဲ့။ လက်မှတ်ကလေးထိုး
တုံးလေးထုတာ တစ်ရက်တောင်စောင့်ရတယ်ဆိုတော့ အေးပေါ့ မြန်မာနိုင်ငံကိုးလို့တွေးမိပါရဲ့။ တကယ်တော့ အဲ့ဒီနေ့မှာပဲ၊ အခွန်ဦးစီးမှူး
လက်မှတ်ထိုး နိုင်ငံခြားကုန်သွယ်မှူဘဏ်မှာငွေသွင်းအကုန်ပြီးရမှာဖြစ်ပေမယ့် အခွန်ဦးစီးရုံးမှာကြာနေတဲ့အတွက် အဲ့ဒီငွေသွင်းတဲ့စီကို
မရောက်တော့ပဲ အဲ့ဒီနေ့ကတော့ ညနေ ၄ နာရီလောက်အထိ ထိုင်စောင့်ပြီးဘာမှမပြီးစီးလိုက်ပါဘူး။ နောက်နေ့အင်္ဂါနေ့ကို ၂ နာရီလာခဲ့
ပါလို့ပြောတာနဲ့ ကျနော်လဲပြန်လာခဲ့လိုက်ပါတယ်။
အဲ့ဒီကနေ ဆရာစံလမ်းမှာရှိတဲ့ ကျနော့်အလွန်ခင်မင်ရတဲ့ ကိုဖိုးသားတို့စီကိုသွား အေးအေးဆေးဆေးစကားပြောနဲ့ ညနေကြတော့ ကိုဖြိုး
နဲ့ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဥဥ (ငုံးဥ) တို့ရွှေလီမှာ အသားကင်နဲ့ ဘီယာလိုက်ကျွေးပါတယ်။ ငါးကင်မစားရတာကြာတော့
အတော်လေး အရသာတွေ့မိပါရဲ့။
ဇွန်လ ၂၁ ရက်နေ့ - Day 2 (Tuesday)
မနက်ပိုင်းတစ်ခုလုံးအားနေတာနဲ့ လိုအပ်တာတွေပြန်ယူဖို့အတွက် အိမ်ပြန်ပါတယ်။ ထုံးစံအတိုင်း ငွေကုန်သက်သာချင်လို့ လှိုင်သာယာ
ကိုတိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားကိုစီးကာမှ လမ်းတစ်ဝက်မှာ ကောင်းမောင်းတဲ့ Driver ကဗိုက်အောင့်လို့ကားဆက်မမောင်းနိုင်တော့
ဘူးဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်ပါတော့တယ်။ ကားစပါယ်ယာကတော့ သူတို့ရဲ့ HQ ကိုဖုံးဆက်ပြောတော့ ကားတစ်စင်းအစား
လွှတ်ပေးမယ်ဆိုပြီး ခရီးသည်တွေကိုစောင့်ခိုင်းပါတယ်။ ကျနော်ကတော့ မစောင့်နိုင်တာသေခြာလို့ ကားပေါ်ကဆင်းပြီး ရှေ့မှာလာရပ်တဲ့
နောက်ထပ် ဘတ်စ်ကားတစ်စင်းပေါ်ခုန်တက်လိုက်သွားတာ ကားကလှိုင်သာယာကိုမရောက်ပဲ ဘုရင့်နောင်လမ်းဆုံအထိပဲရောက်မယ်တဲ့
ရောက်ရာပေါ့။ ဘုရင့်နောင်ကြတော့ ကားပေါ်ကဆင်းတော့ မိုးတွေကလဲရွာနေပါပြီ။ ကိုင်းတစ်ဖက်ပြုတ်နေတဲ့ Singtel က အလကားရတဲ့
ထီးကိုပဲ အားကိုးအားထားပြုပြီးတော့ ကားလမ်းတစ်ဖက်ခြမ်းကိုကူးပြီး ကျနော့်တို့အိမ်နားကိုရောက်တဲ့ ကားကိုမေးမြန်းပြီးစီးလိုက်ပါ
တယ်။ ဒီတစ်ခါတော့ ရမ်းသမ်းမတက်ရဲတော့ဘူးဗျာ။ လမ်းထိပ်ရောက်တော့လဲ လမ်းထိပ်မှာမိုးရွာလို့ ရေနည်းနည်းလေးကြီးနေပါတယ်။
ဘယ်တက်နိုင်မလဲ ရေထဲပဲဖြတ်လျှောက်ပေါ့။ ဒီလိုနဲ့ အိမ်ရောက်ပြီး လိုတာတွေထည့်ပြုပြီး ပြန်သွားမယ်လုပ်တော့ ညီမလေးက လူကြုံ
ထည့်ပေးလိုက်တဲ့ မျက်မှန်ကိုအလုံမှာ ရှိတဲ့အဒေါ်အိမ်ကို ဝင်ပို့လိုက်ပါဆိုတာနဲ့ ဒီတခါတော့ ငါတက်စီပဲစီးသွားတော့မယ်ဆိုပြီး လက်ကိုင်
baggage တစ်လုံးပါလိုတာတွေ အကုန်ထည့်ယူသွားပြီး လမ်းထိပ်ကိုထွက် Taxi ဌားပါတယ်။ ကံ က ကိုယ့်ဖက်မလိုက်ပဲဖြစ်နေတယ်ထင်
ပါရဲ့ တက်စီကတစ်စင်းမှမလာပါဘူး။ လာတဲ့တက်စီကလဲဈေးကိုအဆမတန်တောင်းနေတာနဲ့မလိုက်ဘူးဟဲလို့တင်းခံနေတာ။ နောက်ဆုံး
ဘာကားမှမလာတာနဲ့ အလုံရောက်တယ်ဆိုတဲ့ အထူးဘက်စ်ကားတစ်စင်းနဲ့လိုက်ခဲ့ပြန်ရော။ ကြည့်မြင်တိုင်ငါးဈေးရှေ့လောက်ရောက်
တော့ ဖုံးဆက်ပြီး မျက်မှန်ကို ကားဂိတ်မှာလာယူခိုင်းမယ်ဆိုပြီး ဖုံးဆက်တော့ ဖုံးကတချိန်လုံးကောင်းနေရာကနေ လုံးဝဆက်သွယ်လို့
မရတော့ပါဘူး။ တရုတ်လုပ် Touch Screen ဖုံးဆိုတော့ ကျနော်လဲဘယ်ခုလုတ်ကိုနိုပ်ပြီး restart လုပ်ရမယ်တောင်မသိပဲ နောက်ဆုံး
အလုံကိုရောက်သွားတဲ့ အခါမှာတော့ မလွှဲမရှောင်သာပဲ အဒေါ်ရဲ့အိမ်ကို အထုတ်တွေတဖက် ထီးတစ်ဖက်နဲ့ရေတွေ ချွေးတွေရွှဲပြီးရောက်
သွားပါတော့တယ်။
နေ့လည် ၂ နာရီရောက်တော့ အကျိုးဆောင်ရဲ့ ရုံးကိုသွားထိုင်စောင့်ပါတယ်။ ကံကောင်းချင်တော့ ကျနော်နဲ့တူတူပဲ process လုပ်တဲ့ထဲ
မှာ စင်္ကာပူက ပီအာအကိုကြီးတစ်ယောက်လဲ ပါပါတယ်။ အဲ့ဒီနေ့ကသူ့ကိုလဲ ၂ နာရီလာပါဆိုပြီး ချိန်းထားတော့ ကျနော်ရောက်ပြီး ခဏ
မှာသူလဲရောက်ပြီး ကျနော်တို့ဘာမှန်းမသိတာကို ထိုင်စောင့်နေကြပါတယ်။ ခဏနေရုံးပေါ်တက်မယ် (ပါတ်စ်ပို့ရုံး) လို့ပြောတာလဲ
အခေါက်ပေါင်း ၂၀ လောက်တော့ရှိနေပါပြီ။ လိုနေတဲ့စာရွက်တစ်ခုကိုစောင့်နေတယ်လို့ပဲ နားလည်ထားမိပါတယ်။ ဒါအပြင် ရုံးထဲမှာရှိနေ
တဲ့သူ့အဆက်အသွယ်တွေစီကနေ သတင်းပို့ချက်အရ ရဲမှူးဆိုတဲ့ အရာရှိကြီးကလဲ ရုံးပေါ်မှာမရှိပဲ အပြင်သွားတာ ၃နာရီခွဲလောက်မှပြန်
ရောက်ပါမယ်ဆိုတော့ ပိုမလောတော့ဘူးပေါ့။ နောက်ဆုံးမှာတော့ ကျနော်နဲ့ ဟိုအကိုနဲ့ (၂) ယောက်သား ၃နာရီခွဲခါနီးလောက်မှာရုံးပေါ်
တက်ပြီး သက်သာဆိုင်လေးမှာ အကျိုးဆောင်ရဲ့ဝန်ထမ်း ကောင်လေးနဲ့တူတူထိုင်စောင့်နေရပါတယ်။ ရဲမှူးကလဲပြန်မလာသေးတဲ့ အပြင်
ကျနော်တို့စာရွက်စာတမ်း အဓိကအားဖြင့်အခွန်ကင်းရှင်းမှုကို စစ်ဆေးတာလဲ စတောင်မစရသေးပါဘူး။ ဒီလိုနဲ့ ညနေ (၄) နာရီထိုး
တော့ ရဲမှူးတော့ပြန်ရောက်လာပါတယ်၊ ကျန်တဲ့လက်အောက်ခံ ရဲဝန်ထမ်းတွေ တော်တော်များများက မြန်မာရုံးများရဲ့ ထုံးစံအတိုင်းရုံး
ဆင်းကုန်ပြီဆိုတော့ ကျနော်တို့ (၂) ယောက်သားစိတ်ပျက်ပျက်နဲ့ အကျိုးဆောင်ရုံးကို တပ်ခေါက်ကြရပြန်ပါရော။ တင်္နလာနေ့မှာတင်
မှာ သောကြာနေ့မှာစာအုပ်ထွက်ရမယ်ဆိုတော့ အခုအင်္ဂါနေ့မှာလဲ မတင်လိုက်နိုင်တော့ သောကြာနေ့ထွက်မထွက်ဆိုတာသိပ်မပြောနိုင်
ဘူးဖြစ်နေတော့တာပေါ့။ ဒါမယ့် အကျိုးဆောင်ကတော့ သေခြာပေါက် Double Confirm ရအောင်လုပ်ပေးမယ်ပြောတယ်ဆိုတော့ နည်း
နည်းလေးတော့ စိတ်အေးနိုင်ပါသေးတယ်။ ကျနော်တို့လဲ နောက်နေ့အတွက်အချိန်းအချက်တွေလုပ်ပြီး ပြန်လာခဲ့ကြရတာပေါ့။
ဇွန်လ ၂၂ ရက်နေ့ - Day 3 (Wednesday)
မနက် (၉) နာရီကို စာအုပ်ရုံးရှေ့မှာ ဟိုအကိုနဲ့ရော၊ အကျိုးဆောင်ရဲ့ ဝန်ထမ်းကောင်လေးနဲ့ရောချိန်းထားတော့ ကျနော်ကတော့ ၈း၄၀
လောက်ထဲကရုံးရှေ့မှာထိုင်စောင့်နေလိုက်တယ်။ ရုံးကြီးမဖွင့်မီထဲက ရုံးရှေ့မှာရုံးထဲဝင်ဖို့စောင့်နေတဲ့လူတွေ ရာဂဏန်းရှိတယ်ဗျာ။
အမျိုးသားဝင်ပေါက် နဲ့ အမျိုးသမီးဝင်ပေါက်ခွဲထားပြီးတော့ လူတွေကိုတန်းစီဝင်အောင်ရဲတွေက ပြောနေတာတွေ့ရတယ်။ မြန်မာတွေမှာ
ဒီလိုတန်းစီတဲ့ စနစ်ကမရှိပဲ ပြုံဝင်ချင်တဲ့စိတ်ကတော့ ဘယ်တော့များမှပျောက်မလဲ စဉ်းစားလို့မရနိုင်ပါဘူး။ ခဏနေတော့ ဟိုအကိုလာ
တဲ့အချိန်ကြတော့ ရုံးထဲကိုလဲပေးဝင်ပြီးပြီဆိုတော့ ကျနော်တို့လဲတန်းသိပ်စီစရာမလိုတော့ပဲ မြန်မြန်ဝင်နိုင်ပါတယ်။ ဒါတောင်မှပေါ်တင်
ကြားဖြတ်ဝင်တဲ့ ၂ ယောက်လောက်ကိုပေးဝင်လိုက်ရပါသေးတယ်။
ရုံးထဲရောက်လို့ ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်ကို ဆက်သွယ်ပြီးခဏစောင့်နေတော့ ကျနော်တို့ရဲ့ သူတို့အခေါ်အမှုတွဲဆိုတဲ့ စာရွက်စာတမ်း
တစ်ထပ်ကြီးကိုပေးပါတယ်။ စာရွက်တစ်ရွက်လက်ရေးနဲ့ ရေးထားတာတွေတော့ အရာရှိတစ်ယောက်လက်မှတ်ထိုးထားတဲ့ အခွန်စစ်ဆေး
ပြီးကြောင်းစာရွက်ပါ။ မနေ့ကကျနော်တို့ ပြန်သွားပြီးတဲ့အချိန်မှာ စစ်ဆေးပေးထားတာကိုပဲ ကျေးဇူးတင်လှပါပြီ။ မဟုတ်ရင် ဒီအခွန်စစ်
ဖို့အတွက်ကို ဒီမနက်မှာ တန်းစီနေရအုံးမှာပါ။ အခွန်စစ်တဲ့ အရာရှိ (၄)ယောက်ပဲရှိပါတယ်။ အဓိက ကတော့ ပါတ်စ်ပို့စာအုပ်ကအဝင်
အတွက်တုံးတွေကို ကြည့်ရှူပြီးနိုင်ငံခြားမှာ ဘယ်လောက်ကြာအောင်နေခဲ့လို့ ဘယ်လောက်အခွန်ဆောင်ထားတာ မှန်မမှန်ကိုစစ်ဆေး
တာပါ။ ခုနကစာရွက်တွေကိုယူပြီးတော့ စားပွဲတစ်လုံးမှာ ခုနကအခွန်စစ်ဆေးပြီးကြောင်း စာရွက်ကို copy ဆွဲ၊ နောက်ထပ်စာရွက် စာတမ်း တချို့ဖြည့်စွတ်ပြီးတော့ ရဲမှူးအခန်းရှေ့မှာသွားစောင့်ကြပါတယ်။ ရဲမှူးစီကိုတွေ့ဖို့စောင့်နေတဲ့ လူတွေကလဲ ထုံးစံအတိုင်း
တန်းစီတာဘာညာမလုပ်ပဲ စုပြုံတိုးနေ၊ ဒီကြားထဲ ရဲမှူးရုံးခန်းရှေ့ကနေ ပါတ်စ်ပို့စာအုပ်အသစ်တွေကို ထုတ်ပေးနေတော့ ရှုပ်ယှက်ကို
ခပ်နေတာပါပဲ။ ရဲမှူးကလဲ ဧည့်သည်လူကြီးတွေနဲ့ အစည်းအဝေးလုပ်နေလို့တော်တော်နဲ့လူတွေကိုလက်မှတ်မထိုးပေးနိုင်ပါဘူး။
ခဏနေတော့ လူကြီးတွေလဲပြန် ကျနော်တို့အမှူတွဲတွေကိုလဲ ရဲမှူးရုံးခန်းထဲပို့ပြီးလို့ ၁၀ မိနစ်လောက်ကြာတော့ မည်သို့မည်ပုံလုပ်
လိုက်သည်မသိပဲ ကျနော်တို့အမှုတွဲတွေက ရဲမှူးမှတ်ချက်စာရွက်အဝါလေးတစ်ရွက် နဲ့အတူအပြင်ကိုပြန်ထွက်လာပါတယ်။ လူတွေကို
ပြုံတိုးပြီး ရဲမှူးအခန်းထဲလဲဝင်မတွေ့လိုက်ရပါဘူး။
အမှုတွဲယူပြီး ဆက်ပြီးသွားရမယ်ဆိုတဲ့ အခန်းတစ်ခန်းကိုသွားတော့ ရဲအရာရှိတစ်ယောက်က စာရွက်တွေကို စစ်ဆေးပေးပါတယ်။ အဲ့ဒီ
မှာ ကျနော်တို့ပထမဆုံးစာအုပ်လုပ်တဲ့အချိန်တုံးက အခြေခံပညာအထက်တန်းအဆင့်အထိရောက်ခဲ့တယ်လို့ရေးလို့ရခဲ့ပေမယ့်၊ ဒီတခါ
သက်တမ်းတိုးတဲ့အခါမှာတော့ ၁၀ တန်းအောင်မြင်ပြီး ပြည်ပနိုင်ငံတစ်ခုမှာ ဆက်လက်ပညာသင်ကြား၍ ဘွဲ့ရရှိခဲ့တယ်လို့ ရေးမှအစဉ်
ပြေတော့တယ်ဗျာ။ မြန်မာပြည်တွင်းမှာ ဘွဲ့ရရှိခဲ့တယ်ဆိုရင်တော့ ပညာရေးလျှော်ကြေးဘာညာတွေ ရှုပ်မှာဖြစ်တဲ့အတွက် ပြည်ပမှာရခဲ့
တယ်လို့ရေးရတာပါ။ တကယ်အမှန်အတိုင်းဆိုရင်တော့ ပြည်ပကရခဲ့တဲ့ ဘွဲ့လက်မှတ်ကိုလဲတောင်းစစ်ရမှာပေါ့။ အရာရှိကလဲမေးတယ်
ပြည်ပမှာ ကျောင်းပြီးတာလား ဆိုတော့ ဟုတ်ကဲ့ပေါ့။ ဒါဆိုအထောက်အထားရောပါလားဆိုတော့ မပါဘူးခဗျ။ ကျနော် အကိုကြီးအတွက်
ကြည့်စီစဉ်ပေးပါ့မယ် ဆိုတဲ့ စာရွက်စာတမ်းအထောက်အထားနဲ့တင် အကုန်အေးဆေးဖြစ်ပြီး စာရွက်တွေမှာတုံးတွေထု၊ လက်မှတ်တွေ
ထိုးပြီး၊ လက်ဗွေရာနိုပ်တဲ့စီသွားခိုင်း လက်ဗွေနိုပ်ပြီးတဲ့နောက် စလစ်တစ်ခုထွက်လာချိန်မှာတော့ ဒီပါတ်စ်ပို့ရုံးကိစ္စမှန်သမျှပြီးစီး သွားခဲ့
ပါတော့တယ်။ ဒီတော့ အကျိုးဆောင်ရုံးကိုသွား စလစ်ပေးပြီး စနေမနက်မှာစာအုပ်ထွက်လာနိုင်ဖို့ ထပ်ပြီးအပူကပ်ရတာပေါ့။ ဟိုအကို
နဲ့မိသားစုက Sunday မနက်လေပျံနဲ့ စင်္ကာပူကိုပြန်မှာဖြစ်ပြီး ကျနော်ကတော့ နေ့လည်လေပျံနဲ့ ပြန်မှာဆိုတော့ စနေမနက်ကိုရမှဖြစ်
မှာပါ။ အကျိးဆောင်ကလဲ သူ့အဆက်အသွယ်စီဖုံးထပ်ဆက်ပြီး ပြောတော့ ဟိုဖက်ကလဲ ကူညီပေးမယ်လို့ပြောတာကြားတော့စိတ်ဒုံးဒုံး
ချနိုင်ပါတော့တယ်။ (သူတို့အပိုင်းမှာတော့ ဒီလိုအလျှင်အမြန်ကူညီရတဲ့အတွက် မေတ္တာနဲ့တုန့်ပြန်တာတွေတော့ရှိမှာပေါ့ဗျာ)
အဲ့ဒီနောက်မှာတော့ ဗိုလ်ချုပ်ဈေးကိုပြေးပြီး ရုံးကအထက်အရာရှိများအတွက် လက်ဆောင်လေးတွေပြေးဝယ်၊ မျက်မှန်အတွက်မျက်စိ
စစ်ဆေးပြီး မှန်အသစ်လုပ်တဲ့ကိစ္စတွေကို အလျှင်အမြန်ဆက်တိုက်လုပ်ရတော့တာပေါ့။ ရွှေတိဂုံဘုရားကိုလဲ ဒီတစ်ခေါက်တော့ ရအောင်
သွားဖူးမယ်ဆိုပြီး နေ့လည်ပိုင်းပဲ မြန်မြန်လေးသွားဖူးပြီး ဓာတ်ပုံလေးနည်းနည်းရိုက်ဖြစ်တယ်။ ညနေတော့ ချိန်းဆိုထားတဲ့ ညစာအစီ
အစဉ်အရ ဒီညတော့ ကိုဖိုးသားတို့မိသားစုနဲ့ ကုန်သည်ကြီးများမှာ ဘူဖေးစားဖြစ်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့ - Day 4 (Thursday)
မနက်ပိုင်းတော့ ဟိုးအရင်ငယ်ငယ်ကနေခဲ့တဲ့ကုက္ကိုင်းက အမျိုးတွေစီသွားကန်တော့၊ အဲ့ဒီကနေရန်ကင်းစင်တာ စီတီးမတ်မှာ မြန်မာအစားအစာ ဝယ်ချင်တာလေးတွေဝယ်ဖြစ်တယ်။ နေ့လည်ပိုင်းတော့ ဘယ်မှမသွားဖြစ်တော့ပဲ တည်းတဲ့နေရာမှာပဲနားနေပြီး ညနေ ၄ နာရီမှာ (၈)မိုင် သမားတော်ဆေးခန်းမှာအထူးကုဆရာဝန်ကြီးတစ်ယောက်နဲ့ ခြေထောက်ထုံကျင်တဲ့ပြသနာ ပြဖို့အတွက်သွား
တယ်ဗျာ။ တုံကင်နံပါတ်က (၁၈) ဆိုပေမယ့် ကြားထဲမှာ ဆေးကြော်ငြာ promoter တွေကဖြတ်ဖြတ်ဝင်နေတော့ (၁) နာရီမကထိုင်စောင့်
လိုက်ရတယ်။ တကယ်ဆိုရင် ဆေးခန်းတွေအနေနဲ့ ဆရာဝန်ကြီးတွေလူနာကြည့်ချိန်မှာ ဒီလိုမျိုးလုံးဝကိုခွင့်မပြုသင့်ပါဘူး။ သူတို့ဘယ်
လိုဘယ်ပုံ အပေးအယူတွေလုပ်ထားကြလဲတော့မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်မဖြစ်သင့်ဘူးဗျာ။ တချို့လူနာတွေဆိုရင် အာရုံကြောထိထား
တာတို့ဘာတို့ဆို သူတို့မှာ ထိုင်ခုံမှာထိုင်ရတာကို အစဉ်မပြေဖြစ်နေတာလေ။ ထင်ထားတာထက်ကြာသွားတော့အပြေးအလွှားတည်းတဲ့ စီပြန်ပြေး ပြင်ဆင်ပြီး ညစာအစီအစဉ်အရ အင်းယားလမ်း ခေမရဂ်က စိုင်းတို့မိသားစု၊ သူငယ်ချင်း ဂွတ်ရွတ်တို့နဲ့ ဆီဒိုးနားမှာစားဖြစ်
ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောလို့တကယ့်ကို ပျော်စရာကောင်းတဲ့ ညစာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ကား လမ်းပြောင်းပြန်မောင်းခဲ့တာတွေ၊ Pionner မှာ ဝိုင်းရိုက်ခံရတော့မှာမို့လို့ ကားမောင်းထွက်အပြေးမှာ ကျနော် ကျန်ခဲ့လို့ ပြေးလိုက်ပြီး Holywood ရုပ်ရှင်ထဲအတိုင်း ကားပေါ်ဒိုင်ဗင်ပစ်ဝင်ခဲ့ရတာတွေ၊ စတဲ့ပြန်ပြောကြတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။
ဇွန်လ ၂၄ ရက်နေ့ - Day 5 (Friday)
ဒီနေ့တော့ဘာမှ မယ်မယ်ရရမလုပ်ဖြစ်ပါဘူး။ မနေ့ကဆရာဝန်ညွန်ကြားလိုက်တဲ့ ဆေးတွေကိုသွားဝယ်ပါတယ်။ အဲ့ဒီနောက်တော့ လဲထားတဲ့ငွေက မလောက်တော့လဲ မြို့ထဲသွားပြီးငွေနည်းနည်းသွားလဲ၊ မျက်မှန်ပြန်သွားရွေးနဲ့၊ နေ့လည်စာတော့ သိပ်ကြိုက်တဲ့ ဒံပေါက်
ကို ဆိုင်မှာထိုင်စားဖြစ်တယ်။ စာအုပ်ဆိုင်သွားလိုချင်တဲ့ စာအုပ်တွေအပြတ်ဝယ်မယ်ဟေ့လို့အားခဲထားပေမယ့် စာအုပ်ဈေးတွေကကြီး
တော့ တစ်အုပ်ပဲဝယ်ဖြစ်ပါတယ်။ အလွန်တရာစောင့်ရတဲ့ အင်တာနက်ကိုလဲ e-mail ဖွင့်စစ်ရုံအတွက် အင်တာနက်ဆိုင်လဲရောက်ဖြစ်
တယ်။ ညနေကြတော့ ညစာအစီအစဉ်အရ ရေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်းတွေအခုတော့ သင်္ဘောသားတွေဖြစ်နေပြီဖြစ်တဲ့
ဖိုးညီတို့ အောင်ကိုကိုတို့နဲ့ ဆရာစံလမ်းက ရွှေလီအသားကင်ဆိုင်မှာ ဘီယာနဲ့ အသားကင်နဲ့ပေါ့။ ပျော်စရာကောင်းပါတယ်။
ဇွန်လ ၂၅ ရက် - Day 6 (Saturday)
မနက်စောစောထဲက နိုးနေပြီး အကျိုးဆောင်ရုံးရှိရာကို ဆူးလေအထိ ဘတ်စ်ကားစီးသွားပြီး ထုံစံအတိုင်း သူအလာကိုထိုင်စောင့်ပါတယ်။
၁၅ မိနစ်လောက်ကြာတော့ သူရောက်လာပြီး ကျနော့်စာအုပ်အဟောင်းနဲ့ အသစ်နဲ့ကိုထုတ်ပေးပါတယ်။ တကယ့်ကို ပြောထားတဲ့ ကတိ
အတိုင်းအဖြစ်မနေ လုပ်ပေးနိုင်တာကို ချီးလဲချီးကျူးတဲ့အပြင် ကျေးဇူလဲတင်ပါတယ်။ အစပိုင်းမှာကြန့်ကြာမှုတွေရှိနေပေမယ့် ပြောထား
တဲ့အတိုင်းဖြစ်အောင်လုပ်ပေးနိုင်တဲ့ အတွက်ပေးရတဲ့ ပေးလိုက်ရတဲ့ ငွေနဲ့တန်တယ်ပြောလို့ရပါတယ်။
ကျနော့်ဘဝမှာ အမြန်ဆုံးနဲ့ရခဲ့ တဲ့ စာအုပ်အသစ်ပါပဲ။ ကြုံတုံးလေး ပြောရရင်တော့ ပထမဆုံးစာအုပ်ကို အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် မိမိအစီအစဉ်နဲ့မိမိ လိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ စာအုပ်ကိစ္စတွေကို ကိုယ့်သဘောနဲ့ကိုယ်တစ်ယောက်ထဲ ပုံမှန်လုပ်ငန်း စဉ်အတိုင်းလုပ်တာပါ။ လူတွေ ကြားထဲတန်းစီ၊ ဘဏ်မှာငွေသွင်းစတာတွေ၊ ပုံစံ၁၇ တွေ ပုံစံ ၁၉ တွေလဲ၊ ကိုယ်တိုင်ပဲကျဲခဲ့ရတာ။ ပုံမှန်လုပ်ငန်းစဉ်က အဲ့တုံးက (၃)လကြာပါတယ်။ (၃)လပြည့်ခါနီးကလဲဖြစ် ပြိုင်ပွဲကိုလဲသွားရခါနီးမှာ စာအုပ်ကမထွက်လာနိုင်သေးပါဘူး။
အဲ့ဒါကြောင့်အားကစားဝန်ကြီးဌာနကို ကျနော့်ဆရာကြီး ဦးမိုးမြင့်ကနေတဆင့်အကူအညီတောင်းတော့ အားကစားဝန်ကြီးဌာနကနေ
စာတစ်စောင်ထုတ်ပေးပြီး အမြန်ဆုံးကူညီပေးဖို့ ပြည်ထဲရေးကိုအကူအညီတောင်းခံပါတယ်။ စာကိုလဲကိုယ်တိုင်လက်နဲ့ကိုင်ပြီးအဲ့ဒီတုံး
က ပါတ်စ်ပို့ မင်းကြီးဖြစ်တဲ့ ဗိုလ်မှူးကြီးသက်ထုဋ်ရုံးခန်းအထိ ဝင်တွေ့ပြီးအကူအညီတောင်းရပါတယ်။ အမှန်အကန်လာခဲ့ ကူညီမယ်ဆို
တဲ့ တပိုးလက်ဆောင်လုံးဝမှလက်မခံဘူးလို့ နာမည်ကြီးတဲ့ မင်းကြီးက ပေးလိုက်တဲ့ စာရွက်ပေါ်မှာ မင်နီနဲ့ “ ယနေ့ချက်ချင်းဆောင်ရွက်
ပေးရန် ” ဆိုတဲ့မှတ်ချက်ရေးပေးလိုက်ခြင်းဖြင့်၊ မင်းကြီးကိုယ်ရေးအရာရှိက မနက်ဖန်ပြန်လာခဲ့လို့ကျနော့်ကိုပြောပါတယ်။ နောက်နေ့
သွားတော့ မင်းကြီးစားပွဲပေါ်မှာ ကျနော့်စာအုပ်ရောက်နေပြီး၊ မင်းကြီးရုံးတက်လာပြီးပြီးချင်း ချက်ချင်းစာအုပ်ပေါ်မှာလက်မှတ်ထိုးပေးပြီး
တဲ့နောက် ထုံးစံမဟုတ်ပဲ စာအုပ်ကို မင်းကြီးရုံးခန်းကနေတိုက်ရိုက်ထုတ်လာနိုင်ပါတယ်။
ဒုတိယအကြိမ်သက်တမ်းတိုးတဲ့အခါမှာလဲ (၃) လလောက်ကြာပါတယ်။ အဲ့ဒီတုံးကတော့ အဲပုဂံမှာအလုပ်လုပ်နေပြီဆိုတော့ ဝန်ကြီးဌာန
ပေါင်းစုံက ထိပ်တန်းအရာရှိကြီးများရဲ့ ပတ်သတ်ရာပတ်သတ်ကြောင်းမိသားစုများ အလုပ်လုပ်ရာမှာ ပြည်ထဲရေးနဲ့ပတ်သတ်တဲ့တစ်
ယောက်ကိုရှာဖို့ မခက်ခဲခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ စာအုပ်သက်တမ်းတိုးထွက်တာလဲ လျောလျောလှူလှူနဲ့ အမြန်ဆုံးထွက်လာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်လောက်တော့ ဘယ်လိုမှမမြန်နိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စံချိန်စံနှုန်းအတိုင်းဆိုရင် တကယ့်ကိုမပင်
မပန်းနဲ့ ပြီးဆုံးအောင်မြင်ခဲ့တာပါ။ ကျနော်တို့လိုရန်ကုန်ပြန်အခွန်ဆောင် စာအုပ်သက်တမ်းတိုးဖို့ တရားဝင်အမြန်နှုန်းကတော့ (၂)ပါတ်
ကြာပါတယ်တဲ့။ ဒါလဲမဆိုးပါဘူးဗျာ။ ကျနော်ကတော့ အချိန်ကမရလို့ အဲ့လိုဖုတ်ပူမီးတိုက်လုပ်လိုက်ရတာပါ။
စနေနေ့အကြောင်းပြန်ဆက်ရရင်တော့ အကျိုးဆောင်က ကိစ္စတစ်ခုအကူအညီတောင်းပါတယ်။ ကျနော်ပြန်ယ့် Flight နဲ့တူတူ စလုံးကို
သွားမယ့် အမျိုးသမီးတစ်ယောက်ထည့်ပေးလိုက်ချင်လို့တဲ့၊ သူ့မှာလဲ Elglish လိုမတက်တခါမှလဲ ပြည်ပမထွက်ဖူးလို့ဆိုတော့ ကိုယ်လဲ
ကိုယ်ချင်းစာစွာနဲ့ ကိုယ့်ကိုကူညီထားတဲ့ ကိစ္စတွေကလဲရှိနေတော့ ကူညီပါမယ်လို့အာမခံလိုက်ပါတယ်။ ရှမ်းအရှေ့မြောက်လောက်ကိုင်
အထူးဒေသရဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ရဲ့ပတ်သတ်ရာပတ်သတ်ကြောင်းပါ။ ကိုယ့်စာအုပ်ကိုယ်ရပြီးပြီဆိုတော့ စိတ်ထဲရှင်းလင်း
ပေါ့ပါးစွာနဲ့ပဲ၊ တည်းခိုရာကိုပြန်ပြီး လူကြုံပစ္စည်းများလက်ခံခြင်းကိုလုပ်ပါတယ်။ နေ့လည်ကျတော့ကိုဖြိုးရောက်လာပြီး ၂ ယောက်သား
နေ့လည်စာစား ကျနော်လဲဆက်တိုက်ပင်ပန်းထားတော့ တစ်ရေးတစ်မောအိပ်လိုက်သေးတယ်။ ညနေကိုတော့ ကျနော်ကတော့ ကိုဖြိုး
တို့နဲ့အစီအစဉ်ရှိတော့ ညီမလေးနဲ့ သူ့သူငယ်ချင်းကို ဆီဒိုးနားကတရုတ်ဆိုင်မှာပဲ သူတို့ကသူတို့စားခိုင်းလိုက်ပြီး၊ ကျနော်နဲ့ ကိုဖြိုး
ရန်ကင်းစင်တာမှာ Red label တစ်လုံးဝယ်၊ အမြည်းနဲ့စားစရာတွေ ဝယ်လာမယ့် ဥဥ ကိုထိုင်စောင့်တာ ကျေးဇူးရှင်က ည ၈ နာရီခွဲ
လောက်မှပေါက်ချလာပါတယ်။ သောက်ကြစားကြ၊ စကားတွေပြောကြနဲ့ တော်တော်လေးကြာတော့မှ သူတို့သူငယ်ချင်း မင်းရုံ ကို ဖုံးဆက်ခေါ် ကျနော်နဲ့မိတ်ဆက်ပေးပြီး ထပ်ဝိုင်းဖွဲ့စားသောက်လိုက်ကြတာ တစ်ပုလင်းလုံး တက်တက်စင်အောင်ပြောင် ပါတော့တယ်။ အလုပ်နဲ့အိမ်ပဲနေ့စဉ်နဲ့အမျှ ကျင်လည်နေရတဲ့ ကျနော့်မှာ အခုလိုလေးပြန်ခါနီး တစ်ညနေသူငယ်ချင်းတွေနဲ့ နေလိုက်ရတာ အတော် ကိုပျော်ပါတယ်။
ဇွန်လ ၂၆ ရက် - Day 7 (Sunday)
ဒီနေ့တော့ ပြန်ရတော့မယ်ဆိုတော့ မနက်စာစားပြီးတော့ လာခေါ်တဲ့ကားကလဲ အစဉ်သင့်စောင့်နေပြီဆိုတော့ ကိုဖြိုး၊ ဥဥ နဲ့ မင်းရုံတို့
ကိုနှုတ်ဆက်၊ လှိုင်သာယာအိမ်ကို အမြန်ပြန်ပါတယ်။ ကျနော့်မှာလဲ ဒီကျနော်တို့လမ်းထိပ်နဲ့ ကံအကျိုးမပေးထင်ပါရဲ့ လမ်းထိပ်ရောက်
တော့ မြေကြီးသယ်တဲ့ကားတစ်စီး ပျက်ပြီးလမ်းပိတ်နေလို့ ကားကဝင်မရပါဘူး။ ပတ်မောင်းဖို့ကလဲဝေး၊ လမ်းကလဲဆိုးတော့ အိမ်ကို
ဖုံးဆက်ပြီး အိမ်ကကောင်မလေးတွေကို ပါလာတဲ့ပစ္စည်းတွေလာသယ်ခိုင်းကာ လမ်းလျှောက်ဝင်လိုက်ရရောဗျာ။ အိမ်ရောက်တော့ ပစ္စည်း
တွေပြန်နေရာချ ရေမိုးချိုးပြီး အိပ်ယာထဲ ၁၀ မိနစ်လောက်လှဲပြီး ရန်ကုန်ရောက်တုံးမှမတွေ့လိုက်ရင် စိတ်မကောင်းဖြစ်နေရမယ်ဆိုပြီး
မမို့ဆီကိုညီမလေးနဲ့တူတူသွားပါတယ်။ မမို့နဲ့သူ့အမျိုးသားတို့လက်ခံစကားပြောကြပြီး မမို့ကသူစလုံးအိမ်ကို အရမ်းပေးချင်တဲ့ ငရုတ်ဆုံတောင်းတစ်ခု နဲ့ ပါပါး အတွက် ရှောက်သီးအလုံး ၁၅ လုံးလောက်ပေး လို့ ကီလိုတောင်ဝင်ပါ့မလားဆိုပြီး စိတ်ပူရသေး တယ်။ မမို့စီကနေ ပြီးတော့ လူကြုံကိစ္စ အတွက် လောက်ကိုင်ခေါင်းဆောင်အိမ်ကိုသွား ခေါ် သူတို့ကားနဲ့ပဲလေဆိပ်ကိုလိုက်ပို့ခိုင်းလိုက်တယ်။
လေဆိပ်ရောက်တာနဲ့ ဖြည့်စရာရှိတဲ့စာရွက်တွေကိုဖြည့် လေကြောင်းလိုင်း ကောင်တာမှာ Check In ဝင်တော့ အရင်ကလောက်မဆိုးပဲ
ကျနော်လိုချင်တဲ့ ခုံကိုလျှောလျှောရှုရှု ပဲပေးပါတယ်။ ရှောက်သီးက ကီလိုပိုမယ်ထင်ပေမယ့် ဟိုတရုတ်မရဲ့ အထုတ်နဲ့ ပေါင်းချိန်လိုက် တော့မပိုပဲ အစဉ်ပြေသွားပါတယ်။
ကိစ္စတွေပြီးတော့ ထိုင်ခုံတစ်ခုမှာထိုင်ပြီး သူ့အတွက်စာရွက်စာတမ်းတွေစီစဉ်ပေး၊ ထုံးစံအတိုင်းတွေစာအုပ်ထဲ ညှပ်ပြီးသွားတော့မယ်
လုပ်တော့ အဲပုဂံကသူငယ်ချင်းဟောင်းတွေနဲ့တွေ့လို့ စကားပြောရသေးတာ။ နောက်တော့ လေဆိပ် လဝကကိုအဖြတ်မှာ ထုံးစံအတိုင်း
ကြောင့်ဘာမှ ထွေထွေထူးထူးတွေမမေးပဲနဲ့ ဘယ်နေ့ကပြန်ရောက်တာလဲလို့ မေးတော့ ကျနော်ကလဲမေ့ပြီး (စာအုပ်အဟောင်းတောင်း
ကြည့်မှာလဲဆိုးတာပါတယ်) လွန်ခဲ့တဲ့အပါတ်ကရောက်ပါတယ်ဆိုတော့ စာအုပ်အသစ်မှာ ရေးထားတဲ့ ဒီစာအုပ်ကယခင်အဟောင်းနံပါတ်
ကို replacement လုပ်ထားတာဖြစ်ကြောင်း ကိုပြပြီးတော့ “ တယ်မြန်ပါလား ဘယ်နှယ်လုပ်လိုက်တာလဲ ” ဆိုပြီး၊ ကျနော်ကို တစ်စုံတစ်
ယောက်လို့ထင်သွားပြီး စာအုပ်ကိုပြန်ပေးလိုက်ပြီးတဲ့ နောက်အမိမြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာလာပါတော့တယ်။
“အထူးကျေးဇူးတင်ရှိခြင်း”
ရန်ကုန်မှာ အခွန်ဆောင်ခြင်း ကိစ္စတွေကိုအသေးစိတ်အတိအကျ information တွေပေး၊ မေးသမျှစိတ်ရှည်ရှည်နဲ့ ဖြေပေးပြီး လိုအပ်တဲ့
အဆက်အသွယ်ရှာပေးတဲ့ ကိုဇော်ဇော်ထွန်း၊ ရန်ကုန်ကိုမပြန်မီ အကျိုးဆောင်နဲ့ဆက်သွယ်ပြီး လိုအပ်တာတွေအကုန်စီစဉ်ပေးထားတဲ့
အမြဲတမ်းအားကိုးနေရသော ကိုဖြိုး၊ လေဆိပ်မှာလာကြိုပြီး သမားတော်ကြီးနဲ့ပြဖို့ စီစဉ်ပေးတဲ့ ညီမလေးဖြူထွေးဟိန်းနဲ့ သူ့သူငယ်ချင်း
ဗိုလ်ကြီး Dr. ကျော်သူရဇော်၊ အသားကင်နဲ့ ဘီယာတိုက်တာအားမရသေးပဲ ဒုတိယအကြိမ် အစားအစာတွေအများကြီး ဝယ်လာပေးတဲ့
ညီလေး အောင်ကိုကို @ ငုံးဥ၊ တယ်လီဖုံးဌားပေးတဲ့ ညီလေး အောင်ဖြိုး၊ ဗိုက်တင်း၍ မနည်းထပြန်ခဲ့ရသော ညစာစားပွဲများအတွက်
ကိုဖိုးသားနဲ့ဇနီး မမီးမီး၊ စိုင်းနဲ့ ဇနီးနှင့် ညီမများ၊ ချစ်သူငယ်ချင်း ဂွတ်ရွှတ်၊ လက်ခံတွေ့ဆုံပေးတဲ့အပြင် လက်ဆောင်များပါထည့်ပေး
လိုက်တဲ့ ဦးမောင်မောင်ကျော်နဲ့ ဇနီး အကယ်ဒမီများရှင် ဒေါ်မို့မို့မြင့်အောင်၊ အခွန်နဲ့ပါတ်စ်ပို့ကိစ္စ သတ်မှတ်ရက်အတွင်း အောင်မြင်
အောင်စီစဉ်ပေးတဲ့ အကျိုးဆောင် တို့ကို အထူးကျေးဇူးတင်မိကြောင်းနဲ့ ကျနော့်ရင်ထဲမှာ အမြဲမှတ်တမ်းတင်ထားပါကြောင်း ....
၁၄ ဇူလိုင်လ ၂၀၁၁ ခုနှစ်
1258 hrs, Jurong Island Office
Singapore.
Subscribe to:
Posts (Atom)