Monday, October 25, 2010

ကျနော်နဲ Airlines Industry အပိုင်း (၄)

ကောင်တာနဲ.ပတ်သတ်တဲ့အကြောင်းအရာတွေတော်တော်များများတော့စုံသလောက်ရှိသွားလို. boarding gate အကြောင်းဆက် ရေးပါမယ်။ Boarding ဂိတ်တစ်ခုမှာအနည်းဆုံး (၂) ယောက်တာဝန် ချတက်လေ့ရှိပါတယ်။ တစ်ယောက်ကို Controller လို.ခေါ်ပြီးနောက်တစ်ယောက်ကို runner လို.ခေါ်ပါတယ်။ Controller ရဲ့တာဝန်ကစပြောရရင် Jet Star လေကြောင်းနဲ.ကပျံသန်းတဲ့ခရီးစဉ် တော်တော်များများရဲ့ boarding gate ကို လေယာဉ်မထွက်ခွာမီ (၁)နာရီကြိုပြီးဖွင့် လေ့ရှိပါတယ်။ Boarding Gate ဖွင့်ချိန်နဲ့ပိတ်ချိန်များ ဟာအသုံးပြုတဲ့လေယာဉ်အမျိုးအစားနဲ. Airline ပေါ်မူတီပြီး အပြောင်းအလဲရှိပါတယ်။ Controller ကတော့ ဂိတ်မဖွင့်မီအနည်းဆုံး ၅မိနစ်-၁၀မိနစ်လောကကြိုလာပြီး ဂိတ်မှာရှိတဲ့ control system ကိုစပြီးactivate လုပ်ရပါတယ်။ ဂိတ်မှာcomputer (၂)လုံးနဲ. Touch screen monitor control system တစ်လုံးရှိပါတယ်။ အဲ့ဒီTouch screen monitor control system ကတော့ changi airport ကြီးတစ်ခုလုံးရဲ့ လေယာဉ်အတက်အဆင်း အချိန်တွေကိုအတိအကျသိနိုင် သလိုလေဆိပ်တစ်ခုလုံးမှာရှိတဲ့ TV Screenတွေပေါ်မှာ ပြသထား တဲ့ကိုယ်ရဲ့ သက်ဆိုင်ရာလေယာဉ် ခရီးစဉ်အခြေအနေကိုဖော်ပြပေးအောင်လုပ်လို.ရပါတယ်။ ဥပမာ Gate Open, Last Call, Boarding, Gate Close တို.ပါ။ Controller ကဂိတ်ကိုရောက်ရင် ဂိတ်ကို open လုပ်၊ ကောင်တာ မှာသုံးတဲ့ computer software ကိုပဲသုံးပြီး boarding gate control mode ကိုပြောင်းအစဉ်သင့်ဖြစ်ပြီဆိုရင် ဂိတ်အရှေ.မှာ ရှိတဲ့ရှာဖွေရေးအဖွဲ.ကိုအစဉ်သင့်ဖြစ်ပြီ ဆိုတဲ့အကြောင်းအကြောင်းကြားပြီးတာနဲ့ ဝင်လာတဲ့ ခရီးသည်ကိုစပြီး လက်ခံ ပါတယ်။ ခရီးသည်ရဲ့ passport နဲ.boarding passကိုယူပြီး သွားမည့်ခရီးစဉ် ကိုလဲပြောရပါတယ်။ ခရီးသည်တချို.က ဂိတ်မှားပြီးလာတက်လို.ပါ။ passport ကနာမည်နဲ့ boarding pass မှာ print လုပ်ထားတဲ့နာမည်တူမတူကို နောက် ဆုံးအဆင့်လုံခြုံရေးအစီအစဉ်အရစစ်ဆေးပါတယ်။ ပြီးရင် computer system မှာ ဒီခရီးသည် ဂိတ်သို.ဝင်ရောက် ပြီးပြီဆိုတဲ့အကြောင်းထည့်သွင်းရပါတယ်။ တချို.တော်တော်များများ airline တွေရဲ့ system မှာ boarding pass bar code scan နဲ့လဲထည့်သွင်း လို.ရပါတယ်။ ပြီးတော့ boarding pass ရဲ့တစ်ပိုင်းကိုတော့computer ထဲကို ထည့်သွင်း လိုက်တာနဲ. ကိုက်ညီဖို.အတွက်ဖြတ်ယူထားလိုက်ပါတယ်။ controller ဟာpassport နဲ့ boarding pass ကိုစစ်ဆေး ရတဲ့အပြင်ခရီးသည်ရဲ့ လက်ဆွဲပစ္စည်းကိုကြည့်ရပါသေးတယ်။ အကယ်၍ခရီးသည်ရဲ့ ပစ္စည်းက လေယာဉ်cabin ထဲကိုယူသွားဖို.အခက်အခဲရှိစေတယ်ဆိုရင်၊ ဒါမှမဟုတ်ခရီးသည်က တစ်ခုထက်ပိုတဲ့ hand carry တွေသယ်လာရင် လေယာဉ်cargo ထဲကိုထည့်ပေး လိုက်ဖို.အတွက် luggage tag တစ်ခုထပ်လုပ်ပြီး စီစဉ်ပေးရပါ တယ်။တခါတလေလဲ runner ရှိနေရင်ကူလုပ်ပေးတာများပါတယ်။ controllerဟာဒီအတိုင်း အပေါက်ဝက နေလူ အကုန်မဝင်ချင်းတစ်ဖဝါးမှမခွာပဲစောင့်ရလေ့ရှိပါတယ်။ အလွန်တာဝန်ကြီးပြီး အန္တရယ် များပါတယ်။ boarding pass ကိုမဖြတ်မိတာမျိုး system ထဲကိုမထည့်မိတာမျိုး တွေခဏခဏ ကြုံရတာပါ။

Runner ကတော့ပထမစောစောပိုင်းမှာ controller ကိုကူလုပ်ရုံပါပဲ၊ လေယာဉ်ထွက်ဖို. ၄၅မိနစ်အလို မှာ ကောင်တာ ပိတ်ပြီးကြောင်း အကြောင်းကြားတာနဲ့တပြိုက်နက် နောက်ထပ်ရှိနေတဲ့ computer ကနေ လေယာဉ်ပေါ်ပါရှိတဲ့ခရီးသည်စာရင်းကို ခရီးစဉ် ပေါ်မူတည်ပြီး print ထုတ်ရပါတယ်။ ဒီခရီသည်စာရင်းကိုဘာကြောင့်ထုတ်ရသလဲဆိုရင်လေယာဉ် Crew တွေအနေနဲ့ခရီးသည်တစ်ဦးဦးမှာ အထူးလိုအပ်ချက်၊ သို့မဟုတ်၊ request လုပ်ထားတွေကိုသိဖို့၊ ဘက်ဂျက်လေကြောင်းတွေမဟုတ်ခဲ့ရင်၊ခရီးသည်ကြိုတင် မှာကြားထား တဲ့အစားအစာတွေကိုတည်ခင်းကျွေးမွေးဖို့၊နဲ့အခြားလုံခြုံရေးအစီအမံတွေအတွက်ဖြစ်ပါ တယ်။ ခရီးသည်စာရင်း copy ကိုလေယာဉ် crew ကယူသွားပြီးတော့တဖက်ဆိုက်ရောက်ရာလေဆိပ်မှာလေယာဉ်တံခါးဖွင့်ပြီးတာနဲ့မြေပြင်အမှုထမ်းကိုပေးလိုက်ရပါတယ်။ အဲ့ဒီတဖက်ကဝန်ထမ်းမှတဆင့် သက်ဆိုင်ရာလူဝင်မှူကြီးကြပ်ရေးကစလို့တခြားလိုအပ်တဲ့အဖွဲ့အစည်းတွေကိုဖြန့်ဝေပေးရတာပါ။

ခုနက အကြောင်းဆက်ပြောရရင် runner ဟာ ကောင်တာကပေးတဲ့ခရီးသည်အားလုံးပေါင်း အလေးချိန်၊ ပစ္စည်းအရည်အတွက်နဲ့ အလေးချိန်တွေကို ချရေးပြီး Captain နဲ့ ပစ္စည်းတင်တဲ့အဖွဲ.ကတာဝန်ခံကို ပေးရပါတယ်။ captain ကတော့ဟိုအစပိုင်းမှာပြောခဲ့တဲ့ လေယာဉ်တက်ဖို.လိုအပ်တဲ့တွက်ချက်မှုတစ်ခု ဖြစ်တဲ့ load sheet ဆိုတာကိုဆွဲဖို.အတွက်ပါ။ ဒီနေရာမှာ လေကြောင်းလိုင်း တစ်ခုနဲ့ တစ်ခုမတူပါဘူး။ တချို့လေကြောင်းလိုင်းတွေမှာတော့ Load Master ဆိုပြီးဒီ load sheet ကိုဆွဲဖို့သက်သက်တစ်ယောက် ရှိပါတယ်။ Jet Star မှာတော့ Captain ကဆွဲလေ့ရှိပါတယ်။ ပစ္စည်းတင်တဲ့ unit ကတော့ တင်လိုက်တဲ့ ပစ္စည်းအရည်အတွက်ကိုက်ညီမညီစစ်ဖို.တွက်ပါ။ runner ဆိုတဲ့တိုင်းအပြေးအလွှားပါပဲ၊

အချိန်နဲ့တပြေးညီဆိုတော့မပြေးလို.မရတော့ဘူးလေ။ အဲ့ဒါပြီးလို. လေယာဉ် cabin က အစဉ်သင့်ဖြစ်ပြီ ဆိုတာနဲ့ crew ထွက်လာပြီး ခရီးသည်တွေကိုလေယာဉ်ပေါ်တင်ဖို.လုပ်ပါတယ်။ ထုံးစံအတိုင်းကလေး တွေနဲ. သက်ကြီးရွယ်အို၊ wheel chair နဲ့ခရီးသည်တွေ ကိုတင်ပါတယ်။ budget လေကြောင်းဆိုတော့ business class နဲ့ priority members တွေမပါဘူးလေ။ ပြီးရင်ခုံနံပါတ်နဲ.လေယာဉ် အနောက်ဖက် ကစပြီးခေါ်လေ့ရှိပါတယ်။ အဲ့ဒီမှာစပြီးတွေ.တော့တာ ကတော့ ခရီးသည်တော်တော်များများက crew ရဲ့ English ကိုနားမလည်တာရယ်၊ နားမထောင်တာရယ် ပေါင်းပြီး တော့ရှိသမျှခရီးသည်တွေဟာလေယာဉ် ပေါ်ကို အလုအယက်တက်ဖို.ကြိုးစား ပါတော့ တယ်။ aero bridge ရဲ့အပေါက်ဝကနေboarding pass ကိုကြည့်ပြီးစိစစ်ရတာအင်မတန်မှကိုခက်ခက်ခဲခဲပါ။ များသောအားဖြင့် Vietnam, Indonesia, Taiwan flight စတဲ့ English လိုသိပ်မပြောတဲ့နိုင်ငံတွေသွားတဲ့ flight တွေမှာအများဆုံးတွေ.ကြရတာပါ။ ဘာပြောပြောနားမလည်ပါဘူး။ လေယာဉ်ပျံထွက်ပြေးတော့မယ့်အတိုင်းကိုပဲ မရမကအလုအယက်သွားချင် ကြတာနောက်ဆုံး လေယာဉ် အပေါက်ဝမှာပဲသွားပိတ်နေရတာ။ ခုနကလေယာဉ် cabin ထဲကို ပေးမသယ်လို.tagချိတ်ထားတဲ့ အိတ်တွေကိုကြည့်ရတာတစ်မျိုး၊ boarding pass ကိုကြည့်ရတာတစ်မျိုးနဲ့ အလွန်ကိုအလုပ်များတဲ့အခြေအနေပါ။

ဒီအချိန်မှာ controller ကသူ.ရဲ့ system ကိုကြည့်ပြီးခရီးသည် ဘယ်နှစ်ယောက်ဂိတ်ထဲဝင်ဖို.ကျန်နေတယ်။ ခရီးသည်ကုန်ပြီ ဆိုတဲ့ သတင်းပို့ချက်တွေကိုဝေါ်ကီတော်ကီ ကနေပြောနေပါတယ်။ အကယ်၍ခရီးသည်ကျန်နေသေးတယ်ဂိတ်ထဲ မဝင်သေးဘူးဆိုရင်တော့ စပြီး ခေါင်းမီးတောက်ရတာပါ။ အဲ့ဒီအချိန်ဟာထွက်ခွာရန် ၁၀မိနစ်နဲ.၁၅မိနစ်လောက် ဆိုကြုံရလေ့ရှိပါတယ်။ system ထဲကိုကြည့် လိုက်တာနဲ့ ခရီးသည်ဘယ်နှစ်ယောက် check in အိတ်ဘယ်နှစ်လုံးနဲ့ အတူခုံနံပါတ် ဘယ်လောက်မှာဆိုတာတွေ.နေရပါတယ်။ ဒီတော့ controller က လေဆိပ်ရဲ့ဗဟို ပြန်ကြားရေးကို ဖုံးဆက်ပြီးခရီးသည်နာမည်နဲ့တကွခေါ်ပါတယ်။ မြေပြင်ပေါ်မှာ ရှိတဲ့ ပစ္စည်းတင်တဲ့ unit ကိုစက်နဲ.ခေါ်ပြီးဂိတ်ထဲဝင်ဖို့ကျန်နေတဲ့ ခရီးသည်ရဲ့ပစ္စည်းတွေကိုရှာခိုင်းထားရပါတယ်။ runnerကိုလဲလေယာဉ် ပေါ် မှာဒီခရီးသည် ရှိနေမရှိနေကိုခုံနံပါတ်ကို ကြည့်ပြီးရှာခိုင်းရတယ်။ တစ်ခါတလေခရီးသည်ရဲ့ Boarding pass ကိုမဖြတ်မိတာ၊ system ထဲမသွင်းမိတာ တွေ ရှိတက်တယ်ဗျ။ အမှားလုံးဝမရှိရဘူးဆိုပေမယ့် လူဆိုတဲ့အတိုင်းအမြဲတော့မမှန်ဘူးပေါ့ဗျာ။ တကယ်လို.ခရီးသည်က သူ.ခုံမှာရှိ မနေဘူးဆိုရင်သေခြာပြီ ခရီးသည် ဂိတ်ကိုမလာသေးဘူးပေါ့၊ runner က captain ကိုခရီးသည်ဘယ်နှစ်ယောက် ကျန်နေကြောင်း၊ စောင့်ချင်တဲ့ဆန္ဒရှိမရှိမေးရပါတယ်၊ captain ပြောတဲ့အတိုင်း ဘယ်နှစ်မိနစ် တော့စောင့်မယ်၊ မစောင့်ဘူးကို controller ကိုပြန်ပြော ရပါတယ်။ အဲ့ဒီအချိန်မှာ controller ကလဲဂိတ်အပြင်ကိုထွက်ပြီး ကိုယ့်ခရီးသည် များလာမလားဆိုပြီးတခါတလေထွက်ရှာရသေး တာ။ captain ကသက်မှတ်ထားတဲ့ အချိန့်ပြည့် သွားလို.ဆက်မစောင့်တော့ဘူးဆိုရင်တော့ခုနက အစဉ်သင့် လုပ်ထားတဲ့ ခရီးသည်ရဲ့ ပစ္စည်းတွေကို လေယာဉ်ပေါ် ကနေလုံးဝချပစ်ဖို.နောက်ဆုံးမီးစိမ်းပေးလိုက်ပါတယ်။ runner ကတော့ လေယာဉ်တံခါးဝမှာစောင့်နေပြီး တံခါးပိတ်သွားတဲ့အချိန်၊လေယာဉ်ပေါ်ကိုနောက်ဆုံးခရီးသည်တက်သွား တဲ့အချိန်နဲ့ လေယာဉ်နောက်ဆုတ်ပြီးထွက်သွားချိန် တို.ကိုမှတ်သားပြီး controller ကိုစက်နဲ. သတင်းပို.နေရပါတယ်။ ဒါပြီးရင်တော့ လောလောဆယ်ကိစ္စတွေ ပြီးပြီ လို.ဆိုရမှာပေါ့ဗျာ။

ဂိတ်အတွင်းထဲကိုပြန်လာပြီး လေယာဉ်ထွက်ခွာပြီး ပြေးလမ်းကိုထွက်သွားတာကိုကြည့်ပါတယ်။ လေယာဉ်ကရှေ.ကိုဆက်ပြီး သွားတယ် ဆိုရင်တော့ ဂိတ်တစ်ဂိတ် ရဲ့သာမန် တာဝန်ပြီးပြီလိုပြောလို.ရပါတယ်။ တစ်ခါတလေဖြစ်တက်တာက လေယာဉ်ကနောက်တော့ ဆုတ်သွားပါရဲ့၊ ကိစ္စတစ်ခုခုဖြစ်လို. ဂိတ်ကိုပြန်လာလေ့ ရှိပါတယ်။ အင်မတန်ကိုဖြစ်ခဲပါတယ်။ ကျနော်တော့ တစ်ခါကြုံဖူးပါတယ်။ Aircon မရတော့လိုပြန်လာတာပါ။ အဲဒီလိုပြန်လာရင်အရမ်းတွေအလုပ်ရှုပ်ပြီးစိတ်ညစ်ရတော့တာ။ ဂိတ်မှာကြုံရတဲ့တခြားအတွေ.အကြုံလေးတွေ နဲ.ခရီးသည်ဂိတ်ကိုမလာရင်ကျနော်တို.ဘာတွေဆက်ပြီးရှုပ်ကြရ တာ လေးတွေတော့နောက်တစ်ခန်းမှာဆက်ရေးပေးသွားပါ့မယ်။


ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ့ Airlines Industry အပိုင်း ၅ သို့

Wednesday, October 20, 2010

မီးခိုးမြူတွေကြားကစင်္ကာပူ


အောက်တိုဘာလ ၁၉ ရက်နေ့မနက်ပိုင်းမှစပြီးစင်္ကာပူကျွန်းရဲ့အနောက်ပိုင်းဒေသတွေမှာမီးခိုးမြူတွေတစ်ဖြည်းဖြည်းအုပ်ဆိုင်း
လာခဲ့ပါတယ်။ မနက်ပိုင်းမှာသိပ်မများလှပေမယ့်နေ့ခင်းပိုင်းနဲ့ညနေပိုင်းတွေမှာသိသာစွာဆိုးရွားလာခဲ့ပါတယ်။ နှစ်စဉ်မေလမှ အောက်တိုဘာလအတွင်းဖြစ်လေ့ဖြစ်ထရှိတဲ့ဒီမီးခိုးမြူပြသနာဟာအိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံစူမားတြားကျွန်းမှတောမီးရှို့မှူကြောင့်
ဖြစ်ပြီး၊ဖြစ်ပေါ်လာတဲ့မီးခိုးတွေဟာတိုက်ခတ်တဲ့လေထဲကနေစင်္ကာပူဖက်ကိုလွင့်လာတာဖြစ်ပါတယ်။ ပုံမှန်အားဖြစ်တော့စက်မှုဖွံဖြိုးတဲ့
နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီစက်ရုံအလုပ်ရုံတွေ၊လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ပို့ဆောင်ဆက်သွယ်ရေးအရမော်တော်ယာဉ်များ၊ ဒါအပြင်အခြားသောစွန့်ပစပစ္စည်းများကိုမီးရှို့ဖျက်ဆီးမှုတွေကစွန့်ထုတ်လိုက်တဲ့မီးခိုးငွေ့တွေဟာလဲစင်္ကာပူရဲ့လေထုကိုအနည်းနဲ့
အများညစ်ညမ်းစေပါတယ်။

လေထုညစ်ညမ်းမှူကို Pollutant Standard Index, PSI ၊ လေထုညစ်ညမ်းမှုတိုင်းတာသောစံနှုန်းနဲ့တိုင်းတာပြီး၊ ဒီစံနှုန်းကို
အမေရိကန်နိုင်ငံအမျိုးသားပတ်ဝန်းကျင်ဆိုင်ရာကာကွယ်မှုဌာနကြီး (The United States Environmental Protection Agency, USEPA) ကနေအတိအကျဆုံး၊ အချိန်နဲ့တပြေးညီလွယ်ကူစွာသိရှိနိုင်အောင်အချက်အလက်ပြည့်စုံစွာနဲ့စီစဉ်ပေးပါတယ်။ ဒီစံနှုန်းကို
အသုံးပြုပြီးစင်္ကာပူအမျိုးသားပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန (NEA) ကလဲစင်္ကာပူကျွန်းရဲ့အချက်အချာကျတဲ့နေရာတွေမှာတိုင်းတာရေး
စခန်းတွေထားရှိပြီးစင်္ကာပူလေထုကိုစောင့်ကြည့်ပေးပါတယ်။

PSI Level ကိုအဆင့် ၅ ဆင့်ခွဲခြားထားပါတယ်။

PSI 0 - 50 မှာ ကောင်းမွန်တဲ့အနေအထား
PSI 51 - 100 မှာ အလွန်အကျွံမဖြစ်သေးပဲ၊ အနည်းငယ်သောလူထုကိုကျန်းမာရေးအနည်းငယ်ထိခိုက်စေ
PSI 101 - 200 မှာ လူထုကိုမကျန်းမာစေသော အခြေအနေ
PSI 201 - 300 မှာ အလွန်ဆိုးရွားစွာမကျန်းမာစေသောအခြေအနေနဲ့
PSI 300 above မှာတော့ဘေးအန္တရယ်နဲ့ရင်ဆိုင်နေရပြီဆိုတဲ့ အဆင့်တွေဖြစ်ပါတယ်။

၁၉ရက်နေ့ညနေ ၇နာရီတိုင်းထွာချက်အရ PSI ဟာ ၈၃အထိရှိခဲ့တဲ့အတွက်အလွန်အကျွံဆိုးရွားတဲ့ အဆင့်ကိုတော့မရောက် သေးဘူး လို့ပြောနိုင်ပါတယ်။ လူထုတစ်ခုလုံးကို လုံးဝ ကျန်းမာရေး ထိခိုက်မှုမရှိ သို့မဟုတ် အနည်းငယ် ကိုသာကျန်းမာရေးထိခိုက်စေနိုင် လောက်တဲ့အဆင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြစ်တော့ PSI Level 100 ကျော်မှာသာလျှင်သိသိသာသာခံစားသိရှိနိုင်မှာဖြစ်ပြီး၊ မျက်စိယားခြင်း၊ ချောင်းဆိုးခြင်းနဲ့၊ ဟတ်ချိုးချီခြင်းစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ NEA အနေနဲ့ တော့ PSI 100 ကျော်ခဲ့လျှင်ပြည်သူလူထုအတွက်အကြံပြုချက်တွေကိုထုတ်ပြန်ကြေငြာသွားဖွယ်ရှိပါတယ်။ လေထုညစ်ညမ်းမှုကို အဓိကဖြစ်ပေါ်စေတဲ့ Sulphur Dioxide, Ozone, Carbon Monoxide နဲ့ Nitrogen Dioxide တွေဟာလူ့ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်း တွေကိုထိခိုက်စေနိုင်ပါတယ်။လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်စေနိုင်သောပိုမိုတိကျတဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ကိုတော့ကျနော်ဆရာဝန်မဟုတ်တဲ့အတွက်မသေခြာမှာဆိုးလို့ထည့်မရေးပေးတော့ပါဘူး။ အတိအကျများသိချင်လို့ရှိရင် တော့ဆရာဝန် သို့မဟုတ် NEA website ကနေရှာဖွေလေ့လာ နိုင်ပါတယ်။ PSI level ၁၅၀ ကိုရောက်ရှိလာခဲ့ရင်တော့ပြည်သူလူထုအနေနဲ့ N95 Mask
ကိုဝတ်ဆင်ပြီးအပြင်ကိုထွက်သင့်ကြောင်းနဲ့လိုအပ်ပါကဆရာဝန်နဲ့တိုင်ပင်သင့်ကြောင်း NEA ကအကြံပြုထားပါတယ်။

ဒီနေ့ ၂၀ ရက်နေ့မွန်းတည့်၁၂ နာရီမှာတိုင်းထွာချက်အရ PSI ၇၂ ရှိနေပြီးနောင် ၂ရက်ခန့်အထိမီးခိုးမြူများဆက်လက်ရှိနေနိုင်ကြောင်း နဲ့၊မိုးရွာပါကလျော့ပါးသွားဖယ်ရာရှိကြောင်းအမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန(National Environment Agency, NEA) ကထုတ်ပြန်ကြေငြာသွားပါတယ်။ NEA အနေနဲ့အခြေအနေကိုအနီးကပ် စောင့်ကြည့်လေ့လာလျှတ်ရှိပြီးလေထုသန့်ရှင်းမှူ အခြေအနေကိုအချိန်နဲ့တပြေးညီဖော်ပြပေးသွားမယ်လို့ဆိုပါတယ်။

Source: www.nea.gov.sg, TODAY Newspaper.

Monday, October 18, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၃)

တစ်ခြားကောင်တာတွေမှာကြုံရတာတွေကဆင်တူလေးတွေများပါတယ်။ ကျနော်တို.မထိုင်ချင်ဆုံး ကောင်တာကို ပြောပါဆိုရင် Indonesia ကိုသွားတဲ့ flight ကောင်တာတွေပါ။ အဲ့ဒီ Indonesiaကောင်တာ တွေမှာတော့ ခရီးသည်နှစ်မျိုးကွဲသွားပါတယ်။ တစ်မျိုးက အိမ်ပြန် ကြတဲ့ maid တွေပါ။ သူတို.ကလဲရန်ကုန် flight နဲ.နင်လားငါလားပါပဲ။ ခေါက်ဆွဲခြောက်ကအစသယ်ပါတယ်။ ကီလိုပိုတော့ သယ်လာတဲ့ဟာတွေပြန်လျော့၊ ပြန်ချိန်နဲ.အင်မတန်ကိုအလုပ်ရှုပ်စေတာပါ။ ပိုတဲ့အတွက်သူတို.မှာ ဘယ်လိုပေးနိုင်မလဲဗျာ။ ပေးရင်တောင်ကျနော်ဆိုပြန်စဉ်းစားပါအုံးလို.ပြောလိုက်တယ်။ နောက်တစ်မျိုး ကတော့ ချမ်းသာတယ်သို.သော်စားရိတ်နည်းလေကြောင်းပျံတယ်၊ ပြီးတော့လိုချင်တဲ့ဝန်ဆောင်မှုတွေက Singapore Airlines ကပေးတဲ့ဝန်ဆောင်မှုလောက်ကိုလိုချင်တာပါ။ စလုံးမှာဈေးဝယ်ကြပြီးပြန်တော့ ပစ္စည်းတွေကအမြောက်အများပါပဲ။ ပိုလိုက်တဲ့ဝိတ်ဆိုတာပြောမနေနဲ့တော့ဗျာ။ အဲ့ဒီမှာကီလိုတွေတော့ ပိုသယ်ချင်တယ်၊ ပိုတဲ့အတွက် ပိုက်ဆံတော့မပေးချင်ပါဘူး။ တချို.လဲပေးပါတယ်၊ အဲ့ဒီလိုခရီးသည် တွေဟာအင်မတန်ကို ကြောင်တဲ့ လူတွေပါ၊ ပိုတဲ့အတွက်ပေးရတာက ဒေါ်လာ၄၀၀ ကနေ ၈၀၀ ထိတွေဖူးပါတယ်။ တစ်စက်မှမငြင်းပါဘူး၊အိတ်ထဲကနေငွေကို cash ပေးပါတယ်။ credit card တောင်မ ပေးဘူး။ တကယ်တော့သူတို.သာ full service airlines တွေနဲ့ ပျံသန်းရင် လက်မှတ်ဖိုးကတော့ ပိုချင် ပိုမယ်။ ဒါမယ့်ပစ္စည်းတွေပိုသယ်ချင်ရင်ခုံအပိုဝယ်လို.ရပါတယ်။ အဲ့ဒီခုံအတွက်လဲပစ္စည်း သယ်ခွင့်ပေး ပါတယ်။ ဒါမယ့်ခုနကပေးရတဲ့ ငွေထက်နဲနဲတောင်သက်သာပြီးကီလိုတောင်ပိုရ ပါသေးတယ်။ အဲ့ဒီလို service မျိုးကတော့များသောအားဖြင့်သံတမန်များခရီးသွားရင်သူတို.နဲ.ပါတဲ့ အလွန်အရေးကြီး သော ပစ္စည်း တွေ ကိုဘေးခုံမှာထားပြီးယူသွားတာပါ။ ခုနခရီးသည်တွေအကြောင်းဆက်ရရင် တချို.မပေးချင်တဲ့ သူတွေကြတော့လတ်ထိုး ဖို.ကြိုးစားရော၊ အင်ဒိုမှာဆိုရတယ်လို.လဲပြောသေးတယ်။ တစ်ခါကြုံဖူးပါတယ်။ ခရီးသည်ပိုတဲ့ ကီလို အတွက်ကျသင့်ငွေက ၂၅၀ ပါ။ ဒါနဲ. သူကသူ ၁၀၀ ပေးပါ့မယ် လွှတ်ပေးပါတဲ့။ ကျနော်ကလုံးဝမဖြစ်တဲ့အကြောင်းအတင်းငြင်းပြီးတော့ လက်ခံရေးလိုက်တော့မှပြီးသွားတယ်။

Check In ကောင်တာ တွေကို ပေါ်တင်တစ်မျိုး၊ ဖွက်ပြီးတော့တဖုံမြင်ကွင်းပေါင်းစုံ ကနေ CCTV တွေနဲ.ချိန်ထားတာပါ။ ယူလိုက်လို.ကတော့ ကျနော်ထင်တယ်နာရီပိုင်းအတွင်း ရဲကရောက်လာမှာပါ။ စလုံးမှာ ဒီအမှုကအတော်ကြီးပါတယ်။ ကိုယ်ကငွေမယူပဲနဲ. လွှတ်ပေးအုံးတော့ ပစ္စည်းတွေကို flight အလိုက် ခွဲခြားတဲ့နေရာမှလျှပ်တပျက်စစ်ဆေးရင်ပြသနာရှိပါတယ်။ကျနော်တို. ရဲ. computer system ထဲမှာ ခရီးသည် ချက်ကင်ဝင်ပြီးတာနဲ.သူနဲ.အတူပစ္စည်းဘယ်နှစ်ခု၊ အလေးချိန်ဘယ်လောက်ဆိုတာပါ ထဲ့သွင်း ရပါတယ်။ ပြီးတော့ system ကနေ baggage tag ကိုဘားကုတ်တွေနဲ့ print လုပ်ပေးပါတယ်။ ပြီးရင်baggage sorting area ရှိတဲ့ နေရာကို belt တွေကတဆင့်ရောက်သွားပါတယ်။ အဲ့ဒီကိုမရောက်မီ X-rays machine ပေါင်းများစွာနဲ. ပစ္စည်းတွေကိုစစ်ပါသေးတယ်။ အဲ့ဒီကိုရောက်သွားလို. သက်ဆိုင်ရာ က မသင်္ကာရင် ဒီပစ္စည်းရဲ့ ဘားကုတ်နဲ. Tag No.ကို စစ်လိုက်တာနဲ.ဒီပစ္စည်းsystem ထဲမှာထဲ့လိုက်တဲ့ ဝိတ်ကဘယ်လောက်တကယ်ချိန်လိုက်တော့ ဘယ်လောက်ဆိုပြီးပေါ်လာလို.ရှိရင်အကြီးအကျယ် ပြသနာပါ။ ကျနော်တို.မှာလွှတ်ပေးနိုင်တဲ့ limit လေးတွေရှိပါတယ်။ ဒါကတရားဝင်တော့မဟုတ်ဖူးပေါ့။ flight ရဲ့ ခရီးသည်အနည်းအများပေါ်မူတည်သလို၊ ခရီးသည် ရဲ့ကိုယ့်အပေါ်ဆက်ဆံမှု၊ ကိုယ့်ရဲ့ mood ပေါ်မူတည်တယ်လို.ပြောရမှာပေါ့။ Manila flight တို.လို တချို. Indo flight တွေဆိုရင်အများအားဖြင့် maid တွေများပါတယ်။ သူတို.မှာကီလိုပိုနေရင်ပေးစရာမရှိ၊ ရှိရင်တောင်အလွန်ဈေးကြီး တာဆိုတော့ ကိုယ်တက်နိုင်သလောက်လွှတ်ပေးတာများပါတယ်။ ခရီးသည်က မောက်မောက်မာမာ ဆက်ဆံ၊ ကိုယ်စိတ်ကလဲမကြည်ဆိုရင်တော့ ၁ ကီလိုလေးပိုရင်တောင်မပေးတော့ပါဘူး။ အများအားဖြင့် တစ်ယောက် ကို ကီလို ၂၀ ပေးသယ်တဲ့လက်မှတ်မှာ အများဆုံး ၃ ကီလိုထိလွှတ်ပေးလေ့ရှိပါတယ်။ ဒါကခုနကပြောတဲ့ အခြေအနေတွေ ပေါ်မူတည်တယ်ဗျနော်။ အဲ့ဒီတော့ နောက်တခါခရီးသွားလို. ကိုယ်ပစ္စည်းလေးနည်းနည်းပါးပါးပိုလို.ရှိရင်ကောင်တာကိုမျက်နာချိုသွေး၊ သူနာမည်ခေါ်ပြု နှုတ်ဆက်ပြီး ကောင်းကောင်းမွန်မွန်ပြောရင်ရနိုင်ပါတယ်။ ကျနော်ဆိုရင် ကောင်တာ မှာ ကျနော်နာမည်ခေါ်ပြီး နှုတ်ဆက်ရင်တအားသဘောကျတာဗျ။ နာမည်ကို ကောင်တာအထက်မှာရှိတဲ့ TV screen ပေါ်မှာနဲ့ ကောင်တာပေါ်မှာဖော်ပြရလေ.ရှိပါတယ်။ တကယ်လို.Check in Staff က လွှတ်မပေးလို. ရှိရင်လဲ နားလည်ပေးနိုင်ရင် အကောင်းဆုံးပါ။ သူ.နောက်မှာ အထက်အရာရှိ ရှိနေတာမျိုး၊ flight က fully booked ဖြစ်နေတာမျိုးတွေဆိုရင်အစဉ်မပြေပါဘူး။

နောက်ထပ်ကောင်တာနဲ. ပတ်သက်တဲ့ဗဟုသုတလေးတချို.ပါ။ သွားတဲ့ နိုင်ငံတွေအားလုံးမှာ အဓိက သတိအထားရဆုံးနိုင်ငံ နှစ်ခုရှိပါတယ် Taiwan နဲ. Vietnam ပါ။ Taiwan ကိုသွားမယ်ဆိုရင် တိုင်ဝမ်နိုင်ငံသား၊ ဒါမှမဟုတ် ဟိုမှာ တရားဝင်နေထိုင်ခွင့်ပါမစ်တစ်ခုခုနဲ့ကိုင်ထားတဲ့သူကလွဲပြီး ကျန်တဲ့ ဘယ် passport holder မဆိုအပြန်လက်မှတ်သို.မဟုတ်ထိုင်ဝမ်မှတစ်ဆင့်ဆက်လက်ထွက်ခွာ သွားမယ် ဆိုတဲ့ Confirm On ward လက်မှတ်တွေလိုပါတယ်။ တော်တော်များများနိုင်ငံသားတွေအတွက် လဲဗီဇာ လိုပါတယ်။ လက်မှတ်မပြနိုင်ဖူးဆိုရင် ချက်ကင်ဝင်ဖို.ငြင်းပါတယ်။ နေ.တိုင်းလိုလိုအငြင်းပွားရလေ့ရှိတဲ့ Taiwan ကောင်တာရဲ့နေ့စဉ်ပြသနာပါ။ ခရီးသည် အများစုကတော့မသိလို. များပါတယ်။ လက်မှတ်တွေ ရှိတဲ့ သူကြတော့လဲဘာပြောလဲဆိုတော့ e-ticket ပါတဲ့။ print မလုပ်လာပါဘူးတဲ့။ အဲ့ဒါလဲမရပါဘူး၊ များသောအားဖြင့်အဲ့ဒီလိုခရီးသည်တွေကတော့ စလုံးတွေများပါတယ်။ တချို.က သူတို.ရဲ့ PDA တွေကနေ လက်မှတ်ကိုပြပါတယ်။ အဲ့ဒါလဲမရပါဘူး၊ တိုင်ဝမ်လူဝင်မှုကြီးကြပ်ရေး (လဝက) ကစာရွက်နဲ့ ကိုင်လာတဲ့ လက်မှတ်ကိုပဲကြည့်ပါတယ်laptop တို. PDA တို.ကဖွင့်ပြတာကိုလုံးဝလက်ခံလေ့မရှိပါဘူး။ အဲ့ဒီတော့ ခရီးသည်မှာ printer ရှာရပါလေရော၊ changi မှာprinter ရှာရတာအရမ်းခက်တယ်ဗျ။ public သုံးဖို.မရှိဘူးလို.တောင်ပြောရမှာပါ။ အပြန်လက်မှတ်များမရှိဘူးဆိုလို.ကတော့ချက်ချင်း လက်မှတ် ဝယ်ချင် ဝယ်မဝယ် ရင်တော့လုံးဝကို ချက်ကင် ပေးဝင်မှာမဟုတ်ပါဘူး။ ချက်ကင်ပေးဝင်လိုက်လို. ရှိရင် တောင် တိုင်ဝမ်ရောက်လို. ဟိုက (လဝက) ကပေးမဝင်ပဲ လာတဲ့နိုင်ငံကိုပြန်ပို.မှာပါ။ check in staff လဲ ချက်ချင်းကိုအလုပ်ပြုတ်တာပါ။ ကျနော်လုပ်နေစဉ်က case နှစ်ခုကြုံဖူးပါတယ်။ နှစ်ယောက်စလုံး ပြုတ် သွားပါတယ်။ additional information နေနဲ့ တခါတလေတော့တချို.နိုင်ငံ passport ကိုင်ဆောင်သူ တွေကို show money ပြခိုင်းလေ့ရှိပါတယ်။ အဲ့ဒီတော့သူငယ်ချင်းတွေ တိုင်ဝမ်သွားလည် မယ်ဆိုရင် အပြန်လက်မှတ်ကိုတခါတည်းဝယ်သွားဖို.နဲ. လက်မှတ်ကို print out လုပ်သွားဖို. အကြံပြုပါရစေဗျာ။

နောက်တစ်နိုင်ငံ Vietnam ကတော့ စလုံးpassport ကိုင်ဆောင်သူ၊ သံတမန်နဲ.အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကလွဲပြီးအားလုံးသောနိုင်ငံရဲ့ passport ကိုင်ဆောင်သူများ ဗီဇာလိုပါတယ်။ ဒါမှမဟုတ်ရင် ဗီယက်နမ် (လဝက) ကနေရေးပေးထားတဲ့ arrival visa ပေးမယ်ဆိုတဲ့ တရားဝင် စာပါရင် ရပါတယ်။ စလုံး passport holder တောင်အပြန်လက်မှတ် or onward ticket လိုပါတယ်။ မရှိရင် ခုနကလိုပဲ ချက်ကင်ပေးမလုပ်တော့ပါဘူး။

Vietnam ကောင်တာမှာများသောအားဖြင့်တွေ.ရတာတော့ ဘာသာစကားပြသနာနဲ. အားလုံးသော ခရီးသည်တွေရဲ. အမည်တွေဟာဆင်တူတွေများပါတယ်။ မှားပြီးချက်ကင်ပေးဝင်ရင်သွားရောဗျ။ အားလုံးလိုလို English လိုမတက်ကြဘူးဗျာ။ ဒါမယ့်တရုတ်လိုတော့ပြောတက်ကြတယ်။ ကျနော်ကလဲ တရုတ်လိုကမတက်တော့ ဒုက္ခပေါ့ဗျာ။ဒီနေရာမှာစလုံးယောင်္ကျားတွေဟာ ဟိုမှာသွားပြီးမိန်းမသွားယူ ကြတာအများကြီးတွေ.ကြရတယ်ဗျ။ အဲ့ဒီတော့သူတို.ရဲ့စာအုပ်မှာအဝင်အထွက်တုံးတွေ အများကြီးတွေ့ရ ရင် တခါတလေ အပြန်လက်မှတ်မပါလဲ ပေးဝင်တယ်ဗျ။ ဒါကတော့ ကျနော်တို.မဆုံးဖြတ်ပါဘူး အရာရှိကို refer လုပ်ပါတယ်။ ကျနော်သူငယ်ချင်းတွေများသွားလည်ဖို.ရှိရင် ဗီဇာယူသွားပြီး အပြန်လက်မှတ်ပါ ဝယ် သွားစေချင်ပါတယ်။

ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ Airlines Industry အပိုင်း (၄) သို့

Monday, October 11, 2010

ကျနော်ပါဝင်ခဲ့သော ၄၃ နှစ်မြောက် စင်္ကာပူနိုင်ငံအမျိုးသားနေ့ ၂၀၀၈


ဒီအကြောင်းအရာကတော့တကယ်တန်း ၂ နှစ်ကျော်ကြာမြင်ခဲ့ပါပြီ။ ကျနော်ပါဝင်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ၄၃ ကြိမ်မြောက်စင်္ကာပူ နိုင်ငံ အမျိုးသားနေ့အတွက်ကိုယ်ပိုင်မှတ်တမ်း အနေနဲ့မှတ်မိသလောက်ပြန်ရေးထားတဲ့သဘောပါ။ ကိန်းဂဏန်းအချက်အလက်အတိအကျတွေကိုတော့ NDP 2008 Website ကမရှိတော့တာမို့လိုပြန်မရှာနိုင်တော့ပါဘူး။

၂၀၀၈ ခုနှစ်ဧပြီလကုန်ပိုင်းလောက်မှာတော့ ကျနော့်အခန်းဖော်အလွန်ခင်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့မေလးရှားနိုင်ငံသား Brandon ကသူ့တို့ကိုးကွယ်တဲ့ဂျပန်ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခ (Singapore Soka Association, SSA) ကနေ စင်္ကာပူအမျိုးသားနေ့ NDP 2008 ရဲ့ဖျော်ဖြေရေး အစီအစဉ်မှာသရုပ်ဖော်အက Line Dancingတစ်ခုအနေနေ့ပါဝင်မှာဖြစ်လို့ သူသွား ပါမယ် လို့ပြောပါတယ်။ SSA ဟာနှစ်စဉ်နှစ်တိုင်းစင်္ကာပူအမျိုးသားနေ့မှာပါဝင်ဆင်နွှဲခဲ့တဲ့သမိုးအစဉ်အလာရှိတယ်လို့လဲဆိုပါတယ်။

ကျနော်ကတော့ငယ်ငယ်လေးထဲကအဲ့ဒီလိုအခန်းအနားကြီးတွေမှာပါဖူးတာမရှိတော့သိပ်စိတ်မဝင်စားတာနဲ့သူ့ကိုမင်းပဲသွားပါကွာ၊ ငါတော့သိပ်စိတ်မပါလို့လိုက်တော့ဘူးလို့ပြောလိုက်တယ်။ ပထမဆုံးနေ့သူစတင်လေ့ကျင့်ပြီးပြန်လာတော့သူကသူတို့စီမှာ လူတွေ လိုနေသေးတယ်ဆိုတဲ့အကြောင်းပါချင်ရင်ပါလို့ရပြီး၊ပါဝင်ကူညီပါဆိုတော့ကျနော်လဲတစ်ခါမှမလုပ်ဖူးပေမယ့်အတွေ့အကြုံအသစ်တစ်ခုအနေနဲ့နောက်တပါတ်လေ့ကျင့်ဖို့သွားရင်လိုက်ခဲ့မယ်လို့ကတိပေးလိုက်တယ်။ မှတ်မှတ်ရရ ၈တန်းကျောင်းသားဘဝကထင်ပါရဲ့ မြန်မာ့လွတ်လပ်ရေးနေ့အခန်းအနားကိုပြည့်သူ့ရင်ပြင်မှာကျင်းပတော့တိုက်ပုံလေးဝတ်ပြီးသွားခဲ့ရတာ။ နောက်ပိုင်းတော့အမိမြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့စတဲ့အခန်းအနားကြီးတွေမှာမပါဝင်ခဲ့ဖူးပဲ၊ အခုလိုသူများနိုင်ငံရဲ့အမျိုးသားနေ့မှာသွား ပါဝင်တာ တစ်မျိုးတော့တစ်မျိုးကြီးပါပဲ။

စင်္ကာပူအမျိုးသားနေ့ဟာ သြဂုတ်လအတွင်းမှာဆိုပေမယ့်ကြိုတင်ပြင်ဆင်လေ့ကျင့်ဖို့ကို ၄ လခန့်အချိန်ယူပြီးပြင်ဆင်ခဲ့ကြပါတယ်။ ဧပြီလကုန်ပိုင်းလောက်မှာသူတို့ဒုတိယအကြိမ်လေ့ကျင့်ဖို့အတွက်Yee Tee မှာရှိတဲ့စင်္ကာပူစစ်တပ်စခန်းတစ်ခုဖြစ်တဲ့ Kranji Camp ကိုသွားတော့ထုံးစံအတိုင်း register လုပ်ရတယ်။ ပြီးတော့ အသစ်ရောက်တဲ့လူတွေကို Audition လို့ခေါ်တဲ့လက်တွေ့အစမ်းကပြကြ
ရပါတယ်။ ကျနော်က night club မှာကရတာဝါသနာပါပေမယ့်အခုလိုကပြရတာကတော့တကယ့်ကိုတမျိုးကြီးရှက်သလိုခံစားရပါတယ်။ သို့ပေမယ့်လဲကိုယ်ကလုပ်မယ်လို့စခဲ့ပြီဆိုတော့ရှေကဆက်လုပ်ဖို့ပဲရှိတော့တာပေါ့ရှက်နေတော့လဲဘယ်လိုလုပ်မလဲ။ Audition ပြီးတာနဲ့ကျနော်တို့ကိုလိုအပ်နေတဲ့အုပ်စုတွေမှာထည့်လိုက်ပါတယ်။ ကျနော်ကတော့ Brandon ပါတဲ့အုပ်စုမှာပဲဝင်လိုက်တယ်။ ကျနော့်စိတ်ထင်အုပ်စုကြီး ၆ အုပ်စုရှိပြီးလူပေါင်း ၆၀၀ ပါဝင်ပါတယ်။ သရုပ်ဖော်ကဖို့အတွက်လိမ္မော်ရောင်နဲ့အစိမ်းရောင် ပါဝင်တဲ့ လက်ကိုင်အလံ ၂ ခုကိုင်ရပါတယ်။ ကကွက်ပေါင်း ၂၅ မျိုးခန့်ပါဝင်ပြီး၊ ပုံစံဖော်ပြမှုပေါင်း၁၅ မျိုးထက်မနည်းပါဝင်ပါတယ်။ တစ်ပါတ်ကို ၂ ရက် ညနေပိုင်း ၇ နာရီက နေ ၉နာရီခွဲ ၁၀ နာရီလောက်ထိလေ့ကျင့်ကြရတာပါ။

NDPနဲ့ပတ်သတ်ပြီးဦးစီးကော်မတီကစင်္ကာပူတပ်မတော်မှဆောင်ရွက်တာဖြစ်ပြီးကျနော်တို့အတွက်တော့ စင်္ကာပူတပ်မတော် မြိုစောင့်တပ်ကနေအနီးကပ်ဦးစီးပေးတဲ့အတွက်ပါဝင်ကူညီသူတွေကိုလိုလေးသေးမရှိအောင်စီစဉ်ပေးပါတယ်။ အရေးပေါ်ဆေးတပ်ဖွဲ့၊ ရေနဲ့အချိုရည်၊ ညစာစတဲ့လိုအပ်ချက်တွေကိုလေ့ကျင့်ရာစစ်တပ်ရဲ့စစ်ရေးပြကွင်းအတွင်းမှာအမြဲတမ်းအစဉ်သင့်ပါ။ ကိုယ့်အုပ်စုတွင်းမှ ကရမယ့် ကကွက်တွေကိုတစ်ခုခြင်းစီအပြန်အပြန်အလှန်လှန်လေ့ကျင့်ရပါတယ်။ ဒီအတောအတွင်းမှာလဲ တခြားအုပ်စုကြီးတွေနဲ့ ပေါင်းစပ်ဖော်ပြရတဲ့ Group Formation တွေကိုအသုံးပြုမယ့်သီချင်းနဲ့တကွပူးတွဲလေ့ကျင့်စေပါတယ်။ တခါတလေအပြန်ပြန် အလှန်အလှန်လေ့ကျင့်ပြီးကာမှ ဒီကကွက်တွေကိုတီထွင်ပေးတဲ့ Creative Director ကသိပ်မကြိုက်လို့ ပြန်ပြန်ပြင်ပြီးလေ့ကျင့်ရတာ တွေလဲမကြာခဏပါ။ ကျနော့်အုပ်စုထဲမှာတော့စင်္ကာပူနိုင်ငံသားများအပြင်ဒီဘာသာရေးအဖွှဲုအစည်းရဲ့ member တွေပါဝင်ကြတဲ့အတွက် မလေးရှား၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်းစတဲ့တခြားနိုင်ငံသားများပါပါဝင်ကူညီကြတာကိုတွေ့ရပါတယ်။

Kranji Camp မှာအခြေခံလေ့ကျင့်မှု တွေပြီးတဲ့နောက်မှာ တော့အမျိုးသားနေ့ကျင်းပမယ့်နေရာဖြစ်တဲ့ Marina bay က ရေပေါ်ပလက်ဖောင်း စင်မြင့်ပုံစံတူအတိုင်းပြုလုပ်ထားတဲ့မြို့စောင့်တပ်ဌာနချုပ်တည်ရှိရာ Bedok Campကိုပြောင်းရွေ့လေ့ကျင့်ကြ ရပါတယ်။ ဒီနေရာမှာတော့ပုံစံကွက်တွေကိုလေ့ကျင့်တာထက်တကယ့်နေ့မှာဖျော်ဖြေရမယ့်အတိုင်းအချိန်တွေနဲ့ပါလေ့ကျင့်ရတာပါ။ ပြုလုပ်ထားတဲ့စင်မြင့်ဟာအထပ် ၃ ထပ်ပါရှိပြီးတော့ကျနော့်ပါဝင်တဲ့အုပ်စုကတော့စင်မြင့်ရဲ့ဒုတိယအဆင့်ညာဖက်ခြမ်းကိုတက်ရမှာပါ။ Standby Point ကနေတက်ရမယ့်စင်မြင့်နေရာအကွာအဝေးအတိအကျကိုအချိန်အတိအကျဖြစ်အောင်ပြေးတက်ပြေးဆင်း အကြိမ်ပေါင်း များစွာလေ့ကျင့်ကြရပါတယ်။ Bedok ရောက်သွားတော့အပြန်အတွက်ပါပို့ဆောင်ရေးစီစဉ်ပေးပါတယ်။ ဒီ Bedok Campကနေဇွန်လ လည် လောက်မှာပွဲကျင်းပမယ့်Marina Bay Platform စင်မြင့်ကိုပြောင်းပြီးလေ့ကျင့်ကြရပါတယ်။ အဲ့ဒီမှာတော့ Finalize ဖြစ်နေပြီဆို တော့ပိုမိုကောင်းမွန်အောင်ပဲတကယ့်နေ့တွေမှာတခြားဖျော်ဖြေရေးအုပ်စုကြီးတွေနဲ့ပူးပေါင်းနိုင်အောင်ပါလေ့ကျင့်ကြရတာပါ။

ဇူလိုင်လပထမပါတ်ကနေစပြီးတော့ဝတ်စုံပြည့်နဲ့စင်္ကာပူအခြေခံပညာကျောင်းများအတွက်နဲ့၊ တခြားဖိတ်ကြားပြသတဲ့ပုဂ္ဂိုလ်တွေနဲ့၊ ပါဝင်ကူညီသူများအားလုံးရဲ့မိဘဆွေမျိုးတွေကြည့်ရှုဖို့အတွက် National Education Show ဆိုပြီးအပတ်စဉ်စနေနေ့တိုင်း ၃ ပါတ်တိတိ ဝတ်စုံပြည့်ဖျော်ဖြေပေးကြရပါတယ်။ ကျနော်တို့လဲတစ်ယောက်ကိုဝင်ခွင့်လက်မှတ် ၂ စောင်စီရတော့ကျနော့်မိဘများက စင်္ကာပူမှာ ရှိမနေတော့အလွန်ခင်မင်တဲ့မိတ်ဆွေ Uncle Harold နဲ့ညီမဝမ်းကွဲကိုလက်မှတ်တစ်ယောက်တစ်စောင်ပေးပြီးလာကြည့်ခိုင်းရတယ်။ Brandon ကတော့သူ့အမေကိုမလေးရှားကနေဒီကိုလာကြည့်ခိုင်းပါတယ်။ အပါတ်စဉ်စနေ့နေ့တိုင်းပြုလုပ်တဲ့ဝတ်စုံပြည့်အစမ်း လေ့ကျင့်ဖျော်ဖြေရေးကိုအမှန်တကယ်ပြုလုပ်မယ့် အမျိုးသားနေ့အတိုင်းပြုလုပ်တာဖြစ်တဲ့အတွက်တခြားတခြားသောဖျော်ဖြေရေးတွေ၊ ချီတက်အလေးပြုမယ့်စင်္ကာပူတပ်မတော်၊ ရဲ၊ စတဲ့unifrom တပ်ဖွဲ့တွေ၊ အကုန်လုံးကို Suntec City မှာရှိတဲ့ hallကြီးတွေမှာစုံရပ်နဲ့ စောင့်ဆိုင်းနေရာသတ်မှတ်ပြီးတော့အဲ့ဒီကနေမှ Marina Bay ကိုသူ့အစီအစဉ်အတိုင်းသွားရောက်ကြရတာပါ။

အပါတ်စဉ် ကျင်းပတဲ့အစမ်းလေ့ကျင့်ပွဲတွေကိုစင်္ကာပူဒုတိယဝန်ကြီးချုပ်အပါအဝင်ဝန်ကြီးများအမြဲတမ်းလာရောက်အားပေးလေ့ရှိပါတယ်။
ပထမဆုံးဝတ်စုံပြည့်အစမ်းလေ့ကျင့်ဖျော်ဖြေပွဲမှာတော့ပရိတ်သတ် ၂၂၀၀၀ ကိုဖျော်ဖြေရမှာဆိုတော့နည်းနည်းတော့ရင်ခုန်ပါတယ်။ ကျနော်တို့အဖွဲ့ကြီးဟာပွဲကြီးတစ်ခုလုံးရဲ့နောက်ဆုံးဖျော်ဖြေမှုပါ။ Holding Area Suntec ကနေ Marina Bay ကိုရောက်၊ Marina Bay Platform ရဲ့ပွဲကြည့်စင်အောက်မှာတော့ကျနော်တို့ရဲ့ Standy Points များရှိပါတယ်။ တချို့အဖွဲ့တွေကတော့ရေပေါ်စင်မြင့်ရဲ့အနောက် ဖက်မှာလဲရှိပါတယ်။ ကျနော်တို့အုပ်စုမှာလူ ၅၀ ပါဝင်ပြီးတစ်တန်းကို ၆ ယောက်ပါ။ ကျနော်ကတော့ပထမဆုံးဦးဆောင်ရတဲ့ အတန်းမှာ ပါဝင်ပါတယ်။ ကျနော့်ရှေ့မှာတော့စင်္ကာပူစစ်တပ်ကဆက်သွယ်ရေးစစ်သားတွေဟာဆက်သွယ်ရေးကိရိယာကိုခေါင်းမှာတက်ပြီးသူတို့ရဲ့ central command ရဲ့အမိန့်ပေးမှုတွေကိုစောင့်နေကြတယ်။ တစ်ယောက်ကတော့မီပွိင့်ပုံစံ မီးနီ၊ မီးဝါ၊ မီးစိမ်းကိုင်ထားတဲ့ လက်ကိုင်
မီးပွိင့်နဲ့မီးနီပြထားတယ်။ နောက်မီးအဝါပြောင်းသွားပြီ၊ ကျနော်တို့ရှေ့ကကပြတဲ့အဖွဲ့ပြန်ဝင်ပြီး၊ ကျနော်တို့ကပြရမယ့်သီချင်း ကိုစကြား ရတဲ့အချိန်တစ်ခုမှာတော့မီးစိမ်းပြပြီး၊ GO!! ဆိုတာကြားလိုက်ရတဲ့အချိန်မှာကျနော်တို့စပြီးပြေးထွက်လာကြပါတယ်။ ပထမဆုံးနေ့ ကဖြစ်ချင်တော့အမြဲတမ်းအပြန်ပြန်အလှန်လှန်လေ့ကျင့်ခဲ့တဲ့သူငယ်ချင်းဂျပန်ကောင်လေးကနေမကောင်းတော့မလာနိုင်၊သူ့နေရာကို
တော့Trainer တစ်ယောက်ကအစားထိုးဝင်ပြီးလုပ်ပေးပါတယ်။ ခက်တာကသူက trainer ဆိုပေမယ့်ကတာတွေပဲသင်ရတဲ့ဆရာ၊ အမြတမ်းပြေးတက်ပြေးဆင်းလုပ်တဲ့စီမှာသူကပါလေ့မရှိပါဘူး။ သူကကျနော့်ရဲ့ညာဖက်တစ်ယောက်အကျော်မှာပါ။ စပြီးပြေးဝင်ပြီး ကျနော်တို့ stageရဲ့ဒုတိယဆင့်ကိုပြေးတက်ရမယ့်နေရာရောက်တော့မယ်လမ်းကြောင်းကိုသူတို့ဖက်က မပြောင်းသေးပါဘူး။ Trainer ကတခါမှပြေးမတက်ဖူးတော့ဘယ်ကိုပြေးတက်ရမှန်းမသိပဲ၊လမ်းမှားပြီးသူများအုပ်စုကိုဝင်တော့မလိုဖြစ်နေတဲ့အခြေအနေပါ။ အကယ်၍သူများအုပ်စုထဲသာဝင်သွားရင်တော့လုံးဝကြီးကိုသုံးလို့မရတော့ပါဘူး။ဒီတော့ကျနော်က Change The Lane, Wrong Direction လို့အော်ပါတယ်။ နောက်ကလူတွေကလဲရှေ့ကအတိုင်းလိုက်ရတာဆိုတော့သူတို့ကလဲမှားမှန်းသိနေပြီ။ နောက်ဆုံးအချိန် တစ်ခုမှာတော့လမ်းကြောင်းကိုရုတ်တရက်ပြောင်းလိုက်နိုင်တယ်။ ဒါပေမယ့်ပြောင်းလိုက်တာရယ် အဲ့ဒီနေရာမှာလမ်းအဆက် တစ်ခု ရှိနေတာကြောင့်ကျနော်ခုလုတ်တိုက်ပြီးလဲသွားရော၊ တက်ထားတဲ့မျက်မှန်လဲကျွတ်ထွက်သွားတယ်။ ကျနော်လက်နဲ့မျက်မှန်ကို လှမ်းဆွဲပြီးကုန်ရုံးထ၊ ပြီးဆက်ပြေးရတယ်။ ဆက်မပြေးရင်နောက်ကလူတွေလဲရပ်သွားမှာပါ။ ခုနကလဲကျသွားတဲ့အတွက်စက္ကန့် ပိုင်း လေးနောက်ကျပြီးကျနော်တို့ကပြရမယ့်သတ်မှတ်ထားတဲစင်မြင့်ကိုရောက်သွားတယ်ဗျ။ ဆက်တိုက်ပဲပွန်းပဲ့သွားတာနာတာတွေ ဂရုမစိုက်နိုင်ပဲဆက်တိုက်ကိုအောင်အောင်မြင်မြင်ကပြသွားနိုင်ပါတယ်။ ကပြီးလို့ရပ်လိုက်တဲ့အခါမှာတော့စင်္ကာပူတပ်မတော်ဆေးတပ်ဖွဲ့ ကစင်မြင့်ရဲ့အနောက်ဖက်ကိုထမ်းစင်နဲ့ရောက်နှင့်နေပါပြီ။ကျနော်တို့ကိုတာဝန်ယူရတဲ့မြို့စောင့်တပ်ကစစ်သားတစ်ယောက်နဲ့ဆေးတပ်ကတစ်ယောက်ရောက်လာပြီး၊ စင်နောက်ဖက်ကိုတွဲခေါ်သွားပါတယ်။ ထမ်းစင်နဲ့ခေါ်ပြီးဆေးခန်းသွားမယ်ဆိုတော့ကျနော်က လျှောက်နိုင် ပါတယ်၊ လမ်းပဲလျှောက်ပါရစေဆိုတော့သေခြာရဲ့လာတဲ့၊ ကျနော်ကဘာမှလဲသေခြာမဖြစ်ပဲနဲ့ထမ်းစင်နဲ့တော့မသွားချင်ပါဘူး။ ဒါနဲ့အတင်းလမ်းလျှောက်ပြီးဆေးတပ်ရဲ့ယာယီဆေးခန်းကိုရောက်တော့ဆရာဝန်တစ်ယောက်ကသေခြာစစ်ဆေးကုသပါတယ်။ တကယ်တော့ငယ်ငယ်ကစက်ဘီးမှောက်သလောက်တောင်ဒဏ်ရာမများပါဘူး။ ဘယ်နေရာကနာနေလဲဆိုပြီးအသေးစိတ် စစ်ဆေး ပေးပါတယ်။ ဒဏ်ရာအတွက်ဆေးထည့်ပေးပြီး၊နောက်ပိုင်းတစ်ခုခုများဖြစ်ခဲ့ရင်သူတို့ဆီဆက်သွယ်ပါဆိုပြီးပြောတော့ စင်္ကာပူတပ်မတော် ရဲ့တာဝန်ယူသိတက်မှုကိုအထူးပဲလေးစားမိပါရဲ့။ဒါအပြင်ကျနော်တို့အုပ်စုကြီးတစ်ခုလုံးကိုတာဝန်ယူကြီးကြပ်ပေးရတဲ့ဦးစီးကော်မတီဝင်တစ်ဦးကိုယ်တိုင်လာပြီးအခုလိုမတော်တဆဖြစ်ရတာကိုအလွန်စိတ်မကောင်းကြောင်းပြောပါတယ်။ ကျနော့်မှာတော့ဘာမှမဖြစ်စလောက် ဒဏ်ရလေးအတွက်ဒီလောက်ဂရုစိုက်မှုတွေခံနေရတော့ရှက်တောင်ရှက်ပါသေးတယ်။

ဒီလိုနဲ့ဒုတိယအကြိမ်၊ တတိယအကြိမ် National Education Show တွေပြီးတဲ့နောက်မှာတော့ Natonal Day Preview ဆိုပြီးကံစမ်းမဲ လက်မှတ်ရထားတဲ့ပြည်သူလူထုတွေကိုဖျော်ဖြေရပါတယ်။ ၃ မိနစ်တာကပြဖျော်ဖြေရမယ့်အစီအစဉ်လေးတစ်ခုကို ၄ လတာကြိုတင် ပြင်ဆင်လေ့ကျင့်ပြီးနောက်တော့သြဂုတ်လ (၉) ရက်နေ့စင်္ကာပူအမျိုးသားနေ့ကိုရောက်ရှိခဲ့ပါပြီ။ အခမ်းအနားတွေကိုတော့ညနေ ၆ နာရီလောက်မှစပေမယ့်ကျနော်တို့ကိုတော့နေခင်း၂ နာရီထဲက Waiting Area ဖြစ်တဲ့ Suntec City Convention Hall ကြီးတစ်ခု မှာစတင်စုစည်းထားစေပါတယ်။ အဲ့ဒီမှာပါဝင်ကြမယ့်စင်္ကာပူတပ်မတော်စစ်ရေးပြတပ်ဖွဲ့၊ ရဲတပ်ဖွဲ၊ မီးသတ်၊ စသည်ဖြင့်ချီတက်ကြမယ့် စစ်ကြောင်းတွေ၊ ကပြဖျော်ဖြေကြမယ့်အဖွဲ့အစည်းတွေကိုတစ်နေရာစီနေရာချထားပေးပါတယ်။ အလွန်တရာတင်းကြပ်တဲ့ လုံခြုံရေး အစီအမံတွေနဲ့ Suntec ကြီးတစ်ခုလုံးနဲ့ Hall ဝင်ပေါက်တွေမှာရှာဖွေရေးအဖွဲ့တွေနဲ့စိစစ်ရှာဖွေပါတယ်။ အချိန်နီးကပ်လာတဲ့ အမျှ အမျိုးသားနေ့ကျင်းပရာ Marina Bay ကိုတစ်ဖွဲ့ချင်းစီစတင်ချီတက်သွားကြပါပြီ။ ခန်းမကြီးရဲ့အလည်မှာတော့ Marina Bay မှာကျင်းပ နေတာတွေကိုတိုက်ရိုက်ထုတ်လွှင့်ပြထားပါတယ်။ ကျနော်တို့အဖွဲ့ကနောက်ဆုံးမှကပြရမှာဆိုတော့အားလုံး ထွက်ခွာသွားပြီးသည့်တိုင် အောင်ကျနော်တို့ဆက်ပြီးရှိနေပြီးနောက်ဆုံးအကြိမ်အနေနဲ့အကတိုက်ပြီးခေါင်းဆောင်များရဲ့အားပေးစကားများကိုနားထောင်ကြရတယ်။

ကျနော်တို့သွားရမယ့်အချိန်ကျလာတာနဲ့သက်ဆိုင်ရာကိုယ့်အဖွဲ့ငယ်လေးတွေကိုကျနော်တို့ကိုတောက်ရှောက်စောင့်ရှောက်ကူညီရတဲ့
မြို့စောင့်တပ်ကစစ်သား ၂ ယောက်ကဆိုင်းဘုတ်ကိုင်ခေါင်းဆောင်၊ စင်္ကာပူရဲတပ်ဖွဲ့ကလုံခြုံရေးယူပြီးတော့ Suntec ကနေ Marina Bay ကိုလမ်းလျှောက်ချီတက်ကြပါတယ်။ ကားလမ်းတွေပိတ်ထားတော့ကားမရှိပေမယ့် လမ်းမှာလူတွေတော်တော်များများ ကစည်းတားထား တဲ့နေရာတွေကနေဓာတ်ပုံရိုက်ကြလက်ပြနှုတ်ဆက်ကြနဲ့အတော်စိတ်လှုပ်ရှားပျော်စရာကောင်းပါတယ်။ကျနော်တို့အတွက်ကပြရမယ့်အချိန်ရောက်တော့အကြိမ်ကြိမ်လေ့ကျင့်၊ ဖျော်ဖြေပြီးခဲ့ကြပြီမို့အမှားအယွင်းလုံးဝမရှိအောင်ပဲကျနော်တို့အောင်အောင်မြင်မြင် ဖျော်ဖြေ နိုင်ခဲ့ကြတယ်။ ကျနော်တို့ရဲ့ ဖျော်ဖြေရေး အမည်ကတော့ Creators Of Possibility လို့ ခေါ်ပါတယ်။ ကျနော် တို့ရဲ့ ဖျော်ဖြေမှုဟာ နောက်ဆုံးအစီအစဉ်ဖြစ်တဲ့အတွက်ပွဲတစ်ခုလုံးမှာဖျော်ဖြေခဲ့ကြတဲ့ သူတွေအားလုံးစင်မြင့်ပေါ်ကိုတက်ရောက်ပြီးနောက်တော့ စင်္ကာပူနိုင်ငံ အမျိုးသားသီချင်းကိုသီဆိုပြီးအခမ်းအနားအစီအစဉ်တွေကိုမီရှူးမီးပန်းများဖောက်ပြီးစီးစေခဲ့ပါတယ်။ ဒီအစီအစဉ်တွေပြီးတာနဲ့ အခမ်းအနားမှူးက Party Time ဆိုပြီး Discoသီချင်းတွေဖွင့်လှစ်ပြီးလူတိုင်းပျော်ရွှင်စွာကကြတယ်။ ဘယ်ကဘယ်လိုလုပ်လာမှန်း မသိတဲ့Performers ပေါင်းစုံဖြစ်တဲ့ကုလား၊တရုတ်၊ မလေးအကုန်ပါဝင်တဲ့လူရထားတန်းကြီးအနားရောက်လာလို့တွဲလိုက်သွားပြီး ရေပေါ် ပလက်ဖောင်းတလျှောက် ကရင်းခုန်ရင်း သွားလိုက်တာချွေးရွှဲရွဲဆိုသွားတော့တယ်။ ကကြတဲ့လူတွေကြားထဲအထိ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းအပါအဝင်၊ ဂိုချောက်တောင်စတဲ့ ဝန်ကြီးများဟာလဲပရိတ်သတ်နဲ့တစ်သားတဲဝင်ရောက်ဆင်နွှဲတာကိုလဲ တွေ့ရတော့အတော် ကိုအံ့သြမိပါတယ်။ လူမျိုးမရွေး၊ဘာသာမရွေးတသားတဲကျတဲ့စင်္ကာပူရဲ့ Natioanl Policy ကိုပိုမိုထင်ဟပ်စေတာတွေ့ရပါတယ်။

အမျိုးသားနေ့ပြီးလို့တစ်လခန့်အကြာမှာတော့စင်္ကာပူအစိုးရအမျိုးသားနေ့ကျင်းပရေးဦးစီကော်မတီကနေကျနော့်တို့ကိုဂုဏ်ပြုကျေးဇူးတင်ကြောင်းလက်မှတ်ချီးမြှင့်ခဲ့ပါတယ်။ နောက်နှစ် ၂၀၀၉ နဲ့ ၂၀၁၀ အမျိုးသားနေ့တွေမှာလဲပါဝင်လိုသော်လည်းအမျိုးသားနေ့ ကျင်းပတဲ့နှစ်အလိုက်ပေါ်လစီတွေ အရ ၂၀၀၉ နဲ့ ၂၀၁၀တို့ကိုအမျိုးသမီးအများစုနဲ့ဖျော်ဖြေရေးကဏ္ဍတွေကို ကျင်းပမှာမို့လို့ ပါဝင် ခွင့်မရခဲ့ပါဘူး။ ကျနော်အနေနဲ့ကတော့နောင်တချိန်မှာပါဝင်ခွင့်ရခဲ့လို့ရှိရင်၊ ကိုယ့်မှာလဲအချိန်ရှိခဲ့ရင်ပါဝင်ဆင်နွှဲလိုသေးတယ်။ ။

Friday, October 8, 2010

ကျနော်နဲ့ Airline Industry (၂)

ကျနော်အလုပ်လုပ်ခဲ့တုံးကတော့ Jet Star Asia ရဲ့ Flights Timing တွေအရကျနော်တို့အနေနဲ့ shiftwork ကို အချိန် ၃ ဆိုင်းနဲ့အလုပ်လုပ်ကြရပါတယ်။ 1st Shift - 0300 to 1200, 2nd Shift 1200 to 2030, 3rd Shift 1400 to 2230 တို့ပါ။ ကိုယ်တာဝန်ကျတဲ့အချိန်ရောက်ရင် Main Service Counter မှာရှိတဲ့တစ်နေ့တာ အတွက်ဘယ်ကောင်တာ၊ ဘယ်ဂိတ်တွေမှာတာဝန်ကျသလဲ၊ သို့တည်းမဟုတ်အထူး တာဝန်ကျတာတွေ ရှိလားဆိုတာကိုရှိသမျှဝန်ထမ်းတွေအားလုံးအတွက် schedule ချပေးထားတဲ့စာရွက် ပေါ်မှာကြည့်ကြရပါတယ်။ နေ.စဉ်ကိုယ်တာဝန်ကျတဲ့ flight ကို counter duty, Boarding Gate duty ဆိုပြီးအများဆုံးလုပ်ကြ ရပါ တယ်။ တစ်ယောက်ကို အနည်းဆုံး flights ၃ ကြောင်းကနေ ၄ ကြောင်း တာဝန်ယူကြရတာပါ။ ကိုယ့်တာဝန်က မနက်အစောဆုံးအပိုင်းမှာကျရင်တော့ကောင်တာတစ်ခုစဖွင့်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုစတင် စုဆောင်း ရပါတယ်။ သတိပေးချက်တွေဖြစ်တဲ့ Frangil Sticker, Heavy Sticker (ဒီသတိပေးချက်ကတော့ soarting area လို့ခေါ်တဲ့flight အလိုက်ပစ္စည်းတွေကိုခွဲခြားတင်ပေး တဲ့နေရာမှာရှိတဲ့အလုပ်သမားတွေအတွက်ပါ၊ Changi Airport မှာတော့ကီလို ၃၀ ဟာအများဆုံးခွင့်ပြု တဲ့ပမာဏပါ။ ကီလို ၃၀ ထက်ပိုမိုသယ်ဆောင်ခဲ့ရင် အလုပ်သမားတွေအတွက်တစုံတခုထိခိုက်မှာဆိုးတဲ့ အတွက်ကာကွယ်ထားပေးတာပါ။ ဒါကြောင့်ပစ္စည်းတစ်ခု ဟာကီလို ၃၀ ရှိခဲ့ရင်ဒီ heavy sign ပြထားတဲ့ အတွက်သူတို့အနေနဲ့သတိထားသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ခရီးသည်ကိုလဲကီလို ၃၀ ထက်ပိုမိုပါက နောက်ထပ်အိတ်တစ်လုံးကိုပြောင်းပြီးခွဲပေးဖို့အကြံပြုရမှာပါ။) နောက်တော့တခြားလိုအပ်တဲ့လက်ခံဖြတ် ပိုင်းတို့၊ ကိုယ့်ကောင်တာမှာတင်ရမယ့်ကြော်ငြာတို့ ကိုအပြည့်အစုံယူ၊ ဘယ်ကောင်တာနံပ္ပါတ်မှာတော့ ဘယ် flight အတွက်ကောင်တာဖွင့်မယ်ဆိုတာကိုအရာရှိ ကိုမေးပြီးအချိန်အတိအကျ၊ နည်းနည်းပိုစောပြီး စဖွင့်ရပါတယ်။

Counter မှာဆိုရင်ကိုယ်ကျတဲ့ flight ပေါ်မူတည်ပြီး လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကိုလေ့လာရပါတယ်။ တကယ်ကိုတာဝန်ကြီးပြီးအန္တရယ်များတယ်လို့ပြောရမှာပါ။ခရီးသည်နဲ့ပထမဆုံးဆက်ဆံရတဲ့နေရာဖြစ်တော့ customer service ကလဲအရမ်းကိုဂရုစိုက်ရပါ တယ်။ ဒ့ါအပြင် security ကိုလဲကြည့်ရပါသေးတယ်။ ပထမဆုံးခရီးသည်လာရင် သူ့ Passport ကိုကြည့်ပြီးဒီလူသွားမယ့်ခရီးမှာ visa လိုမလို return ticket လိုမလိုဆိုတာစပြီး ဆုံးဖြတ်ရလေ့ရှိပါတယ်။ပြီးရင် passportကဓာတ်ပုံကိုကြည့်ပြီးအပြင် ကလူနဲ့ တူမတူ ကြည့်ရပါတယ်။တူရင်အကြောင်း မဟုတ်ပါဘူး။ မတူရင် ဒီခရီးသည်ဘယ်မှာလဲဆိုပြီးမေးရတော့တာပဲ။ တစ်ခါတလေတကယ်သွားမယ့်သူကမလာပဲ၊ လိုက်ပို.တဲ့သူကcheck in လာဝင်တာရှိတယ်။ အထူးသဖြင့် ရန်ကုန်ကို သွားမယ့် flight ပေါ့။ ပြီးတော့ passport expiry date ကိုစစ်ပါတယ်၊ ဒီဟာကအရေးအကြီး ဆုံးအပိုင်းနဲ့ခရီးသည်နဲ့အငြင်းအပွားရဆုံးပါ။ Passportသက်တမ်း ၆ လ မရှိရင်တချို့နိုင်ငံတွေရဲ့လူဝင်မှု ကြီးကြပ်ရေးကလက်မခံပါဘူး။ခြွင်းချက်အနေနဲ.ခရီးသည်ရဲ့မိခင်နိုင်ငံကိုပြန်မယ် ဆိုရင်တော့ရပါတယ်။ တော်တော်များများခရီးသည်တွေကဒါကို သတိမထားမိတာလားတခါတလေလွတ်မလားဆိုပြီး စမ်းကြည့် တာလဲဖြစ်မှာပါ။ ပြီးရင်ခရီးသည်သွားမယ့်နိုင်ငံအတွက် visa လိုမလိုကိုကြည့်ပါတယ်။ visa လိုခဲ့ရင် visa သက်တမ်းကိုကြည့်ရပါသေးတယ်။ visa သက်တမ်းကကုန်နေပြန်ရင်လဲမဖြစ်ပြန်ဘူးဗျာ။


အဓိကပြသနာများတဲ့ passport တွေကတော့ ထုံးစံအတိုင်းကျနော်တို.မိခင်နိုင်ငံတော်ရဲ့ မြန်မာPassport၊ အိန္ဒိယ၊ တရုတ်နဲ.အာဖရိကတိုက် မှာရှိတဲ့နိုင်ငံတချို့တွေရဲ့ passport တွေပါပဲ။ ကျနော်တို. မြန်မာ passport ကတော့ရှင်းတယ် ဘယ်နိုင်ငံသွားသွား ဗီဇာလိုတယ်ဆိုတော့ထွေထွေထူးထူး မှတ်ထားစရာ မလိုတော့ဘူး။ ဒါမယ့်ဗီဇာမလိုပဲသွားလို.ရတဲ့နိုင်ငံ (၂)ခုတော့ ရှိပါတယ်။ သို.သော်သေခြာအောင် တော့ ဗီဇာယူသွားတာ အကောင်းဆုံးပါ။ နိုင်ငံတစ်ခုစီရဲ့လိုအပ်ချက်တွေကတော့သူ.နိုင်ငံနဲ.သူဆိုတော့ ရေးမပြ တော့ပါဘူး။ ကြုံခဲ့ဖူးတဲ့ အတွေ.အကြုံလေးတွေပဲ ပြောပြသွားပါ့မယ်။


ကွာလာလမ်ပူကောင်တာ


တစ်ရက် KL သွားမယ့် flight အတွက်တခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့counterတာဝန်ကျပါ တယ်။ KL flight ကအများအားဖြင့်အရမ်းသက်သာတယ်၊ သိပ်ပြီးပြသနာမရှိတဲ့အပြင်အိတ်တွေလဲပါ လေ့ ရှိပါဘူး။ခဏနေတော့ ဘေးကောင်တာကကောင်မလေးက ခေါ်ရောကြည့်လိုက်တော့ သူ့မှာမြန်မာ passport နှစ်အုပ်နဲ.စလုံးစာအုပ်တစ်အုပ်နဲ.လည်နေတယ်၊ဘာဖြစ်တာလဲဆိုတော့ သူပြောတာကိုယ် နားမလည်ကိုယ်ပြောတာသူနားမလည်ဖြစ်နေတာတဲ့ဒါနဲ့ကျနော့်ကောင်တာဖက်ကို ယူလိုက်ပြီး ကြည့် လိုက်တော့စလုံးဗီဇာကုန်လို.မလေးကို ကူးပြီးရှောင်မယ့်မိန်းကလေးနှစ်ယောက်နဲ့ပွဲစားလို.ထင်ရတဲ့ စလုံး ခံယူထားတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပါ။ သူကစလုံး passport ကိုင်တာဆိုတော့ဘာပြသနာ မှ မရှိပေမယ့်ကျန်တဲ့ ကောင်မလေးနှစ်ယောက်မှာ လိုအပ်ချက်တွေရှိပါတယ်။ Passport ကမြန်မာဆိုတော့ မလေးကိုဝင်ဖို.ဗီဇာလိုတယ်၊ဗီဇာရှိတယ်၊အိုကေ၊ပြီးတော့သက်တမ်းလဲရှိတယ်။ ဒီတော့နောက်ဆုံး အဆင့် ဖြစ်တဲ့ မလေးကနေပြန်လာဖို.အပြန်လတ်မှတ်ရှိလားဆိုတော့ မရှိဘူးတဲ့။ စလုံး ပြန်ဝင်ဖို.ဗီဇာလဲမရှိဘူး။ ဘယ်တော့ပြန်လာမှာလဲဆိုတော့မသိဘူးတဲ့။ ဒါဆိုနဲနဲပြသနာရှိလာပါတယ်။မလေးရဲ့ လေကြောင်းဖြင့် ဝင်ရောက်သောလူဝင်မှုကြီးကြပ်ရေးလိုအပ်ချက်ကအပြန်ကိုလေကြောင်းနဲ.ပဲထွက်ကိုထွက်ရပါမယ်။ အပြန်ကို ကားတို.ရထား တို့ နဲ. ပြန်မယ်လို.တော့သွားမပြောလိုက်နဲ.ဗျ။ လုံးဝကို check in ပေးဝင်မှာ မဟုတ်ဘူး။ ကျနော်တို.မြန်မာ passport အတွက်နော်။ အပြန်လက်မှတ်မရှိရင် သူ့နိုင်ငံထဲကနေတခြား နိုင်ငံတစ်ခုကိုထွက်သွားပါ့မယ်ဆိုတဲ့ခိုင်မာတဲ့ လတ်မှတ် ပြရပါတယ်။ ခုနက ကောင်မလေးနှစ်ယောက်မှာ အပြန်လတ်မှတ်မရှိဘူးဆိုတော့တခြားကိုသွားမယ့်လတ်မှတ်ရှိလားဆိုတော့ရှိတယ်တဲ့ ဘယ်သွားမှာလဲ ဆိုတော့ ရန်ကုန်ပြန်မယ်တဲ့ လက်မှတ်ပြဆိုတော့ ပြပါတယ်၊ Malaysia Airline (MH) က e-ticket ပါ။ ကြည့်လိုက်တော့ ပန်နဆူလာမှာ ၂၀ လား ၃၀ လားပေးပြီးလုပ်လာတဲ့ လက်မှတ်ပါ။ ရှင်းရှင်းပြောရရင် အတုပေါ့ဗျာ။လူဝင်မှုကြီးကြပ်ရေးကတော့အတုအစစ်သိပ်ခွဲလေ့မရှိပါဘူး။ ကျနော်တို. ကသေခြာတယ် ထင်လို. လွှတ်ပေးလိုက်ရင်အစဉ်ပြေပါတယ်။ တကယ်ဆိုရင်ကိုယ်က မသင်္ကာလို.ဆိုရင် MH မှာသွားပြီး စစ်ကြည့်လို.ရတယ်။ ဒီ လက်မှတ်က confirm လားဘာလားဆိုတာ။ သူတို့ကိုကြည့်လိုက်တော့ မျက်နာ ငယ်လေးတွေနဲ့ပြီးတော့ကိုယ်ဟာကိုယ်ကလဲသွားစစ်ရမှာပျင်းတယ်။ မြန်မာအချင်းချင်းကူညီလိုက်ပါ မယ်ဆိုပြီး ကျနော်check-inလုပ်ပေးလိုက်တယ်။ပြောချင်တာကတော့ကျနော်တို.မြန်မာတွေလက်တလုံး ခြားလေးတွေအရမ်းလုပ်တာကိုပါ။ ဟိုပွဲစားကတော့ဘယ်လောက်ရလိုက်တယ်မသိဘူးပေါ့ဗျာ။

နောက်ထပ်မှတ်မှတ်ရရ KL ကောင်တာအတွေ.အကြုံတစ်ခုကခရီးသည်လင်မယားနဲ့ ရန်ဖြစ်ရတာပါ။ ကောင်တာမှာ check in ဝင်ရင်သွားမယ့်ခရီးသည်ကိုယ်တိုင်လာရမယ့်ဆိုတာအထက်ပိုင်း မှာရေးထားပြီး သားတွေ.ရမှာပါ။ မနက်အစော ပိုင်း KL ကောင်တာပါ။ ခရီးစဉ်က holiday ရှိနေလို. Fully booked ဗျ။ ကောင်တာ(၃)ခုဖွင့်ပြီးချက်ကင်ဝင်ပေးနေရတယ်။ လေယာဉ်မထွက်မီ ၄၅ မိနစ်အလိုကောင်တာပိတ် မှာကိုKLကောင်တာတွေရဲ့ထုံးစံအတိုင်းခရီးသည်တွေကနောက်ဆုံးအချိန်ကပ်ပြီးမှလာကြတာပါ။ ကျနော့် ကောင်တာမှာ စလုံး စာအုပ် (၃) အုပ်တင်လာရော ကြည့် လိုက် တော့တစ်ယောက်ထဲ ဒါနဲ. ကျနော်က ကျန်တဲ့ ခရီးသည်တွေရောဆိုတော့ ဟိုမှာလာနေတယ်တဲ့ ကြည့်လိုက် တော့ အမျိုးသမီးတစ်ယောက်နဲ. ကလေးတစ်ယောက်တွေ.ပါတယ်။ ကျနော်သူတို.ကောင်တာကိုလာကြမယ် ထင်လို.ရှေ.မှာရှိနေတဲ့ လူရဲ့ စာအုပ်ကိုယူပြီးချက်ကင်လုပ်လိုက်ပါတယ်။ကျန်တဲ့စာအုပ်ကိုကိုင်ပြီးမော့ကြည့်လိုက်တော့ကောင်တာ မှာ ခုနကလူပဲရှိတယ်။ကျနော်ကခရီးသည်ရောဆိုတော့အိမ်သာသွားတယ်တဲ့။ကျနော်ကခရီးသည်ကောင်တာ မှာမရှိရင် ချက်ကင်မဝင်ပေးနိုင်ဖူးဆိုတော့ ခုနကကြည့်ပြီးပြီလေတဲ့ ကျနော်ကကြည့်လိုက်တာ လာမယ် မှတ်လို.လို.ခရီးသည်ကောင်တာကိုလာကိုလာရမယ်ဆိုတော့စပြီးစိတ်ဆိုးပါတယ်။သူတို.ကိုခက်ခဲအောင် တမင်လုပ်တာတဲ့။ကျနော်သည်းခံပြီးရှင်းပြပါတယ်လုံခြံရေးအရကျနော်တို.ရဲ့အခြေခံလိုအပ်ချက်အရ လုပ်တာပါဆိုလဲမရဘူး။ ဒါနဲ့ကျနော်စာအုပ်တွေပြန်ပေးလိုက်ပြီးချက်ကင်ဝင်ဖို.ငြင်းပါတယ်။

နောက်မှာတန်းစီ နေတဲ့ခရီးသည်တွေကတပုံကြီးဗျာ။ဒါနဲ့ခုနကအမျိုးသမီးနဲ.ကလေးပြန်ရောက်လာရော။ အဲ့ဒီတော့မှပွက်လောကိုညံအောင်ကျနော့်ကိုအော်ကြီးဟစ်ကျယ်ရန်တွေ.ပါလေရောဗျာ။ကျနော် ကတော့ ရန်တော့ပြန်တွေ.လို.မရဘူးပေါ့၊သူတို.ကိုလေပြေလေးနဲ့မကျေနပ်ရင် ကြိုက်တဲ့နေရာမှတိုင်နိုင် တယ်လို.ဒီမှာအော်ကြီးဟစ်ကျယ်လုပ်လို.မရဘူးလို.CCTV camera တွေနဲ့အသံဖမ်းကိရိယာတွေ တက်ဆင်ထား ပါတယ်ဆိုတော့နဲနဲတော့ငြိမ်သွားတယ်။ ဒါနဲ့ကျနော်ရဲ့နာမည်ကိုရေးမှတ်သွား ဖို. အတွက် ရေးစရာ ရှာတာမရှိပြန်ဘူး။ ဒါနဲ့ကျနော့်ကိုတိုင်ဖို.အတွက်ကျနော်ကပဲစာရွက်နဲ.ဘောပင်ထုတ်ပေးလိုက်ရ ပါတော့ တယ်။ စလုံးတွေဟာအင်မတန်မှကိုအတိုင်အတောထူပြီးတော့ တခါတလေ ဂဂျီဂဂျောင် ကျတက်တာ ကတော့ တော်တော်များများသိကြမှာပါ။

ကောင်တာထိုင်ရင်များသောအားဖြင့်ကြုံတွေ.ရတဲ့တောင်းဆိုမှုကတော့ခုံနေရာပါပဲ။ လူတိုင်းကရှေ ပိုင်း မှာထိုင်ချင်ကြတယ်ဗျာ။ Jet Star ကိုonline ပေါ်ကလက်မှတ်ဝယ်ရင် ခုံနေရာအလကားကြိုတင်ပြီးယူလို.ရတယ်ဗျ။ ဒါမယ့်အများစုကတော့လေဆိပ်ရောက်မှပဲယူကြတောင်းကြတာများတယ်။ လေယာဉ်က ခုံ မပြည့်ရင်တော့ရှေ.ဖက်မရောက်ရင်တောင်မှခရီးသည်လိုချင်တဲ့ခုံကိုပေးလေ့ရှိပါတယ်။ ခုံကလဲ ပြည့် နေတယ်။ ချက်ကင်ဝင်တာကလဲနောက်ကျမှလာလို.ရှိရင်တော့လိုချင်တဲ့ခုံပေးလို.မရပြန်ဘူး။ တခါတလေလေယာဉ်အစဉ်ပြေပြေတက်ဖို.အတွက်ခုံနေရာတွေကို balance လုပ်ရတာရှိပါတယ်။ ခရီးသည်ကတော့ဒါတွေကိုနားမလည်ပါဘူး။ ရှေ.ဖက်မှာရဖို.အတွက်ပဲကြိုးစားကြတာပါ။ လေယာဉ်က ခုံမပြည့်လို.အားလုံးကိုရှေ.ပိုင်းမှာပေးလိုက်ရင်လေယာဉ်တက်တဲ့အခါမှာဦးလေးနေတဲ့ အတွက် အခက်အခဲရှိစေပါတယ်။ တခါတလေလာတဲ့အချိန်ကကောင်တာပိတ်ခါနီးနေပြီ၊ ထိုင်ခုံကလဲဟိုတစ်ကွက်
ဒီတကွက်ပဲလွတ်တော့တဲ့အချိန်ကြရင်မိသားစုလိုက်လာတဲ့ခရီးသည်တွေမှာထိုင်ခုံတူတူထိုင်ချင်တဲ့ပြသနာ
ကိုခဏခဏဖြေရှင်းရပါတယ်။

ဒီနေရာမှာ ကျနော့်အရင်ကလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ ရန်ကုန် flight ကောင်တာဆိုရင်သူတို့ ဝမ်းသာကြတယ်။ တဖက်ကလဲစိတ်တော့နည်းနည်းညစ်တယ်ဗျ။ ဘာလို.လဲဆိုတော့ ရန်ကုန်သွားမယ့် ခရီးသည်အများစုကမြန်မာဆိုတော့ခုံနေရာကိုသူတို.အတွက်ခေါင်းထဲမထည့်ပါဘူး။ ဘာခုံပဲပေးပေး ထိုင်ပါတယ်။ လုံးဝဂျီးမများပါဘူး။ Jet Star က MAI နဲ့ code share လုပ်ပြီးပျံသန်းတာဆိုတော့ ထုံးစံ အတိုင်း MIA ဆိုတော့ VIP များ အတွက်ရှေUဆုံးခုံတန်းတွေကို block လုပ်ပြီး reserved လုပ်ထားလေ့ ရှိပါတယ်။ သက်ကြီးရွယ်အို၊ မသန်မစွမ်းနဲ့၊ ရဟန်းတော်များအတွက်လဲပါတာပေါ့ဗျာ။ ကျနော်သူငယ်ချင်း တွေဆိုအမြဲပြောတယ်မြန်မာခရီးသည်တွေကအရမ်းသဘောကောင်းတယ်တဲ့ဘယ်ခုံပေးပေးထိုင်တယ်တဲ့၊

ဒါမယ့်သူတို့ကပစ္စည်းတွေအများကြီးသယ်တော့အိတ်တွေဝိတ်ချိန်ရတာပင်ပန်းတယ်တဲ့။ရန်ကုန်ခရီးသည် တစ်ယောက်ကအနည်းဆုံးပစ္စည်း ၃ မျိုးတော့ပါတက်ပါတယ်။ ဒါ့အပြင်ပေးထားတဲ့ကီလိုအပြင် အမြဲပိုပြီး လူတွေအများကြီးပေါင်းချိန်လေ့ရှိပါတယ်။အဲ့ဒီတော့ အိတ်ပေါင်းများစွာ ကိုချိန်ရ တော့စိတ်တော့ တခါတလေ ပျက်တာပေါ့။ ပြီးတော့လုံခြုံရေးအရမေးရတဲ့ မေးခွန်းတချို.ရှိပါတယ်၊ ဥပမာ ဒီအိတ်က ခရီးသည်ရဲ့အိတ်လား၊ဒီထဲမှာဘာပါသလဲ၊ဒီအိတ်ကိုကိုယ်တိုင်ထုတ်ပိုးတာလားတဲ့မေးခွန်းတွေမေးပါတယ်။ တကယ်တော့နဲနဲတော့ ကြောင်တယ်ဗျ။အဲ့ဒီမှာကြုံဖူးတာကတော့အန်ကယ်ကြီးတစ်ယောက်ချက်ကင်ဝင်

တယ်။၊စက္ကူပုံးတစ်ခုပါတယ်ဗျ၊တော်တော်လဲလေးတယ်။ ဒီလို စက္ကူပုံးမျိုးဆိုပို ပြီးသတိထားရပါတယ်။ အသေးစိတ်မေးခိုင်းတယ်ဗျ။ သူ့ကိုပုံးထဲမှဘာပါလဲဆိုတော့ မသိဘူးတဲ့၊ အဲ့ဒီတော့ကျနော်တို့ကမသိလို.တော့မရဘူး၊ မသိရင်ယူသွားလို.မရဘူးဆိုတော့၊ ငါ့တူရယ် ရှင်းရှင်းပဲ ပြောပါရစေ ဒီဟာဦးလေးဟာ မဟုတ်ပါဘူး။ XXXXXXXဆီ မှာ ကီလိုရောင်းလာတာပါ။ ကြည့်လုပ်ပေးပါကွယ်တဲ့။ ကျနော့်အရာရှိကို ဘယ်လိုဘာသာပြန်ပြီးပြောရမှန်းတောင်မသိတော့ပါဘူး။ changi airport မှာကြည့်လုပ်လို့ မရပါဘူး ခင်ဗျ။ အလွန်အန္တရယ်များပါတယ်။ ဒီတော့ကျနော်ကဦးလေး ထည့်ပေးတဲ့သူစီဖုံးသွားဆက်ပါ ဘာပါလဲ မေးပြီးမှပြန်လာပါလို.ပဲပြောလိုက်ရတော့တယ်။

နောက်ထပ်တွေ့ရတဲ့ရန်ကုန်ကောင်တာမှာတွေ့ရတဲ့အခက်အခဲကတော့ခရီးသည်တွေဟာ လက်ဆွဲ သည်ခွင့်ပေးတဲ့အိတ်ကိုမပြပဲဖွက်ထားလေ့ရှိပါတယ်။ သူတို့မှမဟုတ်ဘူးကျနော်ကိုယ်တိုင်တောင် လုပ်ဖူး ပါတယ်။ ချက်ကင်ဝင်ပြီးပြီဆိုတော့သူတို.တခြားမှာထားထားတဲ့လက်ဆွဲတွေအနည်းဆုံး သုံးမျိုးလောက် ပါတယ်ဗျာ။ တကိုယ်လုံးရှုပ်ယှက်တွေကိုခက်နေတာ။ အဲ့ဒါတွေယူပြီးတော့ boarding gate ကိုသွားကြတဲ့ အခါ gate မှာတာဝန်ကျတဲ့လူကအင်မတန်ကို အလုပ်များပြီးဒီအပိုထုတ်တွေကိုလေယာဉ်ဝမ်းထဲ ထည့်ဖို. စီမံရပါတယ်။ အဲ့ဒီမှာပဲကောင်တာမှာချက်ကင်ဝင်တဲ့အိတ်တွေရဲ.အလေးချိန်၊ခရီးသည်တွေရဲ့ အလေးချိန်၊ လေယာဉ်ဆီတို.ဘာတို.စတဲ့ အလေးချိန်တွေဟာအရင်ခန်.မှန်းထားသည်ထက်အစပေါင်းများစွာ ပိုလေး ပြီး လေယာဉ်ရဲ့ သယ်ဆောင်နိုင်သောဝန်ထက်ပိုလွန်သွားပါတော့တယ်။ ဒီဟာတကယ်ကို အန္တရယ်ပါ။ ခရီးသည်တစ်ယောက်ကို ၁၀ကီလိုပိုသယ်ရင်တောင် ခရီးသည် ၁၈၀ ဆိုရင် ကီလို ၁၈၀၀ ပိုလာပါတယ်။ ဒီတော့ captain ကမတက်ဘူးအိတ်တွေပြန်လျော့ပါဆိုတော့တင်ထားတဲ့ အိတ်တွေထဲကကံဆိုးတဲ့အိတ် ပေါင်းများစွာဟာနောက်ထွက်မယ့်လေယာဉ်နဲတင်ဖို.အတွက် changi မှာကျန်ခဲ့ရပါတော့တယ်။ ရန်ကုန် လဲရောက်ရောကိုယ့်အိတ်ပါမလာသူ.အိတ်ပါမလာနဲ့အိတ်ပျောက်တဲ့ပြသနာတွေကိုကြုံတွေ.ရပါ တော့တယ်။ မြန်မာပြည်မှာ လေယာဉ်တွေခဏခဏပျက်ကျရတဲ့ အကြောင်းအရင်းအဓိက ကတော့ အဲ့ဒါပါပဲ။ ဟိုမှာ ကြည့်လုပ်လို.ရတာကိုးခင်ဗျ။ အဲ့ီး Boarding Gate ရောက်လို့အိတ်ကိုဝမ်းထဲထည့်ပေး မယ်ဆိုရင်မြန်မာ တွေပဲခက်ခက်ခဲခဲမပြောရပဲအိတ်ကိုပေးလိုက်တာပါ။ တခြား Flight တွေမှာဆိုရင် အလကားထည့်ပေးပါ့မယ်၊ ကျေးဇူးပြုပြီးပေးပါဆိုတောင်းတောင်းပန်ပန်နဲ့တောင်းတာတောင်မရချင်ဘူး။ တခါတလေ cabin ထဲကိုပေး မယူလို့ Aero Bridge ပေါ်မှာထားပေးခဲ့ဖို့Tagချိတ်ပြီးပြောလိုက်ရင်တောင် မရမက cabin ထဲသယ်သွားလို့ Cabin Crew နဲ့ Ground Staff ပြသနာခဏခဏတက်ရတယ်။ အခု နောက်ပိုင်းတော့ Jet Star စီးတဲ့ခရီးသည် တွေကို Terminal ထဲဝင်တဲ့နေရာမှာတင် Airline Baggage Checkဆိုပြီးစစ်တော့ ဒီပြသနာလုံးဝမရှိတော့ပါဘူး။

Thursday, October 7, 2010

Changi မှာဘီးတစ်လုံးချန်ခဲ့ပြီး New York တွင်ဆင်းသက်သော SIA


Chaigi Airport ကနေပျံတက်သွားတဲ့ Singapore Airlines လေယာဉ်တစ်စင်းဖြစ်တဲ့ Airbis 340-500ဟာပျံတက်စဉ် ဘီးတစ်လုံး ပြုတ်ထွက်ကျကျန်ခဲ့ပါတယ်။သို့သော်ဒီဘီးကျကျန်ခဲ့တာကို Captain နဲ့ဘယ်သူကမှသတိထားမိတဲ့ပုံမပေါ်ပါဘူး။

စင်္ကာပူကနေအမေရိကန်နိုင်ငံ New York မြို့ကိုပျံသန်းထွက်ခွာခဲ့တဲ့ခရီးစဉ်အမှတ် SQ22 ဟာစင်္ကာပူမှထွက်ခွာပြီးပျံသန်းချိန် ၁၉ နာရီကျော်ပြီးနောက်၊ New York ကိုဆင်းသက်ဖို့ပြင်ဆင်ချိန်မှာတော့လေယာဉ်ရဲ့ဆင်းသက်မှုအခြေအနေပြ sensor မှာ ဘီးတစ်လုံးမရှိဘူးဆိုတာကိုလေယာဉ်မှူးကသိရှိလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ချန်ဂီလေဆိပ်ဝန်ထမ်းတွေဟာ Changi AirportTerminal 3 အနီးကမြောင်းအတွင်းမှာဘီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Business Class ခရီးသည် ၈၁ ဦးသယ်ဆောင်လာတဲ့လေယာဉ်ဟာ New York လေဆိပ်မှာအောင်မြင်စာဘေးမသီ၇န်မခပဲ ဆင်းသက်နိုင်ခဲ့ပါတယ်။ SIA မှပြည်သူ့ဆက်ဆံရေးဆိုင်ရာဒုတိယအမှုဆောင်ဥက္ကဌကလေယာဉ်ဘီးပြုတ်ထွက်ကျန်ခဲ့တာ ဟုတ်မှန်ကြောင်း၊ ဘယ်ဖက်အဓိကဆင်းသက်ဂီယာမှဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

Air Bus 340-500 အမျိုးအစားလေယာဉ်အတွက်ဆင်းသက်ရန်လိုအပ်သည့်ဘီအရည်အတွက်အပြည့်အစုံမှာ ၁၂ ဘီးဖြစ်ပြီး ၁၁ ဘီးဖြင့်လဲချောမွေ့စွာဆင်း သက်နိုင်ကြောင်းနဲ့အခုကိစ္စကိုလဲ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်းဆက်လက်ပြောကြားသွားပါတယ်။

SIA ဟာဒီလေယာဉ်အမျိုးအစား ၅ စင်းရှိပြီး၊ အင်ဂျင်လေးလုံးတက်၊ Business Class သီးသန့်ခရီးသည် ၁၀၀ ဦးသာ တင်ဆောင် သောလေယာဉ်ဖြစ်ပါတယ်။စင်္ကာပူမှ Los Angeles နဲ့ New Yorkတို့ကိုတောက်လျှောက်မရပ်မနားပျံသန်းနိုင်တဲ့ ခရီးရှည် ပျံသန်းသောလေယာဉ်အမျိုးအစားဖြစ်ပါတယ်။

Refrence : TODAY Newspaper and SIA website.

Wednesday, October 6, 2010

လေယာဉ်ပေါ်တွင်လက်ကိုင်ဖုံးအသုံးပြုနိုင်တော့မည်



ဒီတလောမှာတော့ရေးစရာကလဲမရှိပြန်လကုန်ရက်အလုပ်နည်းနည်းများတာနဲ့စာမရေးဖြစ်တာအခုမှအသစ်တစ်ခုတင်နိုင်ပါတယ်။
ဒီနေ့ထုတ်သတင်းစာမှာဖော်ပြပါရှိတဲ့ SIA ရဲ့ဝန်ဆောင်မှုအသစ်ကိုသူငယ်ချင်းတွေသိရအောင်ဖော်ပြပေးလိုက်ပါတယ်။

မကြာမီကာလအတွင်းကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သော Singapore Airlines (SIA)လေကြောင်းခရီးစဉ်များအတွင်း
Airbus A380, Airbus A340-500 and Boeing 777-300ER လေယာဉ်များဖြင့်ပျံသန်းစဉ်ကာလမှာလက်ကိုင်ဖုံးများကိုစတင် အသုံးပြု နိုင်မည်ဖြစ်ကြောင်းလေကြောင်းလိုင်းမှထုတ်ပြန်ကြေငြာလိုက်ပါတယ်။ခရီးသည်များအနေဖြင့်လေယာဉ်ပေ ၄၀၀၀ အထက်သို့ရောက်ရှိ
ချိန်မှာစတင်၍ပျံသန်းစဉ်ကာလအတွင်းမည်သည့်ဖုံးနှင့်မဆိုဆက်သွယ်ပြောဆိုနိုင်မည့်အပြင်သတင်းတို (sms) များပေးပို့ ရယူနိုင်ခြင်း၊ လေယာဉ်တွင်းတက်ဆင်ထားသော GPRS wi-fi internet စနစ်ဖြင့် smart phone များတွင်အင်တာနက်ကိုပါသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အင်တာနက် သုံးစွဲမှု အတွက်တော့ ခရီးသည်များအနေဖြင့် sign up လုပ်ဖို့လိုအပ်ပြီး ဒီအတွက်အကြွေးဝယ်ကဒ်လိုအပ်ပါတယ်။
စင်္ကာပူလေကြောင်းလိုင်းသည် စင်္ကာပူပြည်တွင်းမှတယ်လီဖုံးဝန်ဆောင်မှုကုမ္ပဏီကြီးသုံးခုအပြင်ကမ္ဘာအနှံမှ တယ်လီဖုံး ဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၂၀၀ ခန့်ဖြင့်ဒေါ်လာမီလျှံပေါင်းများစွာရင်းနှီးမြုပ်နှံစာချုပ်မှုများပြုလုပ်ခဲ့ပါတယ်။

SIA အနေဖြင့်ယင်းဝန်ဆောင်မှုကိုအလျှင်အမြန်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်လည်ခန့်တွင်စတင်အသုံးပြုနိုင် လိမ့်မည်ဖြစ်ကြောင်းနဲ့အာရှဒေသတွင်ပထမဆုံးလေယာဉ်ပျံသန်းစဉ်လက်ကိုင်ဖုံးသုံးဆွဲနိုင်သည့်ဝန်ဆောင်မှုပေးသောလေကြောင်းလိုင်း
ဖြစ်လာမှာပါ။

လေယာဉ်ခရီးသည်များအနေဖြင့်မိမိတို့၏လက်ကိုင်ဖုံးတွင်ကမ္ဘာအနှံသို့သယ်ယူဖုံးပြောနိုင်သောဝန်ဆောင်မှု(International Roaming Service) ရှိရင်လိုအပ်ပြီး၊ဖုံးပြောခများကိုသက်ဆိုင်ရာဖုံးဝန်ဆောင်မှုကုမ္ပဏီများမှချမှတ်ထားသောနှုန်းထားများအတိုင်းပေးဆောင်ရမည်
ဖြစ်ပြီးလေကြောင်းလိုင်းအနေဖြင့်မည်သည့်အပိုဝန်ဆောင်ခမှတောင်းခံခြင်းပြုလိမ့်မည်မဟုတ်ပါဘူး။ဒါပေမယ့် roaming charge ဟာ အတော်လေးကိုဈေးကြီးတာဆိုတော့အင်မတန်အရေးကြီးတဲ့ကိစ္စတွေကြမှပဲအသုံးပြုဖို့သင့်တော်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်အခုလိုအလွန်
ကောင်းမွန်တဲ့ဝန်ဆောင်မှုအတွက်ပေးရကျိုးတော့နပ်မှာပါ။ မိမိကိုယ်ပိုင်လက်ကိုင်ဖုံး ဖြင့် ဆက်သွယ်မှုအားလုံးဟာလေယာဉ်ထိုင်ခုံတွင် တက်ဆင်ထားသော Sky Phone ဝန်ဆောင်မှုထက် ပိုမိုသက်သာသောနှုံးထား ဖြစ်လာစရာရှိပါတယ်။ အများအားဖြင့်ခရီးစဉ်ပျံသန်းချိန် ၅ နာရီထက်ပိုတဲ့ခရီးတွေကိုပျံသန်းတဲ့အခါမှာခရီးသည်များပိုမိုသက်တောင့်သက်သာဖြစ်စေဖို့နဲ့မပျင်းရအောင်လေကြောင်းလိုင်းများ
အနေနဲ့ in flight entertainment တွေကိုအစွမ်းကုန်စီစဉ်ပေးကြပါတယ်။ ဒါတွင်မကအရေးပေါ်ကိစ္စတွေအတွက်နဲ့အခြားကိစ္စများ အတွက် အသုံးပြုနိုင်ဖို့ global satellite network ကိုအသုံးပြုပြီးလေယာဉ်ထိုင်ခုံကနေနေရာမရွေးဖုံးဆက်နိုင်အောင် ဝန်ဆောင်မှု ပေးလာတာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ကျနော့်အတွေ့အကြုံအရပြောရရင်တော့ ဒီဖုံးကနေပြင်ပကိုခေါ်ဆိုနိုင်ဖို့ အတွက်နိုင်ငံတကာ သုံးအကြွေးဝယ်ကဒ်လိုပါတယ်။ ဒီအကြွေးဝယ်ကဒ်ကနေဖုံးပြောခကိုပေးဆောင်နိုင်မှာပါ။ ထိုင်ခုံတစ်ခုကနေနောက်ထိုင်ခုံတစ်ခုကို ဖုံးဆက်တာကတော့ပေးစရာမလိုပဲအလကားသုံးလို့ရပါတယ်။ ဒီ Sky Phone ကနေခေါ်ဆိုတဲ့နှုံးထားကတော့ ၁မိနစ်ကို US$4.00 ကနေUS$6.00 ကြားကျသင့်တယ်ဆိုတော့ပြောမပြောကိုတော့သူငယ်ချင်းတွေကိုယ့်ဟာကိုယ်ပဲဆုံးဖြတ်ကြပါတော့။