Thursday, October 7, 2010

Changi မှာဘီးတစ်လုံးချန်ခဲ့ပြီး New York တွင်ဆင်းသက်သော SIA


Chaigi Airport ကနေပျံတက်သွားတဲ့ Singapore Airlines လေယာဉ်တစ်စင်းဖြစ်တဲ့ Airbis 340-500ဟာပျံတက်စဉ် ဘီးတစ်လုံး ပြုတ်ထွက်ကျကျန်ခဲ့ပါတယ်။သို့သော်ဒီဘီးကျကျန်ခဲ့တာကို Captain နဲ့ဘယ်သူကမှသတိထားမိတဲ့ပုံမပေါ်ပါဘူး။

စင်္ကာပူကနေအမေရိကန်နိုင်ငံ New York မြို့ကိုပျံသန်းထွက်ခွာခဲ့တဲ့ခရီးစဉ်အမှတ် SQ22 ဟာစင်္ကာပူမှထွက်ခွာပြီးပျံသန်းချိန် ၁၉ နာရီကျော်ပြီးနောက်၊ New York ကိုဆင်းသက်ဖို့ပြင်ဆင်ချိန်မှာတော့လေယာဉ်ရဲ့ဆင်းသက်မှုအခြေအနေပြ sensor မှာ ဘီးတစ်လုံးမရှိဘူးဆိုတာကိုလေယာဉ်မှူးကသိရှိလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ချန်ဂီလေဆိပ်ဝန်ထမ်းတွေဟာ Changi AirportTerminal 3 အနီးကမြောင်းအတွင်းမှာဘီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Business Class ခရီးသည် ၈၁ ဦးသယ်ဆောင်လာတဲ့လေယာဉ်ဟာ New York လေဆိပ်မှာအောင်မြင်စာဘေးမသီ၇န်မခပဲ ဆင်းသက်နိုင်ခဲ့ပါတယ်။ SIA မှပြည်သူ့ဆက်ဆံရေးဆိုင်ရာဒုတိယအမှုဆောင်ဥက္ကဌကလေယာဉ်ဘီးပြုတ်ထွက်ကျန်ခဲ့တာ ဟုတ်မှန်ကြောင်း၊ ဘယ်ဖက်အဓိကဆင်းသက်ဂီယာမှဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

Air Bus 340-500 အမျိုးအစားလေယာဉ်အတွက်ဆင်းသက်ရန်လိုအပ်သည့်ဘီအရည်အတွက်အပြည့်အစုံမှာ ၁၂ ဘီးဖြစ်ပြီး ၁၁ ဘီးဖြင့်လဲချောမွေ့စွာဆင်း သက်နိုင်ကြောင်းနဲ့အခုကိစ္စကိုလဲ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်းဆက်လက်ပြောကြားသွားပါတယ်။

SIA ဟာဒီလေယာဉ်အမျိုးအစား ၅ စင်းရှိပြီး၊ အင်ဂျင်လေးလုံးတက်၊ Business Class သီးသန့်ခရီးသည် ၁၀၀ ဦးသာ တင်ဆောင် သောလေယာဉ်ဖြစ်ပါတယ်။စင်္ကာပူမှ Los Angeles နဲ့ New Yorkတို့ကိုတောက်လျှောက်မရပ်မနားပျံသန်းနိုင်တဲ့ ခရီးရှည် ပျံသန်းသောလေယာဉ်အမျိုးအစားဖြစ်ပါတယ်။

Refrence : TODAY Newspaper and SIA website.

No comments:

Post a Comment