Wednesday, June 8, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၂)

တကယ်တော့ ဒီပိုစ့်ကိုတစ်ပိုင်းထဲနဲ့ ပြီးအောင်ရေးဖို့စိတ်ကူးရှိတာပါ။ (၅) နှစ်တိတိပြည့်တဲ့ ဇွန်လ (၆) ရက်နေ့မှာတင်မယ်ဆိုပြီး ကြိုရေး
ထားခဲ့ပေမယ့် အလုပ်တွေတော်တော်များနေတာကြောင့် ဆက်မရေးဖြစ်ပဲ (၆) ရက်နေ့မှာတစ်ပိုင်းပဲ တင်လိုက်နိုင်ပါတယ်။ ရေးသမျှ
ဖတ်ပေး အားပေးကြတဲ့ ညီအကို မောင်နှမတွေနဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ကျန်ခဲ့တဲ့ အပိုင်း (၁) ကိုဆက်ရေးရရင်တော့ နေထိုင်ခွင့်ကလဲ (၂)ပါတ်ပဲ ကျန်တော့တယ်ဆိုတော့ အလုပ်ကိုအသည်းအသန် ရှာရပါ တယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်ကဟိုးကျနော်စရောက်ရောက်ခြင်းလောက်ကလောက် သိပ်တော့မလွယ်တော့ပါဘူး။ ဒါမယ့်တစ်ခုရှိတာ
က ကျနော့်မှာ Sales Administrator/ Sales Coordinator အတွေ့အကြုံကလဲရှိလာတော့ ကျနော်ကျွမ်းကျင်တဲ့ အဲ့ဒီအပိုင်းကိုပဲတစိုက်
မှတ်မှတ်ရှာတော့တယ်ဗျာ။ နောက်ဆုံးနေထိုင်ခွင့်က (၁)ပါတ်လောက်ပဲလိုတော့တဲ့ အချိန်မှာတော့ ရန်ကုန်ပြန်ပြီး Social Visit နဲ့ပြန်ဝင်
လာဖို့ လေယာဉ်လက်မှတ် ဘာညာတောင်စီစဉ်ထားပြီးပါပြီ။ အဲ့ဒီတုံးက ညီမလေးကလဲ စင်္ကာပူကိုအလည်ရောက်နေပြီး မှတ်မှတ်ရရ
သူပြန်ဖို့ လေဆိပ်လိုက်ပို့တဲ့အချိန်မှာ အင်တာဗျူးတစ်ခုရလိုက်တယ်။ Jurong Industries Park ထဲမှာပါ။ သူ့ကိုလေဆိပ်ပို့ပြီးအပြန်
လျှောက်ထားတာတွေ မှတ်ထားတဲ့စာအုပ်ပြန်လှန်ပြီး ဘယ်အလုပ်လဲဆိုတာ ပြန်ရှာကြည့်ရသေးတယ်။ သိတဲ့အတိုင်း လျှောက်ရတာတွေ
များတော့ ခေါ်တဲ့ အင်တာဗျုးကဘာမှန်းမသိရင် နည်းနည်းတော့ အခက်အခဲရှိတာကြောင့်ပါ။

နောက်ရက်ကျတော့ အင်တာဗျုးသွားပါတယ်။ မန်နေဂျာဆိုတဲ့ လူဝဝကြီးတစ်ယောက် ကမေးမြန်းပါတယ်။ ရုံးခန်းလေးကလဲ သေးသေး
မှ စားပွဲ (၂)လုံးပဲရှိတာပါ။ သူမေးတာတွေကတော့ အတော်ကိုစုံပါတယ်။ ကျနော်လုပ်ခဲ့ဖူးတာတွေ၊ MYOB Software ကိုကျွမ်းကျင်တဲ့
အတွက် အဲ့ဒီ software အကြောင်းတွေ စသည်ဖြင့်မေးလိုက်တာ နာရီဝက်လောက်ကိုကြာပါတယ်။ ဒါမယ့်ကျနော့်စိတ်ထဲမှာ အဲ့ဒီအလုပ်
ကိုရမယ်လို့ သိပ်တော့မမျှော်လင့်ထားဖူးဗျာ။ Company ကလဲသေးသေးလေးနဲ့ မန်နေဂျာကစကားတွေ သိပ်ပြောတာပဲလို့ ထင်လို့ပါ။
ကျနော်ကတော့ ဘယ်နေ့အထိ စင်္ကာပူပြည်တွင်းမှာ ရှိလိမ့်မယ်ဆိုတာကိုတော့ ပြောပြလိုက်ပါတယ်။ သိတဲ့အတိုင်း သူဌေးနဲ့ မတွေ့ရတဲ့
အင်တာဗျုးတွေမှာ ဆုံးဖြတ်ချက်ကို ချက်ချင်းမချနိုင်ပါဘူး။ သူဌေးနဲ့တိုက်ရိုက်တွေ့ရသည့်တိုင် ဆုံးဖြတ်ချက်က အရမ်းကိုကျခဲပါတယ်။
နောက် (၅) ရက်လောက်မှာတော့ ဘယ်လိုမှမထင်ထားပဲနဲ့ အဲ့ဒီ Company ကသူဌေးနဲ့တွေ့ဖို့ Second Interview ခေါ်ပါတယ်။
ဒုတိယအကြိမ် အင်တာဗျုးခေါ်ခြင်းဟာများသောအားဖြင့် ခန့်ဖို့ရာခိုင်းနှုန်း ၈၀% လောက်ရှိတက်တာဆိုတော့ ကျနော့်မှာမျှော်လင့်ချက်
တစ်ခုရှိသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရန်ကုန်ကိုတော့ ပြန်ကိုပြန်ပြီးမှ ပြန်လာလို့ရတော့မှာပါ။

ဒုတိယအကြိမ် အင်တာဗျုးကိုတော့ အဲ့ဒီ Company ကပိုင်တဲ့ အနောက်တိုင်းအစားအစာရောင်းတဲ့ စားသောက်ဆိုင်မှာတွေ့ဖို့ချိန်းပါ
တယ်။ ချိန်းထားတဲ့ အချိန်အတိုင်းအဲ့ဒီကိုရောက်တော့ သူဌေးကသူ့ရဲ့ အတိုင်ပင်ခံရဲ့ ရုံးမှာရောက်နေလို့ အဲ့ဒီကိုလိုက်သွားတွေ့စေချင်
ပါတယ်တဲ့။ ကျနော့်မှာ ဟင့်အင်းသွားမတွေ့နိုင်ပါဘူး လို့ငြင်းဖို့အခွင့်အရေး မရှိပါဘူး။ အဲ့ဒီကိုရောက်တော့ သူဌေးအမျိုးသမီးနဲ့ အသက်
ကြီးကြီးယောင်္ကျားကြီးတစ်ယောက်ကို တွေ့ရပါတယ်။ ထုံးစံအတိုင်းမေးမြန်းတာတွေ လုပ်ပြီးတောါ သူတို့ Company ကလုပ်တဲ့လုပ်ငန်း
အကြောင်းနဲ့ သူတို့မှာ MYOB ကျွမ်းကျင်သူလိုနေတဲ့အတွက် ခန့်ချင်တာပါလို့ပြောပါတယ်။ ကျနော်စင်္ကာပူရောက်ပြီးမှ တက်တဲ့ပညာနဲ့
အလုပ်တစ်ခုရခဲ့တာပါပဲ။ လစာကိစ္စ၊ Pass ကိစ္စ တွေပြော၊ ကျနော်ရန်ကုန်ကို နေထိုင်ခွင့်မရှိတော့လို့ ပြန်ရတော့မယ့် ကိစ္စလဲအစဉ်ပြေပြီး
တာနဲ့ ကျနော်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို (၂) ယောက်သားကျနော့်ကိုပြောကြတာ ၂ နာရီနီးပါးကြာပါတယ်။ စာဖတ်တဲ့သူတွေ
တော့ ယုံချင်မှတောင်ယုံမှာပါ။ အခုအချိန်ထိ ကျနော့်တစ်သက်မှာ အကြာဆုံး ဒုတိယအကြိမ်အင်တာဗျုးလို့ပြောရမှာပါ။ ပြောပြီးသာတွေ
ထပ်ပြော၊ သူတို့ရဲ့ရှေ့လုပ်ငန်းစဉ်တွေပြော၊ ကျနော်လုပ်ရမှာတွေပြောလိုက်တာ Company တစ်ခုလုံးကိစ္စက ကိုယ့်ကိစ္စလို့တောင်ဖြစ်
နေတော့တာပါပဲ။ ကျနော်လဲ သူတို့ပြောသမျှနားထောင်ပေါ့ သူတို့ပြောသလောက်တော့ လုပ်ရမှာမဟုတ်ဖူးဆိုတာတော့ အတွေ့အကြုံ
အရသိနေပါတယ်။ သူတို့နဲ့ကိစ္စ တွေပြီးတာနဲ့ S Pass တင်ဖို့ကိစ္စအတွက် ဖတ်တီးမန်နေဂျာဆီသွား စာရွက်စာတမ်းတွေပေးနဲ့ အလုပ်
လဲတော်တော်ကို များသွားပေမယ့်လဲ စင်္ကာပူမှာဆက်ပြီးနေထိုင်ခွင့်ရတယ်၊ အလုပ်လဲရတယ်ဆိုတော့ မောဖို့တောင်မေ့နေတာပါပဲ။

Spass ကိုတော့တင်ထားခဲ့ပြီး ကျနော်ရန်ကုန်ကို နောက်ရက်မှာပဲ ပြန်သွားခဲ့ပါတယ်။ ရန်ကုန်ရောက်ပြီးပြီးချင်း အိမ်တောင်တန်းမပြန်ပဲ
စင်္ကာပူသံရုံးကိုသွားပြီး ပြန်ဝင်ဖို့ဗီဇာသွားဝင်ထားလိုက်တယ်။ အဲ့ဒီတုံးက ဘယ်လောက်မှတောင်တန်းစီစရာမလိုပါဘူး။ ရန်ကုန်မှာတစ်
ပါတ်ပဲကြာပြီး ပြန်မယ်လုပ်တော့ အပြန်လက်မှတ်အတွက် Confirm ပြန်လုပ်တာ မရဘူးဖြစ်နေပါတယ်တဲ့။ ကျနော်ခရီးသွားသမျှမှာပထမ
ဆုံးကြုံဖူးတာပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ Go Show ဆင်းကြည့်ပါတဲ့။ ဘယ်တက်နိုင်မလဲ ပြန်ရမှာဆိုတော့ ဆင်းကြည့်ရတာပေါ့။
အဲ့ဒီမှာဖြတ်ပြောရရင် ကျနော်နိုင်ငံခြားခရီးတွေသွားရင် အိမ်ကမိသားစုက လိုက်ပို့လေ့မရှိပါဘူး။ တစ်ယောက်ထဲပဲ လေဆိပ်ဆင်းလေ့ရှိ
တာမှာ ဒီတခါမှ ဘာစိတ်ကူးပေါက်တယ်မသိ တစ်မိသားစုလုံးလိုက်ပို့ကြမယ်တဲ့။ သူတို့လိုက်ပို့ကာမှပဲ Go Show ဆင်းတာနဲ့တိုးပြီး
Business Class ကို Upgrade လုပ်ပါမယ်ဆိုတာတောင် ထိုင်ခုံကအပြည့်ပါတဲ့ဗျာ။ ဘယ်တက်နိုင်တော့မလဲ တစ်မိသားစုလုံး အိမ်ပြန်ကြ
ပေါ့။ နောက်နေ့မနက်အစောလေယာဉ်ကို Go Show ထက်ဆင်းကြည့်ပါတယ်။ လေယာဉ်ထွက်ဖို့ မိနစ် ၃၀ အလိုမှာမှ Booking ရှိထား
တဲ့ (၁) ယောက်မလာလို့ ကျနော်ထိုင်ခုံတစ်ခုံရလိုက်ပါတယ်။ ရန်ကုန်လေဆိပ်ကအသေးလေးဆိုပေမယ့် လဝက မှာကြာနေတာနဲ့
Boarding gate ကိုရောက်တဲ့အချိန်မှာ လူတွေအကုန်နီးပါး လေယာဉ်ပေးတက်နေပြီးနေပါပြီ။ ကျနော်လေယာဉ်ထိုင်ခုံပေါ်ထိုင်လိုက်တော့
မှာ နှဖူးကချွေးတွေ သုတ်ရတဲ့စီကိုရောက်ပါတော့တယ်ဗျာ။

စင်္ကာပူကိုပြန်ရောက်ပြီးနောက်တစ်ရက်မှာပဲ အလုပ်အသစ်ကိုစပြီးဝင်ပါတယ်။ အရင်လုပ်နေတဲ့သူရဲ့ နောက်ဆုံးနေ့မှာပါ။ Handover လုပ်
တာ တစ်ရက်ထဲနဲ့ပါ။ သင်စရာတွေရှိတာတွေ၊ သိမှတ်ရမှာတွေကို တစ်ရက်အတွင်းမှာ အမြန်ပြတ်အောင်လုပ်ရတာပါပဲ။ Computer
System တွေနဲ့ Account Software ကတော့ သိနှင့်နေပြီးသားဆိုတော့ ဘာမှအခက်အခဲမရှိပါဘူး။ ရုံးခန်းထဲမှာ ကျနော်တစ်ယောက်ပဲ
ရှိပါတယ်။ စားပွဲကလဲ (၂)လုံးပဲရှိတော့ တစ်လုံးက ကျနော်နဲ့ နောက်တစ်လုံးကတော့ စာဖိုမှူးချုပ်ရဲ့စားပွဲပါ။ အဲ့ဒီ Company ကတော့
အနောက်တိုင်းအစားအစာနဲ့ ကိတ်တွေကို နာမည်ကြီးကော်ဖီဆိုင်ကြီးတစ်ခုကို တင်သွင်းတာပါ။ အဓိက ကတော့ Pie လို့ခေါ်တဲ့အစာ
သွတ်မုန့်မျိုးစုံ၊ ကိတ်မုန့်အမျိုးအစားပေါင်းများစွာနဲ့ ကွတ်ကီးဘာညာတွေထုတ်လုပ်ပါတယ်။ ကျနော့်ရုံးကတော့ Production Office လို့လဲခေါ်လို့ရတဲ့ Office ပါ။ ရုံးခန်းအတွက်အခန်းလေးတစ်ခု ကန့်ထားပြီးအနောက်ပိုင်းမှာတော့ ဂျုံမှုံတွေနယ်တဲ့အခန်း၊ Hot Kitcken
လို့ခေါ်တဲ့ ဟင်းချက်တဲ့မီးဖိုတွေ၊ မုန့်ဖုတ်တဲ့ မုန်ဖိုကြီးတွေရှိတဲ့အခန်း၊ preparation room လို့ခေါ်တဲ့ထွက်လာတဲ့မုန့်တွေကို အပြီး
သတ်တဲ့၊ ကိတ်လှီးတာတို့၊ ဒီဇိုင်းဖော်တာတို့၊ သိမ်းစည်းဖို့ပြင်ဆင်တာတို့လုပ်တဲ့အခန်းရှိပါတယ်။ အဲ့ဒီအခန်းမှာပဲ စင်္ကာပူက Common
Room တစ်ခန်းစာလောက်ရှိတဲ့ Freezer အခန်းကြီးတစ်ခန်းနဲ့ Chiller အခန်းတစ်ခန်း (၂) ခန်းထပ်ရှိပါသေးတယ်။

ကျနော့်အလုပ်တာဝန်တွေကတော့ ထုံးစံအတိုင်း အော်ဒါတွေကို ပို့ဆောင်နိုင်ဖို့အတွက်စီမံရတာပါပဲ။ တစ်ခုပိုလာတာကတော့ ရှိနေတဲ့
ဝန်ထမ်းတွေရဲ့ လစာပေးမှုတွေ၊ Pass လျှောက်ထားမှုတွေကိုပါ ကိုင်တွယ်ရပါတယ်။ ငွေဝင်ငွေထွက် စာရင်းတွေနဲ့ ပေးရန်ရှိတာတွေ၊
ရရန်ရှိတာတွေကိုလဲ လုပ်ရပါတယ်။ ပို့ဆောင်ရမယ့် နေရာတွေအတွက်လဲ ကားမောင်းတဲ့သူကို အစီအစဉ်စွဲပေးရပါတယ်။ ဝယ်စရာရှိတဲ့
ကုန်ကြမ်းတွေကိုလဲ ဝယ်တဲ့တာဝန်ယူရပါတယ်။ နောက်ပိုင်းမှာ ယာဉ်မောင်းလိုင်စင်ရတော့ Driver ပြန်သွားပြီးအရေးပေါ်လိုအပ်တဲ့ အခါ
တွေမှာ Delivery Driver လဲလုပ်ရပါသေးတယ်။ လုပ်ငန်းကသေးတဲ့အတွက်လဲ လုပ်နိုင်တာပါပါတယ်။ မဟုတ်ရင်တစ်ယောက်ထဲ နဲ့ဒီ
လောက်အများကြီး ဘယ်လိုလုပ်မလဲဗျာ။

အဲ့ဒီမှာအလုပ်လုပ်ရတာ တစ်ခုကောင်းတာကတော့ ကျနော့်အလွန်ကြိုက်တဲ့ ကိတ်မုန့်အမျိုးပေါင်းများစွာကို စိတ်ကြိုက်စားလို့ရတာပါပဲ။
ဒါ့အပြင် စားသောက်ကုန်လုပ်ငန်း ဖြစ်တဲ့အတွက် နေ့လည်စာကိုပါကျွေးပါတယ်။ မနက်စာကို ကိတ်မုန့်လေးစား၊ Pie လေးစားလိုက်၊
နေ့လည်စာကို အနောက်တိုင်းစားဖိုမှူး၊ တရုတ်စာဖိုမှူးအလှဲ့ကျချက်ကျွေးနေတော့ စားသောက်ကောင်းပြီးလူလဲ အတော်လေးဝလာ
တော့တာပါပဲ။ အလုပ်လုပ်ပြီး (၃-၄) လလောက်အကြာမှာတော့ ဖတ်တီးမန်နေဂျာဟာ အလွဲသုံးစားတွေလုပ်နေတာ။ ထုတ်လိုက်တဲ့
Invoice တွေအတွက်ငွေတွေ ပြန်ဝင်မလာတာတွေစပြီးသိလာပါတယ်။ သို့သော်ကျနော့်ကိုတိုက်ရိုက်ထိခိုက်တာလဲမရှိ၊ သူဌေးရဲ့လူယုံလဲ
ဖြစ်တာကြောင့်ဘာမှဝင်မပြောဖြစ်ပါဘူး။ သူဌေးကလဲ အဲ့ဒီ Kitchen ကိုတစ်ပါတ်တစ်ခါပဲလာ၊ အတိုင်ပင်ခံဆိုတဲ့လူကြီးကလဲတူတူပါပါလာ
ပြီး လေတွေပန်းပန်းပြီးသာပြန်သွားပြီး လှည့်မကြည့်သလောက်ပါပဲ။ Internation Business park မှာဖွင့်ထားတဲ့ Western Style စား
သောက်ဆိုင်က ဝင်ငွေကောင်းတော့ အဲ့ဒီမှာပဲ အုပ်ချုပ်နေထိုင်နေတာပါ။

အဲ့ဒီလိုနေရင်းနဲ့ကနေ အလုပ်လုပ်တာ ၁ နှစ်ကျော်လာပါရော။ ကျနော်တို့ရဲ့ ဆိုင်ခွဲအသစ်ကိုလဲ Kallang Leisure Park လို့ခေါ်တဲ့
ဘယ်သူမှမသွာတဲ့၊ သွားရလာရအင်မတန်ခက်တဲ့ Shopping Centre မှာသွားဖွင့်ပါတယ်။ ဆိုင်အသစ်အတွက်ဝန်ထမ်းအသစ် အချိန်ပိုင်း
အလုပ်တွေခေါ်တော့ Air Bagan မှာအလုပ်တူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက် တောင်ပါပါတယ်။ နောက်တော့ သူက
သူဌေးမနဲ့ လေပေးတွေဖြှောင့်ပြီး ဆိုင်မှာအမြဲတမ်းအလုပ်ရသွားတော့ ကျနော်လဲကိုယ့်အချင်းချင်းတွေ အလုပ်လုပ်ရတော့ အတော်လေး
ဝမ်းသာမိပါတယ်။ အဲ့ဒီလိုကနေ ကျနော့်စာရင်းတွေကို နှစ်ချုပ်စာရင်းလုပ်ဖို့အတွက် Audit လာပါမယ်တဲ့။ အဲ့ဒီတော့ တစ်နှစ်ပါတ်လုံး
ဖတ်တီးမန်နေဂျာ အလွဲသုံးစားလုပ်ထားတာတွေ၊ ကျနော့်မတိုင်မီကလုပ်ထားတာတွေအတွက် ပြသနာရှိလာပါပြီ။ အဲ့ဒီတွေ ကျနော့်မှာ
MYOB Account System တွေထဲမှာ ရှိနေတဲ့ Soft Copy Invoices တွေနဲ့ အပြင်မှာရှိတဲ့ Hard Copy Invoices တွေကိုကိုယ့်ဟာကို
စပြီး စစ်ဆေးကြည့်တော့၊ ပျောက်ဆုံးနေတဲ့ Invoices တွေအများကြီးတွေ့လာရပါတယ်။ တကယ်လို့ စာရင်းကိုဖျောက်ချင်တယ်ဆိုရင်
အပြင်က hard copy ကိုဖျောက်သလို၊ system ထဲက soft copy တွေကိုလဲ ဖျောက်ပစ်ရမှာပါ။ မလုပ်တက်လို့ထားထားတာလား။ မသိ
ချင်ရောင်ပဲဆောင်ထားတာလားဆိုတာတော့ သူကိုယ်တိုင်ပဲသိမှာပါ။ အဲ့ဒီ Invoice တွေရဲ့ တန်ဖိုးက ငွေ ၃ သောင်းကျော်ရှိပါတယ်။
အဲ့ဒီဟာကို သိပြီဆိုတာနဲ့ MYOB ထဲက Invoices တွေကိုအပြင်ကိုထုတ်သိမ်းထားလိုက်ပြီး၊ သူဌေးမနဲ့ သူ့အတိုင်ပင်ခံကို လျှို့ဝှက်ပြီ
အကြောင်းကြားထားလိုက်ပါတယ်။ ကျနော့်မှာ တစုံတစ်ယောက်ကို ထိခိုက်စေလို့တဲ့ ဆန္ဒမရှိပေမယ့် Audit လာစစ်လို့ ပြသာနာက
ကျနော့်စီရောက်လာမှာကိုတော့ မလိုလားပါဘူး။

ပထမပိုင်းမှာတော့ သူဌေးကသူ့လူယုံမို့ သူကကျနော်ပြောတဲ့ဟာကို အယုံအကြည်မရှိပါဘူး။ အတိုင်ပင်ခံလူကြီးကတော့ ကျနော်တင်ပြ
ထားတဲ့ စာရွက်စာတမ်းတွေ MYOB ထဲက Copy တွေကိုကြည့်ပြီး အပြည့်အဝကိုယုံကြည့်ပါတယ်။ အဲ့ဒီကနေ သူဌေးမက သူ့စားသောက်
ဆိုင်ဖက်ကို စစ်ဆေးကြည့်တဲ့ အခါမှာလဲ ငွေ ၂ သောင်းလောက်စာရင်း ပျောက်နေတာကိုတွေ့တော့မှ ပြသနာရှိနေပြီဆိုတာ သဘော ပေါက်တာပါ။ တစ်ရက်မှာတော့ ဖတ်တီးမန်နေဂျာကို သူဌေးက System ထဲက Invoice တွေစာရင်းပိတ်ပါလို့ ကျနော့်ရှေ့မှာပဲပြောလိုက်
ပါတယ်။ အဲ့တော့ သူကကျနော့်ကွန်ပြူတာကို သုံးမယ်ဆိုပြီးဖယ်ခိုင်းတော့ ကျနော်ဖယ်ပေးလိုက်ပြီး တခြားစားပွဲမှာ သွားထိုင်နေလိုက်ပြီး
သူဘာလုပ်သလဲ မသိမသာစောင့်ကြည့်နေလိုက်တော့ သူက MYOB ထဲက Invoice တွေကိုစပြီး ဖျက်ဖို့ကြိုးစားနေတာတွေ့ရတယ်။
၃ ယောက်ထဲရှိတဲ့ အခန်းလဲဖြစ်ပြီး စကားပြောရင်လဲ ကြားရမှာဆိုတော့ ကျနော့်မှာ note pad တစ်ခုပေါ်ကို သူဖျက်နေတယ်လို့ရေးပြီး
သူဌေးရှေ့မှာချပေးလိုက်တယ်။ သူဌေးက မျက်လုံးတွေပြူးသွားပြီး သူတစ်ခုခုရေးပြီး ပြန်ပေးတယ်။ ကျနော်ဖတ်လိုက်တော့ “ ဘယ်လို
လုပ်ကြမလဲ ” တဲ့။ ကျနော်က သူ့ကိုအကြောင်းတစ်ခုခုရှာပြီး အပြင်သွားခိုင်းလိုက် လို့ပြန်ရေးလိုက်တော့ သူဌေးက ဖတ်တီးကို အပြင်
သွားပြီး ဝယ်ဖို့လုပ်ထားတဲ့ freezer တစ်ခုသွားကြည့်ဖို့၊ အခုသွားဖို့ပြောပါတယ်။ သူထွက်သွားပြီးတာနဲ့ system ထဲက list တွေနဲ့
ကျနော်စစချင်း သိမ်းထားတဲ့ list ကိုယှဉ်ကြည့်တော့ Invoice ၂ ခုပျောက်သွားပါတယ်။ ကျနော်က system ကို lock လုပ်လိုက်ပြီး ဘယ်
နည်းနဲ့မှ ဖျက်မရအောင်လုပ်ထားလိုက်ရပါတော့တယ်။ တကယ်တော့ အဲ့ဒီလိုလုပ်လိုက်တာအပိုဖြစ်သွားရတာပါ။ ဘာဖြစ်လို့လဲဆို
တော့ ကျနော်ရုံးဆင်းသွားပြီးနောက် သူရုံးခန်းကိုပြန်လာ၊ သူဌေးနဲ့စကားများပြီးနောက် ရဲ ကိုသူကိုယ်တိုင်ပဲ ဖုံးဆက်ခေါ်ကာ ကိုယ်တိုင်
အဖမ်းခံလိုက်လို့ပါပဲ။ သူဌေးကတော့ ငွေတွေလဲဆုံးချင်ဆုံးပါစေတော့ အမှုကိစ္စ တွေမဖြစ်ချင်လို့ ရဲ ကို အမှုမဖွင့်ဖူးပြောပေမယ့် ရဲ က
ကိုယ်တိုင်အဖမ်းခံတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ရဲ ကပဲတရားလိုလုပ်ပြီး အမှုဖွင့်တရားစွဲမှာ ဖြစ်ကြောင်းပြောလို့သူဌေးမှာလဲ စိတ်မကောင်း
စွာနဲ့ ပဲလက်လျှော့လိုက်ရပါတော့တယ်။

အဲ့ဒီ မန်နေဂျာပြသာနာပြီးသွားတဲ့ နောက်မှာတော့ သူဌေးက ကုလားတစ်ယောက်ကို အထွေထွေမန်နေဂျာ ဆိုတဲ့ ရာထူးကြီးကြီးပေးပြီး
ထပ်ဌားပါတယ်။ သူကတော့ ကျနော့်ရုံးမှာ ရုံးထိုင်ပါတယ်။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး တဲ့ကိန်းကိုရောက်သွား
တော့တာပါပဲ။ ကျနော့်မှာလဲ သူသွားလိုတဲ့နေရာကို ကားမောင်းလိုက်ပို့လို့ Personal Driver ရာထူးပါထပ်ရသွားပါသေးတယ်။ သူက
တော့ သူလူတွေအလုပ်သွင်း၊ ရှိနေတဲ့လူတွေကို သိမ်းသွင်းနဲ့ (၃) လအတွင်းမှာပဲ ဘီလူးခေါင်းဇာတိပြလာပါတော့တယ်။ သူကတော့
ဟိုလို အလွဲသုံးစားမျိုးတော့ မဟုတ်ဖူး Company တစ်ခုလုံးသူ့လက်သူ့ခြေ ဖြစ်အောင်မတရားနည်း နဲ့လုပ်တယ်လို့ပဲ တိုတိုပြောရတာ
ပေါ့ဗျာ။ သူ့ကိုအရောင်းတွေပါ မြှင့်တက်လာအောင်၊ Contract အသစ်တွေရအောင် ခန့်ထားပေမယ့် တစ်နေ့တစ်နေ့ သူ့ကိစ္စ တွေပဲ
သူလုပ်လို့ (၃) လအထိဘာမှဖြစ်မလာပါဘူး။ ဒီတစ်ခါတော့တခါသေဖူးပြီးဖြစ်တဲ့ သူဌေးကလဲ လက်နှေးမနေတော့ပဲ သူ့ကိုအလုပ်က ထွက်ခိုင်း၊ သူ့လူတွေကိုလဲ ကျူပင်ခုတ်ကျူငုတ် မကျန်စေရဆိုသလို အကုန်ရှင်းပစ်ရတော့တာပဲ။ သူကတော့ အေးအေးလေးနဲ့ထွက်
မသွားပဲ (၃) လအတွင်းမှာ Company ကတရားဝင်အတိအကျမလုပ်ထားတဲ့ကိစ္စ တော်တော်များများကို သိသွားတော့၊ S Pass သမား
တွေမှာ လစာ ၁၈၀၀ အပြည့်မပေးတဲ့ကိစ္စ၊ သူ့လူတွေကို မတရားအလုပ်ထုတ်ပစ်တယ်ဆိုတဲ့ကိစ္စ တွေနဲ့ MOM ကိုသူကခေါင်းဆောင်
ပြီးတိုင်ပါတယ်။ ကျနော်တို့ဆိုင်ခွဲလေးတွေမှာ အချိန်ပိုင်းခန့်ထားတဲ့ private ကျောင်းသားတွေအတွက် တရားမဝင်အလုပ်သမားများ
ခန့်ထားပါတယ်ဆိုပြီး ICA ကိုတိုင်ပါတယ်။ Local အလုပ်သမားတွေအတွက်လဲ CPF ကိုအပြည့်အဝမပေးပဲ မလှိမ့်တပါတ်လုပ်ထားတယ်
ဆိုပြီး CPF ကိုတိုင်ပါတယ်။ အဲ့ဒါတွေမပြီးသေးဘူး ကျနော်တို့ freezer ကြီးတွေဟာ ကုန်ချောတွေသာသိုလှောင်ဖို့အတွက်ထားတာဖြစ်
တဲ့အတွက် အသားစိမ်းထားခွင့်မရှိပါဘူး၊ အဲ့ဒီအတွက် အသားစိမ်းထားတယ်ဆိုပြီး AVA ကိုတိုင်ပါတယ်။ ကျနော်တို့နဲ့ပတ်သတ်သမျှ
အစိုးရ Agency တွေအကုန်နီးပါးကိုတိုင် လိုက်တာပါ။ ကျနော့်ကိုလဲ သူ့နောက်ဆုံးလစာချက်လက်မှတ်လာပေးခိုင်းရင်းနဲ့ ကျနော်တင်
ထားတဲ့ PR Application ကိုထိခိုက်နိုင်တယ်ဘာညာ ခြိမ်းချောက်ပြောလိုက်ပါသေးတယ်။

သို့သော် MOM ကတော့ သူတို့ရဲ့ တိုင်တန်းချက်ဟာ ယုတ်တိမရှိပဲ အလုပ်သမားတွေ အလုပ်ထုတ်ခံရတိုင်း တိုင်လေ့ရှိတဲ့ တိုင်ချက်လို့ သဘောထားပြီး တိုင်ချက်ကိုပယ်ချလိုက်ပါတယ်။ CPF ကတော့ Company ရဲ့ CPF Account တွေကိုစစ်ဆေးကြည့်တဲ့ အခါအလုပ်သမား
တစ်ယောက်ကိုပေးဖို့ ၂၉ ကျပ်ကျန်နေတယ်ဆိုတာတွေ့လို့ ပေးဖို့အကြောင်းသာစာပို့ပါတယ်။ AVA ကတော့ သူတို့တိုင်တန်းချက်ရှိ
တဲ့အတွက်လာရောက်စစ်ဆေးမယ်ဆိုတဲ့ အကြောင်းကိုကြိုတင်အကြောင်းကြားတဲ့ အတွက်အစဉ်ပြေသွားပါတယ်။ ကျနော့်မှာတော့
တစ်ယောက်ထဲနဲ့ ချာလပတ်ရမ်းပြီး စိတ်ဓာတ်လဲတော်တော်ကိုကျသွားပါတယ်။ စင်္ကာပူမှာနေတဲ့ ကာလတစ်ခုလုံးမှာ ဒီတခုဟာ ကျနော့်
အတွက်စိတ်ဓာတ်အကျဆုံးလို့ ပြောရမှာပါ။ ဒါပေမယ့် ကျနော်တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားပြီးတစ်ဖက်ကတိုက်ခိုက်ခဲ့ သမျှကို
အောင်မြင်အောင်တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ အဲ့ဒီအချိန်တုံးက ကျနော့်မှာ S Pass နဲ့ PR လျှောက်ထားတဲ့ အချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာအမှားအယွင်းမှမရှိချင်ပါဘူး။ ပြီးတော့ တကယ်လို့တဖက်ကတိုက်ခိုက်တာတွေအောင်မြင်သွားလို့ Company မှာပျက်ဆီး
ရင်လဲ ကျနော့်မှာ pass လဲမရှိတော့ အလုပ်လဲပြုတ်ရမှာဆိုတော့ အလွန်စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာပါ။

အဲ့ဒီလိုစိတ်ဓာတ်ကျ အလွန်စိတ်ပျက်နေတဲ့ အချိန်တစ်ခုမှာပဲ တစ်ရက်အိမ်ပြန်ရောက်လို့ စာအိတ်ပေါ်မှာ On Government Service
လို့တံဆိပ်ပါတဲ့ စာအိတ်ထူထူ တစ်ခုကိုရတဲ့အခါ ကျနော့် နှလုံးတွေအပြင်ကိုခုန်ထွက်မတက်ရင်ခုန်စွာနဲ့ စာအိတ်ကိုဖောက်ကြည့်ပါတယ်။
ဟိုးအရင်ကကြားဖူးတဲ့ စာအိတ်က ထူရင် Approve နဲ့ စာအိတ်ကပါးရင် Rejected ဆိုတော့ အခုစာအိတ်ကထူထူလေးဖြစ်တဲ့အတွက်
မျှော်လင့်ချက်ကတော့ အတော်ကောင်းမိတာပါ။ ကျနော်မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ Congratulation! ဆိုတဲ့စာသားနဲ့စတဲ့ ကျနော့်
PR Application ကိုလက်ခံတဲ့အကြောင်း ICA ကအကြောင်းကြားစာပါ။ ကျနော့် အိမ်မက်တစ်ခု အရမ်းကိုမျှော်လင့်ထားတဲ့အရာကို ကျနော် စိတ်ဓာတ်အကျဆုံးအချိန်တစ်ခုမှာရတဲ့အတွက် ဝမ်းသာမိတာ ကျနော်မျက်ရည်တွေ ပေါက်ပေါက်ကျတဲ့အထိပါပဲ။

ကျနော်အဲ့ဒီ Company ကနေ PR ရတဲ့အတွက်လဲ သူဌေးကိုအလွန်ကျေးဇူးတင်ပါတယ်။ သို့သော်လဲကျနော်တက်စွမ်းသမျှစွမ်းစွမ်းတမံ
ဆောင်ရွက်ခဲ့ပြီးပြီ၊ ကျနော့်ဘဝရဲ့ ရှေ့ရေးအတွက်ရှေ့ကိုဆက်လျှောက်ဖို့ ကျနော့် PR Process ပြီးလို့ Blue IC ကို လက်ခံရပြီးတာ
နဲ့ အလုပ်ထွက်စာကို ချက်ချင်းတင်ပြီး အလုပ်ကထွက်ခဲ့ပါတော့တယ်။ အဲ့ဒီကနေနောက်ပိုင်းကိုတော့ ကျနော်နဲ့ Airline Industry အပိုင်း
တွေကိုဆက်သွားတဲ့အတွက် ဆက်မရေးတော့ပါဘူး။ ယခု စင်္ကာပူမှာ (၅) နှစ်ပြည့်တဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ရုံးချုပ်ပေါင်းများစွာ ဖွင့်လှစ်ထားသော Japan Multi National Corporation ကြီးတစ်ခုမှာ လက်ရှိအလုပ်အကိုင်ကောင်းတစ်ခုကိုလုပ်ကိုင်နေပေမယ့် ကျနော့် ဘဝကို အောင်မြင်တယ်လို့တော့ မသတ်မှတ်ပါဘူး။ ဒီထက်မကအောင်မြင်အောင် ရှေ့ဆက်ပြီးကြိုးစား ရုံးကန်နေရအုံးမှာပါပဲခင်ဗျာ။ ။

ဖတ်ပေးကြတဲ့ သူများကို ကျေးဇူးအများကြီးတင်ပါတယ်။