Wednesday, September 15, 2010

ကျနော်နဲ့ Singapore 2010 YOG အပိုင်း (၅)


YOG 2010 ပြီးတဲ့နောက်ပိုင်း မှာတော့အလုပ်တွေကများ၊ ရေးဖို့လဲအာရုံက မရတာနဲ့ အပိုင်း ၅ ကိုဆက်မရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့
လုပ်အားပေးကူညီခဲ့တဲ့ Volunteer တွေအတွက် ပါတီပွဲကို Sentosa Resort World မှာရှိတဲ့ Universal Studio Singapore မှာညပိုင်း
Private Event အနေနဲ့ပြုလုပ်မှာကို သွားရမယ်ဆိုတော့ YOG စိတ်ကလေး နဲနဲပြန်ဝင်လာလို့နောက်ဆုံးပိုင်းဖြစ်တဲ့အပိုင်း ၅ ကိုချရေးဖြစ်
သွားတာပါ။ ဒီအပိုင်းမှာတော့ ကျနော့်ရဲ့ အဓိကလုပ်ငန်းတာဝန်ပိုင်း ဆိုင်ရာတွေသိပ်ပါဝင်တော့မှာမဟုတ်ပဲ YOG Village ရဲ့နောက်ဆုံးနေ့
အတွေ့အကြုံ YOG ပြီးမြောက်ပြီး ကာလမှာသတင်းထုတ်ပြန်တာတွေနဲ့တချို့ဗဟုသုတ ရစရာအကြောင်းလေးတွေထည့်ရေးသွားဖို့
စိတ်ကူးထားပါတယ်။

ကျနော် တာဝန်ကျတဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ၁၈ ရက်နေ့ကတော့ဘာဆိုဘာမှ မယ်မယ်ရရလုပ်ပေးစရာတွေမရှိတော့ပါဘူး။ ပတ်စာခွာဖျာလိပ်ဖို့ အဆင်သင့်အနေအထား မှာရှိနေတဲ့ရုံးခန်းကြီး၊ ရှိသမျှ TV and Entertainment တွေလဲမရှိတော့တာကြောင့် အဲ့ဒီအချိန်မှာ ခေတ်ထနေတဲ့အင်္ကျီလဲတဲ့ ကိစ္စတွေပဲလုပ်ဖို့ပြင်ဆင်ပါတော့တယ်။ ပွဲတော်ကြီးစခါစကတော့ PIN လို့ခေါ်တဲ့ နိုင်ငံကိုယ်စားပြု အမှတ်တံဆိပ် အသေးစားလေးတွေကို တစ်ယောက်နဲ့တစ်ယောက်လဲကြ၊ ဖြတ်သွားသမျှ တွေ့သမျှ အားကစား သမားတွေ၊ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တွေ နဲ့နည်းပြစတဲ့လူတိုင်း ကိုဒီပင်တွေ တောင်းကြပါတယ်။ Village Square မှာရှိတဲ့ Retail Zone မှာ PIN Trade Centre ဆိုတာကိုဖွင့်ပေးထားတော့ တချို့ပင်လေးတွေတော်တော်များများရှိ နှင့်တဲ့လူတွေကအဲ့ဒီ trade centre က စားပွဲလေးတွေမှာ သူတို့စီမှာရှိနှင့်တဲ့ပင်လေးတွေ နဲ့အလဲအလည်လုပ်ကြပါတယ်။ ကျနော်ကတော့ ကိုယ်တိုင်လဲဝါသနာမပါ၊ တစ်နေ့တစ်နေ့လက်မှတ်ထုတ်ပေးတဲ့အခန်း ထဲမှာငုတ်တုတ်ထိုင်ပြီး အလုပ်လုပ်ဖိလုပ်နေတာတွေ ကြောင့်ဒီပင်ကိုလိုက်တောင်းဖို့၊ အလဲအလည်လုပ်ဖို့တွေစိတ်မကူးမိပါဘူး။

တကယ်တော့သတိရသေးတယ်ဗျ၊ ကျနော့်အဖေ ကျနော်ငယ်ငယ်က နိုင်ငံခြားအားကစားပြိုင်ပွဲတွေသွားရင် အဲ့လိုပင်လေးတွေ အများကြီး ပါလာတက်တာကို၊ အဲ့ဒီတုံးကတည်းက သိပ်စိတ်မဝင်စားတော့ စုဆောင်းနေရင်၊ အိမ်ပြောင်းတဲ့အခါသယ်နေရမှာဆိုးတာလဲပါ
တယ်ဗျ။ အခုတော့ပင်လဲတဲ့ကိစ္စပြီးသွားတော့ဝ တ်ထားတဲ့အင်္ကျီတွေကိုလဲတဲ့ကိစ္စ ဖြစ်လာပါတယ်။ ကျနော် တအားကြီးစိတ်ဝင်တစားရှိလှ
တာမဟုတ်ပေမယ့် ဘာမှလဲလုပ်စရာမရှိမယ့် တူတူ၊ သူများတွေလုပ်သလို လုပ်ကြမယ်ဆိုပြီးကျနော်နဲ့နောက် Volunteer အမျိုးသမီးတစ်
ယောက်ရယ်ပေါင်းပြီး၊ ကျန်တော်တို့ရုံးခန်းထဲမှာကျန်ရှိနေတဲ့ YOG Logo ပါတဲ့ note pad တွေ၊ နာမည်တက်တဲ့တံဆိပ်ဝိုင်းတွေ၊ Poster
တွေ၊ ရသမျှပစ္စည်းတွေကိုယူ၊ ကျန်တဲ့ Volunteer တွေထဲကသူတို့လဲချင်တဲ့ပစ္စည်းတွေ၊ Uniform Shirt တွေယူပြီး အရမ်းစည်စည်ကား
ကားဆိုင်တွေဖွင့်ကြတဲ့ YOG Village ရဲ့လမ်းဘေးTrade Centre မှာ ကတ်ထူပုံး ၂ ပုံးချပြီးဆိုင်ဖွင့်လိုက်ကြပါတယ်။ လမ်းဘေး trade centre ဟာဗဟိုထမင်းစားဆောင် ကိုသွားတဲ့လမ်းမှာဆိုတော့ လာစားကြတဲ့နိုင်ငံစုံကလူတွေဖြတ်သွားဖြတ်လာလုပ်နေတဲ့အတွက်အလွန်
အချက်အချာကျပါတယ်။

ကျနော်တို့ဆိုင်မှာတော့ ဆိုင်းဘုတ်တစ်ခု ကပ်ထားလိုက်ပြီး iPhone Translator ရဲ့အကူအညီနဲ့ Russia ဘာသာ ပြင်သစ်ဘာသာ တွေနဲ့ပစ္စည်းအလဲအလည်လုပ်ကြောင်း ရေးထားပါတယ်။ တကယ်တော့ကျနော်တို့ကရေပန်းအစားဆုံး shirt ဖြစ်တဲ့ russia shirt ကိုလိုချင်လို့ပါပဲ။ Village ကြီးတစ်ခုလုံးကဘာကြောင့်မှန်းမသိ၊ ကျနော့်အထင်တော့ အရောင်နဲ့ဒီဇိုင်းလှလို့ဖြစ်မယ်ဗျ၊ ဒီ Russia Shirt ကိုပဲအသဲအမဲ လိုချင်နေကြပါတယ်။ Trade လုပ်တဲ့ဆိုင်တိုင်း ဟာငွေကြေးတစ်စုံတရာနဲ့ရောင်းချ၊ ဝယ်ယူလို့မရပါဘူး။ ကိုယ်ရဲ့ ပစ္စည်း နဲ့သူလဲချင်တဲ့ပစ္စည်း ကိုနှစ်ဦးသဘောတူလဲလည်ကြရပါတယ်။ ကျနော်တို့ ငွေကြေးမပေါ်ခင်ခေတ်ကိုပြန်ရောက် သွားကြတာပေါ့ဗျာ။ တချို့ယောင်္ကျားလေးအများစု ကြတော့ လဲတဲ့ နေရာထိတောင် မရောက်တော့ ပဲကြုံတဲ့နေရာမှာ အင်္ကျကိုယ်စီချွတ်ပြီး တခါထဲလဲ ဝတ်လိုက်တာလဲအများကြီးပါ။ မိန်းကလေးတွေကြတော့အိမ်သာထဲသွားလဲဝတ်ကြတဲ့အထိကိုရူးကြပါတယ်။

ကျနော်တို့ဆိုင်မှာတော့ shirt ထက် စာရင်တခြားအမှတ်တရ ပစ္စည်းတွေပိုအလုပ်ဖြစ်ပါတယ်။ ကျနော်တို့ HR Division ကနေပိုနေတဲ့ Uniform Shirt အသစ်တွေကိုတစ်ယောက်တစ်ထည်စီထုတ်ပေးထားတော့ဝတ်ထားတဲ့ shirt တွေကိုချွတ်လဲစရာမလိုတော့ပါဘူး။ ကျနော်
ကိုယ်ပိုင် Shirt ကိုတော့ Czech Republic T-shirt တစ်ထည်နဲ့လဲလိုက်ပါတယ်။ ကျန်တဲ့ပစ္စည်းပိစိလေးတွေလဲတော်တော်အလဲအလည်
လုပ်ကြရပါတယ်။ နေ့လည်စာစားချိန်ပြီးတော့လူလဲနည်းသွားပြီဆိုတော့ကျနော်တို့ဆိုင်ကို PIN Trade Centre ထဲကိုပြောင်းဖွင့်ကြတယ်
အဲ့ဒီမှာလဲတစ်နေကုန်နီးပါးကိုစည်စည်ကားကားပါပဲ။ ညနေပိုင်းပြန်ချိန်ရောက်တော့ရုံးခန်းကိုပြန်ပြီးရထားတဲ့ပစ္စည်းတွေကိုရှိတဲ့သူတွေ
မဲစနစ်နဲ့ ပြန်ခွဲပေးပြီးတဲ့နောက်မှာတော့ကျနော့်ရဲ့ VOG Volunteer တာဝန်ပြီးဆုံးခြင်းကိုရောက်ပါတော့တယ်။

အဲ့ဒီနေ့က ထူးထူးခြားခြားလေးတစ်ခုကတော့ ဆိုင်တွေမှာစည်ကားနေချိန်မှာ ရုတ်တရက်လုံခြုံရေးတိုးမြှင့်ပြီး Uniform ဝတ်မထားတဲ့
သူတွေပြန်လွှတ်တာတွေ၊ ရဲတွေ ၂ ယောက် ၃ ယောက်တစ်တွဲလှည့်တာတွေ၊ K9 တပ်ဖွဲ့အသုံးပြုပြီး ခွေးနဲ့ကင်းလှည့်တာတွေ၊ချောင်ကြို
ချောင်ကြားမကျန် လိုက်စစ်တာတွေချက်ချင်းကြီး ဖြစ်လာပါတယ်။ ဘာများဖြစ်တာလဲလို့ စုံစမ်းလိုက်တော့ အားကစားသမား တစ်ယောက် ရဲ့ ရထားတဲ့ဆုတံဆိပ်ကို တရုတ်တစ်ယောက်က လစ်ပြေးလို့လိုက်ရှာတာလို့ပြောပါတယ်။ ဘယ်လိုကောင်ကများ ကိုယ့်အရည်အချင်းနဲ့ကိုယ်ရထားတာမဟုတ်တဲ့ ဆုတံဆိပ်ကိုခိုးတယ် ဆိုတာစဉ်းစားလို့တောင်မရပါဘူး။ နောက်တော့ ဒီသူခိုးကို ပြန်တွေ့လား မတွေ့လားမသိရလိုက်ပါဘူး။ ဒီလောက်တင်းကြပ်နေတဲ့ လုံခြုံရေးနဲ့များပြားလှတဲ့ စီစီတီဗွီတွေကြား ကနေတော့ ဒီသူခိုး ရှောင်ပြေး ဖို့ဆိုတာသိပ်မဖြစ်နိုင်ပါဘူး။

သြဂုတ်လ ၁၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၁၃ ရက်တိုင်ကျင်းပခဲ့တဲ့ YOG Singapore 2010အတွက်အချိန် ၂ နှစ်တာမျှပြင်ဆင်ဖို့
အချိန်ယူခဲ့ပြီးစင်္ကာပူအစိုးရ၊ လူမှုဖွံ့ဖြိုးရေး၊ လူငယ်နဲ့အားကစားဝန်ကြီးဌာနကတာဝန်ယူကာ၊ လက်အောက်ခံကော်မတီကိုအစိုးရဌာနကြီး
တစ်ခုအဆင့် အနေနဲ့ဖွင့်လှစ်ပြီးအနီးကပ်ဦးဆောင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီပွဲကြီးကျင်းပဖို့အတွက်အစိုးရရဲ့ ဘတ်ဂျက် စင်္ကာပူဒေါ်လာ သန်း ၁၀၀ သုံးဖို့ရည်မှန်းထားခဲ့ပြီး၊ အချိန်နီးကပ်လာတာနဲ့အမျှ ကုန်ကျငွေတွေတိုးတိုးကုန်လာပြီးနောက် ပွဲစတင်ကျင်းပ
အချိန်မှာတော့ဒေါ်လာ သန်း ၃၀၀ ကျော်လာခဲ့ပါတယ်။ ရှိသမျှလက်အောက်ခံ Division တွေဟာအတက်နိုင်ဆုံးလျှော့ချသုံးစွဲခဲ့တာတောင်
အသုံးပြုငွေဒေါ်လာ ၃၈၇ သန်းကျော်ကုန်ကျခဲ့ရပါတယ်။ ဝန်ကြီးဌာနရဲ့မှားယွင်း တဲ့တွက်ချက်မှုဟာ ဝန်ကြီးအတွက်ရင်ဆိုင်နိုင်ရဖွယ်ရှိတဲ့
ပြသနာတစ်ရပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် YOG ဟာကုန်ကျငွေနဲ့တန်အောင် စင်္ကာပူအတွက် အလွန်ကောင်းမွန်တဲ့နိုင်ငံတကာအာရုံစိုက်မှုကိုခံ
ရတဲ့အပြင် ခရီးသွားအမြောက်အများ တိုးတက်ဝင်ရောက်လာခဲ့ပါတယ်။ YOG စတင်ခဲ့တဲ့ AUG 14မှာဆိုရင် စင်္ကာပူပြည်တွင်းမှ လူများ သုံးစွဲတဲ့ VISA အကြွေးဝယ်ကဒ်မပါပဲ နိုင်ငံတကာမှလာရောက်တဲ့ခရီးသွားများနိုင်ငံတကာသုံး VISA ကဒ်ဖြင့်သုံးစွဲခဲ့တဲ့ငွေပမာဏဟာ ဒေါ်လာ ၈ သန်းကျော်ဖြစ်ပြီး၊ ၁၂ရက်တာကာလအတွင်းမှာတော့ ဒေါ်လာ ၁၅၄ သန်းဖိုး VISA ကဒ်နဲ့သုံးစွဲခဲ့ကြပါတယ်။ YOG ကာလ အတွင်းမှာပြည်ပခရီးသွား ၄သောင်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါဟာ YOG ကိုအခြေပြုပြီးစင်္ကာပူအစိုးရဖက်က ပြန်ရလာ တဲ့စီးပွားရေး တိုးတက်မှုရဲ့တစ်စိတ်တစ်ဒေသ ပဲရှိပါသေးတယ်။ ဝန်ကြီးတွေးထင်ထားခဲ့တဲအတိုင်း ပဲစက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါလီမန်ပုံမှန်အစည်းအဝေးမှာ ပါလီမန်အမတ်တစ်ဦးက " Beyond YOG- a Biennial Singapore Games " ဆိုတဲ့ခေါင်းစဉ် အောက်မှာဝန်ကြီး ကိုဘက်ဂျက်ကျော်လွန်သွားမှုအကြောင်း မေးမြန်းသွားခဲ့ပါတယ်။

YOG ကာလအတွင်း အထင်ကရ နံပါတ်များ ကိုလေ့လာမယ်ဆိုရင်တော့ -

၁ - ပထမဦးဆုံး လူငယ် အိုလံပစ်ပြိုင်ပွဲဖြစ်ပါတယ်။
၆ - အသက် ၁၇ နှစ်အရွယ် တရုတ်နိုင်ငံ မှရေကူးမယ် Tang Yi က ရွှေတံဆိပ် ၆ ခုတစ်ဦးတည်း ဆွတ်ခူးရရှိခဲ့ပါတယ်။
၇၀ - South Korea နိုင်ငံနဲ့Cook Island နိုင်ငံတို့ယှဉ်ပြိုင်ခဲ့တဲ့ Hand Ball ပြိုင်ပွဲမှာ S.Korea ကဂိုး ၇၀
သွင်းပြီးအနိုင်ရရှိခဲ့ပါတယ်။
၂၀၄ - နိုင်ငံပေါင်း ၂၀၄ နိုင်ငံမှ အိုလံပစ်ကော်မတီများ YOG မှာပါဝင်ခဲ့ပါတယ်။
၁၁၅၁ - ဆုတံဆိပ်ပေါင်း ၁၁၅၁ ခုချီးမြှင့်ခဲ့ပါတယ်။
၁၂၀၀ - သတင်းထောက်ပေါင်း ၁၂၀၀ သတင်းရယူခဲ့ကြပါတယ်။
၂၈၈၀ - စာပွဲတင် တင်းနစ် ပင်ပေါင်ဘောလုံးပေါင်း ၂၈၈၀ သုံးစွဲခဲ့ပါတယ်။
၄၂၀၀ - တင်းနစ် ဘောလုံးပေါင်း ၄၂၀၀ သုံးစွဲခဲ့ပါတယ်။
၅၆၀၀ - တစ်ရက်လျှင် ၅၆၀၀ သော အဝတ်လျှော်အိတ်များကို Village အဝတ်လျှော်စက်မှဝန်ဆောင်မှုပေးခဲ့ပါတယ်။
၆၀၀၀ - Singapore နဲ့ Haiti ဘောလုံးပွဲကိုလူပေါင်း ၆၀၀၀ အားပေးခဲ့ရာ၊ ပြိုင်ပွဲများအားလုံးအနက် အများဆုံး
ပရိတ်သတ် ရရှိခဲ့တဲ့ပမာဏ ဖြစ်ပါတယ်။
၂၀၀၀၀ - နိုင်ငံတကာနဲ့၊ ပြည်တွင်းမှာလုပ်အားပေး ၂၀၀၀၀ ပါဝင်ကူညီခဲ့ကြပါတယ်။
၃၇၀ ၀၀၀ - ပရိတ်သတ်ပေါင်း ၃၇၀ ၀၀၀ ပြိုင်ပွဲများကိုအားပေးခဲ့ကြပါတယ်။
၂၈၃ ၇၈၈ - ဝင်ခွင့် လတ်မှတ်ပေါင်း ၂၈၇ ၇၈၈ စောင်ရောင်းချနိုင်ခဲ့ပါတယ်။
၄၉၁ ၇၀၄ - Voulnteer များအတွက် အစားအစာ set ပေါင်း ၄၉၁ ၇၀၄ ဖြည့်စည်းပေးခဲ့ပါတယ်။
၁ ၂၈၈ ၀၀၀ - YOG ကာလအတွင်း Voluneer များနှင့် အားကစားသမားများ အများသုံးပို့ဆောင်ရေး အသုံးပြုခဲ့တဲ့ပမာဏ ဖြစ်ပါတယ်။
၂ ၁၄၄ ၈၃၂ - ပြိုင်ပွဲကာလအတွင်းအချိုရည် ၂ သန်းကျော် သုံးစွဲခဲ့ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ပိတ်ပွဲအခမ်းအနား ကတော့ဘာမှမယ်မယ်ရရမလုပ်ပဲပြီးဆုံးသွားခဲ့တာတွေ့ရပါတယ်။ ငွေကုန်ခံပြီးလက်မှတ်ဝယ်
ထားတဲ့သူတွေတော့ ထိုင်ငိုမယ့်ကိန်းပါ။ မီးပန်းတွေကိုတော့ ဒေါ်လာငွေအမြောက်အများ အကုန်ခံပြီးဖောက်သွားတာတွေ့ရပါတယ်။
ဒုတိယအကြိမ်မြောက် YOG ကိုတော့ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာကျင်းပသွားမှာဖြစ်ကြောင်းသတင်းကောင်းပါးရင်း ကျနော့်ရဲ့ YOG မှတ်တမ်းကိုနိဂုံးချူပ်လိုက်ပါရစေခင်ဗျာ။

Thursday, September 9, 2010

Its not a target, not all will lost PR status, နောက်ဆက်တွဲ ၂

စင်္ကာပူအစိုးရဲ့ပေါ်လစီအသစ်တွေ၊ ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းအပေါ်ထပ်ဆင့်ရှင်းလင်းမှုတွေပြီးတဲ့နောက်မှဆက်တိုက်ဖြစ်ပေါ်လာတဲ့လူထုရဲ့
အာရုံစိုက်တုံပြန်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့သတင်းတွေဟာရက်သတ္တပတ် ၁ ခုနီးပါးရှိလာခဲ့ရပါတယ်။ ပီအာတွေကိုနိုင်ငံသားခံယူခိုင်း
မယ်ဆိုတယ်အစိုးရဝါရင့်ဝန်ကြီးရဲ့ပြောကြားချက်ကြောင့်စင်္ကာပူပီအာအသိုင်းအဝိုင်းမှာအတော်ကြီးလှုပ်လှုပ်ရှားရှားဖြစ်ကုန်တာတွေ့ရပါ
တယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးသတင်းမီဒီယာပေါင်းစုံမှာဖော်ပြခဲ့ကြသလို၊ အစိုးရရဲ့သတင်းပြန်ကြားရေးဌာနကလဲဒီသတင်း
အတွက်အများဆုံးပြန်ကြားပေးနေရကြောင်းကြားသိရပါတယ်။

ဒီအကြောင်းအရာနဲ့ဆက်စပ်ပြီးတော့ပြည်သူများရဲ့အမြင်ပေါင်းစုံကိုဝါရင့်ဝန်ကြီး Mr.Goh ကအသိအမှတ်ပြုပြီးကြိုဆိုကြောင်း
ယနေ့ထုတ်သတင်းစာမှာဖော်ပြသွားပါတယ်။ တဆက်ထဲမှာပဲဝါရင့်ဝန်ကြီးရဲ့ပြောကြားချက်ကြောင့်ဖြစ်ပေါ်လာတဲ့တုံပြန်မှုတွေအတွက် ဝန်ကြီးရဲ့ပြန်ကြားရေးအရာရှိက “အစိုးရနေဖြင့်အယောက် ၅သောင်းလောက်၊ တစ်နည်းအားဖြင့်ရှိနေတဲ့ပီအာတွေရဲ့ ၁၀% လောက်ကို
ရည်ရွယ်ပြီးတော့နိုင်ငံသားဖြစ်စေချင်တာပါ၊ ပိုမိုမြင်သာအောင်ရည်ရွယ်ပြီးပြောခြင်းဖြစ်ပါတယ် “ လို့ထပ်မံရှင်းလင်းသွားတာတွေ့ရပါ
တယ်။

မီဒီယာများရဲ့မေးမြန်းချက်များကိုပြန်လည်ရှင်းလင်းခဲ့တဲ့ဝန်ကြီးချုပ်ရုံးရဲ့သတင်းထုတ်ပြန်ချက်အရ “ ဝါရင့်ဝန်ကြီး Mr.Goh ဆိုလိုချင်တဲ့
သဘောကအစိုးရအနေနဲ့ပီအာလူဦးရည်နဲ့ပတ်သတ်ပြီးဘယ်လိုစီမံခန့်ခွဲမယ်၊ တချို့ပီအာတွေကို နိုင်ငံသားအဖြစ်ခံယူဖို့ အားပေး အားမြောက်ပြုသွားမယ်ဆိုတာယေဘူယျပြောသွားတာဖြစ်ပါသည် ဆိုပြီးဖော်ပြသွားပါတယ်။ သတင်းထုတ်ပြန်ချက်ထဲမှာဆက်လက်
ဖော်ပြသွားတာကတော့ “ အကယ်၍များနိုင်ငံသားအဖြစ်ခံယူဖို့ဖိတ်ကြားခံရတဲ့လူတိုင်းလိုလိုကသူတို့ရဲ့ဖိတ်ကြားခံရမှုအပေါ်လက်မခံပါ
ကအစိုးရအနေနဲ့ဘယ်လိုဆောင်ရွယ်မယ်ဆိုတာလောလောဆယ်ပြဌာန်းထားခြင်းမရှိသေးပါဘူး ” “ တိုင်းပြည်အတွက်အဖိုးတန်တဲ့ပီအာ
တွေအတွက်အစိုးရအနေဖြင့်ဒီကိစ္စကို ပိုမို ကောင်းမွန်အောင်ပြန်လည်သုံးသပ်သွားမှာဖြစ်ကြောင်း၊သူတို့အနေနဲ့နိုင်ငံသား အဖြင့် ခံယူသွားမယ်ဆိုရင်နိုင်ငံအပေါ်သစ္စာခံဖို့အတွက်ချင့်ချိန်တွက်ဆသွားဖို့လိုတဲ့အကြောင်းပြန်ကြားရေးအရာရှိကထည့်သွင်းပြောကြားသွား
ပါတယ်။

်အစိုးရအနေနဲ့နိုင်ငံသားကူးပြောင်းရေးနဲ့ပတ်သတ်ပြီးထားရှိသောစဉ်းစားဆုံးဖြတ်မှုများတွင်ပိုမိုမြန်ဆန်စွာဖြင့်အခွင့်အရေးများပေးသင့်
သည်ဟုအချို့ကသုံးသပ်ကြကြောင်းသိရသည်။

Wednesday, September 8, 2010

A good idea, or maybe not ... ပီအာများကိုစီမံခန့်ခွဲခြင်း နောက်ဆက်တွဲ


မနေ့ကသတင်းစာခေါင်းကြီးမှာဖော်ပြခဲ့တဲ့စင်္ကာပူဝါရင့်ဝန်ကြီး Mr. Goh ရဲ့ပီအာများကိုနိုင်ငံသားခံယူသွားရန်ဖိအားပေးမည့်ပေါ်လစီ
အပေါ်စင်္ကာပူနိုင်ငံသားများနဲ့နိုင်ငံခြားသားများရဲ့အကြံပေးမှုများနဲ့တုံပြန်မှုများမြောက်များစွာထွက်ပေါ်လာကြောင်းဒီနေ့ထုတ် TODAY
သတင်းစာရဲ့ခေါင်းကြီးသတင်းမှာထပ်မံဖော်ပြလာပါတယ်။

နိုင်ငံရေးလေ့လာသူများအနေဖြင့်သတိပြုမိတာကတော့Mr Goh အနေနဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီးဘယ်လိုစနစ်တကျစီစဉ် ဆောင်ရွက် သွားမယ်၊ ဘယ်လိုပီအာတွေ၊ ဘယ်လိုအလုပ်မျိုးတွေကိုလုပ်နေတဲ့သူတွေ၊ စင်္ကာပူမှာအချိန်ဘယ်လောက် ကြာကြာနေပြီး တဲ့သူတွေနဲ့ ဘယ်နိုင်ငံကလာကြတဲ့လူတွေကိုနိုင်ငံသားခံယူဖို့ဖိအားပေးသွားမယ်ဆိုတာပြောသွားခြင်းမရှိပါဘူးဆိုတာကိုပါပဲ။

MediaCorp ကနေပီအာတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ရာအသက် ၂၈ နှစ်အရွယ်ရှိပြင်သစ်နိုင်ငံသား၊ စင်္ကာပူပီအာကိုလွန်ခဲ့သော ၂ နှစ်က ရရှိထားသူတစ်ဦးက “ အကယ်၍နိုင်ငံသားခံယူမှုကိုငြင်းခဲ့ရင်ဘာဖြစ်လာမှာလဲ၊ ကျနော်လိုအခုမှပီအာဖြစ်တာ ၂ နှစ်ပဲရှိသေးတဲ့သူတွေ
အနေနဲ့နိုင်ငံသားတစ်ယောက်ဖြစ်ဖို့မပြည့်စုံသေးဘူး “ လို့ထင်တဲ့အကြောင်းပြောသွားပါတယ်။ သူကဆက်ပြီးတော့စင်္ကာပူကိုသူ့ရဲ့
ဒုတိယအိမ်လို့သတ်မှတ်ကြောင်းနဲ့အခုချိန်ထိအမိနိုင်ငံကိုခင်တွယ်နေသေးကြောင်းပြောပါတယ်။

MediaCorp အနေနဲ့ဆက်လက်ပြီး ၁၉၉၇ ခုနှစ်ကစင်္ကာပူနိုင်ငံသားအဖြစ်ခံယူထားသူအသက် ၄၃ နှစ်အရွယ်ရှိသူ တစ်ဦးနှင့်တွေ့ဆုံရာ
တွင်သူက “ ဒါဟာကောင်းတဲ့အဆိုပြုချက်တစ်ခုပါပဲ၊ အစိုးရကိုတကယ်အမှန်တကယ်တိုင်းပြည်ကိုအကျိုးပြုတဲ့သူမျိုးတွေကိုရရှိဖို့
အကူအညီပေးနိုင်မှာဖြစ်တယ်“

MediaCorp အနေနဲ့ဆက်လက်ပြီးဒေသဆိုင်ရာလွှတ်တော်အမတ်များရဲ့တုံပြန်မှုများကိုရရှိရတွင် -

Jurong GRC ပြည်သူ့လွှတ်တော်အမတ်က - “ အစိုးရအနေနဲ့ဒီကိစ္စကိုကိုင်တွယ်ဖို့အချိန်တော်တော်ယူခဲ့ပါတယ်၊ အချို့ပီအာတွေဆိုရင်
အနှစ် ၂၀ ကျော်ပီအာအဖြစ်နေလာကြရာမှာသူတို့ဘယ်နေရာကိုသွားမလဲဆိုတာဆုံးဖြတ်ဖို့အချိန်ရောက်ပါပြီ “

Tampines GRC ပြည်သူ့လွှတ်တော်အမတ်က - “ စင်္ကာပူနိုင်ငံသားတွေအနေနဲ့နိုင်ငံခြားသားများဆီကလိုချင်တဲ့ကတိကဝတ်ကတော့၊
တိုင်းပြည်ကောင်းစားနေတဲ့အချိန်မှာလာပြီးအကျိုးအမြတ်တွေယူ၊ ကိုယ့်မိခင်နိုင်ငံကိုလဲအခြေအနေဒီမှာမကောင်းရင်ပြန်ပြေးမယ်ဆိုတာ
မျိုးမဖြစ်စေချင်တာပါ”

အခြားအခြားသောတုံပြန်မှုများကိုလေ့လာကြရာတွင် -

နိုင်ငံရေးသိပ္ပံဆိုင်ရာလေ့လာသူတစ်ဦးရဲ့ Mr. Goh ရဲ့ပြောကြားချက်ကိုတုံပြန်ပြောကြားရာတွင် “ ကျနော်အမြင်ကတော့အစိုးရအနေနဲ့
နိုင်ငံတွင်းအချိန်တစ်ခုခုကြာအောင်နေပြီးတဲ့နောက်ကျနော်တို့ရဲ့လူမှုရေးပေါ်လစီတွေအပေါ်မှာခံစားမှုတွေရရှိထားတဲ့ပီအာတွေကိုပိုမို
အဓိကထားပြီးဖိအားပေးမယ်လို့မြင်ပါတယ်၊ ဥပမာအားဖြင့် သူတို့ရဲ့ကလေးတွေကိုဒီပညာရေးစနစ်ကောင်းမှာထားချင်တာ၊
ဒီကကျန်းမာရေးဝန်ဆောင်မှုကိုလိုချင်တဲ့သူမျိုးတွေပါ “

မလေးရှားနိုင်ငံသူစင်္ကာပူပီအာအမျိုးသမီးတစ်ဦးကတော့ “ Malaysian တွေကတော့ဒီမှာပိုပြီးဝင်ငွေကောင်းတော့ဒီမှာငွေရှာကြဖို့ပါပဲ၊ ကျွန်မသူငယ်ချင်းအများစုကတော့ဒီမှာနိုင်ငံသားခံယူဖို့အစီအစဉ်မရှိကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့သူတို့ကကိုယ့်နိုင်ငံကိုယ်ပဲပြန်ပြီး
ပင်စင်ယူချင်ကြတယ်လေ“

စင်္ကာပူအစိုးရအနေနဲ့ ၂ နိုင်ငံမှာနိုင်ငံသားနှစ်မျိုးခံယူနိုင်ဖို့အတွက်စည်းမျဉ်းစည်းကမ်းတွေမရှိပါဘူး။ တစ်နည်းအားဖြင့်ခွင့်မပြုဘူးလို့
ပြောရမှာပါပဲ။

-------------------------------------------------------------------------------------------------------------------------------------
အထက်ပါအကြောင်းကတော့သက်ဆိုင်တဲ့အပိုင်းများကိုသာ TODAY သတင်းစာကနေဘာသာပြန်ထားတဲ့သတင်းဖြစ်ပါတယ်။ ကျနော့်
အနေနဲ့လဲပတ်ဝန်းကျင်မှာရှိတဲ့သူငယ်ချင်းတော်တော်များများကိုဒီသတင်းနဲ့ပတ်သတ်ပြီးဆွေးနွေးတာတွေရှိပါတယ်။ ကျနော့်သူငယ်ချင်း
အလွန်တော်တဲ့ IT ပညာရှင်တစ်ဦးကတော့နိုင်ငံသားခံယူဖို့ကိုတော့အဓိကသူမိဘများသဘောသာဖြစ်ကြောင်းနဲ့သူ့အနေနဲ့ကတော့ ဘယ်မှာပဲနေနေအဆင်ပြေကြောင်းပြောပါတယ်၊ ဒါ့အပြင်အစိုးရရဲ့ဖိတ်ကြားဖို့လျာထားတဲ့အယောက် ၅သောင်းထဲမှာတောင်ပါနိုင်တယ်
တဲ့၊ ကျနော်လဲယုံကြည်ပါတယ်၊ သူလိုအလွန်တော်တဲ့သူမျိုးဆိုရင်တော့သူတို့ရဲ့ Polulation and Talent Division ကြီးရဲ့ data တွေထဲမှာ
ပါနေလောက်တယ်။

ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းပါအချက်တစ်ခုဖြစ်တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စဟာ online forumတွေ၊ Facebook၊ e-mail များနဲ့ တယ်လီဖုံးပြောတဲ့အကြောင်းအရာတွေမှာစတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေရဲ့ ၃၀%အထိအောင်ခေတ်အစားဆုံးခေါင်းစဉ်တစ်ခု ဖြစ်လာရပါတယ်။ ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းကိုပြည်သူ ၁၂၀၀ ထက်ပိုတဲ့အရည်အတွက်ကထင်မြင်ချက်တွေပေးပို့ခဲ့ကြောင်းသိရပါတယ်။ အများအားဖြင့်ကဝန်ကြီးချုပ်ရဲ့နိုင်ငံခြားသားများကိုဆက်လက်တံခါးဖွင့်ထားပေးဖို့အစီအစဉ်ကိုသဘောတူကြကြောင်းနဲ့သူတို့နိုင်ငံအနေနဲ့ နိုင်ငံခြားသားအလုပ်သမားများလိုအပ်လျှတ်ရှိတာကိုသတိပြုမိကြောင်းထင်မြင်သုံးသပ်ချက်တွေမှာဖော်ပြထားကြောင်းသိရပါ တယ်။ သို့သော်လည်းတခြားတဖက်မှာအလုပ်အတွက်ယှဉ်ပြိုင်ရမှုတွေ၊အိမ်ဈေးနှုန်းတွေမြင့်တက်လာတွေ၊ public transport တွေမှာ
လူကြပ်တာတွေနဲ့အခြေခံလူနေမှုစားရိတ်တက်လာတွေကိုစိုးရိမ်ပူပန်ကြောင်းပြောကြပါတယ်။

အချို့သောရှုမြင်ချက်တွေကတော့အစိုးရအနေနဲ့ပိုမိုတင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့တိုင်းပြည်ကိုအမှန်တကယ်အကျိုးပြုနိုင်
လောက်သောလူမျိုးတွေကိုသာဦးစားပေးဖို့ပိုမိုဂရုစိုက်သင့်တယ်လို့ပြောကြပါတယ်။ နိုင်ငံသားအသစ်တွေအနေနဲ့လူမှုအကျိုးပြုလုပ်ငန်း
တွေမှာနဲ့အောက်ခြေလူမှုအဖွဲ့အစည်းတွေမှာပါဝင်ကူညီပြီးတိုင်းပြည်ကိုတစ်နည်းနည်းနဲ့ပိုမိုအကျိုးဖြစ်ထွန်းစေချင်ကြပါတယ်။

ကျနော်အနေနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပြုချက်ကိုပြောပါဆိုရင်တော့စလုံးအစိုးရအနေနဲ့ဒီလိုလူမှုရေးလုပ်ငန်းတွေမှာပါဝင်ကူညီတာကို
အင်မတန်မှသဘောကျတက်ပါတယ်။ သတင်းစာနဲ့ပါလီမန်အမတ်တွေဆီကထွက်လာတဲ့စကားတွေတော်တော်များများဟာအစိုးရရဲ့
ပေါ်လစီတွေကိုပိုမိုထင်ရှားပြီးမီးမောင်းထိုးပြလေ့လဲရှိပါတယ်။ ကျနော်ကတော့နိုင်ငံရေးသမားတစ်ယေက်မဟုတ်ပေမယ့် လူစွမ်းအားအရင်းအမြစ်ဌာနတွေမှာအလုပ်လုပ်တာများတော့တစ်ခါတစ်လေအစိုးရရဲ့ဝန်ကြီးဌာနတွေဖြစ်တဲ့ ICA MOM တွေနဲ့ဆက်စပ်ရ
တာတွေရှိတော့ဒီဝန်ကြီးဌာနတွေကိုလေ့လာရင်းစိတ်ဝင်စားမိလာတာပါ။ ဘာသာပြန်ဆိုမှုအကြောင်းမညီညွတ်ပါကခွင့်လွှတ်ဖို့တောင်း
ပန်လိုက်ပါတယ်ခင်ဗျာ။ ။

Tuesday, September 7, 2010

ကျနော်နဲ့ Airlines Industry (၁)

ဟိုတလောက forward mail တစ်ခုကနေစလုံးမှရန်ကုန်ပြန်ခဲတဲ့ခရီးသည်တစ်ယောက်အကြောင်းဖတ်မိတာနဲ.သူအပေါ်ကိုယ်ချင်းစာ
စိတ်၊ လေကြောင်းလိုင်းဝန်ထမ်းတွေဖက်ကိုလည်းနားလည်စိတ်နဲ.ကျနော်အလုပ်အတွေအကြုံ တွေထဲကလေကြောင်းလိုင်းနဲ.ပတ်သတ်တဲ့အတွေ.အကြုံတစ်ချို.ကိုရေးဖို.စိတ်ကူးမိတာကြောင့်ဒီ note လေးဖြစ် လာရတာပါ။ facebook ထဲကကျနော်သူငယ်ချင်း List ထဲမှာ ကျနော်ထက် လေကြောင်းနဲ.ပတ်သတ်ပြီးအတွေ.အကြုံ များသူတွေ၊ကျနော်အရင်ကမန်နေဂျာအပြင် ကျနော်စီနီယာတွေ အများကြီးပါ။ တကယ်လို.မှားယွင်းတာများ ရှိရင် ခွင့်လွှတ်ဖို.နဲ့ ကျနော်အတွေ.အကြုံလေးတစ်ချို ကိုမျှဝေခံစားခြင်းသက်သက်သာ ဖြစ်ကြောင်း ကြိုတင်ပြီး ရေးလိုပါတယ်။

ကျနော်ရဲ့ Airline အတွေအကြုံအစကတော့ ၂၀၀၅ခုနှစ်မြန်မာပြည်ကနေ စလုံးကိုမထွက်လာခင် passport renew လဲစောင့်ရင်း အတွေ.အကြုံလေးလဲယူရင်းနဲ.မြန်မာပြည်ရဲ. အကြီးဆုံး လေကြောင်းလိုင်းတစ်ခု မှာတစ်နှစ်နီးပါး လောက်အလုပ် ဝင်ခဲ့ပါတယ်။ ကျနော်ရဲ့ အလုပ်လျှောက်လွှာကို လက်ခံပြီးတာနဲ.ကျနော် ဘယ်ဌာနမှာများ အလုပ် ဝင်ချင်လဲဆိုတော့အဲ့ဒီတုံးကရုံးခန်းထဲမှထိုင်ပြီးမနေချင် တာက တစ်မျိုး တစ်စုံတစ်ယောက်သောသူကသူရှိတဲ့ Department နဲ. ရုံးချုပ်မှာမနေပါနဲ.ဆိုကတစ်မျိုးဆိုတာတွေကြောင့် လှုပ်လှုပ်ရှားရှား နေရတဲ့ ဌာန နဲ. အမြဲတမ်း အသက်ဝင်နေတဲ့ Airport ကိုစိတ်ဝင်စားတာတွေကြောင့် ကျနော် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာရှိတဲ့ Ground Service လို.ခေါ်တဲ့ ခရီးသည်တွေနဲ. တိုက်ရိုက်ထိတွေ.ဆက်ဆံရသော Passengers Service & Cargo Department ကိုရွေးခဲ့ပါတယ်။အဲ့ဒီကိုမရောက်မီ သိသင့်သိထိုက်တာတွေသိဖို.အတွက် Ticketing နဲ့ Reservation Departments တွေမှာ
၁ လလောက် training လုပ်ရပါသေးတယ်။ ပြီးတော့မှလေဆိပ်မှာထပ်ပြီးမြေပြင် ဝန်ဆောင်မှု ပေးတာတွေ ကိုထပ်ပြီးသင်ရပါတယ်။ ကျနော်အဲ့ဒီမှာအတွေအကြုံအရတော့မဆိုးဘူးလို.ပဲပြောရမှာပေါ့။ဘာမှတော့သိပ်ပြီး ထွေထွေထူးထူးတွေမရှိလှပါဘူး။ နေ.စဉ်နဲ့ အမျှအရေးကြီးပုဂိုလ်များကို ဝန်ဆောင်မှုပေး၊ ခရီးသည်တွေရဲ. ပစ္စည်း များကို ပျံသန်းမယ့်လေကြောင်းအလိုက်ခွဲပြီးတင်၊ လေယာဉ်စီကို loading လုပ်၊ဒါနဲ့ပဲနေ.စဉ် လည်ပတ်နေတာပါ။ အခက်အခဲနဲ. Stress ဆိုတာကတော့အထူးခရီးသည်များ ခရီးသွားရင်နဲ. ရာသီဥတု ဖောက်ပြန် လို.လေယာဉ်တက်မရတဲ့အတွက်ခရီးသည်တွေဆူဆူပူပူလုပ်လို.ဖြေရှင်းရတာလေးတွေပဲရှိပါတယ်။ အလွန်ပျော်စရာ ကောင်းတယ်တယ်လို.ပြောရမှာပါ။ မြန်မာပြည်အနှံက ဘာစားချင်သလဲမှာလိုက်ရင် ညနေဆင်းတဲ့လေယာဉ်မှာ သွားယူလိုက်ရုံပါပဲ။ နာမည်ကျော်ဆရာတော်ဘုရားကြီးများကိုလဲ အနီးကပ်ဖူးကြရတယ်။ဒီလိုနဲ.ကျနော် passport ပြန်ရတော့ မခွဲချင်ပေမယ့်လဲ ကျနော် အဲ့ဒီကနေ နှုတ်ထွက်ပြီး ကျနော်မြန်မာပြည်ကနေထွက်လာခဲ့တယ်။ စလုံးရောက်တော့ ကျနော် changi နဲ. Seletar airport မှာ အလုပ်ရှာတယ်၊ ကျနော် ဒီ airline industry ကိုသဘောကျတယ်လေ။ လေကြောင်းမှာပြန်လုပ်ချင်တယ်ပေါ့။ ဒါမယ့်ဘယ်လိုမှမရပါဘူး။ လုံခြုံရေးအရ Local, PR နဲ. Malaysian ပဲခန်.တယ်ဆိုတာကြီးပဲ။ ဒါနဲ ကျနော်လက်လျော့လိုက်ရတယ်။ ဒါမယ့် တစ်နေ.တော့ဒီမှာ မရရအောင် အလုပ်ရအောင်လုပ်အုံးမယ်ဆိုတဲ့စိတ်လေးတော့ရှိသေးတာ။

၂၀၀၉ခုနှစ် မနှစ်ကပေါ့၊ ကျနော် စလုံး PR ရတော့၊ PR ကွဆိုပြီးတော့ရှိနေတဲ့ အလုပ်ကနေချက်ချင်းထွက်ပြီး ရန်ကုန်ပြန် ၁ လလောက် ဟိုမှာနေဘုန်ကြီးဝတ်၊ သင်္ကြန်ကျပြီး စလုံးပြန်လာတော့ ဒီမှာ စီပွားပျက်ကပ်က စပြီးဆိုက် နေပြီ။ အလုပ်ကရှာလို. ကိုမရဘူး။ အဲ့ဒီမှာ Singapore Airports Terminals Services (SATs) ကအလုပ်ခေါ်တယ်။ Passenger Service Staff ပေါင်းများစွာပဲ။ walk – in interview ကို changi က သူတို. HQ မှာလုပ်တယ်။ ညီမဝမ်းကွဲ မင်္ဂလာဆောင်ရှိတာတောင်နောက်ကျခံပြီး အပြေးအလွှားသွားတာ။ interview ဖို. ၃ နာရီလောက်နေ.လည်စာ အငတ်ခံပြီးစောင့်လိုက်ရတာ။ လူပေါင်း ၄၀၀ လောက်လာကြတယ်။ စီးပွားပျက်ကပ် ကြောင့် လူတွေက တွေ.ရာ အကုန်လျှောက်ကြတာပေါ့။ကျနော်အလှဲ.ရောက်တော့ ဗျူးတဲ့သူက မဆိုးပါဘူး။သဘောကောင်းတယ်၊ ရှာရှာဖွေဖွေ တွေလဲမမေးဘူး၊ အရင်က မြန်မာပြည်လေကြောင်းလိုင်း ကအတွေ.အကြုံဘာရှိလဲပဲမေးတယ်။ ကံကောင်းချင်တော့ ဒီလူက အဲ့ဒီ လေကြောင်းလိုင်းကို သိတယ်ဗျ။ မဆိုးဘူးပေါ့၊ ဒါနဲ. လစာကိစ္စရောက်တော့ အိုး ပေးထားတဲ့လစာ အခြေခံလစာတဲ့လူကြားလို.တောင် မကောင်းလို.မရေးပြတော့ပါဘူး။ချက်ချင်းတောင်ထထွက်သွားချင်စိတ်ပေါက် တယ်။ အဲ့ဒါသိလို.နဲတူတယ် ကျေးဇူးရှင်က အော် မင်း က University Graduated ပဲရာထူးချက်ချင်းတက် သွားနိုင်တယ်။ ရာထူးတက်ရင်ဒီလိုလစာတွေရနိုင်တယ်ဆိုပြီး ပြတော့ စိတ်ထဲမှာ မဆိုးဘူးထင်သွားတာပေါ့။ changi မှာအလုပ်လုပ်ချင်တဲ့ အခံလေးကလဲရှိတော့ ရချင်လိုက်တာတအားပဲ။ နောက် ၂ ရက်နေရင် အကြောင်းပြန်မယ်တဲ့၊ အိုကေပေါ့။

နောက် (၂) ရက်နေတော့ ph ဆက်တယ်၊အလုပ်ရတယ်အလုပ်ခန်.လွှာမှာလတ်မှတ်လာထိုးပါတဲ့။အဲ့ဒီမှာ ထပ်ပြောတယ်။ အခုအလုပ်ခန့်လိုက်တဲ့လူတွေကို Airport Police က နောက်ကြောင်းလိုက်အုံးမယ်။ တစ်ပါတ်လောက် ကျရင် ကင်းကင်းရှင်းရှင်း ဖြစ် မဖြစ်ပြန်ပြောမယ်။ မကင်းဘူး ရဲကမထောက်ခံရင်မရဘူးတဲ့။ အဲ့ဒီလောက် ချန်ဂီကလုံခြုံရေးတင်းကြပ်ပါတယ်။ ဒီလိုနဲ. ကျနော်တို.ကို ထုံးစံအတိုင်း training centre ကိုပို.ပြီး စာတွေသင်ပါတော့တယ်။ ပြီးတော့Changi Airport ကအဲ့ဒီအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး လေဆိပ် ကနေ အဆင့် (၃) နေရာကိုထိုးကျသွားလို. ကျနော်တို.ကို customer service အတွက် Changi Airport ကနေ ပြုံးနည်း သင်တန်း ကအစပို.ပါတယ်။ စုစုပေါင်း အယောက် (၃၀) လောက်ဗျ။ အငယ်တွေများပြီး အများစုက မလေးလူမျိုးတွေ။ သူတို.ကဒီလို service industry မျိုးမှာပိုပြီးအလုပ်ဖြစ်ကြတယ်လေ။ သင်လိုက်ရတဲ့စာတွေဆိုတာ အများကြီးပါ၊အဲ့ဒီတော့မှ ကျနော်သိထားတက်ထား တဲ့ airlineတွေ.အကြုံဆိုတာဘာမှမဟုတ်ပါလားဆိုတာသိတော့တယ်။ အဲ့ဒီ trainingရဲ.ပထမဆုံးနေ.က အကြောင်းလေး တစ်ခုကို ပြောပြချင်ပါတယ်။ ပထမဆုံးနေ.ဆိုတော့ကိုယ့်ကိုကိုယ် မိတ်ဆက်ကြရတယ်။ တခြားလူတွေကလဲမေးချင်တာမေးနိုင်တယ်။ အဲ့ဒီမှာ တစ်ယောက်ကမေးပါတယ်။ Local မဟုတ်ဘူးထင်တယ် ဘယ်နိုင်ငံကလဲတဲ့၊ ကျနော်က မြန်မာပြည်ကလိုဖြေတယ်။ ပြီးတော့ ကျန်တဲ့သူတချို.မေးခွန်းတွေမေးကြပြီး ပြန်ထိုင်မယ်လုပ်တော့ trainer အန်တီကြီးက သူတစ်ခုလောက်မေးပါရစေတဲ့။ ခုနက ဘယ်နိုင်ငံကလဲဆိုတော့ မြန်မာပြည်ကဆိုတာဖြေသွားတာသိပါတယ်တဲ့။ မြန်မာပြည်ကလို.ဖြေရတာ မင်းအတွက်ဘာမှမဖြစ်သလိုပဲတဲ့။ တစ်ချို.သူကြုံဖူးတယ်၊ မြန်မာပြည်ကဆိုပေမယ့် မြန်မာလို.ပြောရမှာ ရှက်လိုမဖြေဘူးတဲ့၊အဲ့ဒါဘာလို.လဲတဲ့။ ဘယ်လိုဖြေရမှန်းတောင်မသိတော့ဘူး။ ကျနော်ကတော့ ပြန်ပြောလိုက်တယ်။ “ I would never shy to say I come from Myanamar, even I become Singapore Citizen I will still say that, my original is from Myanmar” လို.။ topic နဲမဆိုင်ပေမယ့် သတိရသွားလို.ရေးလိုက်တာပါ။ Training မှာ စာတွေပြီးတော့ passenger check in လုပ်ဖို. Computer software ကိုသင်ရပါတယ်။ ဒီဟာကလဲ airline တစ်ခုနဲ.တစ်ခုမတူပါဘူး။ လောလောဆယ် ground မှာစပြီးတွေရမယ့် airline အတွက်စပြီးလေ့ကျင့်ရပါတယ်။ အဲ့ဒါပြီးတာနဲ. ကျနော်တို.ကို mentor လို.ခေါ်တဲ့စီနီယာတစ်ယောက်စီနဲ.တွဲပြီး လုပ်ငန်းခွင်လက်တွေ. စပြီးလုပ်ကြရပါတော့တယ်။ အဲ့ဒီ Company က ဝန်ဆောင်မှုပေးတဲ့ airline တွေက Jet Star Asia, Tiger Airways, Myanmar Airways International(MAI), Lion Air, Cebu Pacific တို.ပါ။ အများစုကတော့ low cost carrier တွေပါ၊ MAI နဲ.Lion Airကလွဲရင်ပေါ့။ ကျနော်ကတော့ Jet Star Asia မှာတာဝန်ကျပါတယ်။ သူက Australia National Airline Quantas ကရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ budget လေကြောင်းပါ။ အဓိကပျံသန်းတဲ့ခရီးတွေက Thailand, Malaysia, Cambodia, Taiwan, Hong Kong, Indonesia, Philippine, Myanmar, Vietnamတို.ဖြစ်ပါတယ်။

ဆက်ဖတ်ဖို.ဆန္ဒရှိသေးရင် ကျနော်နဲ. Airlines Industry (၂) သို.

ပီအာများကိုစီမံခန့်ခွဲရန်နည်းလမ်းကောင်း


စင်္ကာပူအစိုးရအနေဖြင့်အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများ (PRs) ကိုနိုင်ငံသားခံအဖြစ်ခံယူသွားရန်တွန်းအားပေးသွားမည်ဖြစ်ပြီး၊
နိုင်ငံသားခံယူရန်တိုက်တွန်းချက်ကိုငြင်းဆန်သောအချို့ကိစ္စများတွင်၎င်းတို့၏အမြဲတမ်းနေထိုင်ခွင့်ကိုသက်တမ်းတိုးပေးပါမှာ
မဟုတ်ကြောင်းစင်္ကာပူအစိုးရ ဝါရင်ဝန်ကြီး ဂိုချုပ်တောင်ကမနေ့ကထုတ်ဖေါ်ပြောကြားလိုက်ပါသည်။

Mr Goh သည်မနေ့ကပြုလုပ်သော Marine Paradeမြို့နယ်အတွင်းရှိအပြန်အလှန်ဆွေးနွေးပွဲတစ်ခုတွင်လွန်ခဲ့သောလ အတွင်းက ပြောကြားခဲ့သောဝန်ကြီးချုပ်လီရှန်လွန်း၏အမျိုးသားနေ့မိန့်ခွန်းပေါ်ပြည်သူများ၏တုံပြန်မှုအပေါ်အခြေခံပြီးဆွေးနွေးသွားခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲအတွင်းပါဝင်သူတစ်ဦးက Employment Pass (EP) ကိုင်ဆောင်ထားသူများကို နိုင်ငံသားအဖြစ်ခံယူ ခိုင်းစေရန် ဆိုသောအကြံပြုချက်အပေါ် Mr Goh ကတုံပြန်ပြောကြားရာတွင် “ ဒီပြောင်းလဲမှုမျိုးဟာနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြတဲ့အစွမ်းအစ
ရှိလူများကိုစိတ်ပျက်စေနိုင်တာကိုသတိပြုရမယ်၊ ထပ်ပြီးအရေးကြီးတာကိုပြောရမယ်ဆိုရင်တော့ EP ကိုင်ဆောင်ထားတဲ့သူတွေကတဆင့်
ခံအဖြစ်သာအလုပ်အကျွေးပြုနေကြတာဖြစ်တဲ့အတွက် EP ကိုင်ဆောင်ထားသူတွေကိုစီးပွားရေးကျဆင်းလာတဲ့အခါမှာလျော့ချသင့်ရင်
လျော့ချသွားရမှာဖြစ်တယ်”

Mr Goh ကရှေ့ဆက်ပြောရာတွင် “ ကျနော်တို့ရှေ့ကိုပိုပြီးသွားကြည့်ကြမယ်ဆိုရင်တော့ကျနော်တို့အနေနဲ့ရှိနေပြီးသားပီအာတွေကို
စင်္ကာပူနိုင်ငံသားခံယူဖို့ဖိအားတွန်းအားတွေပေးသွားမှာပါ။ တကယ်လို့သူတို့ကငြင်းဆန်ခဲ့ရင်တော့သူတို့ရဲ့အမြဲတမ်းနေထိုင်ခွင့်ကို
သက်တမ်းတိုးပေးတော့မှာမဟုတ်ပါဘူး။ ဒီဟာကအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အခုကျနော်တို့နိုင်ငံအတွင်းမှာပီအာအရည်အတွက်
၅ သိန်းလောက်ရှိနေပြီး၊ ဒီထဲကနေအယောက် ၅ သောင်းလောက်ကိုနိုင်ငံသားအဖြစ်ခံယူဖို့ရွေးချယ်သွားမှာဖြစ်ပြီးကျန်တဲ့ပီအာတွေ
အနေနဲ့တော့နိုင်ငံရဲ့စီးပွားရေးကိုဆက်လက်အထောက်အကူပြုစေမှာပါ။

သိုသော်ဘယ်လိုဘယ်နည်းတွေနဲ့ရွေးချယ်ပြီးဆက်လက်ဆောကင်ရွက်သွားမယ်ဆိုတာကိုတော့ Mr Goh ကထည့်သွင်းပြောကြားသွား
ခြင်းမရှိပါဘူး။

-----------------------------------------------------------------------------------------------------------------------------------
အထက်ဖေါ်ပြပါအကြောင်းကတော့ဒီနေ့ထုတ်စင်္ကာပူ TODAY Newspaper ရဲ့ခေါင်းကြီးသတင်းအဖြစ်ဖေါ်ပြသွားတဲ့သတင်းကိုကျနော်
တို့ပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့အမြဲတမ်းနေထိုင်ခွင့်ဆိုင်ရာအကြောင်းအရာကိုတက်နိုင်သမျှဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်။
တကယ်လို့များဘာသာပြန်ဆိုမှုအတွက်အမှားအယွင်းရှိခဲ့ပါကနဲ့တိုက်ရိုက်ပြန်ဆိုမှုအတွက်ဖတ်ရတာအဆင်မပြေတာများရှိခဲ့သော်
ခွင့်လွှတ်ပါလို့ကြိုတင်တောင်းပန်ပါရစေ။ နှစ်ဆန်းပိုင်းလောက်ကစပြီးထွက်လာခဲ့တဲ့ပီအာတွေကိုသက်တမ်းတိုးပေးတဲ့ဟာမှာ ICA
ကအရင်လိုမဟုတ်ဘူး၊ ရစ်တယ်ဆိုတဲ့အသံတွေကြားလာရပြီးတဲ့အခါကသိပ်ပြီးအယုံအကြည်မရှိခဲ့ပါဘူး။ အဲ့ဒီအခါတုံးကလဲစလုံးအစိုးရ
အနေနဲ့ဘာမှတရားဝင်ထုတ်ပြန်ကြေငြာချက်မရှိသေးတော့သို့လောသို့လောအတွေးတွေနဲ့ပဲချာချာလည်နေကြရပါတယ်။ အခုတော့
အစိုးရရဲ့ပေါ်လစီကိုတရားဝင်ထုတ်ပြောလာပြီးတဲ့နောက်မှာတော့သူတို့အသစ်ဖွဲ့စည်းလိုက်တဲ့အသစ်ချက်ချွတ်ဌာနကြီးဖြစ်တဲ့
Polulation & Talent Devision ကအသက်ဝင်လာပြီးပေါ်လစီအသစ်တွေကိုစတင်ချမှတ်နေပြီလို့ထင်မြင်ရပါတယ်။ နောက်ပိုင်းမှာတော့
ဘယ်လိုတွေဆက်ပြီးပေါ်လစီအသစ်တွေနဲ့ထိန်းချုပ်လာမလဲဆိုတာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ ကျနော်အမြင်ကတော့အခုပြောင်းလဲ
တဲ့ပေါ်လစီတွေအရသူတို့ပြောတဲ့ ၅ သောင်းထဲမှမပါရင်တော့ကျေနော်တို့အပေါ်တိုက်ရိုက်တော့ထိခိုက်လာတာမရှိလောက်သေးပါဘူး။
တကယ်လို့သူတို့ဖိအားပေးတဲ့ ၅ သောင်းထဲမှာပါရင်တော့ဘယ်တက်နိုင်ပါ့မလဲ။

လွန်ခဲ့တဲ့အင်္ဂါနေ့ကတရားဝင်ထုတ်ပြန်ကြေငြာခဲ့တဲ့စင်္ကာပူအစိုးရရဲ့Singapore Department of Statistics ရဲ့ထုတ်ပြန်ချက်အရနိုင်ငံ
တွင်းနိုင်ငံသား ၃.၂၃သန်း၊ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ ၅ သိန်း၎သောင်း၁ထောင်ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်းကကိန်းဂဏန်း
များအရ ၂၀၀၀ခုနှစ်ကပီအာလူဦးရည်၂၈၇၅၀၀ရှိနေရာမှ ယခု ၂၀၁၀ ခုနှစ်တွင် ၅၄၁၀၀၀ထိနှစ်ဆခန့်မြင့်တက်လာခဲ့ကြောင်းဖော်ပြထား
ပါတယ်။ အဆိုပါဌာနကြီး၏ထုတ်ပြန်ချက်အရပီအာရရှိသူအများဆုံးမှာမလေးရှားနိုင်ငံနှင်အိန္ဒိယဒေသဖက်မှဖြစ်ကြောင်းသိရှိရပါတယ်။

Monday, September 6, 2010

၄၅ နှစ်မြောက် စင်္ကာပူအမျိုးသားနေ့ ဝန်ကြီးချုပ်မိန့်ခွန်း


သြဂုတ်လ (၉) ရက်နေ့မှာကျရောက်တဲ့စင်္ကာပူနိုင်ငံအမျိုးသားနေ့အတွက်နှစ်စဉ်ပြောကြားလေ့ရှိတဲ့စင်္ကာပူနိုင်ငံဝန်ကြီးချုပ်ရဲ့ပေါ်လစီ
ဆိုင်ရာမိန့်ခွန်းထဲကကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူငယ်ချင်းညီအကိုမောင်နှမတွေအတွက်သိသင့်တဲ့အချက်များကိုပဲရွေးချယ်ပြီး
တက်နိုင်သမျှဘာသာပြန်ဆိုပေးထားပါတယ်။ professional ဘာသာပြန်တစ်ယောက်မဟုတ်တဲ့အပြင်သတင်းစာသမားတစ်ဦးမဟုတ်တဲ့
အတွက်အရေးအသားနဲ့ဘာသာပြန်ဆိုမှုအနည်းငယ်ကွဲလွဲခဲ့သည်များရှိသော်နားလည်ခွင့်လွှတ်ပေးပါလို့ကြိုတင်တောင်းပန်လိုက်ပါ
တယ်။ အဓ္ဓိပါယ်တွေခပ်များများထွက်တဲ့သူရဲ့မိန့်ခွန်းထဲကနေဆိုလိုချင်တာကိုနားလည်နိုင်ကြပါစေလို့လဲမျှော်လင့်ပါတယ်။ ကျနော့်
အနေနဲ့တော့သုံးသပ်ချက်တစ်စုံတရာမချမှတ်ရဲပါဘူး။ စလုံးတွေပြောတာကတော့ရှေ့နှစ်မှာစလုံးရွေးကောက်ပွဲရှိနေတဲ့အတွက်ပြည်သူ
အကြိုက်ပေါ်လစီကိုပြန်ပြီးအလျော့ပေးတယ်လို့လဲပြောပါတယ်။ သို့သော်စီးပွားပျက်ကပ်ဆိုက်ပြီးနောက်ပိုင်းမှာနဲ့ဆိုက်နေဆဲကာလတွေ
မှာတော့ရှိသမျှpass တွေအကုန်လုံးကိုတင်းကြပ်လိုက်တဲ့သဘောကိုတွေ့ရပါတယ်။ အရင်တုံးကနှစ်ပေါင်းများစွာပေးလာတဲ့အစိုးရ
ကျောင်းတွေနဲ့တက္ကသိုလ်ကြီးတွေကပြီးတဲ့ကျောင်းသားတွေကိုပီအာမချပေးတော့တာတွေကတော့ထင်ရှားတဲ့ပြယှဒ်တစ်ခုပါပဲ။ ဒီကြားထဲ
မြန်မာအိမ်အကူအလုပ်သမားတွေသောင်းကျန်းကြတဲ့သတင်းတွေသတင်းစာမျက်နာဖုံးကြီးတွေမှာပါလာတာ၊ ကုလားတွေနဲ့မြန်မာတွေနဲ့
အဓိကရုန်းနီးပါးဖြစ်ခဲ့တဲ့ရိုက်ပွဲကြီးတစ်ခုစတဲ့အကြောင်းတွေကိုစလုံးအစိုးရအနေနဲ့မျက်စိပိတ်နားပိတ်နေတာတော့မဟုတ်ပါဘူး။
အားလုံးအစဉ်ပြေပြေနဲ့ကိုယ့်မိသားစုကိုတဖက်တလမ်းကကူညီနိုင်ကြစေဖို့ဆုတောင်းရင်းကျနော်ရေးလိုက်တဲ့ဘာသာပြန်စာလေးထဲက
နေအကျိုးအမြတ်တစ်စုံတစ်ခုရသွားနိုင်စေကြောင်းလဲဆုမွန်ကောင်းတောင်းလိုက်ပါတယ်။




ကမ္ဘာအနှံအပြားကလူမျိုးပေါင်းစုံ၊ယဉ်ကျေးမှုပေါင်းစုံတို့နဲ့ထင်ရှားတဲ့စင်္ကာပူနိုင်ငံအနေနဲ့လျှင်မြန်စွာတိုးတက်လာတဲ့စီးပွားရေးဖွံ့ဖြိုးလာမှုအတွက်အနာဂ္ဂါတ်ကာလမှာလိုအပ်တဲ့လုပ်သားအင်အားကိုနိုင်ငံခြားအလုပ်အမားအများအပြားနဲ့ဖြည့်ဆည်းမှုအပေါ်စိုးရိမ်ပူပန်နေတဲ့
စင်္ကာပူနိုင်ငံသားများအနေနဲ့လိုအပ်တဲ့ထိန်းညှီမှုတွေကိုကျင့်သားရအောင်ကြိုးစားပြီးလုပ်ဆောင်သွားဖို့တိုက်တွန်းကြောင်း ၄၅ နှစ်ပြည့် စင်္ကာပူအမျိုးသား နေ့ မိန့်ခွန်းမှာစင်္ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ထည့်သွင်းပြောကြားသွားပါတယ်။

စင်္ကာပူအနေနဲ့သူနိုင်ငံတံခါးကိုဘာကြောင့်ဆက်ပြီးဖွင့်လှစ်ထားရတ်ာဆိုတာကို ဝန်ကြီးချုပ် ကမိန့်ခွန်းထဲမှာအကျယ်တဝင့် ထပ်မံ ရှင်းလင်းသွားပါတယ်။အချိန်အတိုင်းအတာတိုတိုအတွင်းမှာနိုင်ငံခြားသား အလုပ်သမားအများအပြားအလုံးအရင်းနဲ့ဝင်ရောက်
လာမှုကိုနှေးကွေးသွားစေမှာဖြစ်ပြီးနိုင်ငံသားတွေအနေနဲ့စိုးရိမ်ပူပန်နေတဲ့အလုပ်ရှာတဲ့နေရာမှာယှဉ်ပြိုင်ရမှုတွေ၊အိမ်ခန်းအဝယ်အဌားမှာယှဉ်ပြိုင်မှုနဲ့အိမ်ဈေးနဲ့အိမ်ဌားခဈေးနှုံးတွေတက်လာကိုစိတ်ပျက်တာတွေ၊ပြည်သူ့ပို့ဆောင်ရေးတွေဖြစ်တဲ့ဘက်စ်တွေရထားတွေမှာ
ကြပ်တည်းမှုတွေနဲ့လူမှုအဖွဲအစည်းပုံစံပျက်ဆီးသွားမှာပူပန်တာတွေကိုဝန်ကြီးချုပ်အနေနဲ့နားလည်သဘောပေါက်ကြောင်းနဲ့ဖြေရှင်းဖို့
နည်းလမ်းတွေကိုရှာဖွေသွားမှာဖြစ်တယ်လို့ပြောကြားသွားပါတယ်။

စင်္ကာပူနိုင်ငံသားတွေအနေနဲ့အသစ်ရောက်လာတဲ့ယဉ်ကျေးမှုအသစ်၊ လူမျိုးအသစ်၊ အကျင့်၊ဓလေ့ထုံးစံအသစ်တွေအပေါ် ကျင့်သားရရန်အချိန်ယူ ညှီနှိုင်းဖို့လိုအပ်ကြောင်းဝန်ကြီးချုပ်ကပြောကြားသွားပါတယ်။ ဒီနှစ်အတွင်းမှာပဲ စင်္ကာပူဒုတိယဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်တဲ့လူဦးရည်နှင့်ပင်ကိုယ်စွမ်းရည်ဆိုင်ရာစောင့်ကြည့်ရေးဌာနကြီးကိုဝန်ကြီးချုပ်ရုံးမှာဖွင့်လှစ် ပြီးစီမံခန့်ခွဲ သွားမှာ ဖြစ်ပြီး၊ ဒီဌာနကြီးအနေနဲ့လူဝင်မှူကြီးကြပ်ရေး၊ လူထုနဲ့ပင်ကိုယ်စွမ်းရည်ဆိုင်ရာပေါ်လစီများကိုသီးခြားချမှတ်သွားမှာဖြစ်ပြီး၊ ဒီပေါ်လစီတွေအနေနဲ့ဒီနှစ်ပိုင်းအတွင်းမှာနိုင်ငံခြားသားတွေထက်စင်္ကာပူနိုင်ငံသားများပေါ်ပိုမိုအခွင့်အရေးများရရှိဖို့ရည်ရွယ်ထားကြောင်း
မိန့်ခွန်းထဲမှာပြောကြားသွားပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်လီရှန်လွန်းက -

“ သို့သော်လည်းပဲ စီးပွားရေးပိုမိုတိုးတက်လာဖို့အတွက်ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားသားအလုပ်သမားများကိုအသေအခြာပဲ ဆက်လက်လိုအပ်နေမှာဖြစ်ပြီး ဒီအတွက်ကြောင့်လဲပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက် လာဖို့ရှိပါတယ် “

လို့ပြောပါတယ်။ ဝန်ကြီးချုပ်ကဆက်လက်ပြောကြားရာမှာလွန်ခဲ့တဲ့လအထိနိုင်ငံခြားအလုပ်သမား ၁သိန်းခန့်အလုပ်သမားအင်အား အတွင်းမှာတည်ရှိတာကိုသတိပြုမိကြောင်း၊ နောက်ပိုင်းမှာတော့ဒီထက်နည်းတဲ့ပမာဏဖြစ်တဲ့ ၈သောင်းလောက်ထိကျဆင်းသွားလိမ့် မယ်လို့မျှော်လင့်ကြောင်း၊လူဝင်မှုကြီးကြပ်ရေး၊နဲ့လူစွမ်းအားပြသနာတွေဟာနေရာတိုင်းမှာအခက်အခဲတွေရှိနေပြီးဒါဟာတကယ့်ကို
ိုဦးနှောက်ခြောက်စရာကိစ္စတွေဖြစ်ကြောင်း၊ သို့သော် ဒီပြသနာတွေကိုသေခြာစွာကိုင်တွယ်နိုင်မယ်ဆိုရင် နိုင်ငံအတွက်အကျိုးအမြတ် အများအပြားရရှိသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

”ထူးချွန်ထက်မြက်သူတွေနည်းပါးတဲ့အတွက်ကျနော်တို့တိုင်းပြည်အနေနဲ့တစ်ကမ္ဘာလုံးမှာရှိနေကြတဲ့အစွန်းအစရှိသူတွေကိုဆက်ပြီးတံခါးဖွင့်ပေးထားရမှာဖြစ်ပါတယ်။ ကျနော်တို့စီမှာအလွန်တော်တဲ့လူတွေရှိသော်လည်းဘယ်တော့မှမလောက်ဌနိုင်ပါဘူး၊ စီးပွားရေးဖွံ့ဖြိုးဖို့အတွက်အထောက်အပံ့ကောင်းတွေအမြဲလိုအပ်နေမှာပါ ”

ယာယီအလုပ်သမားနဲ့ နိုင်ငံပြောင်းရွေ့နေထိုင်တဲ့လူမျိုးဆိုတဲ့အရေးကြီးတဲ့အချက် ၂ ချက်ကိုခွဲခြားသိမြင်တက်ဖို့လိုပါတယ်။ နိုင်ငံပြောင်းရွေ့နေထိုင်တယ်ဆိုတာကတော့အခုအမြဲတမ်းနေထိုင်ခွင့်ရရှိထားတဲ့လူများနဲ့ နိုင်ငံသားအသစ်တွေပါ။ ရေရှည်မှာတော့ကျနော်တို့နိုင်ငံရဲ့လူဦးရည်တိုးတက်လာတာနဲ့အမျှနိုင်ငံခြားသားအလုပ်သမားအများအပြားအပေါ်မှီခိုနေခြင်းမှလျော့နည်းသွားမှာပါ။ ဒီတော့ ဒီတလောအတွင်းမှာမြင်နေကြရတဲ့နိုင်ငံခြားသားအများအပြားကိုကျေးဇူးပြုပြီးသည်းခံစေချင်ပါတယ်။ တကယ်တန်းနှိုင်းယှဉ်ကြည့်ကြမယ်ဆိုရင်ရွေ့ပြောင်းနိုင်ငံသားများရဲ့အရည်အတွက်ဟာအနည်းငယ်ပဲရှိပါတယ်။

ကျနော်တို့ဟာ
ဘယ်သူတွေကိုလက်ခံမယ်ဆိုတာအထူးဂရုစိုက်ပါတယ်။ သူတို့အနေနဲ့တိုင်းပြည်ရဲ့စီးပွားရေးကိုအထောက်အကူပြုရုံတင်မဟုတ်ပဲ ကျနော်တို့ရဲ့လူမှုအဖွဲ့အစည်းအသိုင်းအဝင်းကိုပါအထောက်အကူပြုပံ့ပိုးပြီးသေခြာခိုင်မာစွာဖြင့်နိုင်ငံအတွင်းအခြေချမယ့်သူမျိုး
တွေဖြစ်ဖို့လိုပါတယ်။


လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်းမှာစင်္ကာပူအနေနဲ့နိုင်ငံခြားအလုပ်သမား၊ အမြဲတမ်းနေထိုင်ခွင့်နဲ့၊ နိုင်ငံသားခံယူခွင့်တွေ အတွက် တံခါးကျယ်ကျယ်ဖွင့်ထားခဲ့ပါတယ်။ အခြေအနေဟာအတော်ကောင်းပါတယ်။ ကျနော်တို့လိုချင်တာကိုရခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပုံစံအတိုင်းကျနော်တို့ရဲ့လူဦးရည်ကိုတိုးတက်နေလို့တော့မပါဘူး။ ၁သိန်းကနေ ၁သိန်းခွဲကိုချက်ချင်းကြီးတိုးတက်သွားဖို့မဖြစ်နိုင်ပါဘူး။

အစိုးရအနေနဲ့နိုင်ငံခြားသားလက်ခံခြင်းနဲ့ပတ်သတ်တဲ့ပေါ်လစီကိုမနှစ်ကပြန်လည်သုံးသပ်ခဲ့ရာမှာနိုင်ငံသားခံယူခွင့်တွေနဲ့အမြဲတမ်း
နေထိုင်ခွင့်လက်ခံတာတွေကို ပိုမိုတင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေချမှတ်ခဲ့ပါတယ်။ အိမ်ယာ၊ကျန်းမာရေးဝန်ဆောင်မှုနဲ့ပညာရေး အထောက်အပံ ကိစ္စတွေကိုနိုင်ငံသားနဲ့အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ပြည်သူတွေကြားမှာပြန်လည်ညှီနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားသားထက်ပိုမိုအခွင့်အရေးရရှိချင်တဲ့စင်္ကာပူနိုင်ငံသားများရဲ့ဆန္ဒကိုဝန်ကြီင်္းချုပ်အနေနဲ့နားလည်သဘောပေါက်ကြောင်းပြောကြားသွားတာတွေ့ရပါတယ်။

အစိုးရအနေနဲ့ဘယ်လိုပဲပေါ်လစီတွေနဲ့လုပ်ကိုင်ပါစေဒီနိုင်ငံခြားသားများဝင်ရောက်လာတဲ့ကိစ္စဟာအမြဲတမ်းရှိနေမှာဖြစ်ပြီးအကောင်းဆုံးနဲ့အသင့်တော်ဆုံးဖြေရှင်းမှုတွေကအမြဲတမ်းရှိမနေနိုင်ပါဘူး။ပေါ်လစီတွေကိုအမှန်တကယ်အကောင်အထည်ဖေါ်အောင်မြင်ဖို့ရာအစိုးရတစ်ခုထဲနဲ့ဆောင်ရွက်ဖို့မဖြစ်နိုင်ပဲပြည်သူများအနေနဲ့နိုင်ငံခြားသားများနဲ့ တူတူလုပ်ကိုင်ဆောင်ရွက်ဖို့လိုပါတယ်။

မိန့်ခွန်းကောက်နှုတ်ချက်များ

အရှည်အဟုန်ကျဆင်းသွားသောလူဝင်မှု

ပြန်လည်ဦးမော့လာသောစီးပွားရေးအတွက်လိုအပ်လာသောအလုပ်များအတွက်နိုင်ငံခြားအလုပ်သမားများပိုမိုလိုအပ်လာသည်။ သို့သော်လည်းယခင်လျှာထားသော ၁သိန်းအစား ၈သောင်းထိလျှော့ချလိုက်သည်။ အစိုးရအနေဖြင့်ပြည်သူများအတွက်အချိန်ယူပြီးကျင့်သားရအောင်ရည်ရွယ်ပါသည်။ သို့သော်တံခါးကိုလုံးဝပိတ်ဆို့ဖို့တော့မဖြစ်နိုင်ပါဘူး။

တံခါးဖွင့်ထားရခြင်းအကြောင်းအရင်းများ

အလွန်အရေးကြီးသောအချက် ၃ ချက်ကိုအခြေခံ၍ဖွင့်လှစ်ထားရပါသည်။

၁။ ပင်ကိုယ်စွမ်းရည်ရှိသူများပိုမိုလိုအပ်ခြင်း
၂။ ဖွံဖြိုးနေတဲ့စီးပွားရေးအတွက်ပံပိုးမှုလိုအပ်ပြီးဒေသခံပြည်သူများအတွက်အလုပ်အကိုင်အခွင့်အရေးကောင်းများပိုမိုဖန်တီးနိုင်ရန်
၃။ ကျဆင်းနေတဲ့လူဦးရည်လျှော့ကျမှုကိုဖြည့်ဆည်းပေးရန်အတွက်ဒေသခံပြည်သူများ၏ကလေးမွေးဖွားနှုန်းမှာရလဒ်ကောင်းများ
မရရှိသေးခြင်း။

ရွေ့ပြောင်းနေထိုင်သူများမဖြစ်မနေပေါင်းစပ်ရန်

သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများ၊ ဆေးရုံများ၊ ဘဏ်များအစရှိတဲ့နေရာများစွာမှာအလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံခြားသား အများအပြားကိုခဏတာယာယီလက်ခံထားတယ်ဆိုတာအရေးတကြီးအချက်တစ်ခုအနေနဲ့လက်ခံထားပြီးသူတို့အနေနဲ့သူတို့အလုပ်ပြီး
ရင်အိမ်ပြန်သွားကြမယ်ဆိုတာသိရှိဖို့လိုသည်။အရေးကြီးသောရွေ့ပြောင်းနေထိုင်သူများ၏ကိန်းဂဏန်းများကိုလေ့လာရာတွင်အမြဲတမ်း
နေထိုင်ခွင့်ရထားသူနှင့်နိုင်ငံသားခံယူထားသူအသစ်များမှာအလွန်နည်းသောအရည်အတွက်သာရှိနေပြီးသူတို့အနေဖြင့်တိုင်းပြည်၏
အကျိုးစီးပွားတင်မကနိုင်ငံသားများဖြင့်ပေါင်းစပ်ပြီးအမြစ်တွယ်ခိုင်မာရန်လိုအပ်သည်။