Thursday, September 9, 2010

Its not a target, not all will lost PR status, နောက်ဆက်တွဲ ၂

စင်္ကာပူအစိုးရဲ့ပေါ်လစီအသစ်တွေ၊ ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းအပေါ်ထပ်ဆင့်ရှင်းလင်းမှုတွေပြီးတဲ့နောက်မှဆက်တိုက်ဖြစ်ပေါ်လာတဲ့လူထုရဲ့
အာရုံစိုက်တုံပြန်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့သတင်းတွေဟာရက်သတ္တပတ် ၁ ခုနီးပါးရှိလာခဲ့ရပါတယ်။ ပီအာတွေကိုနိုင်ငံသားခံယူခိုင်း
မယ်ဆိုတယ်အစိုးရဝါရင့်ဝန်ကြီးရဲ့ပြောကြားချက်ကြောင့်စင်္ကာပူပီအာအသိုင်းအဝိုင်းမှာအတော်ကြီးလှုပ်လှုပ်ရှားရှားဖြစ်ကုန်တာတွေ့ရပါ
တယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးသတင်းမီဒီယာပေါင်းစုံမှာဖော်ပြခဲ့ကြသလို၊ အစိုးရရဲ့သတင်းပြန်ကြားရေးဌာနကလဲဒီသတင်း
အတွက်အများဆုံးပြန်ကြားပေးနေရကြောင်းကြားသိရပါတယ်။

ဒီအကြောင်းအရာနဲ့ဆက်စပ်ပြီးတော့ပြည်သူများရဲ့အမြင်ပေါင်းစုံကိုဝါရင့်ဝန်ကြီး Mr.Goh ကအသိအမှတ်ပြုပြီးကြိုဆိုကြောင်း
ယနေ့ထုတ်သတင်းစာမှာဖော်ပြသွားပါတယ်။ တဆက်ထဲမှာပဲဝါရင့်ဝန်ကြီးရဲ့ပြောကြားချက်ကြောင့်ဖြစ်ပေါ်လာတဲ့တုံပြန်မှုတွေအတွက် ဝန်ကြီးရဲ့ပြန်ကြားရေးအရာရှိက “အစိုးရနေဖြင့်အယောက် ၅သောင်းလောက်၊ တစ်နည်းအားဖြင့်ရှိနေတဲ့ပီအာတွေရဲ့ ၁၀% လောက်ကို
ရည်ရွယ်ပြီးတော့နိုင်ငံသားဖြစ်စေချင်တာပါ၊ ပိုမိုမြင်သာအောင်ရည်ရွယ်ပြီးပြောခြင်းဖြစ်ပါတယ် “ လို့ထပ်မံရှင်းလင်းသွားတာတွေ့ရပါ
တယ်။

မီဒီယာများရဲ့မေးမြန်းချက်များကိုပြန်လည်ရှင်းလင်းခဲ့တဲ့ဝန်ကြီးချုပ်ရုံးရဲ့သတင်းထုတ်ပြန်ချက်အရ “ ဝါရင့်ဝန်ကြီး Mr.Goh ဆိုလိုချင်တဲ့
သဘောကအစိုးရအနေနဲ့ပီအာလူဦးရည်နဲ့ပတ်သတ်ပြီးဘယ်လိုစီမံခန့်ခွဲမယ်၊ တချို့ပီအာတွေကို နိုင်ငံသားအဖြစ်ခံယူဖို့ အားပေး အားမြောက်ပြုသွားမယ်ဆိုတာယေဘူယျပြောသွားတာဖြစ်ပါသည် ဆိုပြီးဖော်ပြသွားပါတယ်။ သတင်းထုတ်ပြန်ချက်ထဲမှာဆက်လက်
ဖော်ပြသွားတာကတော့ “ အကယ်၍များနိုင်ငံသားအဖြစ်ခံယူဖို့ဖိတ်ကြားခံရတဲ့လူတိုင်းလိုလိုကသူတို့ရဲ့ဖိတ်ကြားခံရမှုအပေါ်လက်မခံပါ
ကအစိုးရအနေနဲ့ဘယ်လိုဆောင်ရွယ်မယ်ဆိုတာလောလောဆယ်ပြဌာန်းထားခြင်းမရှိသေးပါဘူး ” “ တိုင်းပြည်အတွက်အဖိုးတန်တဲ့ပီအာ
တွေအတွက်အစိုးရအနေဖြင့်ဒီကိစ္စကို ပိုမို ကောင်းမွန်အောင်ပြန်လည်သုံးသပ်သွားမှာဖြစ်ကြောင်း၊သူတို့အနေနဲ့နိုင်ငံသား အဖြင့် ခံယူသွားမယ်ဆိုရင်နိုင်ငံအပေါ်သစ္စာခံဖို့အတွက်ချင့်ချိန်တွက်ဆသွားဖို့လိုတဲ့အကြောင်းပြန်ကြားရေးအရာရှိကထည့်သွင်းပြောကြားသွား
ပါတယ်။

်အစိုးရအနေနဲ့နိုင်ငံသားကူးပြောင်းရေးနဲ့ပတ်သတ်ပြီးထားရှိသောစဉ်းစားဆုံးဖြတ်မှုများတွင်ပိုမိုမြန်ဆန်စွာဖြင့်အခွင့်အရေးများပေးသင့်
သည်ဟုအချို့ကသုံးသပ်ကြကြောင်းသိရသည်။

No comments:

Post a Comment