Thursday, December 30, 2010

ကျွန်တော် ရွက်လှေနဲ.ပင်လယ်များ အပိုင်း (၃)

ကျနော် blog မှာရေးသမျှဖတ်ပေးကြတဲ့ ကျနော့်သူငယ်ချင်းများ ညီအကို မောင်နှမ များအားလုံးနှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ကျနော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား။ ဒီရက်ပိုင်းအတွင်း အိမ်ပြောင်းရွှေ့တာနဲ့ဘာနဲ့မအားတာကြောင့် post အသစ်လဲ
မတင်နိုင်၊ အဟောင်းလဲ edit မလုပ်နိုင်တာခွင့်လွှတ်ပါခင်ဗျား။

ဒီအပိုင်းမှာတော့ သိပ်ဖတ်လို့ကောင်းမှာမဟုတ်ဘူးဗျ။ ကြာပြီဆိုတော့ မှတ်မိသလောက်နဲ့ လိုရင်းအချက်အလက်တွေကိုပဲရောက်အောင် ရေးရပြီး၊ ဟိုလူကြီးကိစ္စတွေပါတာကလဲ စာဖတ်တဲ့သူကို အနည်းနဲ့အများတော့ စိတ်အနှောက်အယှက်ဖြစ်စေမှာပါ။ ကျနော်ကတော့ ဘယ်လိုသဘောနဲ့မှမဟုတ်ပဲ ကျနော်ပါဝင်လှုပ်ရှားခဲ့ရတဲ့ အခန်းကဏ္ဍတွေမှာအတက်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ်ဆိုတာကိုပဲ မှတ်တမ်း တင်ထားချင်တာပါခင်ဗျား။

ကျနော်တို့ချောင်းသာကမ်းခြေမှာ ပင်လယ်ပြင်လေ့ကျင့်ခန်းတွေ ဆင်းပြီးတဲ့နောက်မှာတော့ ရန်ကုန်ကိုပြန်ပြီးရှေ့မကြာမီမှာ ဝင်ပြိုင်ကြ
ရမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေဆက်လုပ်ကြပါတယ်။ လှေအမျိုးအစား (၅) မျိုးဝင်
ပြိုင်ကြရာမှာ International 420 Class Men မှာ စည်သူမိုးမြင့်နဲ့ဖုန်းကျော်မိုးမြင့်တို့ ညီအကိုတစ်တွဲ၊ International 420 Class Woman မှာ စုမြတ်စိုး(ယခု Dr စုမြတ်စိုး) နဲ့ နန်းခမ်းဆေးတို့အတွဲ၊ Laser II လို့ခေါ်တဲ့ လှေအမျိုးအစားအတွက် အောင်မြင်သူနဲ့
ကောင်းမြတ်ထုဋ်၊ အသက် ၁၅ နှစ်အောက် တစ်ယောက်စီးလှေ Optimist တစ်ဦးချင်းပြိုင်ပွဲ (girl)အတွက် မချစ်စု၊ Boy အတွက် Autur၊
Optimist Team အတွက် အောင်ဖြိုးနဲ့ ဆွေဇင်၊ Laser Individual အတွက် ကိုသီဟ တို့ပါဝင်ယှဉ်ပြိုင်ကြဖို့နောက်ဆုံး စာရင်းပေးပို့
ထားပါတယ်။

International 420 Class, Laster II Class တွေအတွက် Australia က World Champion ဟောင်း ၂ ယောက်ကိုနည်းပြအဖြစ်ဌားရမ်း
ထားလိုက်ပြီး Perth မှာ ၁ လခန့်လေ့ကျင့်၊ ပြင်သစ်နဲ့ အီတလီတို့မှာ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံယူဖို့ပြိုင်ပြိုင်မစခင် ၃ လခန့်ကြို
တင်ထွက်ခွာသွားနှင့်ကြပါတယ်။ ကျနော်ကတော့ ကျနော်တာဝန်ယူရတဲ့ Optimist Class အတွက်ရန်ကုန်မှာကျန်ခဲ့ပြီး၊ ကျနော့်ကလေး
တွေအတွက် ပုံမှန် Physical and On water training တွေကို နည်းပြချုပ်ရဲ့ကွပ်ကဲမှုနဲ့ဆက်လုပ်ရပါတယ်။ ဒါ့အပြင် ပြည်ပထွက်ခွာဖို့
အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေပတ်စ်ပို့တွေကိုလဲ အားလုံးအတွက်တာဝန်ယူဆောင်ရွက်ပေးရပါတယ်။ အကုန်လုံးရဲ့ စာအုပ်တွေ
က အထူးနိုင်ငံကူးလက်မှတ်တွေဆိုတော့ အလွယ်တကူနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ပေမယ့် ကျနော်ကတော့ မြန်မာအသင်းကြီး
တစ်ခုလုံးရဲ့ Official လိုက်ပါသွားမှာမဟုတ်တဲ့အတွက် ပုံမှန်နိုင်ငံကူးလက်မှတ်ပဲလျှောက်ထားတာ သွားဖို့၁ ပါတ်အလိုအထိတောင်မရ
သေးပါဘူး။ ဒါနဲ့အားကစားဝန်ကြီးဌာနကိုအကူအညီတောင်းတော့ စာတစ်စောင်ထုတ်ပေးပါတယ်။ အဲ့ စာကိုင်ပြီးနှောက်နှေးနေတဲ့ ကျနော့်စာအုပ်နောက်လိုက်တာ နောက်ဆုံး ပါတ်စ်ပို့မင်းကြီး အဲ့တုံးကတော့ ဗိုလ်မှူးကြီးသက်ထုဋ်စီရောက်သွားပါတယ်။ အမှန်အကန် လာခဲ့လတ်ပေးရင်လုံးဝလက်မခံဘူးဆိုတဲ့ လူကြီးပါပဲ။ ဖြစ်နိုင်လောက်ပါတယ်၊ မင်းကြီးကကျနော့်စာအုပ်မှာ ချက်ချင်းလက်မှတ်ထိုးပြီး စာအုပ်ကို သူ့ရုံးကနေထုံးစံမရှိပဲထုတ်ပေးပါတယ်။

ဒီလိုနဲ့ကျနော်တို့ အရှေ.တောင်အာရှအားကစားပြိုင်ပွဲဝင်ဖို့ အတွက်နိုင်ငံကိုယ်စားပြုရွက်လှေအသင်းဟာ ပြိုင်ပွဲမတိုင်မီ တစ်လလောက် ကြိုပြီးပြိုင်ပွဲကျင်းပမယ့် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို.နဲ့ကီလိုမီတာ ၆၀ လောက်မှာ ရှိတဲ့ Pork Dickson ဆိုတဲ့မြို့ ကိုသွားနှင့်ကြ ပါ တယ်။ ပင်လယ်အနေနဲ.ပြောရရင် မလ္လကာပင်လယ်ကွေ.ပါ။ ကျနော်က လေယာဉ်လက်မှတ်အခက်အခဲဖြစ်နေတာနဲ့ (၂) ပါတ်လောက် အလိုကြမှတစ်ယောက်ထဲလိုက်သွားရတယ်ဗျ။

ဒီတစ်ခါကတော့ဒေသအတွင်း မှာအကြီးမားဆုံးပြိုင်ပွဲဖြစ်တာကြောင့် ပိုပြီးဂရုစိုက်ရပါတယ်။ ကျနော်တို့နဲ.အဓိက ယှဉ်ပြိုင်မယ့် ပြိုင်ဖက် ကတော့စင်္ကာပူပါ။ ငွေကြေးချမ်းသာတဲ့အပြင် အစိုးရကနေဒီပြိုင်ပွဲအတွက်စုစုပေါင်း (၁) သန်းဖို.လောက်အကုန်ခံပြီးပြင်ဆင်ခဲ့တာလို.သိရပါတယ်။ ကျနော်တို.ကတော့ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ကျနော်တို့ အန်ကယ်က အမေရိကန်ဒေါ်လာဂဏန်း (၆)လုံးပမာဏကို
သူ့ ကိုယ်ပိုင်ငွေကြေးတွေနဲ့ပြိုင်ပွဲကိုယှဉ်ပြိုင်ဖို.လှုဒါန်းကူညီခဲ့တာပါ။ ပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့လှေအသစ် တွေကို ဝယ်ယူရာနိုင်ငံ ကနေ ပြိုင်ပွဲလုပ်တဲ့နေရာကိုတိုက်ရိုက်ပို.ဆောင်ခဲ့ပြီး ကျန်တဲ့ လိုအပ်တာတွေကိုတော့ ရန်ကုန်ကနေ ပေ (၂၀) ကွန်တင်နာနဲ.ပို.ဆောင်ထား ပါတယ်။ စလုံးကများဆို ပေ (၄၀) ကွန်တင်နာ (၂) လုံး။ ကိုယ်ပိုင်မော်တော်ဘုတ်တွေနဲ့တပျော်တပါးကြီးလာကြတာတွေတယ်ဗျ။ ကမ်းစပ်မှာတော့ လာပြိုင်ကြတဲ့ တစ်နိုင်ငံစီ အတွက်ရွက်ဖြင်တဲကြီးတစ်လုံးစီ ထိုးပေးထားပြီးသက်ဆိုင်ရာ နိုင်ငံအလံတွေကို တဲရှေ.မှာ စိုက်ထူထားကြပါတယ်။ တဲနောက်မှာတော့ခုနကွန်တင်နာတွေထားတားပြီး၊ လိုအပ်တာတွေအကုန်အဲ့ဒီနေရာကနေပံပိုးဖို.ပါ။ ကံကောင်းချင်တော့ ကျနော်တို.ကွန်တင်နာက Aircon ပါတယ်ဗျ။ သူများနိုင်ငံကလူတွေတောင် လာလာပြီး ကျနော်တို. Base မှာ အပူလာရှောင်ကြရတာ။

ဒီပွဲမှာတော့ကျနော့်အဓိကတာဝန်အနေနဲ. Logistic Support နဲ့ Camera man ပါ။ ပြိုင်ပွဲအတွင်းနဲ့ပြင်ဆင်နေချိန်တွေကိုမှတ်တမ်းယူဖို.ပါပဲ။ ကျနော်ကိုအန်ကယ်က Sony Digital အသေးတစ်လုံး၊ အကြီးတစ်လုံး DVD ပေါ်ကိုတစ်ခါတည်းတင်တဲ့ camera အမျိုးအစားဗျ၊ အဲ့ဒီအချိန်တုံးကတော့ နောက်ဆုံးပေါ်ပါ။ Digital Video Cam တစ်လုံးပေးထားပါတယ်၊ စုစုပေါင်း cameras (၃) လုံးနဲ့ကျနော်ပါ။ ကျနော်တိုမြန်မာအသင်းမှာအားကစားသမား (၁၁)ဦး၊ နိုင်ငံခြားသားနည်းပြ (၃)ဦး၊ နည်းပြချုပ် (၁)ဦးပါပါတယ်။ နည်းပြချုပ် ကတော့ မြန်မာနိုင်ငံသား တစ်ချိန်ကနိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ ရွက်လှေအားကစားသမားကြီးပါ။ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့နိုင်ငံတကာဒိုင်လူကြီး
အဖြစ် အန်ကယ်လ်၊ ဆေးမှူးအတွက် အန်ကယ်လ်ဇနီး ဒေါက်တာပါ။

အရှေတောင်အာရှအားကစားပြိုင်ပွဲများ ရဲ့ရွက်လှေပြိုင်ပွဲဖွင့်ပွဲကိုတော့ ပြိုင်ပွဲကျင်းပတဲ့ကမ်းခြေမှာပဲ ဒေသဆိုင်ရာပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လွှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားက တတယ်တော့တည်းခိုနေထိုင်တဲ့ ဟိုတယ်ကနေ (၁) မိုင် လောက်သာဝေး ပေမယ့် မလေးလူမျိုးများရဲ့ ဟိတ်ကြီးဟန်ကြီးလုပ်တဲ့ထုံးစံနဲ့ သူတို.ဘယ်လောက်အရေးတယူလုပ် လဲဆိုတာပြချင်လို.Bus အကောင်းစားကြီး တွေနဲ့ ရဲအစောင့်အရှောက်ကားတန်း တွေနဲ.ဖွင့်ပွဲကိုသွားရတယ်ဗျ။

နောက်နေ့ပြိုင်ပွဲတွေစတော့ ကျနော်ရဲ့အလုပ်တာဝန်က မနက်အစောကြီးထပြီး နည်းပြတွေအတွက် ဌားထားတဲ့ အင်ဂျင်လှေတွေ ကို ဆီဖြည့်၊ လှေထဲမှာအဆင်သင့်ထည့်ထားတဲ့ ရေခဲဗူးတွေထဲကိုရေခဲနဲ့ သောက်စရာအရည်များ၊ အသီးအနှံတွေကိုဖြည့်တင်းရပါတယ်။ နည်းပြ (၃) ယောက်ကလှေ (၃) စင်း၊ နည်းပြချုပ်ကတစ်စင်းဆိုတော့လှေ (၄) စင်းကိုလှေတွေကပ်ထားတဲ့ ပါကင်ကနေ ဆီဖြည့်ဖို.မောင်းရတာတယ်မလွယ်ဘူးဗျာ။ ရေခဲကလဲအနည်းဆုံး ၁၅ ကီလိုလောက်သယ်ရတာဆိုတော့ နေ.စဉ်အတော်ပင်ပန်းပါတယ်။ ပြိုင်ပွဲတွေစဖို့နေ့ ရောက်တော့ ကျနော်တို.နည်းပြချုပ်က မနက်အစောကြီးပင်လယ်ထဲကိုထွက်မယ်လို့ ပြောထားတယ်ဗျ။ ဘာဖြစ်လို.လဲဆိုတော့ ရန်ကုန်ကအန်တီများမှာကြားစီစဉ်ပေးလိုက်တဲ့ ရှင်ဥဂပုတ်ကိုယ်တော်ကိုရေမျှောပူဇော်ဖို.ပါ။ ဘယ်နည်းဘယ်ပုံ ယတြာခြေ တာလဲတော့ကျနော်တို.မသိပါဘူး။ အရှင်းလင်းဆုံးပြောရရင်အန်ကယ်တောင်မသိပါဘူး။သူသိရင်သူကအယုံအကြည်မရှိတော့ ပေးမလုပ် မှာ စိုးလို.သူ့ပေးမသိတော့ပါဘူး။ နည်းပြချုပ်ထွက်သွားပြီး တစ်နာရီကျော်လောက်ကြာတော့ မျက်စိမျက်နာပျက်နဲ့ ပြန်လာတော့ ကျနော်ကဘာဖြစ်တာတုံးလို.မေးတော့။ မင်းဘယ်သူမှတော့မပြောနဲ့နော်တဲ့ ငါရေသွားမျှောတာရှင်ဥဂပုတ်ဖောင်ကိုရေချရုံရှိသေးတယ်၊ လှိုင်းကကြီးလို့ လှိုင်းပုတ်လိုက်တာတခါတည်းမြုပ်သွားတယ်တဲ့။

အို ဒီကိစ္စကတော့အထူးလျို.ဝှက်ကိစ္စပါပဲ။ ပြိုင်ပွဲနိုင်ရင်တော့တော်သေးတယ်၊ ရှံးရင်တော့ရေမျှောတာပြသနာပေါ်လို.ဆိုပြီး လက်ညိုးထိုး ကြမှာပါ။ ကျနော်လဲလုံးဝမပြောပါဘူး။ ကျနော်ကတော့နည်းပြချုပ်ရဲ့လှေနဲ.ရေထဲလိုက်ပြီး ဓာတ်ပုံလိုက်ရိုက်သလို တခါတလေလဲ သတင်းထောက်တွေအတွက် စီစဉ်ပေးထားတဲ့ ဇိမ်ခံသင်္ဘောအသေးစားနဲ့လိုက်သွားလေ.ရှိပါတယ်။ ရေထဲလေထဲမှာ လှုပ်ရှားနေတဲ့ ရွက်လှေတွေ၊ လှိုင်းတွေကြားကနေနဲ့ ကန်.သတ်နယ်မြေတွေထဲကို ဝင်ရိုက်လို.မရတာတွေကြောင့် တော်တော်ကိုကြိုးစားပမ်းစားရိုက်ခဲ့ ရတဲ့ဓာတ်ပုံတွေပါ။ ညနေအကုန်ပြီးလို.ရှိရင်တီဗွီနဲ့ ချိတ်ပြီးရိုက်ထားတွေပြန်ကြည့်ရတာ အလုပ်တစ်ခုပါ။ ပြိုင်ပွဲကစုစုပေါင်း (၇)ရက် ဆိုပေမယ့် စောစောပိုင်းရက်တွေမှာ ကျင်းပတဲ့အငယ်တန်းအသင်းလိုက် ပြိုင်ပွဲမှာတော့ကျနော်တို.အရေးနိုမ့်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ အန်ကယ်က ရွှေတစ်ခုရဖို.မှန်းထားတဲ့အပြင်၊ နိုင်ခဲ့ရင်ကျနော်တို. မြန်မာပြည်အတွက် ပထမဆုံးရွှေတံဆိပ်ဖြစ်လာမှာပါ။ သို.သော်လည်း မမျှော်လင့်ထားတဲ့လေတိုက်ခတ်မှုနှုန်းနည်းတဲ့အတွက် ကျနော်တို.မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ မနက်ပိုင်း လှေတွေဆီဖြည့်၊ ရိက္ခာဖြည့် လုပ်ငန်းမှာ ပြိုင်ပွဲဆက်ပြိုင်စရာမရှိတဲ့ကလေးနှစ်ယောက်ကိုကူခိုင်းရပါတယ်။

တစ်ရက်ကျနော်တို. ပြိုင်ပွဲဝင်လှေတွေ၊ နည်းပြချုပ်နဲ.အန်ကယ်တို.ရေထဲဆင်းသွားကြပါတယ်။ အန်ကယ်က ကျနော်တို.နိုင်ငံအသင်း ကို ကိုယ်စားမပြုတော့ပဲ နိုင်ငံတကာဒိုင်လူကြီးတာဝန်ထမ်းဆောင်ဖို. ရေထဲသွားတာပါ။ သူတို.အားလုံးမရှိတော့တဲ့အချိန်ကြမှ ပြိုင်ပွဲကျင်းပရေးကော်မတီကနေ ကျနော်တို့တဲကိုလာပြီး မြန်မာအသင်းကြီးတစ်ခုလုံးရဲ့ခေါင်းဆောင် Chef De Mission လို.ခေါ်ပါတယ်၊ သူလာမယ်ဆိုတဲ့အကြောင်း KL ကနေထွက်ခွာလာပြီလို.လာပြောပါတယ်။ သူ.အဆင့်အနေနဲ့ ကတော့မြန်မာအစိုးရရဲ့ ဒုဝန်ကြီး တစ်ဦး ဆိုတော့ မလေး တော်ဝင်ရဲတပ်ဖွဲ.က ကျနော်တို.တဲကိုလာပြီးလုံခြုံရေးယူထားပါတယ်။ တကယ်တော့ သိပ်မလိုအပ်တာတွေပါ။ ကျနော်ကနည်းပြချုပ်စီကို စက်နဲ့အကြောင်းကြား၊ နည်းပြချုပ်ကမှတဆင့် အန်ကယ်ဆီကိုဖုံးနဲ့အကြောင်းကြားတော့၊ မင်းဟာမင်းကြည့် စီစဉ် ဧည့်ခံလိုက်တော့ ဒီမှာပြိုင်ပွဲကအရေးကြီးနေလို.မလာနိုင်ကြောင်း အကြောင်းပြန်ကြားပါတယ်။ ကျနော်မှ တော့ ကုန်းပေါ် မှာ ကျန်ခဲ့တဲ့ကလေးနှစ်ယောက်ကို Uniform လဲခိုင်း နိုင်ငံတော်အလံတစ်ခုနဲ. သူတို.လာမယ့်ဆိုတဲ့နေရာမှာ ကြိုစောင့်နေပါတယ်။ အတော်ကြာတော့ နိုင်ငံတော်အလံလေးနဲ့ကားဆိုက်လာပြီး Chef De Mission ဆင်းလာတော့ ဟာဒါကိုယ့်ကိုကြိုဆိုတဲ့ကြိုဆိုရေးအဖွဲ.လားဆိုမေးတယ်ဗျ။ ကဲကဲကြိုဆိုရေးနဲ့ဓာတ်ပုံရိုက်ပါအုံးဆိုတော့ ရိုက်ပေး လိုက်ရသေးတယ်။ ပြိုင်ပွဲကျင်းပရေးကော်မတီကနေသူတို့ ရဲ့ သောင်ပြင်ပေါ်က ဗဟိုတဲမှာ ဂုဏ်ပြု လက်ဖက်ရည် နဲ့ ဧည့်ခံတယ်ဗျ။ ပြီးတော့ကျနော်ကိုကပ်ပြီး နဲနဲအချိန်ဆွဲထားပေးပါ။ သူ.ကို ပင်လယ်ထဲ ခေါ်သွားမယ့် ဇိမ်ခံသင်္ဘော ကအခုမှလာနေတုံးတဲ့။ ကျနော်မှဘယ်လိုဧည့်ခံထားရမလဲပေါ့။ ဒါနဲ့ကျနော်က အဘ ကျနော်တို.မြန်မာ base ကို လိုက် ကြည့်ပါအုံးဆိုတော့ ကောင်းသားပဲသွားကြတာပေါ့ဆိုပြီး ကျနော်တို. Base ကိုလိုက်ကြည့်ပါတယ်။ ခဏနေတော့ကျနော်တို့အတွက်စီစဉ်ထားတဲ့သင်္ဘောရောက်ပြီ ဆိုတော့ ဆိပ်ခံတံတားကိုသွားကြတယ်ဗျ။

ကျနော်တို. Chef De Mission စီးမှာဖြစ်တဲ့အတွက် နိုင်ငံတော်အလံတက်ခွင့်ရှိတော့ သင်္ဘောဦးမှာအလံစိုက်ပြီး ပင်လယ်ထဲထွက်ပြီး ပြိုင်ပွဲကိုကြည့်ရှုအားပေးကြတယ်။ ထုံစံအတိုင်း ဟိတ်ကြီးဟန်ကြီးနဲ့ မလေးရှားတော်ဝင်ကမ်းခြေစောင့်ရဲသင်္ဘောက မလှမ်းမကမ်းကနေ လိုက်စောက့်ရှောက်ပါသေးတယ်။ သူလာနေတဲ့အချိန်ကြမှ ကျနော်တို.မြန်မာလှေတစ်စင်းရှေ.ဆုံးပန်းဝင်သွားတော့ အားကစားဝန်ကြီး စီဖုံးဆက်ပြီး လှမ်းသတင်းပို.လိုက်သေးတယ်။ အန်ကယ်ကတော့ရေထဲကနေသူ.ဘုတ်နဲ.ခဏလာနှုတ်ဆက်ပြီးပြန်သွားတယ်ဗျ။ ကျနော်တို.အားကစားသမားတွေလဲမြန်မာအလံတင်ထားတဲ့သဘောင်္တစ်စင်းဟဲ့ဆိုပြီးအထူးအဆန်းနဲ.။

နောက် (၂) ရက်လောက်ကြာတော့ အန်ကယ်ကကျနော်တို.ကို Uniform တွေနဲ အစဉ်သင့်လုပ်ထား လူကြီးတစ်ယောက် ထပ်လာစရာ ရှိတယ်လို.ပြောထားတယ်ဗျ။ မနက်အစောကြီးမှာအခန်းထဲကိုဖုံးလာတော့အန်ကယ်က ကလေးတွေခေါ်ပြီးဆင်းလာခဲ့ လူကြီးရောက် နေပြီလိုပြောတော့ ကသောကမြောနဲ.ယူစရာရှိတဲ့ အင်မတန် အရေးကြီးသောကင်မရာတွေယူပြီးဆင်းသွားကြ တယ်ဗျ။ အောက်ရောက်တော့အန်ကယ်နဲ.လူကြီးကမနက်စာစားနေပါပြီ။ အစိုးရရဲ့ထိပ်တန်းတပ်မတော်အရာရှိကြီးတစ်ဦးပါ။နောက်လိုက်နောက်ပါ တွေကများပြီးလူကြီး လက်လှုပ်လဲဓာတ်ပုံရိုက်၊ ခေါင်းကုတ်လဲရိုက်နဲ. ကျနော့်မှာလဲ သူတို.နဲ့အပြိုင်အရေးကြီးတဲ့နေရာတွေမှာ အလုအယက် ရိုက်လိုက်ရတာဗျာ။ အဲ့ဒီလူကြီးကသူကိုယ်တိုင်ဓာတ်ပုံရိုက်တာဝါသနာပါပါတယ်။

(နောင်ကျနော်တို.မြန်မာပြည်ပြန်ရောက်တော့ဂျာနယ်ကြီး တွေရဲ့မျက်နာဖုံးတွေမှာကျနော်ပင်လယ်ထဲသက်စွန်.ဆံဖြားရိုက်ထားတဲ့ ပုံတွေ ကိုသူ.ရိုက်ထားတဲ့ပုံတွေဆိုဖော်ပြသွားတာတွေ.တော့အင်မတန်ရင်နာခဲ့ရပါကြောင်း၊ စကားချပ်)။ ဒီအကြောင်းအရာကိုထဲ့ရေးထားတာကတော့ဒီလူကြီးလာတာအဓိကမဟုတ်ပါဘူး။ ကျနော်ရိုက်ထားခဲ့တဲ့ပုံတွေကိုသူယူအသုံးပြုတဲ့အကြောင်းပြောချင်တာပါ။

ပြိုင်ပွဲနောက်ဆုံးနေ.မှာတော့ခရီးစဉ်တစ်ခုလုံးအမှတ်တရအဖြစ်ဆုံးအဖြစ်အပျက်ဖြစ်ခဲ့တာ။ အဲ့ဒီနေ့ကပြိုင်ပွဲရဲ့ နောက်ဆုံးနေ. ကျနော်တို.လှေနှစ်မျိုး မှာရွှေတံဆိပ်နှစ်ခုရတယ်ဆိုတာသေခြာသလောက်ဖြစ်နေတော့ အဲ့ဒီလှေတွေကမ်းကိုပြန်တဲ့အခါကျနော်တို့ရွက်လှေလောက ထုံးစံအတိုင်းရွှေရတဲ့လှေကကိုယ့်နိုင်ငံရဲ့ နိုင်ငံတော်အလံလွှင့်ပြီးပြန်မှာ ဆိုတော့ကျနော့်အတွက် အရေးကြီးတဲ့ပုံတွေရဖို.အတွက် နည်းပြချုပ်နဲ.တူတူရေထဲဆင်းသွားကြတာ။ လှေနှစ်စင်းစလုံးစိတ်ကြိုက်ရိုက်ပြီး၊ နောက်တစ်စင်းက အလံလွှင့်ဖို.ကိုရွှေလားငွေလား မသေခြာတဲ့ အတွက်မလွှင့်ဖြစ်ဖူးဗျ။ သူတို.မှာရေထဲမှာပြိုင်ပွဲတွင်းပြသနာရှိနေလို.ခုံရုံးမှာရှင်းကြရမှာ၊ ခုံရုံးမှာနိုင်ရင်ရွှေရပြီး ရှံးရင်ဒုတိယ ဖြစ်မှာဆိုတော့ တော်တော်ကိုရင်ခုန်ရတဲ့အချိန်ပါ။ နည်းပြတစ်ကောင်က သူ.ကုန်းပေါ်ကိုအမြန်ပြန်ချင်လို.သူ.အင်ဂျင်ဘုတ် ကိုယူသွား ပေးပါဆိုတော့ ကျနော့်သူ.စီကလက်လွှဲယူလိုက်တယ်။ အင်ဂျင်သိပ်မကောင်းဘူးလို.တော့ပြောသွားတယ်ဗျ။ ကျနော်ကအေးဆေးပါပေါ့။

နည်းပြချုပ်ကလဲ ဟိုခုံရုံးကိစ္စအတွက်အလောတကြီးပြန်သွားပြီ။ အဲ့ဒီနေ.ကဖြစ်ချင်တော့ဝေါ်ကီတော်ကီတစ်လုံးပဲအန်ကယ်ရဲ့ အမျိုးသမီး အန်တီစီမှာပါသွားတယ်။ ကျန်တဲ့စက်တွေအကုန်လုံးဘာကြောင့်မှန်းမသိဘူးမယူသွားကြဘူး။ ကျနော်ရေထဲမှာတစ်ယောက်ထဲ ကျန်ပြီး ပြန်မယ်ဆိုပြီးမောင်းထွက်တော့အင်ဂျင်သံကလုံးဝမမှန်ဘူး။ မီးခိုးကလဲ ထွက်ပြီးရှေ.ကို သွားသင့်သလောက်မသွားဘူးဖြစ်နေတယ်။ ညနေပိုစောင်းလာတော့ လေကပိုတိုက်ပြီးလှိုင်းကလဲကြမ်းလာ၊ ရေစီးကပင်လယ်ထဲကို ပြန်စီးနေတာဆိုတော့ ရေဆန်ကိုတက်ရသလို ဖြစ်နေတယ်။ ဒါနဲ့ကျနော် နည်းအမျိုးမျိုးနဲ့ကြိုးစားသော်လည်း လှေကကမ်းနဲ့ ပိုဝေးဝေးနေရော။ ဒါနဲ.စက်ပေါ်ကနေခေါ်ကြည့်တော့ အန်တီက ပြန်ထူးတယ်။ ကျနော်မော်တော်ဘုတ်ပျက်နေလို.လာကယ်ပါ လို.သတင်းပို.လိုက်နိုင်တယ်။ အန်တီကတော့သူ.တို.ကမ်းကို ခုံရုံးကိစ္စရှိလို.အလောတကြီးပြန်နေကြောင်း အမြန်ဆုံးလာကယ်ခိုင်းမယ်လို.ပြောတယ်။ ဒါနဲ.မိုးက တော်တော်လေးချုပ်လာပြီး လှိုင်းကြောင့် လှေကမှောက်မလိုဖြစ်တာနှစ်ခါလောက်ရှိတယ်။ဖြစ်ချင်တာများလှေပေါ်မှာ life jacket၊ အချက်ပြပစ္စည်းတွေကမပါဘူး။ ရေခဲဘူးနဲ့အချိုရည်တွေပဲပါတယ်။ ကျနော်ကတော့ ကင်မရာတွေကို ရေခဲဗူးထဲထည့်ပြီးကိုယ့်အနားမှာထားလိုက်တယ်။ မတော်တဆ လှေမှောက်သွား ရင်ဒီဖော့ဘူးကြီးဖက်ပြီးနေရမှာဆိုပြီးအစဉ်သင့်ပြင်ထားတာပါ။

အဲ့ဒီတစ်ခါလောက်အသက်နဲ့နီးတာ ခုအချိန်ထိမကြုံဖူးသေးပါဘူး။ ဘယ်လောက်ပဲရေကူးတက်တယ်ပြောပြော ပင်လယ်ထဲ ညမှောင်မှောင်ကြီးထဲကူးရမှာတော့ နည်းနည်းတော့ကျောချမ်းတယ်ဗျ။ ကမ်းခြေနဲ.တော့တော်တော်လေးဝေးလာပြီး ကျနော်ရဲ့ဝေါ်ကီတော်ကီ မှာအသံတချို.ကြားရသော်လည်းအလှမ်းဝေးတော့ပြောမရတော့ဘူး။ လှေအင်ဂျင်ကတော့လုံးဝရပ်သွားပြီး ရေစီးချောင်း အတိုင်းပင်လယ်ထဲကိုမြောနေတာဗျ။

သူတိုစောင့်နေရင် ဘယ်တော့လာမှန်းမသိတော့ ကျနော်ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ မလေးရှားတော်ဝင်ရဲသင်္ဘောတစ်စင်းနဲ. ရေတပ်ကလေသွင်းဘုတ်တစ်စင်း ကမ်းဖက်ကိုမောင်းနေတာတွေ.တယ်ဗျ။ ပင်လယ်တစ်ခုလုံး ဒီနှစ်စင်းပဲကျန်တော့တာဆိုတော့ ကျနော်ကြိုးစားပြီးလက်နဲ.အချက်ပြကြည့်တယ်။ ဝေါ်ကီတော်ကီထုတ်ပြီး ရှိသမျှလိုင်းတွေပြောင်းပြီး May Day ခေါ်တာလဲ ဘယ်သူမှ အကြောင်းမပြန်ဆိုတော့ စိတ်တော်တော်ကိုပူနေပြီ။ ခုနကနှစ်စင်းကလဲ မြင်လောက်တဲ့အရိပ်အယောင်မရှိဘူး။ ခနနေတော့ခုနကရေတပ် လေသွင်းလှေ ပြန်လှည့်လာတာတွေ.ရတယ်ဗျ။ ကျနော်အချက်ပြတာမြင်သွားပုံရတယ်။ သူတို.အနားရောက်လာတော့ ကျနော်လှေပျက် လို. ကူညီပါဆိုတော့သူတို.ကြိုးနဲ့ဆွဲသွားပေးမယ်တဲ့။ အော်မလေးကံကြီးပေလို.ဗျာ။ ကမ်းရောက်ခါနီးလမ်းတစ်ဝက်လောက်မှာရေတပ် ရေပေါ် ရှပ်ပြေးယာဉ်တစ်စင်း ကဘေးချင်းယှဉ်ပြီးလာမေးတယ်၊ မြန်မာလှေလား၊ သူတို.သတင်းရလို.လာကယ်တာတဲ့။ ဒီလိုနဲ.ကုန်းပေါ် ရောက်တော့မိုးချုပ်နေပါပြီ။ ကုန်းပေါ်ကိုခြေချတာနဲ.ဝေါ်ကီတော်ကီပေါ်ကနေ နည်းပြချုပ်အသံပေါ် လာပြီး “ဟိန်းဦးကြားလား၊ အကြောင်းပြန်တို.မင်းကိုလာကယ်ဖို.စီစဉ်နေပြီ” တဲ့ဗျာ။ သူတို.လာကယ်တဲ့အချိန်ထိဆိုရင် ကျနော်ကို မိုးချုပ်ကြီးထဲမှာရှာတွေ.ပါတော့ မလား။ ဘယ်လိုပဲဖြစ်ဖြစ်ကျနော်နားလည် ပါတယ်။ကျနော်တို.နိုင်ငံအတွက် ရွှေတစ်ခုရဖို.ကိုသူတို.မှာကြိုးစားနေကြရတာလေ။

နောက်ဆုံးမှာတော့ ကျနော်တို့ မြန်မာရွက်လှေအသင်း ဟာ သမိုင်းတွင်မယ့်ရွှေတံဆိပ် (၃) ခုနဲ့ ကြေးတံဆိပ်တစ်ခုရခဲ့ကြပါတယ်။ ဆုပေးပွဲမှာတော့ ကျနော်တို.ဆီကို အစိုးရတပ်မတော်ထိပ်တန်းအရာရှိကြီး၊ အားကစားဝန်ကြီး၊ Chef De Mission ဒုဝန်ကြီး နဲ့ နောက်လိုက်နောက်ပါ အများအပြား တက်ရောက်ချီးမြှင့်ကြပါတယ်။ ကျနော်တို.အောင်ပွဲခံပြီး မြန်မာပြည်ပြန်ဖို.လုပ်နေချိန်မှာ တော့ ကျနော်ကို အန်ကယ်ကခေါ်ပြီး မနက်လေယာဉ်နဲပြန်ဖို.နဲ.ရန်ကုန်ရောက်တာနဲ့ ရိုက်လာတဲ့ဗီဒီယိုခွေကို edit လုပ်ဖို.သူ.ရုံးကလူတွေနဲ.ကူညီပါ၊ edit လုပ်ပြီးတာနဲ့.နိုင်ငံတော်အကြီးအကဲတပ်ချုပ်ကြီးကိုယ်တိုင်ကြည့်မလို.ပါတဲ့။ ကျနော် amateur ရိုက်ထားတဲ့အခွေကိုပြလို. ဖြစ်ပါ့မလားဆိုတော့၊ မတက်နိုင်ဘူး၊ သူကကြည့်ချင်တယ်ဆိုတော့ပြရမှာပေါ့၊ ဘယ်ဖြစ်ပါ့မလဲတဲ့။

ဆက်ပါအုံးမယ်နော် ...

Thursday, December 23, 2010

Exercise Wallaby



ဒီအကြောင်းအရာလေးကတော့ ဘာရယ်မဟုတ်ဘူး ဒီနေ့ရုံးမှာပျင်းပျင်းရှိတာနဲ့ cyberpioneer tv ဝင်ကြည့်ရင်းရေးချင်စိတ်ပေါက်သွား
တာနဲ့ချရေးလိုက်တာလေးပါ။ Exercise Wallaby လို့နာမည်ပေးထားတဲ့စစ်ရေးလေ့ကျင့်မှုကြီးမှာ ထောက်ပို့တပ်ကဘယ်လောက်ထိ
စွမ်းဆောင်ပေးထားတဲ့အကြောင်းကို ရေးပြထားတာပါ။ ပြည်သူလူထုကို ထုတ်ပြန်ထားတဲ့ အတွက် ဒီ စစ်ရေးလေ့ကျင့်မှုအကြောင်း ရေးလို့ MIDEF ကတော့ မဖမ်းနိုင်ကောင်းဘူးတော့ထင်ပါရဲ့ဗျာ ...

Singapore Arms Forces စင်္ကာပူတပ်မတော်ရဲ့ ကြည်းတပ်နဲ့လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အတိုင်း
Australia နိုင်ငံ Queensland ရှိ Shoalwater Bay Training Area (SWBTA)မှာ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ
နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ၆၅ ရက်တိုင်တိုင် စစ်မှုထမ်းပေါင်း ၅၂၀၀ နဲ့တကယ့် ကျည်ဆံအစစ်များအသုံးပြု လေ့ကျင့်ခဲ့ကြပါတယ်။
အဲ့ဒီနေရာမှာ လေ့ကျင့်မှုဟာအခုအခါပါဆိုရင် အကြိမ် ၂၀ မြောက်လေ့ကျင့်တာဖြစ်ပြီး လေ့ကျင့်ရေးနယ်မြေဟာ စင်္ကာပူကျွန်းရဲ့ ၄ ဆ
ကြီးမားကျယ်ပြန့်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ Repulic of Singapore Air Force (RSAF) လေတပ်မတော်မှ F16 Fighter Jet လေယာဉ်တွေ၊ RSAF AH-64 Apache တိုက်ခိုက်ရေး Helicopter တွေ၊ RSAF Puma သယ်ယူရေးနဲ့ဘက်စုံသုံး Helicopter တွေနဲ့ RSAF Chinook အကြီးစား
သယ်ယူပို့ဆောင်ရေး Helicopter တွေလေတပ်မတော်မှသုံးစွဲလေ့ကျင့်ခဲ့ပါတယ်။ ကြည်းတပ်မတော် ကတော့ စင်္ကာပူမြို့စောင့်တပ်
ဌာနချုပ်ကဦးဆောင်ပြီး Air-Land Tactical Control Centre လို့ခေါ်တဲ့ ကြည်းတပ်၊ လေတပ်ဆိုင်ရာ ပူးတွဲတိုက်ခိုက်ရေး ထိမ်းချုပ်ဌာန
ကိုဖွင့်လှစ်ပြီး စင်္ကာပူနိုင်ငံကကိုယ်တိုင်ထုတ်လုပ်သော Howitzer အမြှောက်တင် သံခြပ်ကာယာဉ် Primus ၊ Light Strike Vehicle
စက်သေနတ်နဲ့ဒုံးပျံတင်အပေါ့စားတိုက်ခိုက်ရေးယာဉ်ငယ်များ၊ ပို့ဆောင်ရေးသံချပ်ကာယာဉ်များ၊ ရှေ့ပြေးမော်တော်ဆိုင်ကယ်များ
အသုံးပြုပြီးလေ့ကျင့်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှူတစ်ခုလုံးကို အဓိကအခန်းကဏ္ဍကကူညီပံ့ပိုးခဲ့တာကတော့ SAF ရဲ့ Forward Support Group(FSG) လို့ခေါ်တဲ့
ရှေ့ပြေးထောက်ပို့တပ်ကနေအစကနေအဆုံးအထိပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပံ့ပိုးပေးခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေ၊
မော်တော်ယာဉ်တွေ၊ ကွန်တင်နာတွေဟာ လေ့ကျင့်ခန်းဆင်းဖို့တပ်တွေရောက်ရှိတာနဲ့အစဉ်သင့်ရှိနေအောင် လေ့ကျင့်ရေးယာယီဌာန
ချုပ်ကို FSG တပ်နဲ့အတူတူကီလိုမီတာပေါင်း ၆၀၀၀ ကိုလေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတွေနဲ့ရောက်ရှိလာခဲ့ကြပါတယ်။
လေ့ကျင့်ခန်းတစ်ခုလုံး အောင်မြင်၊ချောမွေ့နေစေဖို့အတွက် FSG အနေနဲ့လပေါင်းများစွာကြိုတင်စီမံကိန်းတွေချပြီး အကောင်အထည်
ပေါ်အောင်ဆောင်ရွက်ခဲ့ကြရတာပါ။

FSG အနေနဲ့ စခန်းတည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေးစတာတွေကိုတာဝန်ယူရတဲ့အပြင် ၅၂၀၀ သောတပ်သားတွေအတွက်
အစားအသောက် ကဏ္ဍအတွက်စားဖိုမှုးတွေနဲ့ချက်ပြုတ်ရေးနဲ့ကျွေးမွေးရေးကိုပါဆောင်ရွက်ပေးရပါတယ်။ တစ်ရက်လျှင် အစားအစာ
၎ နပ်ကျွေးမွေးပြီး အသင့်သယ်ဆောင်သွားနိုင်တဲ့ ထမင်းဗူး ၁၂၀၀ ထုတ်လုပ်ပေးရပါတယ်။ FSG Unit မှာ ပျက်ဆီးချို့ယွင်းသွားတဲ့
ယာဉ်အမျိုးမျိုးကိုပြင်ဆင်ပေးနိုင်သော Technician များနဲ့ ပြင်ဆင်ရုံတစ်ခုပါယာယီတည်ဆောက်ပြီးပြုပြင်ပေးပါတယ်။ အရေးပေါ်
မတော်တဆဖြစ်မှုနဲ့ နာမကျန်းသူတွေကိုကုသပေးနိုင်ဖို့ ဆေးခန်းတစ်ခုကို ၂၄ နာရီဖွင့်လှစ်ပေးထားပြီး၊ ကြီးကျယ်တဲ့ပြသနာတစ်စုံ
တရာဖြစ်ခဲ့ရင် အနီးဆုံးဆေးရုံကို တင်ဖို့ပေးနိုင်ဖို့ဆေးဖက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်း ပိုင်းလော့နှင့်တကွ အစဉ်သင့်ထားရှိပါတယ်။
ဒါတွေအပြင် ဌာနချုပ်နဲ့ပါဝင်လေ့ကျင့်ရာတပ်ဖွဲ့များအား ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် သတင်းနဲ့ပြန်ကြားရေး တာဝန်တွေကို ပူးတွဲရယူထားရပါသေးတယ်။

ပါဝင်လေ့ကျင့်ရာတပ်ဖွဲ့တွေအဆင်ပြေပြေနေနိုင်အောင် FSG မှယာယီတဲတန်းယားတွေ တည်ဆောက်ပေးထားပြီး တဲတစ်ခုမှာ လူ ၁၆ ယောက်နေနိုင်ပါတယ်။ တစ်ယောက်စီအတွက် ခေါက်ကုတင်၊ အိပ်ယာတွေပါစီစဉ်ပေးထားပါတယ်။ သူတို့ရဲ့လူမှုရေးပြည့်စုံမှုအတွက်
အင်တာနက်သုံးစွဲနိုင်တဲ့ Internet Centre၊ နိုင်ငံတကာနဲ့ဆက်သွယ်နိုင်သော IDD Phone Service Centre တွေပါထည့်သွင်းပေးထား
ပါတယ်။

စစ်ရေးလေ့ကျင့်မှု တွေအနေနဲ့ကတော့ လေကြောင်းနဲ့ကုန်းကြောင်းပူးတွဲတိုက်ခိုက်မှုတွေ၊ စင်္ကာပူတပ်မတော်ရဲ့ ဟောင်ဝင်ဇာ အမြှောက်ကြီးတွေအသုံးပြုပြီး ခြေမှုန်းတိုက်ခိုက်တာတွေ၊ စခန်းတစ်ခုကနေတစ်ခုကို စစ်သည်တွေအချိန်တိုတွင်းချီတက်တိုက်ခိုက်နိုင်
ဖို့အတွက် သယ်ပို့ရဟတ်ယာဉ်တွေသုံးပြီး သယ်ယူပို့ဆောင်ပေးတာအပြင်၊ ဒီထက်မက ဝေးတဲ့နေရာတွေကိုပါ ချီတက်တိုက်ခိုက်စေ
ဖို့အတွက် Underslung Operation လို့ခေါ်တဲ့ အကြီးစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ကိုအသုံးပြုပြီး အပေါ့စားတိုက်ခိုက်ရေး မော်တော်ယာဉ်များ ကိုချီမပြီးပို့တဲ့လေ့ကျင့်ခန်းတွေပါလေ့ကျင့်ကြပါတယ်။

နောက်ဆုံးစစ်ရေးလေ့ကျင့်မှုကြီးပြီးဆုံးလို့တပ်ဖွဲ့တွေ၊ယူဆောင်သွားတဲ့စစ်လက်နက်ပစ္စည်းတွေ၊ သံချပ်ယာဉ်တွေကွိုစင်္ကာပူပြန်ရောက် သည်အထိပြန်လည်သယ်ဆောင်ခြင်းအလုပ်တွေကို ဆက်လက်လုပ်ဆောင်ကြရပါတယ်။ FSG ရဲ့ အထောက်အပံ့အကူအညီတွေကြောင့်
ဒီအကြိမ် ၂၀ မြောက် စစ်ရေးလေ့ကျင့်မှုကြီးအောင်မြင်တယ်ဆိုရင်လဲမမှားပါဘူး။ ဒီစစ်ရေးလေ့ကျင့်မှုကြီးမှာ FSG အတွက်စိန်ခေါ်မှု
နဲ့အခက်အခဲဆုံးဆောင်ရွက်အောင်မြင်မှုကတော့ Australian Quarantine Inspection Service (AQIS) က စစ်ဆေးတဲ့ ပါဝင်တဲ့
စက်တက်ယာဉ်တွေကို ကြံခိုင်ရေးနဲ့လုံခြုံမှုစစ်ဆေးရေးဖြစ်ပါတယ်။ ဒီစစ်ဆေးမှူဟာ အဆင့်မြင့်မားလှပြီး ခက်ခဲစွာဆောင်ရွက်ရတဲ့
အတွက် ပြင်ဆင်ချိန်နဲ့စစ်ဆေးချိန်အားလုံး ၁၀ ပါတ်ကြာမြင့်ခဲ့ပါတယ်။ အနှစ် ၂၀ အတွင်းပထမဆုံး AQIS ရဲ့စစ်ဆေးမှုကို အချိန်အပို၊ ငွေ အပိုမကုန်ပဲနဲ့အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒါ့အပြင် Australia ရဲ့သဘာဝသယံဇာတတွေ၊ ပြည်သူလူထုနဲ့၊ တိရိစ္ဆာန်
တွေကိုအထိအခိုက်အနည်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့လို့ North East Region Australian Biosecurity Award ကိုပါရရှိခဲ့ပါတယ်။





Refrence:
1).MIDEF News : FSG Ensures Success Behind the Scences for Ex Wallaby by LCT Tay Jiun Teng.
2) Cyberpioneer TV, Youtube.

Tuesday, December 21, 2010

ကျောက်ကပ်လဲလည်ပြီးနောက်

ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် The Straits Times သတင်းစာပါ Khushwant Singh ရဲ့ Kidney Recipient Finds Out Donor Is Wife's Lover ဆိုတဲ့ သတင်းဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

ကျောက်ကပ်ပျက်ဆီးမှုဖြစ်ကာ နောက်ဆုံးအဆင့်သို့ရောက်နေပြီး ကုသရန်မလွယ်ကူတော့ပဲ သေဆုံးရန်စောင့်ဆိုင်းနေရသော စီးပွားရေးသမား တစ်ဦးမှာ သူ့ဇနီး မိတ်ဆွေသူငယ်ချင်းတစ်ယောက်၏ ကျောက်ကပ်လှူဒါန်းပေးမှုကြောင့် အသက်ဆက်လက်ရှင်
သန်ခွင့်ရရှိခဲ့ပြီးနောက် ......

သူ့အသက်သခင်၏ကြင်နာမှုအတွက် ကျေးဇူးတင်မှုဝမ်းမြောက်ရာကနေ စိတ်ဓာတ်ကျဆင်းပြီး၊ အလွန်တရာဒေါသထွက်စရာ အဖြစ်
တွေကို ကျောက်ကပ်လွှဲပြောင်းလက်ခံပြီး တစ်လအကြာမှာဖြစ်ပွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့ကိုကျောက်ကပ်လှူဒါန်းခဲ့တဲ့ သူက
သူ့ဇနီးရဲ့ တိတ်တိတ်ပုန်း ချစ်သူဖြစ်နေလို့ပါပဲ။

ဒီထက်မကဆိုးရွားတာဆက်ပြီးဖြစ်ပွားခဲ့ပါတယ်။

သူ့ရဲ့ ၄ နှစ်အရွယ်သမီးဟာ သူရဲ့သမီးမဟုတ်ပဲ သူ့ဇနီးရဲ့ချစ်သူ ကျောက်ကပ်လှူဒါန်းသူရဲ့ သမီးဖြစ်နေလို့ပါပဲ။

အပျက်ပျက်နဲ့နှခေါင်းသွေးထွက်ခဲ့ရတဲ့ အဖြစ်ဆိုးတွေဟာ တရားရုံးတော်အထိရောက်ရှိခဲ့ရာတွင် -

ယမကာနဲ့အချိုရည်များလက်ကားရောင်းချသူ စီးပွားရေးသမားသည် စက်တင်ဘာလ ၁ ရက်နေ့ ၂၀၀၈ ခုနှစ်အချိန်ကသူရဲ့ အရောင်း ဒရိုင်ဘာနဲ့အတူသူ့လုပ်ငန်းခွင်မှာရှိနေပါတယ်။ ထိုအချိန်မှာ သူ့ဇနီးနဲ့သူ့ကျောက်ကပ်လှူဒါန်းသူတို့ဟာ သူတို့နေထိုင်ရာကွန်ဒိုအခန်း
မှာရှိနေတယ်ဆိုတာ အိမ်နီးချင်းရဲ့ အိမ်အကူတစ်ဦးက သတင်းပေးတာကြောင့် သူဒရိုင်ဘာကို ပြန်လွှတ်ပြီး ကုန်ပို့တဲ့လော်ရီကို ကိုယ်တိုင်
မောင်းပြီး သူတို့ ကွန်ဒို ရှိရာ Serangoon Ave 3 ကိုပြန်လာခဲ့ပါတယ်။ သူကားမောင်းလာစဉ်မှာတော့ သူ့ကားထဲမှာ အစဉ်သင့်ရှိနေတဲ့
အရက်နဲ့ အချိုရည်ကို သောက်ပြီး အရက်မူးနေပါတယ်။ ည ၉နာရီ ခွဲမှာတော့ သူနေထိုင်ရာ ကွန်ဒိုရဲ့ ဝင်းထဲကို ပြောင်းပြန်လမ်းကဝင်
ကားကိုလဲ ဆန့်ကျင်ဖက်လမ်းမှာရပ်ထားပြီး တခြားအသွားအလာကားတွေကို အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။ ကားကိုကားရပ်ရန်
နေရာမှာပြောင်းရွှေ့ရပ်ပေးဖို့မေတ္တာရပ်ခံချက်ကို ငြင်းဆန်ခဲ့တဲ့အပြင် အော်ဟစ်ဆူပူခဲ့ပါတယ်။ အရက်မူးနေတဲ့ သူ ဟာဆက်မပြောတော့
ပဲလက်လျော့ထွက်ခွာသွားတဲ့ လုံခြုံရေးနောက်ကိုလိုက်ပြီး ဦးခေါင်းကိုလက်သီးနဲ့ထိုးခဲ့ပါသေးတယ်။ အနီးအနားမှာရှိတဲ့ တခြား အမျိုးသားငယ် ၃ ယောက်တို့က လုံခြုံရေးဝန်ထမ်းကိုလာပြုစုကူညီနေတာကိုလဲ သူ့လော်ရီကားနဲ့တိုက်ဖို့ခြိမ်းခြောက်ရန်ပြုခဲ့ပါတယ်။

နောက်သူ့လော်ရီပေါ်ပြန်တက်ပြီး ကွန်ဒိုရှေ့ကလမ်းမှာ ၃ ကြိမ်လောက်ဖြတ်မောင်းအပြီးမှာတော့ နံရံတစ်ခုကိုဝင်ဆောင့်မိပြီး လမ်းမှာ
ရှိနေတဲ့ အခြားကားတစ်စင်းရဲ့နောက်ပိုင်းကိုပါ ဝင်တိုက်ခဲ့ပါတယ်။ ဒီလိုဆိုးရွားတဲ့ ရမ်းကားသောင်းကျန်းမှုတွေကြောင့် သူ့ကိုမနေ့က
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တရားရုံးတော်မှ ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ S$3,500 ပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။

သူ့ရဲ့ဖြစ်စဉ်တစ်ခုလုံးကို သူ့ရဲ့ရှေ့နေမှာ ဖတ်ကြားသုံးသတ်ပြရာတွင် -

သူတို့ ၂ ဦးဟာ ၁၉၉၈ ခုနှစ်ကနှစ်ဦးသဘောတူချစ်ကြိုက်ကြပြီးလက်ထပ်ခဲ့ကြာတာဖြစ်ပြီး ယခုပြသနာမဖြစ်ပွားမီအထိ ကြင်ကြင်နာနာ
နဲ့ကောင်းမွန်ပြည့်စုံတဲ့ အိမ်ထောင်ရေးကိုထူထောင်နိုင်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူတို့ ၂ ဦးရဲ့ ကလေး သမီးမိန်းကလေး တစ်ဦးကိုမွေးဖွားပြီးချိန်မှာတော့ သူတို့ရဲ့ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးအဆုံးသတ်ဖြစ်လာခဲ့ပုံပေါ်ပါတယ်။ သူ့ရဲ့ကျောက်ကပ်
ချို့ယွင်းမှုဟာပိုမိုဆိုးရွားလာခဲ့ပြီး သူ့ကိုကျောက်ကပ်လဲလည်မှသာလျှင် ဆက်လက်အသက်ရှင်နိုင်ကြောင်း သူ့ရဲ့ဆရာဝန်ကပြောခဲ့
ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံများမှာ သူ့အတွက်ကျောက်ကပ်လှူဒါန်းနိုင်မည့် သူအလှူရှင်ကိုရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပါပဲ
နောက်ဆုံးအချိန်တစ်ချိန်မှာတော့ သူရဲ့သွေးအုပ်စုတူညီနေသော သူ့ဇနီးရဲ့ကျောင်းတုံးကသူငယ်ချင်းတစ်ဦးကလှူဒါန်းဖို့လက်ခံ ခဲ့ပါတယ်။ အလွန်ကျေးဇူးတင်ဝမ်းမြောက်မှူကြောင့် အသက်သခင်ကိုကျေးဇူးဆပ်တဲ့ အနေနဲ့သူလုပ်ကိုင်နေသော ယမကာနဲ့အချိုရည်
ဆိုင်ခွဲတစ်ခုဖွင့်ဖို့ကူညီပေးခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ကျောက်ကပ်လဲလှယ်ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး အလှူရှင်ကတော့သူ့မတိုင်မီ ၁ ပါတ်အလိုမှာဆေးရုံမှဆင်းနိုင်ခဲ့ပါတယ်။
အလှူရှင်မိသားစုက အလှူရှင်ရဲ့ကျောက်ကပ်လှူဒါန်းမှုကိုမသိတဲ့အတွက် သူ့တို့နေထိုင်ရာအိမ်မှာပဲ ခွဲစိတ်မှုဒဏ်ရာသက်သာပျောက်
ကင်းသည်အထိနေထိုင်စေကာပြုစုပေးခဲ့ပါတယ်။ သူ့ဆေးရုံမှဆင်းချိန်အထိ အလှူရှင်ကိုသူ့အိမ်မှာဆက်လက်နေထိုင်နေတာကိုတွေ့
ရတဲ့အပြင်သူ့ဇနီးဟာလဲ သူ့ထက်အလှူရှင်ကို ပိုမိုပြုစုယုယနေတယ်လို့သူထင်မြင်မိနေပါတယ်။ သူခွဲစိတ်မှုဒဏ်ရာ လုံးဝပျောက်ကင်း
သက်သာသွားပြီး သူ့လုပ်ငန်းခွင်ပြန်ဝင်တဲ့အချိန်တိုင်အောင် အိမ်ထောင်ရှင်တစ်ဦးလဲဖြစ်တဲ့ အလှူရှင်ဟာသူ့အိမ်မှာဆက်လက်နေထိုင်
လျှတ်ရှိတာကို စိတ်ပျက်ဖွယ်ရာ သတိထားမိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးသူ့ဇနီးကိုပြောတဲ့အခါမှာတော့ လင်မယားရန်ဖြစ်ရခြင်း
သာအဖတ်တင်ပြီး သူ့ဇနီးရဲ့အိမ်ပေါ်ကဆင်းသွားမယ်ဆိုတဲ့ ခြိမ်းခြောက်ချက်ကိုပဲ မခံချင်ဖွယ်လက်ခံရခဲ့ပါတယ်။ နောက်ဆုံးတော့
တကယ်ပဲ သူ့ဇနီးဟာအိမ်ပေါ်ကဆင်းသွားခဲ့ရာ ဘယ်လိုမှရှာမတွေ့ခဲ့ပါဘူး။

ဒီအခြေအနေဟာအလွန်ခါးသီးတဲ့ဝေဒနာကိုခံစားရပြီး သူ့ဇနီးနဲ့အလှူရှင်တို့ရဲ့ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက ဆက်ဆံရေးတွေကိုပါ ပိုမိုသိရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့သမီးဟာ သူရဲ့ရင်သွေးမဟုတ်ပဲ သူ့အလှူရှင်နဲ့ သူ့ဇနီးတို့ရဲ့ရင်သွေးဖြစ်နေတာ
ကြောင့် သူ့ဇနီးကအလှူရှင်ကိုမစွန့်ခွာနိုင်ဖြစ်နေရတယ်ဆိုတာသိရှိရတဲ့အခါမှာတော့ ဘယ်သူမဆိုသူဘယ်လိုခံစားရတယ်ဆိုတာ သိရှိ
နားလည်မှာပါ။

ကိုယ့်ရဲ့ဇနီးတခြားယောင်္ကျားတစ်ဦးနဲ့ ကိုယ်ပိုင်တဲ့အိမ်ယာ၊ ကိုယ်ပိုင်တဲ့ အိပ်ယာပေါ်မှာဖောက်ပြားနေခဲ့ရင်ဘယ်သူမဆို ဝမ်းနည်းကြေကွဲ
မိမှာပါ။ ဒီထက်ပိုဆိုးတာကတော့ ဖောက်ပြန်တဲ့သူကသူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်နေတာပါပဲ။ ဒီဖောက်ပြန်မှုကြီးရဲ့ ပင်မ တရားခံ
အမျိုးသမီးကတော့ သူ့အမျိုးသားရဲ့ ကျောက်ကပ်အလှုရှင်နဲ့ သူဟာတစ်ညတာ အပျော်အဖြစ်သာလက်တွဲခဲ့တာပါလို့ပြောဆိုခဲ့ပြီး
သူ့တရားဝင်အမျိုးအသားအပေါ်ထောင်ဒဏ်ချမှတ်ခဲ့မှုအတွက် အလွန်ဝမ်းနည်းခဲ့ပြီး အခုချိန်ထိသူ့အမျိုးသားကိုချစ်နေတုံးပါ၊ သို့သော်
ရှေ့ဆက်လို့မရတော့တဲ့သူတို့ရဲ့အိမ်ထောင်ရေးကိုတော့ ရပ်ဆဲလိုက်တော့မယ်လို့ပြောဆိုသွားခဲ့ပါတယ်။

Thursday, December 16, 2010

Transit အချိန်အတွင်းပျင်းနေသလား


ဒီ Post ကတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် Today Newspaper Weekend Edition ထဲက ဆောင်းပါးရှင် Serene Lim ရဲ့ Bored in Transition ကိုဆီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

ကမ္ဘာတဖက်ခြမ်းကနေတဖက်ခြမ်းဆီသို့ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသွားလာကြာရတွင် များသောအားဖြင့် လေယာဉ်ကြီးများ အနေနဲ့ဆီဖြည့်ခြင်း၊ ခရီးသည်တင်ဆောင်ခြင်း အစရှိတဲ့အကြောင်းမျိုးစုံနဲ့ခရီးတစ်ထောက်ရပ်နားလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကိုယ်စီးလာတဲ့လေကြောင်းက သွားလိုရာ ဒေသကိုတိုက်ရိုက်မပျံသန်းတဲ့အတွက် တခြားလေကြောင်းတစ်ခုနဲ့လိုရာခရီးဆက်ဖို့လဲ တထောက်နားပြီး နောက်ထပ်ခရီးစဉ်အတွက် အချိန်ကို စောင့်ဆိုင်းကြရပါတယ်။ ဒီလိုစောင့်ဆိုင်းကူးပြောင်းခရီးတွေဟာ အနည်းဆုံး ၁ နာရီကနေ ၁၂ နာရီလောက်ထိကြာမြင့်နိုင်တာမို့လို့ ခရီးသည်အနေနဲ့transit အချိန်ကိုအကြိုးရှိရှိ အသုံးချနိုင်အောင် ဆောင်းပါးရှင် ကအကြံဥာဏ်တွေပေးထားပါတယ်။

Dubai လေဆိပ် ည ၁၁နာရီ ၅၂ မိနစ်မှာ ဥရောပကပျံသန်းထွက်ခွာလာတဲ့ Serene တစ်ယောက်လေယာဉ်ထဲကနေထွက်ခဲ့ပါတယ်။ လေယာဉ်အကြာကြီးစီးလာရတဲ့အတွက် တကယ်တော့စိတ်ထဲမှာ လန်းလန်းဆန်းဆန်းရှိမနေဘူး။ Emirates လေကြောင်းနဲ့ စင်္ကာပူကို ဆက်လက်ထွက်ခွာမယ့်လေယာဉ်ခရီးစဉ်ကို နောက်ထပ် ၇ နာရီကြာစောင့်ရအုံးမှာပါ။ ဒီအတောအတွင်းဘာလုပ်ရင်ကောင်းမလဲ?
တခြားခရီးသည်တွေလဲသူ့လိုအတွေးမျိုး ရှိမှာအသေအခြာပါပဲ။ ဖတ်ဖို့စာအုပ်ကောင်းကောင်းတစ်ခုဝယ်လာပေမယ့် စိတ်ဂနာမငြိမ် ဖြစ်နေတာကိုတော့ ထိမ်းချုပ်လို့မရနိုင်ခဲ့ပါဘူး။ ရှုပ်ယှက်ခတ်နေတဲ့ shopping area အတွင်းမှာဈေးဝယ်ဖို့လဲငြီးငွေ့နေပါပြီ။

အဲ့ဒီလိုစိတ်ညစ်ညူးစရာကောင်းတဲ့ transit အချိန်တွေကိုဖြတ်သန်းစေနိုင်ဖို့အတွက် ကမ္ဘာ့အဆင့်မီ လေဆိပ်ကြီးများ ကဘယ်လို ဝန်ဆောင်မှုတွေ ပေးရမယ်ဆိုတာသိရှိနားလည်ပြီးသားပါ။ transit အချိန်တွေကိုဖြတ်သန်းနိုင်စေဖို့အတွက်အချိန်ဖြန်းစရာ အမျိုးအမည် ပေါင်းများစွာရွေးချယ်နိုင်သော အလွန်ကောင်းမွန်တဲ့စားသောက်ဆိုင်တွေ၊ အနားယူအခန်းတွေ၊ အလှပြုပြင်နိုင်သော ဆိုင်တွေ၊ ခေတ္တခဏတည်းခိုနိုင်တဲ့ transit hotel တွေနဲ့ပြခန်းကအစ အရာရာပြည့်စုံအောင်ဖန်တီးပေးထားလေ့ရှိပါတယ်။

ကဲအချိန်တွေကိုဘယ်လိုဖြတ်သန်းကြမလဲ ကြည့်ကြရအောင်ပါ။

အချိန် ၁ နာရီမှ ၃နာရီအတွင်း

လုပ်သင့်တာက - အစားကောင်းကောင်းကို အချိန်လေးဆွဲစားဖို့ပါ။

ကော်ဖီမသောက်ရင်အကောင်းဆုံးပါပဲ။ ရောက်ရှိရာလေဆိပ်ရဲ့ ဒေသခံအစားအစာ သို့မဟုတ် အစားအစာအသစ်တစ်ခုကို စမ်းကြည့်ဖို့ တိုက်တွန်းပါရစေ။ လေဆိပ်တိုင်းလိုလို မှာစားသောက်ဆိုင်ကောင်းကောင်းလေတွေရှိနေပါပြီ။ ဥပမာ Narita International Airport Terminal 1မှာရှိတဲ့ Sushi Kyotatsu ဟာ Sushi နဲ့ Sashimi လတ်လတ်ဆတ်ဆတ်တွေကောင်းကောင်းရနိုင်ပြီးအမြဲတမ်းလူပြည့်နေတဲ့ ဆိုင်တစ်ဆိုင်ပါ။ Hong Kong International Airport ရဲ့ La Palace ကတော့ အံ့သြဖွယ်ရာ တရုတ်ရိုးရာဆန်ပြုတ်ကောင်းကောင်း ရနိုင် တဲ့နေရာတစ်ခုပေါ့။ တခြားတခြားသောနာမည်ကျော်စားဖိုမှုးကြီးများဦးစီးတဲ့စားသောက်ဆိုင်အများအပြားဟာကမ္ဘာအနှံက လေဆိပ်ကြီး တွေမှာရှိနေတဲ့အတွက် transit အချိန် ၁နာရီက ၃ နာရီအတွင်းဆိုရင်တော့ စားရင်းသောက်ရင်း အချိန်ကိုဖြတ်သန်းကုန်လွန်စေမှာပါ။

အချိန် ၃ နာရီမှ ၆ နာရီအတွင်း

လုပ်သင့်တာက - အမျိုးအစာကွဲပြားသောလုပ်ဆောင်ချက်များလုပ်ပါ။

နာရီကိုကြည့်နေရင်းကနေ ၃ နာရီကျော်ကြာလာတဲ့အခါမှာတော့ နာရီလက်တံဟာ နှေးလာပြီးအချိန်ဟာကုန်ခဲလိုက်တာလို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်လောက်တဲ့အခြေအနေပါ။ အခုအချိန်အခါကတော့ ကိုယ်လုပ်ချင်တာလုပ်ဖို့အသင့်တော်ဆုံးပါ။ လေဆိပ်အဆောက်အအုံကြီးကို ကိုယ့်ရဲ့ကစားကွင်းလို့သာ သတ်မှတ်လိုက်ပေတော့။ ကောက်တေးလ်နဲ့ ကော်ဖီကြောင့် တက်တက်ကြွကြွ နဲ့လတ်ဆတ်နေတဲ့အနေအထားပါပဲ။ Transit Mall ထဲက Duty Free ဆိုင်တွေလိုက်ကြည့်မလား၊ အလှအပ ပစ္စည်း တွေကိုလေ့လာမလား၊ ဝယ်တာမဝယ်တာအတွက် ဘယ်သူကို မှဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တာသာကိုယ်လုပ်ပါတော့။ စာအုပ်ဆိုင် ထဲဝင်ပြီး ကိုယ်ကြိုက်တဲ့စာရေးဆရာရဲ့ စာမြည်းလေးတွေဖတ်ပြီးအချိန်ကိုကုန်လွန်စေနိုင်ပါတယ်။ လေဆိပ်ကြီးရဲ့ ခရီးသည်များအတွက် ဝန်ဆောင်မှုပေးထားတဲ့ faclities တွေကိုလဲစမ်းသပ်ဖို့အချိန်အလုံအလောက်ပါပဲ။ Amsterdam Schipol Airport ရဲ့ transit area နာမည်ကြီးစေတဲ့အကြောင်းတစ်ခုကတော့ အကောင်းဆုံးဝန်ဆောင်မှုတွေအဖြစ်၊ အညောင်းပြေအနိုပ်ခံဖို့ Spa၊ အပျင်းပြေကစားဖို့ Casino နဲ့ Dutch ပန်းချီဆရာကြီးများလက်ရာကိုပြသထားတဲ့ Rijksmuseum တစ်ခုလဲထည့်သွင်းပေးထားပါတယ်။ ဒီနှစ် ၂၀၁၀ မှာတော့ ကိုရီးယားနိုင်ငံက Incheon International Airport ကတော့ ကမ္ဘာ့အကောင်းဆုံး Transit Area အဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ US$35 နဲ့တင် Free Shower, Free Internet၊ နားနေခန်း Lounge အသုံးပြုခွင့်နဲ့ Buffet Style အစားအစာ၊ အချိုပွဲအပြင်၊ ယမကာလေးပါဝင်ပါသတဲ့ဗျာ။

အချိန် ၆ နာရီမှ ၁၀ နာရီအတွင်း

လုပ်သင့်တာက - အပြင်ထွက်ရင်ထွက် (သို့မဟုတ်) အိပ်ပါ။

ဒီလောက်များပြားတဲ့အချိန်ကိုရထားရင်တော့ ရောက်ရှိရာလေဆိပ်နိုင်ငံရဲ့မြို့ကိုကြည့်ဖို့အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ လေဆိပ်ကြီးများရဲ့ အနီးဆုံးပတ်ဝန်းကျင်မှာတင် သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာဆောက်အအုံတွေ၊ လှပတဲ့ဥယျာဉ်တွေ ရှိ နေတက်ပါတယ်။ တိုကျို Narita လေဆိပ်ကတော့အာရှမှာ transit stop လုပ်လို့အကောင်းဆုံးနေအထားပါ။ ချယ်ရီပန်းပွင့်တွေပွင့်တဲ့ အလွန်လှပသော Naritasan Park ကိုS$3.13 နဲ့တင်သွားဖို့City Round Bus တွေစီစဉ်ပေးထားပါတယ်တဲ့။ လွန်ခဲ့တဲ့ဇွန်လကတော့ ထိုင်းနိုင်ငံ Suvarnabhumi Airport ကြီးကတော့ transit အချိန် ၆ နာရီမှ ၁၂ နာရီ အတွင်းကြာတဲ့ခရီးသည်တွေ အတွက် ပုံမှန် လုပ်နေကြ City Tour အပြင် ဂေါက်သီးရိုက်နိုင်ဖို့ ဒါမှမဟုတ် ထိုင်းရိုးရာအနိုပ်ခံဖို့အတွက်ပါစီစဉ်ပေးပါသတဲ့။ အားလုံးသိကြတဲ့အတိုင်းပဲ တခါတလေ ခရီးပန်းလာတော့ ဒီလောက်ရတဲ့အချိန်အကြာကြီးမှာ လေယာဉ်ပေါ်မှာကျဉ်းကျဉ်းကျုပ်ကျုပ် အိပ်တာထက်ပိုပြီး သက်တောင့်သက်သာရှိနိုင်တဲ့အိပ်ဖို့နေရာကိုအလိုရှိကြပါတယ်။ အခုအချိန်အထိ အကောင်းဆုံး အိပ်စရာနေရာဖန်တီးပေးနိုင် တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်တဲ့ Changi Airport မှာ တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်အနားယူနိုင်ဖို့နေရာအများအပြားရှိသလို Terminal 2 မှာရှိတဲ့ Ambient Lounge ကတော့အကောင်းဆုံးအသင့်တော်ဆုံးနေရာပါ။

Wednesday, December 15, 2010

ကျွန်တော် ရွက်လှေနဲ.ပင်လယ်များ အပိုင်း (၂)

နောင်ရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်း အင်းယားကန်ထဲမှာပဲလေ့ကျင့်နေရတဲ့ အားကစားသမားတွေ နောင်လာမည့် ပြိုင်ပွဲတွေအတွက် ပင်လယ်ပြင်အတွေ့အကြုံပိုများအောင် ကျနော်တို့ပင်လယ်ပြင်ကိုလေ့ကျင့်ခန်းဆင်းဖို.စပြီစီစဉ်လာကြတယ်ဗျ။ ချောင်းသာ ကမ်းခြေမှာ အားကစားဝန်ကြီးဌာနက ပင်လယ်ပြင်လေ့ကျင့်ရေးစခန်းတစ်ခုဆောက်ပြီးတော့ ကျနော်တို.ရွက်လှေကလပ်တစ်ခုလုံး ချောင်းသာ မှာ ရက်ပေါင်း (၄၀) သွားလေ့ကျင့်ကြတယ်။ အရင်တုံးတွေကလဲ ချောင်းသာမှာသွားပြီးလေ့ကျင့်လေ့ရှိပါတယ်။ အဲ့တုံးကတော့ စခန်းမရှိတဲ့
အတွက်ဟိုတယ်တစ်ခုခုမှာ အခြေစိုက်စခန်းဖွင့်ပြီး နေကြတယ်လို့ပြောတယ်။

အခုကျနော်ပါဝင်တဲ့ ပင်လယ်ပြင်လေ့ကျင့်မှုကတော့ ၂၁ ကြိမ်မြောက်အရှေ.တောင်အာရှအားကစားပြိုင်ပွဲအတွက်ပါ။ ပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်ရေးတို.ဘာတို.ပါပါတာပေါ့။ ကျနော်ကတော့ထုံးစံအတိုင်း ကျနော်ကလေးအုပ်စုကိုပဲအုပ်ထိမ်း ဖို. တာဝန်ယူရ ပါတယ်။ ဒါ့အပြင် camp တစ်ခုလုံးရဲ့အိပ်ယာထချိန်၊ တန်းစီချိန်၊ အစားစားချိန်၊ ညအိပ်ချိန်စတဲ့ အချက်ပေးစနစ်ကို တာဝန်ယူရတော့ အိပ်ရင်သူများထက်နောက်ကျ အိပ်ယာထရင်သူများထက်စောပြီးထရတာပါ။ ကျနော်ပင်ပန်းသော်လည်းကိုယ်ပျော်ရာလုပ်နေရတော့ ပင်ပန်းတယ်လို. တောင်မထင်မိပါဘူး။ မနက်ဆို ပင်လယ်ထဲ ဆင်းသွားရင် နေ.လည်ထမင်းစားချိန် ပြန်လာတခါတလေလဲနေ့လည်စာ ကို ပင်လယ်ထဲမှာပဲစားလိုက်ကြတယ်။ ကျနော်ကလေးအုပ်စုကအသက် (၁၅) နှစ်အောက်ပင်လယ်ပြင်မှာအခုမှ လှေစီးဘူးကြတာ ဆိုတော့အရမ်းကိုဂရုစိုက်ရတယ်။ ကျနော့်ရဲ့ (၆) ကောင်အားလှေလေးပေါ်မှာလက်ဆွဲအသံချဲ.စက်တစ်လုံး၊ အချက်ပြအလံလေးတစ်ချို.နဲ့ရေဘူး၊ ဓာတ်ဆားရေဘူးများနဲ့နေ့စဉ်ပင်လယ်ထဲဆင်းပြီးလေ့ကျင့်ကြတာ။ တစ်ခါတလေများလေမရှိတဲ့အချိန်တွေများဆိုပူလွန်းလို.ရေထဲဆင်းစိမ်နေရတယ်။

ဒီကလေးတွေလှေနဲ.ပတ်သတ်ပြီး တစ်ခါကြုံဖူးတာတာလေးဗျာ။ ကျနော်ကလေးတစ်ယောက်လှေမှောက်သွားတယ်။ ဒီကလေးက အားလုံးထဲမှာအငယ်ဆုံးလေး၊ ဝဝကစ်ကစ်နဲ့အရမ်းချစ်ဖို.ကောင်းတာ။ သူတို.စီးတဲ့ရွက်လှေတွေမှာလေသွင်းထားတဲ့လေအိတ် (၃) လုံး ပါတဲ့အတွက် သူတို.လှေတွေကမမြုပ်သွားနိုင်ပါဘူး။ ကလေးလှေမှောက်သွားတဲ့အချိန်မှာ ကျနော်ကကျောက်ချထားတဲ့ boat တစ်ခု ပေါ်မှာပါ။ မီတာ ၅၀ လောက်ပဲဝေးပါတယ်။ ဘာကြောင့်လဲဆိုတာတော့ကျနော်မမှတ်မိတော့ဘူး၊ ကျနော့်ဘုတ်ကိုမယူတော့ ပဲအစဉ်သင့် ရှိတဲ့ life jacket ကိုဝတ်ပြီးရေကူးပြီးသွားလိုက်တယ်။ သူကလှေတော့ပြန်ထောင်နိုင်ပြီးနည်းနည်းဝနေတော့သူမှာလှေပေါ်ပြန်တက်လို.မရဖြစ်နေတာ။ ပြီးတော့လှေကကျောက်ဆောင်တွေဖက်ကိုမြောနေတော့စိတ်ပူတာနဲ့လိုက်သွားလိုက်တာဗျ။ လှေနားရောက်တော့သူ့ ကိုဖင်ကနေတွန်းတင်ပြီး လှေထဲဝင်နေတဲ့ရေကိုခပ်ထုတ်ခိုင်းရတယ်။ ကျနော်ကသူ.လှေပေါ်တက်လို.မရဘူး။ လှေကသေးသေးလေး ဆိုတော့လေ။ ရေထဲကခိုပြီးနေတာ၊ လှေကမြောနေတာကျောက်ဆောင်နဲ.တော်တော်လေးကပ်နေပြီ။တော်သေးတယ် လှေက နည်းနည်း ပေါ့သွားတော့သွားလို.ရပြီဆိုတော့ သူ.ကိုသွားခိုင်းလိုက်တယ်ဗျ။ ကျနော့်ဘုတ်ကိုပြန်ကူးဖို.လုပ်တော့ ရေစီးကြောင်းကရေဆန်ကို ကူးတက်နေရတဲ့အပြင်၊ ရေအားကတော်တော်လေးသန်တယ်ရှေ.ကိုသိပ်မရွေ.ဘူး။ ဒုက္ခပေါ့။ ဒါနဲ.ကံကောင်းချင်တော့ ကျနော်တို. ရဲ့ နှစ်ယောက်စီးရွက်လှေတစ်စင်း အနားမှာတွေ.တော့ဝီဇီမှုတ် လှမ်းခေါ်ပြီးလှေနောက်ကဘောင်ကိုကိုင်ရေစီးထဲကနေ ထွက်ကိုယ့်ဘုတ်ကို ပြန်လိုက်ရတာ၊ ကံကောင်းလို.ကျောက်ဆောင်နဲ့မတွေ.လိုက်ရတာဗျာ။

မှတ်မှတ်ရရချောင်းသာအဖြစ်လေး တွေကတော့တစ်ရက်ထုံးစံအတိုင်း ကျနော်တော်တော်လေးလှိုင်းမူးတယ်ဗျာ။ ကျနော့်ရဲ့ မြင်းကောင် ရေ ၆ ကောင်အားနဲ့အင်ဂျင်အသေးစားလှေလေးနဲ့။ ကျနော်ရေထဲမှာနယ်နိမိတ်ကန်သတ်မျဉ်း ကိုစောင့်ရတယ်ဗျ။ ကျနော်တို.နဲ.ပြိုင်ပွဲ လုပ်နေတဲ့နေရာနဲ့လဲဝေးတော့အလွန်ပျင်းစရာကောင်း။လှိုင်းကြီးထဲမှာ ကျောက်ချထားရတော့လှိုင်းမူးချက်ကလုံးဝကိုမခံနိုင်တော့ဘူး။ ကမ်းကိုပြန်ချင်တယ်ဗျာ။ ဒါမယ့်အန်ကယ်ကပင်လယ်ထဲကလှေအကြီးဆုံး အချက်ပြလှေတစ်စီးမှာဆိုတော့မပြန်ရဲဘူး။ အန်တာလဲ စားထားသမျှကုန်နေပြီ ဆိုတော့အကြံကထုတ်ရတော့တာပေါ့။ ကျနော်ရဲ့ဝေါ်ကီတော်ကီရေဒီယိုကုတ်က Bravo 3 ဗျ။ အန်ကယ်က Charlie 1 ခဏနေတော့စက်ပေါ်ကနေကျနော့်ကိုခေါ်ရော ကျနော့်မှာမူးလို.လေဝမ်းထဲလှဲနေတာ။ ခေါ်တော့မထူးချင်ဘူး Charlie 1 ကခေါ်နေတာဆိုတော့မထူးလို.လဲမရဘူး ဆိုတော့ဘုတ်အကူကို

“ ဟေ့လူပြန်ဖြေလိုက် bravo 3 မရတော့ဘူးလို.။”

ကျနော်အကူကလဲတော်ချက်ဗျ၊ စက်ကိုကိုင်ပြီး

“ ဆရာဆရာ ကိုဟိန်းကမရတော့ဘူး ” လို.ပြောတယ်၊ ဟိုဖက်က

“ ဘာမရတော့တာလဲသေခြာပြန်ပြော “ ဆိုတော့မှ

“ လှိုင်းမူးပြီးလဲနေတယ်ဗျ “ လို.ပြောတော့

ဘုတ်ကိုအချက်ပြလှေကြီးကိုမောင်းခဲ့လို.ပြောတယ်။ လှေကြီးကိုရောက်တော့ဒီမှာတစ်ကောင်လဲမရတော့ဘူး ဟိန်းဦး 420 တစ်စီး ယူပြီး ကမ်းပြန်တော့တဲ့။ 420 ဆိုတာနှစ်ယောက်စီးရွက်လှေတစ်စီးရဲ့နာမည်ပါ။ ကျနော်အလွန်ပျော်တာပေါ့။ အဲ့ဒါနဲ.လှိုင်းမူးနေတဲ့ ကျနော့် မိတ်ဆွေ ကို ခေါ်ပြီးတော့ကမ်းကိုပြန်တယ်။ ကမ်းခြေကိုဝင်ရင်အရမ်းသတိထားရပါတယ်။ ကျနော်တို့စခန်းချထားတဲ့ကမ်းခြေမှာ က ကျောက်ဆောင်တွေများပြီးလှိုင်းနည်းနည်းပြင်းတယ်ဗျ။ အဲ့ဒီတော့ ကမ်းကပ်ရေလမ်းကြောင်း ကိုအလံနီတွေနဲ့ အမှတ်အသား ပြထားတယ်။ အဲ့ဒီရေလမ်းကြောင်းအတိုင်းစီးဝင်ရတာ။ ရွက်လှေကို မောင်းရတာအင်ဂျင်ပါတဲ့ ဘုတ်တစ်စီးကိုမောင်းရသလို မဟုတ်တဲ့ အပြင် လှေတစ်စီးရဲ့တန်ဖိုးက ဒေါ်လာ၂၅၀၀၀ လောက် ရှိတော့ အရမ်းသတိထားရတယ်ဗျ။ ကျနော်မှာဟိုနေ.ကလေကြမ်း ထဲစီးတုံး လှေမှောက်ထားလို.မျက်မှန်ပါသွားတော့ အချက်ပြအလံကိုမသဲကွဲဘူး။ ဒါနဲ. အစ်ကိုကြည့်ပါအုံးကျနော်မျက်မှန်မပါလို.ဆိုတော့
သူက “ ဟာဟေ့ကောင် ငါ့မျက်လုံးတွေမမြင်ရ တော့ဘူး မျက်လုံးတွေပြာနေပြီ” ဆိုတော့ ကျနော့်မှာကိုယ့်ထက်ဆိုးတဲ့လူနဲ့တွေ.ပြီဟ ဆိုပြီးရမ်းသန်းပြီး ရေလမ်းကြောင်းထဲဝင်တာ ကံကောင်းလို.ကုန်းပေါ်ပြန်ရောက်တယ်ဗျာ။

နောက်တစ်ခါမှတ်မှတ်ရရ အဖြစ်တစ်ခုကတော့ ရေငံပိုင်ဦးရှင်ကြီးတင်တာကစပါတယ်။ ကျနော်တိုရဲ့ဘုတ်အင်ဂျင်တွေတော်တော်လေး ဒုက္ခပေးနေတော့ တစ်ခုခုတော့လုပ်မှပဲဆိုတော့ ကျနော်တို့ရဲ့ အချက်အပြုတ်ဆရာကြီး ဒေသခံလဲဖြစ်တဲ့ ကိုသိန်းစိုးကရေငံပိုင်ကို ပသမှ ဖြစ်မယ်ဆိုလို့ လိုအပ်တာတွေဝယ်ချမ်းပြီး ညနေခင်းတစ်ခုမှာ ရေငံပိုင် ကို ပသကြ ပါတယ်။ နောက်နေ.လှေတွေရေထဲဆင်းတော့ အေးအေးဆေးဆေးပဲ။ အဲ့ဒီနေ့ကကျနော်လုပ်နေကြ တာဝန်တစ်ခုမဟုတ်တဲ့ Beach Master ဆိုတဲ့ကမ်းခြေစောင့်တာဝန်ယူရတယ်။ အမြဲတမ်း Beach Master ကရေထဲလိုက်သွားရလို.ကျနော်ကိုလုပ်ခိုင်းတာဖြစ်မယ်ဗျ။ သိပ်တော့မမှတ်မိတော့ဘူး။ Beach Master ဆိုတာ နည်းနည်းတော့တာဝန်ကြီးတယ်ဗျ။ ကျနော်တို.ရဲ့ အင်ဂျင်ပါတဲ့ဘုတ်တွေနဲ့ရွက်လှေတွေကမ်းကပ်၊ ကမ်းခွာတာတွေအားလုံး ကိုအလုပ်သမားတွေနဲ.ကြီးကြပ်ကြရတယ်လှေတွေကမ်းကပ်ခွာတဲ့ညွန်ကြားချက်တွေကိုလဲ လုပ်ပေးရတယ်ပေါ့ဗျာ။

ကျနော်ကျွမ်းကျင်တဲ့အလုပ်မျိုးတော့မဟုတ်ဘူး။ ကမ်းကပ်၊ကမ်းခွာတဲ့နေရာကိုနှစ်နေရာသတ်မှတ်ထားတယ်ဗျ။ Area (A) နဲ. Area (B) လို.ခေါ်ကြပါစို.နော်။ အဲ့ဒီနေ.ကလေနဲ့လှိုင်းကအရင်နေ.တွေကထက်ပိုပြီး ပြင်းထန်တော့ ကမ်းကပ်တဲ့နေရာကို အရင်ကပ်တဲ့နေရာ မဟုတ်ပဲ ဒုတိယအဆင့် အသုံးချတဲ့ ကမ်းစပ် Area B မှာလှေတွေကမ်းကပ်ဖို.စီစဉ်ထားတယ်ဗျ။ စက်ပေါ်ကနေ All Units ခေါ်ပြီး ကမ်းကပ်တဲ့နေရာကို ကမ်းခြေ Area B မှာသတ်မှတ်ထားတဲ့အကြောင်းအကြောင်းထားတယ်။ ညနေစောင်းလှေတွေပြန်လာတော့ တစ်ယောက်စီး လှေလေးတွေကိုငါးစင်းဆီခွဲပြီးကမ်းကပ်ဖို.လုပ်ထားတယ်။ ဘုတ်တွေကတော့ ရွက်လှေတွေအကုန်ဝင်ပြီးမှ သူတို.ကို ကမ်းကပ်ခိုင်းမယ်ပေါ့။ ခဏနေတော့ကျနော်တို. ရွက်လှေအဖွဲ.ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံအိုလံပစ်ကောင်စီဝင် လဲဖြစ်တဲ့အန်ကယ်ပါတဲ့ အချက်ပြလှေကြီး ကမ်းကပ်ဖို.တွေ.တယ်။ အန်ကယ်က ရေထဲလိုက်ပြီးအနီးကပ်ကြီးကြပ်တာပါ။ သူ.လှေကြီးက Area A မှာကမ်းကပ်လာမယ်လို.ပြောတယ်။ ကျနော်က ခဏနေပါအုံး အလုပ်သမားတွေမအားသေးလို.ပါဆိုတော့အန်ကယ်ကရတယ် Charlie 1 ဘုတ်ပေါ်မှာအလုပ်သမားပါတယ် ကိုယ့်ဟာကိုပဲကမ်းကပ်ဖို.လုပ်ပါမယ်။ မင်းဟိုဖက်မှာပဲနေတဲ့။ ကျနော်ကအိုကေပေါ့။

လှိုင်းကတော်တော်လေးတော့ကြီးတာဗျ။ ကျနော့်ဖက်ခြမ်းကနေ သူကမ်းခြေကိုဖြေးဖြေးချင်းကပ်လာတာကိုလှမ်းမြင်နေရတယ်ဗျ။ လှေရှေ.မှာလဲအလုပ်သမားတစ်ယောက် လှေရပ်ရင်ရေထဲခုန်ချပြီး လှေကိုဖမ်းရအောင်အစဉ်သင့်မတ်တတ်ရပ်နေတာတွေ.တယ်။ ကြည့်နေတဲ့မျက်စိရှေ.မှာတင် အချက်ပြလှေကြီးဟာ ဘေးတိုက်မြောပါပြီးမှောက်သွားတာတွေ.လိုက်ရတယ်။ လှိုင်းကြီးတစ်လုံးလာတဲ့အချိန်မှာ လှေရဲ့နောက်ပိုင်းကမြောက်တက်သွားပြီးတော့ အင်ဂျင်ပန်ကာကရေနဲလွတ်သွား၊ အဲ့ဒီအချိန်မှာ နောက်လှိုင်းတစ်လုံးကဝင်လာတော့ လှေမှာပဲ့မရှိတော့သလိုဖြစ်ပြီး တော့ဘေးတိုက်တရွတ်တိုက်မြောပါ ပြီးမှောက်သွားရတာပါ။ ကျနော့်မှာတော့ကိုယ် Beach Master လုပ်ကာမှ အလံတင်လှေကမ်းကပ်တာမှောက်ပြီဟ ဆိုပြီးခေါင်းတော် တော်ကြီးသွားတယ်။
ကျနော် အပါအဝင် ကမ်းခြေက အလုပ်သမားတွေရော၊ ရွက်လှေ အားကစားသမား တွေရော Area A ဖက်ကိုကူဖို.ပြေးကြတာ။ ဒီကြားထဲစက်ကနေပြီးတော့ ကျနော်ရဲ့နည်းပြချုပ်ကိုလှေမှောက်တဲ့အကြောင်းသတင်းပို.၊ ကျန်တဲ့လှေတွေကိုလဲ ကမ်းမကပ်ကြနဲ့အုံးလို.သတင်းပို.ရတာနဲ့အတော် ဗျာများသွားတာ။

လှေနားရောက်တော့အန်ကယ်က သူ.နေကာမျက်မှန်ကိုကိုက်လျတ်သားတွေ့ ရတော့ အော်မလေးဘာမှမဖြစ်လို့ တော်ပါသေး ရဲ့လို.သက်ပြင်းချမိတယ်။ ပြီးတော့အန်ကယ်က ငါ့ရေဒီယိုစက်လှေထဲမှာကျန်နေတယ်လို.ပြောတယ်။ ချက်ချင်းပဲပြန်တွေ.လိုက်တယ် ရေလုံအိတ်ထဲထည့်ထားတော့ ဘာမှမဖြစ်ဘူး။ လှေကြီးကိုလူတွေနဲ့ဝိုင်းပြီးမလှန်လိုက်တော့အချက်ပြအလံတိုင်ကျိုးပြီး အင်ဂျင်ရေဝင် သွားတာပဲရှိတယ်ဗျ။ လှေတွေအကုန်ကမ်းကပ်ပြီးလို.လုပ်ငန်း သိမ်းပြီးတဲ့နောက်မှာတော့ရေငံပိုင်ဆရာကြီး ကိုသိန်းစိုး ဆီကိုသွားပြီး ခင်ဗျားလုပ်တာမှန်ရဲ့လားဗျ၊ ရေငံပိုင်ပသပြီးကာမှ ကျနော်တို.ဆရာကြီးလှေမှမှောက်ရတယ်လို့လို.ပြော တော့သူ့ခင်မျာ ငါလဲ တက်သလောက်မှတ်သလောက်လုပ်တာပဲတဲ့၊ ရွာထဲကဆရာကြီး ပြေးခေါ်ပြီးထပ်တင်မယ် ဆိုပြီးရွာထဲကိုခြေကုန်သုတ်သွား တော့တာပဲဗျာ။

ဆက်ဖတ်ဖို.ဆန္ဒရှိသေးလျှင် ကျွန်တော် ရွက်လှေနဲ.ပင်လယ်များ အပိုင်း (၃)သို.

Thursday, December 9, 2010

ကျွန်တော် ရွက်လှေ နဲ့ ပင်လယ်များ (၁)

ကျနော့် ရဲ့ လေကြောင်းလိုင်းများ နဲ့ ဆိုင်တဲ့ post တွေကို အားပေးကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် လို.ထပ်ပြောပါရစေ။ ကျနော့် ဘဝရဲ့ အတွေ.အကြုံတွေထဲက ဒီတစ်ခါတော့ကျနော်ပင်လယ်ပြင် နဲ့ ရေပြင်တွေပေါ်မှာကြုံတွေ့ခဲ့ ရတဲ့အဖြစ်အပျက်လေးတွေ ကို ကိုယ်ပိုင်မှတ်တမ်း အနေနဲ့ရေးထားတဲ့အတွက် ဖတ်လို့တော့သိပ်ကောင်းမှာ မဟုတ်တဲ့အကြောင်း ကြိုတင်ပြောပါရစေ။

ဒီအကြောင်းအရာတွေရဲ့အစကတော့ ၂၀၀၀ပြည့်နှစ်လောက်မှာဆိုတော့ ၁၀ နှစ်လောက်တော့ကြာပြီပေါ့ဗျာ။ ကျနော့်ဘဝရဲ့အတွေ.အကြုံ တွေကိုအဲ့ဒီကစခဲ့တာလို.ပြောလို.ရပါတယ်။ ကျနော် ငယ်ငယ်ကထဲက သင်္ဘောနဲ.ပတ်သတ်တာတွေ စိတ်ဝင်စား တယ်ဗျ။ ကျနော်အထင် ပြောရရင် (၈) တန်းကျောင်းသားဘဝမှာ အဒေါ်၊ ဝမ်းကွဲအမတွေ နဲ.တူတူ မော်လမြိုင်ကို သွားလည် တာကစတယ်ထင်တာပဲ။ မော်လမြိုင်က မောရဝတီရေတပ်စခန်းဌာနချူပ်မှာ တစ်ပါတ်လောက်နေလိုက်တော့ အဲ့ဒီကရေတပ် စစ်ဗိုလ် တွေကိုအားကျပြီး သင်္ဘော တစ်စီးကိုကိုယ်တိုင် မောင်းချင်စိတ် တွေဖြစ်လာတယ်။ ဒါ့အပြင်ငယ်ငယ်ထဲကဘာကြောင့် မှန်းတော့မသိဘူး၊ သတင်းစာတွေထဲမှာ ရွက်လှေအသင်း အောင်မြင်မှုတွေ ၊ နိုင်ငံခြားကိုသွားပြီးပြိုင်ပွဲဝင်တာတွေဖတ်ရတော့ ရွက်လှေစီးချင်စိတ်တအားဖြစ်တာ။ ကျနော်အိမ်ကို သင်တန်းပို.ခိုင်းတော့အိမ်က အကုန်အကျ တစ်အားများတဲ့ အားကစားမို.လို.ထင်တယ်မလွှတ်ပဲ ရေပဲကူးခိုင်းထားတယ်ဗျာ။ ပင်လယ်ဆိုတာကိုလဲ တအားသဘောကျပြီး ငယ်ငယ်ကဆို ပင်လယ်ဆိုတာကို တစ်ယောက်ထဲလဲသွားတာပဲ။

ကျနော် ၁၀ တန်းရောက်တော့စာတအားကြိုးစား ပါတယ်။ ကျနော် စစ်တက္ကသိုလ်တက်ပြီးရေတပ်ကိုဝင်မယ်ပေါ့။ ကူညီနိုင်တဲ့ထိပ်တန်း အရာရှိကြီးများကလဲ ရေတပ်ရအောင်ကူညီမယ်လို. ပြောကြပါတယ်။ သို.သော် (၈) တန်း ဖြေပြီးတဲ့နောက်ပိုင်း မှုန်လာတဲ့မျက်စိကြောင့် မျက်မှန်လေး နဲ့ ဖြစ်နေပြီဆိုတော့ ရေတပ်တော့ မပြောနဲ.တော့ စစ်တက္ကသိုလ်တောင်ကျနော်မလျှောက် ဖြစ်ခဲ့ပါဘူး။ အဲ့ဒါပြီးတော့ လက်တော့ မလျော့သေးဘူးဗျ။ ကျနော်ရေကြောင်းသိပ္ပံကိုလျှောက်ပါတယ်။ တကယ်တော့ ကျနော် ၁၀ တန်းတုံးက စာအလွန်ကြိုးစား ခဲ့သော်လည်း ပါရမီကမပါတော့အမှတ်မကောင်းဘူးဗျ။ ရေကြောင်းသိပ္ပံကန့်သတ်တဲ့ အမှတ်ကိုကပ်ပြီး တော့ဝင်သွားတယ်။ ဆေးစစ်တာ ဘာညာအကုန်အောင်ပြီး၊ မျက်လုံးစစ်တဲ့နေရာမှာတွေ.ရောဗျာ၊ အမှောင်ထဲမှာမီးဖြုလား မီးနီလားစစ်တာတော့အောင်တယ်၊ အဝေးကြည့် စစ်တော့ စစ်တဲ့ Captain ကသူမြင်ရတဲ့ နေရာမှာရပ်ခိုင်းပြီးစစ်တာဗျ။ နည်းလမ်း တကျအကွာအဝေး အတိအကျ ကနေကြည့်ခိုင်းတာ တော့မဟုတ်ဘူးပေါ့။ သူလုပ်တာလဲဟုတ်တော့ဟုတ်ပါတယ် သူမြင်ရင်မြင်ရမယ်ပေါ့။ ကျနော်ကတော့မမြင်ဘူးဗျာ ခက်တာက။ ထောက်ပြတဲ့ဟာတွေ အကုန်တလွဲတွေကြီးပဲ။ ဒီလိုနဲ.ကျနော်အလျော့မပေးဘူး၊ အိမ်ကဒီဟာကိုတော့ဖြစ်စေချင်တယ်လေ၊ အဲ့ဒါနဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း တွေနဲ့ အကူအညီတောင်းတော့ ကျနော့်အတွက် သီးသန့် နောက်တစ်ခါထပ်စစ်ပေးပါတယ်။ ဒါမယ့်မမြင်တာ က မမြင်တာပဲဆိုတော့ ဘယ်နှစ်ခါစစ်စစ်ကျမှာပါပဲ။ စစ်ပေးတဲ့ Captain ခမျာ ကျနော်မျက်လုံးကမကောင်းကြောင်း
သူ.အရာရှိကိုအားနာနာနဲ.ပြောရှာပါတယ်။ ဒါနဲ.ကျနော် အမေနဲ.ကျနော့်ကိုအရာရှိကြီးက ရုံးခန်းထဲမှာခေါ်တွေ.ပြီး၊ သူအောင်ပေးလို.တော့ရပါတယ်၊ ဒါပေမယ့် ကလေး ဒီတစ်သက်လုံးဒီအဆင့် နဲ.နေသွားမှာမဟုတ်၊ ရာထူးတစ်ခါတက်တိုင်း တစ်ခါစစ်နေတော့ ကျရင် ရာထူးမတက်တော့ပဲ ဘဝမှာအခက်အခဲတွေရှိနိုင်တဲ့အကြောင်းသူတို. ရေကြောင်းလောကအကြောင်း ရှင်းပြပါတယ်။ကျနော်နဲ.မာမားလဲ အရာရှိကြီး ဆိုလိုချင်တာချက်ချင်းသဘောပေါက်တော့၊လက်လျော့လိုက်ကြတယ်။ ဒီလိုနဲ့ကျနော်သင်္ဘောအရာရှိ တစ်ယောက်ဖြစ် မလာ ခဲ့ဖူးပေါ့ဗျာ။

ဒီလိုနဲ.ကျနော် ၁၉ နှစ်သားလောက်မှာဖြစ်မယ်ထင်တယ်၊ ကျနော်ဘီယာကိုယ်စားလှယ်လုပ်လို့ ရတဲ့အမြတ်အစွန်းလေး တွေရှိတော့ ရန်ကုန်ရွက်လှေအသင်းမှာ နွေရာသီသင်တန်း ကိုယ့်ဟာကိုယ်သွားတက်လိုက်တယ်။ အတော်ပျော်တာဗျ၊ ကျနော်အရမ်းတက်ချင် တဲ့ ရွက်လှေတစ်စီးကိုစီးခွင့်ရတယ်။ ပြီးတော့ တက်မကိုလဲကိုယ်တိုင်ကိုင်ပြီး သွားချင်တဲ့နေရာ သွားနိုင် တယ်ဗျာ။ Helmsman လို.ခေါ်ပါတယ်။ Captain တော့မဟုတ်ဘူးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ဖြစ်ချင်တာတွေထဲက တစ်စိတ်တစ် ဒေသဖြစ်လာ တော့ ဝမ်းသာတယ်။ သင်တော့နှစ်ယောက်စီးရွက်လှေပေါ့၊ တစ်ယောက်က crew နဲ့တစ်ယောက် က helmsman ပေါ့။ ကုန်းပေါ်မှာ lecture ပေးပြီး ရေထဲကိုသွားသွားပြီး သင်ရတယ်လို.ပဲမှတ်မိတော့တယ်။ အလွန်ပြိုင်ပွဲဝင် ရမှာကြောက်တက်တဲ့ ကျနော့်မှာ ပြိုင်ပွဲတွေခဏခဏ ပြိုင်ရတယ်ဗျာ။ သင်တန်းဆင်းတော့ Qualify Helmsman ဆိုတဲ့ Certificate တစ်ခုရတယ်။ အခုချိန်ထိ ကျနော် တမြတ်တနိုးသိမ်းထား တုံးပါ။ ဒီ certificate နဲ.ပတ်သတ်လာတာ ကို နောက်ပိုင်း တစ်နေရာမှရေးသွားပါအုံးမယ်။ သင်တန်းပြီးတော့လှေကို ဆက်စီးချင် သေးတယ် လေ ဒါနဲ. မရှိရှိ တဲ့ပိုက်ဆံကိုကုတ်ကပ်ပြီး ကိုယ့်သဘောနဲ.ကိုယ်အသင်းမှာ member ဝင်လိုက်တယ်။ အပတ်တိုင်းလိုလို ရွက်လှေတော်တော် လေးစီးဖြစ်တယ်ပေါ့။ ဒါမယ့်အလွန်တော်တဲ့ရွက်လှေ အားကစားသမား တစ်ယောက်တော့ ဖြစ်မလာပါဘူး။

အဲ့ဒီလိုနေရာကနေ ကျနော်တို.Club က အငယ်တန်း ရွက်လှေ အသင်း တစ်သင်း စင်္ကာပူမှာသွားပြိုင်ဖို.ရှိလာတယ်။ အဲ့ဒီအချိန်မှာသူတို.ကလဲနေ.စဉ် training လုပ်တော့ ကျနော် စပြီး ဝလာတဲ့ကျနော် body weight ကိုထိမ်းဖို.ဆိုပြီးသူတို.နဲ့တူတူ physical training လိုက်လုပ်တယ်။ on water training ဆင်းတော့ နည်းပြတစ်ယောက်နဲ့ တူတူရေထဲကို ဘုတ်နဲ.လိုက်ပြိးကျောက်ဆူးချတာတို.၊ အချိန်မှတ်ပေးတာ တို.ကူညီတယ်ဗျ။ ကျနော်ကငယ်ငယ်လေးထဲကအားကစားနဲ့ရင်းနှီးတော့အဲ့ဒီလို နေရတာကိုသဘောကျတယ်။ တစ်ဖြည်းဖြည်းနဲ့ကလေးတွေနဲ.သံယောဇဉ်ဖြစ်လာမိတယ်။

ကျနော့် ဘဝ ရဲ့ ကျေးဇူးရှင်ကြီးအန်ကယ်လ်ဦးမိုးမြင့် ကလဲ ကျနော့်ကိုအကူအညီလိုရင်ပြောပါ ဆိုတော့အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျနော့် အတွက် အလုပ်တစ်ခုများ ရှိရင် ပေးပါလို.အကူအညီတောင်းလိုက်တယ်ဗျ။ အန်ကယ်ကသူ.ရုံးကိုလာခဲ့ပါဆိုတော့၊ ကျနော်နောက်နေ.သူ.ရုံးသွားတယ်ဗျ။ တိုတိုပြောရရင်ကျနော်ကိုမေးခွန်းတစ်ချို.မေးပြီး သူ.ကိုယ်ပိုင်ငွေထဲကနေ ထောက်ပံကြေးငွေတစ်လကို FEC ၅၀ပေးမယ်။ Sailing Club မှာလိုအပ်တာတွေလုပ်ဖို.နဲ့ ကလေးတွေကို Training ပေးတဲ့နေရာမှာ Training Assistant တစ်ယောက်အဖြစ် အလုပ်ခန့်ပေးမယ် ဆိုတော့အင်မတန်ဝမ်းသာတာဗျာ။ ကျနော် တက်သလောက်မှတ်သလောက်နဲ့ club ကလှေစီးတော်တဲ့သူ တွေက လဲကူညီကြတယ်ပေါ့။ ကျနော်အလုပ် စလုပ်ပြီးတစ်နှစ်လောက်ကြာတော့ တကယ့်ကို မထင်မှတ်ထားတဲ့အဖြစ်ပေါ့။ မလေးရှားမှာ သွား ပြိုင်မယ့် ရွက်လှေ အသင်းတစ်သင်းမှာ ကျနော်ကို နည်းပြအနေနဲ့နေလိုက်သွားဖို.ပါ။ တကယ်တော့ကျနော်က ရွက်လှေနည်းစနစ်တွေကို ပြနိုင်တဲ့နည်းပြတစ်ယောက်တော့မဟုတ်ပါဘူး။ ကျွှမ်းကျင်သူများစီစဉ်ပေးထားတဲ့ training program တစ်ခုကို အကောင်အထည် ဖော်ပေးနိုင်တဲ့ training assistant တစ်ယောက်အဖြစ်ပဲရှိတာပါ။ အဲ့ဒီမှာကလေးတွေ အတွက် စီစဉ်စရာရှိတာတွေစီစဉ်တာ၊ Physical training လုပ်ပေးတာကို ကျနော်က အဓိကလုပ်ပြီး၊ အန်ကယ် support လုပ်ပေးတဲ့ဝါရင့်ရွက်လှေသမားတစ်ယောက် ရဲ့အကူအညီ ယူပြီး တော့ ကျနော်ရဲ့ team ကိုလေ့ကျင့်ပေးခဲ့ပါတယ်။ အန်ကယ်ဒီအသင်းနဲ့ပတ်သတ်ပြီး အောင်မြင်မှုရချင်တယ်ဆိုတာ ကျနော် ကောင်းကောင်း နားလည်ပါတယ်။ On water training တွေကို သူကိုယ်တိုင်နေပူကြီးထဲ ဘုတ်နဲ့.ဆင်းကြည့်တာ၊ Physical Training ကိုမနက်အစောကြီး လာကြည့်အားပေးတာခဏခဏပါ။

ကျနော်မှာလဲ ကျနော်ရဲ့ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတစ်ခု ကို တာဝန်ယူရတာဆိုတော့အရမ်းကိုဆုရချင်တာဗျာ။ ပြိုင်ပွဲရောက်ဖို.တစ်လ လောက်အလိုမှာတော့ ဟိုမှာကြိုတင်လေ့ကျင့်လို.ရအောင် ရန်ကုန်ကနေအဖွဲ.ခေါင်းဆောင် အန်ကယ်ဦးစိုးမင်းအောင် ခေါင်းဆောင်ပြီး မနက်အစောကြီးရန်ကုန်ကနေထွက်ခဲ့တာ သွားလိုရာနေရာကို ညမိုးချုပ်မှ ရောက်ပါတယ်။ ကျနော်ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ် ဖြစ်သလိုပထမဆုံး လေယာဉ်ပျံစီးဖူးခြင်းပါ။ သွားပြိုင်တဲ့နိုင်ငံက မလေးရှားနိုင်ငံ ကိုတာကီနာဘာလူး (Kota Kinabalu) မြို.၊ မလေးရှား၊ ဘရူနိုင်း နဲ့ အင်ဒိုနီးရှားသုံးနိုင်ငံပိုင်တဲ့ဘော်နီယိုဆိုတဲ့ကျွန်းကြီးတစ်ခုပေါ်မှာတည်ရှိပါတယ်။ ပင်လယ်ကတော့တောင်တရုတ် ပင်လယ်ပါ။ ကျနော်မှာပင်လယ်ထဲမှာလှေတစ်ခါမှမစီးဖူး၊ စက်တက်ဘုတ်လဲမမောင်းဘူးတာနဲ.တော်တော်လေးစိတ်လှုပ်ရှားမိတယ်။ အစပိုင်းမှာတော့ လှိုင်းလေ ငြိမ်သက်တော့သတိမထားမိဘူး။ ပင်လယ်ထဲဆင်းပြီးပြန်လာရင် လူကငြိမ့်ကနဲငြိမ့်ကနဲ ဓာတ်လှေကား စီးသလိုဖြစ်နေတယ်။ အစကတော့မသိဘူးဗျ၊နောက်မှ အဲ့ဒါလှိုင်းမူးတာတဲ့။ ပြိုင်ပွဲအကြီး မစမီမှာ မလေးရှားနိုင်ငံအမျိုးသားတံခွန်စိုက်ပြိုင်ပွဲ တစ်ခု စတော့ အစထဲကကြိုတင်စီစဉ်ထားတဲ့အတိုင်းကျနော့်ကလေးတွေလဲဝင်ပြိုင်ကြတယ်ဗျ။ ကျနော်ကတော့ကျင်းပရေးကော်မတီက အကူအညီ တောင်းလို. ရေထဲမှာချထားတဲ့ အမှတ်အသားတစ်ခုကိုစောင့်ရတဲ့ အငယ်စားဒိုင်လူကြီးလိုမျိုးပေါ့ဗျာ၊ အဲ့ဒါတာဝန်ယူရတော့ Rubber Dinghy လို.ခေါ်တဲ့ လေသွင်းဘုတ်တစ်စင်းနဲ့ကျောက်ချပြီးစောင့်ရတာ။ အဲ့ဒီလှေကအမိုးမပါဘူးဗျ။တစ်နေကုန်ရေထဲမှာနေတာများတယ်။ Lunch ကိုတော့ဘုတ်နဲ.လာပို.တယ်၊ ရေနဲ.အချိုရည်ဘူး တွေကတော့လှေထဲမှပါပြီးသားပေါ့။ လှိုင်းရှိနေတော့လှေကမြင့်လိုက်ကျလိုက် ဖြစ်နေတာ အဆက်မပြတ်ဗျာ။ အဲ့ဒီမှာမှကျနော် လှိုင်းမူးခြင်းဒဏ်ကိုစတွေ.တော့တာပဲ။ စားမျှဆိုတာအန်တာ၊ကျနော်မှာ ရေသောက်လဲ အန်မယ်ဆိုတာသိပေမယ့်ရေဓာတ်ကုန်ဆုံးမှာစိုးလို.အန်လဲအဆက်မပြတ်သောက်နေရတာ။

ကျနော်စိတ်ထင်တော့နေသားကျသွားလိမ့်မယ်လို.အောက်မေ့ပေမယ့် နောက်ပိုင်း အာစီယံနိုင်ငံများပြိုင်ပွဲ စသည့် တိုင်နေ.စဉ်ရေထဲဆင်း နေ.စဉ်လှိုင်းမူးပြီးအန်တာပါ။ သူများနိုင်ငံကနည်းပြတွေကမေးကြတယ်၊မြန်မာနည်းပြပင်လယ်ထဲမရောက်ဖူးဘူးလားတဲ့ ဟုတ်တယ်လေ ကျနော်တို.ကအင်းယားကန်ထဲမှာ လှိုင်းမရှိပဲနေလာတာဆိုတော့ကျနော်မှာ အရှက်ကွဲလိုက်တာ။

ကျနော့် ကလေးတွေပြိုင်ပွဲမှာ တစ်ဦးချင်းပြိုင်ပွဲ နဲ့ အဖွဲ.လိုက်(Team)ဆိုပြီးရှိတဲ့အထဲမှာ Team ကကျနော်တို့ ဆုရနိုင်ဖို.အလားအလာ ရှိလာပါတယ်။ သူကပတ်လည်အမှတ်ပေးစနစ်နဲ.ပြိုင်ရတာဆိုတော့ နောက်ဆုံးပြိုင်ပွဲတစ်ခုမှာ Thailand နဲတွေ့ရမှာပါ။ Thai အသင်း အနေနဲ့ပတ်လည်ပြိုင်ပွဲရမှတ်တွေမှာ မကောင်းတော့ သူ့မှာဆုရဖို.အလားအလာလုံးဝမရှိတော့ဘူး၊ သို.သော်ကျနော်တို.ကသူ.ကိုနိုင်ရင် အမှတ်ပေးစနစ်အရ ရွှေ ရမှာပါ။ ရှုံးရင်တော့ ဒုတိယဗျာ။ ဘယ်သူမဆိုရွှေပဲလိုချင်တာပေါ့။ ပြိုင်ပွဲက တစ်ရက်နားပြီးတော့ နောက်နေ.မှာဒီ Thai နဲပြိုင်ရမှာဆိုတော့ ကျနော်ကလေးတွေဖင်ဘူးတောင်းထောင်ပြီး ဘုရားရှိခိုးလိုက်ကြတာ။ ရန်ကုန်မှာကျန်ခဲ့တဲ့ ကလေး မိဘများကလဲဗေဒင်ဆရာ ဆီ အပြေးသွားပြီး Urgent ယတျာတွေခြေကြနဲ့ တော်တော်ကိုအလုပ်များကြတာ။ ကျနော်မှာညအိပ် လို.မပျော်တော့ဘူး။ ကျနော်အရမ်းရချင်တယ်လေ၊ အန်ကယ့်အတွက် နိုင်ငံတော်အတွက်ရွှေရချင်တယ်။ နောက်နေ.ကလေးတွေရေထဲဆင်း ပြီးကိုယ်ကတော့ Coaches boat လို.ခေါ်တဲ့နည်းပြတွေအားလုံး စုစီးကြတဲ့ အင်ဂျင်သုံးလုံးတက်ဘုတ်ကြီးပေါ် ကနေ ပြိုင်ပွဲကို မှန်ဘီလူး ကိုယ်စီနဲ့ကြည့်ကြတာ။ အဲ့ဒီမှာမလေးနည်းပြနဲ.ထိုင်းနည်းပြနဲ.ကတစ်တွဲ၊ ထိုင်းနိုင်ရင်မလေးတွေကအလိုလိုရွှေရပြီလေ။

ကျနော်ကိုတော့စင်္ကာပူနည်းပြအဖြူကောင်ကကူညီတယ်။ စလုံးကချမ်းသာတော့နည်းပြကိုနိုင်ငံခြားကနေဌားပြီး သင်ခိုင်းတာလေ။
သူ.အသင်းက team ပြိုင်ပွဲမှာဆုမချိတ်တော့ဘူးဆိုတော့ သူကသက်သက်ကျနော်တို.ကိုကူညီပြီးကြည့်ပေးတာ။ သိတဲ့အတိုင်း ကျနော် ကတကယ့် နည်းပြအစစ် မဟုတ်တော့သူကမှန်ဘီလူးနဲ့ကြည့်ပြီး အခြေအနေပြောပေးတယ်။ ခက်တာကအတော်လဲဝေးပြီး နောက်ဆုံး ပန်းဝင် သွားတဲ့အချိန်မှာဘယ်သူနိုင်လဲမသဲကွဲဘူး။ ပွဲပြီးတော့ ခပ်လှမ်းလှမ်းကနေကျနော့်ကလေးတွေလှေတွေကမ်းကိုပြန်ကုန်ကြပြီ ကျနော်မနေနိုင်တော့ဘူး စင်္ကာပူအသင်းက ကလေးတစ်ယောက် လှေဌားပြီးရေထဲဆင်းသွားမေးတော့ ငိုနေကြတာတွေ.တော့ရှုံးပြီ ဆိုတာ သိလိုက်တယ်။ အော်မလေး ထိုင်း နည်းပြများပျော်လွန်းလို.လှေပေါ်မှာထတော်ခုန်တာဗျာ။ ကျနော်မှာတော့ စိတ်က အတော်ကို ညစ်သွားတယ်။ ရန်ကုန်ကမထွက်လာမီမှာထားတာ ဘယ်သူ.မှမနိုင်ရင်နေ ထိုင်းကိုတော့ နိုင်အောင် ပြိုင်ခဲ့ဆိုတော့အခုရှုံးပြီ။ ဒုက္ခတော့ကောင်းကောင်းကြီးတွေ.ပြီပေါ့။ ကုန်းပေါ်ရောက်တော့ရှုံးလို.ညစ်နေပါတယ်ဆိုမှ သတင်းစာတွေကအင်တာဗျုးမလို.တဲ့။ ကျနော့်ကလေးတွေမှာတော့သောင်ပြင်ပေါ်မှာမျက်ရည်နဲ့မျက်ခွက်ပေါ့။ သတင်းစာများကလဲငိုယိုနေကြတဲ့ ပုံတွေရိုက်သွားကြပြီး၊ နောက်နေ့ထုတ်တဲ့သတင်းစာများ မှာ ဝေဝေဆာဆာကြီး ကိုပါလာတာ။ ဘယ်တက်နိုင်မလဲ၊ ကံတရားပဲပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို.နိုင်ငံအတွက်ငွေတံဆိပ် တစ်ခုတော့ ယူသွား ပေးနိုင်ပါသေးတယ်။

Wednesday, December 8, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၁၀)

ဒီတလောအတွင်းမှာ လကုန်ရက်ကလဲဖြစ်တာကြောင့် ရုံးမှာစာရင်းတွေပိတ်နေရတာနဲ့ တင်္နလာနေ့တိုင်း မှန်မှန်တင်ပေးနေကြ ဒီpost ကိုအခုမှပဲတင်လိုက်နိုင်တာမို့ စောင့်နေတဲ့ကျနော့် မိတ်ဆွေများကို အလွန်အားနာမိပါတယ်။ တကယ်တော့ အပိုင်း (၉)မှာတင် ဒီ post
ကပြီးနေပြီဖြစ်ပေမယ့် အဲ့ဒီအချိန် (လွန်ခဲ့တဲ့မေလ) လောက်ကရေးထားတာဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မေလ အတွင်းထွက်တဲ့
Weekly Eleven ဂျာနယ်ဆောင်းပါးမှာ ဆရာဆူနိုဒင်ရဲ့ မရောင်ရာဆီလူးကြသူများ ဆောင်းပါးထွက်လာခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်
အစုံကိုတော့ ဆရာ့ရဲ့ blog http://atkbooks.wordpress.com/2010/05/06/hanky-panky/ မှာဖတ်ရှုနိုင်ပါတယ်။ ဒီဆောင်းပါး
အကြောင်း ရန်ကုန်ကညီလေးတစ်ယောက်ကလှမ်းပြောတာနဲ့ ဆရာရဲ့ခရီးသည်ဖက်အမြင်တိမ်းစောင်းမှုရှိနေ တာကိုပြန်လည်ဖြေရှင်း
ပြပေးချင်တာနဲ့ အခုအပိုင်းကိုရေးဖြစ်သွားတာပါ။ ဒီဆောင်းပါးကြောင့် မြန်မာပြည်လေကြောင်းအသိုင်းအဝိုင်းဆွေ့ဆွေ့ခုန်သွားလောက် အောင်ဂယက်ရိုက်သွားခဲ့ပြီး Weekly Eleven Online စာမျက်နာပေါ်မှာ မကြုံစဖူးအောင်ပဲ Comment ပေါင်းများစွာနဲ့အငြင်းအခုန် တွေ
ဖြစ်ပွားကြပါတယ်။ အဲ့ဒီ အငြင်းအခုန် comments များကိုလဲဆရာ့ရဲ့ blog မှာ Great Fun huh? ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖတ်ချင်တဲ့
သူများသွားဖတ်လို့ရပါတယ်။ ကျနော်ကတော့ ဆရာ့ဆောင်းပါးကို အခြေခံပြီး တချို့နားမလည်တဲ့သူများ နားလည်သဘောပေါက်
စေချင်လို့ ဒီနောက်ဆုံး Post ဖြစ်လာတာပါ။

Weekly Eleven ဂျာနယ်ရဲ့ဆောင်းပါးတစ်ခုမှာတော့ စာရေးဆရာ-ဆရာဆူနိုဒင်ဟာ ခရီးသည်ဖက်က ပဲတစ်ဖက်သတ်ရေးသွား တာကို တွေ.ရတော့အတော်လေးစိတ်မကောင်းမိပါဘူး။ နာမည်ကျော်စာရေးဆရာကြီး တစ်ယောက်အနေနဲ့တော့ နည်းနည်း တွက်တွက်ဆဆ လေးရေးဖို.ကောင်းတယ်လို.ကျနော်ထင်တယ်။ ဒါမယ့်လေဆိပ်ဝန်ထမ်းဖက်ကိုပြန်ကြည့် မယ်ဆိုရင်လဲစာရေးဆရာရေးသားချက်ကို မှီငြမ်းပြီးပြောရမယ်ဆိုရင် သူလုပ်ရမယ့်အလုပ်ကိုသေခြာစေ့စပ်စွာသိနား လည်ခြင်းမရှိဘူးလို.ပြောလို.ရပါတယ်။

ပထမဦးဆုံး e-ticket လို.ခေါ်တဲ့ Paper Less Ticket ကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ပြီးတော့ တစ်နည်းပြောရရင် စာရွက်မဲ့လက်မှတ် လို.ခေါ်ပါတယ်။ e-ticket ကို ၁၉၉၄ခုနှစ် မှာ စတင်အသုံးပြုခဲ့ပြီး ၁၉၉၇ခုနှစ် မှာ တော့တစ်ကမ္ဘာ လုံးစတင်သုံးစွဲနိုင်တဲ့ အခြေအနေကို ရောက်ရှိခဲ့တာကိုတွေ.ရပါတယ်။ ၂၀၀၈ ခုနှစ် ဇွန်လ ၁ ရက်နေ.ကစပြီး ကမ္ဘာအနှံ ကလေကြောင်းလိုင်းများအားလုံး e-ticket တစ်မျိုး ထဲကိုသာသုံးစွဲပါတော့တယ်။ မြန်မာနိုင်ငံ က တချို.သော လေကြောင်းလိုင်းများ နဲ့ ပြည်တွင်းလေကြောင်းများ ကတော့ယနေ့တိုင် ကာဗွန်စက္ကူတွေ အများကြီးပါတဲ့ paper ticket ကိုဆက်လက်သုံးစွဲနေဆဲပါ။ ဒီလိုဆက်လက်သုံးစွဲနေစေရဖို. အတွက်လဲအဖြေကရှိ ပါတယ်။ အဓိကလိုအပ်ချက်နည်းပညာနဲ့အခြေခံပစ္စည်းတွေ (computer software and hardware) တွေမှမရှိတော့ ဘယ်နည်းနဲ့မှ
e-ticket ကိုသွားဖို.ရာမဖြစ်နိုင်သေးပါဘူး။ e-ticket ထုတ်တဲ့နေရာ မှာ online ကနေ လက်မှတ်ဝယ်မှ e-ticket ထုတ်ပေးတာ မဟုတ်ပါဘူး။ travel agent သို.မဟုတ် လေကြောင်းလိုင်း က ဝယ်တဲ့အခါ၊ ဝယ်တဲ့လေကြောင်း လိုင်းမှာ e-ticket ထုတ်ပေးနိုင်တဲ့ facilities ရှိခဲ့ရင် e-ticket ထုတ်ပေးပါတယ်။ တကယ်တန်းတော့ paper less လက်မှတ်ဖြစ်တဲ့အတွက် print out လုပ်စရာမလိုပါဘူး။ သို.သော်တခါတယံမှာလူဝင်မှုကြီးကြပ်ရေးလိုအပ်ချက်တွေကြောင့်အစဉ်ပြေရင် print ထုတ်သွားတာအကောင်းဆုံးပါ။ Airline ရဲ့ System ထဲမှာတော့လက်မှတ်ကို ဘယ်နေရာ ကပဲဝယ်ဝယ်၊ ငွေချေပြီးတာနဲ့ booking status နဲ့အတူတူရှိနေပြီးသားပါ။ booking status ဆိုတာကတော့ဒီ Booking ဟာ confirm ဖြစ်သလား၊ on hold ဖြစ်နေလား၊ waiting list ဖြစ်နေသလားကိုဆိုလိုပါတယ်။ online ကနေ ကဒ်တွေနဲ.တိုက်ရိုက်ဝယ်ယူတဲ့အခါမှာတော့သွားမယ့်ခရီးမှာထိုင်ခုံကျန်ရှိမှသာလျှင်ငွေပေးပြီးဝယ်ယူလို.ရပါ တယ်။ flight fully booked ဖြစ်နေတာမျိုးဆိုရင်တော့ဘာပဲပေးပေး လုံးဝရမှာမဟုတ်ပါဘူးဗျ။ အဲ့ဒီတော့ online က တိုက်ရိုက်ဝယ်ယူတဲ့လက်မှတ်တွေမှာတော့ booking confirmed ဆိုတာတခါတည်းဖြစ်ပြီးသားပါ။ ကျနော်အရင်အပိုင်းတွေမှာ ပြောခဲ့တဲ့ Budget Airlines တွေအကုန်လုံးကတော့
E-ticket System ကိုပဲအသုံးပြုပါတယ်။

ခရီးသည်ကောင်တာ ကိုလာတာနဲ့သူ.စာအုပ်ထဲကနာမည်၊ သို.မဟုတ် လက်မှတ်မှာဖော်ပြထားတဲ့ booking code ကို့ရိုက်ထဲ.လိုက်ပြီး တာနဲ့ကောင်တာမှာရှိတဲ့ system ကနေ ခရီးသည်ရဲ့နာမည်၊ သွားမယ့်ခရီးစဉ်နဲ့ အကယ်၍ခရီးသည်ဟာတစ်နေရာထဲမဟုတ်ပဲ transit တွေနဲ.သွားမယ်ဆိုတွေကအစ ပေါ်လာပါတယ်။ ဒီလို e-ticket နဲ.လာတဲ့ခရီးသည်တွေရဲ့ ချက်ကင် system ဟာတော်တော်များများ manual လုပ်စရာမလိုတော့ပါဘူး။ ရန်ကုန်မှာတော့ ကျနော်မသိဘူးဗျ၊ ချန်ဂီရဲ့ကောင်တာ computer တွေရဲ့ key board တွေဟာ
e-passport တွေကိုဖတ်နိုင်တဲ့မြောင်းလေးတစ်ခုအပို ပါတယ်ဗျ၊ passport ရဲ့ code တွေပါတဲ့ စာမျက်နာကို မြောင်းထဲထည့်ပြီးဖြတ် လိုက်တာနဲ့ ခရီးသည်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဟာချက်ကင် system ထဲကိုအကုန်ရောက်ပြီး key board မှာဟိုနိုပ်ဒီနိုပ် လုပ်လိုက်ရင်ပြီးသွားပါပြီ။ တစ်ခါတစ်ယံမှာ နာမည်တူတူတာတွေ Sir name တူတာတွေရှိတက်တော့ နာမည်ရိုက်ထဲ.လိုက်ရင် တူတဲ့ နာမည်တွေတော်တော်များများပေါ်လာရော၊ အဲ့ဒီထဲကမှကိုယ့်ခရီးသည်ကိုပြန်ရှာရတာ ဆိုတော့နည်းနည်းမဆိုသလောက်လေးကြာသွား တက်ပါတယ်။ ခရီးသည်က e-ticket ကိုထုတ်ပြရင် ဒါမှမဟုတ်၊ ခုနကပြောတဲ့ booking code လေးကိုစာရွက်လေး ပေါ်မှာချရေးလာပြီး ကောင်တာဝန်ထမ်းကိုပြလိုက်ရင်ချက်ချင်း ကိုရှာတွေ.ပြီးအချိန်ကုန်တွေသက်သာသွားပါတယ်။ ချန်ဂီမှာကျနော်တွေ.ဖူးသလောက်တော့ ၇၅%လောက်ခရီးသည် များဟာ e-ticket ကို print ထုတ်လာကြတယ်၊ပြီးတော့ခုနကပြောတဲ့ code လေးကိုပြတက်ကြပါတယ်။

စာရေးဆရာရဲ့ ဆောင်းပါးပါ အချက်တွေကိုပြန်ကြည့်မယ်ဆိုရင် ရန်ကုန်ကလေကြောင်းလိုင်းဝန်ထမ်းတွေကတော့ဒီစာရွက်ကိုကြည့်ပြီး မှချက်ကင်လုပ်ငန်းကိုဆက်လုပ်ဖို.ရအစဉ်ပြေပုံရပါတယ်။ သူတို.မှာလဲဒီ paper ticket တွေနဲ့ယဉ်ပါးလာရတာ များတော့အကျင့် ဖြစ်နေပုံ ရပါတယ်။ ဒါမှမဟုတ်ရင်လဲခုနကပြောသလို မြန်ဆန်စွာ ရှာတွေ့နိုင်ဖို.အတွက်တောင်းတာလဲဖြစ်နိုင်ပါတယ်။ ဆောင်းပါးထဲမှာပါတဲ့ နောက်တစ်ချက်ကတော့ Indonesia ကို transit လုပ်မယ့် တခြားခရီးသည် တစ်ယောက်ကိုချက်ကင်ကောင်တာကနေ စလုံးပြည်ဝင်ခွင့် ဗီဇာ မရှိတဲ့အတွက် ချက်ကင်ဝင်ဖို. ငြင်းတယ်လို.ရေးထားပါတယ်။ ခရီးသည်ဟာ Indonesia ကိုဘယ်လေကြောင်းနဲ့ transit လုပ်မှာ လဲဆိုတာအရေးကြီးပါတယ်။ ကျနော်အရင်အပိုင်းတွေမှာရေးခဲ့ဖူးတဲ့ budget airlines များနဲ. Transit လုပ်မယ်ဆိုရင်ခရီးသည် အနေနဲ့ စလုံးပြည်ဝင်ခွင့်လိုသွားပါပြီ။ budget airlines တွေနဲ.မဟုတ်ဘူးတခြားလေကြောင်းများနဲ့ ဆက်လက်ထွက်ခွာသွား မယ်ဆိုရင်တော့ ဘာဗီဇာမှမလိုတော့ပါဘူး။ ချက်ကင်ကောင်တာရဲ့ဝန်ထမ်းဟာခရီးသည် ဘယ်လေကြောင်းနဲ့ဆက်လက်ထွက်ခွာမယ်ဆိုတာ သိဖို.တာဝန် ရှိပါတယ်။ တကယ်လို.ခရီးသည်က e-ticket ကိုင်ဆောင်ထားခဲ့ရင် system ထဲမှာတခါတည်းဖော်ပြပြီးသားပါ။

ဒါကိုဝန်ထမ်းကမသိပဲနဲ့ စလုံးကိုသွားမယ့်ခရီးသည် မှန်သမျှစလုံးပြည်ဝင်ခွင့်ဗီဇာ ပါရမယ်လိုထင်ပြီး ပြောတာဖြစ်နိုင်သလို၊ ခရီးသည် ကိုင်ဆောင်လာတဲ့ passport အမျိုးအစားပေါ်လည်းမူတည်နေပါသေးတယ်။ စာရေးဆရာဟာလေကြောင်းလိုင်းဝန်ထမ်း အနေဖြင့် ပြည်ဝင်ခွင့် ပေးမပေးလုံးဝမသက်ဆိုင်ကြောင်းရေးထားပါတယ်။ ဒါကတော့သူများအလုပ်ကိုသူမသိပဲထင်ရာမြင်ရာတွေရေးထားတာပါ။ နိုင်ငံတကာလေကြောင်းပျံသန်းမှုဆိုင်ရာအဖွဲ.အစည်းကြီးကနေချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများအရ လေကြောင်းဝန်ထမ်း အနေနဲ့ သက်ဆိုင်ရာပြည်ဝင်ခွင့်များအတွက်စစ်ဆေးဖို.တာဝန်ရှိတယ်လို.ရေးထားပါတယ်။

အကယ်၍ခရီးသည်သွားတဲ့နိုင်ငံကနေပြည်ဝင်ခွင့်မပေးပဲနဲ. ကျနော်ရေးခဲ့ဖူးတဲ့ deportee များဖြစ်ခဲ့ရင်သက်ဆိုင်ရာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးကနေလေကြောင်းလိုင်းကိုဒဏ်ငွေရိုက်ပါတယ်။ ဒါ့အပြင်ခရီးသည်လာရာနိုင်ငံ/မြို.ကို ပြန်ခေါ်သွားဖို.တာဝန်ယူရပါတယ်။ ပြီးတော့ deportee ဆိုတဲ့အတိုင်းကျနော်အရင်ကပြောခဲ့ဖူးတဲ့အစီအစဉ်များနဲ့ ခရီးသည်ခမြာငွေကုန်လူပင်ပန်း အရှက်တကွဲလဲဖြစ်ကြ ရတာပါ။ ဒီထက်မကပိုမိုသေခြာအောင်ထပ်ပြီးပြောရမယ်ဆို ရင် စင်္ကာပူ ICA ဟာ၂၀၀၈ခုနှစ်ကုန်ပိုင်းလောက်မှာ e-visa ဆိုတဲ့စနစ်ကို စတင်ကျင့်သုံးလာပါတယ်။ e-visa ဆိုတဲ့ အတိုင်းစာအုပ်ပေါ်မှာဖော်ပြပေးတဲ့ စတစ်ကာ မလိုတော့ပါဘူး။ e-visa ရဲ့အကြောင်းကို ခေါင်းစဉ် နဲ့ မဆိုင်သော်လည်းကျနော်ဖော်ပြသွားပါရစေ။ အရင်တုံးက ဆို စလုံးဗီဇာအတွက် လျှောက်လွှာကို စလုံးက sponsor ပေးတဲ့ သူရဲ့ စလုံးမှတ်ပုံတင်မိတ္တူလေး ကိုတွဲပြပြီး သံရုံးမှာသွားတင်၊ သံရုံးကစစ်ဆေးပြီး (၃)ရက်ကြာရင်ပြန်ထုတ်ပေးပါတယ်။ အဲ့ဒီလိုကနေ စနစ်တစ်ခုလုံးကိုပြောင်းပြီး သံရုံး မှာဗီဇာ မလျှောက်ရတော့ပဲ၊ ကိုယ့်ကို sponsor ပေးတဲ့လူကိုယ်တိုင် ICA website ကတဆင့် online ပေါ်ကနေလျှောက်၊ online ပေါ်ကနေပဲအကြာဆုံး ၂၄ နာရီအတွင်းပြန်ချပေးပါတယ်။ e-visa ဆိုတဲ့စာရွက်တစ်ရွက် ကိုလဲထုတ်လို. ရပါတယ်။ e-visa ဖြစ်တဲ့အတွက်စာရွက်ကို ICA ကိုပြစရာမလိုပါဘူး။

သို.သော်e-visa ရဲ့ခေါင်းစီးမှာတော့ “ you are required to bring this paper e-Visa with you as the airlines requires you to produce it for verification when you check in “ လို. ICA လို.ဖော်ပြထားတဲ့အတွက် Airline အနေနဲ့ ပြည်ဝင်ခွင့် နဲ့ပတ်သတ်ပြီးတာဝန်ရှိမရှိအရှင်းကြီးပါ။ ဆရာပြောတဲ့အတိုင်းပြောရရင်တော့ ICA က အားအားယားယား မယောင်ရာဆီလူး လုပ်တာ တော့မဟုတ်နိုင်ကောင်းပါဘူးဗျာ။

အထက်ကရေးထားတာကတော့ ကျနော်အဲ့ဒီတုံးကရေးထားတဲ့ မူရင်းပါ။ အခုနောက်ဆုံးပေါ် သတင်းကိုထပ်မံပြောရမယ်ဆိုရင်တော့
ICA ဟာအခု E-Visa တစ်ခုထဲကိုပဲ လက်ခံတာမဟုတ်တော့ပဲ အရင်နည်းလမ်းဟောင်းဖြစ်တဲ့ ရန်ကုန်ကသံရုံးမှာ တင်ပြီးဗီဇာယူရတဲ့
စနစ်ကို ပြန်လက်ခံတယ်လို့ ရန်ကုန်ကလာတဲ့ ညီလေးတစ်ယောက်စီကနေ သိရပါတယ်။ ဘယ်လိုစာရွက်စာတမ်း တွေလိုတယ်ဆိုတာ
တော့ ကျနော်မသိပါဘူး။

နောက်တစ်ခုကတော့ မနေ့ကမှသိလိုက်ရတဲ့ Air Asia ရဲ့ နောက်ဆုံးပေါ်ဝန်ဆောင်မှုပါ။ အခုနောက်ပိုင်းမှာ
Air Asia ဟာ KLCC (KL Budget Terminal) ကနေပြီး ကမ္ဘာ အနှံကိုစာရိတ်နည်းနည်း နဲ့ပြေးဆွဲနေတာလူတိုင်းသိမှာပါ။ စလုံးကတချို့
Air Asia နဲ့ခရီးဝေးတွေကို စားရိတ်နည်းနည်းနဲ့သွားဖို့အတွက် စလုံးကနေ KL ကိုလေယာဉ်သွားစီးလာကြပါတယ်။ ကျနော် အရင်က
ပြောခဲ့သလို Budget Airline တွေဟာ အိတ်တွေကို တိုက်ရိုက်နောက်ဆုံးဆိုက်ရောက်ရာ လေဆိပ်ကိုပို့လို့မရပါဘူး။ ဒီတော့ ခရီးသည်
တွေဟာ KL ကိုဈေးအသက်သာဆုံးလေယာဉ်ကိုရှာပြီးသွား ဟိုရောက်တော့ အိတ်ကိုပြန်ထုတ်ပြီး Air Asia ကိုချက်ကင်ပြန်ဝင် ပြီးလိုရာ
ခရီးကိုဆက်ကြပါတယ်။ ဒီတော့ Air Asia က ၁ ချက်ခုတ် ၂ ချက်ပြတ်တဲ့အနေနဲ့ စလုံးကနေ KL Transit သွားမယ့်သူတွေကို SIN-KL ခရီးစဉ်ကိုပါ Air Asia နဲ့သွားမယ်ဆိုရင် ကိုယ်သွားလိုရာ နောက်ဆုံးမြို့လေဆိပ်အထိ အိတ်တွေကို ပို့ပေးဖို့ဝန်ဆောင်မှုကိုတီထွင်ပေး
လိုက်ပါတယ်။ ဒါတင်မကသေးဘူး၊ ခရီးသည်ဟာ Transit Visa မလိုတော့ပဲ Transit Lounge ထဲကနေ နောက်ခရီးစဉ်ကို ပြောင်းတက် လို့ရသွားပါတယ်။ စလုံးချန်ဂီမှာထဲက နောက်ဆက်ရမယ့်ခရီးအတွက် Borading pass ကိုပါတစ်ခါထဲထုတ်ပေး လိုက်ပါတယ်။ သတိထား
ရမှာကတော့ ခရီးစဉ်တောက်လျှောက် Air Asia ပဲဖြစ်ရပါမယ်။ တခြားဘယ်လေကြောင်းမှပြောင်းလို့မရပါဘူး။ Air Asia နဲ့သွားတဲ့
ခရီးစဉ်တောက်လျှောက်ကိုသာ ဝန်ဆောင်မှုပေးသွားမှာပါ။ ဥပမာ အရှင်းဆုံးတစ်ခုကိုပြောရရင် SIN-KUL-RGN sector ကို Air Asia နဲ့
သွားမယ်ဆိုရင် ရန်ကုန်ရောက်တဲ့အထိ အိတ်တွေကိုပို့ပေးလိုက်မှာဖြစ်ပြီး၊ KL terminal ထဲကနေအပြင်ထွက်စရာမလို၊ ဗီဇာမလိုပဲ
ရန်ကုန်ကိုဆက်ပျံမယ့်လေယာဉ်ကို တန်းတက်သွားရုံပါပဲ။ တခါတလေ SIN-RGN တိုက်ရိုက်ဈေးထက်သက်သာနေတက်တယ်ဗျ။ သူငယ်ချင်းတွေ ဈေးသိပ်ကြီးတာ မစီးချင်ရင် နည်းနည်းအပင်ပန်းခံပြီး အဲ့လိုပတ်သွားရင်ရတယ်ဗျ။

အခုနောက်ဆုံးအပိုင်းအထိ ဖတ်ပေးကြတဲ့ ကျနော့် ညီအကိုမောင်နှမ သူငယ်ချင်းတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်
မျှဝေပေးတဲ့ ဘာမှမဟုတ်တဲ့ အတွေ့အကြုံလေးတွေကနေ ဗဟုသုတတစ်စုံတရာရသွားရင်ဆိုပဲ အလွန်ကျေနပ်ဖို့ကောင်းနေပါပြီ။
နောင်မှာလဲ အလျှင်းသင့်သလို လေကြောင်းလိုင်းတွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာများ ကိုတင်ပေးသွားပါ့မယ်။ ကျနော့် ဘဝဟာ
အလွှာပေါင်းစုံကနေဖြတ်သန်း လွင့်မြောနေခဲ့တော့ နောင်ဆက်တင်မယ့် Blog Post အနေနဲ့ Facebook မှာလဲ ရေးခဲ့ပြီးဖြစ်တဲ့ ကျနော့်
ရဲ့ ပင်လယ်ပြင်ထဲက တချို့အတွေ့အကြုံတွေပါ။ သင်္ဘောသားလို့တော့မထင်လိုက်ပါနဲ့ဗျ၊ ကျနော်ရွက်လှေ ပဲစီးခဲ့တာပါ။ အပိုင်း ၃ ပိုင်း လောက်ပဲပါမှာဖြစ်တဲ့ “ကျနော် ရွက်လှေနဲ့ ပင်လယ်များ” လို့ခေါင်းစဉ်တက်ထားပါတယ်။



SOL @ Hein Oo
Jurong Island, Singapore 1731hrs
08/12/2010

Wednesday, December 1, 2010

ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ခဲ့မိဘူး ...

ဒီဇင်ဘာလ ၁ ရက်နေ့ World AIDS Day အထိမ်းအမှတ်အတွက်နဲ့ HIVကူးစက်ခံရသူတို့အတွက်ဖေးမကူညီနားလည်နိုင်ဖို့ကို ရည်ရွယ်ပြီးSingapore နိုင်ငံ ယနေ့ဒီဇင်ဘာ ၁ ရက်နေ့ထုတ် The New Paper သတင်းစာ၏ မျက်နာဖုံးဆောင်းပါး ဖြစ်သော စင်္ကာပူပေါ်လီကျောင်းသားလေးတစ်ဦး၏ တကယ့်အဖြစ်မှန်ကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင့်ဖြစ်ပါသည်။ တချို့စာကြောင်း များတွင်တိုက်ရိုက်ဘာသာပြန်ဆိုသောကြောင့်ဖတ်ရှုသူအတွက်တစ်စုံတစ်ခုအနှောက်အယှက်ဖြစ်ခဲ့သော်၊ ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန်ပါသည်။ ကျနော့်အာဘော်တစ်ခုမှမပါပဲ ဘာသာပြန်ဆိုထားခြင်းကြောင့် ဆေးပညာဆိုင်ရာများ အမှားအယွင်း ရှိခဲ့သော် နားလည်ပေးဖို့မေတ္တာရပ်ခံပါသည်။


အသက် ၁၈ နှစ်အရွယ် ပေါ်လီတက်ကနစ်ကျောင်းသား James တစ်ယောက် သူ့ဘဝလမ်းကြောင်း မှန်ပေါ်ရောက်နေပြီလို့ မျှော်လင့်လျှတ် ရှိနေတာပါ။ပါတီတွေနဲ့ကလပ်ကို ပုံမှန်သွား ပျော်ပျော်ကြီး ဘဝကိုဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပါ။
သူအရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ အင်း ပြီးတော့ အခြားလိင်တူကောင်လေး တွေနဲ့အပါတ်စဉ် တစ်ယောက်စီပြောင်းပြီး ဆက်ဆံလေ့ရှိပါတယ်။

ဒီလိုသူ့ဘဝကိုဖြတ်သန်းနေရင်းကနေ ၂ နှစ်ကြာတဲ့အခါမှာတော့ မြောက်များလှတဲ့ဆေးတွေကို ပဲလှော်စားသလိုစားရင်းဆေးတွေအပေါ် မှီခိုနေရတဲ့ဘဝကို အဖြစ်ဆိုးစွာရောက်ရှိလာခဲ့ရတယ်ဗျာ ...

James ရဲ့ အသက်၂၀ မှာတော့ HIV Positive အဖြစ်စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

The New Paper နဲ့ အင်တာဗျုးမှာတော့ “ အခုချိန်မှာ ကျနော်ပြန်တွေးကြည့်နေမိတာကတော့ ကျနော့်သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးလျှောက်လည်၊ ကလပ်တက်တဲ့ နေတဲ့အချိန်တွေကိုပါပဲ၊ ကျနော်တစ်ပါတ်ကို အနည်းဆုံး ၃ ကြိမ်တော့ Gay Club တွေကိုရောက်တက်တယ်ဗျ။ ”

အခုတော့ James တစ်ယောက် ဆေးလိပ်ဖြတ်လိုက်ပြီ၊ အရက်မသောက်တော့ဘူး။ ကလပ်သွားတာတွေ လဲလျှော့ချလိုက်ပါပြီ။ လွန်ခဲ့တဲ့လအနည်းငယ်မှာတော့ James တစ်ယောက်ကလပ်ကို ၄-၅ ကြိမ်လောက်ပဲသူငယ်ချင်းတွေနဲ့ရောက်ခဲ့တယ်။

James ဟာသူ့အမူအကျင့်အားဖြင့် ပရမ်းပတာနိုင်ပြီး သူ့ရဲ့ လိင်ဆက်ဆံဖက် များပြားခြင်းဟာ သူ့အတွက်နောင်တစ်ချိန်မှာ ယူကြုံးမရစွာ ပျက်ဆီးခြင်းကြုံရလိမ့်မယ်လို့ သူမသိခဲ့ပါဘူး။

ကတ်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ James ဟာ သူ့ရဲ့လုပ်ရပ်တွေဟာ မှားယွင်းကြောင်းသူသိခဲ့ပါတယ်။ ပြီးတော့ HIV ဟာဘယ်လို ကူးစက်တက်တယ် ဆိုတာကိုလဲ နားလည်သဘောပေါက်တဲ့ လူငယ်ပါ။ သို့သော် သူ့ရဲ့နားလည်မှု၊ သိရှိမှုတို့ဟာ အခု သူ့ကို မကူညီနိုင်ခဲ့ပါဘူး။

သူ့ရဲ့ လိင်ဆက်ဆံမှုမှာ အကာအကွယ်ယူမယူ ဆိုတာကိုတော့ “တော်တော်များများ မှာ အကာအကွယ် ယူတယ် ” လို့ပြောပါတယ်။

“ ကျနော်ပုံမှန်အားဖြစ်တော့ ကွန်ဒွန် ကိုသုံးပါတယ်။ ဒါမယ့် တခါတလ ကျနော့် ပါတနာက အသက်ငယ်ငယ်၊ ကျန်းကျန်းမာမာ နဲ့ သူကိုယ်တိုင်ကသန့်ပါတယ်လို့ပြောရင် တော့ အင်း ကျနော်ဒီတကြိမ် အတွက် ကွန်ဒွန် ကိုမသုံးတော့ဘူးဗျာ”

ဒီလိုသန့်ပါတယ်ဆိုသော လူငယ်ပါတနာ ဘယ်နှယောက်နဲ့များ သူဆက်ဆံခဲ့သလဲဆိုတာတော့ သူဆက်မပြောသွားခဲ့ပါဘူး။ ဒီအတွက်သူ အမျှော်အမြင်မရှိခဲ့ ဘူးဆိုကိုဝန်ခံခဲ့ပါတယ်။

“ကျနော်ကငယ်ငယ်လေး ရှိသေးတာ၊ ပြီးတော့ ကျနော်တစ်ခုခုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ”

ဒီနှစ် ၂၀၁၀ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ James တစ်ယောက် လေယာဉ်မောင် တစ်ယောက်နဲ့ ဂေးကလပ်တစ်ခုမှာ သိကျွမ်းခင်မင် ခဲ့ပါတယ်။ “သူက အသက် ၂၄ နှစ်ဗျ၊ နောက်ပြီးတော့ကျနော်တို့ လိင်ဆက်ဆံတဲ့အခါမှာ သူက ကွန်ဒွန် မသုံးဘူး လို့အဆိုပြုတာရယ်၊ ကျနော် ၂၀၀၉ ခုနှစ်ထဲမှာ တစ်ကိုယ်လုံး Medical Check Up လုပ်ထားတော့ အားလုံးကင်းကင်းရှင်းရှင်း ဖြစ်နေတာရယ်ကြောင့် အကာအကွယ်အသုံးမပြုဘူး ဆိုတာကို လက်ခံခဲ့ပါတယ်။ ”

“ပြီးတော့ သူကလဲ သူ့ကိုယ်သူ ကျန်းမာပြီး ရောဂါကင်းရှင်းတယ် လို့ပြောတာကြောင့်လဲပါ တာပေါ့ဗျာ။”

၃ လကြာပြီးနောက် James ဒီလေယာဉ်မောင်နဲ့ ထပ်တွေ့ကြပြီး သူတို့တကြိမ်ပြီးတကြိမ် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ကြပါတယ်။ James တစ်ယောက် လိင်ဆက်ဆံဖော်များလေတော့ ဘယ်သူနဲ့ကူးစက်ခဲ့သလဲဆိုတာ ကို အသေအခြာမသိပေမယ့် သူကတော့ ဒီလေယာဉ်မောင် စီကနေပဲ ကူးစက်တယ်လို့ ယူဆနေပါတယ်။

James တစ်ယောက်သူ့ကိုယ်သူ ကူးစက်ခံရပြီလို့ သံသရဝင်လာ ပြီးတဲ့နောက်မှာတော့ ခြောက်ခြားတဲ့စိတ်ဝေဒနာပါခံစားခဲ့ရပြီး၊ ပြင်းထန်တဲ့အဖျားတွေနဲ့အချို့ HIV လက္ခဏာတွေကို ခံစားလာရတဲ့အချိန်မှာတော့ သူပိုတွေးလေပိုပြီး စိတ်ဒုက္ခရောက်လေဖြစ်ခဲ့ ရပါတယ်။ သေခြာအောင် သွေးစစ်ဆေးခံဖို့အတွက်ကိုတော့ သူသွားဖို့ခွန်အားမရှိခဲ့ပါဘူး။ သူ့ရဲ့စိတ်ဖိစီးမှုတွေကို ဘယ်သူ့ကိုမှလဲ ပြောမပြနိုင်တော့ သူ့ဒိုင်ယာရီစာအုပ် ထဲမှာချရေးရင်နဲ့ စိတ်ကိုအတက်နိုင်ဆံဖြေသိမ့်နိုင်အောင်ကြိုးစား ခဲ့ပါတယ်။

အပြောင်းအလဲတစ်ခုအနေနဲ့ကတော့ သူရေးနေကြ ဒိုင်ယာရီ စာအုပ်ကို အိမ်ဧည့်ခန်းမှာ မေ့ပြီးထားခဲ့ရက James ရဲ့အမေကဖတ်မိပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာ ကိုသိလို့ James ကိုသွေးစစ်ဖို့အကြံပေး အားပေးခဲ့ပါတယ်။ James က “ ကျနော် HIV Positive ဖြစ်မှာတအားကြောက်တယ်ဗျာ ” လို့သူ့အမေကိုပြောခဲ့ပါတယ်။

James ရဲ့ အမေတစ်ယောက် James ရဲ့အရင်းနှီးဆုံးမိန်းကလေးသူငယ်ချင်း တစ်ယောက်ကို အဖော်ခေါ်ပြီး ၃ ယောက်သား အမည်ဖော်ပြစရာမလိုပဲ သွေးစစ်ပေးတဲ့ဆေးခန်းကိုသွား ဆေးစစ်ခဲ့ကြရာ -

“ ကြောက်ရွံစိတ်တွေတစ်ကိုယ်လုံးဖုံးလွှမ်းနေခဲ့ရပြီးနောက် အချိန် ၁ နာရီကြာပြီး နောက်ဆုံးမှာ ကျနော့်ရဲ့ဆေးစစ်ချက်အဖြေကို ဆရာဝန်က ပြောပြချိန်မှာတော့ ကျနော်တကိုယ်လုံးအမှောင်ထုကြီးဖုံးလွှမ်းသွားခဲ့ပါတော့တယ်”

“ ကျနော့်ရဲ့သွေးအဖြေကို ကြားသိရပြီနောက်မှာတော့ ကျနော့် အမေခမျာ ငိုယိုပြေးထွက်သွားတာကြောင့် ကျနော့်သူငယ်ချင်းမှာ အမေ့ကို နှစ်သိမ့်ရတာနဲ့အလွန်အလုပ်များသွားခဲ့ရတယ်၊ ကျနော်မျှော်လင့်ပြီးသား ဖြစ်ပေမယ့် တကယ့်ကိုအကြီးမားဆုံးသော တုန်လှုပ်ခြောက်ခြားမှု တစ်ခုပါပဲ”

“ အဲ့ဒီအချိန်တုံးက ကျနော်ထင်ခဲ့တာက ဒါဟာ သေဒဏ်ချမှတ် လိုက်တာပဲ လို့ပါ ”

ဒီသွေးအဖြေနောက်ပိုင်းမှာတော့ James တစ်ယောက်စိတ်ဓာတ်ကျပြီး၊ ကယောင်ကတမ်းတွေဖြစ်၊ ညဖက်အိပ်မပျော်ပဲ ချက်ချင်း ချမ်းအေးတုန်ရီပြီးစိတ်ခြောက်ခြားတဲ့ဒဏ်ကိုနေ့စဉ်နီးပါးခံစားခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ James ကို ကူးစက်ရောဂါများအထူးကုသရေးဆေးရုံ ကိုတင်ဆောင်ခဲ့ရပြီး၊ အထူးကြပ်မတ်ခန်းမှာ ရက်ပေါင်း များစွာတိုင်အောက်ကုသမှုခံယူခဲ့ရပါတယ်။ James ရဲ့ CD4 အရည်အတွက်ဟာ ၅၀ ပဲရှိတဲ့အတွက် အထူးစိုးရိမ်စရာအချိန်အနေကို ရောက်ရှိခဲ့ရပြီး HIV ခုခံဆေး ၂ မျိုးသုံးစွဲကုသခဲ့ရာကနေအခုတော့ CD4 ၂၀၀ အထက်ထိရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင် James ဟာ သာမန်လူတစ်ယောက်လို ပုံမှန်အနေအထားပြန်ရောက်ရှိလာပြီးစေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Action for AIDS (AfA) ရဲ့အတိုင်ပင်ခံတစ်ယောက်ရဲ့ဆွေးနွေးမှုကိုခံယူပြီး နှစ်သိမ့်အကြံပေးသင်တန်းတွေကိုပုံမှန်တက်ရောက်နေခဲ့ပါပြီ။

တစစီပြိုကွဲနေတဲ့ သူ့ဘဝကို တဖြည်းဖြည်းနဲ့ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။

“ အခုကျနော်သိပြီ၊ ဒီဟာဟာ သေဒဏ်မဟုတ်ပါဘူး၊ ဒီရောဂါဆိုးကြီးကို အခုသုံးစွဲနေတဲ့ဆေးတွေနဲ့ထိမ်းချုပ်ထားလို့ရနေပြီ၊ ဒါပေမယ့် အခုချိန်ထိကျနော်ဖြစ်ချင်တဲ့ဆန္ဒက ကျနော့်မှာ ဒီရောဂါမရှိဘူးလို့ ” “ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ဘဝကို သေခြာစီမံကိန်းချ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ ”

ပထမဆုံး James ဖြစ်ချင်တဲ့ဆန္ဒကတော့သူ့ရဲ့ကျန်းမာရေးကြောင့် တစ်ဝက်တစ်ပျက်မှာ ရပ်နားထားရတဲ့သူ့ ပေါ်လီဒီပလိုမာကို ဆက်ပြီးတက်ဖို့ပါ။

“ ကျနော်ဒီပလိုမာရပြီးရင် ကြော်ငြာ Company တစ်ခုမှာ ကြော်ငြာစာရေးသားတဲ့အလုပ်ရချင်တယ်ဗျာ၊ ပြီးတော့ ဖြစ်နိုင်ရင် ကျနော့်ပညာရေး ကိုရှေ့ဆက်ပြီးဘွဲ့တစ်ခုရအောင်လုပ်မယ်ဗျာ ”

“ ကျနော့်မိသားစုအတွက် ကျနော်ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်စေခဲ့တယ်၊ ကျနော့်အသုံးပြုရတဲ့ဆေးတွေအတွက်ပဲ တစ်လကို စင်္ကာပူဒေါ်လာ ၂၃၀ ကုန်ကျနေရတာ၊ ကျနော်ဘုရားသခင်ကိုဆုတောင်းမိတယ်၊ ကျနော့်ကို HIV Negitive အဖြစ်များပေးသနားခဲ့ရင် ဘဝတစ်ခုလုံးကိုပါ ပြောင်းလဲပြစ်ဖို့ဝန်မလေးဘူးဗျာ”

“ အခု ကျနော့် HIV Positive ကျနော့်လူနေမှုပုံစံပြောင်းလဲသွားခဲ့တယ်၊ ကျနော်အနာဂါတ်မှာ သေခြာခိုင်မာတဲ့ သံယောဇဉ်ဖြစ်နိုင်ဖို့ အတွက် ပါတနာ တစ်ယောက်ရဖို့လဲမျှော်လင့်မိတယ်၊ ကျနော့်သူ့ ကို ကျနော့်ရဲ့ ကျန်းမာရေးအခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်၊ ဒီအတွက်လိမ်ညာစရာ အကြောင်းမရှိဘူး၊ကျနော့်ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုတော့တကယ့်ကိုနောင်တရမိတာပါပဲဗျာ ”


Ng Wan Ching , The New Paper, 1st December 2010.

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

Monday, November 29, 2010

ကျနော်နဲ့ Airline Industry အပိုင်း (၉)

ဒီအပိုင်းမှာတော့ကျနော့်ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုစုစည်းပြီးဖော်ပြထားတာပါ။

ကျနော်ကတော့ ဒီ Budget airlines (၃) လိုင်းလုံးနဲ့ပျံဘူးပါတယ်။ ပထမဆုံးက jet star asia ပါ။ စလုံးကနေ ဘန်ကောက်ကို သူငယ်ချင်းနဲ့တူတူသွားကြတာ။ အသွားမှာဘာပြသနာမှမပေါ်ပေမယ့်၊ အပြန်မှာတော့ကျနော်တို. ပြသနာပေါ်တော့တာ၊ကျနော်လက်မှတ် ဝယ်တုံးကအတန်တန်သတိထားနေတဲ့ကြားကနေ June နဲ. July အတိုကောက်စလုံးကိုသတိမထားမိပဲပြန်လာရမယ့်ရက်က June လထဲ၊ လက်မှတ်မှာက July ဖြစ်နေတာ။ ဘန်ကောက်လေဆိပ်မှာချက်ကင်ဝင်မှသိလိုက်ရတာ။ လေကြောင်းလိုင်းကပေးထား တဲ့ဆက်သွယ် ရန်ဖုံးကလဲစလုံးကနေပဲခေါ်လို.ရတယ်တဲ့။ ဘန်ကောက်ရုံးဖုံးကလဲရုံးပိတ်သွားပြီမို.လို.မရတော့ဘူးတဲ့။ ကောင်တာဝန်ထမ်းကို မေးကြည့် တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတော့နောက် flight ကိုbooking ပြောင်းတင်ပါ၊ နောက် flight ကမနက်ဖန် မနက်ပိုင်းမှာရှိပါတယ်တဲ့။ သူတို.ပြောတဲ့အချိန်ဟာဘန်ကောက်ရုံးမဖွင့်သေးတဲ့အချိန်ပါ။ ကျနော်ဘယ်လိုမှပြောင်းလို. မရနိုင်တော့ပါဘူး။ ဘန်ကောက်လေဆိပ် ရဲ့ ချက်ကင်ဝန်ထမ်းရဲ့ဝန်ဆောင်မှုကလဲအာဂပါပဲ၊ ဘာဆိုဘာမှမသိ၊ Language ကခက်ခဲနဲ့ဘာကိုမှအကူအညီမပေးနိုင်တဲ့ဝန်ထမ်းပါ။ အဲ့ဒီမှာတင်ကျနော် Jet Star ကိုလုံးဝစိတ်ပျက် သွားတော့တာပါပဲ။ ဘယ်လိုမှကြံရာမရတဲ့အဆုံး Air Asia ကိုမေးတော့မနက်အစောကြီး ထွက်မယ့်လေယာဉ်တစ်စင်း ရှိတယ်ဆိုတာနဲ့ Go show လက်မှတ်ကိုဈေးကြီးပေးထပ်ဝယ်ပြီးလေဆိပ်ကခုံတန်းပေါ်မှာသူငယ်ချင်းနဲ.တစ်ညလုံး ငုတ်တုတ်ထိုင်ရင်း အချိန်ကိုစောင့်ခဲ့ရတာပါ။ အဲ့ဒီနောက်ပိုင်းမှာ Jet Star Asia ကိုနည်းနည်းတော့စိတ်ပျက်သွားခဲ့တယ်။
နောက်ပိုင်းခရီးသွားတာတွေမှန်သမျှကျနော်က Budget Airline ပဲတက်နိုင်တော့ Budget လေပျံတစ်ခုဖြစ်တဲ့ Tiger နဲ့သွားဖြစ်တာများ
ပါတယ်။ Tiger Airways ဟာ Singapore Budget Terminal ကထွက်တာကလွဲလို့ကျနော့်သွားသမျှခရီးတွေမှာတော့ delay ဖြစ်တာ
နဲ့မကြုံသေးပါဘူး။ ဒါပေမယ့်သတင်းစာတွေနဲ့ online forum တွေမှာတော့ Tiger ရဲ့နာမည်ကျော်နောက်ကျမှုတွေနဲ့တာဝန်မယူမှု
တွေကိုမကြာခဏတွေ့ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့လကပဲညီဝမ်းကွဲကိုးရီးယားကို KL Transit နဲ့သွားမှာမို့ KL ကို Tiger နဲ့ဝယ်ပြီးဟိုဖက်
connection ကိုချိန်ကိုက်ထားတာ၊ ၂ပါတ်အလိုမှာ KL ကိုသွားမယ့် flight ကို cancel လုပ်ပြီးညနေပိုင်းရွှေ့လိုက်တယ်ဆိုလို့သူ့မှာတခြား
လေကြောင်းတစ်ခုကိုဈေးနည်းနည်းပိုပေးပြီး KL Connection ကိုရအောင်သွားလိုက်ရတယ်။ တခါတလေဒီလိုအစဉ်မပြေမှုတွေဖြစ်နိုင်
တယ်ဆိုတာတော့အထူးသတိထားရမှာပါ။

နောက်ဖြစ်စဉ်တစ်ခုကတော့ကျနော့်တို့အမိမြန်မာပြည်လေကြောင်း MAI နဲ့သွားတုံးကပါ။ MAI လို့ခေါ်ပေမယ့်လဲအဲ့ဒီအချိန်တုံးက
MAI မှာလေယာဉ်ပိုင်မရှိသေးတော့ Jet Star နဲ့ Code Share လုပ်ပြီးပျံတဲ့ခရီးစဉ်တစ်ခုပါ။ MAI နဲ့ကတော့ဟိုးအရင်တုံးက သွားဖူး ပေမယ့်၊ စလုံးရောက်ပြီးနောက်ပိုင်းကျနော်တခါမှမစီးဖြစ်ခဲ့တာလွန်ခဲ့တဲ့နှစ် October ပြန်တဲ့အထိပါပဲ။ ကြီးကျယ်တာမဟုတ်ပေ မယ့် အဲ့ဒီအချိန်တွေတုံးက Singapore – Yangon ကို Jet Star ကပဲ code share လုပ်ပြီးပျံနေတော့၊ ဒီ Jet Star ကိုမစီးချင်တာကတမျိုး၊ Silk Air ထက်ဈေးနှုံးကလဲသိပ်သက်သာတာမဟုတ်တာကတကြောင်းနဲ.မပျံဖြစ်ခဲ့ပါဘူး။ October ပြန်တော့ချန်ဂီမှာအတူတူ အလုပ် လုပ်တော့ MAI က Station Manager နဲ.ခင်သွားတာရယ်၊ ဟိုးငယ်ငယ်ထဲကသိခဲ့တဲ့သူငယ်ချင်းရဲ့ညီအစ်ကိုဝမ်းကွဲကလဲ MAI က ဘာ Manager လဲတော့မသိဘူး၊ သူတို.နဲ့ပြန်တွေ.တာရယ်ကြောင့်သူတို.လေကြောင်းကိုအားပေးပါဆိုတော့၊ မနေသာတာ နဲ့ MAI နဲ.ပျံဖြစ်ခဲ.ပါတယ်။ ချန်ဂီမှာတော့အေးဆေးပါ၊ သာမန်ခရီးသည်တွေလိုပဲချက်ကင်ဝင်တာဘာညာပေါ့ဗျာ။ ရန်ကုန်ကနေစလုံးကို ပြန်တော့ ထုံးစံ အတိုင်းရန်ကုန်ကဝန်ထမ်းတွေကိုအမျိုးတွေစပ်ပြပြီးမှချောချောချူချူနဲ.လိုချင်သောထိုင်ခုံကိုရပါတယ်။ ဒါတောင်ကျနော့်အိတ်က ဘာကီလိုမှမပိုလို့နော်၊ ပိုရင်ဂွင်ရိုက်မယ့်သူတွေကအစဉ်သင့်ပဲ။ ကျနော်အရင်ကရန်ကုန်လေဆိပ်မှာလုပ်လာတာဆိုတော့သူ့တို့ အထာ လောက်တော့ဘယ်လာကျောလို့ရမလဲဗျာ။ ဒါရန်ကုန်ရဲ့ထုံးစံဆိုတော့ကျနော်အသေးစိတ်ဘယ်လိုအမျိုးစပ်တယ်ဆိုတာ topic နဲ့မဆိုင်လို.မပြောတော့ပါဘူးဗျ။ လေယာဉ်ပေါ်ရောက်တော့ဘေးခုံမှာကောင်မလေးနှစ်ယောက်ဗျ၊ တစ်ယောက်ကစလုံးကို WP နဲ့ဝင်တာ၊ တစ်ယောက်ကတော့ မလေးကို transit နဲ.ကူးမှာပါ။ နှစ်ယောက်စလုံးပုံစံကအူတူတူနဲ.။ပျံတက်ပြီးကျွေးတဲ့အချိန်ကျတော့ စတွေ.ရော။ ကျနော်ကဗိုက်ဆာရင်စိတ်တိုတက်တယ်၊ ပြီးတော့ရန်ကုန်ကပြန်တိုင်း ဖြစ်တက်တဲ့ feeling အလိုမကျသလိုဘာလိုလိုဆို တော့စိတ်က နည်းနည်းတိုနေတယ်။ crew ကရှေ.ဆုံးတန်းကနေ စကျွေးလာပါတယ်။ နောက်ထပ် crew တစ်ယောက်ကတော့နောက်ဆုံးတန်း ကနေ စကျွေးလာတယ်ဗျ။ ကျနော်ကရှေ့ဆုံးကရီရင်ဒုတိယမြောက်တန်းမှာထိုင်ပါတယ်၊ ရှေ.ဆုံးတန်းပြီးတော့ဘေးကဒုတိယတန်း ကို ကျွေးပြီးသကာလမှာကျနော်ရှိနေတဲ့ တန်းကိုကျော်ပြီးတတိယတန်းကိုကူးသွားပါတယ်။ အစကတော့သိပ်သတိမထားမိပါဘူး၊ သူတို. Procedure ရှိတဲ့ အတိုင်းလုပ်နေတာပဲဆိုပြီးတော့။ ခဏနေတော့သူဟာ ငါးတန်းမြောက် ခြောက်တန်းမြောက်ထိတောင်ရောက်နေပါပြီ။ ဘေးခုံကခုနကမရွှေချောနှစ်ယောက်ကအစ်ကိုညီမတို.ကိုဘာဖြစ်လို.မပေးတာလဲဆိုတော့ကျနော်လဲမနေနိုင်တော့တာနဲ့ခေါင်းပေါ် ကခုလုတ်ကိုနိုပ်ပြီးခေါ်လိုက်တော့ကျေးဇူးရှင်ကရောက်လာတယ်။ ကျနော်မှာအင်မတန်စိတ်တိုနေသော် လည်းနိုင်ငံကြီးသား ပီသအောင်စိတ်ကိုထိန်းပြီး၊ I just would like to know that why you do not provide meal to us? လို.မေးလိုက်တော့၊ Oh! So Sorry Sir, I missed out တဲ့။ miss out ဖြစ်စရာလားဗျာ။ လေယာဉ်ပေါ်မှာပေးရမယ့်ဝန်ဆောင်မှုတွေအတွက်အထူးလေ့ကျင့်ထားတဲ့ crew တွေဖြစ်ရက်နဲ. ဒီလိုမမှားသင့်တဲ့အမှားမျိုးကိုမှားတာ ကျနော်အတွက်တော့ခွင့်လွှတ်နိုင်စရာမရှိပါဘူး။ တကယ်တော့ crew ဟာ
Jet Star Asia ဝန်ထမ်းပါ၊ မြန်မာလူမျိုးယောင်္ကျားလေးတစ်ယောက်ပါ။ ချန်ဂီရောက်ပြီး terminal ထဲဝင်တော့ MIA Station မန်နေဂျာနဲ. သူငယ်ချင်းညီကိုတွေ.တော့အစဉ်ပြေရဲ့လားလို.မေးပါတယ်၊ စကားတွေအများကြီးရှည်နေရမှာ စိုးတာနဲ.ပြေပါတယ်ပဲပြော လိုက်ပါ တော့တယ်။ စိတ်ထဲမှာတော့ကျနော်အတက်နိုင်ဆုံးကြိုးစားပြီးမစီးတော့ဘူးလို. စဉ်းစားမိတာပေါ့။

နောက်ဖြစ်စဉ်တစ်ခုကတော့ -

ကျနော်စလုံးကနေရန်ကုန်ပြန်တိုင်းလိုလို Silk Air ကိုပဲအများဆုံးစီးခဲ့ပါတယ်။ ပြောခဲ့ဖူးတဲ့အတိုင်းဈေးကမကွာတာရယ် Jet Star လေယာဉ်ပျံကိုမစီးချင်တာတွေရယ်နဲ.ရန်ကုန်လေဆိပ်မှာတွေ.ရမယ့်အခက်အခဲတွေကိုရှောင်ရှားချင်တာရယ်တွေရယ်ကြောင့်ပါ။ အခုတော့MAI ကကျနော်တို.နိုင်ငံတော်အလံတင်လေယာဉ်တော့ပျံနေပါပြီ။ စလုံးကိုပထမဆုံးထွက်လာတုံးကဘန်ကောက်ကတဆင့် ဆိုတော့ ရန်ကုန်ကနေဘန်ကောက်ကို MAIနဲ့ပျံတုံးနောက်ဆုံးအလံတင်လေယာဉ်စီးပြီးနောက်ပိုင်းတခါမှ ကိုယ့်နိုင်ငံအလံပါတဲ့ လေယာဉ် မစီးဖြစ်သေးပါဘူး။

Silk Air ကတော့အားလုံးသိတဲ့အတိုင်း Singapore Airlines (SQ) ကပိုင်တဲ့ဒုတိယအဆင့်အတန်းရှိတဲ့လေကြောင်းတစ်ခုပါ။ ဒေသအတွင်းခရီးတိုလေးတွေပျံဖို.အတွက် ဆိုတော့ Air Bus 319 နဲ့ Air Bus 320 တွေကိုသုံးလေ့ရှိပါတယ်။ အခုလက်ရှိ MAI နဲ့ Jet Star ကပျံနေတဲ့လေယာဉ် အမျိုးအစားတူတူပါပဲ။ စလုံးကလူတွေမှာတော့ရွေးစရာမရှိရန်ကုန်ပြန်မယ်ဆိုရင် MAI သို.မဟုတ် Silk Air ပေါ့။ ကျနော်ရဲ့ personal ခံစားချက်အရဆိုနှစ်ခုလုံးနဲ့မပျံချင်တာအမှန်ပါ။ ဒါမယ့်သူတို.နဲ့မှ မပျံရင်ဘန်ကောက်ကပတ်ပြန် ရမှာဆိုတော့ သိပ်တော့မလွယ်ဘူးဗျ။ တခါတလေကျနော်အားလို. Air fare တွေကြည့်ရင်ပတ်ပျံတာသက်သာ နေတက်တယ်၊ budget airline နဲ့ကိုပြောပါတယ်။ ဒါမယ့်လဲ transit လုပ်ရမယ့်အချိန်တွေနဲ့ဗီဇာအတွက် ကုန်ရအုံးမှာပဲဆိုတော့ဘာမှတော့သိပ်မထူးတော့ပါဘူး။

အခုနောက်ဆုံးတစ်ခေါက်ပြန်တော့ Company ကလူကြီးမိသားစုနဲ.အတူဆိုတော့ခရီးစဉ်ကိုကျနော်ကဆွဲပေးပြီး ကျနော်ရဲ့ရုံးချုပ် ကနေ လက်မှတ်ကိုဝယ်ပါတယ်။ သူတို.ဝယ်တဲ့အချိန်ကသွားမယ့်ရက်နဲ.တော်တော်လေကပ်သွား ပြီးတရုတ်နှစ်ကူးရုံးပိတ်ရက် တွေကြောင့် လက်မှတ်တွေကတော်တော်လေးခက်ပြီး Silk Air ကရောင်းတဲ့လက်မှတ် ကုန်လို. SQ ကရောင်းတဲ့လက်မှတ်ပဲကျန်တော့တာကြောင့် SQ လက်မှတ်ကိုပဲဈေးကြီးပေးဝယ်လိုက်ကြရပါတယ်။ ရန်ကုန်ကို Silk Air ကပျံတယ်ဆိုပေမယ့် SQ အနေနဲ.လဲ code share လုပ်ပြီးဈေးကြီးတင်ရောင်းတာပါ။ ကျနော် ပြန်မယ့်ရက် ၂၄ နာရီအလိုမှာတော့ silk air online ကနေကျနော် internet check in လုပ်ကြည့်တယ်ခင်ဗျ။ ကျနော် ရဲ့လက်မှတ်က SQ လက်မှတ်ဖြစ်နေတာရယ်၊ internet check in နဲ့ဆိုမနက်အစောကြီးလေယာဉ်ချိန် ဆိုတော့ အိမ်ကနေအစောကြီးမထွက်ပဲ အချိန်ကိုက်ပြီးသွားလို.ရတာရယ်၊ ထုံးစံအတိုင်းကျနော် crazy ဖြစ်တဲ့ခုံနေရာ ကိုကြိုဦးထားလို.ရအောင်ဆိုပြီးတော့ပါ။

ဒီနေရာမှာ internet check in အကြောင်းမသိသေးတဲ့လူတွေအတွက် ကျနော်နည်းနည်းပြောပြရစေ။ အခုနောက်ပိုင်းနည်းပညာ ဖွံဖြိုးမှုတွေ၊ လေကြောင်းလိုင်းတွေအချင်းချင်းကောင်းသည်ထက်ကောင်းအောင် ပြိုင်ဆိုင်တာတွေကနေဒီဝန်ဆောင်မှု တစ်ခုဖြစ်လာ တာပါ။ ပထမတန်းစားနဲ့၊ ဒုတိယတန်းစားလေကြောင်း လိုင်းတိုင်းလိုလို internet check-in ဝန်ဆောင်မှုတွေရနေပါပြီ။ အခုနောက်ဆုံး budget airline တစ်ခုဖြစ်တဲ့ Air Asia မှာတောင်ရနေပါပြီ။ internet check in လုပ်တဲ့အတွက်လေဆိပ်ကောင်တာမှာ သွားတန်းစီ စရာ မလိုတော့ပါဘူး။ ဒါမယ့်ကိုယ့်စီပါလာတဲ့ အိတ်နဲ့ပစ္စည်းတွေကို check in လုပ်ဖို.အတွက်နဲ.လိုအပ်ခဲ့ရင် passport စာအုပ်ကို စစ်ဆေး ဖို. အတွက်ကောင်တာ တစ်ခုကိုတော့သွားရပါသေးတယ်။ သို.သော်သီးသန့်ကောင်တာဖြစ်တဲ့အတွက် တန်းသိပ်စီ စရာ မလိုတော့ပါဘူး။ ဒါအပြင်လေယာဉ်ထွက်ခွာဖို. ၄၈နာရီအထိကြိုတင်ချက်ကင်ဝင်ထားလို.ရပါတယ်။ (ဒီထဲမှာမြန်မာပြည်ကိုသွားမယ့် ခရီးစဉ်တွေအတွက်မပါဘူးဗျနော်။) internet ကချက်ကင်ဝင်တာနဲ့အရေးပေါ်ထွက်ပေါက်များကလွဲပြီး ထိုင်ခုံကိုကိုယ်ကြိုက်တဲ့ နေရာမှာ ကြိုတင်ယူထားလို.ရပြီး boarding pass ကိုပါကိုယ့်မှာ printer ရှိရင်ထုတ်ယူသွား လို.ရပါတယ်။ လေဆိပ်မှာလဲ Self Service Check In Machine လို.ခေါ်တဲ့ကိုယ်တိုင် ချက်ကင် လုပ်ရတဲ့စက်တွေနဲ. လဲချက်ကင်ဝင်လို.ရပါတယ်။ အခုနောက်ဆုံးဝန်ဆောင်မှုကတော့ mobile phone ပေါ်ကနေတောင်ချက်ကင်လုပ်လို. ရပါတယ်။

ခုနကအကြောင်းဆက်ပြောရရင် ကျနော် flight အတွက် internet check in လုပ်တာဘယ်လိုမှာလုပ်မရဘူး။ not available ကြီးပဲပြောနေတယ်။ ကျနော့် Singapore Airline Member Area ကနေဝင်တော့လဲမရတော့ ကျနော် Silk Air customer service ကိုဖုံးခေါ်ပြီးမေးကြည့်တဲ့အခါမြန်မာပြည်ကိုသွားမယ့်ခရီးစဉ်များမှာကောင်တာမှာပဲချက်ကင် ပေးဝင်ပါတယ်တဲ့ဗျာ။ ဘယ်တက်နိုင် မလဲ တက်စီကို ၅၀% ပိုပေးပြီးစောစောသွားရုံပဲပေါ့။ လေဆိပ်ရောက်တော့ Silk Air ကောင်တာများမှာရန်ကုန် flight အတွက် ကိုယ်ထက် ဝိရိယကောင်းတဲ့လူတွေတန်းစီနေတာအရှည်ကြီးဗျာ။ ကျနော်ဟိုကြည့်ဒီကြည့်လုပ်တော့ Singapore Airlines ရဲ့ကောင်တာများ ရှိတော့ ကျနော်လက်မှတ်က SQ ဆိုတော့ရမလားစမ်းကြည့်တာ၊ ရတယ်ဗျာ။ မင်္ဂလာနံနက်ပါဘာညာနှုတ်ဆက်ပြီးတာနဲ့ e-ticket ဆိုတော့ ကျနော် စာအုပ်ပဲပေးလိုက်ပါတယ်။ ပြီးတော့ကျနော်လိုချင်တဲ့ခုံတောင်းတော့အေးအေးလူလူပဲပေးပ်ါတယ်။ ၄ ကီလိုပိုနေတာလဲလွှတ်ပေး လိုက်တယ်ဗျာ။ အလွန်စိတ်ချမ်းသာတာပေါ့။ အမြဲတမ်းလိုလိုချန်ဂီမှာအေးအေးဆေးဆေး ရှိပါတယ်။ သယ်လာတာတွေများနေလို.ပိုနေ တယ်ပြန်ထုတ်လိုက်ပါအုံးဆိုလဲဘာမှအငြင်းအခုံလုပ်မနေပဲထုတ်ပေးလိုက်တာများပါတယ်။ လေယာဉ်ပေါ်မှာစားဖို.အတွက် ကျနော်ရဲ့ သက်သက်လွတ်အစားအစာ confirm ဖြစ်တယ်ဆိုတဲ့အကြောင်းကောင်တာကဝန်ထမ်းကပြောလိုက်ပါသေး တယ်။ boarding pass နဲ့ကျနော်စာအုပ် ကိုပေးပြီးတာနဲ.အိမ်အပြန်ခရီးသာယာစေကြောင်း၊ လေယာဉ်ပေါ်မှာပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း နှုတ်ဆက်စကား ကိုပါပြောသွားပါတယ်။ ကမ္ဘာအကောင်းဆုံးလေဆိပ်ချန်ဂီရဲ့ဝန်ဆောင်မှုတွေပါ။ ကျနော်ဒီဟာကို အသေးစိတ် ပြောရတဲ့အကြောင်းရင်း ကတော့နောက်ပိုင်းမှာထင်ရှားလာပါလိမ့်မယ်။

ဒီလိုနဲ.ကျနော်အမိမြန်မာပြည်ရန်ကုန်မြို့ကိုရောက်ခဲ့ပြီးတဲ့နောက်ပြန်ဖို့ရက်စေ့လို့စလုံးပြန်ဖို.ရက်ရောက်တော့လေဆိပ်ကိုထုံးစံ အတိုင်း တစ်ယောက်ထဲဆင်းလာခဲ့တယ်။ လေဆိပ်ကိုကားဆိုက်ပြီးတာနဲ့စတွေ.ရတာကတော့ အလုပ်သမားများပါ။ကျနော့်ပစ္စည်း ကိုကားပေါ်က သယ်ချမယ်တကဲကဲလုပ်နေတယ်။ ကျနော်မှာသေတ္တာတစ်လုံး ပဲပါတာဘာအလုပ်သမားမှမလိုဘူးလေ။ သူတို.ရဲ့စားဝတ်နေရေးကို အရေးမစိုက်လို.တော့မဟုတ်ပါဘူးနော်။ ဒါမယ့်လေဆိပ်တစ်ခုရဲ.မလိုအပ်တဲ့ဝန်ဆောင်မှုတစ်ခုပါ။ ကျနော် ဘယ်သူမှလဲစောင့်စရာ နှုတ်ဆက်စရာမရှိတော့ တိုက်ရိုက်ပဲ ချက်ကင်ကောင်တာကိုဝင်ခဲ့တာပေါ့။ ဒီမှာနောက်တစ်မျိုးဘယ်တိုင်းပြည်မှာမှမရှိသော လေဆိပ် ချက်ကင်ကောင်တာများအဝင်လုံခြုံရေးကတော့ထုံးစံအတိုင်းဟိုမေးဒီမေးပေါ့ဗျာ။ ကျနော်ကရန်ကုန်လေဆိပ်အကြောင်း ကောင်းကောင်း ကြီးသိတဲ့သူဆိုတော့ ဟဲဟဲ သိတယ်မဟုတ်လား။

Silk Air ကောင်တာရောက်တော့ကျနော်မင်္ဂလာနံနက်ပါဘာညာနှုတ်ဆက်ပါတယ်။ ဒါမယ့် ကောင်တာမှဝန်ထမ်းကတော့မျက်နာသေ၊ အသံပြတ်ပြတ်စက်ရုပ်လေသံနဲ.တာဝန်အရသူ.နှုတ်ဆက်လို.ပြန်နှုတ်ရတဲ့လေသံနဲ့ပါ။ တစ်စက်လေးမှမပြုံးပါဘူးဗျ။ ထားပါတော့ ဒါကဖြစ်တက်ပါတယ်စိတ်မကြည်တဲ့အခါ၊ အိပ်ရေးမဝတဲ့အခါတွေမှာ ဖြစ်တက်တော့ဗွေမယူတော့ပါဘူး။ ကိုယ်ချင်းလဲစာတယ်လေ။ ကျနော်မှာလဲဒီခုံကိုပဲ crazy ဖြစ်တော့ကောင်တာ မှာစပြီးချက်ကင်လုပ်တာနဲ.ရှေ.တန်းတွေကိုပေးဖို.တောင်းပါတယ်။ ဒါနဲ့ကျေးဇူးရှင်က ရှေ.ခုံတွေအကုန် reserved လုပ်ထားတဲ့အကြောင်းပြောရော၊ ဒါတော့ကျနော်သည်းမခံနိုင်တော့ဘူးဗျာ။ ကျနော်ရောက်တာ အစောကြီး ထဲက ဘယ်သူတွေကကိုယ့်ထက်စောအောင်လာပြီးချက်ကင်လုပ်သွားလို.ခုံတွေမရှိတော့တာလဲ။ ကျနော်ကဒါဆို ဘယ်ခုံတန်း ကိုရမှာလဲ ဆိုတော့ ၂၀ ကျော်ဗျာ။ အဲ့ဒါအရှေ.မှမဟုတ်တာနောက်ဆုံးနီးပါးဗျာ။ ဒါနဲ.ကျနော်အထွန့်တက်ပြီး တော့ဘာဖြစ်လို.လူမလာသေးတဲ့ ခုံတွေကိုဖယ်လို.မရတာလဲဆိုတော့။ ကြိုတင်စီစဉ်ထား တာတဲ့၊ ဖယ်လို.မရဘူးတဲ့။ ကျနော်စိတ်ကတော်တော်ကိုတိုလာပါပြီ။ ဒါနဲ.ကျနော်က Singapore Airlines Member ဖြစ်တဲ့အတွက်အထူးအခွင့်အရေးပေးဖို.နဲ့ဒီ computer system ကိုမသုံးတက်ရင် ကျနော်ခုံ တွေကိုရွေ.ပေးမယ်လို. ပြောတော့ဘာမှပြန်မပြောပဲ Boarding pass ကို print လုပ်ပြီးပေးပါတယ်။ ကျနော်ကြည့်လိုက်တော့ခုံတန်း ၁၄ မှာပါ။ ကျနော်အလျော့မပေးပဲဒီခုံမကြိုက်ဘူးဆိုပြီးအရေးပေါ်ထွက်ပေါက်အတန်းကိုပေးပါလို.ထပ်ပြောတော့ပြန်အရွေ.အပြောင်းလုပ်ပြီး ပေးပါတယ်။ ဒီခုံကိစ္စတွက်တင်စကားပြောရတာ ၁၀ မိနစ်လောက်ကြာပြီးမလိုလားအပ်တဲ့စကားတွေပြော နေကြရတာပါ။ Silk Air လို လေကြောင်းလိုင်းကဝန်ထမ်းအနေနဲ.တော့ Changi ကအပြုံးသင်တန်းများ မတက်ထားသိတိုင်အခြေခံ customer service တစ်ခု အနေ နဲ. ကတော့ကောင်းကောင်းမွန်မွန်ရှိသင့်ပါတယ်။ ကျနော် အနေနဲ့ဒီလိုဝန်ထမ်းဘဝကိုနေခဲ့ဖူးတဲ့လူဆိုတော့စာနာထောက်ထား မိသော် လည်းနည်းနည်းလေးတော့ပြုပြင်စေချင်တယ်ဗျာ။

ဘယ်သူ့ကိုမှထိခိုက်စေလိုတဲ့စိတ်နဲ့ရေးထားတာမဟုတ်ပဲ။ ကျနော့်တို့မြန်မာတွေရဲ့ဝန်ဆောင်မှုအဆင့်အတန်းပိုမိုမြင့်မားလာဖို့ရည်ရွယ်
ပါကြောင်း။




ကျနော်နဲ့ Airline Industry အပိုင်း (၁၀) နောက်ဆုံးပိုင်းသို့

Friday, November 26, 2010

ကျနော့်ရဲ့ငယ်ဘဝ အပိုင်း (၄)

ကျနော့်ရဲ့ငယ်ဘဝ အပိုင်း ၃ ကို လွန်ခဲ့တဲ့မတ်လကတင်ခဲ့ပြီးနောက်ယနေ့တိုင်ဆက်ပြီးမရေးဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာ လက်ရှိဖြစ်ပေါ် ကြုံတွေရတဲ့အတွေ့အကြုံတွေ၊ သတင်းဘာသာပြန်တွေရေးနေတာတွေကြောင့်ဒီအကြောင်းကိုလုံးဝရှေ့မဆက်ဖြစ်ခဲ့ဘူး။ အခုတော့ သူငယ်ချင်းတစ်ယောက်ကမေးတာရယ်အခုတလောဘာမှထွေထွေထူးထူးရေးစရာမရှိတာရယ်ကြောင့်ဆက်ပြီးရေးဖို့ဖြစ်လာခဲ့တာပါ။
နောက်တစ်ခုကဒီကျနော့်ငယ်ဘဝအကြောင်းက ကျနော့်ကိုယ်တိုင်ရေးမှတ်တမ်းအနေနဲ့သာရေးတာမို့ကျနော့်သူငယ်ချင်းတွေသိပ်ဖတ်
လို့တော့ကောင်းမယ်မထင်ပါဘူးလို့ကြိုပြောပါရစေဗျာ။

၈ တန်းကျောင်းသားနှစ်အတွင်းကျောင်းမှာအမှတ်အရဆုံးအဖြစ်ကတော့ PT (Physical Training) အချိန် hall ထဲမှာသွားရမှာကိုမသွားပဲ ကိုယ့်ဟာကိုယ်အခန်းထဲမှာသူငယ်ချင်းတွေနဲ့ကဲနေလိုက်တာ ဟိုးအောက်ကကျောင်းအုပ်ကြီးရုံးခန်းကနေတောင်လှမ်းမြင်ရလို့၊ ကျောင်းသားတစ်ယောက်ကိုအခေါ်ခိုင်းပြီးရုံးခန်းရှေ့မှာကြိမ်လုံးနဲ့ ၃ ချက်စီအဆော်ခံလိုက်ရတာပါပဲ။ အခန်းထဲမှာကျန်ခဲ့တဲ့အထဲမှာ
မိန်းကလေးတွေလဲပါတော့ဆရာကြီးကကြိမ်လုံးနဲ့ထွက်လာတာမြင်တာနဲ့သူတို့ကမျက်ရည်လေးတွေကျပြလိုက်တော့ကြိမ်ဒဏ်က
လွတ်ငြိမ်းခွင့်ရပြီးကျနော်တို့ယောင်္ကျားလေးတွေပဲအဆော်ခံထိခဲ့ရတာပါ။ အဲ့ဒီတုံးကကျနော်တို့ဗဟန်း ၂ ရဲ့ကျောင်းအုပ်ကြီးက
ဆရာကြီးဦးကြည်ဝင်းပါ။ စီးကရက်ကိုမနားတန်းသောက်တက်ပြီး၊ လက်ကြားမှာစီးကရက်၊ တခြားလက်တဖက်မှာတော့ကြိမ်လုံးကိုကိုင်
ပြီးလမ်းလျှောက်စစ်ဆေးကြည့်ရှုနေတက်ပါတယ်။ ဆရာကြီးကိုကွယ်ရာမှာနံမည်ပြောင် “တာတီး” လို့လဲခေါ်ပါတယ်။ တာတီးလို့ခေါ်
တဲ့အကြောင်းအရင်းကတော့ကျနော်မှတ်မိသလောက်ရှပ်ရှင်တစ်ခုမှာဦးကျော်ဟိန်းသရုပ်ဆောင်တော့ရုပ်ရှင်ထဲကဇာတ်ကောင်နာမည်က
တာတီးဖြစ်ပြီးတုတ်ကြီးတစ်ချောင်းကိုင်ပြီးလျှောက်လျှောက်သွားတက်တော့၊ ကြိမ်လုံးတစ်လုံးကိုင်ပြီးလျှောက်တက်တဲ့ဆရာကြီးနဲ့တူတာ
ကြောင့်ကျောင်းသားတွေကတာတီးလို့နာမည်ပေးလိုက်တယ်လို့သိရပါတယ်။

ကျနော် ၈ တန်းနှစ်မှာရေကူးနေတာတွေ၊ တခြားအပေါင်းအသင်းတွေများလာတာရယ်ကြောင့် ၉ တန်းနှစ်ကိုရောက်တဲ့အခါကျနော် မှန်း ထားသလောက်အခန်းကောင်းမရခဲ့ပဲ D ခန်းပဲရောက်ခဲ့တယ်။ ၉ တန်းနှစ်မှာတော့ကျနော့်အပိုင်း ၃ မှာပြောခဲ့တဲ့သူငယ်ချင်းနဲ့ပိုမို ရင်းရင်း နှီးနှီးပေါင်းဖြစ်လာတယ်။ တခြားအခန်းဖော်သူငယ်ချင်းတွေလဲရှိတော့ရှိတယ်သိပ်တော့မမှတ်မိတော့ဘူး။ အားကစားတောဆက်မလုပ်
ဖြစ်တော့ပဲ ၉ တန်းဆိုတာ ၁၀ တန်းရဲ့အခြေခံဆိုတဲ့အတိုင်းစာကိုတော့တက်နိုင်သမျှလုပ်ဖြစ်ပါတယ်။ ကျနော်အရမ်းကြိုက်တဲ့ ကောင်မလေးကို ၈ တန်းနှစ်ကိုရောက်လာပြီဆိုတော့ကျနော်နဲ့ကျောင်းတက်တဲ့အချိန်တူသွားပြီပေါ့။ဘာမှတော့ဆက်ပြီး ကြိုးစားပမ်းစား လိုက်ပြီးကြိုက်တာတော့မဟုတ်ပါဘူး။ စိတ်ထဲမှာတော့အတော်ကိုချစ်တယ်ထင်တာပဲ။ ၉တန်းနှစ်မှာသင်္ချာကျူရှင်က ဆရာစံလမ်းက သူငယ်ချင်းတစ်ယောက်အိမ်မှာဆိုတော့အဲ့ဒီကိုကျူရှင်သွားရင်းနဲ့သူတို့အိမ်ဘေးကကျနော်တို့ထက်တစ်တန်းငယ်တဲ့တီတီစီကျောင်းကသူငယ်ချင်းတစ်ယောက်ထပ်ရတယ်။ သူနဲ့တဖြည်းဖြည်းအတော်ခင်သွားပြီးရင်းရင်းနှီးနှီးပေါင်းဖြစ်တယ်။ TTC ကျောင်းကိုလဲခဏခဏ သွားလည်၊ ကုက္ကိုင်းရေကူးကန်မှာရေသွားကူးနဲ့ကျောင်းချင်းမတူတဲ့သူငယ်ချင်းအသစ်တစ်ယောက်ရတာ။ သူကနည်းနည်း မိုက်မိုက် ကန်းကန်းဆန်တယ်ဗျ၊ ရန်ဖြစ်ချင်တယ်သွေးဆူတယ်ပေါ့ဗျာ။ တစ်ရက်တော့ဘာရယ်မဟုတ်ဘူး၊ ချိန်းပြီးထိုးပွဲလုပ်ချင်တယ်တဲ့၊ ငယ်တုံးကြတော့နားမလည်ဘူးလေ၊ ကျောင်းကအခန်းမှာ ၄ ယောက်တစ်တွဲထိုင်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ၊သူတစ်ယောက်နဲ့ ကျနော်အပါအဝင်ကျန်တဲ့ ၃ ယောက်နဲ့တစက်မှမတဲ့ဘူး။ သူ့ကိုယ်သူလဲကွန်ဖူးတက်တယ်ဆိုတော့၊ ခုနကသူငယ်ချင်းနဲ့ ချိန်းချမလား ဆိုတော့ကွန်းဖူးကောင်ကလဲမငြင်းဘူးဗျ။

အဲ့ဒီတော့တစ်ညနေကုက္ကိုင်းရေကူးကန်လမ်းထဲမှာချိန်းပြီးချကြရော၊ ကွန်းဖူးကောင်ကလဲမခေဘူးတစ်ယောက်ထဲလာတာ၊ ကျနော်တို့ ဖက်က ၃ ယောက်ဗျ။ အစကတော့ကျနော့်သူငယ်ချင်းဖက်ကသာသလို ရှိပေမယ့်ရုတ်တရက်ခြေချော်လဲသွားတာကို ကွန်ဖူးကောင်က အပေါ်ကနေခွထိုးမယ်လုပ်တယ်။ ကျနော်ကကျနော့်စက်ဘီးပေါ်ကနေပွဲကြည့်နေတာ၊ ကျနော်သူငယ်ချင်းလဲသွားတော့ဟေ့ကောင် တော်ပြီလေလို့ပြောတာကိုမရပ်တော့အပေါ်ကနေခွထိုးဖို့ကြံနေတဲ့ကွန်းဖူးကောင်ကိုစက်ဘီးနဲ့ပြေးတိုက်ပြီး၊ စက်ဘီးဘားတန်းမှာ တက်ထားတဲ့စတီးလေထိုးပိုက်ကိုဖြုတ်ပြီး “ဟေရောင် မင်းရှေ့မတိုးနဲ့နော်၊ နာသွားမယ်”ဆိုပြီးဟောက်လိုက်တာ၊ ကွန်ဖူးကောင်လဲ စက်ဘီးတိုက်မိနဲ့ဒဏ်၊ကျနော့်သူငယ်ချင်းကိုထိုးမယ့်လက်သီးကစက်ဘီးနဲ့တိုက်လိုက်လို့အရှိန်လွန်ပြီပြီးလမ်းမကိုသူဟာသူထိုးမိတာ
ကြောင့်လက်နာသွားတော့သူ့အိတ်သူယူပြီးပြန်လစ်သွားပါတယ်။ ကျနော်တို့မှာတော့ဟိုကောင်ကို ၂ ချက်လောက်ထိုးမိသွား လို့ နားရွက်ကွဲသွားတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲဆိုပြီးခေါင်းစားကျန်ခဲ့ကြတယ်။ ကျနော်သူငယ်ချင်းကမေးတယ်။ လေထိုးတံနဲ့ချိန်ထားပြီး ဟိုကောင်ကရှေ့ဆက်တိုးလာရင်ဘာလုပ်မှာလဲတဲ့၊ အေးငါလဲကြောက်ကြောက်နဲ့ရင်တုန်ပန်းတုန်နဲ့လုပ်မိလုပ်ရာလုပ်လိုက်တာ၊ တကယ်တော့ဟိုကောင်ရှေ့တိုးလာရင်ဘာဆက်လုပ်ရမှန်းမသိဘူးကွဆိုတော့စိတ်ညစ်နေရတဲ့အထဲရီကြမောကြရသေးတယ်။ အဲ့ဒီသူငယ်ချင်းနဲ့ညီအကိုအရင်းလိုခင်လွန်းတော့နောင်တချိန်သူဘာပဲလုပ်လုပ်ကူညီလွန်းလို့သူ့အိမ်ကကျနော့်ဆို black list လုပ်
ထားရတဲ့စီကိုရောက်တော့တယ်။သူနဲ့ပေါင်းသင်းခဲ့တုံးကကောင်းတာလုပ်ပြီးယနေ့အချိန်ထိအထုံတစ်ခုအနေနဲ့လုပ်တဲ့တရားထိုင်တာကိုဒီသူငယ်ချင်းကစပြီးမိတ်ဆက်ပေးခဲ့တာပါ။ နောက်ပိုင်းကျနော်မြန်မာပြည်ကမထွက်လာမီသူ့ကိုမြန်မာ့လေကြောင်းမှာတွဲဖက် လေယာဉ်မှူး အနေနဲ့နောက်ဆုံးတွေ့ခဲ့ကြပြီးယနေ့အထိပြန်မတွေ့ရသေးပါဘူး။ တစ်နေ့နေ့မှာတော့ပြန်ဆုံလိမ့် မယ်လို့ မျှော်လင့် မိပါတယ်။

၉ တန်းနှစ်အတန်းတင်စာမေးပွဲဖြေတော့သင်္ချာဘာသာမှာတော်တော်လေးကိုမဖြေနိုင်ပါဘူး။ ကျမယ်လို့တောင်ထင်မိတယ်။ သိတဲ့ အတိုင်းကျနော်တို့မြန်မာတွေယုံကြည်တဲ့အတိုင်းကံမြင့်နေရင်အဆင်ပြေနိုင်တယ်ဆိုတော့ကျနော်ကိုရင်သွားဝတ်နေ လိုက်တယ်ဗျ။ ကိုရင်ဝတ်ပြီးစောစောကပြောခဲ့တဲ့သူငယ်ချင်းကြောင့်တရားထိုင်တာသိလာတော့တရားစခန်းတစ်ခုကိုသွားမယ်ဆိုပြီးအိမ်နဲ့လဲနီးတဲ့
တက္ကသိုလ်ရိပ်သာလမ်းကမိုးကုတ်ဝိပဿနာတရားရိပ်သာမှာ ၂၁ရက်ထင်တယ်ကိုရင်ဝတ်ပြီးတရားထိုင်ခဲ့တာကျနော့်ဘဝမှာပထမဆုံး အချိန်အကြာဆုံး ကိုရင်ဝတ်ခြင်းနဲ့တရားရိပ်သာဝင်ဘူးခြင်းပါပဲ။ ဝိပဿနာကိုနားလည်တာမလည်တာထက်နောင်တ ချိန်မှာ ပြုလုပ် နိုင်ဖို့အတွက်မျိုးစေ့ချမိတယ်လို့ပဲကိုယ်ကိုကိုယ်ယုံကြည်မိတယ်။ အဲ့ဒီတုံးကလုပ်ခဲ့လို့ပဲနောက်ပိုင်းကျနော်ကိုရင်ဝတ်၊ ရဟန်းခံတဲ့ အချိန်တွေမှာတောက်လျှောက်တရားရိပ်သာမှာပဲဆက်လုပ်ဖြစ်သွားတာနောက်ဆုံး ၂၀၀၉ ခုနှစ်ကရဟန်းခံခဲ့တဲ့အထိပါပဲ။

ဆက်ပါဦးမည် .....

Monday, November 22, 2010

ကျနော်နဲ Airlines Industry အပိုင်း (၈)

ကျနော်ဒီအပိုင်းမှာတော့စင်္ကာပူကိုအခြေစိုက်ပြီးဒေသတွင်းပျံသန်းနေတဲ့အထင်ရှားဆုံးစားရိတ်နည်းလေကြောင်းလိုင်းတွေအကြောင်း
ဖော်ပြပေးသွားပါမယ်။ ဒီစာကိုရေးခဲ့တဲ့အချိန်ကလွန်ခဲ့တဲ့ (၇) လကျော်ကဆိုတော့ဒီတလောအတွင်းအပြောင်းအလဲတွေများရှိခဲ့လို့၊
ကျနော်ရေးတာနဲ့များမတူတာရှိခဲ့သော်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြောလိုပါတယ်။

အာရှဒေသရဲ့ Budget Airline တွေရဲ့အစပထမကတော့ Malaysia ခြေစိုက် Air Asia ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် လောက်မှာစတင် တည်ထောင်တယ်လို.မှတ်တမ်းတွေမှာတွေ့ရပါတယ်။ ကျနော်အတိအကျကြီးတော့ research လုပ် ထားတာမဟုတ်ပေမယ့် budget airline တွေအကြောင်းသိသမျှနဲ့ ကျနော်ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ budget airlines များအကြောင်းကိုပြောပြသွားပါ့မယ်။ ကျနော်တို.အရှေ.တောင်အာရှအတွင်းမှာအဓိကယှဉ်ပြိုင်ပျံသန်းနေတဲ့ budget airline က ၃ ခုရှိပါတယ်။ စင်္ကာပူအခြေစိုက် Tiger Airways နဲ့ Jet Star Asia, မလေးရှားအခြေစိုက် Air Asia တို.ပါ။

ဒီလေကြောင်းသုံးခုရဲ့အကြောင်းကိုအကြမ်းဖျင်းပြောရရင် ပထမဆုံး Tiger Airways ပါ။ သူကတော့ ကမ္ဘာ.အကောင်းဆုံးလေကြောင်း တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Singapore Airlines (SQ) ကရှယ်ယာအများဆုံးပိုင်ဆိုင်ပါတယ်။ မြေပြင်ဝန်ဆောင်မှုနဲ့. လေယာဉ် ပြုပြင်ထိမ်းသိမ်းရေးတွေကိုတော့ SQ ကပိုင်တဲ့ Singapore Airline Engineering ကတာဝန်ယူတာဆိုတော့လေယာဉ်ပျံသန်းရေးလုံခြုံမှု အတွက်စိတ်အချရဆုံးbudgetလေကြောင်းလို.ကျနော်ပြောချင်ပါတယ်။ ဒါ့အပြင်ဈေးနှုန်းမှာလဲတခြားလေကြောင်း (၂)ခုထက်နှိုင်းယှဉ် ကြည့်မယ်ဆိုရင်ပိုသက်သာတာကိုတွေ.ရပါတယ်။ ဒါပေမယ့်ဝန်ဆောင်မှုအပိုင်းမှာတော့ကျန်တဲ့လေကြောင်းနှစ်ခုထက် စာရင်မဆို သလောက်လေးနိုမ့်သွားပါတယ်။ ဘာတွေလဲဆိုရင်စလုံးမှာတော့ Chaigi Airport Terminal 1, 2, 3 အပြင် Budget Terminal ဆိုပြီး နောက်ထပ် Terminal တစ်ခုရှိပါတယ်။ budget airlines တွေအတွက်စားရိတ်နည်းနည်းနဲ.ရပ်နားဝန်ဆောင်မှုပေးနိုင်အောင်ပါ။ budget terminal ဆိုတဲ့အတိုင်းchangi ရဲ့တခြား terminal ကြီးတွေနဲ.ယှဉ်လိုက်ရင်အတော်ကိုကွာပါတယ်။ လေယာဉ်ပေါ်ကိုမြေပြင် ကနေ တဆင့် လှေကားနဲ့တက်ရပါတယ်။ Aero Bridge တွေ tube တွေမရှိဘူးဗျ။ terminal ကနေလေယာဉ်လှေကားကိုရောက်ဖို.နည်းနည်း လေးလမ်းလျှောက်ရတယ်ဗျာ။ ဒါမယ့် budget terminal ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာထက် ၂ ဆ သို.မဟုတ် ၃ ဆ လောက်သာ ပါတယ်။ ဒီထက်တော့ပိုမပြောတော့ပါဘူး။ အဓိကကွာသွားတာကတော့အဲ့ဒါပါပဲ။ ပြီးတော့ online ticketing မှာ air fare ကိုတော့သူများ ထက်လျော့ပြထားတယ်။ ဒါပေမယ့်ဘာဖြစ်လဲဆိုတော့ online ကဝယ်လို.ဆိုပြီး ခရီးစဉ်တစ်ကြောင်းကို ၆ ကျပ်ပိုတောင်းတယ်ဗျာ။ နှစ်ကြောင်းအသွားအပြန်ဝယ်ရင် ၁၂ ကျပ်ဖြစ်ရော။ ပြီးတော့ check in bag အတွက် တစ်ကြောင်းကို ၁၅ ကီလိုထိ ၁၂ ကျပ် ၅၀ ပြား။ အဲ့ဒီမှာတင်သူတော်တော်လေးရသွားပါပြီ။ budget airline တွေရဲ့လက်မှတ်ကို online မှတဆင့် အဓိက ဝယ်ရတာ ဆိုတော့ သူ.ကို တစ်ကြောင်း ၆ ကျပ်အသားလွတ်ပေးလိုက်ရတာပါ။ ထုံးစံအတိုင်းလေယာဉ် ပေါ်မှာတော့ဘာမှမကျွေးပဲ၊ စားချင်ဝယ်စားရမှာပါ။
on flight entertainment ဆိုရင်လေကြောင်းလိုင်းကထုတ်တဲ့ မဂ္ဂဇင်းကလွဲပြီးဘာမှမရှိပါဘူး။ Tiger Airways ရဲ့လက်မှတ်အတန်း အစား ကတစ်မျိုးပဲရှိတဲ့အတွက် အကယ်၍များ မလိုက်ခဲ့ရင်ဝယ်ထားတဲ့လက်မှတ်ကအဆုံးပါပဲ။ တပြားမှပြန်မအမ်းပါဘူး။ Tiger Airways ဟာစင်္ကာပူ ကို Hub အဖြစ်ထားပြီးတော့အရှေ.ဖက်ဆိုရင် ဟောင်ကောင်ထိ၊ မြောက်ဖက်ဆိုရင်အိန္ဒိယနိုင်ငံ၊အရှေ.တောင်အာရှ ရဲ့မြို.တော်တော်များများနဲ. Australia ဖက်ကိုလဲပျံပါတယ်။ နောက်တခုသတိထားစရာလေးကတော့ online ကနေလက်မှတ်ဝယ်တဲ့အခါ
အစပိုင်းမှာတော့ကိုယ်ရွေးတဲ့ flight ဟာမနက်ပိုင်းဖြစ်နေပေမယ့်၊ တကယ်ငွေချေတော့မယ်လို့ဆိုရင် flight အပြောင်းအလဲကို system
ကနေသူ့အလိုလိုတခါတယံမှာပြောင်းပစ်တာကိုတွေ့ရတက်တယ်။ ဒါကြောင့်နောက်ဆုံးငွေချေဖို့ confirm လုပ်ခါနီးမှာကိုယ်ရွေးထား
တဲ့ flight ဟုတ်မဟုတ်အချိန်တွေကိုပါပြန်စစ်ပါလို့အကြံပြုပါရစေ။

နောက်တစ်ခုကတော့ Jet Star Asia ပါသူကတော့ကျနော်စောစောပိုင်းမှာပြောထားပြီးသားပါ။ Australia National Airlines Quantas ကရာနှုန်းပြည့်ပိုင်ဆိုင်ပါတယ်။ Myanmar Airways International (MAI) နဲ. Code share ဖြစ်တဲ့ အတွက်ရန်ကုန်ကိုပျံတဲ့အချိန်မှာသူ.ကို MAI တစ်ဖြစ်လဲတွေ.ရလေ့ရှိပါတယ်။ ကျနော်တို.နိုင်ငံတော် အလံတင်လေကြောင်း လေယာဉ်ကိုယ်ပိုင်မရှိခင်က Jet Star ကပဲ MAI အဖြစ် တောက်လျောက်ပျံသန်း ခဲ့တဲ့လေကြောင်းပါ။ သူကတော့ပြောရရင် budget airline ထဲမှာဈေးအကြီးဆုံးပါ။ လက်မှတ် အမျိုးအစား (၃) မျိုးခွဲထားပါတယ်။ Check – in Bag မပါဘူး လက်ဆွဲပဲယူမယ်ဆိုရင်တစ်ဈေး၊ ပုံမှန်အတိုင်းလက်ဆွဲရော check - in bag ရောယူမယ်ဆိုရင်တစ်ဈေး(၁၅ ကျပ်ကွာပါတယ်)။ နောက်တစ်မျိုးကတော့ လက်မှတ်ကို အကန့်အသတ် မရှိရက်နဲ့ အချိန်ရွေ.ဆိုင်းလို.ရတဲ့ဈေးပါ။ တကယ်ဆိုရင် အဲ့ဒီဈေးဟာ သာမန်ပုံမှန်လေကြောင်းများလက်မှတ်တွေထက်၊ သို.မဟုတ် လက်မှတ်တွေလောက် ဈေးများပါတယ်။ ဘာမှမထူးပါဘူး။ သူကတော့ changi airport terminal 1 ကနေထွက်ပါတယ်။ budget terminal ထက်သာသွား တာပေါ့ဗျာ။ online ပေါ်ကလက်မှတ်ဝယ်တဲ့အတွက်အပိုကျေးပေးစရာမလိုပါဘူး။

ပြီးတော့ကျနော်အင်မတန်ကြိုက်တဲ့ဝန်ဆောင်မှုကထိုင်ခုံကိုလက်မှတ်ဝယ်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ခုံ ကြိုတင်ပြီးယူထားလို.ရပါတယ်။ အရေးပေါ်ထွက်ပေါက်ခုံတန်းနဲ့ရှေ.ဆုံးတန်းကလွဲပြီးတော့ပေါ့။ အဲ့ဒီနေရာတွေဆိုရင်တော့ငွေနည်းနည်းပိုပေးရတယ်ဗျ။ နောက်ထပ်သူ.ရဲ့ဝန်ဆောင်မှုတစ်ခုကတော့စလုံးကလူတွေအတွက် ပေါ့နော်လက်မှတ်ကို online ကနေ booking လုပ်ချက်ချင်းငွေပေးစရာမလိုပဲ၊ (၁)ရက်အတွင်းမှာ 7-11 store, Singapore Post Office ကစာတိုက်များ နဲ. SAM Machine လို.ခေါ်တဲ့စက်ကနေပေးလို.ရပါတယ်။ credit/debit card မရှိတဲ့လူတွေအတွက်အရမ်းအဆင်ပြေတာပါ။ Jet Star ဟာအခု Japan Osaka ထိပျံပါတယ်။ ခရီးစဉ်အတွင်း ဝန်ဆောင်မှုကတော့တခြားသူတွေအတိုင်းဆိုတော့ထပ်မပြောတော့ပါဘူး။

နောက်ဆုံးတစ်ခုကတော့ Air Asia ပါ။ သူကတော့ budget တွေထဲမှာအကြီးဆုံးလို.ပြောလို.ရပါတယ်။ budget လေကြောင်းတွေ ထဲမှာခရီးစဉ်များဆုံးပျံသန်းတဲ့လေကြောင်းလဲဖြစ်ပါတယ်။ မလေးရှား KLLC လို.ခေါ်တဲ့ KL Budget Terminal ဟာသူ.ရဲ့ကိုယ်ပိုင် လေဆိပ်လိုပါပဲ။ သူ.လေယာဉ်တွေအကုန်အဲ့ဒီကပဲအတက်အဆင်းလုပ်ပါတယ်။ ချန်ဂီမှာတော့ terminal 1 ကနေဝန်ဆောင်မှုပေးပါ တယ်။ သူ.လက်မှတ်ကတော့တစ်မျိုးပဲရှိပါတယ်။ဒါမယ့် check in bag ပါမယ်ဆိုရင်ပိုပေးရတယ်။ လက်မှတ်ဈေးနှုန်းတွေအနေနဲ.ဆိုရင်တော့တစ်ခါတလေလဲသက်သာတယ်။ တခါတလေလဲသူများတွေထက်အများ ကြီးကိုဈေးပိုကြီးနေတက်တယ်ဗျ။ အထူးဝန်ဆောင်မှုတစ်ခုကတော့ online ကလက်မှတ်ဝယ်တဲ့အချိန်မှာလေယာဉ် ပေါ်မှာစားချင်တဲ့အစားအစာကိုကြိုတင်မှာထားလို.ရပါတယ်။ သူတို. Menu ထဲမှပါတဲ့စားစရာပေါ့နော်။ ကြိုမှာရင်သက်သာပါတယ်။ လေယာဉ်ပေါ်မှာမှာဝယ်စားလဲ ကျန်တဲ့လေကြောင်း နှစ်ခုထက်စာရင်အတော်ကိုသက်သာ တယ်လို.ပြောလို.ရတယ်ဗျ။ Air Asia နဲ့ KLLC ကတဆင့် Europe/Middle East/ Japan/Korea ထိ budget နှုန်းနဲ.သွားလို.ရပါတယ်။ Air Asia ကိုတော့ကျနော်တို.ရန်ကုန်ကလူတွေရင်းနီးပြီးသားဖြစ်မှာပါ။ လက်မှတ်ကတော့ ထုံးစံအတိုင်း online ကနေ credit/debit card တွေနဲ.ဝယ်လို.ရပါတယ်။

ရှိသမျှ budget airline တွေရဲ့ လက်မှတ်တွေကိုခရီးသွားဝန်ဆောင်မှု ပေးတဲ့ company တွေကနေလဲဝယ်လို့ ရတာလူတိုင်းသိမှာပါ၊ ဒါမယ့်ဈေးနှုံးမှာတော့ online ပေါ်ကနေတိုက်ရိုက် ဝယ်ရင်သက်သာလေ့ရှိပါတယ်။ နေ.စဉ်နဲ့ အမျှ၊ တစ်ခါတယံအချိန်နဲ.အမျှ ဈေးနှုံး တွေဟာအပြောင်းအလဲရှိနေ ပြီးသွားမယ့်ရက်ကနေ ခပ်ဝေးဝေးက ဝယ်လေ ဈေးသက်သာလေလေပါ။ ကျနော်ဆိုရင်ခရီးသွားဖို.အစီအစဉ်ရှိတယ်ဆိုရင် ၄-၅ လကြိုတင်စီစဉ်ပြီးဝယ်လေ့ရှိပါတယ်။ များသောအားဖြင့် zero air fare လို.ခေါ်တဲ့လက်မှတ်ခပေးစရာမလို၊ အခွန်နဲ့တချို.ဝန်ဆောင်ခပေးဆိုတဲ့ promotion တွေပါ။ စလုံးမှာတော့နေ.စဉ်နဲ.အမျှအကြောင်းအမျိုးမျိုးနဲ့ discount လုပ်နေတာပါပဲ။ တကယ်လဲသက်သာ တာရှိ သလို၊ မသက်သာပဲသာမန်လေကြောင်းထက် ဈေးကြီးနေတာတွေလဲအများကြီးပါ။ ကျနော်အကြံပြုချင် တာတော့ အကယ်၍များ budget လျော့ချပြီးခရီးသွားလို. Budget လေကြောင်းနဲ့များသွားမယ် လို.ဆုံးဖြတ်ခဲ့ရင်လက်မှတ်ဖိုး အပြင် ခရီးသွားအာမခံဖိုးပါ အမြဲထည့်တွက်စေချင်ပါတယ်။ လေယာဉ်ထွက်တာနောက်ကျ တာတို.၊ ခရီးစဉ်ဖျက်သိမ်း လိုက်တာတို. ဆိုတာ မကြာခနကြုံတွေ.ရလေ့ရှိလို.ပါ။ ဒါမယ့်အမြဲတမ်းတော့နောက်ကျပြီး၊ ဖျက်သိမ်းနေတာ တော့ မဟုတ်ပါဘူး။ ဖြစ်တက်တာကို ပြောပြ တာပါ။ကိုယ့်ကလဲ့များဖြစ်ခဲ့ရင်အာမခံနဲ.ဆိုတော့ ခံသာသေးတာပေါ့ဗျာ။ နောက်တစ်ခုကတော့နောက်ဆုံးငွေချေခါနီးမှာအချိန်၊ ခရီးစဉ်နဲ့ ကျသင့်ငွေကိုအပြန်ပြန် အလှန်လှန်စစ်ပါ။ မှားယွင်းခဲ့ရင်လေကြောင်းလိုင်းကတာဝန်ယူမှာမဟုတ်ပါဘူး၊ ကျသင့်ငွေကတော့အထူးသဖြင့် Tiger Airways မှာဖြစ်တက်ပါတယ်။ အစပိုင်းမှာတွေ.ထားတဲ့ငွေကတမျိုးတကယ်ပေးတော့မယ်ဆိုရင်တမျိုးဖြစ်တက် လေ့ရှိပါတယ်။

ဒီအပိုင်းမှာတော့ကျနော်ဒီလောက်နဲ့ပဲရပ်နားပါရစေ။

ကျနော်နဲ့ Airline Industry အပိုင်း (၉) သို့

Monday, November 15, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၇)

ဒီအပိုင်းမှာ ကျနော်ရေးသွားချင်တဲ့အကြောင်းတွေကတော့ check in counter and boarding gate တာဝန် တွေအပြင်တခါတယံမှာ ထမ်းဆောင်ရတဲ့တချို.တာဝန်လေးတွေပါ။ အရင်အခန်းမှာပြောခဲ့တဲ့ Deportee ကတော့အဓိကပါပဲ။

ချန်ဂီလေဆိပ်မှာနေ.စဉ်နိုင်ငံပေါင်းစုံက Deportee ခရီးသည် တွေအများအပြားပါ။အကြောင်းမျိုးစုံနဲ့ စလုံး လဝက ကနေပြည်ဝင်ခွင့် မပေးတဲ့ ခရီးသည်များပါပဲ။ကျနော်အတွေ.အကြုံမှာအများဆုံးတွေ.ရတဲ့ deportee ကတော့ ဗီယက်နမ်နိုင်ငံသူအများအပြားပါပဲ။ ကျန်တဲ့တခြား deportee တွေကတော့ အင်ဒိုနီရှား၊ ဖိလစ်ပိုင်နဲ. မြန်မာတွေ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေလဲပါမှာပေါ့ဗျာ။ ကျနော်ကတော့ကျနော်တွေ့ဖူးတဲ့နိုင်ငံများကိုသာပြောထားတာပါ။အဲ့ဒီမှာအများအားဖြင့်လာကြတဲ့ဗီယက်နမ်အမျိုးသမီးတွေကစလုံးမှာ
တရားမဝင်ကြေးစားများအဖြစ် အလုပ်လုပ်ဖို.လာကြတာများတယ်လို.သိရပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလင်ပိုင်ကလဲအနည်းအပါး ပါဝင် ပါတယ်။ မြန်မာပြည်ကကြတော့ဇာတ်လမ်းတစ်မျိုးပါ။ ဒီလိုအလုပ်လာလုပ်ကြတာတော့မဟုတ်ဘူး။ သို သော်ယူလာတဲ့ဗီဇာမှာတစ်ခုခု မှားယွင်းနေတာ၊ လဝက ကမေးတဲ့အခါလိပ်ပတ်လည်အောင် မပြောနိုင်တာနဲ့၊ အရင်လူဝင်မှုကြီးကြပ်ရေး နဲ့ဆိုင်တဲ့အမှားအယွင်း တစ်ခုရှိနေလို. black list ထဲမှာ ပါနေတာ။ တခါတလေလဲ social visit နဲ့ဝင်လာပြီးပြန်စရာ လက်မှတ်ကိုမပြနိုင်တဲ့သူတွေ စသည်ဖြင့် အမျိုးစုံသောအကြောင်းနဲ့ခရီးသည်တွေကိုစလုံး လဝက ကနေပြည်ဝင်ခွင့် ငြင်းပယ် တက်ပါ တယ်။ အဲ့ဒီလိုငြင်းပယ်ပြီဆိုလို.ရှိရင် လဝက ကောင်တာများကနေဒီခရီးသည်ကို အထူးခန်းတစ်ခုထဲ ကိုခေါ် သွားပြီး passport နဲ့ ဖုံးပါလာရင်ဖုံးကိုသိမ်းထားလိုက်ပါတယ်။ ဘယ်ကိုမှအဆက်အသွယ်လုပ်လို.မရ တော့ ပါဘူး။ ဘယ်နည်းနဲ့မှလဲအဆက်အသွယ်လုပ်ခွင့်မပေးပါဘူး။ ဒီအခန်းကို အချူပ်လို.တော့ မခေါ် ပါဘူး၊ ယာယီထိမ်းသိမ်းရေးအခန်းလိုပဲခေါ်ဝေါ်သုံးစွဲပါတယ်။ အဲ့ဒီထိမ်းသိမ်းရေးအခန်းထဲမှာတော့ဒီခရီးသည်ကိုမေးမြန်းသလား၊ ဘာတွေလုပ်သလဲဆိုတာတော့ကျနော်မသိပါဘူး။ အခန်းထဲခေါ်သွားပြီးမှလဝက အရာရှိကပြန်ပို့ဖို့ဆုံးဖြတ်တာလားဘာလားဆိုတဲ့ ICA ရဲ့အစီအစဉ်တွေကိုတော့ကျနော်တို့မသိနိုင်လို့ဘာမှမရေးထားတာပါ။

ဒီအခန်းထဲကိုထည့်ထားတာ၊ ကိုယ့်သဘောနဲ့ကိုယ်သွားတာမဟုတ်ပေမယ့် ဒီအခန်းထဲမှာနေတဲ့အတွက် နာရီနဲ့တွက်ပြီးငွေပေးရပါတယ်။ အထိန်းသိမ်းခံရတာတောင်အလကားမရပါဘူးဗျ။ အဲ့ဒီလိုထည့်သွင်းထားပြီး ရင်တော့ခရီးသည်မှာလာရင်းနိုင်ငံကိုပြန်မယ့်လေယာဉ် လက်မှတ်ရှိရင်၊ လက်မှတ်ယူထားတဲ့လေကြောင်းကို လဝက ကနေခုံနေရာရှိမရှိလှမ်းတောင်းပါတယ်။ လက်မှတ်မရှိဘူးဆိုရင်တော့ လဝက ကသူအစီအစဉ်နဲ့သူအနီးဆုံး အချိန်မှာ ခရီးသည်လာခဲ့တဲ့မူရင်းနိုင်ငံကို ပြန်မယ့်လေကြောင်းက လက်မှတ်ကို စီစဉ်ပါတယ်။ ဒါလည်းအလကားမရပါဘူး၊ လက်မှတ်ခပေးရမှာပါ။ လက်မှတ်ကိစ္စခုံကိစ္စ အစဉ်ပြေပြီဆိုရင် လဝက ကအရာရှိတစ်ယောက် သက်ဆိုင်ရာ လေကြောင်းကောင်တာကိုလာပြီး ဒီ deportee ခရီးသည်များအတွက်ချက်ကင်လုပ်ပါတယ်။ သူတို.ရဲ.ပစ္စည်းတွေ အတွက်လဲBaggage unit နဲ့ trace လိုက်ဖို.လုပ်ထားရပါတယ်။ လေကြောင်းလိုင်း အနေနဲကတော့ deportee ခရီးသည်အနဲ့အများ ပေါ်မူတည်ပြီးသူတို.လေယာဉ်ပေါ်တက်ဖို.အတွက်စီစဉ်ဖို.ဝန်ထမ်းတွေ ကိုစေလွှတ်ပါတယ်။ deportee ၅ ယောက်လောက်ဆိုရင်တော့ ဝန်ထမ်းတစ်ယောက် လောက်ပါပဲ။ ဝန်ထမ်းအနေနဲ့သက်ဆိုင်ရာစာရွက်စာတမ်းတချို.နဲ.ခရီးသည်တွေရဲ့ boarding pass တွေကိုယူပြီးတော့ လဝက တာဝန်မှူး ကောင်တာကိုသွား၊ အဲ့ဒီအချိန်မှာပဲ၊ ကျနော်တို.စီမှာတော့လုံခြုံရေးရဲလို.ခေါ်တယ်ဗျ။ အစိုးရရဲတော့ မဟုတ်ဘူး၊ လုံခြုံရေး company ကရဲပေါ့။ uniform ပဲကွာတယ်။ သေနက်ကိုင်တာဘာညာ အကုန်တူတူပဲ။ အဲ့ဒီရဲအစောင့်အရှောက်နဲ.ခရီးသည်ကို လဝက ကောင်တာကိုခေါ်လာ၊ တစ်ဦးချင်း passport နဲ့တိုက်စစ်ပြီးတာနဲ့ လဝကကနေကျနော်တို.စီကိုလွှဲပေးလိုက်ပါတယ်။ ခုနကရဲကတော့ ခရီးသည်လေယာဉ်ပေါ်တက်တဲ့အထိလိုက်ရတာပါ။ လက်ထိပ်တော့မခက်ပါဘူး။ မျက်စိအောက်က တော့လုံးဝအပြောက်မခံပါဘူး။ အဲ့ဒီရဲအစောင့်လိုက်တဲ့အတွက်လဲခရီးသည်ကငွေပေးရပါတယ်။ ဘယ်လောက်များဆိုးလဲဆိုရင်။ သူတို.ကိုခေါ်လာပြီး boarding gate မရောက်မီသင့်တော်နဲ.နေရာမှာ ပိုက်ဆံတောင်းရပါရောဗျာ။ ခုနက ထိန်းသိမ်းရေးအခန်းခ၊ လေယာဉ်လက်မှတ်အတွက် rebooking fees တို.ဘာတို.အတွက်နဲ့၊ ရဲအစောင့်အရှောက်လိုက်ခတွေပါပဲ။ တကယ်ဆိုရင်မသက်သာပါဘူး။ ကျနော်ကြုံဖူးသမျှ တွေထဲမှာ အနည်းဆုံး ကြားဖူးတာ တစ်ယောက်ကို S$350ပါ။ တစ်ယောက်ကို 700 ထိကျတာတွေဖူးပါတယ်။

ကျနော်တို. ကောင်တာကနေ မထွက်လာမီထဲကတစ်ယောက်အတွက် ဘယ်လောက်ကျမယ်ဆိုတာကို အရာရှိကပြောလိုက်ပြီးသားပါ။ တောင်းဖို.က ကျနော်တို.တာဝန်တဲ့ဗျာ။ လဝက ကသူ.ဟာသူတော့မတောင်းပဲနဲ.။ ကျနော်တို.ဆီကိုလွှဲလိုက်တဲ့စာရွက်ထဲမှာ ဒီခရီးသည် တွေဆီမှာငွေဘယ်လောက်ပါတယ်ဆိုတာကအစပါတော့။ ဟင့်အင်းမရှိဘူးလို.လဲငြင်းလို.မရရှာပါဘူး။ အဲ့ဒီမှာစတွေ.တာကတော့ ဘာသာစကားပြသနာပါပဲ။ အများအားဖြင့် က ဗီယက်နမ်တွေဆိုတော့ English လိုမပြောတက်၊ ကျနော်ကလဲတရုတ်လိုမတက်တော့ ငွေတောင်းရတာကမ္ဘာပျက် သလိုပါပဲ။ မပါဘူးဆိုလဲဘာမှတော့ မတက်နိုင်ပါဘူး။ ကျနော်ဆိုတောင်းကိုမတောင်းချင်ပါဘူး။ ပြန်လဲပို.ခံရသေး တယ်၊ ငွေလဲပေးရသေးတယ် ဆိုတော့လေ။ သူတို.ငွေပေးမှခုနကကျနော်တို.ရှာထားတဲ့သူတို.ရဲ့ပစ္စည်း တွေကိုလေယာဉ်ပေါ် တင်ပေးပါတယ်။ မပေးရင်မတင်ဘူးလို.တော့ပြောတာပဲ။ သူတို.ငွေပေးမပေးကို ကျနော်အထက်အရာရှိကိုချက်ချင်းပြန်ပြောရပါတယ်။ သူကမှတဆင့် baggage unit ကို ပစ္စည်းတွေ upload လုပ်ဖို.ထက်ပြီးအကြောင်းကြားပါတယ်။ boarding gate ကိုရောက်ရင်လဲ တခြား ခရီးသည် တွေနဲ့အဝေးမှာထားလေ့ရှိပြီး လေယာဉ်ပေါ်ကိုအရင်ဆုံးတင်ထားလေ့ရှိပါတယ်။ ထိုင်ခုံကိုလဲဟိုးစောစောပိုင်းထဲက နောက်ဆုံး မှာချန်ထားပြီးနေရာချထားလေ့ရှိပါတယ်။ passport နဲ့စာရွက်စာတမ်းတွေကို လေယာဉ် crew ရဲ့လက်ထဲကိုထည့်ပြီးရင်တော့ကျနော်တို.တာဝန်ကုန်သွားပါပြီ။

Deportee တွေထဲကမှတ်မှတ်ရရကြုံဖူးတဲ့အကြောင်းဆိုလို.နှစ်ခုလောက်ပဲထူးထူးခြားခြားရှိပါတယ်။ တစ်ယောက်ကတော့ ဗီယက်နမ်ခရီးသည်ပါ။ ဒီခရီးသည်ကို jet star flight နဲ့ ပြန်ပို.ပြီးနောက် တစ်ပါတ် လောက်မှာ Lion Air နဲ့ထပ်ပြီးတာဝန်ကျတယ်။ ပထမတော့မသေခြာဘူး၊ ICA ကဒီခရီးသည် ဒီတစ်ပါတ်အတွင်း ၂ ခါရှိပြီလို.ပြော မှသေခြာသွားတာပါ။ ဒီတစ်ခါတော့ Airline အရာရှိက စကားပြန် တစ်ယောက်နဲ့သူ.ကိုမေးကြည့်တော့ Jet Star နဲ့လာလို.ပြန်ပို့တယ်ထင်လို. Lion Air နဲ.ပြန်လာတာလို.ပြောတယ်ဗျ။ ဒါနဲသူ.ကိုပြန်မလာဖို.ဘယ်လေကြောင်းနဲ့ လာလာနင်.ကိုပြန်ပို.မှာဖြစ်ကြောင်း မနည်းကြီး ကိုရှင်းပြလိုက်ရတယ်ဗျ။ နောက်တစ်ခုကတော့ ကိုယ်တာဝန်ကျတဲ့ deportee တော့မဟုတ်ပါဘူး။ လမ်းမှာအရာရှိကိုယ်တိုင်လူတစ်အုပ်ကြီးနဲ့ဆိုတော့သွားစပ်စုလိုက်တာ။ မြန်မာ passport holder ချင်းလူမျိုးမိသားစုကလေးတွေရော၊ စုစုပေါင်း (၇)ယောက်ရှိမယ်။ MIA flight နဲ့ပြန်ပို.တာတဲ့။ သူတို.ဆိုဘာကြောင့် မှန်းကိုမသိဘူး၊ English ဆိုမွှတ်နေအောင်ပြောတက်တယ်။ ဘာသာပြန်စရာ တောင်မလို ဘူး။ ဗီဇာလဲပါတယ်၊ show money ကိုလဲ တော်တော်များများကိုပြတာဗျ။ အဲ့ဒါကိုပေးမဝင်တာဆိုတော့၊ အရင်အမှုတစ်ခုခု ရှိလို.ဖြစ်မယ်လို.ပဲထင်တယ်။ အရာရှိကငွေတွေ အများကြီးတောင်းရတာအားနာလို.ကျနော်ကိုထပ်ပြီးရှင်းပြခိုင်းတာနဲ.သိရတာ။ တခြားမြန်မာ တစ်ယောက်စနှစ်ယောက်စတွေ ခနခနတော့ တွေဖူးတယ်။ ကျနော့်အထင်ဗီဇာကိစ္စတွေပဲ နေမှာပါ။

အဲ့ဒီလိုခရီးသည်ကိုပြန်ပို့ပြီဆိုရင်ဒီခရီးသည်ကိုတင်ဆောင်လာတဲ့လေကြောင်းလိုင်းကိုဘာအကြောင်းနဲ့ပြည်ဝင်ခွင့်မပေးပဲပြန်ပို့တယ် ဆိုတာကိုအကြောင်းကြားပါတယ်။ တလက်စထဲပြသနာအကြီးအသေးပေါ်မူတည်ပြီးဒဏ်ငွေရိုက်ပါတယ်။ စလုံး ICA ကတော့ဒဏ်ငွေ ရိုက်တာသိပ်မပြင်းထန်ဘူးလို့ကြားဖူးတယ်။ ကျနော်ကြားဖူးတဲ့ထဲမှာ Taiwan လဝက ဟာအဆိုးဆုံးပါတဲ့။ လေကြောင်းလိုင်းကို deportee တစ်ယောက်အတွက် ၂၀၀၀ ဒဏ်ရိုက်ပါတယ်။ လေကြောင်းလိုင်းကလဲမြေပြင်ဝန်ဆောင်မှုပေးတဲ့ company ကိုဒဏ်ပြန် ရိုက်ပါတယ်။ အဲ့ဒီခရီးသည်ကိုချက်ကင်ဝင်ပေးလိုက်တဲ့ဝန်ထမ်းကို Trace ပြန်လုပ်သေခြာတယ်ဆိုရင်ဘာသတိပေးတာမှမလုပ်ပဲနဲ့ ချက်ချင်းအလုပ်ကထုတ်ပြစ်လိုက်တာပါ။ ကျနော်အလုပ်လုပ်စဉ်ကာလကဒီတိုင်ဝမ်လဝကပြသနာကြောင့် ၂ယောက်ထုတ်ပစ်တာ ကြုံဖူး ပါတယ်။ ဒါကြောင့်တိုင်ဝမ်ဆိုရင်အလွန်သတိထားကြရတယ်။ ခရီးသည်ကျေနပ်တာမကျေနပ်တာကိုအသာထားပြီးလုပ်ထုံးလုပ်နည်းတွေ ကိုအတိအကျလိုက်နာပြီးချက်ကင်ဝင်ပေးရတာပါ။ ဒါကြောင့်ခရီးသည်တွေကိုလဲချက်ကင်ဝန်ထမ်းတွေကိုနားလည်စေချင်ပါတယ်၊ တခါတလေရစ်တာမဟုတ်ပဲနဲ့တကယ့်ကိုလိုအပ်လို့မေးမြန်းတာတွေ၊ ရှည်ရှည်ဝေးဝေးတွေဆက်ပြီးစစ်ဆေးတာတွေလုပ်တာပါ။

(ဒီအောက်ကရေးထားတာကတော့ကျနော်မူလဒီစာရေးခါစအခြေအနေပါ။ အခုအခြေအနေမဟုတ်ဘူး ဆိုတာကြိုပြောပါရစေ။)

ဒီနေရာမှာ ကျနော်လေကြောင်းကိစ္စနဲ့တော့မဆိုင်ပေမယ့်ကြုံလို.ကိုယ်တွေကြုံတာလေးပြောပါရစေ။

၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ စလုံး ICA ဟာဗီဇာနဲ့ ပြည်ဝင်ခွင့်တွေနဲနဲလေးတင်းကြပ်လာပါတယ်။ လေဆိပ်ရဲ့ ICA ဟာအရင် ကသိပ်ပြီး မေးရိုးမေးစဉ်တွေမဟုတ်တဲ့မေးခွန်းတွေမေး၊ return ticket နဲ. Show money ကိုလဲတောင်းစစ်လာတာ တွေကိုတွေ.ရတယ်ဗျာ။ ကျနော်သူငယ်ချင်းတစ်ယောက်ရဲ့ညီမ လာလည်မယ်ဆိုတော့ ဗီဇာလျှောက်ခိုင်းတာနဲ.လျှောက်ပေး လိုက်တယ်။ အဲ့ဒီ ကောင်မလေး ဝင်လာပြီးတော့ပြောပြတာ့ ICA ကသူ.ကို Sponsor ကဘယ်သူလဲ? ၊ ဘယ်မှာနေတာလဲ? ဘာအလုပ်လုပ်တာလဲ? ၊ သိတာကြာပြီ လား စတဲ့ မေးခွန်းတွေ တော်တော်များများမေးတယ်တဲ့။ return ticketတောင်းကြည့်တော့ ticket က open ဖြစ်နေတယ်။ အဲ့လိုဆိုအင်မတန်မှကိုမကြိုက်တာပါ။ လာတဲ့သူတိုင်းကို သေခြာမှာ ပေမယ့် လာတဲ့သူတိုင်းဟာ ticket ကို open လုပ်လာပါတယ်။ ကျနော်ဆိုလိုချင်တာက စလုံးကို social visit visa နဲ့ဝင်လာရင်ကိုယ့်ကို sponsor လုပ်တဲ့သူရဲ့အကြောင်း အနည်းနဲ့အများလေး တော့ သိလာ သင့်တယ်ဗျ။ သွားရွှီးမယ်တော့မကြံနဲ့နော် sponsor ရဲ့ NRIC ကိုရိုက်ထဲ့လိုက်တာနဲ.သူတို. system ပေါ်မှာအကုန် သိနိုင်ပါတယ်။ ဒီလူဘယ်မှာနေပြီးဘာလုပ်တယ်၊ လူဘယ်နှစ်ယောက်ကို sponsor ပေးဘူးတယ်ကအစပါ။ ပြီးတော့ air ticket ကို open မလုပ်ပဲ ရက်တစ်ခုခုတော့ လုပ်လာခဲ့ပါ။ ဒီရောက်မှမပြန်သေးဘူးဆိုရင်လဲရက်ကို လက်မှတ် သက်တမ်း ရှိတဲ့အတွင်းမှာအခမဲ့ပြောင်း လို.ရပါတယ်။ budget airline တော့မပါဘူးနော်၊ budget airline ဆိုရင်တော့ date changing fees နဲ့ fare different ကိုပေးရမှာဗျ။

အရင်အပိုင်း ၆ နောက်ဆက်တွဲမှာကျနော့်မိတ်ဆွေမေးထားတဲ့အကြောင်းကိုပြန်ဖြေရရင်တော့ဘက်ဂျက်လေကြောင်းနဲ့ခရီးသွားတဲ့ transit ခရီးစဉ်တွေမှာအဖြစ်များပါတယ်။ သို့သော်သာမန်လေကြောင်းလိုင်းနဲ့သွားပေမယ့်လဲတခါတယံမှာကိုယ် transit လုပ်ရမယ့် လေဆိပ်ကတစ်မြို့ထဲမှာပေမယ့်နောက်တခြားလေဆိပ်တစ်ခုကိုသွားစီးရမယ်ဆိုရင်အဲ့ဒီနိုင်ငံပြည်တွင်းကိုဝင်ရမှာဖြစ်တဲ့အတွက် transit visa လိုအပ်ပါတယ်။ ဒါကြောင့်ခရီးရှည် Transit တွေနဲ့သွားတဲ့မခါမှာကိုယ်နောက်စီးရမယ့်လေယာဉ်ခရီးစဉ်ဟာကိုယ်ဆိုက်ရောက်တဲ့
လေဆိပ်ကနေပဲပြောင်းစီးရမှာလား၊ သို့မဟုတ် နောက်အခြားလေဆိပ်တစ်ခုခုမှာပြောင်းစီးရမှာလားဆိုတာကိုသိဖို့လိုအပ်ပါတယ်။

ဒီအခန်းကိုတော့ဒီမှာပဲ ရပ်ပါရစေ။ နောက်တစ်ခန်းမှာတော့ ကျနော်နဲ. Budget airlines များအတွေ.အကြုံကို ရေးသွားပါ့မယ်။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား…


ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ့ Airlines Industry အပိုင်း (၈) သို့