Wednesday, December 8, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၁၀)

ဒီတလောအတွင်းမှာ လကုန်ရက်ကလဲဖြစ်တာကြောင့် ရုံးမှာစာရင်းတွေပိတ်နေရတာနဲ့ တင်္နလာနေ့တိုင်း မှန်မှန်တင်ပေးနေကြ ဒီpost ကိုအခုမှပဲတင်လိုက်နိုင်တာမို့ စောင့်နေတဲ့ကျနော့် မိတ်ဆွေများကို အလွန်အားနာမိပါတယ်။ တကယ်တော့ အပိုင်း (၉)မှာတင် ဒီ post
ကပြီးနေပြီဖြစ်ပေမယ့် အဲ့ဒီအချိန် (လွန်ခဲ့တဲ့မေလ) လောက်ကရေးထားတာဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မေလ အတွင်းထွက်တဲ့
Weekly Eleven ဂျာနယ်ဆောင်းပါးမှာ ဆရာဆူနိုဒင်ရဲ့ မရောင်ရာဆီလူးကြသူများ ဆောင်းပါးထွက်လာခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်
အစုံကိုတော့ ဆရာ့ရဲ့ blog http://atkbooks.wordpress.com/2010/05/06/hanky-panky/ မှာဖတ်ရှုနိုင်ပါတယ်။ ဒီဆောင်းပါး
အကြောင်း ရန်ကုန်ကညီလေးတစ်ယောက်ကလှမ်းပြောတာနဲ့ ဆရာရဲ့ခရီးသည်ဖက်အမြင်တိမ်းစောင်းမှုရှိနေ တာကိုပြန်လည်ဖြေရှင်း
ပြပေးချင်တာနဲ့ အခုအပိုင်းကိုရေးဖြစ်သွားတာပါ။ ဒီဆောင်းပါးကြောင့် မြန်မာပြည်လေကြောင်းအသိုင်းအဝိုင်းဆွေ့ဆွေ့ခုန်သွားလောက် အောင်ဂယက်ရိုက်သွားခဲ့ပြီး Weekly Eleven Online စာမျက်နာပေါ်မှာ မကြုံစဖူးအောင်ပဲ Comment ပေါင်းများစွာနဲ့အငြင်းအခုန် တွေ
ဖြစ်ပွားကြပါတယ်။ အဲ့ဒီ အငြင်းအခုန် comments များကိုလဲဆရာ့ရဲ့ blog မှာ Great Fun huh? ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖတ်ချင်တဲ့
သူများသွားဖတ်လို့ရပါတယ်။ ကျနော်ကတော့ ဆရာ့ဆောင်းပါးကို အခြေခံပြီး တချို့နားမလည်တဲ့သူများ နားလည်သဘောပေါက်
စေချင်လို့ ဒီနောက်ဆုံး Post ဖြစ်လာတာပါ။

Weekly Eleven ဂျာနယ်ရဲ့ဆောင်းပါးတစ်ခုမှာတော့ စာရေးဆရာ-ဆရာဆူနိုဒင်ဟာ ခရီးသည်ဖက်က ပဲတစ်ဖက်သတ်ရေးသွား တာကို တွေ.ရတော့အတော်လေးစိတ်မကောင်းမိပါဘူး။ နာမည်ကျော်စာရေးဆရာကြီး တစ်ယောက်အနေနဲ့တော့ နည်းနည်း တွက်တွက်ဆဆ လေးရေးဖို.ကောင်းတယ်လို.ကျနော်ထင်တယ်။ ဒါမယ့်လေဆိပ်ဝန်ထမ်းဖက်ကိုပြန်ကြည့် မယ်ဆိုရင်လဲစာရေးဆရာရေးသားချက်ကို မှီငြမ်းပြီးပြောရမယ်ဆိုရင် သူလုပ်ရမယ့်အလုပ်ကိုသေခြာစေ့စပ်စွာသိနား လည်ခြင်းမရှိဘူးလို.ပြောလို.ရပါတယ်။

ပထမဦးဆုံး e-ticket လို.ခေါ်တဲ့ Paper Less Ticket ကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ပြီးတော့ တစ်နည်းပြောရရင် စာရွက်မဲ့လက်မှတ် လို.ခေါ်ပါတယ်။ e-ticket ကို ၁၉၉၄ခုနှစ် မှာ စတင်အသုံးပြုခဲ့ပြီး ၁၉၉၇ခုနှစ် မှာ တော့တစ်ကမ္ဘာ လုံးစတင်သုံးစွဲနိုင်တဲ့ အခြေအနေကို ရောက်ရှိခဲ့တာကိုတွေ.ရပါတယ်။ ၂၀၀၈ ခုနှစ် ဇွန်လ ၁ ရက်နေ.ကစပြီး ကမ္ဘာအနှံ ကလေကြောင်းလိုင်းများအားလုံး e-ticket တစ်မျိုး ထဲကိုသာသုံးစွဲပါတော့တယ်။ မြန်မာနိုင်ငံ က တချို.သော လေကြောင်းလိုင်းများ နဲ့ ပြည်တွင်းလေကြောင်းများ ကတော့ယနေ့တိုင် ကာဗွန်စက္ကူတွေ အများကြီးပါတဲ့ paper ticket ကိုဆက်လက်သုံးစွဲနေဆဲပါ။ ဒီလိုဆက်လက်သုံးစွဲနေစေရဖို. အတွက်လဲအဖြေကရှိ ပါတယ်။ အဓိကလိုအပ်ချက်နည်းပညာနဲ့အခြေခံပစ္စည်းတွေ (computer software and hardware) တွေမှမရှိတော့ ဘယ်နည်းနဲ့မှ
e-ticket ကိုသွားဖို.ရာမဖြစ်နိုင်သေးပါဘူး။ e-ticket ထုတ်တဲ့နေရာ မှာ online ကနေ လက်မှတ်ဝယ်မှ e-ticket ထုတ်ပေးတာ မဟုတ်ပါဘူး။ travel agent သို.မဟုတ် လေကြောင်းလိုင်း က ဝယ်တဲ့အခါ၊ ဝယ်တဲ့လေကြောင်း လိုင်းမှာ e-ticket ထုတ်ပေးနိုင်တဲ့ facilities ရှိခဲ့ရင် e-ticket ထုတ်ပေးပါတယ်။ တကယ်တန်းတော့ paper less လက်မှတ်ဖြစ်တဲ့အတွက် print out လုပ်စရာမလိုပါဘူး။ သို.သော်တခါတယံမှာလူဝင်မှုကြီးကြပ်ရေးလိုအပ်ချက်တွေကြောင့်အစဉ်ပြေရင် print ထုတ်သွားတာအကောင်းဆုံးပါ။ Airline ရဲ့ System ထဲမှာတော့လက်မှတ်ကို ဘယ်နေရာ ကပဲဝယ်ဝယ်၊ ငွေချေပြီးတာနဲ့ booking status နဲ့အတူတူရှိနေပြီးသားပါ။ booking status ဆိုတာကတော့ဒီ Booking ဟာ confirm ဖြစ်သလား၊ on hold ဖြစ်နေလား၊ waiting list ဖြစ်နေသလားကိုဆိုလိုပါတယ်။ online ကနေ ကဒ်တွေနဲ.တိုက်ရိုက်ဝယ်ယူတဲ့အခါမှာတော့သွားမယ့်ခရီးမှာထိုင်ခုံကျန်ရှိမှသာလျှင်ငွေပေးပြီးဝယ်ယူလို.ရပါ တယ်။ flight fully booked ဖြစ်နေတာမျိုးဆိုရင်တော့ဘာပဲပေးပေး လုံးဝရမှာမဟုတ်ပါဘူးဗျ။ အဲ့ဒီတော့ online က တိုက်ရိုက်ဝယ်ယူတဲ့လက်မှတ်တွေမှာတော့ booking confirmed ဆိုတာတခါတည်းဖြစ်ပြီးသားပါ။ ကျနော်အရင်အပိုင်းတွေမှာ ပြောခဲ့တဲ့ Budget Airlines တွေအကုန်လုံးကတော့
E-ticket System ကိုပဲအသုံးပြုပါတယ်။

ခရီးသည်ကောင်တာ ကိုလာတာနဲ့သူ.စာအုပ်ထဲကနာမည်၊ သို.မဟုတ် လက်မှတ်မှာဖော်ပြထားတဲ့ booking code ကို့ရိုက်ထဲ.လိုက်ပြီး တာနဲ့ကောင်တာမှာရှိတဲ့ system ကနေ ခရီးသည်ရဲ့နာမည်၊ သွားမယ့်ခရီးစဉ်နဲ့ အကယ်၍ခရီးသည်ဟာတစ်နေရာထဲမဟုတ်ပဲ transit တွေနဲ.သွားမယ်ဆိုတွေကအစ ပေါ်လာပါတယ်။ ဒီလို e-ticket နဲ.လာတဲ့ခရီးသည်တွေရဲ့ ချက်ကင် system ဟာတော်တော်များများ manual လုပ်စရာမလိုတော့ပါဘူး။ ရန်ကုန်မှာတော့ ကျနော်မသိဘူးဗျ၊ ချန်ဂီရဲ့ကောင်တာ computer တွေရဲ့ key board တွေဟာ
e-passport တွေကိုဖတ်နိုင်တဲ့မြောင်းလေးတစ်ခုအပို ပါတယ်ဗျ၊ passport ရဲ့ code တွေပါတဲ့ စာမျက်နာကို မြောင်းထဲထည့်ပြီးဖြတ် လိုက်တာနဲ့ ခရီးသည်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဟာချက်ကင် system ထဲကိုအကုန်ရောက်ပြီး key board မှာဟိုနိုပ်ဒီနိုပ် လုပ်လိုက်ရင်ပြီးသွားပါပြီ။ တစ်ခါတစ်ယံမှာ နာမည်တူတူတာတွေ Sir name တူတာတွေရှိတက်တော့ နာမည်ရိုက်ထဲ.လိုက်ရင် တူတဲ့ နာမည်တွေတော်တော်များများပေါ်လာရော၊ အဲ့ဒီထဲကမှကိုယ့်ခရီးသည်ကိုပြန်ရှာရတာ ဆိုတော့နည်းနည်းမဆိုသလောက်လေးကြာသွား တက်ပါတယ်။ ခရီးသည်က e-ticket ကိုထုတ်ပြရင် ဒါမှမဟုတ်၊ ခုနကပြောတဲ့ booking code လေးကိုစာရွက်လေး ပေါ်မှာချရေးလာပြီး ကောင်တာဝန်ထမ်းကိုပြလိုက်ရင်ချက်ချင်း ကိုရှာတွေ.ပြီးအချိန်ကုန်တွေသက်သာသွားပါတယ်။ ချန်ဂီမှာကျနော်တွေ.ဖူးသလောက်တော့ ၇၅%လောက်ခရီးသည် များဟာ e-ticket ကို print ထုတ်လာကြတယ်၊ပြီးတော့ခုနကပြောတဲ့ code လေးကိုပြတက်ကြပါတယ်။

စာရေးဆရာရဲ့ ဆောင်းပါးပါ အချက်တွေကိုပြန်ကြည့်မယ်ဆိုရင် ရန်ကုန်ကလေကြောင်းလိုင်းဝန်ထမ်းတွေကတော့ဒီစာရွက်ကိုကြည့်ပြီး မှချက်ကင်လုပ်ငန်းကိုဆက်လုပ်ဖို.ရအစဉ်ပြေပုံရပါတယ်။ သူတို.မှာလဲဒီ paper ticket တွေနဲ့ယဉ်ပါးလာရတာ များတော့အကျင့် ဖြစ်နေပုံ ရပါတယ်။ ဒါမှမဟုတ်ရင်လဲခုနကပြောသလို မြန်ဆန်စွာ ရှာတွေ့နိုင်ဖို.အတွက်တောင်းတာလဲဖြစ်နိုင်ပါတယ်။ ဆောင်းပါးထဲမှာပါတဲ့ နောက်တစ်ချက်ကတော့ Indonesia ကို transit လုပ်မယ့် တခြားခရီးသည် တစ်ယောက်ကိုချက်ကင်ကောင်တာကနေ စလုံးပြည်ဝင်ခွင့် ဗီဇာ မရှိတဲ့အတွက် ချက်ကင်ဝင်ဖို. ငြင်းတယ်လို.ရေးထားပါတယ်။ ခရီးသည်ဟာ Indonesia ကိုဘယ်လေကြောင်းနဲ့ transit လုပ်မှာ လဲဆိုတာအရေးကြီးပါတယ်။ ကျနော်အရင်အပိုင်းတွေမှာရေးခဲ့ဖူးတဲ့ budget airlines များနဲ. Transit လုပ်မယ်ဆိုရင်ခရီးသည် အနေနဲ့ စလုံးပြည်ဝင်ခွင့်လိုသွားပါပြီ။ budget airlines တွေနဲ.မဟုတ်ဘူးတခြားလေကြောင်းများနဲ့ ဆက်လက်ထွက်ခွာသွား မယ်ဆိုရင်တော့ ဘာဗီဇာမှမလိုတော့ပါဘူး။ ချက်ကင်ကောင်တာရဲ့ဝန်ထမ်းဟာခရီးသည် ဘယ်လေကြောင်းနဲ့ဆက်လက်ထွက်ခွာမယ်ဆိုတာ သိဖို.တာဝန် ရှိပါတယ်။ တကယ်လို.ခရီးသည်က e-ticket ကိုင်ဆောင်ထားခဲ့ရင် system ထဲမှာတခါတည်းဖော်ပြပြီးသားပါ။

ဒါကိုဝန်ထမ်းကမသိပဲနဲ့ စလုံးကိုသွားမယ့်ခရီးသည် မှန်သမျှစလုံးပြည်ဝင်ခွင့်ဗီဇာ ပါရမယ်လိုထင်ပြီး ပြောတာဖြစ်နိုင်သလို၊ ခရီးသည် ကိုင်ဆောင်လာတဲ့ passport အမျိုးအစားပေါ်လည်းမူတည်နေပါသေးတယ်။ စာရေးဆရာဟာလေကြောင်းလိုင်းဝန်ထမ်း အနေဖြင့် ပြည်ဝင်ခွင့် ပေးမပေးလုံးဝမသက်ဆိုင်ကြောင်းရေးထားပါတယ်။ ဒါကတော့သူများအလုပ်ကိုသူမသိပဲထင်ရာမြင်ရာတွေရေးထားတာပါ။ နိုင်ငံတကာလေကြောင်းပျံသန်းမှုဆိုင်ရာအဖွဲ.အစည်းကြီးကနေချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများအရ လေကြောင်းဝန်ထမ်း အနေနဲ့ သက်ဆိုင်ရာပြည်ဝင်ခွင့်များအတွက်စစ်ဆေးဖို.တာဝန်ရှိတယ်လို.ရေးထားပါတယ်။

အကယ်၍ခရီးသည်သွားတဲ့နိုင်ငံကနေပြည်ဝင်ခွင့်မပေးပဲနဲ. ကျနော်ရေးခဲ့ဖူးတဲ့ deportee များဖြစ်ခဲ့ရင်သက်ဆိုင်ရာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးကနေလေကြောင်းလိုင်းကိုဒဏ်ငွေရိုက်ပါတယ်။ ဒါ့အပြင်ခရီးသည်လာရာနိုင်ငံ/မြို.ကို ပြန်ခေါ်သွားဖို.တာဝန်ယူရပါတယ်။ ပြီးတော့ deportee ဆိုတဲ့အတိုင်းကျနော်အရင်ကပြောခဲ့ဖူးတဲ့အစီအစဉ်များနဲ့ ခရီးသည်ခမြာငွေကုန်လူပင်ပန်း အရှက်တကွဲလဲဖြစ်ကြ ရတာပါ။ ဒီထက်မကပိုမိုသေခြာအောင်ထပ်ပြီးပြောရမယ်ဆို ရင် စင်္ကာပူ ICA ဟာ၂၀၀၈ခုနှစ်ကုန်ပိုင်းလောက်မှာ e-visa ဆိုတဲ့စနစ်ကို စတင်ကျင့်သုံးလာပါတယ်။ e-visa ဆိုတဲ့ အတိုင်းစာအုပ်ပေါ်မှာဖော်ပြပေးတဲ့ စတစ်ကာ မလိုတော့ပါဘူး။ e-visa ရဲ့အကြောင်းကို ခေါင်းစဉ် နဲ့ မဆိုင်သော်လည်းကျနော်ဖော်ပြသွားပါရစေ။ အရင်တုံးက ဆို စလုံးဗီဇာအတွက် လျှောက်လွှာကို စလုံးက sponsor ပေးတဲ့ သူရဲ့ စလုံးမှတ်ပုံတင်မိတ္တူလေး ကိုတွဲပြပြီး သံရုံးမှာသွားတင်၊ သံရုံးကစစ်ဆေးပြီး (၃)ရက်ကြာရင်ပြန်ထုတ်ပေးပါတယ်။ အဲ့ဒီလိုကနေ စနစ်တစ်ခုလုံးကိုပြောင်းပြီး သံရုံး မှာဗီဇာ မလျှောက်ရတော့ပဲ၊ ကိုယ့်ကို sponsor ပေးတဲ့လူကိုယ်တိုင် ICA website ကတဆင့် online ပေါ်ကနေလျှောက်၊ online ပေါ်ကနေပဲအကြာဆုံး ၂၄ နာရီအတွင်းပြန်ချပေးပါတယ်။ e-visa ဆိုတဲ့စာရွက်တစ်ရွက် ကိုလဲထုတ်လို. ရပါတယ်။ e-visa ဖြစ်တဲ့အတွက်စာရွက်ကို ICA ကိုပြစရာမလိုပါဘူး။

သို.သော်e-visa ရဲ့ခေါင်းစီးမှာတော့ “ you are required to bring this paper e-Visa with you as the airlines requires you to produce it for verification when you check in “ လို. ICA လို.ဖော်ပြထားတဲ့အတွက် Airline အနေနဲ့ ပြည်ဝင်ခွင့် နဲ့ပတ်သတ်ပြီးတာဝန်ရှိမရှိအရှင်းကြီးပါ။ ဆရာပြောတဲ့အတိုင်းပြောရရင်တော့ ICA က အားအားယားယား မယောင်ရာဆီလူး လုပ်တာ တော့မဟုတ်နိုင်ကောင်းပါဘူးဗျာ။

အထက်ကရေးထားတာကတော့ ကျနော်အဲ့ဒီတုံးကရေးထားတဲ့ မူရင်းပါ။ အခုနောက်ဆုံးပေါ် သတင်းကိုထပ်မံပြောရမယ်ဆိုရင်တော့
ICA ဟာအခု E-Visa တစ်ခုထဲကိုပဲ လက်ခံတာမဟုတ်တော့ပဲ အရင်နည်းလမ်းဟောင်းဖြစ်တဲ့ ရန်ကုန်ကသံရုံးမှာ တင်ပြီးဗီဇာယူရတဲ့
စနစ်ကို ပြန်လက်ခံတယ်လို့ ရန်ကုန်ကလာတဲ့ ညီလေးတစ်ယောက်စီကနေ သိရပါတယ်။ ဘယ်လိုစာရွက်စာတမ်း တွေလိုတယ်ဆိုတာ
တော့ ကျနော်မသိပါဘူး။

နောက်တစ်ခုကတော့ မနေ့ကမှသိလိုက်ရတဲ့ Air Asia ရဲ့ နောက်ဆုံးပေါ်ဝန်ဆောင်မှုပါ။ အခုနောက်ပိုင်းမှာ
Air Asia ဟာ KLCC (KL Budget Terminal) ကနေပြီး ကမ္ဘာ အနှံကိုစာရိတ်နည်းနည်း နဲ့ပြေးဆွဲနေတာလူတိုင်းသိမှာပါ။ စလုံးကတချို့
Air Asia နဲ့ခရီးဝေးတွေကို စားရိတ်နည်းနည်းနဲ့သွားဖို့အတွက် စလုံးကနေ KL ကိုလေယာဉ်သွားစီးလာကြပါတယ်။ ကျနော် အရင်က
ပြောခဲ့သလို Budget Airline တွေဟာ အိတ်တွေကို တိုက်ရိုက်နောက်ဆုံးဆိုက်ရောက်ရာ လေဆိပ်ကိုပို့လို့မရပါဘူး။ ဒီတော့ ခရီးသည်
တွေဟာ KL ကိုဈေးအသက်သာဆုံးလေယာဉ်ကိုရှာပြီးသွား ဟိုရောက်တော့ အိတ်ကိုပြန်ထုတ်ပြီး Air Asia ကိုချက်ကင်ပြန်ဝင် ပြီးလိုရာ
ခရီးကိုဆက်ကြပါတယ်။ ဒီတော့ Air Asia က ၁ ချက်ခုတ် ၂ ချက်ပြတ်တဲ့အနေနဲ့ စလုံးကနေ KL Transit သွားမယ့်သူတွေကို SIN-KL ခရီးစဉ်ကိုပါ Air Asia နဲ့သွားမယ်ဆိုရင် ကိုယ်သွားလိုရာ နောက်ဆုံးမြို့လေဆိပ်အထိ အိတ်တွေကို ပို့ပေးဖို့ဝန်ဆောင်မှုကိုတီထွင်ပေး
လိုက်ပါတယ်။ ဒါတင်မကသေးဘူး၊ ခရီးသည်ဟာ Transit Visa မလိုတော့ပဲ Transit Lounge ထဲကနေ နောက်ခရီးစဉ်ကို ပြောင်းတက် လို့ရသွားပါတယ်။ စလုံးချန်ဂီမှာထဲက နောက်ဆက်ရမယ့်ခရီးအတွက် Borading pass ကိုပါတစ်ခါထဲထုတ်ပေး လိုက်ပါတယ်။ သတိထား
ရမှာကတော့ ခရီးစဉ်တောက်လျှောက် Air Asia ပဲဖြစ်ရပါမယ်။ တခြားဘယ်လေကြောင်းမှပြောင်းလို့မရပါဘူး။ Air Asia နဲ့သွားတဲ့
ခရီးစဉ်တောက်လျှောက်ကိုသာ ဝန်ဆောင်မှုပေးသွားမှာပါ။ ဥပမာ အရှင်းဆုံးတစ်ခုကိုပြောရရင် SIN-KUL-RGN sector ကို Air Asia နဲ့
သွားမယ်ဆိုရင် ရန်ကုန်ရောက်တဲ့အထိ အိတ်တွေကိုပို့ပေးလိုက်မှာဖြစ်ပြီး၊ KL terminal ထဲကနေအပြင်ထွက်စရာမလို၊ ဗီဇာမလိုပဲ
ရန်ကုန်ကိုဆက်ပျံမယ့်လေယာဉ်ကို တန်းတက်သွားရုံပါပဲ။ တခါတလေ SIN-RGN တိုက်ရိုက်ဈေးထက်သက်သာနေတက်တယ်ဗျ။ သူငယ်ချင်းတွေ ဈေးသိပ်ကြီးတာ မစီးချင်ရင် နည်းနည်းအပင်ပန်းခံပြီး အဲ့လိုပတ်သွားရင်ရတယ်ဗျ။

အခုနောက်ဆုံးအပိုင်းအထိ ဖတ်ပေးကြတဲ့ ကျနော့် ညီအကိုမောင်နှမ သူငယ်ချင်းတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်
မျှဝေပေးတဲ့ ဘာမှမဟုတ်တဲ့ အတွေ့အကြုံလေးတွေကနေ ဗဟုသုတတစ်စုံတရာရသွားရင်ဆိုပဲ အလွန်ကျေနပ်ဖို့ကောင်းနေပါပြီ။
နောင်မှာလဲ အလျှင်းသင့်သလို လေကြောင်းလိုင်းတွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာများ ကိုတင်ပေးသွားပါ့မယ်။ ကျနော့် ဘဝဟာ
အလွှာပေါင်းစုံကနေဖြတ်သန်း လွင့်မြောနေခဲ့တော့ နောင်ဆက်တင်မယ့် Blog Post အနေနဲ့ Facebook မှာလဲ ရေးခဲ့ပြီးဖြစ်တဲ့ ကျနော့်
ရဲ့ ပင်လယ်ပြင်ထဲက တချို့အတွေ့အကြုံတွေပါ။ သင်္ဘောသားလို့တော့မထင်လိုက်ပါနဲ့ဗျ၊ ကျနော်ရွက်လှေ ပဲစီးခဲ့တာပါ။ အပိုင်း ၃ ပိုင်း လောက်ပဲပါမှာဖြစ်တဲ့ “ကျနော် ရွက်လှေနဲ့ ပင်လယ်များ” လို့ခေါင်းစဉ်တက်ထားပါတယ်။



SOL @ Hein Oo
Jurong Island, Singapore 1731hrs
08/12/2010

3 comments:

  1. အင်းဗျာ..။ ကျွန်တော်တို့ အရှေ့ပိုင်းက ပို့စ်တွေမှာ ဆွေးနွေးခဲ့ကြသလိုပဲ ခရီးသည် အများစုအတွက် အချက်အလက်ချွတ်ခြုံကျမှု ကြောင့် ဒီပြဿနာမျိုးဟာ ရှိနေဦးမှာပါပဲ။ နောက်တစ်ချက်က ကျွန်တော်တို့ဆီက ထုံးစံများကလဲ နားလည်မှုလွဲမှားစေနိုင်တဲ့အထိ ဆိုတော့လဲ အပြစ်တော့မဆိုသာပါဘူး။ ဗဟုသုတဖြစ်ဖွယ်ပို့စ်များအတွက်ရော..၊ မအားလပ်တဲ့ကြားက တကူးတက ဂရုတစ်စိုက်တင်ပေးတဲ့အတွက်ပါ အထူးကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလဲ ပို့စ်ကောင်းကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြု ပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

    ReplyDelete
  2. ဟုတ်ပါတယ် ကိုကူးလွေ့ရေ ... ရန်ကုန်အပြည်ပြည်ဆိုင်ရာ မှာမလိုလားအပ်
    တဲ့ထုံးစံတွေနဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေကို မပေးနိုင်သေးတော့
    ခက်ပါတယ်။ အခုလို တောက်လျှောက်ဖတ်ပေးလာလို့လဲ ကျေးဇူးအများ
    ကြီးတင်ပါတယ်ဗျာ။

    ReplyDelete
  3. လာဖတ်သွားပါတယ်ဗျာ။
    ပို့စ်ကောင်းကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ။

    ReplyDelete