Wednesday, December 1, 2010

ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ခဲ့မိဘူး ...

ဒီဇင်ဘာလ ၁ ရက်နေ့ World AIDS Day အထိမ်းအမှတ်အတွက်နဲ့ HIVကူးစက်ခံရသူတို့အတွက်ဖေးမကူညီနားလည်နိုင်ဖို့ကို ရည်ရွယ်ပြီးSingapore နိုင်ငံ ယနေ့ဒီဇင်ဘာ ၁ ရက်နေ့ထုတ် The New Paper သတင်းစာ၏ မျက်နာဖုံးဆောင်းပါး ဖြစ်သော စင်္ကာပူပေါ်လီကျောင်းသားလေးတစ်ဦး၏ တကယ့်အဖြစ်မှန်ကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင့်ဖြစ်ပါသည်။ တချို့စာကြောင်း များတွင်တိုက်ရိုက်ဘာသာပြန်ဆိုသောကြောင့်ဖတ်ရှုသူအတွက်တစ်စုံတစ်ခုအနှောက်အယှက်ဖြစ်ခဲ့သော်၊ ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန်ပါသည်။ ကျနော့်အာဘော်တစ်ခုမှမပါပဲ ဘာသာပြန်ဆိုထားခြင်းကြောင့် ဆေးပညာဆိုင်ရာများ အမှားအယွင်း ရှိခဲ့သော် နားလည်ပေးဖို့မေတ္တာရပ်ခံပါသည်။


အသက် ၁၈ နှစ်အရွယ် ပေါ်လီတက်ကနစ်ကျောင်းသား James တစ်ယောက် သူ့ဘဝလမ်းကြောင်း မှန်ပေါ်ရောက်နေပြီလို့ မျှော်လင့်လျှတ် ရှိနေတာပါ။ပါတီတွေနဲ့ကလပ်ကို ပုံမှန်သွား ပျော်ပျော်ကြီး ဘဝကိုဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပါ။
သူအရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ အင်း ပြီးတော့ အခြားလိင်တူကောင်လေး တွေနဲ့အပါတ်စဉ် တစ်ယောက်စီပြောင်းပြီး ဆက်ဆံလေ့ရှိပါတယ်။

ဒီလိုသူ့ဘဝကိုဖြတ်သန်းနေရင်းကနေ ၂ နှစ်ကြာတဲ့အခါမှာတော့ မြောက်များလှတဲ့ဆေးတွေကို ပဲလှော်စားသလိုစားရင်းဆေးတွေအပေါ် မှီခိုနေရတဲ့ဘဝကို အဖြစ်ဆိုးစွာရောက်ရှိလာခဲ့ရတယ်ဗျာ ...

James ရဲ့ အသက်၂၀ မှာတော့ HIV Positive အဖြစ်စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

The New Paper နဲ့ အင်တာဗျုးမှာတော့ “ အခုချိန်မှာ ကျနော်ပြန်တွေးကြည့်နေမိတာကတော့ ကျနော့်သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးလျှောက်လည်၊ ကလပ်တက်တဲ့ နေတဲ့အချိန်တွေကိုပါပဲ၊ ကျနော်တစ်ပါတ်ကို အနည်းဆုံး ၃ ကြိမ်တော့ Gay Club တွေကိုရောက်တက်တယ်ဗျ။ ”

အခုတော့ James တစ်ယောက် ဆေးလိပ်ဖြတ်လိုက်ပြီ၊ အရက်မသောက်တော့ဘူး။ ကလပ်သွားတာတွေ လဲလျှော့ချလိုက်ပါပြီ။ လွန်ခဲ့တဲ့လအနည်းငယ်မှာတော့ James တစ်ယောက်ကလပ်ကို ၄-၅ ကြိမ်လောက်ပဲသူငယ်ချင်းတွေနဲ့ရောက်ခဲ့တယ်။

James ဟာသူ့အမူအကျင့်အားဖြင့် ပရမ်းပတာနိုင်ပြီး သူ့ရဲ့ လိင်ဆက်ဆံဖက် များပြားခြင်းဟာ သူ့အတွက်နောင်တစ်ချိန်မှာ ယူကြုံးမရစွာ ပျက်ဆီးခြင်းကြုံရလိမ့်မယ်လို့ သူမသိခဲ့ပါဘူး။

ကတ်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ James ဟာ သူ့ရဲ့လုပ်ရပ်တွေဟာ မှားယွင်းကြောင်းသူသိခဲ့ပါတယ်။ ပြီးတော့ HIV ဟာဘယ်လို ကူးစက်တက်တယ် ဆိုတာကိုလဲ နားလည်သဘောပေါက်တဲ့ လူငယ်ပါ။ သို့သော် သူ့ရဲ့နားလည်မှု၊ သိရှိမှုတို့ဟာ အခု သူ့ကို မကူညီနိုင်ခဲ့ပါဘူး။

သူ့ရဲ့ လိင်ဆက်ဆံမှုမှာ အကာအကွယ်ယူမယူ ဆိုတာကိုတော့ “တော်တော်များများ မှာ အကာအကွယ် ယူတယ် ” လို့ပြောပါတယ်။

“ ကျနော်ပုံမှန်အားဖြစ်တော့ ကွန်ဒွန် ကိုသုံးပါတယ်။ ဒါမယ့် တခါတလ ကျနော့် ပါတနာက အသက်ငယ်ငယ်၊ ကျန်းကျန်းမာမာ နဲ့ သူကိုယ်တိုင်ကသန့်ပါတယ်လို့ပြောရင် တော့ အင်း ကျနော်ဒီတကြိမ် အတွက် ကွန်ဒွန် ကိုမသုံးတော့ဘူးဗျာ”

ဒီလိုသန့်ပါတယ်ဆိုသော လူငယ်ပါတနာ ဘယ်နှယောက်နဲ့များ သူဆက်ဆံခဲ့သလဲဆိုတာတော့ သူဆက်မပြောသွားခဲ့ပါဘူး။ ဒီအတွက်သူ အမျှော်အမြင်မရှိခဲ့ ဘူးဆိုကိုဝန်ခံခဲ့ပါတယ်။

“ကျနော်ကငယ်ငယ်လေး ရှိသေးတာ၊ ပြီးတော့ ကျနော်တစ်ခုခုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ”

ဒီနှစ် ၂၀၁၀ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ James တစ်ယောက် လေယာဉ်မောင် တစ်ယောက်နဲ့ ဂေးကလပ်တစ်ခုမှာ သိကျွမ်းခင်မင် ခဲ့ပါတယ်။ “သူက အသက် ၂၄ နှစ်ဗျ၊ နောက်ပြီးတော့ကျနော်တို့ လိင်ဆက်ဆံတဲ့အခါမှာ သူက ကွန်ဒွန် မသုံးဘူး လို့အဆိုပြုတာရယ်၊ ကျနော် ၂၀၀၉ ခုနှစ်ထဲမှာ တစ်ကိုယ်လုံး Medical Check Up လုပ်ထားတော့ အားလုံးကင်းကင်းရှင်းရှင်း ဖြစ်နေတာရယ်ကြောင့် အကာအကွယ်အသုံးမပြုဘူး ဆိုတာကို လက်ခံခဲ့ပါတယ်။ ”

“ပြီးတော့ သူကလဲ သူ့ကိုယ်သူ ကျန်းမာပြီး ရောဂါကင်းရှင်းတယ် လို့ပြောတာကြောင့်လဲပါ တာပေါ့ဗျာ။”

၃ လကြာပြီးနောက် James ဒီလေယာဉ်မောင်နဲ့ ထပ်တွေ့ကြပြီး သူတို့တကြိမ်ပြီးတကြိမ် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ကြပါတယ်။ James တစ်ယောက် လိင်ဆက်ဆံဖော်များလေတော့ ဘယ်သူနဲ့ကူးစက်ခဲ့သလဲဆိုတာ ကို အသေအခြာမသိပေမယ့် သူကတော့ ဒီလေယာဉ်မောင် စီကနေပဲ ကူးစက်တယ်လို့ ယူဆနေပါတယ်။

James တစ်ယောက်သူ့ကိုယ်သူ ကူးစက်ခံရပြီလို့ သံသရဝင်လာ ပြီးတဲ့နောက်မှာတော့ ခြောက်ခြားတဲ့စိတ်ဝေဒနာပါခံစားခဲ့ရပြီး၊ ပြင်းထန်တဲ့အဖျားတွေနဲ့အချို့ HIV လက္ခဏာတွေကို ခံစားလာရတဲ့အချိန်မှာတော့ သူပိုတွေးလေပိုပြီး စိတ်ဒုက္ခရောက်လေဖြစ်ခဲ့ ရပါတယ်။ သေခြာအောင် သွေးစစ်ဆေးခံဖို့အတွက်ကိုတော့ သူသွားဖို့ခွန်အားမရှိခဲ့ပါဘူး။ သူ့ရဲ့စိတ်ဖိစီးမှုတွေကို ဘယ်သူ့ကိုမှလဲ ပြောမပြနိုင်တော့ သူ့ဒိုင်ယာရီစာအုပ် ထဲမှာချရေးရင်နဲ့ စိတ်ကိုအတက်နိုင်ဆံဖြေသိမ့်နိုင်အောင်ကြိုးစား ခဲ့ပါတယ်။

အပြောင်းအလဲတစ်ခုအနေနဲ့ကတော့ သူရေးနေကြ ဒိုင်ယာရီ စာအုပ်ကို အိမ်ဧည့်ခန်းမှာ မေ့ပြီးထားခဲ့ရက James ရဲ့အမေကဖတ်မိပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာ ကိုသိလို့ James ကိုသွေးစစ်ဖို့အကြံပေး အားပေးခဲ့ပါတယ်။ James က “ ကျနော် HIV Positive ဖြစ်မှာတအားကြောက်တယ်ဗျာ ” လို့သူ့အမေကိုပြောခဲ့ပါတယ်။

James ရဲ့ အမေတစ်ယောက် James ရဲ့အရင်းနှီးဆုံးမိန်းကလေးသူငယ်ချင်း တစ်ယောက်ကို အဖော်ခေါ်ပြီး ၃ ယောက်သား အမည်ဖော်ပြစရာမလိုပဲ သွေးစစ်ပေးတဲ့ဆေးခန်းကိုသွား ဆေးစစ်ခဲ့ကြရာ -

“ ကြောက်ရွံစိတ်တွေတစ်ကိုယ်လုံးဖုံးလွှမ်းနေခဲ့ရပြီးနောက် အချိန် ၁ နာရီကြာပြီး နောက်ဆုံးမှာ ကျနော့်ရဲ့ဆေးစစ်ချက်အဖြေကို ဆရာဝန်က ပြောပြချိန်မှာတော့ ကျနော်တကိုယ်လုံးအမှောင်ထုကြီးဖုံးလွှမ်းသွားခဲ့ပါတော့တယ်”

“ ကျနော့်ရဲ့သွေးအဖြေကို ကြားသိရပြီနောက်မှာတော့ ကျနော့် အမေခမျာ ငိုယိုပြေးထွက်သွားတာကြောင့် ကျနော့်သူငယ်ချင်းမှာ အမေ့ကို နှစ်သိမ့်ရတာနဲ့အလွန်အလုပ်များသွားခဲ့ရတယ်၊ ကျနော်မျှော်လင့်ပြီးသား ဖြစ်ပေမယ့် တကယ့်ကိုအကြီးမားဆုံးသော တုန်လှုပ်ခြောက်ခြားမှု တစ်ခုပါပဲ”

“ အဲ့ဒီအချိန်တုံးက ကျနော်ထင်ခဲ့တာက ဒါဟာ သေဒဏ်ချမှတ် လိုက်တာပဲ လို့ပါ ”

ဒီသွေးအဖြေနောက်ပိုင်းမှာတော့ James တစ်ယောက်စိတ်ဓာတ်ကျပြီး၊ ကယောင်ကတမ်းတွေဖြစ်၊ ညဖက်အိပ်မပျော်ပဲ ချက်ချင်း ချမ်းအေးတုန်ရီပြီးစိတ်ခြောက်ခြားတဲ့ဒဏ်ကိုနေ့စဉ်နီးပါးခံစားခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ James ကို ကူးစက်ရောဂါများအထူးကုသရေးဆေးရုံ ကိုတင်ဆောင်ခဲ့ရပြီး၊ အထူးကြပ်မတ်ခန်းမှာ ရက်ပေါင်း များစွာတိုင်အောက်ကုသမှုခံယူခဲ့ရပါတယ်။ James ရဲ့ CD4 အရည်အတွက်ဟာ ၅၀ ပဲရှိတဲ့အတွက် အထူးစိုးရိမ်စရာအချိန်အနေကို ရောက်ရှိခဲ့ရပြီး HIV ခုခံဆေး ၂ မျိုးသုံးစွဲကုသခဲ့ရာကနေအခုတော့ CD4 ၂၀၀ အထက်ထိရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင် James ဟာ သာမန်လူတစ်ယောက်လို ပုံမှန်အနေအထားပြန်ရောက်ရှိလာပြီးစေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Action for AIDS (AfA) ရဲ့အတိုင်ပင်ခံတစ်ယောက်ရဲ့ဆွေးနွေးမှုကိုခံယူပြီး နှစ်သိမ့်အကြံပေးသင်တန်းတွေကိုပုံမှန်တက်ရောက်နေခဲ့ပါပြီ။

တစစီပြိုကွဲနေတဲ့ သူ့ဘဝကို တဖြည်းဖြည်းနဲ့ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။

“ အခုကျနော်သိပြီ၊ ဒီဟာဟာ သေဒဏ်မဟုတ်ပါဘူး၊ ဒီရောဂါဆိုးကြီးကို အခုသုံးစွဲနေတဲ့ဆေးတွေနဲ့ထိမ်းချုပ်ထားလို့ရနေပြီ၊ ဒါပေမယ့် အခုချိန်ထိကျနော်ဖြစ်ချင်တဲ့ဆန္ဒက ကျနော့်မှာ ဒီရောဂါမရှိဘူးလို့ ” “ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ဘဝကို သေခြာစီမံကိန်းချ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ ”

ပထမဆုံး James ဖြစ်ချင်တဲ့ဆန္ဒကတော့သူ့ရဲ့ကျန်းမာရေးကြောင့် တစ်ဝက်တစ်ပျက်မှာ ရပ်နားထားရတဲ့သူ့ ပေါ်လီဒီပလိုမာကို ဆက်ပြီးတက်ဖို့ပါ။

“ ကျနော်ဒီပလိုမာရပြီးရင် ကြော်ငြာ Company တစ်ခုမှာ ကြော်ငြာစာရေးသားတဲ့အလုပ်ရချင်တယ်ဗျာ၊ ပြီးတော့ ဖြစ်နိုင်ရင် ကျနော့်ပညာရေး ကိုရှေ့ဆက်ပြီးဘွဲ့တစ်ခုရအောင်လုပ်မယ်ဗျာ ”

“ ကျနော့်မိသားစုအတွက် ကျနော်ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်စေခဲ့တယ်၊ ကျနော့်အသုံးပြုရတဲ့ဆေးတွေအတွက်ပဲ တစ်လကို စင်္ကာပူဒေါ်လာ ၂၃၀ ကုန်ကျနေရတာ၊ ကျနော်ဘုရားသခင်ကိုဆုတောင်းမိတယ်၊ ကျနော့်ကို HIV Negitive အဖြစ်များပေးသနားခဲ့ရင် ဘဝတစ်ခုလုံးကိုပါ ပြောင်းလဲပြစ်ဖို့ဝန်မလေးဘူးဗျာ”

“ အခု ကျနော့် HIV Positive ကျနော့်လူနေမှုပုံစံပြောင်းလဲသွားခဲ့တယ်၊ ကျနော်အနာဂါတ်မှာ သေခြာခိုင်မာတဲ့ သံယောဇဉ်ဖြစ်နိုင်ဖို့ အတွက် ပါတနာ တစ်ယောက်ရဖို့လဲမျှော်လင့်မိတယ်၊ ကျနော့်သူ့ ကို ကျနော့်ရဲ့ ကျန်းမာရေးအခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်၊ ဒီအတွက်လိမ်ညာစရာ အကြောင်းမရှိဘူး၊ကျနော့်ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုတော့တကယ့်ကိုနောင်တရမိတာပါပဲဗျာ ”


Ng Wan Ching , The New Paper, 1st December 2010.

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

4 comments:

  1. နှစ်ဆယ်ဆိုတာ အတော်လေးကို ငယ်သေးတဲ့အရွယ်ပါ။
    ဒီအချိန်မှာ ပေါ့စတစ်ဗ် ဆိုတဲ့ အသံဟာ သူ့ကို ဘယ်လောက်သွေးပျက်ခြောက်ခြားစေခဲ့မယ်ဆိုတာ ခံစားကြည့်လို့ရတယ်။ ဘဝကို အရှုံးမပေးပဲ တည့်မတ်မှန်ကန်အောင် ကြိုးစားပြီး ပြန်လည် ထူထောင်နေတဲ့အတွက် ချီးကျူးပါတယ်။ ဒီရောဂါ ဖြစ်တဲ့သူတွေ စိတ်ဓါတ် သေသွားရင် သေမိန့်အမြန်ဆုံးကျ တာနဲ့အတူတူပါပဲ။ ဒီခေတ်ကြီးထဲက လူငယ်၊လူလတ် ၊လူကြီး တွေရဲ့ အဓိက ပြဿနာက ကွန်ဒုံးကို အကာအကွယ်အဖြစ် သိပ်မသုံးစွဲချင်ကြတာပါပဲ။ ကျယ်ကျယ်ပြန့်ပြန့်ပညာပေးထားပေမယ့်၊ သိရဲ့သားနဲ့...မိုက်ကြတယ်။

    ReplyDelete
  2. ဟုတ်ပါ့ ကိုကူးလွေ့ရေ ကျနော်လဲ သူပြန်လည်ရှင်သန်ကြိုးစားလာတာကို
    အလွန်ချီးကျုးမိပါတယ်။

    ... ကျနော်ရေးသမျှ အကြောင်းအရာမှန်သမျှ ဖတ်ပေး
    comment ပေး အကြံပေးလို့ကျေးဇူးတင်ပါတယ်။ အခုနောက်ပိုင်း ရေးတာ
    တွေကို ကူးလွေ့ပြောသလို ဝါကျတွေ ခွဲပြီးကြိုးစား ရေးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ အကျင့်ရသွားလိမ့်မယ်မျှော်လင့်မိပါရဲ့ ...

    ReplyDelete
  3. အားပေးလျှက် ပါဗျာ။း)

    ReplyDelete