Thursday, December 9, 2010

ကျွန်တော် ရွက်လှေ နဲ့ ပင်လယ်များ (၁)

ကျနော့် ရဲ့ လေကြောင်းလိုင်းများ နဲ့ ဆိုင်တဲ့ post တွေကို အားပေးကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် လို.ထပ်ပြောပါရစေ။ ကျနော့် ဘဝရဲ့ အတွေ.အကြုံတွေထဲက ဒီတစ်ခါတော့ကျနော်ပင်လယ်ပြင် နဲ့ ရေပြင်တွေပေါ်မှာကြုံတွေ့ခဲ့ ရတဲ့အဖြစ်အပျက်လေးတွေ ကို ကိုယ်ပိုင်မှတ်တမ်း အနေနဲ့ရေးထားတဲ့အတွက် ဖတ်လို့တော့သိပ်ကောင်းမှာ မဟုတ်တဲ့အကြောင်း ကြိုတင်ပြောပါရစေ။

ဒီအကြောင်းအရာတွေရဲ့အစကတော့ ၂၀၀၀ပြည့်နှစ်လောက်မှာဆိုတော့ ၁၀ နှစ်လောက်တော့ကြာပြီပေါ့ဗျာ။ ကျနော့်ဘဝရဲ့အတွေ.အကြုံ တွေကိုအဲ့ဒီကစခဲ့တာလို.ပြောလို.ရပါတယ်။ ကျနော် ငယ်ငယ်ကထဲက သင်္ဘောနဲ.ပတ်သတ်တာတွေ စိတ်ဝင်စား တယ်ဗျ။ ကျနော်အထင် ပြောရရင် (၈) တန်းကျောင်းသားဘဝမှာ အဒေါ်၊ ဝမ်းကွဲအမတွေ နဲ.တူတူ မော်လမြိုင်ကို သွားလည် တာကစတယ်ထင်တာပဲ။ မော်လမြိုင်က မောရဝတီရေတပ်စခန်းဌာနချူပ်မှာ တစ်ပါတ်လောက်နေလိုက်တော့ အဲ့ဒီကရေတပ် စစ်ဗိုလ် တွေကိုအားကျပြီး သင်္ဘော တစ်စီးကိုကိုယ်တိုင် မောင်းချင်စိတ် တွေဖြစ်လာတယ်။ ဒါ့အပြင်ငယ်ငယ်ထဲကဘာကြောင့် မှန်းတော့မသိဘူး၊ သတင်းစာတွေထဲမှာ ရွက်လှေအသင်း အောင်မြင်မှုတွေ ၊ နိုင်ငံခြားကိုသွားပြီးပြိုင်ပွဲဝင်တာတွေဖတ်ရတော့ ရွက်လှေစီးချင်စိတ်တအားဖြစ်တာ။ ကျနော်အိမ်ကို သင်တန်းပို.ခိုင်းတော့အိမ်က အကုန်အကျ တစ်အားများတဲ့ အားကစားမို.လို.ထင်တယ်မလွှတ်ပဲ ရေပဲကူးခိုင်းထားတယ်ဗျာ။ ပင်လယ်ဆိုတာကိုလဲ တအားသဘောကျပြီး ငယ်ငယ်ကဆို ပင်လယ်ဆိုတာကို တစ်ယောက်ထဲလဲသွားတာပဲ။

ကျနော် ၁၀ တန်းရောက်တော့စာတအားကြိုးစား ပါတယ်။ ကျနော် စစ်တက္ကသိုလ်တက်ပြီးရေတပ်ကိုဝင်မယ်ပေါ့။ ကူညီနိုင်တဲ့ထိပ်တန်း အရာရှိကြီးများကလဲ ရေတပ်ရအောင်ကူညီမယ်လို. ပြောကြပါတယ်။ သို.သော် (၈) တန်း ဖြေပြီးတဲ့နောက်ပိုင်း မှုန်လာတဲ့မျက်စိကြောင့် မျက်မှန်လေး နဲ့ ဖြစ်နေပြီဆိုတော့ ရေတပ်တော့ မပြောနဲ.တော့ စစ်တက္ကသိုလ်တောင်ကျနော်မလျှောက် ဖြစ်ခဲ့ပါဘူး။ အဲ့ဒါပြီးတော့ လက်တော့ မလျော့သေးဘူးဗျ။ ကျနော်ရေကြောင်းသိပ္ပံကိုလျှောက်ပါတယ်။ တကယ်တော့ ကျနော် ၁၀ တန်းတုံးက စာအလွန်ကြိုးစား ခဲ့သော်လည်း ပါရမီကမပါတော့အမှတ်မကောင်းဘူးဗျ။ ရေကြောင်းသိပ္ပံကန့်သတ်တဲ့ အမှတ်ကိုကပ်ပြီး တော့ဝင်သွားတယ်။ ဆေးစစ်တာ ဘာညာအကုန်အောင်ပြီး၊ မျက်လုံးစစ်တဲ့နေရာမှာတွေ.ရောဗျာ၊ အမှောင်ထဲမှာမီးဖြုလား မီးနီလားစစ်တာတော့အောင်တယ်၊ အဝေးကြည့် စစ်တော့ စစ်တဲ့ Captain ကသူမြင်ရတဲ့ နေရာမှာရပ်ခိုင်းပြီးစစ်တာဗျ။ နည်းလမ်း တကျအကွာအဝေး အတိအကျ ကနေကြည့်ခိုင်းတာ တော့မဟုတ်ဘူးပေါ့။ သူလုပ်တာလဲဟုတ်တော့ဟုတ်ပါတယ် သူမြင်ရင်မြင်ရမယ်ပေါ့။ ကျနော်ကတော့မမြင်ဘူးဗျာ ခက်တာက။ ထောက်ပြတဲ့ဟာတွေ အကုန်တလွဲတွေကြီးပဲ။ ဒီလိုနဲ.ကျနော်အလျော့မပေးဘူး၊ အိမ်ကဒီဟာကိုတော့ဖြစ်စေချင်တယ်လေ၊ အဲ့ဒါနဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း တွေနဲ့ အကူအညီတောင်းတော့ ကျနော့်အတွက် သီးသန့် နောက်တစ်ခါထပ်စစ်ပေးပါတယ်။ ဒါမယ့်မမြင်တာ က မမြင်တာပဲဆိုတော့ ဘယ်နှစ်ခါစစ်စစ်ကျမှာပါပဲ။ စစ်ပေးတဲ့ Captain ခမျာ ကျနော်မျက်လုံးကမကောင်းကြောင်း
သူ.အရာရှိကိုအားနာနာနဲ.ပြောရှာပါတယ်။ ဒါနဲ.ကျနော် အမေနဲ.ကျနော့်ကိုအရာရှိကြီးက ရုံးခန်းထဲမှာခေါ်တွေ.ပြီး၊ သူအောင်ပေးလို.တော့ရပါတယ်၊ ဒါပေမယ့် ကလေး ဒီတစ်သက်လုံးဒီအဆင့် နဲ.နေသွားမှာမဟုတ်၊ ရာထူးတစ်ခါတက်တိုင်း တစ်ခါစစ်နေတော့ ကျရင် ရာထူးမတက်တော့ပဲ ဘဝမှာအခက်အခဲတွေရှိနိုင်တဲ့အကြောင်းသူတို. ရေကြောင်းလောကအကြောင်း ရှင်းပြပါတယ်။ကျနော်နဲ.မာမားလဲ အရာရှိကြီး ဆိုလိုချင်တာချက်ချင်းသဘောပေါက်တော့၊လက်လျော့လိုက်ကြတယ်။ ဒီလိုနဲ့ကျနော်သင်္ဘောအရာရှိ တစ်ယောက်ဖြစ် မလာ ခဲ့ဖူးပေါ့ဗျာ။

ဒီလိုနဲ.ကျနော် ၁၉ နှစ်သားလောက်မှာဖြစ်မယ်ထင်တယ်၊ ကျနော်ဘီယာကိုယ်စားလှယ်လုပ်လို့ ရတဲ့အမြတ်အစွန်းလေး တွေရှိတော့ ရန်ကုန်ရွက်လှေအသင်းမှာ နွေရာသီသင်တန်း ကိုယ့်ဟာကိုယ်သွားတက်လိုက်တယ်။ အတော်ပျော်တာဗျ၊ ကျနော်အရမ်းတက်ချင် တဲ့ ရွက်လှေတစ်စီးကိုစီးခွင့်ရတယ်။ ပြီးတော့ တက်မကိုလဲကိုယ်တိုင်ကိုင်ပြီး သွားချင်တဲ့နေရာ သွားနိုင် တယ်ဗျာ။ Helmsman လို.ခေါ်ပါတယ်။ Captain တော့မဟုတ်ဘူးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ဖြစ်ချင်တာတွေထဲက တစ်စိတ်တစ် ဒေသဖြစ်လာ တော့ ဝမ်းသာတယ်။ သင်တော့နှစ်ယောက်စီးရွက်လှေပေါ့၊ တစ်ယောက်က crew နဲ့တစ်ယောက် က helmsman ပေါ့။ ကုန်းပေါ်မှာ lecture ပေးပြီး ရေထဲကိုသွားသွားပြီး သင်ရတယ်လို.ပဲမှတ်မိတော့တယ်။ အလွန်ပြိုင်ပွဲဝင် ရမှာကြောက်တက်တဲ့ ကျနော့်မှာ ပြိုင်ပွဲတွေခဏခဏ ပြိုင်ရတယ်ဗျာ။ သင်တန်းဆင်းတော့ Qualify Helmsman ဆိုတဲ့ Certificate တစ်ခုရတယ်။ အခုချိန်ထိ ကျနော် တမြတ်တနိုးသိမ်းထား တုံးပါ။ ဒီ certificate နဲ.ပတ်သတ်လာတာ ကို နောက်ပိုင်း တစ်နေရာမှရေးသွားပါအုံးမယ်။ သင်တန်းပြီးတော့လှေကို ဆက်စီးချင် သေးတယ် လေ ဒါနဲ. မရှိရှိ တဲ့ပိုက်ဆံကိုကုတ်ကပ်ပြီး ကိုယ့်သဘောနဲ.ကိုယ်အသင်းမှာ member ဝင်လိုက်တယ်။ အပတ်တိုင်းလိုလို ရွက်လှေတော်တော် လေးစီးဖြစ်တယ်ပေါ့။ ဒါမယ့်အလွန်တော်တဲ့ရွက်လှေ အားကစားသမား တစ်ယောက်တော့ ဖြစ်မလာပါဘူး။

အဲ့ဒီလိုနေရာကနေ ကျနော်တို.Club က အငယ်တန်း ရွက်လှေ အသင်း တစ်သင်း စင်္ကာပူမှာသွားပြိုင်ဖို.ရှိလာတယ်။ အဲ့ဒီအချိန်မှာသူတို.ကလဲနေ.စဉ် training လုပ်တော့ ကျနော် စပြီး ဝလာတဲ့ကျနော် body weight ကိုထိမ်းဖို.ဆိုပြီးသူတို.နဲ့တူတူ physical training လိုက်လုပ်တယ်။ on water training ဆင်းတော့ နည်းပြတစ်ယောက်နဲ့ တူတူရေထဲကို ဘုတ်နဲ.လိုက်ပြိးကျောက်ဆူးချတာတို.၊ အချိန်မှတ်ပေးတာ တို.ကူညီတယ်ဗျ။ ကျနော်ကငယ်ငယ်လေးထဲကအားကစားနဲ့ရင်းနှီးတော့အဲ့ဒီလို နေရတာကိုသဘောကျတယ်။ တစ်ဖြည်းဖြည်းနဲ့ကလေးတွေနဲ.သံယောဇဉ်ဖြစ်လာမိတယ်။

ကျနော့် ဘဝ ရဲ့ ကျေးဇူးရှင်ကြီးအန်ကယ်လ်ဦးမိုးမြင့် ကလဲ ကျနော့်ကိုအကူအညီလိုရင်ပြောပါ ဆိုတော့အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျနော့် အတွက် အလုပ်တစ်ခုများ ရှိရင် ပေးပါလို.အကူအညီတောင်းလိုက်တယ်ဗျ။ အန်ကယ်ကသူ.ရုံးကိုလာခဲ့ပါဆိုတော့၊ ကျနော်နောက်နေ.သူ.ရုံးသွားတယ်ဗျ။ တိုတိုပြောရရင်ကျနော်ကိုမေးခွန်းတစ်ချို.မေးပြီး သူ.ကိုယ်ပိုင်ငွေထဲကနေ ထောက်ပံကြေးငွေတစ်လကို FEC ၅၀ပေးမယ်။ Sailing Club မှာလိုအပ်တာတွေလုပ်ဖို.နဲ့ ကလေးတွေကို Training ပေးတဲ့နေရာမှာ Training Assistant တစ်ယောက်အဖြစ် အလုပ်ခန့်ပေးမယ် ဆိုတော့အင်မတန်ဝမ်းသာတာဗျာ။ ကျနော် တက်သလောက်မှတ်သလောက်နဲ့ club ကလှေစီးတော်တဲ့သူ တွေက လဲကူညီကြတယ်ပေါ့။ ကျနော်အလုပ် စလုပ်ပြီးတစ်နှစ်လောက်ကြာတော့ တကယ့်ကို မထင်မှတ်ထားတဲ့အဖြစ်ပေါ့။ မလေးရှားမှာ သွား ပြိုင်မယ့် ရွက်လှေ အသင်းတစ်သင်းမှာ ကျနော်ကို နည်းပြအနေနဲ့နေလိုက်သွားဖို.ပါ။ တကယ်တော့ကျနော်က ရွက်လှေနည်းစနစ်တွေကို ပြနိုင်တဲ့နည်းပြတစ်ယောက်တော့မဟုတ်ပါဘူး။ ကျွှမ်းကျင်သူများစီစဉ်ပေးထားတဲ့ training program တစ်ခုကို အကောင်အထည် ဖော်ပေးနိုင်တဲ့ training assistant တစ်ယောက်အဖြစ်ပဲရှိတာပါ။ အဲ့ဒီမှာကလေးတွေ အတွက် စီစဉ်စရာရှိတာတွေစီစဉ်တာ၊ Physical training လုပ်ပေးတာကို ကျနော်က အဓိကလုပ်ပြီး၊ အန်ကယ် support လုပ်ပေးတဲ့ဝါရင့်ရွက်လှေသမားတစ်ယောက် ရဲ့အကူအညီ ယူပြီး တော့ ကျနော်ရဲ့ team ကိုလေ့ကျင့်ပေးခဲ့ပါတယ်။ အန်ကယ်ဒီအသင်းနဲ့ပတ်သတ်ပြီး အောင်မြင်မှုရချင်တယ်ဆိုတာ ကျနော် ကောင်းကောင်း နားလည်ပါတယ်။ On water training တွေကို သူကိုယ်တိုင်နေပူကြီးထဲ ဘုတ်နဲ့.ဆင်းကြည့်တာ၊ Physical Training ကိုမနက်အစောကြီး လာကြည့်အားပေးတာခဏခဏပါ။

ကျနော်မှာလဲ ကျနော်ရဲ့ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတစ်ခု ကို တာဝန်ယူရတာဆိုတော့အရမ်းကိုဆုရချင်တာဗျာ။ ပြိုင်ပွဲရောက်ဖို.တစ်လ လောက်အလိုမှာတော့ ဟိုမှာကြိုတင်လေ့ကျင့်လို.ရအောင် ရန်ကုန်ကနေအဖွဲ.ခေါင်းဆောင် အန်ကယ်ဦးစိုးမင်းအောင် ခေါင်းဆောင်ပြီး မနက်အစောကြီးရန်ကုန်ကနေထွက်ခဲ့တာ သွားလိုရာနေရာကို ညမိုးချုပ်မှ ရောက်ပါတယ်။ ကျနော်ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ် ဖြစ်သလိုပထမဆုံး လေယာဉ်ပျံစီးဖူးခြင်းပါ။ သွားပြိုင်တဲ့နိုင်ငံက မလေးရှားနိုင်ငံ ကိုတာကီနာဘာလူး (Kota Kinabalu) မြို.၊ မလေးရှား၊ ဘရူနိုင်း နဲ့ အင်ဒိုနီးရှားသုံးနိုင်ငံပိုင်တဲ့ဘော်နီယိုဆိုတဲ့ကျွန်းကြီးတစ်ခုပေါ်မှာတည်ရှိပါတယ်။ ပင်လယ်ကတော့တောင်တရုတ် ပင်လယ်ပါ။ ကျနော်မှာပင်လယ်ထဲမှာလှေတစ်ခါမှမစီးဖူး၊ စက်တက်ဘုတ်လဲမမောင်းဘူးတာနဲ.တော်တော်လေးစိတ်လှုပ်ရှားမိတယ်။ အစပိုင်းမှာတော့ လှိုင်းလေ ငြိမ်သက်တော့သတိမထားမိဘူး။ ပင်လယ်ထဲဆင်းပြီးပြန်လာရင် လူကငြိမ့်ကနဲငြိမ့်ကနဲ ဓာတ်လှေကား စီးသလိုဖြစ်နေတယ်။ အစကတော့မသိဘူးဗျ၊နောက်မှ အဲ့ဒါလှိုင်းမူးတာတဲ့။ ပြိုင်ပွဲအကြီး မစမီမှာ မလေးရှားနိုင်ငံအမျိုးသားတံခွန်စိုက်ပြိုင်ပွဲ တစ်ခု စတော့ အစထဲကကြိုတင်စီစဉ်ထားတဲ့အတိုင်းကျနော့်ကလေးတွေလဲဝင်ပြိုင်ကြတယ်ဗျ။ ကျနော်ကတော့ကျင်းပရေးကော်မတီက အကူအညီ တောင်းလို. ရေထဲမှာချထားတဲ့ အမှတ်အသားတစ်ခုကိုစောင့်ရတဲ့ အငယ်စားဒိုင်လူကြီးလိုမျိုးပေါ့ဗျာ၊ အဲ့ဒါတာဝန်ယူရတော့ Rubber Dinghy လို.ခေါ်တဲ့ လေသွင်းဘုတ်တစ်စင်းနဲ့ကျောက်ချပြီးစောင့်ရတာ။ အဲ့ဒီလှေကအမိုးမပါဘူးဗျ။တစ်နေကုန်ရေထဲမှာနေတာများတယ်။ Lunch ကိုတော့ဘုတ်နဲ.လာပို.တယ်၊ ရေနဲ.အချိုရည်ဘူး တွေကတော့လှေထဲမှပါပြီးသားပေါ့။ လှိုင်းရှိနေတော့လှေကမြင့်လိုက်ကျလိုက် ဖြစ်နေတာ အဆက်မပြတ်ဗျာ။ အဲ့ဒီမှာမှကျနော် လှိုင်းမူးခြင်းဒဏ်ကိုစတွေ.တော့တာပဲ။ စားမျှဆိုတာအန်တာ၊ကျနော်မှာ ရေသောက်လဲ အန်မယ်ဆိုတာသိပေမယ့်ရေဓာတ်ကုန်ဆုံးမှာစိုးလို.အန်လဲအဆက်မပြတ်သောက်နေရတာ။

ကျနော်စိတ်ထင်တော့နေသားကျသွားလိမ့်မယ်လို.အောက်မေ့ပေမယ့် နောက်ပိုင်း အာစီယံနိုင်ငံများပြိုင်ပွဲ စသည့် တိုင်နေ.စဉ်ရေထဲဆင်း နေ.စဉ်လှိုင်းမူးပြီးအန်တာပါ။ သူများနိုင်ငံကနည်းပြတွေကမေးကြတယ်၊မြန်မာနည်းပြပင်လယ်ထဲမရောက်ဖူးဘူးလားတဲ့ ဟုတ်တယ်လေ ကျနော်တို.ကအင်းယားကန်ထဲမှာ လှိုင်းမရှိပဲနေလာတာဆိုတော့ကျနော်မှာ အရှက်ကွဲလိုက်တာ။

ကျနော့် ကလေးတွေပြိုင်ပွဲမှာ တစ်ဦးချင်းပြိုင်ပွဲ နဲ့ အဖွဲ.လိုက်(Team)ဆိုပြီးရှိတဲ့အထဲမှာ Team ကကျနော်တို့ ဆုရနိုင်ဖို.အလားအလာ ရှိလာပါတယ်။ သူကပတ်လည်အမှတ်ပေးစနစ်နဲ.ပြိုင်ရတာဆိုတော့ နောက်ဆုံးပြိုင်ပွဲတစ်ခုမှာ Thailand နဲတွေ့ရမှာပါ။ Thai အသင်း အနေနဲ့ပတ်လည်ပြိုင်ပွဲရမှတ်တွေမှာ မကောင်းတော့ သူ့မှာဆုရဖို.အလားအလာလုံးဝမရှိတော့ဘူး၊ သို.သော်ကျနော်တို.ကသူ.ကိုနိုင်ရင် အမှတ်ပေးစနစ်အရ ရွှေ ရမှာပါ။ ရှုံးရင်တော့ ဒုတိယဗျာ။ ဘယ်သူမဆိုရွှေပဲလိုချင်တာပေါ့။ ပြိုင်ပွဲက တစ်ရက်နားပြီးတော့ နောက်နေ.မှာဒီ Thai နဲပြိုင်ရမှာဆိုတော့ ကျနော်ကလေးတွေဖင်ဘူးတောင်းထောင်ပြီး ဘုရားရှိခိုးလိုက်ကြတာ။ ရန်ကုန်မှာကျန်ခဲ့တဲ့ ကလေး မိဘများကလဲဗေဒင်ဆရာ ဆီ အပြေးသွားပြီး Urgent ယတျာတွေခြေကြနဲ့ တော်တော်ကိုအလုပ်များကြတာ။ ကျနော်မှာညအိပ် လို.မပျော်တော့ဘူး။ ကျနော်အရမ်းရချင်တယ်လေ၊ အန်ကယ့်အတွက် နိုင်ငံတော်အတွက်ရွှေရချင်တယ်။ နောက်နေ.ကလေးတွေရေထဲဆင်း ပြီးကိုယ်ကတော့ Coaches boat လို.ခေါ်တဲ့နည်းပြတွေအားလုံး စုစီးကြတဲ့ အင်ဂျင်သုံးလုံးတက်ဘုတ်ကြီးပေါ် ကနေ ပြိုင်ပွဲကို မှန်ဘီလူး ကိုယ်စီနဲ့ကြည့်ကြတာ။ အဲ့ဒီမှာမလေးနည်းပြနဲ.ထိုင်းနည်းပြနဲ.ကတစ်တွဲ၊ ထိုင်းနိုင်ရင်မလေးတွေကအလိုလိုရွှေရပြီလေ။

ကျနော်ကိုတော့စင်္ကာပူနည်းပြအဖြူကောင်ကကူညီတယ်။ စလုံးကချမ်းသာတော့နည်းပြကိုနိုင်ငံခြားကနေဌားပြီး သင်ခိုင်းတာလေ။
သူ.အသင်းက team ပြိုင်ပွဲမှာဆုမချိတ်တော့ဘူးဆိုတော့ သူကသက်သက်ကျနော်တို.ကိုကူညီပြီးကြည့်ပေးတာ။ သိတဲ့အတိုင်း ကျနော် ကတကယ့် နည်းပြအစစ် မဟုတ်တော့သူကမှန်ဘီလူးနဲ့ကြည့်ပြီး အခြေအနေပြောပေးတယ်။ ခက်တာကအတော်လဲဝေးပြီး နောက်ဆုံး ပန်းဝင် သွားတဲ့အချိန်မှာဘယ်သူနိုင်လဲမသဲကွဲဘူး။ ပွဲပြီးတော့ ခပ်လှမ်းလှမ်းကနေကျနော့်ကလေးတွေလှေတွေကမ်းကိုပြန်ကုန်ကြပြီ ကျနော်မနေနိုင်တော့ဘူး စင်္ကာပူအသင်းက ကလေးတစ်ယောက် လှေဌားပြီးရေထဲဆင်းသွားမေးတော့ ငိုနေကြတာတွေ.တော့ရှုံးပြီ ဆိုတာ သိလိုက်တယ်။ အော်မလေး ထိုင်း နည်းပြများပျော်လွန်းလို.လှေပေါ်မှာထတော်ခုန်တာဗျာ။ ကျနော်မှာတော့ စိတ်က အတော်ကို ညစ်သွားတယ်။ ရန်ကုန်ကမထွက်လာမီမှာထားတာ ဘယ်သူ.မှမနိုင်ရင်နေ ထိုင်းကိုတော့ နိုင်အောင် ပြိုင်ခဲ့ဆိုတော့အခုရှုံးပြီ။ ဒုက္ခတော့ကောင်းကောင်းကြီးတွေ.ပြီပေါ့။ ကုန်းပေါ်ရောက်တော့ရှုံးလို.ညစ်နေပါတယ်ဆိုမှ သတင်းစာတွေကအင်တာဗျုးမလို.တဲ့။ ကျနော့်ကလေးတွေမှာတော့သောင်ပြင်ပေါ်မှာမျက်ရည်နဲ့မျက်ခွက်ပေါ့။ သတင်းစာများကလဲငိုယိုနေကြတဲ့ ပုံတွေရိုက်သွားကြပြီး၊ နောက်နေ့ထုတ်တဲ့သတင်းစာများ မှာ ဝေဝေဆာဆာကြီး ကိုပါလာတာ။ ဘယ်တက်နိုင်မလဲ၊ ကံတရားပဲပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို.နိုင်ငံအတွက်ငွေတံဆိပ် တစ်ခုတော့ ယူသွား ပေးနိုင်ပါသေးတယ်။

1 comment:

  1. စိတ်ဝင်စားစရာ ဘဝ အတွေ့အကြုံများပါပဲဗျာ။ ကိုယ်ဖြစ်ချင်တာ ကို အားနည်းချက်တွေကြားက တစ်စိတ်တစ်ဒေသ ပြည့်ဝအောင် ကြိုးစားနိုင်ခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံ အထိ အောင်မြင်မှု ရခဲ့တာ အားကျစရာပါပဲ။ချီးကျူးတယ်ဗျာ။ ဂုဏ်လဲယူပါတယ်။ လှိုင်းမူးတဲ့ဝေဒနာက တော့ တစ်ကယ်ပဲ အတော်လေးကို ခံရခက်ပါတယ်။ကျွန်တော်လဲ အလုပ်လိုအပ်ချက်အရ နှစ်လလောက် ဘုတ် တစ်စီးနဲ့ နေ့စဉ် ပင်လယ်ထဲသွားပြီး ဆာဗေးသွားတိုင်းဖူးတယ်။ဘုတ်ပေါ်မှာတုန်းကတော့ လှိုင်းနဲ့ ဘာနဲ့ ဆိုတော့ သိပ်မသိသာပေမယ့် ပြန်လာလို့ ကုန်းပေါ်ရောက်တဲ့အခါ ခေါင်းထဲမှာ နိမ့်လိုက် မြင့်လိုက်
    ...ထိုင်နေလဲ ခေါင်းထဲမှာ လှုပ်တုတ်လှုပ်တုတ်၊ ညအိပ်တော့လဲ ခေါင်းထဲမှာ လှုပ်တုတ် လှုပ်တုတ်နဲ့ ခံစားချက်ကြီးက ပျောက်ကို ပျောက်မသွားဘူး။ အစားလဲ ကောင်းကောင်း စားမဝင်၊ ကောင်းကောင်းလဲ အိပ်မရနဲ့ တော်တော် ဒုက္ခများခဲ့ဖူးပါသဗျာ။

    ReplyDelete