Monday, November 22, 2010

ကျနော်နဲ Airlines Industry အပိုင်း (၈)

ကျနော်ဒီအပိုင်းမှာတော့စင်္ကာပူကိုအခြေစိုက်ပြီးဒေသတွင်းပျံသန်းနေတဲ့အထင်ရှားဆုံးစားရိတ်နည်းလေကြောင်းလိုင်းတွေအကြောင်း
ဖော်ပြပေးသွားပါမယ်။ ဒီစာကိုရေးခဲ့တဲ့အချိန်ကလွန်ခဲ့တဲ့ (၇) လကျော်ကဆိုတော့ဒီတလောအတွင်းအပြောင်းအလဲတွေများရှိခဲ့လို့၊
ကျနော်ရေးတာနဲ့များမတူတာရှိခဲ့သော်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြောလိုပါတယ်။

အာရှဒေသရဲ့ Budget Airline တွေရဲ့အစပထမကတော့ Malaysia ခြေစိုက် Air Asia ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် လောက်မှာစတင် တည်ထောင်တယ်လို.မှတ်တမ်းတွေမှာတွေ့ရပါတယ်။ ကျနော်အတိအကျကြီးတော့ research လုပ် ထားတာမဟုတ်ပေမယ့် budget airline တွေအကြောင်းသိသမျှနဲ့ ကျနော်ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ budget airlines များအကြောင်းကိုပြောပြသွားပါ့မယ်။ ကျနော်တို.အရှေ.တောင်အာရှအတွင်းမှာအဓိကယှဉ်ပြိုင်ပျံသန်းနေတဲ့ budget airline က ၃ ခုရှိပါတယ်။ စင်္ကာပူအခြေစိုက် Tiger Airways နဲ့ Jet Star Asia, မလေးရှားအခြေစိုက် Air Asia တို.ပါ။

ဒီလေကြောင်းသုံးခုရဲ့အကြောင်းကိုအကြမ်းဖျင်းပြောရရင် ပထမဆုံး Tiger Airways ပါ။ သူကတော့ ကမ္ဘာ.အကောင်းဆုံးလေကြောင်း တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Singapore Airlines (SQ) ကရှယ်ယာအများဆုံးပိုင်ဆိုင်ပါတယ်။ မြေပြင်ဝန်ဆောင်မှုနဲ့. လေယာဉ် ပြုပြင်ထိမ်းသိမ်းရေးတွေကိုတော့ SQ ကပိုင်တဲ့ Singapore Airline Engineering ကတာဝန်ယူတာဆိုတော့လေယာဉ်ပျံသန်းရေးလုံခြုံမှု အတွက်စိတ်အချရဆုံးbudgetလေကြောင်းလို.ကျနော်ပြောချင်ပါတယ်။ ဒါ့အပြင်ဈေးနှုန်းမှာလဲတခြားလေကြောင်း (၂)ခုထက်နှိုင်းယှဉ် ကြည့်မယ်ဆိုရင်ပိုသက်သာတာကိုတွေ.ရပါတယ်။ ဒါပေမယ့်ဝန်ဆောင်မှုအပိုင်းမှာတော့ကျန်တဲ့လေကြောင်းနှစ်ခုထက် စာရင်မဆို သလောက်လေးနိုမ့်သွားပါတယ်။ ဘာတွေလဲဆိုရင်စလုံးမှာတော့ Chaigi Airport Terminal 1, 2, 3 အပြင် Budget Terminal ဆိုပြီး နောက်ထပ် Terminal တစ်ခုရှိပါတယ်။ budget airlines တွေအတွက်စားရိတ်နည်းနည်းနဲ.ရပ်နားဝန်ဆောင်မှုပေးနိုင်အောင်ပါ။ budget terminal ဆိုတဲ့အတိုင်းchangi ရဲ့တခြား terminal ကြီးတွေနဲ.ယှဉ်လိုက်ရင်အတော်ကိုကွာပါတယ်။ လေယာဉ်ပေါ်ကိုမြေပြင် ကနေ တဆင့် လှေကားနဲ့တက်ရပါတယ်။ Aero Bridge တွေ tube တွေမရှိဘူးဗျ။ terminal ကနေလေယာဉ်လှေကားကိုရောက်ဖို.နည်းနည်း လေးလမ်းလျှောက်ရတယ်ဗျာ။ ဒါမယ့် budget terminal ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာထက် ၂ ဆ သို.မဟုတ် ၃ ဆ လောက်သာ ပါတယ်။ ဒီထက်တော့ပိုမပြောတော့ပါဘူး။ အဓိကကွာသွားတာကတော့အဲ့ဒါပါပဲ။ ပြီးတော့ online ticketing မှာ air fare ကိုတော့သူများ ထက်လျော့ပြထားတယ်။ ဒါပေမယ့်ဘာဖြစ်လဲဆိုတော့ online ကဝယ်လို.ဆိုပြီး ခရီးစဉ်တစ်ကြောင်းကို ၆ ကျပ်ပိုတောင်းတယ်ဗျာ။ နှစ်ကြောင်းအသွားအပြန်ဝယ်ရင် ၁၂ ကျပ်ဖြစ်ရော။ ပြီးတော့ check in bag အတွက် တစ်ကြောင်းကို ၁၅ ကီလိုထိ ၁၂ ကျပ် ၅၀ ပြား။ အဲ့ဒီမှာတင်သူတော်တော်လေးရသွားပါပြီ။ budget airline တွေရဲ့လက်မှတ်ကို online မှတဆင့် အဓိက ဝယ်ရတာ ဆိုတော့ သူ.ကို တစ်ကြောင်း ၆ ကျပ်အသားလွတ်ပေးလိုက်ရတာပါ။ ထုံးစံအတိုင်းလေယာဉ် ပေါ်မှာတော့ဘာမှမကျွေးပဲ၊ စားချင်ဝယ်စားရမှာပါ။
on flight entertainment ဆိုရင်လေကြောင်းလိုင်းကထုတ်တဲ့ မဂ္ဂဇင်းကလွဲပြီးဘာမှမရှိပါဘူး။ Tiger Airways ရဲ့လက်မှတ်အတန်း အစား ကတစ်မျိုးပဲရှိတဲ့အတွက် အကယ်၍များ မလိုက်ခဲ့ရင်ဝယ်ထားတဲ့လက်မှတ်ကအဆုံးပါပဲ။ တပြားမှပြန်မအမ်းပါဘူး။ Tiger Airways ဟာစင်္ကာပူ ကို Hub အဖြစ်ထားပြီးတော့အရှေ.ဖက်ဆိုရင် ဟောင်ကောင်ထိ၊ မြောက်ဖက်ဆိုရင်အိန္ဒိယနိုင်ငံ၊အရှေ.တောင်အာရှ ရဲ့မြို.တော်တော်များများနဲ. Australia ဖက်ကိုလဲပျံပါတယ်။ နောက်တခုသတိထားစရာလေးကတော့ online ကနေလက်မှတ်ဝယ်တဲ့အခါ
အစပိုင်းမှာတော့ကိုယ်ရွေးတဲ့ flight ဟာမနက်ပိုင်းဖြစ်နေပေမယ့်၊ တကယ်ငွေချေတော့မယ်လို့ဆိုရင် flight အပြောင်းအလဲကို system
ကနေသူ့အလိုလိုတခါတယံမှာပြောင်းပစ်တာကိုတွေ့ရတက်တယ်။ ဒါကြောင့်နောက်ဆုံးငွေချေဖို့ confirm လုပ်ခါနီးမှာကိုယ်ရွေးထား
တဲ့ flight ဟုတ်မဟုတ်အချိန်တွေကိုပါပြန်စစ်ပါလို့အကြံပြုပါရစေ။

နောက်တစ်ခုကတော့ Jet Star Asia ပါသူကတော့ကျနော်စောစောပိုင်းမှာပြောထားပြီးသားပါ။ Australia National Airlines Quantas ကရာနှုန်းပြည့်ပိုင်ဆိုင်ပါတယ်။ Myanmar Airways International (MAI) နဲ. Code share ဖြစ်တဲ့ အတွက်ရန်ကုန်ကိုပျံတဲ့အချိန်မှာသူ.ကို MAI တစ်ဖြစ်လဲတွေ.ရလေ့ရှိပါတယ်။ ကျနော်တို.နိုင်ငံတော် အလံတင်လေကြောင်း လေယာဉ်ကိုယ်ပိုင်မရှိခင်က Jet Star ကပဲ MAI အဖြစ် တောက်လျောက်ပျံသန်း ခဲ့တဲ့လေကြောင်းပါ။ သူကတော့ပြောရရင် budget airline ထဲမှာဈေးအကြီးဆုံးပါ။ လက်မှတ် အမျိုးအစား (၃) မျိုးခွဲထားပါတယ်။ Check – in Bag မပါဘူး လက်ဆွဲပဲယူမယ်ဆိုရင်တစ်ဈေး၊ ပုံမှန်အတိုင်းလက်ဆွဲရော check - in bag ရောယူမယ်ဆိုရင်တစ်ဈေး(၁၅ ကျပ်ကွာပါတယ်)။ နောက်တစ်မျိုးကတော့ လက်မှတ်ကို အကန့်အသတ် မရှိရက်နဲ့ အချိန်ရွေ.ဆိုင်းလို.ရတဲ့ဈေးပါ။ တကယ်ဆိုရင် အဲ့ဒီဈေးဟာ သာမန်ပုံမှန်လေကြောင်းများလက်မှတ်တွေထက်၊ သို.မဟုတ် လက်မှတ်တွေလောက် ဈေးများပါတယ်။ ဘာမှမထူးပါဘူး။ သူကတော့ changi airport terminal 1 ကနေထွက်ပါတယ်။ budget terminal ထက်သာသွား တာပေါ့ဗျာ။ online ပေါ်ကလက်မှတ်ဝယ်တဲ့အတွက်အပိုကျေးပေးစရာမလိုပါဘူး။

ပြီးတော့ကျနော်အင်မတန်ကြိုက်တဲ့ဝန်ဆောင်မှုကထိုင်ခုံကိုလက်မှတ်ဝယ်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ခုံ ကြိုတင်ပြီးယူထားလို.ရပါတယ်။ အရေးပေါ်ထွက်ပေါက်ခုံတန်းနဲ့ရှေ.ဆုံးတန်းကလွဲပြီးတော့ပေါ့။ အဲ့ဒီနေရာတွေဆိုရင်တော့ငွေနည်းနည်းပိုပေးရတယ်ဗျ။ နောက်ထပ်သူ.ရဲ့ဝန်ဆောင်မှုတစ်ခုကတော့စလုံးကလူတွေအတွက် ပေါ့နော်လက်မှတ်ကို online ကနေ booking လုပ်ချက်ချင်းငွေပေးစရာမလိုပဲ၊ (၁)ရက်အတွင်းမှာ 7-11 store, Singapore Post Office ကစာတိုက်များ နဲ. SAM Machine လို.ခေါ်တဲ့စက်ကနေပေးလို.ရပါတယ်။ credit/debit card မရှိတဲ့လူတွေအတွက်အရမ်းအဆင်ပြေတာပါ။ Jet Star ဟာအခု Japan Osaka ထိပျံပါတယ်။ ခရီးစဉ်အတွင်း ဝန်ဆောင်မှုကတော့တခြားသူတွေအတိုင်းဆိုတော့ထပ်မပြောတော့ပါဘူး။

နောက်ဆုံးတစ်ခုကတော့ Air Asia ပါ။ သူကတော့ budget တွေထဲမှာအကြီးဆုံးလို.ပြောလို.ရပါတယ်။ budget လေကြောင်းတွေ ထဲမှာခရီးစဉ်များဆုံးပျံသန်းတဲ့လေကြောင်းလဲဖြစ်ပါတယ်။ မလေးရှား KLLC လို.ခေါ်တဲ့ KL Budget Terminal ဟာသူ.ရဲ့ကိုယ်ပိုင် လေဆိပ်လိုပါပဲ။ သူ.လေယာဉ်တွေအကုန်အဲ့ဒီကပဲအတက်အဆင်းလုပ်ပါတယ်။ ချန်ဂီမှာတော့ terminal 1 ကနေဝန်ဆောင်မှုပေးပါ တယ်။ သူ.လက်မှတ်ကတော့တစ်မျိုးပဲရှိပါတယ်။ဒါမယ့် check in bag ပါမယ်ဆိုရင်ပိုပေးရတယ်။ လက်မှတ်ဈေးနှုန်းတွေအနေနဲ.ဆိုရင်တော့တစ်ခါတလေလဲသက်သာတယ်။ တခါတလေလဲသူများတွေထက်အများ ကြီးကိုဈေးပိုကြီးနေတက်တယ်ဗျ။ အထူးဝန်ဆောင်မှုတစ်ခုကတော့ online ကလက်မှတ်ဝယ်တဲ့အချိန်မှာလေယာဉ် ပေါ်မှာစားချင်တဲ့အစားအစာကိုကြိုတင်မှာထားလို.ရပါတယ်။ သူတို. Menu ထဲမှပါတဲ့စားစရာပေါ့နော်။ ကြိုမှာရင်သက်သာပါတယ်။ လေယာဉ်ပေါ်မှာမှာဝယ်စားလဲ ကျန်တဲ့လေကြောင်း နှစ်ခုထက်စာရင်အတော်ကိုသက်သာ တယ်လို.ပြောလို.ရတယ်ဗျ။ Air Asia နဲ့ KLLC ကတဆင့် Europe/Middle East/ Japan/Korea ထိ budget နှုန်းနဲ.သွားလို.ရပါတယ်။ Air Asia ကိုတော့ကျနော်တို.ရန်ကုန်ကလူတွေရင်းနီးပြီးသားဖြစ်မှာပါ။ လက်မှတ်ကတော့ ထုံးစံအတိုင်း online ကနေ credit/debit card တွေနဲ.ဝယ်လို.ရပါတယ်။

ရှိသမျှ budget airline တွေရဲ့ လက်မှတ်တွေကိုခရီးသွားဝန်ဆောင်မှု ပေးတဲ့ company တွေကနေလဲဝယ်လို့ ရတာလူတိုင်းသိမှာပါ၊ ဒါမယ့်ဈေးနှုံးမှာတော့ online ပေါ်ကနေတိုက်ရိုက် ဝယ်ရင်သက်သာလေ့ရှိပါတယ်။ နေ.စဉ်နဲ့ အမျှ၊ တစ်ခါတယံအချိန်နဲ.အမျှ ဈေးနှုံး တွေဟာအပြောင်းအလဲရှိနေ ပြီးသွားမယ့်ရက်ကနေ ခပ်ဝေးဝေးက ဝယ်လေ ဈေးသက်သာလေလေပါ။ ကျနော်ဆိုရင်ခရီးသွားဖို.အစီအစဉ်ရှိတယ်ဆိုရင် ၄-၅ လကြိုတင်စီစဉ်ပြီးဝယ်လေ့ရှိပါတယ်။ များသောအားဖြင့် zero air fare လို.ခေါ်တဲ့လက်မှတ်ခပေးစရာမလို၊ အခွန်နဲ့တချို.ဝန်ဆောင်ခပေးဆိုတဲ့ promotion တွေပါ။ စလုံးမှာတော့နေ.စဉ်နဲ.အမျှအကြောင်းအမျိုးမျိုးနဲ့ discount လုပ်နေတာပါပဲ။ တကယ်လဲသက်သာ တာရှိ သလို၊ မသက်သာပဲသာမန်လေကြောင်းထက် ဈေးကြီးနေတာတွေလဲအများကြီးပါ။ ကျနော်အကြံပြုချင် တာတော့ အကယ်၍များ budget လျော့ချပြီးခရီးသွားလို. Budget လေကြောင်းနဲ့များသွားမယ် လို.ဆုံးဖြတ်ခဲ့ရင်လက်မှတ်ဖိုး အပြင် ခရီးသွားအာမခံဖိုးပါ အမြဲထည့်တွက်စေချင်ပါတယ်။ လေယာဉ်ထွက်တာနောက်ကျ တာတို.၊ ခရီးစဉ်ဖျက်သိမ်း လိုက်တာတို. ဆိုတာ မကြာခနကြုံတွေ.ရလေ့ရှိလို.ပါ။ ဒါမယ့်အမြဲတမ်းတော့နောက်ကျပြီး၊ ဖျက်သိမ်းနေတာ တော့ မဟုတ်ပါဘူး။ ဖြစ်တက်တာကို ပြောပြ တာပါ။ကိုယ့်ကလဲ့များဖြစ်ခဲ့ရင်အာမခံနဲ.ဆိုတော့ ခံသာသေးတာပေါ့ဗျာ။ နောက်တစ်ခုကတော့နောက်ဆုံးငွေချေခါနီးမှာအချိန်၊ ခရီးစဉ်နဲ့ ကျသင့်ငွေကိုအပြန်ပြန် အလှန်လှန်စစ်ပါ။ မှားယွင်းခဲ့ရင်လေကြောင်းလိုင်းကတာဝန်ယူမှာမဟုတ်ပါဘူး၊ ကျသင့်ငွေကတော့အထူးသဖြင့် Tiger Airways မှာဖြစ်တက်ပါတယ်။ အစပိုင်းမှာတွေ.ထားတဲ့ငွေကတမျိုးတကယ်ပေးတော့မယ်ဆိုရင်တမျိုးဖြစ်တက် လေ့ရှိပါတယ်။

ဒီအပိုင်းမှာတော့ကျနော်ဒီလောက်နဲ့ပဲရပ်နားပါရစေ။

ကျနော်နဲ့ Airline Industry အပိုင်း (၉) သို့

1 comment:

  1. ဘတ်ဂျက် အဲလိုင်းတွေ ရဲ့ ဝန်ဆောင်မှုနဲ့ သဘောသဘာဝကို လေ့လာ မှတ်သားသွားပါတယ် ခင်ဗျား။ ရွှင်လန်းချမ်းမြေ့ပါစေ ဗျာ။

    ReplyDelete