Thursday, November 4, 2010

Changi Airport Tax တိုးမြှင့်ကောက်ခံ


ကမ္ဘာ့အကောင်းဆုံးနံပ္ပါတ် ၁ လေဆိပ်ကြီးဖြစ်တဲ့ Changi Airport ဟာ ၂၀၁၁ ခုနှစ် April လမှစတင်ပြီး Transfer and Transit ခရီးသည်တွေကိုဝန်ဆောင်ခနဲ့လုံခြုံရေးအခတွေကောက်ခံတော့မှာဖြစ်တဲ့အကြောင်း Changi Airport Group (CAG) ကနေမနေ့ကကြေငြာသွားခဲ့ပါတယ်။ ယခင်ကလေယာဉ်ခရီးစဉ်ကူးပြောင်း၊ခရီးထောက်နားတဲ့အတွက်အခွန်ကောက်ခံလေ့မရှိပဲ
ယခုပထမဆုံးအကြိမ်အဖြစ်ကောက်ခံတာဖြစ်တယ်လို့သိရှိရပါတယ်။အခွန်S$12 ဖြစ်ပြီးခရီးသည် ၁၀ ဦးမှာ ၃ ဦးခန့်ပေးဆောင်
ရဖွယ်ရှိပါတယ်။ အလားတူတိုးမြှင့်အခွန်ကောက်ခံမှုမျိုးကိုဥရောပနိုင်ငံများရဲ့အဓိကလေဆိပ်ကြီးများတွင်သာမက၊ အာရှအတွင်း
ဂျပန်နဲ့ကမ္ဘာ့အကောင်းဆုံးလေဆိပ်စာရင်းဝင်ကိုး၇ီးယားနိုင်ငံဆိုလ်းမြို့ကအင်ချွန်းလေဆိပ်တို့မှာလဲပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့နှစ်ကခရီးသည် ၁.၅ သန်းဆိုက်ရောက်ထွက်ခွာအသုံးပြုခဲ့တဲ့ Changi Budget Terminal ရဲ့ Airport Tax ကို
S$15 ကနေ S$18 ကိုတိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေအတွက်မှာလဲ Changi Airport Terminal 1/2/3 နဲ့ Budget Terminal တို့မှာဆင်းသက်၊ရပ်နားခများကို ၁၅% တိုးမြှင့်ကောက်ခံသွားများဖြစ်ကြောင်းဖော်ပြသွားပါတယ်။

ခရီးသည် ၁၈၀ ကျော်ဆန့်အလတ်စားလေယာဉ်ကြီးတစ်စင်း ၃ နာရီကြာဆိုက်ရောက်ရပ်နားခမှာ S$1023 ကျသင့်တဲ့အတွက်၊
ဒေသတွင်းပြိုင်ဖက်လေဆိပ်ကြီးများဖြစ်တဲ့ဘန်ကောက် Suvarnabhumi၊ Hong Kong Chek Lap Kok တို့ရဲ့ဝန်ဆောင်ခများ ထက်ဈေး သက်သာသေးကြောင်း CAG မှာပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားပါတယ်။

လေဆိပ်အခွန်အခများကိုခရီးသည်ကပေးဆောင်ရသောအစဉ်အလာအရနဲ့လေကြောင်းလိုင်းများအတွက်ဆိုက်ရောက်ရပ်နားခ
တွေတိုးမြှင့်ခဲ့တဲ့အတွက်အခုလာမည့် ၂၀၁၁ ခုနှစ်တွင်းမှာလေယာဉ်လတ်မှတ်ခတွေဈေးပိုမိုလာဖွယ်ရာရှိပါတယ်။ စင်္ကာပူအခြေစိုက် စားရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ Tiger Airways ကတော့ CAG ရဲ့ကြေငြာချက်ကိုအလွန်တရာစိတ်ပျက်မိကြောင်း၊အခုလိုစီးပွားရေး နံလံထူစအခြေအနေနဲ့၊ ခရီးသည်တိုးမြှင့်နေတဲ့အချိန်အခါမှာ CAG အနေနဲ့လေကြောင်းလိုင်းတွေရဲ့စားရိတ်တွေကို လျှော့ချပေးခြင်းဖြစ် စီးပွားရေးကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်တယ်လို့ပြောကြားသွားပါတယ်။

Ref: TODAY Newspaper.

No comments:

Post a Comment