Thursday, November 4, 2010

ကြေကွဲဖွယ်ရာ Halloween Night


အောက်တိုဘာလ (၃၀) ရက်နေ့စနေနေ့ည၊ကြောက်စရာ မိတ်ကပ်ပြင်ဆင်မှုတွေ၊ ထိတ်လန့်ဖွယ်ရာ ဖန်တီးမှုဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူငယ်လူရွယ်အများအပြားနဲ့စင်္ကာပူ Halloween Night မှာ သွေးအလိမ်းလိမ်းနဲ့ကြောက်လန့်စရာ၊ ကြွေကွဲဖွယ်ရာအမှန်တကယ်အဖြစ်အပျက်တစ်ခု စင်္ကာပူနိုင်ငံအရှေ့ဖျားက Downtown East Shopping Centre
ကလူတွေကြားမှာဖြစ်ပွားခဲ့ပါတယ်။

စည်ကားသိုက်မြိုက်နေတဲ့ Shopping Centre ကြီးရဲ့အလည်လူမြင်ကွင်းကြားမှာလူငယ်အုပ်စုနှစ်စုခိုက်ရန်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ်အရွယ်၊ Republic Polytechnic ဒုတိယနှစ်ကျောင်းသား Darren Ng Wei Jie ကို တဖက် လူငယ်တစ်ခု က ဓား (ဓားမကဲ့သို့ခုတ်ထစ်ရာတွင်သုံးသောဓားအကြီးစား) ဖြင့်ရက်ရက်စက်စက်အကြိမ်ပေါင်းများစွာခုတ်ထစ်ခဲ့မှုကြောင့်Darren တစ်ယောက် အခင်းဖြစ်ပွားပြီး ၅ နာရီအကြာမှာ Changi General Hospital မှာသေဆုံးခဲ့ရပါတယ်။

Darren အပါအဝင်သူ့သူငယ်ချင်း ၂ ယောက်က ၁၀ ယောက်ခန့်ရှိသောတခြားတစ်ဖက်အုပ်စုဖြင့် အပြန်အလှန်ရန်လိုသော မျက်လုံးဖြင့်စိုက်ကြည့်ရာကနေ၊ အပြန်အလှန်စကားများဖလှယ်ပြီးနောက်၊ လက်သီးထိုးရန်ဖြစ်ကြရာကနေ၊ Halloween Night အတွက်ကြောက်စရာအဆင်တန်စာဖြစ်တဲ့ဓားမဖြင့်ခုတ်တဲ့စီကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ အရေးမလှတော့တာကိုသိတဲ့ Darren နဲ့သူ့သူငယ်ချင်းတွေဟာShopping Centre အတွင်းဖက်ကိုဆုတ်ခွာထွက်ပြေးခဲ့ကြပေမယ့်ကံဆိုးတဲ့ Darren တစ်ယောက်မှန်တံခါးကို ဝင်တိုက်မိပြီးတဖက်ကလိုက်လာသူတွေရဲ့လက်ထဲကျဆင်းကာဓားမကိုင်ဆောင်ထားသူများကရယ်မောပြီး လူအများရှေ့မှာ သွေးအေးအေး နဲ့ ခုတ်ထစ်ခြင်းခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရပြီးဓားမကိုင်လူငယ်တွေထွက်ပြေး တိမ်းရှောင် သွားပြီးနောက် Darren သူငယ်ချင်း ၂ ယောက်ကသူ့ ကိုတွဲခေါ်ကာDowntown East Shopping Centre မှာရှိတဲ့ Sakura Japanese Buffet စားသောက်ဆိုင်နားအရောက်မှာတော့သွေးအလိမ်းလိမ်းနဲ့ဖြစ်ပြီး၊ သတိရတချက်မရတချက်ဖြစ်နေတဲ့ Darren ကိုသူ့သူငယ်ချင်း၂ ယောက်ကကြိုးစားပြီးသတိလစ်မသွားအောင်ပြုလုပ်ကြပါတယ်။ Darren စီ ကနေ ”အရမ်းနာတာပဲ၊ ငါမခံနိုင်တော့ဘူး” လို့အဆက်မပြတ်ညီးတွားသံကိုပတ်ဝန်းကျင်ကလူတွေကြားနေကြရတယ်။

Darren ရဲ့သူငယ်ချင်းတစ်ယောက်ကသူ့အင်္ကျကိုချွတ်ပြီးသွေးထွက်တာတွေလျော့ကျသွားအောင်ကြိုးစားခဲ့တဲ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတစ်ယောက်ကလဲမျက်နာသုတ်ပုဝါတွေကူညီပေးခဲ့ပါတယ်။ ခဏအကြာမှာတော့အရေးပေါ် လူနာတင်ကားနဲ့ရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး Darren ကိုအနီးဆုံးဆေးရုံကြီးတစ်ခုဖြစ်တဲ့ Changi General Hospital ကိုခေါ်သွားခဲ့ပြီးအစွမ်းကုန်ကြိုးစား အသက်ကယ်ပါသော်လည်းဆယ်ကျော်သက် Darren တစ်ယောက်ဝမ်းဗိုက်တစ်ဝိုက် မှာရရှိခဲ့တဲ့များပြားလှတဲ့ ဓားဒဏ်ရာများကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အခုလိုကြီးကျယ်တဲ့လူသတ်မှုကိုမျက်မြင်သက်သေ၊ CCTVသက်သေနဲ့အခြားအခြားသောအထောက်အထားတွေ ကြောင့် စင်္ကာပူရဲတပ်ဖွဲ့ CID ဌာနကြီးရဲ့လက်အောက်ခံအထူးစုံစမ်းမှုဆိုင်ရာတပ်ဖွဲ့ကနေ ဒီလူသတ်မှုကြူးလွန်ခဲ့တဲ့လူငယ် ၄ ဦးကို အခင်းဖြစ်ပွားပြီး ၄၈ နာရီအကြာ တင်္နလာနေ့နံနက်မှာဖမ်းဆီးလိုက်ပါတယ်။ တရားခံ ၄ ယောက်လုံးဟာ Tarah Merah နား
မှာရှိတဲ့ SAF Yatch Club ရဲ့ Honeymoon Villa တစ်ခုမှာသူငယ်ချင်းတစ်ယောက်အကူအညီနဲ့ဌားရမ်းပုံးအောင်းနေတာဖြစ်ပြီး
စင်္ကာပူရဲတပ်ဖွဲ့ကတင်္နလာနေ့မနက်ပိုင်းမှာသူတို့နေထိုင်ရာအခန်းကိုတံခါးခေါက်ချိန်မှာတော့တရားခံ ၃ ဦးဟာအသာတကြည်
အဖမ်းခံခဲ့ပြီး၊ တစ်ဦးကတော့ ၃ ထပ်မြင့်တဲ့ Villa ကနေအောက်မှရှိတဲ့ရေကူးကန်ထဲကိုခုန်ချထွက်ပြေးရာ၊ ရေကူးကန်သည်
ရေအနက် ၁.၁ မီတာသာရှိတဲ့အတွက်ဦးခေါင်းမှာဒဏ်ရာပြင်းထန်စွာရရှိပြီး Changi General Hospital ကိုပို့ဆောင်၍
အထူးကြပ်မတ်ကုသဆောင် (ICU) မှာဆေးကုသမှုခံယူနေရပါတယ်။

တရားခံများဟာအသက် ၂၀အရွယ် ပုဂ္ဂလိက ကျောင်းသား Ho Wui Ming, အသက် ၁၉ နှစ်အရွယ် National Service Man စစ်မှုထမ်း Chen Wei Zhen, အသက် ၂၁ နှစ်အရွယ် National Service Man စစ်မှုထမ်း Tang Jia Min နဲ့ အသက် ၁၈ နှစ်အရွယ် အလုပ်လက်မဲ့ Edward Tay Wei Loong တို့ဖြစ်ကြပါတယ်။ တရားခံ ၄ ယောက်အနက် ၃ ယောက်ကို နိုဝင်ဘာလ ၃ ရက်နေ့ကစင်္ကာပူတရားရုံးတော် မှာစွဲချက်တင်အမှုစတင်စစ်ဆေးခဲ့ပါတယ်။ Changi General Hospital အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတဲ့ အတွက်နောင်မှစွဲချက်တင်သွားမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ လူသတ်မှုအပြင်အခြားဥပဒေမဲ့လုပ်ဆောင်ချက် များအပါအဝင် အခြားဆက်စပ်မှုများကိုပါဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေငြာသွားပါတယ်။ လူသတ်မှုထင်ရှားပါက တရားခံ အားလုံးဟာ စင်္ကာပူဥပဒေအရသေဒဏ်ကျခံကြရမှာဖြစ်ပါတယ်။

တရားခံများကိုရုံးတော်မှာစွဲချက်တင်တဲ့နေ့မှာပဲသေဆုံးသူ Darren ရဲ့အသုဘအခန်းအနားကိုပြုလုပ်ခဲ့ရာတွင် Republic Polytechnic ကျောင်းသားများအပါအဝင်လူပေါင်းထောင်နဲ့ချီပြီး Darren ရဲ့နောက်ဆုံး ခရီးကိုလိုက်လံပို့ဆောင်ခဲ့ကြပါတယ်။ ဝမ်းနည်းကြေကွဲ တိတ်ဆိတ်ငြိမ်သက်နေသောအသုဘအခမ်းအနားကနေ Razor TV Programme Media အဖွဲ့ရဲ့ video ရိုက်ကူးမှုကို Darren ရဲ့သူငယ်ချင်းတွေကနေဒေါသတကြီးကန့်ကွက်ခြိမ်းချောက်ရာကနေခိုက်ရန်ဖြစ်ပွားနီးနီး အခြေအနေ ကိုရောက်ရှိခဲ့ပါတယ်။ ဒါအပြင့် Singapore Stomp မှာလဲဒီလူသတ်မှုနဲ့ပတ်သတ်ပြီးပြည်သူလူထုနဲ့ Darren ရဲ့သူငယ်ချင်းတွေကြားမှာဒေါသတကြီး online စစ်ပွဲလဲဖြစ်ပွားလာခဲ့ရပါတယ်။ Darren အတွက်အောက်မေ့ဖွယ် Facebookစာမျက်နာတစ်ခု ဖွင့်လှစ်ခဲ့ပြီးအခုအချိန်ထိ Facebook စာမျက်နာမှာပါဝင်သူ ၅၀၀၀ အထိနဲ့ ပြည်သူလူထုကနေဝမ်းနည်းကြောင်း၊ စာနာထောက်ထားကြောင်းတွေရေးသားခဲ့ကြပါတယ်။

ကျနော့်အနေနဲ့ သေဆုံးသူ Darren ကိုသိလဲမသိပါဘူး။ ဒါပေမယ့်အသက်ငယ်ငယ်လေးနဲ့အသေဆိုးနဲ့အသက်ဆုံးရုံးခဲ့ရပြီး၊ ဒီအရွယ်အထိထိန်းသိမ်းစောင့်ရှောက်ခဲ့ရတဲ့သူ့မိဘတွေကိုကိုယ်ချင်းစာစိတ်၊ ဘာမဟုတ်တဲ့အကြည့်လေးတစ်ချက် ကနေဒီလို အဖြစ်အပျက်ဆိုးကြီးဖြစ်ပွားခဲ့ရတာကိုလူငယ်လူရွယ်တွေသင်ခန်းစာယူနိုင်ဖို့နဲ့လူကြီးတွေအတွက်လဲသတင်းတစ်ခုအနေနဲ့ Darren နဲ့ပတ်သတ်သမျှသတင်းတွေကိုဖတ်ပြီးဘာသာပြန်ပေးထားတာဖြစ်ပါတယ်။

http://www.facebook.com/#!/pages/In-Remembrance-of-Darren-Ng-Wei-Jie-Republic-Polytechnic/141306885917530

Reference : TODAY Newspaper, Straits Times, Singapore Stomp , The New Paper.

2 comments:

  1. ကြားရတာ စိတ်မကောင်းစရာပါပဲဗျာ။ဒေါသ ရှေ့ထားပြီး စိတ်လိုက်မာန်ပါ လုပ်တာမှန်သမျှ ဆိုးကျိုးတွေချည်းပါပဲ။အသက်ဆုံးရှုံးသွားတဲ့ လူငယ်လေးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်ဗျာ။

    ReplyDelete
  2. ဟုတ်ပါ့ဗျာ။ အခုနောက်ပိုင်း ကျနော်လဲ ဒေါသဖြစ်လိုက်ရင် ခပ်မြန်မြန်လေး သတိထားလိုက်ရတယ်။

    ReplyDelete