Friday, October 8, 2010

ကျနော်နဲ့ Airline Industry (၂)

ကျနော်အလုပ်လုပ်ခဲ့တုံးကတော့ Jet Star Asia ရဲ့ Flights Timing တွေအရကျနော်တို့အနေနဲ့ shiftwork ကို အချိန် ၃ ဆိုင်းနဲ့အလုပ်လုပ်ကြရပါတယ်။ 1st Shift - 0300 to 1200, 2nd Shift 1200 to 2030, 3rd Shift 1400 to 2230 တို့ပါ။ ကိုယ်တာဝန်ကျတဲ့အချိန်ရောက်ရင် Main Service Counter မှာရှိတဲ့တစ်နေ့တာ အတွက်ဘယ်ကောင်တာ၊ ဘယ်ဂိတ်တွေမှာတာဝန်ကျသလဲ၊ သို့တည်းမဟုတ်အထူး တာဝန်ကျတာတွေ ရှိလားဆိုတာကိုရှိသမျှဝန်ထမ်းတွေအားလုံးအတွက် schedule ချပေးထားတဲ့စာရွက် ပေါ်မှာကြည့်ကြရပါတယ်။ နေ.စဉ်ကိုယ်တာဝန်ကျတဲ့ flight ကို counter duty, Boarding Gate duty ဆိုပြီးအများဆုံးလုပ်ကြ ရပါ တယ်။ တစ်ယောက်ကို အနည်းဆုံး flights ၃ ကြောင်းကနေ ၄ ကြောင်း တာဝန်ယူကြရတာပါ။ ကိုယ့်တာဝန်က မနက်အစောဆုံးအပိုင်းမှာကျရင်တော့ကောင်တာတစ်ခုစဖွင့်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုစတင် စုဆောင်း ရပါတယ်။ သတိပေးချက်တွေဖြစ်တဲ့ Frangil Sticker, Heavy Sticker (ဒီသတိပေးချက်ကတော့ soarting area လို့ခေါ်တဲ့flight အလိုက်ပစ္စည်းတွေကိုခွဲခြားတင်ပေး တဲ့နေရာမှာရှိတဲ့အလုပ်သမားတွေအတွက်ပါ၊ Changi Airport မှာတော့ကီလို ၃၀ ဟာအများဆုံးခွင့်ပြု တဲ့ပမာဏပါ။ ကီလို ၃၀ ထက်ပိုမိုသယ်ဆောင်ခဲ့ရင် အလုပ်သမားတွေအတွက်တစုံတခုထိခိုက်မှာဆိုးတဲ့ အတွက်ကာကွယ်ထားပေးတာပါ။ ဒါကြောင့်ပစ္စည်းတစ်ခု ဟာကီလို ၃၀ ရှိခဲ့ရင်ဒီ heavy sign ပြထားတဲ့ အတွက်သူတို့အနေနဲ့သတိထားသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ခရီးသည်ကိုလဲကီလို ၃၀ ထက်ပိုမိုပါက နောက်ထပ်အိတ်တစ်လုံးကိုပြောင်းပြီးခွဲပေးဖို့အကြံပြုရမှာပါ။) နောက်တော့တခြားလိုအပ်တဲ့လက်ခံဖြတ် ပိုင်းတို့၊ ကိုယ့်ကောင်တာမှာတင်ရမယ့်ကြော်ငြာတို့ ကိုအပြည့်အစုံယူ၊ ဘယ်ကောင်တာနံပ္ပါတ်မှာတော့ ဘယ် flight အတွက်ကောင်တာဖွင့်မယ်ဆိုတာကိုအရာရှိ ကိုမေးပြီးအချိန်အတိအကျ၊ နည်းနည်းပိုစောပြီး စဖွင့်ရပါတယ်။

Counter မှာဆိုရင်ကိုယ်ကျတဲ့ flight ပေါ်မူတည်ပြီး လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကိုလေ့လာရပါတယ်။ တကယ်ကိုတာဝန်ကြီးပြီးအန္တရယ်များတယ်လို့ပြောရမှာပါ။ခရီးသည်နဲ့ပထမဆုံးဆက်ဆံရတဲ့နေရာဖြစ်တော့ customer service ကလဲအရမ်းကိုဂရုစိုက်ရပါ တယ်။ ဒ့ါအပြင် security ကိုလဲကြည့်ရပါသေးတယ်။ ပထမဆုံးခရီးသည်လာရင် သူ့ Passport ကိုကြည့်ပြီးဒီလူသွားမယ့်ခရီးမှာ visa လိုမလို return ticket လိုမလိုဆိုတာစပြီး ဆုံးဖြတ်ရလေ့ရှိပါတယ်။ပြီးရင် passportကဓာတ်ပုံကိုကြည့်ပြီးအပြင် ကလူနဲ့ တူမတူ ကြည့်ရပါတယ်။တူရင်အကြောင်း မဟုတ်ပါဘူး။ မတူရင် ဒီခရီးသည်ဘယ်မှာလဲဆိုပြီးမေးရတော့တာပဲ။ တစ်ခါတလေတကယ်သွားမယ့်သူကမလာပဲ၊ လိုက်ပို.တဲ့သူကcheck in လာဝင်တာရှိတယ်။ အထူးသဖြင့် ရန်ကုန်ကို သွားမယ့် flight ပေါ့။ ပြီးတော့ passport expiry date ကိုစစ်ပါတယ်၊ ဒီဟာကအရေးအကြီး ဆုံးအပိုင်းနဲ့ခရီးသည်နဲ့အငြင်းအပွားရဆုံးပါ။ Passportသက်တမ်း ၆ လ မရှိရင်တချို့နိုင်ငံတွေရဲ့လူဝင်မှု ကြီးကြပ်ရေးကလက်မခံပါဘူး။ခြွင်းချက်အနေနဲ.ခရီးသည်ရဲ့မိခင်နိုင်ငံကိုပြန်မယ် ဆိုရင်တော့ရပါတယ်။ တော်တော်များများခရီးသည်တွေကဒါကို သတိမထားမိတာလားတခါတလေလွတ်မလားဆိုပြီး စမ်းကြည့် တာလဲဖြစ်မှာပါ။ ပြီးရင်ခရီးသည်သွားမယ့်နိုင်ငံအတွက် visa လိုမလိုကိုကြည့်ပါတယ်။ visa လိုခဲ့ရင် visa သက်တမ်းကိုကြည့်ရပါသေးတယ်။ visa သက်တမ်းကကုန်နေပြန်ရင်လဲမဖြစ်ပြန်ဘူးဗျာ။


အဓိကပြသနာများတဲ့ passport တွေကတော့ ထုံးစံအတိုင်းကျနော်တို.မိခင်နိုင်ငံတော်ရဲ့ မြန်မာPassport၊ အိန္ဒိယ၊ တရုတ်နဲ.အာဖရိကတိုက် မှာရှိတဲ့နိုင်ငံတချို့တွေရဲ့ passport တွေပါပဲ။ ကျနော်တို. မြန်မာ passport ကတော့ရှင်းတယ် ဘယ်နိုင်ငံသွားသွား ဗီဇာလိုတယ်ဆိုတော့ထွေထွေထူးထူး မှတ်ထားစရာ မလိုတော့ဘူး။ ဒါမယ့်ဗီဇာမလိုပဲသွားလို.ရတဲ့နိုင်ငံ (၂)ခုတော့ ရှိပါတယ်။ သို.သော်သေခြာအောင် တော့ ဗီဇာယူသွားတာ အကောင်းဆုံးပါ။ နိုင်ငံတစ်ခုစီရဲ့လိုအပ်ချက်တွေကတော့သူ.နိုင်ငံနဲ.သူဆိုတော့ ရေးမပြ တော့ပါဘူး။ ကြုံခဲ့ဖူးတဲ့ အတွေ.အကြုံလေးတွေပဲ ပြောပြသွားပါ့မယ်။


ကွာလာလမ်ပူကောင်တာ


တစ်ရက် KL သွားမယ့် flight အတွက်တခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့counterတာဝန်ကျပါ တယ်။ KL flight ကအများအားဖြင့်အရမ်းသက်သာတယ်၊ သိပ်ပြီးပြသနာမရှိတဲ့အပြင်အိတ်တွေလဲပါ လေ့ ရှိပါဘူး။ခဏနေတော့ ဘေးကောင်တာကကောင်မလေးက ခေါ်ရောကြည့်လိုက်တော့ သူ့မှာမြန်မာ passport နှစ်အုပ်နဲ.စလုံးစာအုပ်တစ်အုပ်နဲ.လည်နေတယ်၊ဘာဖြစ်တာလဲဆိုတော့ သူပြောတာကိုယ် နားမလည်ကိုယ်ပြောတာသူနားမလည်ဖြစ်နေတာတဲ့ဒါနဲ့ကျနော့်ကောင်တာဖက်ကို ယူလိုက်ပြီး ကြည့် လိုက်တော့စလုံးဗီဇာကုန်လို.မလေးကို ကူးပြီးရှောင်မယ့်မိန်းကလေးနှစ်ယောက်နဲ့ပွဲစားလို.ထင်ရတဲ့ စလုံး ခံယူထားတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပါ။ သူကစလုံး passport ကိုင်တာဆိုတော့ဘာပြသနာ မှ မရှိပေမယ့်ကျန်တဲ့ ကောင်မလေးနှစ်ယောက်မှာ လိုအပ်ချက်တွေရှိပါတယ်။ Passport ကမြန်မာဆိုတော့ မလေးကိုဝင်ဖို.ဗီဇာလိုတယ်၊ဗီဇာရှိတယ်၊အိုကေ၊ပြီးတော့သက်တမ်းလဲရှိတယ်။ ဒီတော့နောက်ဆုံး အဆင့် ဖြစ်တဲ့ မလေးကနေပြန်လာဖို.အပြန်လတ်မှတ်ရှိလားဆိုတော့ မရှိဘူးတဲ့။ စလုံး ပြန်ဝင်ဖို.ဗီဇာလဲမရှိဘူး။ ဘယ်တော့ပြန်လာမှာလဲဆိုတော့မသိဘူးတဲ့။ ဒါဆိုနဲနဲပြသနာရှိလာပါတယ်။မလေးရဲ့ လေကြောင်းဖြင့် ဝင်ရောက်သောလူဝင်မှုကြီးကြပ်ရေးလိုအပ်ချက်ကအပြန်ကိုလေကြောင်းနဲ.ပဲထွက်ကိုထွက်ရပါမယ်။ အပြန်ကို ကားတို.ရထား တို့ နဲ. ပြန်မယ်လို.တော့သွားမပြောလိုက်နဲ.ဗျ။ လုံးဝကို check in ပေးဝင်မှာ မဟုတ်ဘူး။ ကျနော်တို.မြန်မာ passport အတွက်နော်။ အပြန်လက်မှတ်မရှိရင် သူ့နိုင်ငံထဲကနေတခြား နိုင်ငံတစ်ခုကိုထွက်သွားပါ့မယ်ဆိုတဲ့ခိုင်မာတဲ့ လတ်မှတ် ပြရပါတယ်။ ခုနက ကောင်မလေးနှစ်ယောက်မှာ အပြန်လတ်မှတ်မရှိဘူးဆိုတော့တခြားကိုသွားမယ့်လတ်မှတ်ရှိလားဆိုတော့ရှိတယ်တဲ့ ဘယ်သွားမှာလဲ ဆိုတော့ ရန်ကုန်ပြန်မယ်တဲ့ လက်မှတ်ပြဆိုတော့ ပြပါတယ်၊ Malaysia Airline (MH) က e-ticket ပါ။ ကြည့်လိုက်တော့ ပန်နဆူလာမှာ ၂၀ လား ၃၀ လားပေးပြီးလုပ်လာတဲ့ လက်မှတ်ပါ။ ရှင်းရှင်းပြောရရင် အတုပေါ့ဗျာ။လူဝင်မှုကြီးကြပ်ရေးကတော့အတုအစစ်သိပ်ခွဲလေ့မရှိပါဘူး။ ကျနော်တို. ကသေခြာတယ် ထင်လို. လွှတ်ပေးလိုက်ရင်အစဉ်ပြေပါတယ်။ တကယ်ဆိုရင်ကိုယ်က မသင်္ကာလို.ဆိုရင် MH မှာသွားပြီး စစ်ကြည့်လို.ရတယ်။ ဒီ လက်မှတ်က confirm လားဘာလားဆိုတာ။ သူတို့ကိုကြည့်လိုက်တော့ မျက်နာ ငယ်လေးတွေနဲ့ပြီးတော့ကိုယ်ဟာကိုယ်ကလဲသွားစစ်ရမှာပျင်းတယ်။ မြန်မာအချင်းချင်းကူညီလိုက်ပါ မယ်ဆိုပြီး ကျနော်check-inလုပ်ပေးလိုက်တယ်။ပြောချင်တာကတော့ကျနော်တို.မြန်မာတွေလက်တလုံး ခြားလေးတွေအရမ်းလုပ်တာကိုပါ။ ဟိုပွဲစားကတော့ဘယ်လောက်ရလိုက်တယ်မသိဘူးပေါ့ဗျာ။

နောက်ထပ်မှတ်မှတ်ရရ KL ကောင်တာအတွေ.အကြုံတစ်ခုကခရီးသည်လင်မယားနဲ့ ရန်ဖြစ်ရတာပါ။ ကောင်တာမှာ check in ဝင်ရင်သွားမယ့်ခရီးသည်ကိုယ်တိုင်လာရမယ့်ဆိုတာအထက်ပိုင်း မှာရေးထားပြီး သားတွေ.ရမှာပါ။ မနက်အစော ပိုင်း KL ကောင်တာပါ။ ခရီးစဉ်က holiday ရှိနေလို. Fully booked ဗျ။ ကောင်တာ(၃)ခုဖွင့်ပြီးချက်ကင်ဝင်ပေးနေရတယ်။ လေယာဉ်မထွက်မီ ၄၅ မိနစ်အလိုကောင်တာပိတ် မှာကိုKLကောင်တာတွေရဲ့ထုံးစံအတိုင်းခရီးသည်တွေကနောက်ဆုံးအချိန်ကပ်ပြီးမှလာကြတာပါ။ ကျနော့် ကောင်တာမှာ စလုံး စာအုပ် (၃) အုပ်တင်လာရော ကြည့် လိုက် တော့တစ်ယောက်ထဲ ဒါနဲ. ကျနော်က ကျန်တဲ့ ခရီးသည်တွေရောဆိုတော့ ဟိုမှာလာနေတယ်တဲ့ ကြည့်လိုက် တော့ အမျိုးသမီးတစ်ယောက်နဲ. ကလေးတစ်ယောက်တွေ.ပါတယ်။ ကျနော်သူတို.ကောင်တာကိုလာကြမယ် ထင်လို.ရှေ.မှာရှိနေတဲ့ လူရဲ့ စာအုပ်ကိုယူပြီးချက်ကင်လုပ်လိုက်ပါတယ်။ကျန်တဲ့စာအုပ်ကိုကိုင်ပြီးမော့ကြည့်လိုက်တော့ကောင်တာ မှာ ခုနကလူပဲရှိတယ်။ကျနော်ကခရီးသည်ရောဆိုတော့အိမ်သာသွားတယ်တဲ့။ကျနော်ကခရီးသည်ကောင်တာ မှာမရှိရင် ချက်ကင်မဝင်ပေးနိုင်ဖူးဆိုတော့ ခုနကကြည့်ပြီးပြီလေတဲ့ ကျနော်ကကြည့်လိုက်တာ လာမယ် မှတ်လို.လို.ခရီးသည်ကောင်တာကိုလာကိုလာရမယ်ဆိုတော့စပြီးစိတ်ဆိုးပါတယ်။သူတို.ကိုခက်ခဲအောင် တမင်လုပ်တာတဲ့။ကျနော်သည်းခံပြီးရှင်းပြပါတယ်လုံခြံရေးအရကျနော်တို.ရဲ့အခြေခံလိုအပ်ချက်အရ လုပ်တာပါဆိုလဲမရဘူး။ ဒါနဲ့ကျနော်စာအုပ်တွေပြန်ပေးလိုက်ပြီးချက်ကင်ဝင်ဖို.ငြင်းပါတယ်။

နောက်မှာတန်းစီ နေတဲ့ခရီးသည်တွေကတပုံကြီးဗျာ။ဒါနဲ့ခုနကအမျိုးသမီးနဲ.ကလေးပြန်ရောက်လာရော။ အဲ့ဒီတော့မှပွက်လောကိုညံအောင်ကျနော့်ကိုအော်ကြီးဟစ်ကျယ်ရန်တွေ.ပါလေရောဗျာ။ကျနော် ကတော့ ရန်တော့ပြန်တွေ.လို.မရဘူးပေါ့၊သူတို.ကိုလေပြေလေးနဲ့မကျေနပ်ရင် ကြိုက်တဲ့နေရာမှတိုင်နိုင် တယ်လို.ဒီမှာအော်ကြီးဟစ်ကျယ်လုပ်လို.မရဘူးလို.CCTV camera တွေနဲ့အသံဖမ်းကိရိယာတွေ တက်ဆင်ထား ပါတယ်ဆိုတော့နဲနဲတော့ငြိမ်သွားတယ်။ ဒါနဲ့ကျနော်ရဲ့နာမည်ကိုရေးမှတ်သွား ဖို. အတွက် ရေးစရာ ရှာတာမရှိပြန်ဘူး။ ဒါနဲ့ကျနော့်ကိုတိုင်ဖို.အတွက်ကျနော်ကပဲစာရွက်နဲ.ဘောပင်ထုတ်ပေးလိုက်ရ ပါတော့ တယ်။ စလုံးတွေဟာအင်မတန်မှကိုအတိုင်အတောထူပြီးတော့ တခါတလေ ဂဂျီဂဂျောင် ကျတက်တာ ကတော့ တော်တော်များများသိကြမှာပါ။

ကောင်တာထိုင်ရင်များသောအားဖြင့်ကြုံတွေ.ရတဲ့တောင်းဆိုမှုကတော့ခုံနေရာပါပဲ။ လူတိုင်းကရှေ ပိုင်း မှာထိုင်ချင်ကြတယ်ဗျာ။ Jet Star ကိုonline ပေါ်ကလက်မှတ်ဝယ်ရင် ခုံနေရာအလကားကြိုတင်ပြီးယူလို.ရတယ်ဗျ။ ဒါမယ့်အများစုကတော့လေဆိပ်ရောက်မှပဲယူကြတောင်းကြတာများတယ်။ လေယာဉ်က ခုံ မပြည့်ရင်တော့ရှေ.ဖက်မရောက်ရင်တောင်မှခရီးသည်လိုချင်တဲ့ခုံကိုပေးလေ့ရှိပါတယ်။ ခုံကလဲ ပြည့် နေတယ်။ ချက်ကင်ဝင်တာကလဲနောက်ကျမှလာလို.ရှိရင်တော့လိုချင်တဲ့ခုံပေးလို.မရပြန်ဘူး။ တခါတလေလေယာဉ်အစဉ်ပြေပြေတက်ဖို.အတွက်ခုံနေရာတွေကို balance လုပ်ရတာရှိပါတယ်။ ခရီးသည်ကတော့ဒါတွေကိုနားမလည်ပါဘူး။ ရှေ.ဖက်မှာရဖို.အတွက်ပဲကြိုးစားကြတာပါ။ လေယာဉ်က ခုံမပြည့်လို.အားလုံးကိုရှေ.ပိုင်းမှာပေးလိုက်ရင်လေယာဉ်တက်တဲ့အခါမှာဦးလေးနေတဲ့ အတွက် အခက်အခဲရှိစေပါတယ်။ တခါတလေလာတဲ့အချိန်ကကောင်တာပိတ်ခါနီးနေပြီ၊ ထိုင်ခုံကလဲဟိုတစ်ကွက်
ဒီတကွက်ပဲလွတ်တော့တဲ့အချိန်ကြရင်မိသားစုလိုက်လာတဲ့ခရီးသည်တွေမှာထိုင်ခုံတူတူထိုင်ချင်တဲ့ပြသနာ
ကိုခဏခဏဖြေရှင်းရပါတယ်။

ဒီနေရာမှာ ကျနော့်အရင်ကလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ ရန်ကုန် flight ကောင်တာဆိုရင်သူတို့ ဝမ်းသာကြတယ်။ တဖက်ကလဲစိတ်တော့နည်းနည်းညစ်တယ်ဗျ။ ဘာလို.လဲဆိုတော့ ရန်ကုန်သွားမယ့် ခရီးသည်အများစုကမြန်မာဆိုတော့ခုံနေရာကိုသူတို.အတွက်ခေါင်းထဲမထည့်ပါဘူး။ ဘာခုံပဲပေးပေး ထိုင်ပါတယ်။ လုံးဝဂျီးမများပါဘူး။ Jet Star က MAI နဲ့ code share လုပ်ပြီးပျံသန်းတာဆိုတော့ ထုံးစံ အတိုင်း MIA ဆိုတော့ VIP များ အတွက်ရှေUဆုံးခုံတန်းတွေကို block လုပ်ပြီး reserved လုပ်ထားလေ့ ရှိပါတယ်။ သက်ကြီးရွယ်အို၊ မသန်မစွမ်းနဲ့၊ ရဟန်းတော်များအတွက်လဲပါတာပေါ့ဗျာ။ ကျနော်သူငယ်ချင်း တွေဆိုအမြဲပြောတယ်မြန်မာခရီးသည်တွေကအရမ်းသဘောကောင်းတယ်တဲ့ဘယ်ခုံပေးပေးထိုင်တယ်တဲ့၊

ဒါမယ့်သူတို့ကပစ္စည်းတွေအများကြီးသယ်တော့အိတ်တွေဝိတ်ချိန်ရတာပင်ပန်းတယ်တဲ့။ရန်ကုန်ခရီးသည် တစ်ယောက်ကအနည်းဆုံးပစ္စည်း ၃ မျိုးတော့ပါတက်ပါတယ်။ ဒါ့အပြင်ပေးထားတဲ့ကီလိုအပြင် အမြဲပိုပြီး လူတွေအများကြီးပေါင်းချိန်လေ့ရှိပါတယ်။အဲ့ဒီတော့ အိတ်ပေါင်းများစွာ ကိုချိန်ရ တော့စိတ်တော့ တခါတလေ ပျက်တာပေါ့။ ပြီးတော့လုံခြုံရေးအရမေးရတဲ့ မေးခွန်းတချို.ရှိပါတယ်၊ ဥပမာ ဒီအိတ်က ခရီးသည်ရဲ့အိတ်လား၊ဒီထဲမှာဘာပါသလဲ၊ဒီအိတ်ကိုကိုယ်တိုင်ထုတ်ပိုးတာလားတဲ့မေးခွန်းတွေမေးပါတယ်။ တကယ်တော့နဲနဲတော့ ကြောင်တယ်ဗျ။အဲ့ဒီမှာကြုံဖူးတာကတော့အန်ကယ်ကြီးတစ်ယောက်ချက်ကင်ဝင်

တယ်။၊စက္ကူပုံးတစ်ခုပါတယ်ဗျ၊တော်တော်လဲလေးတယ်။ ဒီလို စက္ကူပုံးမျိုးဆိုပို ပြီးသတိထားရပါတယ်။ အသေးစိတ်မေးခိုင်းတယ်ဗျ။ သူ့ကိုပုံးထဲမှဘာပါလဲဆိုတော့ မသိဘူးတဲ့၊ အဲ့ဒီတော့ကျနော်တို့ကမသိလို.တော့မရဘူး၊ မသိရင်ယူသွားလို.မရဘူးဆိုတော့၊ ငါ့တူရယ် ရှင်းရှင်းပဲ ပြောပါရစေ ဒီဟာဦးလေးဟာ မဟုတ်ပါဘူး။ XXXXXXXဆီ မှာ ကီလိုရောင်းလာတာပါ။ ကြည့်လုပ်ပေးပါကွယ်တဲ့။ ကျနော့်အရာရှိကို ဘယ်လိုဘာသာပြန်ပြီးပြောရမှန်းတောင်မသိတော့ပါဘူး။ changi airport မှာကြည့်လုပ်လို့ မရပါဘူး ခင်ဗျ။ အလွန်အန္တရယ်များပါတယ်။ ဒီတော့ကျနော်ကဦးလေး ထည့်ပေးတဲ့သူစီဖုံးသွားဆက်ပါ ဘာပါလဲ မေးပြီးမှပြန်လာပါလို.ပဲပြောလိုက်ရတော့တယ်။

နောက်ထပ်တွေ့ရတဲ့ရန်ကုန်ကောင်တာမှာတွေ့ရတဲ့အခက်အခဲကတော့ခရီးသည်တွေဟာ လက်ဆွဲ သည်ခွင့်ပေးတဲ့အိတ်ကိုမပြပဲဖွက်ထားလေ့ရှိပါတယ်။ သူတို့မှမဟုတ်ဘူးကျနော်ကိုယ်တိုင်တောင် လုပ်ဖူး ပါတယ်။ ချက်ကင်ဝင်ပြီးပြီဆိုတော့သူတို.တခြားမှာထားထားတဲ့လက်ဆွဲတွေအနည်းဆုံး သုံးမျိုးလောက် ပါတယ်ဗျာ။ တကိုယ်လုံးရှုပ်ယှက်တွေကိုခက်နေတာ။ အဲ့ဒါတွေယူပြီးတော့ boarding gate ကိုသွားကြတဲ့ အခါ gate မှာတာဝန်ကျတဲ့လူကအင်မတန်ကို အလုပ်များပြီးဒီအပိုထုတ်တွေကိုလေယာဉ်ဝမ်းထဲ ထည့်ဖို. စီမံရပါတယ်။ အဲ့ဒီမှာပဲကောင်တာမှာချက်ကင်ဝင်တဲ့အိတ်တွေရဲ.အလေးချိန်၊ခရီးသည်တွေရဲ့ အလေးချိန်၊ လေယာဉ်ဆီတို.ဘာတို.စတဲ့ အလေးချိန်တွေဟာအရင်ခန်.မှန်းထားသည်ထက်အစပေါင်းများစွာ ပိုလေး ပြီး လေယာဉ်ရဲ့ သယ်ဆောင်နိုင်သောဝန်ထက်ပိုလွန်သွားပါတော့တယ်။ ဒီဟာတကယ်ကို အန္တရယ်ပါ။ ခရီးသည်တစ်ယောက်ကို ၁၀ကီလိုပိုသယ်ရင်တောင် ခရီးသည် ၁၈၀ ဆိုရင် ကီလို ၁၈၀၀ ပိုလာပါတယ်။ ဒီတော့ captain ကမတက်ဘူးအိတ်တွေပြန်လျော့ပါဆိုတော့တင်ထားတဲ့ အိတ်တွေထဲကကံဆိုးတဲ့အိတ် ပေါင်းများစွာဟာနောက်ထွက်မယ့်လေယာဉ်နဲတင်ဖို.အတွက် changi မှာကျန်ခဲ့ရပါတော့တယ်။ ရန်ကုန် လဲရောက်ရောကိုယ့်အိတ်ပါမလာသူ.အိတ်ပါမလာနဲ့အိတ်ပျောက်တဲ့ပြသနာတွေကိုကြုံတွေ.ရပါ တော့တယ်။ မြန်မာပြည်မှာ လေယာဉ်တွေခဏခဏပျက်ကျရတဲ့ အကြောင်းအရင်းအဓိက ကတော့ အဲ့ဒါပါပဲ။ ဟိုမှာ ကြည့်လုပ်လို.ရတာကိုးခင်ဗျ။ အဲ့ီး Boarding Gate ရောက်လို့အိတ်ကိုဝမ်းထဲထည့်ပေး မယ်ဆိုရင်မြန်မာ တွေပဲခက်ခက်ခဲခဲမပြောရပဲအိတ်ကိုပေးလိုက်တာပါ။ တခြား Flight တွေမှာဆိုရင် အလကားထည့်ပေးပါ့မယ်၊ ကျေးဇူးပြုပြီးပေးပါဆိုတောင်းတောင်းပန်ပန်နဲ့တောင်းတာတောင်မရချင်ဘူး။ တခါတလေ cabin ထဲကိုပေး မယူလို့ Aero Bridge ပေါ်မှာထားပေးခဲ့ဖို့Tagချိတ်ပြီးပြောလိုက်ရင်တောင် မရမက cabin ထဲသယ်သွားလို့ Cabin Crew နဲ့ Ground Staff ပြသနာခဏခဏတက်ရတယ်။ အခု နောက်ပိုင်းတော့ Jet Star စီးတဲ့ခရီးသည် တွေကို Terminal ထဲဝင်တဲ့နေရာမှာတင် Airline Baggage Checkဆိုပြီးစစ်တော့ ဒီပြသနာလုံးဝမရှိတော့ပါဘူး။

No comments:

Post a Comment