Monday, October 25, 2010

ကျနော်နဲ Airlines Industry အပိုင်း (၄)

ကောင်တာနဲ.ပတ်သတ်တဲ့အကြောင်းအရာတွေတော်တော်များများတော့စုံသလောက်ရှိသွားလို. boarding gate အကြောင်းဆက် ရေးပါမယ်။ Boarding ဂိတ်တစ်ခုမှာအနည်းဆုံး (၂) ယောက်တာဝန် ချတက်လေ့ရှိပါတယ်။ တစ်ယောက်ကို Controller လို.ခေါ်ပြီးနောက်တစ်ယောက်ကို runner လို.ခေါ်ပါတယ်။ Controller ရဲ့တာဝန်ကစပြောရရင် Jet Star လေကြောင်းနဲ.ကပျံသန်းတဲ့ခရီးစဉ် တော်တော်များများရဲ့ boarding gate ကို လေယာဉ်မထွက်ခွာမီ (၁)နာရီကြိုပြီးဖွင့် လေ့ရှိပါတယ်။ Boarding Gate ဖွင့်ချိန်နဲ့ပိတ်ချိန်များ ဟာအသုံးပြုတဲ့လေယာဉ်အမျိုးအစားနဲ. Airline ပေါ်မူတီပြီး အပြောင်းအလဲရှိပါတယ်။ Controller ကတော့ ဂိတ်မဖွင့်မီအနည်းဆုံး ၅မိနစ်-၁၀မိနစ်လောကကြိုလာပြီး ဂိတ်မှာရှိတဲ့ control system ကိုစပြီးactivate လုပ်ရပါတယ်။ ဂိတ်မှာcomputer (၂)လုံးနဲ. Touch screen monitor control system တစ်လုံးရှိပါတယ်။ အဲ့ဒီTouch screen monitor control system ကတော့ changi airport ကြီးတစ်ခုလုံးရဲ့ လေယာဉ်အတက်အဆင်း အချိန်တွေကိုအတိအကျသိနိုင် သလိုလေဆိပ်တစ်ခုလုံးမှာရှိတဲ့ TV Screenတွေပေါ်မှာ ပြသထား တဲ့ကိုယ်ရဲ့ သက်ဆိုင်ရာလေယာဉ် ခရီးစဉ်အခြေအနေကိုဖော်ပြပေးအောင်လုပ်လို.ရပါတယ်။ ဥပမာ Gate Open, Last Call, Boarding, Gate Close တို.ပါ။ Controller ကဂိတ်ကိုရောက်ရင် ဂိတ်ကို open လုပ်၊ ကောင်တာ မှာသုံးတဲ့ computer software ကိုပဲသုံးပြီး boarding gate control mode ကိုပြောင်းအစဉ်သင့်ဖြစ်ပြီဆိုရင် ဂိတ်အရှေ.မှာ ရှိတဲ့ရှာဖွေရေးအဖွဲ.ကိုအစဉ်သင့်ဖြစ်ပြီ ဆိုတဲ့အကြောင်းအကြောင်းကြားပြီးတာနဲ့ ဝင်လာတဲ့ ခရီးသည်ကိုစပြီး လက်ခံ ပါတယ်။ ခရီးသည်ရဲ့ passport နဲ.boarding passကိုယူပြီး သွားမည့်ခရီးစဉ် ကိုလဲပြောရပါတယ်။ ခရီးသည်တချို.က ဂိတ်မှားပြီးလာတက်လို.ပါ။ passport ကနာမည်နဲ့ boarding pass မှာ print လုပ်ထားတဲ့နာမည်တူမတူကို နောက် ဆုံးအဆင့်လုံခြုံရေးအစီအစဉ်အရစစ်ဆေးပါတယ်။ ပြီးရင် computer system မှာ ဒီခရီးသည် ဂိတ်သို.ဝင်ရောက် ပြီးပြီဆိုတဲ့အကြောင်းထည့်သွင်းရပါတယ်။ တချို.တော်တော်များများ airline တွေရဲ့ system မှာ boarding pass bar code scan နဲ့လဲထည့်သွင်း လို.ရပါတယ်။ ပြီးတော့ boarding pass ရဲ့တစ်ပိုင်းကိုတော့computer ထဲကို ထည့်သွင်း လိုက်တာနဲ. ကိုက်ညီဖို.အတွက်ဖြတ်ယူထားလိုက်ပါတယ်။ controller ဟာpassport နဲ့ boarding pass ကိုစစ်ဆေး ရတဲ့အပြင်ခရီးသည်ရဲ့ လက်ဆွဲပစ္စည်းကိုကြည့်ရပါသေးတယ်။ အကယ်၍ခရီးသည်ရဲ့ ပစ္စည်းက လေယာဉ်cabin ထဲကိုယူသွားဖို.အခက်အခဲရှိစေတယ်ဆိုရင်၊ ဒါမှမဟုတ်ခရီးသည်က တစ်ခုထက်ပိုတဲ့ hand carry တွေသယ်လာရင် လေယာဉ်cargo ထဲကိုထည့်ပေး လိုက်ဖို.အတွက် luggage tag တစ်ခုထပ်လုပ်ပြီး စီစဉ်ပေးရပါ တယ်။တခါတလေလဲ runner ရှိနေရင်ကူလုပ်ပေးတာများပါတယ်။ controllerဟာဒီအတိုင်း အပေါက်ဝက နေလူ အကုန်မဝင်ချင်းတစ်ဖဝါးမှမခွာပဲစောင့်ရလေ့ရှိပါတယ်။ အလွန်တာဝန်ကြီးပြီး အန္တရယ် များပါတယ်။ boarding pass ကိုမဖြတ်မိတာမျိုး system ထဲကိုမထည့်မိတာမျိုး တွေခဏခဏ ကြုံရတာပါ။

Runner ကတော့ပထမစောစောပိုင်းမှာ controller ကိုကူလုပ်ရုံပါပဲ၊ လေယာဉ်ထွက်ဖို. ၄၅မိနစ်အလို မှာ ကောင်တာ ပိတ်ပြီးကြောင်း အကြောင်းကြားတာနဲ့တပြိုက်နက် နောက်ထပ်ရှိနေတဲ့ computer ကနေ လေယာဉ်ပေါ်ပါရှိတဲ့ခရီးသည်စာရင်းကို ခရီးစဉ် ပေါ်မူတည်ပြီး print ထုတ်ရပါတယ်။ ဒီခရီသည်စာရင်းကိုဘာကြောင့်ထုတ်ရသလဲဆိုရင်လေယာဉ် Crew တွေအနေနဲ့ခရီးသည်တစ်ဦးဦးမှာ အထူးလိုအပ်ချက်၊ သို့မဟုတ်၊ request လုပ်ထားတွေကိုသိဖို့၊ ဘက်ဂျက်လေကြောင်းတွေမဟုတ်ခဲ့ရင်၊ခရီးသည်ကြိုတင် မှာကြားထား တဲ့အစားအစာတွေကိုတည်ခင်းကျွေးမွေးဖို့၊နဲ့အခြားလုံခြုံရေးအစီအမံတွေအတွက်ဖြစ်ပါ တယ်။ ခရီးသည်စာရင်း copy ကိုလေယာဉ် crew ကယူသွားပြီးတော့တဖက်ဆိုက်ရောက်ရာလေဆိပ်မှာလေယာဉ်တံခါးဖွင့်ပြီးတာနဲ့မြေပြင်အမှုထမ်းကိုပေးလိုက်ရပါတယ်။ အဲ့ဒီတဖက်ကဝန်ထမ်းမှတဆင့် သက်ဆိုင်ရာလူဝင်မှူကြီးကြပ်ရေးကစလို့တခြားလိုအပ်တဲ့အဖွဲ့အစည်းတွေကိုဖြန့်ဝေပေးရတာပါ။

ခုနက အကြောင်းဆက်ပြောရရင် runner ဟာ ကောင်တာကပေးတဲ့ခရီးသည်အားလုံးပေါင်း အလေးချိန်၊ ပစ္စည်းအရည်အတွက်နဲ့ အလေးချိန်တွေကို ချရေးပြီး Captain နဲ့ ပစ္စည်းတင်တဲ့အဖွဲ.ကတာဝန်ခံကို ပေးရပါတယ်။ captain ကတော့ဟိုအစပိုင်းမှာပြောခဲ့တဲ့ လေယာဉ်တက်ဖို.လိုအပ်တဲ့တွက်ချက်မှုတစ်ခု ဖြစ်တဲ့ load sheet ဆိုတာကိုဆွဲဖို.အတွက်ပါ။ ဒီနေရာမှာ လေကြောင်းလိုင်း တစ်ခုနဲ့ တစ်ခုမတူပါဘူး။ တချို့လေကြောင်းလိုင်းတွေမှာတော့ Load Master ဆိုပြီးဒီ load sheet ကိုဆွဲဖို့သက်သက်တစ်ယောက် ရှိပါတယ်။ Jet Star မှာတော့ Captain ကဆွဲလေ့ရှိပါတယ်။ ပစ္စည်းတင်တဲ့ unit ကတော့ တင်လိုက်တဲ့ ပစ္စည်းအရည်အတွက်ကိုက်ညီမညီစစ်ဖို.တွက်ပါ။ runner ဆိုတဲ့တိုင်းအပြေးအလွှားပါပဲ၊

အချိန်နဲ့တပြေးညီဆိုတော့မပြေးလို.မရတော့ဘူးလေ။ အဲ့ဒါပြီးလို. လေယာဉ် cabin က အစဉ်သင့်ဖြစ်ပြီ ဆိုတာနဲ့ crew ထွက်လာပြီး ခရီးသည်တွေကိုလေယာဉ်ပေါ်တင်ဖို.လုပ်ပါတယ်။ ထုံးစံအတိုင်းကလေး တွေနဲ. သက်ကြီးရွယ်အို၊ wheel chair နဲ့ခရီးသည်တွေ ကိုတင်ပါတယ်။ budget လေကြောင်းဆိုတော့ business class နဲ့ priority members တွေမပါဘူးလေ။ ပြီးရင်ခုံနံပါတ်နဲ.လေယာဉ် အနောက်ဖက် ကစပြီးခေါ်လေ့ရှိပါတယ်။ အဲ့ဒီမှာစပြီးတွေ.တော့တာ ကတော့ ခရီးသည်တော်တော်များများက crew ရဲ့ English ကိုနားမလည်တာရယ်၊ နားမထောင်တာရယ် ပေါင်းပြီး တော့ရှိသမျှခရီးသည်တွေဟာလေယာဉ် ပေါ်ကို အလုအယက်တက်ဖို.ကြိုးစား ပါတော့ တယ်။ aero bridge ရဲ့အပေါက်ဝကနေboarding pass ကိုကြည့်ပြီးစိစစ်ရတာအင်မတန်မှကိုခက်ခက်ခဲခဲပါ။ များသောအားဖြင့် Vietnam, Indonesia, Taiwan flight စတဲ့ English လိုသိပ်မပြောတဲ့နိုင်ငံတွေသွားတဲ့ flight တွေမှာအများဆုံးတွေ.ကြရတာပါ။ ဘာပြောပြောနားမလည်ပါဘူး။ လေယာဉ်ပျံထွက်ပြေးတော့မယ့်အတိုင်းကိုပဲ မရမကအလုအယက်သွားချင် ကြတာနောက်ဆုံး လေယာဉ် အပေါက်ဝမှာပဲသွားပိတ်နေရတာ။ ခုနကလေယာဉ် cabin ထဲကို ပေးမသယ်လို.tagချိတ်ထားတဲ့ အိတ်တွေကိုကြည့်ရတာတစ်မျိုး၊ boarding pass ကိုကြည့်ရတာတစ်မျိုးနဲ့ အလွန်ကိုအလုပ်များတဲ့အခြေအနေပါ။

ဒီအချိန်မှာ controller ကသူ.ရဲ့ system ကိုကြည့်ပြီးခရီးသည် ဘယ်နှစ်ယောက်ဂိတ်ထဲဝင်ဖို.ကျန်နေတယ်။ ခရီးသည်ကုန်ပြီ ဆိုတဲ့ သတင်းပို့ချက်တွေကိုဝေါ်ကီတော်ကီ ကနေပြောနေပါတယ်။ အကယ်၍ခရီးသည်ကျန်နေသေးတယ်ဂိတ်ထဲ မဝင်သေးဘူးဆိုရင်တော့ စပြီး ခေါင်းမီးတောက်ရတာပါ။ အဲ့ဒီအချိန်ဟာထွက်ခွာရန် ၁၀မိနစ်နဲ.၁၅မိနစ်လောက် ဆိုကြုံရလေ့ရှိပါတယ်။ system ထဲကိုကြည့် လိုက်တာနဲ့ ခရီးသည်ဘယ်နှစ်ယောက် check in အိတ်ဘယ်နှစ်လုံးနဲ့ အတူခုံနံပါတ် ဘယ်လောက်မှာဆိုတာတွေ.နေရပါတယ်။ ဒီတော့ controller က လေဆိပ်ရဲ့ဗဟို ပြန်ကြားရေးကို ဖုံးဆက်ပြီးခရီးသည်နာမည်နဲ့တကွခေါ်ပါတယ်။ မြေပြင်ပေါ်မှာ ရှိတဲ့ ပစ္စည်းတင်တဲ့ unit ကိုစက်နဲ.ခေါ်ပြီးဂိတ်ထဲဝင်ဖို့ကျန်နေတဲ့ ခရီးသည်ရဲ့ပစ္စည်းတွေကိုရှာခိုင်းထားရပါတယ်။ runnerကိုလဲလေယာဉ် ပေါ် မှာဒီခရီးသည် ရှိနေမရှိနေကိုခုံနံပါတ်ကို ကြည့်ပြီးရှာခိုင်းရတယ်။ တစ်ခါတလေခရီးသည်ရဲ့ Boarding pass ကိုမဖြတ်မိတာ၊ system ထဲမသွင်းမိတာ တွေ ရှိတက်တယ်ဗျ။ အမှားလုံးဝမရှိရဘူးဆိုပေမယ့် လူဆိုတဲ့အတိုင်းအမြဲတော့မမှန်ဘူးပေါ့ဗျာ။ တကယ်လို.ခရီးသည်က သူ.ခုံမှာရှိ မနေဘူးဆိုရင်သေခြာပြီ ခရီးသည် ဂိတ်ကိုမလာသေးဘူးပေါ့၊ runner က captain ကိုခရီးသည်ဘယ်နှစ်ယောက် ကျန်နေကြောင်း၊ စောင့်ချင်တဲ့ဆန္ဒရှိမရှိမေးရပါတယ်၊ captain ပြောတဲ့အတိုင်း ဘယ်နှစ်မိနစ် တော့စောင့်မယ်၊ မစောင့်ဘူးကို controller ကိုပြန်ပြော ရပါတယ်။ အဲ့ဒီအချိန်မှာ controller ကလဲဂိတ်အပြင်ကိုထွက်ပြီး ကိုယ့်ခရီးသည် များလာမလားဆိုပြီးတခါတလေထွက်ရှာရသေး တာ။ captain ကသက်မှတ်ထားတဲ့ အချိန့်ပြည့် သွားလို.ဆက်မစောင့်တော့ဘူးဆိုရင်တော့ခုနက အစဉ်သင့် လုပ်ထားတဲ့ ခရီးသည်ရဲ့ ပစ္စည်းတွေကို လေယာဉ်ပေါ် ကနေလုံးဝချပစ်ဖို.နောက်ဆုံးမီးစိမ်းပေးလိုက်ပါတယ်။ runner ကတော့ လေယာဉ်တံခါးဝမှာစောင့်နေပြီး တံခါးပိတ်သွားတဲ့အချိန်၊လေယာဉ်ပေါ်ကိုနောက်ဆုံးခရီးသည်တက်သွား တဲ့အချိန်နဲ့ လေယာဉ်နောက်ဆုတ်ပြီးထွက်သွားချိန် တို.ကိုမှတ်သားပြီး controller ကိုစက်နဲ. သတင်းပို.နေရပါတယ်။ ဒါပြီးရင်တော့ လောလောဆယ်ကိစ္စတွေ ပြီးပြီ လို.ဆိုရမှာပေါ့ဗျာ။

ဂိတ်အတွင်းထဲကိုပြန်လာပြီး လေယာဉ်ထွက်ခွာပြီး ပြေးလမ်းကိုထွက်သွားတာကိုကြည့်ပါတယ်။ လေယာဉ်ကရှေ.ကိုဆက်ပြီး သွားတယ် ဆိုရင်တော့ ဂိတ်တစ်ဂိတ် ရဲ့သာမန် တာဝန်ပြီးပြီလိုပြောလို.ရပါတယ်။ တစ်ခါတလေဖြစ်တက်တာက လေယာဉ်ကနောက်တော့ ဆုတ်သွားပါရဲ့၊ ကိစ္စတစ်ခုခုဖြစ်လို. ဂိတ်ကိုပြန်လာလေ့ ရှိပါတယ်။ အင်မတန်ကိုဖြစ်ခဲပါတယ်။ ကျနော်တော့ တစ်ခါကြုံဖူးပါတယ်။ Aircon မရတော့လိုပြန်လာတာပါ။ အဲဒီလိုပြန်လာရင်အရမ်းတွေအလုပ်ရှုပ်ပြီးစိတ်ညစ်ရတော့တာ။ ဂိတ်မှာကြုံရတဲ့တခြားအတွေ.အကြုံလေးတွေ နဲ.ခရီးသည်ဂိတ်ကိုမလာရင်ကျနော်တို.ဘာတွေဆက်ပြီးရှုပ်ကြရ တာ လေးတွေတော့နောက်တစ်ခန်းမှာဆက်ရေးပေးသွားပါ့မယ်။


ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ့ Airlines Industry အပိုင်း ၅ သို့

1 comment:

  1. မလွယ်ပါလားခင်ဗျာ...။
    boarding pass ဖြတ်တာ အမြင်မှာတော့ အဲဒီလောက်အထိ ပြဿနာများပြီး ရှုပ်ထွေးလှတယ်လို့ မထင်စရာပါပဲ။
    စိတ်ဝင်စားစရာ ပါပဲ ဗျာ။

    ReplyDelete