Wednesday, October 6, 2010

လေယာဉ်ပေါ်တွင်လက်ကိုင်ဖုံးအသုံးပြုနိုင်တော့မည်



ဒီတလောမှာတော့ရေးစရာကလဲမရှိပြန်လကုန်ရက်အလုပ်နည်းနည်းများတာနဲ့စာမရေးဖြစ်တာအခုမှအသစ်တစ်ခုတင်နိုင်ပါတယ်။
ဒီနေ့ထုတ်သတင်းစာမှာဖော်ပြပါရှိတဲ့ SIA ရဲ့ဝန်ဆောင်မှုအသစ်ကိုသူငယ်ချင်းတွေသိရအောင်ဖော်ပြပေးလိုက်ပါတယ်။

မကြာမီကာလအတွင်းကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သော Singapore Airlines (SIA)လေကြောင်းခရီးစဉ်များအတွင်း
Airbus A380, Airbus A340-500 and Boeing 777-300ER လေယာဉ်များဖြင့်ပျံသန်းစဉ်ကာလမှာလက်ကိုင်ဖုံးများကိုစတင် အသုံးပြု နိုင်မည်ဖြစ်ကြောင်းလေကြောင်းလိုင်းမှထုတ်ပြန်ကြေငြာလိုက်ပါတယ်။ခရီးသည်များအနေဖြင့်လေယာဉ်ပေ ၄၀၀၀ အထက်သို့ရောက်ရှိ
ချိန်မှာစတင်၍ပျံသန်းစဉ်ကာလအတွင်းမည်သည့်ဖုံးနှင့်မဆိုဆက်သွယ်ပြောဆိုနိုင်မည့်အပြင်သတင်းတို (sms) များပေးပို့ ရယူနိုင်ခြင်း၊ လေယာဉ်တွင်းတက်ဆင်ထားသော GPRS wi-fi internet စနစ်ဖြင့် smart phone များတွင်အင်တာနက်ကိုပါသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အင်တာနက် သုံးစွဲမှု အတွက်တော့ ခရီးသည်များအနေဖြင့် sign up လုပ်ဖို့လိုအပ်ပြီး ဒီအတွက်အကြွေးဝယ်ကဒ်လိုအပ်ပါတယ်။
စင်္ကာပူလေကြောင်းလိုင်းသည် စင်္ကာပူပြည်တွင်းမှတယ်လီဖုံးဝန်ဆောင်မှုကုမ္ပဏီကြီးသုံးခုအပြင်ကမ္ဘာအနှံမှ တယ်လီဖုံး ဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၂၀၀ ခန့်ဖြင့်ဒေါ်လာမီလျှံပေါင်းများစွာရင်းနှီးမြုပ်နှံစာချုပ်မှုများပြုလုပ်ခဲ့ပါတယ်။

SIA အနေဖြင့်ယင်းဝန်ဆောင်မှုကိုအလျှင်အမြန်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်လည်ခန့်တွင်စတင်အသုံးပြုနိုင် လိမ့်မည်ဖြစ်ကြောင်းနဲ့အာရှဒေသတွင်ပထမဆုံးလေယာဉ်ပျံသန်းစဉ်လက်ကိုင်ဖုံးသုံးဆွဲနိုင်သည့်ဝန်ဆောင်မှုပေးသောလေကြောင်းလိုင်း
ဖြစ်လာမှာပါ။

လေယာဉ်ခရီးသည်များအနေဖြင့်မိမိတို့၏လက်ကိုင်ဖုံးတွင်ကမ္ဘာအနှံသို့သယ်ယူဖုံးပြောနိုင်သောဝန်ဆောင်မှု(International Roaming Service) ရှိရင်လိုအပ်ပြီး၊ဖုံးပြောခများကိုသက်ဆိုင်ရာဖုံးဝန်ဆောင်မှုကုမ္ပဏီများမှချမှတ်ထားသောနှုန်းထားများအတိုင်းပေးဆောင်ရမည်
ဖြစ်ပြီးလေကြောင်းလိုင်းအနေဖြင့်မည်သည့်အပိုဝန်ဆောင်ခမှတောင်းခံခြင်းပြုလိမ့်မည်မဟုတ်ပါဘူး။ဒါပေမယ့် roaming charge ဟာ အတော်လေးကိုဈေးကြီးတာဆိုတော့အင်မတန်အရေးကြီးတဲ့ကိစ္စတွေကြမှပဲအသုံးပြုဖို့သင့်တော်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်အခုလိုအလွန်
ကောင်းမွန်တဲ့ဝန်ဆောင်မှုအတွက်ပေးရကျိုးတော့နပ်မှာပါ။ မိမိကိုယ်ပိုင်လက်ကိုင်ဖုံး ဖြင့် ဆက်သွယ်မှုအားလုံးဟာလေယာဉ်ထိုင်ခုံတွင် တက်ဆင်ထားသော Sky Phone ဝန်ဆောင်မှုထက် ပိုမိုသက်သာသောနှုံးထား ဖြစ်လာစရာရှိပါတယ်။ အများအားဖြင့်ခရီးစဉ်ပျံသန်းချိန် ၅ နာရီထက်ပိုတဲ့ခရီးတွေကိုပျံသန်းတဲ့အခါမှာခရီးသည်များပိုမိုသက်တောင့်သက်သာဖြစ်စေဖို့နဲ့မပျင်းရအောင်လေကြောင်းလိုင်းများ
အနေနဲ့ in flight entertainment တွေကိုအစွမ်းကုန်စီစဉ်ပေးကြပါတယ်။ ဒါတွင်မကအရေးပေါ်ကိစ္စတွေအတွက်နဲ့အခြားကိစ္စများ အတွက် အသုံးပြုနိုင်ဖို့ global satellite network ကိုအသုံးပြုပြီးလေယာဉ်ထိုင်ခုံကနေနေရာမရွေးဖုံးဆက်နိုင်အောင် ဝန်ဆောင်မှု ပေးလာတာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ကျနော့်အတွေ့အကြုံအရပြောရရင်တော့ ဒီဖုံးကနေပြင်ပကိုခေါ်ဆိုနိုင်ဖို့ အတွက်နိုင်ငံတကာ သုံးအကြွေးဝယ်ကဒ်လိုပါတယ်။ ဒီအကြွေးဝယ်ကဒ်ကနေဖုံးပြောခကိုပေးဆောင်နိုင်မှာပါ။ ထိုင်ခုံတစ်ခုကနေနောက်ထိုင်ခုံတစ်ခုကို ဖုံးဆက်တာကတော့ပေးစရာမလိုပဲအလကားသုံးလို့ရပါတယ်။ ဒီ Sky Phone ကနေခေါ်ဆိုတဲ့နှုံးထားကတော့ ၁မိနစ်ကို US$4.00 ကနေUS$6.00 ကြားကျသင့်တယ်ဆိုတော့ပြောမပြောကိုတော့သူငယ်ချင်းတွေကိုယ့်ဟာကိုယ်ပဲဆုံးဖြတ်ကြပါတော့။

No comments:

Post a Comment