Monday, October 18, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၃)

တစ်ခြားကောင်တာတွေမှာကြုံရတာတွေကဆင်တူလေးတွေများပါတယ်။ ကျနော်တို.မထိုင်ချင်ဆုံး ကောင်တာကို ပြောပါဆိုရင် Indonesia ကိုသွားတဲ့ flight ကောင်တာတွေပါ။ အဲ့ဒီ Indonesiaကောင်တာ တွေမှာတော့ ခရီးသည်နှစ်မျိုးကွဲသွားပါတယ်။ တစ်မျိုးက အိမ်ပြန် ကြတဲ့ maid တွေပါ။ သူတို.ကလဲရန်ကုန် flight နဲ.နင်လားငါလားပါပဲ။ ခေါက်ဆွဲခြောက်ကအစသယ်ပါတယ်။ ကီလိုပိုတော့ သယ်လာတဲ့ဟာတွေပြန်လျော့၊ ပြန်ချိန်နဲ.အင်မတန်ကိုအလုပ်ရှုပ်စေတာပါ။ ပိုတဲ့အတွက်သူတို.မှာ ဘယ်လိုပေးနိုင်မလဲဗျာ။ ပေးရင်တောင်ကျနော်ဆိုပြန်စဉ်းစားပါအုံးလို.ပြောလိုက်တယ်။ နောက်တစ်မျိုး ကတော့ ချမ်းသာတယ်သို.သော်စားရိတ်နည်းလေကြောင်းပျံတယ်၊ ပြီးတော့လိုချင်တဲ့ဝန်ဆောင်မှုတွေက Singapore Airlines ကပေးတဲ့ဝန်ဆောင်မှုလောက်ကိုလိုချင်တာပါ။ စလုံးမှာဈေးဝယ်ကြပြီးပြန်တော့ ပစ္စည်းတွေကအမြောက်အများပါပဲ။ ပိုလိုက်တဲ့ဝိတ်ဆိုတာပြောမနေနဲ့တော့ဗျာ။ အဲ့ဒီမှာကီလိုတွေတော့ ပိုသယ်ချင်တယ်၊ ပိုတဲ့အတွက် ပိုက်ဆံတော့မပေးချင်ပါဘူး။ တချို.လဲပေးပါတယ်၊ အဲ့ဒီလိုခရီးသည် တွေဟာအင်မတန်ကို ကြောင်တဲ့ လူတွေပါ၊ ပိုတဲ့အတွက်ပေးရတာက ဒေါ်လာ၄၀၀ ကနေ ၈၀၀ ထိတွေဖူးပါတယ်။ တစ်စက်မှမငြင်းပါဘူး၊အိတ်ထဲကနေငွေကို cash ပေးပါတယ်။ credit card တောင်မ ပေးဘူး။ တကယ်တော့သူတို.သာ full service airlines တွေနဲ့ ပျံသန်းရင် လက်မှတ်ဖိုးကတော့ ပိုချင် ပိုမယ်။ ဒါမယ့်ပစ္စည်းတွေပိုသယ်ချင်ရင်ခုံအပိုဝယ်လို.ရပါတယ်။ အဲ့ဒီခုံအတွက်လဲပစ္စည်း သယ်ခွင့်ပေး ပါတယ်။ ဒါမယ့်ခုနကပေးရတဲ့ ငွေထက်နဲနဲတောင်သက်သာပြီးကီလိုတောင်ပိုရ ပါသေးတယ်။ အဲ့ဒီလို service မျိုးကတော့များသောအားဖြင့်သံတမန်များခရီးသွားရင်သူတို.နဲ.ပါတဲ့ အလွန်အရေးကြီး သော ပစ္စည်း တွေ ကိုဘေးခုံမှာထားပြီးယူသွားတာပါ။ ခုနခရီးသည်တွေအကြောင်းဆက်ရရင် တချို.မပေးချင်တဲ့ သူတွေကြတော့လတ်ထိုး ဖို.ကြိုးစားရော၊ အင်ဒိုမှာဆိုရတယ်လို.လဲပြောသေးတယ်။ တစ်ခါကြုံဖူးပါတယ်။ ခရီးသည်ပိုတဲ့ ကီလို အတွက်ကျသင့်ငွေက ၂၅၀ ပါ။ ဒါနဲ. သူကသူ ၁၀၀ ပေးပါ့မယ် လွှတ်ပေးပါတဲ့။ ကျနော်ကလုံးဝမဖြစ်တဲ့အကြောင်းအတင်းငြင်းပြီးတော့ လက်ခံရေးလိုက်တော့မှပြီးသွားတယ်။

Check In ကောင်တာ တွေကို ပေါ်တင်တစ်မျိုး၊ ဖွက်ပြီးတော့တဖုံမြင်ကွင်းပေါင်းစုံ ကနေ CCTV တွေနဲ.ချိန်ထားတာပါ။ ယူလိုက်လို.ကတော့ ကျနော်ထင်တယ်နာရီပိုင်းအတွင်း ရဲကရောက်လာမှာပါ။ စလုံးမှာ ဒီအမှုကအတော်ကြီးပါတယ်။ ကိုယ်ကငွေမယူပဲနဲ. လွှတ်ပေးအုံးတော့ ပစ္စည်းတွေကို flight အလိုက် ခွဲခြားတဲ့နေရာမှလျှပ်တပျက်စစ်ဆေးရင်ပြသနာရှိပါတယ်။ကျနော်တို. ရဲ. computer system ထဲမှာ ခရီးသည် ချက်ကင်ဝင်ပြီးတာနဲ.သူနဲ.အတူပစ္စည်းဘယ်နှစ်ခု၊ အလေးချိန်ဘယ်လောက်ဆိုတာပါ ထဲ့သွင်း ရပါတယ်။ ပြီးတော့ system ကနေ baggage tag ကိုဘားကုတ်တွေနဲ့ print လုပ်ပေးပါတယ်။ ပြီးရင်baggage sorting area ရှိတဲ့ နေရာကို belt တွေကတဆင့်ရောက်သွားပါတယ်။ အဲ့ဒီကိုမရောက်မီ X-rays machine ပေါင်းများစွာနဲ. ပစ္စည်းတွေကိုစစ်ပါသေးတယ်။ အဲ့ဒီကိုရောက်သွားလို. သက်ဆိုင်ရာ က မသင်္ကာရင် ဒီပစ္စည်းရဲ့ ဘားကုတ်နဲ. Tag No.ကို စစ်လိုက်တာနဲ.ဒီပစ္စည်းsystem ထဲမှာထဲ့လိုက်တဲ့ ဝိတ်ကဘယ်လောက်တကယ်ချိန်လိုက်တော့ ဘယ်လောက်ဆိုပြီးပေါ်လာလို.ရှိရင်အကြီးအကျယ် ပြသနာပါ။ ကျနော်တို.မှာလွှတ်ပေးနိုင်တဲ့ limit လေးတွေရှိပါတယ်။ ဒါကတရားဝင်တော့မဟုတ်ဖူးပေါ့။ flight ရဲ့ ခရီးသည်အနည်းအများပေါ်မူတည်သလို၊ ခရီးသည် ရဲ့ကိုယ့်အပေါ်ဆက်ဆံမှု၊ ကိုယ့်ရဲ့ mood ပေါ်မူတည်တယ်လို.ပြောရမှာပေါ့။ Manila flight တို.လို တချို. Indo flight တွေဆိုရင်အများအားဖြင့် maid တွေများပါတယ်။ သူတို.မှာကီလိုပိုနေရင်ပေးစရာမရှိ၊ ရှိရင်တောင်အလွန်ဈေးကြီး တာဆိုတော့ ကိုယ်တက်နိုင်သလောက်လွှတ်ပေးတာများပါတယ်။ ခရီးသည်က မောက်မောက်မာမာ ဆက်ဆံ၊ ကိုယ်စိတ်ကလဲမကြည်ဆိုရင်တော့ ၁ ကီလိုလေးပိုရင်တောင်မပေးတော့ပါဘူး။ အများအားဖြင့် တစ်ယောက် ကို ကီလို ၂၀ ပေးသယ်တဲ့လက်မှတ်မှာ အများဆုံး ၃ ကီလိုထိလွှတ်ပေးလေ့ရှိပါတယ်။ ဒါကခုနကပြောတဲ့ အခြေအနေတွေ ပေါ်မူတည်တယ်ဗျနော်။ အဲ့ဒီတော့ နောက်တခါခရီးသွားလို. ကိုယ်ပစ္စည်းလေးနည်းနည်းပါးပါးပိုလို.ရှိရင်ကောင်တာကိုမျက်နာချိုသွေး၊ သူနာမည်ခေါ်ပြု နှုတ်ဆက်ပြီး ကောင်းကောင်းမွန်မွန်ပြောရင်ရနိုင်ပါတယ်။ ကျနော်ဆိုရင် ကောင်တာ မှာ ကျနော်နာမည်ခေါ်ပြီး နှုတ်ဆက်ရင်တအားသဘောကျတာဗျ။ နာမည်ကို ကောင်တာအထက်မှာရှိတဲ့ TV screen ပေါ်မှာနဲ့ ကောင်တာပေါ်မှာဖော်ပြရလေ.ရှိပါတယ်။ တကယ်လို.Check in Staff က လွှတ်မပေးလို. ရှိရင်လဲ နားလည်ပေးနိုင်ရင် အကောင်းဆုံးပါ။ သူ.နောက်မှာ အထက်အရာရှိ ရှိနေတာမျိုး၊ flight က fully booked ဖြစ်နေတာမျိုးတွေဆိုရင်အစဉ်မပြေပါဘူး။

နောက်ထပ်ကောင်တာနဲ. ပတ်သက်တဲ့ဗဟုသုတလေးတချို.ပါ။ သွားတဲ့ နိုင်ငံတွေအားလုံးမှာ အဓိက သတိအထားရဆုံးနိုင်ငံ နှစ်ခုရှိပါတယ် Taiwan နဲ. Vietnam ပါ။ Taiwan ကိုသွားမယ်ဆိုရင် တိုင်ဝမ်နိုင်ငံသား၊ ဒါမှမဟုတ် ဟိုမှာ တရားဝင်နေထိုင်ခွင့်ပါမစ်တစ်ခုခုနဲ့ကိုင်ထားတဲ့သူကလွဲပြီး ကျန်တဲ့ ဘယ် passport holder မဆိုအပြန်လက်မှတ်သို.မဟုတ်ထိုင်ဝမ်မှတစ်ဆင့်ဆက်လက်ထွက်ခွာ သွားမယ် ဆိုတဲ့ Confirm On ward လက်မှတ်တွေလိုပါတယ်။ တော်တော်များများနိုင်ငံသားတွေအတွက် လဲဗီဇာ လိုပါတယ်။ လက်မှတ်မပြနိုင်ဖူးဆိုရင် ချက်ကင်ဝင်ဖို.ငြင်းပါတယ်။ နေ.တိုင်းလိုလိုအငြင်းပွားရလေ့ရှိတဲ့ Taiwan ကောင်တာရဲ့နေ့စဉ်ပြသနာပါ။ ခရီးသည် အများစုကတော့မသိလို. များပါတယ်။ လက်မှတ်တွေ ရှိတဲ့ သူကြတော့လဲဘာပြောလဲဆိုတော့ e-ticket ပါတဲ့။ print မလုပ်လာပါဘူးတဲ့။ အဲ့ဒါလဲမရပါဘူး၊ များသောအားဖြင့်အဲ့ဒီလိုခရီးသည်တွေကတော့ စလုံးတွေများပါတယ်။ တချို.က သူတို.ရဲ့ PDA တွေကနေ လက်မှတ်ကိုပြပါတယ်။ အဲ့ဒါလဲမရပါဘူး၊ တိုင်ဝမ်လူဝင်မှုကြီးကြပ်ရေး (လဝက) ကစာရွက်နဲ့ ကိုင်လာတဲ့ လက်မှတ်ကိုပဲကြည့်ပါတယ်laptop တို. PDA တို.ကဖွင့်ပြတာကိုလုံးဝလက်ခံလေ့မရှိပါဘူး။ အဲ့ဒီတော့ ခရီးသည်မှာ printer ရှာရပါလေရော၊ changi မှာprinter ရှာရတာအရမ်းခက်တယ်ဗျ။ public သုံးဖို.မရှိဘူးလို.တောင်ပြောရမှာပါ။ အပြန်လက်မှတ်များမရှိဘူးဆိုလို.ကတော့ချက်ချင်း လက်မှတ် ဝယ်ချင် ဝယ်မဝယ် ရင်တော့လုံးဝကို ချက်ကင် ပေးဝင်မှာမဟုတ်ပါဘူး။ ချက်ကင်ပေးဝင်လိုက်လို. ရှိရင် တောင် တိုင်ဝမ်ရောက်လို. ဟိုက (လဝက) ကပေးမဝင်ပဲ လာတဲ့နိုင်ငံကိုပြန်ပို.မှာပါ။ check in staff လဲ ချက်ချင်းကိုအလုပ်ပြုတ်တာပါ။ ကျနော်လုပ်နေစဉ်က case နှစ်ခုကြုံဖူးပါတယ်။ နှစ်ယောက်စလုံး ပြုတ် သွားပါတယ်။ additional information နေနဲ့ တခါတလေတော့တချို.နိုင်ငံ passport ကိုင်ဆောင်သူ တွေကို show money ပြခိုင်းလေ့ရှိပါတယ်။ အဲ့ဒီတော့သူငယ်ချင်းတွေ တိုင်ဝမ်သွားလည် မယ်ဆိုရင် အပြန်လက်မှတ်ကိုတခါတည်းဝယ်သွားဖို.နဲ. လက်မှတ်ကို print out လုပ်သွားဖို. အကြံပြုပါရစေဗျာ။

နောက်တစ်နိုင်ငံ Vietnam ကတော့ စလုံးpassport ကိုင်ဆောင်သူ၊ သံတမန်နဲ.အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကလွဲပြီးအားလုံးသောနိုင်ငံရဲ့ passport ကိုင်ဆောင်သူများ ဗီဇာလိုပါတယ်။ ဒါမှမဟုတ်ရင် ဗီယက်နမ် (လဝက) ကနေရေးပေးထားတဲ့ arrival visa ပေးမယ်ဆိုတဲ့ တရားဝင် စာပါရင် ရပါတယ်။ စလုံး passport holder တောင်အပြန်လက်မှတ် or onward ticket လိုပါတယ်။ မရှိရင် ခုနကလိုပဲ ချက်ကင်ပေးမလုပ်တော့ပါဘူး။

Vietnam ကောင်တာမှာများသောအားဖြင့်တွေ.ရတာတော့ ဘာသာစကားပြသနာနဲ. အားလုံးသော ခရီးသည်တွေရဲ. အမည်တွေဟာဆင်တူတွေများပါတယ်။ မှားပြီးချက်ကင်ပေးဝင်ရင်သွားရောဗျ။ အားလုံးလိုလို English လိုမတက်ကြဘူးဗျာ။ ဒါမယ့်တရုတ်လိုတော့ပြောတက်ကြတယ်။ ကျနော်ကလဲ တရုတ်လိုကမတက်တော့ ဒုက္ခပေါ့ဗျာ။ဒီနေရာမှာစလုံးယောင်္ကျားတွေဟာ ဟိုမှာသွားပြီးမိန်းမသွားယူ ကြတာအများကြီးတွေ.ကြရတယ်ဗျ။ အဲ့ဒီတော့သူတို.ရဲ့စာအုပ်မှာအဝင်အထွက်တုံးတွေ အများကြီးတွေ့ရ ရင် တခါတလေ အပြန်လက်မှတ်မပါလဲ ပေးဝင်တယ်ဗျ။ ဒါကတော့ ကျနော်တို.မဆုံးဖြတ်ပါဘူး အရာရှိကို refer လုပ်ပါတယ်။ ကျနော်သူငယ်ချင်းတွေများသွားလည်ဖို.ရှိရင် ဗီဇာယူသွားပြီး အပြန်လက်မှတ်ပါ ဝယ် သွားစေချင်ပါတယ်။

ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ Airlines Industry အပိုင်း (၄) သို့

1 comment:

  1. အတော် စိတ်ဝင်စားစရာ ကောင်း ပါတယ်ဗျာ။အပိုင်း တစ် ကနေ အခု အပိုင်း သုံးအထိ သေသေချာချာ ဖတ်သွားပါတယ်ခင်ဗျာ။
    လေဆိပ်မှာ တာဝန်ယူနေတဲ့ ဝန်ထမ်းတွေ ဒီလောက်အထိ တာဝန်ကြီးတယ်၊ အလုပ်များတယ်ဆိုတာ အခုမှပဲ ဂဃနဏ သိသွားပါတယ်။လေယာဉ်ပေါ် တက်တဲ့အခါ တစ်ချို့ လက်ဆွဲအိတ်တွေကို လက်နဲ့ အရင် ဆ, ကြည့်ပြီးမှ ခွင့်ပြုရတဲ့အကြောင်းကို လဲ အခုမှ သဘောပေါက်သွားပါတော့တယ်။နောက် ထပ် ဆက်မယ့် အပိုင်းကိုလဲ စိတ်ဝင်စားစွာ စောင့်မျှော်နေပါတယ်ခင်ဗျား။

    ReplyDelete