Monday, May 30, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၁)

မနှစ်ကတော့ စင်္ကာပူတွင် (၄) နှစ်ကြာသောအခါ ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်ထွက်ခွာလာခဲ့တာကစလို့ ပထမအစပိုင်းမှာ ဘယ်လိုနေထိုင် ခဲ့ရတဲ့အကြောင်းလေးတွေကို ချရေးထားတာပါ။ အခု (၅) နှစ်ပြည့်သွားပြန်တော့ ဘာရေးရမလဲလို့ စဉ်းစားမိတော့ ကျနော့်ရဲ့ စင်္ကာပူက
အလုပ်ရာဇဝင် ကိုရေးမယ်လို့စိတ်ကူးမိတယ်။

စင်္ကာပူကိုရောက်လျှင်ရောက်ပြီးချင်း ကျနော်နည်းလမ်းပေါင်းစုံနဲ့ အလုပ်ရှာပါတယ်။ အဓိက ကတော့နေ့စဉ်ထုတ်တဲ့ The Straits Times
သတင်းစာပါ။ Sunday ကလွဲပြီး၊ နေ့တိုင်းသတင်းစာဝယ်၊ Clementi ကပထမဆုံးနေခဲ့တဲ့ တိုက်အောက်မှာစာအုပ်တစ်အုပ်၊ ဘောပင်
တစ်ချောင်း၊ ဖုံးတစ်လုံးနဲ့ ကိုယ်ပစ်မှတ်ထားတဲ့ အလုပ်ကြော်ငြာတွေကိုဖတ်ပါတယ်။ ကိုယ်နဲ့သက်ဆိုင်ရာအလုပ်ကိုတွေ့လို့ e-mail နဲ့
လျှောက်ပါဆိုရင် သတင်းစာပေါ်ကကြော်ငြာကို ဝိုင်းထားလိုက်တဲ့အပြင် စာအုပ်ထဲမှာလဲ Job Title နဲ့ဆက်သွယ်ရမယ့် e-mail လိပ်စာ
နဲ့အခြား လိုအပ်မယ်ထင်တဲ့ ဖုံးလိပ်စာပါရင်တခါတည်းချရေးထားလိုက်ပါတယ်။ walk-in interview တို့၊ ဖုံးဆက်မေးမြန်းပါ စတဲ့
ကြော်ငြာတွေကိုလဲ တခါတည်းဖုံးဆက်ပြီး Interview လာလို့ရမရ၊ စတဲ့ကြိုတင်ချိန်းဆိုမှုတွေ ရအောင်လုပ်ပါတယ်။ အဲ့ဒီလိုမေးမြန်းရတဲ့
အခါမှာလဲ သူတို့ပေးတဲ့လိပ်စာအတိုင်းသွားဖို့ သူတို့ရုံးရဲ့အနီးဆုံး MRT Station၊ Bus စီးရမယ်ဆိုလဲ Bus No. စတာတွေကို မေးမြန်းရ
တာ နည်းနည်းတော့ အခက်အခဲတွေတွေ့ ရလေ့ရှိပါတယ်။ အဲ့ဒီတုံးကတော့ ကိုယ်က ဒီကနေရာတွေ၊ လမ်းတွေလဲမသိ အခုခေတ်လို
PDA တို့၊ အိုင်ဖုံး စတာတွေကနေ မြေပုံကိုလှမ်းကြည့်လို့လဲမရတော့၊ Street Directory စာအုပ်ကိုကိုင်ပြီး မြေပုံနေရာကိုရှာရတာပါ။

အဲ့ဒီလို လိပ်စာတောင်းရတဲ့အခါ စိတ်ရှည်ရှည်နဲ့ ပြန်ပြောပေးတဲ့ သူတွေရှိသလို၊ လိုရင်းတိုရှင်းပြောပြီး မြန်မြန်ဖုံးချပစ်လိုက်တဲ့သူတွေလဲ
တွေ့ဖူးပါတယ်။ ကိုယ်ကတော့ အလုပ်ရချင်တဲ့ဆန္ဒရှိတော့ သည်းခံစိတ်မွေးပြီး တက်နိုင်သမျှကြိုးစားနားထောင်ရတာပေါ့။ ကိုယ်သွားရ
မယ့်နေရာကိုများသောအားဖြင့်တော့ ကိုယ်အားကိုယ်ကိုး ပြီးရှာတာများပါတယ်။ အကယ်၍ ကိုယ်မသိရင်တောင် SBS Transit တို့၊ SMRT Hotline တွေကို ကိုယ်ရောက်နေတဲ့နေရာ ပြောပြီးသွားချင်တဲ့နေရာပြော သူတို့စီကနေ ဘယ် bus ကိုစီးလို့၊ ဘယ်မှတ်တိုင်
မှာဆင်းဆိုတဲ့ လမ်းညွှန်ချက်တွေနဲ့ ရောက်အောင်ကိုသွားတာပါ။ အခုနောက်ပိုင်းမှာတော့ အဲ့ဒီလိုတွေသိပ်မလိုတော့ပဲ Smart ဖုံးတွေနဲ့
တင်တော်တော် အလုပ်ဖြစ်ပါနေပါပြီ။

မနက်ပိုင်းမှာ ဖုံးတွေဆက်လို့ walk-in interview တို့၊ ရှိနှင့်နေတဲ့ appointment တို့ရှိမနေရင်တော့ရေချိုးအဝတ်အစားလဲပြီးClementi
Bus Interchange ကနေ NUS ကို Bus စီးပြီး အင်တာနက်သွားသုံးရတာ။ ညီမဝမ်းကွဲက Master Degree တက်တာပြီးသွားပေမယ့်လဲ
သူ့ Account က သုံးလို့ရနေသေးတော့ NUS က Compuer Lab ကိုသွား၊ ခုနကရေးမှတ်လာခဲ့တဲ့ အလုပ်လျှောက်ရမယ့် e-mail တွေကို
ပို့ပြီးအလုပ်လျှောက်၊ Lunch စားချိန်ရောက်တော့ ကျောင်းက canteen ကသက်သာတော့ အဲ့ဒီမှာပဲစားနဲ့ ကျနော့်ရဲ့စင်္ကာပူ ပထမလကို
အဲ့လိုဖြတ်သန်းလာခဲ့ပါတယ်။

ကျနော့်ပထမဆုံးရခဲ့တဲ့ Interview ကတော့ ပွဲစားတစ်ယောက်စီစဉ်ပေးတဲ့ Singapore Polytechnic Graduated Gult မှာ ပါ။ ဗျူးတဲ့
သူက ဘာဆိုဘာမှလဲ ထွေထွေထူးထူး တွေမမေးပဲ၊ မြန်မာနိုင်ငံရေးအကြောင်းတွေ ကျနော်နဲ့ ၁ နာရီလောက်ထိုင်ပြောပြီး ပြန်လွှတ်လိုက်
ပါတယ်။ ကျနော်လဲနောက်ပိုင်း အဲ့ဒီပွဲစားနဲ့သိပ်မပတ်သတ်တောပဲ ကိုယ်တိုင်အလုပ်ရှာ၊ ကိုယ်တိုင်အင်တာဗျူးသွားတော့တယ်ဗျာ။
မှတ်မှတ်ရရ တစ်ခုအနေနဲ့ အဲ့ဒီတုံးက လေကြောင်းနဲ့ပတ်သတ်တဲ့နေရာတွေမှာ အလုပ်လုပ်ဖို့ပိုစိတ်ဝင်စားနေတာဆိုတော့ စင်္ကာပူ
ရဲ့လေယာဉ်ပျံအသေးလေးတွေနဲ့ Private Plane တွေရပ်တဲ့ Selater Airport ဆိုတဲ့နေရာမှာ walk-in interview တစ်ခုရှိတာနဲ့ ကျနော်
အဲ့ဒီကိုလမ်းစရှာပြီးသွားရော၊ တကယ်တော့ စီးသွားတဲ့ bus ကလဲအမှန်တကယ်ကို အဲ့ဒီနေရာကိုသွားမှာပါ၊ လေဆိပ်အဝင်ဆိုင်းဘုတ်ကြီး
တွေ့တော့ ရောက်ပြီဆိုပြီး ကားပေါ်ကဆင်းလိုက်တယ်။ ဆင်းပြီးဝင်းထဲကို ဆက်လျှောက်ဝင်သွားတော့ လေဆိပ်မဟုတ်သေးမှန်းသိရော၊
ကျနော့်အထင်တော့ သိပ်မဝေးလှဖူးပေါ့ ဆိုပြီးဆက်လျှောက်နေလိုက်တယ်။ တကယ့်ကိုနေ့ခင်းနေ့လည်အချိန်ကြီးမှာပါ။ ကားတချို့
တလေမောင်းသွားတော့ ကျနော့်ကိုအထူးအဆန်း အနေနဲ့ကြည့်ကြည့်သွားကြတယ်။ လမ်းမှာလဲ ဘာအိမ်ခြေမှလဲမရှိ၊ လူလဲမတွေ့ပါဘူး။
ကျနော့်မှာလဲ လျှောက်လက်စကြီးဖြစ်နေတော့ နောက်ပြန်လှည့်ရင်လဲတော်တော်ဝေးနေပြီဆိုတော့ ဆက်လျှောက်တာပေါ့။ ကျနော့်စိတ်
ထင် မိနစ် ၃၀ ကျော်လောက်တော့ လေဆိပ်ဖက်ကို ဦးတည်မောင်းတဲ့ ကားတစ်စင်းက ရပ်ပြီးမေးတယ်၊ မင်းဘယ်သွားမလို့လဲတဲ့၊
ကျနော်က လေဆိပ်ကိုပေါ့၊ သူက ဟာ အဝေးကြီးလိုသေးတယ်၊ ငါလဲအဲ့ဒီကိုသွားမှာ လိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ ကားမောင်းတာတောင်
၁၀ မိနစ်လောက်နေမှ ရောက်သွားပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ ပြောမိတာပါပဲ။ သူသာခေါ်မတင်
သွားရင် ကျနော်ဘယ်လောက်ထိလျှောက်ရအုံးမယ်မသိဘူး။ အဲ့ဒီအလုပ်လဲနောက်ဆုံးတော့ အင်တာဗျူးတောင်မရပါဘူး။

အဲ့ဒီလိုနေရင်းနဲ့ ကျနော့် စင်္ကာပူဘဝရဲ့ ပထမဆုံးအလုပ်ကို Boon Keng က Shower Gel, Shampoo,နဲ့ ခေါင်းကစလို့ ခြေဖျားအဆုံး Skin Care တွေထုတ်လုပ်တဲ့ Local Company တစ်ခုမှာ အလုပ်ရပါတယ်။ Sales Administrator ပါ။ တကယ်တော့ Sales Admin ဆိုတာဘာလုပ်မှန်း ကျနော်လုံးဝမသိပါဘူး။ ရုံးတစ်ခုလုံးရဲ့ Office ဝန်ထမ်းကိုကြည့်ရင်၊ Account Staff ဖြစ်တဲ့ Malaysian တရုတ်မ တစ်ယောက်၊ သူဌေးမရဲ့ညီမဖြစ်တဲ့ Sales Manager တစ်ယောက်၊ နေရာတကာအကုန်တက်ပြီး၊ အကုန်ပါတဲ့ ဘယ်လိုရာထူးမှန်းဖော်ပြ လို့မရတဲ့ နောက်တရုတ်မတစ်ယောက်၊ Production အတွက် Chemical တွေကိုဆက်ဟတ်ရတဲ့ Chemist လို့ခေါ်တဲ့ဓာတုကျွမ်းကျင်သူ Local တရုတ်မတစ်ယောက်နဲ့၊ ကျနော်နဲ့တူတူအလုပ်ဝင်တဲ့ Salesman Local တရုတ်တစ်ယောက်ပဲစုစုပေါင်း ကျနော် အပါအဝင် (၅) ယောက်ပဲရှိပါတယ်။ အဲ့ဒီတုံးကဆိုဘာဆိုဘာမှ နားမလည်တော့ Appointment Letter ရရကောင်းမှန်းမသိ၊ ဘယ်လိုရပိုင်ခွင့်တွေ ရရမှန်း
မသိပဲ အလုပ်ကိုလက်ခံခဲ့တာပါ။ ထုံးစံအတိုင်း S Pass လျှောက်ဖို့လုပ်ရာမှာလဲ အဲ့ဒီ Company က တခါမှမလျှောက်ဖူးတော့ ကိုယ်တိုင်
ကိုယ်ကျ S Pass လျှောက်ဖို့ကို manual နဲ့လျှောက်ပါတယ်။ အဲ့ဒီအချိန်တုံးက Company မှာလဲ Quota က ရှိနေတယ် ဆိုတော့ဘာ
ပြသနာမှ မများလိုက်ပဲ S Pass ကို လွယ်လွယ်လေးရလိုက်တယ်ဗျာ။ ကိုယ်တိုင်တွေပဲ လုပ်ရတဲ့အတွက် S Pass Application ကိစ္စတွေ
ကိုတော်တော်လဲ နားလည်သွားပါတယ်။

အလုပ်ချိန်က မနက်ကို (၈) နာရီကနေ ညနေ (၆) နာရီအထိနဲ့ Saturday and Sunday ပိတ်ပါတယ်။ နေ့ခင်းထမင်းစားချိန်ကို (၁) နာရီ
အတိအကျပဲ နားရတယ်။ အလုပ်ကတော့ စင်္ကာပူတစ်မြို့လုံးမှာရှိတဲ့ သူတို့ပစ္စည်းတွေတင်တဲ့ဆိုင်တွေ၊ Spa, Skin Care Centre စတာ
တွေကလာတဲ့ Order တွေကို process လုပ်ရတာပါ။ ဝင်လာတဲ့ order တွေကို ကုန်ချောပစ္စည်းထုတ်ပိုးတဲ့ ဌာနကိုပို့ရပါတယ်။ အဲ့ဒီဌာန
မှာတော့ တရုတ်ပြည်ကတရုတ်တစ်ကောင် ကိုခန့်ထားတယ်ဗျ၊ English လိုတစ်လုံးမှနားမလည်ပေမယ့် Code နံပါတ်တွေနဲ့ သူအလုပ်
လုပ်ရတာပါ။ အဲ့ဒီတရုတ်က သူဌေးရှိရင်တစ်မျိုး၊ မရှိရင်တမျိုးဆိုတဲ့ အစားထဲကပါ။ သူ့စီမှာ ပစ္စည်းကရှိရင်တော့ သူထုတ်ပိုးပြီးတာနဲ့
order စာရွက်ကကျနော့်စီမပြန်ရောက်လာလို့ရှိရင် ကျနော်က Invoice ကို MYOB Account System ကိုသုံးပြီး ထုတ်ပါတယ်။ သူ့စီမှာ
ပစ္စည်းကမလှောက်ဌဘူး ဆိုရင်တော့ Production Dept ကိုဆက်ပြီးလိုအပ်တဲ့ ပစ္စည်းကိုထုတ်လုပ်ပေးဖို့ ဆက်လုပ်ရပါတယ်။ သူတို့
လုပ်ထားတဲ့ System တွေအကုန်နီးပါးကို MS EXCEL သုံးပြီးအလုပ်လုပ်သွားတာပါ။ အဲ့ဒီမှာ အခက်အခဲတွေ့ရတာကတော့ ကျနော့်ကို
production plan လုပ်ခိုင်းတာပါ။ တကယ့်ကိုနားမလည်တဲ့ ကိစ္စပါပဲ။ မလုပ်တက်ဖူး မလုပ်ဖူးဆိုလဲမရပါဘူး။ အဲ့ဒီတော့ ကျနော့်မှာလဲ
သိသမျှတက်သမျှဖြစ်ညှစ်ပြီး planning ကိုလုပ်ရပါတော့တယ်။ အဲ့ဒီအလုပ်မှာ စိတ်ညစ်စရာအကောင်းဆုံးတစ်ခုကတော့ သူဌေးမက
မနက်ပိုင်းဆို တွေ့သမျှလူကို ဆူဆူပူပူလုပ်တာပါပဲ၊ ကျနော့်အလုပ်စားပွဲက ထိပ်ဆုံးမှာဆိုတော့ သူရုံးတက်လာတာနဲ့ ထိပ်ဆုံးစားပွဲဖြစ်တဲ့
ကျနော့်စားပွဲကနေ စပြီးကွိုင်တော့တာ နောက်ဆုံးစားပွဲဖြစ်တဲ့ Account ကိုဆူပြီးမှာ သူ့အခန်းထဲဝင်သွားတာပါ။ အဲ့ဒီလိုဖြစ်တာ တပါတ်
ကို (၃) ရက်လောက်တော့ဖြစ်ပါတယ်။ နေ့လည် (၁၂) နာရီကျော်ရင်ဖြင့် ဘယ်လိုကြီးလှတဲ့ ပြသနာဖြစ်ဖြစ် သွားပြောရင် ဘာမှမဖြစ်
တော့ပဲ အကုန်လျောလျောလျူလျူပါ။

နေ့စဉ်နဲ့အမျှအလုပ်သွားရင် တကယ့်ကိုမပျော်ပဲ ဒီနေ့တော့ဘယ်လို ပြသနာမျိုးနဲ့တွေ့မလဲဆိုပြီး ကျီးလန့်စာစားရတဲ့ ဘဝပါပဲ။
သို့သော်ကျနော့် post တစ်ခုမှာရေးခဲ့ဖူးသလို နေချင်တဲ့နေရာမှာနေရဖို့အတွက်၊ ကျနော်သည်းခံပြီး အလုပ်လုပ်ခဲ့တာ အဲ့ဒီမှာ (၁၁)လ
ကြာပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော်အရင်ကဘာဆို ဘာမှနားမလည်တဲ့ MYOB Account Software ကို Diploma တစ်ခုရတာထက်
အလွန်ကျွမ်းကျင်စွာ သုံးစွဲတက်သွားပြီး၊ အရင်က Excel ကို ဇယားစွဲရုံလောက်သာသုံးတက်တဲ့ ကျနော့်မှာ Excel Formula တွေနဲ့ အစီ
အစဉ်တကျ လုပ်ကိုင်နိုင်လာခဲ့ပါတယ်။ ဒါ့အပြင် ဗဟုသုတအနေနဲ့ သုံးစွဲနေတဲ့ Shower gel တွေဘာတွေဆိုတာလဲ ဘယ်ကနေဘယ်လို
ဖြစ်လာတယ်ဆိုတဲ့ ဇစ်မြစ်တွေကိုလဲ သိရှိလာခဲ့ပါတယ်။ အဲ့ဒီအလုပ်ကနေ ကျနော် နောက်အလုပ်တစ်ခုမရခင်ပဲ ဘယ်လိုမှနေထိုင်လို့မရ
တော့တာနဲ့ ထွက်စာတင်ပြီးထွက်ခဲ့ပါတော့တယ်။

နောက်အလုပ်တစ်ခုကလဲ Boon Keng မှာရေစက်မကုန်တော့ အရင်လုပ်ခဲ့တဲ့ ရုံးရဲ့တစ်လမ်းပဲခြားတဲ့ စာပုံနိုပ်စက်တစ်ခုမှာအလုပ်ပြန်ရပါ
တယ်။ အဲ့ဒီမှာလဲ Sales Co-Ordinator ပါ။ သူကတော့ ပုံနိုပ်စက်အလုပ်မှာ အဆင့်ဆင့်ထုတ်လုပ်ပြီး ကိုယ့် Client ကို နမူနာထုတ်ပြတာ၊
နောက်ဆုံးအတည်ပြုချက်တောင်းခံတာ စတဲ့ coordination အလုပ်တွေကိုအဓိကလုပ်ရတာပါ။ Sales Manager အမျိုးသမီးတစ်ယောက်
ကိုတိုက်ရိုက်အစီအရင်ခံ ရပြီး၊ များသောအားဖြင့်သူ့ client နဲ့ပတ်သတ်တာတွေပဲလုပ်ပေးရတဲ့သဘောပါ။ ခပ်တိုတိုပြောရရင်တော့ အဲ့ဒီ
အလုပ်မှာ (၄)လပဲကြာပြီး ကျနော်အလုပ်ထွက်ခဲ့ပြန်ပါတယ်။

အဲ့ဒီကနေပြီးတော့ ကျနော်သိပ်မကြာဖူး နောက်ထပ်အလုပ်တစ်ခုထပ်ရတယ်ဗျ။ Woodland က Pet Food တွေတင်သွင်းတဲ့ Company
ပါ။ အဲ့ဒီ Company က Secretary ကမြန်မာအမျိုးသမီးပါ။ ကျနော်အလုပ်စလုပ်ပြီး (၂) ရက်လောက်ကြာတော့ သူကကျနော့်ကို ဒီကနေ
S Pass လျှောက်ထားတာ ရဖို့မလွယ်ကြောင်း၊ တင်ထားတဲ့ Company က သေးသေးလေးဖြစ်ပြီးတော့ Quota လဲမရှိကြောင်း၊ မြန်မာ
အချင်းချင်းကိုယ်ချင်းစာလို့ ပြောပြတာဖြစ်ကြောင်း၊ ဒီကတင်ထားတဲ့ S Pass ကြောင့်ပေးထားတဲ့ stay ကိုယူပြီးတော့ နောက်ထပ်အလုပ်
ကိုရှာဖို့ အကြံပေးတာနဲ့ သူပြောသလိုပဲ ကျနော်ကအလုပ်ရှင်ကို pass မရှိပဲမလုပ်ရဲလို့ pass ကျမှလာလုပ်မယ်ဆိုပြီး ပြောပြီးတခြား
အလုပ်ကိုရှာရတာပေါ့။ အဲ့ဒီအမ ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ နောက်တော့ တကယ်ပဲကျနော်တင်ထားတဲ့ Spass က Rejected
ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကျနော့် stay pass ကကုန်ဖို့ ၂ ပါတ်လောက်ပဲကျန်ပါတော့တယ်။ နောက်အလုပ်တစ်ခုရဖို့ အပူတပြင်း
ကြိုးစားနေဆဲပါပဲ။




ဆက်ဖက်ဖို့ဆန္ဒရှိသေးရင် အပိုင်း (၂) သို့

2 comments:

  1. အပိုင်း ၂ ကိုစောင့်နေပါတယ် အကိုရေ ဆက်ရေးပါအုံးနော့

    ReplyDelete
  2. It is interesting !

    ReplyDelete