Thursday, May 14, 2015

ကျွန်တော်၊ မြန်မာ (၂) ဦး နှင့် Communication

ဒီ Short note လေးကတော့ ဘာရယ်လို့မဟုတ်ပဲ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ကြုံရတာလေး ချရေးထားတာပါ။ ပထမတော့ fb status ပေါ်ကပဲ ရေးမယ်ဆိုပြီး စိတ်ကူးထားပေမယ့် ရေးရင်းနဲ့ ဇာတ်လမ်းရှည်လာတော့ note အဖြစ်ပြောင်းပြီးတော့ ရယ်ကျနော့်ရဲ့ ဟာလာဟင်လင်း ဖြစ်နေတဲ့ blog ရယ်ပေါ်တင်ရအောင်ရေးဖြစ်ပါတယ်။

ဒီရက်ပိုင်းလေး တိုက်တိုက်ဆိုင်ဆိုင် စွာပဲ မြန်မာ (၂) ယောက်နဲ့ communication လုပ်ဖြစ်ပါတယ်။ တစ်ခုကတော့ အလုပ်အတွက် အင်တာဗျူးပါ။ ကျနော့်သူဌေးစီကနေ တိုက်ရိုက် refer လုပ်လာတဲ့အတွက် weekend တောင်မရှောင် Out of Office အင်တာဗျူးကို shopping mall တစ်ခုမှာလုပ်ဖြစ်တယ်ဗျ။ အလုပ်လျှောက်ထားသူကလဲ သိပ်မဆိုးဘူးပေါ့၊ သို့သော်ကျနော်တို့ အလုပ်ရဲ့လိုအပ်ချက်နဲ့ နည်းနည်း ဝေးနေတော့ ကျနော် HR Services တွေ consultant အဖြစ်လုပ်ပေးနေတဲ့ company တစ်ခုကို refer ထပ်လုပ်ဖို့ပြောလိုက်တယ်။ နောက်နေ့ ရုံးတက်တဲ့နေ့မှာ သူဌေးကို ပြောပြတော့ မင်းကြည့်ရတာ အဆင်ပြေရင် လစာညှီနှိုင်းတာ အဆင်ပြေရင် ငါ့တို့ဖက်မှာပဲ နည်းနည်းသက်ဆိုင်တဲ့ဌာနမှာခန့်ပေးလိုက် ပါဆိုတော့ ကျနော် သူ့ကို ကျနော့်ရုံးမှာ ခေါ်တွေ့ပါတယ်။ အစစအရာရာ အစဉ်ပြေတယ်ပြောရမှာပါ။ လစာလဲ တောင်းထားတာ အတော်လေးများပေမယ့် ဒီခေတ်ဒီအခါ ဒီလောက်ပါပဲလေလို့ဆိုပြီး အလုပ်ခန့်ထားဖို့ အကြောင်းအရာ တွေ ပြောပါတယ်။ အဲ့ဒီမှာ အလွန်တရာ communication ကကောင်းနေတော့ သူ့ကိုယ်သူ အရမ်းယုံကြည်မှုတွေ ရှိနေတာကြောင့်လား ဘာကြောင့်မှန်း မသိဖူး၊ ကျနော်တို့ သူ့ကိုပို့မယ်ဆိုတဲ့ ပရိုဂျက်တစ်ခုကို သူ့အရင့်အလုပ်က အဲ့မှာ ဆပ်ကွန်းဝင်နေတာမို့လို့ ဖြစ်နိုင်ရင်မပို့ပါနဲ့လို့ ပြောပါတယ်။ ကျနော်က ဘာလို့လဲလို့မေးတော့ အရင်သူဌေးက ပြန်ခေါ်နေမှာဆိုးလို့ပါတဲ့။ သူ့စီတော့ ပြန်မလာပဲ ဘာလို့ သူများစီမှာ အလုပ်သွားဝင်တာလဲ လို့မေးနေမှာ ဆိုပါတယ်တဲ့။ ကျနော်က စင်္ကာပူမှာ ဒါမျိုးဖြစ်တာ အဆန်းတကြယ်မဟုတ်ပါဖူး။ ဖြစ်လေ့ဖြစ်ထ ရှိကြတာပဲလေ။ ဒီလောက်သေးတဲ့ တိုင်းပြည် လေးရဲ့ same industry မှာ ပြန်တွေ့ကြတာတွေကပုံလို့ပါ။
ကျနော် တော်တော်လေး တွေဝေသွားတယ်။ ပထမအချက်အနေနဲ့ အလုပ်ခန့်စာတော့ မပြောနဲ့အော်ဖာ ပေးတဲ့ တရားဝင်အီးမေလ်းလေးတောင်မရေးရသေးတဲ့ အချိန်။ဒုတိယလူတွေ့စကားပြောနေတဲ့ အချိန်မှာ ငါဘယ်နေရာပဲ သွားချင်တယ် ဘယ်နေရာတော့ မသွားချင်ဖူး ပြောနေတော့ အဲ နည်းနည်းတော့ ခက်သွားပြီပေါ့။ အခုချိန်မှာတောင် အိအ ဂျိဂျ ဖြစ်နေရင် ဒီလူ့နှယ် နောင်မှာ ဘယ်လိုဖြစ်လာမလဲ လို့တွေးမိသွားတယ်။ ဒုတိယအချက် အနေနဲ့ သူက အရင်အလုပ်နဲ့ ပြသနာမရှိပါဖူး လို့ ပြောထားပါရက်နဲ့ ဘာလို့ အရင်အလုပ်က ပိုင်ရှင်နဲ့မတွေ့ချင်ရတာလဲ ဆိုတဲ့ မေးခွန်းလေးတွေ ထွက်လာပါတယ်။ တခြား HR တွေတော့ မပြောတက်ဖူး ကျနော်အမြင်အရ ဆိုရင်တော့ ဒါသိပ်ကောင်း တဲ့လက္ခဏာာမဟုတ်ဖူး လို့ သုံးသပ်ချက်ချမိတယ်။ တကယ်လို့ ကိုယ်ဒီပရောဂျက်ကို တကယ်ကြီးမသွားချင်အုံးတော့ ဒီအချိန်ကြီးမှာ မပြောသင့်ဖူးလို့ မြင်တာပဲ။ All the way အခြေအနေတွေ ကောင်းနေပါရက် communication က အဆင် ပြေချောမွေ့နေပါလျှတ်နဲ့ ဆင်ပြောင်ကြီးအမြီးကျမှတစ် ဆိုသလိုဖြစ်သွားပါတယ်။ ကျနော့်မှာလဲ ကြမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင်နှုတ်လို့ မရဆိုသလို စကားကအတော်လေးကို ကျွံထားပြီးနေပြီ၊ ရှင်းရှင်းပြောရရင် နှုတ်နဲ့တောင်ခန့်မယ် လို့ပြောပြီးနေရက်နဲ့ စကားပြန်နုတ်ရမှာခက်နေရော။ တကယ်ဆို ကျနော့်လက်ထဲ ရောက်နေတဲ့ case တွေကို ချက်ချင်းပြီးစီးအောင်လုပ်တာကြောင့် S Pass ကို ချက်ချင်းတင်ဖို့ MOM online ပေါ်တောင်တက်ပြီးနေပြီ။ အဲ့ဒီအချိန်မှာလဲ ခေါင်းထဲမှာ အလျှင်အမြန်တွေ စဉ်းစားရတာ ဘယ်နှယ့်ဖြေရှင်းရမလဲပေါ့။ ကဲနောက်တော့ ကျနော့်လက်ထောက် ခွင့်ယူထားတာကို အကြောင်းပြပြီး နောက်နေ့မှာ လက်ထောက် HRE ကနေဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ဆိုပြီး ပြောလိုက်ရတော့တယ်။
နောက်နေ့ကျတော့ ကျနော့်သူဌေးကို အစီရင်ခံတဲ့အချိန်မှာ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့အတွက် ခန့်အပ်ရန်မသင့်တဲ့အပြင် သက်ဆိုင်ရာဌာနကြီးမှူးကလဲ မခန့်အပ်စေလိုကြောင်း ရှင်းပြပြီးတဲ့နောက် ကျနော် လျှောက်ထားသူစီကို sms လှမ်းပို့ပါတယ်။ ကျနော်တို့ company က စိတ်မဝင်စားသော်လည်း ကျနော့် client company က ခန့်နိုင်သေးတယ်လို့ မျှော်လင့်ထားတော့ ကျနော်တို့ company ဖက်က ဌာနကြီးမှူးက အလုပ်ခန့်ထားရေးအတွက် ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ရယူအုံးမှာ ဖြစ်တဲ့ အတွက် အလုပ်ခန့်ထားရေးကို ခေတ္တဆိုင်းငံထားလိုက်ကြောင်းနဲ့ တခြား company တစ်ခုကိုလဲ အလုပ်ခန့်နိုင်ရေးအတွက် refer လုပ်ပေးလိုက်တဲ့အကြောင်း ပြောလိုက်ပါတယ်။ ပို့ပြီးတဲ့ နောက်မှာတော့ ယနေ့တိုင် ဘာအကြောင်းပြန်ကြားချက်မှ မရပဲ။ communication က ပျောက်ဆုံးသွားပါတယ်။ ကျနော့်ကို စိတ်နာပြီး ပြန်မပြောတော့တာလဲ ဖြစ်နိုင်သလို ဒီကိစ္စ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဖူး ပြန်ပြောနေစရာ မလိုဖူး ဆိုပြီး ပြန်မပြောတာလဲပဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျနော့်ဖက်ကလဲ စကားလွန်ထားတာလဲ ပါတော့ ကိုယ်ကိုကိုယ် လဲ မကောင်းတဲ့ကောင်ပါလားလို့ အပြစ်တင်မိတယ်။ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံ အရတော့ ကျနော်အလုပ်ရှာနေတဲ့ အချိန်တွေမှာ ဆိုရင် company တစ်ခုက အလုပ်ခန့်တယ်လို့ ပြောခဲ့ရင် တရားဝင်အလုပ်ခန့်စာမှာ လက်မှတ်ထိုးပြီးတဲ့ အခါကြမှ ကျနော်အလုပ်ရှာတာကို စိတ်ဒုန်းဒုန်း ချပြီး ရပ်ပါတယ်။ Pass လျှောက်ထားရတဲ့ အလုပ်ရှာတဲ့ သူ များကို တော့ ဝန်ကြီးဌာနက approval ကျမှ အလုပ်ရှာတရပ်ပါလို့ အကြံပြုလိုပါတယ်။

နောက်ထပ်ဇာတ်လမ်း ကတော့ ဒီလိုပါ။ ရှေ့လမှာကျင်းပါ့မယ့် ၂၈ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလာပြိုင်မယ့် ရွက်လှေအားကစားသမားများအတွက် ဆိုပြီးတော့ လက်ဆောင်ပစ္စည်းလေး တွေ စီစဉ်ဖြစ်ပါတယ်။ ကိုယ်နေထိုင်ရာတိုင်းပြည်မှာလုပ်တာကြောင့်ရော၊ သံယောဇဉ်ကြောင့်ရော၊ ပြိုင်ပွဲလာပြိုင်ကြတဲ့ အားကစားသမားများလည်း ပိုပျော်ရအောင်လို့၊  ကိုယ်တက်နိုင်သလောက်လေး လုပ်ထားတာလေးပါ။ ကောင်းကောင်းမွန်မွန် သတ်သတ်ရပ်ရပ်လေးဖြစ်ချင်တော့ အသင်းရဲ့ လိုဂို လေးတွေ ကို အမှတ်တရပစ္စည်းလေးတွေမှာ ရိုက်ခတ်မယ်ပေါ့။ ရွက်လှေအဖွဲ့ချူပ် အထွေထွေမန်နေဂျာ စီက ခွင့်ပြုချက်ရပြီးတာနဲ့ တပြိုင်နက်ထဲ အထွေထွေမန်နေဂျာ စီကနေ Cc: email တွေထဲမှာ သူနဲ့သက်ဆိုင် တဲ့ဆိုင်ရာလူများကို ဘယ်လိုလုပ်ပါလို့ ညွှန်ကြားတော့ လိုဂိုဒီဇိုင်နာက ညွှန်ကြားချက်အတိုင်း လိုဂိုတွေ
ကျနော့်စီကိုပို့လိုက်ပါတယ်။ အီးမေလ်းကို ရတော့ ဖိုင်က ၄ ခုပါတယ်။ ၂ ခုကတော့ jpg နဲ့၊ ၂ ခုက ဘာမှန်းမသိဖြစ်နေရော ကျနော့်လက်တော့ပ်နဲ့ ရုံးက ကွန်ပြူတာမှာ အဲ့ဒီ ဖိုင် ၂ ခုကို ဖွင့်လို့ရတဲ့ software က မရှိဖူးဖြစ်နေတာ။ ကွန်ပြုတာနဲ့ နည်းနည်းဝေးတဲ့ ကျနော်ဆိုတဲ့ ကောင်ကလဲ အဲ့ဒီဖိုင် ၂ ခုက Photoshot မှန်းမသိပြန်ပါဖူး။ အဲ့တော့ ကျနော်က ဒီဇိုင်နာစီကို အီးမေလ်းပြန်ပြောဖြစ်တယ်။ resolution ကောင်းတာလေး ပို့ပေးပါလို့။ ခနနေတော့ သူက gtalk ကနေအက်လိုက်တော့ သြော်ပို အဆင်ပြေတာပေါ့ တိုက်ရိုက်ပြောလို့ရတာပေါ့ ဆိုပြီး လှမ်း ပြီး msg လေးပို့ထားလိုက်တယ်။ သူက ပြန်မပြောတော့ မအားလို့နေမှာပါဆိုပြီး ကိုယ်လဲကိုယ်ဟာနဲ့ ကိုယ်ပေါ့။ တော်တော်ကြာတော့ ဟိုင်း .. what? ဆိုပြီး ပြန်တက်လာတော့ အယ် ဒီလူ communication လုပ်တာ နည်းနည်းများ ကြမ်းတမ်းလား
လို့တွေးမိတယ်။ what ကို မြန်မာလိုပြန်ရင် "ဘာလဲ " ပေါ့။ မသကာ Yes လို့ပြောရင်တောင် နည်းနည်း ခံသာသေးတယ်။ စိတ်ကနည်းနည်းလေး ခုသွားတော့ အထွေထွေမန်နေဂျာဆီတောင် စာလှမ်းရေးချင် စိတ်ကို ပေါက်သွားတယ်။ ကိုယ့်ထက်လဲ အသက်ကြီးနိုင်သလို ငယ်လဲငယ်နိုင် သော်လည်း သြော် သူ communication မလုပ်တက်လို့ပဲလို့ ဆိုပြီး သည်းခံလိုက်ရတယ်ပေါ့ဗျာ။

ကျနော်ပို့ထားတဲ့စာလဲ မပြန်ပါဖူး။ နောက်နေ့ကျတော့ ကျနော် supplier တွေက high resolution တွေတောင်းကြပြန်ရော၊ ခက်လှချီရဲ့ ဘယ်လိုလုပ်ရပါ့မလဲ ပြီး သူအရင်က ပေးထားတဲ့ ဖိုင်တွေကို ပြန်ကြည့် ဖြစ်တဲ့ အခါ supplier စီကပြောထားတဲ့ အီးမေလ်းထဲမှာ PSD ဆိုတာလေးရေးထားတာ သတိထားမိတယ်။ အဲ့ဒီဖိုင်တွေ ကြည့်တော့ PSD တဲ့ဆိုတော့ အဲ့တော့မှ သိတယ် သူပို့ထားတာ high rosolution photoshot ဖိုင်တွေပဲဆိုပြီး အီးမေလ်းကို supplier တွေစီ forward လုပ်လိုက်ပြီး supplier တွေစီကနေ simple တွေ ပြန်ပို့လာ ပါတော့တယ်။ ကျနော်ပြောချင်တာ က ကျနော်မသိလို့မေးတဲ့ တောင်းတဲ့ ဟာကို ဘာကြောင့်များအကြောင်းမပြန်ရတာလဲ ပေါ့။ တကယ်ဆို စာတကြောင်းစာပါပဲ။ ပို့ထားတဲ့ဖိုင် ၂ ခု high resolution ပါ။ အဲ့တာ PSD ဖိုင်ပါဆို။ ကျနော်သိပြီပေါ့။ ကိစ္စကအဲ့မှာတင်ပြီးနေပြီ။ ခက်တာက Communication က မလုပ်တော့၊ ငါ့ကိုလုပ်ခလစာပေးထားတဲ့ ကောင်မဟုတ်ဖူး၊ communication လုပ်စရာမလိုဖူးဆိုပြီးများ  မလုပ်တော့ ကျနော့်မှာ နည်းနည်းလေး ကသိလင်တ လေးဖြစ်သွားရတော့ပေါ့ဗျာ။ သူအရမ်းတွေ အလုပ် များနေတာကြောင့်လဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

Communication နဲ့ဆက်စပ်ပြီးဆက်ပြောရရင် ကျနော့် အလုပ်လုပ်နေတဲ့ company ရဲ့ HR Practice တွေထဲမှာ အင်တာဗျူးကွန်ဖန်းလုပ်တာ၊ အလုပ်ခန့်ထားကြောင်းလှမ်းအကြောင်းကြားတာ တွေကို အီးမေလ်းနဲ့ အတိအကျ တွေ ရေသားပြီးပို့တဲ့ အလေ့အထ ကို ကျင့်သုံးပါတယ်။ ကိုယ်ရုံးကိုလာဖို့အတွက် ဘယ်ရထားဘူတာကနေ ဘယ်ဘတ်စ်ကားကိုစီးလို့ ဘယ်မှတ်တိုင်မှာ ဆင်းပါဆိုတာကအစ
တကယ်လို့များ အနီးဆုံး ဘူတာကို ရုံးကကားလွှတ်ကြိုမယ်ဆိုရင် သတ်မှတ်နေရာမှာ စောင့်ဖို့အတွက်
ဓာတ်ပုံနဲ့တကွ အတိအကျ ဖော်ပြပြီး communication လုပ်ပါတယ်။ အလုပ်လျှောက်ထားသူများရဲ့ ၇၀% လောက်က တကယ်လို့များ appointment ကိုရွေ့ဆိုင်းလိုရင်ပဲ ဖြစ်ဖြစ် ဖျက်သိမ်းလိုရင်ပဲဖြစ်စေ၊ နောက်ကျနေသော်လည်းကောင်း ရုံးကိုဖုံးဆက်ပြီး သို့မဟုတ် အီးမေးလ် လှမ်းပို့တာကို တွေ့ရပါတယ်။

ဒီတလောမှာ ဖြစ်ချင်တော့ ရုံးကဝန်ထမ်းတစ်ယောက်ကြောင့် လုံးရှပ်နဲ့ communication လုပ်လိုက် ရပါတယ်။ လုံးရှပ်ဆိုတာ တရားမဝင်ငွေတိုးချေးစားတဲ့ လုပ်ငန်းရှင်များကို  စင်္ကာပူမှာခေါ် တဲ့စကားရပ်ပါ။
ရေးထားတဲ့ ခေါင်းစဉ်နဲ့မဆိုင်ပေမယ့် ဒီလုံးရှပ် အကြောင်းကို သိရအောင်ပြောပြပါမယ်။ သူတို့ရဲ့ဈေးကွက် က ဘဏ်ကနေတရားဝင်ငွေချေးခွင့်မရတဲ့ လစာနည်း စင်္ကာပူသားတွေ နဲ့ လူမွဲစာရင်း အဖြစ်ကြေငြာထား တဲ့သူတွေ၊ အကြွေးလည်ပင်းနစ်လို့ ဒုက္ခရောက်နေကြတဲ့ လူတွေပါ။ သူ့စီကငွေချေးရင် အပေါင်ပစ္စည်း မလိုသလောက်ဖြစ်ပြီးတော့ မှတ်ပုံတင်မိတ္တူပေးရပါတယ်။ မှတ်ပုံတင်မှာ အိမ်လိပ်စာအတိအကျပါ တာ ကြောင့် တကယ်လို့များငွေချေးပြီး ပြန်မပေးပဲ ဝေ့လည်ကြောင်ပတ် လုပ်နေရင်တော့ ပထမဦးဆုံး အိမ်တံခါးရှေ့ ကိုသင်္ဘောဆေးနဲ့ပတ်၊ ဓာတ်လှေခါးအတက်အဆင်းနေရာတွေမှာ အိမ်လိပ်စာနဲ့ ငွေချေးထားရင် ပြန်ပေးဆိုတဲ့ သင်္ကေတတွေနဲ့ ချေးပြီးပြန်မပေးတဲ့သူကို ဒုက္ခရောက်အောင် အရှက်ကွဲ အောင်လုပ်တော့တာပါ။ ဒါမှ မပေးသေးရင် လူမိုက်များလွှတ်ပြီး လူကိုရန်ပြုတဲ့အထိပါ။ အဲ့ဒီလုံးရှပ်စီကနေ
ကျနော့်ရုံးက ဝန်ထမ်းတစ်ယောက်ကငွေသွားချေးပြီး ပြန်မဆပ်တော့ လုံးရှပ်ကသူ့ကို ဒုက္ခပေးချင်ရော၊
အခုနောက်ပိုင်း စင်္ကာပူ HDB တိုက်ခန်းတွေရဲ့ ဓာတ်လှေခါးရပ်တဲ့နေရာ နဲ့ လှေခါးဝတိုင်းမှာ ရဲ စီစီတီဗွီ တွေ တက်လိုက်တော့ လုံးရှပ် ကအရင်လိုသိပ်သောင်းကြမ်းလို့မရတော့တဲ့ အခါ သူ့နောက်ကို ခြေရာခံ တော့ အလုပ်လုပ်တဲ့နေရာသိပါတယ်။ သူ့မိုဘိုင်းဖုံးကို လုံးရှပ်ကဖုံးဆက်တဲ့အခါ လက်ခံမပြောတဲ့ အတွက်
လုံးရှပ်က ရုံးကအချိန်နဲ့အမျှဖုံးတွေဆက်ပြီး နှောက်ယှက်တော့တာပါပဲ။ ဖုံးကိုင်တဲ့ဝန်ထမ်းတွေလဲ ဆဲဆို တော့ ဝန်ထမ်းတွေက ကျနော့်စီကိုပြန်ပြောတာနဲ့ နောက်တခါလာရင် ကျနော့်စီဖုံးလွှဲလိုက်ပါဆိုပြီး လက်ခံ
ပြောကြည့်တာပေါ့။ ဒီဝန်ထမ်းရဲ့ ပုဂိုလ်ရေးငွေချေးတဲ့ ကိစ္စက ငါတို့နဲ့မပတ်သတ်လို့ တို့စီမဆက်ပဲ မနှောက်ယှက်ပါနဲ့လို့ကောင်းကောင်းမွန်မွန် ပြောပေမယ့် မရပါဖူး။ မရတော့ ရဲ ကို တိုင်ရပါလိမ့်မယ်ဆို တော့ အောင်မလေး ပိုဆိုးသွားပြီး ကျနော့်ကို တရုတ်လိုရောအင်္ဂလိပ်လိုရော မိုးမွှန်အောင်ဆဲ နင့်ကိုလဲ ငါ လူမိုက်တွေလွှတ်ပြီး ချခိုင်းမယ်လဲ ချိန်းချောက်နဲ့ဖုံးထဲကနေ ပက်ပက်စက်စက် တွေပြောတော့တာပါပဲ။
ကျနော်လဲ ပြောရင်နိုင်မှာမဟုတ်တော့ ဖုံးချထားလိုက်တယ်ပေါ့။ နောက်နေ့တွေလဲ မရပါဖူး ထပ်ခါထပ်ခါ တွေဆက်ပြီး ပြောတော့ ဒီအတိုင်းဆိုရင်တော့ မရတော့ဖူးဆိုပြီး အဲ့ဒီဝန်ထမ်းကိုခေါ် အကြိုးအကြောင်းမေး မြန်းပြီး လုံးရှပ် နဲ့ ဖုံးထဲမှာပြောဖို့ communication လုပ်ပေးရတော့တယ်။ လုံးရှပ်ကလဲ အဲ့တော့မှ လေသံကပျော့သွားပြီး ဘရားသား ဘာညာဖြစ်လာတယ်။ နောက်ဆုံးမှာတော့ ဝန်ထမ်းများ ကို အလွန်ကူ ညီတက်သော ကျနော့်သူဌေးက ငွေထုတ်ချေးပြီး လုံးရှပ်ကို ငွေပြန်ပေးဖို့စိုက်ထုတ်လိုက်ရရော။ ဒီလူ့လက်ထဲကို ငွေ ပေးလိုက်ရင်မသေချာမှာဆိုးလို့ လုံးရှပ်ကလဲ ဂျွန်နသန်ပဲ သူ့စီပေးပေးပါတဲ့။ ကျနော့်
သူဌေးကို ပြောပြတယ် စင်္ကာပူတစ်မြို့လုံးမှ လုံးရှပ် နဲ့ communication လုပ်ရတဲ့ HR Manager ဆိုလို့
ကျနော် တစ်ယောက်ပဲရှိပါလိမ့်မယ်လို့။ လုံးရှပ်ဆီကို communication လုပ်ချင်ရင် သူ့ပေးထားတဲ့ဖုံး
နံပါတ်ကို လှမ်းခေါ်ရတယ်၊ ဖုံးက နိုင်ငံပြင်ပ (မလေးရှား ဖြစ်နိုင်) မှာပါ။ ဖုံးလှမ်းခေါ်လိုက်ပြီး မကြာခင်ပဲ
သူ့စီကနေ ဖုံးပြန်ခေါ်ပါတယ်။ အင်တာနက်ကတဆင့်ခေါ်တဲ့ ဖုံးပါ။ ငွေအပေးအယူလုပ်ဖို့ ပြောကြပြီး
တော့ လွှဲစေချင်တဲ့ ဘဏ်အကောင့်ကို လွှဲပြီးတာနဲ့ မိနစ်ပိုင်းအတွင်း လုံးရှပ်စီကနေ unknow sms နဲ့
ငွေလက်ခံရရှိကြောင်း အကြွေးကျေပြီဆိုတဲ့အကြောင်း အကြောင်းပြန်ပြီး communication လုပ်ပါတယ်။
သူတို့လို အမှောင်ထဲက တရားမဝင် အလုပ်လုပ်တဲ့ လူတွေတောင် communication ကောင်းကောင်း လုပ်တက်ကြတာ အလင်းထဲမှာအလုပ်လုပ်ကြတဲ့ ကျနော်တို့တွေ အတွက် လိုအပ်ခဲ့ရင် ပိုပြီးများ communication လုပ်ဖို့မလိုအပ်ဖူးလားဗျာ။    ။

No comments:

Post a Comment