Thursday, March 11, 2010

ကျနော်ဘဝတစေ့တစောင်း

ကျနော် ၏ ငယ် ဘဝ (၁)

ဒီအကြောင်းကတော့ ကျနော်ရဲ. ညီလေးမောင်အောင်ကိုရဲ. အခင်ဆုံး သူငယ်ချင်း၊ ကျနော်ရဲ. Online သူငယ်ချင်းအသစ်၊ တစ်ယောက်စီ က ရေးထား တာလေး အားကျပြီး နည်းနည်းအတုခိုးပြီး ရေးထားတယ်ဆိုတာ ဝန်ခံပါတယ်။ နောက်တစ်ခုကနှစ်ပေါင်းများစွာ ကြာပြီဖြစ်လို. အချို.အပိုင်းတွေမှာ အသေးစိတ်သိပ်မကျပဲ အချို.သတိရသေးတဲ့အကြောင်းတွေ ကတော့ နည်းနည်းပိုပြည့်စုံ ပြီးလျှာရှေလိမ့်မယ်လို. ကြိုတင်ပြောပရစေ။

ကျနော့်ကို ၁၉၇၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ. (Wednesday)က ရန်ကုန်မြို. ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကျနော့် မိခင် ဆီကနေ ခွဲစိတ်မွေးဖွားခဲ့ပါတယ်။ ပါပါး က ဆေးရုံရဲ.အောက်အပြင်ဖက် ခွဲစိတ်ခန်း ဖက်နားမှာ စောင့်နေတာတဲ့ မွေးပြီးတော့ ဘာလေးလဲဆိုတာ အပေါ်က Nurse မ ကစာရွက်လေးချပြီးပြောမှ သားလေးမှန်း သိတယ်လို. ကျနော်ကြီးလာတော့ သူတို. ပြန် ပြောပြကြတယ်။ အဲ့ဒီခေတ် ကာလက Ultra Sound မှ မရှိသေးတော့မွေးမှပဲဘာလေးလဲဆိုပြီး ရင်ခုန် ကြရတာလေ။ ကျနော်က ပါပါး နဲ. မာမား တို.ရဲ.ဒုတိယသား ဖြစ်ပြီး ကျနော့်အထက်က အစ်ကို ကတော့မွေးပြီးချင်းပဲ ဆုံးပါးသွားလို. ကျနော့် က သားကြီးဖြစ်လာရတာပါ။ ကြုံတုံးပြော ပါအုံးမယ် ကျနော်ရဲ.အောက်က ကျနော်မွေးပြီး တော်တော်ကြာတဲ့အခါ ကျနော်ရဲ. ညီအရင်းဖြစ်လာရမယ့် ကလေးကို မာမား ထပ်မံခွဲစိတ်မွေးဖွား ခဲ့ပါတယ်။ သို.သော် ညီလေး ကမွေးပြီးချင်း အသားဝါ ရောဂါထင်တယ် သိပ်တော့ မမှတ်မိ တော့ဘူး၊ ပါလာလို. ဖန်ပေါင်းချောင်ထဲထည့် ပြီး ဆရာဝန်ကြီးတွေ အစွမ်းကုန် ကုသပေမယ့် အသက်ဆုံးပါး ခဲ့ရပါတယ်။ မွေးဖွားပေးတဲ့ ဆရာဝန်ကြီး ကနောက်ထပ် ကလေးမယူ ဖို. သို.မဟုတ် ကလေးရ နိုင်ဖွယ်ရာ မရှိတော့ဘူး၊ ရာနှုန်းအားဖြင်. ၅၀% တောင်မရှိတော့ဘူးလို.ပြောခဲ့ တော့ပါပါး နဲ. မာမား နဲ. အတွက် ကျနော်က တစ်ဦးတည်းသော သားပေါ့။

ကျနော်လူမှန်းစသိတဲ့ အချိန်မှာ ကျနော် တို. မိသားစု ကန်တော်ကြီးစောင်း က အစိုးရပိုင် အိမ်တစ်လုံးရဲ. အခန်းတစ်ခန်းမှာနေကြ ပါတယ်။ ပါပါးရဲ. ရုံးက အောင်ဆန်ကွင်းမှာ ဆိုတော့ နီးနီးလေးပေါ့။ အဲ့ဒီအိမ်မှာ ကျနော် (၃)တန်းကျောင်သားထိနေသွားတယ်လို.ထင်တာပဲ။ နောက်တော့ ကျနော်တို. မိသားစု ကုက္ကိုင်း က ကမ္ဘောဇရိပ်သာ နားကို ပြောင်းသွားကြတယ်။ ကျနော်နေတဲ့ မူလတန်း ကျောင်းလေး နဲ.နီးသွားတယ်။ ကျနော်တို.ကန်တော်ကြီးမှာနေထဲကမူကြိုကျောင်း ကို အဲ့ဒီ မူလတန်းကျောင်းရဲ.ဘေးက အစိုးရ မူကြို အမှတ် (၁) မှာထားခဲ့တာ။ အဲ့ဒီတုံးကအဲ့ဒီ မူကြို ကရန်ကုန်မှာ နာမည်ကြီးဆိုပဲ။ အဲ့ဒီကနေ သွားမှ အမှတ် (၃) အခြေခံပညာ မူလတန်း ကျောင်း ထိုမှတဆင့် နန်ယန် လို.ခေါ်တဲ့ ဗဟန်း (၂) ကိုတိုက်ရိုက်ဝင်နိုင်တာဆိုတဲ့ စီမံချက်အရှည် ကြီးနဲ.ပေါ့။ အခုဆိုကျနော် နေခဲ့တဲ့ အ.မ.က(၃) ဗဟန်းဆိုရင် ရန်ကုန်မှာအလွန်နာမည်ကြီးသော ဝင်ရခက်သောကျောင်းတစ်ကျောင်းဖြစ်နေပါပြီ။ ကျနော်တို.နေခဲ့စဉ်တုံးက ဆိုရင် ဒနိမိုးတဲကျောင်းလေးတွေမှာ စာသင်ခဲ့ရတာ။ အခုအဲ့ဒီကျောင်း ကရန်ကုန်မြို.ရဲ. ပထမဆုံး Fully Aircon Classroom တွေနဲ.စာသင်တဲ့ကျောင်းတစ်ကျောင်းအဖြစ် ကိုရောက်သွားလို. ငါကဒီကျောင်းထွက် ဆိုပြီးကြံဖန်ဂုဏ်ယူမိသေးတယ်။ အဲ့ဒီ့ ကျနော် (၄)တန်းနှစ်မှာ ကျနော်တို.နိုင်ငံ ရဲ. နာမည်ကျော် ၈၈ အရေးခင်းကြီးဖြစ်ပွားတာ ကျနော် တို. အလွန်တရာပျော်ခဲ့တာပေါ့။ သေနတ်သံတွေ ကြားနေရတာတောင် လူတွေဆူပူနေကြတာတောင် ကျောင်းကိုသွားပါသေးတယ်။ တစ်ရက်တော့ မျှော်လင့်စောင့်စားနေတဲ့ ကျောင်းများ အားလုံးကို အကန်.အသတ်မရှိ ပိတ်လိုက်သည်ဆိုတဲ့ ရေဒီယိုနဲ.TV ကနေကြော်ငြာချက်တွေကို ကြားသိလိုက်ရတာ ကျနော်တို. အရမ်းကို ဝမ်းသာ ကြရတာ။ ခုပြန်တွေးကြည့်ရင် ကုန်သွားတဲ့ အချိန်တွေကိုအရမ်းကိုနှမြောခဲ့တယ်။

ဒါနဲ.ကျနော်တို.နေတဲ့အိမ် အကြောင်းဆက်ပြောရရင် အဲ့ဒီတုံး ကအရမ်းကိုနာမည်ကြီးတဲ့ ဗိုလ်ချုပ်ရွာ၊ နိုင်ငံတော်သမ္မတကြီး အိမ်တော် တို.နဲ.နီးတာကြောင့်အရေးခင်းဖြစ်တာနဲ.တပြိုက်နက် ကျနော်တို. နေတဲ့ ခြံထိပ်လမ်းရှေ.မှာ စစ်တပ် ကနေရာယူထားပါတယ်။ သူတို.တွေလုံခြုံရေးအတွက်ပေါ့။ ရွာကြီးရဲ.ရှေ.ပြေးကင်းပါ။ သံဆူးတွေနဲ. စက်သေနတ်ကြီး တွေဆင် ပြီးတော့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော ဒေသ အဖြစ် ဆိုင်းဘုတ်ထောင်ကာစစ်မြေပြင်လိုနေရာယူထားတာပါ။ ပြီးတော့ညဖက်အပြင်ထွက်လို.မရတော့ ပါဘူး။
ကျနော်မှတ်မိသေးတယ်၊ တစ်ရက် TV က မြန်မာစစ်ကားပြနေ တာ၊ စစ်ကားထဲကလဲပစ်ကြ အပြင်မှာ တွေလဲပစ်ကြပေါ့ သေနတ်တင် မကတော့ဘူး တဖြေးဖြေးနဲ. လက်နက်ကြီးသံတွေပါ ကြားလာရတယ်။ စိတ်ထဲမှာ တော့ TV ထဲကပေါ့ ဒါပေမယ့် အပြင်မှာ တကယ် ဖြစ်နေတာ။ နောက်ဆုံးမှာ တော့ စစ်ကားတောင် ပြီးအောင် မပြနိုင်တော့ပဲ မြန်မာ့အသံ ကနောက်နေ.မှဆက်ပြပါတော့မယ်ဆိုပြီး ရပ်သွားတော့ အိပ်ယာ ဝင်လိုက်ရတယ်။ တစ်ခြံထဲ တူတူနေကြတဲ့ အမျိုးတွေ ကတော့ နောက်နေ.မှာပဲ အိမ်အောက်မှာ မြေအောက် ဗုံးခိုကျွင်း ကို သစ်ပင်အလုံးလိုက်တွေ သုံးပြီး စတင်တည်ဆောက်ပါတော့တယ်။ တကယ်ကိုအခြေနေမကောင်းတော့ဘူးပေါ့၊မြေအောက် ဗုံးခိုကျွင်းဆောက်ပြီးတာနဲ. အတော်ဖြစ်သွားတာက နောက်နေ.မှာပဲ ကောလဟာလတစ်ခုထွက်လာတယ် ရေတပ် နဲ. လေတပ် က အစိုးရကို ဆန်.ကျင်ပြီး ကျနော်တို.နေတဲ့နားက ဗိုလ်ချုပ်ရွာနဲ. သမ္မတ အိမ်တော်ကို လေပျံနဲ. ဗုံးကြဲတိုက်ခိုက်မယ်၊ရေတပ်ကအမြှောက် နဲ. ပစ်ပြီးချေမှုန်းမယ်ဆိုတဲ့ သတင်း က စာရွက်တွေပေါ်မှာ ကာချုပ်လေ၊ ကာချုပ်ရေ တို.ရဲ.လက်မှတ်တွေနဲ. ထွက်လာပေါရော။ အိုဘာပြောကောင်းမလဲ ကျနော်အမျိုးတွေက အထုတ်အပိုး တွေ စပြင်ပြီး ဗုံးရှောင်ဖို. လုပ်ကြတယ်။ ပါပါး ကိုလဲ သူတို. နဲ. လိုက်ရှောင်ဖို.ပြောတယ်။ ပါပါး က မရှောင်တော့ဘူး ပြေးချင်တဲ့နေရာကိုတော့ လိုက်ပို.ပမယ်။ ကျနော်မိသားစုတော့ ဒီမှာပဲနေပြီး ဗုံးကျဲလဲ ဒီမှာပဲ အသေခံပါတော့မယ် ဆိုတော့ သူတို.လဲ.လက်လျော့သွားကြတယ်။

ဒါမယ့် ညနေစောင်း လေပျံလာမယ် လို.ပြောတဲ့ အချိန်ကြတော့ ကောင်းကင်ကို မော့ကြည့်မော.ကြည့်နဲ.ပေါ့။ တကယ် လာကြရင်တော့ လွတ်စရာလမ်းမရှိဘူး။ အရင်ခတ်က အခုလို လေဆာဗုံးတွေပါတွေလဲရှိတာမဟုတ်တော့ ဗုံးကျဲရင် ကျချင်တဲ့နေရာကျမှာ။ ညဖက်ရောက်လာတော့ အနီးမှာ ဆွဲထားတဲ့တပ်တွေ သမ္မတကြီး ကိုယ်ရံတော်တပ် တွေ ကို အထူးအမိန်. ထုတ်ပြန်ပြီး နေဝင်မီးငြိမ်း လုပ်ခိုင်းလိုက်တာ၊ တကယ်ကိုသေခြာနေပြီပေါ့ အိမ်တော်နဲ. တစ်ရွာလုံးမီးမှောင်ချသွားပြီဆိုတော့ ကျနော်တို.တွေလဲ မီးမှောင်ချ ပြီးမှောင်ထဲမှာ ထမင်းစားလိုက်ကြတယ်။ ကျနော်တို.အိမ်ကလူတွေက အစားတော့မပျက်ဘူးခင်ဗျ။ ညတော်တော်လေးမိုးချုပ် တော့ လေပျံတွေတော့မလာကြဘူး။ ပြင်းထန်စွာ ပစ်ခတ်ကြတဲ့ အသံတွေ နဲ. စည်ပိုင်းတွေ ကို လိမ့်လာတဲ့ အသံတွေကြား လာ ရတယ်။ နောက်ဆိုးတာ က ကျနော်တို.နားက ရှေ.ပြေးကင်း ရဲ. အတွဲလိုက်ပစ်သံတွေ ကို ကြားလာရတော့ လူတွေဝင်လာကြလို.တကယ် ကိုစစ်မြေပြင်ဖြစ်တော့ မယ်ဟဲ့ ဆိုပြီး ကျနော်အမျိုးတွေ ကတော့ သူတို.ရဲ. ဗုံးခိုကျွင်းထဲ ဆင်းသွားကြတယ်။ မဝင်မီလာခေါ်ပါသေးတယ်၊ ပါပါး ကကျနော်တို. အိမ်အောက်ထပ် က အုတ်ဆိုတော့ ကျည်မပေါက်နိုင်ဘူးဆိုပြီး မဆင်းတော့ဘူး။ ဒါပေမယ့် ခနနေတော့ ခုတင် အောက်ကိုတစ်မိသားစုလုံးဝင်နေလိုက်တယ်လို. ကျနော် ရေးရေးမှတ်မိသေးတယ်။

စကားချပ် ဒီဟာကိုတော့ ဒီလောက်မှာပဲ ရပ်လိုက်တာကောင်းမယ်ဗျ။ ကျနော် ၈၈ ရေးအခင်း ကာလကို (၄) တန်းကျောင်းသား ဘဝနဲ. ဖြတ်သန်း ဘူးတယ်ဆိုတာကိုပဲ ရေးပြချင်တာပါ။ ဘာနိုင်ငံရေး ကိစ္စ ကိုမှ မရည်ရွယ်ပါဘူးဆိုတာ ကြိုတင် အသိပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြောက်လို. ဒီစာပိုဒ်ကို ထည့်သွင်းထားတာမဟုတ်ပါဘူး။ လုံးဝမကြောက်ပါဘူး။ အခုယနေ. တိုင်ထိကျနော့်နောက်မှာ ကြီးကြီးမားမား တွေရှိနေတုံးပါ။ ကျနော် ကိုလာပြီး ထိတဲ့သူသာလျင် ဒုက္ခ နဲ.တွေ.သွား နိုင်တယ်ဆိုတာလဲ ကြိုတင်သတိပေး လိုက်ပါတယ်။

No comments:

Post a Comment