Friday, March 12, 2010

ကျနော် ၏ ငယ် ဘဝ (၂ )

ကျနော်တို. အဲ့ဒီအိမ်မှာနေတုံး ဆရာဝန်ကြီးများ က ကလေးမရနိုင်တော့ပါဘူးလို. ပြောထားပေမယ့် ကျနော့်ရဲ. တစ်ဦးတည်း သောညီမလေး ကို ခွဲစိတ်မွေးဖွား ခဲ့ပါတယ်။ တလက်စထဲ မာမားလဲ သားကြောဖြတ်လိုက်တယ်။ မာမား ရဲ. Abandon ပေါ်မှာ ထပ်ပြီးခွဲစရာနေရာလည်းမရှိတော့ဘူး။ ကျောင်းတွေကလဲ ပိတ်ထားတာဆိုတော့ ကျနော်ကို ပါပါး ကရေကူးသင်တန်းနဲ. တိုက်ကွမ်ဒို သင်တန်းပို.တယ်။ ရေကူးတာ ကနောက်မှထင်တယ်။ တိုက်ကွမ်ဒို ကိုတော့ အတော်လေးသဘောကျ လို.သေခြာလေးလုပ်ဖြစ်ပုံရတယ်။ မှတ်မိသလောက်ဆိုရင် ခါးစည်းအစိမ်းရောင်ထိ ရောက်တယ် အဖြူကနေ နှစ်ဆင့်မြောက်ပေါ့။ ရေလည်း နည်းနည်းပါးပါး တော့ကူးတက်လာတယ်ပေါ့ဗျာ။

ဒီကြားထဲ ကကြောင်းရာတွေတော့သိပ်မမှတ်မိတော့ဘူး။ (၄) တန်းအောင်ပြီး (၅) တန်းကို အထက်တန်းကျောင်း ပြောင်းတက်ရတယ်။ ကျောင်းက ၂ ချိန်ကျောင်းဆိုတော့ ကျတော်တို. ၅ တန်းကနေ ၇ တန်းထိ နေ.ခင်းပိုင်း။ ပြီးတော့ ကျနော်တို. လုံခြည်စဝတ်ကြရပြီ။ အဲ့ဒီမှာ စတွေ.တာကတော့ ကျနော်ဖင်ကောက်တဲ့ဟာပါပဲ။ ငယ်တုံးက ဘောင်းဘီပဲဝတ်ရင် မသိသာပေမယ့် ပုဆိုးလဲဝတ်ရော ဖင်ကောက်ဆိုပြီး စခေါ်ပြီးနောက်ကျတယ်။ ရှက်ပေမယ့် ဘယ်တက်နိုင်မလဲ။ ကျောင်းကအကြီးကြီးဆိုတော့ အတော်ကိုပျော်တာ။ (၅) တန်းအောင်တော့ (၆)တန်းတက်၊ အဲ့ဒီ အချိန်ကစပြီး တန်းခွဲ တွေ ကို အမှတ်နဲ.ခွဲလိုက်ပြီလေ၊ ကျနော် (B)ခန်းရတယ်။ မဆိုးဘူးပေါ့ ဒုတိယအဆင့်လေးပဲ ဟဲဟဲ။ အဲ့ဒီနှစ်မှာ ထင်တာပဲ မြန်မာနိုင်ငံမှာ အမျိုးသားအားကစားပွဲတော်ဆိုပြီး ဆီးဂိမ်း(စ)တွေကျင်းပနိုင်ပို. အတွက်ကြိုတင်ပြင်ဆင်တဲ့ နိုင်ငံတော်အဆင့် အားကစားပွဲတော်ကြီးကို လုပ်တယ်။ ပါပါး ကအတင်းပါခိုင်းလို. ကျနော်မှာ ဂျုဒို ပြိုင်ပွဲ ဝင်ရသေးတယ်၊ ပြောဖို.မေ့နေလို. ကျနော်ဂျုဒို လဲကစားတက်တယ်။ ပြိုင်ပွဲဆို ရင်ကျနော် အတော်ကြီးကြောက်တက်လေ့ရှိတာ။ မပြိုင်ချင်ပေမယ့် ပါပါး စကားဆို မြေဝယ်မကျနားထောင်တာဆိုတော့ မဖြစ်မနေ ဝင်ပါရတာပေါ့။ ဒါမယ့် နောက်ဆုံးတော့ရုံးတာပါပဲ။ အဲ့ဒီတစ်ခါပဲ ဂျုဒိုပြိုင်ပွဲဝင်ဘူးတယ်နောင်တော့ တစ်ခါမှ ဝင်မပြိုင်ဖြစ်တော့ဘူး။ ပါပါးကလဲ ဒီကောင်ပြိုင်လဲရုံးမှာပဲ ငါပဲအရှက်ကွဲရမှာ ဆိုပြီးအတင်းမပြိုင်ခိုင်းတော့ဒါထင်တယ်။ ပါပါး က မြန်မာပြည်မှာ ယနေ.တိုင် ဂျုဒို ခါးပတ်အဆင့်အမြင့်ဆုံး အဆင့်ရှိနေတုံးပါ။ ကြုံလို.ပြောပြတာပါနော်။ ဖအေတူသားဖြစ်မလာတာကိုပြောချင်တာပါ။

ဒီလိုနဲ. (၇)တန်းရောက်လာပြီ၊ (၇) တန်းကျတော့ (C )တန်းရောက်သွားတယ်။ ဒါလဲသိပ်တော့မဆိုးသေးဘူးပေါ့။ ဒါမယ့် သိပ်တော့မကျေနပ်ဘူး။ ဘီ ခန်းမှန်းထားတာလေ။ အဲ့ဒီ (၇)တန်းရောက်တဲ့ အချိန်မှာ ကျနော် အချစ်နဲ. စတွေ.တယ်လို.ပြောရမှာပေါ့။ (၆)တန်းမှာ အဲ့ဒီကောင်မလေးက (၅)တန်းဆိုပေမယ့် သိပ်ပြီးသတိမထားဖြစ်ဘူး။ သူ (၆)တန်းနှစ်ရောက်လာပြီ့း အဆောင်ကြီးနှစ်ခုကလဲ သိပ်မဝေးဘူးဆိုတော့ စပြီးသတိထားမိလာတယ်။ အစကတော့ ကြိုက်တယ်ပေါ့။ လိုက်ကြည့်တယ်၊ မုန်စားဆင်းချိန်ဆို အဆောင်ရှေ.သွားကြည့်၊ သူမုန်.စားဆင်းရင်လိုက်ကြည့်ပေါ့။ စကားပြော ဖို.နေသာ အနီးတောင်မကပ်ရဲဘူး။ ကျနော်အတွက်တစ်ခု ကံကောင်းတာ ကသူကျောင်းဆင်းရင် ကျနော်တို. နဲ. တစ်လမ်းကျော်မှာနေတဲ့ သူ.အဒေါ်အိမ် ကို သူ.မောင်ဝမ်းကွဲလေးနဲ.တူတူပြန်တာ ဆိုတော့ ကျနော် အိမ်ပြန်လမ်းနဲ. တူတူပဲဆိုတော့ ကျနော်သူ.ကို ကြည့်ဖို. အခွင့်ရေးပိုရတာပေါ့။ ဒါနဲ. သူမောင်ဝမ်းကွဲ ဆိုတာ ကျနော် အသက် ၂၇ နှစ် စင်င်္ကာပူမှာလာနေတဲ့ အချိန်မှာ သူနဲ. သူငယ်ချင်းတစ်ယောက်အဖြစ် ပြန်ပြီး သိကျွမ်းခဲ့ကြတယ်။ သိပ်ပြီး မခင်ဘူး။ ကျနော်ညီလေးတစ်ယောက်နဲ. ပတ်သက်ပြီးတော့ စကားတွေဘာတွေ ပြောဖြစ်ရုံပါပဲ။ ငယ်ငယ်တုံး ကအကြောင်းတွေတော့ ပြန်ပြောဖြစ်ကြတယ်။ ရီကြရတာပေါ့၊ ကျနော်ကသူ.အမကို ကြိုက်ခဲ့တာကိုး။
ငယ်ငယ်တုံး က သူ.ကိုလုံးဝကြည့်လို.မရဘူး သူ.အမနားမှာ ပဲနေနေတာဆိုတော့။ ကျနော် ကကျောင်းကို တစ်ခါတလေ စက်ဘီးနဲ. လဲသွားလေ့ရှိတယ်။ သူတို.မောင်နှမနှစ်ယောက် နောက်က အမြဲလိုက်တယ်ပေါ့ဗျာ။ ပြောရရင် လမ်းနီးနားချင်းတွေဆိုတော့ သင်္ကြန်တို.ဘာတို. ရှိလို.မုန်.တွေပါတွေပို.ရင် သူ.အဒေါ်အိမ်ကို ကျနော်ပဲအမြဲပို.တယ်။ မျက်နာလေးများမြင်ရမလားဆိုပြီး။ သူနဲ.မျက်မှန်းတော့တန်းမိတာပေါ့။ ကျနော်တို. ထက်အများကြီးချမ်းသာတော့ တခါတလေ စိတ်မကောင်းဖြစ်ရတယ်။ ထားပါတော့ သူ.အကြောင်းရှေ.မှာ ဆက်အုံးမယ်။

ဒီနှစ်က ကျနော် ဘဝရဲ. နည်းနည်းလေး အရေးပါတဲ့သူတွေရှိနေတော့ နောက်ထပ်တစ်ယောက် အကြောင်း နဲနဲ ထပ်ပြီးရေးအုံးမယ်။ ကျနော် မှာ သူငယ်ချင်း တွေတော်တော်များများရှိတယ်၊ ဒါမယ့်နောက်ပိုင်းမှာ သူနဲ.တွဲဖြစ်လာတယ်၊ ခုံချင်းထိုင်တာလဲနီးနီးလေး။ သူကလဲပြောရင် အတော်ကိုချမ်းသာတယ်ပေါ့ဗျာ။ အဲ့ဒီအချိန်မှာ သူတို.အိမ်ကဆောက်နေတော့ ရွာကြီးရဲ.ဟိုဖက်ထိပ်မှာ သူတို.မိသားစုက အိမ်တစ်လုံးဌားနေတယ်။ ကျနော်အိမ်နဲ. ကနီးတော့ စက်ဘီးစီပြီး သွားသွားလည်လေ့ရှိတယ်။ သူကလဲ တခါတလေ အိမ်လာလည်ပါတယ်။ ကျနော် ကျောင်းသွားချိန် မိုးရွာရင် ကားနဲ.အိမ်လာခေါ်တယ်။ သူနဲ.မှကျနော် အပြင်တွေဘာတွေထွက်လေ့ ရှိလာတယ်။ Valentine Day ဆိုတာသူနဲ.မှ သိမှပဲ သိတော့တယ်။ သူတို.မိဘတွေက အရမ်းကို ခေတ်ဆန်တယ်ပေါ့ဗျာ။ သူဆီက သီချင်းခွေတွေဘာတွေဌားပြီးနားထောင်တက်လာတယ်။ နောင်တချိန်မှာ ကျနော့်အတွက် တစ်ချိန်မှာ အလွန်တန်ဘိုးရှိသော လူတွေနဲ. သူငယ်ချင်းတွေဖြစ်လာတယ်။ အစထဲ ကရွာနားမှာနေတော့ ရွာထဲကလူများနဲ.လဲ ကျနော်စက်ဘီး တူတူစီး သူငယ်ချင်းတွေဆိုတော့ ကျနော် ဒီအာဏာလောကကြီးနဲ. တဖြည်းဖြည်းနီးစပ်လာတယ်။ သူငယ်ချင်းတွေရဲ.မွေးနေ. တွေကို လဲစပြီးသွားတက်လာတယ်။ ဒီလိုနဲ.သူနဲ.ကျနော်အရမ်းရင်းနှီးလာကြတယ်ပေါ့ဗျာ။

No comments:

Post a Comment