Tuesday, March 16, 2010

ကျနော် ၏ ငယ်ဘဝ (၃)

နောက်နှစ် ကျနော်တို. ရှစ်တန်းရောက်တော့ ကျနော်နဲ.သူအတန်းမတူတော့ဘူးလား။ တူသေးလားသိပ်တော့ မမှတ်မိတော့ဘူး။ တန်းခွဲ အီး ကိုရောက်သွားတယ်လေ၊ ကျနော်လဲ တအားရှက်အိမ်ကလဲဆူပေါ့။ စိတ်လေသွားတာလေ၊ သူငယ်ချင်းတွေနဲ. လေတာများသွားတယ်။ အဲ့ဒီနှစ်ရောက်တော့ ကောင်မလေးနဲ. နဲနဲ ရင်းနှီးလာပြီ။ ကျနော်ကို အော်တိုတွေဘာတွေရေးပေးတယ်။ ကျနော်ခုထိမှတ်မိသေးတယ်၊ သူရေးပေးတဲ့စာသား လေးကို ဟိုးအရင်ခေတ်ကရုပ်ရှင်မင်းသားနာမည်ဗျာ ဘရွှေ၊ လှရွှေ ဆိုလားဘာလားတော့မမှတ်မိတော့ဘူး။ ကျနော် ကအဲ့ဒီရှေးတုံးက မင်းသားနဲ.တူလို.တဲ့ အဲ့ဒီမင်းသားပါတဲ့ရုပ်ရှင်ကြည့်တိုင်း သတိရနေပါ့မယ်တဲ့ဗျာ။ ကောင်းရော။ အဲ့ဒီတုံး ကတော့ သူ.ဆီကဘာလေးပဲရရပျော်တာပေါ့။ သူကညနေပိုင်းကျောင်း ကျနော်ကမနက်ပိုင်းဆိုတော့ အချိန်တော့ မတူတော့ပေမယ့် ကျနော် သူ.ကိုကြိုက်တုံးပဲ။ သူကျောင်းပြန်တဲ့အချိန်လဲ လိုက်သေးတာပဲ။

အဲ့ဒီနှစ်မှာ ကျနော် ရေပြန်ကူးဖြစ်တယ်။ ကျနော်ထင်တယ် (၇)တန်းဖြေထားတဲ့နွေရာသီမှာ ကျနော်ကို ပါပါးရေကူးကန်ပြန် ပို.လိုက်တယ်။ ကျနော် ကိုဆရာကြီးတစ်ယောက်စီမှာ အပ်ပေးပြီး ရေကူးတက်တာထက် ပိုပြီး အားကစားမှာ ရေကူးဖက်မှာ ဖြစ်မြောက်အောင်ဆိုပြီးတော့ပေါ့။ ဒီတစ်ခါတော့ ကျနော်သေခြာလုပ်တယ်ဗျ၊ ကျနော်ရေကူးရတာ ကြိုက်တယ်လေ။ ကျနော်မနက်ရော ညနေရော Training ကိုသေခြာလုပ်တာ အကူးလွန်ပြီး အဆုတ်ထဲရေဝင်သွား လို.မာမားမှာ ဆေးခန်းပို.လိုက်ရတာအမော။ အဲဒါနဲ.နေပြန်ကောင်းတော့ ညနေတစ်ချိန်ပဲ ကူးတော့တယ်။ တိုးတော့တိုးတက်လာပြီ ပါပါးမျက်နာနဲ. ကျနော်ကို National Selection တွေကိုလေ့ကျင့်ပေးတဲ့ နည်းပြချုပ် ရဲ. Training အုပ်စုထဲ ကိုထဲပေးလိုက်တယ်။ ကျနော် တအားကြိုးစားပါတယ်။ ကျောင်းဆင်းရင် အိမ်ပြန် ကျူရှင်ပြီးတာနဲ. ရေကူးကန် ကို စက်ဘီးနဲ.ပြေးတာ။ ညဆို (၈) နာရီလောက်မှပြန်ရောက်တယ်။ အဲ့ဒီမှာ ကျနော်ရေကူးကို အလွန်ကျွမ်းကျင်လာတယ်၊ မီတာ ၂၀၀၀ လောက်ကို အရပ်မနားပဲကူးနိုင်လာတယ်။ အဲ့ဒီမှာ အတော်ပျော်တယ်ဗျာ၊ သူငယ်ချင်းအသစ်တွေလဲရတယ်။ ပြီးတော့ ကောင်မလေးအသစ်တစ်ယောက်ကို စိတ်ဝင်စားမိပြန်ရော၊ ထုံးစံအတိုင်းပဲ ကောင်မလေးကကျနော်ကို လုံးဝပါပဲဗျာ။ ဒါမယ့်သူနဲ. ကတော်တော်တော့ခင်ပါတယ်။ သူ.ကမြန်မာပြည်မှာ အတော်ဆုံး၊ ကျနော်ထင်တယ်အခုချိန်ထိတောင် သူ.ကိုယှဉ်နိုင်တဲ့သူမရှိလောက်သေးဘူး။

အဲ့ဒီလောက်တော်တဲ့ ရေကူးသမားတစ်ယောက်နဲ. ကျနော်ရေကူးပြိုင်ခဲ့ရတာလေးကို နောက်စာပိုဒ်တွေမှာ ဖော်ပြပေး သွားပါ့မယ်။ အဲ့ဒီတုံးကသူနဲ. အမှတ်တရလေးတစ်ခုက ကျနော်ကို မီတာ ၂၀ မြင့်တဲ့ ဒိုင်ဗင်စင်ပေါ်ကနေခုန်ချခိုင်းခြင်း ပါပဲ။ သူက မီတာ ၂၀ ပေါ်ကတက်ပြီး ရေထဲကိုခုန်ချသွားပြီးတဲ့နောက် ကျနော်ကိုလဲ သူ.လိုခုန်တဲ့၊ ကျနော်လဲ အောင်မယ် ဘာလို.မရရမှာလဲမိန်းကလေးတောင်ခုန်ချနိုင်တာ ငါလဲရမှာပေါ့ဆိုပြီး မီတာ ၂၀ ပေါ်ကိုတက်သွားတာ အပေါ်လဲရောက်ရော အိုး အောက်ကိုငုပ်ကြည့်လိုက်တာ ဒူးတွေတောင်တုန်လာတယ်။ ဒါနဲ. မခုန်ဘူးဆိုပြီး အောက်ကိုဆင်းတော့ မရွှေချော ကအောက်ကနေလှမ်းအော်ပါတယ်။ မရဘူးခုန်ကို ခုန်ရမယ်၊ မခုန်ရင်နင်နဲ. လုံးဝ မခေါ်တော့ဘူးတဲ့။ ဒုက္ခုမှကောင်းကောင်းကိုတွေ.တာ၊ အစထဲကမရှေမိရင်ကောင်းသား ခုမှတော့ ဘယ်လိုလုပ်မလဲပေါ့။ ဒါနဲ. ကျနော် အောက်ကို ဆင်းပြီး ညှီနှိုင်းလိုက်တာ၊ မီတာ ၂၀ ကနေ ၁၀ မီတာ ကိုသဘောတူ သွားတယ်။ ၁၀ မီတာကတော့ လုံးဝမလျော့တော့ဘူး ဆိုတော့ ကျနော် ၁၀ မီတာပေါ်တက်ပြီး အောက်ကို လုံးဝမကြည့်ပဲ ဒါရိုက်ခုန်ချလိုက်တာ၊ ရင်ထဲမှာ ဟာခနဲဖြစ်ပြီး ခနအတွင်း ရေအောက် ၁၅ ပေကိုရောက်နေတာသိ လိုက်ရတယ်။ ၁၅ မီတာကမှောင်မဲပြီး တကယ်ကြောက်စရာကြီးဗျာ။ ခြေထောက်တွေကိုအသားကုန် ခတ်ရင်း ရေမျက်နာပြင်ပေါ် ကိုတက်ခဲ့တာ။ ကျနော် ကတွေ.အကြုံမရှိတော့ ရေထဲကို ကျပြီးပြီးချင်း ရေကိုပြန်ကန်တက်ဖို. မသိခဲ့တာကြောင့်ရေအောက်ကြမ်းပြင်ထိ အလည်သွားလိုက်ရခြင်းပါပဲ။ ဒါနဲ.မပြီးသေးဘူး ဘယ်တုံးကများ နိုပ်စက် ဖို. အတိုးနဲ.စောင့်နေတယ် မသိဘူး နောက်တစ်ခါထပ်ခုန်ချရမယ်တဲ့။ ကျနော်လဲ တစ်ခါခုန်ချပြီးပြီဆိုတော့ နဲနဲတော့ သတ္တိ တွေရှိလာပြီပေါ့၊ ကျနော် ဈေးစစ်မနေတော့ ဘူး ၁၀ မီတာ ကနေထပ်ပြီး ခုန်ချခဲ့တာ၊ ဒီတစ်ခါတော့ လေထဲမှာ ကြာတာပဲဆို ပြီး ရေပြင်နဲ.မထိမီ အသက်ရှုလို.ရလောက်တယ်ဆို ပြီးအရူးထ လေထဲ အသက်ရူမိတာရေမျက်နာပြင် နဲ.ထိတဲ့ အချိန်မှာ ရှုမိရက်သားဖြစ်သွားလို. နှာခေါင်းထဲရေဝင်သွားလေရဲ.၊ သို.သော်ဒီတစ်ခါတော့ ရေထဲ ရောက်တာနဲ. ခြေရော လက်ပါ အတင်းခက်ပြီးပြန်တက်လိုက်တာ ချက်ချင်းဆိုသလိုပဲ ရေပြင်ပေါ် ပြန်ရောက် လာခဲ့တယ်။

3 comments:

  1. စိတ်ဝင်စားဖို့ ကောင်းလာပြီ..

    ReplyDelete
  2. ကျနော့် ငယ်ဘဝ ၄ ဘယ်တော့လာမှာလဲ :D

    ReplyDelete