Friday, June 4, 2010

စင်္ကာပူတွင် ၄ နှစ်ကြာသောအခါ

ဒီ blog မှာ post မလုပ်တာလဲကြာ၊ ရေးလက်စတွေကလဲ လက်စမသတ်ရသေးခင်ကြားထဲ စလုံးမှာ နေတာ ၄ နှစ်ပြည့်တာလေးသတိ
ရတာနဲ့ချရေးမိတာ။ ကျနော် facebook note ပေါ်ကရေးထားတာတွေပဲဒီမှာပြန် post လုပ်ဖြစ်မှာပါ။

အခု၂၀၁၀ခုနှစ် ဇွန်လ (၆) ရက်နေ.ဆိုရင် ကျနော်စလုံးကို ခြေချမိတာ (၄) နှစ်တင်းတင်းပြည့်တဲ့နေ့ပါ။ အမှတ်တရလေး တစ်ခုအနေနဲ့ စလုံးရောက်ပြီး နောက်ပိုင်းအဖြစ်လေးတွေကို အမှတ်တရချရေးမိတာပါ။ ဒီလေးနှစ်တာအတွင်း အခက်အခဲပေါင်းများစွာ၊ ရုံးကန်မှု
များစွာ နဲ့ဖြတ်သန်းခဲ့တာ ယနေ့တိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ လေးနှစ် ၂၀၀၆ခုနှစ် ဇွန်လ ၆ ရက်နေ့ မနက်စောစောထပြီး ပါပါးနဲ့မာမား ကိုကန်တော့၊ ဘုရားရှိခိုးပြီး ညီဝမ်းကွဲကားနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာကို တစ်ယောက်ထဲထွက်ခဲ့တာ၊ ထုံးစံအတိုင်းကျနော်ကိုဘယ်သူ မှလိုက်ပိုမယ့်သူတော့မရှိပါဘူး။ လေဆိပ်ကသူငယ်ချင်းတွေနဲ့ ဝန်ထမ်းအလုပ်သမားတွေကတော့ အစဉ်သင့် စောင့်နေကြပါရဲ့။

ကျနော့်ကိုလိုက်ပို့မယ်ဆိုပြီး ပြောထားတဲ့ တစ်ယောက်ကမလာတဲ့အဆုံး MAI ကောင်တာမှာ ချက်ကင်ဝင်လိုက်ပြီး လေဆိပ်က သူငယ်ချင်းများနဲ့စကားထိုင်ပြောနေလိုက်တယ်။ အချိန်နီးလာ တော့အရမ်းခင်တဲ့ အလုပ်သမားတစ်ယောက်က -

“ကိုကြီး အတွင်းကိုဝင်သင့်ပါပြီ၊ မလာတော့ပါဘူး၊ စောင့်မနေပါနဲ့တော့“ ဆိုတော့ ဆက်မစောင့်တော့ပဲ Departure Hall ထဲ တစ်ယောက်ထဲဝင်လိုက်တယ်။ အဲ့ဒီအချိန်တုံးက ရန်ကုန်လေဆိပ်က upgrade မလုပ်ရသေး တော့လေယာဉ်စီကို bus ကားကြီး တွေနဲ့ ခေါ်သွားရတာ။ ကျနော်ဝယ်ထားတဲ့လမ်းကြောင်းက စလုံးကို ဘန်ကောက်မှတဆင့်သွားဖို.ပါ။ Air Baganမှာစလုံးကို မထွက်လာခင် အလုပ်လုပ်ခဲ့တာ ဆိုတော့ လေကြောင်းလက်မှတ်ကိုယ်စားလည် တစ်ချို.နဲ့ခင်နေတာနဲ့ Nice Fare Travel Agent မှာ ငုတ်တုတ်ထိုင် ပြီးအသက်သာဆုံးဈေးနှုံးကိုရှာခိုင်းတာ ရန်ကုန်ကနေဘန်ကောက်ကို MIA နဲ့ ဘန်ကောက်ကနေစလုံးကို Cathay Pacific နဲ့ စလုံးက နေရန်ကုန်ကို MAI နဲ့ဆိုပြီး round trip လက်မှတ်ကို US$350 ပဲကျပါတယ်။ အဲ့ဒီတုံးကတိုက်ရိုက်ကို ၆ လ လက်မှတ် ၄၀၀ ကျော် ဆိုတော့ ကျနော် လက်မှတ်ကအလွန်သက်သာတာပေါ့။ အချိန်တော့နဲနဲကုန်တာပေါ့လေ။

ရန်ကုန်ကနေဘန်ကောက်ကို MIA ရဲ့တစ်စင်းတည်းသောဌားထားတဲ့ McDonald Douglas (now Boeing) MD-80 လေယာဉ်လေးနဲ့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း economy class ရဲ့ရှေ.ဆုံးခုံတန်းမှာတစ်ယောက်ထဲပါ။ ဘေးခုံတန်းမှာတော့ ဒုဗိုလ်ချူပ်ကြီးချစ်ဆွေရဲ့ သမီးမိသားစုကိုတွေ.တယ်။ လေယာဉ်တက်တော့ရင်ထဲမှာဟာခနဲဖြစ်သွားတာနဲ တူတူခံစားမှုတစ်ခု အနေနဲ.မိသားစုနဲ.ဝေးရာ၊ ချစ်တဲ့သူ တွေနဲ.ဝေးရာ အမိမြန်မာပြည် ကနေထွက်ခွာသွားခဲ့ပြီ ဆိုတာသိရတော့ ဝမ်းနည်းတဲ့မျက်ရည်ကျမိတယ်။ ရှေ့မှာ ဘာတွေရင်ဆိုင် ကျော်ဖြတ်ရမှန်းမသိတဲ့ တိုင်တပါးကို အရာရာ ရင်ဆိုင်မယ်ဆိုပြီးထွက်ခွာခဲ့တာ။ လေယာဉ်ပေါ် မှာကျွေးတာလဲ မယ်မယ်ရရ မစားဖြစ် ပါဘူး။ ဘန်ကောက်ကို ၄၅ မိနစ်အတွင်း ဆိုက်ရောက် ပြီး၊ Transfer ကောင်တာကိုရှာ၊ စလုံးကိုဆက် ပျံဖို.boarding pass ထုတ်တယ်။ ဘာကြောင့်လဲတော့မသိဘူး၊ လေယာဉ်မှာ full flight ဖြစ်နေတာကြောင့်ထင်တာပဲ ကျနော်ကို Business Class ကို Upgrade လုပ်ပေးကြောင်းကောင်တာက ယိုးဒယားမကပြောတော့တော်တော်အံသြသွားတာ။ ပထမတော့ရန်ကုန်က မထွက်လာခင် MIA ရုံးချုပ်ကို VIP request လုပ်ထားလို.လားလို့ထင်မိသေးတယ်။ ဘန်ကောက်လေဆိပ်ကဒွန်မောင်းလေဆိပ်မှာပဲရှိသေးတယ်။ စလုံးကိုစီးရမယ့် လေယာဉ်ကနေ့ခင်း ၁ နာရီမှာ ထွက်မှာ ဆိုတော့လေဆိပ်ထဲမှာ လျှောက်ကြည့်ပြီးဘန်ကောက်မှာနေတဲ့သူငယ်ချင်းစီ ဖုံးဆက်ပြီး လှမ်းနှုတ်ဆက်လိုက်သေးတယ်။ ၁၂ နာရီလောက်ကြတော့ စလုံးကိုဆက်ပြီးပျံသန်းဖို.အတွက် departure gate မှာစောင့်နေပြီး ခဏနေ တော့boarding ခေါ်ပါတယ်။ economy class နဲ့ Business Class တန်းကိုနှစ်ခု ခွဲထားတော့ ဘယ်ဝင်ရင်ကောင်းမလဲ စဉ်းစားရသေး တယ်။ ကိုယ့် Boarding Pass က Business Class ပေမယ့်ရိုတ်တရက်ဆိုတော့မသွားရဲဘူး။ နောက်တော့ဖြစ်ချင်ရာဖြစ်ဆိုပြီး Business Class သီးသန့်ဝင်ပေါက်ကိုဝင်သွားတော့ gate staff ကဘာမှမပြောပဲ boarding pass တစ်ပိုင်း ကိုယူလိုက်ပြီး လေယာဉ်ပေါ်ကိုတက်တဲ့ အခါမှာ ကိုယ်စီးရမယ့် လေယာဉ်က Boeing 747 ဆိုတာသိရတော့အတော်ပျော်သွားတာ။ 747လိုနှစ်ထပ်လေယာဉ် တစ်ခါမှ မစီးဖူးဘူး လေ။ Business Class ဆိုတော့လေယာဉ်ရဲ့ရှေ.ပိုင်းမှာတစ်ယောက်ချင်းစီသီးသန့်ထိုင်ရတာ။ စလုံးကို စီးရတဲ့၃ နာရီနီးပါး ခရီးစဉ်က တော့ဇိမ်အပြည့်ပါပဲ။

စလုံးချန်ဂီလေဆိပ် Terminal 1 ရောက်တော့သူငယ်ချင်းကစောင့်နေတယ်။ Taxi နဲ့သူတို.နေတဲ့ Clementiကအိမ်ကိုခေါ်သွားကြတယ်။ သူတို့ကိုပဲစလုံးရောက်ရင် နေဖို.အခန်းရှာခိုင်းထားတာ။ တကယ်တန်း မေးကြည့်တော့အစဉ်မပြေသေးဘူးတဲ့။ ကျနော့်မှာ ရောက်ရောက် ချင်း နေဖို့ကိစ္စကို အပူတပြင်းစဉ်းစားရတော့တယ်။ ညနေရောက်တော့ Ang Mo Kio မှာနေတဲ့ သူတို.ရဲ့သူငယ်ချင်း လင်မယား အိမ် ခေါ် သွားပြီး အဲ့ဒီမှာပဲညအိပ်လိုက်ရတယ်။ သူတို့ကမန္တလေးဇာတိ၊စလုံးမှာ EP နဲ.နေကြတာ။ သူတို.နဲ့ဆိုတော်တော်ခင်သွားကြတာ။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာတော့ မြန်မာပြည်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေကြောင့် PR ကိုတူတူတင်ကြဖို. Appointment ယူပြီးကာမှ မြန်မာပြည် ကို ပြန်သွားကြတာ။ တကယ်ပါသူတို.ကိုအရမ်းသတိရပါတယ်။ ညမှာတော့စလုံးမှာ နေတဲ့ညီမဝမ်းကွဲ နဲ့ဖုံးပြော ဖြစ်တော့ နေဖို.အခန်းကို အပူတပြင်းရှာပေးမယ်လို.ပြောတယ်။ အဲ့ဒီညမှာတော့ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ စင်္ကာပူရဲ့ ပထမဆုံး ညကိုဖြတ်သန်း လိုက်ရတယ်ဗျာ။

မနက်မိုးလင်းတော့ သူတို့တွေအကုန်ကအိပ်ကြတုံး။ ဒါနဲ့တစ်ယောက်ထဲ အပြင်ထွက်ပြီးရထားဘူတာ ကိုသွား၊ ကြားဖူးနားဝဖြစ်နေတဲ့ City Hall Pinisula ကိုသွားတာ။ မနေ.ကသူငယ်ချင်း ကိုဇော်က ရထားစီးတာသင်ပေးထား တော့စမ်းသွားကြည့်တာ။ အနား ပတ်ဝန်းကျင်က Raffle City တို. Robinson တို.ကို လျှောက်ကြည့်နေတုံး ကိုဇော်စီက ဖုံးလာတယ် “ဟေ့ရောင်ဘယ်ရောက်နေလဲ၊ ငါတို.ကမင်းသွားမှသွားတက်ပါ့မလားဆိုပြီးစိတ်ပူနေတာ“ တဲ့။ ညီမဝမ်းကွဲစီ ကလဲအခန်း ရပြီဆိုပြီဖုံးလာတယ်ဆိုတော့ Ang Mo Kio ကိုပြန်ပြီး ကိုဇော်တို.နဲ့တူတူ Clementi ကိုသွား၊ ဒီကြားထဲအိမ်ပြန်မရောက်မီ၊ Clementi ကအလုပ်ရှာပေးတဲ့ Agent အိမ်ကို သွားကြ သေးတယ်။ ဒီလူကြီးကမြန်မာတွေကိုအလုပ်ရှာပေးတာ အလွန်တော်ဆိုပဲ။ regsitration fee ဆိုပြီး ၅၀ တောင်းတယ်ဗျ။ ကျနော်မှာ လဲ ပိုက်ဆံ မပါသွားလို. မပေးခဲ့ဘူး။ သူတို.အိမ်ကိုပြန်ပြီး ညီမအလာကိုစောင့်၊ အခန်းကလဲ Clementi မှာပဲဆို တော့ taxi မဌားတော့ ပဲညီမ နဲ့တူတူပါလာတဲ့ သူ.သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကျနော်ရဲ့ ပထမဆုံးစလုံးမှာ နေဖြစ်တဲ့ အခန်းကိုချီတက်ကြပါ တော့တယ်။

အိမ်ရှင်က တရုတ်မြန်မာ အပျိုကြီးနဲ့သူ.အဖေတို့နှစ်ယောက်နေကြတာ။ တစ်ခန်းကိုဌားတာပေါ့။ ကျနော့်ရဲ့ ပထမဆုံးအခန်းဖော် ဖြစ်လာ မယ့် ကိုဇာနည် ကအဲ့ဒီတုံးက NUS မှာကျောင်းတက်တုံး ထင်တယ်။ သူမျက်နာကအလွန်နုတော့သူ့ကို ကိုယ့်ထက် ငယ်တယ်ထင်ပြီး ညီလေးလို့ ခေါ်တာ။ နောင်အခါမှ ကျနော်ထက် ၃ နှစ်လောက်ကြီးမှန်းသိတယ်။ အခန်းခက ၂၀၀ နဲ့ Deposit က ၁၀၀ လား မသိဘူး ပေးရတယ်ဗျ။ ခုတင်တစ်လုံးနဲ့မှို.ရာပါးလေးတစ်ခုပဲရှိပါတယ်။ ခေါင်းအုံးနဲ့စောင်ကကိုယ့်ဟာနဲ့ကိုဆိုတော့ ကျနော်မှာဘာမှမပါလာဘူးဗျ။ ကိုယ်ဒီမှာဘယ်လောက်ကြာအောင် အလုပ်ရှာရမယ်မှန်းကမသိတော့ ပါလာတဲ့ငွေလေးပွန်းသွားမှာဆိုးလို.မဝယ်ရဲဘူးဗျာ။ ဒါနဲ့ပါလာတဲ့ လက်ဆွဲအိတ်ထဲကိုအဝတ်လေး နဲနဲထည့်ပြီးခေါင်းအုံးလုပ်၊ ချမ်းရင်တော့ ပုဆိုးလေး ချုံအိပ်ခဲ့ရတယ်။ လကုန်တော့အလုပ်ကလဲရပြီ၊ ကိုဇာနည်ကလဲမင်္ဂလာဆောင်မယ်လို.အစီအစဉ်ရှိထားတော့ Flat တစ်ခုလုံးဌားနေမယ်ဆိုလို့ပြောတော့ ကျနော်လဲလိုက်နေမယ်ဆိုပြီး၊ သူတို.နဲ့တူတူ Chua Chu Kang ကိုပြောင်းသွားကြတယ်။ နှစ်ယောက်စလုံးမှ Luggage တစ်ယောက်တစ်လုံးနဲ့ အိမ်ပွဲစားကကူပြီးပြောင်း ပေးတယ်ဗျ။ ကျနော်တစ်ယောက်ထဲတစ်ခန်းနေဖြစ်တယ်။ ကိုဇာနည်နဲ့မမေသဲတို. မင်္ဂလာဆောင်ကြတော့ ကျနော်ကအသိသက်သေ အနေနဲ.လက်မှတ်ထိုးပေးခဲ့တော့ ကျနော်ဘဝရဲ့ပထမဆုံးမင်္ဂလာပွဲတစ်ခုနဲ. ပတ်သတ်ခဲ့တာဆိုတော့ကျနော်လုံးဝမမေ့ဘူး၊ ဂုဏ်လဲယူတယ်။ သူတို.နဲ့တစ်နှစ်လုံးတူတူနေခဲ့ခင်မင်ခဲ့ကြပြီး မှကျနော်တို.အကုန်လုံး Boon Lay ကိုပြောင်းတဲ့စီမှာ ကျနော်ရဲ့အလွန်မြန် တဲ့မဆင်မခြင် ဆုံးဖြတ်ချက်တစ်ခုနဲ့ဌားထားတဲ့အိမ်ကနေ ၂ ပါတ်ပဲနေပြီးပြောင်းရာကနေအခုထိကျနော်တို.ပြန်မတွေ.ဖြစ်ခဲ့ကြ တော့ဘူး။ ကျနော် Boon Lay မှာပဲ စလုံးအိမ်တစ်ခုမှာ တစ်ခန်းဌားနေလိုက်တာအခုချိန်ထိ မြန်မာအိမ်မှာနေဖြစ်တော့ဘူးဗျာ။ ကျနော် ပြန်တွေး မိ တိုင်းစိတ်မကောင်းဘူး၊ ဝမ်းနည်းမိတယ်၊ ကျနော်အပေါ်အင်မတန်ကောင်း၊ ဖော်ရွေခင်မင်တဲ့သူတွေ နဲ့ ချစ်ကြည်ရေး ပျက်အောင် ကိုယ်ကိုတိုင်ပဲဖန်တီးမိခဲ့တာ။ ကျနော်ကိုခွင့်လွှတ်ပါလို့ ကိုဇာနည်နဲ့မမေသဲကို ဒီကနေပြီး တောင်းပန် လိုက်ပါတယ်ဗျာ။

စလုံး ကိုထွက်လာတော့မြန်မာပြည်ကအောင်လက်မှတ်တွေကိုတစ်ခုမှအသိအမှတ်မပြုဘူးထင်လို.ဘာတစ်ခုမှမယူခဲ့ဘူးဗျာ။ ဒီကြားထဲနောက်ဆုံးဖြေခဲ့တဲ့ Diploma အောင်လက်မှတ်က လဲမရသေးတော့မယူခဲ့မိဘူး။ဒီရောက်ပြီးမှ အဲ့ဒါတွေအကုန်လိုတယ်။ အဲ့ဒီအချိန်တုံးကနေထိုင်ခွင့်သက်တမ်းတိုးတာလေးကအစလိုတယ်ဆိုတော့အိမ်ကိုဖုံးဆက်ပြီးပို.ခိုင်းရတယ်။

ကျနော် စရောက်တဲ့နေ့ကစပြီးနေ့တိုင်းလိုလို အလုပ်ရှာတယ်။ မနက်ကိုသတင်းစာဖတ်၊ walk in interview သွား၊ ရရာအလုပ်လုပ်မယ် ဆိုပေမယ့်အရည်အချင်း တွေကျော်လွန်နေလို့မခန့်တာနဲ့၊ S Pass ကိုလျှောက်ပေးလို.မရတာနဲ့အတော်များများ အင်တာဗျူး တွေသွား ဖြစ်တယ်။ ကျနော် အလုပ်မရမချင်း အပြင်မထွက်တဲ့နေ့ကိုမရှိသလောက်ပဲ။ Directory ကိုကြည့်ပြီး စလုံးအရှေအနောက်တောင်မြောက် အကုန်ကိုရောက်အောင်သွားပြီး walk in interview ဖြေ၊ သူတို.ခေါ်တဲ့ အင်တာဗျူး ဖြေနဲ့ ကျနော်မှာအင်တာဗျူးဖြေရတဲ့အတွေ.အကြုံ တော့ တော်တော်များများ ကိုရလိုက်တယ်ဗျာ။ ဒီလိုနဲ့စလုံးရောက်ပြီး (၃) ပါတ်ရောက်တဲ့အခါမှာတော့ တော်တော်ကြာပါပြီ Boonkeng မှာအင်တာဗျူး တစ်ခုသွားထားတဲ့ထဲကဖုံးဆက်ပြီးအလုပ် Offer ပေးတယ်။ လစာကနည်းသော်လည်း ပဲမရရင်ဘယ်လိုလုပ်မလဲ ဆိုတာ ကို တွေးပူပြီး၊ အဲ့ဒီအလုပ်ကိုလက်ခံလိုက်တယ်ဗျ။ အဲ့ဒီအလုပ်မှာ ၁၁ လကြာပါတယ်။ တကယ်တော့အဲ့ဒီမှာ လုပ်လိုက်မိတာ ကျနော်ရဲ့ စလုံးဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတစ်ခု ကိုရလိုက်တယ်လို.ပြောရမှာပါ။ သူဌေးမရဲ့အဆူအဆဲကို အောက်ကျသည်းခံ၊ မာနကို လျော့ပြီး၊ နေချင်တဲ့နေရာလေးမှာ တစ်နေရာလေးရအောင် အဲ့ဒီကနေကြိုးစားခဲ့တာယနေ့တိုင်မှာတော့ ကျနော် အသင့်အတင့် အခြေကျ သွားပြီလို.ဆိုရမှာပါ။

ကျနော်ကိုစလုံးရောက်တဲ့ အချိန်ကစပြီးယနေ.တိုင်လိုအပ်တဲ့အကူအညီတွေပေးခဲ့ကြတဲ့ညီအစ်ကိုမောင်နှမအားလုံး၊ သူငယ်ချင်းများ အားလုံးကို အလွန်ကျေးဇူးတင်ပါတယ် ပြီးတော့ ကျနော် ဘဝတသက်တာလုံးမှာ အမှတ်ရသွားပါ့မယ်။

1 comment:

  1. ဒီပို့စ်က.. SOL ရဲ့ Master Peace ဖြစ်မယ်ထင်တယ်..။
    ဖတ်လို့လည်းကောင်းတယ်.. ခံစားလို့လည်းရတယ်..
    ပြန်လည်း သတိရမိတယ်...။

    ReplyDelete