ဒီပိုစ့်ကတော့ လောလောလက်လက် ကျနော်ကားပါမစ်ရောဂါထတဲ့အကြောင်းလေးပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းနေတဲ့ စင်္ကာပူမှာနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ညီအကိုသူငယ်ချင်းတွေလဲ ရှိနေလို့ တခါထဲရှင်းပြပြီးသားဖြစ်သွားအောင် ရေးသားဖော်ပြ
လိုက်ပါတယ်။ တစ်လက်စထဲ ကားပါမစ်ကိစ္စ ကိုလုပ်ဖို့အတွက် မြန်မာပြည်ပြန်တာဆိုတာဆိုတော့ ပြန်ဖို့စီစဉ်တာကစလို့ကြုံတွေ့သမျှ တွေနဲ့ မြန်မာသံရုံးမှာ အခွန်ဆောင်တာကိုလဲထည့်ရေးထားဖြစ်ပါတယ်။ အမြဲပြောနေကျအတိုင်းပဲ ကျနော်နိုင်ငံရေးသမားတစ်ယောက် မဟုတ်သလို နိုင်ငံရေးကိုလဲစိတ်ဝင်တစားမရှိလှသလောက်ဖြစ်ပေမယ့် ဒီပိုစ့်မှာတော့ နိုင်ငံရေးနဲ့ပတ်သတ်တာလေးတွေနည်းနည်းပါးပါး တော့ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှထိခိုက်နစ်နာစေလို သောသဘောမဟုတ်ပါဘူးဆိုတာ ကြိုပြောပါရစေ။ ဒီပိုစ့်ကို
အခကြေးငွေဖြစ်သော်လည်းကောင်း၊ အခမဲ့သော်လည်ကောင်း ပုံနိုပ်ဖော်ပြသည့်မည်သည့် media တွင်မှသုံးစွဲခြင်းမပြုပါရန်မေတ္တာရပ်
ခံပါသည်။ Internet Website များနှင့် facebook တွင် ခွင့်ပြုချက်တောင်းခံစရာမလိုပဲ blog မှတဆင့် share နိုင်ပါကြောင်းအသိပေး အပ်ပါသည်။
ကျနော်တို့ အမိမြန်မာနိုင်ငံတော်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ကနေ ၂၀၁၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့က နိုင်ငံရပ်ခြားမှာ
အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများ ၏ အခွန်ဆောင်ပြီးသောရရှိတဲ့ဝင်ငွေမှ မော်တော်ယာဉ်များတင်သွင်းခွင့်ပြုမယ်ဆိုတဲ့
အကြောင်း သတင်းစာများမှထုတ်ပြန်ကြေငြာပြီးတာနဲ့ တပြိုင်နက်ပဲ ကမ္ဘာကိုရွာလို့တင်စားခေါ်ဝေါ်ရတဲ့ ခေတ်ကာလကြီးမှာ အချိန်နဲ့
တပြေးညီပဲ facebook ပေါ်မှာ တဆင့်သတင်းတွေချက်ချင်း ရရှိခဲ့ပါတယ်။ သိလျှင်သိချင်း တော့ သိပ်စိတ်ဝင်တစားမရှိလှပါဘူး။ တနေ
ကုန်ရုံးမှာထိုင်နေပေမယ့် အဲ့ဒီကားပါမစ်ကိစ္စကို မတွေးမိပဲ ညဖက်အိမ်အပြန် လမ်းရောက်မှကားပါမစ်ရရင်ရောင်းစားလို့ရတာပေါ့လို့
ဆိုပြီး နည်းနည်းစိတ်ဝင်စားသွားပါတယ်။ ဒါကြောင့်ပဲ နီးစပ်ရာတွေကိုမေးမြန်းစုံစမ်းကြည့်တော့ ကားပါမစ်တစ်စောင်ကိုပဲ မြန်မာကျပ်ငွေ
သိန်း ၁၀၀ က နေ ၁၅၀ ကြားဖြစ်တာဆိုတော့ မဆိုးဘူးဟဲ့ဆိုပြီး နောက်တစ်ရက်မှာ ရန်ကုန်ကိုရောက်နေတဲ့ အမေကိုလှန်းပြောပါတယ်။
ကြေငြာချက်ထဲမှာပါတဲ့အတိုင်း အခွန်ကြေပြီးသားဖြစ်ရမယ်ဆိုတော့ ပထမဆုံး ကျန်နေတဲ့ အခွန်တော်တွေကို ဆောင်ဖို့လုပ်ရမယ်ဆို
တော့ ရုံးမှာ အခွန်ဆောင်ဖို့တွက်ချက် လိုအပ်တဲ့ငွေကြေးကိုဘယ်လိုရှာရမယ် ဘယ်လိုလှည့်ပတ်သုံးစွဲရမယ်ဆိုတာတွေကို တနေကုန်
ရုံးအလုပ်မလုပ်ပဲ ကိုယ်ကိစ္စတွေကိုယ်လုပ်လိုက်တယ်။
အဆင့် (၁) မြန်မာသံရုံးသို့
နောက်တစ်နေ့တော့ မြန်မာသံရုံးကို မနက်စောစောထပြီး ၈ နာရီလောက်ရောက်အောင်သွားလိုက်ပေမယ့် ဟိုးအရင်လွန်ခဲ့တဲ့ ၄ နှစ်
လောက်ကပုံစံမဟုတ်တော့ပဲ အတော်ကြီးကိုတိုးတက်ပြောင်းလဲလာတယ်လို့ပြောရမှာပါ။ အခွန်ဆောင်မယ့်သူ၊ စာအုပ်သတ်တမ်းတိုး၊
ထောက်ခံစာယူစတဲ့ ကောင်စစ်ရေးရာလုပ်ဆောင်ချက်တွေလာလုပ်ကြတဲ့သူတွေအတွက် နားနေဆောင်သီးသန့်ထားရှိထားပေးပြီး၊
ခုနကပြောတဲ့ ကောင်စစ်ရေးရာတွေလုပ်ဖို့အတွက် step by step ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းပြထားတဲ့ကြော်ငြာတွေကိုကပ်ထား
ပေးပါတယ်။ နားနေဆောင်ထဲမှာလဲ ၃၂ လက်မ LCD (LED လဲဖြစ်ချင်ဖြစ်မှာပေါ့) တီဗွီကြီး ၂ လုံးနဲ့လဲ Q နံပါတ်ဖော်ပြပေးသလို သတင်း
နဲ့မြန်မာကားလဲ ပြသပြီးစောင့်နေတဲ့အချိန်တွေမှာအပျင်းပြေစေပါသေးတယ်။ သက်ဆိုင်ရာစာရွက်စာတမ်းတွေဖြည့်ဖို့ စားပွဲနဲ့ ထိုင်ခုံ
တွေ၊ မတ်တတ်ရပ်ပြီးဖြည့်ဖို့နေရာတွေ၊ သောက်ရေအတွက် တခါသုံးခွက်ပါအဆင်သင့်နဲ့ရေသန့်ရေပူရေအေးစက်တွေ၊ ပျင်းရင်ဖတ်ဖို့ စာအုပ်စင် စတာတွေကို အစီအစဉ်တကျတွေ့ရလို့ ဝမ်းသာမိတာအမှန်ပါ။ ဘယ်သူ့လမ်းညွှန်မှုနဲ့လုပ်ဆောင်ခဲ့တယ်ဆိုတာမသိပေမယ့် အခုလိုအဆင်ပြေပြေလေးနေဖို့ထိုင်ဖို့ စီစဉ်ပေးထားတာတွေကိုတော့ ကျေးဇူးတင်မိပါတယ်။
နံနက် ၉ နာရီ တိတိမှာ Q နံပါတ်စပေးမယ်ဆိုတော့ ၈ နာရီ ၄၅ လောက်မှာ နံပါတ်ပေးမယ့်ပြူတင်းပေါက်ကောင်တာရှေ့မှာ မြန်မာပီပီ
ကိုယ်ရှေ့ဆုံးကရောက်ရေးအတွက် နေရာဦးဖို့လုပ်နေကြတော့ လုံခြုံရေးကုလားကြီးက ၉ နာရီမှ တန်းစီကြဖို့ပြောပြီးပြန်ထိုင်ခိုင်းနေရ
တယ်။ ၉ နာရီထိုးခါနီးမှာတော့ လူတိုင်းတန်းစီနေကြပြီး သံရုံးဝန်ထမ်း က တံခါးဖွင့်ပြီး Q နံပါတ်မှာကိုစောင့်ကြပါတော့တယ်။ ၉ နာရီ ၁၀
လောက်မှာတော့ တံခါးဖွင့်ပြီး ဗီဇာလာလျှောက်တဲ့သူတွေအတွက် တဖက်လိုင်းမှာတန်းစီနေတဲ့ သူတွေကိုစပေးပါတယ်။ ကျနော်ကတော့
ရှေ့ဆုံးကစရီရင် ၁၄ ယောက်မြောက်မှာရှိနေပေမယ့် ပွဲစား (၂) ယောက်ကကြိုစီပေးထားတဲ့နေရာမှာ လူ ၄ ယောက်လောက် ကိုယ့်ရှေ့ က ဝင်လာတော့ နံပါတ် ၁၈ လောက်ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာ ပြောချင်တာက ကြိုစီပေးထားတာကိုကျနော်လက်ခံပါတယ်။
သို့သော် (၁) ယောက်ကြိုစီရင် (၁) ယောက်ပဲ replace လုပ်သင့်တာပေါ့ဗျာ။ (၁) ယောက်က စီပေးထားပြီး (၂) ယောက်လောက်ဝင်တာ
ဆိုတော့ နောက်ကတန်းစီနေတဲ့သူတွေကို မတရားရာကျပါတယ်။ ဒါပေမယ့်လဲ မြန်မာလူမျိုးပီပီ အားနာသည်းခံနေလိုက်ပေမယ့် စိတ်ထဲ
မှာတော့ တွေးထားမိတယ် နောက်ထပ် တစ်ယောက်လောက်ရှေ့ကပွဲစားထပ်သွင်းရင်တော့ ပြောမယ်ပေါ့။
Q နံပါတ်ရပြီးတော့ ပေးလိုက်တဲ့ form မှာ ဖြည့်စရာဖြည့်ပြီးကိုယ့်နံပါတ်ခေါ်တဲ့စီကိုစောင့်ပြီး နံပါတ်ခေါ်ခါနီးတော့ ကောင်တာတွေထားတဲ့
ခန်းမထဲဝင်ပြီး ကြိုတင်တန်းစီစောင့်နေလိုက်တယ်။ ကိုယ်နံပါတ်ကို display မှာအပေါ်ကိုယ်လဲ ကောင်တာရှေ့ရောက်ကွက်တိပဲပေါ့။
ပထမကောင်တာမှာ ပါတ်စ်ပို့စာအုပ်နဲ့ အရင်ကဆောင်ထားတဲ့အခွန်စာရွက်တွေကို အရာရှိတစ်ယောက်ကကြည့်ပါတယ်။ ကျနော့်အခွန်
ဆောင်ထားတာမှာ ရန်ကုန်မှာပြန်ဆောင်ထားတာရှိလို့ ဘယ်လိုသွားဆောင်ထားလဲမေးတော့ ရန်ကုန်အလည်ပြန်ရင်းနဲ့ စာအုပ်သက်
တမ်းတိုးရင်းဆောင်ထားပါတယ်ဆိုတော့ ရပါတယ်တဲ့။ နောက်မှသိရတာက ရန်ကုန်ကို လူကြုံနဲ့လှမ်းပို့ပြီး ဆောင်ရင်မရဘူး၊ လက်မခံပါ
ဘူးတဲ့၊ သူတို့ဘယ်လိုသိမလဲတော့ ကျနော်လဲ မသိဘူးဗျာ။ ဒီကောင်တာက အိုကေ ဆိုတော့ နောက်ကောင်တာမှာ ကျနော့်စာရွက်တွေ
စာအုပ်ပါယူပြီး data တွေ သွင်းတာတွေ့ပါတယ်။ အဲ့ဒီနောက်တော့ အခွန်တွက်ချက်ဖို့အတွက် ကောင်တာကနံပါတ်ခေါ်တာကို စောင့်ရ
ပါတယ်။ အခွန်တွက်တဲ့ကောင်တာကထိုင်တဲ့ အရာရှိအမျိုးသမီးငယ်ငယ် က ကောင်တာအောက်ဖက်မှာရောက်နေပြီး မှန်ကခံနေတဲ့
အတွက်စကားပြောရတာ နည်းနည်းခက်ပါတယ်။ သူ့ကိုအခွန်ဆောင်ထားတဲ့စာရွက်တွေပြတော့ အခွန်ဆောင်ဖို့ကျန်နေတဲ့ဘယ်ကာလ
တွေကိုဆောင်ရမယ်၊ ရန်ကုန်မှာဆောင်ခဲ့တဲ့ တစ်လ (၄၀) အတွက် ပီအာဆိုရင် (၁၂၀) ပြည့်အောင် (၈၀) ကွာခြားခွန်၊ Spass ဆိုရင်
နောက်ထပ် (၄၀)ကွာခြားခွန်ဆိုပြီး ကောက်ရပါမယ်ဆိုတော့ ဟုတ်ကဲ့ပါပေါ့။ ကျနော့်မှာလဲ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာပြည်ပြန်နေထား
တာတွေ၊ အလုပ်မရခင်စပ်ကြားကာလတွေရှိပါတယ်ဆိုတော့ ကြည့်ပေးပါမယ်တဲ့။ ကြိုတင်ပြင်ဆင်လာတဲ့ CPF Statement တွေကို
yearly အပြင် up to date ပြပါသော်လည်း CPF Online ပေါ်မှာကြည့်မယ်ဆိုပြီး ကောင်တာခုံပေါ်အစဉ်သင့်တင်ထားတဲ့ PC တစ်လုံးကို
ဖွင့်ပါတယ်။ အဲ့ဒီနေရာမှာပြောချင်တာက CPF Account ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် Private ပါ။ စင်္ကာပူနိုင်ငံပြည်တွင်းမှ ဘဏ်များ
ကနေ တစ်စုံတစ်ခုအတွက်လိုအပ်လို့ CPF Statement တွေကိုကြည့်ချင်ရင် သူတို့ရဲ့ secure site တွေကတဆင့်သော်လည်းကောင်း၊
print ထုတ်ပေးတဲ့ CPF Statement ကိုလည်းကောင်း တင်ပြလို့ရပါတယ်။ CPF Statement ကို အခုလိုနည်းပညာ ခေတ်ကြီးမှာ
အတုလုပ်လို့မရဘူးလို့တော့ မပြောလိုပေမယ့် တော်ရုံတော့ အတုမလုပ်ကောင်းဘူးထင်ပါရဲ့။ အခုတော့ လူတွေကြားထဲမှာ ကိုယ့် CPF
Account ကို SingPass နဲ့ဝင်ပြပြီး သူမကြည့်ချင်တဲ့ statement တွေကိုဖွင့်ပြခိုင်းပါတယ်။ ကိုယ့် account ကိုလူတွေမြင်တော့ ဘာဖြစ်
သလဲ အသားပဲ့ပါသွားတာမှတ်လို့ လို့ စောဒကတက်လို့ရပေမယ့် ဒီဟာက private and confidential ဖြစ်တဲ့အတွက် အဖြစ်သင့်တာ ကိုကြုံလို့ရေးဖြစ်လိုက်တာပါ။
သို့သော်လည်းပဲ အခွန်စစ်ပေးတဲ့ အရာရှိအမျိုးသမီးက သူမတက်နိုင်သလောက်အခွန်ကို လျှော့ပေါ့လုပ်ဆောင်ပေးပါတယ်။ ၂၀၀၉ ခုနှစ်
အတွင်းမှာ ကျနော်ပီအာဖြစ်လာပြီးတဲ့နောက် မြန်မာပြည်ပြန်နေတာတွေ စင်္ကာပူပြန်လာတော့ စီးပွားပျက်ကပ်ကြောင့်အလုပ်ရှာမရလို့
အလုပ်လက်မဲ့နေခဲ့ရတဲ့ကာလ၊ ရရာအလုပ်လုပ်ဖြစ်လိုက်တဲ့ ချန်ဂီလေဆိပ်ကအလုပ်မှာ လုပ်ခဲ့တဲ့ကာလမှာ လစာအဝင်နည်းနေတာတွေ
ကို CPF မှာတွေ့တဲ့အတွက် ၂၀၀၉ ခုနှစ်မှာ ၁၀ လစာလောက်အခွန်ဆောင်စရာမလိုလိုက်ပါဘူး။ ဒီအတွက်တော့ ကျေးဇူးတင်စရာပါပဲ။
အရင်ကကျန်ခဲ့တဲ့အခွန်တွေ၊ မြန်မာပြည်မှာ ပြန်ဆောင်ထားတဲ့အတွက် ကွာခြားခွန်တွေနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိအခွန်အကုန်ကျေ
အောင်ဆောင်လိုက်တာ စင်္ကာပူ ၃၀၀၀ ကျော်လောက်တော့ထွက်သွားပါတယ်။ ၂၀၁၂ ကစပြီး နိုင်ငံတော်ရဲ့စေတနာကြောင့်အခွန်ကင်း
လွှတ်ခွင့်ပြုလိုက်တယ်ဆိုတော့ ကျနော့်မှာ အစိုးရနဲ့ပတ်သတ်ပြီးဘာအကြွေးမှမကျန်တော့ပါဘူး။ အခွန်ဆောင်ငွေသွင်းဖို့အတွက်
ဘားကုဒ်ပါတဲ့ လက်ခံဖြတ်ပိုင်းလေးတစ်ခုပေးပြီး ညနေ ၃ နာရီမှာပြန်လာပါဆိုတော့ ဘာမှလုပ်စရာမရှိတော့တဲ့အတွက်အိမ်ပြန်ပြီး နားနေ
လိုက်တယ်။ နေ့လည် ၂ နာရီခွဲလောက်မှာတော့ သံရုံးကိုပြန်သွားပြီး ထိုင်စောင့်နေတော့ ၃ နာရီခွဲမှာ လူနာမည်တွေကို နားနေဆောင်
အသံချဲ့စက်ကနေတဆင့်ခေါ်ပါတယ်။ ဒီလိုခေါ်ရာမှာလဲ မနက်ကစီထားတဲ့ Q နံပါတ်အတိုင်းခေါ်တာ သတိထားမိပါတယ်။ ကိုယ့်နာမည်
ခေါ်တဲ့အခါ ကောင်တာကိုသွားကျသင့်တဲ့ အခွန်ငွေပေးပြီးမှာတော့ ကျနော့်ကိစ္စ အကုန်ပြီးလို့ အခွန်ကြေစာရွက်လေးကိုင်ပြီးသံရုံးကနေ ပေါ့ပေါ့ပါးပါးထွက်လာဖြစ်ပါတယ်။
ရန်ကုန်သို့ အမြန်
ဒီ ၂၀၁၂ အတွင်းရန်ကုန်ကိုပြန်ဖို့ ခရီးစဉ်စီစဉ်ထားတာ မရှိဖူးလို့ ခဏခဏ ပြောဖြစ်လို့ထင်ပါရဲ့ ဒီကားပါမစ်ကိစ္စ အတွက် ရန်ကုန်ကို
အလျှင်အမြန်ပြန်ဖို့ စီစဉ်ဖြစ်ပါတယ်။ သိတဲ့အတိုင်း တရုတ်နှစ်ကူးကာလဖြစ်နေတာကြောင့် လေကြောင်းလိုင်းတွေအကုန်ကြပ်ပြီး ဈေး
အမြင့်တွေကြီးပဲဖြစ်နေတာပါ။ တိုက်ရိုက်လေကြောင်းတွေဖြစ်တဲ့ Silk Air ကတော့ ၆၀၀ ကျော်အနားတောင်မကပ်နိုင်၊ Jet Star ကတော့
သူ့ထုံးစံအတိုင်းသွားမယ့်ရက်နီးလေဈေးကြီးလေဖြစ်တဲ့အတွက် ၇၀၀ နားကပ်နေ၊ နောက်ဆုံး ရွေးချယ်စရာမရှိတဲ့နောက် MAI ကိုကြည့်
တော့ ၄၅၇ တဲ့။ အခြားလေကြောင်းလိုင်းတွေကို online ကပဲဝယ်လေ့ရှိပေမယ့် MAI ကိုတော့ တခါမှ online ကမဝယ်ဖြစ်တော့ မရဖူး လို့ပဲထင်နေတာ၊ အိမ်မှာတူတူနေတဲ့ တစ်ယောက်က MAI ကိုonline ကဝယ်ထားတယ်ဆိုတော့ဒီတခါစမ်းကြည့်မှပဲဆိုပြီးလုပ်ကြည့်တော့
မဆိုးဘူးဗျ၊ အခြား Airline ကြီးတွေလိုတော့မဟုတ်ပေမယ့် အရင်ကထက်စာရင် အများကြီးတိုးတက်လာတယ်ပြောရမှာပါ။ သို့သော်
MAI ရဲ့ fare ကိုကြည့်ထားပြီး မဝယ်ဖြစ်သေးပါဘူး။ ဘန်ကောက်တစ်ဆင့်ခံ၊ ကွာလာလမ်ပူ တစ်ဆင့်ခံပျံသန်းမှုတွေကိုလိုက်ကြည့်ဖြစ်
သေးပါတယ်။ ဈေးကမကွာဘူး ဆိုရင် MAI ကို မရွေးချယ်ချင်တာကျနော့်ဆန္ဒပါပဲ။ နောက်ဆုံးမှာတော့ ရှာဖွေလို့ရသမျှလေကြောင်းတွေ
မှာ MAI ကဈေးအသက်သာဆုံးဖြစ်နေတော့ သူ့ကိုပဲ online ကတဆင့်ဝယ်ယူဖြစ်လိုက်ပါတယ်။ online transation ဟာ တခြားလိုင်း
တွေမှာ ဝယ်သလိုပဲ ချောမွေ့မြန်ဆန်ပါတယ်။ e-ticket ကိုလဲ ငွေပေးချေပြီးပြီးချင်းပဲ မိနစ်ပိုင်းအတွင်းပြန်ရပါတယ်။ ဒီအတွက်တော့
MAI ကို အရင်ကထက်ပိုပြီး အထင်ကြီးမိပါရဲ့။ ဇန်နဝါရီလ (၉) ရက်နေ့မှာ အခွန်ဆောင်တဲ့ကိစ္စ ပြီး၊ (၁၀ နဲ့ ၁၁) မှာ ရုံးမှာလုပ်စရာရှိတာ
လေးတွေလုပ်၊ (၁၂) ရက်နေ့နေ့လည်အထိရုံးတက်ပြီး၊ ညနေ MAI လေကြောင်းနဲ့ ရန်ကုန်ပြန်လာဖြစ်ပါတယ်။
၁၂ ရက်နေညနေ ၇ နာရီ ၄၀ မိနစ် မှာထွက်မှာဆိုတော့ ချန်ဂီကို နေတဲ့ Commonwealth ကနေရထားပဲစီးသွားဖြစ်ပါတယ်။ ရန်ကုန်ပြန်
ရင်သိတဲ့အတိုင်း ဟိုဟာထည့်ဒီဟာထည့်နဲ့ luggage က ၂ လုံးဖြစ်သွားတော့ ရထားဘူတာကို အိမ်မှာနေတဲ့ ညီလေး စံလင်းကိုဘူတာ
လိုက်ပို့ပေးဖို့အကူအညီတောင်းရတယ်။ လေဆိပ်ရောက်တော့ T3 Mall မှာဝယ်စရာတွေဝယ်ခြမ်းပြီး MAI ကောင်တာကိုတန်းစီတော့
မယုံနိုင်စရာကောင်းအောင်တန်းရှည်ပြီး ကောင်တာကိုရောက်ဖို့ နာရီဝက်ကျော်လောက်တန်းစီလိုက်ရပါတယ်။ checked baggage က
ကီလို ၂၀ ပဲရပေမယ့် ချိန်လိုက်တော့ ၂၄ကီလိုရှိနေသော်လည်း ကောင်တာဝန်ထမ်းက သဘောကောင်းစွာလွှတ်ပေးလိုက်ပါတယ်။
ကိုယ့်ဟာကိုယ်တောင်အဲ့လောက်ပိုနေတာ အနောက်ကတန်းစီနေတဲ့ အမျိုးသမီးကြီးတစ်ယောက်က ကီလိုပိုရင်ပိုချိန်ရအောင်ဆိုပြီး အဖော်ကစပ်နေသေးတာ။ တန်းစီနေတုံး လေဆိပ်ဝင်ပေါက်လုံခြုံရေးကနေ ကောင်တာကိုပြန်ပြန်ခေါ်လာတဲ့ ခရီးသည်တွေတွေ့တော့
ဘာကြောင့်လဲလို့ စပ်စုလိုက်တာ ထုံးစံအတိုင်း hand carry bag ကိုကောင်တာမှမပြပဲ တစ်နေရာမှာထား အထဲဝင်ခါနီးမှယူပြီးဝင်တဲ့သူ၊
hand carry ကို ၁ ခုမက ၂ခု ၃ ခုတစ်ကိုယ်လုံးရှုပ်ယှက်ခပ်နေသူများ ကို ဝင်ပေါက်မှာ boarding pass စစ်တဲ့ လေဆိပ်လုံခြုံရေးကနေ
ရန်ကုန်ကိုသွားမယ့် MAI ခရီးသည်လို့ boarding pass မှာတွေ့ရရင် hand carry မှာ ချိတ်ပေးလိုက်တဲ့ tag (sticker) ကို ရှာကြည့် ပါတယ်။ အဲ့တာမတွေ့ရင် ပေးမဝင်ပဲ ကောင်တာကိုပြန်သွားခိုင်းတာတို့ လိုက်ပို့တာတို့လုပ်ပါတယ်။ MAI ခမျာမှာလဲ ခံရပါများလာတဲ့
အတွက်အခုလိုကြပ်ကြပ်မတ်မတ်လုပ်ဆောင်လာတာလို့ မြင်ပါတယ်။ ဒီနေရာမှာလဲ လေကြောင်းလိုင်းတိုင်းရဲ့ Economy Class ဟာ
ခရီးသည်တစ်ယောက်အတွက် hand carry ကိုတစ်ခုသာယူဆောင်ခွင့်ပေးပါတယ်။ ကင်မရာ၊ မိန်းမကိုင် လက်ဆွဲလက်ကိုင်အိတ်၊ လွယ်
အိတ်အသေးလိုမျိုးကိုတော့ ထည့်မတွက်ကြပါဘူး။ ကျနော်တို့ မြန်မာပြည်သွားမြန်မာခရီးသည်များကတော့ လက်ဆွဲလက်ကိုင်အိတ်လဲ
ပါတယ်၊ hand carry လက်ဆွဲသေတ္တာလဲပါတယ်၊ တချို့များ ကျောပိုးအိတ်မှာအပြည့်အသိပ်ထည့်ထားတာတွေလဲပါပါသေးတယ်။
ဒီတော့ လေကြောင်းလိုင်းအနေနဲ့ အခုလိုကြပ်မတ်လာရတာကိုအပြစ်ပြောလို့တော့မရပဲ ကျနော့်အနေနဲ့ ထောက်ခံပါတယ်။ ဟိုးအရင်
ကရေးခဲ့တဲ့ လေကြောင်းလိုင်းနဲ့ပတ်သတ်တဲ့ ပိုစ့်တွေမှာရေးခဲ့သလိုပဲ လူတစ်ယောက်အတွက် hand carry (7) ကီလိုသတ်မှတ်ထားပေ
မယ့် လူတစ်ယောက်ကို (၅)ကီလိုလောက်ပိုသယ်လာကြရင် အယောက် (၁၄၀)ပါ ခရီးသည်အပြည့်လေယာဉ်တစ်စင်းမှာ ကီလို ၇၀၀
လောက်ပိုထွက်လာပါတယ်။ ဒါ့အပြင် check in luggage တွေမှာ ပိုလာတဲ့ အလေးချိန်တွေပါထပ်ထည့်လိုက်ရင် အနည်းဆုံး ကီလို ၁၀၀၀
ကတော့ ပိုကျော်လာနိုင်ပါတယ်။ ဒီအလေးချိန်တွေဟာ လေယာဉ်ပျံသန်းဖို့ တွက်ချက်တဲ့ဟာကို ပြောင်းလဲစေနိုင်ပါတယ်။ တစ်လက်စ
ထဲကြုံလို့ပြောရရင် ခရီးသည်တွေရဲ့ လက်ကိုင်ဖုံးတွေကို လေယာဉ်ပြေးလမ်းပေါ်ဆင်းပြီးတာနဲ့ ဖွင့်ကြတဲ့ကိစ္စပါ။ ကျနော်ကပိုင်းလော့
တစ်ယောက်မဟုတ်ပေမယ့် သိသလောက်ပြောရရင် ပြေးလမ်းပေါ်ဆင်းပြီးပေမယ့် လေကြောင်းထိန်းမျှော်စင်ကနေတဆင့် လေယာဉ်ကို
အဆင်ပြေချောမွေ့စွာဆိုက်ကပ်နိုင်ဖို့ လမ်းညွှန်မှုတွေလုပ်ရပါသေးတယ်။ ခရီးသည်တွေက လက်ကိုင်ဖုံးတွေကိုဖွင့်ကြတဲ့အခါမှာ တော့
မျှော်စင်ကနေလေယာဉ်ကိုပေးပို့တဲ့ navigation system ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်ကျနော့် ညီအကိုမောင်နှမများ
လက်ကိုင်ဖုံးဖွင့်ချင်တယ်ဆိုရင် လေယာဉ်ပျံ ဂိတ်မှာဆိုက်မှသာဖွင့်ကြဖို့ ကိုယ်တစ်ယောက်ထဲအတွက်မဟုတ်ပဲ လေယာဉ်ပေါ်ပါတဲ့လူ
တိုင်းအတွက်တိုက်တွန်းလိုပါတယ်။
မြန်မာနိုင်ငံအလံတင် နိုင်ငံပိုင်လေကြောင်းကို ဒုတိယအကြိမ်မြောက်စီးဖူးခြင်းကတော့ ကျနော့်အတွက်အထင်ကြီးစရာ တစ်စက်မှဖြစ်
မလာရပါဘူး။ ညစာအဖြစ်တည်ခင်းကျွေးမွေးတဲ့အခါ ရွေးချယ်စရာ ၂ မျိုးအဖြစ် အုန်းထမင်းနဲ့ကြက်သား နဲ့ ခေါက်ဆွဲနဲ့ငါးပါ။ Crew က
အုန်းထမင်းလို့ပြောတော့ ရုတ်တရက် မြန်မာစာစားချင်တဲ့အာသီသဖြစ်ပြီး အုန်းထမင်းစားမယ်ပြောလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့
Nasi Lamek ဖြစ်နေပါရောလား။ သူ့ကိုလဲအပြစ်ပြောလို့မရပါဘူး။ တကယ်တော့ Nasi Lamek ဟာ အုန်းထမင်းမှတ်လား။ ခက်တာက
ကောင်းရင်တော်သေးရဲ့ ရပ်ကွက်ထဲကဈေးထဲမှာရောင်းတဲ့ Nasi Lamek ကမှသူ့ထက်အများကြီးသာပါအုံးမယ်။ ကျနော်ပဲကံဆိုးတာလား
မသိဘူး၊ ကျနော့်အတွက် ကြက်သားက တူးနေပါသေးတယ်။ Crew တွေရဲ့စကားပြောဟန်၊ ဝန်ဆောင်မှုပေးဟန်က စက်ရုပ်တအားဆန်
ပါတယ်။ ရန်ကုန်ကို ပျံသန်းနေစဉ်အတွင်း ထုံးစံအရလေယာဉ်မှူးက နှုတ်ဆက်စကားပြောပြီး လေယာဉ်ပျံသန်းမှုလမ်းကြောင်းကိုရှင်းပြ
လေ့ရှိပေမယ့် စင်္ကာပူ - ရန်ကုန် ခရီးမှာ လေယာဉ်မှူးစီကဘာမှမကြားရပါဘူး။ ရန်ကုန်ရောက်ခါနီးမှ ရန်ကုန်ကိုဆင်းတော့မယ်နဲ့အတူ
ပြင်ပရာသီဥတု ဘာညာနည်းနည်းလေးပဲပြောသွားပါတယ်။ ရန်ကုန်ကိုတော့ ချန်ဂီလို Air traffic မိမနေပဲ တိုက်ရိုက်ဆင်းသက်ဖြစ်ပါ
တယ်။
အဆင့် (၂) အကောက်ခွန်သို့ နိုင်ငံခြားငွေ ယူဆောင်လာသောပမာဏတင်ပြရန်
လေဆိပ်ထဲရောက်တော့ လဝက ကောင်တာတွေ က အရင်ကထက်တော့ပိုများနေတာသတိထားမိပါတယ်။ အခွန်အပြည့်အဝဆောင်ထား
ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ပြပေးလိုက်တဲ့အတွက် အပြန်အတွက် d-form လုပ်စရာမလိုတော့ပါဘူး။ လဝက ကလဲ မလိုအပ်
တဲ့မေးခွန်းတွေမေးမြန်းခြင်း၊ ဟိုဟာဒီဟာများတောင်းခြင်းတွေလဲ မလုပ်ပါပဲအေးအေးဆေးဆေးပါပဲ။ နောက်ထူးထူးခြားခြား တိုးတက် လာတာက checked baggage တွေဟာအရင်လိုကြာမနေပဲ အမြန်ထွက်လာပါလားဆိုတော့မှာ ကျနော်တို့ချန်ဂီတို့အခြားနိုင်ငံတကာ လေဆိပ်ကြီးတွေမှာလို Custom နေရာမှာ X-Ray စက်ကြီးတွေချထားပြီး ပစ္စည်းတွေကိုစစ်ပါတယ်။ တကယ်တော့အဲ့လိုဖြစ်သင့်နေခဲ့တာ အတော်ကိုကြာနေပါပြီ။ အရင်ကတော့ စက်ကိုအထဲမှာထား တစ်ခုခုကိုကြက်ခြေခတ်ခြစ်နဲ့ဆိုတော့ မြင်မကောင်းတဲ့အပြင်မလိုလားအပ် တဲ့အချိန်တွေကိုပိုကြာစေပါတယ်။ ကားပါမစ်အတွက် ငွေစာရင်းဖွင့်ဖို့အတွက် ပြည်ပကနေ အမေရိကန်ဒေါ်လာယူလာတဲ့သူများအနေနဲ့
တော့ လေဆိပ်အထွက် အကောက်ခွန်ကောင်တာ အေကောက်ခွန်ကြော်ငြာရန်ပါရှိသည်ဆိုတဲ့ အနီရောင်လိုင်းကကောင်တာမှာ တန်းစီ
ဖို့လိုပါတယ်။ လေယာဉ်ပေါ်မှာထဲကပေးလိုက်တဲ့ အကောက်ခွန်ကြော်ငြာလွှာမှာ ယူဆောင်လာတဲ့ငွေကြေးပမာဏတန်ဖိုးအမှန်ကိုရေးဖို့
လိုပါတယ်။ ပြီးတော့ အကောက်ခွန်အရာရှိကပေးတဲ့ စာရွက်နောက်တစ်ခုမှာထပ်ဖြည့်ပြီး အရာရှိကနေငွေကို အကြမ်းစစ်ဆေးပါတယ်။
ဖော်ပြထားတဲ့ပမာဏဟုတ်မဟုတ် စစ်တဲ့သဘောပါ။ မသင်္ကာရင် တစ်ရွက်ချင်းရေပါတယ်။ ကားပါမစ်အတွက်သွားကြတဲ့ သူတွေအဖို့
ဒီကိစ္စဟာမဖြစ်မနေလိုပါတယ်။ (ဘာကြောင့်လိုတယ်ဆိုတာ နောက်ပိုင်းတွင်းရှင်းပြပါမည်)။ အရာရှိစီကနေစစ်ဆေးပြီးကြောင်းလက်မှတ်
ထိုးပြီးရင်တော့ ကိစ္စပြီးပါပြီ။ သူတို့ပေးလိုက်တဲ့စာရွက်ကိုယူပြီး အပြင်ကိုတန်းထွက်ရုံပါပဲ။ ဒီငွေတွေဘာကြောင့်ပါလာတာလဲ၊ ဘာအလုပ်
လုပ်တာလဲ စတဲ့မေးခွန်းတွေလဲ မမေးပါဘူး။ တကယ်လို့မေးခဲ့ရင်လဲ ကျနော်တို့သံရုံးမှာဆောင်ခဲ့တဲ့ အခွန်ပြေစာတွေပြလိုက်ရုံသာရှိပါ
တယ်။ အကောက်ခွန်ကောင်တာဟာဘာပြသနာမှမရှိပေမယ့် မြန်မာနိုင်ငံရဲ့ ဖြစ်နေကျပြသနာဖြစ်တဲ့ လူတွေကိုတန်းမစီခိုင်းပဲ ကြုံရာလက်
မြန်ရာလူရဲ့စာရွက်ကို process လုပ်ပေးနေတာပါပဲ။ တကယ်ဆိုရင် တစ်ယောက်ချင်းတန်းစီ စစ်စရာရှိတဲ့ငွေစစ်၊ လက်မှတ်ထိုးပေးလိုက်
ရင် အလုပ်လဲမြန်မယ် စေ့စပ်သေခြာမှုလဲရှိမှာအမှန်ပါပဲ။ ကျနော်တို့လို ပုံစံခွက်အတိုင်း အော်တိုမစ်တစ် တန်းစီကြတဲ့ စင်္ကာပူလိုနိုင်ငံက
လာတဲ့လူများနဲ့ မကိုက်လှပါဘူး။ ဒီငွေကိုဘာကြောင့်ပြရသလဲဆိုတော့ အလုပ်သမားရုံးက ဒုတိယညွှန်ချုပ်ရဲ့ပြောစကားအရတော့ ဒီငွေ
ဟာတရားဝင်လမ်းကြောင်းကလာတဲ့ ငွေဖြစ်ရပါမယ်တဲ့။ အဝင်မှာ အေကာက်ခွန်ကို ငွေပမာဏကြော်ငြာခဲ့ရပါမယ်လို့ဆိုလို့ပါ။ သူတို့
လိုအပ်တဲ့စာရွက်စာတမ်းစာရင်းမှာမပါပေမယ့် ခုတမျိုးတော်ကြာတမျိုးဖြစ်နေတော့ တကယ်တင်မယ်ဆိုမှ လိုတယ်ပြောမှာဆိုးလို့ပါ။
အဆင့် (၃) စာရွက်စာတမ်းများစုဆောင်းခြင်း
ဒီနေရာမှာတော့ ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တွေကိုပဲ ရေးသွားဖြစ်မှာပါ။ ဒီထဲကမှ လုပ်ရမယ့်အချက်အလက်တွေ၊ စုဆောင်းရမယ့် ဟာတွေ
ကိုပါထည့်သွင်းဖော်ပြပေးသွားပါမယ်။ ဇန်နဝါရီလ (၁၃) ရက်မှာ မဟာဗန္ဒုလပန်းခြံလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ MFTB လို့
ခေါ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုသွားပါတယ်။ ဘဏ်က မနက် ၉ နာရီခွဲမှာဖွင့်တာကြောင့် ၉ နာရီခွဲအရောက်သွားရင်အတော်
ပါပဲ။ ဘဏ်မှာ စုံစမ်းရေးကောင်တာရယ်လို့ သတ်သတ်မှတ်မှတ် ရှိပုံမရသလို ရှိရင်လဲဘာဆိုင်းဘုတ်မှထောင်ထားတာတွေ့ရမှာမဟုတ်
ပါဘူး။ အပေါက်ဝမှာ ဝင်ခွင့်ကဒ်ပြားကို မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်နဲ့လဲယူ၊ ယူလာတဲ့အိတ်တွေကို X-Ray စက်နဲ့အရှာခံ
ပြီးတဲ့နောက်မှာတော့ အကောင့်ဖွင့်ဖို့ ဟိုမေးဒီမြန်း နဲ့ Opening Section ကိုရောက်သွားပါတယ်။ အဲ့ဒီမှာရှိတဲ့ အမျိုးသမီးစာရေးမကြီး
က စာရင်းဖွင့်ဖို့လိုအပ်တဲ့ အောက်ပါစာရွက်စာတမ်းတွေနဲ့ ရေးရမယ့် လျှောက်လွှာပုံစံတွေကိုထုတ်ပေးပြီး မိတ္တူသွားကူးခိုင်းပါတယ်။
A. မိမိအလုပ် မှ Appointment Letter and Employment Contract. (Contract မရှိတဲ့သူများအတွက် အလုပ်မှ Offer Letter လဲရ)
B. မိမိ၏ သက်ဆိုင်ရာအလုပ် မှ ခွင့်စာ (leave form)
C. သက်ဆိုင်ရာ သံရုံးများကို အခွန်အပြေသွင်းပြီးကြောင်း ထောက်ခံစာ
D. Passport Copy
E. Myanmar NRIC Copy
F. MFTB Bank မှာ account ဖွင့်ထားသူ ၂ ဦး ရဲ့ထောက်ခံစာ နှင့် ၄င်းတို့၏ account စာအုပ် ကော်င်္ပီများ
G. ဓာတ်ပုံ passport size 2 ပုံ။
H. ပူးတွဲစာရင်း (Join Account) အတွက် ပူးတွဲမည့်သူ၏ မှတ်ပုံတင်မိတ္တူ နှင့် passport size ဓာတ်ပုံ (၂) ပုံ
I. ကိုယ်တိုင်ရေးရမည့်လျှောက်လွှာတစ်စောင်
မှတ်ချက်။ ။ ကားပါမစ်ကိစ္စအတွက် စာရင်းဖွင့်လိုသူများအနေဖြင့် Join Account ဖွင့်ရန်မဖြစ်မနေလိုပါသည်။ မိမိ ရန်ကုန်တွင် နေပြီး
ကားရောက်တဲ့အထိနေမယ်ဆိုရင်တော့ မလိုပါ။ Join Account ဖွင့်ရန်အတွက် မိမိ ၏ မိသားစုဝင်ဖြစ်ရပါမည်။
အဲ့ဒီစာရွက်စာတမ်းတွေရရင်ပြန်လာခဲ့ လို့ပြောပြီး ဒီအထဲမှာ သူတို့ဘဏ်မှာဖွင့်ထားတဲ့ စာရင်းပိုင်ရှင် ၂ ယောက်ဆိုတာတော့ နည်းနည်း
ခက်တယ်နော် လို့ သူမကပြောပါတယ်။ ဒါကို ကျနော်ကနားမလည်ပဲ သဘောရိုးပဲတွေး၊ စင်္ကာပူမှာနေတာကြာပြီဖြစ်တော့ ဒီလိုစာရွက်
စာတမ်းတွေလိုတယ်လို့ပြောလိုက်ရင် ဒါတွေကို အမှန်အတိုင်းမဖြစ်မနေရဖို့ပဲစိတ်ကူးရှိလို့ ဘာမှပြန်မပြောတော့ပဲ ဟုတ်ကဲ့ရအောင်
လုပ်ပါမယ်လို့ပြောပြီးထွက်လာခဲ့မိတယ်။ ကျနော့်စိတ်ထဲမှာတော့ အပြင်ကဆိုင်လေးတွေမှာများလုပ်လို့ရမယ်ပေါ့ ဘဏ်ကလူစီမှာတော့
မရလောက်ဖူးဆိုပြီး ပါလာတဲ့အမေကိုဆိုင်တွေလိုက်စုံစမ်းကြည့်ပါလားလို့မေးတော့ အမေလဲ စင်္ကာပူမှာနေတာကြာသွားလို့ထင်ပါရဲ့
မရလောက်ပါဘူး၊ အခုရန်ကုန်မှာ အမှန်အတိုင်းပဲရတယ်ဆိုပဲ။ အင်းဒါဆိုလဲပြီးတာပဲပေါ့ ဆိုပြီးသားအမိ ၂ ယောက် ဒီစာရင်းပိုင်ရှင် (၂)
ယောက်ကို အရှာထွက်ကြပါတယ်။ တစ်ယောက်ကိုတော့ ဦးလေး အရင်းစီကရပြီး နောက်တစ်ယောက်ကိုတော့ မိတ်ဆွေတစ်ယောက်စီ
ကနေရပါတယ်။ သောကြာဆိုတော့ ရုံးက Saturday Sunday ခံသွားပြီဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပဲ စုဆောင်းတင်္နလာမှပဲ
ဆက်လုပ်တော့မယ်ဆိုပြီး (၈) မိုင်ကပြည်ပအလုပ်သမားအေဂျင်စီကိုပြေးပါတယ်။ အဲ့ဒီကိုမရောက်ခင်မှာ အလုပ်သမားမှတ်ပုံတင်အတွက်
ဆိုပြီး ကန်တော်ကြီးကအလုပ်သမားမှတ်ပုံတင်ရုံးလဲရောက်တယ်၊ ရန်ကင်းကျောက်ကုန်း ကုန်းဆင်းက ပြည်ပအလုပ်သမားသင်တန်း
ကျောင်းကိုလဲရောက်ပါတယ်။ နောက်ဆုံး (၈)မိုင်ရုံးရောက်တော့မှပဲ ရှင်းသွားတော့တယ်။
(၈)မိုင်က ပြည်ပအလုပ်သမားအေဂျင်စီဆိုတာကတော့ တခြားရောက်ခဲ့သမျှရုံးတွေထဲမှာ စနစ်နည်းနည်းကျတယ်ပြောရမှာပါ။ ကားပါမစ်
အတွက်လျှောက်လွှာပုံစံကို ငွေကျပ် (၅၀၀) နဲ့ဝယ်ရပါတယ်။ ကားပါမစ်လျှောက်လွှာပုံစံနဲ့အလုပ်သမားမှတ်ပုံတင်ကြေးအတွက် ငွေပေး
သွင်းခွင့်လျှောက်လွှာတို့ပါ။ အဲ့ဒီကအလုပ်သမားမှတ်ပုံတင်ကြေးပေးသွင်းခွင့်လျှောက်လွှာမှာ လိုတာတွေဖြည့်၊ passport မိတ္တူနဲ့အတူ
အဲ့ဒီရုံးမှာ ရုံးထိုင်တဲ့ ဒုတိယညွှန်ကြားရေးမှူးချူပ်ရုံးခန်းမှာ သွားပြီး သူ့ကိုလတ်မှတ်ထိုးခိုင်းရပါတယ်။ မထိုးမီမှာတော့ ၄-၅ယောက်တတွဲ
ဝင်သွားကြရပြီး အရာရှိကြီးကလျှောက်လွှာတစ်ဦးချင်းစီကိုနာမည်ခေါ်ပြီး အခွန်အကြေဆောင်ပြီးပြီလား၊ ငွေကိုနိုင်ငံခြားကယူလာရင်
အကောက်ခွန်မှာ ကြေငြာလာခဲ့လား စတာတွေမေးပြီးတော့ သူကလတ်မှတ်ထိုး ပြီး စာရွက်ကိုပြန်ပေးပါတယ်။ အလုပ်သမားမှတ်ပုံတင်
ကြေး FEC 100 ကိုပေးမသွင်းမီ ဘဏ်နဲ့သေခြာမေးမြန်းဖို့၊ ဘဏ်စာရင်းဖွင့်ခွင့်ရမရ သေခြာမေးမြန်းဖို့နဲ့ တကယ်လို့ဘဏ်စာရင်းဖွင့်
ခွင့်မရခဲ့ရင် ဒီငွေ ၁၀၀ ဆုံးမှာဆိုတဲ့အကြောင်းလဲ သေခြာရှင်းပြပေးတာ ကျေးဇူးတင်ရမှာပါ။ တကယ်တော့ ကျနော်တို့လို အလုပ်သမား
အေဂျင်စီကနေတဆင့်မလာပဲ ကိုယ့်အစီအစဉ်နဲ့ပြည်ပထွက်အလုပ်လုပ်တဲ့သူတွေကို သူတို့အလုပ်သမားအေဂျင်စီကနေဘာကဒ်ပြားမှ
ထုတ်ပေးမှာမဟုတ်ပဲ မှတ်ပုံတင်ကြေးဆိုပြီး ငွေ ၁၀၀ သာယူလိုက်တာပါ။ သူတို့ပြောတဲ့အလုပ်သမားမှတ်ပုံတင်ကဒ်ပြားကိုလဲ လုပ်ခွင့်
မရပါဘူးတဲ့။ သူတို့အသိအမှတ်ပြုထားတဲ့ အလုပ်သမားပို့တဲ့ company တွေကမှတဆင့်လုပ်ပေးတာပါဆိုပြီး သိလိုက်ရပါသေးတယ်။
ခုနကပြောတဲ့ အလုပ်သမား မှတ်ပုံတင်ကြေး ငွေ ၁၀၀ ပေးဖို့လျှောက်လွှာရရင်တော့ စာရွက်စာတမ်းတွေစုံသလောက်ရှိသွားပါပြီ။
အဲ့ဒီလျှောက်လွှာကို MFTB ဘဏ်သွားတဲ့နေ့မှာယူသွားပြီး ဘဏ်မှာကိုယ်တကယ်စာရင်းဖွင့်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ငွေသွင်းလို့ရပါပြီ။
(၈)မိုင်က အဲ့ဒီရုံးကိုကျနော်ရောက်ခဲ့စဉ်ကတော့ အဲ့ဒီလျှောက်လွှာတွေလက်ခံဆောင်ရွက်ပေးတဲ့ ဝန်ထမ်းများက ဘဏ်နဲ့ပတ်သတ်တဲ့
စာရွက်စာတမ်းတွေ ဘယ်လိုတွေလိုတာလဲ ဆိုတာကိုသူတို့မသိလို့ကျနော့်အမေကရှင်းပြခဲ့ရပါသေးတယ်။ တကယ်ဆိုရင် သူတို့လို
ဒီကားပါစစ်ကိစ္စ ကိုဆောင်ရွက်ပေးရတဲ့ အစိုးရရုံးအနေနဲ့သိသင့်သိထိုက်တာတွေကိုတော့ သူတို့အနေနဲ့သိထားသင့်ပါတယ်။ ဌာနဆိုင်
ရာအချင်းချင်းလဲ ပူးပေါင်းပါဝင်ပြီးကူညီသင့်တဲ့ကိစ္စ တွေပါ။ အခုဟာကတော့ ဟိုရုံးပြေးဒီရုံးပြေးနဲ့ အချိန်ကုန်ပြီးလူတွေပင်ပန်းပါတယ်။
ကျနော်ရေးတဲ့ဒီ ပိုစ့်လေးဖတ်ပြီးတဲ့သူများသွားလုပ်ရင်တော့ ကျနော့်လိုအချိန်ကုန်၊ ငွေကုန် လူပင်ပန်းမဖြစ်တော့ဘူးပေါ့ဗျာ။ :D
အဆင့် (၄) ဘဏ်စာရင်းဖွင့်ခြင်း
ဇန်နဝါရီလ (၁၆) ရက်ကတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ယူပြီး ဘဏ်ရှေ့ကိုမနက် ၉ နာရီ ၂၀ လောက်မှာရောက်ပါတယ်။
Opeing Section ကိုပဲတန်းသွားပြီး စာရွက်တွေရပြီဆိုတဲ့အကြောင်းပြောပြီးပေးတော့ ဟိုနေ့ကရှင်းပြပေးတဲ့ ဝန်ထမ်းအမျိုးသမီးကြီးပဲ
စစ်ဆေးပေးပါတယ်။ အားလုံးစုံနေအောင်လုပ်ထားလို့ ဘာမှမပြောပဲ ဒီစာရွက်ထပ်ကြီးကို တဖက်အဆောက်အအုံမှာရှိတဲ့ ဦးဆောင်
ညွှန်ကြားရေးမှူး (MD) ရုံးထိုင်ရာနေရာကိုသွားပို့ရပါမယ်လို့ပြောပါတယ်။ ဒီတော့ ကျနော်ကအဲ့ဒီကပြီးရင်ရောဆိုတော့ မနက်ဖန် ၁၁
နာရီလောက်ပြန်လာခဲ့ပါတဲ့၊ MD လက်မှတ်ထိုးပြီးလို့ပြန်ကျလာရင် နောက်ထပ်ဖြည့်စရာစာရွက်စာတမ်းတွေကျန်သေးတယ်ဆိုတော့
ကျနော်ကဘယ်လောက်လောက်ကြာမှာလဲဆိုတော့ ၅ ရက်ကနေ ၁၀ ရက်လောက်ကြာမယ်တဲ့။ ဒါဘဏ်စာရင်းဖွင့်တာပါပဲနော်။ စာရင်း
ဖွင့်ခွင့်ပြုပြီးတဲ့နောက်မှာ အဆင့်တွေကျန်သေးတယ်တဲ့ ဘာအဆင့်တွေလဲတော့ အတိအကျမမေးလာခဲ့တော့ပါဘူး။ ကျနော်ကWednesday ကိုပြန်မယ်လို့ပြောတော့ ဒီလိုဆိုရင်ထိုးစရာရှိတဲ့လက်မှတ်တွေထိုးထားခဲ့ပြီး Join Account နဲ့ထားခဲ့ပါတဲ့။ နောက်တော့
နောက်နေ့လက်မှတ်တွေထိုးတဲ့နေရာမှာလဲ ပထမပိုင်းမှာလိုအပ်တဲ့ စာရင်းပိုင်ရှင် (၂) ယောက်ကိုလဲခေါ်လာခဲ့ပါအုံးတဲ့ ဒီမှာသူတို့လဲထိုး
ရအုံးမယ်တဲ့။ အယ် ဟိုနေ့ကအဲ့လိုမပြောလိုက်ပါဘူး၊ ကျနော့်အတွက်စာရင်းပိုင်ရှင် (၂) ယောက်ကလဲ ပြည်တွင်းမှာရှိမနေပါဘူး။ ဒီတော့
ကျနော်ကအဲ့လိုဆိုအဆင်မပြေဘူးဆိုတော့ သူမက လမ်းကြောင်းအမှန်ကိုပြောပြမယ် ဒီမှာစီစဉ်ပေးလိုက်မယ် စာရင်းပိုင်ရှင် ၁ ယောက်
ကို တစ်သောင်းခွဲ၊ ၂ ယောက်ဆိုတော့ သုံးသောင်း၊ ကျွန်မအတွက်မပါသေးဘူးတဲ့။ နောက်နေ့ MD ရုံးခန်းကနေလျှောက်လွှာခွင့်ပြုချက်
ကျရင် ထိုးစရာရှိတဲ့လက်မှတ်တွေထိုးခဲ့ပြီး နိုင်ငံခြားပြန်မှာဆိုတော့ မန်နေဂျာနဲ့ဝင်တွေ့ရမယ်၊မန်နေဂျာအတွက် ဒါးကြီးပါတိတ်တစ်ကွင်း
လောက်ယူခဲ့ပါတဲ့။ သောကြာနေ့ကထဲကအဲ့လိုပြောလိုက်ရင် ကျနော်လဲအချိန်ကုန်ခံပြီး အမှန်အကန်တွေလိုက်စုမနေတော့ဘူးပေါ့။ အခု
တော့ အချိန်တစ်ရက်ကုန်သွားတာပဲ အဖတ်တင်ပါတယ်။ ကျနော်လဲ ဒီလိုဆိုလဲ ပြီးရောပေါ့ အခုလျှောက်လွှာမှာ ထောက်ခံပေးတဲ့လူတွေ
နဲ့ နောက်နေ့ကျရင်လာပြီး လူကိုယ်တိုင်ထောက်ခံတဲ့သူမတူတော့ ဘယ်လိုလုပ်မလဲဆိုတော့ ရတယ်တဲ့ အခုလောလောဆယ် ဒီအတိုင်း
တင်လိုက်တဲ့။ ပြီးရောပေါ့ဆိုပြီး MD ရုံးပေါ်တက်ပြီး လျှောက်လွှာသွားပို့ပါတယ်။ လျှောက်လွှာမှာရေးရမယ့်ပုံစံကိုအောက်က Opeing
Section ကနေယူပြီးရေးသော်လည်းပဲ MD ရုံးခန်းရှေ့ကစာရေးက လျှောက်လွှာမှာ Company Name နဲ့ ရာထူးမပါလို့ပြန်ရိုက်ပါတဲ့။
ကျနော်ကအောက်ကရုံးခန်းက ရေးခိုင်းတဲ့အတိုင်းရေးတာပါဆိုတော့ တစ်ဘဏ်တစ်ဌာနထဲမှာတင်နော် မဟုတ်ဘူး သူပြောတဲ့အတိုင်းပြန်
ရိုက်ပေးပါတဲ့ မဟုတ်ရင်အဆင်မပြေနိုင်ဘူးတဲ့ဆိုတော့ ကျနော်လဲလက်လျှော့လိုက်ပြီး နီးစပ်ရာအင်တာနက်ဆိုင်သွား e-mail ထဲသိမ်း
ထားတဲ့ လျှောက်လွှာပုံစံမှာပြန်ပြင်ရေးပြီး ပြန်သွားတာပေါ့။ အဲ MD အခန်းဝရောက်တော့ခုနကစာရေးမဟုတ်ပဲစာရေးမဖြစ်နေပြီး စာလေး
(၅) ကြောင်းလောက်ကို အခုမှဖတ်ဖူးတဲ့ ပုံစံနဲ့ (၅)မိနစ်လောက်ကြာအောင်ဖတ်ပြီး တစ်နေရာကိုလက်ညိုးထိုးပြီး ဒါကအဆင်မပြေဘူးတဲ့
ဘာလဲကြည့်လိုက်တော့ ကျနော်အလုပ်လုပ်တဲ့ Sankyu Singapore Pte Ltd ကိုရေးတဲ့နေရာမှာ Sankyu Singapore Pte ကအပေါ်
တစ်ကြောင်းနဲ့ Ltd က အောက်ကိုဆင်းသွားလို့ Company နာမည်ကိုစာကြောင်းတစ်ကြောင်းထဲမှာ မရေးလို့ မကြိုက်ဖူးတဲ့ စာရေးမ
ကပြောတယ်ဗျာ။ ကျနော်စာစီနေတုံးက သတိထားမိပေမယ့် ဒီလောက်ကတော့ ပြသနာမရှိပါဘူးလို့ထင်ပြီးမလုပ်လိုက်မိတာပါ။ ကျနော်
ဒီတခါတော့ သည်းမခံနိုင်တော့ပဲ ကျနော်ဘယ်သူပါလို့ ဆွေမျိုးစပ်ပြပြီး MD နဲ့ဝင်တွေ့မယ်ဆိုတော့ ခုနကစာရေးကောင်ပြန်ရောက်လာ
ပြီးရပါတယ်။ ပြသနာမရှိတော့ပါဘူးတဲ့။ ကျနော် ဘာမှမဟုတ်ပေမယ့် နီးစပ်ရာပတ်သတ်ရာပတ်သတ်ကြောင်း တွေများလှတဲ့အတွက်
လွန်ခဲ့တဲ့ (၅) နှစ်လောက်ကများစိတ်နဲ့ဆိုရင် ကျနော်ဘယ်သောအခါမှ သာမန်လမ်းကြောင်းတွေအတိုင်းမလုပ်ခဲ့သလို ငွေကြေးတစ်စုံ
တရာလဲမပေးခဲ့ပါဘူး။ သက်ဆိုင်ရာဌာနအကြီးအကဲဆီတိုက်ရိုက်တွေ့ဆုံပြီး လုပ်ခဲ့တာတွေကြီးပါပဲ။ အခုဟာကစင်္ကာပူမှာနေတာကြာလာ
တာနဲ့အမျှ ပုံမှန်အတိုင်းလုပ်လိုပေမယ့် အခုလိုဘာမဟုတ်တဲ့ဟာတွေကို ဇာချဲ့ပြီးလုပ်ခိုင်းတာတွေ၊ မလိုအပ်တဲ့ ကြိုးနီစနစ်တွေနဲ့ အချိန်
ဆွဲလုပ်ဆောင်မှုတွေကိုတွေ့ရကြုံရတော့ မြန်မာအစိုးရရုံးတွေနဲ့ ပတ်သတ်ရမယ်ဆိုရင် ဝေးဝေးကပဲနေပါတော့မယ်လို့ စိတ်ကူးမိတော့
တယ်ဗျာ။
ခုနကစာရွက်တထပ်ကြီးကို တင်ခဲ့ပြီးကာမှ Account Opening Section မှာ စုံစမ်းခဲ့တဲ့ အခြေအနေအရ သွင်းထားတဲ့ငွေ ၁ သောင်းက
နေမှ ကားဖိုးငွေချေတာတွေ၊ အကောက်ခွန်အတွက်အခွန်ပေးဆောင်တာတွေ စတာတွေကို အကုန်အသုံးပြုကြရမှာဖြစ်ပါတယ်တဲ့။
ဒါကြောင့်မို့လို့ သွင်းထားတဲ့ငွေကိုလဲ ဒီကားကိစ္စ မပြီးမချင်းပြန်ထုတ်ဖို့ရတော့ မလွယ်ကူလှပါဘူး။ ပြီးတော့ ဒီလောက်ရှုပ်ယှက်ခပ်တဲ့
မြန်မာအစိုးရရုံးများရဲ့ ကြိုးနီစနစ်တွေ၊ သတင်းအချက်အလက်မပြည့်စုံမှုတွေ၊ နိုင်ငံခြားမှာအလုပ်လုပ်တယ်ဆိုတိုင်း ငွေကြီး နင်းကန် တောင်းနေတဲ့ ဝန်ထမ်းတွေနဲ့ ဆက်ပြီးစိတ်ရှုပ်မခံနိုင်တော့တာကြောင့်လက်လျှော့ပြီး နောက်တစ်ရက်မှာ ပြန်ကျလာမယ့် လျှောက်လွှာ ခွင့်ပြုချက်ကိုတောင် သွားမယူတော့ပဲ လျှောက်လွှာသွားယူရမယ့်နေ့မှာ မယူတော့ပဲလေဆိပ်ကိုတန်းဆင်းပြီး ပြန်လာလိုက်တော့တယ်။
ဘဏ်ကိစ္စ မှာဆက်ပြီးလုပ်ဆောင်ချင်တဲ့ သူများအတွက်တော့ ခုနကပြောတဲ့အတိုင်း စာရွက်စာတမ်းတွေပြည့်စုံအောင်လုပ် (သို့မဟုတ်)
တောင်းသမျှငွေကိုပေးဖို့ယူသွားပြီး (၅) ရက်ကနေ (၁၀) ရက်အတွင်း စာရင်းဖွင့်လွှစ်ပြီး ငွေပေးသွင်းနိုင်ပါလိမ့်မယ်။ ဒီလိုငွေပေးသွင်းပြီး
ပြီဆိုရင်တော့ ပြည်ပအလုပ်သမားအေဂျင်စီကလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ (၈)မိုင်ရုံးမှာ အလွယ်တကူလျှောက်လွှာတင်လို့ရ
ပါတယ်။ ကားပါစစ်ရဖို့ကတော့ အခွင့်အလမ်းအများကြီးရှိပါတယ်။ ပါမစ်ကိုပြန်ရောင်းဖို့အတွက်တော့ ထပ်ပြီးစုံစမ်းဖို့လိုပါလိမ့်မယ်။
ကျနော်တို့ကိုတင်သွင်းခွင့်ပေးတဲ့ မော်ဒယ်လ်က ၂၀၀၇ အထက်ဖြစ်တဲ့အတွက် အစိုးရကို အခွန်ဆောင်နှုန်းအလွန်ပဲမြင့်မားလှပါတယ်။
သို့သော် တစ်နေ့ရွှေတစ်နေ့ငွေ ဖြစ်နေတဲ့ မြန်မာအစိုးရရဲ့ ပေါ်လစီတွေကချက်ချင်းကြီး အခွန်နှုန်းထားတွေ လျှော့ချပေးချင်လဲပေးလိမ့်
မယ်လို့ သတင်းတွေလဲထွက်ပေါ်နေပါတယ်။ အခုလောလောဆယ် ကျနော်တို့ပါမစ်လိုဆင်တူပါမစ်မျိုးဖြစ်တဲ့ သင်္ဘောသားပါမစ်ဆိုရင်လဲ
သိန်း (၂၀) ကနေ (၂၅) သိန်းအထိပဲဈေးရှိနေပါတဲ့သတင်းလဲကြားမိလို့ ကိုယ်တိုင်ရန်ကုန်သွားလုပ်ရမယ့်ကိစ္စ(ဘဏ်စာရင်းဖွင့်ခြင်း)၊
အခွန်အကြေဆောင်ရမယ့် ပမာဏ၊ လေယာဉ်လက်မှတ်ခတွေနဲ့ တွက်ချက်လေ့လာပြီးသွားပါလို့ အကြံပြုလိုပါတယ်။
အပြန်ခရီးမှာတော့ တက်သုတ်ရိုက်လေဆိပ်ကိုဆင်းခဲ့ပေမယ့် လေယာဉ်ပေါ်မှာ ခုံအပို ၂၀ ကျော်ရှိနေတာကြောင့် Go Show ကိုအလွယ်
တကူရပြီး လိုချင်တဲ့ခုံကို လျှောလျှောလျှူလျှူပေး ပြုံးပြနှုတ်ဆက်ဖော်ရတဲ့ MAI မြေပြင်ဝန်ထမ်းနဲ့ကြုံတောင့်ကြုံခဲတွေ့ရပြီးတိုးတက်
လာတဲ့ ဝန်ဆောင်မှုကို ထိတွေ့အသိအမှတ်ပြုမိပါတယ်။ အချိန်အလွန်စောနေတာကြောင့် သက်တောင့်သက်သာ နားနေရအောင်
MAI ကဖွင့်ထားတဲ့ CIP Lounge ဖြစ်တဲ့ Sky Smile lounge ကိုသွားပြီး မြည်းစမ်းကြည့်ဖြစ်ပါတယ်။ US$ 8 ပဲကျသင့်ပြီး မဆိုးလှပါဘူး။
ရန်ကုန်မြို့ရဲ့ အဆင့်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင့်နဲ့ဆိုရင် အတော်လေးကောင်းတယ်ပြောရမှာပါ။ စားစရာ snack အဖြစ်
(၆) မျိုးလောက်ရှိပြီး၊ ဗိုက်ပြည့်ပြည့်စားချင်တယ်ဆိုရင်တော့ ထမင်းကြော်နဲ့ ကြက်ဥကြော်လဲရှိပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အချို
ရည်များအပြင်၊ fruit juice မျိုးစုံနဲ့ မြန်မာဘီယာလဲရှိပါတယ်။ အညောင်းပြေထိုင်ဖို့အနိုပ်ထိုင်ခုံ၊ အင်တာနက်အတွက် Computer တွေ
လဲတွေ့ရပေမယ့် Wi-Fi တော့ လောလောဆယ်ဒေါင်းနေတယ်တဲ့ဗျာ။ သီးသန့်အိမ်သာပါ lounge ထဲမှာရှိပြီး ခန်းမကြီးထဲမှာ BAC က
စလို့ MAI ဖြစ်သည်အထိ သုံးစွဲခဲ့တဲ့ လေယာဉ်ဓာတ်ပုံတွေကိုပြသထားပြီး Bangkok Post, Straits Times စတဲ့ သတင်းစာကြီးတွေ၊
မြန်မာသတင်းဂျာနယ်တွေကအစ စုံစုံလင်လင် လေးတွေ့ရတဲ့အပြင် Lounge Staff တွေရဲ့ ဝန်ဆောင်မှုကိုလဲ အားရကျေနပ်မိပါရဲ့။
ရန်ကုန် - စင်္ကာပူ အပြန်ခရီးမှာတော့ ကျွေးမွေးဧည့်ခံတာက အလာတုံးကထက်အများကြီး ပိုမိုအစဉ်ပြေတဲ့အပြင် Crew ရဲ့ ဝန်ဆောင်မှု၊
ဘီယာခဏခဏတောင်းသောက်ပြီးဗူးလိုက်မချပေးလို့ပြသနာရှာတဲ့ခရီးသည်အဖိုးကြီးတစ်ယောက်ကို ဖြေရှင်းကိုယ်တွယ်တဲ့နေရာမှာလဲ
တော်တယ်လို့ချီးကျူးရမှာပါ။ ချန်ဂီအဆင်းမှာလဲ နောက်ဘီးချတာ ငြင်သာလှတဲ့ အပြင် flight information ကိုထုံးစံအတိုင်း တက်ပြီး
တခါ ဆင်းခါနီးတခါ ရှင်းပြတဲ့ Captain စိုးမိုး ရဲ့ကျွမ်းကျင်မှုကိုလဲ အသိအမှတ်ပြုပါတယ်။ Overall ပြောရရင်တော့ အမိမြန်မာနိုင်ငံအလံ
တင်လေကြောင်းလိုင်းဟာ အရင်ကထက်စာရင် အများကြီးတိုးတက်လာပါတယ်။
ရန်ကုန်ကိုရောက်ပြီး နောက်တစ်ရက်မှာပဲ သတင်းကောင်းအဖြစ် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသမားတွေကိုလွှတ်ပေးခဲ့တဲ့အပြင်
ဗိုလ်ချုပ်ကြီးဟောင်း ဘဘကြီး ဦးခင်ညွှန့်နှင့်မိသားစုကိုလဲ လွှတ်ပေးခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ အခုလို
တိုးတက်ပြောင်းလဲမှုတွေရဲ့ ရလဒ်တွေအဖြစ် နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေ တစတစ ရုပ်သိမ်းလာပြီး အမိမြန်မာနိုင်ငံပိုမိုဖွံဖြိုး
တိုးတက်စေချင်ပါတယ်။
ရန်ကုန်မြို့သို့ရောက်ရှိစဉ်ကာလအတွင်းပြုစုစောင့်ရှောက်မှုများ နှင့် ခရီးစဉ်မတိုင်မီလိုအပ်သည်များ ကြိုတင်စီစဉ်ပေးထားတဲ့ အမြဲ အားကိုးနေရသောညီငယ် ကိုဖြိုး၊ အောင်ကိုကို နဲ့ ဘရမ်အောင်။ MAI Online မှဝယ်ထားသော လေယာဉ်လက်မှတ်ကို booking
ပြန်ပြောင်းရာတွင် MAI Ticketing office ကိုအတင်းလာ print ထုတ်ခိုင်းနေခြင်းကြောင့် အစဉ်မပြေဖြစ်နေသည်ကို ကူညီပေးလိုက်သော
MAI HQ မှ ညီငယ် မျိုးပိုင်၊ ဒန်ပေါက်ဝယ်ကျွေးသော ဗိုလ်ကြီးဒေါက်တာကျော်သူရဇော်၊ မွေးနေ့တွင်မအားလပ်နေသည့်ကြားက ဘဏ်စာရင်းကိစ္စ ကားပါမစ်ကိစ္စ များရှင်းပြကူညီပေးလိုက်သော ဗိုလ်ကြီးဒေါက်တာသီဟန်ထွန်း၊ လေဆိပ်ကို တကူးတကလာကြိုပေး
သောဒေါက်တာရဲနိုင်၊ ခေတ္တတည်းခိုးရန်စီစဉ်ပေးသော အန်တီအုံး နှင့်မိသားစု၊ နေ့လည်စာထမင်းကျွေးလိုက်သော အစ်မဝမ်းကွဲ
မသန်းသန်းခိုင် နှင့် ကိုဇော်လွန်းအောင် တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ....
(ကျနော့်မှာ မေးမြန်လာတဲ့ မေးခွန်းတွေကို comment ကနေပြန်ဖြေချင်ပေမယ့် ဘာကြောင့်မှန်းမသိပဲ comment ထဲကို ကိုယ်တိုင်ဝင်
မရဖြစ်နေလို့ မေးမြန်းချင်တာများရှိရင် kosol15@gmail.com ကို e-mail ပို့မေးပေးစေလိုပါတယ်ခင်ဗျာ)
Thursday, January 19, 2012
Tuesday, January 3, 2012
ဖြတ်သန်းခဲ့ သော ၂၀၁၁ ခုနှစ်

ထုံးစံအတိုင်းရေးရရင်တော့ ဒီပိုစ့်က ကျနော့်ဘဝရဲ့ မှတ်တမ်းသက်သက်ပါပဲ။ Public Open Blog ဖြစ်သည်နှင့်အမျှ ဝင်ရောက်ဖတ်မိကြတဲ့
သူငယ်ချင်း ညီအကို မောင်နှမတွေအတွက် ၂၀၁၂ ခုနှစ်မှာ သာယာဖြှောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို လျှောက်လှန်းနိုင်ကြပါစေကြောင်း
နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပါတယ်။
ဖြတ်သန်းခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ကျနော့်အတွက်တိုးတက်မှုတစ်စုံတရာပြသနဲ့နှစ်တခုမဟုတ်သလိုဆုတ်ယုတ်တဲ့နှစ်လဲမဟုတ်ပါဘူး။
ကြိုတင် plan လုပ်ထားတဲ့ အပျော်ခရီးတွေအပြင် အရေးပေါ်အစီအစဉ်နဲ့ထွက်တဲ့ခရီးတော်တော်များများထွက်ခဲ့လို့ ကျနော့်အတွက်
ခရီးသွားနှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းဇန်နဝါရီလမှာ ပါပါးနဲ့ မာမား စင်္ကာပူကိုလာနေဖြစ်ကြပါတယ်။ ပြုစုမယ့်သူ
အမေရောက်လာတာနဲ့ နေမကောင်းဖြစ်ခဲလှတဲ့ ကျနော့်မှာ တော်တော်ကြီးအပြင်းအထန်ဖျားလိုက်ပါတယ်။ MC ကို (၄) ရက်လောက်ကို
နေလိုက်ရပြီး တော်တော်ကြီးခံလိုက်ရပါတယ်။ Bukit Gombak ကနေ Commonwealth က ၂ ခန်းအိမ်ကို ရောက်တော့ အထပ်မြင့်ဖြစ်
တာကြောင့်ရယ် ဒီအိမ်ကတော်တော်လေးလဲ အေးတာကြောင့် အိမ်အပြောင်းအရွေ့ပင်ပန်းတာရယ်၊ အအေးမိတာရယ်ပေါင်းပြီးဖျားသွား
တော့တာပါပဲ။ ဒီနှစ်ထဲမှာ ကျန်းမာရေးနည်းနည်းလေးချူချာတယ်ပြောရမယ်ဗျာ။ သို့သော်လည်းကာလကြာရှည်စွာ ဖြစ်နေတဲ့ ခြေထောက်ကလမ်းလျှောက်လိုက်ရင် ထုံကျဉ်တဲ့ပြသနာကိုတော့ ဘာဆေးနဲ့ပျော်သည်မသိ ပျောက်သွားခဲ့ပါတယ်။ ဖြစ်နေတာတော့
ကြာပြီဖြစ်ပေမယ့် ဆရာဝန်ဆီကိုသွားမပြဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမနေနိုင်တဲ့အဆုံးမှာတော့ Polyclinic ကိုသွားပြပြီး အထူးကုဆရာဝန်ထံ
ကိုပြောင်းလွှဲပေးဖို့ request လုပ်လိုက်ပါတယ်။ Polyclinic ကနေ Alexandra ဆေးရုံကအရိုးအကြောအထူးကု ဆရာဝန် စီကို refer
လုပ်လိုက်ပြီးတဲ့နောက်၊ နေ့ချင်းပဲ X-Ray နဲ့ ရောဂါကိုရှာဖွေပေမယ့် အကုန်ကောင်းတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဖြစ်နိုင်ချေရှိတဲ့ကုသ
မှူ (၂) ခုကိုလုပ်ခိုင်းပါတယ်။ တစ်ခုကတော့ physiotherapy နဲ့ အကြောလျှော့၊ကြောရိုးကိုဆွဲဆန့်တဲ့နည်းပါ။ နောက်ခုကတော့ ခြေဖဝါး
မှာများပြသနာရှိနေလားဆိုပြီး ခြေဖဝါးကိုအထူးပြုကုသတဲ့ ဌာနကိုထပ်ပြီး refer လုပ်ပါတယ်။ physiotherapy နည်းက နည်းနည်းပိုနီး
စပ်တော့ အဲ့ဒါနဲ့ ၂ ပါတ်ကို ၁ ကြိမ်လုပ်ဖြစ်ပေမယ့် ထူးထူးခြားခြား သက်သာလာတာမတွေ့ရပါဘူး။ ဆေးကုသမှုကုန်ကျစားရိတ်ကို
ကျနော့် company ကနေပေးချေပေးလို့သာတော်ပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ ထဲမှာတော့ ပထမဆုံးကြိုတင်စီစဉ်ထားတဲ့ ခရီးမဟုတ်တဲ့ ရန်ကုန်ကိုပြန်ပြီး အခွန်ဆောင်တဲ့ကိစ္စကိုလုပ်ပါတယ်။
ဒီခရီးရဲ့ detail ကို တော့ ရန်ကုန်သို့အခွန်ဆောင်ခရီး ဆိုပြီး blog တစ်ခုရေးထားပြီးသားဖြစ်လို့ ဒီမှာဘာမှမရေးတော့ပါဘူး။ ရန်ကုန်မှာ
ရောက်နေတုံး ခြေထောက်ပြသနာအတွက် အာရုံကြောဆိုင်ရာအထူးကုသမားတော်ကြီး ကိုသွးပြကြည့်တော့ စင်္ကာပူကဆရာဝန်တွေ
ဘာဖြစ်တယ်ဆိုတာ (သိရက်နဲ့မပြောတာလဲဖြစ်မှာပေါ့) ဆရာဝန်မကြီးက အတိအကျပြောပါတယ်။ ကုသရမယ့်နည်းလမ်းကိုလဲပြော
တော့ စင်္ကာပူမှာ Tharapy ကုသတဲ့ပုံစံနဲ့ထပ်တူကျတာကြောင့် ဆရာဝန်မကြီးပြောတဲ့အတိုင်း ကြောရိုးမှာရှိတဲ့ အာရုံကြောညှပ်နေတာ
ဆိုတာကို အတိအကျသိလိုက်ရပါတယ်။ ပိုမိုအတိအကျ သိချင်ရင်တော့ MRI Scan နဲ့ကြည့်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ စင်္ကာပူ
ပြန်ရောက်တော့ ဆေးရုံကိုအရိုးအကြောဆရာဝန်ကြီး နဲ့ပြသဖို့ ရက်ချိန်းထပ်ယူပြီး MRI နဲ့စစ်ပေးဖို့ request လုပ်လိုက်ပါတယ်။ MRI
ဟာအင်မတန်ဈေးကြီးတဲ့ အတွက်ပြန်စဉ်းစားနိုင်ကြောင်းပြောတော့ Company ကပေးတာကြောင့် Go Head လုပ်ခိုင်းလိုက်ပါတယ်။
MRI ဖတ်ပြီး တဲ့နောက်တော့ Bill က ငွေ ၈၀၀ ကျော်ကျသင့်တာမှာ PR မို့အစိုးရကစိုက်ပေးတာနှုတ်ပြီးတဲ့နောက် ၆၀၀ ကျော်ကို ကျနော့်
company ကပေးပါတယ်။ တစ်နှစ်ကိုအထူးကုဆရာဝန်ကုသစားရိတ် ၈၀၀ ရှိတာကုန်ပါတော့တယ်။ MRI result ကိုလဲ အရိုးအကြော
ဆရာဝန်က ရှင်းပြပေမယ့် သိပ်ပြီးရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ ကြောရိုးမကြီးမှာ အကြောတစ်ခုခုညှပ်နေတာလောက်ပဲအလွယ်
တွေးထားလိုက်တယ်။ နောက်တော့ အသည်းပါရဂူဆရာကြီးဦးခင်မောင်ဝင်းရဲ့ အမျိုးသမီး မာမားမိတ်ဆွေ ပါမောက္ခအန်တီကမြန်မာလို အသေအခြာရှင်းပြမှပဲ ဘာကိုဘယ်လိုဖြစ်နေတယ်ဆိုတာ အတိအကျသိရပါတော့တယ်။
၂၀၁၁ ခုနှစ် သြဂုတ်လမှာတော့ တစ်မိသားစုလုံး အစ်မတစ်ဝမ်းကွဲရှိရာ တရုတ်ပြည် ရှန်ဟိုင်း၊ ဟန်ကျိုး နဲ့ စူကျိုးမြို့များကိုအလည်
အပတ်သွားခဲ့ပါတယ်။ ဒီအကြောင်းကိုလဲ Blog သတ်သတ်ရေးထားပြီးသားရှိလို့ ဒီမှာထပ်မရေးတော့ပါဘူး။ ဒီခရီးနောက်ပိုင်းမှာတော့
Budget Airline နဲ့ခရီးထွက်ဖို့ဆိုတာကို တော်တော်တန်တန်မစဉ်းစားရဲလောက်အောင်ဖြစ်သွားပါတော့တယ်။ ဘာကြောင့်မှန်းမသိပဲ
ဒီခရီးကပြန်လာပြီးတဲ့နောက်မှာတော့ လမ်းလျှောက်ရင် ခြေထောက်ထုံကျဉ်တဲ့ဝေဒနာ လုံးဝပျောက်ကင်းသွားပါတယ်။ therapy ကြောင့်
မဟုတ်သလို သောက်တဲ့ဆေးတွေကြောင့်လဲမဟုတ်တာအသေအခြာသိပါတယ်။ တရုတ်ပြည်ကအပြန်မှာတော့ ရန်ကုန်ကနေလာတဲ့ညီမ
လေးနဲ့အတူ ပါပါးရန်ကုန်ကိုပြန်ပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာတစ်လနားနေပြီး အောက်တိုဘာမှာတော့ အခန်းဖော်သူငယ်ချင်းနဲ့အတူ ထိုင်းနိုင်ငံချင်းမိုင်မြို့ကို အလည်ခရီး
ထွက်ခဲ့ပြန်ပါတယ်။ ဒီအကြောင်းကိုလဲ ချင်းမိုင်မြို့သို့အလည်တစ်ခေါက် ဆိုပြီး Blog တစ်ခုရေးဖြစ်ခဲ့ပြီးပြီမို့လို့ထပ်အကျယ်ချဲ့မရေး တော့ပါဘူး။ အောက်တိုဘာလအတွင်းမှာတော့ ဘယ်မှထွေးထွေထူးထူးမသွားဖြစ်ပဲ နိုဝင်ဘာလအတွင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို အလုပ်ကိစ္စ နဲ့ သွားရင်း ခရီးသွားဟန်လွှဲဆိုသလို အရှေ့တောင်အာရှအားကစားပြိုင်ပွဲလာပြိုင်တဲ့ မြန်မာ့ရွက်လှေအဖွဲ့
နဲ့တွေ့ဆုံခဲ့ရပါသေးတယ်။ အသေးစိတ်ကိုတော့ သံယောဇဉ်မကုန်နိုင်သော ဒီရွက်လှေ ဆိုပြီး blog post တစ်ခုရေးဖြစ်ခဲ့ပါတယ်။
ဂျာကာတာကအပြန်ချန်ဂီမှာ အိတ်ရွေးတော့ checked in လုပ်လိုက်တဲ့ hand carry size luggage အသေးမှာ ဆီတွေရွှဲရွှဲဆိုပြီးထွက်လာ
ပါတယ်။ ကိုယ့်အိတ်ထဲမှာ ဘာဆီမှမပါတာသိတော့ တခြားအိတ်တစ်ခုခုကနေပေလာတာဆိုတဲ့အတွက် ground handling လုပ်တဲ့ SATs
ကိုချက်ချင်း complain လုပ်ပြီးတစ်ခုခုစီစဉ်ခိုင်းပါတယ်။ SATs က အိတ်ကိုပြန်ပြီး သန့်ရှင်းရေးလုပ်ပေးပါမယ်၊ သူတို့ Agent အိမ်ကို
လာယူပြီးသန့်ရှင်းရေးလုပ်၊ ပြီးရင်ပြန်ပို့ပေးပါမယ်ဆိုတော့ နောက်တစ်ရက်မှာပဲ Lion Air က Agent လာယူပြီးအိတ်ကို cleaning service ကိုပို့ပြီးသေခြာသန့်ရှင်းရေးလုပ်ပေးပါတယ်။
၂၀၁၁ ခုနှစ် လဆန်းပိုင်းမှာတော့ Standard Chartered Marathon မှာ Volunteer လုပ်ဖြစ်ပါတယ်။ ဒီနောက်တော့ မာရသွန်မှာ
Volunteer မပါတော့ဘူးလို့ဆုံးဖြတ်ထားပါတယ်။ ဒီအကြောင်းကိုလဲ ကျနော်နဲ့ Standard Chartered Marathon ဆိုပြီး post ရှိပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ ခွင့်ရက်တွေလဲ မကျန်တော့တဲ့အတွက်ဘယ်ခရီးမှထွက်စရာမရှိ၊ December ခရီးသွားရာသီဖြစ်တဲ့
အတွက် လေယာဉ်ပျံလက်မှတ်တွေကလဲ အလွန်ဈေးကြီးနေတယ်ဆိုတော့ စင်္ကာပူမှာပဲနေမယ်စိတ်ကူးပေမယ့်တရုတ်ပြည်ကအမဝမ်းကွဲ
ရဲ့အမျိုးသားက အသည်းအသန်မကျန်းမမာဖြစ်ပြီး တိမ်းပါးသွားတဲ့အတွက် ရှန်ဟိုင်းကိုအရေးပေါ်လိုက်သွားပြီး ကွယ်လွန်သူရဲ့ ဈာပနကို
သွားပါတယ်။ စင်္ကာပူ - ရှန်ဟိုင်း တိုက်ရိုက်လေကြောင်းလက်မှတ်တွေကုန်နေပြီဖြစ်တဲ့အတွက် တဆင့်ခံတွေနဲ့သွားဖို့ရာလိုက်ရှာတော့
ဟောင်ကောင်ကို Cathay Pacific နဲ့သွား၊ ဟောင်ကောင်ကနေ ရှန်ဟိုင်းကို Cathay ရဲ့ လက်အောက်ခံလေကြောင်း Dragon Air နဲ့
ဆက်ဖို့ လက်မှတ်ဝယ်လိုက်ပါတယ်။ Cathay က ချန်ဂီကနေ မိနစ် ၄၀ နီးပါးနောက်ကျ ပျံတက်ခဲ့လို့ ဟောင်ကောင်ရောက်တဲ့အချိန်မှာ
connection flight အတွက် အပြေးအလွှားကိုတက်ခဲ့လိုက်ရတယ်။ ရှန်ဟိုင်းကိုတော့ ပုံမှန်အချိန်အတိုင်းဆိုက်လို့ လေယာဉ်တံခါးဝကနေ
ထွက်လိုက်ရင်ပဲ အပူထဲကနေ Aircon ထဲဝင်လိုက်သလို အင်မတန်အေးတဲ့ လေထုကဆီးကြိုနေပါတယ်။ ရှန်ဟိုင်း Pudong Int'l ဟာ
အင်မတန်မှကိုကြီးမားလှတဲ့ လေဆိပ်ကြီးပါပဲ။ လူဝင်မှုကြီးကြပ်ရေး Arrival ကိုရောက်ဖို့၁၀ မိနစ်လောက်ကိုလျှောက်လိုက်ရတယ်။
လေဆိပ်ကြီးကကြီးပေမယ့် ဝန်ဆောင်နေတဲ့ခရီးသည်ကနည်းတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးကို သိပ်တန်းမစီရပဲ ကိစ္စ ပြီးသွားပါတယ်။
checked in လုပ်လိုက်တဲ့ luggage ကိုရွေးတော့ အကျင့်ဖြစ်နေတဲ့အတိုင်း luggage ကိုစစ်လိုက်တော့သေတ္တာဒေါင့်မှာ ၆ လက်မလောက်
ပြဲနေတာတွေ့တယ်။ အပေါ်ရံမဟုတ်ပဲအတွင်းထဲအထိဆိုတော့ ရှန်ဟိုင်း ground handling ကို complain လုပ်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့
ဒုတိယနဲ့နောက်ဆုံးအကြိမ် luggage ပြသနာပါပဲ။ ရှန်ဟိုင်းလေဆိပ် ဝန်ထမ်းက တရုတ်ငွေ ယွမ် ၁၅၀ (S$30) ခန့်ပေးပါမယ်တဲ့ ဒါမှ
မဟုတ်ပြင်ပေးပါမယ်တဲ့။ ကျနော်က ရှန်ဟိုင်းမှာနေမှာမဟုတ်ပဲ တခြားမြို့ကိုခရီးဆက်ရအုံးမှာဆိုတော့ ယွမ် ၁၅၀ ဆိုလက်ခံမလားဆို
တော့ ဒီထက်ပိုရသင့်တယ်ထင်လို့ ပိုပေးဖို့ပြောတာ့ ဒီလိုဆိုရင် ဒီကိစ္စကိုစင်္ကာပူဖက်ကို ပြန် refer လုပ်ရပါမယ်၊ စင်္ကာပူမှာပြန်ပြီးပြောပါ
တဲ့။ ကျနော်ကလဲ တခါထဲ ၁၅၀ ယူလိုက်ရမှာမှားသွားတယ်။ complain report ဘာညာတွေယူပြီးလေဆိပ်အပြင်ခန်းမဖက်ထွက်တော့
ဖုံးကဒ်ရောင်းတဲ့ နေရာတွေ့လို့ အင်မတန်ဖုံးကဒ်ဝယ်ရခက်တဲ့အတွက် တွေ့တဲ့နေရာမှာ မြန်မြန်လေးဝယ်ထားလိုက်တယ်။ မလာခင်ထဲ
က အင်တာနက်ပေါ်ကရှာဖွေလေ့လာထားတဲ့ ရှန်ဟိုင်းမြေအောက်ရထားစီးဖို့အတွက် ဘူတာကိုသွားပါတယ်။ လက်မှတ်ဝယ်တော့ စက်
မှာဝယ်ပါတဲ့၊ စက်ကလဲတရုတ်လိုတွေရေးထားတော့ ဘေးနားကအမျိုးသမီးတစ်ယောက်ကို သွားမယ့်နေရာပြပြီး လက်မှတ်ဝယ်ပေးဖို့
အကူအညီတောင်းရတယ်။
ရထားစီးဖို့ ပလက်ဖောင်းပေါ်ရောက်တော့ အအေးဒဏ်ကမခံမရပ်နိုင်အောင်ဖြစ်လာလို့ luggage ကိုဖွင့်ပြီး မလာခင်ကြိုတင်ဝယ်လာတဲ့
Jacket ထူထူကိုထုတ်ဝတ်ရတယ်။ စီးရမယ့်ရထားရဲ့တဖက်လမ်းဆုံးမှာ ရှိတဲ့ကျည်ဆံရထားဘူတာရုံကိုသွားရမှာဆိုတော့ မှားစရာမရှိဘူး
ဆိုပြီး စိတ်အေးအေးနဲ့လိုက်လာလိုက်တာ လမ်းတစ်နေရာအရောက်တော့ ခရီးသည်တွေအကုန်ဆင်းသွားကြပြီး ကျနော်တစ်ယောက်ပဲ
ရထားပေါ်ကျန်ပါတယ်။ နောက်တော့ ရထားကရှေ့ဆက်မသွားပဲ နောက်ပြန်လှည့်မောင်းသွားတော့ တခုခုတော့မှားနေပြီလို့ ထင်ပြီး
နောက်တမှတ်တိုင်မှာရပ်တော့ လေဆိပ်ကိုပြန်မောင်းနေမှန်း သိတော့ အမြန်ပြေးဆင်းလိုက်တယ်။ တကယ်တော့ ချန်ဂီကိုသွားသလို
တစ်နေရာမှာ interchange လုပ်တာပါ။ မြေပုံမှာအသေအခြာလဲမပြထား Announcement ကလဲ မသဲကွဲတော့ ရှုပ်ကုန်တော့တာပေါ့။
မြေပေါ်ကိုတက် ontrol station မှာသွားမေးတော့ ကံကောင်းချင်တာ staff က English လိုတက်တာနဲ့ ရှင်းပြပါတယ်။ နောက်တော့
လမ်းမှန်ကိုရောက်ပြီးနောက်ဆုံး ကျည်ဆံရထားဘူတာကို ရောက်ပါတယ်။ လက်မှတ်ဝယ်ဖို့နေရာကို မေးမြန်းစုံစမ်းပြီးဝယ်ပြီးတဲ့နောက်
မှာတော့ ရထားကနောက်ထပ် ၂၅ မိနစ်လောက်မှာထွက်မှာဆိုတော့ စားဖို့လဲအချိန်မရှိတော့ပဲ ထွက်ဖို့ဂိတ်ကိုတန်းပြေးရပါတယ်။ ပထမ
တစ်ခါလာတုံးက အစ်မသင်ပေးထားလို့ ချောချောမောမော ပဲရထားပေါ်ရောက်ပါတယ်။ ဆင်းရမယ့်မှတ်တိုင်က ၃ ဘူတာမြောက် လောက်မှာဆိုတော့ စိတ်အေးအေးနဲ့မထိုင်နိုင်ပဲ စိတ်ကပူနေမိတယ်။ ရထားက ဘူတာတစ်ခုမှာဆိုက်တော့ luggage ကိုသတ်သတ်ထား
တော့ စိတ်မချလို့အပေါက်ဝနားသွားကြည့်နေမိပြီး ကျောပိုးအိတ်ကို ထိုင်ခုံအပေါ်ကအိတ်ထားတဲ့နေရာမှာထားလိုက်မိတယ်။ အစ်မစီက
နေဖုံးလာပြီး ဒီမှတ်တိုင်မှာပဲ ဆင်းလို့ရတယ်ဆိုတော့ရထားကလဲ ရပ်ထားတာကြာပြီဆိုတော့ ထွက်သွားမှာဆိုးလို့လောလောလောလော နဲ့ ဆင်းလိုက်တာ ကျောပိုးအိတ်ကိုရထားပေါ်မေ့ထားခဲ့လိုက်ပါတယ်။ ကျောပိုးအိတ်ဟာ အင်မတန်မှာတန်ဖိုးကြီးသော အရေးကြီးသော
Passport၊ DSLR Camera နဲ့ iPad ပါပါတယ်။ Station Staff ကိုပြောပေမယ့် တရုတ်လိုမပြောနိုင်တာကြောင့် သူတို့မှာနားမလည်နိုင်
ဖြစ်နေတော့ အစ်မကဖုံးထဲကနေ သူတို့ကိုဘာသာပြန်ပြောရင်း ဆိုရင်းကနေ နောက်ဆုံးတော့ Enquiry ဆိုတဲ့ ကောင်တာစီကိုရောက်
သွားပါတယ်။ ကံကောင်းချင်တော့ Enquiry က Staff က English လိုတစ်လုံးနှစ်လုံးပြောတက်တော့ ဖြစ်နေတဲ့ပြသနာကို သူ့ကိုပြောပြ
နိုင်လိုက်ပါတယ်။ ချက်ချင်းပဲ သွားနေတဲ့ရထားရဲ့ schedule ကိုထုတ်ကြည့်ပြီး ဖုံးနဲ့တစ်နေရာပြီးတစ်နေရာဆက်နေတာတွေ့တော့ ရထား
ကို မိအောင် သွားနေတဲ့လမ်းကြောင်းပေါ်ကဘူတာတွေကို ဆက်ပြီးသတင်းပို့နေတယ်လို့ထင်တာပဲ။ ကျနော့်မှာတော့ အပူလုံးဆို့ပြီး
ပြန်ရပါစေလို့ဘုရားဆုတောင်းရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ ကျနော့်အစ်မကိုဒုက္ခမပေးချင်လို့ ကိုယ်ဟာကိုယ်ကြံဖန်လာပါတယ်ဆိုမှ
သူ့ခမျာ နာရေးရှိရက်နဲ့ ကျနော့်ကိုကူညီရအောင်ဘူတာကို ထွက်လာရပါတယ်။ Station Staff က သူရှေ့ဘူတာတွေကို သတင်းပို့ထား
ကြောင်း ပြန်လာမယ့်သတင်းကိုစောင့်ရမည်ဖြစ်ကြောင်း သူတက်သလောက်ရှင်းပြပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တယ်လီဖုံးပြန်
လာတော့ တက်သလောက်နားလည်သလောက် အိတ်တွေ့ကြောင်းပါ။ နောက်တော့ ဘူတာဝန်ထမ်းကိုမေးတော့ အိတ်ကိုရရှိကြောင်း
ဒီဖက်ကိုပြန်လာမယ့် ရထားနဲ့ပြန်ထည့်ပေးလိုက်မှာဖြစ်ကြောင်း ပြောပြပါတယ်။ တရုတ်နိုင်ငံမှည အခုလိုပြန်ရတယ်ဆိုတာ အင်မတန်မှ ကိုကံကောင်းတယ်ပြောရမှာပါ။ ကျည်ဆံရထားတွေဟာ သာမန်ထက်ဈေးပိုကြီးပြီး ထိုင်ခုံနံပါတ်အတိအကျတွေနဲ့ ရောင်းတာ၊ ထိုင်ရတာ
ဆိုတဲ့အတွက် ကျနော်ထိုင်တဲ့ထိုင်ခုံတည့်တည့်အပေါ်မှာ အိတ်ကိုအလွယ်တကူရှာတွေ့တာကြောင့်လဲ ပြန်ရနိုင်လိုက်တာပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် Station Staff ကိုအင်မတန်မှကိုကျေးဇူးတင်မိတာပါပဲ။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ ရှန်ဟိုင်းမြို့မှာကွယ်လွန်သူကို မီးသဂြိုလ်ပါတယ်။ ၂၉ ရက်နေ့မှာတော့ စင်္ကာပူကိုနောက်တစ်နေ့ ၃၀ ရက်နေ့မှာပြန်ဖို့အတွက် ရှန်ဟိုင်းမြို့မှာ တစ်ညအိပ်ပြီး မရောက်ဖူးသေးတဲ့နေရာတွေ လျှောက်ကြည့်ဖြစ်ပါတယ်။ ၃၀ ရက်နေ့ မနက်
စောစောထပြီး တည်းခိုးရာ Holiday Inn ကနေ Pudong Int'l ကို taxi စီးရင် ယွမ် ၂၀၀ လောက်ကျမှာမို့လို့ ရထားပဲစီးသွားဖြစ်ပါတယ်။
ဒီတခါတော့ Shanghai Metro ရထားလမ်းတစ်ဝက်ကနေ လေဆိပ်စီကိုသွားတဲ့ အထူးအမြန် သံလိုက်ရထား စီးပြီးသွားဖြစ်ပါတယ်။
လေယာဉ်လက်မှတ်ပြရင် ၁၀% လျော့ဈေးရပါတယ်။ Economy Class နဲ့ VIP Class ဆိုပြီး အတန်း ၂ ခုရှိပြီးဈေးက ၅၀ နဲ့ ၁၀၀ ယွမ်
အသီးသီးပါ။ ကျနော်တော့ Economy တန်းကပဲဝယ်စီးဖြစ်ပါတယ်။ ၁၅ မိနစ်လောက်ကိုတော့ ငွေပိုကုန်မခံတော့ပါဘူး။ ဒီရထားကရထား
သံလမ်းနဲ့ ရထားကို သံလိုက်စက်ဝန်းနဲ့ မထိအောင်လုပ်ပြီးမောင်းတဲ့အတွက် အလွန်မြန်ပါတယ်တဲ့ တစ်နာရီကို ကီလိုမီတာ ၄၀၀ ကျော်
အထိမောင်းနိုင်ပါတယ်တဲ့။ Pudong လေဆိပ်ကိုချောချောမောမောရောက် check in ဝင်၊ လေဆိပ်ထဲမှာလိုက်လျှောက်ကြည့်တော့
လေဆိပ်ကကြီးပေမယ့် ဘာမှထွေထွေထူးထူး မရှိပါဘူး။ ထူးထူးဆန်းဆန်းတွေ့ခဲ့တာတော့ Suzhou မြို့ကနာမည်ကျော် Hairy Crab ကို
လေဆိပ်အတွင်းက transit area တွင်းမှာရောင်းတာပါပဲ။ ထွက်ခွာဖို့အချိန်စောနေသေးတာကြောင့် မနက်ကနံနက်စာကို ဟိုတယ်မှာ ဝဝလင်လင် မစားလာခဲ့တော့ ဗိုက်ဆာတာနဲ့ ထပ်စားပြီးသွားရမယ့် Boarding Gate ကိုသွားစောင့်နေလိုက်တယ်။ ၁၁၂၀ ထွက်ရမှာကို
၁၁ အထိ boarding လုပ်ဖို့မခေါ်သေးတာနဲ့ ကောင်တာမှာသွားကြည့်တော့ ဂိတ်ပြောင်းသွားကြောင်း ရေးထားတာတွေ့တော့ အမြန်ပဲ
ပြောင်းသွားတဲ့ ဂိတ်ကိုပြေးရတယ်။ ပြောင်းသွားတဲ့ဂိတ်ရောက်တော့လဲ boarding မခေါ်သေးပြန်ဖူးဆိုတော့ ဝန်ထမ်းကိုမေးကြည့်တော့
လေယာဉ်မှူးများနောက်ကျနေလို့ နည်းနည်းလောက်နောက်ကျထွက်ခွာနိုင်ကြောင်းပြောပါတယ်။ ကျနော်က ဟောင်ကောင်ကနေတဆင့်
စီးရမှာဖြစ်တဲ့အတွက် နောက်ကျလို့မရပါဘူး။ နောက်ကျရင် ဟိုဖက်က connection flight ကလွတ်သွားမှာပါ။ ကျနော့်မှာ transit ရှိတယ်
လို့ပြောတော့ မှီနိုင်ပါတယ်တဲ့ စိတ်မပူပါနဲ့တဲ့။ အိုကေပေါ့ ခဏစောင့်ကြည့်နေလိုက်တယ်။ ၁၁၂၀ ကျတော့ တရုတ်လိုတစ်ခုခုကြေငြသံ
ကြားတော့ တရုတ်တွေအုံးအုံးကျွတ်ကျွတ်ဖြစ်တာနဲ့ delay flight ဖြစ်တာပြောတာထင်တယ်ဆိုပြီး ကောင်တာကိုအမြန်ပြေးနေရာယူတာ
ကိုယ်တောင်နည်းနည်းလေးနောက်ကျသွားတယ်။ သေသေခြာခြာ တန်းစီပြီးပြသနာကို ဖြေရှင်းပေးတာမဟုတ်တဲ့အပြင် မြေပြင်ဝန်ထမ်း
တွေမှာလဲ ဒီလိုပြသနာမျိုးကိုဖြေရှင်းနိုင်ဖို့ အတွေ့အကြုံအလေ့အကျင့် အားနည်းဟန်တူပါတယ်။ တရုတ်တွေ တယောက်တပေါက်နဲ့
departure gate မှာ ကမ္ဘာပျက်သလိုပါပဲ။ တကယ်ဆိုရင် မြေပြင်ဝန်ထမ်းတွေကိုဆူဆူပူပူလုပ်နေလဲ ကျနော်တို့မှာဖြေရှင်းချက်တစ်စုံတ
ရာရနိုင်ဖို့မမြင်ပါဘူး။ ဒါကြောင့် ကောင်းကောင်းမွန်မွန်ပဲ ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို မေးတာ တရုတ်လိုမေးနေတဲ့လူတွေကိုပဲရှင်းနေ
တာတွေ့တော့ စိတ်ကတော်တော်တော့တိုလာတော့တယ်။ နောက်တော့ မရမက ရင်ဖက်ကတက်ထားတဲ့နံမည် ကိုဖတ်သူ့နာမည်ကိုခေါ်
မေးတော့ စင်္ကာပူကိုပျံမယ့်တိုက်ရိုက်လေကြောင်းတစ်ခုခုနဲ့ ကြိုးစားနေပြီး တခြားလေကြောင်းလိုင်းတွေက အကြောင်းပြန်ကြားချက်ကို
စောင့်နေကြောင်းပြောပြပါတယ်။ တခြားခရီးသည်တွေကိုတော့ ၇၅ ယွမ် (S$15) တန်ဘောက်ချာတွေပေးပြီး တောင်းပန်နေတာကိုတွေ့
ရတယ်။ ဟောင်ကောင်ကိုပဲသွားမယ့် တရုတ်တွေလဲ ၇၅ ယွမ်လဲရရောထွက်သွားလိုက်ကြတာတော်တော်ငြိမ်းချမ်းသွားပါတယ်။ ကျန်တဲ့
connection flight တွေရှိတဲ့ ခရီးသည်တွေပဲ တပူပူတစာစာ လုပ်ပြီးကျန်ခဲ့တော့တယ်။ Newzeland ကိုသွားမယ့်သူ၊ အင်ဒိုနီးရှားကိုသွား
မယ့်သူ၊ စသည်ဖြင့် Airlines Hub တစ်ခုဖြစ်တဲ့ ဟောင်ကောင်ကနေတဆင့်ပျံကြမယ် ခရီးသည်ကလဲတော်တော်ကိုများပြားပါတယ်။
နောက်ဆုံး ၁ နာရီနီးပါးလောက်ကောင်တာရှေ့မှာ ရပ်စောင့်ပြီးတဲ့နောက်မှာတော့ ကျနော်နဲ့အတူ တခြားခရီးသည် ၄ ယောက် စင်္ကာပူကို Singapore Airlines (SQ) နဲ့ နောက်တစ်နာရီကြာလောက်မှာထွက်မယ့် လေယာဉ်နဲ့တင်ပေးလိုက်နိုင်ကြောင်းပြောပါတယ်။
အဆိုးထဲက အကောင်းဆိုသလိုပဲ ဟောင်ကောင်ကနေတဆင့် ၈ နာရီလောက်ကြာအောင် မသွားရတော့တဲ့အပြင် ကမ္ဘာအကောင်းဆုံး
လေကြောင်းစာရင်းဝင် SQ နဲ့လဲပျံရအုံးမှာဆိုတော့ ၇၅ ယွမ်တောင်မယူတော့ပဲ မြေပြင်ဝန်ထမ်းခေါ်ရာနောက်ကိုလိုက်ပြီး SQ ဖက်မှာပြန်
check in ပြန်လုပ်ပြီး စင်္ကာပူကို ချောချောမောမော ဇိမ်ရှိရှိလေးပြန်ရောက်ပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းကတော့ ကျနော့်အတွက်မမေ့နိုင်စရာ ပထမဆုံးအဖြစ်အပျက်များမှာ အကောင်းအဆိုး ရောယှက်နေခဲ့တာပါပဲ။
ကျနော့်ဘဝရဲ့ ပထမဆုံးသော အကြီးအကျယ်ပြသနာ ရှိတဲ့ အိတ်ကိုမေ့ကျန်ခဲ့ခြင်း၊ လေကြောင်းခရီးစဉ်များအတွင်း အခုလို အကြီး အကျယ် flight delay ဖြစ်တာကြုံဖူးလိုက်ရခြင်း၊ ပထမဆုံး Singapore Airlines Flight ကိုစီးဖူးခြင်းတို့ပါပဲ။ အမြဲတမ်းလိုလို ခရီးထွက်
တိုင်း ခရီးသွားအာမခံဝယ်သွားတက်တဲ့ ကျနော်မှာ ဒီတခါတော့ အကုန်အကျတွေလျှော့ချတဲ့အနေနဲ့ မဝယ်သွားတဲ့အခါမှာမှ အိတ်ကကွဲ၊
လေပျံကနောက်ကျနဲ့ ကံကောင်းလို့ passport ပြန်ရပြီး စင်္ကာပူကိုပြန်ရောက်လာတယ်ပြောရမှာပါပဲ။ ရှန်ဟိုင်းမှာ ကွဲသွားတဲ့အိတ်ကို
ပစ်ခဲ့ပြီး whole sales market ကနေ luggage အသစ်တစ်လုံးဈေးသက်သက်သာသာနဲ့ ဝယ်လာလိုက်တာ ကံကောင်းသွားပါတယ်။
စင်္ကာပူပြန်ရောက်တော့ ကျနော့်ကွဲသွားတဲ့အိတ်အတွက်လေကြောင်းလိုင်းက ဝယ်ထားတဲ့အိတ်အသစ်ဖိုးပြန်ပေးမယ့် ဆိုပြီးအကြောင်း
ကြားလာတော့ အဆိုးထဲကအကောင်းတစ်ခုထပ်ဖြစ်ရပါတယ်။
၂၀၁၂ ခုနှစ်မှာ ကျနော့်အတွက်တော့ Financial Year အဖြစ်သတ်မှတ်ပြီးအသုံးစားရိတ်ကိုလျှော့ချ၊ ငွေကြေးစီမံခန့်ခွဲမှုကို သေခြာလုပ်
မယ်စိတ်ကူးထားပါတယ်။ ခရီးထွက်တာတွေကိုတော့ ဒေသတွင်းခရီးနဲ့ မြန်မာနိုင်ငံခရီးအစဉ်မသွားပဲနဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ တကြိမ်၊ နှစ်လည်မှာ တစ်ကြိမ်နဲ့ နှစ်ကုန်ပိုင်းမှာ တစ်ကြိမ် ခရီးထွက်ဖို့ မျှော်မှန်းထားပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်ပါစေလို့ဆုတောင်း
ရင်း ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။ ။
Tuesday, December 6, 2011
ကျနော် နှင့် Standard Chartered Marathon 2011

ဒီပိုစ့်ကတော့ Standard Chartered Marathon 2011 နဲ့စထားပေမယ့် ကျနော့်ကိုတော်တော်များများက ဘာကြောင့် Volunteer လုပ်
တာလဲဆိုတဲ့ မေးခွန်းခဏခဏမေးတဲ့အတွက် ဘယ်လို Volunteer လုပ်ဖို့ဝါသနာပါလာတာလဲဆိုတာကို ကျနော့်ဘဝရဲ့ မှတ်တမ်းတစ်ခု
နဲ့ရော မေးကြတဲ့သူငယ်ချင်းတွေအတွက်ပါချရေးထားခြင်းဖြစ်ပါတယ်။ အခြားစာလာဖတ်ကြတဲ့သူတွေအတွက်လဲ စင်္ကာပူရဲ့အကြီးဆုံး မာရသွန်ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ဒေသကို ကျနော်ပါဝင်ခဲ့တဲ့အပိုင်းလေးအပြင် အခြားအချက်အလက်တွေကိုဗဟုသုတအနေနဲ့ ရှာဖွေ
တင်ပြပေးထားပါတယ်။
စေတနာ့ ဝန်ထမ်း Volunteer ဆိုတဲ့ စကားလုံးကို ငယ်ငယ်လေးထဲက ဖခင်ကြီးထံကနေကြားနေကြပါ။ ပါပါးက အားကစားဝန်ကြီးဌာန
ကနေတရားဝင်အနားယူပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် လစာမယူပဲ သူ ဝါသနာပါတဲ့
အလုပ်ကို volunteer လုပ်လာခဲ့တာပါ။ ဒီတော့ကျနော်လဲ ဒီ volunteer စိတ်ဓာတ်တမျိုးဖခင်ကြီးစီကနေ အမွေရလာခဲ့တယ်ထင်ပါရဲ့ဗျာ။
မြန်မာပြည်မှာနေစဉ် ကာလကတော့ ကျနော်ပထမဆုံး စေတနာဝန်ထမ်းဆိုလို့ (၁၀) တန်းဖြေပြီးလို့ အောင်စာရင်းစောင့်နေတဲ့ အချိန်
မှာ မြန်မာ့စက်မှုလက်မှုပြပွဲဆိုပြီး ဇေကမ္ဘာကနေဦးစီးကျင်းပပါတယ်။ ဒီပြပွဲအတွင်းမှာ ပြသထားတဲ့ပြခန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာရှိတဲ့
ကစားပွဲဆိုင်လေးတွေမှာ တာဝန်ယူဖို့အတွက် လုပ်အားပေးလူငယ်များလိုအပ်သည်ဆိုတဲ့ ကြော်ငြာနဲ့ကြော်ငြာပါတယ်။ လိုအပ်ချက်က
တော့ (၁၀)တန်းအောင်ရမယ်လို့ပါပေမယ့် (၁၀) တန်းစောင့်နေတာလဲ ရမှာပေါ့ဆိုပြီး လျှောက်ကြည့်လိုက်တယ်။ ဇေကမ္ဘာဖက်ကလက်
ခံကြောင်းနဲ့ဘယ်နေ့မှာတော့အင်တာဗျူးလာပါဆိုတာကိုအကြောင်းကြားပါတယ်။ မှတ်မှတ်ရရကျနော့်ဘဝရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။
အင်တာဗျူးဆိုတော့ ဘာတွေများမေးမှာလဲပေါ့ တခါမှမသွားဖူးတော့ အင်မတန်မှလဲကြောက်ပါတယ်။ ဒီလိုနဲ့ အင်တာဗျူးဖြေရမယ့်နေ့
ရောက်တော့ ချိန်းဆိုထားတဲ့ မြရိပ်ညိုရွိုင်ရယ် ဟိုတယ်ကိုရောက်တဲ့အခါ လူငယ်ပေါင်းများစွာကိုတွေ့ရပါတယ်။ တော်တော်များများက
တော့စာအုပ်ကိုယ်စီနဲ့ ဘာမေးမှန်းမသိတဲ့ဟာကို ဖတ်နေကျက်နေကြပါတယ်။ ကျနော်ကတော့ ဘာကျက်ရမှန်းမှမသိတာလေ ဘာမှမယူ
သွားဘူး။ ကျနော့်အမည်ခေါ်လို့ အင်တာဗျုးအခန်းထဲကို ရင်တခုန်ခုန်နဲ့ ရောက်သွားတော့ အထဲမှာ(၃) ယောက်ထိုင်နေပါတယ်။ အတိ
အကျကြီးတော့ မမှတ်မိတော့ဘူး။ (၁) ယောက်ကတော့ အန်တီဆွေဇင်ထိုက်ဖြစ်မယ်ထင်တယ်၊ နောက်တစ်ယောက်ကတော့ ပါပါးရဲ့
မိတ်ဆွေတစ်ဦးပါ နာမည်တော့ မမှတ်မိတော့ဘူး။ ထိုင်ခုံမှာထိုင်ပြီးတော့ ဘာမေးမလဲလို့စောင့်နေတဲ့အခါ သားအဖေက ဦးဘဟိန်း လား
ဆိုတော့ ဟုတ်ကဲ့ခင်ဗျပေါ့။ သြော် ဦးဘဟိန်း သားပဲ။ အင်းရပါပြီ သွားလို့ရပြီတဲ့။ အမ် ဘယ်လိုဖြစ်တာလဲ ဘာမှမမေးတော့ဘူးလား။
အဖေရဲ့ နာမည်တစ်ခုထဲနဲ့တင် ကျနော်လုပ်အားပေးလူငယ်အဖြစ်အရွေးခံခဲ့ရပါတယ်။ ဒီ စက်မှုလက်မှုပြပွဲ လုပ်အားပေးခြင်းကြောင့်ပဲ
နောင်ဖြစ်တဲ့ အခုလက်ရှိကျနော့်ဘဝရဲ့ အခြေခံအကျဆုံးအုတ်ချပ်တွေကို စပြီးအုတ်မြစ်စီနိုင်ခဲ့တယ်လို့ပြောလို့ရမှာပါ။ အဲ့ဒီကနေပြီးတော့
သိခဲ့တဲ့ သူငယ်ချင်းတွေဟာယနေ့တိုင်ခင်မင်အဆက်အသွယ်ရှိဆဲ သူငယ်ချင်းကောင်းတွေဖြစ်လာသလို၊ အဲ့ဒီကနေပဲ သိခဲ့တဲ့ Lolane
Company ပိုင်ရှင်ကြောင့် ကျနော့်ဘဝရဲ့ ပထမဆုံး Company တစ်ခုမှာအလုပ်လုပ်ဖူးပြီးအတွေ့အကြုံသစ်တွေရရှိခဲ့တာပါပဲ။ ဒီပြပွဲနောက်
ပိုင်းမှာတော့ မြန်မာပြည်မှာ ဒီလိုလုပ်အားပေးတွေခေါ်ယူတဲ့ ပွဲတွေမရှိသလောက်ရှိတာမို့ဘယ်စေတနာ့ဝန်ထမ်းမှ မလုပ်ဖြစ်တော့ပဲ
၂၀၀၂-၂၀၀၃ လောက်တွေကြမှရွှေတောင်ကုန်းသာသနာရိပ်သာက ဖွင့်လှစ်တဲ့ ဗုဒ္ဓယဉ်ကျေးမှူအခြေပြုသင်တန်းမှာ ပါပါးက သင်တန်း သားကိုရင်တွေ ကို ဆွမ်းစားရာမှာ ဟင်းလိုက်ပေး၊ ထမင်းလိုက်ပေး လုပ်အားပေးတာကနေ ကျနော်လဲ တခါတလေအားလို့ သွားကူလုပ် ရင်းနဲ့ တစ်နှစ်မှာတော့ ဘုန်းကြီးကျောင်းမှာ ၁ လလုံးနေ့ရောညပါနေလိုက်ပြီး သင်တန်းဆရာဘုန်းကြီးများကို ဝိုင်းကူပြီးကိုရင်တွေ ကို ထိမ်းပေး၊ ရေသန့်စက်မှာရေကုန်ရင် ရေထမ်းထည့်၊ ဆွမ်းစားချိန်ဆို ဆွမ်းလိုက်ပေးစတဲ့ ဝေယာဝစ္ဆကုသိုလ်တွေယူဖြစ်ပါတယ်။ အဲ့ဒါတွေကနေအစပျိုးလာခဲ့တဲ့ Volunteer စိတ်ဓာတ်ဟာစင်္ကာပူမှာ အခြေချနေထိုင်လာတဲ့အခါမှာလဲကြုံရင်ကြုံသလို အားရင်အားသလို ဆက်ပြီးလုပ်ဖြစ်ခဲ့ပါတယ်။
စင်္ကာပူနိုင်ငံအတွင်းက volunteer အလုပ်တွေကိုပြန်ကြည့်မယ်ဆိုရင် ပထမဆုံးကတော့ ၂၀၀၇ ခုနှစ် စင်္ကာပူအမျိုးသားနေ့ NDP Parade မှာ Singapore SOKA Association နဲ့ Line Dancer အဖြစ်ပါဝင်ဖြစ်ခဲ့ပါတယ်။ Volunteer အလုပ်ထဲမှာ အချိန်အပေးရဆုံးနဲ့
ယနေ့တိုင်လုပ်ဖူးခဲ့သမျှ Volunteer အလုပ်တွေနဲ့ယှဉ်လိုက်ရင် Organizing Management အကောင်းဆုံး၊ အပျော်ဆုံး event တစ်ခုပါ
ပဲ။ ဒီနောက်မှာတော့ Volunteer အလုပ်တွေထဲမှာ ရက်အရှည်ဆုံး လို့ပြောရမယ့် Singapore YOG 2010 ပါ။ (၈) ရက်ကြာတာဝန်ထမ်း
ဆောင်ခဲ့ရပြီး အညံ့ဖျင်းဆုံး Management နဲ့စတွေ့ခဲ့ရတယ်လို့ပြောလို့ရမှာပါ။ အဲ့ဒီကနေပြီးတော့ People's Association ရဲ့ ဦးဆောင်
မှုနဲ့ Salamon X trial Run မှာ သူငယ်ချင်း ဥာဏ်လင်းထွန်း၊ Brandon Chong တို့နဲ့ Volunteer လုပ်ဖြစ်ကြပါတယ်။ အဲ့ဒီမှာတော့
Water Station မှာ လုပ်ရတာဖြစ်တဲ့အတွက် ဒီအပြေးသမားတွေ ကိုယ့်နေရာရောက်လာတဲ့အချိန်မှာ အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်
အောင် ဒီ water station တစ်ခုကို ဘယ်လောက်အလျှင်အမြန်လုပ်ရတယ်ဆိုတာ အဲ့ဒီမှာ လက်တွေ့သိသွားပါတယ်။ အလွန်လျှင်မြန်တဲ့
ပတ်ဝန်းကျင်တစ်ခုအတွင်းမှာ ယားလို့တောင်မကုတ်အားသလိုလုပ်ရသလို အတော်လဲ ပျော်စရာကောင်းလှပါတယ်။ ဒီကနေစလို့
Marathon Volunteer အလုပ်ကိုပိုပြီးစိတ်ဝင်စားမိတယ်။ Marathon Volunteer အနေနဲ့ တစ်ရက်မှာ တစ်မနက်ပဲ အလုပ်လုပ်ရတာဆို
တော့ မဆိုးဘူးပေါ့။ ဒါကြောင့် Singapore Sport Council ကနေလွှင့်တင်ထားတဲ့ Sports Volunteer Website မှာ Sign Up လုပ်ပြီး
၂၀၁၁ ခုနှစ် Standard Chartered Marathon မှာပါဝင်ဖို့ ဇူလိုင်လ ထဲကစပြီး စာရင်းပေးသွင်းထားလိုက်ပါတယ်။
Drink Station မှာလုပ်ရတာ ပျော်စရာကောင်းတာကြောင့် Drink Station Crew အဖြစ်ဦးစားပေးဖို့နဲ့ Leader အနေနဲ့ ပါဝင်ခြင်းမပြု
လိုပါဘူးလို့ မှတ်ချက်ပေးထားပါတယ်။ Leader အဖြစ်တာဝန်ယူရရင် အချိန်တွေအများကြီးပိုပေးရမှာပါ။ August လထဲမှာတော့ ကျနော့်
ရဲ့ register လုပ်တာကိုလက်ခံကြောင်းနဲ့ ထုံးစံအတိုင်း Service Excellence Training ဆိုတာကိုလာဖို့ ညွှန်ကြားပါတယ်။ တခါတယံ
မှာ Volunteer လုပ်ရတာကိုပျော်ပေမယ့် အခုလိုသင်တန်းတွေ ဘာတွေသွားရတာကို မကြိုက်လှပါဘူး။ ကျောင်းသားလူငယ်တွေအတွက်
တော ဒီလို training တွေဟာအသုံးဝင်ကောင်းဝင်ပေမယ့် ကျနော့်အတွက်တော့ အဲ့ဒီလောက်အသုံးမကျဘူးလို့ထင်ပါတယ်။ YOG တုံး
ကလဲ ဒီလို Training ပေါင်းများစွာသွားခဲ့ပြီးပါပြီ။ အခုသွားရတဲ့ training ဆိုတာလဲ ဒီအတိုင်းပါပဲ။ ဒီ training ကိုတော့ Singapore
Sports Council ကခန်းမတစ်ခုမှာပြုလုပ်တာဖြစ်ပြီး Session တစ်ခုကို လူ ၁၀၀ လောက်ရှိပါတယ်။ အုပ်စု ၉ အုပ်စုခွဲလိုက်ပြီးတော့ ထိုင်
ခိုင်းပါတယ်။ ကျနော့်အုပ်စုမှာတော့ ၁၂ ယောက်ပါပြီး NUS, Ngee Ann Poly, Singapore Poly, ITE နဲ့ Junior College တွေကကျောင်း
သားကျောင်းသူတွေအပြင် ကျနော့်လို working adult တွေလဲပါပါတယ်။ ထုံးစံအတိုင်း ပြောနေကြလုပ်ခိုင်းနေကြ တွေပဲလုပ်သွားတာပါ။
အဲ့ဒီ training ပြီးတဲ့နောက်မှာတော့ November လထဲမှာ ကျနော့်ကို Sentosa Starting Point ရဲ့ Courtesy Crew အနေနဲ့ လုပ်ဖို့
အကြောင်းကြားစာနဲ့အတူ detail briefing ပေးဖို့ဆိုပြီး Repulic Poly ကို ထပ်ခေါ်ပါတယ်။ မသွားချင်ပေမယ့်လဲ ကိုယ်ကပါပြီးပြီပဲ သွားရ
မှာပေါ့။ အဲ့ဒီမှာတော့ လက်ချာခန်းမကြီးတစ်ခုထဲမှာ ဘယ်လိုနေရာက တာလွှတ်မယ်၊ ပြိုင်ပွဲဝင်တွေကို ဘယ်လိုတန်းစီရမယ်၊ ဘယ်လို
လမ်းညွှန်ရမယ် စတဲ့ ညွှန်ကြားချက်တွေကို အတိအကျပေးပါတယ်။ Courtesy Crew အနေနဲ့တော့ သိပ်ပြီး ထွေထွေထူးထူး လုပ်စရာ
မရှိပါဘူး။ အချက်အချာကျတဲ့နေရာတွေမှာ ဆိုင်းဘုတ်ကိုင်မတ်တက်ရပ်စောင့်နေပြီး လာတဲ့ အပြေးသမားတွေကို ဘယ်နေရာသွားရမယ်
ဆိုတာကို လမ်းညွှန်ပေးရတာပါ။ အင်မတန်မှ ပျင်းစရာကောင်းမယ့်အလုပ်ပါပဲ။ ဒါပေမယ့် ကိုယ့်ကိုအဲ့ဒီနေရာကိုနေရာချထားတယ်ဆို
တော့ ဘယ်လို စောဒကသွားတက်မလဲနော်။ ဒါပေမယ့် ကံကောင်းချင်တော့ November လလည်ပိုင်းမှာတော့ ကျနော့်တို့ အုပ်စုရဲ့
ခေါင်းဆောင်စီက ဖုံးဆက်လာတယ်၊ ကျနော့်မှာ Driving Licence ရှိတယ်ဆိုတာကို သူတို့ System ထဲမှာတွေ့ရတဲ့အတွက် ပထမလုပ်
ခိုင်းတဲ့ Courtesy Crew မလုပ်တော့ပဲ Medical Team အတွက် Buggy ကားလေးကိုမောင်းပေးနိုင်မလားတဲ့ ကျနော်က ဟိုအလုပ်ကို
မလုပ်ချင်တာနဲ့ ရေငတ်တုံးရေတွင်းထဲကျဆိုသလို ချက်ချင်းလက်ခံလိုက်ပါတယ်။ အဲ ခက်တာက အဲ့ဒီအတွက်တစ်ရက်တော့ buggy
ကား Driver အတွက် Briefing လေးတော့သွားလိုက်ပါအုံးတဲ့။ ဒါကြောင့်တစ်ညနေလေးတာဝန်ကျမယ့် Sentosaကိုခဏသွားပြီးတာဝန်ခံ
က ကားလေးကို ဘယ်နေရာမှာယူရမယ်၊ ဘယ်နေရာမှာ စောင့်ရမယ်စတာတွေကို ပြောပြပါတယ်။
Standard Chartered Marathon ဟာစင်္ကာပူနိုင်ငံမှာလုပ်သမျှ Marathon ထဲမှာအကြီးဆုံးနဲ့ ပြည်သူလူထုစိတ်အဝင်စားဆုံးဖြစ်ပါတယ်။
မာရသွန်ကိုဦးဆောင်စီမံတာကတော့ စင်္ကာပူအစိုးရ Ministry of Community, Youth & Sports (MCYS) လက်အောက်ခံ Singapore Sports Council (SSC) ကနေဦးဆောင်ကျင်းပပေးပြီး London အခြေစိုက် Standard Chartered Bank ကြီးကနေ Title Sponsor အဖြစ်ကူညီတာကြောင့် Standard Chartered Marathon Singapore(SCMS 2011) ဆိုပြီးဖြစ်လာတာပါ။ တကယ်တန်းတော့ Standard Chartered Bank ရဲ့ ရှယ်ယာအများဆုံး ကို စင်္ကာပူအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်စီမံခန့်ခွဲတဲ့ Temasek Holding ကနေ ပိုင်ဆိုင်ပါတယ်။
၂၀၁၁ ခုနှစ် SCM 2011 ကိုတော့ ပြိုင်ပွဲအမျိုးအစားပေါင်း (၇) မျိုးကို အောက်မှာဖော်ပြထားတဲ့အတိုင်းထည့်သွင်းခဲ့ပါတယ်။
Full Marathon - 42.195 Km နဲ့ Ekiden လို့ခေါ်တဲ့ လက်ဆင့်ကမ်း (၆) ယောက်တစ်သင်း 42.195 Km ကို Orchard Road ကနေနံနက် (၅) နာရီမှာ တာလွှတ်ယှဉ်ပြိုင်စေပါတယ်။
Half Marathon - 21.1 Km ကို Sentosa Start point နံနက် ၆နာရီခွဲ က ၄င်း
Wheelchair - 10 Km ကို Espanade Drive ကနေ နံနက် ၇ နာရီ ၁၀ မိနစ်က ၄င်း
10 Km (Men & Women) နှင့် 5 Km Fun Run ကို Espanade Drive ကနေ နံနက် ၇ နာရီ ၁၅ မိနစ်က ၄င်း
750 m Kid Dash ကိုတော့ အုပ်ထိန်းသူမိဘများနဲ့အတူ နံနက် ၉ နာရီက ၁၅ မိနစ်စလို့ ၁၀ နာရီအထိ အသက်အပိုင်းအခြားအလိုက်
တာလွှတ်ယှဉ်ပြိုင်စေပါတယ်။
5 KM Fun Run နဲ့ Kid Run ပြိုင်ပွဲတွေကိုတော့ အပျော်သဘောပဲဖြစ်ပြီး ဆုချီးမြှင့်မှာမဟုတ်ပါဘူး။ သို့သော် ပန်းဝင်သည်အထိပြေးတဲ့
အပြေးသမားပြိုင်ပွဲဝင်တိုင်းကိုတော့ Finisher’s Medal ဆုတစ်ခုစီနဲ့ T-Shirt, ပါဝင်ယှဉ်ပြိုင်ပန်းဝင်ကြောင်း လတ်မှတ်တစ်ခုစီပေးပါ
တယ်။ Full Marathon Men and Women ပထမ၊ ဒုတိယ နဲ့ တတိယဆုအသီးသီးကိုတော့ US$50,000, US$30,000 နဲ့ US$10,000
စီနဲ့ အမှတ်စဉ် ၁၀ အထိဆုကြေးအသီးသီးချီးမြှင့်ပေးပါတယ်။ Full Marathon ပြိုင်ပွဲအတွင်းမှာပဲ စင်္ကာပူနိုင်ငံသားပြိုင်ပွဲဝင်တွေအတွက်
သီးသန့်ချီးမြှင့်တဲ့ဆုကြေးငွေလဲ ရှိပါတယ်။ SCM ဟာ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲကြီးဖြစ် သဖြင့် အခြား Professional အပြေးသမား
တွေလဲလာပြိုင်ကြတာကြောင့် စင်္ကာပူနိုင်ငံသားတွေအတွက် ဆုသီးသန့်ချီးမြှင့်ပေးတာပါ။ ထို့အတူပဲကျန်တဲ့ ပြိုင်ပွဲအမျိုးအစားအသီးသီး
အလိုက် ဆုစုစုပေါင်းချီးမြှင့်ငွေ US$200,000 ကျော်နဲ့ S$160,000 ကျော်ကုန်ကျခံခဲ့ပါတယ်။ SCMS 2011 ကိုအပြေးသမားပေါင်း ၆၅၀၀၀ ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ကြေးတွေကိုတော့ သက်ဆိုင်ရာပြိုင်ပွဲအမျိုးအစားအလိုက် S$18 ကနေ S$85 အထိပေးရပါတယ်။ Standard Chartered Bank Credit Card ကိုင်ဆောင်တဲ့သူတွေအတွက် 15% Discount နဲ့ Passion Card အတွက်တော့ 10% Discount ပေးပါတယ်တဲ့။
ဒီဇင်ဘာလ ၃ ရက်နေ့ညမှာတော့ အချို့ Medical Team Volunteer တွေကလွဲလို့ အားလုံးသော Volunteer တွေဟာ ည ၁၁နာရီ ၄၅
အရောက် Singapore Flyer ဘေးနားမှာရှိတဲ့ F1 Pit Building မှာစုရပ်အဖြစ် သတင်းပို့ရပါတယ်။ အဆောက်အအုံရဲ့ မြေညီထပ်နေရာ
တွေမှာ ပထမဆုံး Registration Area အနေနဲ့ သွားပြီး ကျနော့် NRIC ကို Scan ဖတ်လိုက်တာနဲ့ ကျနော်ရောက်ရှိသတင်းပို့ကြောင်း
သူတို့ system ထဲကိုဝင်သွားပါပြီ။ ဝတ်ရမယ့် ယူနီဖောင်းတီရှပ်တစ်ထည်နဲ့အတူ ကြိုးနဲ့လွယ်ရတဲ့ အိတ်တစ်လုံးပေးပါတယ်။ အိတ်ထဲ
မှာတောင့် ပန်းသီးတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ ကိတ်မုန့်တစ်ခု၊ Energy Bar တစ်ခုနဲ့ ရေတစ်ဗူးပါပါတယ်။ အဲ့တာတွေယူပြီးတာနဲ့
အဆောက်အုံရဲ့ အလည်ပိုင်းလောက်မှာနေရာယူထားတဲ့ အမျိုးသား အမျိုးသမီးသီးသန့်ခွဲထားတဲ့ အဝတ်လဲခန်းတွေမှာ ပေးလိုက်တဲ့
တီရှပ်ကိုလဲဝတ် ပြီးကျနော့်အုပ်စုရဲ့ခေါင်းဆောင်စီကို သတင်းထပ်ပို့ရပါတယ်။ အယောက် (၄၀) ရှိတဲ့ ကျနော့်အုပ်စုမှာ ကျနော်ပထမဆုံး
ရောက်ရှိသတင်းပို့ဖြစ်တာပါ။ ခေါင်းဆောင်ကို နောက်ထပ်ရောက်လာမယ့် Volunteer တွေကိုနေရာချပေး စားစရာယူပေးပြီး တာဝန်ကျ
ရာနေရာကို သွားဖို့အတွက် ကော်ဖီလေးသောက်ပြီးထိုင်စောင့်ဖြစ်ပါတယ်။ ညလည်စာအတွက် မလေးရှားခေါက်ဆွဲကြော်ဗူးတွေစီစဉ်
ပေးထားပြီး ကော်ဖီနဲ့လက်ဖက်ရည်ကိုတော့ အသင့်ဖျော်ပြီး အပူခံအိုးများနဲ့ ချပေးထားပါတယ်။ လူစုံလို့တာဝန်ကျရာနေရာကိုသွားဖို့
ခေါ်တော့ Transport Support လုပ်ပေးတဲ့ SMRT က Bus ကားကြီးများနဲ့ တပျော်တပါး တာဝန်ကျရာနေရာဖြစ်တဲ့ Vivo City Habour Front ဖက်ကိုသွားကြပါတယ်။ Vivo City ကိုရောက်တော့ ကျနော်နဲ့ တခြား Buggy Driver ၂ ယောက်ကတော့ အုပ်စုကြီးကနေခွဲထွက်
ပြီး ကျနော်တို့ (၃) ယောက်တာဝန်ကျတဲ့ Sentosa ဖက်ကို လမ်းလျှောက်ခရီးဆက်ရတော့တယ်။ Sentosa ထဲရောက်တဲ့အထိ နာရီဝက်
နီးပါးကိုကြာပါတယ်။ သူများတွေထက်ထူးတဲ့ ကျနော်တို့ buggy (၃)ယောက်ဟာဖြင့် ညနေ (၃)နာရီက Sentosa ကိုတကူးတက သွား
ပြီး လက်ခံထားတဲ့ကားလေးစီရောက်တော့ ချိန်းဆိုထားတဲ့ ဆေးအဖွဲ့ရောက်ဖို့ ၁ နာရီလောက်လိုသေးတာမို့ နည်းနည်းတော့ မျက်လုံး
မှိတ်ပြီးမှေးချိန်လေးရလိုက်တယ်။ အချိန်ကျတော့ ကားလေးစီသွား မိုးရွာထားလို့ ရေတွေကိုခြောက်အောင်သုတ်ပြီး Medical Team နဲ့
တွေ့ဖို့နေရာဖြစ်တဲ့ Tanjong Beach ကိုမောင်းပြီးစောင့်နေတာ Medical Team ဟာဖြင့် သတ်မှတ်အချိန်ထက် (၁) နာရီနောက်ကျပြီး
မှ ကျနော့်စီကိုရောက်ပါတယ်။ Singapore Red Cross က အရေးပေါ်သူနာပြုတစ်ဦးနဲ့ နပ်စ်တစ်ဦးဖြစ်ပါတယ်။ ရောက်ပြီးတော့လဲ
ဘာမှလုပ်စရာမရှိပဲ ပွဲစတဲ့အချိန် နံနက် ၆နာရီခွဲကိုစောင့်ရပြန်ရော။ Half Marathon 21.1 KM ရဲ့ ပထမ ၃ ကီလိုမီတာ ပွိင့်မှာကျနော့်တို့
Medical Support Buggy ကစောင့်နေတာပါ။ ပြိုင်ပွဲကိုတာလွှတ်လိုက်ကြောင်း ဝေါ်ကီတော်ကီအသီးသီးကနေအသံကြားရပြီး မိနစ်ပိုင်း
အတွင်းမှာပဲ ကျနော်တို့ နေရာကို ပထမဆုံးအပြေးသမား ရောက်လာပါတယ်။ သူတို့တွေကတော့ နိုင်ငံခြားက Professional အပြေး
သမားတွေပါ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ များများလာလိုက်တာ ကျနော်တို့ အနားမှာရှိတဲ့ ပြေးလမ်းကျဉ်းတစ်ခုကြောင့် လူ
တွေအားလုံး jam ဖြစ်ပြီးပိတ်ဆို့မှုဖြစ်သွားတဲ့အထိအောင် လူအုပ်ကြီးကများပြားပါတယ်။ တချို့ပြသနာရှာတက်တဲ့ အပြေးသမားတချို့
ကတော့ ကျနော်တို့စီလာပြီး ဒီပိတ်ဆို့မှုကြောင့်အများကြီးထိခိုက်တယ်ဆိုတဲ့အကြောင်း စောဒကလာတက်ကြတဲ့အခါ ကျနော့်အဖွဲ့က
နပ်စ်က ဘာမှပြန်မပြောပဲ MEDICAL လို့ရေးထားတဲ့ သူ တီရှပ်နောက်ကျောကိုလှဲ့ပြလိုက်ပါတယ်။ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ
ပဲ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းလူပါးသွားပြီး အပြေးပြိုင်ပွဲကနေလမ်းလျှောက်ပွဲကိုပြောင်းသွားပါတော့တယ်။ အစ (၃) ကီလိုမီတာ
မှာတောင် ဒီအပြေးသမားတွေ စလမ်းလျှောက်နေကြပြီဆိုတော့ ကျန်တဲ့ (၁၈) ကီလိုမီတာကို သူတို့ဘယ်လိုစခန်းသွားကြမယ်လို့တောင်
မတွေးတက်တော့ပါဘူး။ ဘာကြောင့်များနည်းနည်းပဲပြေးရတဲ့ (၁၀) ကီလိုမီတာကိုတော့မရွေးပဲ (၂၁)ကိုမှ ရွေးရတာလဲမသိတော့ပါဘူး။
(၃) ကီလိုမီတာ ပွိင့်မှာဖြစ်တာကြောင့် ဘာတစုံတရာပြသနာ မှမရှိပဲ ဆေးအဖွဲ့ဟာပြေးတဲ့လူတွေကိုပဲ မတ်တက်ရပ်ပြီးကြည့်နေဖြစ်တော့
တယ်။ နောက်ဆုံးမှာတော့ escort လုပ်ပေးနေတဲ့ မော်တော်ဆိုင်ကယ် (၃) စင်းနဲ့အတူ ၂၁.၁ ကီလိုမီတာ Half Marathon ပြိုင်ပွဲ့ရဲ့
နောက်ဆုံးအပြေးသမား အမျိုးသား၊ အမျိုးသမီး (၂)ယောက်အတွဲဟာတော့ သူတို့ကိုယ်သူတို့ပင်လယ်ကမ်းခြေမှာ ရောက်နေတယ်လို့ ထင်လို့နဲ့တူပါရဲ့ စကားတပြောပြော နဲ့လမ်းလျှောက်ပြီး ကျနော်တို့ရှေ့ကနေဖြတ်လျှောက်သွားပါတော့တယ်။ သူ့နောက်က စောင့်ပေး
ရတဲ့ ရဲ ဆိုင်ကိုယ်၊ ပြိုင်ပွဲကော်မတီက ဆိုင်ကယ်နဲ့ ဆေးအဖွဲ့ကဆိုင်ကယ်သမားတွေကတော့ အမုန်းမျက်နာတွေနဲ့တဖြည်းဖြည်း သူတို့
နောက်ကလိုက်သွားကြလေရဲ့။

ကျနော့် Buggy ဟာလဲ တာဝန်ကျရာနေရာမှာ ဘာတစ်ခုမှမလုပ်လိုက်ရပဲ သူနာပြု (၂)ယောက်ကိုတင်ပြီး ပြေးလမ်းတောက်လျှောက် လိုက်မောင်းကြည့်ဖြစ်တယ်။ နောက်တော့ Volunteer တစ်ယောက်နေမကောင်းလမ်းမလျှောက်နိုင်လို့ သွားခေါ်ပေးပါဆိုလို့ အပြေးသမားကိုမတင်ရပဲ Volunteer ကိုသွားခေါ်ပြီး သူတို့စုရပ်နေရာကိုပြန်ပို့ပေးလိုက်တယ်။ ဒီနောက်တော့ ကျနော့် ဆေးအဖွဲ့ဟာလဲ
တာဝန်ပြီးဆုံးပြီမို့လို့ သူတို့စုံရပ်ကိုသွားကြပြီး ကျနော်ကတော့ Sentosa ပြေးလမ်းတောက်လျှောက်က တခြား Volunteer တွေကို
စေတနာနဲ့မိမိတာဝန်ထဲမှာမပါပေမယ့် လိုက်ကြိုပြီး သူတို့စုံရပ်အသီးသီးကိုလိုက်ပို့ပေးပြီးတဲ့နောက်တော့ ကျနော်လဲ ကားကိုသတ်မှတ်
ပေးထားတဲ့နေရာမှာရပ်ပြီး ပြန်စုရပ်ဖြစ်တဲ့ F1 Building ကိုပြန်ဖို့အတွက် transport ကားတွေကိုစောင့်နေလိုက်တော့တယ်။ အသွားမှာ
တော့ အစဉ်ပြေသလောက်အပြန်မှာတော့ (၁)နာရီနီးပါးနောက်ကျစောင့်ပြီးမှ ပြန်ကြရပါတယ်။ လူတိုင်းကအိပ်ငိုက်ပြီး အမြန်ပြန်ချင်နေ
ကြတာပါ။ F1 Building ပြန်ရောက်တော့ Sign Out လုပ်တဲ့နေရာမှာ လုပ်ပြီး Volunteer လုပ်တဲ့အတွက်အိပ်ရေးပျက်ခံအချိန်အကုန်ခံ ပြီးရတဲ့ hard earn money S$20 ကိုလက်ခံရရှိပါတယ်။ ကျနော်တို့ ပြန်သည်အထိ အပြေးသမားတွေဟာ ပန်းဝင်ဖို့နေရာကိုရောက်
အောင်ပြေးတုံး၊ လမ်းလျှောက်တုံးပဲရှိပါသေးတယ်။
နောက်တစ်နေ့မှာတော့ အသက် ၂၂ အရွယ် Half Marathon 21.1 KM ပြိုင်ပွဲဝင်အပြေးသမားအမျိုးသားတစ်ဦး ပန်းဝင်ပြီးတဲ့အချိန်မှာ
လဲကျသွားပြီးတဲ့နောက် ဆေးရုံကိုအချိန်မီပို့ကုသသော်လည်းသေဆုံးသွားကြောင်း ကြားသိရတဲ့အတွက်အလွန်ပဲစိတ်မကောင်းမိပါဘူး။
SCMS 2011 အတွက် Alexandra Health မှ Medical Partner အဖြစ်တာဝန်ယူပြီး ဆရာဝန် ၂၆ ယောက်၊ နပ်စ် ၁၂၇ ယောက်၊
အရေးပေါ်အသက်ကယ် ကျွမ်းကျင်သူနာပြု ၈၂၀၊ ကိရိယာစုံတက်ဆင်ထားသော သူနာတင်ယာဉ် ၃၂ စင်း၊ သူနာပြုများပါဝင်သော
အထူးအမြန်သယ်ယူပို့ဆောင်ရေး BMW ကား ၁၁ စင်း၊ သူနာပြုတင်မော်တော်ဆိုင်ကယ် ၁၆စင်း၊ စက်ဘီးဖြင့် သူနာပြုအမြောက်အများ၊
အပြင် ကျနော်တို့တာဝန်ယူရတဲ့ Buggy သူနာပြုယာဉ်ငယ်များစွာဖြင့်အပြေးသမားများရဲ့ အရေးပေါ်ကျန်းမာရေးနှင့် အခြားအသေးစား
ထိခိုက်မှုများ စတဲ့ ဆေးဖက်ဆိုင်ရာပြသနာများကိုကူညီဆောင်ရွက်ပေးပါတယ်။ ထို့အတူပဲ ရေနဲ့ အားဖြည့်အချိုရည်ရနိုင်တဲ့ water
station များကို Official Isotonic Drink Sponsor အဖြစ် 100Plus နဲ့ ရေအတွက်တော့ Ice Mountain ရေသန့်တို့ရဲ့ အကူအညီနဲ့
Full Marathon ပြိုင်ပွဲအတွက် (၃) ကီလိုမီတာ အကွာအဝေးတိုင်းမှာ ၄င်း၊ Half Marathon ပြိုင်ပွဲအတွက် ပထမ (၄) ကီလိုမီတာပြေး
ပြီးတဲ့နောက် (၃) ကီလိုမီတာအကွာအဝေးတိုင်းမှာ Water Station ပေါင်း ၂၄ ခု ထားရှိပေးထားပြီး ရေလီတာပေါင်း (၂၃၂ ၀၀၀)၊
100 Plus (၉၂ ၀၀၀) လီတာ ခန့်သုံးစွဲခဲ့ပေးခဲ့ကြောင်းသိရပါတယ်။ SCMS 2011 အတွက် ကျောင်းသူကျောင်းသားများ၊ နယ်ပယ်အသီး
သီးမှ တစ်ဦးချင်း နှင့် အုပ်စုလိုက်ပါဝင်ကူညီခဲ့သော Volunteer စုစုပေါင်း (၇၀၀၀) ရှိပြီး၊ ပြိုင်ပွဲကျင်းပသည့်နေ့တွင် Volunteer ပေါင်း
၅၀၀၀ မှ Drink Stations Crew, Safety Spotter, Pen Crew လို့ခေါ်တဲ့ ပြိုင်ပွဲဝင်တွေကို နေရာချပေးတဲ့ Crew များ၊ ပြိုင်ပွဲဝင်တွေ
ကို လမ်းညွှန်ပေးတဲ့ Courtesy Crew၊ ပြိုင်ပွဲဝင်များ၏ အိတ်များကို ထိမ်းသိမ်းပေတဲ့ Baggage Crew၊ စသည်ဖြစ့် နေရာပေါင်းစုံကနေ
ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ဒါ့အပြင် Singapore Polytechnic အသီးသီးမှာ ပညာသင်ကြား နေတဲ့ Nursing Students များကိုလဲ အခြားသူနာပြုများဖြင့်တွဲဖက်ပြီးတော့ ပြေးလမ်းတောက်လျှောက်က အချက်အချာကတဲ့ နေရာ တွေရဲ့ ဓာတ်မီးတိုင် ၁ တိုင်မှာ (၂) ယောက်တာဝန်ချထားပေးပါတယ်။ ဓာတ်မီးတိုင်မှာ တာဝန်ချထာဟာအကြောင်းရှိပါတယ်။ စင်္ကာပူက ဓာတ်မီးတိုင်တိုင်းမှာကိုယ်ပိုင် နံပါတ်တွေရှိပါတယ်တဲ့၊ တစုံတစ်ခုများ ပြသနာပေါ်လို့ သူနာတင်ယာဉ်ခေါ်သည်မယ်ဆိုရင် ဘယ်နေရာမှာလဲဆိုတာကို ဓာတ်မီးတိုင် နံပါတ်ပြောလိုက်တာနဲ့တင် ချက်ချင်းတန်းသိပြီး အနီးဆုံးမှာရှိတဲ့ လူနာတင်ယာဉ်ကိုလှမ်းအကြောင်းကြားနိုင်ပါကြောင်းသိရပါတယ်။
Volunteer လုပ်ခြင်းဟာ ငွေကြေးတစုံတရာကိုမျှော်လင့်နိုင်စရာမရှိပေမယ့် အခြားသောကောင်းကျိုးတွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်
Volunteer များနဲ့ သူငယ်ချင်းဖြစ်ပြီး မိမိရဲ့ Social Circle ပိုမိုကောင်းလာစေခြင်း၊ မိမိရဲ့ Social Skill Communication Skills တွေပိုမို
တိုးတက်လာစေခြင်း၊ ကိုယ်ပါဝင်တဲ့ Event ပေါ်မူတည်ပြီးတော့ ဒီ Event ကိုဦးစီး စီမံခန့်ခွဲတဲ့ Management Team ရဲ့ လုပ်ဆောင် ချက်တွေက ကိုယ့်အတွက်အတွေ့အကြုံသစ်တွေရရှိစေခြင်းစတာတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် စင်္ကာပူပြည်တွင်းမှာ ရှိတဲ့သူတွေ အတွက် တော့ စင်္ကာပူအစိုးရရဲ့ အဓိက လူဝင်မှုကြီးကြပ်ရေး policy ဖြစ်တဲ့ Integrate and Contribute to Society ဆိုတာကို အထောက်အကူအများကြီးဖြစ်စေတဲ့ အတွက် ကိုယ်နေတဲ့လူမှုအဖွဲ့အစည်းအတွင်း ကိုယ်တက်နိုင်သမျှကူညီ ဆောင်ရွက် ပေးနိုင်ဖို့ တိုက်တွန်းရင်း ကျနော့် ပိုစ့်ကိုနိဂုံးချုပ်ပါတယ်။ ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အတိုင်း
စင်္ကာပူနိုင်ငံတွင်းရှိကြတဲ့ သူငယ်ချင်း

Friday, December 2, 2011
Special Air Mission (SAM)

United State of America, Secretary of State သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး၏ သမိုင်းတွင် မြန်မာနိုင်ငံခရီးအပေါ် မြန်မာနိုင်ငံသူ
နိုင်ငံသား အလွှာပေါင်းစုံမှ စိတ်ဝင်တစားရှိလှပါတယ်။ Facebook နဲ့ ပြည်တွင်းပြည်ပ သတင်း website များကနေ စဉ်ဆက်မပြတ်
ဓာတ်ပုံသတင်းတွေ ဆောင်းပါးတွေ တင်နေသလို၊ Secretary of State ပျံသန်းလိုက်ပါလာတဲ့ အထူးလေယာဉ်ကြီးကိုလဲ စိတ်ဝင်တစား
ရှိကြပါတယ်။ ဖွင့်လိုက်တဲ့လေယာဉ်တံခါးမှာကအစ Secretary of State ဆိုတဲ့ အမေရိကန်နိုင်ငံတော်တံဆိပ် ပါတာကြောင့်လဲ ကျနော်
အင်မတန်စိတ်ဝင်စားမိတယ်။ ဒီနေ့ပဲ facebook ပေါ်မှာ စာရေးသူ စိုင်းနေမင်း ရေးသားတဲ့ Secretary of State လေယာဉ်ဘယ်လို
အစွမ်းထက်သလဲ ဆိုတဲ့ note ကိုဖတ်မိတော့ အင်မတန်မှလဲ အံ့အားသင့်မိပြီး ဒီလေယာဉ်အကြောင်းရှာကြံရေးမယ်လို့ အကြံရပေမယ့်
သူများရေးပြီးသားခေါင်းစဉ်တစ်ခုအတွင်းမှာ ထပ်ရေးဖို့စိတ်မပါတာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ President ကစလို့ ဝန်ကြီးများ
ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်များကိုလေကြောင်းဝန်ဆောင်မှုပေးတဲ့ Special Air Mission (SAM) ရဲ့အကြောင်းနဲ့ တချို့ နည်းနည်းလေး မှားနေတာလေးတွေများကို ပြင်ဆင်ချင်တာတွေရယ်၊ တခြားနိုင်ငံများရဲ့ VIP တွေဘယ်လိုခရီးသွားကြတဲ့ အကြောင်းနည်းနည်းလေးတွေ ကိုဖတ်မိသလောက်ပြန်ရေးချလိုက်ပါသည်။
အထူးလေကြာင်းခရီးစဉ် လို့ တိုက်ရိုက်ဘာသာပြန်လို့ရမယ့် Special Air Mission (SAM) ရဲ့ လေယာဉ်ပျံအုပ်စုဟာ လုံခြုံမှု နဲ့ သက်တောင့်သက်သာရှိမှု တို့ဖြင့် အမေရိကန်ပြည်ထောင်စု သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမေရိကန် ကွန်ဂရက်
လွှတ်တော်အမတ်များ နဲ့ နိုင်ငံရပ်ခြားသို့စေလွှတ်သည့် အထူးကိုယ်စားလှယ်များအတွက် ဝန်ဆောင်မှုပေးရပါတယ်။ ကမ္ဘာ့နိုင်ငံအနှံကို
ပျံသန်းပေးတဲ့ SAM ရဲ့လေယာဉ်ပျံအမျိုးအစားအသုံးပြုမှုကိုတော့ စီးနင်းလိုက်ပါမယ့် အရေးကြီးပုဂ္ဂိုလ်ပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။
အရေးကြီးပုဂ္ဂိုလ်များအနေနဲ့ အလွန်တိကျတဲ့ အချိန်ဇယားအတိုင်း ခရီးသွားလာကြရတဲ့အတွက် SAM အနေနဲ့ အလွန်တင်းကြပ်တဲ့
စည်းမျဉ်းဥပဒေတွေနဲ့ ဝန်ဆောင်မှုပေးရပါတယ်။ SAM ကို အမေရိကန်ပြည်ထောင်စု လေတပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် အုပ်စု ၈၉ မှ အထူးလေယာဉ်မျိုးစုံ ၁၇ စင်း နဲ့ ရဟတ်ယာဉ် ၁၅ စင်းတို့ဖြင့် ပြည်ထောင်စုအရေးပေါ်စီမံချက်အတိုင်း ဖွဲ့စည်းအထောက်
အကူပြုပေးသည်။ SAM ၏ Airlift 89th ကို အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်ရှိ Andrew လေတပ်စခန်းတွင် အခြေစိုက်
ထားပြီး အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်၊ လေတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်မတော် ဌာနချုပ်တို့မှ တိုက်ရိုက်အမိန့်ပေးအုပ်ချုပ်ကာ ဗိုလ်ချုပ်ကြီးမှစ၍တပ်သားအဆုံး စုစုပေါင်း အင်အား ၁၀၀၀ ခန့်ဖြင့်ဖွဲ့စည်းထားသည်။
SAM ၏ ခရီးသည်များမှာ အလွန်အရေးကြီးသော ကိစ္စရပ်မျာဖြင့် ခရီးသွားလာနေသူများဖြစ်သည့်အလျှောက် ပျံသန်းရာခရီးလမ်း
ကြောင်းကို အထူးဂရုစိုက်၍ ပျံသန်းရသည့်အပြင်၊ လုံးဝအမှားမရှိရသည့် ခရီးလမ်းကြောင်းဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် အရပ်ဖက်
လေဆိပ်များတွင် ဆိုက်ကပ်ရပ်နားရာတွင် SAM မှချမှတ်ပေးထားသည့် ထုံးစံအစဉ်အလာအတိုင်း အချွတ်အချော်မရှိ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများပြုလုပ်နိုင်စေရန် လေဆိပ်ပျံသန်းမှုထိမ်းချုပ်ရေးမျှော်စင်ကို ညွှန်ကြားမေတ္တာရပ်ခံပြီး ပူးပေါင်းဆောင်ရွက်သည်။
အဘယ်ကြောင့်ဆိုသော် SAM ၏ လေယာဉ်သည် အထူးပျံသန်းလာသောခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု၏ အမြင့်မားဆုံးသော ခေါင်းဆောင်များ၏ သင်္ကေတ အမှတ်လက္ခဏာအဖြစ်ဖော်ပြခြင်းများကြောင့်ဖြစ်သည်။
SAM ၏ Mission များကို (၃) ပိုင်းအဓိကအားဖြစ်ခွဲခြားထားသည်။
Presidential Mission အဖြစ် အိမ်ဖြူတော်၏ တိုက်ရိုက်ညွှန်ကြားမှုအတိုင်း သမ္မတကြီး နှင့် သမ္မတကြီး ၏ မိသားစုဝင်များကိုသယ်ယူပို့
ဆောင်ပေးခြင်း။
Special Air Mission အဖြစ် အမေရိကန်တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ်၏ အုပ်ချုပ်လမ်းညွှန်မှုဖြင့် ဒုတိယသမ္မတ၊ ဝန်ကြီးများ
နဲ့ ထိပ်တန်းအရာရှိကြီးများ၊ CIA အစရှိတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ အထူးကိစ္စရပ်များဖြင့်သွားလာသော
အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှ ခေါင်းဆောင်များ ကိုသယ်ယူပို့ဆောင်ပေးရသည်။
Helicopter Special Mission အဖြစ် အမှတ် (၁) ရဟတ်ယာဉ်အုပ်စုကို ဖွဲ့စည်းထားပြီး နိုင်ငံအတွင်းအရေးပေါ်အခြေအနေကြုံတွေ့ပါက
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများကို သယ်ယူပို့ဆောင်ပေးရန် တို့ ဖြစ်သည်။
ယခု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အတွက်စီစဉ်ပေးလိုက်တာကတော့ Special Air Mission အဖြစ်နဲ့ ဖြစ်ပြီးလေယာဉ်
အမှတ် ၈၀၀၀၂ ဖြစ်တဲ့ Boeing 757-200 အမျိုးအစားကို အထူးပြန်လည်မွန်းမံထားသော C32-A လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ကြီးကို အပိုင်း (၄) ပိုင်းခွဲခြားထားပြီး ခေါင်းပိုင်းကစ၍ပထမCabin မှာ တော့ဆက်သွယ်ရေးခန်း၊ ကြည့်ရှုခန်း၊ အိမ်သာနဲ့
Business Class ထိုင်ခုံ (၁၀) ခုံပါရှိပါတယ်။ ဒုတိယ Cabin မှာတော့ အဓိကပုဂ္ဂိုလ်အတွက် သီးသန့်ခန်းတစ်ခုလုပ်ပေးထားပြီး အခန်း
အတွင်းမှာတော့ အဝတ်လဲခန်း၊ သီးသန့်သန့်စင်ခန်း၊ ထိုင်ခုံနှစ်ခုကို ပြုပြင်လိုက်ပါက ထိုင်ခုံ ၃ခု အထိအသုံးပြုနိုင်သည့်အပြင်ဖြန့်ခင်း လိုက်ပါက အိပ်ယာတစ်ခုအဖြစ်အသုံးပြုနိုင်သော First Class ထိုင်ခုံနှစ်ခုပါရှိပြီး အထူးသီးသန့် Entertainment စနစ်ကို တက်ဆင် ပေးထားပါတယ်။ Cabin ၃ ခုမြောက်မှာတော့ အစည်းဝေးခန်းမငယ်တစ်ခုနဲ့ Business Class ထိုင်ခုံ (၈)ခုံပါရှိပါတယ်။ နောက်ဆုံးအပိုင်း
မှာတော့ Business Class ထိုင်ခုံ (၃၂)ခုံ၊ သန့်စင်ခန်းနဲ့ လေယာဉ်ဝန်ထမ်းများဝန်ဆောင်မှုပေးဖို့ မီးဖို facility တွေရှိပါတယ်။ C32 -A
ဟာ ပေ ၅၀၀၀ ရှိသော လေယာဉ်ပြေးလမ်းတွင် ဆင်းသက် ပျံတက်နိုင်ပြီး ဆီမထည့်ပဲ မရပ်မနား ကီလိုမီတာ ၁၀၀၀၀ (တစ်သောင်း) ပျံသန်းနိုင်ပါတယ်။
ဒီပိုစ့်နဲ့ ပတ်သတ်ပြီး ကြုံတုံးလေးဖောက်သည်ချရရင်ကျနော်ရန်ကုန်မှာနေစဉ်ကာလကအဲပုဂံမှာ အလုပ်လုပ်ခဲ့ဖူးလေတော့ မြန်မာပြည်ရဲ့
အရေးကြီးပုဂ္ဂိုလ်များ ရဲ့ သာမန်လေကြောင်းခရီးစဉ်တွေ၊ အထူးခရီးစဉ်တွေနဲ့ မကြာခဏကြုံတွေ့ကြရပါတယ်။ သိကြတဲ့အတိုင်း အရင်
ကမြန်မာနိုင်ငံပိုင် လေယာဉ်ကြီးတွေကမရှိတော့ နိုင်ငံတော်အကြီးအကဲကြီးများ ခရီးသွားမယ်ဆိုရင် အဲပုဂံကနေလေကြောင်းဝန်ဆောင်
မှုပေးပါတယ်။ အဲပုဂံခင်မျာလဲ သူ့မှာရှိတဲ့ Fokker 100 နဲ့ပို့ရင်ပို့၊ အနီးနားသွားတယ်၊ ပြည်တွင်းခရီးပဲသွားတယ်ဆိုရင်တော့ ATR 72 နဲ့ပို့ပေးပါတယ်။ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးများစီးမယ်ဆိုရင်တော့ လေယာဉ်အတွင်း ပိုင်းကခရီးသည်ခုံတွေနေရာမှာ အထူးထိုင်ခုံ
တွေလဲပြီး စီစဉ်ပေးပေးလေ့ရှိပါတယ်။ ကျနော်တို့စီကအရေးကြီးပုဂ္ဂိုလ်ကြီးများဟာဖြင့် ကိုယ်ကဖြင့်ငွေမရှိသော်လည်း အထူးလေယာဉ်
တွေကိုပဲ စီးချင်ကြတာပါ။ အခုချိန်ထိနိုင်ငံရပ်ခြားခရီးစဉ်တွေသွားတယ်ဆိုရင် MAI ရဲ့ လေယာဉ်ကိုစီးလုံးဌား သို့မဟုတ် စီးလုံးအလကား
စီးကြတာပါ။ ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံအကြီးအကဲကြီးများ ဘယ်လိုလေကြောင်းခရီးသွားတယ်ဆိုတာကို သူငယ်ချင်းတွေ သိရအောင်
မျှဝေလိုက်ပါတယ်။
Brunei နိုင်ငံကတော့ ဘုရင်က နိုင်ငံခေါင်းဆောင်နေရာမှာမို့လို့ His Majesty The Sultan's Flight (HMSF) လို့ခေါ်ပြီး ဘုရင်နဲ့တော်
ဝင်မိသားစုဝင်များအတွက်သာ သီးသန့်ပျံသန်းပေးတဲ့ လေကြောင်းအုပ်စုကို Boeing 767-200ER V8-MHB, Boeing 747-400 V8-ALI
Airbus A340-200 V8-BKH, Sikorsky S-70A V8-029, Sikorsky S-70A လေယာဉ်များနဲ့ ပျံသန်းပို့ဆောင်ပေးပါတယ်တဲ့။
China တရုတ်နိုင်ငံ သမ္မတကြီးကတော့ နိုင်ငံတွင်းသွားရင်တော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (လေ) ပိုင် B-737s ကို
အသုံးပြုပြီးတော့ နိုင်ငံရပ်ခြားသွားရင်တော့ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ Air China ရဲ့ B747-400လေယာဉ်တွေကို အသုံးပြုပါတယ်။
၂၀၀၀ ခုနှစ်လောက်ကတော့ တရုတ်နိုင်ငံသမ္မတကြီး တစ်ဦးဖြစ်ခဲ့သူ ကျန်စီမင်း စီးဖို့အတွက် B 767-300ER တစ်စင်းကိုဝယ်ယူခဲ့သော်
လည်းပဲ စပိုင်ကိရိယာ ၂၇ ခုတွေ့ရှိခဲ့လို့ လေယာဉ်ကိုပြန်လည်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
India နိုင်ငံအတွက်တော့ အမေရိကန်ကို အားကျလို့ထင်ပါရဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတတို့စီးနင်းတဲ့ အခါ Air India One လို့ ခေါ်ရတဲ့
747-437B ကိုအသုံးပြုပြီး ဒုံပျံကာကွယ်ရေးစနစ်၊ လေထုအတွင်း လေယာဉ်ဆီဖြည့်စနစ်တို့ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာတော့ Indian Air Force Boeing 737–200 ကိုအသုံးပါတယ်။
Indonesia နိုင်ငံ သမ္မတကြီးနဲ့ ဒုတိယသမ္မတကြီးများကတော့ နိုင်ငံရပ်ခြားခရီးတွေအတွက် နိုင်ငံပိုင် Garuda လေကြောင်းကလေယာဉ်
တွေကို စီးလုံးဌားအသုံးပြုသလို၊ ပြည်တွင်းနဲ့ ဒေသတွင်း အနီးခရီးစဉ်တွေကိုတော့ အင်ဒိုနီးရှားလေတပ်မတော်က စီမံပေးထားတဲ့
အထူးလေယာဉ်အုပ်စုကိုအသုံးပြုပါတယ်။ အထူးလေယာဉ်အုပ်ထဲမှာတော့ Boeing 737–400, Boeing 737–200, C-130 Hercules, Fokker F27-400, Fokker F28-1000, RJ-85 and Super Puma ရဟတ်ယာဉ်တွေပါဝင်ပါတယ်။
Malaysia နိုင်ငံဝန်ကြီးချုပ်၊ ဘုရင်နဲ့ တော်ဝင်မိသားစုများကတော့ မလေးရှားတော်ဝင်လေတပ်မတော် မှBoeing Business Jet ကိုအသုံး
ပြုပြီး ဝန်ကြီးချုပ်ပျံသန်းစဉ် (Perdana One) လို့ခေါ်ပြီး ဘုရင်ပျံသန်းစဉ်မှာတော့ (DiRaja One) လို့ခေါ်ပါတယ်။
Philippines သမ္မတနဲ့ သမ္မတမိသားစုဝင်တွေအတွက် ဖိလစ်ပိုင်လေတပ်မတော် လေကြောင်းပို့ဆောင်ရေးလေယာဉ်အုပ်စုမှတာဝန်ယူ
ပျံသန်းပို့ဆောင်ပေးပြီး၊ သမ္မတပြည်တွင်းခရီးစဉ်တွေကိုတော့ Fokker F28 လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပြည်ပခရီး
စဉ်တွေကိုတော့ Philippine Airlines က Bombardier Learjet 60 တွေကိုဌားရမ်းအသုံးပြုပါတယ်။
Singapore နိုင်ငံကတော့ အလွန်ချမ်းသာသောနိုင်ငံဖြစ်ပေမယ့် သမ္မတကြီး၊ ဝန်ကြီးချုပ် တို့ခရီးသွားရင်အထူးလေယာဉ်ကိုအသုံးပြုလေ့
မရှိပဲ၊ Singapore Airlines (SIA) ရဲ့ ပုံမှန်လေကြောင်းခရီးစဉ်တွေအတွင်းမှာ First Class Cabin ကနေစီးနင်းလိုက်ပါလေ့ရှိပါတယ်တဲ့။
ဒေသတွင်း ဝန်ကြီးများများစားစားလိုက်ပါပြီးသွားရင်တော့ စင်္ကာပူလေတပ်ပိုင် Fokker-50 လေယာဉ်လေးနဲ့ပဲသွားလေ့ရှိပါတယ်။
Mr. Lee Kuan Yew ကတော့ တခါတယံမှာသီးသန့်လေယာဉ်နဲ့ သွားတက်ပါတယ်။
Thailand ထိုင်းနိုင်ငံဘုရင်နဲ့ တော်ဝင်မိသားစုဝင်များအတွက် ထိုင်းဘုရင့်လေတပ်မတော် ကိုယ်ရံတော်တပ်မှ Boeing 737 (၂) စင်း, Airbus A319 (၁) စင်းနဲ့ Airbus A310 တစ်စင်းတို့ဖြင့် ပြည်တွင်းပြည်ပခရီးစဉ်တွေကို သယ်ယူပို့ဆောင်ပေးသော်လည်း များသော
အားဖြင့် တော်ဝင်မိသားစုများဟာ ထိုင်းနိုင်ငံပိုင် Thai Airways နဲ့ပဲသွားလေ့ရှိပါတယ်တဲ့။
Vietnam ဝန်ကြီးချုပ်ကတော့ ပြည်ပခရီးစဉ်တွေကို Boeing 777-200ER ၊ ပြည်တွင်းခရီးများကို Airbus 321 Vietnam Airlines ကစီးလုံးဌားပြီး သွားလေ့ရှိပါတယ်။
Refrence -
1) http://en.wikipedia.org/wiki/Boeing_C-32
2) http://www.planespotters.net/Airline/USAF-United-States-Air-Force
3) http://en.wikipedia.org/wiki/89th_Airlift_Wing
4) http://en.wikipedia.org/wiki/Air_transports_of_heads_of_state_and_government
Wednesday, November 23, 2011
သံယောဇဉ်မကုန်နိုင်သော ဒီရွက်လှေ
ဒီပိုစ့်ကတော့ အစီအစဉ်မရှိသွားရောက်ခဲ့တဲ့ ဂျကာတာအလုပ်ခရီးစဉ်အတွင်း မြန်မာ့ရွက်လှေအဖွဲ့နဲ့ တွေ့ဆုံခဲ့ရတဲ့ အကြောင်းမှတ်တမ်း
တစ်ခုအဖြစ်၎င်း၊ နိုင်ငံတော်အတွက် ဒုတိယငွေတံဆိပ်တစ်ခုကို ရယူပေးနိုင်ခဲ့တဲ့ မခင်ဆွေဦးနဲ့ မသိင်္ဂဝင်းရွှေတို့ကို ဂုဏ်ပြုသောအား
ဖြင့်၎င်း ရေးသားခြင်းဖြစ်သည်။
ကျနော်ရွက်လှေနဲ့ ပင်လယ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော့်ရွက်လှေဘဝမှာကျင်လည်ခဲ့တဲ့အကြောင်းကို အပိုင်း (၁) ကနေ (၃) အထိ
ရေးခဲ့ဖူးပါတယ်။ အပိုင်း (၄) နောက်ဆုံးအပိုင်းကိုတော့ ရေးခဲ့ပြီးကာမှ internet connection ပြတ်ကျတာလားဘာလားမသိပဲ ရေးနေရင်း
တန်းလန်းပျောက်သွားလို့ ထပ်ရေးရမှာပျင်းတာနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ပါဝင်ပံပိုးခွင့်ရခဲ့တဲ့ ၂၁ ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအပြီးမှာတော့ မြန်မာနိုင်ငံရွက်လှေအဖွဲချုပ်ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီးနောက်၊ ရန်ကုန်ရွက်လှေ
အသင်းအလုပ်အမှုဆောင်ကော်မတီအဖြစ်လဲ ဆက်လက်တာဝန်မထမ်းဆောင်ဖြစ်ခဲ့ပါဘူး။ ဒီထက်ဆိုးရွားတာကတော့ရန်ကုန်ရွက်လှေ
အသင်းရဲ့ သမိုင်းဝင် ဧည့်သည်တော်မှတ်တမ်းစာအုပ်ကြီးမှာအရက်၏ အမှားကြောင့်မည်သည့်ရည်ရွယ်ချက်နှင့်မျှမဟုတ်ပဲ အဲ့ဒီတုံးက
Network Game ကိုစွဲစွဲမြဲမြဲကစားပြီးရူးမိုက်စွာနဲ့ ဂိမ်းထဲမှာသုံးတဲ့ nick name တွေကိုနာမည်တစ်ခုလိုပဲ အသုံးပြုပြီးချရေးလိုက်မိတာက
အုပ်ချုပ်ရေးကော်မတီကိုမျက်စိအလွန်နောက်သွားစေခဲ့ပါတယ်။ ကိုလိုနီခေတ်ကဘုရင်ခံ၊ Governer ကစလို့ နိုင်ငံတော်ထိပ်တန်း
ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှတော်ဝင်မိသားစုများနှင့် ဝန်ကြီးအဖွဲ့ဝင်များ အပါအဝင်မြန်မာနိုင်ငံအတွင်းက ဝန်ကြီးများ၊ ဒုတိယ
ဝန်ကြီးများစတဲ့ အရေးကြီးပုဂ္ဂိုလ်ကြီးများရဲ့ အမည်များနဲ့ အမှတ်တရလက်မှတ်များရေးထားတဲ့စာအုပ်ကြီးမှာမှ ဆင်ခြင်တုံတရားကင်းမဲ့
စွာပေါက်ကရအမည်တွေချရေးခဲ့တဲ့ပြစ်မှုကို ကလပ်ရဲ့ Executive Committee ကခွင့်မလွှတ်ခဲ့ပါဘူး။ သာမန်အသင်းသားမဆိုထားနှင့်
ကလပ်ရဲ့ စည်းမျဉ်းစည်းကမ်းများကို နားလည်သိကျွမ်းသော ကလပ် ရဲ့ ကော်မတီဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့်ပိုမိုအပြစ်ကြီးလေး
စွာနဲ့ ကျနော့်ကို ကလပ်ကနေထုတ်ပယ်ပြစ်ခဲ့ပါတယ်။ ကျနော်လဲ ကိုယ်ကိုကိုယ် အလွန်မှားကြောင်းနောင်တရမိတာ အမှန်ပါပဲ။ EC
ကော်မတီကစီရင်ချက်မချမီကထဲက ဘာဖြစ်မယ်ဆိုတာ သိနှင့်နေတဲ့ ကျနော် Yangon Sailing Club ကိုနောက်ဆုံးအကြိမ်အနေနဲ့သွား
ပြီး ဝန်ထမ်းနဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက် ကလပ်ကိုနောက်ဆုံးအကြိမ်အဖြစ် နေရာစုံလျှောက်ကြည့်ပြီး ကလပ်ရှိရာ အင်းယားကန်
စောင်းကကျွန်းပေါ်ကနေပြန်ထွက်လာပြီးတဲ့နောက် ကလပ်နယ်နိမိတ်ကုန်ဆုံးရာနေရာဖြစ်တဲ့ တံတားထိပ်မှာအကြာကြီးရပ်ပြီး ကလပ်
ကိုနောက်ဆုံးအကြိမ်နှုတ်ဆက်မိပါတယ်။ ကျနော့်ရင်ထဲက ကြေကွဲမှုကို ရွာချလာတဲ့ မိုးကပိုပြီးဝမ်းနည်းစေခဲ့တာပါပဲ။ မိုးရွာထဲတစ်ယောက်ထဲလမ်းလျှောက်ပြန်ပြီး ရွက်လှေစစီးခဲ့တာကစလို့ နေပူမရှောင်မိုးရွာမရှောင် ပင်လယ်ပြင်ထဲနေခဲ့ရတာတွေ မျက်လုံး
ထဲ တကွက်ပြီးတကွက်ပေါ်လာလို့ပါပဲ။ နောက်တပါတ်လောက်အကြာမှာပဲ ကျနော့်အိမ်ကို ကလပ်ရဲ့ ကော်မတီကနေပေးပို့လိုက်တဲ့စာ
ကိုလက်ခံရရှိပါတယ်။ အဲ့ဒီအချိန်မှာ အသနားခံလဲရမှာမဟုတ်တော့ ဒီအတိုင်းပဲနေလိုက်တော့ပြီး ရန်ကုန်မှာရှိစဉ်ကာလကစလို့ယနေ့
တိုင် ကလပ်ရဲ့စည်းမျဉ်းစည်းကမ်းများကို လေးစားသောအားဖြင့် ကလပ်ကိုမရောက်ခဲ့တော့ပါဘူး။
ကျနော့်ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေလို့ဆိုရမယ့် ဘဝရဲ့အတွေ့အကြုံ၊ နိုင်ငံတကာအတွေ့အကြုံ၊ Administration နဲ့ Management အတွေ့အကြုံတွေ အကုန်ဟာ ကျနော့်ရွက်လှေအဖွဲ့ချုပ်မှာ အလုပ်လုပ်စဉ်ကာလကရရှိခဲ့တာကြောင့် ကျနော့်ဆရာကြီး
ဦးမိုးမြင့်ကို ကျေးဇူးရှင်လို့ကျနော့်ဘဝမှာ သတ်မှတ်ထားခဲ့ပါတယ်။ သူ့ကြောင့်သာ ကျနော်ပထမဆုံး နိုင်ငံခြားခရီးစဉ်ကိုထွက်ခဲ့ဖူးပြီး
မျက်စိပွင့်အမြင်ကျယ်လာခဲ့တာ၊ သူ့ကြောင့်သာ ရုံးတွင်းစာတွေ၊ ပြင်ပစာတွေအရေးအသားမှာရေးတက်လာတာ၊ စသည်ဖြင့်ဆူငေါက်
သင်ပေးခဲ့တာတွေဟာ ကျနော့်ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေပါပဲ။ နောက်တယောက်ကတော့ မြန်မာနိုင်ငံရွက်လှေအဖွဲချုပ်ရဲ့
နည်းပြချုပ် ဦးသန်းစိန်ပါ။ သူကတော့ ကျနော်ရွက်လှေမှာအလုပ်လုပ်စဉ်ကာလက အနီးကပ်သွန်သင်ဆုံးမခဲ့တာ၊ လိုတာတွေဖြည့်စည်း
ဖို့ အထက်ကိုတင်ပြပေးတာ၊ ကျနော်အမှားလုပ်သမျှကိုဒိုင်ခံ ကျနော့်ဖက်ကခုခံကာကွယ်ပြောဆိုပေးခဲ့တဲ့ တချိန်က နိုင်ငံတော်အတွက်
ရွှေတံဆိပ်တွေရယူပေးခဲ့သောနိုင်ငံဂုဏ်ဆောင် ရွက်လှေကစားသမားဟောင်းကြီးပါပဲ။
အခု ၂၀၁၁ အကုန်ဆိုတော့ ရွက်လှေနဲ့ မထိတွေ့ခဲ့တာ နှစ်ပေါင်း ၁၀ နှစ်လောက်ရှိရောပေါ့။ စင်္ကာပူမှာကျနော်ရွက်လှေပြန်စီးဖို့ကြိုးစား
ခဲ့ဖူးပါတယ်။ Changi Sailing Club လို Private Club တွေမှာတော့ မစီးနိုင်တော့ People Association ရဲ့ facility တွေဖြစ်တဲ့ Water Venture မှာ စီးဖို့ပါ။ စီးမယ်လို့ဆိုတော့ ကျနော့်ကို Certified Sailing certificate ရှိမှရမယ်တဲ့၊ မဟုတ်ရင် အခြေခံရွက်လှေသင်တန်း
ကိုပြန်တက်ရမယ်တဲ့။ အခြေခံသင်တန်းကိုတောမတက်ချင်တာ အမှန်ပါပဲ။ ကျနော့်မှာ Myanmar Yatching Federation ကပေးထားတဲ့
Quilify Helmsman Certs ကိုပြတော့ မရဘူးတဲ့။ ဘယ်နှယ့်ကြောင့်မရရမှာလဲဆိုပြီး Singapore Sailing Federation ကိုစာပို့ပြီးလှမ်း
ပြောတဲ့အခါကျတော့ Singapore Federation က MYF ကပေးထားတဲ့ လက်မှတ်ကိုအသိအမှတ်ပြုပါကြောင်းနဲ့ People Association
ကိုလဲဒီလက်မှတ်ကိုင်ဆောင်ထားသူကိုအသိအမှတ်ပြုပေးဖို့ လှမ်းပြီးစာပေးပို့ပါတယ်။ အဲ့ဒီအခါကျတော့ နောက်တဆင့်တက်လာပြီး
ရထားတဲ့လက်မှတ်မှာ ဘယ်လှေတွေစီးတက်တာဆိုတာမပါကြောင်း Int'l 420 နဲ့ Int'l 470 လှေတွေကိုသာပေးစီးနိုင်ကြောင်း အဲ့ဒီလှေ
တွေသူတို့မှာမရှိတဲ့အတွက် ရှိတဲ့လှေ Laser ကိုစီးဖို့အတွက် Modify Course ကိုတော့တက်စေလိုကြောင်းပြောပါတယ်။ ကျနော်လဲအဲ့
လောက်တောင်အရစ်ရှည်နေတာ မစီးတော့ဘူးဆိုပြီး မစီးဖြစ်ခဲ့တော့တာပါဘူး။
မြန်မာနိုင်ငံနဲ့ဝေးကွာနေပေမယ့် တခါတယံမှာတော့ မြန်မာရွက်လှေအသင်းရဲ့ သတင်းတွေကိုတော့ facebook တို့ဘာတို့ကတဆင့်
တော့ကြားကြားနေရတာပေါ့။ အခုလ နိုဝင်ဘာလအတွင်းမှာ ၂၆ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာမြို့တော်မှာကျင်းပနေတာကိုသိတဲ့အချိန်မှာပဲ ကျနော့်ရုံးကနေ ကြိုတင်အစီအစဉ်လုပ်ထားခြင်းမရှိပဲ ဂျကာတာကိုအရေးပေါ်
စေလွှတ်ခဲ့တော့ ရေငတ်တုံးရေတွင်းထဲကျဆိုသလိုပဲ အတော်ပဲပေါ့ Sea Games ကလဲအဲ့မှာလုပ်နေတော့ အလုပ်ပြီးတာနဲ့ သံယောဇဉ်
ရှိတဲ့ ရွက်လှေပြိုင်ပွဲနေရာကိုတော့ ရောက်အောင်သွားကြည့်မယ်ဆိုပြီး ပြိုင်ပွဲကျင်းပနေတဲ့နေရာတွေနဲ့ ဂျကာတာအတွင်းဆောင်ရန်
ရှောင်ရန်တွေကိုရတဲ့ ရက်အတွင်းအပြင်းအထန်လေ့လာလိုက်ပါတယ်။ ဂျကာတာဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်သည့်အလျှောက်
လူဦးရည် ၁၀ သန်းလောက်နေထိုင်ပါတယ်။ မြို့တော်ဟာ ကားပိတ်ဆို့မှုအလွန်ကြောက်စရာကောင်းတဲ့နိုင်ငံအဖြစ်လဲထင်ရှားတဲ့ အပြင်
ကမ္ဘာပေါ်မှာ တတိယမြောက်လေထုညစ်ညမ်းမှုအများဆုံးတိုင်းပြည်မြို့တော်လဲဖြစ်ပါတယ်။ ဖတ်လိုက်သမျှထဲမှာကောင်းကွက်တော်
တော်နည်းတဲ့အတွက် သွားဖို့ရာတောင်နည်းနည်းလန့်လာပါရဲ့။ Taxi စီးရင်တောင်မှ တံခါးချက်ချစီးဖို့သတိပေးထားတာလဲဖတ်ရတယ်။
စီးရမယ့် taxi company brand ကိုလဲမှတ်ရသေးတယ်။ ဂျကာတာ တက်စီတွေက တချို့မီတာမဖွင့်ပဲခရီသည်ကိုငွေပိုတောင်းတက်လို့
ပါတဲ့။
၂၆ ကြိမ်မြောက်အရှေ့တောင်အာရှအာကစားပြိုင်ပွဲ ရဲ့ ရွက်လှေပွဲစဉ်တွေကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ကထဲကစတင်ပြီး မြို့တော်
ဂျကာတာမြောက်ပိုင်းက Ancol Marina ဆိုတဲ့ကမ်းခြေမှာကျင်းပလျှတ်ရှိကြောင်း အင်တာနက်ပေါ်ကနေသိနေရပါတယ်။ မြန်မာရွက်လှေ
အသင်းဟာ Int'l 470 Men and Women, Laser Radial Man and Woman နဲ့ Optimist Class Open မှာ ပြိုင်ပွဲဝင်အားကစားသမား
(၇) ယောက်၊ အရံအားကစားသမား (၃) ယောက်၊ နိုင်ငံခြားသားနည်းပညာကျွမ်းကျင်သူ(၂) ယောက်၊ မြန်မာနည်းပြ (၁) ယောက်၊ နည်းပြချုပ် (၁) ယောက်၊ အုပ်ချုပ်မှုခေါင်းဆောင် (၁) ဦးနဲ့အတူ အထောက်အကူပြုအဖွဲ့ဝင်ပေါင်း(၇) ဦးနဲ့အတူပါဝင်ယှဉ်ပြိုင်ကြောင်း
သိရှိရပါတယ်။ စင်္ကာပူကနေမထွက်ခွာသွားခင်နောက်ဆုံးသိနေရတဲ့ ပြိုင်ပွဲရလဒ်တွေအရ Int'l 470 women မှာစင်္ကာပူကဦးဆောင်နေ
ပြီးမြန်မာက ဒုတိယနေရာကနေကပ်နေတော့ ဆုရရှိဖို့တော်တော်အခွင့်အလန်းကောင်းနေတာတွေ့ရပါရဲ့။
ဂျကာတာကို နိုဝင်ဘာလ (၁၇) ရက်နေ့မှမနက်ပိုင်းမှာ အင်ဒိုလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Lion Air နဲ့ကျနော်ထွက်ခွာသွားခဲ့ပြီး
ဂျကာတာကို schedule ရဲ့နာရီဝက်နောက်ကျပြီးမှရောက်ပါတယ်။ ဂျကာတာလေဆိပ်ကြီးဟာ အတော်လေးစုတ်ပြတ်ပြီး လမ်းညွှန်ဆိုင်း
တွေကလဲ သေခြာမရှိတော့ ဆိုက်ရောက်လူဝင်မှုကြီးကြပ်ရေးကို တော်တော်ရှာဖွေမေးမြန်းပြီးမှရောက်သွားတော့တယ်။ သာမန်နိုင်ငံကူး
ကိုင်ဆောင်ပြီး ဗီဇာမလိုပဲ ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံတစ်ခုအဖြစ် ဘဝမှာမှတ်တမ်းတင်ရမှာပါပဲ။ ခေါင်းစဉ်က ရွက်လှေနဲ့စထား
လို့တခြားအလုပ်တွေဘာတွေမရေးတော့ပဲ ရွက်လှေပြိုင်ပွဲရှိတဲ့နေရာကိုတိုက်ရိုက်ပဲဆက်ရေးလိုက်ပါတယ်။
ရွက်လှေပြိုင်ပွဲကျင်းပနေတဲ့ Marina Ancol ကိုမနက်စောစောထပြီး တက်စီနဲ့သွားပါတယ်။ တက်စီဟာ ဟိုတယ်ဝင်ထဲကနေထွက်ဖို့ကို
လမ်းမပေါ်ကားတွေပိတ်နေတဲ့အတွက် ၁၀ မိနစ်လောက်အတင်းခေါင်းထိုးဝင်ပြီးကာမှ လမ်းမကြီးပေါ်ကိုရောက်ပါတယ်။ ဂျကာတာမြို့
ကြီးဟာ အကြမ်းဖက်သမားတွေရဲ့ ဗုံးခွဲမှာစိုးလို့ လုံခြုံရေးတွေ၊ မိုင်းရှာကိရိယာတွေနဲ့ ရှာဖွေနေတဲ့နေရာတွေအခြားနေရာမှာတွေ့ရပေ
မယ့် ရွက်လှေပြိုင်ပွဲကျင်းပနေတဲ့ Marina Ancol မှာတော့ အဲ့လောက်လုံခြုံရေးတင်းကြပ်ထားတာမတွေ့ရပါဘူး။ ပြိုင်ပွဲဝင်နိုင်ငံများရဲ့
base container တွေရှိတဲ့နေရာကို အလွယ်တကူပဲရှာတွေ့ပြီး ကွန်တိန်နာမှာ နိုင်ငံတော်အလံလွှင်ထူထားတာတွေ့ရပါတယ်။ အသင်း
ခေါင်းဆောင် ဦးမောင်ဝင်းကိုနှုတ်ဆက်၊ သူငယ်ချင်းဟောင်းတွေနဲ့ စကားတွေပြောအပြီးမှာတော့ ရဲအစောင့်အရှောက်ယာဉ်တန်းနဲ့လာ
တဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေရောက်လာပါရော။ ရောက်ပြီးတာနဲ့ တန်းစီ၊ နိုင်ငံတော်အလံကိုအလေးပြုစတဲ့ နေ့စဉ်လုပ်နေကျတွေ
ကိုလုပ်တာတွေ့ရပါတယ်။ ပြီးတာနဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေအကုန်လုံး ကိုယ့်ဆိုင်ရာလှေတွေစီသွားပြီး ရွက်တွေပြင်ကြဆင်ကြနဲ့
စစ်မြေပြင်သွားမယ့် စစ်သည်တွေလိုပါပဲ။ ကျနော်လဲ အမှတ်တရ ဓာတ်ပုံတွေလိုက်ရိုက်ဖြစ်ပါတယ်။ ခဏနေတော့ အားကစားဒုတိယ
ဝန်ကြီး ရောက်လာတော့ ဒုဝန်ကြီးနဲ့ ၂၁ ကြိမ်မြောက် Sea Games မှာထဲကခင်နေတော့ နှုတ်ဆက်ပြီး ဓာတ်ပုံရိုက်တာဝါသနာပါတဲ့
ဒုဝန်ကြီးကို ဓာတ်ပုံတွေရိုက်ပေးဖြစ်တယ်။ ဒုဝန်ကြီးရောက်ပြီးမကြာမီပဲ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌကြီး ကျနော့်ဆရာကြီး ဦးမိုးမြင့်ရောက်
လာပါတယ်။ ကျနော့်ကိုမြင်တော့ အံ့သြပြီး မင်းကဘယ်လိုရောက်နေတာလဲ လို့လှမ်းနှုတ်ဆက်မေးမြန်းတယ်ဗျ။ ဥက္ကဌနဲ့ဒုဝန်ကြီးလဲ
ပြိုင်ပွဲကျင်းပရေးကစီစဉ်ပေးတဲ့ စက်တက်ရွက်လှေကြီးတစ်စင်းနဲ့ ပင်လယ်ထဲထွက်ပြီးအားကစားသမားတွေနဲ့ ပြိုင်ပွဲကိုကြည့်ရှုအား
ပေးပါတယ်။
ကျနော်လဲ ပျင်းပျင်းရှိလို့ကမ်းနားမှာလိုက်ရှောက်ကြည့်နေတုံး စက်တက်လှေကြီး (၃) စင်းကကမ်းနားကထွက်တော့မယ်တွေ့တယ်ဗျ။
အထိမ်းအမှတ်အလံတွေကြည့်တော့ media, spectator ဆိုတာတွေတွေ့တယ်။ လှေထဲက တစ်ယောက်ကျနော် camera လွယ်ထားတာ
တွေ့တော့ မီဒီယာသမားမှတ်လို့ထင်ပါရဲ့ ဒါ international media boat လိုက်မလို့လားဆိုတော့ အေးဟုတ်တယ် လိုက်မလို့ဆိုပြီး
လှေပေါ်ခုန်တက်ပြီးလိုက်သွားတော့တယ်။ sun block လဲမလိမ်းထား၊ လက်ရှည်လဲမဝတ်နဲ့ ရွက်လှေသမားဟောင်းပီသစွာပဲ ပေပေတေ
တေလိုက်သွားလိုက်တာ ပင်လယ်ထဲရောက်လို့ ၁ နာရီကျော်ကြာတော့မှပူလာမှန်းသတိထားမိတယ်။ လှေတွေကိုဓာတ်ပုံရိုက်ပြီး ပင်လယ်
ထဲမထွက်တာကြာတဲ့ ကျနော် ပူရမှန်းမသိလောင်ရမှန်းမသိအောင်ပဲ ပျော်မိတာအမှန်ပါပဲ။ ပြိုင်ပွဲတွေပြီးကာနီးလို့ လှေကမ်းနားပြန်ကပ်
ကုန်းပေါ်တက်တော့ လှိုင်းမူးတက်တဲ့ကျနော် လှိုင်းနည်းနည်းမူးနေတာ သတိထားမိတယ်။ နေ့လည်စာလဲမစားချင်တော့ပဲ အချိုရည်
သောက်၊ ဘီစကစ်စားပြီးပဲနေလိုက်တော့တယ်။ ခဏနေတော့ ပြိုင်ပွဲဝင်လှေတွေ အကုန်ပြန်ဝင်လာကြပြီး ပြိုင်ပွဲပြီးဆုံးသွားပြီဆိုတဲ့
အလျှောက် လှေတွေကိုကွန်တိန်နာထဲပြန်ထည့်ဖို့ လုပ်ကြတာမှာ တက်နိုင်တာလေးတွေဝင်ကူလုပ်ပြီး ကျွမ်းကျင်လှတဲ့ supporting team နဲ့အာကစားသမားတွေတက်ညီလက်ညီလုပ်လိုက်တာ ၂ နာရီအတွင်း ကွန်တိန်နာထဲလှေတွေအကုန်ဝင်သွားပြီး ပစ္စည်းတွေလဲ
သိမ်းပြီးသားဖြစ်သွားပါတယ်။
မြန်မာ့ရွက်လှေအသင်းအနေနဲ့ Int'l 470 women class မှာငွေတံဆိပ်တစ်ခုရရှိပြီး ကျန်တဲ့ class တွေမှာတော့ ဆုတံဆိပ်မချိတ်ခဲ့ပါဘူး။
သို့သော်စိတ်ဓာတ်ကျစရာလုံးဝမရှိပါဘူး။ အခုအသင်းဟာ လှေစီးသက် ၁ နှစ်အောက်သာရှိပြီးတော့ ဒုတိယဆုရတဲ့ အတွဲဆိုရင်ဒီလှေ
အမျိုးအစားကို စတင်စီးနင်းတာ ၂ လပဲရှိပါသေးတယ်။ ငယ်ငယ်ကထဲကလှေစီးလာကြတဲ့ အခြားအသင်းကအားကစားသမားတွေနဲ့
ယှဉ်လိုက်ရင်အလွန်ဝါနုသေးတဲ့ ကာလမှာ နိုင်ငံတော်အတွက်ဒုတိယငွေတံဆိပ်ရယူပေးနိုင်တာကို ဂုဏ်ယူဝမ်းမြောက်ရမှာပါ။ Int'l 470
class မှာ ပထမရွှေတံဆိပ်ကို စင်္ကာပူနဲ့ တတိယကိုတော့ ထိုင်းနိုင်ငံက အသီးသီးရရှိခဲ့ပါတယ်။ ဆုပေးပွဲအခန်းအနား ကိုတော့ အင်ဒိုနီးရှားကခန်းခန်းနားနားမကျင်းပနိုင်တဲ့အပြင် အစီအစဉ်တွေက ညံ့ဖျင်းတာတွေ့ရပါတယ်။ ဒါ့အပြင် စင်္ကာပူနိုင်ငံတော်သီချင်းဖွင့်
နေစဉ်စီဒီထစ်သွားလို့ စလုံးတွေ ဘာလုပ်ရမှန်းမသိဖြစ်သွားတာလဲတွေ့ရတဲ့အပြင်၊ စလုံးဒုတိယရတဲ့ class တစ်ခုရဲ့ဆုပေးပွဲမှာလဲ စလုံး
အလံတော် တိုင်ဝက်မှာတစ်ပြီး တင်မရတော့လို့ အလံတိုင်ကိုဖြုတ်ချပြီး လုပ်ရတဲ့အထိတောင် အလွဲလွဲအချော်ချော်တွေနဲ့ ပြီးသွားပါ
တော့တယ်။ ဆုပေးပွဲအပြီးမှာတော့ ဥက္ကဌကြီးက သူခေတ္တတည်းခိုနေထိုင်တဲ့ ဂျကာတာမြို့လည်က Grand Hyaat Hotel မှာတသင်းလုံး
ကိုညစာကျွေးဖို့အတွက်ခေါ်တဲ့အထဲ ကျနော့်ကိုပါလိုက်ခဲ့ဖို့ခေါ်လို့ ဝမ်းသာအားရလိုက်သွားပြီး celebrate လုပ်လိုက်ကြပါတယ်။
အပြန်မှာတော့ ဥက္ကဌကြီးကိုနှုတ်ဆက်ပြီး ၂၀၁၃ ခုနှစ်မှာကျင်းပမယ့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှာ
ကျင်းပပြုလုပ်မှာမို့ လိုအပ်တဲ့ human resource များရှိရင် စေတနာဝန်ထမ်းလာရောက်တာဝန်ထမ်းဆောင်ပါ့မယ်လို့ ပြောခဲ့ပါသေး
တယ်။ မိခင်နိုင်ငံမဟုတ်တဲ့ စင်္ကာပူနိုင်ငံကလက်ခံကျင်းပတဲ့ YOG မှာတောင် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ပေးခဲ့တာ အမိမြန်မာ
နိုင်ငံမှာပြုလုပ်မယ့် ဒီလိုပွဲကြီးမျိုးမှာတော့ အုတ်တချပ်သဲတစ်ပွင့် တက်နိုင်တဲ့ နေရာတစ်နေရာကနေပါဝင်ကူညီချင်ခွင့်ရနိုင်ဖို့ ဆုတောင်း
ရင်းနဲ့ ကျနော့် ဒီပိုစ့်ကိုနိဂုံးချုပ်ပါတယ်။
Monday, November 14, 2011
12.2 သန်းတန် လိမ်လည်မှုကြီး
အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားပြုမှု၊ လိမ်လည်မှုစတဲ့အမှုတွေနည်းပါးကင်းစင်လှပြီး အထူးသဖြင့် စင်္ကာပူအစိုးရဌာနကြီးတွေ
မှာတင်းကြပ်တဲ့ စနစ်တွေနဲ့ ထိမ်းချုပ်ထားတဲ့အပြင် အဂတိလိုက်စားမှုကင်းအောင် လစာနဲ့ခံစားခွင့်တွေကို နင့်နေအောင်ပေးထားသော
ကမ္ဘာ့ခြစားမှုအကင်းဆုံးနိုင်ငံတွေထဲမှာပါတဲ့ စင်္ကာပူနိုင်ငံမှာ အစိုးရဌာကြီးတစ်ခုအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံးလိမ်လည်မှုကြီး
တစ်ခုအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။
စင်္ကာပူအစိုးရ၏ မြေယာဆိုင်ရာအာဏာာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (Singapore Land Authority, SLA) ရဲ့ ထိပ်တန်းအရာရှိအဆင့်
ဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူး ( Deputy Director ) အဆင့်နဲ့ လက်အောက်ခံ မန်နေဂျာ တို့က အစိုးရကို ပူးပေါင်းလိမ်လည်ခဲ့တဲ့ အမှုကြီးတစ်ခုဖြစ်သည့်အတွက် အဓိကစီစဉ်သူ Master Brain ဖြစ်တဲ့ ဒုညွှန်မှူးဟောင်း အသက် ၄၁ နှစ်ရှိ တရားခံ Koh Seah Wee ကို
ပြစ်မှုပေါင်း ၃၇၂ မှုတို့ဖြင့်စွဲချက်တင်ခဲ့ပြီး မြင့်မားသော ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂၂) နှစ်ကျခံစေရန် နှင့် ပူပေါင်းကြံစည်ခဲ့ သူ
မန်နေဂျာဟောင်း အသက် ၃၈ နှစ်ရှိ တရားခံ Lim Chai Meng ကို စွဲချက်ပေါင်း ၃၀၉ ချက်ဖြင့်စွဲချက်တင်ကာ ထောင်ဒဏ် (၁၅) နှစ်ကို
စင်္ကာပူတရားရုံးတော် တရားသူကြီး Justice Tay Yong Kwang မှ အမိန့်ချမှတ်ခဲ့သည်။
တရားခံ ဒုညွှန်မှူးအဖြစ်တာဝန်ယူ လုပ်ကိုင်သော စင်္ကာပူမြေယာဌာနကြီး၏ Technology and Infrastructure Department မှ
၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၀ ခုနှစ် မတ်လအထိ ၁၁ ခုသော Company များကို နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိမ်းသိမ်းရေးလုပ်ငန်း
များ၊ ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများဝယ်ယူတက်ဆင်ခြင်းစတဲ့ စာချူပ်များအတွက် စင်္ကာပူဒေါ်လာ ၁၂.၂ သန်းပေးချေခဲ့ရသည်။ သို့သော်ဌာနကြီးအနေဖြင့်မည်သည့် ဝန်ဆောင်မှု၊ မည်သည့်အပိုပစ္စည်းစသည့်တို့ ဘာတစ်ခုမှမရရှိခဲ့ချေ။ တရားခံနှင့် အခြားအပေါင်း
အပါများတည်ထောင်ထားသည့် company များဖြင့်စာချုပ်အတုများ ချုပ်ဆိုခြင်း၊ ငွေပေးခြေခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြသည်။ တရားခံ
နှင့် အပေါင်းအပါ မန်နေဂျာ တို့ ၂ ဦးစလုံး အလုပ်မှ နှုတ်ထွက်ခဲ့ကြပြီးနောက် SLA အနေဖြင့်ပုံမှန်မဟုတ်သော ငွေပေးခြေမှုများကို
စတင်တွေ့ရှိရမှစပြီး လိမ်လည်မှုကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဆုံးရှုံးခဲ့ရသည့် ပြည့်သူ့ငွေများကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ရှာဖွေဖော်ထုတ်ပြန်လည်သိမ်းစည်းခဲ့ရာတွင် ခန့်မှန်းခြေတန်ဖိုး
ဒေါ်လာ ၉ သန်းဖိုးခန့်တန် ငွေကြေးနှင့် ပစ္စည်းများပြန်လည်ရရှိခဲ့သည်။
တရားခံ Koh Seah Wee ထံမှ သိမ်းစည်းရမိပစ္စည်းနှင့်ငွေကြေးများ
ဘဏ်အပ်ငွေ S$554,872 နှင့် ငွေစုစာချုပ်များ
East Coast ရှိ S$2.4 သန်းတန် အိမ်ယာ ၂ ခု
အာမခံပေါ်လစီ ၂ ခု
ငွေသား S$21,000
အာမခံသေတ္တာအတွင်းမှ S$1.1 သန်း
Tanah Merah ရှိ ဆောက်လုပ်ဆဲ Condo မှကြိုတင်ပေးငွေ S$96,320
Lamborghini ပြိုင်ကားတစ်စင်းနှင့် Mercedes-Benzes ၂ စင်း ကိုရောင်းရာမှ ပြန်လည်ရရှိငွေ S$1.6 သန်း
နိုင်ငံခြားသုံးငွေဖြင့်ရင်းနှီးမြုပ်နှံထားသောစာရင်းမှ S$464,429
StarHub သို့ကြိုတင်ပေးငွေ S$1,550
ှSingapore Power သို့ကြိုတင်ပေးငွေ S$5,000
စုစုပေါင်းတန်ဖိုး S$6.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။
တရားခံ Lim Chai Meng ထံမှ သိမ်းစည်းရရှိသော ငွေကြေးနှင့် ပစ္စည်း များ
Tanah Merah ရှိအိမ်နှင့် Condo တစ်ခုတို့ထံရင်းနှီးမြုပ်နှံထားငွေ S$927,218
Sing Inevestment နှင့် ဘဏ်စာရင်းမှ S$81,235
ပြိုင်ကား Ferrari တိုက်မိသဖြင့် အပုံလိုက်ရောင်းရာမှရငွေ S$10,800
လမ်းခွန်ပေးထားငွေ မှ S$2,302
အဆိုပါကားနှင့်ပတ်သတ်၍ ပြန်အမ်းရငွေ S$207,862
LV, Prada နှင့် Dior branded အိတ်ပေါင်းစုံ ၁၀ အိတ်
တန်ဖိုးကြီး လက်ပတ်နာရီ (၃) လုံး
တရားခံ၏ အိမ်ထောင်ဖက်၊ တူ၊ ယေက္ခမစသည့် အမျိုးများ၏ အမည်များဖြင့် အပ်နှံထားသော ဘဏ်စာရင်းများထံမှ ပြန်လည်ရရှိငွေ ပေါင်း S$2 သန်း
စုစုပေါင်းခန့်မှန်းတန်ဖိုး S$3.2 သန်း ကိုပြန်လည်ရရှိခဲ့သည်။
စင်္ကာပူနိုင်ငံ၏ အစိုးရနှင့် ပတ်သတ်သောအဖွဲ့အစည်းအတွင်းဖြစ်ပွားခဲ့ သည့်လိမ်လည်မှုများအနက် အကြီးဆုံးအမှုတစ်ခု အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပြီး လိမ်လည်မှုများတွင်လည်း အမြင့်မားဆုံးထောင်ဒဏ်အပြစ်ပေးခဲ့သည့် အမှုကြီးတစ်ခုဖြစ်သည်။
Reference - The Straits Times Newspaper, Today Newspaper.

Monday, October 31, 2011
ချင်းမိုင်မြို့သို့အလည်တစ်ခေါက်
ဒီအကြောင်းအရာကတော့ စာဖတ်ပရိသတ်အတွက်မရည်ရွယ်ပဲ ကျနော့်ခရီးသွားမှတ်တမ်းသက်သက် တစ်ခုပါပဲ။ အောက်တိုဘာ ဒေဝါလီနေ့ holiday ရှိတဲ့အတွက် ဘယ်သွားရင် ကောင်းမလဲဟဲ့လို့ တရုတ်ပြည်ကအပြန်မှာ တွေးပြီးနေတာ သွားစရာနေရာတွေကို စဉ်းစားကြည့်တော့ Bali မှာမိုးရွာနေတော့ သိပ်အစဉ်မပြေ၊ ထိုင်းနိုင်ငံထဲက Karabi ကလဲရာသီဥတုကသိပ်မကောင်းနဲ့ နောက်ဆုံးတော့
Thai Airways က promotion ချတယ်ဆိုတဲ့ဟာကိုကြည့်လိုက်တော့ သွားခဲလှတဲ့ land tour ကိုသွားကြည့်ဖို့ ထိုင်းနိုင်ငံ ရဲ့ ဒုတိယ အကြီးဆုံးမြို့တော် ချင်းမိုင်မြို့ ကိုသွားဖို့ ခရီးသွားဖော်လဲဖြစ် အခန်းဖော်လဲဖြစ်တဲ့ ကျနော့်သူငယ်ချင်းနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ စင်္ကာပူ ချင်းမိုင်တိုက်ရိုက်လေကြောင်းဟာ ၄ နာရီလောက်ကြာမြင့်မှာဖြစ်တဲ့အပြင် Budget လေကြောင်းတွေထဲက Air Asia တစ်ခု ထဲ ပျံသန်းတာကြောင့် ဈေးနှုန်းတွေကို ထုံးစံအတိုင်း ယှဉ်ကြည့်ပါတယ်။ တိုက်ရိုက်ခရီးကို ၃၅၀ ကျပြီးတော့ TG နဲ့ ဘန်ကောက်တဆင့်ပျံ ဆိုရင် ၃၇၀ ပဲကျမယ်ဆိုတော့ Budget Airline ကိုတရုတ်ပြည်ကပြန်လာပြီးထဲ ကစီးဖို့အားသိပ်မရှိတာကြောင့် ဒီတခါတော့ Star Allience Member ကြယ်ငါးပွင့်အဆင့်လေကြောင်း TG နဲ့သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

Zuji Travel နဲ့
များသောအားဖြင့် online ကဝယ်တဲ့လက်မှတ်တွေမှာ လေကြောင်းလိုင်းကတိုက်ရိုက်ဝယ်လေ့ရှိပေမယ့် ဒီတခါတော့ Online Travel Agent ဖြစ်တဲ့ Zuji Travel ကနေဈေးနှုန်းစစ်ကြည့်တော့ တခြား online travel agent တွေထက်ဈေးသက်သာတာကြောင့် Zuji ကနေ ဝယ်ဖို့ဖြစ်လာပါတယ်။ ဒါ့အပြင် NATAS Travel Fair Promotion အဖြစ် MasterCard နဲ့ဝယ်ရင် S$25 Hotel Voucher ရမယ်၊ POSB MasterCard ကလဲ သူ့ဘဏ်ကဒ်နဲ့ဆို rebate ပေးအုံးမယ်ဆိုတော့ Mastercard နဲ့ဝယ်ဖြစ်လိုက်တယ်။ Full Service Airlines and
5 Stars Airline ကြီးဖြစ်သည်နဲ့အမျှ Online transation မှာ Passgener အနေနဲ့ဘယ်လိုခုံကို ဦးစားပေးရွေးချယ်လိုပါသလဲ၊ ဘယ်လို အစားအသောက်များ စားချင်ပါသလဲဆိုတာ ကြိုတင်မှာကြားလို့ရတဲ့အားလျှော်စွာ ခရီးစဉ်တစ်ခုလုံးအတွက် Seafood Meal စားဖို့ Specail Meal Request လုပ်ထားလိုက်ပါတယ်။ Mastercard နဲ့ပေးချေတဲ့အတွက် S$25 တန် Online Voucher တစ်ခုကို တပါတ် အကြာမှာ Zuji ကပို့တာကြောင့် Zuji ရဲ့ Marketing Strategy ထဲမှာနစ်မြောပြီး ဟိုတယ်အခန်းအတွက်လဲ Voucher ကိုသုံးရမှာဆိုတဲ့ အတွက် Zuji ကနေပဲ ဟိုတယ်ကို Booked လုပ်ရပြန်ပါတယ်။ ဒီတခါတော့ အဆင်မြင့်ဟိုတယ်ကြီးတွေမှာမနေတော့ပဲ အချက်အချာ ကျ တဲ့နေရာနဲ့ဈေးသင့်ရုံနေရာကိုရွေးနေဖြစ်တယ်။ တစ်ညကို S$35 လောက်ပဲကျပါတယ်။ ကြယ်၎လုံးအဆင့်လို့ရေးထားတဲ့ဟိုတယ်ပါ။
စင်္ကာပူ မှ ချင်းမိုင်ဆီသို့
ခရီးသွားမယ့်နေ့အောက်တိုဘာ ၂၂ မနက်ပိုင်းမှာများ သာမန်ထက်ကိုပိုအလုပ်များနေပါတယ်။ Weekend နဲ့ Holiday ကခံနေ၊ ကိုယ်ကလဲ မရှိဖူးဆိုတော့ Deposit လုပ်စရာရှိတဲ့ ချက်တစ်စောင်ကို အနီးနားကဘဏ်မှာသွား Deposit လုပ်၊ အိမ်ရောက်တော့ အိမ်သန့်ရှင်းရေးလုပ်နဲ့ အကုန်ပြီးသွားတဲ့အချိန်ကပဲ ၁၂ ထိုးခါနီးနေပါပြီ၊ နေ့လည်စာစားပြီးတော့ တမှေးလောက်လှဲလိုက် ချင်သေး ပေမယ့် အချိန်ကသိပ်မရပြန်တော့ဘူး။ NEA ကို check လုပ်ထားတော့မိုးကလဲရွာနိုင်ဖွယ်ရှိတယ်တဲ့ဆိုတော့ အိမ်ကနေ လေဆိပ်သွားဖို့ MRT ကိုလမ်းဘယ်လိုလျှောက်ရမလဲတွေးနေတုံး မိုးကတဖွဲဖွဲရွာလာတော့တယ်။ အချိန်လေးတစ်ခုသတ်မှတ်လိုက်ပြီး ဒီအချိန်အတွင်း တော့ မိုးမစဲရင် အိမ်ရှေ့ကားမှတ်တိုင်ကနေ Bus 61 စီးသွားမယ်လို့တော့တွေးထားပါရဲ့။ ထင်တဲ့အတိုင်း မိုးက မစဲပဲရွာနေတော့ နှစ်ယောက်သား သေတ္တာတစ်ယောက်တစ်လုံးနဲ့ ၆၁ ကိုစီးဖို့ဆင်းရတော့တာပေါ့။ ကားကသိပ်မစောင့်ရပဲ မြန်မြန်လာတော့ တော်ပါ သေးရဲ့။ လမ်းမှာတော့တွေးသွားတယ်၊ ဖြတ်သွားတဲ့ Habour Front MRT မှာဆင်းပြီး ရထားစီးရမလား၊Bugis ရောက်ရင်စီးမလားနဲ့ပေါ့။ ကားက Eunos မှာဂိတ်ဆုံးမှာဆိုတော့ Eunos အထိစီးသွားပြီး ရထားဆက်စီးရင်ပိုနီးတယ်ဆိုပြီး လမ်းမှာဖြတ်ခဲ့သမျှ MRT တွေမှာဆင်း ပြီး ရထားဆက်မစီးဖြစ်ခဲ့ ပါဘူး။ ကားက Lavender ကိုကျော်ပြီးတာနဲ့ Boonkeng ဖက်တွေရော ရပ်ကွက်တွေထဲပါလျှောက်ပတ်တာ Eunos နဲ့နီးရက်နဲ့မရောက်နိုင်ဖြစ်လာတာ နောက်ဆုံး Check in Counter ပိတ်ဖို့ မိနစ် ၄၅ လောက်အလိုမှာတော့ ငါဒီအတိုင်းဆက်စီး သွားရင် မှီမှာတောင်မဟုတ်တော့ဘူးဆိုပြီး လမ်းမကြီးတစ်ခုအရောက်မှာ ကားပေါ်ကဆင်းပြီး Taxiနဲ့ ခရီးဆက်ဖို့ကားပေါ်က အထုတ် ဆွဲပြီးကသိုက်ကရိုက် ပြေးဆင်းရပါတော့တယ်။ လမ်းမကြီးမှာဆင်းလို့ Taxi ရမလားမှတ်တယ်၊ ကားသွားကားလာ ကများ၊ Bus lane ထဲကနေတားရတော့ ကားကတစ်စင်းမှတောင်မရပါဘူး။ Busy Sign On Call Sign တွေနဲ့ရဲရဲတောက်မီးနီတွေနဲ့ Taxi တွေပဲ ဖြတ်မောင်းနေပါတယ်။ လေယာဉ်အချိန်မမှီမှာဆိုးလို့ စိတ်ကလဲပူ၊ လမ်းမှာဘာကြောင့်များ ဆင်းပြီးရထားမစီးမိပါလိမ့်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်၊ ကြက်တူရွေးတောင်အရှုံးပေးရမယ့် တတွတ်တွတ် အဆက်မပြတ်စကားပြောလာတဲ့ သူငယ်ချင်းကြောင့်ကိုယ့်မှာ စဉ်းစား တွေးတောချိန်မရ လို့ဆုံးဖြတ်ချက်မှားရတယ်ဆိုပြီး သူ့ကိုစိတ်ကတို၊ ကံဆိုးသူသွားရွာ (not ကံဆိုးမ) မိုးလိုက်လို့ရွာဆို သလို မိုးရွာထဲမှာ ထီးတချောင်းနဲ့ Taxi ကို မရမကတားနေရတဲ့အဖြစ်ကတော့ဆိုးလှပါတယ်။ အဲ့ဒီမှာ ဘာတစ်ခုသင်ခန်းစာရသွားလဲဆိုရင် နောင်အခါများမိုးရွာလို့ တစုံတခုအစဉ်မပြေလို့ လေဆိပ်သွားရမယ်ဆိုရင် ငွေကိုချွေတာမနေပဲ Taxi ပဲစီးသွားဖို့ပါ။ စိတ်ဖိစီးမှု ခံရတာ ဟာပေးလိုက်ရတဲ့ ငွေနဲ့ဆိုဘာမှမပြောပါ့လောက်ပါဘူး။ နောက်ဆုံးမှာတော့ ကောင်တာပိတ်ဖို့ နာရီဝက်အလိုမှာ ရှားပါးအဖိုးတန် လှတဲ့ taxi တစ်စင်းကိုရလိုက်ပါတယ်။ လမ်းပေါ်မှာကားသွားနေတုံး အရှေ့ဖက်ကိုရောက်နေတာကိုသိပေမယ့် လေဆိပ်ကိုဘယ်လောက် ကြာအောင်မောင်းရအုံးမလဲလို့တွေးပြီး စိတ်ကပူသေးတာ။ Thai Airways ကောင်တာရှေ့ကိုတော့ ကောင်တာမပိတ်မီ မိနစ် ၂၀ အလို မှာရောက်သွားပါတယ်။ ကျနော့်ဘဝမှာ ပထမဆုံး အဖြစ်မှတ်တမ်းတင်ရမှာပါ။ ဘယ်တော့မဆိုကောင်တာဖွင့်ချိန်မှာ အမြဲကောင်တာရှေ့ ရောက်နေတက်တဲ့ကျနော့်မှာ ဒီတခါတော့ ကောင်တာပိတ်ခါနီး အချိန်မှကောင်တာရှေ့ကိုရောက်ရပါတော့တယ်။ ၂၄နာရီကြိုတင် online check in system ပေါ်မှာ စင်္ကာပူ ဘန်ကောက်၊ ဘန်ကောက်ကနေ ချင်းမိုင် တောက်လျှောက်ကိုခုံနေရာတွေယူထားပြီး ပြီးဆိုတော့ ကောင်တာဝန်ထမ်းကို Luggage တွေတောက်လျှောက်ပို့ဖို့သာထပ်ပြောလိုက်ပြီးနောက် ထုတ်ပေးလိုက်တဲ့ Boarding pass တွေယူ
ပြီးကျနော့် စင်္ကာပူကနေထွက်ခွာလာပါတယ်။
စင်္ကာပူ - ဘန်ကောက်ခရီးစဉ်ကို Boeing 777 လေယာဉ်သုံးတာကြောင့် အလည်ခုံလေးခုံတွဲထဲက ၂ ခုံကိုကြိုယူထားဖြစ်တယ်။
ကံကောင်းချင်တော့ လေးခုံမှာ တစ်ခုံကလူမရှိတော့ ပိုပြီးလွတ်လွတ်လပ်လပ် ထိုင်ရတာပေါ့။ လေယာဉ်လေထဲရောက်ပြီး ဝန်ထမ်းတွေ
လမ်းလျှောက်လို့ရတော့ လေယာဉ်မောင်ချုပ်ကရောက်လာပြီး ကြိုတင်မှာကြားထားတဲ့ အစားအစာအတွက် Double Confirm လာလုပ်
ပါတယ်။ မနက်ကမိုးအေးတာရယ် စိတ်မောလူမောတာရယ်ကြောင့် တောက်လျှောက်ဟတ်ချိုးချီပြီး နေမကောင်းချင်သလိုဖြစ်နေတယ်။
Personal Entertaiment System က activated ဖြစ်ပြီးပြီမို့ ကြည့်ချင်တဲ့ ရုပ်ရှင်လေးတစ်ခုရွေးပြီး ဇိမ်လေးနဲ့နေတုံး ကြိုတင်မှားထား
တဲ့အတွက် in flight meal ကိုအရင်မှာထားတဲ့ ခရီးသည်တွေအတွက်လာချပေးပါတယ်။ သောက်စရာအတွက် red wine ရွေးလိုက်ပြီး
တစ်ခွက်ကုန်တော့ စမ်းသောက်ကြည့်ချင်တာနဲ့ white wine သောက်ကြည့်လိုက်တာ ဘယ်လိုကြီးဖြစ်သွားတယ်မသိ ပိုတောင်နေထိုင်
မကောင်းဖြစ်ချင်သွားပါတယ်။ ရုပ်ရှင်လေးကြည့် ဇိမ်လေးနဲ့ နှပ်မယ်ကြံခါရှိသေးတယ် ဘန်ကောက်သုဝဏဘူမိလေဆိပ်ကို ဆင်းဖို့
လေယာဉ်စပြီး နိုမ့်ဆင်းလာပါတယ်။ ဘန်ကောက်လေဆိပ်ကိုဆိုက်တော့ လေယာဉ်က terminal tube ကိုမသွားပဲ တစ်နေရာမှာရပ်ပြီး
ခရီးသည်တွေကို ကားနဲ့ခေါ်သွားလို့ မြန်မာပြည်ကစထွက်လာတုံးက ကားနဲ့လေယာဉ်ကိုသွားရတာ တောင်ပြေးပြီးမှတ်မိလိုက်သေး
တယ်။ ၂၀၀၆ ခုနှစ်ထဲက ကားနဲ့လေယာဉ်စီကိုမသွားဖြစ်တော့တာ အခုကြမှပဲဘယ်လိုဖြစ်တယ်မသိ သုဝဏဘူမိရယ်။ လေဆိပ်ခန်းမ
ထဲရောက်တော့လဲ ထုံးစံအတိုင်းလမ်းညွှန်တွေက သေခြာမရှိတော့ information counter ကိုမနည်းရှာပြီး Connection flight အတွက်
မေးမြန်းလိုက်ရတယ်။ နည်းနည်းလျှောက်လိုက်ပြီး ထပ်ပြောင်းစီးရမယ့် ဂိတ်ကိုရောက်တော့ ခရီးသည်တွေတော်တော်များများတောင်
ရောက်နေနှင့်ကြပြီ၊ ဂိတ်ကလဲ မီးမလာသလို မီးတော်တော်များများ ကို ပိတ်ထားတော့ မှောင်မည်းမည်းမှုန်ဝါးဝါးနဲ့ဗျာ။ ဘန်ကောက်
ကနေချင်းမိုင်ကိုတော့ Airbus A330 လေယာဉ်ကိုသုံးပါတယ်။ လေယာဉ်ပြန်အကြီးကြီးကိုခရီးတိုလေးတွေမှာသုံးတော့၊ အစားအသောက်
ကျွေးတဲ့အခါ လေယာဉ်အမှူထမ်းတွေအတော်ပင်ပန်းကြတာပဲ။ ၁ နာရီ မိနစ် ၂၀ အတွင်းခရီးသည် ၃၀၀ နီးပါးကိုအမြန်ကျွေး၊ အမြန်
သိမ်းကြရတာကြည့်ရတော့ တချို့တွေဘာကြောင့်များ cabin crew ဖြစ်ချင်တာပါလိမ့်လို့တွေးမိပါရဲ့။ ချင်းမိုင်ရောက်တော့ ည ၈ နာရီ
ကျော်နေပါပြီ။ ဒီတခါတော့မသွားမီထဲကတော်တော်လေ့လာထားတော့ taxi ဆိုဘယ်လောက်ပေးရမယ် ဆိုတာသိနေပြီ။ ပထမတော့
Airport Taxi Counter ကိုသွားမယ်ကြံတုံး ထိုင်းတစ်ယောက်ကတက်စီရမယ် လေဆိပ်တက်စီဈေးဖြစ်တဲ့ ဘတ် ၁၂၀ ပဲဆိုတာနဲ့ သူ့
ကားနဲ့ပဲလိုက်သွားလိုက်တယ်။ ကားသမားက English လိုတော်တော်ပြောတက်တယ်။ ဒီလိုပြောတက်မှလဲ သူစီးပွားရေးလမ်းဖြှောင့်မှာ
ကိုး။ လမ်းမှာတောက်လျှောက်ဘယ်နေရာတွေသွားလို့ရကြောင်း၊ သူ့မှာတခြားကားလဲရှိကြောင်း ဘာညာပြောတော့ ဈေးလေးတီးခေါက်
ကြည့်မိတယ်။ စဉ်းစားထားတဲ့အတိုင်း ရွှေတြိဂံကိုပဲသွားမယ်လို့ ဘယ်လိုဈေးရှိလဲဆိုတော့ ၂ ယောက်ကို ဘတ် ၁၅၀၀ နဲ့ဆီထည့်ပေး
တဲ့ ကားတစ်စင်းလုံး ၂ ယောက်ထဲတဲ့။ စုံစမ်းထားတာက tour group နဲ့သွားရင် ၁ ယောက်ကို ဘတ် ၉၀၀ သူများနဲ့ သွားရမှာဆိုတော့
သူပြောတာကမဆိုးဘူးပေါ့။ ဆီကရော ဘယ်လောက်လောက်ကျမှာလဲဆိုတော့ ၁ထောင်ကျော်တဲ့။ အင်းဒါဆို ကိုယ်လဲ အေးအေး ဆေးဆေးသွားရ၊ ဈေးလဲမဆိုးဘူးပေါ့။ အဲ့ဒါနဲ့ကားဆရာကို သဘက်ခါအောက်တိုဘာလ ၂၄ တင်္နလာနေ့မှာသွားမယ်လို့ ကြိုတင်ချိန်း
ထားလိုက်ပါတယ်။
ဟိုတယ်နာမည်က Maninarakorn Hotel တဲ့။ ချင်းမိုင်ညဈေးနဲ့ နီးနီးနားနားပါ။ Deluxe Residence type အခန်းကိုယူထားပါတယ်။
ဟိုတယ် reception နေရာ၊ lobby ကတော့ တော်တော်ကိုခန်းခန်းနားနား ပြင်ဆင်ထားတာပါ။ ဧည့်ကြိုဝန်ထမ်းရဲ့ဝန်ဆောင်မှုကတော့
အားရစရာ တစက်မှမရှိပါဘူး။ အင်္ဂလိပ်လိုလဲသိပ်မယ်မယ်ရရမပြောတက်တဲ့အပြင် ပြုံးတောင်ပြုံးတက်ပုံမပေါ်ဘူး။ အခန်းကိုရောက်
တော့ အခန်းကမဆိုးလှပါဘူး။ resident type ဖြစ်တဲ့အတွက် ဧည့်ခံမှာဆက်တီကြီးတစ်ခုနဲ့၊ ထမင်းစားစားပွဲ၊ ထိုင်ခုံအပြည့်အစုံရှိပါတယ်
Microwave တစ်လုံးတောင်ထားပေးထားပါတယ်။ အတွင်းအိပ်ခန်းကတော့ သာမန်ပါပဲ၊ ရေးချိုးခန်း အိမ်သာကိုတော့ ဧည့်ခန်းနဲ့အိပ်ခန်း
အလည်မှာတွေ့ရတယ်။ ပစ္စည်းတွေချပြီးဘောင်းဘီတိုလဲပြီးတာနဲ့ နှစ်ယောက်သားအနီးဆုံး ညဈေးကိုသွားကြည့်ကြတယ်။ ညဈေးက
စနေနေ့ပေမယ့် သိပ်လဲစည်စည်ကားကားမရှိပါဘူး။ အထူးသဖြင့်ပစ္စည်းအတုတွေရောင်းတာများပါတယ်။ နေမကောင်းတဲ့အတွက်
ဆေးလေးဝယ်ပြီးဟိုတယ်မှာစောစောပြန်နားလိုက်တော့တယ်။
Day 1 in Chaing Mai
မနက်စာကိုဟိုတယ်မှာစားပြီး နှစ်ယောက်သားပြင်ဆင်ထွက်လာပြီးတဲ့နောက် လမ်းမကြီးတစ်ခုရဲ့ဘေး ချင်းမိုင်မြို့ဟောင်းကျုံးဘေးမှာ
ယောင်ဝါးဝါးနဲ့ ဘယ်ဆက်သွားရမယ်မသိဖြစ်နေတုံး Tok tok သုံးဘီးတစ်စီးရပ်လာပြီး ဘုရားတွေလိုက်ဖူးမလား ၅ နေရာကို ဘတ် ၅၀
ပဲပေးဆိုတာနဲ့ တန်လှချီလားသွားမယ်ဆိုပြီးသုံးဘီးသမားခေါ်ရာနောက်ကိုလိုက်သွားကြလေရဲ့။ သူလဲ English လိုသူများနားလည်အောင်
တော့ပြောတက်ရှာပါတယ်။ ချင်းမိုင်မြို့ဟောင်း(ကျုံးနဲ့ကာထားတဲ့ လေးထောင့်ပုံမြို့) ထဲက ရှေးဟောင်းစေတီ (၅) နေရာကိုသေသေ
ခြာခြာလိုက်ပို့ပါတယ်။ သူခမျာ ဂိုက်တစ်ယောက်လိုတော့မဟုတ်ပေမယ့် သူသိသလောက်တက်သလောက်လေးကို အင်္ဂလိပ်လိုရှင်းပြ၊
ဓာတ်ပုံတွေလဲရိုက်ပေးပါသေးတယ်။ သူပို့တဲ့စေတီတွေရဲ့နာမည်တွေကိုသေသေခြာခြာတော့ မမှတ်မိပေမယ့် မှတ်မိသလောက်ပြောရရင်
Wat Chedi Luang စေတီဟာတော့ နည်းနည်းပိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုရမှာပါ။
စေတီတော်ကို ၁၄ ရာစုနှစ်က ဘုရင် Saen Muang Ma ကဖခမည်းတော်နတ်ရွာစံ ကံကုန်တော်မူသောအခါ အရိုးပြာကို ဌာပနာအဖြစ်
တည်ထားကိုးကွယ်မယ်လို့ကြံပြီး စတင်တည်ဆောက်ခဲ့သည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ၁၀ နှစ်ကြာသည်အထိအပြီးမသတ် နိုင်ခဲ့ပဲ ကံကုန်တော်မူခဲ့သော ဘုရင်ကြီး၏ မိဖုရားမုဆိုးမမှဆက်လက်တည်ဆောက်ခဲ့သော်လည်း မပြီးစီးခဲ့ပဲ ၁၅ရာစုနှစ်အတွင်း ဘုရင်
Tilokaraj ကဆက်လက်တည်ဆောက်ပြီးစီးစေခဲ့သည်။ ၈၂ မီတာဥာဏ်တော်အမြင့်ရှိပြီး ထုထည် ၅၄ မီတာရှိသည့် ထိုအချိန်ကာလတွင်း
က အကြီးဆုံးစေတီဖြစ်သည်။ ၁၄၆၈ ခုနှစ်တွင် မြဘုရားတစ်ဆူကိုဌာပနာတော်မူသည်။ ၁၅၄၅ခုနှစ်တွင် မြေငလျင်ကြောင့် စေတီတော်
အထက်ပိုင်းမြေခတော်မူပြီးနောက် မြဘုရားကို ၁၅၅၁ ခုနှစ်တွင် Luang Prabang စေတီစီသို့ရွေ့ပြောင်းစံပါယ်တော်မူကြောင်းသိရ
သည်။

သူပို့ပေးတဲ့ စေတီ (၅) ဆူပြီးတော့ တော်တော်စောနေတာကြောင့် ဘယ်သွားရမှန်းမသိတော့ပဲ သူခုနကပြောတဲ့ Tiger kingdom ဆို
တာကိုသွားကြည့်ဖို့ဈေးမေးတော့ နောက်ထပ် ဘတ် ၁၅၀ ပဲထပ်ပေးပါဆိုတာနဲ့ အဲ့ဒီကိုသွားဖို့ခရီးဆက်ကြပါတယ်။ အဲ့ဒီကိုတော့ ၃ ဘီး
နဲ့သွားလို့မရတော့ပဲ သူဘုန်းကြီးကျောင်းတစ်ခုမှာ ရပ်ထားတဲ့ သူ့ဆလွန်းကားတစ်စီးကိုသွားယူပြီး Tiger Kingdon ကို မိနစ် ၂၀
လောက်မောင်းပြီးတဲ့အခါရောက်ပါတယ်။

ကျားလှောင်ခြံထဲစီသို့
ချင်းမိုင်မြို့ပြင်မှာရှိတဲ့ အဲ့ဒီ ကျားပြပွဲကိုရောက်တော့ လာလေ့လာကြတဲ့ လူတွေတော်တော်များများတွေ့တယ်။ Asianနည်းပြီးအဖြူတွေပဲ များပါတယ်။ ကျားလှောင်အိမ်ထဲဝင်ကြည့်ရမယ်လို့ မထင်ပဲလာခဲ့ကြပြီးနောက် သူတို့ဧည့်ကြိုကောင်တာကိုရောက်မှ ဘယ်လိုဆိုတာကို အတိအကျသိရတော့တယ်။ ရောက်ပြီးမှတော့ ပေါက်တဲ့နဖူးမထူးတော့ပြီမို့ တခါမှကျားလှောင် အိမ်ထဲဝင်မကြည့်ဖူးတာကြောင့်ဝင်ကြည့် မယ်ဆိုပြီး အစားစားရှိတဲ့ဈေးနှုန်းတွေကိုဖတ်ကြည့်ပါတယ်။ ကျားအကြီးဆုံးကောင်ရဲ့ လှောင်အိမ်ထဲဝင် ဓာတ်ပုံရိုက်၊ ကျားကိုကိုင်ကြည့် ဖို့အတွက် ၁၅ မိနစ်အချိန်ကို ဘတ် ၄၈၀ ပါ။ ကျားအလတ်စားကတော့ ၅၀၀၊ ၅ လသားကျားအသေးအတွက် ၅၂၀ နဲ့၊ ကျားအငယ်စား လေးအတွက် ၁၀ မိနစ်ကို ၅၂၀ ဘတ်အသီးသီးပါ။ ဒီတော့ ကျနော်တို့က ကျားအိမ်ထဲဝင်ခြင်းဝင်တော့ တန်အောင်ကြာကြာ ဝင်မယ် ပေါ့ ဆိုပြီး သိပ်မကြီးဘူးလို့ထင်တဲ့ ၅ လသားကျားအသေးကို ၁၅ မိနစ်ဝင်မယ်လို့ လတ်မှတ်ဝယ်လိုက်ပါတယ်။ ဝယ်တဲ့အခါမှာလဲ မိမိသဘော နဲ့မိမိဝင်တာဖြစ်ကြောင်း တစ်စုံတစ်ခုများဖြစ်ခဲ့ရင် အာမခံအကာအကွယ်ထားရှိတာကို နားလည်ကြောင်းလက်မှတ်ထိုး ရပါတယ်။ အဲ့ဒီနောက်ကိုယ်သွားရမယ့် ကျားလှောင်တဲ့အိမ်လို့ပြောတာထက်စာရင် လှောင်ထားတဲ့ ခြံ လို့ပြောလို့ပိုရတယ်ပေါ့ဗျာ။ ခြံ
ရှေ့မှာတော့ camera flash မီးလုံးဝမသုံးဖို့၊ ကျားခြံထဲမှာမပြေးဖို့၊ ရုတ်တရုတ်မလှုပ်ရှားဖို့၊ ကျားစီကိုရှေ့တည့်တည့်မှမသွားဖို့စတဲ့
သတိပေးထားတဲ့စာတွေဖတ်ရတယ်။ အဲ့ဒီတော့နည်းနည်းတော့လန့်လာပါပြီ။ ကျားခြံထဲကိုဝင်တော့ ခြေသလုံးလောက်နေရာမှာ ကြိုး ၂
ချောင်းကို ကျော်ခွဖို့လျှပ်စစ်လွှတ်ထားတာဖြစ်ကြောင်းသတိပေးတော့ ဘယ်နှယ့်ခြေသလုံးလောက်ကို ကျားကခုန်ကျော်နိုင်မှာပေါ့လို့
တွေးမိသေးတယ်။ ခြံထဲမှာ ကျားကတစ်ကောင်ထဲမဟုတ် ၃ ကောင်တောင်ရှိတယ်ဗျ။ သူတို့ပြောတာ့ ကျားအသေးက စင်္ကာပူမှာတွေ့နေ
ကျ မိုင်းရှာ အယ်လ်ဇေးရှင်းခွေးလောက်ရှိပြီး ခွေးလောက်အရပ်မမြင့်ပေမယ့် ကိုယ်လုံးထွားထွားပါ။ ၂ ကောင်က အုံးလက်တစ်ခုကိုကိုက်
ဖဲ့နေပြီး တစ်ကောင်ကတော့ အိပ်နေပါတယ်။ ခြံထဲကိုအစောင့် ၂ ယောက် ကြိမ်လုံးကိုယ်စီနဲ့အစဉ်သင့်မျက်ခြေမပြတ်စောင့်ရှောင့်နေပြီး
ကျားကိုအနီးကပ်ထိကိုင်လို့ရအောင်၊ ကျားနဲ့အနီးဆုံးမှာဓာတ်ပုံရိုက်လို့ရအောင်ကူညီပေးပါတယ်။ တကယ်တော့ ကျားမျက်စိမနောက်
အောက်တစ်ခုခုအာရုံလွှဲထားတာပါ။ ကျနော့်မှာအသက်တောင်ဖြှောင့်အောင်မရှုရဲပါဘူး။ ကျားနဲ့ဓာတ်ပုံရိုက်ခံရာမှာလဲ ကျားကိုကြည့်နေ
ရတာနဲ့ အာရုံကသိပ်မရဘူး။ ကိုင်ကြည့်ပါဆိုလို့ ခပ်လန့်လန့်နဲ့ ကျားကျောကုံးကိုတစ်ချက်နှစ်ချက်လောက်တော့ ပွတ်ပေးလိုက်ပါသေး
တယ်။ ကျားအမွှေးကကြောင်လို့တော့ချောချောမွတ်မွတ်ရှိမနေပဲ တော်တော်ကြမ်းတာကိုးဗျာ။ တကယ်တော့ ဒီကျားအသေးကိုရွေးမိ
တာဟာ ကျနော်တို့အမှားပါ။ ကျားကအကောင်ကသာကြီးပေမယ့် သူကကလေးစိတ်ပဲရှိသေးတော့၊ ကျနော်တို့အိမ်ကြောင်လေးတွေများ
ခုန်ပေါက်ကစားချင်သလိုပေါ့၊ သူတို့မှာလဲခုန်ပေါက်ကစား၊ ကျားနှစ်ကောင် နပန်းသတ်ကြ၊ ကစားဖို့ပေးထားတဲ့ အုန်းလက်ကြီးကိုသွား
ယားလို့ထင်ပါရဲ့ကိုက်ဆွဲဖဲ့ဆိုတော့ တန်အောင်နေမယ်လို့တွေးထားတဲ့ စိတ်တွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ၂ ယောက်
သားရပြီ တော်ပြီဆိုပြီ ကျားခြံအပြင်ကိုအလျှင်အမြန်ပြေးထွက်လိုက်တော့တယ်။ ကျားအကြီးဆုံးကိုရွေးတဲ့သူတွေကမှ ပိုကောင်းတာပါ။
ကျားကြီးက ကစားချင်တဲ့စိတ်မရှိတော့ ဓာတ်ပုံလာရိုက်တဲ့သူကိုမျက်လုံးတောင်ဖွင့်မကြည့်ပဲအိပ်နေတာကျားဗိုက်ပေါ်ခေါင်းအုံးလို့တောင်
ရတယ်ဗျာ။ ဘယ်လောက်ပဲလေ့ကျင့်ထားပေမယ့် တောရိုင်းသတ္တဝါဖြစ်တဲ့အတွက် အရိုင်းစိတ်ဝင်ပြီးတစ်စုံတစ်ခု အန္တရယ်များပြုလိုက်
ရင်မတွေးရဲစရာပါပဲ။

ကျားခြံထဲကထွက်ပြီး အခြားကျားတွေကိုခြံအပြင်ဖက်နေ လိုက်ကြည့်ဓာတ်ပုံရိုက်ပြီး Tiger Kingdom ကနေမြို့ထဲက ဈေးဝယ်စင်တာ
တစ်ခုကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ ကြီးကြီးမားမား ဈေးဝယ်စင်တာပို့ပါဆိုကာမ စင်္ကာပူမြို့နယ်တွေမှာရှိတဲ့ စင်တာလောက်ရှိတဲ့ ဟာ
မှာချပေးခဲ့တော့ သွားလို့မတက်မယ့်တူတူအဲ့ဒီမှာ နေ့လည်စာစားရအောင်ဆိုပြီးဆိုင်လိုက်ရှာတော့ စားချင်တဲ့ဆိုင်ဖြစ်တဲ့ Black Canyon
ကိုရှာတွေ့ပါတယ်။ Black Canyon မှာဝက်သားနီချက်၊ ယိုးဒယားတုံယမ်းဟင်းချိုနဲ့စားလိုက်တာ စပ်ကလဲစပ်စားလို့ကလဲကောင်းနဲ့
နေ့လည်စာပြီးသွားတယ်။ Black Canyon မရောက်မီမုန့်ဈေးဆိုင်လေးတွေ့တော့ မုန့်လုံးရေပေါ်လေးဝယ်လာတာနဲ့ အတော်ဖြစ်ပြီး အစပ်အမြန်သက်သာအောင် စားလိုက်မှနေသာထိုင်သာရှိသွားပါတယ်။ ဈေးဝယ်စင်တာမှာ လိုက်လျှောက်ပတ်ကြည့်ပြီး ညှပ်ဖိနပ်တစ်
ယောက်တရံဝယ်ပြီး ဟိုတယ်ပြန်နားလိုက်ကြတော့တယ်။ နောက်နေ့ကိုတော့ ခရီးဝေးဆက်စရာရှိတာနဲ့ အနီးနားက ညဈေးမှာလိုက်
ကြည့်ပြီး ယိုးဒယားဆိုင်လေးတစ်ဆိုင်မှာ ညစာစားဖြစ်ပါတယ်။ မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ငါးကောင်လုံးသွားသွား စားတာ ချင်းမိုင်
မှာတော့ ငါကောင်လုံးကြော်စားဖြစ်တယ်။ တကောင်လုံးမှ ဘတ် ၁၂၀ ပဲပေးရတယ်ဗျ။
Day 2 ... ရွှေတြိဂံ သို့
မနက်စောစောထ နံနက်စာစား လိုတာလေးတွေပြင်ပြီးတော့ ချိန်းထားတဲ့အချိန် ၈ နာရီတိတိမှာပဲ ခေါ်ထားတဲ့ကားဆရာရောက် လာပါ
တယ်။ သူနဲ့တူတူ အမျိုးသမီးတစ်ယောက် ဂိုက်ဆိုပြီးပါတယ်ဗျ။ သွားမယ့်ခရီးလမ်းမှာ ဘယ်နေရာတွေဝင်မယ် ဘယ်လိုသွားမယ်ဆိုတာ
ထပ်ရှင်းပြပြီးတော့ Toyota Viao လေးနဲ့ ခုနက အမျိုးသမီးကမောင်းလို့ တစ်လမ်းလုံးသူကမောင်းမှာလားဆိုပြီး တွေးနေတော့ သူ့
ယောင်္ကျားလေးမိတ်ဆွေကလိုက်မောင်းပေးမှာဖြစ်ကြောင်း သူက တော့စကားပြန်အဖြစ်လိုက်ပေးပါမှာဖြစ်ကြောင်းပြောပြပါတယ်။
ချင်းမိုင်မြို့ထဲကအတွက်မှာ ပြောထားတဲ့အတိုင်းကားကို ကျနော်တို့ရှေ့မှာ ဆီတိုင်ကီအပြည့်ဖြည့်ပေးပါတယ်။ အပြန်ခရီးဆုံးမှာ ဆီတိုင်
ကီအပြည့်ပြန်ဖြည့်ပေးရမှာ ဖြစ်တဲ့အတွက်ပါ။ ချင်းမိုင်ကနေထွက်တော့ တောင်ပေါ်တက်တဲ့လမ်းတစ်ခုကိုမောင်းတက်တယ်ဗျ။ လမ်းမှာ
လဲ တောအုပ်တွေ စမ်းချောင်းလေးတွေနဲ့ တကယ့်ကိုသာသာယာယာပါပဲ။ ကားမောင်းတဲ့လူကလဲ မောင်းနေကျဆိုတော့ တောင်ဆင်း
တောင်တက်လမ်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေတာ ကီလိုမီတာ ၁၀၀ အောက်ကိုမရောက်ပါဘူး။ မိနစ် ၂၀လောက်ကြာတော့
ပထမဆုံးကြည့်ရမယ့် ရေပူစမ်း ကိုရောက်ပါတယ်။ ဘာမှမယ်မယ်ရရ မရှိပဲဈေးဆိုင်တန်းတွေနဲ့ ရေပူတွေကို စမ်းချောင်းလေးတစ်ခုလို
လုပ်ပေးထားပြီး ခြေထောက်ရေစိမ်လို့ရပါတယ်။ ရေပူတွေကို ၃-၄ နေရာလောက်မှာ ရေပန်းနဲ့ပန်းထုတ်ပေးထားတော့ ရေနွေးငွေ့လေး
တော့ခံလို့ရတယ်ဗျ။ အဲ့ဒီမှာ မိနစ် ၂၀ နားမယ်ဆိုပေမယ့် ကားမောင်းတဲ့သူနဲ့ ဂိုက်မကစားလို့မပြီးသေးလို့ နာရီဝက်ကျော်လောက်
နေဖြစ်တယ်။

အဲ့ဒီရေပူစမ်းကနေ နောက်ထပ် ၂ နာရီလောက်မောင်းတော့ Chaing Rai မြို့ကိုရောက်ပါတယ်။ အဲ့ဒီနောက်တော့ မဲခေါင်မြစ်ကြီးကို
လှမ်းမြင်လိုက်ရပြီး သိပ်မကြာပဲ နာမည်ကျော်ရွှေတြိဂံကိုရောက်ရှိပါတော့တယ်။ မဲခေါင်မြစ်ဘေးက စားသောက်ဆိုင်မှာ နေ့လည်စာကို
ခပ်မြန်မြန်စားလိုက်ပြီး ရွှေတြိဂံအထိမ်းအမှတ်ဆိုင်းဘုတ်နဲ့ဓာတ်ပုံလေးဘာလေးရိုက်ပြီး မဲခေါင်မြစ်တဖက်ခြမ်းက လာအိုနိုင်ငံကိုကူးဖို့
လှေဆိပ်ကိုဆင်းကြရော၊ အဲ့ဒီကြမှ ဘာကြောင့် tour နဲ့သွားရင် တစ်ယောက် ၉၀၀ ဘတ် အပြီးအစီးယူထားလဲသိရတော့တာပါ။
စက်တပ်လှေနဲ့ကူးဖို့ တစ်ယောက်ကို ဘတ် ၈၀၀ ကြီးများတောင်ပေးရတယ်။ ကျနော်တို့က ၂ ယောက်၊ ဂိုက်ကတော့ ဂိုက်မို့လို့မပေး
ရဖူးဆိုတော့ တော်သေးတာပေါ့။ ဘတ် ၁၆၀၀ ပေးပြီး lift jacket ကိုယ်စီယူပြီး စက်လှေပေါ်ဆင်းကြတယ်။ လှေလေးက ၃ ယောက်ထိုင်
စာပဲရှိတာပါ။ သမ္ဗန်ကိုစက်တက်ထားတဲ့ပုံမျိုးပါ။ လူတွေတက်ပြီးတာနဲ့ မောင်းသွားလိုက်တာ တကယ့်ကိုအမြန်မောင်း speed boat
အတိုင်းပါပဲ။ ပင်လယ်ထဲမှာအလွန်မြန်တဲ့ speed boat တွေစီးလာတော့ ကျနော့်အနေနဲ့တော့ အဲ့လောက်မဟုတ်ပေမယ့် ကျနော့်သူငယ်
ချင်းမှာတော့ တော်တော်ကိုလန့်နေတာပါ။ မဲခေါင်မြစ်ဟာရေစီးလဲတော်တော်သန်တယ်ဗျာ။ ပထမဆုံးမြစ်ထဲကနေ မြန်မာဖက်အခြမ်း
မှာရှိတဲ့ ကာစီနိုဆိုတာကိုလိုက်ပြပါတယ်။ ကမ်းကပ်လို့မရဖူးလို့ပြောတယ်။ ဘယ်လိုကနေဘယ်လို မြန်မာပြည်နယ်နိမိတ်ထဲမှာ ကာစီနို
ရှိနေတာလဲတော့ မသိဘူးဗျ။ မြန်မာအလံ နဲ့ ထိုင်းနိုင်ငံအလံထောင်ထားတာတွေ့တော့ ယိုးဒယားဖက်ကပဲ ဖွင့်ထားတာနေမယ်လို့
ထင်မိတယ်။ အဲ့ဒီကနေပြန်လှဲ့ပြီး တရုတ်ပိုင်ဆိပ်ကမ်းလားတော့ မသိဘူး တရုတ်အလံလွှင့်ထားတဲ့တရုတ်သဘောင်္တွေ ရပ်ထားတဲ့
ဆိပ်ကမ်းနားကိုဖြတ်မောင်းပြတယ်။ အဲ့ဒီကနေတော့ လာအိုဆိပ်ကမ်းသေးသေးလေးကိုမောင်းပြီး ကမ်းပေါ်တက်ကြည့်တယ်ဗျ။ လာအို
လူဝင်မှုကြီးကြပ်ရေး က မြန်မာပြည်ကမီးကင်းလောက်ပဲရှိပြီး အရာရှိတစ်ယောက်ပြည်ဝင်ခ ဘတ် ၂၀ စီထိုင်ကောက်နေတယ်။ လာအို
အလံကိုလဲ တဲထိပ်မှာထောင်ထားသေးတာ။ အဲ့ဒီနောက်မှာတော့ ဈေးတစ်ခုရှိပါတယ်။ ကျနော့်မှာ မြန်မာပြည်ကဈေးထဲ ပြန်ရောက်သွား သလိုခံစားရတယ်။ တခုပဲကွာတာက ဒီဈေးကတော့ နာမည်ကျော်တံဆိပ်တွေရဲ့ အိပ်တွေ၊ အင်္ကျ၊ ဘောင်းဘီ စတဲ့ပစ္စည်းအတုတွေကြီး
ပဲရောင်းတာပါ။ မြန်မာနိုင်ငံသုံးငွေစက္ကူအဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ဓာတ်ပုံပါ တဲ့ ၁ ကျပ်တန်၊ ၅ ကျပ်တန်ငွေစက္ကူတွေကို ပလပ်စတစ်
အုပ်ရောင်းသလို၊ အခုခေတ်ကလေးတွေမမြင်ဖူးတော့လောက်တဲ့ ၁ ကျပ်တန်အကြွေကစလို့ ၅ပြားစေ့အဆုံးကြွေမျိုးစုံကိုလဲ ပလပ်စတစ်
ကဒ်ပြားနဲ့ရောင်းပါသေးတယ်။ ၁ ခုကို ဘတ် ၁၀၀ တဲ့။ ပထမတော့ တစ်ခုလောက်ဝယ်လာအုံးမလို့နောက်တော့ တော်ပါပြီမသိမ်းထား
တော့ပါဘူးဆိုပြီး ပြန်ချထားလိုက်တယ်။ ဘာမှမဝယ်ပဲ လာအိုနိုင်ငံ Donsao လို့ရေးထားတဲ့ဆိုင်းဘုတ်ရှေ့မှာ အမှတ်တရဓာတ်ပုံလေး
ရိုက်ပြီး စက်တပ်မော်တော်လေးနဲ့ ထိုင်းနိုင်ငံဖက်ကိုပြန်ကူးခဲ့ပါတော့တယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်/တာချီလိတ်သို့
ရွှေတြိဂံဒေသ မဲခေါင်မြစ်ကမ်းဘေးကနေ ထိုင်းမြန်မာနယ်စပ်မြို့တွေ ရှိတဲ့ မယ်ဆိုင်မြို့ဖက်ကိုဆက်ထွက်လာခဲ့ကြပါတယ်။ နာရီဝက်ကျော်လောက်တော့ လမ်းနည်းနည်းဆိုးတဲ့လမ်းပေါ်မောင်းပြီးတဲ့နောက် မယ်ဆိုင်မြို့ထဲကိုဝင်လာတော့တယ်။ လမ်းတောက်
လျှောက်မြန်မာပြည်ထဲကနေ တာချီလိတ်ကိုမရောက်ဖူးတော့ ရောက်ရချီသေးရဲ့ဆိုပြီး ရင်တခုန်ခုန်နဲ့ပေါ့။ မြို့ထဲရောက်လာတာနဲ့ လမ်း
ပေါ်ကဆိုင်တွေမှာ မြန်မာလိုရေးထားတဲ့ဆိုင်းဘုတ်တွေ၊ ဘန်နာတွေကိုစတွေ့ရပြီး၊ တချို့လမ်းဘေးသတိပေးချက်တွေက အစ ထိုင်း မြန်မာ ဘာသာ၂ မျိုးနဲ့ရေးထားတာတွေ့ရတယ်။ ဒရိုင်ဘာနဲ့ စကားပြန်တို့ကထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှာ ထွက်ခွာခွင့်ပါမစ်ယူပြီးတဲ့
နောက် တာချီလိတ် မယ်ဆိုင် တံတားထိပ်က ထိုင်းမြန်မာနယ်စပ်ဖြတ်ကူးဂိတ်ကိုရောက်ပါတယ်။ ကားကိုအနီးနားမှာရှိတဲ့ အခပေးကား
ရပ်တဲ့နေရာတွေမှာ ရပ်တော့ငွေကောက်တဲ့သူက မြန်မာအမျိုးသမီးဆိုတာ မျက်နာပေါ်ကပါးကွက်ကြားကိုမြင်တာနဲ့သိသာပါရဲ့။ ဟိုဖက်
ကမ်းကူးဖို့အတွက် ထိုင်းဖက်ခြမ်း လူဝင်မှုကြီးကြပ်ရေးရောက်တော့ ပြသနာကစပေါ်ပါတော့တယ်။ ကျနော့်မြန်မာနိုင်ငံကူးလက်မှတ်ကို
ပေးတော့ ထိုင်းအရာရှိက ကူးလို့မရကြောင်းငြင်းပါတယ်။ မြန်မာဖက်ကလက်မခံတဲ့အကြောင်း၊ တံဆိပ်တုံးထုမပေးတဲ့အကြောင်း အဲ့တာ
ကြောင့်ဖြတ်ခွင့်မပေးပါတဲ့။ အဖြစ်က ကိုယ့်မြန်မာဖက်ကလက်မခံတာတဲ့။ မြန်မာနိုင်ငံသား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားလို့တဲ့
လူကြားလို့တောင်မကောင်း ကိုယ်နိုင်ငံအတွင်းတောင်ပြန်ဝင်ခွင့်မရတဲ့ မြန်မာ့လူဝင်မှုကြီးကြပ်ရေးစနစ်ပါပဲ။ အမြဲလိုလိုစိတ်ထဲမှာ ထားတဲ့
အမိမြန်မာနိုင်ငံတော် ဆိုတာကြီးကို တစ်သက်မှာပထမဆုံးအကြိမ် စိတ်နာမိတာပဲ။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
မြန်မာပြည်ထဲကို မည်သည့်တရားဝင်လမ်းကြောင်းမှမဆိုဝင်လာတာကို တရားဝင်ခွင့်ပြုရမှာပေါ့။ တခြားနိုင်ငံသားတွေတောင် ဥဒဟိုဝင်
ထွက်နေတာ ကိုယ့်နိုင်ငံသားမှမဝင်ရဖူးဆိုတာကိုတော့ လက်မခံနိုင်လောက်အောင်ပါပဲ။ တော်တော်လဲစိတ်မကောင်းဖြစ်မိပါရဲ့။ ဘယ်တက်နိုင်မလဲ မဝင်ရဖူးဆိုတော့လဲ မဝင်ယုံပေါ့။ သူငယ်ချင်းကိုတော့ ကိုယ့်မြန်မာပြည်ထဲရောက်ဖူးအောင် စကားပြန်နဲ့ထည့်ပေး
လိုက်ပြီး ကျနော်တော့ မယ်ဆိုင်ဈေးထဲမှာပတ်နေလိုက်တော့တယ်။ မယ်ဆိုင်ဈေးကလဲ တကယ်တော့စိတ်ဝင်စားစရာပါပဲ။ မြန်မာပြည်
ဖက်ကထွက်တဲ့ပစ္စည်းအစုံကို ဒဏ်ကြေလိမ်းဆေးကအစရပါတယ်။ ပထမပိုင်းတော့ ဈေးဝယ်တဲ့အခါ ထုံးစံအတိုင်း English လိုပဲပြောပါ
တယ်။ အဲ့တော့ ဈေးရောင်းတဲ့သူက အထူးအဆန်းလုပ်ပြီးကြည့်တော့ မြန်မာလိုပြောလို့ရလား လို့မေးလိုက်တော့ ဝမ်းသားအားရ လေသံနဲ့ ရပါတယ်တဲ့။ တယ်ဟုတ်ပါလား မြန်မာလိုပြောပြီး ဈေးဆစ်လို့ရပြီပေါ့။ မာမားအတွက်ဝယ်ချင်တဲ့ ဆွယ်တာလိုက်ရှာတော့
တော်တော်များများဆိုင်တွေမှာတွေ့တယ်။ ဈေးထဲမှာဈေးဝယ်တာ နည်းနည်းလည်သွားပြီဆိုတော့ဈေးမေးပြီး တခြားဆိုင်တွေလိုက်ကြည့်
ဈေးနှုန်းကိုအရင် နည်းနည်းစနည်းနာကြည့်လိုက်တယ်။ ဆိုင်တိုင်းဟာမြန်မာဆိုင် သို့မဟုတ် မြန်မာအရောင်းဝန်ထမ်းခန့်ထားတာကြီးပဲ
ဘယ်နေရာမှာမဆို မြန်မာလိုပြောပြီးဈေးမေး ဈေးဝယ်လို့ရတယ်ဗျ။ အနွေးထည်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရောက်တော့ ပစ္စည်းလဲ
ကောင်းဈေးလဲ မဆိုးဆိုတာနဲဝယ်မယ်လို့ဆုံးဖြတ်ပြီး စကားစမြည်ပြောတော့ ဟိုဖက်ကမ်းကူးလို့မရတဲ့အကြောင်းကိုရောက်တော့ ဆိုင်
ရှင်ရှမ်းမကပြောပြတယ်၊ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ထားရင် ကူးလို့မရဖူးတဲ့၊ မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပါလာရင်တော့ ဟိုဖက်
ကို ဘတ် ၃၀၀ ပေးရင် ရေထဲကကူးလို့ရတယ်တဲ့ဗျ။ ကျနော့်ကိုတောင်နောင်ကူးချင်ရင်ပြောလို့ပြောလိုက်သေးတယ်။ ဘယ်နှယ့်စင်္ကာပူ
က ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား Mas Salamat အားကျလို့ ဟိုဖက်ကမ်းကို စက်ဘီးကျွတ်ဖက် ရေကူးပြီး ကူးရမလိုဖြစ်နေ
တယ် အဖြစ်က။ ကျနော်လဲ ရပါတယ် မကူးတော့ပါဘူးလို့ပြောလိုက်တယ်။ ဆိုင်ရှင်ကဟိုဖက်ကမ်းကိုလှန်းမျှော်ကြည့်လို့ရတဲ့နေရာရှိ
ကြောင်း၊ ကူးလို့မရတဲ့သူတွေကအဲ့ဒီမှာသွားပြီး ဓာတ်ပုံရိုက်ကြကြောင်းပြောတော့ ဆိုင်ရှင်ရဲ့လမ်းညွှန်မှုနဲ့ ဟိုဖက်ကမ်းကို လှန်းမျှော်လို့ ရတဲ့နေရာလေးကိုရောက်တော့ မြန်မာနိုင်ငံဖက်ကိုကူးခွင့်မရတဲ့ အနောက်နိုင်ငံသားတွေ ကင်မရာကိုယ်ဆီနဲ့ ရိုက်နေကြတာတွေ့ရတယ်။
ကိုယ့်လိုမြန်မာပါမပါတော့ မပြောတက်ပါဘူး။ တကယ်တော့ ချောင်းလို့သာပြောရပေမယ့် မြောင်းလို့ခေါ်ရင်ပိုမှန်မှာပါ။ အကျယ်က ၁၀ မီတာကနေ ၁၅ မီတာလောက်ပဲရှိပုံပေါ်ပါတယ်။ ရေစီးတော့တော်တော်သန်ပြီး ညစ်ပတ်တဲ့ရေတွေစီးဆင်းနေပါတယ်။ ကျနော်လဲ ဟိုဖက် ကိုဓာတ်ပုံလေးဘာလေးရိုက်ပြီး ပြန်ထွက်မယ်လုပ်တော့ ဟိုဖက်ကပြန်လာတဲ့သူငယ်ချင်းကိုတွေ့တယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးရှေ့
ကစောင့်ပြီး ကျနော်တို့ မယ်ဆိုင်မြို့ကနေပြန်လည်ထွက်ခွာပါတယ်။ လမ်းမှာတော့ Chaing Rai မှာရှိတဲ့ Silver Temple ကိုဝင်ကြည့်ပြီး
ဓာတ်ပုံရိုက်ကြတယ်။ နေဝင်သွားပြီဖြစ်တဲ့အတွက် ဘုရားကျောင်းကလှပေမယ့် ဓာတ်ပုံကောင်းကောင်းမရိုက်လိုက်နိုင်ပါဘူး။ ချင်းမိုင်မြို့
ထဲကိုတော့ ည ၈ နာရီကျော်လောက်မှာပြန်ရောက်ကြပြီး အပြင်တောင်မထွက်နိုင်တော့ပဲ အနားယူလိုက်ရတော့တယ်။

Day 3 ... ချင်းမိုင် Shopping
ဒီမနက်တော့ ဘာအစီအစဉ်မှမရှိတော့တဲ့အတွက် အေးအေးဆေးဆေးမှ အိပ်ယာထ နံနက်စာကိုဇိမ်ဆွဲစားပြီး ရှောပင်းစင်တာတစ်ခုမှာ
အချိန်ဖြုံးဖို့ စိတ်ကူးတာကြောင့် ဟိုတယ်ဧည့်ကြိုမှာ ဘယ်ဈေးဝယ်စင်တာသွားရင်ကောင်းမလဲလို့စုံစမ်းပြီးတော့ လေဆိပ်နားက
Airport Plaza ကိုသွားမယ်ဆိုပြီး ဟိုတယ်ရှေ့ကတက်စီကားဌားပြီး သွားကြတယ်။ စင်တာရှေ့ရောက်တော့ လူတွေကဘာလို့ မတ်တက်
တမျိုးထိုင်လို့တဖုံတွေ့တော့ ဘာလုပ်နေကြပါလိမ့်ပေါ့။ နောက်တော့မှသိတယ် ဈေးဝယ်စင်တာက နံနက် ၁၁ နာရီမှဖွင့်လို့ ဝင်ဖို့စောင့်
နေကြတာတဲ့။ ကျနော်တို့လဲ ၁၀ မိနစ်လောက်လိုသေးတော့ ခဏစောင့်ပြီးဖွင့်တော့ လျှောက်ကြည့်ကြတယ်။ ရှေ့ပင်းစင်တာက အဆင့်
မြင့်ဈေးမြင့် ရှောပင်းစင်တာတစ်ခုဖြစ်ပြီးတော့ စင်္ကာပူမှာရှိတဲ့ brand တွေပါပဲ။ တချို့ဟာတွေတော့ဈေးသက်သာပါရဲ့။ နေ့လည်စာကို
ရှော့ပင်းစင်တာ မြေအောက်မှာရှိတဲ့ စားကောက်တန်းမှာ ထိုင်းဝက်ခြေထောက်ထမင်းစားဖြစ်တယ်။ ထိုင်းဘတ်ငွေသိပ်မရှိတော့လို့ ငွေ
လဲပြီး နေ့လည်ကိုဟိုတယ်မှာပြန်နားဖြစ်ကြတယ်။ ညနေဖက်တော့ ညဈေးနားမှာရှိတဲ့ ဂျပန်စာဘူဖေးဆိုင်မှာစားဖြစ်တယ်။ အစားအစာ
တော့ သိပ်အစုံကြီးမဟုတ်ပေမယ့် ၁ နာရီခွဲစာအဝစားအတွက် ဘတ် ၂၄၀ လားကျတော့ S$10 လောက်ပဲဆိုတော့ စားပျော်ပါတယ်။
အဲ့ဒီကနေဗိုက်ပြည့်တော့ ညဈေးထဲပတ်ကြည့်ပြီး စောသေးတာနဲ့ ချင်းမိုင်ကMandalay Disco ကို ၂ ယောက်သားသွားကြည့်ကြတယ်။
စောသေးလို့လား၊ ကြားရက်မို့လားမသိ Disco ကြီးတစ်ခုလုံး စားပွဲဝိုင်း ၂ ခုမှာပဲလူရှိတယ်ဗျာ။ ဝင်ကြေးပေးစရာမလိုပဲ သောက်စရာတစ်
ခုစီတော့ ဝယ်သောက်ကြရတယ်။ ၁ နာရီလောက်ထိုင်ပြီးတော့ ဘာမှထွေထွေထူးထူးမရှိတာနဲ့ ဟိုတယ်ကိုလမ်းလျှောက်ပြန်ပြီး စောစော
ပဲအနားယူလိုက်ကြတော့တယ်။
စင်္ကာပူသို့
လေယာဉ်အချိန်က မနက် ၁၀ နာရီဆိုတော့ မနက်စာစားပြီးတာနဲ့ လေဆိပ်ကိုတန်းဆင်းဖြစ်ပါတယ်။ ချင်းမိုင်ကနေဘန်ကောက် တဆင့်
နဲ့စင်္ကာပူကိုပြန်ရမှာပါ။ Check in Counter Staff က ဘန်ကောက်မှာ ၆ နာရီနားရမယ့်အတွက် အပြင်ထွက်ချင်သေးလား ဆိုတော့
ဘန်ကောက်မှရေကကြီး traffic jam ကိုလဲကြောက်တာကြောင့် လေဆိပ်ထဲမှာပဲနေတော့မယ်လို့ ပြောလိုက်ပါတယ်။ ချင်းမိုင်ကနေ
ထွက်လာပြီး ဘန်ကောက်ကို ၁၁ နာရီလောက်မှာရောက်ကြတယ်။ ပြည်တွင်းဆိုက်ရောက်ကနေ ပြည်ပထွက်ခွာထဲကိုပြောင်းစီးရတာ
ကြောင့် transit area ထဲကိုဝင်တဲ့နေရာမှာ တခါမှမမြင်ဖူးမကြုံဖူးတဲ့ စက်တစ်လုံးနဲ့ စစ်ဆေးခံခဲ့ရတယ်ဗျ။ စီးထားတဲ့ဖိနပ်၊ ခါးပတ်ကို
ချွတ် ပြီး ဖန်ပေါင်းချောင်လိုဟာထဲဝင်ပြီး မတ်တပ်ရပ်နေတုံး အဲ့ဒီကစက်ကအသံတွေမြည်လာပြီး ၁၀ စက္ကန့်လောက်ကြာတဲ့အခါ အပြင်
ကိုထွက်ပြီး စက်ကထွက်လာတဲ့ အဖြေကိုစောင့်ခိုင်းသေးတာ။ အဲ့ဒီနောက်ကိုယ့်ရှေ့က screen ပေါ်မှာ OK လို့အစိမ်းရောင်ပေါ်လာတော့
မှ သွားခွင့်ပြုပါတယ်။ တကိုယ်လုံးကိုဖောက်ပြီးကြည့်တဲ့ X-Ray စက်လားလို့ထင်မိတယ်။ နေ့လည်စာကို Black Canyon မှာပဲစားပြီး
တော့ အိပ်ဖို့နေရာကိုသွားရှာတော့ အိပ်တဲ့ခုံကလဲမကောင်း Air Con ကလဲမအေးတော့ ဘယ်နားသွားနေရပါ့မလဲ စိတ်ကူးနေတုံး
Diners Club Member ဆိုရင် Airport Lounge တစ်ခုမှာ အခမဲ့နားလို့ရတာမှတ်မိတော့ ဘယ် lounge မှာနားခွင့်ရမလဲ Internet ကနေ
တချက်ကြည့်တော့ Louis' Tavern CIP Lounge မှာနားလို့ရတယ်ဆိုတာ သိရတော့အဲ့ဒီမှာ နားဖို့စိတ်ကူးမိတယ်။ သူငယ်ချင်းက
ခြေထောက်အနိုပ်ခံချင်တယ်ဆိုတော့ သူက အနိုပ်ခံတဲ့နေရာကိုသွားပြီး ကျနော်ကတော့ lounge ကိုသွားပါတယ်။ lounge ကဝန်ထမ်း
တွေက အလကားနေမယ့်သူမို့လားမသိ Customer Service ကတော့အလွန်ချာပါတယ်။ lounge တစ်ခုလုံးမှာ ခရီးသည်တစ်ယောက်မှ
မရှိပဲ ကျနော်တစ်ယောက်ထဲရှိပါတယ်။ အဲပုဂံမှာအလုပ်လုပ်တုံးက ပဲ Airline Lounge ဆိုတာကို ဝင်ဖူးတော့ အခုလို International
Level Lounge ဆိုတာကို တခါမှမရောက်ဖူး၊ ဝင်ဖို့လဲ ကိုယ်က Business Class စီးတာမဟုတ်တော့ လိုက်ကြည့်ဖြစ်တယ်။ ခင်းကျင်းထားတဲ့ အစားအစာတွေကကိတ်မျိုးစုံအပါအဝင် အသားညှပ်ပေါင်မုန့်က ၄ မျိုးလောက် စားစရာတွေကြီးပဲ ၁၅ မျိုးလောက်ရှိ
ပါတယ်။ အရက်မျိုးစုံသောက်လို့ရတဲ့ အရက်ဘားတစ်ခု၊ အချိုရည်မျိုးစုံနဲ့ ဘီယာမျိုးစုံ ထည့်ထားတဲ့ ရေခဲသေတ္တာ၊ လက်ဖက်ရည်၊
ကော်ဖီဖျော်ဖို့နေရာ၊ ဒီထက်မက အသင့်စားခါက်ဆွဲပြုတ်နဲ့ရေနွေးလဲရှိပါတယ်။ အင်တာနက်သုံးဖို့အတွက် PC ၂ လုံးကိုချထားပေး
တယ်။ ကျနော်လဲ ကျနော်ကြိုက်တက်တဲ့ ကိတ် ၂ မျိုးလောက်ယူမြည်း၊ အိပ်လို့ရတဲ့ခုံတစ်ခုံယူပြီး ၁ နာရီလောက်မျက်လုံးမှိတ်နားနေ လိုက်တယ်။ အိပ်ယာထတော့ မျက်နာလေးဘာလေးသစ်ပြီး အချိုရည်တဗူးယူသောက်၊ စားစရာလေး နည်းနည်းစားပြီး Connection
Flight အတွက်ဂိတ်ကိုသွား၊ ဘန်ကောက်ကနေပျံသန်းထွက်ခွာလာပြီးတဲ့နောက် စင်္ကာပူကို ညနေ ၆ နာရီလောက်မှာပြန်ရောက်ပါတယ်။

Subscribe to:
Posts (Atom)