Friday, May 11, 2012

စင်္ကာပူ တွင် (၆) နှစ်ကြာသောအခါ


အခုလာမည့် ဇွန်လ (၆) ရက်နေ့ဆိုရင်စင်္ကာပူမှာနေလာတာ (၆) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ Great Singapore Sales ကျင်းပတဲ့ အချိန်ကာလ ဖြစ်တာကြောင့် GSS ကြော်ငြာတွေစတွေလာတာနဲ့ ကျနော်စတင်ခြေချခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ကို သတိမရပဲကို မနေနိုင်ပါဘူး။ ၂၀၁၀ မှာရေးခဲ့တဲ့ စင်္ကာပူ မှာ (၄) နှစ်ကြာသောအခါမှာတော့ ရန်ကုန်ကနေ စတင်ထွက်ခွာလာခဲ့တဲ့အကြောင်း၊ 
၂၀၁၁ မှာရေးခဲ့တဲ့ စင်္ကာပူမှာ (၅) နှစ်ကြာသောအခါ post မှာ ကျနော်အလုပ်လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းတွေ ရေးခဲ့ပြီးတဲ့နောက် အခု ၂၀၁၂ (၆) နှစ်ကြာသောအခါမှာတော့ ဘာရေးရမှန်း တွေးလို့မရဖူးဖြစ်နေပါတယ်။ (၆) နှစ်ပြည့်လာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင် ပဲ (၆) ခုမြောက် အလုပ်အသစ်တစ်ခုမှာ အလုပ်စဖြစ်ပါတယ်။ ဒီတော့ အသစ်အလုပ်လုပ်နေတဲ့ အလုပ်အကြောင်း လေး နဲ့ အိမ်ဌားရတဲ့အကြောင်းအတွေ့အကြုံလေးရေးမယ်စိတ်ကူးမိပါတယ်။ 

တကယ်တော့ ဒီအိမ်ဌားတင်တဲ့အကြောင်းကို သီးသန့်ပိုစ့်တစ်ခုအနေနဲ့တင်မယ် စိတ်ကူးပေမယ့် သူများအကြောင်းမကောင်းတာကို
blog ပေါ်မှာအကျယ်တပွင့် ရေးတယ်ဖြစ်မှာဆိုးတာရယ်၊ ဒီမကောင်းကြောင်းတွေကိုလဲ သီးသန့်ကြီးချမရေးလိုတာရယ်ကြောင့် ဒီပိုစ့်
နဲ့အတူ နည်းနည်းထည့်ရေးလိုက်တာပါ။ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ပါပါး ရန်ကုန်ပြန် တလှည့်ပြန်သွားနေတော့ ကျနော့်တိုက်ခန်းမှာ
အိပ်ခန်း (၂) ခန်းရှိတဲ့အထဲက တစ်ခန်းကို ပြန်ဌားဖို့လုပ်လိုက်ပါတယ်။ တိုက်ခန်းခတွေကဈေးကြီးတော့ ဒီလိုမှရှယ်မနေရင် ရတဲ့ငွေနဲ့
ခက်ခက်ခဲခဲ ဖြတ်သန်းရမှာပါ။ အခန်းခကိုတော့ တခန်းလုံးကို (၂) ယောက်နေဖို့ ၈၅၀ အပြီးအစီးတောင်းလိုက်ပါတယ်။ အဲကွန်းကိုလဲ
ကန့်သတ်ချိန်မထားပဲ သင့်တော်သလိုကြည့်ဖွင့်လို့ပြောထားလိုက်တယ်။ ကိုယ်က အိမ်ဌားတဲ့အတွေ့အကြုံမရှိတော့ စည်းမျဉ်းစည်း

ကမ်းတွေကိုလဲ အတိအကျမပြောတော့ပဲ အများသူဌာရှိတဲ့ basic house rules ပဲလို့ပြောလိုက်ပါတယ်။ ပထမဆုံးအိမ်ဌားအနေနဲ့ 
ပေါ်လီနောက်ဆုံးနှစ်ကျောင်းသားနဲ့ ဒီမှာကျောင်းပြီးတဲ့ အင်ဂျင်နီယာကောင်လေး သူငယ်ချင်း (၂) ယောက်လာဌားနေကြတယ်။
ကျနော့်တိုက်ခန်းမှာ ထမင်းဟင်းကိုတော့ပေးမချက်ပဲ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ခေါက်ဆွဲတော့ ပြုတ်လို့ရတယ်ပေါ့ဗျာ။
ပထမပိုင်းမှာတော့ ခေါက်ဆွဲပဲပြုတ်ပါတယ်၊ နောက်ပိုင်းမှာတော့အင်ဂျင်နီယာကောင်လေးကဟိုဟာလေးဒီဟာလေး ကြော်စားချင်လို့ ပါဆိုပြီး ကျနော့်အမေဆီကနေ ဆီတောင်းပြီး ကြော်ပါတယ်။ ဒီလိုဟာက အကြိမ်ရေစိတ်လာတော့ လုံးဝပေးမကြော်တဲ့အကြောင်းပြော ပြီးပိတ်ပင်လိုက်ရပါတယ်။ သူနဲ့ပဲတောက်ရှောက်ကြီးကြီးမားမား ပြသနာတွေမဟုတ်ပဲနဲ့ ညဖက်တညလုံး အခန်းထဲက တီဗွီဖွင့်ပြီးအိပ်
ပျော်နေတာတို့၊ ထီးဌားသွားပြီးပြန်ပေးဖို့အကြိမ်ကြိမ်တောင်းရတာတွေ၊ အိမ်ခန်းထဲမှာ ဘီယာတွေသောက်ပုလင်းတွေကို အမှိုက်ပစ်
တဲ့ Tube ကနေတခွမ်းခွမ်းပစ်ချတာ စတဲ့ သေးသေးဖွဲဖွဲ တွေပေါင်းလာတော့ ကျနော်လဲ သည်းမခံနိုင်တာနဲ့ သူတို့ကိုမကြိုက်တဲ့
အချက်တွေစာနဲ့ ချရေးပေးပြီး တကယ်လို့ အစဉ်မပြေရင်ပြောင်းနိုင်ပါတယ်လို့ လမ်းဖွင့်ပေးတော့ အင်ဂျင်နီယာကောင်လေးက သူနဲ့တူတူပါလာတဲ့ သူ့သူငယ်ချင်းကောင်လေးကိုထားခဲ့ပြီး ပြောင်းမယ်လို့ အကြောင်းကြားပါတယ်။ ကျနော်လဲ (၁) လ နို့တစ်ပေး
ဖို့သဘောတူထားပေမယ့် သူလဲအနေကြပ်ကိုယ်လဲအနေကြပ်ဖြစ်မှာဆိုးလို့ နေဖို့နေရာရတာနဲ့ ပြောင်းနိုင်တယ်ဆိုတော့ သူလဲ 
လကုန်တာနဲ့ ပြောင်းသွားခဲ့ပါတယ်။

ကျန်ခဲ့တဲ့တစ်ယောက်ကိုတော့ ပထမပိုင်း တူတူပြောင်းခိုင်းမယ်ကြံပေမယ့် နောက်တော့ နောက်တစ်ယောက်ပဲရှာလိုက်ပါမယ်ဆိုပြီး
ကြော်ငြာထည့်ရှာပါတယ်။ အဲ့ဒီမှာ NTU Master ဆင်း အသက် ၃၀ နဲ့ ၄၀ ကြား အိမ်ဌားတစ်ယောက်ထပ်ရပါတယ်။ အဲ့ဒီမှာ ကျနော်
တို့ မြန်မာစကားပုံ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတာနဲ့စတွေ့ပါတော့တယ်။ သူကတော့ ဒီမှာနေတာကြာတဲ့
သူဖြစ်လို့ စည်းကမ်းတွေကိုတော့ အတော်လေး တိတိကျကျ လိုက်နာပါတယ်။ ကျနော့်အိမ်မှာ ခုနကပြောခဲ့သလို ချက်စားလို့မရဖူး
light cooking ဖြစ်တဲ့ ခေါက်ဆွဲပြုတ်လို့ရတယ်ဆိုတာမှာ ဒီလူဟာ ညစဉ်ညတိုင်း ခေါက်ဆွဲပြုတ်ပါတယ်။ ခေါက်ဆွဲပြုတ်တာရိုးရိုးပြုတ်
ရင်ကျနော့်အနေနဲ့ပြောဖို့မရှိပေမယ့် သူ့ပြုတ်ပုံကကြေးအိုးချက်သလို အသားစိမ်းတွေ၊ အရွက်တွေနဲ့ကို တခါပြုတ်၊ ခေါက်ဆွဲကိုပြုတ်
ဒါမတိုင်မီမှာ အသားငါး၊ ပုဇွန်စတာတွေကို လှီးဖြတ်တာ၊ ပုဇွန်အခွန်နွှာတာစတာတွေက processing တစ်ခုလုံးကို (၁) နာရီကျော်ကြာ
ပါတယ်။ နောက်ဒီဟာကိုစားတဲ့အခါမှာလဲအသံမျိုးစုံပါးစပ်ကထွက်ပြီး စားသောက်တာကနောက်ထပ်အနည်းဆုံး မိနစ် ၄၀ကြာပါတယ်။
ကျနော်က စလုံးအိမ်မှာ စင်္ကာပူသက်တမ်းရဲ့ တစ်ဝက်လောက်နေလာတော့ light cooking ကို definition ဖွင့်တဲ့အခါမှာ သူခေါက်ဆွဲ
ပြုတ်တာနဲ့ အတော်လေးခြားနားနေတာတွေ့ရတော့ အတော်လေးစိတ်မချမ်းသာရပါဘူး။ နောက်တစ်ခုက ဘယ်နေရာပဲနေနေ၊ သူ့
အခန်းထဲမှာဖြစ်လို့ အခန်းဖော်ကောင်လေးရှိနေ မနေနေ သီချင်းကိုအော်ဟစ်ဆိုတယ်၊ မီးဖိုမှာလဲ ပဲ အော်ဟစ်ဆိုလိုဆို၊ ရေဒီယိုကို
တစ်အိမ်လုံးကြားရလောက်အောင်ဖွင့်ပြီး ဘယ်သူ့မှဂရုမစိုက်ဖူးဟေ့ဆိုသလို နေပါတယ်။ တအိမ်လုံးမှာရှိတဲ့ အိမ်ရှေ့တံခါး၊ အိပ်ခန်း
တံခါး၊ Fridge တံခါးမကျန် ဆောင့်ပိတ်ပြီးအသံမမြည်ရရင်ကို မကြိုက်တဲ့သူပါ။ ကျနော့်အမေက အပြင်မှာအိပ်တော့ သူ့ဒဏ်ကိုအခံရ
ဆုံးဖြစ်ပြီး တစ်ညအမေကမခံနိုင်လို့ ပြောတော့ သူကပဲ ကျနော့်အမေကို ပြန်ရန်တွေ့ပြီး တဲ့အထိဆိုးလာပါတယ်။ တအိမ်လုံးမှာသူပါ
မှ (၅) ယောက်ရှိတာ (၄) ယောက်က သူ့ကိုမကြိုက်တော့မှန်းသိတော့ နောက်တစ်ရက်မနက်မှာ ကျနော့်စီဖုံးဆက်ပြီး ပြောင်းတော့
မယ်ဆိုတဲ့အကြောင်းပြောပါတယ်။ မှတ်မှတ်ရရ ဖေဖဝါရီ (၁၃) ရက်ပါ။ ကျနော်က ဖေဖဝါရီလကုန်မှာ ပြောင်းချင်လဲရပါတယ်ဆိုတော့
မဟုတ်ဖူး မတ်လကုန်မှပြောင်းမယ်ဆိုပြီးပြောပါတယ်။ အဲ့တုံးက ဒီထက်မကပြသနာကြီးလာလိမ့်မယ်လို့မထင်လို့ ရပါတယ်ပြောလိုက် 
မိတယ်။ နောက်နေ့ကစပြီးတော့ မှ အရင်ကထက်ပိုပြီး ဆိုးလာပြီး ကျနော့်အမေကို အဓိကထားပြီးတိုက်ခိုက်တာ ကျနော့်အမေခမျာ
ညဖက်အိပ်လို့မရလို့ သူများအိမ်မှာ သွားနေရတဲ့စီကိုတောင်ရောက်လာတော့ ကျနော်လဲ မနေနိုင်တော့တာနဲ့ ဖေဖဝါရီ (၁၃) မှာသူ
ပြောင်းမယ်ပြောထားတော့ မတ်လ (၁၃) မှာပဲ ပြောင်းပေးဖို့ကောင်းကောင်းမွန်မွန် ပြောပေးမယ့်ကျနော်သူ့ကိုမတ်လကုန်အထိပေး နေဖို့ သဘောတူထားတယ်ပြောပြီး ပြောင်းဖို့ငြင်းဆန်ပါတယ်။ ကျနော့်တသက်မှာ ဒီလောက်အရှက်မရှိတဲ့သူကို ပထမဆုံးမြင်ဖူးတာ
ပါပဲ။ နှင်ချတာတောင်မဆင်းဖူးဆိုတော့ ဘယ်လိုလုပ်မလဲပေါ့။ PR ဆိုပြီးလူပါးဝတာလဲပါတယ်ပေါ့ဗျာ။ ကျနော်လဲ ပြောမရတဲ့အဆုံး
သူခေါက်ဆွဲပြတ်တာကို မကြိုက်တဲ့အကြောင်း light cooking ဟာ ဒါကိုမဆိုလိုကြောင်းပြောပြီး gas ကို လုံးဝမသုံးတော့ ဖို့ ပြောတော့ လဲကျနော် သူစပြောင်းလာထဲက ချက်ခွင့်ပေးထားလို့ သူဒီစည်းကမ်းကိုမလိုက်နာနိုင်ဖူးဆိုပြီး စောဒကတက်ပါတယ်။ ကျနော်လဲဒီတစ်
ခုတော့ အလျှော့မပေးတော့ပဲ ကျနော့် အိမ်နေရာဖြစ်လို့ကျနော့်စည်းကမ်းကို ကြိုက်သလိုထုတ်လို့ရတယ်ပြောပြီးအတင်းပိတ်ပင်တာ
တောင်လက်မခံပါဘူး။ နောက်ဆုံးကျနော့်အခန်းဖော် က ကျနော်တို့ပြောနေတာကို သူနားမလည်ပေမယ့် ပြောနေတဲ့ အသံတွေအရ
အခြေအနေမဟန်တာ သိလို့ ထွက်လာပြီး ပြောတော့မှာ NTU Master သမားကြီးက English စာကို ခွေးအ လှည်းနင်းသလိုဖြစ်ပြီး 
နိုင်အောင်မပြောနိုင်တော့ ပဲ အလျှော့ပေးပြီး သူဝယ်ထားတဲ့ ဟာတွေကုန်အောင် (၇)ခါ ချက်ပြီးရင် ဆက်မချက်တော့ ဖူးဆို ပြီး ဇာတ်လမ်း ပြတ်သွားပါတယ်။ နောက်ဆုံးတော့ ကျနော်တို့အတွက် သည်းအခံရဆုံးအချိန် ၁ လကျော်ကြာပြီးတဲ့ အခါမှာတော့ သူလဲ
ပြောင်းသွားပါတယ်။ ပြောင်းတဲ့ရက်မှာတောင် ကျနော်အမေက ပစည်းတွေ သေခြာစစ်သွားဖို့ ဘာမှမကျန်ခဲ့ဖူးဆိုတာ ပြောတာကိုသူ
က အခန်းစစ်ခိုင်းတာ ကျန်တာဘာမှပြောမနေနဲ့ဆိုပြီး ရန်ထောင်သွားပါသေးတယ်။ ဒီလူနောက်ပိုင်းမှာတော့ learning from experience ဆိုသလို အရင်ကဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ ကြီးချရေး၊ ခေါက်ဆွဲကိုလဲ gas နဲ့လုံးဝမပြုတ်ခိုင်းတော့ပဲ တစ်ခုခုဖြစ်တာနဲ့ စိတ်ထဲထားမနေတော့ပဲ ချက်ချင်း action ယူပြီးလုပ်ခိုင်းတဲ့ Policy ကိုပြောင်းသုံးပါတော့တယ်။ 

အခုတော့ ကျနော့်တိုက်ခန်းမှာ ဟိုး ပထမဆုံးစဌားနေတဲ့ ပေါ်လီကျောင်းသား (ယခုတော့ ကျောင်းပြီးလို့ အလုပ်လုပ်နေ) ကောင်လေး
တစ်ယောက်နဲ့ နောက်လာနေတဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ ပေါ်လီဆင်းကောင်လေးဆို စစလာနေချင်းက စည်းကမ်းနဲ့
ပတ်သတ်ပြီး အတော်လေး ပြသနာများပေမယ့် အခုဆိုအများကြီးတိုးတက်ပြောင်းလဲသွားပါပြီ။ အိမ်ဌားတဲ့ အကြောင်းပြီးတော့ ကျနော့်
အလုပ်အကြောင်းဆက်ပြောတာပေါ့ဗျာ။

၂၀၀၉ ခုနှစ် နိုဝင်ဘာလနေ စတင်အလုပ်လုပ်ခဲ့တဲ့ ဂျပန်ပိုင် MNC Company ကြီးဖြစ်တဲ့ Sankyu Singapore ကနေ တကယ့် တကယ်တန်းတော့ အလုပ်ပြောင်းဖို့ စိတ်ကူး ကြီးကြီးမာမား မရှိခဲ့ပါဘူး။ ပေးထားတဲ့လစာက အများကြီးလဲမဟုတ်သလို၊ အနည်းလေး လဲမဟုတ်ပါဘူး။ အခြားခံစားခွင့်တွေဖြစ်တဲ့ အကန့်အသက်မရှိ  ဆေးကုသခွင့်တွေ၊ အထူးကုဆရာဝန်ကြီးများနဲ့ ဆေးကုသခွင့်၊ အများကြီးမဟုတ်ပေမယ့် better than nothing ဖြစ်တဲ့ နှစ်စဉ်ပုံမှန်ဘောနပ်စ်၊ နှစ်စဉ်လစာတိုး စတာတွေအပြင် Company ရဲ့ကြီးမား ခိုင်မာမှု က ကျနော်ရှေ့ရေးအတွက် လုံခြုံမှုအပြည့်ရှိတယ်ပြောရမှာပါ။ ကျနော်ရုံးစိုက်နေရတဲ့ Section အကြီးအကဲက မလေးရှားဖွား Indian ဖြစ်လို့ သူ့လူမျိုးတွေကို မျက်နာသာပေးတာကလွဲလို့ ကိုယ့်အပေါ်လဲ ဘာဖိအားမှမပေး၊ ဘယ်အရာကိုမှဝင်ရောက်စွတ်ဖက် လေ့မရှိ တာကြောင့် အတော်အေးအေးချမ်းချမ်းရှိတယ်ပြောရမှာပါပဲ။ အခက်အခဲဘာတွေရှိလဲလို့မေးလာရင်ကျနော့်ရဲ့ အလုပ်တာဝန် တွေထဲက တစ်ခုဖြစ်တဲ့ HR Function တွေထဲက အလုပ်သမားတွေနဲ့ဆက်ဆံရေးပါပဲ။ စက်ရုံအလုပ်ဖြစ်တဲ့အတွက် ဝန်ထမ်းခန့်ထား တဲ့နေရာမှာ အလုပ်သမား အဆင့်ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်စကား ပြောဆိုရတာ ခက်ခဲသလို၊ အလွန်ပဲ demanding များတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ အလုပ်သမားလို့ဆိုလို အထင်မသေးနဲ့နော် စောဒကတက်တဲ့ နေရာမှာလဲ စလုံးတွေနဲ့ နင်လားငါလားပါပဲ။ နောက်တစ်ခုကတော့ Middle Management သမားတွေ ကြုံတွေ့နေကျဖြစ်တဲ့ ကြားညှပ်တဲ့ပြသနာပါ။ ကျနော့်တို့အထက် စီမံခန့်ခွဲ ရေးမန်နေဂျာစီကနေ ဒီလအတွက် သို့မဟုတ် ဒီကာလတစ်ခုအတွက် ဘက်ဂျက်သတ်မှတ်ချက်ကတော့ ဒီလောက်ပမာဏပါလို့ သိထားပြီးတဲ့နောက်၊ ခုနကပြောတဲ့အလုပ်သမားတွေ သူတို့ရဲ့ Supervisor တွေကနေလိုအပ်ချက်တွေ ဝယ်ချမ်းဖို့တို့၊ ယူနီဖောင်း မလောက်လို့တို့၊ ဝန်ထမ်းအသစ်တွေအတွက် Safety Shoe ဝယ်ဖို့တို့စတာတွေအတွက်အသုံးလိုလာခဲ့လို့ရှိရင်ရထားတဲ့ဘက်ဂျက် ကနေ လောက်ဌအောင်သုံးရတာ၊ မလောက်လို့မဝယ်ပေးနိုင်ခဲ့ရင် ကပ်စေးနဲတယ်ဘာညာဆိုပြီး ကိုယ့်အပေါ်ညိုငြင်ကြတာ ပါ။ ဘယ်သူကမှ Upper Management ကို သွားပြောကြတာ မဟုတ်ပါဘူး။ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရဲ့ Attendance ကို Bio Metric System တက်ဆင်ထားပေမယ့်လဲ ဒီ System Data တွေကို automatic calculation မလုပ်ပဲ Manual Punch Card ပါသုံးပြီး Manual Data ကိုပဲ အသုံးပြုတာကြောင့် အခြားသောမသမာမှုတွေ အများအပြား လဲ ကြုံတွေ့ရပါတယ်။ ကိုယ့်အထက်ကအရာရှိကတောင် မပြောပဲ မျက်စိစုံမှိတ်နေတော့ ကျနော့်မှာလဲ ဘာမှမပြောသာပါဘူး။  နောက်တစ်ခုကတော့ အလုပ်ချိန်ပါ။ အလုပ်ချိန်ကမနက် ၈ နာရီ ကနေ ၅ နာရီပဲဖြစ်ပေမယ့် မနက်ပိုင်း Transport က Jurong East မှာ မနက် ၆ နာရီ ၄၀ မှာကြိုတာကြောင့်အိမ်ကနေ အစောကြီး ထသွား ရ ပြီးတဲ့နောက် ရုံးကကျနော့်စားပွဲကိုရောက်တဲ့အချိန်က မနက် ၇ နာရီ ၁၀ မိနစ်ပါ။ ညနေကိုယ်က အိုတီမထိုင်လို့ ၈ နာရီခွဲမှ ကြိုပို့အားနဲ့ပြန်တယ်ဆိုရင် အိမ်ကို ည ၉ နာရီကျော်မှပြန်ရောက် ပါတယ်။ တခြားဘာမှလုပ်လို့မရပဲ နေ့စဉ်နဲ့အမျှ ရုံးနဲ့ အိမ်ပါပဲ။ 

Sankyu Singapore ကနေ အလုပ်ထွက်ဖို့ဖြစ်လာတာကတော့ ကျနော် အမေရိကန် MNC ကြီးတစ်ခုမှာ အလုပ်အင်တာဗျူးရတာ
က စပါတယ်။ ကျနော့် ပိုစ့်တစ်ခုဖြစ်တဲ့ ကျနော်နှင့် အင်တာဗျူးများ အပိုင်း (၁) မှာ အသေးစိတ်ရေးထားပြီးဖြစ်တဲ့ အတွက်အသေးစိတ်
တော့ထပ်မရေးတော့ပါဘူး။ အဲ့ဒီအင်တာဗျူးကမအောင်မြင်ခဲ့တာကြောင့် ကိုယ်ကိုကိုယ်လဲ အတော်တုံးသွားတယ် လို့ ထင်တယ်။ အဲ့ဒီနေ့ကစလို့ ကျနော်အလုပ်မရှိတဲ့အတိုင်း အပြင်းအထန်အလုပ်ရှာပါတယ်။ job portal ကြီးတွေဖြစ်တဲ့ st701 jobDB jobstreet ထဲကနေ resume တွေ ပို့၊ စနေသတင်းစာဝယ်ဖတ်ပြီး e-mail တွေပို့နဲ့ (၂) လနီးပါးကာလ အတွင်း ခန့်မှန်းခြေ အလုပ် (၂၀၀) ကျော်လောက်လျှောက်ထားဖြစ်ပါတယ်။ ဒီလောက်များပြားစွာလျှောက်ပေမယ့် တောင်းထားတဲ့ expected salary ကများတာကြောင့် လား? ကိုယ့် qualification ကလျှောက်ထားတဲ့ အလုပ်တွေနဲ့ ကိုက်ညီမှုမရှိလို့လားမသိ၊ response က (၁) ခုပဲ ရပါတယ်။ ရတာကလဲ Agent ဆီကပါ။ Agent က လိုအပ်တဲ့မေးခွန်းတချို့ e-mail ကမေးပြီး သူ့ Client ကို ပြန်ပြောမယ်ပြောပြီး ပေါ်မလာတော့ ပါဘူး။ ဖေဖဝါရီလဆန်းလောက်ထဲကစရှာလိုက်တဲ့ အလုပ်တွေကနေ မတ်လ ကုန်ပိုင်းလောက်မှာ အင်တာဗျူးတစ်ခုရပါတယ်။  Local Company တစ်ခုမဟုတ်ဖူးဆိုတာ သိရပြီး Company ရုံးကလဲ အိမ်ကနေ ၁၅ မိနစ်လောက် Bus စီးရင်ရောက်တယ်ဆိုတော့ အတော်လေးရချင်ပါတယ်။ US MNC Interview မှာအတွေ့အကြုံတော်တော်ရထားပြီဆိုတော့ ဒီတခါအင်တာဗျူးတော့ ဖြင့် ရအောင်ဖြေမယ်ဆိုပြီး သွားပါတယ်။ Finance and HR Manager နဲ့ Regional Head, MD (၂) ယောက်ဗျူးပါတယ်။ နှစ်ယောက်လုံးက Local ပဲဆိုတော့ ပြောရဆိုရတာ၊ ဆက်ဆံရတာ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင်၊ မေးမြန်း တာတွေကလဲ ပုံမှန်မေးနေကျမေးခွန်းတွေပါပဲ။ လက်ရှိ Sankyu မှာလုပ်နေတဲ့ အလုပ်တာဝန်တွေ၊ အရင်ကလုပ်ဖူးတဲ့ အလုပ်တာဝန်တွေပါပဲ။ ကျနော်ကတော့ အရင်ပြန်မေးနေကျ မေးခွန်းတစ်ခုမဟုတ်တဲ့ကိုယ်အပါအဝင် Short-listed ဘယ်နှယောက်ရှိလဲဆိုတော့ MD က ပြန်မေးနေကျ မေးခွန်းမဟုတ်လို့ အတော်တွန့်ဆုတ်သွားပြီးမှ (၃) ယောက်ရှိကြောင်း ယောင်္ကျားလေး က ကျနော် တစ်ယောက်ထဲသာဖြစ်ကြောင်း ပြောပါတယ်။ ထုံးစံအတိုင်း (၂) ရက်နေရင် အကြောင်းပြန်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ 

အင်တာဗျူးသွားဖို့ ရုံးကနေ နေ့တစ်ဝက်ခွင့်ယူသွားပြီး အိမ်ပြန်အဝတ်လဲဖို့လဲ အချိန်မရတာကြောင့် အင်တာဗျူးသွားတဲ့အတိုင်း Formal နဲ့ ရုံးပြန်ရောက်တော့ မန်နေဂျာနဲ့ပက်ပင်းတိုးပြီး တအံ့တသြနဲ့အင်တာဗျူးကပြန်လာတာလား ဆိုပြီးမေးပါတယ်။ ကျနော်လဲ Yes လဲမပြော No လဲမဆိုပဲ ရီပြပြီး ကိုယ့်အခန်းထဲကိုယ်သွား ယူနီဖောင်းလဲ ပြီးအလုပ်လုပ်နေလိုက်တာ။ မန်နေဂျာကမကြာခနပဲ ကျနော့်အခန်းလာပြီး မထိတထိ လာလာအစ်သေးတာ။ ကိုယ်က First Interview ပဲရသေးတော့ အလုပ်ရမှာမသေခြာသေးပဲ ဘာမှမပြောချင်သေးဘူးလေ။ ရုံးရောက်ပြီးတာနဲ့ အင်တာဗျူးခဲ့တဲ့ MD နဲ့ HR ဆီ e-mail ပို့ ကျေးဇူးတင်ကြောင်း၊ မိမိကိုယ် အလုပ်ခန့်ဖို့ထပ်ပြီးကောင်းကြောင်းတွေ လှမ်းပြောပါတယ်။ ညနေစောင်းမှာတော့ HR ဆီကနေ နောက်နေ့မှာ Second Interview လာဖို့ပြောတာကြောင့် အတော်လေးမျှော်လင့်ချက်ထားမိတယ်။ နောက်နေ့အတွက်တော့ Polyclinic သွားပြီး MC ယူပြီး တစ်နေကုန် ပဲ အလုပ်မသွားတော့ ပဲ Second Interview သွားလိုက်တော့တယ်။ Second Interview ကိုတော့ HR and Finance Manager တစ်ယောက်ပဲ ရှိပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ဖတ်ခိုင်းပြီး တစ်ခုချင်းစီရှင်းပြပါတယ်။ နောက်ဒီအလုပ်တွေကိုလုပ်နိုင် မနိုင်မေးပြီး  ထင်ထားတဲ့အတိုင်းပဲတောင်းထားတဲ့လစာကို ညှီနှိုင်းပြီး ဘယ်လောက်အနိုမ့်ဆုံးထားနိုင်မလဲ မေးပါတယ်။  ကိုယ်ကလဲ ဒီလိုဈေးဆစ်မယ်ဆိုတာ သိတော့ ဆစ်မယ့် ပမာဏကိုကြိုတင်မြှင့်ထားပြီး ကိုယ်လိုချင်တဲ့ ပမာဏကိုတောင်းလိုက်တယ်။ ပြောပြီးတာ နဲ့တခါထဲHR Manager က ဖိုင်ထဲကနေ Appointment Letter ကိုထုတ်ပေးတာကြည့်လိုက်တော့ ကိုယ်ပြောတဲ့လစာပမာဏကို ကြိုတင်ရေးထားနှင့်ပြီးသားပါ။ သူတို့ကလဲ ဘယ်လောက်ဈေးတင်ထားပြီး ဘယ်လောက်နဲ့ရနိုင်တယ် ဆိုတာကြိုတင်ခန့်မှန်းထား ပြီးသားပါ။ ကျနော်လဲ Appointment Letter ကိုအသေးစိတ်ဖတ်ပြီး တခါတည်း လက်မှတ်ထိုးပေးလိုက် ပါတယ်။ အလုပ်စမယ့် ရက်တော့ Immediate Vacancy ဖြစ်တာနဲ့ အမျှ တပါတ်အတွင်း အလုပ်စဖို့ ပြောပါတယ်။ အခြာခံစားခွင့်တွေကတော့ Sankyu လို အကန့်အသတ်မရှိဆေးကုခွင့် ကလွဲလို့ အားလုံးလိုလိုတူတူလောက်ပါပဲ။ 

နောက်တစ်ရက် Sankyu မှာရုံးတက်တာနဲ့ အလုပ်မှနှုတ်ထွက်စာကို ရေးပြီး မန်နေဂျာကိုပေးတော့ မန်နေဂျာက သူခန့်မှန်းတာ မှန်နေတာပေါ့တဲ့ မအံသြပါဘူးလို့ပြောပါတယ်။ ထုံးစံအရ (၁)လ ကြိုတင်ပြီးနှုတ်ထွက်ခွင့်တောင်းရမှာဖြစ်ပေမယ့် ဒီဖက်က လိုအပ်ချက်ကြောင့် အလျှင်အမြန်ပဲထွက်ရလို့ Sankyu ဖက်ကို လစာတစ်လစာလျှော်ပြီး ထွက်ရတာပါ။ ကျနော့်ရဲ့အခြေခံလစာက မများတဲ့အတွက် တစ်လစာအတွက် များများစားစားတော့ မပေးလိုက်ရပါဘူး။ လိုအပ်တဲ့ Handover Process ကိုအလျှင်အမြန် လုပ်ပေးပြီးတဲ့နောက်မှာတော့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ Sankyu Singapore ကနေနှုတ်ထွက်ခဲ့ပါတယ်။ 

ကျနော့်အတွက် New Era ကို တော့ ဆွီဒင်အခြေစိုက် MNC Company တစ်ခုဖြစ်တဲ့ OSM Group နဲ့ဧပြီလ (၃) ရက်နေ့မှ စဖြစ်ပါ တယ်။ Singapore ရုံးကတော့ Sales & Marketing ရုံးလေးတစ်ခုပဲဖြစ်ပြီး Regional Sales Director (၁) ဦး၊ Global Sales Vice-President (၁) ဦးနဲ့ Singapore MD and Asia Pacific Regional Sales Director (၁) ဦး အပါအဝင် အရောင်းမန်နေဂျာ (၃) ဦး၊ Logistics Manager (၂) ဦးနဲ့ HR & Finance Manager (၁) ဦးရုံးထိုင်ပါတယ်။ ကျနော့်အလုပ်တာဝန်ကတော့ VP နဲ့ Directors များ နဲ့ အရောင်းမန်နေဂျာများ ခရီးသွားရင် လေယာဉ်လက်မှတ်တွေစီစဉ်ပေးရတာ၊ MD အတွက် Secretary Service နဲ့ Office တစ်ခုလုံးရဲ့ Administration တွေ ကိုင်တွယ်ရတာပါ။ ဒီ Company ကတော့ သူများနဲ့မတူတဲ့ ထူးခြားတာတစ်ခုက အပါတ်စဉ် သောကြာနေ့တိုင်း ညနေ ၄ နာရီကစပြီး Cozy Friday ဆိုပြီး ပါတီအသေးစားလုပ်တာပါ။ Fridge ထဲမှာ Beer နဲ့ အချိုရည် အပြည့်ရှိ နေဖို့နဲ့စားစရာအမြည်းဘာညာတွေ အဆင်သင့်ရှိနေဖို့ ကြိုတင်စီမံထားရပါတယ်။ MD ကပျော်ပျော်နေတက်လို့  Cozy Friday တိုင်းလိုလို သူကအတက်ကြွဆုံးပါပဲ။  OSM Group ဟာ ကိုယ်ပိုင် Brand အနေဲ့ DICOTA နာမည်နဲ့ Laptop Bag တွေကစလို့ Mobile Phone မျိုးစုံအတွက် ကာဗာတွေ အခြား ကွန်ပြူတာသုံး  accessories မျိုးစုံထုတ်လုပ်ရောင်းချပါတယ်။ နောင်များ ကျနော့် သူငယ်ချင်းညီအစ်ကို မောင်နှမများ DICOTA Brand တွေ့ရင် ကျနော့်ကိုသတိရပြီး ဝယ်ယူအားပေးပါလို့ တိုက်တွန်းရင်း ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်ခင်ဗျား။ ဖတ်ပေးတဲ့သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။       ။ 

Wednesday, March 21, 2012

Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၂)

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရ၏ ဝန်ကြီးချူပ်နှင့် စစ်တပ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချူပ်ကြီးသန်းရွှေ စင်္ကာပူသို့အလည်အပတ်လာရောက်
စဉ်ကာလ၌ ကျန်ုပ်နှင့်တွေ့ဆုံချိန်တွင် သူ့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံကိုသွားရောက်လည်ပတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စစ်ခေါင်းဆောင်
တစ်ဦးဖြစ်သော ဗိုလ်ချူပ်ကြီးဆူကာနို အနေဖြင့် စစ်ခေါင်းဆောင်အဖြစ်မှ တိုင်းပြည်သမ္မတ ဖြစ်အောင် ပြုပြင်ပြောင်းလဲလုပ်ဆောင် သွားပုံကိုသွားရောက် လေ့လာသင့်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေအရ စစ်တပ်ကို အစိုးရအဖွဲ့အတွင်းအထူးအရေးပါသည့် နေရာတွင်ထားရှိပြီး ဥပဒေပြုပြင်ပြောင်းလဲရေးများ အတွက်အရေးပါသော စစ်တပ်ကိုယ်စားလှယ်များ (အမတ်များ) ပါဝင်ထားစေသည်။ ထို့အပြင် အင်ဒိုနီးရှားစစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံလုံခြုံရေး နှင့် ဥပဒေစိုးမိုးရေးအတွက် အထူး တာဝန်ယူဆောင်ရွက် စေသည်။ သမ္မတ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကို (၅)နှစ် တကြိမ် အထွေထွေရွေးကောက်ပွဲခေါ်ယူပြီး ရွေးချယ်တင်မြှောက်သည်။ မြန်မာအနေဖြင့် အခြားအရှေ့တောင်အာရှနိုင်ငံ များနှင့် အသွင်တူ ရှေ့ဆက်နိုင်ရန် အင်ဒိုနီးရှားပြုလုပ်သွားသည့်ပုံစံကို အတုခိုးသင်ယူ သင့်ကြောင်း အကြံပေးလိုက်သည်။

၁၉၉၄ နှစ်ဦးပိုင်းတွင် ဦးနေဝင်း ကျန်းမာရေးအတွက် စင်္ကာပူသို့ဆေးကုသမှုလာရောက်ချိန်တွင် ကျန်ုပ်သူ့အားလက်ခံတွေ့ဆုံခဲ့သည်။
ဦးနေဝင်း မှ သူ့လေ့လာကျင့်ကြံလျှတ်ရှိသော တရားရှုမှတ်ခြင်းဖြင့် သူ၏စိတ်ထဲတွင် စိတ်အေးချမ်းသာမှု အပြည့်အဝရရှိပြီး မပူမပန်
မကြောင့်မကြရှိကြောင်း ကျန်ုပ်ကိုပြောပြသည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာအစိုးရခေါင်းဆောင်ကြီးအဖြစ်မှ ဆင်းပေးလိုက်ရပြီး (၂) နှစ်ခန့်
ကြာသည်အထိ သူ့အနေဖြင့် တိုင်းပြည်အတွက် စိတ်မအေးပဲ အလွန်အမင်း စိတ်မပျော်မရွှင်ဖြစ်ပြီး စိုးရိမ်ကြီးစွာဖြစ်မိကြောင်း၊ ၁၉၉၀
ခုနှစ်တွင် သူတရားရှုမှတ်ခြင်း ကိုစတင်ဖတ်ရှုလေ့လာကြောင်း၊ ယခုအခါမှာတော့ မနက်ခင်း၊ နေ့လည်နဲ့ ညနေပိုင်း အချိန်အတော်များ
များကို ဆိတ်ငြိမ်စွာ တရားရှုမှတ်ခြင်းဖြစ်သာ အချိန်ကုန်သွားစေကြောင်း ကျန်ုပ်ကိုပြောပြခဲ့သည်။ ၁၉၈၆ ခုနှစ်က ကျန်ုပ် ရန်ကုန်တွင်
သူ့ကိုတွေ့စဉ် ကျန်းမာရေးမကောင်းသော သူနှင့်တူလှပြီး ယခုအခါ အများကြီးကြည့်ကောင်း၍ ကျန်းမာရွှင်လန်းလှသည်။

၁၉၉၇ ခုနှစ် တွင် ဦးနေဝင်း စင်္ကာပူသို့ သူ၏ဆရာဝန်များ နှင့်တွေ့ဆုံရန်လာသောအခါ ၌ ကျန်ုပ်သူနှင့် တွေ့ဆုံခြင်းသည် နောက်ဆုံးပင်
ဖြစ်သည်။ သူ၏အသက် (၈၆) နှစ်ပြည့်ပြီးဖြစ်သော်လည်း သူ့ကိုကြည့်ရသည်မှာယခင်အခေါက်ကထက်ပင်ပို၍ ကြည့်ကောင်းနေသည်။
ဒီတကြိမ်တွင် တရားထိုင်ခြင်းနှင့် တရားရှုမှတ်ခြင်းအကြောင်းများသာပြောတော့ပြီး ကျန်ုပ်ကိုလဲ တရားထိုင်နည်းလမ်းကောင်းများ အကြံ
ဥာဏ်ပေးသွားသည်။ ကျန်ုပ်မှ ဦးနေဝင်းအား “ သားသမီးမြေးမြစ်တွေ မကျန်းမမာဖြစ်မှာ မစိုးရိမ်ဘူးလား ? ” ဟုမေးတော့ သူ့ စိုးရိမ်
သေးကြောင်း သို့သော် သူ့စိတ်ကိုအပြင်းအထန်မပူပင်အောင် ထိမ်းချူပ်လျှော့ချနိုင်ပြီဖြစ်ကြောင်း၊ စိတ်ခံစားမှုများကို တရားထိုင်ခြင်း
ဖြစ် မေ့ပျောက်ပစ်နိုင်ကြောင်းဖြေကြားသည်။ ကျန်ုပ်ကထပ်မံ၍ “ ယခင်တပည့်ဟောင်း ဗိုလ်ချူပ်များကအကြံဥာဏ်လာတောင်းမှာရော
မစိုးရိမ်ဘူးလား ?” ဟုမေးတော့ သူက “ သူတို့တွေလာမေးကြရင် အလုပ်အကြောင်းတွေ မပြောပါနဲ့လို့ တားမြစ်ထားတယ်၊ ဒီပြသနာ
လောကကြီးထဲကနေ အနားယူပြီးပြီ ” လို့ သူက ကျန်ုပ်ကိုပြောပြသည်။ သို့သော် သံတမန် အသိုင်းအဝိုင်းမှ ဦးနေဝင်း သည် ယနေ့တိုင် စစ်တပ်၏ အာဏာာပိုင်များကို သြဇာလွှမ်းမိုးထားပြီး တစုံတရာပြုလုပ်နိုင်ရန် တန်ခိုးအာဏာာရှိနေသေးကြောင်း
ကျန်ုပ်ကို ပြောပြသည်။

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများအုပ်စုက ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ဆုရရှိခဲ့သည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ခေါင်းဆောင်များကအာဏာလွှဲပြောင်းပေးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများဖြင့် ဖိအားပေးဆောင်ရွက်
ခဲ့ကြသည်။ ကျန်ုပ်အနေဖြင့် ထိုကဲ့သို့ ပိတ်ဆို့မှုနည်းလမ်းဖြင့် အောင်မြင်မှုရရှိရန် မမြင်ပေ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းနိုင်ငံ၏ အာဏာကို
ရယူပြီးချိန်မှအစပြု၍ နိုင်ငံ၏ တပ်မတော်သည် အရေးပါသော နေရာသို့ရောက်ရှိလာခဲ့သည်။ စစ်တပ်ခေါင်းဆောင်များသည် တဖြည်း
ဖြည်းခြင်းစီ မြိြု့ပအုပ်ချူပ်မှုများနှင့် အစိုးရအဖွဲ့အတွင်း နေရာယူလာကြသည်။ အခြားသောနည်းလမ်းအနေဖြင့် Bosnia နိုင်ငံသို့ ဝင်ရောက် ခဲ့သည့်နည်းအတိုင်း အမေရိကန်နိုင်ငံ သို့မဟုတ် ကုလသမဂ္ဂ၏ စစ်တပ်များပြင်ဆင် ပို့ဆောင်စေပြီးမှ သာတိုင်းပြည်ကို ထိမ်းချူပ်နိုင်ပေမည်။ မြန်မာနိုင်ငံတွင် စစ်တပ်မရှိလျှင် အစိုးရမရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင်အာဆီယံနိုင်ငံ ခေါင်းဆောင် များက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းဝင်ရောက်ခွင့်ပေးခဲ့ခြင်းအပေါ် အနောက်နိုင်ငံများအုပ်စုမှ အလွန်သည်းမခံနိုင်
ဖြစ်ခဲ့ကြသည်။ သို့သော် မြန်မာ၏ တိုးတက်ပြောင်းလဲမှု၊ နိုင်ငံ၏ တံခါးဖွင့်ပေးနိုင်မှုများအတွက် ဘယ်နည်းလမ်းဟာ ပိုကောင်းပါသလဲ ?
Cambodia နိုင်ငံတွင် ကုလသမဂ္ဂကြီးကြပ်သည့် ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်းနိုင်ငံ၏ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချူပ်ရေးအဖွဲ့ များကို ဟွန်ဆန် မှထိမ်းချူပ်ထားသဖြင့်ရွေးကောက်ပွဲ အနိုင်ရရှိသူကို အာဏာာလွှဲမရသည့်အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးသည်။

နိုင်ငံတကာမိသားစု ဖြင့် မြန်မာစစ်အစိုးရပိုမိုဆက်သွယ်လာသည်နှင့် အမျှ မြန်မာဗိုလ်ချူပ်များအနေဖြင့် နောက်ဆုံးတွင် အခြားအာဆီယံ နိုင်ငံများနည်းတူ အစိုးရဖွဲ့စည်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများမကြာခင်ပြုလုပ်လာနိုင်ဖွယ်ရှိသည်။

------------------------------------------------------------------------------------------------------------------------------------

အခုရေးသောပို့စ်အတွက် ခေါင်းစဉ်မူရင်းက Mr. Lee Kuan Yew နှင့် မြန်မာနိုင်ငံပါ။ ပိုစ့်ကိုတင်လိုက်ပြီးမှ ကျနော်ရေးပြီးတိုင်းချက်ချင်း
ဖတ်အကြံပြုလေ့ရှိတဲ့ သူငယ်ချင်းညီလေး ဥာဏ်လင်းထွန်း က “လီကွမ်ယူပြောသော မြန်မာနိုင်ငံ” ဆိုရင် ပိုမကောင်းဖူးလား လို့ အကြံပြုတာကြောင့် Mr. Lee K Y ပြောသော မြန်မာနိုင်ငံအကြောင်း ဆိုပြီး ပြန်ပြောင်းခေါင်းစဉ် တက်လိုက်ကြောင်း မှတ်တမ်းတင်ပါ သည်။

နိဂုံးချူပ်အနေဖြင့် ပြောရလျှင် စင်္ကာပူ၏ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံဖြိုးမှုများ သည် စင်္ကာပူကိုလဲ တိုက်ရိုက် အကျိုးသက်ရောက် မှု များရှိသဖြင့် Mr Lee အနေဖြင့် အခါအားလျှော်စွာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကြံဥာဏ်များကို သက်ဆိုင်ရာနိုင်ငံများ မှ ဖိတ်ကြား
ခြင်းကြောင့်သော်လည်းကောင်း၊ သူ၏သဘောဖြစ်သော်လည်းကောင်း ပေးလေ့ပေးထရှိကြောင်း Mr. Lee ရေးသောစာအုပ်မှတဆင့်
ဖတ်ရှုနားလည်မိသည်။ ကျနော်တို့၏ အမိမြန်မာနိုင်ငံကိုလဲ စီးပွားရေးဆိုင်ရာ အကြံဥာဏ်ကောင်းများ ပေးခဲ့သော်လည်း မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသလောက်နည်းပါးခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရဖတ်ရသည်။ သူများထက် အများကြီးနောက်ကျကျန်ခဲ့ရသော အမိမြန်မာနိုင်ငံတော် အမြန်ဆုံးပြုပြင်ပြောင်းလဲ၍ အလျှင်အမြန် တိုးတက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျနော့်ပိုစ့်ကို နိဂုံးချူပ်ပါသည်။ ။

Tuesday, March 20, 2012

Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၁)

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

ဒီအကြောင်းအရာကတော့ Mr. Lee ရဲ့ ရေးသားခဲ့သည့် From Third World To First စာအုပ်အတွင်းမှ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့်
အကြောင်းအရာ အနည်းငယ်ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ Mr. Lee စင်္ကာပူနိုင်ငံဝန်ကြီးချူပ် အဖြစ်တာဝန် ထမ်းဆောင်ချိန် နှင့် ဝန်ကြီးချူပ်တာဝန် မှ အနားယူသွားပြီးနောက်ပိုင်း အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများအပြင် ဒေသတွင်းအာဆီယံနိုင်ငံများနှင့်ဆက်ဆံရေး၊ ၄င်းနိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် နိုင်ငံခေါင်းဆောင်ကြီး များအကြောင်းကို Mr. Lee ၏စာအုပ်အတွင်းရေးသားဖော်ပြခဲ့ရာ မြန်မာနိုင်ငံနှင့်ပတ်သတ်သည့် အကြောင်းအရာ အနည်းငယ်လဲပါဝင်
ခဲ့ခြင်းကို စိတ်ပါဝင်စားဖွယ်တွေ့ရှိရသဖြင့် ကျနော့်သူငယ်ချင်း ညီအကိုမောင်နှမများဖတ်ရအောင် တက်အားသရွေ့ ဘာသာပြန်ဆိုထား
ခြင်းဖြစ်ပြီး ဘာသာပြန်ဆိုမှုချွတ်ယွင်းချက်များရှိပါက နားလည်ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။ ထို့အပြင် ထင်ရှားကျော်
ကြားသည့် နိုင်ငံခေါင်းဆောင်ကြီး၏စာအုပ်ဖြစ်သည့်အပြင် ထုတ်ဝေသူ Harper Collins Publishers ၏ Copyright အရ ထပ်မံပုံနိုပ်ဖော်
ပြမှုကိုပြင်းထန်စွာတားမြစ်ထားသည့်အတွက် အခကြေးငွေဖြင့်ထုတ်ဝေသည့် မည်သည့် media တွင်မဆိုဖော်ပြခြင်းမပြုပါရန်လေးနက်
စွာမေတ္တာရပ်ခံပါသည်။

[Lee K.Y, (2000). From Third World to First, Harper Collins Publisher, "Chapter 19 : Vietnam, Myanmar and Combodia to Terms with the Modern World ", pages: 319- 324.]

ကျွန်ုပ် ရန်ကုန်မြို့တော်ကို ပထမဆုံး အလည်အပတ်ခရီးစဉ်အဖြစ် ၁၉၆၂ ခုနှစ် ဧပြီလကသွားရောက်ခဲ့သည်။ ကျွန်ုပ် မသွားရောက်
မီ အချိန်မတိုင်မီလေးတွင် ဗိုလ်ချူပ်ကြီးနေဝင်းဦးဆောင်သော မြန်မာတပ်မတော်ကနေ မြန်မာနိုင်ငံဝန်ကြီးချူပ် ဦးနုထံမှ နိုင်ငံတော်
အာဏာာကိုလွှဲပြောင်းယူလိုက်ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မတိုင်မီက Myanmar ကို Burma ဟုခေါ်သော မြန်မာနိုင်ငံတွင် ဝန်ကြီးချူပ်
ဦးနုမှ ထကြွသောင်းကျန်းနေသော ရောင်စုံသူပုန်များ၏ ပုံကန်မှူများကို မနိုမ်နင်းနိုင်တော့သဖြင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချူပ်ကြီး
နေဝင်းကိုအာဏာာလွှဲပြောင်း၍ နိုင်ငံကိုအုပ်ချူပ်စေခဲ့သည်။ ၁၈ လကြာစစ်အုပ်ချူပ်ရေးကာလအပြီးတွင် အထွေထွေရွေးကောက်ပွဲထပ်မံ
ကျင်းပသည့်အခါ ဦးနု၏ ပါတီမှပင်အနိုင်ရ အစိုးရဖွဲ့နိုင်ခဲ့သည်။ သို့သော်ဦးနု၏ အရပ်သားအစိုးရအဖွဲ့အုပ်ချူပ်ပြီးမကြာမီမှာပင် ပြသနာ
များထပ်မံပေါ်ပေါက်လာသဖြင့် ၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်မှ အာဏာာကိုထိမ်းသိမ်းလိုက်ခြင်းသည်။

ရန်ကုန်မြို့တော်သည် ကျွန်ုပ် ၁၉၅၆ ခုနှစ်တွင်သွားရောက်ခဲ့သည့် ကိုလံဘိုနှင့် မတူပဲ အိုမင်းပြိုပျက်နေသော မြို့တော်ကြီးနှင့်ဆင်တူနေ
သည်။ မြို့တော်ကြီးသည် ဂျပန်၏အုပ်စိုးမှုအောက်တွင် နေခဲ့ရပြီးနောက် ဗြိတိသျှတပ်များပြန်လည်ဝင်ရောက်ချိန်တွင် စစ်တလင်းဖြစ်ခဲ့
ရခြင်းကြောင့်ဖြစ်နိုင်သည်ဟု ထင်မြင်မိသည်၊ ကျွန်ုပ်နှင့် ဇနီး Choo ကို ဦးနေဝင်းမှ သူ၏အိမ်တွင် ခင်မင်ရင်နှီးစွာဖြင့် ဧည့်ခံခဲ့သည်။
သို့သော် စက်သေနတ်များ နှင့် တင့်ကားများ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝန်းရံထားသည်ကိုတွေ့ရသည်မှာ အလွန်စိတ်အနှောက်အယှက်
ဖြစ်ရသည်။ ကျန်ုပ်၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အင်ဒိုနီရှားနိုင်ငံ သမ္မတဆူကာနို ၏ နိုင်ငံရေးလှည့်ကွက်တစ်ခုကို တန်ပြန်ရန်အတွက်
ြ်မန်မာနိုင်ငံသို့သွားရောက်ခြင်းဖြစ်သည်။ ထိုအကြောင်းအရာကို နေ့လည်စာသုံးဆောင်ရင်း ဦးနေဝင်းကိုအသေးစိတ်ရှင်းလင်းပြောကြား
သောလည်း သူ သည်အလေးတစိုက်နားမထောင်ခဲ့ချေ။ ဦးနေဝင်းအနေဖြင့် နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေး၊ သောင်းကြမ်းသူများကို
နိုင်နင်းအောင်နိုင်ရေးနှင့် လက်ရှိအာဏာာကိုစွဲကိုင်ထားနိုင်ရေးများကိုသာ စိုးရိမ်ကြီးစွာဖြင့် စဉ်းစားပူပန်လျှတ်ရှိသည်။

ဦးနေဝင်းသည် မြို့ဆင်ခြေဖုံးနေဒေသတွင် အလည်အလတ် အဆင့်လုံးချင်းအိမ်ဖြင့်နေထိုင်သည်။ သူနှင့် သူ့ဇနီးဖြစ်သော သူနာပြု ဝန်ထမ်းဟောင်းဖြစ်သူ ဒေါ်ခင်မေသန်း (kitty) သည်ခင်မင်ဖွယ်ရာကောင်းသူများဖြစ်ကြသည်။ နှစ်ဦးစလုံး English စကားပြော ကောင်းပြီး ထက်မြက်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ငွေကြေးအရင်းအနှီး ထုတ်နိုင်သောနိုင်ငံတစ်ခုဖြစ်ပြီး
ဒုတိယကမ္ဘာစစ်မတိုင်မီက ဆန်နှင့်အစားအသောက်များတင်ပို့နိုင်သောနိုင်ငံတစ်ခုဖြစ်သည်။ ပြည်သူများသည် လူမျိုးတစ်ခုထဲမဟုတ်
သည့်အပြင် ဘာသာစကားများလည်းမတူကွဲပြားသည်။ တောင်တန်းများအများအပြားရှိသောနိုင်ငံဖြစ်ပြီး လူမျိုးပေါင်းစုံသည် သီးခြားစီ နေရာဌာန ကွာပြားစွာနေထိုင်ကြသော်လည်း ဗြိတိသျှကိုလိုနီလက်ထက်တွင် အင်္ဂလိပ်တို့မှ အားလုံးကို တစ်နိုင်ငံအဖြစ် သွတ်သွင်း အုပ်ချုပ်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အဖြစ် ဦးနေဝင်းမှပြဌာန်းခဲ့ပြီး ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်နိုင်ငံ ပြောင်းလဲအုပ်ချူပ်ခဲ့
သည်။ သူ၏ နိုင်ငံရေးလမ်းစဉ်မှာ ရိုးရှင်းသောလမ်းစဉ်ဖြစ်သည်။ ပြည်တွင်းအင်အားကို သာမှီခိုအားထားသွားမည်ဖြစ်ပြီး ဗြိတိသျှများ ဖြစ်အတူဝင်ရောက်လာခဲ့သည့် လူမျိုးခြားများဖြစ်သည့် တရုတ် နှင့် အိန္ဒိယလူမျိုးများကို နိုင်ငံအတွင်းမှ နှင်ထုတ်ရေးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ တရုတ်လူမျိုး အများအပြား အနေဖြင့် ဦးနု လက်ထက်မှပင်စ၍ စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ စတင်ပြောင်းရွှေ့ အခြေချနေကြပြီဖြစ်သည်၊ ပိုမိုများပြားသည်မှာ အိန္ဒိယလူမျိုးများဖြစ်ပြီးဗြိတိသျှလက်ထက်က နိုင်ငံဝန်ထမ်းများအဖြစ်တာဝန်ထမ်းဆောင်
ရန်ခေါ်ဆောင်ခြင်းခံရသူများ ဖြစ်ပြီး၊ သူတို့သည်လည်း ဖြည်းဖြည်းချင်း အိန္ဒိယသို့ပြန်နေကြသည်။

ရန်ကုန်မြို့သို့ ဒုတိယအကြိမ်အဖြစ် ၁၉၆၅ ခုနှစ် မေလက အိန္ဒိယနိုင်ငံဘုံဘေမြို့တွင် ကျင်းပသည့် Asian Socialist ညီလာခံမှအပြန်
တွင်ဖြစ်သည်။ ရန်ကုန်တွင်ရောက်နေနေစဉ် ကျန်ုပ်၏ မေ့မရနိုင်သောအဖြစ်အပျက်တစ်ခုအဖြစ် ရန်ကုန်မြို့ကမ်းနားဟိုတယ်တွင်တည်းခို
နေခိုက် အသက် (၅၀)ကျော်ရှိပြီဖြစ်သော အိန္ဒိယလူမျိုး ဟိုတယ်ဘဏ္ဍာစိုး ဖြင့် စကားပြောခဲ့ခြင်းဖြစ်သည်။ ဘဏ္ဍာစိုးကြီး ကျွနိုပ်အတွက်
နံနက်စာ ပို့ဆောင်လာစဉ်တွင် သူ့ကိုကြည့်ရသည်မှာ မပျော်မရွှင်ဖြင့်မျှော်လင့်ချက်မဲ့နေသည်။ ဘဏ္ဍာစိုးကြီးမှ -

“ ဝန်ကြီးချူပ်ခင်ဗျား - ဒီနေ့ဟာကျွန်တော်၏ နောက်ဆုံးအမှုထမ်းခြင်းဖြစ်ပြီး မနက်ဖန်ဒီလိုလာရောက်ပို့ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်၏ မြန်မာလူမျိုးလက်ထောက်ဘဏ္ဍာစိုးမှ ဝန်ကြီးချူပ်အားယခုကဲသို့ ဗြိတိသျှပုံစံ နံနက်စာအဖြစ် ကြက်ဥကြော်၊
နို့လက်ဖက်ရည် နှင့် ပေါင်မုန့်မီးကင် ကောင်းကောင်းလုပ်ပေးနိုင် မလုပ်ပေးနိုင် မသေခြာပါဘူး ခင်ဗျား။ ”

ကျန်ုပ်မှ ဘဏ္ဍာစိုးကြီးအား “ဘာကြောင့်အလုပ်ကနေထွက်ရတာလဲ” လို့မေးတော့ -

“ ဒီတိုင်းပြည်မှာမွေးဖွားကြီးပြင်း အသက်မွေးလာခဲ့သည့် ကျွန်တော့်မှာဖြင့် မြန်မာအစိုးရ၏ မောင်းထုတ်မှုကြောင့် အိန္ဒိယကိုသွားရပါ တော့မယ်။ မြန်မာအစိုးရက အိန္ဒိယလူမျိုးတွေအကုန် အိန္ဒိယသွားရမယ်ဆိုပြီးနှင်ထုတ်ပါတယ်။ ကျနော်နဲ့အတူပိုက်ဆံလေးအနည်းငယ်
နှင့်မိမိပိုင် ပစ္စည်း အနည်းငယ်သာယူဆောင်ခွင့်ပြုပါတယ်။ ”

ကျန်ုပ်က အိန္ဒိယမှာ အမျိုးတွေရှိလားလို့မေးတော့ မရှိဘူးတဲ့။ နောက်တစ်ရက် မနက်မှာ ကျန်ုပ် မနက်စာ လက်ခံရရှိတဲ့အခါမှာတော့
မနက်စာလင်ဗန်း ဟာ သတ်သတ်ရပ်ရပ် ရှိမနေပဲ ပေါင်မုန့်မီးကင်ဟာ ကျွပ်ရွမနေတော့ပါဘူး။

အဲ့ဒီနေ့လည်မှာပဲ ဦးနေဝင်းနဲ့အတူ ရန်ကုန်ဂေါက်ကလပ်မှာ ဂေါက်သီးကစားဖြစ်သည်။ ဒီဂေါက်သီးပွဲဟာ ကျန်ုပ်အတွက်အင်မတန်
ထူးခြားသောဂေါက်သီးပွဲတစ်ခုဖြစ်နေသည်။ ဂေါက်သီးပွဲမှာကစားသမားအဖြစ် (၄)ဦးသာရှိပြီးကျန်ုပ်တို့၏ဘေးတဖက်စီနှင့် ပတ်ဝန်းကျင်
တစ်ခုလုံးတွင် သေနတ်များကိုချိန် ၍ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် လုံခြုံရေးယူထားသော သက်တော်စောင့်များဖြင့် ကစားရသော
ကစားပွဲဖြစ်သောကြောင့် ဖြစ်သည်။ ဂေါက်ကလပ်တွင် မြင်တွေ့ရသည်များအနက် အခြား စိတ်မလှုပ်ရှားဖွယ်ရာ ဖက်ရှင်အဖြစ် ဦးနေဝင်း
သည် သံခမောက်ဆောင်း၍ ဂေါက်သီးကစားခြင်းဖြစ်သည်။ ကျန်ုပ် အလွန်အားနာသော်လည်း သိချင်စိတ်ဖြင့်မည်သည့်အတွက်ကြောင့်
သံခမောက်ဆောင်းဂေါက်သီးကစားသနည်း ဟုမေးသောအခါ လုပ်ကြံခံရနိုင်သည် ဟု သတင်းကြားထားရသောကြောင့် ဖြစ်ကြောင်း ကစားဖော်ဖြစ်သူ ဦးနေဝင်း၏ ဝန်ကြီးတစ်ဦးမှ တိုးတိုးတိတ်တိတ် ဖြေကြားသည်။

၁၉၆၈ ခုနှစ်တွင် ဦးနေဝင်း စင်္ကာပူသို့အလည်အပတ်လာရောက်စဉ် ကျန်ုပ်နှင့် အတူ ဂေါက်သီးကစားချိန် တွင် သူ၏ လုံခြုံရေးကို စိတ်မပူတော့ပဲ သံခမောက်မဆောင်းတော့ပေ။ ၁၉၇၄ ခုနှစ်တွင် ဦးနေဝင်းနောက်တကြိမ် စင်္ကာပူသို့လည်ပတ်ချိန်တွင် မဟာအင်အား ကြီး နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား နိုင်ငံရေးချိန်ခွင်လျှာညှီမှုများ အတွက် ကျန်ုပ်တို့နိုင်ငံအချင်းချင်း နိုင်ငံရေးဆိုင်ရာများကို ပူပေါင်းလှုပ်ရှားသင့်ကြောင့် အကြံပြုသည်ကို စိတ်ပါဝင်စားမှုမရှိပဲ ထိုအရာ
များကို မဟာအင်အားကြီးနိုင်ငံ အခြင်းခြင်းသာ ဆောင်ရွက်စေလိုပြီး သူ့အနေဖြင့် ပါဝင်ပတ်သတ်လိုခြင်းမရှိပေ။

ရန်ကုန်မြို့တော်သို့ နောက်ဆုံးရောက်ရှိသည်မှာ ၁၉၈၆ ခုနှစ် ဇန်နဝါရီလကဖြစ်ပြီး ဦးနေဝင်း၏ ဇနီးအသစ်ဖြစ်သူ နှင့်ပါတွေ့ဆုံခဲ့ရသည်။
ဦးနေဝင်းသည် အလွန်မှတ်ဥာဏ်ကောင်းပြီး လွန်ခဲ့သော ၁၅ နှစ် နှစ်ပေါင်း ၃၀ မှအကြောင်းအရာများကို ပြန်ပြောင်းပြောဆိုနိုင်သည်။
ညစာစားပွဲသုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကအတိုင်း မတိုးတက်ပဲရှိနေ
သည်ကို သိရှိလိုက်ရသည်။ ဦးနေဝင်းသည် ထိုကဲ့သို့အခြေအနေမျိုးဖြစ်နေသည့်တိုင်အောင် နိုင်ငံခြားတိုင်းပြည်များကို အယုံအကြည်မရှိ
ပေ။

အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ ရန်ကုန်မြို့တော်သည် ၁၉၆၅ ခုနှစ်ထက်ပင် ပိုမိုဆိုးရွားနေခြင်းဖြစ်သည်။ လမ်းအသစ်များ၊
အဆောက်အအုံအသစ်များပေါ်ပေါက်လာခြင်းလဲမရှိသည့်အပြင် အရာရာတိုင်းသည်မပြုမပြင်ပဲထားခံထားရသည်။ အဓိကလမ်းမကြီးများ ပင်လျှင်လမ်းအပေါက်များဖြင့်ပျက်စီးလျှတ်ရှိသည်။ ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်ထုတ်ကားအဟောင်းများသာတွေ့ရသည်။ ဦးနေဝင်း၏နိုင်ငံ
ရေးလမ်းစဉ်ဖြင့် သူ၏အစိုးရဝန်ကြီးများသည်မည်သည်ကိုမျှမလုပ်နိုင်ချေ။ အင်္ဂလိပ်စာဖြင့်ထုတ်ဝေသော သတင်းစာသည် စာမျက်နာ (၄)
မျက်နာသာရှိသော စာရွက်ကြီး (၁) ရွက်ဖြင့်ပြုလုပ်ထားသည်။ မြန်မာစာဖြင့်ထုတ်ဝေသော သတင်းစာသည်လည်း အင်္ဂလိပ်သတင်းစာ
ထက်အနည်းငယ်သာ ပိုသည်။ မြန်မာနိုင်ငံသားများ အလွန်ကြည်ညိုသော ရွှေတိဂုံစေတီတော်တွင် ပြည်သူများကိုကြည့်ရသည်မှာ
ဆင်းရဲ နွမ်းပါးလွန်းလှသည်။ ကျန်ုပ်၏ ကားပေါ်မှာမြင်ရသည်မှာ ဆိုင်များသည်လည်း ဝယ်သူမရှိလှပဲ ရှင်းလင်းလှသည်။

၁၉၈၆ ခုနှစ် စက်တင်ဘာလတွင် စင်္ကာပူသို့ လာရောက်လည်ပတ်သော မြန်မာအစိုးရဝန်ကြီးချူပ် ဦးမောင်မောင်ခ နှင့် ကျန်ုပ်တွေ့ဆုံစဉ်
အတွင်း သူ့ကို ခရီးသွားလုပ်ငန်းနှင့်ပတ်သတ် ၍ စိတ်ပါဝင်စားလာအောင် Singapore American မဂ္ဂဇင်းမှ ကျွန်ုပ်ဖတ်ရသည့် American School မှကျောင်းဆရာ (သို့) ဆရာမနှစ်ဦး ရန်ကုန်၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ်သွားခဲ့သည့် အကြောင်းကို ပြောပြ
ဖြစ်သည်။ ကျန်ုပ်မှ - နိုင်ငံကိုတံခါးဖွင့်ပြီး ဟိုတယ်တွေဆောက်၊ ရန်ကုန်မှ အထက်မြန်မာပြည် မန္တလေးနှင့် ပုဂံသို့သွားနိုင်မည့်လုံခြုံစိတ်
ချရသည့် လေယာဉ်ပျံများဝယ်ယူကာ ပျံသန်းပြေးဆွဲပြီး ကမ္ဘာလှည့်ခရီးသည်အမြောက်အများ ကိုစွဲဆောင်၍ ၄င်းတို့ထံမှ ဝင်ငွေအများ
အပြားရနိုင်မည်ဖြစ်ကြောင်း အကြံပေးဆွေးနွေးခဲ့သည်။ ဝန်ကြီးချူပ်ဦးမောင်မောင်ခ သည် ကျန်ုပ်၏အကြံပေးချက်ကို တိတ်ဆိတ်စွာနား
ထောင်သော်လည်း အနည်းငယ်သာ ပြန်စကားပြောသည်။ သို့သော် ကျန်ုပ်အကြံပေးသည်များ ဘာတစ်ခုမှဖြစ်လာသည်ကိုမတွေ့ရပေ။
ဦးနေဝင်းသည် နိုင်ငံခြားသားများလာရောက်လည်ပတ်မည်ကို မနှစ်မြို့ပေ။

၁၉၉၃ ခုနှစ်တွင်မှ မြန်မာအစိုးရ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့် စင်္ကာပူသို့လာရောက် သဖြင့်
ကျန်ုပ်နှင့် တွေ့ဆုံချိန်သောအချိန်မှ မြန်မာခေါင်းဆောင်များ အတွင်းတွင် လျှင်မြန်သွက်လက်ချက်ချာ သည့် ခေါင်းဆောင်တစ်ဦးကို
ပထမဆုံးတွေ့ရှိရသည်။ ဖြစ်နိုင်သည်မှာ ယခင်ခေါင်းဆောင်ဟောင်း ဦးနေဝင်း၏ စိတ်အပြောင်းအလဲဖြစ်ပြီး၊ ဦးနေဝင်းအနေဖြင့် ကျန်ုပ်
ကို သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ကြောင်း၊ ပြောထားသဖြင့် ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်အနေဖြင့် ကျန်ုပ်၏ ရှင်းပြချက်များ
ဖြစ်သည့် ကမ္ဘာနိုင်ငံကြီးများ ၏ စစ်အေးတိုက်ပွဲများအပြီးတွင် မြန်မာနိုင်ငံအနေဖြင့် ၄င်း၏ပေါ်လစီများကို ပြန်လည်သုံးသပ်ညှီနှိုင်းသင့်
ကြောင်း၊ စီးပွားရေးကို ဈေးကွက်အတွင်းဖွင့်လှစ်သင့်ပြီး တစ်နိုင်ငံလုံးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်သင့်ကြောင်း များကို ဂရုတစိုက်
နားထောင်ခဲ့သည်။ ယခင်ကပိတ်ဆို့ထားခဲ့သည့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဗီယက်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်တည်ထောင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများခွင့်ပြုဖိတ်ခေါ်ခြင်း တို့ဖြင့် အလုပ်အကိုင်များဖန်တီးနိုင်ပြီး ပိုမိုတိုးတက်အောင်
ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့သည်။

ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်သည် မြန်မာထောက်လှမ်းရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာစစ်အစိုးရ၏ထိပ်တန်းခေါင်းဆောင်တစ်ဦး
ဖြစ်သည်။ ကျန်ုပ်အနေဖြင့် သူ နှင့်တွေ့ဆုံစဉ်အတွင်း မြန်မာဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်သူ နှင့် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး နှင့်
မြန်မာ့ပထမဆုံး ဝန်ကြီးချူပ် ဗိုလ်ချူပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး သူတို့၏ အစိုးရ၏ ပေါ်လစီ
ကို ပြန်လည်စဉ်းစားသင့်ကြောင်း၊ သူ့ကိုအစဉ်အမြဲ အကျဉ်းချထားရန်မဖြစ်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နေပါက နိုင်ငံတကာအလည်
တွင် စဉ်ဆက်မပြတ် အရှက်ရနိုင်ဖွယ်ရာရှိနေကြောင်း အကြံပြုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်သူပြည်သား တို့၏ အကျိုးစီးပွားမြင့်မားလာဖို့အတွက် တက်ကျွမ်းနားလည်သော နိုင်ငံရပ်ခြားမှ ပညာရှင်များ
ကို ခေါ်ဆောင်၍ အစိုးရကို အကြံဥာဏ်များပြုစေရမှာဖြစ်သည်။ မြန်မာအစိုးရ၏ တပ်မတော်ခေါင်းဆောင်များသည် မြန်မာ့စီးပွားရေး
ဖွံဖြိုးတိုးတက်လာအောင် ဘာတစ်ခုမှ မဆောင်ရွက်နိုင်ခဲ့ပေ။ စင်္ကာပူအနေဖြင့် မြန်မာ့စီးပွားရေးတိုးတက်လာစေရေးအတွက် စီးပွားရေး
ဆိုင်ရာ အကူအညီများ ပေးနိုင်ဖို့ ဗိုလ်ချူပ်ကြီးခင်ညွှန့်အနေဖြင့်ဆောင်ရွက်သင့်ကြောင်း၊ စင်္ကာပူအနေဖြင့် နိုင်ငံတကာအလည်တွင်
အခြေအနေတရပ်အနေဖြင့် ရပ်တည်နေနိုင်သဖြင့် မြန်မာအနေဖြင့် စင်္ကာပူဖြင့်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများဖြင့် ပုံမှန်အခြေ
အနေကို ပြန်လည်ရောက်ရှိလာနိုင်ပြီး ယခုကျင့်သုံးနေသော ပေါ်လစီများကို ဆက်လက်ထားရှိရန်မသင့်ကြောင်း ပွင့်လင်းစွာအကြံပြုခဲ့
သည်။ ထိုကဲ့သို့ ပွင့်လင်းစွာဝေဖန်ပြောကြားချက်ကြောင့် ကျန်ုပ်၏ မှတ်စုရေးမှတ်ပေးသူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ
ဆိုင်ရာ အရာရှိမှ အလွန်တုန်လှုပ်သွားခဲ့ပြီး မြန်မာခေါင်းဆောင်အနေဖြင့် ပြင်းထန်စွာတုံပြန်ပြောဆိုမည်ဟု သူမျှော်လင့်ခဲ့ကြောင်း၊
သို့သော် မြန်မာခေါင်းဆောင် ဒုတိယဗိုလ်ချူပ်ကြီးခင်ညွှန့်မှ သူထင်သလို မတုံပြန်ပဲ ဆွေးနွေးပဲအပြီးတွင် ကျန်ုပ်၏ အမြင်နှင့်အကြံပေး
မှုများသည်အလွန်တန်ဖိုးကြီး သဖြင့်ကျေးဇူးအထူးတင်ကြောင်းပြောသဖြင့် ကျနိုပ်မှတ်စုရေးမှတ်သူ အရာရှိမှာအလွန်ပင် အံ့အားသင့်သွား
ကြောင်း ပြန်ပြောပြခဲ့သည်။

ဆက်ဖတ်ဖို့ ဆန္ဒရှိသေးလျှင် အပိုင်း (၂) နောက်ဆုံးပိုင်း သို့ ... မကြာမီ

Thursday, March 1, 2012

ကျနော် နှင့် အင်တာဗျူးများ (၁)

အသက် (၁၆) နှစ်ကစလို့ အခုချိန်ထိတိုင်အောင် ဖြတ်သန်းလာခဲ့တဲ့ အလုပ်အင်တာဗျူးအတွေ့အကြုံတွေ ကို သတိရသလောက်ချရေး
ထားတာပါ။ တချို့အင်တာဗျူးတွေကတော့ ကျနော့်ရဲ့ blog post တွေမှာ အကြောင်းသင့်ရင်သင့်သလို ထည့်တက်တာကြောင့် တချို့လဲ
ဖတ်ပြီးသားတွေဖြစ်နေမှာပါ။ တွေ့ကြုံလာရတဲ့ အင်တာဗျူးတွေက များလွန်းတော့ မှတ်မှတ်ရရ သတိရမိတာလေးတွေပဲ ဒီပို့စ်မှာပါမှာပါ။

ကျနော့်ဘဝရဲ့ ပထမဆုံးအင်တာဗျူးကိုတော့ ကျနော့်အသက် (၁၆)နှစ်မှာ မြရိပ်ညိုဇေကမ္ဘာက ဦးဆောင်ကျင်းပတဲ့ မြန်မာ့စက်မှုလက်မှု
ပြပွဲမှာ လုပ်အားပေးလူငယ်အဖြစ် ပါဝင်ခွင့်ရဖို့အတွက်ပါ။ ဘဝရဲ့ပထမဆုံးအင်တာဗျူး ဖြစ်သည်နှင့်အညီ အင်မတန်မှစိတ်လှုပ်ရှားရင်ခုန်
ခဲ့ရပေမယ့် ဖခင်ကြီးရဲ့ ကျေးဇူးကြောင့် ဘာမှ မမေးမမြန်းတော့ပဲ အလွယ်တကူ ဖြတ်သန်းအောင်မြင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်က
ဒုတိယမြောက်အင်တာဗျူးအနေနဲ့တော့ Lolane Company MD ဦးလှဝင်းနဲ့ပါ။ ပြပွဲမှာ လုပ်အားပေးလုပ်ရင်း ကျနော်တို့သူငယ်ချင်း
တစ်အုပ်ကို မျက်စိကျတာနဲ့ သူ့ Company မှာအလုပ်လုပ်ဖို့ပြောရာကနေ ပြပွဲအပြီးမှာ သူနဲ့အင်တာဗျူးရပြီး အလုပ်တန်းရခဲ့ပါတယ်။
MD ဦးလှဝင်းဟာ လူငယ်တွေရဲ့တက်လမ်းကို အမြဲအားပေးကူညီလေ့ရှိတဲ့ အပြင် ကျနော်ခြေချရပ်တည်နေတဲ့ စီပွားရေးနယ်ပယ်အတွက် လက်ဦးဆရာတစ်ယောက်လို့ပြောလို့ရပါတယ်။ သူနဲ့အင်တာဗျူးခဲ့တာတော့ အချိန်ကာလကြာမြင့်လွန်းနေပြီဖြစ်တဲ့ အတွက် မမှတ်မိ
သလောက်ကိုဖြစ်သွားခဲ့ပါပြီ။

အလုပ်နဲ့ပတ်သတ်တဲ့ အင်တာဗျူးတွေကို Lolane နောက်ပိုင်းမကြုံရတော့ပဲ ကျနော်ရွက်လှေအသင်းမှာ ရွက်လှေစီးရင်းနဲ့
မြန်မာနိုင်ငံ ရွက်လှေအဖွဲချူပ် ဥက္ကဌလဲ ဖြစ်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဝင်လဲဖြစ်တဲ့ မြန်မာနိုင်ငံစီးပွားရေးလောကရဲ့ အအောင်မြင် ဆုံးပုဂ္ဂိုလ်များ စာရင်းဝင်အန်ကယ်လ် ဦးမိုးမြင့်စီမှာ အလုပ်လုပ်ခွင့်တောင်းတော့ သူ့ရုံးမှာလာတွေ့ပါလို့ခွင့်ပြုချက်ရတာနဲ့သွားတွေ့ ပြီး အင်တာဗျူးရတာပါ။ အန်ကယ်လ်မေးတဲ့ မေးခွန်းတချို့ရှိပြီးသိပ်မမှတ်မိတော့ပေမယ့် အခုချိန်ထိ အမှတ်ရနေသေးတဲ့ မေးခွန်းကတော့
“ မင်းဘာကြောင့် အလုပ်လုပ်ချင်ရတာလဲ ” တဲ့။ မှန်တယ်။ ကိုယ်ကိုကိုယ် ဘာကြောင့်အလုပ်လုပ်ချင်ရတာလဲဆိုတာ သိဖို့လိုပါတယ်။ ပိုက်ဆံလိုချင်လို့၊ မိဘကိုလုပ်ကျွေးချင်လို့ ဘဝတိုးတက်မှုကိုရှာချင်လို့ အတွေ့အကြုံလိုချင်လို့ စသည်ဖြင့်အကြောင်းပြချက်တွေ ကတော့ အများကြီးရှိမှာပါပဲ။ ကျနော်ပြန်ဖြေတာကတော့ “ ကျနော် အသက် (၁၇) ထဲက အလုပ်လုပ်ခဲ့တာပါ။ ကျနော့်အိမ်မှာဆိုလဲ အမေလဲ အလုပ်လုပ်တယ်၊ အဖေလဲအလုပ်လုပ်တယ်၊ ကျနော်တစ်ယောက်ပဲ အလုပ်မရှိတဲ့အတွက် မိဘစီကလက်ဖြန့်မတောင်းချင်လို့ အလုပ်လုပ်ချင်ပါတယ် ” လို့ဖြေပါတယ်။ ကျနော်ရွက်လှေအဖွဲ့ချူပ်မှာ သို့တည်းမဟုတ် အန်ကယ်လ်ဦးမိုးမြင့်လက်အောက်မှာ
အမှူထမ်းဆောင်ခွင့်ရခဲ့တာဟာ အခုလက်ရှိကျနော်ဖြစ်နေတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ကောင်းတွေပါပဲ။ ဌာနဆိုင်ရာစာအရေးအသားတွေ၊
အစည်းအဝေးမှတ်တမ်းပြုလုပ်တာတွေ၊ notice တို့ Memo တို့ထုတ်တာတွေကို ကျောင်းမှာမသင်ခင်ကတဲက တက်ကျွမ်းနားလည်
လာပါတယ်။ ဒီထက်မကလို့ Organizational Structure နဲ့ပတ်သတ်တာတွေ အလွန်ကြီးမားအောင်မြင်သော လုပ်ငန်းစုကြီးတစ်ခုရဲ့
လုပ်ငန်းဆောင်ရွက်တာတွေကိုလဲ အသေးစိတ်မသိရင်တောင် အတော်အတန် လေ့လာခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ကျနော်ဘဝရဲ့ပထမဆုံး
နိုင်ငံခြားခရီးစဉ်ကိုလဲ အန်ကယ်လ်ရဲ့ကျေးဇူးကြောင့် သွားဖူးခဲ့ပြီးပိုမိုမျက်စိပွင့်နားပွင့်ဖြစ်စေခဲ့ပါတယ်။ ပြောရင်မကုန်နိုင်တဲ့ကျေးဇူးတွေ
နဲ့နောက်ဆုံး ၂၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲလို အဆင့်မျိုးကိုလဲ လိုက်ပါတာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အပြင် ပြိုင်ပွဲ
အပြီးမှာတော့ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ ဥက္ကဌကချီးမြှင့်တဲ့ Certificate of Honour လို့ခေါ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခုကိုလဲ
အန်ကယ်လ်ကျေးဇူးကြောင့် ချီးမြှင့်အပ်နှင်းခံခဲ့ရပြီး အခုချိန်အထိ ဒီမှတ်တမ်းလွှာဟာ ကျနော့်ကို အထောက်အကူပြုဆဲ၊ ကျနော်စင်္ကာပူ
အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြခဲ့သလို၊ အလုပ်အသစ်ပြောင်းလို့ အထောက်အပံစာရွက်စာတမ်းတွေ ပြတဲ့ အခါမှာ အသုံးပြုနေဆဲပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ အလုပ်အင်တာဗျူးတွေနဲ့ ဝေးကွာသွားခဲ့ပြီး ရန်ကုန်ကနေ စင်္ကာပူကို မထွက်လာခင်မှာ Htoo Trading လက်အောက်ခံ Air Bagan Ltd မှာ Airport Passenger Service Staff အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ဒီအလုပ်ကတော့ ကျနော့်ဘဝမှာ
ပထမဆုံးအင်တာဗျူးမရှိပဲ အကြောင်းကြောင်းကြောင့် တိုက်ရိုက်ခန့်ထားခဲ့ခဲ့ရတဲ့ အလုပ်ဖြစ်တာကြောင့် ထွေထွေထူးထူး မရေးတော့ ပါဘူး။ ဒီအလုပ်မှာတော့ အထူးသဖြင့် ဝန်ဆောင်မှုပေးတဲ့အလုပ် Service Scetor အတွက် ကျနော့်ဘဝရဲ့ ပထမဆုံအတွေ့အကြုံ တစ်ခုဖြစ်လာပြီး ဒီ Service Sector ဟာ ကျနော်ရဲ့ Professional မဟုတ်ဖူးဆိုတာလဲသိလာရပါတယ်။ သို့သော်ကျနော်ဝါသနာပါတဲ့ လေကြောင်းနဲ့ပတ်သတ်တာတွေကို အတော်များများလေ့လာသင်ယူနိုင်ပါတယ်။

စင်္ကာပူကိုရောက်ရှိပြီးနောက်မှာတော့ ပထမဆုံးအင်တာဗျုးအဖြစ်နဲ့Singapore Polytechnic Gradutuates Guide Club မှာ ပွဲစားလူကြီး
စီစဉ်ပေးတဲ့ အင်တာဗျူးကိုသွားပါတယ်။ ထွေထွေထူးထူး တွေ ဘာမှလဲမမေးပဲ မြန်မာနိုင်ငံရေးအကြောင်းထိုင်ပြောလိုက်တာ ၁ နာရီ
လောက်ကြာပါတယ်။ နောက်တော့ Spass Quota မရှိတာနဲ့အလုပ်မရပါဘူး။ အဲ့ဒီနောက်ပိုင်းတော့သတင်းစာဖတ်ပြီး walk-in interview
သွားလို့ရရင် သွားပါတယ်။ အင်တာဗျူးအတွေ့အကြုံရအောင်လို့ပါ။ စင်္ကာပူမှာပထမဆုံး အလုပ်ရမယ့် အင်တာဗျူးကိုတော့ ဖုံးဆက်ခေါ်
တာကြောင့် သွားရတယ်။ အဲ့ဒီ Company ရှိရာ အဆောက်အအုံကိုဝင်ဝင်ချင်းပဲ Raffle City ကဖိနပ်ဆိုင်တစ်ခုက အင်တာဗျုးလာဖို့ခေါ်
တဲ့ဖုံးထပ်ရပြန်ပါတယ်။ သွားတဲ့အင်တာဗျူးမှာတော့ သိပ်မမှတ်မိတော့ပေမယ့် မှတ်မိသလောက်မေးတာတွေ ပြောရရင် ဘာနဲ့ကျောင်းပြီး
လာတာလဲ? အရင်ကဘာတွေလုပ်ဖူးလဲ? Business letter ရေးတက်လား? တောင်းထားတဲ့လစာကို ဒီထက်လျော့ရင်စဉ်းစားမှာလား?
Company ပိုင်ရှင်ကိုယ်တိုင်မေးပါတယ်။ နောက်တော့အကြောင်းပြန်မယ်ပေါ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ Raffle City ဖိနပ်ဆိုင်ကလဲ
ပိုင်ရှင်မိန်းကလေးတစ်ယောက်ကမေးတာပါ။ သူကတော့ ပညာတက်ဖြစ်ပုံရတယ်၊ မေးတဲ့မေးခွန်းတွေက အရင်လိုမဟုတ်တော့ပဲစာထဲ
ကအကြောင်းတွေပါမေးလာတာ။ အတိအကျကြီးတွေ မမှတ်မိတော့ပါဘူး။ ဒီနောက်တော့ သွားခဲ့တဲ့အင်တာဗျူးတွေဆိုတာ ရေတွက်လို့
တောင်မရတော့ပါဘူး။ နောက်ဆုံးတော့ ခုနကပြောခဲ့တဲ့ သူဌေးကိုယ်တိုင်ဗျူးတဲ့အလုပ်မှာ စင်္ကာပူရောက်ပြီး ၁ လအကြာမှာ ဖုံးဆက်ခေါ်
ပြီးအလုပ်ရပါတယ်။ Second Interview တောင်မခေါ်တော့ပဲ ဖုံးထဲကပဲပိုက်ဆံညှီနှိုင်းပြီးအလုပ်ရခဲ့တာပါ။ အဲ့ဒီအလုပ်မှာတော့ အလွန်
စိတ်ပင်ပန်လူပင်ပန်း၊ နေ့စဉ်နဲ့အမျှဝဋ်ခံရသလိုပဲ ဆူပူအကြိမ်းအမောင်းခံပြီးလုပ်ခဲ့ပြီးတဲ့နောက် ၁၀ လလောက်အကြာမှာတော့ ဘယ်လို
မှမခံနိုင်တဲ့အဆုံး နောက်အလုပ်တစ်ခုမရသေးသော်လည်း ထွက်စာတင်ပြီး ၁ လ notice ပေးလိုက်ပါတယ်။ တကယ်ဆို အဲ့တုံးကဘာမှ
နားမလည်တော့ Appointment Letter, Confirmation Letter ဘာမှမရှိပဲအလုပ်လုပ်ခဲ့ပြီး တကယ်ဆိုရင် အဲ့ဒီဟာတွေမရှိရင် ၁ လကြို
ပြောစရာမလိုပဲ MOM ရဲ့စည်းမျဉ်းအရစောပြီးထွက်လို့ရပါတယ်။ ဒီကြားထဲမှာလဲ အလုပ်ရှာတာ အင်တာဗျူး ၂ ခုလောက်ရတယ်။ တစ်ခု
က မှတ်မှတ်ရရ မန်နေဂျာက ကျနော်နေတဲ့ CCK ကတိုက်နားမှာပဲနေလို့ သူ့ရုံးကိုမခေါ်တော့ပဲ တိုက်အောက်ကခုံမှာထိုင်ပြီး အင်တာဗျူး
ပြီးခဲ့တာပါ။ နောက်တစ်ခုကတော့ အဲ့တုံးကအလုပ်လုပ်နေတဲ့ Boon Keng က တစ်လမ်းပဲခြားတဲ့ ပုံနိုပ်တိုက်မှာပါ။ အဲ့ဒီအင်တာဗျူးကို
သူဌေးကမမေးပဲ မန်နေဂျာကပဲမေးပါတယ်။ အင်မတန်ဆက်ဆံရေးကောင်းတဲ့ မန်နေဂျာပါ။ တကယ်တော့ HR Manager မဟုတ်ပဲ
Sales Manager ပါ။ သူ့လက်အောက်မှာလုပ်ဖို့အတွက်ခန့်ထားချင်တာကြောင့် သူဌေးကအာဏာကုန်လွှဲအပ်ထားတဲ့ မန်နေဂျာပါ။
ပထမဆုံးအလုပ်မှာ ၁ လ notice အပြည့်မပြီးခင်မှာပဲ ကျနော်အပြင်းအထန်ဖျားပါတယ်။ ဆရာဝန်ဆီသွားတော့ MC (၂) ရက်ပေးပါတယ်။
စင်္ကာပူမှာပထမဆုံးဖျားတာဖြစ်ပြီး MC ပထမဆုံးယူဖူးတာပါ။ သို့သော် ရုံးမှာလူမရှိတာသိတော့ MC (၁)ရက်ပဲနားပြီး နောက် တစ်ရက်
ကိုနေပြန်ကောင်းတာနဲ့ ရုံးတက်ပါတယ်။ ရုံးတက်ပြီး နာရီဝက်လောက်ကြာတော့ သူဌေးရုံးတက်လာပြီး ချက်ချင်းဆိုသလို အခန်းထဲခေါ်
ပြီး ဘာကြောင့် MC ယူရတာလဲဆိုပြီးဆူဆဲ၊ ရုံးမှာလူမရှိတာသိရက်နဲ့ သက်သက်ပညာပြတာဘာညာဆိုပြီး MC ပေးလိုက်တဲ့ဆေးခန်းကို
လဲ Complain လုပ်တာ ဆရာဝန်ကတကယ်နေမကောင်းဖြစ်နေလို့ပေးသင့်လို့ပေးရတာဆိုပြီး ပြန်ရန်တွေ့လိုက်တော့ ကျနော့်ကိုပိုမဲပြီး
နောက်ဆုံးမလုပ်ချင်ရင် ၁ လ နေစရာမလိုဖူး အခုချက်ချင်းထွက်လို့ရတယ်ပြောတာနဲ့ တစ်ရက်ထဲချက်ချင်း hand over လုပ်၊ အဲ့ဒီ
ရက်မှာပဲ MOM ကိုသွား Spass Cancel လုပ်လိုက်ပါတယ်။ ကိုယ့်မှာတော့ အမှန်တကယ်စေတနာရှိလို့ ရုံးမှာလူမရှိတာကိုသိလို့တာဝန်
သိစွာနဲ့ အလုပ်လာတဲ့ဟာကိုတောင် အဲ့ဒီလိုပြသနာရှာတာပါ။ ကျနော့် စင်္ကာပူဘဝ အစပိုင်းရဲ့ အလွန်ခါးသီးတဲ့အတွေ့အကြုံတွေပါပဲ။

အဲ့ဒီကနေထွက်ပြီးတဲ့နောက် အလုပ်ကိုလဲဖိရှာ၊ ပုံနိုပ်စက်ကအင်တာဗျူးကလဲ ရနိုင်လောက်တော့ ဖုံးဆက်ပြီး follow up လုပ်တာ၊ အဲ့ဒီ
ပုံနိုပ်စက်မှာပဲ အလုပ်ရလိုက်တော့ Stay အတွက်စိတ်အေးပြီးစင်္ကာပူမှာ ဆက်နေထိုင်ခွင့်ရလိုက်ပါတယ်။ တိုတိုပြောရရင်အဲ့အလုပ်မှာလဲ
အစဉ်အပြေကြီးမဟုတ်တော့ ကြိုတင်ပြီးအလုပ်ရှာထားနှင့်ပါတယ်။ အဲ့ဒီအလုပ်မှာ (၄)လပဲကြာပြီး Spass ဘဝရဲ့နောက်ဆုံးအလုပ်ဖြစ်တဲ့
Jurong Food Industry ထဲက Pie Cake စတဲ့အနောက်တိုင်းအစားအစာတွေထုတ်လုပ်ရောင်းချတဲ့ စီကနေအင်တာဗျူးရတော့သွားတာ။
မန်နေဂျာ လူဝကြီးကမေးပါတယ်။ MYOB Accounting Software ကိုတက်လား? အရင်ကဘာတွေလုပ်ဖူးလဲ? အဲ့ဒီလောက်ပဲမေးပါတယ်။
အဲ့ဒီအလုပ်ရဲ့ Second Interview ကိုတော့ သူဌေးနဲ့သူဌေးရဲ့အတိုင်ပင်ခံကမေးပါတယ်။ မေးတာထက်သူတို့လုပ်ချင်တာတွေကိုထိုင်ပြော
တာ (၂)နာရီကျော်ကြာသွားတယ်။ နောက်အဲ့အလုပ်မှာအလုပ်ရ ၁ နှစ်ကျော်လောက်ကြတော့ ပီအာလျှောက်ထားတာအောင်တော့ ပီအာ
ဖြစ်ပြီး လက်ထဲ blue ic ရောက်တာနဲ့ထွက်စာတင်ပါရော။ အဲ့ဒီနေရာမှာ အမှားတစ်ခုနဲ့စတွေ့ပါတယ်။ ရှေ့ကို သိပ်ကြိုမကြည့်လိုက်မိပဲ
လောလောဆယ် ထွက်ချင်တာပဲသိပြီးထွက်တော့ ၂၀၀၉ ခုနှစ်စီးပွားပျက်ကပ်ဆိုက်တဲ့အချိန်ထဲမှာရောက်နေတော့ နောက်အလုပ်တစ်ခုကို
တော်တော်နဲ့မရနိုင်ပါဘူး၊ Changi Airport က Passenger Service Associate တွေကို budget airlines တွေအတွက် walk in interview သွားပါတယ်။ အဲ့ဒီမှာ အလုပ်လျှောက်ထားသူပေါင်း ၂၀၀-၃၀၀ မကပါဘူး ကိုယ့်အလှည့်ရောက်ဖို့ထိုင်ခုံမှာတန်းစီရတာ ကိုက
၃ နာရီလောက်ကြာသွားတယ်။ လေကြောင်းဆိုတဲ့အတွက် အရင်က ရန်ကုန်မှာလုပ်ခဲ့ဖူးတဲ့ လေကြောင်းအတွေ့အကြုံတွေ က ကျနော့် အတွက်အခွင့်အလမ်းကောင်းတွေပါပဲ။ Interviewer ကလဲ ရန်ကုန်မှာဘာတွေလုပ်ခဲ့ဖူးတာလဲ လောက်ပဲမေးပြီး၊ သူတို့Company ကြီး
အလွန်ကောင်းပြီး ရှေ့အလားအလာကောင်းတွေရှိတယ်ဆိုတာရှင်းပြတာနားထောင်ပြန်လာခဲ့ပါတယ်။ (၃) ရက်နေတော့အလုပ်ရကြောင်း
အလုပ်ခန့်စာမှာလက်မှတ်လာထိုးပါလို့ခေါ်ပါတယ်။ ကျနော့်စင်္ကာပူဘဝရဲ့ ပထမဆုံးအလုပ်ခန့်စာကိုမြင်ဖူးတာပါ။ အဲ့ဒီကအကြောင်းတွေ
ကိုတော့ ကျနော်နှင့် Airline Industry ဆိုပြီးအပိုင်းပေါင်းများစွာခွဲရေးခဲ့ပြီးပြီမို့ ထပ်မရေးတော့ပါဘူး။ (၃) လ Confirmation letter
မပေးမီမှာပဲ ကျနော်အလုပ်ထွက်စာတင်ပြီး အလုပ်ထပ်ရှာပါတယ်။ ဒီမှာတော့ မတူတော့ဘူး ပီအာဖြစ်လာတဲ့အတွက် အလုပ်ရှာရတာသိပ်
အခက်ကြီးမဟုတ်တော့ပါဘူး။ အင်တာဗျူးတချို့သွားတယ်။ ထုံးစံအတိုင်း walk-in လဲသွားပါတယ်။ အလုပ် (၂)ခုလောက်က offer ပေး
ပါတယ်။ ဒါပေမယ့် အယူသည်းလွန်းတယ်ပဲပြောပြော အလုပ်အသစ်ရပေမယ့် မပျော်မရွှင်ရှိတာနဲ့ ကျနော့်ယုံကြည့်ချက်ကြောင့် ကွမ်ရင်မယ်တော်သွားမေးတော့ မလုပ်နဲ့ပြောတာကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး။

ပီအာဖြစ်လာပြီးတဲ့နောက်ပိုင်း ပထမဆုံးခက်ခက်ခဲခဲ ဖြေခဲ့ရတဲ့ အင်တာဗျူးတစ်ခုကတော့ ပင်နဆူလာပလာဇာ အပေါ်မှာရှိတဲ့ရုံးတစ်ခုရဲ့
Administrator Post တစ်ခုအတွက် Second interview ပါ။ ကျနော်အဲ့ဒီအလုပ်ကိုအရမ်းရချင်ပါတယ်။ ပင်နဆူလာမှာရှိနေတဲ့အတွက်
စားရေးသောက်ရေးလဲမပူရဘူး၊ မြို့လည်ကောင်မှာရှိနေပြီး ကျနော်အင်မတန်ကြိုက်တဲ့ အထပ်မြင့်ရုံး environment တစ်ခုပါ။ သူရဲ့
First Interview ကိုတော့ သူဌေးရဲ့ Secretary ကဗျူးပါတယ်။ သူနဲ့ပြောတဲ့အခါမှာလဲ အရင်အင်တာဗျူးတွေလိုတော့မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေပြောပါတို့၊ ကိုယ့်အကြောင်းကိုယ်ပြောပါတို့ပါလာပါပြီ။ လူဆိုတာတော့ ကိုယ့်အားသာချက်
သာပြောချင်ပေမယ့် ကိုယ့်အားနည်းချက်ကြတော့ ကိုယ့်အတ္တကြောင့်ထင်ပါရဲ့ နည်းနည်းတော့ ပြောရခက်တယ်။ သို့သော်လည်းမေးလာ
တော့မဖြေချင်လို့မှမရပဲ ဖြစ်ညစ်ပြီးဖြေရတာပေါ့။ အမှန်တကယ်အားနည်းချက်ကို ကိုယ်ဟာကိုယ်သိပေမယ့် ပြောလိုက်ရင်အသေအခြာ
အလုပ်မရမှာပဲ။ Second Interview ကိုတော့ သူဌေးကမေးပါတယ်။ သူဌေးက အမျိုးသားအသက် ၅၀ ပတ်ဝန်းကျင်ပါ။ သူကအဓိကမေး
တဲ့အကြောင်းတွေက အရင်အလုပ်တွေကနေဘာကြောင့် ခဏခဏ ခုန်လာရတာလဲကို အတိအကျမေးပါတယ်။ အဲ့ဒီတုံးကတော့ ဒီလို
မေးခွန်းတွေအတွက် မဟာဗျူဟာကျကျ အဖြေတွေ၊ လိုက်နာရမယ့်စည်းကမ်းတွေသိပ်မသိတော့ ရှင်းရှင်းနဲ့ပွင့်ပွင့်လင်းလင်းကိုမုသား
နည်းနည်းစွတ်ဖြေရတာပေါ့။ အရင်သူဌေးနဲ့ရန်ဖြစ်ပြီးထွက်လာတယ်လို့တော့ ဘယ်ပြောလို့ဖြစ်မလဲနော်။ ကျနော်သိတယ်၊ သူဌေးက
ကျနော် အလုပ်ခဏခဏ ပြောင်းတာသူမကြိုက်မှန်းကိုလေ။ အင်တာဗျူးခန်းထဲကထွက်လာတော့ ဒီအလုပ်မရဖူးဆိုတာ ကျနော်သိနေပါ
တယ်။ အဲ့ဒီနေ့က အဲ့ဒီအင်တာဗျူးက ၂ ခုမြောက်အင်တာဗျူးပါ။ ပထမဆုံး Bedok မှာ၊ အဲ့ကနေ City Hall အဝင်မှာ မိုးတွေကရွာပြီး
စီးထားတဲ့ဖိနပ်အဟောင်းက ခွာပြုတ်သွားလို့ Bata မှာဖိနပ်အသစ်တစ်ရံဝယ်စီးပြီး ပင်နဆူလာကအင်တာဗျူးကိုသွားရတာပါ။ ဒီအလုပ်
မရလောက်ဖူးထင်တော့ အဲ့ဒီနေ့အတွက်ဆွဲထားတဲ့ Schedule အရ Clementi က walk-in interview တစ်ခုဆက်သွားဖို့ဆုံးဖြတ်လိုက်
ပြီး Lakeside ကအိမ်ကိုခပ်မြန်မြန်ပြန်၊ Shirt တစ်ထည်ပြန်လဲပြီး ၄ နာရီခွဲအမှီပြေးတာ အဲ့ဒီရုံးရှေ့ရောက်တော့ ၄ နာရီထိုးနေပါပြီ။

အလွန်ကြီးမားတဲ့ ရုံးချုပ်ကြီးဖြစ်ပြီး အထဲဝင်ဖို့ လုံခြုံရေးကိုအရင်ပြောရပါတယ်။ လုံခြုံရေးက အင်တာဗျူးမရှိတော့ကြောင်းပြောတော့
အတင်းငြင်းတာနဲ့ သူတို့ HR Department ကိုလှန်းမေးမေးတော့ HR ကနောက်ဆုံးတစ်ယောက်အနေနဲ့ လက်ခံပေးမယ်ဆိုတာနဲ့
အထဲဝင်ခွင့်ရလိုက်တယ်။ တကယ်တော့ ကျနော်အင်တာဗျူးသွားတဲ့နေ့က စက်တင်ဘာ ၃၀ ရက်နေ့ထင်တယ်။ တကယ်တော့ သူတို့
အင်တာဗျူးက ၂၉ ရက်နေ့ထဲကပြီးသွားခဲ့တာ ကျနော်ရက်ကြည့်တာမှားပြီးသွားတာ HR Staff ကပြောမှသိပါတယ်။ HR Interviewer
ကလဲ ဘာမှထွေထွေထူးထူးမမေးပဲ Jurong Island မှာအလုပ်လုပ်နိုင်လား? Accounting ကိုနားလည်လား? ရေးထားတဲ့ expected
salary က gross လား? ဒီမေးခွန်း (၃)ခုပဲမေးပြီး အကြောင်းပြန်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ ဘယ်လိုမှ မျှော်လင့်ချက်မရှိပါဘူး။ HR ပုံစံကစိတ်ဝင်တစားမရှိတာကြောင့်ပါ။ နောက်တစ်ရက်ကြတော့ ဖုံးဆက်ခေါ်ထားတဲ့သင်္ဘောကျင်းCompany
တစ်ခု အင်တာဗျူးသွားတယ်။ Company အဆင့်ကမသေးပါဘူး။ HR Manager က အင်တာဗျူးလုပ်ပါတယ်။ အရင်ကလုပ်ခဲ့ဖူးတဲ့ အလုပ်
အတွေ့အကြုံရယ်၊ (၆) ရက်အလုပ်လုပ်နိုင်လား? Data Entry Skill နဲ့ပတ်သတ်တာတွေ၊ အလုပ်သမား ၁၀၀၀ ကျော်လောက်ရဲ့ payroll
entry ကိုလုပ်ရမှာဆိုတဲ့ အကြောင်းပြောပါတယ်။ လစာညှီနှိုင်းတာလဲအဆင်ပြေတော့ ခဏစောင့်မလားတဲ့ GM နဲ့ Second Interview
တခါထဲပြီးသွားအောင်လုပ်လိုက်ချင်လို့တဲ့ ဆိုတော့ အောက်ဆင်းပြီးတွေ့တဲ့ထမင်းဆိုင်မှာ ထမင်းစား ရုံးပေါ်ပြန်တက်ပြီးစောင့်လိုက်တာ
၂ နာရီလောက်ကြာသွားပြီးတဲ့နောက် GM မအားလို့ Interview မလုပ်နိုင်တော့ပါဘူးတဲ့။ စိတ်ကအတော်ကိုတိုသွားပါတယ်။ အချိန်တွေ
ကုန်ခံစောင့်ပြီး ဘာမှလဲမဟုတ်ဖူးပေါ့။ နောက်ထပ် (၃) ရက်လောက်ကြာတော့ အဲ့ဒီ Marine Company ကဖုံးဆက်ပြီး Second Interview သွားစရာမလိုတော့ကြောင်း၊ အလုပ်ခန့်လိုက်ပြီးဖြစ်ကြောင်း၊ သင်္ဘောကျင်းလုပ်ငန်းဖြစ်တဲ့အတွက် Safety Course တစ်ခုကို
သွားတက်ပြီးမှ အလုပ်စရမှာဖြစ်တဲ့အတွက် Safety Course Provider ရှိတဲ့နေရာကိုသွားပြီး သင်တန်းတက်ရမှာဖြစ်တဲ့အကြောင်း
အကြောင်းကြားပါတယ်။ Safety Course တက်ပြီးတော့ ပုံမှန်အားဖြင့် တင်္နလာနေ့မှာအလုပ်စလုပ်ကြတာဖြစ်ပေမယ့် ဘာကြောင့်မှန်း
မသိ ကျနော့်ကိုအင်္ဂါနေ့မှအလုပ်စဝင်ခိုင်းပါတယ်။ တဆက်ထဲမှာပဲ Clementi မှာသွားထားတဲ့ အင်တာဗျူးက Second Interview ကို
သူတို့ Jurong Island ကသက်ဆိုင်ရာ Section ရဲ့မန်နေဂျာက အင်တာဗျူးမှာဖြစ်တဲ့အတွက် တင်္နလာနေ့မှာလာနိုင်မလား ဆိုတော့ ဟို
အလုပ်ကိုလက်ခံထားပြီးဖြစ်ပေမယ့် လက်မှတ်မထိုးရသေးတာကြောင့် လာမယ်ပြောလိုက်ပါတယ်။

Second Interview သွားဖို့အတွက် Clementi ရုံးကိုပဲသွားရပြီး အဲ့ဒီကနေ Jurong Island ကိုသွားဖို့ ကားတစ်စင်းလာခေါ်ပါတယ်။
ကျနော်အပါအဝင် (၄)ယောက်ပါ။ တစ်ယောက်ကိုယ်တစ်ယောက်စုံစမ်းလိုက်ကြတော့ သူတို့ကြော်ငြာအလုပ်ခေါ်ထားတဲ့ Position ၁ ခု
စီအတွက် (၁) ယောက်စီကိုပဲ Second Interview ခေါ်တဲ့အတွက် အလုပ်ရဖို့က အင်တာဗျူးမဝင်ခင်ကထဲက ၈၀% လောက်သေခြာနေ
ပါတယ်။ Second Interview ကိုတော့ အဲ့ဒီရုံးခွဲရဲ့ Section Manager မလေးရှားဖွား အိန္ဒိယလူမျိုးမန်နေဂျာ နဲ့ Direct Superior အဖြစ် မလေးရှားဖွား တရုတ် Officer ကမေးပါတယ်။ အမှန်တကယ်တော့ မန်နေဂျာကပဲ ဘယ်နေ့လောက်အလုပ်စဝင်နိုင်သလဲ ဒီနေရာမှာ
အလုပ်လုပ်နိုင်လား အဲ့လောက်ပဲမေးတာပါ။ Officer ကတော့ တစ်ခွန်းမှမမေးပါဘူး။ သူတို့မမေးတော့ ကျနော်ကပဲ သူတို့ရဲ့ လုပ်ငန်းစဉ် တွေ၊ သုံးတဲ့ software တွေ၊ အလုပ်ချိန်၊ အိုတီဘာညာပြန်မေးလိုက်တာ (၁၀ )ခွန်းမကပါဘူး။ ပြီးတော့ မန်နေဂျာကသူ့အထက်မှာဆုံး
ဖြတ်ပေးနိုင်တဲ့ အရာရှိတစ်ယောက်ရှိသေးလို့နောက်တော့ အကြောင်းပြန်ပါ့မယ်ဆိုတော့ ကျနော်ကအမြန်အကြောင်းပြန်ပေးဖို့၊ တခြား
အလုပ်တစ်ခုကိုလက်ခံထားပြီးဖြစ်နေလို့ မနက်ဖန်အလုပ်ဝင်ရမှာဖြစ်တဲ့အကြောင်းပြောတော့ ဒါဆိုအပြင်မှာခဏစောင့်ပါတဲ့ မေးပေးပါ
မယ်ဆိုပြီး ၁၅ မိနစ်လောက်ကြာတော့ အခန်းထဲပြန်ခေါ်ပြီး ဟိုဖက်အလုပ်ကို cancel လုပ်နိုင်ပြီဖြစ်ကြောင်း ဒီမှာ Confirm အလုပ်ရ
ကြောင်းပြောပါတယ်။ ကြိုတင်တွက်ထားတဲ့အတိုင်း အဲ့ဒီနေ့က Second Interview သွားတဲ့ (၄) ယောက်အနက်က (၃) ယောက်ကိုခန့်
ထားလိုက်ပါတယ်။ တစ်ယောက်ကိုတော့ အသက်ကြီးလို့မကြိုက်ဘူးဆိုပြီး အထက်ကအရာရှိကပယ်ချလိုက်လို့ပါ။ ဒီလိုနဲ့ ကျနော်အခု
လက်ရှိအလုပ်လုပ်နေတဲ့ Sankyu Singapore Pte Ltd မှာအလုပ်ရရှိခဲ့တာပါ။ အပွင့်လင်းဆုံးပြောရရင်တော့ သူတို့မှာလဲ ဒီ Jurong Island လိုနေရာမှာအလုပ်လုပ်ချင်တဲ့သူမရှိလို့ ကျနော့်ကိုရွေးတာဖြစ်နိုင်သလို ကျနော်ကံကောင်းတာကြောင့်လဲ ဘာမှ ထွေထွေထူးထူး
အင်တာဗျူးတွေမဖြေခဲ့ရပဲ အလုပ်ရခဲ့တာပါ။

Sankyu Singapore ဟာ ဂျပန်နိုင်ငံမှာ ရုံးချူပ်တည်ရှိတဲ့ Multi National Corporation (MNC) အဆင့် Sankyu Inc. ကရာနှုန်းပြည့်ပိုင်
ဆိုင်တဲ့စင်္ကာပူနိုင်ငံမှာ တိုက်ရိုက်ဝန်ထမ်းပေါင်း ၈၀၀ ကျော်ရှိတဲ့ လုပ်ငန်းစုကြီးတစ်ခုပါ။ ကျနော်နေရတဲ့ ရုံးခွဲလေးကတော့ Sankyu ရဲ့
Client တစ်ခုဖြစ်တဲ့အခြား ဂျပန်ကုန်ကြမ်းထုတ်လုပ်ရေးစက်ရုံကြီးမှာ အခြေချထားတဲ့ Logistics Site Office လေးတစ်ခုပါပဲ။ ကျနော်
အလွန်ကြိုက်တဲ့ ပင်လယ်ကြီးဘေးမှာပါ။ ညနေခင်းလေး ရုံးပြင်ထွက်လမ်းလျှောက်လို့အင်မတန်ကောင်းပါတယ်။ လုပ်ငန်းလိုအပ်ချက်
အရ အရေးကြီးသောစာရွက်စာတမ်းများနဲ့ Confidential စာရွက်စာတမ်းများကို ကိုင်တွယ်အလုပ်လုပ်ရတဲ့အတွက် ကျနော့်အတွက်
သီးသန့်ရုံးခန်းပေးထားပါတယ်။ မန်နေဂျာကလဲ ဘာဖိအားမှမပေးတဲ့ ရေခဲတုံးလိုမန်နေဂျာဖြစ်ပြီး အထက်အရာရှိကလဲ အင်မတန်ကိုမှ
သဘောကောင်းလွန်းလို့ Everything Yes Man ပါပဲ။ အလုပ်ရယ်လို့လဲ တစ်လမှာ ၂ ခါလောက်သာအလုပ်များပြီး သူဟာသူအလွန်
ချောမွေ့နေသောအလုပ်တစ်ခုလို့ပြောရမှာပါ။ Comapany ရဲ့ Policy တွေအရ အခမဲ့ဆေးကုခွင့်၊ အထူးကုဆရာဝန်ကြီးများနဲ့ကုသခွင့်၊
ကျန်းမာရေးအာမခံစတဲ့ ခံစားခွင့်တွေ တော်တော်များများကိုလဲ ပေးထားပါသေးတယ်။ ဒီအလုပ်မှာ (၂) နှစ်ကျော် (၃) နှစ်အတွင်းရောက်
လာတဲ့အခါမှာတော့ ကျနော့်ရဲ့ဗီဇကြောင့်ပဲလား၊ ဒါမှမဟုတ်ဒီထက်မက မြင့်တဲ့စီကိုပျံသန်းချင်လို့လားမသိ ကျနော်အလုပ်အသစ်တစ်ခု
ရှာပါတယ်။ (၂) နှစ်တာကာလအတွင်းမှာ နေ့စဉ်၊ လစဉ်လုပ်ငန်းစဉ်တွေဟာ ထွေထွေထူးထူးတွေ မရှိပါဘူး။ ဒီဟာကဒီဟာနဲ့အင်မတန်
မှလဲ ပျင်းလာတဲ့အပြင် ကိုယ်ကိုကိုယ်လဲ တုံးသွားတယ်လို့ထင်မိတယ်။ ဆက်ဆံရတဲ့ပတ်ဝန်းကျင်အနေနဲ့လဲ ကျနော့်အပေါ်တိုးတက်ရာ
တိုးတက်ကြောင်းဖြစ်လာနိုင်တဲ့အလားအလာမရှိဘူးလို့လဲ ယူဆမိတာတွေကြောင့်လဲ အလုပ်အသစ်ရှာဖို့ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ဖေဖဝါရီလထဲမှာတော့ ကျနော်သိတဲ့ အမေရိကန် MNC ကြီးတစ်ခုကနေ ကျနော်နဲ့ပတ်သတ်တဲ့အလုပ်တစ်ခုလစ်လပ်ကြောင်း ကြော်ငြာတစ်ခုကိုတွေ့ပါတယ်။ Company ရုံးချုပ်ကို အမေရိကန်နိုင်ငံမှာရုံးဆိုက်ထားတာဖြစ်ပြီး Singapore ရုံးကတော့ သူတို့ရဲ့ အာရှ၊ ပစိဖိတ်ဆိုင်ရာရုံးချုပ်တစ်ခုပါ။ ကျနော့် resume ကိုပေးပို့တဲ့အခါမှာတော့ Singapore HR Manager စီ တိုက်ရိုက်ရောက်ရှိပြီး
ပထမဆုံးအဆင့်အနေနဲ့ ကျနော့်စီဖုံးခေါ်ပြီး telephone interview လုပ်မယ်ဆိုတဲ့အကြောင်း ဘယ်နေ့ဘယ်အချိန်မှာအစဉ်ပြေနိုင်မလဲ
ဆိုတာမေးပါတယ်။ telephone interview အနေနဲ့အခုလို ထွေထွေထူးထူး တကူးတက စီစဉ်ပြီးမေးတာမကြုံဖူးပေမယ့် အရင်ကဆိုလဲ
အခြားအလုပ်လျှောက်ထားမှုတွေမှာ ကြုံရင်ကြုံသလိုဖုံးထဲကမေးတာတွေကြုံဖူးပါတယ်။ အခုဟာကတော့ interview appointment တစ်
ခုပေးသလိုမျိုး e-mail နဲ့ ဘယ်နေ့ဘယ်အချိန်မှာ interview လုပ်ပါမယ်ဆိုတဲ့အကြောင်း confirmation လုပ်ပါတယ်။ ချက်ချင်းကြီးမေး
လိုက်တာမှတော်သေးတယ်။ အခုဟာက အဲ့ဒီဖုံးဆက်ပါမယ်ဆိုတဲ့အချိန်ကိုစောင့်နေရတာကိုက ရင်ပိုခုန်ပါတယ်။ သူဆက်မယ်ဆိုတဲ့အချိန်
မှာဆက်လာပြီး မေးခွန်းတွေမေးပါတယ်။ အထူးသဖြင့်လက်ရှိအလုပ်လုပ်နေတဲ့ Company ကစလို့ လုပ်ခဲ့သမျှအလုပ်တွေမှာ ဘာတွေ
လုပ်ခဲ့ရတာလဲဆိုတာကို resume ထဲမှာပါတဲ့အတိုင်း အစဉ်တစိုက် မေးသွားတာပါ။ အဲ့ဒီအလုပ်တွေကနေဘာကြောင့်ထွက်ခဲ့တာလဲ?
အခုအလုပ်ကရောဘာကြောင့်ထွက်ချင်ရတာလဲ? ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေ ကိုပြောပါတို့။ အခုလက်ရှိလုပ်နေတဲ့ company ကဘာတွေလုပ်ပြီး၊ ဘယ်လောက်ကြီးသလဲ? ဘယ်သူ့ကိုတိုက်ရိုက်အစီရင်ခံရသလဲ? နောင် ၁၀ နှစ်တာကာလ အတွက်
ရည်မှန်းချက်ကိုပြောပါ။ စတဲ့မေးခွန်းတွေမေးပြီး သူတို့ Company ကဘာတွေ လုပ်တဲ့ company ဖြစ်ပြီး အခုအလုပ်ခေါ်တဲ့ position
မှာလုပ်ရမယ့် အလုပ်တွေကိုဖြေကြားရှင်းလင်းလိုက်တာ အားလုံး ၄၅ မိနစ်ကြာပါတယ်။ ဖြေဖူးသမျှအင်တာဗျူးတွေမှာ အကြာဆုံးစံချိန်ပါ။
Telephone Interview အပြီးမှာ ထုံးစံအားဖြင့် face-to-face interview အဆင့်တစ်ခုထပ်ရှိတာမို့ face-to-face ခေါ်မှာလားမေးတော့
ခေါ်မှာဖြစ်တဲ့အကြောင်း စီစဉ်ပြီးတာနဲ့ အကြောင်းကြားမယ်ပြောပါတယ်။

နောက် (၂) ရက်အကြာမှာတော့ face-to-face interview ကို သူတို့ Company ရဲ့ Global Human Resources, Vice President (VP)
နဲ့တစ်ခါ၊ Singapore ရုံးရဲ့ Country Manager and Chief Financial Officer (CFO) နဲ့တစ်ခါ တစ်ရက်ထဲမှာပဲ ဒီ (၂) ယောက်နဲ့
interview လုပ်ပါမယ်တဲ့။ အရင်က Company ပိုင်ရှင်သူဌေးတွေနဲ့သာဗျူးခဲ့ဖူးပေမယ့် အခုလို Global Level, Senior Executive တွေနဲ့
တော့ တခါမှအတွေ့အကြုံမရှိတော့ အင်မတန်ကိုရင်ခုန်ပါတယ်။ Interview ခေါ်ထားတဲ့နေ့ကိုရောက်တော့ သူတို့ရုံးကို ချိန်းထားတဲ့
အချိန်ထက် ၁၀ မိနစ်ကြိုရောက်ပါတယ်။ ဖုံးထဲကဗျူးခဲ့တဲ့ HR Manager က အစည်းအဝေးခန်းမကြီးတစ်ခုထဲမှာ နေရာချပေးပြီးနောက်
အာခြောက်မယ်ဆိုတာကြိုသိလို့ထင်ပါရဲ့ ရေသောက်မလားမေးတော့ သောက်မယ်ပြောလိုက်တယ်။ ရေတဗူးတိုက်ပြီး ခဏစောင့်ဖို့ VP
အခုပဲလာပါမယ် ဆိုတဲ့အကြောင်း အလွန်ဖော်ရွေစွာပြောပြီး ထွက်သွားပါတယ်။ ၅ မိနစ်လောက်ကြာတော့ VP ဝင်လာတော့ မတ်တက်ရပ်
နှုတ်ဆက်၊ သူထိုင်ပါလို့ပြောတဲ့အခါမှထိုင်ပြီး သူ့ကိုယ်သူမိတ်ဆက်တာကို နားထောင်ရပါတယ်။ ဒါကတော့ သူက Global HR VP တစ်
ယောက်ဖြစ်သည်နှင့်အညီ HR Professional တစ်ယောက်ရဲ့ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတာပါ။ ပထမဆုံးမေးခွန်းအနေနဲ့ကတော့
ကြိုတင်မျှော်လင့်ထားပြီးမေးခွန်းဖြစ်တဲ့ " Can you share with me about Yourself ?" ပါ။ ဒီမေးခွန်းမျိုးကို ဟိုးအရင်က အလုပ်တချို့
မှာ မေးခံထားတာတွေရှိပြီး open ended မေးခွန်းမျိုးတွေဖြစ်တော့ ဖြေရတာသိပ်အချိုးမကျပါဘူး။ အခုလဲ တူတူပါပဲ ကျနော်ကြိုတင်ပြီး လေ့ကျင့်ထားပေမယ့် ကျနော်ပြောတဲ့ Myself က သိပ်တိုလွန်းသွားပြီး ပေးရမယ့် အချက်အလက်တွေ တော်တော်များများ ကျန်ခဲ့တယ်
ဆိုတာ ကျနော်သိလိုက်ပါတယ်။ ဒါမယ့် VP က သူသိချင်တဲ့ အချက်အချို့ကိုပဲပြန်မေးသွားပြီး ထုံးစံအတိုင်း အခုလက်ရှိအလုပ်ကနေ
ဘာကြောင့်ထွက်ချင်ရတာလဲ ကိုမေးပါတယ်။ ဒီဟာမှာလဲ မဖြစ်မနေလိုက်နာရမယ့်စည်းကမ်းတစ်ခုအနေနဲ့ထွက်ချင်တဲ့အလုပ်အကြောင်း
မကောင်းလုံးဝမပြောရပါဘူးတဲ့။ ဒီတော့ ကျနော်ကတော့ ကျနော်အမှန်တကယ်ဖြစ်ချင်တဲ့အတိုင်းပဲ ကျနော့်ဘဝ ပိုမိုမြင့်မားတိုးတက်မှု
အတွက်အလွန်လျှင်မြန်စွာ ဖွံဖြိုးတိုးတက်နေသော Company ကြီးတစ်ခုမှာအလုပ်လုပ်ကိုင်ခွင့်ရချင်တာပါလို့ဖြေပါတယ်။ ဒီဟာကိုနင်းပြီး
တော့ VP က Singapore ရုံးအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ အရောင်းဆိုင်ရာရုံးလေးတစ်ခုသာဖြစ်လို့ မင်းသာအမှန်တကယ်တိုး
တက်ချင်တယ်ဆိုရင် သူတို့ရဲ့ ထုတ်လုပ်ရေးစက်ရုံကြီးများရှိရာ တရုတ်ပြည်သာလျှင် မင်းဘဝကို ပိုမိုလျှင်မြန်စွာတိုးတက်နိုင်တယ်ဆိုပြီး
သွယ်ဝှက်သောနည်းနဲ့ ကျနော် တရုတ်စာမတက်တဲ့အကြောင်းကိုပြောတာပါ။ ကျနော်မှာလဲ သူဆိုလိုချင်တာ သဘောပေါက်တော့
တကယ်လို့သာ ဒီအလုပ်ခန့်ခဲ့ရင် တရုတ်စာသွားသင်မယ်လို့ကတိပေးကြောင်းပြောလိုက်ပါတယ်။ အဲ့ဒီနောက်တော့ ကျနော်အရင်က
လုပ်ခဲ့တဲ့ Volunteer အလုပ်တွေကိုကြည့်ပြီး အင်မတန်သဘောကျတဲ့အကြောင်း၊ ဒီအချက်တစ်ခုထဲနဲ့တင် မင်းကို စိတ်ဝင်တစားရှိမိ
ကြောင်းပြောပြီး ဘာကြောင့် ဒီ Volunteer အလုပ်ကိုလုပ်ရတာလဲ? Volunteer အလုပ်နဲ့ ဝင်ငွေရနေတဲ့အလုပ်ကြားမှာ အချိန်ကိုဘယ်လို
စီမံခန့်ခွဲပါသလဲ? မေးခွန်းတွေနဲ့ Volunteer လုပ်ခဲ့တဲ့အလုပ်တစ်ခုချင်းစီရဲ့ လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေကို အတိအကျမေးပါ
တယ်။ ဒါ့အပြင်ဒီ Volunteer အလုပ်တွေထဲကနေဘာတွေကို မင်းဘဝအတွက် သင်ကြားတက်မြောက် အထောက်အကူပြုစေခဲ့ပါသလဲ?
ဒီလိုမေးခွန်းမျိုးတွေကတော့ အရင်ကမဖြေဖူးတဲ့ မေးခွန်းမျိုးတွေဖြစ်ပေမယ့် ကိုယ်ဘာတွေလုပ်ခဲ့တာလဲဆိုတာကို ပြန်ပြောရတာဆိုတော့
သိပ်ပြီး အခက်အခဲမရှိလှပါဘူး။ ကျနော့်ကိုလဲ ထုံးစံအတိုင်း ဘာမေးအုံးမလဲဆိုတော့ မေးစရာသိချင်တာတွေက HR Manager ကနေ
သိပြီးသားတွေဖြစ်နေလို့ ထပ်မေးစရာမလိုတော့ပေမယ့် မမေးမဖြစ်မေးမှဖြစ်မှာဆိုတော့ ဒီ Position အတွက်ဘယ်တော့လောက်များ
အဖြေသိရမလဲ ဆိုတော့ ကျနော်အပါအဝင် Shortlsited က (၄)ယောက်ရှိတဲ့အကြောင်း (၄)ယောက်လုံးကိုဒီနေ့တစ်ရက်မှာပဲ interview
လုပ်တဲ့အကြောင်း၊ ဒီညနေမှာပဲ သူတို့ ဆွေးနွေးတိုင်ပင်ပြီးဆုံးဖြတ်မှာဆိုတဲ့အကြောင်းဖြေပါတယ်။ ထပ်မေးစရာလဲမရှိတော့တာနဲ့ VP
က သူ့ business card ပေးပြီး အချိန်မရွေး e-mail ပို့နိုင်ပါကြောင်းပြော၊ ကျေးဇူးတင်ကြောင်း အပြန်အလှန်တွေကို ပြောပြီး interview
ပြီးပါတယ်။

Myself နဲ့ပတ်သတ်ပြီး ကျနော်ဖတ်ဖူးတာလေး ဝေမျှရရင် MySelf ကို ကျနော်တို့ငယ်ငယ်တုံးက ကျောင်းတွေမှာ Essay တွေ ခဏခဏရေးခဲ့ဖူးကြမှာပါပဲ။ သို့သော်တစ်ခါတလေ မှာ ကိုယ့်အကြောင်းကိုယ်ပြောလို့ မေးခံရလို့ဖြေရတဲ့ အခါဖြေရခက်တာလေးတွေ တွေ့ရတယ်။ မွေးတာကစလို့ယနေ့အချိန်အထိတိုင်အကြောင်းတွေကို ပြောခိုင်းတာတော့မဟုတ်ပါဘူး။ သို့သော် အတက်နိုင်ဆုံး အကျဉ်းချူံးပြောရမှာပါ။ HR Professional တစ်ယောက်အနေနဲ့ အလုပ်လျှောက်ထားသူရဲ့ တွေးတောချက်မြန်ဆန်မှု၊ သူ့ရဲ့ အပြောအဆို
ဆက်ဆံရေးပြေပြစ်မှုတွေကိုလေ့လာဆန်းစစ်ပြီး၊ သူပြောတဲ့ထဲက အလုပ်လျှောက်ထားသူကို ထပ်မံမေးရမယ့် မေးခွန်းတွေကို စိတ်ထဲ ကနေ ထုတ်နုတ်သွားရမှာပါတဲ့။ စုစုပေါင်းကြာမြင့်ချိန် (၅) မိနစ်ထပ်မပိုပဲ (၃) မိနစ်ပတ်ဝန်းကျင်ဟာ အသင့်အတော်ဆုံးဖြစ်ပါတယ်တဲ့။ ဒီအကြောင်းကိုစပြော ရမယ်ဆိုရင် (E) လေးလုံးကိုအခြေခံပြီး ပြောရပါတယ်တဲ့။ Early Life လို့ခေါ်တဲ့ ဘဝအစပိုင်းဖြတ်သန်းလာခဲ့ တဲ့ပုံစံ၊ ဒီအထဲမှာ ကိုယ်ကကျောင်းမှာ ဘယ်လိုဆုတံဆိပ်တွေ ရခဲ့ဖူးတယ်၊ ဘယ်လိုအသင်းတွေမှာ ပါခဲ့ပြီး ဘာတာဝန်တွေ ထမ်းဆောင် ခဲ့တာတွေကိုထည့်ပြီးပြောရမှာပါ။ နောက်ထပ် (E) တစ်လုံးကတော့ Education ပါ။ ဒါကတော့ရှင်းပါတယ်။ ကိုယ်ဘာ ဒီဂရီ၊ ဘာဒီပလိုမာ ကို ဘာမေဂျာအဓိကနဲ့တက်မြောက်သင်ကြားလာခဲ့တယ်၊ ဘယ်လိုအောင်မြင်ခဲ့တယ်ပေါ့။ ဥပမာ ဂုဏ်ထူးတန်း ပထမအဆင့် ဖြင့် အောင်မြင်သည် ဘာညာပေါ့။ နောက်တစ်ခုကတော့ Experience ပါ။ ကိုယ့်မှာလျှောက်ထားတဲ့အလုပ်နဲ့ပတ်သတ်ပြီး ဘယ်လို အတွေ့အကြုံ တွေရှိခဲ့တယ်။ လုပ်ငန်းခွင်မှာဘယ်လို Achievement တွေရခဲ့တယ်ဆိုတာကို ဥပမာနဲ့ပြောရမှာပါ။ နောက်ဆုံး E ကတော့ Expectations ပါ။ ဒါကတော့ ကျနော် နားလည်သလောက်ပြောရရင် ကိုယ်ဘယ်လိုအလုပ်မျိုးလိုချင်တယ်၊ ကိုယ်မှန်းထားတဲ့ ရည်မှန်းချက်စသည်ဖြင့်ပေါ့၊ သို့သော်ငွေကြေး လစာကိုတော့ မမေးရင်ထုတ်ဖော်မပြောသင့်ပါဘူး။ Resume ထဲမှာကိုယ်လိုချင်တဲ့ လစာအခြေအနေကို ရေးပြီးသားဖြစ်နေပါပြီ။

VP နဲ့ Interview ပြီးတဲ့နောက်မှာတော့ Country Manager and CFO နဲ့ HR Manager (၂)ယောက်ပေါင်း Interview ပါ။ HR Manager
ကတော့ ဖုံးထဲမှာ အာပေါက်အောင်မေးထားပြီးပြီမို့ သူကဘာမှထပ်မမေးပဲ CFO တစ်ယောက်ကပဲဒိုင်ခံမေးပါတယ်။ သူကတော့ အခုလုပ်
နေတဲ့အလုပ်ကအကြောင်းတွေ၊ ဒီအလုပ်ကိုဘာကြောင့်လိုချင်ရတာလဲ? ဘာဖြစ်လို့မှ Human Resources ကိုစိတ်ဝင်စားရတာလဲ?
ံHR Line ထဲမှာကမှ ဘယ်လို HR အလုပ်မျိုးကိုနှစ်သက်သဘောကျပါသလဲ? ကျနော်နှစ်သက်တဲ့ ရွက်လှေအားကစားကိုလဲ ဘာကြောင့်
ရွက်လှေအားကစားကိုမှရွေးချယ်နှစ်သက်တာလဲ ? ရေကူးတာကိုကြိုက်တဲ့အတွက် ဒီလိုရေကူးသမားမျိုးဟာ အသင်းအဖွဲ့နဲ့လုပ်ဆောင်
ချက်တွေမှာ အားနည်းတက်တယ်လို့ထင်သလား? ဘာဖြစ်လို့စင်္ကာပူမှာရွက်လှေမစီးတော့တာလဲ? အခုလက်ရှိလုပ်နေတဲ့အလုပ်ကနေ
ဘာကြောင့်ထွက်ချင်တာလဲဆိုတဲ့ မေးခွန်းကိုပဲ မေးခွန်းပုံစုံပြောင်းမေ့လောက်တဲ့အခါမှာတစ်ခါတစ်ခါထပ်မေးလုပ်တာ (၃)ခါမေးပါတယ်။
အခုလက်ရှိလုပ်နေတဲ့အလုပ်မှာ ဘယ်လိုအခက်အခဲမျိုးတွေကို ရင်ဆိုင်ရပြီး အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းအောင်မြင်ခဲ့ပါသလဲ?
တစ်ယောက်ထဲအလုပ်လုပ်ရတာကြိုက်သလား? ရုံးထဲမှာတရုံးရုံးနဲ့နေတက်သလား? အဲ့ဒီမေးခွန်းတွေလဲ မေးပါတယ်။ တကယ်ဆိုရင်
အတော်ကို စေ့စေ့စပ်စပ်နဲ့ တစ်ခုဖြေတိုင်းဖြေတိုင်း ကို အဖြေပေါ်နင်းမေးတဲ့ အင်တာဗျူးမဟာဗျူဟာ ကိုသုံးမေးသွားတာပါ။ ဒီကြားထဲ
သူက ဟောင်ကောင်ဖွားအမေရိကန်ဖြစ်လို့၊ ကျနော်တို့ပတ်ဝန်းကျင်က English စာအသုံးအနှုန်းအသံထွက်က မတူတော့ အတော်လေး
ခက်ခက်ခဲခဲ နားထောင်ရပါတယ်။ ထုံးစံအတိုင်းမေးစရာမေးခွန်းတွေ ပြီးတဲ့နောက်မှာတော့ ကျေးဇူးတင်ကြောင်းဘာညာပြီးတော့ ပြန်လာ
ခဲ့တော့တယ်။ အပြန်လမ်းမှာ ကျနော်တွေးလာတယ်။ ဖြေခဲ့သမျှအင်တာဗျူးတွေထဲမှာ အမြင့်ဆုံးအဆင့်ထိပ်တန်းအရာရှိကြီး Interviwer တွေနဲ့ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး အခက်အခဲဆုံးဖြေခဲ့ရတဲ့ Interview Process တစ်ခုပါ။ ကိုယ်ကိုကိုယ် ကျေနပ်ဂုဏ်ယူတာက တော့ ကျနော်အချိန်ပေးလုပ်ဆောင်ခဲ့တဲ့ Volunteer အလုပ်တွေဟာအလကားမဟုတ်ပဲ တစ်ချိန်ချိန်မှာ တစ်စုံတစ်ခုကိုအကျိုးရှိစေတာပဲ ဆိုတာသိလိုက်လို့ပါ။ သို့သော်ကိုယ်ကိုကိုယ်လဲ (၂) နှစ်တာ ကျွန်းပေါ်ကရုံးမှာထိုင်နေလိုက်တာ အနယ်တွေထိုင်ပြီးအတော်တုံးသွားတာ သိလိုက်ရတယ်။ ကျနော့်ကို Interviewer (၂) ယောက်လုံးက အနည်းနဲ့အများမကြိုက်တာကို ကိုယ်ကိုကိုယ် သိတယ်ပြောရမှာပါ။ ကျနော့်မှာ အားသာတာဆိုလို့ လုပ်ငန်းအတွေ့အကြုံများတာလေးတစ်ခုပဲရှိပြီး၊ ဘာသာစကားနဲ့ပတ်သတ်လို့ Chinese မတက်တာ၊ Communication Skill မှာလိုအပ်တာ၊ သူတို့လိုချင်တဲ့ Inter Office Active Person မဖြစ်တာတွေ၊ ဒီအားနည်းချက်တွေကြောင့် မအောင်မြင်ဖူးလို့လဲ ကိုယ်ကိုကိုယ်သုံးသပ်ပါတယ်။ ဒါ့အပြင် သူတို့ Company အဆင့်လိုပဲကြီးမားတဲ့တကယ်ဆိုရင် သူတို့ထက်တောင်
ပိုကြီးတဲ့ Japanese MNC အဆင့်ကနေဘာကြောင့်မှထွက်ချင်ရတာလဲဆိုတဲ့မေးခွန်းတွေအပေါ် ကျနော်ဖြေတာတွေကို သဘောမကျလှ
တာနားလည်သဘောပေါက်မိပါတယ်။

ဒါကြောင့်မို့လို Upgrade လုပ်တဲ့အနေနဲ့ Latest HR Strategy တွေ ကိုပြန်လေ့လာပြီး နောက်ထပ်အလုပ်အသစ် တစ်ခုရအောင် သို့မဟုတ် အင်တာဗျူး Process တစ်ခုအောင်မြင်အောင်အများကြိုးစားရအုံးမှာပဲ ဖြစ်ပါတယ်။ ကျနော့်စာဖတ်ပေးတဲ့ ညီအကို မောင်နှမ တွေအားလုံးလဲ အောင်မြင်သောInterview Process တစ်ခုနဲ့အတူ တိုးတက်ကြီးပွားပါစေကြောင်း ဆုတောင်းရင်း ကျနော်ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။ ။

Wednesday, February 29, 2012

Foreign labour cuts: Too Deep?


ယနေ့ထုတ် TODAY Newspaper မှ Foreign labour cuts: Too Deep? သတင်းကို သူငယ်ချင်းတွေအားလုံးဖတ်ရအောင် ဆီလျှော်အောင် ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ ဘာသာပြန်ဆိုမှု အားနည်းချက်များရှိနိုင်သည့်အတွက် အမှားအယွင်းများ ရှိခဲ့ရင် ခွင့်လွှတ်ဖို့ကြိုတင်တောင်းပန်လိုက်ပါတယ်။ အခကြေးငွေဖြင့်ထုတ်လုပ်ဖြန့်ချီသော ပြည်တွင်းပြည်ပဂျာနယ်များ နှင့် အခြား Media များမှအပ မည်သည့် blog နှင့် website များတွင်မဆို myanmarinsingapore.com မှ နှင့် ယခု blog တဆင့် လွတ်လပ်စွာရှယ်ယူနိုင် ပါတယ်။

စင်္ကာပူအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားများလျှော့ချမှု ပေါ်လစီများမှာ လွန်လွန်းနေပြီလား? ဆိုသော မေးခွန်းကို အချို့သော စင်္ကာပူနိုင်ငံသားပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ မှ မေးမြန်းဖွယ်ရာရှိနေပြီး စင်္ကာပူအစိုးရအနေနဲ့လဲ ဖြေရှင်းချက်တွေ ထုတ် ရနိုင်ဖွယ်အခြေအနေ ကိုရင်ဆိုင်နေရပါတယ်။ အချို့သောပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ မှ အစိုးရအပေါ်မေးခွန်း မထုတ်မီ ဖေဖဝါရီလ (၂၈) ရက်နေ့ကစတင်လိုက်တဲ့ စင်္ကာပူပါလီမန်တွင်း အစိုးရဘက်ဂျက် ဆွေးနွေးခန်းမှာ ပါလီမန်အမတ် ၂၅ ယောက်က ပါဝင်ဆွေးနွေးသွားသည့် အနက် စီးပွားရေးလုပ်ငန်းစုများ နှင့် ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုအလွန်အမင်း ထိမ်းချုပ်လာခြင်း နဲ့ပတ်သတ်သောဆွေးနွေးချက်များ ကို (၁၆) ဦးသော ပါလီမန်အမတ်များ က ပိုမိုအလေးပေးဆွေးနွေးသွားပါတယ်။ ပိုမိုကြပ်တည်း လိုက်သော စည်းမျဉ်းစည်းကမ်း များတွင် နိုင်ငံခြားသားအလုပ်သမား များအပေါ် အလွန်အမင်းမှီခိုနေရခြင်း ကင်းလွတ်အောင်ဖိအားပေး ဆောင်ရွက်မှုများပါဝင်ကြောင်းသိရပါတယ်။

နိုင်ငံခြားသားအလုပ်သမားဌားရမ်းမှုအတွက်ပေးရသော အခွန် (Levy) ကို အကြိမ်ကြိမ်တိုးမြှင့်ကောက်ခံခြင်း၊ တင်းကြပ်သောစည်းမျဉ်း စည်းကမ်း လိုအပ်ချက်များပြဌာန်းခြင်းတို့လဲပါဝင်သဖြင့် အချို့သောပါလီမန် အမတ်များအနေဖြင့် အစိုးရ၏ ပေါ်လစီများချမှတ်သူများ အနေဖြင့် လိုသည်ထက်ပို၍ အလွန်အမင်း တင်းကြပ်လွန်းနေပြီဟုထင်မြင်ယူဆကြပါတယ်။ ထိုကဲ့သို့ အလွန်တင်းကြပ်မှုကြောင့် စီးပွားရေးလုပ်ငန်းများကို အနည်းနှင့်အများ ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည့်အပြင် အထူးသဖြင့် အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကိုပိုမို အထိလာနိုင်စရာအကြောင်းရှိနေပါတယ်။

ပါလီမန်အမတ်အများစုအနေဖြင့် ယခုအသစ်ပြဌာန်းလိုက်သော စည်းမျဉ်းစည်းကမ်းများမှာ အလွန်ပြင်းထန်သည်ဟု ယုံကြည်ထောက်ခံ ပြီး စီးပွားရေးလုပ်ငန်းများ၏ ဖွဲ့စည်းပုံများပြန်လည် ပြုပြင်ဖို့ သတ်မှတ်ပေးရာတွင် သက်ဆိုင်ရာ လုပ်ငန်းများပေါ်မူတည်ပြီး ပိုမို သင့်တင့်မျှတသော စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ ချမှတ်သင့်ကြောင်း အစိုးရကိုဝေဖန်လိုက်ပါတယ်။၂၀၁၂ ခုနှစ် ဖေဖဝါရီလ (၁၇) ရက်နေ့ကထုတ်ပြန်လိုက်တဲ့ အစိုးရဘက်ဂျက်ပြဌာန်းမှုအတွင်း တွင် Manufacturing နှင့် Service Sectors ၂ ခုတွင် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုနေမှုများလျော့ချနိုင်ရေးအစီအစဉ် နှင့် ကျန် Sector အားလုံးတွင် S-Pass ချထားပေးမှုအရေအတွက်ကို ပိုမိုတင်းကြပ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ပါလီမန်အတွင်းဆွေးနွေးနေခြင်းဖြစ်ပါတယ်။

Ang Mo Kio GRC မှ PAP ပါလီမန်အမတ် MP Inderjit Singh ကပြောကြားရာတွင် နိုင်ငံခြားသားအလုပ်သမားများ ကိုလျှော့ချရပ်တန့် စေခြင်း ဟာ စီးပွားရေးလုပ်ငန်းစုများ၏ အလွန်အမင်းလိုအပ်လျှတ်ရှိသော အလုပ်သမားလိုအပ်ချက်ကိုဖြတ်တောက်လိုက်ခြင်းနှင့် တိုင်းပြည်၏ စီးပွားရေးဖွံဖြိုးမှုကို တိုက်ရိုက်ထိခိုက်နစ်နာစေသည့် တူညီသောသဘောတရားဖြစ်ကြောင်း၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အစိုးရ၏ ပြင်ဆင်သတ်မှတ်ချက်များကြောင့် ၂ ဆမျှကြီးထွားလာသည့် အသုံးစားရိတ်များနှင့်ကြပ်တည်း လာသည့် အလုပ်သမားဈေးကွက်ကြောင့် များစွာအထိနာလျှတ်ရှိကြောင်း ထည့်သွင်းဆွေးနွေးသွားပါတယ်။

Holland-Bukit Timah GRC မှ PAP ပါလီမန်အမတ် MP Liang Eng Hua မှ စီးပွားရေးလုပ်ငန်းရှင်အများစုအနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကိုဖြတ်တောက်နိုင်သလောက်ဖြတ်တောက်ပြီး ကိုယ်ပိုင်ကိုယ်ထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းသင့်သည် ကို နားလည်သဘောပေါက် ထောက်ခံကြကြောင်း၊ သို့သော် နိုင်ငံခြားသားအလုပ်သမားများ အပေါ်မှီခိုမှုလျော့ချနိုင်ရေးကို မည်၍ မည်မျှလျော့ချနိုင်မည်၊ အချိန်ကာလဘယ်လောက်ကြာမြှင့်မည် စသည်တို့ ကို အစိုးရနှင့်စီးပွားရေးလုပ်ငန်းများ လက်တွဲညီစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးတင်ပြသွားခဲ့ပါတယ်။

အတိုက်အခံပါတီဖြစ်သော WP ပါတီမှ ပါလီမန်အမတ် MP Chen Show Mao မှ Manufacturing, Service and Construction Sector များသည် စင်္ကာပူစီးပွားရေး၏ တစ်စိတ်တစ်ဒေသဖြစ်သည်နှင့်အညီ ယခုပြဌာန်းလိုက်သော ratio ceiling ပြဌာန်းချက်အရ အခြားသော Food and Beverage Services, Social Services and Finance Industries စတဲ့ Service Sector များနှင့် အတူအညီဖြစ်နေကြောင်း၊ MP အနေဖြင့် အကြံပေးလိုသည်မှာ မတူညီသော sector များဖြစ်သည်နှင့်အမျှ ပြဌာန်းချက်ကိုလဲ sector အလိုက်သတ်မှတ်သင့် ကြောင်း၊ ဥပမာအားဖြင့် နိုင်ငံသားများအားသာချက်ရှိသည့် ဘဏ်လုပ်ငန်းများ၊ Biomedicalနှင့်လေကြောင်းနှင့်သက်ဆိုင်သော လုပ်ငန်း များတွင် နိုင်ငံခြားသားအလုပ်သမားဌားရမ်းမှုပေါ်လစီ များကိုပိုမိုတင်းကြပ်သင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခြားသော လုပ်ငန်းများလုပ်ငန်းများတွင် ကုန်ကျစားရိတ်များသက်သာအောင်ပေါ်လစီကိုလျော့ပေးသင့်ကြောင်း ပါဝင်ဆွေးနွေးသွားပါတယ်။

Thursday, January 19, 2012

ကျနော် နှင့် ကားပါမစ်

ဒီပိုစ့်ကတော့ လောလောလက်လက် ကျနော်ကားပါမစ်ရောဂါထတဲ့အကြောင်းလေးပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းနေတဲ့ စင်္ကာပူမှာနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ညီအကိုသူငယ်ချင်းတွေလဲ ရှိနေလို့ တခါထဲရှင်းပြပြီးသားဖြစ်သွားအောင် ရေးသားဖော်ပြ
လိုက်ပါတယ်။ တစ်လက်စထဲ ကားပါမစ်ကိစ္စ ကိုလုပ်ဖို့အတွက် မြန်မာပြည်ပြန်တာဆိုတာဆိုတော့ ပြန်ဖို့စီစဉ်တာကစလို့ကြုံတွေ့သမျှ တွေနဲ့ မြန်မာသံရုံးမှာ အခွန်ဆောင်တာကိုလဲထည့်ရေးထားဖြစ်ပါတယ်။ အမြဲပြောနေကျအတိုင်းပဲ ကျနော်နိုင်ငံရေးသမားတစ်ယောက် မဟုတ်သလို နိုင်ငံရေးကိုလဲစိတ်ဝင်တစားမရှိလှသလောက်ဖြစ်ပေမယ့် ဒီပိုစ့်မှာတော့ နိုင်ငံရေးနဲ့ပတ်သတ်တာလေးတွေနည်းနည်းပါးပါး တော့ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှထိခိုက်နစ်နာစေလို သောသဘောမဟုတ်ပါဘူးဆိုတာ ကြိုပြောပါရစေ။ ဒီပိုစ့်ကို
အခကြေးငွေဖြစ်သော်လည်းကောင်း၊ အခမဲ့သော်လည်ကောင်း ပုံနိုပ်ဖော်ပြသည့်မည်သည့် media တွင်မှသုံးစွဲခြင်းမပြုပါရန်မေတ္တာရပ်
ခံပါသည်။ Internet Website များနှင့် facebook တွင် ခွင့်ပြုချက်တောင်းခံစရာမလိုပဲ blog မှတဆင့် share နိုင်ပါကြောင်းအသိပေး အပ်ပါသည်။

ကျနော်တို့ အမိမြန်မာနိုင်ငံတော်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ကနေ ၂၀၁၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့က နိုင်ငံရပ်ခြားမှာ
အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများ ၏ အခွန်ဆောင်ပြီးသောရရှိတဲ့ဝင်ငွေမှ မော်တော်ယာဉ်များတင်သွင်းခွင့်ပြုမယ်ဆိုတဲ့
အကြောင်း သတင်းစာများမှထုတ်ပြန်ကြေငြာပြီးတာနဲ့ တပြိုင်နက်ပဲ ကမ္ဘာကိုရွာလို့တင်စားခေါ်ဝေါ်ရတဲ့ ခေတ်ကာလကြီးမှာ အချိန်နဲ့
တပြေးညီပဲ facebook ပေါ်မှာ တဆင့်သတင်းတွေချက်ချင်း ရရှိခဲ့ပါတယ်။ သိလျှင်သိချင်း တော့ သိပ်စိတ်ဝင်တစားမရှိလှပါဘူး။ တနေ
ကုန်ရုံးမှာထိုင်နေပေမယ့် အဲ့ဒီကားပါမစ်ကိစ္စကို မတွေးမိပဲ ညဖက်အိမ်အပြန် လမ်းရောက်မှကားပါမစ်ရရင်ရောင်းစားလို့ရတာပေါ့လို့
ဆိုပြီး နည်းနည်းစိတ်ဝင်စားသွားပါတယ်။ ဒါကြောင့်ပဲ နီးစပ်ရာတွေကိုမေးမြန်းစုံစမ်းကြည့်တော့ ကားပါမစ်တစ်စောင်ကိုပဲ မြန်မာကျပ်ငွေ
သိန်း ၁၀၀ က နေ ၁၅၀ ကြားဖြစ်တာဆိုတော့ မဆိုးဘူးဟဲ့ဆိုပြီး နောက်တစ်ရက်မှာ ရန်ကုန်ကိုရောက်နေတဲ့ အမေကိုလှန်းပြောပါတယ်။
ကြေငြာချက်ထဲမှာပါတဲ့အတိုင်း အခွန်ကြေပြီးသားဖြစ်ရမယ်ဆိုတော့ ပထမဆုံး ကျန်နေတဲ့ အခွန်တော်တွေကို ဆောင်ဖို့လုပ်ရမယ်ဆို
တော့ ရုံးမှာ အခွန်ဆောင်ဖို့တွက်ချက် လိုအပ်တဲ့ငွေကြေးကိုဘယ်လိုရှာရမယ် ဘယ်လိုလှည့်ပတ်သုံးစွဲရမယ်ဆိုတာတွေကို တနေကုန်
ရုံးအလုပ်မလုပ်ပဲ ကိုယ်ကိစ္စတွေကိုယ်လုပ်လိုက်တယ်။

အဆင့် (၁) မြန်မာသံရုံးသို့

နောက်တစ်နေ့တော့ မြန်မာသံရုံးကို မနက်စောစောထပြီး ၈ နာရီလောက်ရောက်အောင်သွားလိုက်ပေမယ့် ဟိုးအရင်လွန်ခဲ့တဲ့ ၄ နှစ်
လောက်ကပုံစံမဟုတ်တော့ပဲ အတော်ကြီးကိုတိုးတက်ပြောင်းလဲလာတယ်လို့ပြောရမှာပါ။ အခွန်ဆောင်မယ့်သူ၊ စာအုပ်သတ်တမ်းတိုး၊
ထောက်ခံစာယူစတဲ့ ကောင်စစ်ရေးရာလုပ်ဆောင်ချက်တွေလာလုပ်ကြတဲ့သူတွေအတွက် နားနေဆောင်သီးသန့်ထားရှိထားပေးပြီး၊
ခုနကပြောတဲ့ ကောင်စစ်ရေးရာတွေလုပ်ဖို့အတွက် step by step ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းပြထားတဲ့ကြော်ငြာတွေကိုကပ်ထား
ပေးပါတယ်။ နားနေဆောင်ထဲမှာလဲ ၃၂ လက်မ LCD (LED လဲဖြစ်ချင်ဖြစ်မှာပေါ့) တီဗွီကြီး ၂ လုံးနဲ့လဲ Q နံပါတ်ဖော်ပြပေးသလို သတင်း
နဲ့မြန်မာကားလဲ ပြသပြီးစောင့်နေတဲ့အချိန်တွေမှာအပျင်းပြေစေပါသေးတယ်။ သက်ဆိုင်ရာစာရွက်စာတမ်းတွေဖြည့်ဖို့ စားပွဲနဲ့ ထိုင်ခုံ
တွေ၊ မတ်တတ်ရပ်ပြီးဖြည့်ဖို့နေရာတွေ၊ သောက်ရေအတွက် တခါသုံးခွက်ပါအဆင်သင့်နဲ့ရေသန့်ရေပူရေအေးစက်တွေ၊ ပျင်းရင်ဖတ်ဖို့ စာအုပ်စင် စတာတွေကို အစီအစဉ်တကျတွေ့ရလို့ ဝမ်းသာမိတာအမှန်ပါ။ ဘယ်သူ့လမ်းညွှန်မှုနဲ့လုပ်ဆောင်ခဲ့တယ်ဆိုတာမသိပေမယ့် အခုလိုအဆင်ပြေပြေလေးနေဖို့ထိုင်ဖို့ စီစဉ်ပေးထားတာတွေကိုတော့ ကျေးဇူးတင်မိပါတယ်။

နံနက် ၉ နာရီ တိတိမှာ Q နံပါတ်စပေးမယ်ဆိုတော့ ၈ နာရီ ၄၅ လောက်မှာ နံပါတ်ပေးမယ့်ပြူတင်းပေါက်ကောင်တာရှေ့မှာ မြန်မာပီပီ
ကိုယ်ရှေ့ဆုံးကရောက်ရေးအတွက် နေရာဦးဖို့လုပ်နေကြတော့ လုံခြုံရေးကုလားကြီးက ၉ နာရီမှ တန်းစီကြဖို့ပြောပြီးပြန်ထိုင်ခိုင်းနေရ
တယ်။ ၉ နာရီထိုးခါနီးမှာတော့ လူတိုင်းတန်းစီနေကြပြီး သံရုံးဝန်ထမ်း က တံခါးဖွင့်ပြီး Q နံပါတ်မှာကိုစောင့်ကြပါတော့တယ်။ ၉ နာရီ ၁၀
လောက်မှာတော့ တံခါးဖွင့်ပြီး ဗီဇာလာလျှောက်တဲ့သူတွေအတွက် တဖက်လိုင်းမှာတန်းစီနေတဲ့ သူတွေကိုစပေးပါတယ်။ ကျနော်ကတော့
ရှေ့ဆုံးကစရီရင် ၁၄ ယောက်မြောက်မှာရှိနေပေမယ့် ပွဲစား (၂) ယောက်ကကြိုစီပေးထားတဲ့နေရာမှာ လူ ၄ ယောက်လောက် ကိုယ့်ရှေ့ က ဝင်လာတော့ နံပါတ် ၁၈ လောက်ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာ ပြောချင်တာက ကြိုစီပေးထားတာကိုကျနော်လက်ခံပါတယ်။
သို့သော် (၁) ယောက်ကြိုစီရင် (၁) ယောက်ပဲ replace လုပ်သင့်တာပေါ့ဗျာ။ (၁) ယောက်က စီပေးထားပြီး (၂) ယောက်လောက်ဝင်တာ
ဆိုတော့ နောက်ကတန်းစီနေတဲ့သူတွေကို မတရားရာကျပါတယ်။ ဒါပေမယ့်လဲ မြန်မာလူမျိုးပီပီ အားနာသည်းခံနေလိုက်ပေမယ့် စိတ်ထဲ
မှာတော့ တွေးထားမိတယ် နောက်ထပ် တစ်ယောက်လောက်ရှေ့ကပွဲစားထပ်သွင်းရင်တော့ ပြောမယ်ပေါ့။

Q နံပါတ်ရပြီးတော့ ပေးလိုက်တဲ့ form မှာ ဖြည့်စရာဖြည့်ပြီးကိုယ့်နံပါတ်ခေါ်တဲ့စီကိုစောင့်ပြီး နံပါတ်ခေါ်ခါနီးတော့ ကောင်တာတွေထားတဲ့
ခန်းမထဲဝင်ပြီး ကြိုတင်တန်းစီစောင့်နေလိုက်တယ်။ ကိုယ်နံပါတ်ကို display မှာအပေါ်ကိုယ်လဲ ကောင်တာရှေ့ရောက်ကွက်တိပဲပေါ့။
ပထမကောင်တာမှာ ပါတ်စ်ပို့စာအုပ်နဲ့ အရင်ကဆောင်ထားတဲ့အခွန်စာရွက်တွေကို အရာရှိတစ်ယောက်ကကြည့်ပါတယ်။ ကျနော့်အခွန်
ဆောင်ထားတာမှာ ရန်ကုန်မှာပြန်ဆောင်ထားတာရှိလို့ ဘယ်လိုသွားဆောင်ထားလဲမေးတော့ ရန်ကုန်အလည်ပြန်ရင်းနဲ့ စာအုပ်သက်
တမ်းတိုးရင်းဆောင်ထားပါတယ်ဆိုတော့ ရပါတယ်တဲ့။ နောက်မှသိရတာက ရန်ကုန်ကို လူကြုံနဲ့လှမ်းပို့ပြီး ဆောင်ရင်မရဘူး၊ လက်မခံပါ
ဘူးတဲ့၊ သူတို့ဘယ်လိုသိမလဲတော့ ကျနော်လဲ မသိဘူးဗျာ။ ဒီကောင်တာက အိုကေ ဆိုတော့ နောက်ကောင်တာမှာ ကျနော့်စာရွက်တွေ
စာအုပ်ပါယူပြီး data တွေ သွင်းတာတွေ့ပါတယ်။ အဲ့ဒီနောက်တော့ အခွန်တွက်ချက်ဖို့အတွက် ကောင်တာကနံပါတ်ခေါ်တာကို စောင့်ရ
ပါတယ်။ အခွန်တွက်တဲ့ကောင်တာကထိုင်တဲ့ အရာရှိအမျိုးသမီးငယ်ငယ် က ကောင်တာအောက်ဖက်မှာရောက်နေပြီး မှန်ကခံနေတဲ့
အတွက်စကားပြောရတာ နည်းနည်းခက်ပါတယ်။ သူ့ကိုအခွန်ဆောင်ထားတဲ့စာရွက်တွေပြတော့ အခွန်ဆောင်ဖို့ကျန်နေတဲ့ဘယ်ကာလ
တွေကိုဆောင်ရမယ်၊ ရန်ကုန်မှာဆောင်ခဲ့တဲ့ တစ်လ (၄၀) အတွက် ပီအာဆိုရင် (၁၂၀) ပြည့်အောင် (၈၀) ကွာခြားခွန်၊ Spass ဆိုရင်
နောက်ထပ် (၄၀)ကွာခြားခွန်ဆိုပြီး ကောက်ရပါမယ်ဆိုတော့ ဟုတ်ကဲ့ပါပေါ့။ ကျနော့်မှာလဲ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာပြည်ပြန်နေထား
တာတွေ၊ အလုပ်မရခင်စပ်ကြားကာလတွေရှိပါတယ်ဆိုတော့ ကြည့်ပေးပါမယ်တဲ့။ ကြိုတင်ပြင်ဆင်လာတဲ့ CPF Statement တွေကို
yearly အပြင် up to date ပြပါသော်လည်း CPF Online ပေါ်မှာကြည့်မယ်ဆိုပြီး ကောင်တာခုံပေါ်အစဉ်သင့်တင်ထားတဲ့ PC တစ်လုံးကို
ဖွင့်ပါတယ်။ အဲ့ဒီနေရာမှာပြောချင်တာက CPF Account ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် Private ပါ။ စင်္ကာပူနိုင်ငံပြည်တွင်းမှ ဘဏ်များ
ကနေ တစ်စုံတစ်ခုအတွက်လိုအပ်လို့ CPF Statement တွေကိုကြည့်ချင်ရင် သူတို့ရဲ့ secure site တွေကတဆင့်သော်လည်းကောင်း၊
print ထုတ်ပေးတဲ့ CPF Statement ကိုလည်းကောင်း တင်ပြလို့ရပါတယ်။ CPF Statement ကို အခုလိုနည်းပညာ ခေတ်ကြီးမှာ
အတုလုပ်လို့မရဘူးလို့တော့ မပြောလိုပေမယ့် တော်ရုံတော့ အတုမလုပ်ကောင်းဘူးထင်ပါရဲ့။ အခုတော့ လူတွေကြားထဲမှာ ကိုယ့် CPF
Account ကို SingPass နဲ့ဝင်ပြပြီး သူမကြည့်ချင်တဲ့ statement တွေကိုဖွင့်ပြခိုင်းပါတယ်။ ကိုယ့် account ကိုလူတွေမြင်တော့ ဘာဖြစ်
သလဲ အသားပဲ့ပါသွားတာမှတ်လို့ လို့ စောဒကတက်လို့ရပေမယ့် ဒီဟာက private and confidential ဖြစ်တဲ့အတွက် အဖြစ်သင့်တာ ကိုကြုံလို့ရေးဖြစ်လိုက်တာပါ။

သို့သော်လည်းပဲ အခွန်စစ်ပေးတဲ့ အရာရှိအမျိုးသမီးက သူမတက်နိုင်သလောက်အခွန်ကို လျှော့ပေါ့လုပ်ဆောင်ပေးပါတယ်။ ၂၀၀၉ ခုနှစ်
အတွင်းမှာ ကျနော်ပီအာဖြစ်လာပြီးတဲ့နောက် မြန်မာပြည်ပြန်နေတာတွေ စင်္ကာပူပြန်လာတော့ စီးပွားပျက်ကပ်ကြောင့်အလုပ်ရှာမရလို့
အလုပ်လက်မဲ့နေခဲ့ရတဲ့ကာလ၊ ရရာအလုပ်လုပ်ဖြစ်လိုက်တဲ့ ချန်ဂီလေဆိပ်ကအလုပ်မှာ လုပ်ခဲ့တဲ့ကာလမှာ လစာအဝင်နည်းနေတာတွေ
ကို CPF မှာတွေ့တဲ့အတွက် ၂၀၀၉ ခုနှစ်မှာ ၁၀ လစာလောက်အခွန်ဆောင်စရာမလိုလိုက်ပါဘူး။ ဒီအတွက်တော့ ကျေးဇူးတင်စရာပါပဲ။
အရင်ကကျန်ခဲ့တဲ့အခွန်တွေ၊ မြန်မာပြည်မှာ ပြန်ဆောင်ထားတဲ့အတွက် ကွာခြားခွန်တွေနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာအထိအခွန်အကုန်ကျေ
အောင်ဆောင်လိုက်တာ စင်္ကာပူ ၃၀၀၀ ကျော်လောက်တော့ထွက်သွားပါတယ်။ ၂၀၁၂ ကစပြီး နိုင်ငံတော်ရဲ့စေတနာကြောင့်အခွန်ကင်း
လွှတ်ခွင့်ပြုလိုက်တယ်ဆိုတော့ ကျနော့်မှာ အစိုးရနဲ့ပတ်သတ်ပြီးဘာအကြွေးမှမကျန်တော့ပါဘူး။ အခွန်ဆောင်ငွေသွင်းဖို့အတွက်
ဘားကုဒ်ပါတဲ့ လက်ခံဖြတ်ပိုင်းလေးတစ်ခုပေးပြီး ညနေ ၃ နာရီမှာပြန်လာပါဆိုတော့ ဘာမှလုပ်စရာမရှိတော့တဲ့အတွက်အိမ်ပြန်ပြီး နားနေ
လိုက်တယ်။ နေ့လည် ၂ နာရီခွဲလောက်မှာတော့ သံရုံးကိုပြန်သွားပြီး ထိုင်စောင့်နေတော့ ၃ နာရီခွဲမှာ လူနာမည်တွေကို နားနေဆောင်
အသံချဲ့စက်ကနေတဆင့်ခေါ်ပါတယ်။ ဒီလိုခေါ်ရာမှာလဲ မနက်ကစီထားတဲ့ Q နံပါတ်အတိုင်းခေါ်တာ သတိထားမိပါတယ်။ ကိုယ့်နာမည်
ခေါ်တဲ့အခါ ကောင်တာကိုသွားကျသင့်တဲ့ အခွန်ငွေပေးပြီးမှာတော့ ကျနော့်ကိစ္စ အကုန်ပြီးလို့ အခွန်ကြေစာရွက်လေးကိုင်ပြီးသံရုံးကနေ ပေါ့ပေါ့ပါးပါးထွက်လာဖြစ်ပါတယ်။

ရန်ကုန်သို့ အမြန်

ဒီ ၂၀၁၂ အတွင်းရန်ကုန်ကိုပြန်ဖို့ ခရီးစဉ်စီစဉ်ထားတာ မရှိဖူးလို့ ခဏခဏ ပြောဖြစ်လို့ထင်ပါရဲ့ ဒီကားပါမစ်ကိစ္စ အတွက် ရန်ကုန်ကို
အလျှင်အမြန်ပြန်ဖို့ စီစဉ်ဖြစ်ပါတယ်။ သိတဲ့အတိုင်း တရုတ်နှစ်ကူးကာလဖြစ်နေတာကြောင့် လေကြောင်းလိုင်းတွေအကုန်ကြပ်ပြီး ဈေး
အမြင့်တွေကြီးပဲဖြစ်နေတာပါ။ တိုက်ရိုက်လေကြောင်းတွေဖြစ်တဲ့ Silk Air ကတော့ ၆၀၀ ကျော်အနားတောင်မကပ်နိုင်၊ Jet Star ကတော့
သူ့ထုံးစံအတိုင်းသွားမယ့်ရက်နီးလေဈေးကြီးလေဖြစ်တဲ့အတွက် ၇၀၀ နားကပ်နေ၊ နောက်ဆုံး ရွေးချယ်စရာမရှိတဲ့နောက် MAI ကိုကြည့်
တော့ ၄၅၇ တဲ့။ အခြားလေကြောင်းလိုင်းတွေကို online ကပဲဝယ်လေ့ရှိပေမယ့် MAI ကိုတော့ တခါမှ online ကမဝယ်ဖြစ်တော့ မရဖူး လို့ပဲထင်နေတာ၊ အိမ်မှာတူတူနေတဲ့ တစ်ယောက်က MAI ကိုonline ကဝယ်ထားတယ်ဆိုတော့ဒီတခါစမ်းကြည့်မှပဲဆိုပြီးလုပ်ကြည့်တော့
မဆိုးဘူးဗျ၊ အခြား Airline ကြီးတွေလိုတော့မဟုတ်ပေမယ့် အရင်ကထက်စာရင် အများကြီးတိုးတက်လာတယ်ပြောရမှာပါ။ သို့သော်
MAI ရဲ့ fare ကိုကြည့်ထားပြီး မဝယ်ဖြစ်သေးပါဘူး။ ဘန်ကောက်တစ်ဆင့်ခံ၊ ကွာလာလမ်ပူ တစ်ဆင့်ခံပျံသန်းမှုတွေကိုလိုက်ကြည့်ဖြစ်
သေးပါတယ်။ ဈေးကမကွာဘူး ဆိုရင် MAI ကို မရွေးချယ်ချင်တာကျနော့်ဆန္ဒပါပဲ။ နောက်ဆုံးမှာတော့ ရှာဖွေလို့ရသမျှလေကြောင်းတွေ
မှာ MAI ကဈေးအသက်သာဆုံးဖြစ်နေတော့ သူ့ကိုပဲ online ကတဆင့်ဝယ်ယူဖြစ်လိုက်ပါတယ်။ online transation ဟာ တခြားလိုင်း
တွေမှာ ဝယ်သလိုပဲ ချောမွေ့မြန်ဆန်ပါတယ်။ e-ticket ကိုလဲ ငွေပေးချေပြီးပြီးချင်းပဲ မိနစ်ပိုင်းအတွင်းပြန်ရပါတယ်။ ဒီအတွက်တော့
MAI ကို အရင်ကထက်ပိုပြီး အထင်ကြီးမိပါရဲ့။ ဇန်နဝါရီလ (၉) ရက်နေ့မှာ အခွန်ဆောင်တဲ့ကိစ္စ ပြီး၊ (၁၀ နဲ့ ၁၁) မှာ ရုံးမှာလုပ်စရာရှိတာ
လေးတွေလုပ်၊ (၁၂) ရက်နေ့နေ့လည်အထိရုံးတက်ပြီး၊ ညနေ MAI လေကြောင်းနဲ့ ရန်ကုန်ပြန်လာဖြစ်ပါတယ်။

၁၂ ရက်နေညနေ ၇ နာရီ ၄၀ မိနစ် မှာထွက်မှာဆိုတော့ ချန်ဂီကို နေတဲ့ Commonwealth ကနေရထားပဲစီးသွားဖြစ်ပါတယ်။ ရန်ကုန်ပြန်
ရင်သိတဲ့အတိုင်း ဟိုဟာထည့်ဒီဟာထည့်နဲ့ luggage က ၂ လုံးဖြစ်သွားတော့ ရထားဘူတာကို အိမ်မှာနေတဲ့ ညီလေး စံလင်းကိုဘူတာ
လိုက်ပို့ပေးဖို့အကူအညီတောင်းရတယ်။ လေဆိပ်ရောက်တော့ T3 Mall မှာဝယ်စရာတွေဝယ်ခြမ်းပြီး MAI ကောင်တာကိုတန်းစီတော့
မယုံနိုင်စရာကောင်းအောင်တန်းရှည်ပြီး ကောင်တာကိုရောက်ဖို့ နာရီဝက်ကျော်လောက်တန်းစီလိုက်ရပါတယ်။ checked baggage က
ကီလို ၂၀ ပဲရပေမယ့် ချိန်လိုက်တော့ ၂၄ကီလိုရှိနေသော်လည်း ကောင်တာဝန်ထမ်းက သဘောကောင်းစွာလွှတ်ပေးလိုက်ပါတယ်။
ကိုယ့်ဟာကိုယ်တောင်အဲ့လောက်ပိုနေတာ အနောက်ကတန်းစီနေတဲ့ အမျိုးသမီးကြီးတစ်ယောက်က ကီလိုပိုရင်ပိုချိန်ရအောင်ဆိုပြီး အဖော်ကစပ်နေသေးတာ။ တန်းစီနေတုံး လေဆိပ်ဝင်ပေါက်လုံခြုံရေးကနေ ကောင်တာကိုပြန်ပြန်ခေါ်လာတဲ့ ခရီးသည်တွေတွေ့တော့
ဘာကြောင့်လဲလို့ စပ်စုလိုက်တာ ထုံးစံအတိုင်း hand carry bag ကိုကောင်တာမှမပြပဲ တစ်နေရာမှာထား အထဲဝင်ခါနီးမှယူပြီးဝင်တဲ့သူ၊
hand carry ကို ၁ ခုမက ၂ခု ၃ ခုတစ်ကိုယ်လုံးရှုပ်ယှက်ခပ်နေသူများ ကို ဝင်ပေါက်မှာ boarding pass စစ်တဲ့ လေဆိပ်လုံခြုံရေးကနေ
ရန်ကုန်ကိုသွားမယ့် MAI ခရီးသည်လို့ boarding pass မှာတွေ့ရရင် hand carry မှာ ချိတ်ပေးလိုက်တဲ့ tag (sticker) ကို ရှာကြည့် ပါတယ်။ အဲ့တာမတွေ့ရင် ပေးမဝင်ပဲ ကောင်တာကိုပြန်သွားခိုင်းတာတို့ လိုက်ပို့တာတို့လုပ်ပါတယ်။ MAI ခမျာမှာလဲ ခံရပါများလာတဲ့
အတွက်အခုလိုကြပ်ကြပ်မတ်မတ်လုပ်ဆောင်လာတာလို့ မြင်ပါတယ်။ ဒီနေရာမှာလဲ လေကြောင်းလိုင်းတိုင်းရဲ့ Economy Class ဟာ
ခရီးသည်တစ်ယောက်အတွက် hand carry ကိုတစ်ခုသာယူဆောင်ခွင့်ပေးပါတယ်။ ကင်မရာ၊ မိန်းမကိုင် လက်ဆွဲလက်ကိုင်အိတ်၊ လွယ်
အိတ်အသေးလိုမျိုးကိုတော့ ထည့်မတွက်ကြပါဘူး။ ကျနော်တို့ မြန်မာပြည်သွားမြန်မာခရီးသည်များကတော့ လက်ဆွဲလက်ကိုင်အိတ်လဲ
ပါတယ်၊ hand carry လက်ဆွဲသေတ္တာလဲပါတယ်၊ တချို့များ ကျောပိုးအိတ်မှာအပြည့်အသိပ်ထည့်ထားတာတွေလဲပါပါသေးတယ်။
ဒီတော့ လေကြောင်းလိုင်းအနေနဲ့ အခုလိုကြပ်မတ်လာရတာကိုအပြစ်ပြောလို့တော့မရပဲ ကျနော့်အနေနဲ့ ထောက်ခံပါတယ်။ ဟိုးအရင်
ကရေးခဲ့တဲ့ လေကြောင်းလိုင်းနဲ့ပတ်သတ်တဲ့ ပိုစ့်တွေမှာရေးခဲ့သလိုပဲ လူတစ်ယောက်အတွက် hand carry (7) ကီလိုသတ်မှတ်ထားပေ
မယ့် လူတစ်ယောက်ကို (၅)ကီလိုလောက်ပိုသယ်လာကြရင် အယောက် (၁၄၀)ပါ ခရီးသည်အပြည့်လေယာဉ်တစ်စင်းမှာ ကီလို ၇၀၀
လောက်ပိုထွက်လာပါတယ်။ ဒါ့အပြင် check in luggage တွေမှာ ပိုလာတဲ့ အလေးချိန်တွေပါထပ်ထည့်လိုက်ရင် အနည်းဆုံး ကီလို ၁၀၀၀
ကတော့ ပိုကျော်လာနိုင်ပါတယ်။ ဒီအလေးချိန်တွေဟာ လေယာဉ်ပျံသန်းဖို့ တွက်ချက်တဲ့ဟာကို ပြောင်းလဲစေနိုင်ပါတယ်။ တစ်လက်စ
ထဲကြုံလို့ပြောရရင် ခရီးသည်တွေရဲ့ လက်ကိုင်ဖုံးတွေကို လေယာဉ်ပြေးလမ်းပေါ်ဆင်းပြီးတာနဲ့ ဖွင့်ကြတဲ့ကိစ္စပါ။ ကျနော်ကပိုင်းလော့
တစ်ယောက်မဟုတ်ပေမယ့် သိသလောက်ပြောရရင် ပြေးလမ်းပေါ်ဆင်းပြီးပေမယ့် လေကြောင်းထိန်းမျှော်စင်ကနေတဆင့် လေယာဉ်ကို
အဆင်ပြေချောမွေ့စွာဆိုက်ကပ်နိုင်ဖို့ လမ်းညွှန်မှုတွေလုပ်ရပါသေးတယ်။ ခရီးသည်တွေက လက်ကိုင်ဖုံးတွေကိုဖွင့်ကြတဲ့အခါမှာ တော့
မျှော်စင်ကနေလေယာဉ်ကိုပေးပို့တဲ့ navigation system ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်ကျနော့် ညီအကိုမောင်နှမများ
လက်ကိုင်ဖုံးဖွင့်ချင်တယ်ဆိုရင် လေယာဉ်ပျံ ဂိတ်မှာဆိုက်မှသာဖွင့်ကြဖို့ ကိုယ်တစ်ယောက်ထဲအတွက်မဟုတ်ပဲ လေယာဉ်ပေါ်ပါတဲ့လူ
တိုင်းအတွက်တိုက်တွန်းလိုပါတယ်။

မြန်မာနိုင်ငံအလံတင် နိုင်ငံပိုင်လေကြောင်းကို ဒုတိယအကြိမ်မြောက်စီးဖူးခြင်းကတော့ ကျနော့်အတွက်အထင်ကြီးစရာ တစ်စက်မှဖြစ်
မလာရပါဘူး။ ညစာအဖြစ်တည်ခင်းကျွေးမွေးတဲ့အခါ ရွေးချယ်စရာ ၂ မျိုးအဖြစ် အုန်းထမင်းနဲ့ကြက်သား နဲ့ ခေါက်ဆွဲနဲ့ငါးပါ။ Crew က
အုန်းထမင်းလို့ပြောတော့ ရုတ်တရက် မြန်မာစာစားချင်တဲ့အာသီသဖြစ်ပြီး အုန်းထမင်းစားမယ်ပြောလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့
Nasi Lamek ဖြစ်နေပါရောလား။ သူ့ကိုလဲအပြစ်ပြောလို့မရပါဘူး။ တကယ်တော့ Nasi Lamek ဟာ အုန်းထမင်းမှတ်လား။ ခက်တာက
ကောင်းရင်တော်သေးရဲ့ ရပ်ကွက်ထဲကဈေးထဲမှာရောင်းတဲ့ Nasi Lamek ကမှသူ့ထက်အများကြီးသာပါအုံးမယ်။ ကျနော်ပဲကံဆိုးတာလား
မသိဘူး၊ ကျနော့်အတွက် ကြက်သားက တူးနေပါသေးတယ်။ Crew တွေရဲ့စကားပြောဟန်၊ ဝန်ဆောင်မှုပေးဟန်က စက်ရုပ်တအားဆန်
ပါတယ်။ ရန်ကုန်ကို ပျံသန်းနေစဉ်အတွင်း ထုံးစံအရလေယာဉ်မှူးက နှုတ်ဆက်စကားပြောပြီး လေယာဉ်ပျံသန်းမှုလမ်းကြောင်းကိုရှင်းပြ
လေ့ရှိပေမယ့် စင်္ကာပူ - ရန်ကုန် ခရီးမှာ လေယာဉ်မှူးစီကဘာမှမကြားရပါဘူး။ ရန်ကုန်ရောက်ခါနီးမှ ရန်ကုန်ကိုဆင်းတော့မယ်နဲ့အတူ
ပြင်ပရာသီဥတု ဘာညာနည်းနည်းလေးပဲပြောသွားပါတယ်။ ရန်ကုန်ကိုတော့ ချန်ဂီလို Air traffic မိမနေပဲ တိုက်ရိုက်ဆင်းသက်ဖြစ်ပါ
တယ်။

အဆင့် (၂) အကောက်ခွန်သို့ နိုင်ငံခြားငွေ ယူဆောင်လာသောပမာဏတင်ပြရန်

လေဆိပ်ထဲရောက်တော့ လဝက ကောင်တာတွေ က အရင်ကထက်တော့ပိုများနေတာသတိထားမိပါတယ်။ အခွန်အပြည့်အဝဆောင်ထား
ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ပြပေးလိုက်တဲ့အတွက် အပြန်အတွက် d-form လုပ်စရာမလိုတော့ပါဘူး။ လဝက ကလဲ မလိုအပ်
တဲ့မေးခွန်းတွေမေးမြန်းခြင်း၊ ဟိုဟာဒီဟာများတောင်းခြင်းတွေလဲ မလုပ်ပါပဲအေးအေးဆေးဆေးပါပဲ။ နောက်ထူးထူးခြားခြား တိုးတက် လာတာက checked baggage တွေဟာအရင်လိုကြာမနေပဲ အမြန်ထွက်လာပါလားဆိုတော့မှာ ကျနော်တို့ချန်ဂီတို့အခြားနိုင်ငံတကာ လေဆိပ်ကြီးတွေမှာလို Custom နေရာမှာ X-Ray စက်ကြီးတွေချထားပြီး ပစ္စည်းတွေကိုစစ်ပါတယ်။ တကယ်တော့အဲ့လိုဖြစ်သင့်နေခဲ့တာ အတော်ကိုကြာနေပါပြီ။ အရင်ကတော့ စက်ကိုအထဲမှာထား တစ်ခုခုကိုကြက်ခြေခတ်ခြစ်နဲ့ဆိုတော့ မြင်မကောင်းတဲ့အပြင်မလိုလားအပ် တဲ့အချိန်တွေကိုပိုကြာစေပါတယ်။ ကားပါမစ်အတွက် ငွေစာရင်းဖွင့်ဖို့အတွက် ပြည်ပကနေ အမေရိကန်ဒေါ်လာယူလာတဲ့သူများအနေနဲ့
တော့ လေဆိပ်အထွက် အကောက်ခွန်ကောင်တာ အေကောက်ခွန်ကြော်ငြာရန်ပါရှိသည်ဆိုတဲ့ အနီရောင်လိုင်းကကောင်တာမှာ တန်းစီ
ဖို့လိုပါတယ်။ လေယာဉ်ပေါ်မှာထဲကပေးလိုက်တဲ့ အကောက်ခွန်ကြော်ငြာလွှာမှာ ယူဆောင်လာတဲ့ငွေကြေးပမာဏတန်ဖိုးအမှန်ကိုရေးဖို့
လိုပါတယ်။ ပြီးတော့ အကောက်ခွန်အရာရှိကပေးတဲ့ စာရွက်နောက်တစ်ခုမှာထပ်ဖြည့်ပြီး အရာရှိကနေငွေကို အကြမ်းစစ်ဆေးပါတယ်။
ဖော်ပြထားတဲ့ပမာဏဟုတ်မဟုတ် စစ်တဲ့သဘောပါ။ မသင်္ကာရင် တစ်ရွက်ချင်းရေပါတယ်။ ကားပါမစ်အတွက်သွားကြတဲ့ သူတွေအဖို့
ဒီကိစ္စဟာမဖြစ်မနေလိုပါတယ်။ (ဘာကြောင့်လိုတယ်ဆိုတာ နောက်ပိုင်းတွင်းရှင်းပြပါမည်)။ အရာရှိစီကနေစစ်ဆေးပြီးကြောင်းလက်မှတ်
ထိုးပြီးရင်တော့ ကိစ္စပြီးပါပြီ။ သူတို့ပေးလိုက်တဲ့စာရွက်ကိုယူပြီး အပြင်ကိုတန်းထွက်ရုံပါပဲ။ ဒီငွေတွေဘာကြောင့်ပါလာတာလဲ၊ ဘာအလုပ်
လုပ်တာလဲ စတဲ့မေးခွန်းတွေလဲ မမေးပါဘူး။ တကယ်လို့မေးခဲ့ရင်လဲ ကျနော်တို့သံရုံးမှာဆောင်ခဲ့တဲ့ အခွန်ပြေစာတွေပြလိုက်ရုံသာရှိပါ
တယ်။ အကောက်ခွန်ကောင်တာဟာဘာပြသနာမှမရှိပေမယ့် မြန်မာနိုင်ငံရဲ့ ဖြစ်နေကျပြသနာဖြစ်တဲ့ လူတွေကိုတန်းမစီခိုင်းပဲ ကြုံရာလက်
မြန်ရာလူရဲ့စာရွက်ကို process လုပ်ပေးနေတာပါပဲ။ တကယ်ဆိုရင် တစ်ယောက်ချင်းတန်းစီ စစ်စရာရှိတဲ့ငွေစစ်၊ လက်မှတ်ထိုးပေးလိုက်
ရင် အလုပ်လဲမြန်မယ် စေ့စပ်သေခြာမှုလဲရှိမှာအမှန်ပါပဲ။ ကျနော်တို့လို ပုံစံခွက်အတိုင်း အော်တိုမစ်တစ် တန်းစီကြတဲ့ စင်္ကာပူလိုနိုင်ငံက
လာတဲ့လူများနဲ့ မကိုက်လှပါဘူး။ ဒီငွေကိုဘာကြောင့်ပြရသလဲဆိုတော့ အလုပ်သမားရုံးက ဒုတိယညွှန်ချုပ်ရဲ့ပြောစကားအရတော့ ဒီငွေ
ဟာတရားဝင်လမ်းကြောင်းကလာတဲ့ ငွေဖြစ်ရပါမယ်တဲ့။ အဝင်မှာ အေကာက်ခွန်ကို ငွေပမာဏကြော်ငြာခဲ့ရပါမယ်လို့ဆိုလို့ပါ။ သူတို့
လိုအပ်တဲ့စာရွက်စာတမ်းစာရင်းမှာမပါပေမယ့် ခုတမျိုးတော်ကြာတမျိုးဖြစ်နေတော့ တကယ်တင်မယ်ဆိုမှ လိုတယ်ပြောမှာဆိုးလို့ပါ။


အဆင့် (၃) စာရွက်စာတမ်းများစုဆောင်းခြင်း

ဒီနေရာမှာတော့ ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တွေကိုပဲ ရေးသွားဖြစ်မှာပါ။ ဒီထဲကမှ လုပ်ရမယ့်အချက်အလက်တွေ၊ စုဆောင်းရမယ့် ဟာတွေ
ကိုပါထည့်သွင်းဖော်ပြပေးသွားပါမယ်။ ဇန်နဝါရီလ (၁၃) ရက်မှာ မဟာဗန္ဒုလပန်းခြံလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ MFTB လို့
ခေါ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုသွားပါတယ်။ ဘဏ်က မနက် ၉ နာရီခွဲမှာဖွင့်တာကြောင့် ၉ နာရီခွဲအရောက်သွားရင်အတော်
ပါပဲ။ ဘဏ်မှာ စုံစမ်းရေးကောင်တာရယ်လို့ သတ်သတ်မှတ်မှတ် ရှိပုံမရသလို ရှိရင်လဲဘာဆိုင်းဘုတ်မှထောင်ထားတာတွေ့ရမှာမဟုတ်
ပါဘူး။ အပေါက်ဝမှာ ဝင်ခွင့်ကဒ်ပြားကို မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်နဲ့လဲယူ၊ ယူလာတဲ့အိတ်တွေကို X-Ray စက်နဲ့အရှာခံ
ပြီးတဲ့နောက်မှာတော့ အကောင့်ဖွင့်ဖို့ ဟိုမေးဒီမြန်း နဲ့ Opening Section ကိုရောက်သွားပါတယ်။ အဲ့ဒီမှာရှိတဲ့ အမျိုးသမီးစာရေးမကြီး
က စာရင်းဖွင့်ဖို့လိုအပ်တဲ့ အောက်ပါစာရွက်စာတမ်းတွေနဲ့ ရေးရမယ့် လျှောက်လွှာပုံစံတွေကိုထုတ်ပေးပြီး မိတ္တူသွားကူးခိုင်းပါတယ်။

A. မိမိအလုပ် မှ Appointment Letter and Employment Contract. (Contract မရှိတဲ့သူများအတွက် အလုပ်မှ Offer Letter လဲရ)
B. မိမိ၏ သက်ဆိုင်ရာအလုပ် မှ ခွင့်စာ (leave form)
C. သက်ဆိုင်ရာ သံရုံးများကို အခွန်အပြေသွင်းပြီးကြောင်း ထောက်ခံစာ
D. Passport Copy
E. Myanmar NRIC Copy
F. MFTB Bank မှာ account ဖွင့်ထားသူ ၂ ဦး ရဲ့ထောက်ခံစာ နှင့် ၄င်းတို့၏ account စာအုပ် ကော်င်္ပီများ
G. ဓာတ်ပုံ passport size 2 ပုံ။
H. ပူးတွဲစာရင်း (Join Account) အတွက် ပူးတွဲမည့်သူ၏ မှတ်ပုံတင်မိတ္တူ နှင့် passport size ဓာတ်ပုံ (၂) ပုံ
I. ကိုယ်တိုင်ရေးရမည့်လျှောက်လွှာတစ်စောင်

မှတ်ချက်။ ။ ကားပါမစ်ကိစ္စအတွက် စာရင်းဖွင့်လိုသူများအနေဖြင့် Join Account ဖွင့်ရန်မဖြစ်မနေလိုပါသည်။ မိမိ ရန်ကုန်တွင် နေပြီး
ကားရောက်တဲ့အထိနေမယ်ဆိုရင်တော့ မလိုပါ။ Join Account ဖွင့်ရန်အတွက် မိမိ ၏ မိသားစုဝင်ဖြစ်ရပါမည်။

အဲ့ဒီစာရွက်စာတမ်းတွေရရင်ပြန်လာခဲ့ လို့ပြောပြီး ဒီအထဲမှာ သူတို့ဘဏ်မှာဖွင့်ထားတဲ့ စာရင်းပိုင်ရှင် ၂ ယောက်ဆိုတာတော့ နည်းနည်း
ခက်တယ်နော် လို့ သူမကပြောပါတယ်။ ဒါကို ကျနော်ကနားမလည်ပဲ သဘောရိုးပဲတွေး၊ စင်္ကာပူမှာနေတာကြာပြီဖြစ်တော့ ဒီလိုစာရွက်
စာတမ်းတွေလိုတယ်လို့ပြောလိုက်ရင် ဒါတွေကို အမှန်အတိုင်းမဖြစ်မနေရဖို့ပဲစိတ်ကူးရှိလို့ ဘာမှပြန်မပြောတော့ပဲ ဟုတ်ကဲ့ရအောင်
လုပ်ပါမယ်လို့ပြောပြီးထွက်လာခဲ့မိတယ်။ ကျနော့်စိတ်ထဲမှာတော့ အပြင်ကဆိုင်လေးတွေမှာများလုပ်လို့ရမယ်ပေါ့ ဘဏ်ကလူစီမှာတော့
မရလောက်ဖူးဆိုပြီး ပါလာတဲ့အမေကိုဆိုင်တွေလိုက်စုံစမ်းကြည့်ပါလားလို့မေးတော့ အမေလဲ စင်္ကာပူမှာနေတာကြာသွားလို့ထင်ပါရဲ့
မရလောက်ပါဘူး၊ အခုရန်ကုန်မှာ အမှန်အတိုင်းပဲရတယ်ဆိုပဲ။ အင်းဒါဆိုလဲပြီးတာပဲပေါ့ ဆိုပြီးသားအမိ ၂ ယောက် ဒီစာရင်းပိုင်ရှင် (၂)
ယောက်ကို အရှာထွက်ကြပါတယ်။ တစ်ယောက်ကိုတော့ ဦးလေး အရင်းစီကရပြီး နောက်တစ်ယောက်ကိုတော့ မိတ်ဆွေတစ်ယောက်စီ
ကနေရပါတယ်။ သောကြာဆိုတော့ ရုံးက Saturday Sunday ခံသွားပြီဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပဲ စုဆောင်းတင်္နလာမှပဲ
ဆက်လုပ်တော့မယ်ဆိုပြီး (၈) မိုင်ကပြည်ပအလုပ်သမားအေဂျင်စီကိုပြေးပါတယ်။ အဲ့ဒီကိုမရောက်ခင်မှာ အလုပ်သမားမှတ်ပုံတင်အတွက်
ဆိုပြီး ကန်တော်ကြီးကအလုပ်သမားမှတ်ပုံတင်ရုံးလဲရောက်တယ်၊ ရန်ကင်းကျောက်ကုန်း ကုန်းဆင်းက ပြည်ပအလုပ်သမားသင်တန်း
ကျောင်းကိုလဲရောက်ပါတယ်။ နောက်ဆုံး (၈)မိုင်ရုံးရောက်တော့မှပဲ ရှင်းသွားတော့တယ်။

(၈)မိုင်က ပြည်ပအလုပ်သမားအေဂျင်စီဆိုတာကတော့ တခြားရောက်ခဲ့သမျှရုံးတွေထဲမှာ စနစ်နည်းနည်းကျတယ်ပြောရမှာပါ။ ကားပါမစ်
အတွက်လျှောက်လွှာပုံစံကို ငွေကျပ် (၅၀၀) နဲ့ဝယ်ရပါတယ်။ ကားပါမစ်လျှောက်လွှာပုံစံနဲ့အလုပ်သမားမှတ်ပုံတင်ကြေးအတွက် ငွေပေး
သွင်းခွင့်လျှောက်လွှာတို့ပါ။ အဲ့ဒီကအလုပ်သမားမှတ်ပုံတင်ကြေးပေးသွင်းခွင့်လျှောက်လွှာမှာ လိုတာတွေဖြည့်၊ passport မိတ္တူနဲ့အတူ
အဲ့ဒီရုံးမှာ ရုံးထိုင်တဲ့ ဒုတိယညွှန်ကြားရေးမှူးချူပ်ရုံးခန်းမှာ သွားပြီး သူ့ကိုလတ်မှတ်ထိုးခိုင်းရပါတယ်။ မထိုးမီမှာတော့ ၄-၅ယောက်တတွဲ
ဝင်သွားကြရပြီး အရာရှိကြီးကလျှောက်လွှာတစ်ဦးချင်းစီကိုနာမည်ခေါ်ပြီး အခွန်အကြေဆောင်ပြီးပြီလား၊ ငွေကိုနိုင်ငံခြားကယူလာရင်
အကောက်ခွန်မှာ ကြေငြာလာခဲ့လား စတာတွေမေးပြီးတော့ သူကလတ်မှတ်ထိုး ပြီး စာရွက်ကိုပြန်ပေးပါတယ်။ အလုပ်သမားမှတ်ပုံတင်
ကြေး FEC 100 ကိုပေးမသွင်းမီ ဘဏ်နဲ့သေခြာမေးမြန်းဖို့၊ ဘဏ်စာရင်းဖွင့်ခွင့်ရမရ သေခြာမေးမြန်းဖို့နဲ့ တကယ်လို့ဘဏ်စာရင်းဖွင့်
ခွင့်မရခဲ့ရင် ဒီငွေ ၁၀၀ ဆုံးမှာဆိုတဲ့အကြောင်းလဲ သေခြာရှင်းပြပေးတာ ကျေးဇူးတင်ရမှာပါ။ တကယ်တော့ ကျနော်တို့လို အလုပ်သမား
အေဂျင်စီကနေတဆင့်မလာပဲ ကိုယ့်အစီအစဉ်နဲ့ပြည်ပထွက်အလုပ်လုပ်တဲ့သူတွေကို သူတို့အလုပ်သမားအေဂျင်စီကနေဘာကဒ်ပြားမှ
ထုတ်ပေးမှာမဟုတ်ပဲ မှတ်ပုံတင်ကြေးဆိုပြီး ငွေ ၁၀၀ သာယူလိုက်တာပါ။ သူတို့ပြောတဲ့အလုပ်သမားမှတ်ပုံတင်ကဒ်ပြားကိုလဲ လုပ်ခွင့်
မရပါဘူးတဲ့။ သူတို့အသိအမှတ်ပြုထားတဲ့ အလုပ်သမားပို့တဲ့ company တွေကမှတဆင့်လုပ်ပေးတာပါဆိုပြီး သိလိုက်ရပါသေးတယ်။
ခုနကပြောတဲ့ အလုပ်သမား မှတ်ပုံတင်ကြေး ငွေ ၁၀၀ ပေးဖို့လျှောက်လွှာရရင်တော့ စာရွက်စာတမ်းတွေစုံသလောက်ရှိသွားပါပြီ။
အဲ့ဒီလျှောက်လွှာကို MFTB ဘဏ်သွားတဲ့နေ့မှာယူသွားပြီး ဘဏ်မှာကိုယ်တကယ်စာရင်းဖွင့်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ငွေသွင်းလို့ရပါပြီ။

(၈)မိုင်က အဲ့ဒီရုံးကိုကျနော်ရောက်ခဲ့စဉ်ကတော့ အဲ့ဒီလျှောက်လွှာတွေလက်ခံဆောင်ရွက်ပေးတဲ့ ဝန်ထမ်းများက ဘဏ်နဲ့ပတ်သတ်တဲ့
စာရွက်စာတမ်းတွေ ဘယ်လိုတွေလိုတာလဲ ဆိုတာကိုသူတို့မသိလို့ကျနော့်အမေကရှင်းပြခဲ့ရပါသေးတယ်။ တကယ်ဆိုရင် သူတို့လို
ဒီကားပါစစ်ကိစ္စ ကိုဆောင်ရွက်ပေးရတဲ့ အစိုးရရုံးအနေနဲ့သိသင့်သိထိုက်တာတွေကိုတော့ သူတို့အနေနဲ့သိထားသင့်ပါတယ်။ ဌာနဆိုင်
ရာအချင်းချင်းလဲ ပူးပေါင်းပါဝင်ပြီးကူညီသင့်တဲ့ကိစ္စ တွေပါ။ အခုဟာကတော့ ဟိုရုံးပြေးဒီရုံးပြေးနဲ့ အချိန်ကုန်ပြီးလူတွေပင်ပန်းပါတယ်။
ကျနော်ရေးတဲ့ဒီ ပိုစ့်လေးဖတ်ပြီးတဲ့သူများသွားလုပ်ရင်တော့ ကျနော့်လိုအချိန်ကုန်၊ ငွေကုန် လူပင်ပန်းမဖြစ်တော့ဘူးပေါ့ဗျာ။ :D

အဆင့် (၄) ဘဏ်စာရင်းဖွင့်ခြင်း

ဇန်နဝါရီလ (၁၆) ရက်ကတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ယူပြီး ဘဏ်ရှေ့ကိုမနက် ၉ နာရီ ၂၀ လောက်မှာရောက်ပါတယ်။
Opeing Section ကိုပဲတန်းသွားပြီး စာရွက်တွေရပြီဆိုတဲ့အကြောင်းပြောပြီးပေးတော့ ဟိုနေ့ကရှင်းပြပေးတဲ့ ဝန်ထမ်းအမျိုးသမီးကြီးပဲ
စစ်ဆေးပေးပါတယ်။ အားလုံးစုံနေအောင်လုပ်ထားလို့ ဘာမှမပြောပဲ ဒီစာရွက်ထပ်ကြီးကို တဖက်အဆောက်အအုံမှာရှိတဲ့ ဦးဆောင်
ညွှန်ကြားရေးမှူး (MD) ရုံးထိုင်ရာနေရာကိုသွားပို့ရပါမယ်လို့ပြောပါတယ်။ ဒီတော့ ကျနော်ကအဲ့ဒီကပြီးရင်ရောဆိုတော့ မနက်ဖန် ၁၁
နာရီလောက်ပြန်လာခဲ့ပါတဲ့၊ MD လက်မှတ်ထိုးပြီးလို့ပြန်ကျလာရင် နောက်ထပ်ဖြည့်စရာစာရွက်စာတမ်းတွေကျန်သေးတယ်ဆိုတော့
ကျနော်ကဘယ်လောက်လောက်ကြာမှာလဲဆိုတော့ ၅ ရက်ကနေ ၁၀ ရက်လောက်ကြာမယ်တဲ့။ ဒါဘဏ်စာရင်းဖွင့်တာပါပဲနော်။ စာရင်း
ဖွင့်ခွင့်ပြုပြီးတဲ့နောက်မှာ အဆင့်တွေကျန်သေးတယ်တဲ့ ဘာအဆင့်တွေလဲတော့ အတိအကျမမေးလာခဲ့တော့ပါဘူး။ ကျနော်ကWednesday ကိုပြန်မယ်လို့ပြောတော့ ဒီလိုဆိုရင်ထိုးစရာရှိတဲ့လက်မှတ်တွေထိုးထားခဲ့ပြီး Join Account နဲ့ထားခဲ့ပါတဲ့။ နောက်တော့
နောက်နေ့လက်မှတ်တွေထိုးတဲ့နေရာမှာလဲ ပထမပိုင်းမှာလိုအပ်တဲ့ စာရင်းပိုင်ရှင် (၂) ယောက်ကိုလဲခေါ်လာခဲ့ပါအုံးတဲ့ ဒီမှာသူတို့လဲထိုး
ရအုံးမယ်တဲ့။ အယ် ဟိုနေ့ကအဲ့လိုမပြောလိုက်ပါဘူး၊ ကျနော့်အတွက်စာရင်းပိုင်ရှင် (၂) ယောက်ကလဲ ပြည်တွင်းမှာရှိမနေပါဘူး။ ဒီတော့
ကျနော်ကအဲ့လိုဆိုအဆင်မပြေဘူးဆိုတော့ သူမက လမ်းကြောင်းအမှန်ကိုပြောပြမယ် ဒီမှာစီစဉ်ပေးလိုက်မယ် စာရင်းပိုင်ရှင် ၁ ယောက်
ကို တစ်သောင်းခွဲ၊ ၂ ယောက်ဆိုတော့ သုံးသောင်း၊ ကျွန်မအတွက်မပါသေးဘူးတဲ့။ နောက်နေ့ MD ရုံးခန်းကနေလျှောက်လွှာခွင့်ပြုချက်
ကျရင် ထိုးစရာရှိတဲ့လက်မှတ်တွေထိုးခဲ့ပြီး နိုင်ငံခြားပြန်မှာဆိုတော့ မန်နေဂျာနဲ့ဝင်တွေ့ရမယ်၊မန်နေဂျာအတွက် ဒါးကြီးပါတိတ်တစ်ကွင်း
လောက်ယူခဲ့ပါတဲ့။ သောကြာနေ့ကထဲကအဲ့လိုပြောလိုက်ရင် ကျနော်လဲအချိန်ကုန်ခံပြီး အမှန်အကန်တွေလိုက်စုမနေတော့ဘူးပေါ့။ အခု
တော့ အချိန်တစ်ရက်ကုန်သွားတာပဲ အဖတ်တင်ပါတယ်။ ကျနော်လဲ ဒီလိုဆိုလဲ ပြီးရောပေါ့ အခုလျှောက်လွှာမှာ ထောက်ခံပေးတဲ့လူတွေ
နဲ့ နောက်နေ့ကျရင်လာပြီး လူကိုယ်တိုင်ထောက်ခံတဲ့သူမတူတော့ ဘယ်လိုလုပ်မလဲဆိုတော့ ရတယ်တဲ့ အခုလောလောဆယ် ဒီအတိုင်း
တင်လိုက်တဲ့။ ပြီးရောပေါ့ဆိုပြီး MD ရုံးပေါ်တက်ပြီး လျှောက်လွှာသွားပို့ပါတယ်။ လျှောက်လွှာမှာရေးရမယ့်ပုံစံကိုအောက်က Opeing
Section ကနေယူပြီးရေးသော်လည်းပဲ MD ရုံးခန်းရှေ့ကစာရေးက လျှောက်လွှာမှာ Company Name နဲ့ ရာထူးမပါလို့ပြန်ရိုက်ပါတဲ့။
ကျနော်ကအောက်ကရုံးခန်းက ရေးခိုင်းတဲ့အတိုင်းရေးတာပါဆိုတော့ တစ်ဘဏ်တစ်ဌာနထဲမှာတင်နော် မဟုတ်ဘူး သူပြောတဲ့အတိုင်းပြန်
ရိုက်ပေးပါတဲ့ မဟုတ်ရင်အဆင်မပြေနိုင်ဘူးတဲ့ဆိုတော့ ကျနော်လဲလက်လျှော့လိုက်ပြီး နီးစပ်ရာအင်တာနက်ဆိုင်သွား e-mail ထဲသိမ်း
ထားတဲ့ လျှောက်လွှာပုံစံမှာပြန်ပြင်ရေးပြီး ပြန်သွားတာပေါ့။ အဲ MD အခန်းဝရောက်တော့ခုနကစာရေးမဟုတ်ပဲစာရေးမဖြစ်နေပြီး စာလေး
(၅) ကြောင်းလောက်ကို အခုမှဖတ်ဖူးတဲ့ ပုံစံနဲ့ (၅)မိနစ်လောက်ကြာအောင်ဖတ်ပြီး တစ်နေရာကိုလက်ညိုးထိုးပြီး ဒါကအဆင်မပြေဘူးတဲ့
ဘာလဲကြည့်လိုက်တော့ ကျနော်အလုပ်လုပ်တဲ့ Sankyu Singapore Pte Ltd ကိုရေးတဲ့နေရာမှာ Sankyu Singapore Pte ကအပေါ်
တစ်ကြောင်းနဲ့ Ltd က အောက်ကိုဆင်းသွားလို့ Company နာမည်ကိုစာကြောင်းတစ်ကြောင်းထဲမှာ မရေးလို့ မကြိုက်ဖူးတဲ့ စာရေးမ
ကပြောတယ်ဗျာ။ ကျနော်စာစီနေတုံးက သတိထားမိပေမယ့် ဒီလောက်ကတော့ ပြသနာမရှိပါဘူးလို့ထင်ပြီးမလုပ်လိုက်မိတာပါ။ ကျနော်
ဒီတခါတော့ သည်းမခံနိုင်တော့ပဲ ကျနော်ဘယ်သူပါလို့ ဆွေမျိုးစပ်ပြပြီး MD နဲ့ဝင်တွေ့မယ်ဆိုတော့ ခုနကစာရေးကောင်ပြန်ရောက်လာ
ပြီးရပါတယ်။ ပြသနာမရှိတော့ပါဘူးတဲ့။ ကျနော် ဘာမှမဟုတ်ပေမယ့် နီးစပ်ရာပတ်သတ်ရာပတ်သတ်ကြောင်း တွေများလှတဲ့အတွက်
လွန်ခဲ့တဲ့ (၅) နှစ်လောက်ကများစိတ်နဲ့ဆိုရင် ကျနော်ဘယ်သောအခါမှ သာမန်လမ်းကြောင်းတွေအတိုင်းမလုပ်ခဲ့သလို ငွေကြေးတစ်စုံ
တရာလဲမပေးခဲ့ပါဘူး။ သက်ဆိုင်ရာဌာနအကြီးအကဲဆီတိုက်ရိုက်တွေ့ဆုံပြီး လုပ်ခဲ့တာတွေကြီးပါပဲ။ အခုဟာကစင်္ကာပူမှာနေတာကြာလာ
တာနဲ့အမျှ ပုံမှန်အတိုင်းလုပ်လိုပေမယ့် အခုလိုဘာမဟုတ်တဲ့ဟာတွေကို ဇာချဲ့ပြီးလုပ်ခိုင်းတာတွေ၊ မလိုအပ်တဲ့ ကြိုးနီစနစ်တွေနဲ့ အချိန်
ဆွဲလုပ်ဆောင်မှုတွေကိုတွေ့ရကြုံရတော့ မြန်မာအစိုးရရုံးတွေနဲ့ ပတ်သတ်ရမယ်ဆိုရင် ဝေးဝေးကပဲနေပါတော့မယ်လို့ စိတ်ကူးမိတော့
တယ်ဗျာ။

ခုနကစာရွက်တထပ်ကြီးကို တင်ခဲ့ပြီးကာမှ Account Opening Section မှာ စုံစမ်းခဲ့တဲ့ အခြေအနေအရ သွင်းထားတဲ့ငွေ ၁ သောင်းက
နေမှ ကားဖိုးငွေချေတာတွေ၊ အကောက်ခွန်အတွက်အခွန်ပေးဆောင်တာတွေ စတာတွေကို အကုန်အသုံးပြုကြရမှာဖြစ်ပါတယ်တဲ့။
ဒါကြောင့်မို့လို့ သွင်းထားတဲ့ငွေကိုလဲ ဒီကားကိစ္စ မပြီးမချင်းပြန်ထုတ်ဖို့ရတော့ မလွယ်ကူလှပါဘူး။ ပြီးတော့ ဒီလောက်ရှုပ်ယှက်ခပ်တဲ့
မြန်မာအစိုးရရုံးများရဲ့ ကြိုးနီစနစ်တွေ၊ သတင်းအချက်အလက်မပြည့်စုံမှုတွေ၊ နိုင်ငံခြားမှာအလုပ်လုပ်တယ်ဆိုတိုင်း ငွေကြီး နင်းကန် တောင်းနေတဲ့ ဝန်ထမ်းတွေနဲ့ ဆက်ပြီးစိတ်ရှုပ်မခံနိုင်တော့တာကြောင့်လက်လျှော့ပြီး နောက်တစ်ရက်မှာ ပြန်ကျလာမယ့် လျှောက်လွှာ ခွင့်ပြုချက်ကိုတောင် သွားမယူတော့ပဲ လျှောက်လွှာသွားယူရမယ့်နေ့မှာ မယူတော့ပဲလေဆိပ်ကိုတန်းဆင်းပြီး ပြန်လာလိုက်တော့တယ်။

ဘဏ်ကိစ္စ မှာဆက်ပြီးလုပ်ဆောင်ချင်တဲ့ သူများအတွက်တော့ ခုနကပြောတဲ့အတိုင်း စာရွက်စာတမ်းတွေပြည့်စုံအောင်လုပ် (သို့မဟုတ်)
တောင်းသမျှငွေကိုပေးဖို့ယူသွားပြီး (၅) ရက်ကနေ (၁၀) ရက်အတွင်း စာရင်းဖွင့်လွှစ်ပြီး ငွေပေးသွင်းနိုင်ပါလိမ့်မယ်။ ဒီလိုငွေပေးသွင်းပြီး
ပြီဆိုရင်တော့ ပြည်ပအလုပ်သမားအေဂျင်စီကလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ (၈)မိုင်ရုံးမှာ အလွယ်တကူလျှောက်လွှာတင်လို့ရ
ပါတယ်။ ကားပါစစ်ရဖို့ကတော့ အခွင့်အလမ်းအများကြီးရှိပါတယ်။ ပါမစ်ကိုပြန်ရောင်းဖို့အတွက်တော့ ထပ်ပြီးစုံစမ်းဖို့လိုပါလိမ့်မယ်။
ကျနော်တို့ကိုတင်သွင်းခွင့်ပေးတဲ့ မော်ဒယ်လ်က ၂၀၀၇ အထက်ဖြစ်တဲ့အတွက် အစိုးရကို အခွန်ဆောင်နှုန်းအလွန်ပဲမြင့်မားလှပါတယ်။
သို့သော် တစ်နေ့ရွှေတစ်နေ့ငွေ ဖြစ်နေတဲ့ မြန်မာအစိုးရရဲ့ ပေါ်လစီတွေကချက်ချင်းကြီး အခွန်နှုန်းထားတွေ လျှော့ချပေးချင်လဲပေးလိမ့်
မယ်လို့ သတင်းတွေလဲထွက်ပေါ်နေပါတယ်။ အခုလောလောဆယ် ကျနော်တို့ပါမစ်လိုဆင်တူပါမစ်မျိုးဖြစ်တဲ့ သင်္ဘောသားပါမစ်ဆိုရင်လဲ
သိန်း (၂၀) ကနေ (၂၅) သိန်းအထိပဲဈေးရှိနေပါတဲ့သတင်းလဲကြားမိလို့ ကိုယ်တိုင်ရန်ကုန်သွားလုပ်ရမယ့်ကိစ္စ(ဘဏ်စာရင်းဖွင့်ခြင်း)၊
အခွန်အကြေဆောင်ရမယ့် ပမာဏ၊ လေယာဉ်လက်မှတ်ခတွေနဲ့ တွက်ချက်လေ့လာပြီးသွားပါလို့ အကြံပြုလိုပါတယ်။

အပြန်ခရီးမှာတော့ တက်သုတ်ရိုက်လေဆိပ်ကိုဆင်းခဲ့ပေမယ့် လေယာဉ်ပေါ်မှာ ခုံအပို ၂၀ ကျော်ရှိနေတာကြောင့် Go Show ကိုအလွယ်
တကူရပြီး လိုချင်တဲ့ခုံကို လျှောလျှောလျှူလျှူပေး ပြုံးပြနှုတ်ဆက်ဖော်ရတဲ့ MAI မြေပြင်ဝန်ထမ်းနဲ့ကြုံတောင့်ကြုံခဲတွေ့ရပြီးတိုးတက်
လာတဲ့ ဝန်ဆောင်မှုကို ထိတွေ့အသိအမှတ်ပြုမိပါတယ်။ အချိန်အလွန်စောနေတာကြောင့် သက်တောင့်သက်သာ နားနေရအောင်
MAI ကဖွင့်ထားတဲ့ CIP Lounge ဖြစ်တဲ့ Sky Smile lounge ကိုသွားပြီး မြည်းစမ်းကြည့်ဖြစ်ပါတယ်။ US$ 8 ပဲကျသင့်ပြီး မဆိုးလှပါဘူး။
ရန်ကုန်မြို့ရဲ့ အဆင့်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင့်နဲ့ဆိုရင် အတော်လေးကောင်းတယ်ပြောရမှာပါ။ စားစရာ snack အဖြစ်
(၆) မျိုးလောက်ရှိပြီး၊ ဗိုက်ပြည့်ပြည့်စားချင်တယ်ဆိုရင်တော့ ထမင်းကြော်နဲ့ ကြက်ဥကြော်လဲရှိပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အချို
ရည်များအပြင်၊ fruit juice မျိုးစုံနဲ့ မြန်မာဘီယာလဲရှိပါတယ်။ အညောင်းပြေထိုင်ဖို့အနိုပ်ထိုင်ခုံ၊ အင်တာနက်အတွက် Computer တွေ
လဲတွေ့ရပေမယ့် Wi-Fi တော့ လောလောဆယ်ဒေါင်းနေတယ်တဲ့ဗျာ။ သီးသန့်အိမ်သာပါ lounge ထဲမှာရှိပြီး ခန်းမကြီးထဲမှာ BAC က
စလို့ MAI ဖြစ်သည်အထိ သုံးစွဲခဲ့တဲ့ လေယာဉ်ဓာတ်ပုံတွေကိုပြသထားပြီး Bangkok Post, Straits Times စတဲ့ သတင်းစာကြီးတွေ၊
မြန်မာသတင်းဂျာနယ်တွေကအစ စုံစုံလင်လင် လေးတွေ့ရတဲ့အပြင် Lounge Staff တွေရဲ့ ဝန်ဆောင်မှုကိုလဲ အားရကျေနပ်မိပါရဲ့။
ရန်ကုန် - စင်္ကာပူ အပြန်ခရီးမှာတော့ ကျွေးမွေးဧည့်ခံတာက အလာတုံးကထက်အများကြီး ပိုမိုအစဉ်ပြေတဲ့အပြင် Crew ရဲ့ ဝန်ဆောင်မှု၊
ဘီယာခဏခဏတောင်းသောက်ပြီးဗူးလိုက်မချပေးလို့ပြသနာရှာတဲ့ခရီးသည်အဖိုးကြီးတစ်ယောက်ကို ဖြေရှင်းကိုယ်တွယ်တဲ့နေရာမှာလဲ
တော်တယ်လို့ချီးကျူးရမှာပါ။ ချန်ဂီအဆင်းမှာလဲ နောက်ဘီးချတာ ငြင်သာလှတဲ့ အပြင် flight information ကိုထုံးစံအတိုင်း တက်ပြီး
တခါ ဆင်းခါနီးတခါ ရှင်းပြတဲ့ Captain စိုးမိုး ရဲ့ကျွမ်းကျင်မှုကိုလဲ အသိအမှတ်ပြုပါတယ်။ Overall ပြောရရင်တော့ အမိမြန်မာနိုင်ငံအလံ
တင်လေကြောင်းလိုင်းဟာ အရင်ကထက်စာရင် အများကြီးတိုးတက်လာပါတယ်။

ရန်ကုန်ကိုရောက်ပြီး နောက်တစ်ရက်မှာပဲ သတင်းကောင်းအဖြစ် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသမားတွေကိုလွှတ်ပေးခဲ့တဲ့အပြင်
ဗိုလ်ချုပ်ကြီးဟောင်း ဘဘကြီး ဦးခင်ညွှန့်နှင့်မိသားစုကိုလဲ လွှတ်ပေးခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ အခုလို
တိုးတက်ပြောင်းလဲမှုတွေရဲ့ ရလဒ်တွေအဖြစ် နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေ တစတစ ရုပ်သိမ်းလာပြီး အမိမြန်မာနိုင်ငံပိုမိုဖွံဖြိုး
တိုးတက်စေချင်ပါတယ်။

ရန်ကုန်မြို့သို့ရောက်ရှိစဉ်ကာလအတွင်းပြုစုစောင့်ရှောက်မှုများ နှင့် ခရီးစဉ်မတိုင်မီလိုအပ်သည်များ ကြိုတင်စီစဉ်ပေးထားတဲ့ အမြဲ အားကိုးနေရသောညီငယ် ကိုဖြိုး၊ အောင်ကိုကို နဲ့ ဘရမ်အောင်။ MAI Online မှဝယ်ထားသော လေယာဉ်လက်မှတ်ကို booking
ပြန်ပြောင်းရာတွင် MAI Ticketing office ကိုအတင်းလာ print ထုတ်ခိုင်းနေခြင်းကြောင့် အစဉ်မပြေဖြစ်နေသည်ကို ကူညီပေးလိုက်သော
MAI HQ မှ ညီငယ် မျိုးပိုင်၊ ဒန်ပေါက်ဝယ်ကျွေးသော ဗိုလ်ကြီးဒေါက်တာကျော်သူရဇော်၊ မွေးနေ့တွင်မအားလပ်နေသည့်ကြားက ဘဏ်စာရင်းကိစ္စ ကားပါမစ်ကိစ္စ များရှင်းပြကူညီပေးလိုက်သော ဗိုလ်ကြီးဒေါက်တာသီဟန်ထွန်း၊ လေဆိပ်ကို တကူးတကလာကြိုပေး
သောဒေါက်တာရဲနိုင်၊ ခေတ္တတည်းခိုးရန်စီစဉ်ပေးသော အန်တီအုံး နှင့်မိသားစု၊ နေ့လည်စာထမင်းကျွေးလိုက်သော အစ်မဝမ်းကွဲ
မသန်းသန်းခိုင် နှင့် ကိုဇော်လွန်းအောင် တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ....

(ကျနော့်မှာ မေးမြန်လာတဲ့ မေးခွန်းတွေကို comment ကနေပြန်ဖြေချင်ပေမယ့် ဘာကြောင့်မှန်းမသိပဲ comment ထဲကို ကိုယ်တိုင်ဝင်
မရဖြစ်နေလို့ မေးမြန်းချင်တာများရှိရင် kosol15@gmail.com ကို e-mail ပို့မေးပေးစေလိုပါတယ်ခင်ဗျာ)

Tuesday, January 3, 2012

ဖြတ်သန်းခဲ့ သော ၂၀၁၁ ခုနှစ်


ထုံးစံအတိုင်းရေးရရင်တော့ ဒီပိုစ့်က ကျနော့်ဘဝရဲ့ မှတ်တမ်းသက်သက်ပါပဲ။ Public Open Blog ဖြစ်သည်နှင့်အမျှ ဝင်ရောက်ဖတ်မိကြတဲ့
သူငယ်ချင်း ညီအကို မောင်နှမတွေအတွက် ၂၀၁၂ ခုနှစ်မှာ သာယာဖြှောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို လျှောက်လှန်းနိုင်ကြပါစေကြောင်း
နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပါတယ်။

ဖြတ်သန်းခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ကျနော့်အတွက်တိုးတက်မှုတစ်စုံတရာပြသနဲ့နှစ်တခုမဟုတ်သလိုဆုတ်ယုတ်တဲ့နှစ်လဲမဟုတ်ပါဘူး။
ကြိုတင် plan လုပ်ထားတဲ့ အပျော်ခရီးတွေအပြင် အရေးပေါ်အစီအစဉ်နဲ့ထွက်တဲ့ခရီးတော်တော်များများထွက်ခဲ့လို့ ကျနော့်အတွက်
ခရီးသွားနှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းဇန်နဝါရီလမှာ ပါပါးနဲ့ မာမား စင်္ကာပူကိုလာနေဖြစ်ကြပါတယ်။ ပြုစုမယ့်သူ
အမေရောက်လာတာနဲ့ နေမကောင်းဖြစ်ခဲလှတဲ့ ကျနော့်မှာ တော်တော်ကြီးအပြင်းအထန်ဖျားလိုက်ပါတယ်။ MC ကို (၄) ရက်လောက်ကို
နေလိုက်ရပြီး တော်တော်ကြီးခံလိုက်ရပါတယ်။ Bukit Gombak ကနေ Commonwealth က ၂ ခန်းအိမ်ကို ရောက်တော့ အထပ်မြင့်ဖြစ်
တာကြောင့်ရယ် ဒီအိမ်ကတော်တော်လေးလဲ အေးတာကြောင့် အိမ်အပြောင်းအရွေ့ပင်ပန်းတာရယ်၊ အအေးမိတာရယ်ပေါင်းပြီးဖျားသွား
တော့တာပါပဲ။ ဒီနှစ်ထဲမှာ ကျန်းမာရေးနည်းနည်းလေးချူချာတယ်ပြောရမယ်ဗျာ။ သို့သော်လည်းကာလကြာရှည်စွာ ဖြစ်နေတဲ့ ခြေထောက်ကလမ်းလျှောက်လိုက်ရင် ထုံကျဉ်တဲ့ပြသနာကိုတော့ ဘာဆေးနဲ့ပျော်သည်မသိ ပျောက်သွားခဲ့ပါတယ်။ ဖြစ်နေတာတော့
ကြာပြီဖြစ်ပေမယ့် ဆရာဝန်ဆီကိုသွားမပြဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမနေနိုင်တဲ့အဆုံးမှာတော့ Polyclinic ကိုသွားပြပြီး အထူးကုဆရာဝန်ထံ
ကိုပြောင်းလွှဲပေးဖို့ request လုပ်လိုက်ပါတယ်။ Polyclinic ကနေ Alexandra ဆေးရုံကအရိုးအကြောအထူးကု ဆရာဝန် စီကို refer
လုပ်လိုက်ပြီးတဲ့နောက်၊ နေ့ချင်းပဲ X-Ray နဲ့ ရောဂါကိုရှာဖွေပေမယ့် အကုန်ကောင်းတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဖြစ်နိုင်ချေရှိတဲ့ကုသ
မှူ (၂) ခုကိုလုပ်ခိုင်းပါတယ်။ တစ်ခုကတော့ physiotherapy နဲ့ အကြောလျှော့၊ကြောရိုးကိုဆွဲဆန့်တဲ့နည်းပါ။ နောက်ခုကတော့ ခြေဖဝါး
မှာများပြသနာရှိနေလားဆိုပြီး ခြေဖဝါးကိုအထူးပြုကုသတဲ့ ဌာနကိုထပ်ပြီး refer လုပ်ပါတယ်။ physiotherapy နည်းက နည်းနည်းပိုနီး
စပ်တော့ အဲ့ဒါနဲ့ ၂ ပါတ်ကို ၁ ကြိမ်လုပ်ဖြစ်ပေမယ့် ထူးထူးခြားခြား သက်သာလာတာမတွေ့ရပါဘူး။ ဆေးကုသမှုကုန်ကျစားရိတ်ကို
ကျနော့် company ကနေပေးချေပေးလို့သာတော်ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ထဲမှာတော့ ပထမဆုံးကြိုတင်စီစဉ်ထားတဲ့ ခရီးမဟုတ်တဲ့ ရန်ကုန်ကိုပြန်ပြီး အခွန်ဆောင်တဲ့ကိစ္စကိုလုပ်ပါတယ်။
ဒီခရီးရဲ့ detail ကို တော့ ရန်ကုန်သို့အခွန်ဆောင်ခရီး ဆိုပြီး blog တစ်ခုရေးထားပြီးသားဖြစ်လို့ ဒီမှာဘာမှမရေးတော့ပါဘူး။ ရန်ကုန်မှာ
ရောက်နေတုံး ခြေထောက်ပြသနာအတွက် အာရုံကြောဆိုင်ရာအထူးကုသမားတော်ကြီး ကိုသွးပြကြည့်တော့ စင်္ကာပူကဆရာဝန်တွေ
ဘာဖြစ်တယ်ဆိုတာ (သိရက်နဲ့မပြောတာလဲဖြစ်မှာပေါ့) ဆရာဝန်မကြီးက အတိအကျပြောပါတယ်။ ကုသရမယ့်နည်းလမ်းကိုလဲပြော
တော့ စင်္ကာပူမှာ Tharapy ကုသတဲ့ပုံစံနဲ့ထပ်တူကျတာကြောင့် ဆရာဝန်မကြီးပြောတဲ့အတိုင်း ကြောရိုးမှာရှိတဲ့ အာရုံကြောညှပ်နေတာ
ဆိုတာကို အတိအကျသိလိုက်ရပါတယ်။ ပိုမိုအတိအကျ သိချင်ရင်တော့ MRI Scan နဲ့ကြည့်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ စင်္ကာပူ
ပြန်ရောက်တော့ ဆေးရုံကိုအရိုးအကြောဆရာဝန်ကြီး နဲ့ပြသဖို့ ရက်ချိန်းထပ်ယူပြီး MRI နဲ့စစ်ပေးဖို့ request လုပ်လိုက်ပါတယ်။ MRI
ဟာအင်မတန်ဈေးကြီးတဲ့ အတွက်ပြန်စဉ်းစားနိုင်ကြောင်းပြောတော့ Company ကပေးတာကြောင့် Go Head လုပ်ခိုင်းလိုက်ပါတယ်။
MRI ဖတ်ပြီး တဲ့နောက်တော့ Bill က ငွေ ၈၀၀ ကျော်ကျသင့်တာမှာ PR မို့အစိုးရကစိုက်ပေးတာနှုတ်ပြီးတဲ့နောက် ၆၀၀ ကျော်ကို ကျနော့်
company ကပေးပါတယ်။ တစ်နှစ်ကိုအထူးကုဆရာဝန်ကုသစားရိတ် ၈၀၀ ရှိတာကုန်ပါတော့တယ်။ MRI result ကိုလဲ အရိုးအကြော
ဆရာဝန်က ရှင်းပြပေမယ့် သိပ်ပြီးရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ ကြောရိုးမကြီးမှာ အကြောတစ်ခုခုညှပ်နေတာလောက်ပဲအလွယ်
တွေးထားလိုက်တယ်။ နောက်တော့ အသည်းပါရဂူဆရာကြီးဦးခင်မောင်ဝင်းရဲ့ အမျိုးသမီး မာမားမိတ်ဆွေ ပါမောက္ခအန်တီကမြန်မာလို အသေအခြာရှင်းပြမှပဲ ဘာကိုဘယ်လိုဖြစ်နေတယ်ဆိုတာ အတိအကျသိရပါတော့တယ်။

၂၀၁၁ ခုနှစ် သြဂုတ်လမှာတော့ တစ်မိသားစုလုံး အစ်မတစ်ဝမ်းကွဲရှိရာ တရုတ်ပြည် ရှန်ဟိုင်း၊ ဟန်ကျိုး နဲ့ စူကျိုးမြို့များကိုအလည်
အပတ်သွားခဲ့ပါတယ်။ ဒီအကြောင်းကိုလဲ Blog သတ်သတ်ရေးထားပြီးသားရှိလို့ ဒီမှာထပ်မရေးတော့ပါဘူး။ ဒီခရီးနောက်ပိုင်းမှာတော့
Budget Airline နဲ့ခရီးထွက်ဖို့ဆိုတာကို တော်တော်တန်တန်မစဉ်းစားရဲလောက်အောင်ဖြစ်သွားပါတော့တယ်။ ဘာကြောင့်မှန်းမသိပဲ
ဒီခရီးကပြန်လာပြီးတဲ့နောက်မှာတော့ လမ်းလျှောက်ရင် ခြေထောက်ထုံကျဉ်တဲ့ဝေဒနာ လုံးဝပျောက်ကင်းသွားပါတယ်။ therapy ကြောင့်
မဟုတ်သလို သောက်တဲ့ဆေးတွေကြောင့်လဲမဟုတ်တာအသေအခြာသိပါတယ်။ တရုတ်ပြည်ကအပြန်မှာတော့ ရန်ကုန်ကနေလာတဲ့ညီမ
လေးနဲ့အတူ ပါပါးရန်ကုန်ကိုပြန်ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာတစ်လနားနေပြီး အောက်တိုဘာမှာတော့ အခန်းဖော်သူငယ်ချင်းနဲ့အတူ ထိုင်းနိုင်ငံချင်းမိုင်မြို့ကို အလည်ခရီး
ထွက်ခဲ့ပြန်ပါတယ်။ ဒီအကြောင်းကိုလဲ ချင်းမိုင်မြို့သို့အလည်တစ်ခေါက် ဆိုပြီး Blog တစ်ခုရေးဖြစ်ခဲ့ပြီးပြီမို့လို့ထပ်အကျယ်ချဲ့မရေး တော့ပါဘူး။ အောက်တိုဘာလအတွင်းမှာတော့ ဘယ်မှထွေးထွေထူးထူးမသွားဖြစ်ပဲ နိုဝင်ဘာလအတွင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို အလုပ်ကိစ္စ နဲ့ သွားရင်း ခရီးသွားဟန်လွှဲဆိုသလို အရှေ့တောင်အာရှအားကစားပြိုင်ပွဲလာပြိုင်တဲ့ မြန်မာ့ရွက်လှေအဖွဲ့
နဲ့တွေ့ဆုံခဲ့ရပါသေးတယ်။ အသေးစိတ်ကိုတော့ သံယောဇဉ်မကုန်နိုင်သော ဒီရွက်လှေ ဆိုပြီး blog post တစ်ခုရေးဖြစ်ခဲ့ပါတယ်။
ဂျာကာတာကအပြန်ချန်ဂီမှာ အိတ်ရွေးတော့ checked in လုပ်လိုက်တဲ့ hand carry size luggage အသေးမှာ ဆီတွေရွှဲရွှဲဆိုပြီးထွက်လာ
ပါတယ်။ ကိုယ့်အိတ်ထဲမှာ ဘာဆီမှမပါတာသိတော့ တခြားအိတ်တစ်ခုခုကနေပေလာတာဆိုတဲ့အတွက် ground handling လုပ်တဲ့ SATs
ကိုချက်ချင်း complain လုပ်ပြီးတစ်ခုခုစီစဉ်ခိုင်းပါတယ်။ SATs က အိတ်ကိုပြန်ပြီး သန့်ရှင်းရေးလုပ်ပေးပါမယ်၊ သူတို့ Agent အိမ်ကို
လာယူပြီးသန့်ရှင်းရေးလုပ်၊ ပြီးရင်ပြန်ပို့ပေးပါမယ်ဆိုတော့ နောက်တစ်ရက်မှာပဲ Lion Air က Agent လာယူပြီးအိတ်ကို cleaning service ကိုပို့ပြီးသေခြာသန့်ရှင်းရေးလုပ်ပေးပါတယ်။

၂၀၁၁ ခုနှစ် လဆန်းပိုင်းမှာတော့ Standard Chartered Marathon မှာ Volunteer လုပ်ဖြစ်ပါတယ်။ ဒီနောက်တော့ မာရသွန်မှာ
Volunteer မပါတော့ဘူးလို့ဆုံးဖြတ်ထားပါတယ်။ ဒီအကြောင်းကိုလဲ ကျနော်နဲ့ Standard Chartered Marathon ဆိုပြီး post ရှိပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ ခွင့်ရက်တွေလဲ မကျန်တော့တဲ့အတွက်ဘယ်ခရီးမှထွက်စရာမရှိ၊ December ခရီးသွားရာသီဖြစ်တဲ့
အတွက် လေယာဉ်ပျံလက်မှတ်တွေကလဲ အလွန်ဈေးကြီးနေတယ်ဆိုတော့ စင်္ကာပူမှာပဲနေမယ်စိတ်ကူးပေမယ့်တရုတ်ပြည်ကအမဝမ်းကွဲ
ရဲ့အမျိုးသားက အသည်းအသန်မကျန်းမမာဖြစ်ပြီး တိမ်းပါးသွားတဲ့အတွက် ရှန်ဟိုင်းကိုအရေးပေါ်လိုက်သွားပြီး ကွယ်လွန်သူရဲ့ ဈာပနကို
သွားပါတယ်။ စင်္ကာပူ - ရှန်ဟိုင်း တိုက်ရိုက်လေကြောင်းလက်မှတ်တွေကုန်နေပြီဖြစ်တဲ့အတွက် တဆင့်ခံတွေနဲ့သွားဖို့ရာလိုက်ရှာတော့
ဟောင်ကောင်ကို Cathay Pacific နဲ့သွား၊ ဟောင်ကောင်ကနေ ရှန်ဟိုင်းကို Cathay ရဲ့ လက်အောက်ခံလေကြောင်း Dragon Air နဲ့
ဆက်ဖို့ လက်မှတ်ဝယ်လိုက်ပါတယ်။ Cathay က ချန်ဂီကနေ မိနစ် ၄၀ နီးပါးနောက်ကျ ပျံတက်ခဲ့လို့ ဟောင်ကောင်ရောက်တဲ့အချိန်မှာ
connection flight အတွက် အပြေးအလွှားကိုတက်ခဲ့လိုက်ရတယ်။ ရှန်ဟိုင်းကိုတော့ ပုံမှန်အချိန်အတိုင်းဆိုက်လို့ လေယာဉ်တံခါးဝကနေ
ထွက်လိုက်ရင်ပဲ အပူထဲကနေ Aircon ထဲဝင်လိုက်သလို အင်မတန်အေးတဲ့ လေထုကဆီးကြိုနေပါတယ်။ ရှန်ဟိုင်း Pudong Int'l ဟာ
အင်မတန်မှကိုကြီးမားလှတဲ့ လေဆိပ်ကြီးပါပဲ။ လူဝင်မှုကြီးကြပ်ရေး Arrival ကိုရောက်ဖို့၁၀ မိနစ်လောက်ကိုလျှောက်လိုက်ရတယ်။
လေဆိပ်ကြီးကကြီးပေမယ့် ဝန်ဆောင်နေတဲ့ခရီးသည်ကနည်းတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးကို သိပ်တန်းမစီရပဲ ကိစ္စ ပြီးသွားပါတယ်။
checked in လုပ်လိုက်တဲ့ luggage ကိုရွေးတော့ အကျင့်ဖြစ်နေတဲ့အတိုင်း luggage ကိုစစ်လိုက်တော့သေတ္တာဒေါင့်မှာ ၆ လက်မလောက်
ပြဲနေတာတွေ့တယ်။ အပေါ်ရံမဟုတ်ပဲအတွင်းထဲအထိဆိုတော့ ရှန်ဟိုင်း ground handling ကို complain လုပ်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့
ဒုတိယနဲ့နောက်ဆုံးအကြိမ် luggage ပြသနာပါပဲ။ ရှန်ဟိုင်းလေဆိပ် ဝန်ထမ်းက တရုတ်ငွေ ယွမ် ၁၅၀ (S$30) ခန့်ပေးပါမယ်တဲ့ ဒါမှ
မဟုတ်ပြင်ပေးပါမယ်တဲ့။ ကျနော်က ရှန်ဟိုင်းမှာနေမှာမဟုတ်ပဲ တခြားမြို့ကိုခရီးဆက်ရအုံးမှာဆိုတော့ ယွမ် ၁၅၀ ဆိုလက်ခံမလားဆို
တော့ ဒီထက်ပိုရသင့်တယ်ထင်လို့ ပိုပေးဖို့ပြောတာ့ ဒီလိုဆိုရင် ဒီကိစ္စကိုစင်္ကာပူဖက်ကို ပြန် refer လုပ်ရပါမယ်၊ စင်္ကာပူမှာပြန်ပြီးပြောပါ
တဲ့။ ကျနော်ကလဲ တခါထဲ ၁၅၀ ယူလိုက်ရမှာမှားသွားတယ်။ complain report ဘာညာတွေယူပြီးလေဆိပ်အပြင်ခန်းမဖက်ထွက်တော့
ဖုံးကဒ်ရောင်းတဲ့ နေရာတွေ့လို့ အင်မတန်ဖုံးကဒ်ဝယ်ရခက်တဲ့အတွက် တွေ့တဲ့နေရာမှာ မြန်မြန်လေးဝယ်ထားလိုက်တယ်။ မလာခင်ထဲ
က အင်တာနက်ပေါ်ကရှာဖွေလေ့လာထားတဲ့ ရှန်ဟိုင်းမြေအောက်ရထားစီးဖို့အတွက် ဘူတာကိုသွားပါတယ်။ လက်မှတ်ဝယ်တော့ စက်
မှာဝယ်ပါတဲ့၊ စက်ကလဲတရုတ်လိုတွေရေးထားတော့ ဘေးနားကအမျိုးသမီးတစ်ယောက်ကို သွားမယ့်နေရာပြပြီး လက်မှတ်ဝယ်ပေးဖို့
အကူအညီတောင်းရတယ်။

ရထားစီးဖို့ ပလက်ဖောင်းပေါ်ရောက်တော့ အအေးဒဏ်ကမခံမရပ်နိုင်အောင်ဖြစ်လာလို့ luggage ကိုဖွင့်ပြီး မလာခင်ကြိုတင်ဝယ်လာတဲ့
Jacket ထူထူကိုထုတ်ဝတ်ရတယ်။ စီးရမယ့်ရထားရဲ့တဖက်လမ်းဆုံးမှာ ရှိတဲ့ကျည်ဆံရထားဘူတာရုံကိုသွားရမှာဆိုတော့ မှားစရာမရှိဘူး
ဆိုပြီး စိတ်အေးအေးနဲ့လိုက်လာလိုက်တာ လမ်းတစ်နေရာအရောက်တော့ ခရီးသည်တွေအကုန်ဆင်းသွားကြပြီး ကျနော်တစ်ယောက်ပဲ
ရထားပေါ်ကျန်ပါတယ်။ နောက်တော့ ရထားကရှေ့ဆက်မသွားပဲ နောက်ပြန်လှည့်မောင်းသွားတော့ တခုခုတော့မှားနေပြီလို့ ထင်ပြီး
နောက်တမှတ်တိုင်မှာရပ်တော့ လေဆိပ်ကိုပြန်မောင်းနေမှန်း သိတော့ အမြန်ပြေးဆင်းလိုက်တယ်။ တကယ်တော့ ချန်ဂီကိုသွားသလို
တစ်နေရာမှာ interchange လုပ်တာပါ။ မြေပုံမှာအသေအခြာလဲမပြထား Announcement ကလဲ မသဲကွဲတော့ ရှုပ်ကုန်တော့တာပေါ့။
မြေပေါ်ကိုတက် ontrol station မှာသွားမေးတော့ ကံကောင်းချင်တာ staff က English လိုတက်တာနဲ့ ရှင်းပြပါတယ်။ နောက်တော့
လမ်းမှန်ကိုရောက်ပြီးနောက်ဆုံး ကျည်ဆံရထားဘူတာကို ရောက်ပါတယ်။ လက်မှတ်ဝယ်ဖို့နေရာကို မေးမြန်းစုံစမ်းပြီးဝယ်ပြီးတဲ့နောက်
မှာတော့ ရထားကနောက်ထပ် ၂၅ မိနစ်လောက်မှာထွက်မှာဆိုတော့ စားဖို့လဲအချိန်မရှိတော့ပဲ ထွက်ဖို့ဂိတ်ကိုတန်းပြေးရပါတယ်။ ပထမ
တစ်ခါလာတုံးက အစ်မသင်ပေးထားလို့ ချောချောမောမော ပဲရထားပေါ်ရောက်ပါတယ်။ ဆင်းရမယ့်မှတ်တိုင်က ၃ ဘူတာမြောက် လောက်မှာဆိုတော့ စိတ်အေးအေးနဲ့မထိုင်နိုင်ပဲ စိတ်ကပူနေမိတယ်။ ရထားက ဘူတာတစ်ခုမှာဆိုက်တော့ luggage ကိုသတ်သတ်ထား
တော့ စိတ်မချလို့အပေါက်ဝနားသွားကြည့်နေမိပြီး ကျောပိုးအိတ်ကို ထိုင်ခုံအပေါ်ကအိတ်ထားတဲ့နေရာမှာထားလိုက်မိတယ်။ အစ်မစီက
နေဖုံးလာပြီး ဒီမှတ်တိုင်မှာပဲ ဆင်းလို့ရတယ်ဆိုတော့ရထားကလဲ ရပ်ထားတာကြာပြီဆိုတော့ ထွက်သွားမှာဆိုးလို့လောလောလောလော နဲ့ ဆင်းလိုက်တာ ကျောပိုးအိတ်ကိုရထားပေါ်မေ့ထားခဲ့လိုက်ပါတယ်။ ကျောပိုးအိတ်ဟာ အင်မတန်မှာတန်ဖိုးကြီးသော အရေးကြီးသော
Passport၊ DSLR Camera နဲ့ iPad ပါပါတယ်။ Station Staff ကိုပြောပေမယ့် တရုတ်လိုမပြောနိုင်တာကြောင့် သူတို့မှာနားမလည်နိုင်
ဖြစ်နေတော့ အစ်မကဖုံးထဲကနေ သူတို့ကိုဘာသာပြန်ပြောရင်း ဆိုရင်းကနေ နောက်ဆုံးတော့ Enquiry ဆိုတဲ့ ကောင်တာစီကိုရောက်
သွားပါတယ်။ ကံကောင်းချင်တော့ Enquiry က Staff က English လိုတစ်လုံးနှစ်လုံးပြောတက်တော့ ဖြစ်နေတဲ့ပြသနာကို သူ့ကိုပြောပြ
နိုင်လိုက်ပါတယ်။ ချက်ချင်းပဲ သွားနေတဲ့ရထားရဲ့ schedule ကိုထုတ်ကြည့်ပြီး ဖုံးနဲ့တစ်နေရာပြီးတစ်နေရာဆက်နေတာတွေ့တော့ ရထား
ကို မိအောင် သွားနေတဲ့လမ်းကြောင်းပေါ်ကဘူတာတွေကို ဆက်ပြီးသတင်းပို့နေတယ်လို့ထင်တာပဲ။ ကျနော့်မှာတော့ အပူလုံးဆို့ပြီး
ပြန်ရပါစေလို့ဘုရားဆုတောင်းရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ ကျနော့်အစ်မကိုဒုက္ခမပေးချင်လို့ ကိုယ်ဟာကိုယ်ကြံဖန်လာပါတယ်ဆိုမှ
သူ့ခမျာ နာရေးရှိရက်နဲ့ ကျနော့်ကိုကူညီရအောင်ဘူတာကို ထွက်လာရပါတယ်။ Station Staff က သူရှေ့ဘူတာတွေကို သတင်းပို့ထား
ကြောင်း ပြန်လာမယ့်သတင်းကိုစောင့်ရမည်ဖြစ်ကြောင်း သူတက်သလောက်ရှင်းပြပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တယ်လီဖုံးပြန်
လာတော့ တက်သလောက်နားလည်သလောက် အိတ်တွေ့ကြောင်းပါ။ နောက်တော့ ဘူတာဝန်ထမ်းကိုမေးတော့ အိတ်ကိုရရှိကြောင်း
ဒီဖက်ကိုပြန်လာမယ့် ရထားနဲ့ပြန်ထည့်ပေးလိုက်မှာဖြစ်ကြောင်း ပြောပြပါတယ်။ တရုတ်နိုင်ငံမှည အခုလိုပြန်ရတယ်ဆိုတာ အင်မတန်မှ ကိုကံကောင်းတယ်ပြောရမှာပါ။ ကျည်ဆံရထားတွေဟာ သာမန်ထက်ဈေးပိုကြီးပြီး ထိုင်ခုံနံပါတ်အတိအကျတွေနဲ့ ရောင်းတာ၊ ထိုင်ရတာ
ဆိုတဲ့အတွက် ကျနော်ထိုင်တဲ့ထိုင်ခုံတည့်တည့်အပေါ်မှာ အိတ်ကိုအလွယ်တကူရှာတွေ့တာကြောင့်လဲ ပြန်ရနိုင်လိုက်တာပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် Station Staff ကိုအင်မတန်မှကိုကျေးဇူးတင်မိတာပါပဲ။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ ရှန်ဟိုင်းမြို့မှာကွယ်လွန်သူကို မီးသဂြိုလ်ပါတယ်။ ၂၉ ရက်နေ့မှာတော့ စင်္ကာပူကိုနောက်တစ်နေ့ ၃၀ ရက်နေ့မှာပြန်ဖို့အတွက် ရှန်ဟိုင်းမြို့မှာ တစ်ညအိပ်ပြီး မရောက်ဖူးသေးတဲ့နေရာတွေ လျှောက်ကြည့်ဖြစ်ပါတယ်။ ၃၀ ရက်နေ့ မနက်
စောစောထပြီး တည်းခိုးရာ Holiday Inn ကနေ Pudong Int'l ကို taxi စီးရင် ယွမ် ၂၀၀ လောက်ကျမှာမို့လို့ ရထားပဲစီးသွားဖြစ်ပါတယ်။
ဒီတခါတော့ Shanghai Metro ရထားလမ်းတစ်ဝက်ကနေ လေဆိပ်စီကိုသွားတဲ့ အထူးအမြန် သံလိုက်ရထား စီးပြီးသွားဖြစ်ပါတယ်။
လေယာဉ်လက်မှတ်ပြရင် ၁၀% လျော့ဈေးရပါတယ်။ Economy Class နဲ့ VIP Class ဆိုပြီး အတန်း ၂ ခုရှိပြီးဈေးက ၅၀ နဲ့ ၁၀၀ ယွမ်
အသီးသီးပါ။ ကျနော်တော့ Economy တန်းကပဲဝယ်စီးဖြစ်ပါတယ်။ ၁၅ မိနစ်လောက်ကိုတော့ ငွေပိုကုန်မခံတော့ပါဘူး။ ဒီရထားကရထား
သံလမ်းနဲ့ ရထားကို သံလိုက်စက်ဝန်းနဲ့ မထိအောင်လုပ်ပြီးမောင်းတဲ့အတွက် အလွန်မြန်ပါတယ်တဲ့ တစ်နာရီကို ကီလိုမီတာ ၄၀၀ ကျော်
အထိမောင်းနိုင်ပါတယ်တဲ့။ Pudong လေဆိပ်ကိုချောချောမောမောရောက် check in ဝင်၊ လေဆိပ်ထဲမှာလိုက်လျှောက်ကြည့်တော့
လေဆိပ်ကကြီးပေမယ့် ဘာမှထွေထွေထူးထူး မရှိပါဘူး။ ထူးထူးဆန်းဆန်းတွေ့ခဲ့တာတော့ Suzhou မြို့ကနာမည်ကျော် Hairy Crab ကို
လေဆိပ်အတွင်းက transit area တွင်းမှာရောင်းတာပါပဲ။ ထွက်ခွာဖို့အချိန်စောနေသေးတာကြောင့် မနက်ကနံနက်စာကို ဟိုတယ်မှာ ဝဝလင်လင် မစားလာခဲ့တော့ ဗိုက်ဆာတာနဲ့ ထပ်စားပြီးသွားရမယ့် Boarding Gate ကိုသွားစောင့်နေလိုက်တယ်။ ၁၁၂၀ ထွက်ရမှာကို
၁၁ အထိ boarding လုပ်ဖို့မခေါ်သေးတာနဲ့ ကောင်တာမှာသွားကြည့်တော့ ဂိတ်ပြောင်းသွားကြောင်း ရေးထားတာတွေ့တော့ အမြန်ပဲ
ပြောင်းသွားတဲ့ ဂိတ်ကိုပြေးရတယ်။ ပြောင်းသွားတဲ့ဂိတ်ရောက်တော့လဲ boarding မခေါ်သေးပြန်ဖူးဆိုတော့ ဝန်ထမ်းကိုမေးကြည့်တော့
လေယာဉ်မှူးများနောက်ကျနေလို့ နည်းနည်းလောက်နောက်ကျထွက်ခွာနိုင်ကြောင်းပြောပါတယ်။ ကျနော်က ဟောင်ကောင်ကနေတဆင့်
စီးရမှာဖြစ်တဲ့အတွက် နောက်ကျလို့မရပါဘူး။ နောက်ကျရင် ဟိုဖက်က connection flight ကလွတ်သွားမှာပါ။ ကျနော့်မှာ transit ရှိတယ်
လို့ပြောတော့ မှီနိုင်ပါတယ်တဲ့ စိတ်မပူပါနဲ့တဲ့။ အိုကေပေါ့ ခဏစောင့်ကြည့်နေလိုက်တယ်။ ၁၁၂၀ ကျတော့ တရုတ်လိုတစ်ခုခုကြေငြသံ
ကြားတော့ တရုတ်တွေအုံးအုံးကျွတ်ကျွတ်ဖြစ်တာနဲ့ delay flight ဖြစ်တာပြောတာထင်တယ်ဆိုပြီး ကောင်တာကိုအမြန်ပြေးနေရာယူတာ
ကိုယ်တောင်နည်းနည်းလေးနောက်ကျသွားတယ်။ သေသေခြာခြာ တန်းစီပြီးပြသနာကို ဖြေရှင်းပေးတာမဟုတ်တဲ့အပြင် မြေပြင်ဝန်ထမ်း
တွေမှာလဲ ဒီလိုပြသနာမျိုးကိုဖြေရှင်းနိုင်ဖို့ အတွေ့အကြုံအလေ့အကျင့် အားနည်းဟန်တူပါတယ်။ တရုတ်တွေ တယောက်တပေါက်နဲ့
departure gate မှာ ကမ္ဘာပျက်သလိုပါပဲ။ တကယ်ဆိုရင် မြေပြင်ဝန်ထမ်းတွေကိုဆူဆူပူပူလုပ်နေလဲ ကျနော်တို့မှာဖြေရှင်းချက်တစ်စုံတ
ရာရနိုင်ဖို့မမြင်ပါဘူး။ ဒါကြောင့် ကောင်းကောင်းမွန်မွန်ပဲ ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို မေးတာ တရုတ်လိုမေးနေတဲ့လူတွေကိုပဲရှင်းနေ
တာတွေ့တော့ စိတ်ကတော်တော်တော့တိုလာတော့တယ်။ နောက်တော့ မရမက ရင်ဖက်ကတက်ထားတဲ့နံမည် ကိုဖတ်သူ့နာမည်ကိုခေါ်
မေးတော့ စင်္ကာပူကိုပျံမယ့်တိုက်ရိုက်လေကြောင်းတစ်ခုခုနဲ့ ကြိုးစားနေပြီး တခြားလေကြောင်းလိုင်းတွေက အကြောင်းပြန်ကြားချက်ကို
စောင့်နေကြောင်းပြောပြပါတယ်။ တခြားခရီးသည်တွေကိုတော့ ၇၅ ယွမ် (S$15) တန်ဘောက်ချာတွေပေးပြီး တောင်းပန်နေတာကိုတွေ့
ရတယ်။ ဟောင်ကောင်ကိုပဲသွားမယ့် တရုတ်တွေလဲ ၇၅ ယွမ်လဲရရောထွက်သွားလိုက်ကြတာတော်တော်ငြိမ်းချမ်းသွားပါတယ်။ ကျန်တဲ့
connection flight တွေရှိတဲ့ ခရီးသည်တွေပဲ တပူပူတစာစာ လုပ်ပြီးကျန်ခဲ့တော့တယ်။ Newzeland ကိုသွားမယ့်သူ၊ အင်ဒိုနီးရှားကိုသွား
မယ့်သူ၊ စသည်ဖြင့် Airlines Hub တစ်ခုဖြစ်တဲ့ ဟောင်ကောင်ကနေတဆင့်ပျံကြမယ် ခရီးသည်ကလဲတော်တော်ကိုများပြားပါတယ်။
နောက်ဆုံး ၁ နာရီနီးပါးလောက်ကောင်တာရှေ့မှာ ရပ်စောင့်ပြီးတဲ့နောက်မှာတော့ ကျနော်နဲ့အတူ တခြားခရီးသည် ၄ ယောက် စင်္ကာပူကို Singapore Airlines (SQ) နဲ့ နောက်တစ်နာရီကြာလောက်မှာထွက်မယ့် လေယာဉ်နဲ့တင်ပေးလိုက်နိုင်ကြောင်းပြောပါတယ်။
အဆိုးထဲက အကောင်းဆိုသလိုပဲ ဟောင်ကောင်ကနေတဆင့် ၈ နာရီလောက်ကြာအောင် မသွားရတော့တဲ့အပြင် ကမ္ဘာအကောင်းဆုံး
လေကြောင်းစာရင်းဝင် SQ နဲ့လဲပျံရအုံးမှာဆိုတော့ ၇၅ ယွမ်တောင်မယူတော့ပဲ မြေပြင်ဝန်ထမ်းခေါ်ရာနောက်ကိုလိုက်ပြီး SQ ဖက်မှာပြန်
check in ပြန်လုပ်ပြီး စင်္ကာပူကို ချောချောမောမော ဇိမ်ရှိရှိလေးပြန်ရောက်ပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းကတော့ ကျနော့်အတွက်မမေ့နိုင်စရာ ပထမဆုံးအဖြစ်အပျက်များမှာ အကောင်းအဆိုး ရောယှက်နေခဲ့တာပါပဲ။
ကျနော့်ဘဝရဲ့ ပထမဆုံးသော အကြီးအကျယ်ပြသနာ ရှိတဲ့ အိတ်ကိုမေ့ကျန်ခဲ့ခြင်း၊ လေကြောင်းခရီးစဉ်များအတွင်း အခုလို အကြီး အကျယ် flight delay ဖြစ်တာကြုံဖူးလိုက်ရခြင်း၊ ပထမဆုံး Singapore Airlines Flight ကိုစီးဖူးခြင်းတို့ပါပဲ။ အမြဲတမ်းလိုလို ခရီးထွက်
တိုင်း ခရီးသွားအာမခံဝယ်သွားတက်တဲ့ ကျနော်မှာ ဒီတခါတော့ အကုန်အကျတွေလျှော့ချတဲ့အနေနဲ့ မဝယ်သွားတဲ့အခါမှာမှ အိတ်ကကွဲ၊
လေပျံကနောက်ကျနဲ့ ကံကောင်းလို့ passport ပြန်ရပြီး စင်္ကာပူကိုပြန်ရောက်လာတယ်ပြောရမှာပါပဲ။ ရှန်ဟိုင်းမှာ ကွဲသွားတဲ့အိတ်ကို
ပစ်ခဲ့ပြီး whole sales market ကနေ luggage အသစ်တစ်လုံးဈေးသက်သက်သာသာနဲ့ ဝယ်လာလိုက်တာ ကံကောင်းသွားပါတယ်။
စင်္ကာပူပြန်ရောက်တော့ ကျနော့်ကွဲသွားတဲ့အိတ်အတွက်လေကြောင်းလိုင်းက ဝယ်ထားတဲ့အိတ်အသစ်ဖိုးပြန်ပေးမယ့် ဆိုပြီးအကြောင်း
ကြားလာတော့ အဆိုးထဲကအကောင်းတစ်ခုထပ်ဖြစ်ရပါတယ်။

၂၀၁၂ ခုနှစ်မှာ ကျနော့်အတွက်တော့ Financial Year အဖြစ်သတ်မှတ်ပြီးအသုံးစားရိတ်ကိုလျှော့ချ၊ ငွေကြေးစီမံခန့်ခွဲမှုကို သေခြာလုပ်
မယ်စိတ်ကူးထားပါတယ်။ ခရီးထွက်တာတွေကိုတော့ ဒေသတွင်းခရီးနဲ့ မြန်မာနိုင်ငံခရီးအစဉ်မသွားပဲနဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ တကြိမ်၊ နှစ်လည်မှာ တစ်ကြိမ်နဲ့ နှစ်ကုန်ပိုင်းမှာ တစ်ကြိမ် ခရီးထွက်ဖို့ မျှော်မှန်းထားပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်ပါစေလို့ဆုတောင်း
ရင်း ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။ ။