Tuesday, July 12, 2011

ရန်ကုန်သို့ အခွန်ဆောင်ခရီး

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.
ကျေးဇူးပြုပြီး Forward mail များနှင့် အခြားမည်သည့် blog/website များတွင်မှ ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်။

ဒီအကြောင်းအရာကတော့ ကျနော့်မှတ်တမ်းမှတ်ရာလေး သက်သက်ပါပဲ။ ၂၀၁၀ ခုနှစ် ဖေဖဝါရီလက ရန်ကုန်ကိုရောက်ခဲ့ပြီးနောက် ဒီနှစ် ၂၀၁၁ မှာတော့ အိမ်ကမိဘတွေကလဲ စင်္ကာပူမှာရောက်နေတော့ ပြန်စရာလမ်းမရှိတော့ဘူးလို့ တွေးထားပေမယ့် တကယ့်ကို အစီအစဉ်
မရှိပဲ ကောက်ကာငင်ကာနဲ့ အမိမြန်မာပြည်ရဲ့ ရန်ကုန်မြို့ကို ၂၀၁၁ ခုနှစ်ဇွန်လ ၁၉ ရက်နေ့ကပြန်လည်ရောက်ရှိခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းလောက်ကနေ ပြောသံတွေကြားလာရတဲ့ ရန်ကုန်မှာပြန်ပြီး အခွန်ဆောင်၊ ပါတ်စ်ပို့သက်တမ်းတိုးတယ်ဆိုတဲ့အကြောင်း
ကိုသေသေခြာခြာ လိုက်မေးလိုက်တော့ ဘယ်သူမှလဲ ရေရေရာရာ ပြောမပြနိုင်ပါဘူး။ ကျနော့်စာအုပ်က ၂၀၁၂ ဖေဖဝါရီလမှာ ကုန်မှာဆို
တော့ အခု သြဂုတ်လကစပြီး စာအုပ်သက်တမ်း (၆) လမရှိတော့တဲ့အတွက် နိုင်ငံပြင်ပကိုထွက်ပြီး ခရီးထွက်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။
ပထမတော့ အောက်တိုဘာလောက်ကြမှပဲ ငွေကုန်ရင်လဲကုန်ပါစေ စင်္ကာပူက မြန်မာသံရုံးမှာပဲအေးအေးဆေးဆေး ဆောင်ပြီး သက်တမ်း
တိုးတော့မယ် စိတ်ကူးထားတာပါ။ ကျနော်ဆောင်စရာရှိတာကလဲ စုစုပေါင်း (၄၂) လစာမှာ၊ S Pass နဲ့တချို့၊ PR နဲ့တချို့ဆောင်ရမှာ
ကိုအတိအကျ တွက်ချက်လိုက်တဲ့အခါမှာတော့ ဒေါ်လာ ၃၈၇၀ လောက်ပေးရဖို့ရှိနေပါတယ်။ ရန်ကုန်မှာဆောင်မယ်ဆိုရင်တော့
သက်သာမယ်ဆိုတာ သိပေမယ့် ဘယ်လောက်ရက်ကြာအောင်စောင့်ရမှာလဲ၊ ဘယ်လိုလုပ်ရမှာလဲ ဆိုတဲ့ အဆက်အသွယ်ကို အသေခြာ
ကြီးမသိတဲ့အခါမှာတော့ ဘယ်လိုမှ မလုပ်ရဲသလောက်ပါ။

ဒီလိုနဲ့ အကယ်ဒမီများရှင် မမို့နဲ့ မထင်မှတ်ပဲ ခင်မင်ရင်နှီးရာကနေ ကိုဇော်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ကို သံရုံးမှာဆောင်တဲ့ အခွန်ကိစ္စ
တစ်ခုကို မေးမြန်းစုံစမ်းတော့ သူက ရန်ကုန်မှာသွားဆောင်ဖို့အကြံပေးပါတယ်။ သူကိုယ်တိုင်ကလဲ ရန်ကုန်မှာ လွန်ခဲ့သောမကြာသေးခင်
ကာလကဆောင်ခဲ့တာဆိုတော့သူ့ကိုအသေးစိတ်စုံစမ်းတဲ့အခါမှာလဲ သူက ဆက်ဆံရေးအလွန်ကောင်းမွန်ပြီး လိုချင်တဲ့ အချက်အလက်
တွေကို အတိအကျပေးနိုင်တဲ့ Customer Service အရာရှိ တစ်ယောက်ပီသစွာပဲ သိချင်တဲ့ အသေးစိတ်အချက်အလက်တွေ နဲ့ ကျနော် မေးသမျှကို အလုပ်များနေတဲ့ကြားက စိတ်ရှည်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နောက်ဆုံးအဆင့် အနေနဲ့ ဒီအခွန်ကိစ္စ၊ စာအုပ်သက်တမ်း တိုးကိစ္စတွေကို One Stop ဆောင်ရွက်ပေးနိုင်တဲ့ အကျိုးဆောင်ပုဂ္ဂိုလ် ရဲ့ အဆက်အသွယ်ကိုပါ ပေးခဲ့ပါသေးတယ်။

ကျနော်လဲ စဉ်းစားစဉ်းစားနဲ့ အိမ်ပြန်ရောက်တော့ မာမားကို အောက်တိုဘာလောက်မှာတော့ ရန်ကုန်ပြန်ပြီး ဒီကိစ္စ ကိုလုပ်မယ် ဆိုတော့ မာမားက ကိစ္စအမြန်ပြီးလေ ကောင်းလေဆိုပြီး ဇူလိုင်လထဲမှာ ပြန်သွားလုပ်ဖို့ပြောပါတယ်။ ဇူလိုင်လထဲမှာကြည့် လိုက်တော့ ကျနော် သွားလို့ရနိုင်တဲ့ ရက်ပိုင်းတွေမှာ ဓမ္ဓစတြာနေ့ နဲ့ အာဇာနည်နေ့ ပိတ်ရက်တွေကခံနေပါတယ်။ ပိတ်ရက်တွေခံနေ ရင် processing လုပ်တဲ့ကာလကိုထိခိုက်မှာ စိုးတဲ့အတွက် ဇွန်လကုန်လောက်မှာ သွားဖို့စီစဉ်ပြီး မန်နေဂျာကို ခွင့်တင်တော့ မန်နေဂျာက လကုန်ရက် အလုပ်များတက်တဲ့အတွက် ခွင့်စာမှာ လက်မှတ်ထိုးပေးပေမယ့် မျက်နာသိပ်မကောင်းလှပါဘူး။ ဒါကြောင့် လကုန်ရက်မတိုင် မီများသွား လို့ရမလားဆိုပြီး ပြန်မယ့်ရက်ကို ဇွန်လ (၁၉) ရက်နေ့လို့သတ်မှတ်ထားလိုက်ပါတယ်။

အဲ့ဒီတချိန်ထဲမှာပဲ ဒီကဆောင်ထားတဲ့အခွန်စာရွက်၊ ကျနော့်စာအုပ်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကျနော့်ရဲ့အလွန်အားကိုးရတဲ့
ညီအရင်းကဲ့သို့ ခင်တဲ့ ကိုဖြိုးစီကို Scan နဲ့ပို့၊ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်ဆီကိုသွားတွေ့ခိုင်းပြီး ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်မှာလဲ
ကြာမယ့်ရက် စတာတွေကို မေးမြန်းစုံစမ်းစေပါတယ်။ ဆောင်ရွက်ပေးမယ့်သူနဲ့ နောက်ဆုံးသဘောတူညီချက်ရပြီး တဲ့နောက်မှာတော့
ကျနော်ပြန်လာမယ့် ရက်ကတိုလွန်းတာကြောင့် တချို့ကြိုတင် ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို သူကကြိုတင်ဆောင်ရွက်နှင့်နေပါပြီ။
ရန်ကုန်က ကျနော့်စီကို မီးစိမ်းရတဲ့ ရက်ကတော့ သောကြာနေ့ ဇွန်လ ၁၇ ရက်နေ့ပါ။ ဒီနောက်မှာတော့ Travel Agent ဆီဖုံးဆက်ပြီး
လေယာဉ်ပျံလက်မှတ်ရ မရ မေးတော့ MIA က ၃၅၀ နဲ့ စင်္ကာပူကနေရန်ကုန်ကိုရပေမယ့် ရန်ကုန်ကနေ စင်္ကာပူကို ကျနော်မျှော်လင့်ထား
တဲ့ရက် မရပါဘူး။ Jetstar ကလဲ Fix Date ဖြစ်မှရမယ်ဆိုတော့ အစဉ်မပြေပြန်ပါဘူး။ နောက်ဆုံးရွေးချယ်ရာ အဖြစ် Silk Air လက်မှတ်
ကိုမေးတော့ ၄၂၀ ပါတဲ့။ ဒါနဲ့ ခပ်မြန်မြန်လေး online ပေါ်တက်ကြည့်တော့ Silk Air Online Direct Sales က ၃၉၀ ဆိုတာနဲ့ သိပ် မတွေးတော့ပဲ ချက်ချင်းလက်မှတ်ဝယ်လိုက်ပါတယ်။ ရန်ကုန်ကိုလဲ ၁၉ ရက်နေပြန်လာပြီးတဲ့နောက် ၂၀ ရက်နေ့ကစပြီး အဲ့ဒီ ကိစ္စ တွေ
ကိုစတင်လုပ်မယ်ဆိုပြီး ကြိုတင်ချိန်းဆိုထားပါတယ်။

ပြန်သမျှခရီးတွေထဲမှာ ဒီတခါပြန်တာတက်သုတ်ရိုက် အလျှင်အမြန်ဆုံးပါပဲ။ စနေနေ့မှာ ရန်ကုန်ကိုယူသွားစရာလေးတွေ အမြန်ပြေးဝယ်
လိုက်ရသေးတယ်။ ၁၉ ရက်နေ့ နေ့လည်လေကြောင်းနဲ့ ရန်ကုန်ကို ညနေ ၄နာရီခွဲလောက်မှာပြန်ရောက်ပါတယ်။ ညီမလေးနဲ့ သူ့
သူငယ်ချင်းတစ်ယောက် လာကြိုကြပါတယ်။ မြန်မာ လဝက မှာတော့ ထုံးစံအတိုင်း ဖြေရှင်းလိုက်တာ အေးအေးချမ်းချမ်း ပြည်ဝင်ခွင့်ရ
ပါတယ်။

ဇွန်လ (၂၀) ရက်နေ့ - Day 1 Monday

မနက်စောစောထဲက တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ လက်ကိုင်ဖုံးတစ်လုံးယူဖို့ရှိတာနဲ့ အိမ်ကမနက်စာတောင်မစားနိုင်ပဲ လိုအပ်တာတွေ
ယူပြီး လမ်းကြုံလိုက်တဲ့ ညီဝမ်းကွဲနဲ့အတူ တက်စီတစ်စင်းဌားပြီးထွက်လာပြီးတဲ့နောက် လမ်းတစ်ဝက်အရောက်မှာ အိတ်ထဲမှာ မြန်မာငွေ
တပြားမှမပါတာ သတိရလိုက်ပါတယ်။ ကံကောင်းလို့ လမ်းကြုံလိုက်လာတဲ့ ညီစီကနေ ငွေတစ်သောင်းချေးပြီး လိုရာကိုရောက်အောင်
သွား၊ အဲ့ဒီကနေ ဖုံးတင်မက နောက်ထပ်ငွေ လေးသောင်းပါထပ်ချေးပြီး မြို့ထဲကအကျိုးဆောင်ရုံးရှေ့ရောက်တော့ ၉ နာရီခွဲခါနီးပါ။
ရုံးပေါ်ကိုတက်ကြည့်တော့ ရုံးကမဖွင့်သေးပါဘူး။ ကျနော်ကလဲ မြန်မာစံတော်ချိန်ကိုမေ့ပြီး ကိုယ့်စံချိန်နဲ့ကိုယ်ဆိုတော့ ရုံးရှေ့မှာ နာရီဝက်လောက်စောင့်ပြီး တဲ့နောက်မှာတော့ အကျိုးဆောင်ရုံးတက်လာပါတယ်။ သူ့ရုံးမှာထိုင်စောင့်ပြီး တော်တော်ကြာတော့ တခြား
စာအုပ်အသစ်လုပ်ဖို့ လာတဲ့ကောင်လေးတစ်ယောက်နဲ့ တူတူ ပါတ်စ်ပို့ရုံးသွားဓာတ်ပုံရိုက်ရပါတယ်။ ပါတ်စ်ပို့ရုံးထဲကိုဝင်ဖို့ အဆင့် ၂ ခု
စစ်ဆေးပါတယ်။ ပါလာတဲ့ခါးပတ်အိတ်ကိုဖွင့်ပြပြီး ခန္ဓာကိုယ်ကိုလဲ ရှာပါတယ်။ အိတ်ကြီးကြီးမှန်သမျှယူလို့မရပါဘူး။ ဓာတ်ပုံရိုက်တာ
တော့ အတော်မြန်ပါတယ်။ တရုံးလုံးလူတွေကတော့ အုံးအုံးကျွတ်ကျွတ်ပါပဲ။ အဲ့ဒီကိစ္စပြီးတော့ ငွေလဲဖို့အတွက် ပုဇွန်တောင်ဈေးက အမ
ဝမ်းကွဲရဲ့ ပဲပွဲရုံကိုသွားဖို့ ပန်းဆိုးတန်းထိပ်ကိုထွက်တဲ့အခါ များပြားလှတဲ့ ဘတ်စ်ကားတွေတန်းစီပြီး မှတ်တိုင်တွေအော်နေတာနဲ့ Taxi ခ
သက်သာရအောင် အော်နေတဲ့စပယ်ရာ ကို ပုဇွန်တောင်ဈေးရောက်လားလို့မေးတော့ ရောက်တယ်ဆိုတာနဲ့ တက်စီးလိုက်ပါတယ်။
ပုဇွန်တောင်ဈေးမှာ အမ နဲ့ထိုင်စကားပြော ငွေလဲပြီး ဆူးလေဖက်ကိုပြန်သွားဖို့တော့ ဘတ်စ်အစဉ်မပြေလောက်တော့တာနဲ့ တက်စီပဲစီး
ပြီး ပြန်သွားလိုက်တယ်။ အဲ့ဒီနေ့ကငွေဈေး 1 US$ ကို 793 ကျပ်ပါ။

နေ့လည်စာစားဖို့အချိန်ကလဲ ရောက်နေပြီဆိုတော့ ကျနော်စားနေကြ ချစ်တီးထမင်းဆိုင် ရွှေမြို့တော်ကိုသွားရှာတဲ့ အခါဆိုင်ကပြောင်း
သွားပြီတဲ့ဆိုတော့ ဘာစားရမှန်းမသိတော့ပါဘူး။ ဒီလိုနဲ့ ရှေ့ဆောင်ရုပ်ရှင်ရုံအောက်က ရှမ်းခေါက်ဆွဲဆိုင်သတိရတာနဲ့ အဲ့ဒီသွားပြီး
ရှမ်းခေါက်ဆွဲနဲ့ နေ့လည်စာပြီးသွားပါတယ်။ အချိန်လေးနည်းနည်းရသေးတာနဲ့ အင်တာနက်ဆိုင်လေးဝင်ပြီး အီးမေးလ်းလေးဘာလေး
စစ်ပြီး အကျိုးဆောင်ရုံးကို သွားထိုင်စောင့်ရပါတော့တယ်။ ကျနော့်ကိစ္စအတွက် အခွန်ဆောင်ဖို့ကိုကြိုလုပ်ထားပြီး အဲ့ဒီအချိန်မှာတော့
အခွန်ဦးစီးမှူးစီကို လက်မှတ်ထိုးခိုင်းထားပါတယ်။ တကယ့်အတိုင်းဆိုရင်တော့ အဲ့ဒါကတစ်ရက်ကြာပါတယ်တဲ့။ လက်မှတ်ကလေးထိုး
တုံးလေးထုတာ တစ်ရက်တောင်စောင့်ရတယ်ဆိုတော့ အေးပေါ့ မြန်မာနိုင်ငံကိုးလို့တွေးမိပါရဲ့။ တကယ်တော့ အဲ့ဒီနေ့မှာပဲ၊ အခွန်ဦးစီးမှူး
လက်မှတ်ထိုး နိုင်ငံခြားကုန်သွယ်မှူဘဏ်မှာငွေသွင်းအကုန်ပြီးရမှာဖြစ်ပေမယ့် အခွန်ဦးစီးရုံးမှာကြာနေတဲ့အတွက် အဲ့ဒီငွေသွင်းတဲ့စီကို
မရောက်တော့ပဲ အဲ့ဒီနေ့ကတော့ ညနေ ၄ နာရီလောက်အထိ ထိုင်စောင့်ပြီးဘာမှမပြီးစီးလိုက်ပါဘူး။ နောက်နေ့အင်္ဂါနေ့ကို ၂ နာရီလာခဲ့
ပါလို့ပြောတာနဲ့ ကျနော်လဲပြန်လာခဲ့လိုက်ပါတယ်။

အဲ့ဒီကနေ ဆရာစံလမ်းမှာရှိတဲ့ ကျနော့်အလွန်ခင်မင်ရတဲ့ ကိုဖိုးသားတို့စီကိုသွား အေးအေးဆေးဆေးစကားပြောနဲ့ ညနေကြတော့ ကိုဖြိုး
နဲ့ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဥဥ (ငုံးဥ) တို့ရွှေလီမှာ အသားကင်နဲ့ ဘီယာလိုက်ကျွေးပါတယ်။ ငါးကင်မစားရတာကြာတော့
အတော်လေး အရသာတွေ့မိပါရဲ့။

ဇွန်လ ၂၁ ရက်နေ့ - Day 2 (Tuesday)

မနက်ပိုင်းတစ်ခုလုံးအားနေတာနဲ့ လိုအပ်တာတွေပြန်ယူဖို့အတွက် အိမ်ပြန်ပါတယ်။ ထုံးစံအတိုင်း ငွေကုန်သက်သာချင်လို့ လှိုင်သာယာ
ကိုတိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားကိုစီးကာမှ လမ်းတစ်ဝက်မှာ ကောင်းမောင်းတဲ့ Driver ကဗိုက်အောင့်လို့ကားဆက်မမောင်းနိုင်တော့
ဘူးဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်ပါတော့တယ်။ ကားစပါယ်ယာကတော့ သူတို့ရဲ့ HQ ကိုဖုံးဆက်ပြောတော့ ကားတစ်စင်းအစား
လွှတ်ပေးမယ်ဆိုပြီး ခရီးသည်တွေကိုစောင့်ခိုင်းပါတယ်။ ကျနော်ကတော့ မစောင့်နိုင်တာသေခြာလို့ ကားပေါ်ကဆင်းပြီး ရှေ့မှာလာရပ်တဲ့
နောက်ထပ် ဘတ်စ်ကားတစ်စင်းပေါ်ခုန်တက်လိုက်သွားတာ ကားကလှိုင်သာယာကိုမရောက်ပဲ ဘုရင့်နောင်လမ်းဆုံအထိပဲရောက်မယ်တဲ့
ရောက်ရာပေါ့။ ဘုရင့်နောင်ကြတော့ ကားပေါ်ကဆင်းတော့ မိုးတွေကလဲရွာနေပါပြီ။ ကိုင်းတစ်ဖက်ပြုတ်နေတဲ့ Singtel က အလကားရတဲ့
ထီးကိုပဲ အားကိုးအားထားပြုပြီးတော့ ကားလမ်းတစ်ဖက်ခြမ်းကိုကူးပြီး ကျနော့်တို့အိမ်နားကိုရောက်တဲ့ ကားကိုမေးမြန်းပြီးစီးလိုက်ပါ
တယ်။ ဒီတစ်ခါတော့ ရမ်းသမ်းမတက်ရဲတော့ဘူးဗျာ။ လမ်းထိပ်ရောက်တော့လဲ လမ်းထိပ်မှာမိုးရွာလို့ ရေနည်းနည်းလေးကြီးနေပါတယ်။
ဘယ်တက်နိုင်မလဲ ရေထဲပဲဖြတ်လျှောက်ပေါ့။ ဒီလိုနဲ့ အိမ်ရောက်ပြီး လိုတာတွေထည့်ပြုပြီး ပြန်သွားမယ်လုပ်တော့ ညီမလေးက လူကြုံ
ထည့်ပေးလိုက်တဲ့ မျက်မှန်ကိုအလုံမှာ ရှိတဲ့အဒေါ်အိမ်ကို ဝင်ပို့လိုက်ပါဆိုတာနဲ့ ဒီတခါတော့ ငါတက်စီပဲစီးသွားတော့မယ်ဆိုပြီး လက်ကိုင်
baggage တစ်လုံးပါလိုတာတွေ အကုန်ထည့်ယူသွားပြီး လမ်းထိပ်ကိုထွက် Taxi ဌားပါတယ်။ ကံ က ကိုယ့်ဖက်မလိုက်ပဲဖြစ်နေတယ်ထင်
ပါရဲ့ တက်စီကတစ်စင်းမှမလာပါဘူး။ လာတဲ့တက်စီကလဲဈေးကိုအဆမတန်တောင်းနေတာနဲ့မလိုက်ဘူးဟဲလို့တင်းခံနေတာ။ နောက်ဆုံး
ဘာကားမှမလာတာနဲ့ အလုံရောက်တယ်ဆိုတဲ့ အထူးဘက်စ်ကားတစ်စင်းနဲ့လိုက်ခဲ့ပြန်ရော။ ကြည့်မြင်တိုင်ငါးဈေးရှေ့လောက်ရောက်
တော့ ဖုံးဆက်ပြီး မျက်မှန်ကို ကားဂိတ်မှာလာယူခိုင်းမယ်ဆိုပြီး ဖုံးဆက်တော့ ဖုံးကတချိန်လုံးကောင်းနေရာကနေ လုံးဝဆက်သွယ်လို့
မရတော့ပါဘူး။ တရုတ်လုပ် Touch Screen ဖုံးဆိုတော့ ကျနော်လဲဘယ်ခုလုတ်ကိုနိုပ်ပြီး restart လုပ်ရမယ်တောင်မသိပဲ နောက်ဆုံး
အလုံကိုရောက်သွားတဲ့ အခါမှာတော့ မလွှဲမရှောင်သာပဲ အဒေါ်ရဲ့အိမ်ကို အထုတ်တွေတဖက် ထီးတစ်ဖက်နဲ့ရေတွေ ချွေးတွေရွှဲပြီးရောက်
သွားပါတော့တယ်။

နေ့လည် ၂ နာရီရောက်တော့ အကျိုးဆောင်ရဲ့ ရုံးကိုသွားထိုင်စောင့်ပါတယ်။ ကံကောင်းချင်တော့ ကျနော်နဲ့တူတူပဲ process လုပ်တဲ့ထဲ
မှာ စင်္ကာပူက ပီအာအကိုကြီးတစ်ယောက်လဲ ပါပါတယ်။ အဲ့ဒီနေ့ကသူ့ကိုလဲ ၂ နာရီလာပါဆိုပြီး ချိန်းထားတော့ ကျနော်ရောက်ပြီး ခဏ
မှာသူလဲရောက်ပြီး ကျနော်တို့ဘာမှန်းမသိတာကို ထိုင်စောင့်နေကြပါတယ်။ ခဏနေရုံးပေါ်တက်မယ် (ပါတ်စ်ပို့ရုံး) လို့ပြောတာလဲ
အခေါက်ပေါင်း ၂၀ လောက်တော့ရှိနေပါပြီ။ လိုနေတဲ့စာရွက်တစ်ခုကိုစောင့်နေတယ်လို့ပဲ နားလည်ထားမိပါတယ်။ ဒါအပြင် ရုံးထဲမှာရှိနေ
တဲ့သူ့အဆက်အသွယ်တွေစီကနေ သတင်းပို့ချက်အရ ရဲမှူးဆိုတဲ့ အရာရှိကြီးကလဲ ရုံးပေါ်မှာမရှိပဲ အပြင်သွားတာ ၃နာရီခွဲလောက်မှပြန်
ရောက်ပါမယ်ဆိုတော့ ပိုမလောတော့ဘူးပေါ့။ နောက်ဆုံးမှာတော့ ကျနော်နဲ့ ဟိုအကိုနဲ့ (၂) ယောက်သား ၃နာရီခွဲခါနီးလောက်မှာရုံးပေါ်
တက်ပြီး သက်သာဆိုင်လေးမှာ အကျိုးဆောင်ရဲ့ဝန်ထမ်း ကောင်လေးနဲ့တူတူထိုင်စောင့်နေရပါတယ်။ ရဲမှူးကလဲပြန်မလာသေးတဲ့ အပြင်
ကျနော်တို့စာရွက်စာတမ်း အဓိကအားဖြင့်အခွန်ကင်းရှင်းမှုကို စစ်ဆေးတာလဲ စတောင်မစရသေးပါဘူး။ ဒီလိုနဲ့ ညနေ (၄) နာရီထိုး
တော့ ရဲမှူးတော့ပြန်ရောက်လာပါတယ်၊ ကျန်တဲ့လက်အောက်ခံ ရဲဝန်ထမ်းတွေ တော်တော်များများက မြန်မာရုံးများရဲ့ ထုံးစံအတိုင်းရုံး
ဆင်းကုန်ပြီဆိုတော့ ကျနော်တို့ (၂) ယောက်သားစိတ်ပျက်ပျက်နဲ့ အကျိုးဆောင်ရုံးကို တပ်ခေါက်ကြရပြန်ပါရော။ တင်္နလာနေ့မှာတင်
မှာ သောကြာနေ့မှာစာအုပ်ထွက်ရမယ်ဆိုတော့ အခုအင်္ဂါနေ့မှာလဲ မတင်လိုက်နိုင်တော့ သောကြာနေ့ထွက်မထွက်ဆိုတာသိပ်မပြောနိုင်
ဘူးဖြစ်နေတော့တာပေါ့။ ဒါမယ့် အကျိုးဆောင်ကတော့ သေခြာပေါက် Double Confirm ရအောင်လုပ်ပေးမယ်ပြောတယ်ဆိုတော့ နည်း
နည်းလေးတော့ စိတ်အေးနိုင်ပါသေးတယ်။ ကျနော်တို့လဲ နောက်နေ့အတွက်အချိန်းအချက်တွေလုပ်ပြီး ပြန်လာခဲ့ကြရတာပေါ့။

ဇွန်လ ၂၂ ရက်နေ့ - Day 3 (Wednesday)

မနက် (၉) နာရီကို စာအုပ်ရုံးရှေ့မှာ ဟိုအကိုနဲ့ရော၊ အကျိုးဆောင်ရဲ့ ဝန်ထမ်းကောင်လေးနဲ့ရောချိန်းထားတော့ ကျနော်ကတော့ ၈း၄၀
လောက်ထဲကရုံးရှေ့မှာထိုင်စောင့်နေလိုက်တယ်။ ရုံးကြီးမဖွင့်မီထဲက ရုံးရှေ့မှာရုံးထဲဝင်ဖို့စောင့်နေတဲ့လူတွေ ရာဂဏန်းရှိတယ်ဗျာ။
အမျိုးသားဝင်ပေါက် နဲ့ အမျိုးသမီးဝင်ပေါက်ခွဲထားပြီးတော့ လူတွေကိုတန်းစီဝင်အောင်ရဲတွေက ပြောနေတာတွေ့ရတယ်။ မြန်မာတွေမှာ
ဒီလိုတန်းစီတဲ့ စနစ်ကမရှိပဲ ပြုံဝင်ချင်တဲ့စိတ်ကတော့ ဘယ်တော့များမှပျောက်မလဲ စဉ်းစားလို့မရနိုင်ပါဘူး။ ခဏနေတော့ ဟိုအကိုလာ
တဲ့အချိန်ကြတော့ ရုံးထဲကိုလဲပေးဝင်ပြီးပြီဆိုတော့ ကျနော်တို့လဲတန်းသိပ်စီစရာမလိုတော့ပဲ မြန်မြန်ဝင်နိုင်ပါတယ်။ ဒါတောင်မှပေါ်တင်
ကြားဖြတ်ဝင်တဲ့ ၂ ယောက်လောက်ကိုပေးဝင်လိုက်ရပါသေးတယ်။

ရုံးထဲရောက်လို့ ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်ကို ဆက်သွယ်ပြီးခဏစောင့်နေတော့ ကျနော်တို့ရဲ့ သူတို့အခေါ်အမှုတွဲဆိုတဲ့ စာရွက်စာတမ်း
တစ်ထပ်ကြီးကိုပေးပါတယ်။ စာရွက်တစ်ရွက်လက်ရေးနဲ့ ရေးထားတာတွေတော့ အရာရှိတစ်ယောက်လက်မှတ်ထိုးထားတဲ့ အခွန်စစ်ဆေး
ပြီးကြောင်းစာရွက်ပါ။ မနေ့ကကျနော်တို့ ပြန်သွားပြီးတဲ့အချိန်မှာ စစ်ဆေးပေးထားတာကိုပဲ ကျေးဇူးတင်လှပါပြီ။ မဟုတ်ရင် ဒီအခွန်စစ်
ဖို့အတွက်ကို ဒီမနက်မှာ တန်းစီနေရအုံးမှာပါ။ အခွန်စစ်တဲ့ အရာရှိ (၄)ယောက်ပဲရှိပါတယ်။ အဓိက ကတော့ ပါတ်စ်ပို့စာအုပ်ကအဝင်
အတွက်တုံးတွေကို ကြည့်ရှူပြီးနိုင်ငံခြားမှာ ဘယ်လောက်ကြာအောင်နေခဲ့လို့ ဘယ်လောက်အခွန်ဆောင်ထားတာ မှန်မမှန်ကိုစစ်ဆေး
တာပါ။ ခုနကစာရွက်တွေကိုယူပြီးတော့ စားပွဲတစ်လုံးမှာ ခုနကအခွန်စစ်ဆေးပြီးကြောင်း စာရွက်ကို copy ဆွဲ၊ နောက်ထပ်စာရွက် စာတမ်း တချို့ဖြည့်စွတ်ပြီးတော့ ရဲမှူးအခန်းရှေ့မှာသွားစောင့်ကြပါတယ်။ ရဲမှူးစီကိုတွေ့ဖို့စောင့်နေတဲ့ လူတွေကလဲ ထုံးစံအတိုင်း
တန်းစီတာဘာညာမလုပ်ပဲ စုပြုံတိုးနေ၊ ဒီကြားထဲ ရဲမှူးရုံးခန်းရှေ့ကနေ ပါတ်စ်ပို့စာအုပ်အသစ်တွေကို ထုတ်ပေးနေတော့ ရှုပ်ယှက်ကို
ခပ်နေတာပါပဲ။ ရဲမှူးကလဲ ဧည့်သည်လူကြီးတွေနဲ့ အစည်းအဝေးလုပ်နေလို့တော်တော်နဲ့လူတွေကိုလက်မှတ်မထိုးပေးနိုင်ပါဘူး။
ခဏနေတော့ လူကြီးတွေလဲပြန် ကျနော်တို့အမှူတွဲတွေကိုလဲ ရဲမှူးရုံးခန်းထဲပို့ပြီးလို့ ၁၀ မိနစ်လောက်ကြာတော့ မည်သို့မည်ပုံလုပ်
လိုက်သည်မသိပဲ ကျနော်တို့အမှုတွဲတွေက ရဲမှူးမှတ်ချက်စာရွက်အဝါလေးတစ်ရွက် နဲ့အတူအပြင်ကိုပြန်ထွက်လာပါတယ်။ လူတွေကို
ပြုံတိုးပြီး ရဲမှူးအခန်းထဲလဲဝင်မတွေ့လိုက်ရပါဘူး။

အမှုတွဲယူပြီး ဆက်ပြီးသွားရမယ်ဆိုတဲ့ အခန်းတစ်ခန်းကိုသွားတော့ ရဲအရာရှိတစ်ယောက်က စာရွက်တွေကို စစ်ဆေးပေးပါတယ်။ အဲ့ဒီ
မှာ ကျနော်တို့ပထမဆုံးစာအုပ်လုပ်တဲ့အချိန်တုံးက အခြေခံပညာအထက်တန်းအဆင့်အထိရောက်ခဲ့တယ်လို့ရေးလို့ရခဲ့ပေမယ့်၊ ဒီတခါ
သက်တမ်းတိုးတဲ့အခါမှာတော့ ၁၀ တန်းအောင်မြင်ပြီး ပြည်ပနိုင်ငံတစ်ခုမှာ ဆက်လက်ပညာသင်ကြား၍ ဘွဲ့ရရှိခဲ့တယ်လို့ ရေးမှအစဉ်
ပြေတော့တယ်ဗျာ။ မြန်မာပြည်တွင်းမှာ ဘွဲ့ရရှိခဲ့တယ်ဆိုရင်တော့ ပညာရေးလျှော်ကြေးဘာညာတွေ ရှုပ်မှာဖြစ်တဲ့အတွက် ပြည်ပမှာရခဲ့
တယ်လို့ရေးရတာပါ။ တကယ်အမှန်အတိုင်းဆိုရင်တော့ ပြည်ပကရခဲ့တဲ့ ဘွဲ့လက်မှတ်ကိုလဲတောင်းစစ်ရမှာပေါ့။ အရာရှိကလဲမေးတယ်
ပြည်ပမှာ ကျောင်းပြီးတာလား ဆိုတော့ ဟုတ်ကဲ့ပေါ့။ ဒါဆိုအထောက်အထားရောပါလားဆိုတော့ မပါဘူးခဗျ။ ကျနော် အကိုကြီးအတွက်
ကြည့်စီစဉ်ပေးပါ့မယ် ဆိုတဲ့ စာရွက်စာတမ်းအထောက်အထားနဲ့တင် အကုန်အေးဆေးဖြစ်ပြီး စာရွက်တွေမှာတုံးတွေထု၊ လက်မှတ်တွေ
ထိုးပြီး၊ လက်ဗွေရာနိုပ်တဲ့စီသွားခိုင်း လက်ဗွေနိုပ်ပြီးတဲ့နောက် စလစ်တစ်ခုထွက်လာချိန်မှာတော့ ဒီပါတ်စ်ပို့ရုံးကိစ္စမှန်သမျှပြီးစီး သွားခဲ့
ပါတော့တယ်။ ဒီတော့ အကျိုးဆောင်ရုံးကိုသွား စလစ်ပေးပြီး စနေမနက်မှာစာအုပ်ထွက်လာနိုင်ဖို့ ထပ်ပြီးအပူကပ်ရတာပေါ့။ ဟိုအကို
နဲ့မိသားစုက Sunday မနက်လေပျံနဲ့ စင်္ကာပူကိုပြန်မှာဖြစ်ပြီး ကျနော်ကတော့ နေ့လည်လေပျံနဲ့ ပြန်မှာဆိုတော့ စနေမနက်ကိုရမှဖြစ်
မှာပါ။ အကျိးဆောင်ကလဲ သူ့အဆက်အသွယ်စီဖုံးထပ်ဆက်ပြီး ပြောတော့ ဟိုဖက်ကလဲ ကူညီပေးမယ်လို့ပြောတာကြားတော့စိတ်ဒုံးဒုံး
ချနိုင်ပါတော့တယ်။ (သူတို့အပိုင်းမှာတော့ ဒီလိုအလျှင်အမြန်ကူညီရတဲ့အတွက် မေတ္တာနဲ့တုန့်ပြန်တာတွေတော့ရှိမှာပေါ့ဗျာ)

အဲ့ဒီနောက်မှာတော့ ဗိုလ်ချုပ်ဈေးကိုပြေးပြီး ရုံးကအထက်အရာရှိများအတွက် လက်ဆောင်လေးတွေပြေးဝယ်၊ မျက်မှန်အတွက်မျက်စိ
စစ်ဆေးပြီး မှန်အသစ်လုပ်တဲ့ကိစ္စတွေကို အလျှင်အမြန်ဆက်တိုက်လုပ်ရတော့တာပေါ့။ ရွှေတိဂုံဘုရားကိုလဲ ဒီတစ်ခေါက်တော့ ရအောင်
သွားဖူးမယ်ဆိုပြီး နေ့လည်ပိုင်းပဲ မြန်မြန်လေးသွားဖူးပြီး ဓာတ်ပုံလေးနည်းနည်းရိုက်ဖြစ်တယ်။ ညနေတော့ ချိန်းဆိုထားတဲ့ ညစာအစီ
အစဉ်အရ ဒီညတော့ ကိုဖိုးသားတို့မိသားစုနဲ့ ကုန်သည်ကြီးများမှာ ဘူဖေးစားဖြစ်ပါတယ်။

ဇွန်လ ၂၃ ရက်နေ့ - Day 4 (Thursday)

မနက်ပိုင်းတော့ ဟိုးအရင်ငယ်ငယ်ကနေခဲ့တဲ့ကုက္ကိုင်းက အမျိုးတွေစီသွားကန်တော့၊ အဲ့ဒီကနေရန်ကင်းစင်တာ စီတီးမတ်မှာ မြန်မာအစားအစာ ဝယ်ချင်တာလေးတွေဝယ်ဖြစ်တယ်။ နေ့လည်ပိုင်းတော့ ဘယ်မှမသွားဖြစ်တော့ပဲ တည်းတဲ့နေရာမှာပဲနားနေပြီး ညနေ ၄ နာရီမှာ (၈)မိုင် သမားတော်ဆေးခန်းမှာအထူးကုဆရာဝန်ကြီးတစ်ယောက်နဲ့ ခြေထောက်ထုံကျင်တဲ့ပြသနာ ပြဖို့အတွက်သွား
တယ်ဗျာ။ တုံကင်နံပါတ်က (၁၈) ဆိုပေမယ့် ကြားထဲမှာ ဆေးကြော်ငြာ promoter တွေကဖြတ်ဖြတ်ဝင်နေတော့ (၁) နာရီမကထိုင်စောင့်
လိုက်ရတယ်။ တကယ်ဆိုရင် ဆေးခန်းတွေအနေနဲ့ ဆရာဝန်ကြီးတွေလူနာကြည့်ချိန်မှာ ဒီလိုမျိုးလုံးဝကိုခွင့်မပြုသင့်ပါဘူး။ သူတို့ဘယ်
လိုဘယ်ပုံ အပေးအယူတွေလုပ်ထားကြလဲတော့မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်မဖြစ်သင့်ဘူးဗျာ။ တချို့လူနာတွေဆိုရင် အာရုံကြောထိထား
တာတို့ဘာတို့ဆို သူတို့မှာ ထိုင်ခုံမှာထိုင်ရတာကို အစဉ်မပြေဖြစ်နေတာလေ။ ထင်ထားတာထက်ကြာသွားတော့အပြေးအလွှားတည်းတဲ့ စီပြန်ပြေး ပြင်ဆင်ပြီး ညစာအစီအစဉ်အရ အင်းယားလမ်း ခေမရဂ်က စိုင်းတို့မိသားစု၊ သူငယ်ချင်း ဂွတ်ရွတ်တို့နဲ့ ဆီဒိုးနားမှာစားဖြစ်
ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောလို့တကယ့်ကို ပျော်စရာကောင်းတဲ့ ညစာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ကား လမ်းပြောင်းပြန်မောင်းခဲ့တာတွေ၊ Pionner မှာ ဝိုင်းရိုက်ခံရတော့မှာမို့လို့ ကားမောင်းထွက်အပြေးမှာ ကျနော် ကျန်ခဲ့လို့ ပြေးလိုက်ပြီး Holywood ရုပ်ရှင်ထဲအတိုင်း ကားပေါ်ဒိုင်ဗင်ပစ်ဝင်ခဲ့ရတာတွေ၊ စတဲ့ပြန်ပြောကြတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။

ဇွန်လ ၂၄ ရက်နေ့ - Day 5 (Friday)

ဒီနေ့တော့ဘာမှ မယ်မယ်ရရမလုပ်ဖြစ်ပါဘူး။ မနေ့ကဆရာဝန်ညွန်ကြားလိုက်တဲ့ ဆေးတွေကိုသွားဝယ်ပါတယ်။ အဲ့ဒီနောက်တော့ လဲထားတဲ့ငွေက မလောက်တော့လဲ မြို့ထဲသွားပြီးငွေနည်းနည်းသွားလဲ၊ မျက်မှန်ပြန်သွားရွေးနဲ့၊ နေ့လည်စာတော့ သိပ်ကြိုက်တဲ့ ဒံပေါက်
ကို ဆိုင်မှာထိုင်စားဖြစ်တယ်။ စာအုပ်ဆိုင်သွားလိုချင်တဲ့ စာအုပ်တွေအပြတ်ဝယ်မယ်ဟေ့လို့အားခဲထားပေမယ့် စာအုပ်ဈေးတွေကကြီး
တော့ တစ်အုပ်ပဲဝယ်ဖြစ်ပါတယ်။ အလွန်တရာစောင့်ရတဲ့ အင်တာနက်ကိုလဲ e-mail ဖွင့်စစ်ရုံအတွက် အင်တာနက်ဆိုင်လဲရောက်ဖြစ်
တယ်။ ညနေကြတော့ ညစာအစီအစဉ်အရ ရေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်းတွေအခုတော့ သင်္ဘောသားတွေဖြစ်နေပြီဖြစ်တဲ့
ဖိုးညီတို့ အောင်ကိုကိုတို့နဲ့ ဆရာစံလမ်းက ရွှေလီအသားကင်ဆိုင်မှာ ဘီယာနဲ့ အသားကင်နဲ့ပေါ့။ ပျော်စရာကောင်းပါတယ်။

ဇွန်လ ၂၅ ရက် - Day 6 (Saturday)

မနက်စောစောထဲက နိုးနေပြီး အကျိုးဆောင်ရုံးရှိရာကို ဆူးလေအထိ ဘတ်စ်ကားစီးသွားပြီး ထုံစံအတိုင်း သူအလာကိုထိုင်စောင့်ပါတယ်။
၁၅ မိနစ်လောက်ကြာတော့ သူရောက်လာပြီး ကျနော့်စာအုပ်အဟောင်းနဲ့ အသစ်နဲ့ကိုထုတ်ပေးပါတယ်။ တကယ့်ကို ပြောထားတဲ့ ကတိ
အတိုင်းအဖြစ်မနေ လုပ်ပေးနိုင်တာကို ချီးလဲချီးကျူးတဲ့အပြင် ကျေးဇူလဲတင်ပါတယ်။ အစပိုင်းမှာကြန့်ကြာမှုတွေရှိနေပေမယ့် ပြောထား
တဲ့အတိုင်းဖြစ်အောင်လုပ်ပေးနိုင်တဲ့ အတွက်ပေးရတဲ့ ပေးလိုက်ရတဲ့ ငွေနဲ့တန်တယ်ပြောလို့ရပါတယ်။

ကျနော့်ဘဝမှာ အမြန်ဆုံးနဲ့ရခဲ့ တဲ့ စာအုပ်အသစ်ပါပဲ။ ကြုံတုံးလေး ပြောရရင်တော့ ပထမဆုံးစာအုပ်ကို အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် မိမိအစီအစဉ်နဲ့မိမိ လိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ စာအုပ်ကိစ္စတွေကို ကိုယ့်သဘောနဲ့ကိုယ်တစ်ယောက်ထဲ ပုံမှန်လုပ်ငန်း စဉ်အတိုင်းလုပ်တာပါ။ လူတွေ ကြားထဲတန်းစီ၊ ဘဏ်မှာငွေသွင်းစတာတွေ၊ ပုံစံ၁၇ တွေ ပုံစံ ၁၉ တွေလဲ၊ ကိုယ်တိုင်ပဲကျဲခဲ့ရတာ။ ပုံမှန်လုပ်ငန်းစဉ်က အဲ့တုံးက (၃)လကြာပါတယ်။ (၃)လပြည့်ခါနီးကလဲဖြစ် ပြိုင်ပွဲကိုလဲသွားရခါနီးမှာ စာအုပ်ကမထွက်လာနိုင်သေးပါဘူး။
အဲ့ဒါကြောင့်အားကစားဝန်ကြီးဌာနကို ကျနော့်ဆရာကြီး ဦးမိုးမြင့်ကနေတဆင့်အကူအညီတောင်းတော့ အားကစားဝန်ကြီးဌာနကနေ
စာတစ်စောင်ထုတ်ပေးပြီး အမြန်ဆုံးကူညီပေးဖို့ ပြည်ထဲရေးကိုအကူအညီတောင်းခံပါတယ်။ စာကိုလဲကိုယ်တိုင်လက်နဲ့ကိုင်ပြီးအဲ့ဒီတုံး
က ပါတ်စ်ပို့ မင်းကြီးဖြစ်တဲ့ ဗိုလ်မှူးကြီးသက်ထုဋ်ရုံးခန်းအထိ ဝင်တွေ့ပြီးအကူအညီတောင်းရပါတယ်။ အမှန်အကန်လာခဲ့ ကူညီမယ်ဆို
တဲ့ တပိုးလက်ဆောင်လုံးဝမှလက်မခံဘူးလို့ နာမည်ကြီးတဲ့ မင်းကြီးက ပေးလိုက်တဲ့ စာရွက်ပေါ်မှာ မင်နီနဲ့ “ ယနေ့ချက်ချင်းဆောင်ရွက်
ပေးရန် ” ဆိုတဲ့မှတ်ချက်ရေးပေးလိုက်ခြင်းဖြင့်၊ မင်းကြီးကိုယ်ရေးအရာရှိက မနက်ဖန်ပြန်လာခဲ့လို့ကျနော့်ကိုပြောပါတယ်။ နောက်နေ့
သွားတော့ မင်းကြီးစားပွဲပေါ်မှာ ကျနော့်စာအုပ်ရောက်နေပြီး၊ မင်းကြီးရုံးတက်လာပြီးပြီးချင်း ချက်ချင်းစာအုပ်ပေါ်မှာလက်မှတ်ထိုးပေးပြီး
တဲ့နောက် ထုံးစံမဟုတ်ပဲ စာအုပ်ကို မင်းကြီးရုံးခန်းကနေတိုက်ရိုက်ထုတ်လာနိုင်ပါတယ်။

ဒုတိယအကြိမ်သက်တမ်းတိုးတဲ့အခါမှာလဲ (၃) လလောက်ကြာပါတယ်။ အဲ့ဒီတုံးကတော့ အဲပုဂံမှာအလုပ်လုပ်နေပြီဆိုတော့ ဝန်ကြီးဌာန
ပေါင်းစုံက ထိပ်တန်းအရာရှိကြီးများရဲ့ ပတ်သတ်ရာပတ်သတ်ကြောင်းမိသားစုများ အလုပ်လုပ်ရာမှာ ပြည်ထဲရေးနဲ့ပတ်သတ်တဲ့တစ်
ယောက်ကိုရှာဖို့ မခက်ခဲခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ စာအုပ်သက်တမ်းတိုးထွက်တာလဲ လျောလျောလှူလှူနဲ့ အမြန်ဆုံးထွက်လာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်လောက်တော့ ဘယ်လိုမှမမြန်နိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စံချိန်စံနှုန်းအတိုင်းဆိုရင် တကယ့်ကိုမပင်
မပန်းနဲ့ ပြီးဆုံးအောင်မြင်ခဲ့တာပါ။ ကျနော်တို့လိုရန်ကုန်ပြန်အခွန်ဆောင် စာအုပ်သက်တမ်းတိုးဖို့ တရားဝင်အမြန်နှုန်းကတော့ (၂)ပါတ်
ကြာပါတယ်တဲ့။ ဒါလဲမဆိုးပါဘူးဗျာ။ ကျနော်ကတော့ အချိန်ကမရလို့ အဲ့လိုဖုတ်ပူမီးတိုက်လုပ်လိုက်ရတာပါ။

စနေနေ့အကြောင်းပြန်ဆက်ရရင်တော့ အကျိုးဆောင်က ကိစ္စတစ်ခုအကူအညီတောင်းပါတယ်။ ကျနော်ပြန်ယ့် Flight နဲ့တူတူ စလုံးကို
သွားမယ့် အမျိုးသမီးတစ်ယောက်ထည့်ပေးလိုက်ချင်လို့တဲ့၊ သူ့မှာလဲ Elglish လိုမတက်တခါမှလဲ ပြည်ပမထွက်ဖူးလို့ဆိုတော့ ကိုယ်လဲ
ကိုယ်ချင်းစာစွာနဲ့ ကိုယ့်ကိုကူညီထားတဲ့ ကိစ္စတွေကလဲရှိနေတော့ ကူညီပါမယ်လို့အာမခံလိုက်ပါတယ်။ ရှမ်းအရှေ့မြောက်လောက်ကိုင်
အထူးဒေသရဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ရဲ့ပတ်သတ်ရာပတ်သတ်ကြောင်းပါ။ ကိုယ့်စာအုပ်ကိုယ်ရပြီးပြီဆိုတော့ စိတ်ထဲရှင်းလင်း
ပေါ့ပါးစွာနဲ့ပဲ၊ တည်းခိုရာကိုပြန်ပြီး လူကြုံပစ္စည်းများလက်ခံခြင်းကိုလုပ်ပါတယ်။ နေ့လည်ကျတော့ကိုဖြိုးရောက်လာပြီး ၂ ယောက်သား
နေ့လည်စာစား ကျနော်လဲဆက်တိုက်ပင်ပန်းထားတော့ တစ်ရေးတစ်မောအိပ်လိုက်သေးတယ်။ ညနေကိုတော့ ကျနော်ကတော့ ကိုဖြိုး
တို့နဲ့အစီအစဉ်ရှိတော့ ညီမလေးနဲ့ သူ့သူငယ်ချင်းကို ဆီဒိုးနားကတရုတ်ဆိုင်မှာပဲ သူတို့ကသူတို့စားခိုင်းလိုက်ပြီး၊ ကျနော်နဲ့ ကိုဖြိုး
ရန်ကင်းစင်တာမှာ Red label တစ်လုံးဝယ်၊ အမြည်းနဲ့စားစရာတွေ ဝယ်လာမယ့် ဥဥ ကိုထိုင်စောင့်တာ ကျေးဇူးရှင်က ည ၈ နာရီခွဲ
လောက်မှပေါက်ချလာပါတယ်။ သောက်ကြစားကြ၊ စကားတွေပြောကြနဲ့ တော်တော်လေးကြာတော့မှ သူတို့သူငယ်ချင်း မင်းရုံ ကို ဖုံးဆက်ခေါ် ကျနော်နဲ့မိတ်ဆက်ပေးပြီး ထပ်ဝိုင်းဖွဲ့စားသောက်လိုက်ကြတာ တစ်ပုလင်းလုံး တက်တက်စင်အောင်ပြောင် ပါတော့တယ်။ အလုပ်နဲ့အိမ်ပဲနေ့စဉ်နဲ့အမျှ ကျင်လည်နေရတဲ့ ကျနော့်မှာ အခုလိုလေးပြန်ခါနီး တစ်ညနေသူငယ်ချင်းတွေနဲ့ နေလိုက်ရတာ အတော် ကိုပျော်ပါတယ်။

ဇွန်လ ၂၆ ရက် - Day 7 (Sunday)

ဒီနေ့တော့ ပြန်ရတော့မယ်ဆိုတော့ မနက်စာစားပြီးတော့ လာခေါ်တဲ့ကားကလဲ အစဉ်သင့်စောင့်နေပြီဆိုတော့ ကိုဖြိုး၊ ဥဥ နဲ့ မင်းရုံတို့
ကိုနှုတ်ဆက်၊ လှိုင်သာယာအိမ်ကို အမြန်ပြန်ပါတယ်။ ကျနော့်မှာလဲ ဒီကျနော်တို့လမ်းထိပ်နဲ့ ကံအကျိုးမပေးထင်ပါရဲ့ လမ်းထိပ်ရောက်
တော့ မြေကြီးသယ်တဲ့ကားတစ်စီး ပျက်ပြီးလမ်းပိတ်နေလို့ ကားကဝင်မရပါဘူး။ ပတ်မောင်းဖို့ကလဲဝေး၊ လမ်းကလဲဆိုးတော့ အိမ်ကို
ဖုံးဆက်ပြီး အိမ်ကကောင်မလေးတွေကို ပါလာတဲ့ပစ္စည်းတွေလာသယ်ခိုင်းကာ လမ်းလျှောက်ဝင်လိုက်ရရောဗျာ။ အိမ်ရောက်တော့ ပစ္စည်း
တွေပြန်နေရာချ ရေမိုးချိုးပြီး အိပ်ယာထဲ ၁၀ မိနစ်လောက်လှဲပြီး ရန်ကုန်ရောက်တုံးမှမတွေ့လိုက်ရင် စိတ်မကောင်းဖြစ်နေရမယ်ဆိုပြီး
မမို့ဆီကိုညီမလေးနဲ့တူတူသွားပါတယ်။ မမို့နဲ့သူ့အမျိုးသားတို့လက်ခံစကားပြောကြပြီး မမို့ကသူစလုံးအိမ်ကို အရမ်းပေးချင်တဲ့ ငရုတ်ဆုံတောင်းတစ်ခု နဲ့ ပါပါး အတွက် ရှောက်သီးအလုံး ၁၅ လုံးလောက်ပေး လို့ ကီလိုတောင်ဝင်ပါ့မလားဆိုပြီး စိတ်ပူရသေး တယ်။ မမို့စီကနေ ပြီးတော့ လူကြုံကိစ္စ အတွက် လောက်ကိုင်ခေါင်းဆောင်အိမ်ကိုသွား ခေါ် သူတို့ကားနဲ့ပဲလေဆိပ်ကိုလိုက်ပို့ခိုင်းလိုက်တယ်။
လေဆိပ်ရောက်တာနဲ့ ဖြည့်စရာရှိတဲ့စာရွက်တွေကိုဖြည့် လေကြောင်းလိုင်း ကောင်တာမှာ Check In ဝင်တော့ အရင်ကလောက်မဆိုးပဲ
ကျနော်လိုချင်တဲ့ ခုံကိုလျှောလျှောရှုရှု ပဲပေးပါတယ်။ ရှောက်သီးက ကီလိုပိုမယ်ထင်ပေမယ့် ဟိုတရုတ်မရဲ့ အထုတ်နဲ့ ပေါင်းချိန်လိုက် တော့မပိုပဲ အစဉ်ပြေသွားပါတယ်။

ကိစ္စတွေပြီးတော့ ထိုင်ခုံတစ်ခုမှာထိုင်ပြီး သူ့အတွက်စာရွက်စာတမ်းတွေစီစဉ်ပေး၊ ထုံးစံအတိုင်းတွေစာအုပ်ထဲ ညှပ်ပြီးသွားတော့မယ်
လုပ်တော့ အဲပုဂံကသူငယ်ချင်းဟောင်းတွေနဲ့တွေ့လို့ စကားပြောရသေးတာ။ နောက်တော့ လေဆိပ် လဝကကိုအဖြတ်မှာ ထုံးစံအတိုင်း
ကြောင့်ဘာမှ ထွေထွေထူးထူးတွေမမေးပဲနဲ့ ဘယ်နေ့ကပြန်ရောက်တာလဲလို့ မေးတော့ ကျနော်ကလဲမေ့ပြီး (စာအုပ်အဟောင်းတောင်း
ကြည့်မှာလဲဆိုးတာပါတယ်) လွန်ခဲ့တဲ့အပါတ်ကရောက်ပါတယ်ဆိုတော့ စာအုပ်အသစ်မှာ ရေးထားတဲ့ ဒီစာအုပ်ကယခင်အဟောင်းနံပါတ်
ကို replacement လုပ်ထားတာဖြစ်ကြောင်း ကိုပြပြီးတော့ “ တယ်မြန်ပါလား ဘယ်နှယ်လုပ်လိုက်တာလဲ ” ဆိုပြီး၊ ကျနော်ကို တစ်စုံတစ်
ယောက်လို့ထင်သွားပြီး စာအုပ်ကိုပြန်ပေးလိုက်ပြီးတဲ့ နောက်အမိမြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာလာပါတော့တယ်။

“အထူးကျေးဇူးတင်ရှိခြင်း”

ရန်ကုန်မှာ အခွန်ဆောင်ခြင်း ကိစ္စတွေကိုအသေးစိတ်အတိအကျ information တွေပေး၊ မေးသမျှစိတ်ရှည်ရှည်နဲ့ ဖြေပေးပြီး လိုအပ်တဲ့
အဆက်အသွယ်ရှာပေးတဲ့ ကိုဇော်ဇော်ထွန်း၊ ရန်ကုန်ကိုမပြန်မီ အကျိုးဆောင်နဲ့ဆက်သွယ်ပြီး လိုအပ်တာတွေအကုန်စီစဉ်ပေးထားတဲ့
အမြဲတမ်းအားကိုးနေရသော ကိုဖြိုး၊ လေဆိပ်မှာလာကြိုပြီး သမားတော်ကြီးနဲ့ပြဖို့ စီစဉ်ပေးတဲ့ ညီမလေးဖြူထွေးဟိန်းနဲ့ သူ့သူငယ်ချင်း
ဗိုလ်ကြီး Dr. ကျော်သူရဇော်၊ အသားကင်နဲ့ ဘီယာတိုက်တာအားမရသေးပဲ ဒုတိယအကြိမ် အစားအစာတွေအများကြီး ဝယ်လာပေးတဲ့
ညီလေး အောင်ကိုကို @ ငုံးဥ၊ တယ်လီဖုံးဌားပေးတဲ့ ညီလေး အောင်ဖြိုး၊ ဗိုက်တင်း၍ မနည်းထပြန်ခဲ့ရသော ညစာစားပွဲများအတွက်
ကိုဖိုးသားနဲ့ဇနီး မမီးမီး၊ စိုင်းနဲ့ ဇနီးနှင့် ညီမများ၊ ချစ်သူငယ်ချင်း ဂွတ်ရွှတ်၊ လက်ခံတွေ့ဆုံပေးတဲ့အပြင် လက်ဆောင်များပါထည့်ပေး
လိုက်တဲ့ ဦးမောင်မောင်ကျော်နဲ့ ဇနီး အကယ်ဒမီများရှင် ဒေါ်မို့မို့မြင့်အောင်၊ အခွန်နဲ့ပါတ်စ်ပို့ကိစ္စ သတ်မှတ်ရက်အတွင်း အောင်မြင်
အောင်စီစဉ်ပေးတဲ့ အကျိုးဆောင် တို့ကို အထူးကျေးဇူးတင်မိကြောင်းနဲ့ ကျနော့်ရင်ထဲမှာ အမြဲမှတ်တမ်းတင်ထားပါကြောင်း ....


၁၄ ဇူလိုင်လ ၂၀၁၁ ခုနှစ်
1258 hrs, Jurong Island Office
Singapore.

Wednesday, June 8, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၂)

တကယ်တော့ ဒီပိုစ့်ကိုတစ်ပိုင်းထဲနဲ့ ပြီးအောင်ရေးဖို့စိတ်ကူးရှိတာပါ။ (၅) နှစ်တိတိပြည့်တဲ့ ဇွန်လ (၆) ရက်နေ့မှာတင်မယ်ဆိုပြီး ကြိုရေး
ထားခဲ့ပေမယ့် အလုပ်တွေတော်တော်များနေတာကြောင့် ဆက်မရေးဖြစ်ပဲ (၆) ရက်နေ့မှာတစ်ပိုင်းပဲ တင်လိုက်နိုင်ပါတယ်။ ရေးသမျှ
ဖတ်ပေး အားပေးကြတဲ့ ညီအကို မောင်နှမတွေနဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ကျန်ခဲ့တဲ့ အပိုင်း (၁) ကိုဆက်ရေးရရင်တော့ နေထိုင်ခွင့်ကလဲ (၂)ပါတ်ပဲ ကျန်တော့တယ်ဆိုတော့ အလုပ်ကိုအသည်းအသန် ရှာရပါ တယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်ကဟိုးကျနော်စရောက်ရောက်ခြင်းလောက်ကလောက် သိပ်တော့မလွယ်တော့ပါဘူး။ ဒါမယ့်တစ်ခုရှိတာ
က ကျနော့်မှာ Sales Administrator/ Sales Coordinator အတွေ့အကြုံကလဲရှိလာတော့ ကျနော်ကျွမ်းကျင်တဲ့ အဲ့ဒီအပိုင်းကိုပဲတစိုက်
မှတ်မှတ်ရှာတော့တယ်ဗျာ။ နောက်ဆုံးနေထိုင်ခွင့်က (၁)ပါတ်လောက်ပဲလိုတော့တဲ့ အချိန်မှာတော့ ရန်ကုန်ပြန်ပြီး Social Visit နဲ့ပြန်ဝင်
လာဖို့ လေယာဉ်လက်မှတ် ဘာညာတောင်စီစဉ်ထားပြီးပါပြီ။ အဲ့ဒီတုံးက ညီမလေးကလဲ စင်္ကာပူကိုအလည်ရောက်နေပြီး မှတ်မှတ်ရရ
သူပြန်ဖို့ လေဆိပ်လိုက်ပို့တဲ့အချိန်မှာ အင်တာဗျူးတစ်ခုရလိုက်တယ်။ Jurong Industries Park ထဲမှာပါ။ သူ့ကိုလေဆိပ်ပို့ပြီးအပြန်
လျှောက်ထားတာတွေ မှတ်ထားတဲ့စာအုပ်ပြန်လှန်ပြီး ဘယ်အလုပ်လဲဆိုတာ ပြန်ရှာကြည့်ရသေးတယ်။ သိတဲ့အတိုင်း လျှောက်ရတာတွေ
များတော့ ခေါ်တဲ့ အင်တာဗျုးကဘာမှန်းမသိရင် နည်းနည်းတော့ အခက်အခဲရှိတာကြောင့်ပါ။

နောက်ရက်ကျတော့ အင်တာဗျုးသွားပါတယ်။ မန်နေဂျာဆိုတဲ့ လူဝဝကြီးတစ်ယောက် ကမေးမြန်းပါတယ်။ ရုံးခန်းလေးကလဲ သေးသေး
မှ စားပွဲ (၂)လုံးပဲရှိတာပါ။ သူမေးတာတွေကတော့ အတော်ကိုစုံပါတယ်။ ကျနော်လုပ်ခဲ့ဖူးတာတွေ၊ MYOB Software ကိုကျွမ်းကျင်တဲ့
အတွက် အဲ့ဒီ software အကြောင်းတွေ စသည်ဖြင့်မေးလိုက်တာ နာရီဝက်လောက်ကိုကြာပါတယ်။ ဒါမယ့်ကျနော့်စိတ်ထဲမှာ အဲ့ဒီအလုပ်
ကိုရမယ်လို့ သိပ်တော့မမျှော်လင့်ထားဖူးဗျာ။ Company ကလဲသေးသေးလေးနဲ့ မန်နေဂျာကစကားတွေ သိပ်ပြောတာပဲလို့ ထင်လို့ပါ။
ကျနော်ကတော့ ဘယ်နေ့အထိ စင်္ကာပူပြည်တွင်းမှာ ရှိလိမ့်မယ်ဆိုတာကိုတော့ ပြောပြလိုက်ပါတယ်။ သိတဲ့အတိုင်း သူဌေးနဲ့ မတွေ့ရတဲ့
အင်တာဗျုးတွေမှာ ဆုံးဖြတ်ချက်ကို ချက်ချင်းမချနိုင်ပါဘူး။ သူဌေးနဲ့တိုက်ရိုက်တွေ့ရသည့်တိုင် ဆုံးဖြတ်ချက်က အရမ်းကိုကျခဲပါတယ်။
နောက် (၅) ရက်လောက်မှာတော့ ဘယ်လိုမှမထင်ထားပဲနဲ့ အဲ့ဒီ Company ကသူဌေးနဲ့တွေ့ဖို့ Second Interview ခေါ်ပါတယ်။
ဒုတိယအကြိမ် အင်တာဗျုးခေါ်ခြင်းဟာများသောအားဖြင့် ခန့်ဖို့ရာခိုင်းနှုန်း ၈၀% လောက်ရှိတက်တာဆိုတော့ ကျနော့်မှာမျှော်လင့်ချက်
တစ်ခုရှိသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရန်ကုန်ကိုတော့ ပြန်ကိုပြန်ပြီးမှ ပြန်လာလို့ရတော့မှာပါ။

ဒုတိယအကြိမ် အင်တာဗျုးကိုတော့ အဲ့ဒီ Company ကပိုင်တဲ့ အနောက်တိုင်းအစားအစာရောင်းတဲ့ စားသောက်ဆိုင်မှာတွေ့ဖို့ချိန်းပါ
တယ်။ ချိန်းထားတဲ့ အချိန်အတိုင်းအဲ့ဒီကိုရောက်တော့ သူဌေးကသူ့ရဲ့ အတိုင်ပင်ခံရဲ့ ရုံးမှာရောက်နေလို့ အဲ့ဒီကိုလိုက်သွားတွေ့စေချင်
ပါတယ်တဲ့။ ကျနော့်မှာ ဟင့်အင်းသွားမတွေ့နိုင်ပါဘူး လို့ငြင်းဖို့အခွင့်အရေး မရှိပါဘူး။ အဲ့ဒီကိုရောက်တော့ သူဌေးအမျိုးသမီးနဲ့ အသက်
ကြီးကြီးယောင်္ကျားကြီးတစ်ယောက်ကို တွေ့ရပါတယ်။ ထုံးစံအတိုင်းမေးမြန်းတာတွေ လုပ်ပြီးတောါ သူတို့ Company ကလုပ်တဲ့လုပ်ငန်း
အကြောင်းနဲ့ သူတို့မှာ MYOB ကျွမ်းကျင်သူလိုနေတဲ့အတွက် ခန့်ချင်တာပါလို့ပြောပါတယ်။ ကျနော်စင်္ကာပူရောက်ပြီးမှ တက်တဲ့ပညာနဲ့
အလုပ်တစ်ခုရခဲ့တာပါပဲ။ လစာကိစ္စ၊ Pass ကိစ္စ တွေပြော၊ ကျနော်ရန်ကုန်ကို နေထိုင်ခွင့်မရှိတော့လို့ ပြန်ရတော့မယ့် ကိစ္စလဲအစဉ်ပြေပြီး
တာနဲ့ ကျနော်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို (၂) ယောက်သားကျနော့်ကိုပြောကြတာ ၂ နာရီနီးပါးကြာပါတယ်။ စာဖတ်တဲ့သူတွေ
တော့ ယုံချင်မှတောင်ယုံမှာပါ။ အခုအချိန်ထိ ကျနော့်တစ်သက်မှာ အကြာဆုံး ဒုတိယအကြိမ်အင်တာဗျုးလို့ပြောရမှာပါ။ ပြောပြီးသာတွေ
ထပ်ပြော၊ သူတို့ရဲ့ရှေ့လုပ်ငန်းစဉ်တွေပြော၊ ကျနော်လုပ်ရမှာတွေပြောလိုက်တာ Company တစ်ခုလုံးကိစ္စက ကိုယ့်ကိစ္စလို့တောင်ဖြစ်
နေတော့တာပါပဲ။ ကျနော်လဲ သူတို့ပြောသမျှနားထောင်ပေါ့ သူတို့ပြောသလောက်တော့ လုပ်ရမှာမဟုတ်ဖူးဆိုတာတော့ အတွေ့အကြုံ
အရသိနေပါတယ်။ သူတို့နဲ့ကိစ္စ တွေပြီးတာနဲ့ S Pass တင်ဖို့ကိစ္စအတွက် ဖတ်တီးမန်နေဂျာဆီသွား စာရွက်စာတမ်းတွေပေးနဲ့ အလုပ်
လဲတော်တော်ကို များသွားပေမယ့်လဲ စင်္ကာပူမှာဆက်ပြီးနေထိုင်ခွင့်ရတယ်၊ အလုပ်လဲရတယ်ဆိုတော့ မောဖို့တောင်မေ့နေတာပါပဲ။

Spass ကိုတော့တင်ထားခဲ့ပြီး ကျနော်ရန်ကုန်ကို နောက်ရက်မှာပဲ ပြန်သွားခဲ့ပါတယ်။ ရန်ကုန်ရောက်ပြီးပြီးချင်း အိမ်တောင်တန်းမပြန်ပဲ
စင်္ကာပူသံရုံးကိုသွားပြီး ပြန်ဝင်ဖို့ဗီဇာသွားဝင်ထားလိုက်တယ်။ အဲ့ဒီတုံးက ဘယ်လောက်မှတောင်တန်းစီစရာမလိုပါဘူး။ ရန်ကုန်မှာတစ်
ပါတ်ပဲကြာပြီး ပြန်မယ်လုပ်တော့ အပြန်လက်မှတ်အတွက် Confirm ပြန်လုပ်တာ မရဘူးဖြစ်နေပါတယ်တဲ့။ ကျနော်ခရီးသွားသမျှမှာပထမ
ဆုံးကြုံဖူးတာပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ Go Show ဆင်းကြည့်ပါတဲ့။ ဘယ်တက်နိုင်မလဲ ပြန်ရမှာဆိုတော့ ဆင်းကြည့်ရတာပေါ့။
အဲ့ဒီမှာဖြတ်ပြောရရင် ကျနော်နိုင်ငံခြားခရီးတွေသွားရင် အိမ်ကမိသားစုက လိုက်ပို့လေ့မရှိပါဘူး။ တစ်ယောက်ထဲပဲ လေဆိပ်ဆင်းလေ့ရှိ
တာမှာ ဒီတခါမှ ဘာစိတ်ကူးပေါက်တယ်မသိ တစ်မိသားစုလုံးလိုက်ပို့ကြမယ်တဲ့။ သူတို့လိုက်ပို့ကာမှပဲ Go Show ဆင်းတာနဲ့တိုးပြီး
Business Class ကို Upgrade လုပ်ပါမယ်ဆိုတာတောင် ထိုင်ခုံကအပြည့်ပါတဲ့ဗျာ။ ဘယ်တက်နိုင်တော့မလဲ တစ်မိသားစုလုံး အိမ်ပြန်ကြ
ပေါ့။ နောက်နေ့မနက်အစောလေယာဉ်ကို Go Show ထက်ဆင်းကြည့်ပါတယ်။ လေယာဉ်ထွက်ဖို့ မိနစ် ၃၀ အလိုမှာမှ Booking ရှိထား
တဲ့ (၁) ယောက်မလာလို့ ကျနော်ထိုင်ခုံတစ်ခုံရလိုက်ပါတယ်။ ရန်ကုန်လေဆိပ်ကအသေးလေးဆိုပေမယ့် လဝက မှာကြာနေတာနဲ့
Boarding gate ကိုရောက်တဲ့အချိန်မှာ လူတွေအကုန်နီးပါး လေယာဉ်ပေးတက်နေပြီးနေပါပြီ။ ကျနော်လေယာဉ်ထိုင်ခုံပေါ်ထိုင်လိုက်တော့
မှာ နှဖူးကချွေးတွေ သုတ်ရတဲ့စီကိုရောက်ပါတော့တယ်ဗျာ။

စင်္ကာပူကိုပြန်ရောက်ပြီးနောက်တစ်ရက်မှာပဲ အလုပ်အသစ်ကိုစပြီးဝင်ပါတယ်။ အရင်လုပ်နေတဲ့သူရဲ့ နောက်ဆုံးနေ့မှာပါ။ Handover လုပ်
တာ တစ်ရက်ထဲနဲ့ပါ။ သင်စရာတွေရှိတာတွေ၊ သိမှတ်ရမှာတွေကို တစ်ရက်အတွင်းမှာ အမြန်ပြတ်အောင်လုပ်ရတာပါပဲ။ Computer
System တွေနဲ့ Account Software ကတော့ သိနှင့်နေပြီးသားဆိုတော့ ဘာမှအခက်အခဲမရှိပါဘူး။ ရုံးခန်းထဲမှာ ကျနော်တစ်ယောက်ပဲ
ရှိပါတယ်။ စားပွဲကလဲ (၂)လုံးပဲရှိတော့ တစ်လုံးက ကျနော်နဲ့ နောက်တစ်လုံးကတော့ စာဖိုမှူးချုပ်ရဲ့စားပွဲပါ။ အဲ့ဒီ Company ကတော့
အနောက်တိုင်းအစားအစာနဲ့ ကိတ်တွေကို နာမည်ကြီးကော်ဖီဆိုင်ကြီးတစ်ခုကို တင်သွင်းတာပါ။ အဓိက ကတော့ Pie လို့ခေါ်တဲ့အစာ
သွတ်မုန့်မျိုးစုံ၊ ကိတ်မုန့်အမျိုးအစားပေါင်းများစွာနဲ့ ကွတ်ကီးဘာညာတွေထုတ်လုပ်ပါတယ်။ ကျနော့်ရုံးကတော့ Production Office လို့လဲခေါ်လို့ရတဲ့ Office ပါ။ ရုံးခန်းအတွက်အခန်းလေးတစ်ခု ကန့်ထားပြီးအနောက်ပိုင်းမှာတော့ ဂျုံမှုံတွေနယ်တဲ့အခန်း၊ Hot Kitcken
လို့ခေါ်တဲ့ ဟင်းချက်တဲ့မီးဖိုတွေ၊ မုန့်ဖုတ်တဲ့ မုန်ဖိုကြီးတွေရှိတဲ့အခန်း၊ preparation room လို့ခေါ်တဲ့ထွက်လာတဲ့မုန့်တွေကို အပြီး
သတ်တဲ့၊ ကိတ်လှီးတာတို့၊ ဒီဇိုင်းဖော်တာတို့၊ သိမ်းစည်းဖို့ပြင်ဆင်တာတို့လုပ်တဲ့အခန်းရှိပါတယ်။ အဲ့ဒီအခန်းမှာပဲ စင်္ကာပူက Common
Room တစ်ခန်းစာလောက်ရှိတဲ့ Freezer အခန်းကြီးတစ်ခန်းနဲ့ Chiller အခန်းတစ်ခန်း (၂) ခန်းထပ်ရှိပါသေးတယ်။

ကျနော့်အလုပ်တာဝန်တွေကတော့ ထုံးစံအတိုင်း အော်ဒါတွေကို ပို့ဆောင်နိုင်ဖို့အတွက်စီမံရတာပါပဲ။ တစ်ခုပိုလာတာကတော့ ရှိနေတဲ့
ဝန်ထမ်းတွေရဲ့ လစာပေးမှုတွေ၊ Pass လျှောက်ထားမှုတွေကိုပါ ကိုင်တွယ်ရပါတယ်။ ငွေဝင်ငွေထွက် စာရင်းတွေနဲ့ ပေးရန်ရှိတာတွေ၊
ရရန်ရှိတာတွေကိုလဲ လုပ်ရပါတယ်။ ပို့ဆောင်ရမယ့် နေရာတွေအတွက်လဲ ကားမောင်းတဲ့သူကို အစီအစဉ်စွဲပေးရပါတယ်။ ဝယ်စရာရှိတဲ့
ကုန်ကြမ်းတွေကိုလဲ ဝယ်တဲ့တာဝန်ယူရပါတယ်။ နောက်ပိုင်းမှာ ယာဉ်မောင်းလိုင်စင်ရတော့ Driver ပြန်သွားပြီးအရေးပေါ်လိုအပ်တဲ့ အခါ
တွေမှာ Delivery Driver လဲလုပ်ရပါသေးတယ်။ လုပ်ငန်းကသေးတဲ့အတွက်လဲ လုပ်နိုင်တာပါပါတယ်။ မဟုတ်ရင်တစ်ယောက်ထဲ နဲ့ဒီ
လောက်အများကြီး ဘယ်လိုလုပ်မလဲဗျာ။

အဲ့ဒီမှာအလုပ်လုပ်ရတာ တစ်ခုကောင်းတာကတော့ ကျနော့်အလွန်ကြိုက်တဲ့ ကိတ်မုန့်အမျိုးပေါင်းများစွာကို စိတ်ကြိုက်စားလို့ရတာပါပဲ။
ဒါ့အပြင် စားသောက်ကုန်လုပ်ငန်း ဖြစ်တဲ့အတွက် နေ့လည်စာကိုပါကျွေးပါတယ်။ မနက်စာကို ကိတ်မုန့်လေးစား၊ Pie လေးစားလိုက်၊
နေ့လည်စာကို အနောက်တိုင်းစားဖိုမှူး၊ တရုတ်စာဖိုမှူးအလှဲ့ကျချက်ကျွေးနေတော့ စားသောက်ကောင်းပြီးလူလဲ အတော်လေးဝလာ
တော့တာပါပဲ။ အလုပ်လုပ်ပြီး (၃-၄) လလောက်အကြာမှာတော့ ဖတ်တီးမန်နေဂျာဟာ အလွဲသုံးစားတွေလုပ်နေတာ။ ထုတ်လိုက်တဲ့
Invoice တွေအတွက်ငွေတွေ ပြန်ဝင်မလာတာတွေစပြီးသိလာပါတယ်။ သို့သော်ကျနော့်ကိုတိုက်ရိုက်ထိခိုက်တာလဲမရှိ၊ သူဌေးရဲ့လူယုံလဲ
ဖြစ်တာကြောင့်ဘာမှဝင်မပြောဖြစ်ပါဘူး။ သူဌေးကလဲ အဲ့ဒီ Kitchen ကိုတစ်ပါတ်တစ်ခါပဲလာ၊ အတိုင်ပင်ခံဆိုတဲ့လူကြီးကလဲတူတူပါပါလာ
ပြီး လေတွေပန်းပန်းပြီးသာပြန်သွားပြီး လှည့်မကြည့်သလောက်ပါပဲ။ Internation Business park မှာဖွင့်ထားတဲ့ Western Style စား
သောက်ဆိုင်က ဝင်ငွေကောင်းတော့ အဲ့ဒီမှာပဲ အုပ်ချုပ်နေထိုင်နေတာပါ။

အဲ့ဒီလိုနေရင်းနဲ့ကနေ အလုပ်လုပ်တာ ၁ နှစ်ကျော်လာပါရော။ ကျနော်တို့ရဲ့ ဆိုင်ခွဲအသစ်ကိုလဲ Kallang Leisure Park လို့ခေါ်တဲ့
ဘယ်သူမှမသွာတဲ့၊ သွားရလာရအင်မတန်ခက်တဲ့ Shopping Centre မှာသွားဖွင့်ပါတယ်။ ဆိုင်အသစ်အတွက်ဝန်ထမ်းအသစ် အချိန်ပိုင်း
အလုပ်တွေခေါ်တော့ Air Bagan မှာအလုပ်တူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက် တောင်ပါပါတယ်။ နောက်တော့ သူက
သူဌေးမနဲ့ လေပေးတွေဖြှောင့်ပြီး ဆိုင်မှာအမြဲတမ်းအလုပ်ရသွားတော့ ကျနော်လဲကိုယ့်အချင်းချင်းတွေ အလုပ်လုပ်ရတော့ အတော်လေး
ဝမ်းသာမိပါတယ်။ အဲ့ဒီလိုကနေ ကျနော့်စာရင်းတွေကို နှစ်ချုပ်စာရင်းလုပ်ဖို့အတွက် Audit လာပါမယ်တဲ့။ အဲ့ဒီတော့ တစ်နှစ်ပါတ်လုံး
ဖတ်တီးမန်နေဂျာ အလွဲသုံးစားလုပ်ထားတာတွေ၊ ကျနော့်မတိုင်မီကလုပ်ထားတာတွေအတွက် ပြသနာရှိလာပါပြီ။ အဲ့ဒီတွေ ကျနော့်မှာ
MYOB Account System တွေထဲမှာ ရှိနေတဲ့ Soft Copy Invoices တွေနဲ့ အပြင်မှာရှိတဲ့ Hard Copy Invoices တွေကိုကိုယ့်ဟာကို
စပြီး စစ်ဆေးကြည့်တော့၊ ပျောက်ဆုံးနေတဲ့ Invoices တွေအများကြီးတွေ့လာရပါတယ်။ တကယ်လို့ စာရင်းကိုဖျောက်ချင်တယ်ဆိုရင်
အပြင်က hard copy ကိုဖျောက်သလို၊ system ထဲက soft copy တွေကိုလဲ ဖျောက်ပစ်ရမှာပါ။ မလုပ်တက်လို့ထားထားတာလား။ မသိ
ချင်ရောင်ပဲဆောင်ထားတာလားဆိုတာတော့ သူကိုယ်တိုင်ပဲသိမှာပါ။ အဲ့ဒီ Invoice တွေရဲ့ တန်ဖိုးက ငွေ ၃ သောင်းကျော်ရှိပါတယ်။
အဲ့ဒီဟာကို သိပြီဆိုတာနဲ့ MYOB ထဲက Invoices တွေကိုအပြင်ကိုထုတ်သိမ်းထားလိုက်ပြီး၊ သူဌေးမနဲ့ သူ့အတိုင်ပင်ခံကို လျှို့ဝှက်ပြီ
အကြောင်းကြားထားလိုက်ပါတယ်။ ကျနော့်မှာ တစုံတစ်ယောက်ကို ထိခိုက်စေလို့တဲ့ ဆန္ဒမရှိပေမယ့် Audit လာစစ်လို့ ပြသာနာက
ကျနော့်စီရောက်လာမှာကိုတော့ မလိုလားပါဘူး။

ပထမပိုင်းမှာတော့ သူဌေးကသူ့လူယုံမို့ သူကကျနော်ပြောတဲ့ဟာကို အယုံအကြည်မရှိပါဘူး။ အတိုင်ပင်ခံလူကြီးကတော့ ကျနော်တင်ပြ
ထားတဲ့ စာရွက်စာတမ်းတွေ MYOB ထဲက Copy တွေကိုကြည့်ပြီး အပြည့်အဝကိုယုံကြည့်ပါတယ်။ အဲ့ဒီကနေ သူဌေးမက သူ့စားသောက်
ဆိုင်ဖက်ကို စစ်ဆေးကြည့်တဲ့ အခါမှာလဲ ငွေ ၂ သောင်းလောက်စာရင်း ပျောက်နေတာကိုတွေ့တော့မှ ပြသနာရှိနေပြီဆိုတာ သဘော ပေါက်တာပါ။ တစ်ရက်မှာတော့ ဖတ်တီးမန်နေဂျာကို သူဌေးက System ထဲက Invoice တွေစာရင်းပိတ်ပါလို့ ကျနော့်ရှေ့မှာပဲပြောလိုက်
ပါတယ်။ အဲ့တော့ သူကကျနော့်ကွန်ပြူတာကို သုံးမယ်ဆိုပြီးဖယ်ခိုင်းတော့ ကျနော်ဖယ်ပေးလိုက်ပြီး တခြားစားပွဲမှာ သွားထိုင်နေလိုက်ပြီး
သူဘာလုပ်သလဲ မသိမသာစောင့်ကြည့်နေလိုက်တော့ သူက MYOB ထဲက Invoice တွေကိုစပြီး ဖျက်ဖို့ကြိုးစားနေတာတွေ့ရတယ်။
၃ ယောက်ထဲရှိတဲ့ အခန်းလဲဖြစ်ပြီး စကားပြောရင်လဲ ကြားရမှာဆိုတော့ ကျနော့်မှာ note pad တစ်ခုပေါ်ကို သူဖျက်နေတယ်လို့ရေးပြီး
သူဌေးရှေ့မှာချပေးလိုက်တယ်။ သူဌေးက မျက်လုံးတွေပြူးသွားပြီး သူတစ်ခုခုရေးပြီး ပြန်ပေးတယ်။ ကျနော်ဖတ်လိုက်တော့ “ ဘယ်လို
လုပ်ကြမလဲ ” တဲ့။ ကျနော်က သူ့ကိုအကြောင်းတစ်ခုခုရှာပြီး အပြင်သွားခိုင်းလိုက် လို့ပြန်ရေးလိုက်တော့ သူဌေးက ဖတ်တီးကို အပြင်
သွားပြီး ဝယ်ဖို့လုပ်ထားတဲ့ freezer တစ်ခုသွားကြည့်ဖို့၊ အခုသွားဖို့ပြောပါတယ်။ သူထွက်သွားပြီးတာနဲ့ system ထဲက list တွေနဲ့
ကျနော်စစချင်း သိမ်းထားတဲ့ list ကိုယှဉ်ကြည့်တော့ Invoice ၂ ခုပျောက်သွားပါတယ်။ ကျနော်က system ကို lock လုပ်လိုက်ပြီး ဘယ်
နည်းနဲ့မှ ဖျက်မရအောင်လုပ်ထားလိုက်ရပါတော့တယ်။ တကယ်တော့ အဲ့ဒီလိုလုပ်လိုက်တာအပိုဖြစ်သွားရတာပါ။ ဘာဖြစ်လို့လဲဆို
တော့ ကျနော်ရုံးဆင်းသွားပြီးနောက် သူရုံးခန်းကိုပြန်လာ၊ သူဌေးနဲ့စကားများပြီးနောက် ရဲ ကိုသူကိုယ်တိုင်ပဲ ဖုံးဆက်ခေါ်ကာ ကိုယ်တိုင်
အဖမ်းခံလိုက်လို့ပါပဲ။ သူဌေးကတော့ ငွေတွေလဲဆုံးချင်ဆုံးပါစေတော့ အမှုကိစ္စ တွေမဖြစ်ချင်လို့ ရဲ ကို အမှုမဖွင့်ဖူးပြောပေမယ့် ရဲ က
ကိုယ်တိုင်အဖမ်းခံတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ရဲ ကပဲတရားလိုလုပ်ပြီး အမှုဖွင့်တရားစွဲမှာ ဖြစ်ကြောင်းပြောလို့သူဌေးမှာလဲ စိတ်မကောင်း
စွာနဲ့ ပဲလက်လျှော့လိုက်ရပါတော့တယ်။

အဲ့ဒီ မန်နေဂျာပြသာနာပြီးသွားတဲ့ နောက်မှာတော့ သူဌေးက ကုလားတစ်ယောက်ကို အထွေထွေမန်နေဂျာ ဆိုတဲ့ ရာထူးကြီးကြီးပေးပြီး
ထပ်ဌားပါတယ်။ သူကတော့ ကျနော့်ရုံးမှာ ရုံးထိုင်ပါတယ်။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး တဲ့ကိန်းကိုရောက်သွား
တော့တာပါပဲ။ ကျနော့်မှာလဲ သူသွားလိုတဲ့နေရာကို ကားမောင်းလိုက်ပို့လို့ Personal Driver ရာထူးပါထပ်ရသွားပါသေးတယ်။ သူက
တော့ သူလူတွေအလုပ်သွင်း၊ ရှိနေတဲ့လူတွေကို သိမ်းသွင်းနဲ့ (၃) လအတွင်းမှာပဲ ဘီလူးခေါင်းဇာတိပြလာပါတော့တယ်။ သူကတော့
ဟိုလို အလွဲသုံးစားမျိုးတော့ မဟုတ်ဖူး Company တစ်ခုလုံးသူ့လက်သူ့ခြေ ဖြစ်အောင်မတရားနည်း နဲ့လုပ်တယ်လို့ပဲ တိုတိုပြောရတာ
ပေါ့ဗျာ။ သူ့ကိုအရောင်းတွေပါ မြှင့်တက်လာအောင်၊ Contract အသစ်တွေရအောင် ခန့်ထားပေမယ့် တစ်နေ့တစ်နေ့ သူ့ကိစ္စ တွေပဲ
သူလုပ်လို့ (၃) လအထိဘာမှဖြစ်မလာပါဘူး။ ဒီတစ်ခါတော့တခါသေဖူးပြီးဖြစ်တဲ့ သူဌေးကလဲ လက်နှေးမနေတော့ပဲ သူ့ကိုအလုပ်က ထွက်ခိုင်း၊ သူ့လူတွေကိုလဲ ကျူပင်ခုတ်ကျူငုတ် မကျန်စေရဆိုသလို အကုန်ရှင်းပစ်ရတော့တာပဲ။ သူကတော့ အေးအေးလေးနဲ့ထွက်
မသွားပဲ (၃) လအတွင်းမှာ Company ကတရားဝင်အတိအကျမလုပ်ထားတဲ့ကိစ္စ တော်တော်များများကို သိသွားတော့၊ S Pass သမား
တွေမှာ လစာ ၁၈၀၀ အပြည့်မပေးတဲ့ကိစ္စ၊ သူ့လူတွေကို မတရားအလုပ်ထုတ်ပစ်တယ်ဆိုတဲ့ကိစ္စ တွေနဲ့ MOM ကိုသူကခေါင်းဆောင်
ပြီးတိုင်ပါတယ်။ ကျနော်တို့ဆိုင်ခွဲလေးတွေမှာ အချိန်ပိုင်းခန့်ထားတဲ့ private ကျောင်းသားတွေအတွက် တရားမဝင်အလုပ်သမားများ
ခန့်ထားပါတယ်ဆိုပြီး ICA ကိုတိုင်ပါတယ်။ Local အလုပ်သမားတွေအတွက်လဲ CPF ကိုအပြည့်အဝမပေးပဲ မလှိမ့်တပါတ်လုပ်ထားတယ်
ဆိုပြီး CPF ကိုတိုင်ပါတယ်။ အဲ့ဒါတွေမပြီးသေးဘူး ကျနော်တို့ freezer ကြီးတွေဟာ ကုန်ချောတွေသာသိုလှောင်ဖို့အတွက်ထားတာဖြစ်
တဲ့အတွက် အသားစိမ်းထားခွင့်မရှိပါဘူး၊ အဲ့ဒီအတွက် အသားစိမ်းထားတယ်ဆိုပြီး AVA ကိုတိုင်ပါတယ်။ ကျနော်တို့နဲ့ပတ်သတ်သမျှ
အစိုးရ Agency တွေအကုန်နီးပါးကိုတိုင် လိုက်တာပါ။ ကျနော့်ကိုလဲ သူ့နောက်ဆုံးလစာချက်လက်မှတ်လာပေးခိုင်းရင်းနဲ့ ကျနော်တင်
ထားတဲ့ PR Application ကိုထိခိုက်နိုင်တယ်ဘာညာ ခြိမ်းချောက်ပြောလိုက်ပါသေးတယ်။

သို့သော် MOM ကတော့ သူတို့ရဲ့ တိုင်တန်းချက်ဟာ ယုတ်တိမရှိပဲ အလုပ်သမားတွေ အလုပ်ထုတ်ခံရတိုင်း တိုင်လေ့ရှိတဲ့ တိုင်ချက်လို့ သဘောထားပြီး တိုင်ချက်ကိုပယ်ချလိုက်ပါတယ်။ CPF ကတော့ Company ရဲ့ CPF Account တွေကိုစစ်ဆေးကြည့်တဲ့ အခါအလုပ်သမား
တစ်ယောက်ကိုပေးဖို့ ၂၉ ကျပ်ကျန်နေတယ်ဆိုတာတွေ့လို့ ပေးဖို့အကြောင်းသာစာပို့ပါတယ်။ AVA ကတော့ သူတို့တိုင်တန်းချက်ရှိ
တဲ့အတွက်လာရောက်စစ်ဆေးမယ်ဆိုတဲ့ အကြောင်းကိုကြိုတင်အကြောင်းကြားတဲ့ အတွက်အစဉ်ပြေသွားပါတယ်။ ကျနော့်မှာတော့
တစ်ယောက်ထဲနဲ့ ချာလပတ်ရမ်းပြီး စိတ်ဓာတ်လဲတော်တော်ကိုကျသွားပါတယ်။ စင်္ကာပူမှာနေတဲ့ ကာလတစ်ခုလုံးမှာ ဒီတခုဟာ ကျနော့်
အတွက်စိတ်ဓာတ်အကျဆုံးလို့ ပြောရမှာပါ။ ဒါပေမယ့် ကျနော်တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားပြီးတစ်ဖက်ကတိုက်ခိုက်ခဲ့ သမျှကို
အောင်မြင်အောင်တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ အဲ့ဒီအချိန်တုံးက ကျနော့်မှာ S Pass နဲ့ PR လျှောက်ထားတဲ့ အချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာအမှားအယွင်းမှမရှိချင်ပါဘူး။ ပြီးတော့ တကယ်လို့တဖက်ကတိုက်ခိုက်တာတွေအောင်မြင်သွားလို့ Company မှာပျက်ဆီး
ရင်လဲ ကျနော့်မှာ pass လဲမရှိတော့ အလုပ်လဲပြုတ်ရမှာဆိုတော့ အလွန်စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာပါ။

အဲ့ဒီလိုစိတ်ဓာတ်ကျ အလွန်စိတ်ပျက်နေတဲ့ အချိန်တစ်ခုမှာပဲ တစ်ရက်အိမ်ပြန်ရောက်လို့ စာအိတ်ပေါ်မှာ On Government Service
လို့တံဆိပ်ပါတဲ့ စာအိတ်ထူထူ တစ်ခုကိုရတဲ့အခါ ကျနော့် နှလုံးတွေအပြင်ကိုခုန်ထွက်မတက်ရင်ခုန်စွာနဲ့ စာအိတ်ကိုဖောက်ကြည့်ပါတယ်။
ဟိုးအရင်ကကြားဖူးတဲ့ စာအိတ်က ထူရင် Approve နဲ့ စာအိတ်ကပါးရင် Rejected ဆိုတော့ အခုစာအိတ်ကထူထူလေးဖြစ်တဲ့အတွက်
မျှော်လင့်ချက်ကတော့ အတော်ကောင်းမိတာပါ။ ကျနော်မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ Congratulation! ဆိုတဲ့စာသားနဲ့စတဲ့ ကျနော့်
PR Application ကိုလက်ခံတဲ့အကြောင်း ICA ကအကြောင်းကြားစာပါ။ ကျနော့် အိမ်မက်တစ်ခု အရမ်းကိုမျှော်လင့်ထားတဲ့အရာကို ကျနော် စိတ်ဓာတ်အကျဆုံးအချိန်တစ်ခုမှာရတဲ့အတွက် ဝမ်းသာမိတာ ကျနော်မျက်ရည်တွေ ပေါက်ပေါက်ကျတဲ့အထိပါပဲ။

ကျနော်အဲ့ဒီ Company ကနေ PR ရတဲ့အတွက်လဲ သူဌေးကိုအလွန်ကျေးဇူးတင်ပါတယ်။ သို့သော်လဲကျနော်တက်စွမ်းသမျှစွမ်းစွမ်းတမံ
ဆောင်ရွက်ခဲ့ပြီးပြီ၊ ကျနော့်ဘဝရဲ့ ရှေ့ရေးအတွက်ရှေ့ကိုဆက်လျှောက်ဖို့ ကျနော့် PR Process ပြီးလို့ Blue IC ကို လက်ခံရပြီးတာ
နဲ့ အလုပ်ထွက်စာကို ချက်ချင်းတင်ပြီး အလုပ်ကထွက်ခဲ့ပါတော့တယ်။ အဲ့ဒီကနေနောက်ပိုင်းကိုတော့ ကျနော်နဲ့ Airline Industry အပိုင်း
တွေကိုဆက်သွားတဲ့အတွက် ဆက်မရေးတော့ပါဘူး။ ယခု စင်္ကာပူမှာ (၅) နှစ်ပြည့်တဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ရုံးချုပ်ပေါင်းများစွာ ဖွင့်လှစ်ထားသော Japan Multi National Corporation ကြီးတစ်ခုမှာ လက်ရှိအလုပ်အကိုင်ကောင်းတစ်ခုကိုလုပ်ကိုင်နေပေမယ့် ကျနော့် ဘဝကို အောင်မြင်တယ်လို့တော့ မသတ်မှတ်ပါဘူး။ ဒီထက်မကအောင်မြင်အောင် ရှေ့ဆက်ပြီးကြိုးစား ရုံးကန်နေရအုံးမှာပါပဲခင်ဗျာ။ ။

ဖတ်ပေးကြတဲ့ သူများကို ကျေးဇူးအများကြီးတင်ပါတယ်။

Monday, May 30, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၁)

မနှစ်ကတော့ စင်္ကာပူတွင် (၄) နှစ်ကြာသောအခါ ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်ထွက်ခွာလာခဲ့တာကစလို့ ပထမအစပိုင်းမှာ ဘယ်လိုနေထိုင် ခဲ့ရတဲ့အကြောင်းလေးတွေကို ချရေးထားတာပါ။ အခု (၅) နှစ်ပြည့်သွားပြန်တော့ ဘာရေးရမလဲလို့ စဉ်းစားမိတော့ ကျနော့်ရဲ့ စင်္ကာပူက
အလုပ်ရာဇဝင် ကိုရေးမယ်လို့စိတ်ကူးမိတယ်။

စင်္ကာပူကိုရောက်လျှင်ရောက်ပြီးချင်း ကျနော်နည်းလမ်းပေါင်းစုံနဲ့ အလုပ်ရှာပါတယ်။ အဓိက ကတော့နေ့စဉ်ထုတ်တဲ့ The Straits Times
သတင်းစာပါ။ Sunday ကလွဲပြီး၊ နေ့တိုင်းသတင်းစာဝယ်၊ Clementi ကပထမဆုံးနေခဲ့တဲ့ တိုက်အောက်မှာစာအုပ်တစ်အုပ်၊ ဘောပင်
တစ်ချောင်း၊ ဖုံးတစ်လုံးနဲ့ ကိုယ်ပစ်မှတ်ထားတဲ့ အလုပ်ကြော်ငြာတွေကိုဖတ်ပါတယ်။ ကိုယ်နဲ့သက်ဆိုင်ရာအလုပ်ကိုတွေ့လို့ e-mail နဲ့
လျှောက်ပါဆိုရင် သတင်းစာပေါ်ကကြော်ငြာကို ဝိုင်းထားလိုက်တဲ့အပြင် စာအုပ်ထဲမှာလဲ Job Title နဲ့ဆက်သွယ်ရမယ့် e-mail လိပ်စာ
နဲ့အခြား လိုအပ်မယ်ထင်တဲ့ ဖုံးလိပ်စာပါရင်တခါတည်းချရေးထားလိုက်ပါတယ်။ walk-in interview တို့၊ ဖုံးဆက်မေးမြန်းပါ စတဲ့
ကြော်ငြာတွေကိုလဲ တခါတည်းဖုံးဆက်ပြီး Interview လာလို့ရမရ၊ စတဲ့ကြိုတင်ချိန်းဆိုမှုတွေ ရအောင်လုပ်ပါတယ်။ အဲ့ဒီလိုမေးမြန်းရတဲ့
အခါမှာလဲ သူတို့ပေးတဲ့လိပ်စာအတိုင်းသွားဖို့ သူတို့ရုံးရဲ့အနီးဆုံး MRT Station၊ Bus စီးရမယ်ဆိုလဲ Bus No. စတာတွေကို မေးမြန်းရ
တာ နည်းနည်းတော့ အခက်အခဲတွေတွေ့ ရလေ့ရှိပါတယ်။ အဲ့ဒီတုံးကတော့ ကိုယ်က ဒီကနေရာတွေ၊ လမ်းတွေလဲမသိ အခုခေတ်လို
PDA တို့၊ အိုင်ဖုံး စတာတွေကနေ မြေပုံကိုလှမ်းကြည့်လို့လဲမရတော့၊ Street Directory စာအုပ်ကိုကိုင်ပြီး မြေပုံနေရာကိုရှာရတာပါ။

အဲ့ဒီလို လိပ်စာတောင်းရတဲ့အခါ စိတ်ရှည်ရှည်နဲ့ ပြန်ပြောပေးတဲ့ သူတွေရှိသလို၊ လိုရင်းတိုရှင်းပြောပြီး မြန်မြန်ဖုံးချပစ်လိုက်တဲ့သူတွေလဲ
တွေ့ဖူးပါတယ်။ ကိုယ်ကတော့ အလုပ်ရချင်တဲ့ဆန္ဒရှိတော့ သည်းခံစိတ်မွေးပြီး တက်နိုင်သမျှကြိုးစားနားထောင်ရတာပေါ့။ ကိုယ်သွားရ
မယ့်နေရာကိုများသောအားဖြင့်တော့ ကိုယ်အားကိုယ်ကိုး ပြီးရှာတာများပါတယ်။ အကယ်၍ ကိုယ်မသိရင်တောင် SBS Transit တို့၊ SMRT Hotline တွေကို ကိုယ်ရောက်နေတဲ့နေရာ ပြောပြီးသွားချင်တဲ့နေရာပြော သူတို့စီကနေ ဘယ် bus ကိုစီးလို့၊ ဘယ်မှတ်တိုင်
မှာဆင်းဆိုတဲ့ လမ်းညွှန်ချက်တွေနဲ့ ရောက်အောင်ကိုသွားတာပါ။ အခုနောက်ပိုင်းမှာတော့ အဲ့ဒီလိုတွေသိပ်မလိုတော့ပဲ Smart ဖုံးတွေနဲ့
တင်တော်တော် အလုပ်ဖြစ်ပါနေပါပြီ။

မနက်ပိုင်းမှာ ဖုံးတွေဆက်လို့ walk-in interview တို့၊ ရှိနှင့်နေတဲ့ appointment တို့ရှိမနေရင်တော့ရေချိုးအဝတ်အစားလဲပြီးClementi
Bus Interchange ကနေ NUS ကို Bus စီးပြီး အင်တာနက်သွားသုံးရတာ။ ညီမဝမ်းကွဲက Master Degree တက်တာပြီးသွားပေမယ့်လဲ
သူ့ Account က သုံးလို့ရနေသေးတော့ NUS က Compuer Lab ကိုသွား၊ ခုနကရေးမှတ်လာခဲ့တဲ့ အလုပ်လျှောက်ရမယ့် e-mail တွေကို
ပို့ပြီးအလုပ်လျှောက်၊ Lunch စားချိန်ရောက်တော့ ကျောင်းက canteen ကသက်သာတော့ အဲ့ဒီမှာပဲစားနဲ့ ကျနော့်ရဲ့စင်္ကာပူ ပထမလကို
အဲ့လိုဖြတ်သန်းလာခဲ့ပါတယ်။

ကျနော့်ပထမဆုံးရခဲ့တဲ့ Interview ကတော့ ပွဲစားတစ်ယောက်စီစဉ်ပေးတဲ့ Singapore Polytechnic Graduated Gult မှာ ပါ။ ဗျူးတဲ့
သူက ဘာဆိုဘာမှလဲ ထွေထွေထူးထူး တွေမမေးပဲ၊ မြန်မာနိုင်ငံရေးအကြောင်းတွေ ကျနော်နဲ့ ၁ နာရီလောက်ထိုင်ပြောပြီး ပြန်လွှတ်လိုက်
ပါတယ်။ ကျနော်လဲနောက်ပိုင်း အဲ့ဒီပွဲစားနဲ့သိပ်မပတ်သတ်တောပဲ ကိုယ်တိုင်အလုပ်ရှာ၊ ကိုယ်တိုင်အင်တာဗျူးသွားတော့တယ်ဗျာ။
မှတ်မှတ်ရရ တစ်ခုအနေနဲ့ အဲ့ဒီတုံးက လေကြောင်းနဲ့ပတ်သတ်တဲ့နေရာတွေမှာ အလုပ်လုပ်ဖို့ပိုစိတ်ဝင်စားနေတာဆိုတော့ စင်္ကာပူ
ရဲ့လေယာဉ်ပျံအသေးလေးတွေနဲ့ Private Plane တွေရပ်တဲ့ Selater Airport ဆိုတဲ့နေရာမှာ walk-in interview တစ်ခုရှိတာနဲ့ ကျနော်
အဲ့ဒီကိုလမ်းစရှာပြီးသွားရော၊ တကယ်တော့ စီးသွားတဲ့ bus ကလဲအမှန်တကယ်ကို အဲ့ဒီနေရာကိုသွားမှာပါ၊ လေဆိပ်အဝင်ဆိုင်းဘုတ်ကြီး
တွေ့တော့ ရောက်ပြီဆိုပြီး ကားပေါ်ကဆင်းလိုက်တယ်။ ဆင်းပြီးဝင်းထဲကို ဆက်လျှောက်ဝင်သွားတော့ လေဆိပ်မဟုတ်သေးမှန်းသိရော၊
ကျနော့်အထင်တော့ သိပ်မဝေးလှဖူးပေါ့ ဆိုပြီးဆက်လျှောက်နေလိုက်တယ်။ တကယ့်ကိုနေ့ခင်းနေ့လည်အချိန်ကြီးမှာပါ။ ကားတချို့
တလေမောင်းသွားတော့ ကျနော့်ကိုအထူးအဆန်း အနေနဲ့ကြည့်ကြည့်သွားကြတယ်။ လမ်းမှာလဲ ဘာအိမ်ခြေမှလဲမရှိ၊ လူလဲမတွေ့ပါဘူး။
ကျနော့်မှာလဲ လျှောက်လက်စကြီးဖြစ်နေတော့ နောက်ပြန်လှည့်ရင်လဲတော်တော်ဝေးနေပြီဆိုတော့ ဆက်လျှောက်တာပေါ့။ ကျနော့်စိတ်
ထင် မိနစ် ၃၀ ကျော်လောက်တော့ လေဆိပ်ဖက်ကို ဦးတည်မောင်းတဲ့ ကားတစ်စင်းက ရပ်ပြီးမေးတယ်၊ မင်းဘယ်သွားမလို့လဲတဲ့၊
ကျနော်က လေဆိပ်ကိုပေါ့၊ သူက ဟာ အဝေးကြီးလိုသေးတယ်၊ ငါလဲအဲ့ဒီကိုသွားမှာ လိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ ကားမောင်းတာတောင်
၁၀ မိနစ်လောက်နေမှ ရောက်သွားပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ ပြောမိတာပါပဲ။ သူသာခေါ်မတင်
သွားရင် ကျနော်ဘယ်လောက်ထိလျှောက်ရအုံးမယ်မသိဘူး။ အဲ့ဒီအလုပ်လဲနောက်ဆုံးတော့ အင်တာဗျူးတောင်မရပါဘူး။

အဲ့ဒီလိုနေရင်းနဲ့ ကျနော့် စင်္ကာပူဘဝရဲ့ ပထမဆုံးအလုပ်ကို Boon Keng က Shower Gel, Shampoo,နဲ့ ခေါင်းကစလို့ ခြေဖျားအဆုံး Skin Care တွေထုတ်လုပ်တဲ့ Local Company တစ်ခုမှာ အလုပ်ရပါတယ်။ Sales Administrator ပါ။ တကယ်တော့ Sales Admin ဆိုတာဘာလုပ်မှန်း ကျနော်လုံးဝမသိပါဘူး။ ရုံးတစ်ခုလုံးရဲ့ Office ဝန်ထမ်းကိုကြည့်ရင်၊ Account Staff ဖြစ်တဲ့ Malaysian တရုတ်မ တစ်ယောက်၊ သူဌေးမရဲ့ညီမဖြစ်တဲ့ Sales Manager တစ်ယောက်၊ နေရာတကာအကုန်တက်ပြီး၊ အကုန်ပါတဲ့ ဘယ်လိုရာထူးမှန်းဖော်ပြ လို့မရတဲ့ နောက်တရုတ်မတစ်ယောက်၊ Production အတွက် Chemical တွေကိုဆက်ဟတ်ရတဲ့ Chemist လို့ခေါ်တဲ့ဓာတုကျွမ်းကျင်သူ Local တရုတ်မတစ်ယောက်နဲ့၊ ကျနော်နဲ့တူတူအလုပ်ဝင်တဲ့ Salesman Local တရုတ်တစ်ယောက်ပဲစုစုပေါင်း ကျနော် အပါအဝင် (၅) ယောက်ပဲရှိပါတယ်။ အဲ့ဒီတုံးကဆိုဘာဆိုဘာမှ နားမလည်တော့ Appointment Letter ရရကောင်းမှန်းမသိ၊ ဘယ်လိုရပိုင်ခွင့်တွေ ရရမှန်း
မသိပဲ အလုပ်ကိုလက်ခံခဲ့တာပါ။ ထုံးစံအတိုင်း S Pass လျှောက်ဖို့လုပ်ရာမှာလဲ အဲ့ဒီ Company က တခါမှမလျှောက်ဖူးတော့ ကိုယ်တိုင်
ကိုယ်ကျ S Pass လျှောက်ဖို့ကို manual နဲ့လျှောက်ပါတယ်။ အဲ့ဒီအချိန်တုံးက Company မှာလဲ Quota က ရှိနေတယ် ဆိုတော့ဘာ
ပြသနာမှ မများလိုက်ပဲ S Pass ကို လွယ်လွယ်လေးရလိုက်တယ်ဗျာ။ ကိုယ်တိုင်တွေပဲ လုပ်ရတဲ့အတွက် S Pass Application ကိစ္စတွေ
ကိုတော်တော်လဲ နားလည်သွားပါတယ်။

အလုပ်ချိန်က မနက်ကို (၈) နာရီကနေ ညနေ (၆) နာရီအထိနဲ့ Saturday and Sunday ပိတ်ပါတယ်။ နေ့ခင်းထမင်းစားချိန်ကို (၁) နာရီ
အတိအကျပဲ နားရတယ်။ အလုပ်ကတော့ စင်္ကာပူတစ်မြို့လုံးမှာရှိတဲ့ သူတို့ပစ္စည်းတွေတင်တဲ့ဆိုင်တွေ၊ Spa, Skin Care Centre စတာ
တွေကလာတဲ့ Order တွေကို process လုပ်ရတာပါ။ ဝင်လာတဲ့ order တွေကို ကုန်ချောပစ္စည်းထုတ်ပိုးတဲ့ ဌာနကိုပို့ရပါတယ်။ အဲ့ဒီဌာန
မှာတော့ တရုတ်ပြည်ကတရုတ်တစ်ကောင် ကိုခန့်ထားတယ်ဗျ၊ English လိုတစ်လုံးမှနားမလည်ပေမယ့် Code နံပါတ်တွေနဲ့ သူအလုပ်
လုပ်ရတာပါ။ အဲ့ဒီတရုတ်က သူဌေးရှိရင်တစ်မျိုး၊ မရှိရင်တမျိုးဆိုတဲ့ အစားထဲကပါ။ သူ့စီမှာ ပစ္စည်းကရှိရင်တော့ သူထုတ်ပိုးပြီးတာနဲ့
order စာရွက်ကကျနော့်စီမပြန်ရောက်လာလို့ရှိရင် ကျနော်က Invoice ကို MYOB Account System ကိုသုံးပြီး ထုတ်ပါတယ်။ သူ့စီမှာ
ပစ္စည်းကမလှောက်ဌဘူး ဆိုရင်တော့ Production Dept ကိုဆက်ပြီးလိုအပ်တဲ့ ပစ္စည်းကိုထုတ်လုပ်ပေးဖို့ ဆက်လုပ်ရပါတယ်။ သူတို့
လုပ်ထားတဲ့ System တွေအကုန်နီးပါးကို MS EXCEL သုံးပြီးအလုပ်လုပ်သွားတာပါ။ အဲ့ဒီမှာ အခက်အခဲတွေ့ရတာကတော့ ကျနော့်ကို
production plan လုပ်ခိုင်းတာပါ။ တကယ့်ကိုနားမလည်တဲ့ ကိစ္စပါပဲ။ မလုပ်တက်ဖူး မလုပ်ဖူးဆိုလဲမရပါဘူး။ အဲ့ဒီတော့ ကျနော့်မှာလဲ
သိသမျှတက်သမျှဖြစ်ညှစ်ပြီး planning ကိုလုပ်ရပါတော့တယ်။ အဲ့ဒီအလုပ်မှာ စိတ်ညစ်စရာအကောင်းဆုံးတစ်ခုကတော့ သူဌေးမက
မနက်ပိုင်းဆို တွေ့သမျှလူကို ဆူဆူပူပူလုပ်တာပါပဲ၊ ကျနော့်အလုပ်စားပွဲက ထိပ်ဆုံးမှာဆိုတော့ သူရုံးတက်လာတာနဲ့ ထိပ်ဆုံးစားပွဲဖြစ်တဲ့
ကျနော့်စားပွဲကနေ စပြီးကွိုင်တော့တာ နောက်ဆုံးစားပွဲဖြစ်တဲ့ Account ကိုဆူပြီးမှာ သူ့အခန်းထဲဝင်သွားတာပါ။ အဲ့ဒီလိုဖြစ်တာ တပါတ်
ကို (၃) ရက်လောက်တော့ဖြစ်ပါတယ်။ နေ့လည် (၁၂) နာရီကျော်ရင်ဖြင့် ဘယ်လိုကြီးလှတဲ့ ပြသနာဖြစ်ဖြစ် သွားပြောရင် ဘာမှမဖြစ်
တော့ပဲ အကုန်လျောလျောလျူလျူပါ။

နေ့စဉ်နဲ့အမျှအလုပ်သွားရင် တကယ့်ကိုမပျော်ပဲ ဒီနေ့တော့ဘယ်လို ပြသနာမျိုးနဲ့တွေ့မလဲဆိုပြီး ကျီးလန့်စာစားရတဲ့ ဘဝပါပဲ။
သို့သော်ကျနော့် post တစ်ခုမှာရေးခဲ့ဖူးသလို နေချင်တဲ့နေရာမှာနေရဖို့အတွက်၊ ကျနော်သည်းခံပြီး အလုပ်လုပ်ခဲ့တာ အဲ့ဒီမှာ (၁၁)လ
ကြာပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော်အရင်ကဘာဆို ဘာမှနားမလည်တဲ့ MYOB Account Software ကို Diploma တစ်ခုရတာထက်
အလွန်ကျွမ်းကျင်စွာ သုံးစွဲတက်သွားပြီး၊ အရင်က Excel ကို ဇယားစွဲရုံလောက်သာသုံးတက်တဲ့ ကျနော့်မှာ Excel Formula တွေနဲ့ အစီ
အစဉ်တကျ လုပ်ကိုင်နိုင်လာခဲ့ပါတယ်။ ဒါ့အပြင် ဗဟုသုတအနေနဲ့ သုံးစွဲနေတဲ့ Shower gel တွေဘာတွေဆိုတာလဲ ဘယ်ကနေဘယ်လို
ဖြစ်လာတယ်ဆိုတဲ့ ဇစ်မြစ်တွေကိုလဲ သိရှိလာခဲ့ပါတယ်။ အဲ့ဒီအလုပ်ကနေ ကျနော် နောက်အလုပ်တစ်ခုမရခင်ပဲ ဘယ်လိုမှနေထိုင်လို့မရ
တော့တာနဲ့ ထွက်စာတင်ပြီးထွက်ခဲ့ပါတော့တယ်။

နောက်အလုပ်တစ်ခုကလဲ Boon Keng မှာရေစက်မကုန်တော့ အရင်လုပ်ခဲ့တဲ့ ရုံးရဲ့တစ်လမ်းပဲခြားတဲ့ စာပုံနိုပ်စက်တစ်ခုမှာအလုပ်ပြန်ရပါ
တယ်။ အဲ့ဒီမှာလဲ Sales Co-Ordinator ပါ။ သူကတော့ ပုံနိုပ်စက်အလုပ်မှာ အဆင့်ဆင့်ထုတ်လုပ်ပြီး ကိုယ့် Client ကို နမူနာထုတ်ပြတာ၊
နောက်ဆုံးအတည်ပြုချက်တောင်းခံတာ စတဲ့ coordination အလုပ်တွေကိုအဓိကလုပ်ရတာပါ။ Sales Manager အမျိုးသမီးတစ်ယောက်
ကိုတိုက်ရိုက်အစီအရင်ခံ ရပြီး၊ များသောအားဖြင့်သူ့ client နဲ့ပတ်သတ်တာတွေပဲလုပ်ပေးရတဲ့သဘောပါ။ ခပ်တိုတိုပြောရရင်တော့ အဲ့ဒီ
အလုပ်မှာ (၄)လပဲကြာပြီး ကျနော်အလုပ်ထွက်ခဲ့ပြန်ပါတယ်။

အဲ့ဒီကနေပြီးတော့ ကျနော်သိပ်မကြာဖူး နောက်ထပ်အလုပ်တစ်ခုထပ်ရတယ်ဗျ။ Woodland က Pet Food တွေတင်သွင်းတဲ့ Company
ပါ။ အဲ့ဒီ Company က Secretary ကမြန်မာအမျိုးသမီးပါ။ ကျနော်အလုပ်စလုပ်ပြီး (၂) ရက်လောက်ကြာတော့ သူကကျနော့်ကို ဒီကနေ
S Pass လျှောက်ထားတာ ရဖို့မလွယ်ကြောင်း၊ တင်ထားတဲ့ Company က သေးသေးလေးဖြစ်ပြီးတော့ Quota လဲမရှိကြောင်း၊ မြန်မာ
အချင်းချင်းကိုယ်ချင်းစာလို့ ပြောပြတာဖြစ်ကြောင်း၊ ဒီကတင်ထားတဲ့ S Pass ကြောင့်ပေးထားတဲ့ stay ကိုယူပြီးတော့ နောက်ထပ်အလုပ်
ကိုရှာဖို့ အကြံပေးတာနဲ့ သူပြောသလိုပဲ ကျနော်ကအလုပ်ရှင်ကို pass မရှိပဲမလုပ်ရဲလို့ pass ကျမှလာလုပ်မယ်ဆိုပြီး ပြောပြီးတခြား
အလုပ်ကိုရှာရတာပေါ့။ အဲ့ဒီအမ ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ နောက်တော့ တကယ်ပဲကျနော်တင်ထားတဲ့ Spass က Rejected
ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကျနော့် stay pass ကကုန်ဖို့ ၂ ပါတ်လောက်ပဲကျန်ပါတော့တယ်။ နောက်အလုပ်တစ်ခုရဖို့ အပူတပြင်း
ကြိုးစားနေဆဲပါပဲ။




ဆက်ဖက်ဖို့ဆန္ဒရှိသေးရင် အပိုင်း (၂) သို့

Wednesday, April 20, 2011

၁၄ ကြိမ်မြောက် စင်္ကာပူ အထွေထွေရွေးကောက်ပွဲ


ပထမဆုံးပြောချင်တာတော့ ကျနော်ဟာနိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ နိုင်ငံရေးကိုလဲ စိတ်ဝင်စားတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ သူများနိုင်ငံရဲ့ နိုင်ငံရေးမပြောနှင့် အမိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုတောင် စိတ်ဝင်စားမှုမရှိပါဘူး။ သို့သော်ကျနော်တို့ လက်ရှိနေထိုင်နေတဲ့ နိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေ ကိုတော့ နည်းနည်းစိတ်ဝင်စားတာက တကြောင်း၊ ကျနော့်လို နည်းနည်း စိတ်ဝင်စားတဲ့သူများ ရှိရင် ဝိုင်းဆွေးနွေးကြရအောင် ကိုယ်တိုင်ရေး အာဘော်နဲ့ ချရေးထားတာလေးပါ။ အမှားအယွင်းများပါရင်တော့ ခွင့်လွှတ်ပါလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။

ဒီပိုစ့်ကတော့ ကျနော်တို့မြန်မာအများစုနဲ့တော့ တိုက်ရိုက်သက်ဆိုင်မှုမရှိလှပါဘူး။ သို့သော်လဲ ရွေးကောက်ပွဲ လေသံ တွေထွက် လာခါနီး အချိန်မှာတော့ ကျနော်တို့မြန်မာတွေကြားမှာ ပီအာ ချထားပေးမှုတွေ၊ အလုပ်အကိုင် ပါမစ်တွေချပေးမှုတွေနဲ့ ပတ်သတ်ပြီး ရွေးကောက်ပွဲ အပြီးမှာ ပြန်လည်ချောင်လည်လာလိမ့်မယ်ဆိုတဲ့ သို့လောသို့လော တွေးတော့ထင်မြင်ချက်တွေ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လဲ အဲ့ဒီလို အချိန်အနည်းအများသာကွာမယ် အပြောင်းအလဲလေး တွေနည်းနည်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှုတွေ မစခင်ကစပြီး လက်ရှိအာဏာာရ ပြည်သူ့လှုပ်ရှားမှုပါတီ People's Action Party (PAP) အစိုးရကနေ နိုင်ငံခြားသား များအပေါ်ထားရှိတဲ့ ပေါ်လစီတွေ ပြောင်းလာတာတွေ့ရပါတယ်။ အကြီးအကျယ်တရားဝင် ပြောင်းလဲမှုကြီး တွေအနေနဲ့ SPass နဲ့EP တွေရဲ့ အခြေခံလစာလိုအပ်ချက်တွေတိုးမြင့်တာ၊ နိုင်ငံခြားသားအလုပ်သမားများဌားရမ်းခြင်း အတွက် အစိုးရ ကို ပေးရတဲ့ Levy ကြေးတွေ တိုးမြင့်တာ စတဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။ တခြားတရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိပဲ ပြောင်းလဲတာ တွေကတော့ ပီအာချထားပေးမှုတွေ သိသိသာသာ ကြီးတင်းကြပ်လိုက်တာ၊ အရင်အစိုးရ ကျောင်းတွေက ကျောင်းပြီးပြီး ချင်း ပေးတဲ့ ပီအာကိုမပေးတော့တာတွေ၊ SPass ချထားပေးမှုတွေကို အရင်ကလိုအလွယ်တကူမပေးတော့တာတွေလို့ ကျနော်တော့ ထင်ပါတယ်။အစိုးရတစ်ခုရဲ့ ပေါ်လစီတစ်ခုဟာ ရွေးကောက်ပွဲပေါ်အခြေခံပြီး ပြောင်းလဲမှုမရှိနိုင်ဖူးဆိုတာကိုတော့ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင်အော်နေပေမယ့် အထက်ကပြောခဲ့တဲ့ အပြောင်းအလဲတွေဟာ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။

ဧပြီလ ၁၉ ရက်နေ့ကထုတ်ပြန်တဲ့ တရားဝင် ကြေငြာချက်အရ စင်္ကာပူပါလီမန်ကို စင်္ကာပူ သမ္မတကြီး က ဖျက်သိမ်းပေးခဲ့ပြီး ၁၄ ကြိမ် မြောက် အထွေထွေရွေးကောက်ပွဲ မဲပေးရက် ကိုတော့ မေလ (၇) ရက်နေ့ စနေနေ့မှာ ကျင်းပဖို့သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီနေ့ကတော့ စင်္ကာပူအစိုးရရဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ်လဲ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီဟာကတော့ ကျနော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ရုံးပိတ်ရက်ကို ကြိုဆိုရမှာပါ။ နောင် (၅) နှစ်သက်တမ်းပါလီမန်အတွက် အမတ်နေရာ (၈၇)နေရာလျှာထားပြီး ယခင်၂၀၀၆ ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အမတ်နေရာထက် (၃) နေရာပိုများလာပါတယ်။ စင်္ကာပူနိုင်ငံသား မဲပေးခွင့်ရှိသူ 2.35 သန်း မဲပေးနိုင်မှာဖြစ်ပါတယ်။

အင်အားအကြီးဆုံးနဲ့ လက်ရှိအာဏာာရပါတီဖြစ်တဲ့ PAP ကတော့ လူငယ်မျိုးဆက်သစ်အမတ်လောင်းတွေ၊ အသိပညာရှင် အတက်ပညာရှင် အတွေ့အကြုံရှိ အမတ်လောင်းတွေ အပြင်၊ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပါတီရဲ့ ဖခင်ကြီး လက်ရှိ ဝါရင့်ဝန်ကြီး Mr. Lee Kuan Yew ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပါတယ်။ အတိုင်အခံပါတီများကလဲ မျက်နာသစ်ပါတီဝင်များပွဲထုတ်သလို နိုင်ငံရေး ကြေငြာစာတမ်းများထုတ်ပြန် ကတိကဝတ်များပြုပြီး သူတို့ယှဉ်ပြိုင်ရာမဲဆန္ဒနယ်မှာ အနိုင်ရရှိအောင် စည်းရုံးနေကြတာကိုလဲ တွေ့ရပါ တယ်။ သတိထားမိသလောက်ကတော့ အတိုက်အခံပါတီတွေဖက်က လက်ရှိအစိုးရအပေါ် နိုင်ငံခြားသားအလုပ်သမားအများအပြား ခေါ်ဆောင်ထားခြင်းကိစ္စ၊ အိမ်ခန်းဈေးတွေမြင့်တက်လာနေတဲ့ကိစ္စ၊ စတာတွေကို အခြေခံပြီးတိုက်ခိုက်တာကိုတွေ့ရပါတယ်။ အထင်ရှားဆုံး နိုင်ငံရေးပါတီကြေငြာစာတမ်းများအဖြစ် လက်ရှိအာဏာရပါတီ PAP ရဲ့ “ Securing Our Future Together ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့သလို ထင်ရှားတဲ့ အတိုက်အခံပါတီတစ်ခုဖြစ်သော Workers' Party ကလဲ “ Towards a First World Parliament ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာစာတမ်းများ အပြိုင်ထုတ်ပြန်ခဲ့ကြပါတယ်။

မေလ (၇) ရက်နေ့ ရွေးကောက်ပွဲပြီးနောက် ကာလတစ်ခုမှာတော့ တက်လာမယ့်အစိုးရအသစ် ကနိုင်ငံခြားသား အလုပ်သမားများ၊ ပီအာကိစ္စများ၊ နိုင်ငံသားအသစ်ခံယူခြင်းကိစ္စများ အပေါ်ဘယ်လိုပြောင်းလဲသက်ရောက်မှု ရှိမလဲ၊ မရှိဘူးလဲဆိုတာကိုတော့ စောင့်ကြည့် လေ့လာကြရမှာပါ။

Monday, March 28, 2011

SQ117 ပြန်ပေးဆွဲခံရမှု အနှစ် ၂၀ ပြည့် အမှတ်တရ











ဒီဆောင်းပါးကတော့ ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် The Straits Times သတင်းစာ၏ Saturday Special တွင်ဖော်ပြခဲ့သော
ဆောင်းပါးရှင်များဖြစ်သည့် Mr. Francis Chan နှင့် Mr. William Choong တို့ရေးသားသည့် စင်္ကာပူလေကြောင်းလိုင်း ခရီးစဉ်အမှတ်
SQ117 ပြန်ပေးဆွဲခံရမှု အနှစ် ၂၀ ပြည့်အမှတ်တရအဖြစ် ဖော်ပြသည့်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
ယခုဘာသာပြန်ဆိုမှု post ကိုမည်သည့် website/blog များနှင့်ပုံနိုပ်ထုတ်ဝေသည့် စာအုပ်များ၊ forward e-mail များတွင် ထပ်ဆင့် ကူးယူဖော်ပြခြင်းမပြုပါရန် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။

၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ စင်္ကာပူလေကြောင်း ခရီးစဉ် SQ117 ပြန်ပေးဆွဲခံရမှုဟာ ယနေ့ ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာတော့ အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှု ကို စင်္ကာပူတပ်မတော်ရဲ့ အထူးကွန်မန်ဒို များက အောင်မြင်စွာ ခြေမှုန်းနိုင်ခဲ့ပုံကိုအဆင့်ဆင့်ကို ပြန်ပြောင်းဖော်ပြထားတာဖြစ်ပါတယ်။

ပြန်ပေးဆွဲသူများရဲ့တောင်းဆိုချက်များက အလွန်ရှင်းလင်းပြတ်သားပါတယ်။ လေယာဉ် ၅ မိနစ်အတွင်း မထွက်ခွာလျှင် ဓားစာခံများကို
သတ်ပစ်လိမ့်မည်ဖြစ်ပါတယ်။ ဒါလေယာဉ်အပိုင်စီးမှုကို နိုမ်နင်းရေးအတွက် အစမ်းလေ့ကျင့်နေကြတာမဟုတ်ပါဘူး။ စင်္ကာပူလေကြောင်း
ရဲ့လေယာဉ်အမှုထမ်း ၂ ဦးကို ဓားတရမ်းရမ်းနဲ့အပိုင်စီးထားတဲ့ သောင်းကြမ်းသူများက လေယာဉ်ပေါ်မှတွန်းချခဲ့ ပြီးဖြစ်ပါတယ်။

ပါကစတန်နိုင်ငံသား အကြမ်းဖက်သောင်းကြမ်းသူ ၄ ဦးတို့ကလေယာဉ်ပေါ်ရှိ ခရီးသည်များနဲ့ လေယာဉ်အမှုထမ်းများကို မီးလောင်တိုက် သွင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အဲ့ဒီအချိန်ဟာ မနက် ၆နာရီ ၄၅မိနစ်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတရာ ချနိုင်ဖို့
၅ မိနစ်ပဲ အချိန်ရှိပါတယ်။ လူအယောက် ၁၂၃ ဦးတို့ရဲ့ အသက်တွေကိုကယ်တင်မလား?? သို့တည်းမဟုတ် သွေးပင်လယ်ဝေမလား ??ဆိုတာကတော့ ဒီ ၅ မိနစ်သာ ကျန်ရှိတဲ့ အချိန်ပေါ်မူတည်နေပါတယ်။

အခင်းဖြစ်ပွားနေတဲ့ နေရာမှာ အခြေစိုက်ပြီး အနီးကပ်ကွပ်ကဲမှုတွေပေးနေတဲ့ အဆင့်မြင့်ထိပ်တန်းအရာရှိကြီးများဟာ ဒီပြန်ပေးဆွဲမှုကို
အကြမ်းနည်းနဲ့ ဖြိုခွင်းဖို့ပိုမိုအရေးကြီးတယ် ဆိုတာသိရှိနားလည်ထားကြပါတယ်။ စောစောပိုင်းတုံးက ညှီနှိုင်းမှုတွေ၊ အပေးအယူပြုမှု
တွေကတော့ ပြသနာအပေါ် အသက်ရှုအနည်းငယ်ချောင်ရုံပဲရှိပါတယ်။ သို့သော် ယခုအချိန်မှာတော့ စကားတွေပြောနေဖို့အချိန်မဟုတ်
တော့ပါဘူး။

ပြန်ပေးဆွဲမှုဖြိုခွဲရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဦးဆောင်လမ်းညွှန်သူများ ဖြစ်သောဖြစ်သော ဥပဒေနှင့်ပြည်ထဲရေး ဝန်ကြီး
Prof. S.jayakumar (ယခု အဆင့်မြင့် ဝန်ကြီး)၊ ကာကွယ်ရေး ဒုတိယ ဝန်ကြီး Dr. Yeo Ning Hong (ယခု Director of Singapore Press Holding, A member of Kepple Panel and Adviser to Far East Organization) တို့ကဒီအဖြစ်အပျက်ကို ပြန်ပြောင်း
ပြောဆိုရာတွင် -

“ ကျနော်တို့မှာ ရွေးချယ်စရာနည်းလမ်း မရှိတော့ပါဘူး။ ကျနော်တို့အနေနဲ့ ပြန်ပေးသမားတွေ စပြီးအချိန်ကိုစရေတွက်နေချိန် မှာပဲ
တစ်ခုခု ကိုအလျှင်အမြန်လုပ်ဆောင်ရတော့မှာပါ”

“ ကျနော်တို့ စင်္ကာပူတပ်မတော် ကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ခံအရာရှိကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် Ng jui Ping ကိုတပ်ဖွဲ့ဝင်တွေအစဉ်သင့်ဖြစ်နေ
လား၊ ဖြစ်နေရင် နှောင့်နှေးမနေပဲ တိုက်ခိုက်တော့ဖို့ အမိန်ပေးလိုက်တယ် ”

နာရီပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ပြန်ပေးသမားတွေနဲ့ ညှီနှိုင်းမှုတွေဟာနောက်ဆုံးမှာတော့ ဘာရလဒ်မှမပေါ်ထွန်းလာခဲ့ပါဘူး။ ချန်ဂီလေဆိပ်ကြီး မပိတ်ရသေးခင် ဓားစာခံ တွေကိုကယ်တင်နိုင်ပြီး ဒီပြသနာပြီးဆုံးနိုင်ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အရေးတကြီး ဆောင်ရွက်ခဲ့ရတာပါ။ ဒီပြန်ပေးဆွဲမှုအဖြစ်အပျက်ကို အစကနေပြန်ပြောင်း လေ့လာရရင်တော့ -

လွန်ခဲ့သော နှစ်ပေါင်း ၂၀၊ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က ခရီးသည်အဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ ပြန်ပေးသမား ၄ ဦးဟာ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Subang International Airport ကနေ စင်္ကာပူကို ထွက်ခွာမယ့် စင်္ကာပူလေကြောင်းခရီးစဉ်အမှတ်
SQ117 ပေါ်ကိုတက်ရောက်လာခဲ့ကြပါတယ်။ ည 9.38 နာရီမှာတော့ လေဆိပ်ကနေ လေယာဉ်အောင်အောင်မြင်မြင် ထွက်ခွာခဲ့ပြီးနောက်
၁၂ မိနစ်အကြာ လေထုတွင်း မြေပြင်မှ အမြင့်မီတာ ၈၃၀၀ ကိုပျံသန်းတက်နေစဉ်အတွင်း၊ ပြန်ပေးသမားတစ်ဦးက လက်ထဲမှာ ဖောက်ခွဲ
ရေးပစ္စည်း လို့ယူဆရတဲ့အရာတစ်ခုနှင့် မီးခြစ်တစ်ခုကိုကိုင်တွယ်ပြီး လေယာဉ်မောင်းခန်းအတွင်းသို့ရောက်ရှိလာခဲ့ပါတယ်။

ပြန်ပေးသမား ရဲ့ ပထမဆုံးတောင်းဆိုချက်အနေနဲ့ လေယာဉ်မှူးကို စင်္ကာပူမှာမဆင်းပဲ ဆစ်ဒနီမြို့ကိုပျံသန်းဖို့ပြောပါတယ်။ ဒါပေမယ့်
လေယာဉ်မှူးက ဆစ်ဒနီကိုပျံသန်းနိုင်ဖို့ဆီ အလုံအလောက်မရှိတဲ့ အတွက် စင်္ကာပူမှာပဲဆင်းသက်မှဖြစ်မယ် လို့ ပြန်ပေးသမားကို ရှင်းပြ
ခဲ့ပါတယ်။ ဒါပေမယ့် အလွယ်တကူ လက်မခံပဲ Airbus A-310 လေယာဉ်ကို လေထုထဲမှာပဲဖောက်ခွဲပစ်မယ် လို့ခြိမ်းခြောက်သော်လည်း
လေယာဉ်မှုးက ဆီမလောက်ပဲဆက်အတင်းဆက်ပျံခိုင်းမယ်ဆိုရင်တော့ ဆစ်ဒနီကိုမရောက်ပဲ လမ်းမှာတင်ပျက်ကျလိမ့်မယ် လို့ထပ်ပြော
တဲ့အခါ ပြန်ပေးသမားက လေယာဉ်ကို စင်္ကာပူမှာယာယီဆင်းသက်ဖို့ သဘောတူလိုက်ပါတယ်။ လေယာဉ်မောင်းခန်းထဲမှာ ဖြစ်နေစဉ်
အတွင်းမှာပဲ ကျန်တဲ့ ပြန်ပေးသမား ၃ ဦးတို့က ခရီးသည်များအားလုံး နဲ့ လေယာဉ်အမှုထမ်းများကို Economy Class ထဲမှာ ထိမ်းသိမ်း
ထားပါတယ်။

ည 10.24 နာရီမှာတော့ SQ117 ဟာစင်္ကာပူချန်ဂီလေဆိပ် ကိုဆင်းသက်ခဲ့ပြီး လေယာဉ်ပြေလမ်း အမှတ် (၁) ရဲ့အလည်မှာ ရပ်တန့်ထား
ပါတယ်။ ပြန်ပေးခေါင်းဆောင် Sahid က လေယာဉ်မှူး Captain Lim ကိုသူ့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေဆီသတင်းပို့ခိုင်း
ရာမှာ -

၁။ စင်္ကာပူနိုင်ငံ ပါကစတန်နိုင်ငံသံအမတ်ကြီးနဲ့ စကားပြော၍ ပါကစတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း၏ အမျိုးသားအပါအဝင် ၄င်းတို့ ပါတီဖြစ်သည့် Pakistan People's Party ပါတီဝင် ၁၁ ဦးတို့ကို ပါကစ်စတန်နိုင်ငံ အတွင်းရှိထောင်များမှ လွှတ်ပေးရန်

၂။ လေယာဉ်ကိုဆီအပြည့်ဖြည့်ပြီး ဆစ်ဒနီမြို့ကိုဆက်လက်ပျံသန်းခွင့်ပြုရန်

တို့ဖြစ်ပြီး သူတို့၏တောင်းဆိုချက်တွေကို မလိုက်လျောပါက လေယာဉ်ပေါ်ရှိခရီးသည်များ အားလုံးကိုသတ်ပစ်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

လေယာဉ်မှူး Captaing Lim ကပြန်ပေးသမား Sahid လေယာဉ်မောင်းခန်းအတွင်း ဝင်မလာမီ စက္ကန့်ပိုင်းအလိုမှာ လေယာဉ် အနောက်ပိုင်း မှာရှိတဲ့ လေယာဉ်အမှူထမ်းချုပ် ကသူ့စီလှမ်းသတိပေးချက်ကို လက်ခံရရှိပြီးနောက် သူ့ လေယာဉ်ပြန်ပေးဆွဲ ခံနေရ ကြောင်း လေကြောင်းထိမ်းမျှော်စင်ကိုထပ်ဆင့် အကြောင်းကြားနိုင်ခဲ့ပြီး အာဏာပိုင်များအနေနဲ့ အဆင့်သင့် ပြန်ဆင်ဖို့ အခွင့်အရေး ပိုမိုရရှိခဲ့စေပါတယ်။ သတင်းရရှိလျှင် ရရှိခြင်း စင်္ကာပူအကြမ်းဖက်မှုကာကွယ်ရေး ယန္တရားဟာ အသက်ဝင်လှုပ်ရှားလာပြီး၊ ရဲတပ်ဖွဲ့၊ စင်္ကာပူတပ်မတော်၊ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ နဲ့ အမျိုးသား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေကို အလျှင်အမြန် ဆင့်ခေါ်ပြီးလေယာဉ်ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ည ၁၀ နာရီအချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် Mr. Lim Siong Guan (ယခု - President of the Government of Singapore Investment Corporation) က သတင်းရရှိခြင်း ချန်ဂီလေဆိပ်ကို ချက်ချင်း သွားရောက်ခဲ့ပြီး အမှန်တကယ် ဖြစ်နေတာလား လို့ သူတွေးခဲ့မိတဲ့အကြောင်းပြန်ပြောပြပါတယ်။ အဲ့ဒီအချိန်တုံးက ဥပဒေနဲ့ပြည်ထဲရေးဝန်ကြီး
Prof Jayakumar ကတော့ ည 10.30 အချိန်သူ့အိမ်မှာရှိနေချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ဖုံးနဲ့ဆက်ပြီး သတင်း
ပေးပို့တာကိုလက်ခံရရှိပြီးတဲ့နောက် ဝန်ကြီးချုပ် Mr. Goh Chok Tong နဲ့ ဝါရင့်ဝန်ကြီး Mr. Lee Kuan Yew တို့ကိုထပ်ဆင့်သတင်းပေး
ပို့ခဲ့ပြီး ပြန်ပေးသမားတွေရဲ့ တောင်းဆိုချက်နဲ့ အခြေအနေကိုရှင်းပြခဲ့ပါတယ်။

တချိန်ထဲမှာပဲ ရဲတပ်ဖွဲ့ ညှီနှိုင်းရေးမှူးက ပြန်ပေးသမားတွေကို Captain Lim ကတဆင့်ဆက်သွယ်ပြီး စတင်ညှီနှိုင်းဖို့ကြိုးစားခဲ့ပါတယ်။
အဖြစ်အပျက်ကြီးတစ်ခုလုံးရဲ့ အစပိုင်းမှာတော့ ၁၁၄ ဦးသောခရီးသည်များနဲ့ ၉ ဦးသော လေယာဉ်အမှုထမ်းများဟာ ဒီပြန်ပေးသမားတွေ
ဟာ အရက်မူးပြီးသောင်းကျန်း ကြတာပဲလို့ထင်ပေမယ့် နောက်ပိုင်းမှာတော့ ပြန်ပေးသမားများရဲ့ အဆက်မပြတ်ခြိမ်းခြောက်မှုတွေ၊
အလေးအနက်ပြောဆိုမှုတွေ၊ စိတ်လှုပ်ရှားဒေါသထွက်နေတဲ့ ဟန်အမှုအရာတွေကြောင့် အမှန်တကယ် ပြန်ပေးဆွဲခံနေရပြီဖြစ်ကြောင်း
သိရှိနားလည်လာကြတယ်လို့ ဆိုပါတယ်။

ည 11.20 နာရီမှာတော့ စိတ်မရှည်တော့တဲ့ ပြန်ပေးသမားတစ်ဦးဖြစ်တဲ့ Fida ဆိုသူက လေယာဉ်အမှုထမ်း Mr. Bernard Tan ကို ၄.၅ မီတာ မြင့်တဲ့ လေယာဉ်စီကနေ ပြေလမ်းပေါ်ကိုတွန်းချခဲ့ပါတယ်။ နောက်ထပ် ၄ နာရီကြာတဲ့ အချိန်မှာတော့ သူတို့ရဲ့လိုလားတောင်းဆို
ချက်တွေကို မြန်မြန်ဆန်ဆန်မဖြစ်မြောက်သဖြင့် စိတ်မရှည်တော့ပဲ နောက်ထပ်လေယာဉ်အမှုထမ်းတစ်ဦးကို ထိုးကျိတ်ကန်ကြောက်ပြီး
လေယာဉ်ပေါ်က ထပ်မံတွန်းချခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ညှီနှိုင်းရေးမှူးတွေကလဲ အစွမ်းကုန်အချိန်ဆွဲဖို့ကြိုးစားရာမှာ အသင့်အတင့် အချိန်ဆွဲနိုင်ခဲ့သော်လည်း တဖြည်းဖြည်းအချိန်
ဟာကုန်ဆုံးလာနေခဲ့ပါပြီ။ ည ၁၂ နာရီထိုးမှာတော့ သူတို့ရဲ့တောင်းဆိုချက်တွေ ဘာတစ်ခုမှဖြစ်မလာတဲ့ အတွက် စိတ်တိုဒေါသထွက်လာ
တဲ့ ပြန်ပေးသမားများဟာ လေယာဉ်မောင်းခန်းထဲက စက်ခလုတ်များ ကို အရက်များပက်ဖြန်းပြီး လေယာဉ်ကို မီးတင်ရှို့တော့မယ်လို့
ခြိမ်းခြောက်လာပါတယ်။ မနက် ၄ နာရီရောက်သည်အထိ သူတို့ရဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်မှုများ ကို ရဲတပ်ဖွဲ့ ညှီနှိုင်းရေးမှူးများက
အောင်မြင်စွာ အချိန်ဆွဲစည်းရုံးထားနိုင်ခဲ့ပါတယ်။

မနက် ၅ နာရီမှာတော့ ဆီတင်ကားတစ်စင်းစာ လေယာဉ်ကိုဆီဖြည့်ပေးခဲ့ခြင်းဖြင့် ပြန်ပေးသမားတွေကို အနည်းငယ်ကျေနပ်နှစ်သိမ့်နိုင်ခဲ့
ပါတယ်။ သို့သော် လေယာဉ်အမှန်တကယ်ပျံသန်းဖို့အတွက် ဆီအမြောက်အများ ဖြည့်ဖို့လိုအပ်နေပါသေးတယ်။ ဒီလိုညှီနှိုင်းမှုများ
ကြောင့် တစုံတရာ ဆိုးဆိုးရွားရွား မဖြစ်အောင် အခြေအနေကို ထိမ်းသိမ်းနိုင်ခဲ့တဲ့ အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေ အတွက် စဉ်းစား
သုံးသပ်ဖို့အဖိုးတန်တဲ့ အချိန်တွေရရှိစေခဲ့ ပါတယ်။

အကြမ်းဖက်မှုနိုမ်နင်းရေး တပ်ဖွဲ့ တခြားအမည်တစ်ခုအဖြစ် အထူးစစ်ဆင်ရေး တပ်ဖွဲ့တစ်ခုကို စင်္ကာပူတပ်မတော်အတွင်း ထိပ်တန်း လျို့ဝှက်စွာ ဖွဲ့စည်းထားတဲ့အလျှောက် အခင်းဖြစ်ပွားရာနေရာ ရဲ့ စစ်ဆင်ရေးခန်းမအတွင်းမှာ ဖြစ်နိုင်ခြေရှိသော ကယ်ဆယ်ရေး
နည်းလမ်းများကို တပ်ဖွဲ့ဝင်များထံရှင်းလင်းပြီး စစ်ဆင်ရေးစတင်ဖို့ အစဉ်သင့်ဖြစ်နေပါပြီ။ ဒါအပြင် အခြားကံကောင်းတဲ့ အချက်အနေနဲ့
တိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်များအနေဖြင့် လျှပ်တပျက် တိုက်ခိုက်ရေးစနစ်လေ့ကျင့်မှုများတွင် ယခုပြန်ပေးဆွဲခံထားရသော ပုံစံတူ လေယာဉ်ဖြင့် လေ့ကျင့်ထားသောကြောင့် အထွေအထူး ထပ်မံလေ့လာစရာမလိုပဲ တိုက်ခိုက်ကယ်ဆယ်ရန် အစဉ်သင့်အနေအထားကို
အလျှင်အမြန် ရောက်ရှိနေစေခြင်းဖြစ်သည်။

သို့သော် ချက်ချင်းဆိုသလိုပဲ ပြန်ပေးသမား ခေါင်းဆောင် Sahid ကညှီနှိုင်းမှုကို လက်လျှော့လိုက်ပြီး လေယာဉ်မှူးကို အခုချက်ချင်း
ထွက်ခွာဖို့ အမိန့်ပေးခဲ့သလို ၅ မိနစ်အတွင်းမထွက်ခွာနိုင်ခဲ့ပါက အကုန်လုံး ကို သတ်ပစ်မည် ဖြစ်ကြောင်း ရာဇသံပေးလိုက်ပါတယ်။
ကွပ်ကဲရေးအဖွဲ့ရဲ့ ခေါင်းဆောင်တွေအနေနဲ့ နောက်ဆုံးမှာတော့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ မနက် 06.47 နာရီမှာ လေယာဉ်ကို ဝင်ရောက်စီနင်းဖို့နောက်ဆုံး မီးစိမ်းကို ပြလိုက်ရပါတော့တယ်။ တချိန်ထဲမှာပဲ ညှီနှိုင်းရေးအဖွဲ့ကို အဆက်မပြတ် စကားပြောခိုင်းနေပြီး
အာရုံကို ၄င်းတို့ထံကျရောက်နေအောင် ပြုလုပ်နေစေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ အနက်ရောင်ဝတ်စုံ ကိုယ်စီဝတ်ဆင်ထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်တံခါးပေါက်အသီးသီးဆီးကို
လှေခါးဖြင့်ထောင်တက်ခါ တံခါးပေါက်များကို ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖောက်ခွဲရန် ၃ မိနစ်အတွင်း အသင့်ပြင်ဆင်ပြီးနောက်
လေယာဉ်တံခါးများကို ဖောက်ခွဲပွင့်စေခဲ့ပါတယ်။ တံခါးပေါက်ပွင့်လျှင်ပွင့်ချင်း လျှပ်စီးရောင်ဖြင့် ခဏတာမျက်စိကန်း၊ နားမကြားဖြစ်စေ
နိုင်သော လက်ပစ်ဗုံးများပစ်သွင်းကာ လေယာဉ်အတွင်းစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဖရိုဖရဲ ဖြစ်နေတဲ့ ပြန်ပေးသမားတွေမှာတော့ အနီးကပ် တိုက်ပွဲအတွက် အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေရဲ့ စက်သေနတ်များ ကြားမှာ စက္ကန့်ပိုင်းအတွင်းအတုံးအရုံးသေဆုံးခဲ့
ကြရပြီး စတင်တိုက်ခိုက်ပြီး ၁ မိနစ်မပြည့်မှီမှာပင် အခြေအနေအရပ်အရပ် ကိုထိမ်းသိမ်းနိုင်ပြီး ဖြစ်ပါတယ်။

စီးနင်းတိုက်ခိုက်မှုစစ်ဆင်ရေး Operation Thunderbolt ဟာ အချိန်စုစုပေါင်း ၃ မိနစ်ကျော်ကျော်လေးသာကြာခဲ့ပြီး စက္ကန့် ၃၀ အတွင်း
ပြန်ပေးသမားများရဲ့ တည်နေရာကို သိရှိခဲ့ခြေမှုန်းနိုင်ခဲ့ကာ ကျန်ခရီးသည်များ တစုံတရာ အထိအခိုက်မရှိအောင်မြင်ခဲ့ပါတယ်။ အထူး
တိုက်ခိုက်ရေး ကွန်မန်ဒိုတွေဟာ စင်္ကာပူကို နိုင်ငံတကာကအလည်မှာ ဂုဏ်ယူနိုင်စေခဲ့သလို ဒီပြသနာကြောင့် ချန်ဂီလေဆိပ်ကိုလဲ မပိတ်
ခဲ့ရပါဘူး။ ပြန်ပေးဆွဲမှုကြီး ပြီးနောက်မှာတော့ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ လေ့လာချက်အရ ပြန်ပေးသမားများမှာ လက်နက်ဆို၍
စားပွဲတင်ထောပတ်သုတ်သောဓားသေး (၂) ချောင်း နှင့် ခေါက်ဓား (၂) ချောင်းသာပါရှိပါတယ်။ သို့သော်လည်းပဲ ပြန်ပေးသမားများ
ဟာ လေယာဉ်အမှုထမ်း (၂) ဦးကိုထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပြီး ဒီထက်ပိုမိုဆိုးရွားတဲ့ အခြေအနေကို အချိန်မရွေးရောက်ရှိနိုင်တဲ့
အပြင် တန်းဖိုးကြီးတဲ့ လေယာဉ်ကိုလဲ အဆုံးအရှုံးမခံနိုင်တဲ့အတွက် အကြမ်းဖက်နိုမ်နင်း လိုက်ရတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ခရီးသည် ၁၁၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦးတို့ ဘေးမသီရန်မခ ပဲလေယာဉ်ပေါ်ကဆင်းသက်နိုင်ခဲ့ကြပါတယ်။
စစ်ဆင်ရေး အောင်မြင်လျှင်အောင်မြင်ခြင်း ဝန်ကြီးချုပ် Mr. Goh Chok Tong က ကွပ်ကဲရေးဦးစီးအဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို
ချက်ချင်း ချီးကျုးဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။

နောင်မှာတော့ ဒီစစ်ဆင်ရေးမှာစွမ်းစွမ်းတမံ အောင်မြင်အောင်ပံ့ပိုးကူညီခဲ့ကြတဲ့ လေယာဉ်မှူးကြီး Captain Stanley Lim (ယခု ထိ SIA တွင်အလုပ်လုပ်ဆ)ဲ နဲ့ ရဲတပ်ဖွဲ့ညှီနှိုင်းရေးအဖွဲ့ခေါင်းဆောင် Supt Foo Kia Juah (ယခု - Retired) တို့ကို Public Service Star တံဆိပ်ဖြင့် လည်းကောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Medal for Valour တံဆိပ်များဖြင့်လည်းကောင်း၊ ရဲတပ်ဖွဲ့ ညှီနှိုင်းရေးအဖွဲ့ကို Presidential Certificates of Commendationလက်မှတ်များဖြင့် လည်းကောင်း အသီးသီးချီးမြှင့်ခံခဲ့ကြရသည်။



Ref: and photo by:

1.Ministry of Defence, Singapore website www.mindef.gov.sg

2. news.xin.msn.com

3. The Straits Times Newspaper

Monday, January 24, 2011

နားလည်ရန်ခက်ခဲသော PR ရရှိရန်ကြိုးပမ်းမှု

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် စနေနေ့ထုတ် The Straits Time သတင်းစာတွင်ဖော်ပြခဲ့သော ဆောင်းပါးရှင် Mr. Teh Joo Lin နဲ့ Ms Melissa Kok တို့ရဲ့ " Chasing that elusive PR " ကိုဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးတွင်ပါရှိ
သောအချက်အလက်များ နှင့် ဘာသာပြန်ဆိုမှုများတွင် အနည်းငယ် အမှားအယွင်းရှိခဲ့သော် နားလည်ခွင့်လွှတ်ပေးပါရန်နှင့်အခကြေး
ငွေဖြင့်ဖြန့်ဖြူးသောမည်သည့်စာစောင်၊ဂျာနယ်များတွင်မဆို စာတစ်ခုလုံးဖြစ်စေ၊ စာတစ်ပုဒ်ဖြစ်စေကိုဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံ
ပါသည်။ အခြား public blog များနှင့် forward mail များတွင်ဖော်ပြလိုပါက မည်သည့်နေရာကကူးယူဖော်ပြသည်ကို credit ပေးပါရန်
မေတ္တာရပ်ခံပါသည်။

စင်္ကာပူနိုင်ငံ၏ အမြဲတမ်းနေထိုင်ခွင့် PR ရရှိရန်အတွက် ကြိုးစားနေကြသော နိုင်ငံခြားသားအများစုသည် ယခုအပါတ်အတွင်းကဆွေးနွေး
ပွဲတစ်ခုအတွင်း၌ဒုတိယဝန်ကြီးချုပ်ပြောကြားခဲ့သော ၂၀၁၀ ခုနှစ်အတွင်း PR ပေးခဲ့မှုအခြေအနေ သတင်းနှင့်ပတ်သတ်၍ ၄င်းတို့၏ PR လျှောက်ထားမှူများကိုပယ်ချခဲ့ခြင်းများ အတွက် မိမိကိုယ်မိမိ အားတင်းထားကြကြောင်း သိရသည်။ Straits Times မှအင်တာဗျူး ပြုလုပ်သော PR လျှောက်ထားပြီး ပယ်ချခံရသူများ၊ PR တင်ထားသူများနှင့် ပယ်ချပြီးနောက်တကြိမ်ပြန်လျှောက်ထားရန် စောင့်ဆိုင်း နေသူများ အများစုမှာ စောင့်ကြည့်ကြမည် ဟုဖြေကြားကြောင်းသိရသည်။ သို့သော်လည်း အချို့နိုင်ငံခြားသားများ အနေဖြင့် Australia, Canada နှင့် New Zealand နိုင်ငံများသို့ပြောင်းရွှေ့သွားကြရန် အလေးအနက်စတင် စဉ်းစားလာကြပြီဖြစ်သည်။

နိုင်ငံခြားသားအမြောက်အများ ဝင်ရောက်လာခြင်းနှင့်ပတ်သတ်၍ ပြည်သူလူထု၏သဘောထားများကို အစိုးရကသိသာထင်ရှားစွာတုံပြန်
ခဲ့ခြင်းဖြင့် ၂၀၁၀ ခုနှစ်အတွင်း PR ချပေးထားမှုများမှာ ယခု ၅ နှစ်ကာလအတွင်းအနိုမ့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်
အတွင်း PR ရရှိသူ ၅၉၄၆၀ ဦးဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်တွင် ၂၉၂၆၅ ဦးအထိသာရရှိခဲ့သည့်အတွက် PR ချထားပေးမှုထက်ဝက်ကျော်ကျဆင်း
ခဲ့ကြောင်း အစိုးရဒုတိယဝန်ကြီးချုပ် Mr. Wong Kan Seng ကပြောကြားခဲ့သည်။ PR ချထားပေးမှုများကိုပြန်လည်လေ့လာသုံးသပ်ရာ
တွင် ၂၀၀၆ ခုနှစ် (၅၇၃၀၀)၊ ၂၀၀၇ ခုနှစ် (၆၃၆၀၀)၊ ၂၀၀၈ ခုနှစ် (၇၉၂၀၀) ဖြစ်ပြီး PR ချထားပေးမှုများ နှင့် နိုင်ငံသားခံယူခွင့်များကို အစိုးရက ၂၀၀၉ ခုနှစ်မှစတင်ပြီး ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ထိမ်းချုပ်ခဲ့သည်။

ယခုတလောအတွင်း PR လျှောက်ထားမှုများကို ယခင်ထက်ပိုသော တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများ၊ ဥပမာအားဖြင့် ဝင်ငွေရရှိမှုအခြေအနေ၊ နေထိုင်မှုလိုအပ်ချက်၊ စင်္ကာပူ၏ စီးပွားရေးနှင့်လူမှုရေးကိုအထောက်အကူပြုမှုစသည်ဖြင့် စဉ်းစားလာကြောင်း
The Straits Times အနေဖြင့်နားလည်သဘောပေါက်မိသည်။ ယခင်က Immigration and Check Points Authority (ICA) ၏ Internet website အတွင်းရှိသော PR ရရှိနိုင်/မရရှိနိုင် ကို ကိုယ်တိုင်ဖြည့်သွင်းအကဲဖြတ်နိုင်သော စနစ်တစ်ခုရှိနေရာမှ ၂၀၁၀ခုနှစ် မတ်လ မှစတင်၍ website မှဖယ်ရှားခဲ့သည်။

The Straits Times အနေဖြင့် PR ရရှိရင်ကြိုးစားလျှတ်ရှိသော နိုင်ငံခြားသား ၁၅ ဦးကိုအင်တာဗျူးလုပ်မေးမြန်းခဲ့ရာ -

တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ၁၅ ဦးအနက်ကလွန်ခဲ့သောနှစ်က PR လျှောက်ထားမှုမအောင်မြင်ခဲ့သော Bangladesh နိုင်ငံသား အသက်
၄၅ နှစ်အရွယ်၊ EP ကိုင်ဆောင်ထားသူ စီးပွားရေးလုပ်ငန်းရှင် Mr xxxx မှာ ၂၀၀၈ ခုနှစ်မှစတင်၍လွန်ခဲ့သောလအထိ၎င်း၏လျှောက်ထား ချက်ကို သုံးကြိမ်တိုင်ပယ်ချခံခဲ့ရကြောင်းသိရသည်။ စားသောက်ဆိုင်များ၊ အစားအသောက်စီစဉ်ပေးသော Company နှင့် ကုန်သွယ်ရေး company များပိုင်ရှင်က ၄င်းအနေဖြင့် Local အလုပ်သမား ၄၄ ယောက်ဌားရမ်းထားပြီး ၂၀၀၆ ခုနှစ်မှစတင်ခဲ့သောသူ၏ စီးပွားရေးလုပ်
ငန်းများအတွက် ဒေါ်လာ ၁ သန်းအထိရင်းနှီးမြုပ်နှံထားကြောင်း၊ စင်္ကာပူကိုကြိုက်နှစ်သက်ပြီး၊ ဒီလိုနာရီမျိုးဒီမှာ အပူအပင်မရှိဝတ်လို့ရ
ကြောင်း၊ သူ၏နိုင်ငံတွင်ဝတ်ပါကလက်ကိုဖြတ်ပြီးအလုခံရမည်ဖြစ်ကြောင်း သူ၏ရွှေ Rolex နာရီကိုမြှောက်ပြရင်းအင်တာဗျူးကိုဖြေကြား
ခဲ့သည်။ သူကဆက်ပြီး အခုပုံစံအတိုင်းဆိုပါကသူ၏စီးပွားရေးလုပ်ငန်းများကိုတခြားနိုင်ငံတစ်ခုကိုပြောင်းရွှေ့ရင်းနှီးမြုပ်နှံဖို့စဉ်းစားနေရ
ပြီဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

အခြားနိုင်ငံခြားသားတစ်ယောက်ဖြစ်သော အမည်မဖော်လိုသူ ဂျာမဏီနိုင်ငံသား Marketing Director တစ်ဦးကတော့ သူရဲ့ ပီအာ လျှောက်ထားချက်ကို ၉ လကြာစောင့်ဆိုင်းပြီးနောက်ပယ်ချကြောင်းအကြောင်းကြားစာရရှိခဲ့တဲ့အချိန်မှာသူအလွန်အံ့အားသင့်မိကြောင်း၊ မာစတာဒီဂရီ ရရှိထားသည့် ၄င်းမှာစင်္ကာပူတွင်အလုပ်လုပ်သက် ၄ နှစ်ကျော်ကြာပြီဖြစ်ပြီး PEP (Personalised Employment Pass) ကိုင်ဆောင်ထားသူဖြစ်သည်။ စင်္ကာပူအမျိုးသမီးတစ်ဦးကိုယခုလစောစောပိုင်းကလက်ထပ်ခဲ့သောသူက “ ကျနော်ဒီမှာ အခြေတကျဖြစ်
ချင်တယ်၊ local တွေရဲ့အလုပ်ကိုလုယူဖို့လဲမဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုပယ်ချတာမျိုး ဒုတိယအကြိမ်ဖြစ်ခဲ့ရင်တော့ အလွန်ဆိုးသွား ပြီး ကျနော်တခြားတစ်နေရာသွားချင်သွားတော့မယ် ” လို့ဖြေကြားသွားပါတယ်။

တရုတ်နိုင်ငံသူ အသက် ၂၃ နှစ်အရွယ်၊ Advanced Diploma ရရှိထားသူ Ms. xxxx သည် ၂၀၀၃ ခုနှစ်တည်းက စင်္ကာပူနိုင်ငံကို ကျောင်းသူအနေဖြင့်ရောက်ရှိပညာသင်ကြားခဲ့သူဖြစ်ပြီး၊ ယခု Human Resources Consultant အနေဖြင့်အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူမ၏ ပီအာလျှောက်ထားချက်ကို လွန်ခဲ့တဲ့ အောက်တိုဘာလက ပယ်ချခဲ့ပြီး သူမအနေဖြင့်ဆက်ပြီးကြိုးစားသွားမယ် လို့ဆိုပါသည်။ သူမက “ ကျွန်မ ဒီမှာနေတာကြာနေပြီ၊ သူငယ်ချင်းတွေအအများစုကလဲ စင်္ကာပူမှာဖြစ်ပြီး local သူငယ်ချင်းတွေလဲ အများကြီးရှိပါတယ်။ အစိုးရအနေနဲ့ ကျွန်မတို့လိုလူမျိုးတွေကိုတော့ လျှော့ပေါ့စဉ်းစားပေးသင့်တယ်လို့ထင်တယ်၊ ဒါပေမယ့် အခုအချိန် ကလဲ အချိန်အခါကောင်းမဟုတ်လို့လဲနေမှာပါ ” လို့ဖြေကြားသွားတာတွေ့ရပါသည်။

စင်္ကာပူအစိုးရအနေဖြင့် ပီအားလျှောက်ထားသူများ မှီငြမ်းနိုင်ရန် ပီအာလျှောက်ထားမှုစံနှုန်းများကို အတိအကျဖော်ပြထားခြင်းမရှိပဲ ICA Website မှာ Spass Holder, EP Holder များနဲ့ စင်္ကာပူနိုင်ငံသားများရဲ့ သက်ကြီးရွယ်အိုမိဘများကိုလျှောက်ထားနိုင်ကြောင်းလောက်
သာဖော်ပြထားတာတွေ့ရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သတ်သည့် ပါလီမန်အမတ်တချို့နှင့်နိုင်ငံတကာရွှေ့ပြောင်းရေးနေထိုင်ရေးဆိုင်ရာအတိုင်ပင်ခံများက ၄င်းတို့
အနေဖြင့်လွန်ခဲ့သောနှစ်အတွင်း ပညာတက်လူငယ်လူရွယ်အမြောက်အများ ပီအာလျှောက်ထားမှုများတွင်၊အခက်အခဲနှင့်ရင်ဆိုင်လာ ကြရတာကိုတွေ့ရှိရကြောင်းပြောကြားကြသည်။ တရုတ်နိုင်ငံ Sichuan ဒေသမှတရုတ်နိုင်ငံသားများတွက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ များအဓိကဝန်ဆောင်မှုပေးသည့် Tian Fu Club and Association မှာ President ဖြစ်သူ Mr. Tony Du က ၁၀ ဦးထက်ပိုသော သူတို့ ကလပ် အသင်းဝင်များ၏ ပီအာလျှောက်ထားမှုများပယ်ချခံရကြောင်းနှင့် အများစုမှာတရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့မှဘွဲ့ရရှိထားသူ အသက် ၃၀ အောက်၊ EP ကိုင်ဆောင်ထားသူများဖြစ်ကြောင်းပြောကြားသည်။

လွှတ်တော်အမတ်များဖြစ်သော Mr. Charles Chong ( Pasir Ris-Punggol GRC) နှင့် Mdm Halimah Yacob (Jurong GRC) တို့ကလဲ
ပီအာလျှောက်ထားမှုများတွင်ပညာတက်လူငယ်အများအပြားပယ်ချခံရသည့်အချက်အပေါ် တူညီသောအမြင်ရှိကြသည်။ Mr Chong ကသူ့ထံတွင် ယခင်ကပီအာလျှောက်ထားမှုအောင်မြင်ရန် အကူအညီတောင်းခံသူအများစုမှာ အရည်အချင်းနိုမ့်သောသူများ ကိုတွေ့ရ ကြောင်းပြောသည်။ Mdm Halimah ကတော့ယခုနောက်ပိုင်းတွင် ပီအာလျှောက်ထားမှုအခက်အခဲများ နှင့်ပတ်သတ်၍သူ့ထံလာရောက် အကူအညီတောင်းခံသူ အများစုမှာပိုပြီး အရည်အချင်းပြည့်ဝပြီး ပညာတက်အမြောက်အများပါဝင်ကြောင်း၊ သူတွက်ချက်မိသလောက် အနေဖြင့် ယခုလို ပညာတက်ဘွဲ့ရများ ကို ပယ်ချလာခြင်းကြောင့် ပီအာချပေးမှုစံချိန်စံနှုန်းများအတွင်း ပိုမို၍အလွန်တင်းကြပ်သော စည်းကမ်းများပါဝင်လာခြင်းသော်လည်းကောင်း ရရှိထားသောဒီဂရီဘွဲ့များကိုအသိအမှတ်မပြုခြင်းကြောင့် သော်လည်းကောင်း ဖြစ်နိုင်ခြေရှိသည်ဟုပြောကြားသည်။

အချို့နိုင်ငံခြားသားများအနေဖြင့် စင်္ကာပူပီအာကို လျှောက်ထားရယူနေခြင်းထက် တခြားနိုင်ငံများသို့ပြောင်းရွှေ့နေထိုင်ရန်ပိုမိုစိတ်ကူး
လာလျှတ်ရှိသည်။ Aims Immigration အတိုင်ပင်ခံ Company အနေဖြင့် ၂၀၀၉ ခုနှစ်ဖြင့်နှိုင်းယှဉ်ကြည့်ပါက ၄င်းတို့ထံတွင်အခြားနိုင်ငံ
များသို့ပြောင်းရွှေ့နေထိုင်ရန်အတွက် စုံစမ်းမေးမြန်းသူ ၂၀% ကျော်တိုးတက်လာကြောင်း၊ စုံစမ်းသူများတွင် ယခုလက်ရှိပီအာရရှိထားသူ
များပင်ပါဝင်ပြီး သူတို့၏ပီအာသက်တမ်းတိုးမှုများမအောင်မြင်ဖြစ်မည်ကိုစိုးရိမ်ကြောင့်ကြမှုများကြောင့်ဖြစ်ကြောင်းသိရသည်။

အချို့ကတော့ ပီအာလျှောက်ထားမှုများကိုခဏဆိုင်းငံထားပြီး လာမည့်နှစ် ၂၀၁၂ ခုနှစ်အတွင်းကျင်းပမည်ဖြစ်သော စင်္ကာပူနိုင်ငံအထွေ
ထွေရွေးကောက်ပွဲပြီးမှသာလျှင်လျှောက်ထားကြမည်ဖြစ်ကြောင်းနှင့် ပိုပြီးအခွင့်အရေးပိုရလိမ့်မည်ဟုခန့်မှန်းကြသည်။ ကနေဒါနိုင်ငံသူ
Ms xxxx နှင့်သူ့အမျိုးသားအနေဖြင့်ပီအာလျှောက်ထားမှုကို ဆိုင်းငံထားမည်ဟုစဉ်းစားထားကြောင်း၊ အထွေထွေရွေးကောက်ပွဲအပြီးမှာ
စင်္ကာပူအစိုးရအနေဖြင့်တံခါးပိုမိုဖွင့်လာမည်ဟုယူဆ၍ဖြစ်ကြောင်းပြောသည်။ ရွေးကောက်ပွဲအပြီးမှပီအာပြန်လည်လျှောက်ထားမှုများနဲ့
ပတ်သတ်တဲ့အခြားအကြောင်းပြချက်တစ်ခုကတော့ အစိုးရအနေဖြင့်ရွေးကောက်ပွဲပြီးဆုံးပါက နိုင်ငံခြားသားများနှင့်ပတ်သတ်သော ပေါ်လစီများအပေါ်ကြိုက်နှစ်သက်ခြင်းမရှိသောပြည်သူများ၏ ဖိအားတချို့လျော့ကျသွားဖွယ်ရှိခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။
သို့သော်ပါလီမန်အမတ် Mdm Halimah ကတော့ ပီအာလျှောက်ထားမှုများနဲ့ အထွေထွေရွေးကောက်ပွဲဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အချက်ကို မဖြစ်နိုင်ကြောင်းငြင်းဆိုလိုက်သည်။ သူကဆက်ပြီး “ ကျွန်မအနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်မီနဲ့ရွေးကောက်ပွဲပြီးမှ
ဆိုတာတွေကြောင့် ဘယ်လိုမှပြောင်းလဲလာလိမ့်မယ်လို့မထင်ပါဘူး။ အစိုးရရဲ့ ပေါ်လစီတွေကိုဒီအချက်ကြောင့်ဘယ်လိုမှအလွယ်တကူ
ပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။ အကြောင်းအရင်းတစ်ခုအနေနဲ့ပတ်သတ်မှုကတော့ နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့တန်ဖိုးတွေကို
စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းကိုအကျိုးရှိစွာအသုံးချနိုင်ဖို့ပါပဲ။

အထက်ပါ Special Report နဲ့ဆက်စပ်ပြီး စာမျက်နာတစ်ခုထဲမှာဖော်ပြခဲ့တဲ့ တခြားသတင်းတစ်ခုကိုအောက်မှာဆက်ပြီးဖော်ပြပေးထား
ပါတယ်။

Rejected applicants may try again

စင်္ကာပူအစိုးရအနေဖြင့် ယခင်ကပီအာလျှောက်ထားမှုရှိပြီး၊ ပယ်ချခံထားရသူများကိုပြန်လည်လျှောက်ထားဖို့၊ အထူးသဖြင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုနိုင်သူများနှင့် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသူများ နောက်တကြိမ်လျှောက်ထား ကြရန် ကြိုဆိုလိုက်ကြောင်းသိရှိရသည်။

အချို့နိုင်ငံခြားသားများအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုရန်နှင့် လူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်နိုင်ရန် အလားလာကောင်းရှိသူအများအပြား ပိုမိုတင်းကြပ်တဲ့စံနှုန်းများကြောင့်၎င်းတို့၏ ပီအာလျှောက်ထားမှုများ ပယ်ချခံရမှုများရှိခဲ့သည်ကို တွေ့ရှိရကြောင်း အသစ်ဖွဲ့စည်းတည်ထောင်ထားသော National Population and Talent Division မှပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားလိုက်သည်။ တချို့သူများအနေဖြင့်ယခင်လျှောက်ထားချိန်တွင် စံနှုန်းမကိုက်ညီပဲ နောင်တွင်စံနှုန်းပြည့်ဝသူများဖြစ်လာနိုင်
သည့်အတွက်နောက်တကြိမ်ထပ်မံကြိုးစားသင့်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူကအကြံပေးလိုက်သည်။ သူကဆက်ပြီး -

“အခုလို နိုင်ငံခြားသားများဝင်ရောက်မှုနှုန်းထားများတွက်ချက်နေစဉ်ကာလာမှာပဲ၊ စင်္ကာပူရဲ့စီးပွားရေးနဲ့လူမှုရေးများကိုအထောက်အကူ ပြုစေသူတွေ၊ ရှိနေနှင့်ပြီးသားနိုင်ငံသားများနဲ့ပေါင်းစပ်နိုင်သူတွေ၊ သေခြာအခိုင်အမာအခြေချနေထိုင်နိုင်သူတွေအတွက် တံခါးဖွင့်ကြိုဆို
လျှတ်ရှိပါတယ်”

သူတို့၏ ဌာနကြီးနေဖြင့် လျှောက်ထားသူတိုင်းကို အတိအကျစဉ်းစားသုံးသပ်ပေးပြီး၊ အောင်မြင်မှုရှိသောလျှောက်ထားသူအများအပြား
မှာသူတို့၏ကျွမ်းကျင်မှုဆိုင်ရာအတက်ပညာရှင်များ၊ နည်းပညာဆိုင်ရာအထူးကျွမ်းကျင်သူများပါဝင်ပါသည်။ အခြားစဉ်းစားသောအချက်
အလက်များအနေဖြင့် လျှောက်ထားသူ၏ အသက်၊ စီးပွားရေးနှင့်လူမှုရေးအထောက်အကူပြုမှု၊ အတည်တကျအမှန်တကယ်နေထိုင်နိုင်
မှုစတဲ့အချက်တွေပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားပါသည်။ ထို့အပြင်လျှောက်ထားသူ၏ မိသားစုဝင်များ အနေဖြင့်
အခြေချနေထိုင်လိုပါကလည်းထည့်သွင်းစဉ်းစားကြောင်းနှင့် အခြားစဉ်းစားပေးသည့်လျှောက်ထားသူများကတော့ စင်္ကာပူနိုင်ငံသားများရဲ့
အိမ်ထောင်ဖက်များဖြစ်ကြောင်းအဆိုပါပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားခဲ့သည်။


Reference :

The Straits Times, Saturday January 22, 2011 Prime Special Report (Chasing that Elusive PR) By " Mr Teh Joo Lin and Ms Melissa Kok"

Wednesday, January 5, 2011

ဖြတ်သန်းခဲ့သော ၂၀၁၀

ဒီ post ကတော့ စာဖတ်တဲ့သူတွေကိုရည်ရွယ်တာမဟုတ်ပဲနဲ့ ကျနော့်ဘဝမှတ်တမ်းလေးတစ်ခုအနေနဲ့ဖြတ်သန်းခဲ့တဲ့ ၂၀၁၀ ခုနှစ်
အကြောင်းလေးရေးထားတာပါ။ ခြုံပြီးပြောရမယ်ဆိုရင်တော့ ဒီ ၂၀၁၀ ခုနှစ်ဟာ ကျနော့်အတွက်တိုးတက်မှုကိုပြတဲ့ နှစ်တစ်ခုလို့ ပြောရမှာပါပဲ။ ကျနော်မျှော်လင့်ရည်မှန်းထားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနိုင်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်အကုန် ၂၀၁၀ နှစ်သစ်ကူးကိုတော့ စင်္ကာပူကိုတစ်နှစ်တခါမှမလာရရင်မနေနိုင်တဲ့ကျနော့် ပါပါး ဒီကိုရောက်နေတာနဲ့
တိုက်ဆိုင်လို့ သူကကမီးပန်းကြည့်ချင်ပါတယ် ဆိုတာနဲ့ City Hall ကကွင်းရှေ့မှာ ၂ နာရီလောက်ထိုင်စောင့်ပြီးနောက် ၂၀၁၀ ကိုပါပါး၊ ကျနော်ညီမလေး နဲ့ အခန်းဖော်သူငယ်ချင်း Brandon တို့နဲ့ကြိုဆိုပြီး ၂၀၁၀ ကိုချင်းနင်းဝင်ရောက်လာခဲ့ပါတယ်။

ဇန်နဝါရီလ - ဖေဖဝါရီလ ၂၀၁၀

၂၀၀၉ ခုနှစ်အကုန်ခါနီးမှာ လက်ရှိအလုပ်လုပ်နေတဲ့ Sankyu Singapore ကိုအလုပ်ဝင်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ခုနှစ်ဆန်းပိုင်းမှာ
ထုံးစံအတိုင်း Confirm Letter ရပါတယ်။ လိုချင်တဲ့ လစာ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ပုံစံနဲ့ထပ်တူကျတယ်လို့ပြောရမှာပါ။ အလုပ်နေရာ
တွေမှာ အနည်းနဲ့အများရှိကြတဲ့ အတိုင်းပဲ၊ အာဏာလွန်ဆွဲမှုတွေ၊ သွေးတိုးစမ်းတာတွေ ကတော့ရှိတယ်လို့ပြောရမှာပါ။ အရာရာတိကျ
ဝင်ဝင်ပါတက်တဲ့ ကျနော့်အကျင့်ကို တက်နိုင်သလောက်လေးဖျောက်ပြီး မျက်စိပိတ်နားပိတ်နေရာတာတွေလဲရှိတာပေါ့ဗျာ။ အသစ်ဖွဲ့စည်း
လိုက်တဲ့ section အသစ်မှာဝန်ထမ်းအသစ်တွေနဲ့ စတင်အလုပ်လုပ်ပေမယ့် ကျွမ်းကျင်အလုပ်သမားတွေ၊ ကြီးကြပ်ရေးမှူးတွေကတော့
အရင်စက်ရုံအဟောင်းကနေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေတဲ့ အတွက် အရင်အကျင့်ဟောင်းတွေအတိုင်း ရုံးနောက်ကျတာတွေ၊
punch card ကိုတမင်အမေ့ခံပြီး punch မလုပ်တာတွေစတဲ့ စည်းကမ်းပိုင်းတွေကိုမလိုက်နာပဲ၊ အထက်စီမံခန့်ခွဲမှုကလဲ လစ်လျှူရှုထား
တယ်လို့ပြောရမှာပါပဲ။ ပြုပြုင်ပြောင်းလဲရေးတွေမှာ ကျနော်အောင်မြင်တာဆိုလို့ ကားမောင်းတဲ့ driver တွေကိုကြုံရာလူမမောင်းခိုင်းပဲ
နဲ့ ပုံမှန် Duty Roaster တွေဆွဲပြီးမောင်းခိုင်းခဲ့တာပါပဲ။ ဒီလိုအသေးအဖွဲလေးကို အောင်မြင်တယ်လို့ပြောရမလားဆိုရင် ကျနော့်အတွက်
တော့ မှန်တယ်လို့ပြောရမှာပါပဲ။ စီမံခန့်ခွဲမှုဝန်ထမ်းတစ်ယောက် အနေနဲ့တခါတယံမှာ အထက်ကပံ့ပိုးမှုတွေမရှိရင် အမိန့်အာဏာာ
တွေသုံးဖို့အခွင့်မရခဲ့ရင် ကိုယ်လုပ်တဲ့ task အောင်မြင်ဖို့ရာအများကြီးကြိုးစားရပါတယ်။ အရင် ၃ နှစ်ဆက်တိုက်ဖြစ်ချင်တာဖြစ်နေတဲ့
ဗရမ်းဗတာအစီအစဉ်တွေကို ပြင်ဆင်ရတာတကယ်ဆိုရင် စိတ်ပျက်ဖွယ်ပါပဲ။ ဒါပေမယ့် အရင်ထက်နည်းနည်းလေး ပိုထူးနေတဲ့ စိတ်ကြောင့် ဒါငါ့ကို စိန်ခေါ်နေတဲ့အခက်အခဲတွေပဲ ငါရအောင်လုပ်မယ်ဆိုပြီး လုပ်တဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့အောင်မြင်လာခဲ့တယ်
လို့ပြောရမှာပါ။ တရုတ်နှစ်သစ်ကူးကာလမှာတော့ မြန်မာပြည်ကိုပြန်တဲ့ ခရီးတွေထဲမှာ အလောတကြီးအဖြစ်ဆုံးအဖြစ်နဲ့ ၆ ညအိပ်ခရီး
အဖြစ်ပြန်ခဲ့ပြီး ပုဂံကို ၁၀ နှစ်အကြာမှာဒုတိယအကြိမ်မြောက် လည်ပတ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ ဘဝမှာ ပထမဆုံးအကြိမ် ပြည်တွင်း
လေကြောင်းခရီးကိုပျံသန်းဖူးခြင်းအဖြစ်လဲ မှတ်တမ်းတင်ရမှာပါ။

မတ် - ဧပြီ - မေ ၂၀၁၀

မတ်လနဲ့ ဧပြီလဲထဲမှာ ထူးထူးခြားခြားတွေမရှိပဲ ပုံမှန်ရုံသွားရုံးပြန်၊ တခါတယံရေသွားကူး၊ ရှပ်ရှင်ကြည့်စတာတွေနဲ့ပဲကုန်လွန်ဖြတ်သန်း
ခဲ့တာပါ။ မေလကုန်မှာတော့ Vasek Day Long Weekend ကြောင့်ဟိုး ၃ လလောက်က ကြိုစီစဉ်ထားတဲ့ ထိုင်းနိုင်ငံ၊ ဖူးခတ်ကိုသွားလည်
ဖြစ်ပါတယ်။ ထုံးစံအတိုင်း Budget Airline ကိုပဲအမြဲအားပေးတက်တဲ့ ကျနော်နဲ့ အခန်းဖော်သူငယ်ချင်း Brandon တို့ ၂ ယောက်သား
Tiger Airways နဲ့ဖူးခတ်ကိုညကြီးမိုးချုပ်ရောက်ရှိခဲ့ကြပါတယ်။ ကျနော့်အကျင့်အတိုင်း အရာရာကြိုတင်စီစဉ်ထားတဲ့ ကားကိုလေဆိပ်
အပြင်အရောက်လိုက်ရှာတော့ ကိုယ့်နာမည်ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုမှမတွေ့ပါဘူး။ ထိုင်းနိုင်ငံဆိုတော့ communication ကခက်ခက်
နဲ့ပြသနာတော့ စတွေ့တာပါပဲ။ ကြိုစီစဉ်ပေမယ့်လဲ စီစဉ်သလိုဖြစ်မလာလို့ ဒေါသလဲထွက်မိပါတယ်။ နောက်တော့ ကားသမား တစ်ယောက်က သူလဲအလုပ်ဖြစ်အောင်ထင်ပါရဲ့ ဖုံးဆက်ပေးမယ်ဆိုတော့ ဆက်ပြီးသူ့တို့ချင်း ယ ပလက်လိုပြောဆိုပြီး သူ့နောက်လိုက်
ခဲ့ဆိုပြီး သူ့ကားနဲ့ခေါ်သွားပါတော့တယ်။ တကယ်ဆိုတွေးကြည့်ရင်ကြောက်စရာကြီးပါ။ ကိုယ်မသိတဲ့စကားတွေနဲ့ပြော၊ ကိုယ်မသိတဲ့
မြို့ရွာမှာ၊ ကိုယ်မသိတဲ့လူနောက်ကို ဘုမသိဘမသိနဲ့လိုက်သွားရတာတကယ်တော့ စွန့်စားလွန်းရာကျပါတယ်။ အဲ့ဒီမှာ အတွေ့အကြုံ
သင်ခန်းစာလေးတစ်ခုရလိုက်ပြီး မှတ်ထားလိုက်တာကတော့ နောက်တခါခရီးသွားလို့ ကိုယ်မသိတဲ့နေရာကိုသွားမယ်ဆိုရင် နေ့ခင်း၊ မနက်စတဲ့ လင်းလင်းရှင်းရှင်း လေကြောင်းတွေကိုရွေးပါဆိုတာပါပဲ။ အခုတော့ ညမှောင်မှောင်မှာသူခေါ်ရာကို လိုက်သွားပြီးတော့ နောက်
ဆုံးကိုယ်တည်းခိုမယ်ဆိုတဲ့ ဟိုတယ်လ်ရောက်မှ သက်ပြင်းချနိုင်တော့ပါတယ်။

ဇွန် - ဇူလိုင် - သြဂုတ် ၂၀၁၀

June July လတွေမှာတော့ August လမှာကျင်းပမယ့် YOG အတွက်ကြိုတင် ပြင်ဆင်တဲ့သင်တန်းတွေ၊ Seminar တွေတက်ရင်း အချိန်
ကုန်လာခဲ့တာပါပဲ။ နောက်ဆုံးမှာတော့ သူတို့ပေးလိုက်တဲ့ သင်တန်းတွေဟာဘာတစ်ခုမှ လက်တွေ့မှာအသုံးမဝင်လာခဲ့ပါဘူး။ ကိုယ့်
အသက်အရွယ် အတွေ့အကြုံတွေကြောင့်လဲ ပေးတဲ့ training တချို့ဟာမလိုအပ်တာတွေလဲဖြစ်မှာပါ။ ဒါပေမယ့် ဒီသင်တန်းတွေကနေ
ရခဲ့တဲ့ ကျနော့်အတွေ့အကြုံနဲ့ ကျနော့်အတွက်ကောင်းကျိုးကတော့ ကျနော့် presentation skill တိုးတက်လာတယ်၊ အရင်ကဆို သိပ်
မကောင်းတဲ့ လူမှုဆက်ဆံရေးပိုကောင်းလာတယ်။ လူမှုဆက်ဆံရေးမကောင်းဘူး ဆိုတာက ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကိုစကား ပြော မိတ်ဖွဲ့တာကိုဆိုလိုချင်တာပါ။ နောက်တစ်ခုကတော့ ရှိနေနှင့်ပြီးသား leadership skill ကိုပိုပြီး upgrade ဖြစ်လာစေပါတယ်။
ဘာမှမပြည့်စုံတဲ့ YOG ground မှာအလုပ်လုပ်ရတာတွေကြောင့်လဲ ဖြတ်ထိုးဥာဏ်နဲ့ မရှိရင်ရှိတာနဲ့ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်
လဲရှိလာစေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်တစ်သက်တာမှာ ဒီလောက်ကြီးကျယ်တဲ့ အားကစားပြိုင်ပွဲမျိုးမှာ ပါဝင်ပတ်သတ်ခွင့်ရခဲ့
လို့ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ်။ နောင်တစ်ချိန်ဒီလိုပွဲမျိုး ပါဝင်ပတ်သတ်ခွင့်ရမရ ဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။ ဇွန်လထဲမှာ အဲ့တုံး
ကဌားနေတဲ့ lakeside ကအိမ်ရှင်က သူ့သားတွေအတွက်အခန်းပြန်ယူတော့မယ်ဆိုတော့ ဇူလိုင်လဆန်းမှာ အခန်းရနိုင်အောင်လဲရှာရပါ
သေးတယ်။ အပြည့်အစုံကိုတော့ ကျနော့်ရဲ့ ရေကြည်ရာမျက်နုရာ post ကိုဖတ်ချင်သူများပြန်ရှာဖတ်နိုင်ပါတယ်။ ဇူလိုင်လဆန်းမှာတော့
အသစ်ရတဲ့ Bukit Gombak ကိုပြောင်းရွှေ့ကြပါတယ်။ တိုတိုပြောရရင်တော့ အဲ့ဒီအိမ်ကအဆင်မပြေဘူးလို့ပြောရမှာပါပဲ။ အပြည့်အစုံကို
နောင်ရေးမယ့် ရေကြည်ရာမျက်နုရာ ၂ မှာဖတ်နိုင်ပါတယ်။

စက်တင်ဘာလ မှ ဒီဇင်ဘာ ၂၀၁၀

ဒီကာလထဲမှာတော့ ထွေထွေထူးထူး activity ဆိုလို့ October လထဲမှာ People Association Water Venture က organize လုပ်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ဝါသနာအတိုင်း Volunteer သွားလုပ်ပါတယ်။ ၁ ရက်မနက်ပိုင်းလေးတင်ပါပဲ။ ကျနော့် စာရေးဖော်ရေးဖက်၊ Online ကသူငယ်ချင်း ဥာဏ်လင်းထွန်းရယ်၊ အခန်းဖော် သူငယ်ချင်း Brandon ရယ် ၂ ယောက်သားပါ။ အတွေ့အကြုံအသစ်နဲ့ အလွန်
တရာအလောတကြီး နိုင်ရတဲ့ activity တစ်ခုလို့ပြောရမှာပါ။ ကျနော်တို့က ရေသောက် အချိုရည်သောက်ဖို့စီစဉ်ထားတဲ့ water station
တစ်ခုကိုတာဝန်ယူကြရတာပါ။ ဖြည့်လိုက်ရတဲ့ရေ၊ အချိုရည်ဆိုတာ လက်အံတွေသေ၊ ချွေးတွေပေါက်ပေါက်ကျတဲ့အထိပင်ပန်းပါတယ်။
ဒါပေမယ့် တကယ်လဲပျော်စရာကောင်းတယ်လို့ပြောရမှာပါပဲ။ November လထဲမှာတော့ ကျနော့်ရုံးကလစဉ်ရှိတဲ့ activity တစ်ခုထဲက
November လထဲက activity ဖြစ်တဲ့ ပြိုင်ကားအသေးလေးပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဲ့ဒီ Gold Kart လို့ခေါ်တဲ့
ပြိုင်ကားသေးသေးကိုမောင်းဖူးခြင်းပါပဲ။ ကျနော့်အသင်းမှာ လူ ၆ ယောက်ရှိပါတယ်။ သူတို့ဘယ်လိုခွဲထားလဲတော့မသိဘူး။ ရုံးချုပ်က
၂ ယောက်၊ တခြား Department ကတစ်ယောက်နဲ့ ကျနော့် Section က ၃ ယောက်ပါ။ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၄ ယောက်
ပေါ့။ ပထမပိုင်း မိနစ် ၆၀ ကိုအစမ်းမောင်းဖို့ လူ ၆ ယောက်အချိန်ခွဲမောင်းကြရပါတယ်။ ကျနော်က မိနစ် ၆၀ ရဲ့ နောက်ဆုံးအပိုင်း ကို မောင်းရတာပါ။ အစပိုင်းတော့ပြသနာမရှိပေမယ့် နောက်ပိုင်းမှာတော့ ပွဲမစခင်ရွာထားတဲ့မိုးကြောင့် လမ်းပေါ်မှာရေတင်နေတာနဲ့ ကားဘီးတွေက စင်တဲ့ရေကဆီနဲ့ရောပြီး မျက်နာနဲ့တကိုယ်လုံးကိုညစ်ပတ်သွားစေတာပါပဲ။ ဒီကြားထဲကျနော်ကမျက်မှန် တက်တော့
မျက်မှန်မှာ ရေကစင်နေတော့ မသဲကွဲတော့ဘူး။ ဒါမယ့် ကျနော်ကားကို မျက်ခင်းတွေပေါ်မကျအောင်တော့ မောင်းနိုင်ခဲ့ပါတယ်။ နောက်
တမျိုးကတော့ စတီရာယိုင် ကိုတင်းတင်းကြပ်ကြပ် ကိုင်ရတဲ့အတွက် လက်ဖျံရိုးတွေတောင့်တင်းလာတာပါ။

မိနစ် ၆၀ ပြည့်ပြီးလို့ ခဏနားပြီး၊ ပြိုင်ပွဲကတော့ မိနစ် ၉၀ မောင်းကြရမှာပါ။ မိနစ် ၉၀ အတွင်း ကွင်းကိုအပတ်အရေအတွက် အများဆုံး
ပတ်နိုင်တဲ့ လူကအနိုင်ရမှာပါ။ ပြိုင်ပွဲဝင်အသင်း ၈ သင်းနဲ့ ကား ၈ စီးပါ။ ကျနော့်အသင်းမှာ အင်မတန်မှ ကားမောင်းဝါသနာပါပြီး ကား
မောင်းတော်တဲ့ စလုံးကောင်ကိုပထမဆုံးမောင်းခိုင်းပြီး နောက်ပိုင်း အခြေအနေကြည့်မယ်လို့စဉ်းစားထားကြပါတယ်။ မိန်းကလေး ၂ ယောက်ကတော့ ခုနကပြောတဲ့ ဒုက္ခတွေကိုကြုံထားတော့ မမောင်းတော့ဘူးတဲ့။ ကျနော်ကလဲ မန်နေဂျာပဲလုပ်တော့မယ် လိုအပ်မှမောင်း
မယ်လို့လေသံပစ်ထားလိုက်ပါတယ်။ ပထမ driver မောင်းလို့ ၃၀ မိနစ်ကြာတဲ့အခါမှာတော့ ကျနော်တို့အဓိကပြိုင်ဖက် အသင်းကို
ကျနော်ရှာတွေ့ထားပြီးပါပြီ။ ဒီတော့ ဒီကားလူမလဲမချင်း ကျနော်တို့လဲမဖြစ်တာကြောင့် ဒီအတိုင်းထားလိုက်ပြီး တဖက်ကားလူလဲတာနဲ့
ကျနော်လဲ လူလဲပါတယ်။ ပထမမိနစ် ၄၀ ကျော်မှာကျနော့်တို့ကားက အပါတ်ရည်အများဆုံးနဲ့ 1st Position မှာပါ။ ဒုတိယလူကိုလဲပြီး
မောင်းပြီးတဲ့အချန်မှာ ကျနော်တို့ ကားက ဒုတိယကားကို ၂ ပါတ်အကျောနဲ့နိုင်ထားပါတယ်။ ကျနော့်အစီအစဉ်အတိုင်း ကျနော့်အဓိက
driver ကိုပေးနားထားပြီး၊ တတိယ driver ကိုပေးမောင်းခိုင်းလိုက်တော့ ကျနော်တို့က ဒုတိယလိုက်နေတဲ့ကားကို ၁ပါတ်အကျောပဲနိုင်
ပါတော့တယ်။ အချိန်ကြည့်တော့ ၃၅ မိနစ်လောက်ပဲလိုတော့တာနဲ့ ကျနော့်နောက်ဆုံး fighter ကိုထုတ်ပြီး မောင်းခိုင်း၊ ဒုတိယကားကလဲ
မနေဘူး၊ သူတို့ fighter driver ကိုထုတ်ပြီးမောင်းခိုင်းတာ ကျနော်တို့၁ မိနစ်လောက်အစောနဲ့ ပထမရသွားပါတယ်။ ကျနော်တစက်မှ
မမောင်းခဲ့သော်လည်း ဆုရဝေစု ၂၅ကျပ် တော့ရလိုက်တယ်ဗျာ။ တကယ်ကိုပျော်စရာကောင်းတဲ့ပွဲပါ။ အမှတ်တရပါပဲ။

ဒီ ၂၀၁၀ အတွင်းမှာတော့ အပြောင်းလဲဆုံးဖြစ်ရပ်ကတော့ ကျနော်စာတွေအများကြီးရေးခဲ့တာပါပဲ။ ကျနော်ဘယ်တုံးကမှစာတွေဒီလိုရေး
ခဲ့မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မထင်မှတ်ပဲနဲ့လဲ ကျနော့်ရေးတာလေးတွေကို သဘောကျနှစ်သက်တဲ့ ကျနော့် စာဖတ် ပရိတ်သတ် သူငယ်ချင်းတွေရှိလာခဲ့ပါတယ်။ မိတ်ဆွေအပေါင်းအသင်း အသစ်တိုးလာတဲ့နှစ်လို့လဲ ပြောရသလို၊ ကျနော့်ကို မနှစ်သက်သော သူတွေ
များလာတဲ့နှစ်လို့ လဲပြောလို့ရပါတယ်။ အကောင်းနဲ့အဆိုယှဉ်တွဲနေသလိုပဲ ကျနော်ကတော့ ကိုယ်မှန်တယ်လို့ထင်ရင်၊ ပြတ်ပြတ်သား
သားလုပ်တက်ပြီး အရင်ကထက်လဲ စိတ်ပိုတိုလာ၊ ချက်ချင်းလက်တုံပြန်တာတွေ ကြောင့်လဲဖြစ်မှာပါလို့ထင်မြင်မိပါတယ်။ ကိုယ်ပဲ ခက်ခဲ တဲ့ လူတကာနဲ့မတည့်တဲ့သူဖြစ်နေပြီလား၊ ဘာဖြစ်လို့မာန်မာနတွေထားနေတာလဲ စိတ်တွေလျော့သင့်ပြီလို့။ တခါတလေ မှန်တိုင်းလဲ မကောင်းပဲ၊ လူမုန်းများတက်တယ်လို့ ကိုယ့်ကိုကိုယ်လဲဆုံးမမိပါတယ်။

1752 hrs, Jurong Island, Singapore.