Monday, May 30, 2011

စင်္ကာပူတွင် (၅) နှစ်ကြာသောအခါ အပိုင်း (၁)

မနှစ်ကတော့ စင်္ကာပူတွင် (၄) နှစ်ကြာသောအခါ ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်ထွက်ခွာလာခဲ့တာကစလို့ ပထမအစပိုင်းမှာ ဘယ်လိုနေထိုင် ခဲ့ရတဲ့အကြောင်းလေးတွေကို ချရေးထားတာပါ။ အခု (၅) နှစ်ပြည့်သွားပြန်တော့ ဘာရေးရမလဲလို့ စဉ်းစားမိတော့ ကျနော့်ရဲ့ စင်္ကာပူက
အလုပ်ရာဇဝင် ကိုရေးမယ်လို့စိတ်ကူးမိတယ်။

စင်္ကာပူကိုရောက်လျှင်ရောက်ပြီးချင်း ကျနော်နည်းလမ်းပေါင်းစုံနဲ့ အလုပ်ရှာပါတယ်။ အဓိက ကတော့နေ့စဉ်ထုတ်တဲ့ The Straits Times
သတင်းစာပါ။ Sunday ကလွဲပြီး၊ နေ့တိုင်းသတင်းစာဝယ်၊ Clementi ကပထမဆုံးနေခဲ့တဲ့ တိုက်အောက်မှာစာအုပ်တစ်အုပ်၊ ဘောပင်
တစ်ချောင်း၊ ဖုံးတစ်လုံးနဲ့ ကိုယ်ပစ်မှတ်ထားတဲ့ အလုပ်ကြော်ငြာတွေကိုဖတ်ပါတယ်။ ကိုယ်နဲ့သက်ဆိုင်ရာအလုပ်ကိုတွေ့လို့ e-mail နဲ့
လျှောက်ပါဆိုရင် သတင်းစာပေါ်ကကြော်ငြာကို ဝိုင်းထားလိုက်တဲ့အပြင် စာအုပ်ထဲမှာလဲ Job Title နဲ့ဆက်သွယ်ရမယ့် e-mail လိပ်စာ
နဲ့အခြား လိုအပ်မယ်ထင်တဲ့ ဖုံးလိပ်စာပါရင်တခါတည်းချရေးထားလိုက်ပါတယ်။ walk-in interview တို့၊ ဖုံးဆက်မေးမြန်းပါ စတဲ့
ကြော်ငြာတွေကိုလဲ တခါတည်းဖုံးဆက်ပြီး Interview လာလို့ရမရ၊ စတဲ့ကြိုတင်ချိန်းဆိုမှုတွေ ရအောင်လုပ်ပါတယ်။ အဲ့ဒီလိုမေးမြန်းရတဲ့
အခါမှာလဲ သူတို့ပေးတဲ့လိပ်စာအတိုင်းသွားဖို့ သူတို့ရုံးရဲ့အနီးဆုံး MRT Station၊ Bus စီးရမယ်ဆိုလဲ Bus No. စတာတွေကို မေးမြန်းရ
တာ နည်းနည်းတော့ အခက်အခဲတွေတွေ့ ရလေ့ရှိပါတယ်။ အဲ့ဒီတုံးကတော့ ကိုယ်က ဒီကနေရာတွေ၊ လမ်းတွေလဲမသိ အခုခေတ်လို
PDA တို့၊ အိုင်ဖုံး စတာတွေကနေ မြေပုံကိုလှမ်းကြည့်လို့လဲမရတော့၊ Street Directory စာအုပ်ကိုကိုင်ပြီး မြေပုံနေရာကိုရှာရတာပါ။

အဲ့ဒီလို လိပ်စာတောင်းရတဲ့အခါ စိတ်ရှည်ရှည်နဲ့ ပြန်ပြောပေးတဲ့ သူတွေရှိသလို၊ လိုရင်းတိုရှင်းပြောပြီး မြန်မြန်ဖုံးချပစ်လိုက်တဲ့သူတွေလဲ
တွေ့ဖူးပါတယ်။ ကိုယ်ကတော့ အလုပ်ရချင်တဲ့ဆန္ဒရှိတော့ သည်းခံစိတ်မွေးပြီး တက်နိုင်သမျှကြိုးစားနားထောင်ရတာပေါ့။ ကိုယ်သွားရ
မယ့်နေရာကိုများသောအားဖြင့်တော့ ကိုယ်အားကိုယ်ကိုး ပြီးရှာတာများပါတယ်။ အကယ်၍ ကိုယ်မသိရင်တောင် SBS Transit တို့၊ SMRT Hotline တွေကို ကိုယ်ရောက်နေတဲ့နေရာ ပြောပြီးသွားချင်တဲ့နေရာပြော သူတို့စီကနေ ဘယ် bus ကိုစီးလို့၊ ဘယ်မှတ်တိုင်
မှာဆင်းဆိုတဲ့ လမ်းညွှန်ချက်တွေနဲ့ ရောက်အောင်ကိုသွားတာပါ။ အခုနောက်ပိုင်းမှာတော့ အဲ့ဒီလိုတွေသိပ်မလိုတော့ပဲ Smart ဖုံးတွေနဲ့
တင်တော်တော် အလုပ်ဖြစ်ပါနေပါပြီ။

မနက်ပိုင်းမှာ ဖုံးတွေဆက်လို့ walk-in interview တို့၊ ရှိနှင့်နေတဲ့ appointment တို့ရှိမနေရင်တော့ရေချိုးအဝတ်အစားလဲပြီးClementi
Bus Interchange ကနေ NUS ကို Bus စီးပြီး အင်တာနက်သွားသုံးရတာ။ ညီမဝမ်းကွဲက Master Degree တက်တာပြီးသွားပေမယ့်လဲ
သူ့ Account က သုံးလို့ရနေသေးတော့ NUS က Compuer Lab ကိုသွား၊ ခုနကရေးမှတ်လာခဲ့တဲ့ အလုပ်လျှောက်ရမယ့် e-mail တွေကို
ပို့ပြီးအလုပ်လျှောက်၊ Lunch စားချိန်ရောက်တော့ ကျောင်းက canteen ကသက်သာတော့ အဲ့ဒီမှာပဲစားနဲ့ ကျနော့်ရဲ့စင်္ကာပူ ပထမလကို
အဲ့လိုဖြတ်သန်းလာခဲ့ပါတယ်။

ကျနော့်ပထမဆုံးရခဲ့တဲ့ Interview ကတော့ ပွဲစားတစ်ယောက်စီစဉ်ပေးတဲ့ Singapore Polytechnic Graduated Gult မှာ ပါ။ ဗျူးတဲ့
သူက ဘာဆိုဘာမှလဲ ထွေထွေထူးထူး တွေမမေးပဲ၊ မြန်မာနိုင်ငံရေးအကြောင်းတွေ ကျနော်နဲ့ ၁ နာရီလောက်ထိုင်ပြောပြီး ပြန်လွှတ်လိုက်
ပါတယ်။ ကျနော်လဲနောက်ပိုင်း အဲ့ဒီပွဲစားနဲ့သိပ်မပတ်သတ်တောပဲ ကိုယ်တိုင်အလုပ်ရှာ၊ ကိုယ်တိုင်အင်တာဗျူးသွားတော့တယ်ဗျာ။
မှတ်မှတ်ရရ တစ်ခုအနေနဲ့ အဲ့ဒီတုံးက လေကြောင်းနဲ့ပတ်သတ်တဲ့နေရာတွေမှာ အလုပ်လုပ်ဖို့ပိုစိတ်ဝင်စားနေတာဆိုတော့ စင်္ကာပူ
ရဲ့လေယာဉ်ပျံအသေးလေးတွေနဲ့ Private Plane တွေရပ်တဲ့ Selater Airport ဆိုတဲ့နေရာမှာ walk-in interview တစ်ခုရှိတာနဲ့ ကျနော်
အဲ့ဒီကိုလမ်းစရှာပြီးသွားရော၊ တကယ်တော့ စီးသွားတဲ့ bus ကလဲအမှန်တကယ်ကို အဲ့ဒီနေရာကိုသွားမှာပါ၊ လေဆိပ်အဝင်ဆိုင်းဘုတ်ကြီး
တွေ့တော့ ရောက်ပြီဆိုပြီး ကားပေါ်ကဆင်းလိုက်တယ်။ ဆင်းပြီးဝင်းထဲကို ဆက်လျှောက်ဝင်သွားတော့ လေဆိပ်မဟုတ်သေးမှန်းသိရော၊
ကျနော့်အထင်တော့ သိပ်မဝေးလှဖူးပေါ့ ဆိုပြီးဆက်လျှောက်နေလိုက်တယ်။ တကယ့်ကိုနေ့ခင်းနေ့လည်အချိန်ကြီးမှာပါ။ ကားတချို့
တလေမောင်းသွားတော့ ကျနော့်ကိုအထူးအဆန်း အနေနဲ့ကြည့်ကြည့်သွားကြတယ်။ လမ်းမှာလဲ ဘာအိမ်ခြေမှလဲမရှိ၊ လူလဲမတွေ့ပါဘူး။
ကျနော့်မှာလဲ လျှောက်လက်စကြီးဖြစ်နေတော့ နောက်ပြန်လှည့်ရင်လဲတော်တော်ဝေးနေပြီဆိုတော့ ဆက်လျှောက်တာပေါ့။ ကျနော့်စိတ်
ထင် မိနစ် ၃၀ ကျော်လောက်တော့ လေဆိပ်ဖက်ကို ဦးတည်မောင်းတဲ့ ကားတစ်စင်းက ရပ်ပြီးမေးတယ်၊ မင်းဘယ်သွားမလို့လဲတဲ့၊
ကျနော်က လေဆိပ်ကိုပေါ့၊ သူက ဟာ အဝေးကြီးလိုသေးတယ်၊ ငါလဲအဲ့ဒီကိုသွားမှာ လိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ ကားမောင်းတာတောင်
၁၀ မိနစ်လောက်နေမှ ရောက်သွားပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ ပြောမိတာပါပဲ။ သူသာခေါ်မတင်
သွားရင် ကျနော်ဘယ်လောက်ထိလျှောက်ရအုံးမယ်မသိဘူး။ အဲ့ဒီအလုပ်လဲနောက်ဆုံးတော့ အင်တာဗျူးတောင်မရပါဘူး။

အဲ့ဒီလိုနေရင်းနဲ့ ကျနော့် စင်္ကာပူဘဝရဲ့ ပထမဆုံးအလုပ်ကို Boon Keng က Shower Gel, Shampoo,နဲ့ ခေါင်းကစလို့ ခြေဖျားအဆုံး Skin Care တွေထုတ်လုပ်တဲ့ Local Company တစ်ခုမှာ အလုပ်ရပါတယ်။ Sales Administrator ပါ။ တကယ်တော့ Sales Admin ဆိုတာဘာလုပ်မှန်း ကျနော်လုံးဝမသိပါဘူး။ ရုံးတစ်ခုလုံးရဲ့ Office ဝန်ထမ်းကိုကြည့်ရင်၊ Account Staff ဖြစ်တဲ့ Malaysian တရုတ်မ တစ်ယောက်၊ သူဌေးမရဲ့ညီမဖြစ်တဲ့ Sales Manager တစ်ယောက်၊ နေရာတကာအကုန်တက်ပြီး၊ အကုန်ပါတဲ့ ဘယ်လိုရာထူးမှန်းဖော်ပြ လို့မရတဲ့ နောက်တရုတ်မတစ်ယောက်၊ Production အတွက် Chemical တွေကိုဆက်ဟတ်ရတဲ့ Chemist လို့ခေါ်တဲ့ဓာတုကျွမ်းကျင်သူ Local တရုတ်မတစ်ယောက်နဲ့၊ ကျနော်နဲ့တူတူအလုပ်ဝင်တဲ့ Salesman Local တရုတ်တစ်ယောက်ပဲစုစုပေါင်း ကျနော် အပါအဝင် (၅) ယောက်ပဲရှိပါတယ်။ အဲ့ဒီတုံးကဆိုဘာဆိုဘာမှ နားမလည်တော့ Appointment Letter ရရကောင်းမှန်းမသိ၊ ဘယ်လိုရပိုင်ခွင့်တွေ ရရမှန်း
မသိပဲ အလုပ်ကိုလက်ခံခဲ့တာပါ။ ထုံးစံအတိုင်း S Pass လျှောက်ဖို့လုပ်ရာမှာလဲ အဲ့ဒီ Company က တခါမှမလျှောက်ဖူးတော့ ကိုယ်တိုင်
ကိုယ်ကျ S Pass လျှောက်ဖို့ကို manual နဲ့လျှောက်ပါတယ်။ အဲ့ဒီအချိန်တုံးက Company မှာလဲ Quota က ရှိနေတယ် ဆိုတော့ဘာ
ပြသနာမှ မများလိုက်ပဲ S Pass ကို လွယ်လွယ်လေးရလိုက်တယ်ဗျာ။ ကိုယ်တိုင်တွေပဲ လုပ်ရတဲ့အတွက် S Pass Application ကိစ္စတွေ
ကိုတော်တော်လဲ နားလည်သွားပါတယ်။

အလုပ်ချိန်က မနက်ကို (၈) နာရီကနေ ညနေ (၆) နာရီအထိနဲ့ Saturday and Sunday ပိတ်ပါတယ်။ နေ့ခင်းထမင်းစားချိန်ကို (၁) နာရီ
အတိအကျပဲ နားရတယ်။ အလုပ်ကတော့ စင်္ကာပူတစ်မြို့လုံးမှာရှိတဲ့ သူတို့ပစ္စည်းတွေတင်တဲ့ဆိုင်တွေ၊ Spa, Skin Care Centre စတာ
တွေကလာတဲ့ Order တွေကို process လုပ်ရတာပါ။ ဝင်လာတဲ့ order တွေကို ကုန်ချောပစ္စည်းထုတ်ပိုးတဲ့ ဌာနကိုပို့ရပါတယ်။ အဲ့ဒီဌာန
မှာတော့ တရုတ်ပြည်ကတရုတ်တစ်ကောင် ကိုခန့်ထားတယ်ဗျ၊ English လိုတစ်လုံးမှနားမလည်ပေမယ့် Code နံပါတ်တွေနဲ့ သူအလုပ်
လုပ်ရတာပါ။ အဲ့ဒီတရုတ်က သူဌေးရှိရင်တစ်မျိုး၊ မရှိရင်တမျိုးဆိုတဲ့ အစားထဲကပါ။ သူ့စီမှာ ပစ္စည်းကရှိရင်တော့ သူထုတ်ပိုးပြီးတာနဲ့
order စာရွက်ကကျနော့်စီမပြန်ရောက်လာလို့ရှိရင် ကျနော်က Invoice ကို MYOB Account System ကိုသုံးပြီး ထုတ်ပါတယ်။ သူ့စီမှာ
ပစ္စည်းကမလှောက်ဌဘူး ဆိုရင်တော့ Production Dept ကိုဆက်ပြီးလိုအပ်တဲ့ ပစ္စည်းကိုထုတ်လုပ်ပေးဖို့ ဆက်လုပ်ရပါတယ်။ သူတို့
လုပ်ထားတဲ့ System တွေအကုန်နီးပါးကို MS EXCEL သုံးပြီးအလုပ်လုပ်သွားတာပါ။ အဲ့ဒီမှာ အခက်အခဲတွေ့ရတာကတော့ ကျနော့်ကို
production plan လုပ်ခိုင်းတာပါ။ တကယ့်ကိုနားမလည်တဲ့ ကိစ္စပါပဲ။ မလုပ်တက်ဖူး မလုပ်ဖူးဆိုလဲမရပါဘူး။ အဲ့ဒီတော့ ကျနော့်မှာလဲ
သိသမျှတက်သမျှဖြစ်ညှစ်ပြီး planning ကိုလုပ်ရပါတော့တယ်။ အဲ့ဒီအလုပ်မှာ စိတ်ညစ်စရာအကောင်းဆုံးတစ်ခုကတော့ သူဌေးမက
မနက်ပိုင်းဆို တွေ့သမျှလူကို ဆူဆူပူပူလုပ်တာပါပဲ၊ ကျနော့်အလုပ်စားပွဲက ထိပ်ဆုံးမှာဆိုတော့ သူရုံးတက်လာတာနဲ့ ထိပ်ဆုံးစားပွဲဖြစ်တဲ့
ကျနော့်စားပွဲကနေ စပြီးကွိုင်တော့တာ နောက်ဆုံးစားပွဲဖြစ်တဲ့ Account ကိုဆူပြီးမှာ သူ့အခန်းထဲဝင်သွားတာပါ။ အဲ့ဒီလိုဖြစ်တာ တပါတ်
ကို (၃) ရက်လောက်တော့ဖြစ်ပါတယ်။ နေ့လည် (၁၂) နာရီကျော်ရင်ဖြင့် ဘယ်လိုကြီးလှတဲ့ ပြသနာဖြစ်ဖြစ် သွားပြောရင် ဘာမှမဖြစ်
တော့ပဲ အကုန်လျောလျောလျူလျူပါ။

နေ့စဉ်နဲ့အမျှအလုပ်သွားရင် တကယ့်ကိုမပျော်ပဲ ဒီနေ့တော့ဘယ်လို ပြသနာမျိုးနဲ့တွေ့မလဲဆိုပြီး ကျီးလန့်စာစားရတဲ့ ဘဝပါပဲ။
သို့သော်ကျနော့် post တစ်ခုမှာရေးခဲ့ဖူးသလို နေချင်တဲ့နေရာမှာနေရဖို့အတွက်၊ ကျနော်သည်းခံပြီး အလုပ်လုပ်ခဲ့တာ အဲ့ဒီမှာ (၁၁)လ
ကြာပါတယ်။ အဲ့ဒီအလုပ်မှာတော့ ကျနော်အရင်ကဘာဆို ဘာမှနားမလည်တဲ့ MYOB Account Software ကို Diploma တစ်ခုရတာထက်
အလွန်ကျွမ်းကျင်စွာ သုံးစွဲတက်သွားပြီး၊ အရင်က Excel ကို ဇယားစွဲရုံလောက်သာသုံးတက်တဲ့ ကျနော့်မှာ Excel Formula တွေနဲ့ အစီ
အစဉ်တကျ လုပ်ကိုင်နိုင်လာခဲ့ပါတယ်။ ဒါ့အပြင် ဗဟုသုတအနေနဲ့ သုံးစွဲနေတဲ့ Shower gel တွေဘာတွေဆိုတာလဲ ဘယ်ကနေဘယ်လို
ဖြစ်လာတယ်ဆိုတဲ့ ဇစ်မြစ်တွေကိုလဲ သိရှိလာခဲ့ပါတယ်။ အဲ့ဒီအလုပ်ကနေ ကျနော် နောက်အလုပ်တစ်ခုမရခင်ပဲ ဘယ်လိုမှနေထိုင်လို့မရ
တော့တာနဲ့ ထွက်စာတင်ပြီးထွက်ခဲ့ပါတော့တယ်။

နောက်အလုပ်တစ်ခုကလဲ Boon Keng မှာရေစက်မကုန်တော့ အရင်လုပ်ခဲ့တဲ့ ရုံးရဲ့တစ်လမ်းပဲခြားတဲ့ စာပုံနိုပ်စက်တစ်ခုမှာအလုပ်ပြန်ရပါ
တယ်။ အဲ့ဒီမှာလဲ Sales Co-Ordinator ပါ။ သူကတော့ ပုံနိုပ်စက်အလုပ်မှာ အဆင့်ဆင့်ထုတ်လုပ်ပြီး ကိုယ့် Client ကို နမူနာထုတ်ပြတာ၊
နောက်ဆုံးအတည်ပြုချက်တောင်းခံတာ စတဲ့ coordination အလုပ်တွေကိုအဓိကလုပ်ရတာပါ။ Sales Manager အမျိုးသမီးတစ်ယောက်
ကိုတိုက်ရိုက်အစီအရင်ခံ ရပြီး၊ များသောအားဖြင့်သူ့ client နဲ့ပတ်သတ်တာတွေပဲလုပ်ပေးရတဲ့သဘောပါ။ ခပ်တိုတိုပြောရရင်တော့ အဲ့ဒီ
အလုပ်မှာ (၄)လပဲကြာပြီး ကျနော်အလုပ်ထွက်ခဲ့ပြန်ပါတယ်။

အဲ့ဒီကနေပြီးတော့ ကျနော်သိပ်မကြာဖူး နောက်ထပ်အလုပ်တစ်ခုထပ်ရတယ်ဗျ။ Woodland က Pet Food တွေတင်သွင်းတဲ့ Company
ပါ။ အဲ့ဒီ Company က Secretary ကမြန်မာအမျိုးသမီးပါ။ ကျနော်အလုပ်စလုပ်ပြီး (၂) ရက်လောက်ကြာတော့ သူကကျနော့်ကို ဒီကနေ
S Pass လျှောက်ထားတာ ရဖို့မလွယ်ကြောင်း၊ တင်ထားတဲ့ Company က သေးသေးလေးဖြစ်ပြီးတော့ Quota လဲမရှိကြောင်း၊ မြန်မာ
အချင်းချင်းကိုယ်ချင်းစာလို့ ပြောပြတာဖြစ်ကြောင်း၊ ဒီကတင်ထားတဲ့ S Pass ကြောင့်ပေးထားတဲ့ stay ကိုယူပြီးတော့ နောက်ထပ်အလုပ်
ကိုရှာဖို့ အကြံပေးတာနဲ့ သူပြောသလိုပဲ ကျနော်ကအလုပ်ရှင်ကို pass မရှိပဲမလုပ်ရဲလို့ pass ကျမှလာလုပ်မယ်ဆိုပြီး ပြောပြီးတခြား
အလုပ်ကိုရှာရတာပေါ့။ အဲ့ဒီအမ ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ နောက်တော့ တကယ်ပဲကျနော်တင်ထားတဲ့ Spass က Rejected
ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကျနော့် stay pass ကကုန်ဖို့ ၂ ပါတ်လောက်ပဲကျန်ပါတော့တယ်။ နောက်အလုပ်တစ်ခုရဖို့ အပူတပြင်း
ကြိုးစားနေဆဲပါပဲ။




ဆက်ဖက်ဖို့ဆန္ဒရှိသေးရင် အပိုင်း (၂) သို့

Wednesday, April 20, 2011

၁၄ ကြိမ်မြောက် စင်္ကာပူ အထွေထွေရွေးကောက်ပွဲ


ပထမဆုံးပြောချင်တာတော့ ကျနော်ဟာနိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ နိုင်ငံရေးကိုလဲ စိတ်ဝင်စားတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ သူများနိုင်ငံရဲ့ နိုင်ငံရေးမပြောနှင့် အမိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုတောင် စိတ်ဝင်စားမှုမရှိပါဘူး။ သို့သော်ကျနော်တို့ လက်ရှိနေထိုင်နေတဲ့ နိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေ ကိုတော့ နည်းနည်းစိတ်ဝင်စားတာက တကြောင်း၊ ကျနော့်လို နည်းနည်း စိတ်ဝင်စားတဲ့သူများ ရှိရင် ဝိုင်းဆွေးနွေးကြရအောင် ကိုယ်တိုင်ရေး အာဘော်နဲ့ ချရေးထားတာလေးပါ။ အမှားအယွင်းများပါရင်တော့ ခွင့်လွှတ်ပါလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။

ဒီပိုစ့်ကတော့ ကျနော်တို့မြန်မာအများစုနဲ့တော့ တိုက်ရိုက်သက်ဆိုင်မှုမရှိလှပါဘူး။ သို့သော်လဲ ရွေးကောက်ပွဲ လေသံ တွေထွက် လာခါနီး အချိန်မှာတော့ ကျနော်တို့မြန်မာတွေကြားမှာ ပီအာ ချထားပေးမှုတွေ၊ အလုပ်အကိုင် ပါမစ်တွေချပေးမှုတွေနဲ့ ပတ်သတ်ပြီး ရွေးကောက်ပွဲ အပြီးမှာ ပြန်လည်ချောင်လည်လာလိမ့်မယ်ဆိုတဲ့ သို့လောသို့လော တွေးတော့ထင်မြင်ချက်တွေ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လဲ အဲ့ဒီလို အချိန်အနည်းအများသာကွာမယ် အပြောင်းအလဲလေး တွေနည်းနည်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှုတွေ မစခင်ကစပြီး လက်ရှိအာဏာာရ ပြည်သူ့လှုပ်ရှားမှုပါတီ People's Action Party (PAP) အစိုးရကနေ နိုင်ငံခြားသား များအပေါ်ထားရှိတဲ့ ပေါ်လစီတွေ ပြောင်းလာတာတွေ့ရပါတယ်။ အကြီးအကျယ်တရားဝင် ပြောင်းလဲမှုကြီး တွေအနေနဲ့ SPass နဲ့EP တွေရဲ့ အခြေခံလစာလိုအပ်ချက်တွေတိုးမြင့်တာ၊ နိုင်ငံခြားသားအလုပ်သမားများဌားရမ်းခြင်း အတွက် အစိုးရ ကို ပေးရတဲ့ Levy ကြေးတွေ တိုးမြင့်တာ စတဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။ တခြားတရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိပဲ ပြောင်းလဲတာ တွေကတော့ ပီအာချထားပေးမှုတွေ သိသိသာသာ ကြီးတင်းကြပ်လိုက်တာ၊ အရင်အစိုးရ ကျောင်းတွေက ကျောင်းပြီးပြီး ချင်း ပေးတဲ့ ပီအာကိုမပေးတော့တာတွေ၊ SPass ချထားပေးမှုတွေကို အရင်ကလိုအလွယ်တကူမပေးတော့တာတွေလို့ ကျနော်တော့ ထင်ပါတယ်။အစိုးရတစ်ခုရဲ့ ပေါ်လစီတစ်ခုဟာ ရွေးကောက်ပွဲပေါ်အခြေခံပြီး ပြောင်းလဲမှုမရှိနိုင်ဖူးဆိုတာကိုတော့ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင်အော်နေပေမယ့် အထက်ကပြောခဲ့တဲ့ အပြောင်းအလဲတွေဟာ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။

ဧပြီလ ၁၉ ရက်နေ့ကထုတ်ပြန်တဲ့ တရားဝင် ကြေငြာချက်အရ စင်္ကာပူပါလီမန်ကို စင်္ကာပူ သမ္မတကြီး က ဖျက်သိမ်းပေးခဲ့ပြီး ၁၄ ကြိမ် မြောက် အထွေထွေရွေးကောက်ပွဲ မဲပေးရက် ကိုတော့ မေလ (၇) ရက်နေ့ စနေနေ့မှာ ကျင်းပဖို့သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီနေ့ကတော့ စင်္ကာပူအစိုးရရဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ်လဲ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီဟာကတော့ ကျနော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ရုံးပိတ်ရက်ကို ကြိုဆိုရမှာပါ။ နောင် (၅) နှစ်သက်တမ်းပါလီမန်အတွက် အမတ်နေရာ (၈၇)နေရာလျှာထားပြီး ယခင်၂၀၀၆ ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အမတ်နေရာထက် (၃) နေရာပိုများလာပါတယ်။ စင်္ကာပူနိုင်ငံသား မဲပေးခွင့်ရှိသူ 2.35 သန်း မဲပေးနိုင်မှာဖြစ်ပါတယ်။

အင်အားအကြီးဆုံးနဲ့ လက်ရှိအာဏာာရပါတီဖြစ်တဲ့ PAP ကတော့ လူငယ်မျိုးဆက်သစ်အမတ်လောင်းတွေ၊ အသိပညာရှင် အတက်ပညာရှင် အတွေ့အကြုံရှိ အမတ်လောင်းတွေ အပြင်၊ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပါတီရဲ့ ဖခင်ကြီး လက်ရှိ ဝါရင့်ဝန်ကြီး Mr. Lee Kuan Yew ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပါတယ်။ အတိုင်အခံပါတီများကလဲ မျက်နာသစ်ပါတီဝင်များပွဲထုတ်သလို နိုင်ငံရေး ကြေငြာစာတမ်းများထုတ်ပြန် ကတိကဝတ်များပြုပြီး သူတို့ယှဉ်ပြိုင်ရာမဲဆန္ဒနယ်မှာ အနိုင်ရရှိအောင် စည်းရုံးနေကြတာကိုလဲ တွေ့ရပါ တယ်။ သတိထားမိသလောက်ကတော့ အတိုက်အခံပါတီတွေဖက်က လက်ရှိအစိုးရအပေါ် နိုင်ငံခြားသားအလုပ်သမားအများအပြား ခေါ်ဆောင်ထားခြင်းကိစ္စ၊ အိမ်ခန်းဈေးတွေမြင့်တက်လာနေတဲ့ကိစ္စ၊ စတာတွေကို အခြေခံပြီးတိုက်ခိုက်တာကိုတွေ့ရပါတယ်။ အထင်ရှားဆုံး နိုင်ငံရေးပါတီကြေငြာစာတမ်းများအဖြစ် လက်ရှိအာဏာရပါတီ PAP ရဲ့ “ Securing Our Future Together ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့သလို ထင်ရှားတဲ့ အတိုက်အခံပါတီတစ်ခုဖြစ်သော Workers' Party ကလဲ “ Towards a First World Parliament ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာစာတမ်းများ အပြိုင်ထုတ်ပြန်ခဲ့ကြပါတယ်။

မေလ (၇) ရက်နေ့ ရွေးကောက်ပွဲပြီးနောက် ကာလတစ်ခုမှာတော့ တက်လာမယ့်အစိုးရအသစ် ကနိုင်ငံခြားသား အလုပ်သမားများ၊ ပီအာကိစ္စများ၊ နိုင်ငံသားအသစ်ခံယူခြင်းကိစ္စများ အပေါ်ဘယ်လိုပြောင်းလဲသက်ရောက်မှု ရှိမလဲ၊ မရှိဘူးလဲဆိုတာကိုတော့ စောင့်ကြည့် လေ့လာကြရမှာပါ။

Monday, March 28, 2011

SQ117 ပြန်ပေးဆွဲခံရမှု အနှစ် ၂၀ ပြည့် အမှတ်တရ











ဒီဆောင်းပါးကတော့ ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် The Straits Times သတင်းစာ၏ Saturday Special တွင်ဖော်ပြခဲ့သော
ဆောင်းပါးရှင်များဖြစ်သည့် Mr. Francis Chan နှင့် Mr. William Choong တို့ရေးသားသည့် စင်္ကာပူလေကြောင်းလိုင်း ခရီးစဉ်အမှတ်
SQ117 ပြန်ပေးဆွဲခံရမှု အနှစ် ၂၀ ပြည့်အမှတ်တရအဖြစ် ဖော်ပြသည့်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
ယခုဘာသာပြန်ဆိုမှု post ကိုမည်သည့် website/blog များနှင့်ပုံနိုပ်ထုတ်ဝေသည့် စာအုပ်များ၊ forward e-mail များတွင် ထပ်ဆင့် ကူးယူဖော်ပြခြင်းမပြုပါရန် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။

၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ စင်္ကာပူလေကြောင်း ခရီးစဉ် SQ117 ပြန်ပေးဆွဲခံရမှုဟာ ယနေ့ ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာတော့ အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှု ကို စင်္ကာပူတပ်မတော်ရဲ့ အထူးကွန်မန်ဒို များက အောင်မြင်စွာ ခြေမှုန်းနိုင်ခဲ့ပုံကိုအဆင့်ဆင့်ကို ပြန်ပြောင်းဖော်ပြထားတာဖြစ်ပါတယ်။

ပြန်ပေးဆွဲသူများရဲ့တောင်းဆိုချက်များက အလွန်ရှင်းလင်းပြတ်သားပါတယ်။ လေယာဉ် ၅ မိနစ်အတွင်း မထွက်ခွာလျှင် ဓားစာခံများကို
သတ်ပစ်လိမ့်မည်ဖြစ်ပါတယ်။ ဒါလေယာဉ်အပိုင်စီးမှုကို နိုမ်နင်းရေးအတွက် အစမ်းလေ့ကျင့်နေကြတာမဟုတ်ပါဘူး။ စင်္ကာပူလေကြောင်း
ရဲ့လေယာဉ်အမှုထမ်း ၂ ဦးကို ဓားတရမ်းရမ်းနဲ့အပိုင်စီးထားတဲ့ သောင်းကြမ်းသူများက လေယာဉ်ပေါ်မှတွန်းချခဲ့ ပြီးဖြစ်ပါတယ်။

ပါကစတန်နိုင်ငံသား အကြမ်းဖက်သောင်းကြမ်းသူ ၄ ဦးတို့ကလေယာဉ်ပေါ်ရှိ ခရီးသည်များနဲ့ လေယာဉ်အမှုထမ်းများကို မီးလောင်တိုက် သွင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အဲ့ဒီအချိန်ဟာ မနက် ၆နာရီ ၄၅မိနစ်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတရာ ချနိုင်ဖို့
၅ မိနစ်ပဲ အချိန်ရှိပါတယ်။ လူအယောက် ၁၂၃ ဦးတို့ရဲ့ အသက်တွေကိုကယ်တင်မလား?? သို့တည်းမဟုတ် သွေးပင်လယ်ဝေမလား ??ဆိုတာကတော့ ဒီ ၅ မိနစ်သာ ကျန်ရှိတဲ့ အချိန်ပေါ်မူတည်နေပါတယ်။

အခင်းဖြစ်ပွားနေတဲ့ နေရာမှာ အခြေစိုက်ပြီး အနီးကပ်ကွပ်ကဲမှုတွေပေးနေတဲ့ အဆင့်မြင့်ထိပ်တန်းအရာရှိကြီးများဟာ ဒီပြန်ပေးဆွဲမှုကို
အကြမ်းနည်းနဲ့ ဖြိုခွင်းဖို့ပိုမိုအရေးကြီးတယ် ဆိုတာသိရှိနားလည်ထားကြပါတယ်။ စောစောပိုင်းတုံးက ညှီနှိုင်းမှုတွေ၊ အပေးအယူပြုမှု
တွေကတော့ ပြသနာအပေါ် အသက်ရှုအနည်းငယ်ချောင်ရုံပဲရှိပါတယ်။ သို့သော် ယခုအချိန်မှာတော့ စကားတွေပြောနေဖို့အချိန်မဟုတ်
တော့ပါဘူး။

ပြန်ပေးဆွဲမှုဖြိုခွဲရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဦးဆောင်လမ်းညွှန်သူများ ဖြစ်သောဖြစ်သော ဥပဒေနှင့်ပြည်ထဲရေး ဝန်ကြီး
Prof. S.jayakumar (ယခု အဆင့်မြင့် ဝန်ကြီး)၊ ကာကွယ်ရေး ဒုတိယ ဝန်ကြီး Dr. Yeo Ning Hong (ယခု Director of Singapore Press Holding, A member of Kepple Panel and Adviser to Far East Organization) တို့ကဒီအဖြစ်အပျက်ကို ပြန်ပြောင်း
ပြောဆိုရာတွင် -

“ ကျနော်တို့မှာ ရွေးချယ်စရာနည်းလမ်း မရှိတော့ပါဘူး။ ကျနော်တို့အနေနဲ့ ပြန်ပေးသမားတွေ စပြီးအချိန်ကိုစရေတွက်နေချိန် မှာပဲ
တစ်ခုခု ကိုအလျှင်အမြန်လုပ်ဆောင်ရတော့မှာပါ”

“ ကျနော်တို့ စင်္ကာပူတပ်မတော် ကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ခံအရာရှိကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် Ng jui Ping ကိုတပ်ဖွဲ့ဝင်တွေအစဉ်သင့်ဖြစ်နေ
လား၊ ဖြစ်နေရင် နှောင့်နှေးမနေပဲ တိုက်ခိုက်တော့ဖို့ အမိန်ပေးလိုက်တယ် ”

နာရီပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ပြန်ပေးသမားတွေနဲ့ ညှီနှိုင်းမှုတွေဟာနောက်ဆုံးမှာတော့ ဘာရလဒ်မှမပေါ်ထွန်းလာခဲ့ပါဘူး။ ချန်ဂီလေဆိပ်ကြီး မပိတ်ရသေးခင် ဓားစာခံ တွေကိုကယ်တင်နိုင်ပြီး ဒီပြသနာပြီးဆုံးနိုင်ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အရေးတကြီး ဆောင်ရွက်ခဲ့ရတာပါ။ ဒီပြန်ပေးဆွဲမှုအဖြစ်အပျက်ကို အစကနေပြန်ပြောင်း လေ့လာရရင်တော့ -

လွန်ခဲ့သော နှစ်ပေါင်း ၂၀၊ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က ခရီးသည်အဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ ပြန်ပေးသမား ၄ ဦးဟာ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Subang International Airport ကနေ စင်္ကာပူကို ထွက်ခွာမယ့် စင်္ကာပူလေကြောင်းခရီးစဉ်အမှတ်
SQ117 ပေါ်ကိုတက်ရောက်လာခဲ့ကြပါတယ်။ ည 9.38 နာရီမှာတော့ လေဆိပ်ကနေ လေယာဉ်အောင်အောင်မြင်မြင် ထွက်ခွာခဲ့ပြီးနောက်
၁၂ မိနစ်အကြာ လေထုတွင်း မြေပြင်မှ အမြင့်မီတာ ၈၃၀၀ ကိုပျံသန်းတက်နေစဉ်အတွင်း၊ ပြန်ပေးသမားတစ်ဦးက လက်ထဲမှာ ဖောက်ခွဲ
ရေးပစ္စည်း လို့ယူဆရတဲ့အရာတစ်ခုနှင့် မီးခြစ်တစ်ခုကိုကိုင်တွယ်ပြီး လေယာဉ်မောင်းခန်းအတွင်းသို့ရောက်ရှိလာခဲ့ပါတယ်။

ပြန်ပေးသမား ရဲ့ ပထမဆုံးတောင်းဆိုချက်အနေနဲ့ လေယာဉ်မှူးကို စင်္ကာပူမှာမဆင်းပဲ ဆစ်ဒနီမြို့ကိုပျံသန်းဖို့ပြောပါတယ်။ ဒါပေမယ့်
လေယာဉ်မှူးက ဆစ်ဒနီကိုပျံသန်းနိုင်ဖို့ဆီ အလုံအလောက်မရှိတဲ့ အတွက် စင်္ကာပူမှာပဲဆင်းသက်မှဖြစ်မယ် လို့ ပြန်ပေးသမားကို ရှင်းပြ
ခဲ့ပါတယ်။ ဒါပေမယ့် အလွယ်တကူ လက်မခံပဲ Airbus A-310 လေယာဉ်ကို လေထုထဲမှာပဲဖောက်ခွဲပစ်မယ် လို့ခြိမ်းခြောက်သော်လည်း
လေယာဉ်မှုးက ဆီမလောက်ပဲဆက်အတင်းဆက်ပျံခိုင်းမယ်ဆိုရင်တော့ ဆစ်ဒနီကိုမရောက်ပဲ လမ်းမှာတင်ပျက်ကျလိမ့်မယ် လို့ထပ်ပြော
တဲ့အခါ ပြန်ပေးသမားက လေယာဉ်ကို စင်္ကာပူမှာယာယီဆင်းသက်ဖို့ သဘောတူလိုက်ပါတယ်။ လေယာဉ်မောင်းခန်းထဲမှာ ဖြစ်နေစဉ်
အတွင်းမှာပဲ ကျန်တဲ့ ပြန်ပေးသမား ၃ ဦးတို့က ခရီးသည်များအားလုံး နဲ့ လေယာဉ်အမှုထမ်းများကို Economy Class ထဲမှာ ထိမ်းသိမ်း
ထားပါတယ်။

ည 10.24 နာရီမှာတော့ SQ117 ဟာစင်္ကာပူချန်ဂီလေဆိပ် ကိုဆင်းသက်ခဲ့ပြီး လေယာဉ်ပြေလမ်း အမှတ် (၁) ရဲ့အလည်မှာ ရပ်တန့်ထား
ပါတယ်။ ပြန်ပေးခေါင်းဆောင် Sahid က လေယာဉ်မှူး Captain Lim ကိုသူ့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေဆီသတင်းပို့ခိုင်း
ရာမှာ -

၁။ စင်္ကာပူနိုင်ငံ ပါကစတန်နိုင်ငံသံအမတ်ကြီးနဲ့ စကားပြော၍ ပါကစတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း၏ အမျိုးသားအပါအဝင် ၄င်းတို့ ပါတီဖြစ်သည့် Pakistan People's Party ပါတီဝင် ၁၁ ဦးတို့ကို ပါကစ်စတန်နိုင်ငံ အတွင်းရှိထောင်များမှ လွှတ်ပေးရန်

၂။ လေယာဉ်ကိုဆီအပြည့်ဖြည့်ပြီး ဆစ်ဒနီမြို့ကိုဆက်လက်ပျံသန်းခွင့်ပြုရန်

တို့ဖြစ်ပြီး သူတို့၏တောင်းဆိုချက်တွေကို မလိုက်လျောပါက လေယာဉ်ပေါ်ရှိခရီးသည်များ အားလုံးကိုသတ်ပစ်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

လေယာဉ်မှူး Captaing Lim ကပြန်ပေးသမား Sahid လေယာဉ်မောင်းခန်းအတွင်း ဝင်မလာမီ စက္ကန့်ပိုင်းအလိုမှာ လေယာဉ် အနောက်ပိုင်း မှာရှိတဲ့ လေယာဉ်အမှူထမ်းချုပ် ကသူ့စီလှမ်းသတိပေးချက်ကို လက်ခံရရှိပြီးနောက် သူ့ လေယာဉ်ပြန်ပေးဆွဲ ခံနေရ ကြောင်း လေကြောင်းထိမ်းမျှော်စင်ကိုထပ်ဆင့် အကြောင်းကြားနိုင်ခဲ့ပြီး အာဏာပိုင်များအနေနဲ့ အဆင့်သင့် ပြန်ဆင်ဖို့ အခွင့်အရေး ပိုမိုရရှိခဲ့စေပါတယ်။ သတင်းရရှိလျှင် ရရှိခြင်း စင်္ကာပူအကြမ်းဖက်မှုကာကွယ်ရေး ယန္တရားဟာ အသက်ဝင်လှုပ်ရှားလာပြီး၊ ရဲတပ်ဖွဲ့၊ စင်္ကာပူတပ်မတော်၊ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ နဲ့ အမျိုးသား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေကို အလျှင်အမြန် ဆင့်ခေါ်ပြီးလေယာဉ်ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ည ၁၀ နာရီအချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် Mr. Lim Siong Guan (ယခု - President of the Government of Singapore Investment Corporation) က သတင်းရရှိခြင်း ချန်ဂီလေဆိပ်ကို ချက်ချင်း သွားရောက်ခဲ့ပြီး အမှန်တကယ် ဖြစ်နေတာလား လို့ သူတွေးခဲ့မိတဲ့အကြောင်းပြန်ပြောပြပါတယ်။ အဲ့ဒီအချိန်တုံးက ဥပဒေနဲ့ပြည်ထဲရေးဝန်ကြီး
Prof Jayakumar ကတော့ ည 10.30 အချိန်သူ့အိမ်မှာရှိနေချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ဖုံးနဲ့ဆက်ပြီး သတင်း
ပေးပို့တာကိုလက်ခံရရှိပြီးတဲ့နောက် ဝန်ကြီးချုပ် Mr. Goh Chok Tong နဲ့ ဝါရင့်ဝန်ကြီး Mr. Lee Kuan Yew တို့ကိုထပ်ဆင့်သတင်းပေး
ပို့ခဲ့ပြီး ပြန်ပေးသမားတွေရဲ့ တောင်းဆိုချက်နဲ့ အခြေအနေကိုရှင်းပြခဲ့ပါတယ်။

တချိန်ထဲမှာပဲ ရဲတပ်ဖွဲ့ ညှီနှိုင်းရေးမှူးက ပြန်ပေးသမားတွေကို Captain Lim ကတဆင့်ဆက်သွယ်ပြီး စတင်ညှီနှိုင်းဖို့ကြိုးစားခဲ့ပါတယ်။
အဖြစ်အပျက်ကြီးတစ်ခုလုံးရဲ့ အစပိုင်းမှာတော့ ၁၁၄ ဦးသောခရီးသည်များနဲ့ ၉ ဦးသော လေယာဉ်အမှုထမ်းများဟာ ဒီပြန်ပေးသမားတွေ
ဟာ အရက်မူးပြီးသောင်းကျန်း ကြတာပဲလို့ထင်ပေမယ့် နောက်ပိုင်းမှာတော့ ပြန်ပေးသမားများရဲ့ အဆက်မပြတ်ခြိမ်းခြောက်မှုတွေ၊
အလေးအနက်ပြောဆိုမှုတွေ၊ စိတ်လှုပ်ရှားဒေါသထွက်နေတဲ့ ဟန်အမှုအရာတွေကြောင့် အမှန်တကယ် ပြန်ပေးဆွဲခံနေရပြီဖြစ်ကြောင်း
သိရှိနားလည်လာကြတယ်လို့ ဆိုပါတယ်။

ည 11.20 နာရီမှာတော့ စိတ်မရှည်တော့တဲ့ ပြန်ပေးသမားတစ်ဦးဖြစ်တဲ့ Fida ဆိုသူက လေယာဉ်အမှုထမ်း Mr. Bernard Tan ကို ၄.၅ မီတာ မြင့်တဲ့ လေယာဉ်စီကနေ ပြေလမ်းပေါ်ကိုတွန်းချခဲ့ပါတယ်။ နောက်ထပ် ၄ နာရီကြာတဲ့ အချိန်မှာတော့ သူတို့ရဲ့လိုလားတောင်းဆို
ချက်တွေကို မြန်မြန်ဆန်ဆန်မဖြစ်မြောက်သဖြင့် စိတ်မရှည်တော့ပဲ နောက်ထပ်လေယာဉ်အမှုထမ်းတစ်ဦးကို ထိုးကျိတ်ကန်ကြောက်ပြီး
လေယာဉ်ပေါ်က ထပ်မံတွန်းချခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ညှီနှိုင်းရေးမှူးတွေကလဲ အစွမ်းကုန်အချိန်ဆွဲဖို့ကြိုးစားရာမှာ အသင့်အတင့် အချိန်ဆွဲနိုင်ခဲ့သော်လည်း တဖြည်းဖြည်းအချိန်
ဟာကုန်ဆုံးလာနေခဲ့ပါပြီ။ ည ၁၂ နာရီထိုးမှာတော့ သူတို့ရဲ့တောင်းဆိုချက်တွေ ဘာတစ်ခုမှဖြစ်မလာတဲ့ အတွက် စိတ်တိုဒေါသထွက်လာ
တဲ့ ပြန်ပေးသမားများဟာ လေယာဉ်မောင်းခန်းထဲက စက်ခလုတ်များ ကို အရက်များပက်ဖြန်းပြီး လေယာဉ်ကို မီးတင်ရှို့တော့မယ်လို့
ခြိမ်းခြောက်လာပါတယ်။ မနက် ၄ နာရီရောက်သည်အထိ သူတို့ရဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်မှုများ ကို ရဲတပ်ဖွဲ့ ညှီနှိုင်းရေးမှူးများက
အောင်မြင်စွာ အချိန်ဆွဲစည်းရုံးထားနိုင်ခဲ့ပါတယ်။

မနက် ၅ နာရီမှာတော့ ဆီတင်ကားတစ်စင်းစာ လေယာဉ်ကိုဆီဖြည့်ပေးခဲ့ခြင်းဖြင့် ပြန်ပေးသမားတွေကို အနည်းငယ်ကျေနပ်နှစ်သိမ့်နိုင်ခဲ့
ပါတယ်။ သို့သော် လေယာဉ်အမှန်တကယ်ပျံသန်းဖို့အတွက် ဆီအမြောက်အများ ဖြည့်ဖို့လိုအပ်နေပါသေးတယ်။ ဒီလိုညှီနှိုင်းမှုများ
ကြောင့် တစုံတရာ ဆိုးဆိုးရွားရွား မဖြစ်အောင် အခြေအနေကို ထိမ်းသိမ်းနိုင်ခဲ့တဲ့ အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေ အတွက် စဉ်းစား
သုံးသပ်ဖို့အဖိုးတန်တဲ့ အချိန်တွေရရှိစေခဲ့ ပါတယ်။

အကြမ်းဖက်မှုနိုမ်နင်းရေး တပ်ဖွဲ့ တခြားအမည်တစ်ခုအဖြစ် အထူးစစ်ဆင်ရေး တပ်ဖွဲ့တစ်ခုကို စင်္ကာပူတပ်မတော်အတွင်း ထိပ်တန်း လျို့ဝှက်စွာ ဖွဲ့စည်းထားတဲ့အလျှောက် အခင်းဖြစ်ပွားရာနေရာ ရဲ့ စစ်ဆင်ရေးခန်းမအတွင်းမှာ ဖြစ်နိုင်ခြေရှိသော ကယ်ဆယ်ရေး
နည်းလမ်းများကို တပ်ဖွဲ့ဝင်များထံရှင်းလင်းပြီး စစ်ဆင်ရေးစတင်ဖို့ အစဉ်သင့်ဖြစ်နေပါပြီ။ ဒါအပြင် အခြားကံကောင်းတဲ့ အချက်အနေနဲ့
တိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်များအနေဖြင့် လျှပ်တပျက် တိုက်ခိုက်ရေးစနစ်လေ့ကျင့်မှုများတွင် ယခုပြန်ပေးဆွဲခံထားရသော ပုံစံတူ လေယာဉ်ဖြင့် လေ့ကျင့်ထားသောကြောင့် အထွေအထူး ထပ်မံလေ့လာစရာမလိုပဲ တိုက်ခိုက်ကယ်ဆယ်ရန် အစဉ်သင့်အနေအထားကို
အလျှင်အမြန် ရောက်ရှိနေစေခြင်းဖြစ်သည်။

သို့သော် ချက်ချင်းဆိုသလိုပဲ ပြန်ပေးသမား ခေါင်းဆောင် Sahid ကညှီနှိုင်းမှုကို လက်လျှော့လိုက်ပြီး လေယာဉ်မှူးကို အခုချက်ချင်း
ထွက်ခွာဖို့ အမိန့်ပေးခဲ့သလို ၅ မိနစ်အတွင်းမထွက်ခွာနိုင်ခဲ့ပါက အကုန်လုံး ကို သတ်ပစ်မည် ဖြစ်ကြောင်း ရာဇသံပေးလိုက်ပါတယ်။
ကွပ်ကဲရေးအဖွဲ့ရဲ့ ခေါင်းဆောင်တွေအနေနဲ့ နောက်ဆုံးမှာတော့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ မနက် 06.47 နာရီမှာ လေယာဉ်ကို ဝင်ရောက်စီနင်းဖို့နောက်ဆုံး မီးစိမ်းကို ပြလိုက်ရပါတော့တယ်။ တချိန်ထဲမှာပဲ ညှီနှိုင်းရေးအဖွဲ့ကို အဆက်မပြတ် စကားပြောခိုင်းနေပြီး
အာရုံကို ၄င်းတို့ထံကျရောက်နေအောင် ပြုလုပ်နေစေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ အနက်ရောင်ဝတ်စုံ ကိုယ်စီဝတ်ဆင်ထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်တံခါးပေါက်အသီးသီးဆီးကို
လှေခါးဖြင့်ထောင်တက်ခါ တံခါးပေါက်များကို ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖောက်ခွဲရန် ၃ မိနစ်အတွင်း အသင့်ပြင်ဆင်ပြီးနောက်
လေယာဉ်တံခါးများကို ဖောက်ခွဲပွင့်စေခဲ့ပါတယ်။ တံခါးပေါက်ပွင့်လျှင်ပွင့်ချင်း လျှပ်စီးရောင်ဖြင့် ခဏတာမျက်စိကန်း၊ နားမကြားဖြစ်စေ
နိုင်သော လက်ပစ်ဗုံးများပစ်သွင်းကာ လေယာဉ်အတွင်းစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဖရိုဖရဲ ဖြစ်နေတဲ့ ပြန်ပေးသမားတွေမှာတော့ အနီးကပ် တိုက်ပွဲအတွက် အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေရဲ့ စက်သေနတ်များ ကြားမှာ စက္ကန့်ပိုင်းအတွင်းအတုံးအရုံးသေဆုံးခဲ့
ကြရပြီး စတင်တိုက်ခိုက်ပြီး ၁ မိနစ်မပြည့်မှီမှာပင် အခြေအနေအရပ်အရပ် ကိုထိမ်းသိမ်းနိုင်ပြီး ဖြစ်ပါတယ်။

စီးနင်းတိုက်ခိုက်မှုစစ်ဆင်ရေး Operation Thunderbolt ဟာ အချိန်စုစုပေါင်း ၃ မိနစ်ကျော်ကျော်လေးသာကြာခဲ့ပြီး စက္ကန့် ၃၀ အတွင်း
ပြန်ပေးသမားများရဲ့ တည်နေရာကို သိရှိခဲ့ခြေမှုန်းနိုင်ခဲ့ကာ ကျန်ခရီးသည်များ တစုံတရာ အထိအခိုက်မရှိအောင်မြင်ခဲ့ပါတယ်။ အထူး
တိုက်ခိုက်ရေး ကွန်မန်ဒိုတွေဟာ စင်္ကာပူကို နိုင်ငံတကာကအလည်မှာ ဂုဏ်ယူနိုင်စေခဲ့သလို ဒီပြသနာကြောင့် ချန်ဂီလေဆိပ်ကိုလဲ မပိတ်
ခဲ့ရပါဘူး။ ပြန်ပေးဆွဲမှုကြီး ပြီးနောက်မှာတော့ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ လေ့လာချက်အရ ပြန်ပေးသမားများမှာ လက်နက်ဆို၍
စားပွဲတင်ထောပတ်သုတ်သောဓားသေး (၂) ချောင်း နှင့် ခေါက်ဓား (၂) ချောင်းသာပါရှိပါတယ်။ သို့သော်လည်းပဲ ပြန်ပေးသမားများ
ဟာ လေယာဉ်အမှုထမ်း (၂) ဦးကိုထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပြီး ဒီထက်ပိုမိုဆိုးရွားတဲ့ အခြေအနေကို အချိန်မရွေးရောက်ရှိနိုင်တဲ့
အပြင် တန်းဖိုးကြီးတဲ့ လေယာဉ်ကိုလဲ အဆုံးအရှုံးမခံနိုင်တဲ့အတွက် အကြမ်းဖက်နိုမ်နင်း လိုက်ရတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ခရီးသည် ၁၁၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦးတို့ ဘေးမသီရန်မခ ပဲလေယာဉ်ပေါ်ကဆင်းသက်နိုင်ခဲ့ကြပါတယ်။
စစ်ဆင်ရေး အောင်မြင်လျှင်အောင်မြင်ခြင်း ဝန်ကြီးချုပ် Mr. Goh Chok Tong က ကွပ်ကဲရေးဦးစီးအဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို
ချက်ချင်း ချီးကျုးဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။

နောင်မှာတော့ ဒီစစ်ဆင်ရေးမှာစွမ်းစွမ်းတမံ အောင်မြင်အောင်ပံ့ပိုးကူညီခဲ့ကြတဲ့ လေယာဉ်မှူးကြီး Captain Stanley Lim (ယခု ထိ SIA တွင်အလုပ်လုပ်ဆ)ဲ နဲ့ ရဲတပ်ဖွဲ့ညှီနှိုင်းရေးအဖွဲ့ခေါင်းဆောင် Supt Foo Kia Juah (ယခု - Retired) တို့ကို Public Service Star တံဆိပ်ဖြင့် လည်းကောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Medal for Valour တံဆိပ်များဖြင့်လည်းကောင်း၊ ရဲတပ်ဖွဲ့ ညှီနှိုင်းရေးအဖွဲ့ကို Presidential Certificates of Commendationလက်မှတ်များဖြင့် လည်းကောင်း အသီးသီးချီးမြှင့်ခံခဲ့ကြရသည်။



Ref: and photo by:

1.Ministry of Defence, Singapore website www.mindef.gov.sg

2. news.xin.msn.com

3. The Straits Times Newspaper

Monday, January 24, 2011

နားလည်ရန်ခက်ခဲသော PR ရရှိရန်ကြိုးပမ်းမှု

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် စနေနေ့ထုတ် The Straits Time သတင်းစာတွင်ဖော်ပြခဲ့သော ဆောင်းပါးရှင် Mr. Teh Joo Lin နဲ့ Ms Melissa Kok တို့ရဲ့ " Chasing that elusive PR " ကိုဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးတွင်ပါရှိ
သောအချက်အလက်များ နှင့် ဘာသာပြန်ဆိုမှုများတွင် အနည်းငယ် အမှားအယွင်းရှိခဲ့သော် နားလည်ခွင့်လွှတ်ပေးပါရန်နှင့်အခကြေး
ငွေဖြင့်ဖြန့်ဖြူးသောမည်သည့်စာစောင်၊ဂျာနယ်များတွင်မဆို စာတစ်ခုလုံးဖြစ်စေ၊ စာတစ်ပုဒ်ဖြစ်စေကိုဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံ
ပါသည်။ အခြား public blog များနှင့် forward mail များတွင်ဖော်ပြလိုပါက မည်သည့်နေရာကကူးယူဖော်ပြသည်ကို credit ပေးပါရန်
မေတ္တာရပ်ခံပါသည်။

စင်္ကာပူနိုင်ငံ၏ အမြဲတမ်းနေထိုင်ခွင့် PR ရရှိရန်အတွက် ကြိုးစားနေကြသော နိုင်ငံခြားသားအများစုသည် ယခုအပါတ်အတွင်းကဆွေးနွေး
ပွဲတစ်ခုအတွင်း၌ဒုတိယဝန်ကြီးချုပ်ပြောကြားခဲ့သော ၂၀၁၀ ခုနှစ်အတွင်း PR ပေးခဲ့မှုအခြေအနေ သတင်းနှင့်ပတ်သတ်၍ ၄င်းတို့၏ PR လျှောက်ထားမှူများကိုပယ်ချခဲ့ခြင်းများ အတွက် မိမိကိုယ်မိမိ အားတင်းထားကြကြောင်း သိရသည်။ Straits Times မှအင်တာဗျူး ပြုလုပ်သော PR လျှောက်ထားပြီး ပယ်ချခံရသူများ၊ PR တင်ထားသူများနှင့် ပယ်ချပြီးနောက်တကြိမ်ပြန်လျှောက်ထားရန် စောင့်ဆိုင်း နေသူများ အများစုမှာ စောင့်ကြည့်ကြမည် ဟုဖြေကြားကြောင်းသိရသည်။ သို့သော်လည်း အချို့နိုင်ငံခြားသားများ အနေဖြင့် Australia, Canada နှင့် New Zealand နိုင်ငံများသို့ပြောင်းရွှေ့သွားကြရန် အလေးအနက်စတင် စဉ်းစားလာကြပြီဖြစ်သည်။

နိုင်ငံခြားသားအမြောက်အများ ဝင်ရောက်လာခြင်းနှင့်ပတ်သတ်၍ ပြည်သူလူထု၏သဘောထားများကို အစိုးရကသိသာထင်ရှားစွာတုံပြန်
ခဲ့ခြင်းဖြင့် ၂၀၁၀ ခုနှစ်အတွင်း PR ချပေးထားမှုများမှာ ယခု ၅ နှစ်ကာလအတွင်းအနိုမ့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်
အတွင်း PR ရရှိသူ ၅၉၄၆၀ ဦးဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်တွင် ၂၉၂၆၅ ဦးအထိသာရရှိခဲ့သည့်အတွက် PR ချထားပေးမှုထက်ဝက်ကျော်ကျဆင်း
ခဲ့ကြောင်း အစိုးရဒုတိယဝန်ကြီးချုပ် Mr. Wong Kan Seng ကပြောကြားခဲ့သည်။ PR ချထားပေးမှုများကိုပြန်လည်လေ့လာသုံးသပ်ရာ
တွင် ၂၀၀၆ ခုနှစ် (၅၇၃၀၀)၊ ၂၀၀၇ ခုနှစ် (၆၃၆၀၀)၊ ၂၀၀၈ ခုနှစ် (၇၉၂၀၀) ဖြစ်ပြီး PR ချထားပေးမှုများ နှင့် နိုင်ငံသားခံယူခွင့်များကို အစိုးရက ၂၀၀၉ ခုနှစ်မှစတင်ပြီး ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ထိမ်းချုပ်ခဲ့သည်။

ယခုတလောအတွင်း PR လျှောက်ထားမှုများကို ယခင်ထက်ပိုသော တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများ၊ ဥပမာအားဖြင့် ဝင်ငွေရရှိမှုအခြေအနေ၊ နေထိုင်မှုလိုအပ်ချက်၊ စင်္ကာပူ၏ စီးပွားရေးနှင့်လူမှုရေးကိုအထောက်အကူပြုမှုစသည်ဖြင့် စဉ်းစားလာကြောင်း
The Straits Times အနေဖြင့်နားလည်သဘောပေါက်မိသည်။ ယခင်က Immigration and Check Points Authority (ICA) ၏ Internet website အတွင်းရှိသော PR ရရှိနိုင်/မရရှိနိုင် ကို ကိုယ်တိုင်ဖြည့်သွင်းအကဲဖြတ်နိုင်သော စနစ်တစ်ခုရှိနေရာမှ ၂၀၁၀ခုနှစ် မတ်လ မှစတင်၍ website မှဖယ်ရှားခဲ့သည်။

The Straits Times အနေဖြင့် PR ရရှိရင်ကြိုးစားလျှတ်ရှိသော နိုင်ငံခြားသား ၁၅ ဦးကိုအင်တာဗျူးလုပ်မေးမြန်းခဲ့ရာ -

တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ၁၅ ဦးအနက်ကလွန်ခဲ့သောနှစ်က PR လျှောက်ထားမှုမအောင်မြင်ခဲ့သော Bangladesh နိုင်ငံသား အသက်
၄၅ နှစ်အရွယ်၊ EP ကိုင်ဆောင်ထားသူ စီးပွားရေးလုပ်ငန်းရှင် Mr xxxx မှာ ၂၀၀၈ ခုနှစ်မှစတင်၍လွန်ခဲ့သောလအထိ၎င်း၏လျှောက်ထား ချက်ကို သုံးကြိမ်တိုင်ပယ်ချခံခဲ့ရကြောင်းသိရသည်။ စားသောက်ဆိုင်များ၊ အစားအသောက်စီစဉ်ပေးသော Company နှင့် ကုန်သွယ်ရေး company များပိုင်ရှင်က ၄င်းအနေဖြင့် Local အလုပ်သမား ၄၄ ယောက်ဌားရမ်းထားပြီး ၂၀၀၆ ခုနှစ်မှစတင်ခဲ့သောသူ၏ စီးပွားရေးလုပ်
ငန်းများအတွက် ဒေါ်လာ ၁ သန်းအထိရင်းနှီးမြုပ်နှံထားကြောင်း၊ စင်္ကာပူကိုကြိုက်နှစ်သက်ပြီး၊ ဒီလိုနာရီမျိုးဒီမှာ အပူအပင်မရှိဝတ်လို့ရ
ကြောင်း၊ သူ၏နိုင်ငံတွင်ဝတ်ပါကလက်ကိုဖြတ်ပြီးအလုခံရမည်ဖြစ်ကြောင်း သူ၏ရွှေ Rolex နာရီကိုမြှောက်ပြရင်းအင်တာဗျူးကိုဖြေကြား
ခဲ့သည်။ သူကဆက်ပြီး အခုပုံစံအတိုင်းဆိုပါကသူ၏စီးပွားရေးလုပ်ငန်းများကိုတခြားနိုင်ငံတစ်ခုကိုပြောင်းရွှေ့ရင်းနှီးမြုပ်နှံဖို့စဉ်းစားနေရ
ပြီဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

အခြားနိုင်ငံခြားသားတစ်ယောက်ဖြစ်သော အမည်မဖော်လိုသူ ဂျာမဏီနိုင်ငံသား Marketing Director တစ်ဦးကတော့ သူရဲ့ ပီအာ လျှောက်ထားချက်ကို ၉ လကြာစောင့်ဆိုင်းပြီးနောက်ပယ်ချကြောင်းအကြောင်းကြားစာရရှိခဲ့တဲ့အချိန်မှာသူအလွန်အံ့အားသင့်မိကြောင်း၊ မာစတာဒီဂရီ ရရှိထားသည့် ၄င်းမှာစင်္ကာပူတွင်အလုပ်လုပ်သက် ၄ နှစ်ကျော်ကြာပြီဖြစ်ပြီး PEP (Personalised Employment Pass) ကိုင်ဆောင်ထားသူဖြစ်သည်။ စင်္ကာပူအမျိုးသမီးတစ်ဦးကိုယခုလစောစောပိုင်းကလက်ထပ်ခဲ့သောသူက “ ကျနော်ဒီမှာ အခြေတကျဖြစ်
ချင်တယ်၊ local တွေရဲ့အလုပ်ကိုလုယူဖို့လဲမဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုပယ်ချတာမျိုး ဒုတိယအကြိမ်ဖြစ်ခဲ့ရင်တော့ အလွန်ဆိုးသွား ပြီး ကျနော်တခြားတစ်နေရာသွားချင်သွားတော့မယ် ” လို့ဖြေကြားသွားပါတယ်။

တရုတ်နိုင်ငံသူ အသက် ၂၃ နှစ်အရွယ်၊ Advanced Diploma ရရှိထားသူ Ms. xxxx သည် ၂၀၀၃ ခုနှစ်တည်းက စင်္ကာပူနိုင်ငံကို ကျောင်းသူအနေဖြင့်ရောက်ရှိပညာသင်ကြားခဲ့သူဖြစ်ပြီး၊ ယခု Human Resources Consultant အနေဖြင့်အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူမ၏ ပီအာလျှောက်ထားချက်ကို လွန်ခဲ့တဲ့ အောက်တိုဘာလက ပယ်ချခဲ့ပြီး သူမအနေဖြင့်ဆက်ပြီးကြိုးစားသွားမယ် လို့ဆိုပါသည်။ သူမက “ ကျွန်မ ဒီမှာနေတာကြာနေပြီ၊ သူငယ်ချင်းတွေအအများစုကလဲ စင်္ကာပူမှာဖြစ်ပြီး local သူငယ်ချင်းတွေလဲ အများကြီးရှိပါတယ်။ အစိုးရအနေနဲ့ ကျွန်မတို့လိုလူမျိုးတွေကိုတော့ လျှော့ပေါ့စဉ်းစားပေးသင့်တယ်လို့ထင်တယ်၊ ဒါပေမယ့် အခုအချိန် ကလဲ အချိန်အခါကောင်းမဟုတ်လို့လဲနေမှာပါ ” လို့ဖြေကြားသွားတာတွေ့ရပါသည်။

စင်္ကာပူအစိုးရအနေဖြင့် ပီအားလျှောက်ထားသူများ မှီငြမ်းနိုင်ရန် ပီအာလျှောက်ထားမှုစံနှုန်းများကို အတိအကျဖော်ပြထားခြင်းမရှိပဲ ICA Website မှာ Spass Holder, EP Holder များနဲ့ စင်္ကာပူနိုင်ငံသားများရဲ့ သက်ကြီးရွယ်အိုမိဘများကိုလျှောက်ထားနိုင်ကြောင်းလောက်
သာဖော်ပြထားတာတွေ့ရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သတ်သည့် ပါလီမန်အမတ်တချို့နှင့်နိုင်ငံတကာရွှေ့ပြောင်းရေးနေထိုင်ရေးဆိုင်ရာအတိုင်ပင်ခံများက ၄င်းတို့
အနေဖြင့်လွန်ခဲ့သောနှစ်အတွင်း ပညာတက်လူငယ်လူရွယ်အမြောက်အများ ပီအာလျှောက်ထားမှုများတွင်၊အခက်အခဲနှင့်ရင်ဆိုင်လာ ကြရတာကိုတွေ့ရှိရကြောင်းပြောကြားကြသည်။ တရုတ်နိုင်ငံ Sichuan ဒေသမှတရုတ်နိုင်ငံသားများတွက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ များအဓိကဝန်ဆောင်မှုပေးသည့် Tian Fu Club and Association မှာ President ဖြစ်သူ Mr. Tony Du က ၁၀ ဦးထက်ပိုသော သူတို့ ကလပ် အသင်းဝင်များ၏ ပီအာလျှောက်ထားမှုများပယ်ချခံရကြောင်းနှင့် အများစုမှာတရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့မှဘွဲ့ရရှိထားသူ အသက် ၃၀ အောက်၊ EP ကိုင်ဆောင်ထားသူများဖြစ်ကြောင်းပြောကြားသည်။

လွှတ်တော်အမတ်များဖြစ်သော Mr. Charles Chong ( Pasir Ris-Punggol GRC) နှင့် Mdm Halimah Yacob (Jurong GRC) တို့ကလဲ
ပီအာလျှောက်ထားမှုများတွင်ပညာတက်လူငယ်အများအပြားပယ်ချခံရသည့်အချက်အပေါ် တူညီသောအမြင်ရှိကြသည်။ Mr Chong ကသူ့ထံတွင် ယခင်ကပီအာလျှောက်ထားမှုအောင်မြင်ရန် အကူအညီတောင်းခံသူအများစုမှာ အရည်အချင်းနိုမ့်သောသူများ ကိုတွေ့ရ ကြောင်းပြောသည်။ Mdm Halimah ကတော့ယခုနောက်ပိုင်းတွင် ပီအာလျှောက်ထားမှုအခက်အခဲများ နှင့်ပတ်သတ်၍သူ့ထံလာရောက် အကူအညီတောင်းခံသူ အများစုမှာပိုပြီး အရည်အချင်းပြည့်ဝပြီး ပညာတက်အမြောက်အများပါဝင်ကြောင်း၊ သူတွက်ချက်မိသလောက် အနေဖြင့် ယခုလို ပညာတက်ဘွဲ့ရများ ကို ပယ်ချလာခြင်းကြောင့် ပီအာချပေးမှုစံချိန်စံနှုန်းများအတွင်း ပိုမို၍အလွန်တင်းကြပ်သော စည်းကမ်းများပါဝင်လာခြင်းသော်လည်းကောင်း ရရှိထားသောဒီဂရီဘွဲ့များကိုအသိအမှတ်မပြုခြင်းကြောင့် သော်လည်းကောင်း ဖြစ်နိုင်ခြေရှိသည်ဟုပြောကြားသည်။

အချို့နိုင်ငံခြားသားများအနေဖြင့် စင်္ကာပူပီအာကို လျှောက်ထားရယူနေခြင်းထက် တခြားနိုင်ငံများသို့ပြောင်းရွှေ့နေထိုင်ရန်ပိုမိုစိတ်ကူး
လာလျှတ်ရှိသည်။ Aims Immigration အတိုင်ပင်ခံ Company အနေဖြင့် ၂၀၀၉ ခုနှစ်ဖြင့်နှိုင်းယှဉ်ကြည့်ပါက ၄င်းတို့ထံတွင်အခြားနိုင်ငံ
များသို့ပြောင်းရွှေ့နေထိုင်ရန်အတွက် စုံစမ်းမေးမြန်းသူ ၂၀% ကျော်တိုးတက်လာကြောင်း၊ စုံစမ်းသူများတွင် ယခုလက်ရှိပီအာရရှိထားသူ
များပင်ပါဝင်ပြီး သူတို့၏ပီအာသက်တမ်းတိုးမှုများမအောင်မြင်ဖြစ်မည်ကိုစိုးရိမ်ကြောင့်ကြမှုများကြောင့်ဖြစ်ကြောင်းသိရသည်။

အချို့ကတော့ ပီအာလျှောက်ထားမှုများကိုခဏဆိုင်းငံထားပြီး လာမည့်နှစ် ၂၀၁၂ ခုနှစ်အတွင်းကျင်းပမည်ဖြစ်သော စင်္ကာပူနိုင်ငံအထွေ
ထွေရွေးကောက်ပွဲပြီးမှသာလျှင်လျှောက်ထားကြမည်ဖြစ်ကြောင်းနှင့် ပိုပြီးအခွင့်အရေးပိုရလိမ့်မည်ဟုခန့်မှန်းကြသည်။ ကနေဒါနိုင်ငံသူ
Ms xxxx နှင့်သူ့အမျိုးသားအနေဖြင့်ပီအာလျှောက်ထားမှုကို ဆိုင်းငံထားမည်ဟုစဉ်းစားထားကြောင်း၊ အထွေထွေရွေးကောက်ပွဲအပြီးမှာ
စင်္ကာပူအစိုးရအနေဖြင့်တံခါးပိုမိုဖွင့်လာမည်ဟုယူဆ၍ဖြစ်ကြောင်းပြောသည်။ ရွေးကောက်ပွဲအပြီးမှပီအာပြန်လည်လျှောက်ထားမှုများနဲ့
ပတ်သတ်တဲ့အခြားအကြောင်းပြချက်တစ်ခုကတော့ အစိုးရအနေဖြင့်ရွေးကောက်ပွဲပြီးဆုံးပါက နိုင်ငံခြားသားများနှင့်ပတ်သတ်သော ပေါ်လစီများအပေါ်ကြိုက်နှစ်သက်ခြင်းမရှိသောပြည်သူများ၏ ဖိအားတချို့လျော့ကျသွားဖွယ်ရှိခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။
သို့သော်ပါလီမန်အမတ် Mdm Halimah ကတော့ ပီအာလျှောက်ထားမှုများနဲ့ အထွေထွေရွေးကောက်ပွဲဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အချက်ကို မဖြစ်နိုင်ကြောင်းငြင်းဆိုလိုက်သည်။ သူကဆက်ပြီး “ ကျွန်မအနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်မီနဲ့ရွေးကောက်ပွဲပြီးမှ
ဆိုတာတွေကြောင့် ဘယ်လိုမှပြောင်းလဲလာလိမ့်မယ်လို့မထင်ပါဘူး။ အစိုးရရဲ့ ပေါ်လစီတွေကိုဒီအချက်ကြောင့်ဘယ်လိုမှအလွယ်တကူ
ပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။ အကြောင်းအရင်းတစ်ခုအနေနဲ့ပတ်သတ်မှုကတော့ နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့တန်ဖိုးတွေကို
စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းကိုအကျိုးရှိစွာအသုံးချနိုင်ဖို့ပါပဲ။

အထက်ပါ Special Report နဲ့ဆက်စပ်ပြီး စာမျက်နာတစ်ခုထဲမှာဖော်ပြခဲ့တဲ့ တခြားသတင်းတစ်ခုကိုအောက်မှာဆက်ပြီးဖော်ပြပေးထား
ပါတယ်။

Rejected applicants may try again

စင်္ကာပူအစိုးရအနေဖြင့် ယခင်ကပီအာလျှောက်ထားမှုရှိပြီး၊ ပယ်ချခံထားရသူများကိုပြန်လည်လျှောက်ထားဖို့၊ အထူးသဖြင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုနိုင်သူများနှင့် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသူများ နောက်တကြိမ်လျှောက်ထား ကြရန် ကြိုဆိုလိုက်ကြောင်းသိရှိရသည်။

အချို့နိုင်ငံခြားသားများအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုရန်နှင့် လူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်နိုင်ရန် အလားလာကောင်းရှိသူအများအပြား ပိုမိုတင်းကြပ်တဲ့စံနှုန်းများကြောင့်၎င်းတို့၏ ပီအာလျှောက်ထားမှုများ ပယ်ချခံရမှုများရှိခဲ့သည်ကို တွေ့ရှိရကြောင်း အသစ်ဖွဲ့စည်းတည်ထောင်ထားသော National Population and Talent Division မှပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားလိုက်သည်။ တချို့သူများအနေဖြင့်ယခင်လျှောက်ထားချိန်တွင် စံနှုန်းမကိုက်ညီပဲ နောင်တွင်စံနှုန်းပြည့်ဝသူများဖြစ်လာနိုင်
သည့်အတွက်နောက်တကြိမ်ထပ်မံကြိုးစားသင့်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူကအကြံပေးလိုက်သည်။ သူကဆက်ပြီး -

“အခုလို နိုင်ငံခြားသားများဝင်ရောက်မှုနှုန်းထားများတွက်ချက်နေစဉ်ကာလာမှာပဲ၊ စင်္ကာပူရဲ့စီးပွားရေးနဲ့လူမှုရေးများကိုအထောက်အကူ ပြုစေသူတွေ၊ ရှိနေနှင့်ပြီးသားနိုင်ငံသားများနဲ့ပေါင်းစပ်နိုင်သူတွေ၊ သေခြာအခိုင်အမာအခြေချနေထိုင်နိုင်သူတွေအတွက် တံခါးဖွင့်ကြိုဆို
လျှတ်ရှိပါတယ်”

သူတို့၏ ဌာနကြီးနေဖြင့် လျှောက်ထားသူတိုင်းကို အတိအကျစဉ်းစားသုံးသပ်ပေးပြီး၊ အောင်မြင်မှုရှိသောလျှောက်ထားသူအများအပြား
မှာသူတို့၏ကျွမ်းကျင်မှုဆိုင်ရာအတက်ပညာရှင်များ၊ နည်းပညာဆိုင်ရာအထူးကျွမ်းကျင်သူများပါဝင်ပါသည်။ အခြားစဉ်းစားသောအချက်
အလက်များအနေဖြင့် လျှောက်ထားသူ၏ အသက်၊ စီးပွားရေးနှင့်လူမှုရေးအထောက်အကူပြုမှု၊ အတည်တကျအမှန်တကယ်နေထိုင်နိုင်
မှုစတဲ့အချက်တွေပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားပါသည်။ ထို့အပြင်လျှောက်ထားသူ၏ မိသားစုဝင်များ အနေဖြင့်
အခြေချနေထိုင်လိုပါကလည်းထည့်သွင်းစဉ်းစားကြောင်းနှင့် အခြားစဉ်းစားပေးသည့်လျှောက်ထားသူများကတော့ စင်္ကာပူနိုင်ငံသားများရဲ့
အိမ်ထောင်ဖက်များဖြစ်ကြောင်းအဆိုပါပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားခဲ့သည်။


Reference :

The Straits Times, Saturday January 22, 2011 Prime Special Report (Chasing that Elusive PR) By " Mr Teh Joo Lin and Ms Melissa Kok"

Wednesday, January 5, 2011

ဖြတ်သန်းခဲ့သော ၂၀၁၀

ဒီ post ကတော့ စာဖတ်တဲ့သူတွေကိုရည်ရွယ်တာမဟုတ်ပဲနဲ့ ကျနော့်ဘဝမှတ်တမ်းလေးတစ်ခုအနေနဲ့ဖြတ်သန်းခဲ့တဲ့ ၂၀၁၀ ခုနှစ်
အကြောင်းလေးရေးထားတာပါ။ ခြုံပြီးပြောရမယ်ဆိုရင်တော့ ဒီ ၂၀၁၀ ခုနှစ်ဟာ ကျနော့်အတွက်တိုးတက်မှုကိုပြတဲ့ နှစ်တစ်ခုလို့ ပြောရမှာပါပဲ။ ကျနော်မျှော်လင့်ရည်မှန်းထားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနိုင်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်အကုန် ၂၀၁၀ နှစ်သစ်ကူးကိုတော့ စင်္ကာပူကိုတစ်နှစ်တခါမှမလာရရင်မနေနိုင်တဲ့ကျနော့် ပါပါး ဒီကိုရောက်နေတာနဲ့
တိုက်ဆိုင်လို့ သူကကမီးပန်းကြည့်ချင်ပါတယ် ဆိုတာနဲ့ City Hall ကကွင်းရှေ့မှာ ၂ နာရီလောက်ထိုင်စောင့်ပြီးနောက် ၂၀၁၀ ကိုပါပါး၊ ကျနော်ညီမလေး နဲ့ အခန်းဖော်သူငယ်ချင်း Brandon တို့နဲ့ကြိုဆိုပြီး ၂၀၁၀ ကိုချင်းနင်းဝင်ရောက်လာခဲ့ပါတယ်။

ဇန်နဝါရီလ - ဖေဖဝါရီလ ၂၀၁၀

၂၀၀၉ ခုနှစ်အကုန်ခါနီးမှာ လက်ရှိအလုပ်လုပ်နေတဲ့ Sankyu Singapore ကိုအလုပ်ဝင်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ခုနှစ်ဆန်းပိုင်းမှာ
ထုံးစံအတိုင်း Confirm Letter ရပါတယ်။ လိုချင်တဲ့ လစာ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ပုံစံနဲ့ထပ်တူကျတယ်လို့ပြောရမှာပါ။ အလုပ်နေရာ
တွေမှာ အနည်းနဲ့အများရှိကြတဲ့ အတိုင်းပဲ၊ အာဏာလွန်ဆွဲမှုတွေ၊ သွေးတိုးစမ်းတာတွေ ကတော့ရှိတယ်လို့ပြောရမှာပါ။ အရာရာတိကျ
ဝင်ဝင်ပါတက်တဲ့ ကျနော့်အကျင့်ကို တက်နိုင်သလောက်လေးဖျောက်ပြီး မျက်စိပိတ်နားပိတ်နေရာတာတွေလဲရှိတာပေါ့ဗျာ။ အသစ်ဖွဲ့စည်း
လိုက်တဲ့ section အသစ်မှာဝန်ထမ်းအသစ်တွေနဲ့ စတင်အလုပ်လုပ်ပေမယ့် ကျွမ်းကျင်အလုပ်သမားတွေ၊ ကြီးကြပ်ရေးမှူးတွေကတော့
အရင်စက်ရုံအဟောင်းကနေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေတဲ့ အတွက် အရင်အကျင့်ဟောင်းတွေအတိုင်း ရုံးနောက်ကျတာတွေ၊
punch card ကိုတမင်အမေ့ခံပြီး punch မလုပ်တာတွေစတဲ့ စည်းကမ်းပိုင်းတွေကိုမလိုက်နာပဲ၊ အထက်စီမံခန့်ခွဲမှုကလဲ လစ်လျှူရှုထား
တယ်လို့ပြောရမှာပါပဲ။ ပြုပြုင်ပြောင်းလဲရေးတွေမှာ ကျနော်အောင်မြင်တာဆိုလို့ ကားမောင်းတဲ့ driver တွေကိုကြုံရာလူမမောင်းခိုင်းပဲ
နဲ့ ပုံမှန် Duty Roaster တွေဆွဲပြီးမောင်းခိုင်းခဲ့တာပါပဲ။ ဒီလိုအသေးအဖွဲလေးကို အောင်မြင်တယ်လို့ပြောရမလားဆိုရင် ကျနော့်အတွက်
တော့ မှန်တယ်လို့ပြောရမှာပါပဲ။ စီမံခန့်ခွဲမှုဝန်ထမ်းတစ်ယောက် အနေနဲ့တခါတယံမှာ အထက်ကပံ့ပိုးမှုတွေမရှိရင် အမိန့်အာဏာာ
တွေသုံးဖို့အခွင့်မရခဲ့ရင် ကိုယ်လုပ်တဲ့ task အောင်မြင်ဖို့ရာအများကြီးကြိုးစားရပါတယ်။ အရင် ၃ နှစ်ဆက်တိုက်ဖြစ်ချင်တာဖြစ်နေတဲ့
ဗရမ်းဗတာအစီအစဉ်တွေကို ပြင်ဆင်ရတာတကယ်ဆိုရင် စိတ်ပျက်ဖွယ်ပါပဲ။ ဒါပေမယ့် အရင်ထက်နည်းနည်းလေး ပိုထူးနေတဲ့ စိတ်ကြောင့် ဒါငါ့ကို စိန်ခေါ်နေတဲ့အခက်အခဲတွေပဲ ငါရအောင်လုပ်မယ်ဆိုပြီး လုပ်တဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့အောင်မြင်လာခဲ့တယ်
လို့ပြောရမှာပါ။ တရုတ်နှစ်သစ်ကူးကာလမှာတော့ မြန်မာပြည်ကိုပြန်တဲ့ ခရီးတွေထဲမှာ အလောတကြီးအဖြစ်ဆုံးအဖြစ်နဲ့ ၆ ညအိပ်ခရီး
အဖြစ်ပြန်ခဲ့ပြီး ပုဂံကို ၁၀ နှစ်အကြာမှာဒုတိယအကြိမ်မြောက် လည်ပတ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ ဘဝမှာ ပထမဆုံးအကြိမ် ပြည်တွင်း
လေကြောင်းခရီးကိုပျံသန်းဖူးခြင်းအဖြစ်လဲ မှတ်တမ်းတင်ရမှာပါ။

မတ် - ဧပြီ - မေ ၂၀၁၀

မတ်လနဲ့ ဧပြီလဲထဲမှာ ထူးထူးခြားခြားတွေမရှိပဲ ပုံမှန်ရုံသွားရုံးပြန်၊ တခါတယံရေသွားကူး၊ ရှပ်ရှင်ကြည့်စတာတွေနဲ့ပဲကုန်လွန်ဖြတ်သန်း
ခဲ့တာပါ။ မေလကုန်မှာတော့ Vasek Day Long Weekend ကြောင့်ဟိုး ၃ လလောက်က ကြိုစီစဉ်ထားတဲ့ ထိုင်းနိုင်ငံ၊ ဖူးခတ်ကိုသွားလည်
ဖြစ်ပါတယ်။ ထုံးစံအတိုင်း Budget Airline ကိုပဲအမြဲအားပေးတက်တဲ့ ကျနော်နဲ့ အခန်းဖော်သူငယ်ချင်း Brandon တို့ ၂ ယောက်သား
Tiger Airways နဲ့ဖူးခတ်ကိုညကြီးမိုးချုပ်ရောက်ရှိခဲ့ကြပါတယ်။ ကျနော့်အကျင့်အတိုင်း အရာရာကြိုတင်စီစဉ်ထားတဲ့ ကားကိုလေဆိပ်
အပြင်အရောက်လိုက်ရှာတော့ ကိုယ့်နာမည်ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုမှမတွေ့ပါဘူး။ ထိုင်းနိုင်ငံဆိုတော့ communication ကခက်ခက်
နဲ့ပြသနာတော့ စတွေ့တာပါပဲ။ ကြိုစီစဉ်ပေမယ့်လဲ စီစဉ်သလိုဖြစ်မလာလို့ ဒေါသလဲထွက်မိပါတယ်။ နောက်တော့ ကားသမား တစ်ယောက်က သူလဲအလုပ်ဖြစ်အောင်ထင်ပါရဲ့ ဖုံးဆက်ပေးမယ်ဆိုတော့ ဆက်ပြီးသူ့တို့ချင်း ယ ပလက်လိုပြောဆိုပြီး သူ့နောက်လိုက်
ခဲ့ဆိုပြီး သူ့ကားနဲ့ခေါ်သွားပါတော့တယ်။ တကယ်ဆိုတွေးကြည့်ရင်ကြောက်စရာကြီးပါ။ ကိုယ်မသိတဲ့စကားတွေနဲ့ပြော၊ ကိုယ်မသိတဲ့
မြို့ရွာမှာ၊ ကိုယ်မသိတဲ့လူနောက်ကို ဘုမသိဘမသိနဲ့လိုက်သွားရတာတကယ်တော့ စွန့်စားလွန်းရာကျပါတယ်။ အဲ့ဒီမှာ အတွေ့အကြုံ
သင်ခန်းစာလေးတစ်ခုရလိုက်ပြီး မှတ်ထားလိုက်တာကတော့ နောက်တခါခရီးသွားလို့ ကိုယ်မသိတဲ့နေရာကိုသွားမယ်ဆိုရင် နေ့ခင်း၊ မနက်စတဲ့ လင်းလင်းရှင်းရှင်း လေကြောင်းတွေကိုရွေးပါဆိုတာပါပဲ။ အခုတော့ ညမှောင်မှောင်မှာသူခေါ်ရာကို လိုက်သွားပြီးတော့ နောက်
ဆုံးကိုယ်တည်းခိုမယ်ဆိုတဲ့ ဟိုတယ်လ်ရောက်မှ သက်ပြင်းချနိုင်တော့ပါတယ်။

ဇွန် - ဇူလိုင် - သြဂုတ် ၂၀၁၀

June July လတွေမှာတော့ August လမှာကျင်းပမယ့် YOG အတွက်ကြိုတင် ပြင်ဆင်တဲ့သင်တန်းတွေ၊ Seminar တွေတက်ရင်း အချိန်
ကုန်လာခဲ့တာပါပဲ။ နောက်ဆုံးမှာတော့ သူတို့ပေးလိုက်တဲ့ သင်တန်းတွေဟာဘာတစ်ခုမှ လက်တွေ့မှာအသုံးမဝင်လာခဲ့ပါဘူး။ ကိုယ့်
အသက်အရွယ် အတွေ့အကြုံတွေကြောင့်လဲ ပေးတဲ့ training တချို့ဟာမလိုအပ်တာတွေလဲဖြစ်မှာပါ။ ဒါပေမယ့် ဒီသင်တန်းတွေကနေ
ရခဲ့တဲ့ ကျနော့်အတွေ့အကြုံနဲ့ ကျနော့်အတွက်ကောင်းကျိုးကတော့ ကျနော့် presentation skill တိုးတက်လာတယ်၊ အရင်ကဆို သိပ်
မကောင်းတဲ့ လူမှုဆက်ဆံရေးပိုကောင်းလာတယ်။ လူမှုဆက်ဆံရေးမကောင်းဘူး ဆိုတာက ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကိုစကား ပြော မိတ်ဖွဲ့တာကိုဆိုလိုချင်တာပါ။ နောက်တစ်ခုကတော့ ရှိနေနှင့်ပြီးသား leadership skill ကိုပိုပြီး upgrade ဖြစ်လာစေပါတယ်။
ဘာမှမပြည့်စုံတဲ့ YOG ground မှာအလုပ်လုပ်ရတာတွေကြောင့်လဲ ဖြတ်ထိုးဥာဏ်နဲ့ မရှိရင်ရှိတာနဲ့ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်
လဲရှိလာစေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်တစ်သက်တာမှာ ဒီလောက်ကြီးကျယ်တဲ့ အားကစားပြိုင်ပွဲမျိုးမှာ ပါဝင်ပတ်သတ်ခွင့်ရခဲ့
လို့ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ်။ နောင်တစ်ချိန်ဒီလိုပွဲမျိုး ပါဝင်ပတ်သတ်ခွင့်ရမရ ဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။ ဇွန်လထဲမှာ အဲ့တုံး
ကဌားနေတဲ့ lakeside ကအိမ်ရှင်က သူ့သားတွေအတွက်အခန်းပြန်ယူတော့မယ်ဆိုတော့ ဇူလိုင်လဆန်းမှာ အခန်းရနိုင်အောင်လဲရှာရပါ
သေးတယ်။ အပြည့်အစုံကိုတော့ ကျနော့်ရဲ့ ရေကြည်ရာမျက်နုရာ post ကိုဖတ်ချင်သူများပြန်ရှာဖတ်နိုင်ပါတယ်။ ဇူလိုင်လဆန်းမှာတော့
အသစ်ရတဲ့ Bukit Gombak ကိုပြောင်းရွှေ့ကြပါတယ်။ တိုတိုပြောရရင်တော့ အဲ့ဒီအိမ်ကအဆင်မပြေဘူးလို့ပြောရမှာပါပဲ။ အပြည့်အစုံကို
နောင်ရေးမယ့် ရေကြည်ရာမျက်နုရာ ၂ မှာဖတ်နိုင်ပါတယ်။

စက်တင်ဘာလ မှ ဒီဇင်ဘာ ၂၀၁၀

ဒီကာလထဲမှာတော့ ထွေထွေထူးထူး activity ဆိုလို့ October လထဲမှာ People Association Water Venture က organize လုပ်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ဝါသနာအတိုင်း Volunteer သွားလုပ်ပါတယ်။ ၁ ရက်မနက်ပိုင်းလေးတင်ပါပဲ။ ကျနော့် စာရေးဖော်ရေးဖက်၊ Online ကသူငယ်ချင်း ဥာဏ်လင်းထွန်းရယ်၊ အခန်းဖော် သူငယ်ချင်း Brandon ရယ် ၂ ယောက်သားပါ။ အတွေ့အကြုံအသစ်နဲ့ အလွန်
တရာအလောတကြီး နိုင်ရတဲ့ activity တစ်ခုလို့ပြောရမှာပါ။ ကျနော်တို့က ရေသောက် အချိုရည်သောက်ဖို့စီစဉ်ထားတဲ့ water station
တစ်ခုကိုတာဝန်ယူကြရတာပါ။ ဖြည့်လိုက်ရတဲ့ရေ၊ အချိုရည်ဆိုတာ လက်အံတွေသေ၊ ချွေးတွေပေါက်ပေါက်ကျတဲ့အထိပင်ပန်းပါတယ်။
ဒါပေမယ့် တကယ်လဲပျော်စရာကောင်းတယ်လို့ပြောရမှာပါပဲ။ November လထဲမှာတော့ ကျနော့်ရုံးကလစဉ်ရှိတဲ့ activity တစ်ခုထဲက
November လထဲက activity ဖြစ်တဲ့ ပြိုင်ကားအသေးလေးပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဲ့ဒီ Gold Kart လို့ခေါ်တဲ့
ပြိုင်ကားသေးသေးကိုမောင်းဖူးခြင်းပါပဲ။ ကျနော့်အသင်းမှာ လူ ၆ ယောက်ရှိပါတယ်။ သူတို့ဘယ်လိုခွဲထားလဲတော့မသိဘူး။ ရုံးချုပ်က
၂ ယောက်၊ တခြား Department ကတစ်ယောက်နဲ့ ကျနော့် Section က ၃ ယောက်ပါ။ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၄ ယောက်
ပေါ့။ ပထမပိုင်း မိနစ် ၆၀ ကိုအစမ်းမောင်းဖို့ လူ ၆ ယောက်အချိန်ခွဲမောင်းကြရပါတယ်။ ကျနော်က မိနစ် ၆၀ ရဲ့ နောက်ဆုံးအပိုင်း ကို မောင်းရတာပါ။ အစပိုင်းတော့ပြသနာမရှိပေမယ့် နောက်ပိုင်းမှာတော့ ပွဲမစခင်ရွာထားတဲ့မိုးကြောင့် လမ်းပေါ်မှာရေတင်နေတာနဲ့ ကားဘီးတွေက စင်တဲ့ရေကဆီနဲ့ရောပြီး မျက်နာနဲ့တကိုယ်လုံးကိုညစ်ပတ်သွားစေတာပါပဲ။ ဒီကြားထဲကျနော်ကမျက်မှန် တက်တော့
မျက်မှန်မှာ ရေကစင်နေတော့ မသဲကွဲတော့ဘူး။ ဒါမယ့် ကျနော်ကားကို မျက်ခင်းတွေပေါ်မကျအောင်တော့ မောင်းနိုင်ခဲ့ပါတယ်။ နောက်
တမျိုးကတော့ စတီရာယိုင် ကိုတင်းတင်းကြပ်ကြပ် ကိုင်ရတဲ့အတွက် လက်ဖျံရိုးတွေတောင့်တင်းလာတာပါ။

မိနစ် ၆၀ ပြည့်ပြီးလို့ ခဏနားပြီး၊ ပြိုင်ပွဲကတော့ မိနစ် ၉၀ မောင်းကြရမှာပါ။ မိနစ် ၉၀ အတွင်း ကွင်းကိုအပတ်အရေအတွက် အများဆုံး
ပတ်နိုင်တဲ့ လူကအနိုင်ရမှာပါ။ ပြိုင်ပွဲဝင်အသင်း ၈ သင်းနဲ့ ကား ၈ စီးပါ။ ကျနော့်အသင်းမှာ အင်မတန်မှ ကားမောင်းဝါသနာပါပြီး ကား
မောင်းတော်တဲ့ စလုံးကောင်ကိုပထမဆုံးမောင်းခိုင်းပြီး နောက်ပိုင်း အခြေအနေကြည့်မယ်လို့စဉ်းစားထားကြပါတယ်။ မိန်းကလေး ၂ ယောက်ကတော့ ခုနကပြောတဲ့ ဒုက္ခတွေကိုကြုံထားတော့ မမောင်းတော့ဘူးတဲ့။ ကျနော်ကလဲ မန်နေဂျာပဲလုပ်တော့မယ် လိုအပ်မှမောင်း
မယ်လို့လေသံပစ်ထားလိုက်ပါတယ်။ ပထမ driver မောင်းလို့ ၃၀ မိနစ်ကြာတဲ့အခါမှာတော့ ကျနော်တို့အဓိကပြိုင်ဖက် အသင်းကို
ကျနော်ရှာတွေ့ထားပြီးပါပြီ။ ဒီတော့ ဒီကားလူမလဲမချင်း ကျနော်တို့လဲမဖြစ်တာကြောင့် ဒီအတိုင်းထားလိုက်ပြီး တဖက်ကားလူလဲတာနဲ့
ကျနော်လဲ လူလဲပါတယ်။ ပထမမိနစ် ၄၀ ကျော်မှာကျနော့်တို့ကားက အပါတ်ရည်အများဆုံးနဲ့ 1st Position မှာပါ။ ဒုတိယလူကိုလဲပြီး
မောင်းပြီးတဲ့အချန်မှာ ကျနော်တို့ ကားက ဒုတိယကားကို ၂ ပါတ်အကျောနဲ့နိုင်ထားပါတယ်။ ကျနော့်အစီအစဉ်အတိုင်း ကျနော့်အဓိက
driver ကိုပေးနားထားပြီး၊ တတိယ driver ကိုပေးမောင်းခိုင်းလိုက်တော့ ကျနော်တို့က ဒုတိယလိုက်နေတဲ့ကားကို ၁ပါတ်အကျောပဲနိုင်
ပါတော့တယ်။ အချိန်ကြည့်တော့ ၃၅ မိနစ်လောက်ပဲလိုတော့တာနဲ့ ကျနော့်နောက်ဆုံး fighter ကိုထုတ်ပြီး မောင်းခိုင်း၊ ဒုတိယကားကလဲ
မနေဘူး၊ သူတို့ fighter driver ကိုထုတ်ပြီးမောင်းခိုင်းတာ ကျနော်တို့၁ မိနစ်လောက်အစောနဲ့ ပထမရသွားပါတယ်။ ကျနော်တစက်မှ
မမောင်းခဲ့သော်လည်း ဆုရဝေစု ၂၅ကျပ် တော့ရလိုက်တယ်ဗျာ။ တကယ်ကိုပျော်စရာကောင်းတဲ့ပွဲပါ။ အမှတ်တရပါပဲ။

ဒီ ၂၀၁၀ အတွင်းမှာတော့ အပြောင်းလဲဆုံးဖြစ်ရပ်ကတော့ ကျနော်စာတွေအများကြီးရေးခဲ့တာပါပဲ။ ကျနော်ဘယ်တုံးကမှစာတွေဒီလိုရေး
ခဲ့မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မထင်မှတ်ပဲနဲ့လဲ ကျနော့်ရေးတာလေးတွေကို သဘောကျနှစ်သက်တဲ့ ကျနော့် စာဖတ် ပရိတ်သတ် သူငယ်ချင်းတွေရှိလာခဲ့ပါတယ်။ မိတ်ဆွေအပေါင်းအသင်း အသစ်တိုးလာတဲ့နှစ်လို့လဲ ပြောရသလို၊ ကျနော့်ကို မနှစ်သက်သော သူတွေ
များလာတဲ့နှစ်လို့ လဲပြောလို့ရပါတယ်။ အကောင်းနဲ့အဆိုယှဉ်တွဲနေသလိုပဲ ကျနော်ကတော့ ကိုယ်မှန်တယ်လို့ထင်ရင်၊ ပြတ်ပြတ်သား
သားလုပ်တက်ပြီး အရင်ကထက်လဲ စိတ်ပိုတိုလာ၊ ချက်ချင်းလက်တုံပြန်တာတွေ ကြောင့်လဲဖြစ်မှာပါလို့ထင်မြင်မိပါတယ်။ ကိုယ်ပဲ ခက်ခဲ တဲ့ လူတကာနဲ့မတည့်တဲ့သူဖြစ်နေပြီလား၊ ဘာဖြစ်လို့မာန်မာနတွေထားနေတာလဲ စိတ်တွေလျော့သင့်ပြီလို့။ တခါတလေ မှန်တိုင်းလဲ မကောင်းပဲ၊ လူမုန်းများတက်တယ်လို့ ကိုယ့်ကိုကိုယ်လဲဆုံးမမိပါတယ်။

1752 hrs, Jurong Island, Singapore.

Thursday, December 30, 2010

ကျွန်တော် ရွက်လှေနဲ.ပင်လယ်များ အပိုင်း (၃)

ကျနော် blog မှာရေးသမျှဖတ်ပေးကြတဲ့ ကျနော့်သူငယ်ချင်းများ ညီအကို မောင်နှမ များအားလုံးနှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ကျနော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား။ ဒီရက်ပိုင်းအတွင်း အိမ်ပြောင်းရွှေ့တာနဲ့ဘာနဲ့မအားတာကြောင့် post အသစ်လဲ
မတင်နိုင်၊ အဟောင်းလဲ edit မလုပ်နိုင်တာခွင့်လွှတ်ပါခင်ဗျား။

ဒီအပိုင်းမှာတော့ သိပ်ဖတ်လို့ကောင်းမှာမဟုတ်ဘူးဗျ။ ကြာပြီဆိုတော့ မှတ်မိသလောက်နဲ့ လိုရင်းအချက်အလက်တွေကိုပဲရောက်အောင် ရေးရပြီး၊ ဟိုလူကြီးကိစ္စတွေပါတာကလဲ စာဖတ်တဲ့သူကို အနည်းနဲ့အများတော့ စိတ်အနှောက်အယှက်ဖြစ်စေမှာပါ။ ကျနော်ကတော့ ဘယ်လိုသဘောနဲ့မှမဟုတ်ပဲ ကျနော်ပါဝင်လှုပ်ရှားခဲ့ရတဲ့ အခန်းကဏ္ဍတွေမှာအတက်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ်ဆိုတာကိုပဲ မှတ်တမ်း တင်ထားချင်တာပါခင်ဗျား။

ကျနော်တို့ချောင်းသာကမ်းခြေမှာ ပင်လယ်ပြင်လေ့ကျင့်ခန်းတွေ ဆင်းပြီးတဲ့နောက်မှာတော့ ရန်ကုန်ကိုပြန်ပြီးရှေ့မကြာမီမှာ ဝင်ပြိုင်ကြ
ရမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေဆက်လုပ်ကြပါတယ်။ လှေအမျိုးအစား (၅) မျိုးဝင်
ပြိုင်ကြရာမှာ International 420 Class Men မှာ စည်သူမိုးမြင့်နဲ့ဖုန်းကျော်မိုးမြင့်တို့ ညီအကိုတစ်တွဲ၊ International 420 Class Woman မှာ စုမြတ်စိုး(ယခု Dr စုမြတ်စိုး) နဲ့ နန်းခမ်းဆေးတို့အတွဲ၊ Laser II လို့ခေါ်တဲ့ လှေအမျိုးအစားအတွက် အောင်မြင်သူနဲ့
ကောင်းမြတ်ထုဋ်၊ အသက် ၁၅ နှစ်အောက် တစ်ယောက်စီးလှေ Optimist တစ်ဦးချင်းပြိုင်ပွဲ (girl)အတွက် မချစ်စု၊ Boy အတွက် Autur၊
Optimist Team အတွက် အောင်ဖြိုးနဲ့ ဆွေဇင်၊ Laser Individual အတွက် ကိုသီဟ တို့ပါဝင်ယှဉ်ပြိုင်ကြဖို့နောက်ဆုံး စာရင်းပေးပို့
ထားပါတယ်။

International 420 Class, Laster II Class တွေအတွက် Australia က World Champion ဟောင်း ၂ ယောက်ကိုနည်းပြအဖြစ်ဌားရမ်း
ထားလိုက်ပြီး Perth မှာ ၁ လခန့်လေ့ကျင့်၊ ပြင်သစ်နဲ့ အီတလီတို့မှာ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံယူဖို့ပြိုင်ပြိုင်မစခင် ၃ လခန့်ကြို
တင်ထွက်ခွာသွားနှင့်ကြပါတယ်။ ကျနော်ကတော့ ကျနော်တာဝန်ယူရတဲ့ Optimist Class အတွက်ရန်ကုန်မှာကျန်ခဲ့ပြီး၊ ကျနော့်ကလေး
တွေအတွက် ပုံမှန် Physical and On water training တွေကို နည်းပြချုပ်ရဲ့ကွပ်ကဲမှုနဲ့ဆက်လုပ်ရပါတယ်။ ဒါ့အပြင် ပြည်ပထွက်ခွာဖို့
အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေပတ်စ်ပို့တွေကိုလဲ အားလုံးအတွက်တာဝန်ယူဆောင်ရွက်ပေးရပါတယ်။ အကုန်လုံးရဲ့ စာအုပ်တွေ
က အထူးနိုင်ငံကူးလက်မှတ်တွေဆိုတော့ အလွယ်တကူနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ပေမယ့် ကျနော်ကတော့ မြန်မာအသင်းကြီး
တစ်ခုလုံးရဲ့ Official လိုက်ပါသွားမှာမဟုတ်တဲ့အတွက် ပုံမှန်နိုင်ငံကူးလက်မှတ်ပဲလျှောက်ထားတာ သွားဖို့၁ ပါတ်အလိုအထိတောင်မရ
သေးပါဘူး။ ဒါနဲ့အားကစားဝန်ကြီးဌာနကိုအကူအညီတောင်းတော့ စာတစ်စောင်ထုတ်ပေးပါတယ်။ အဲ့ စာကိုင်ပြီးနှောက်နှေးနေတဲ့ ကျနော့်စာအုပ်နောက်လိုက်တာ နောက်ဆုံး ပါတ်စ်ပို့မင်းကြီး အဲ့တုံးကတော့ ဗိုလ်မှူးကြီးသက်ထုဋ်စီရောက်သွားပါတယ်။ အမှန်အကန် လာခဲ့လတ်ပေးရင်လုံးဝလက်မခံဘူးဆိုတဲ့ လူကြီးပါပဲ။ ဖြစ်နိုင်လောက်ပါတယ်၊ မင်းကြီးကကျနော့်စာအုပ်မှာ ချက်ချင်းလက်မှတ်ထိုးပြီး စာအုပ်ကို သူ့ရုံးကနေထုံးစံမရှိပဲထုတ်ပေးပါတယ်။

ဒီလိုနဲ့ကျနော်တို့ အရှေ.တောင်အာရှအားကစားပြိုင်ပွဲဝင်ဖို့ အတွက်နိုင်ငံကိုယ်စားပြုရွက်လှေအသင်းဟာ ပြိုင်ပွဲမတိုင်မီ တစ်လလောက် ကြိုပြီးပြိုင်ပွဲကျင်းပမယ့် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို.နဲ့ကီလိုမီတာ ၆၀ လောက်မှာ ရှိတဲ့ Pork Dickson ဆိုတဲ့မြို့ ကိုသွားနှင့်ကြ ပါ တယ်။ ပင်လယ်အနေနဲ.ပြောရရင် မလ္လကာပင်လယ်ကွေ.ပါ။ ကျနော်က လေယာဉ်လက်မှတ်အခက်အခဲဖြစ်နေတာနဲ့ (၂) ပါတ်လောက် အလိုကြမှတစ်ယောက်ထဲလိုက်သွားရတယ်ဗျ။

ဒီတစ်ခါကတော့ဒေသအတွင်း မှာအကြီးမားဆုံးပြိုင်ပွဲဖြစ်တာကြောင့် ပိုပြီးဂရုစိုက်ရပါတယ်။ ကျနော်တို့နဲ.အဓိက ယှဉ်ပြိုင်မယ့် ပြိုင်ဖက် ကတော့စင်္ကာပူပါ။ ငွေကြေးချမ်းသာတဲ့အပြင် အစိုးရကနေဒီပြိုင်ပွဲအတွက်စုစုပေါင်း (၁) သန်းဖို.လောက်အကုန်ခံပြီးပြင်ဆင်ခဲ့တာလို.သိရပါတယ်။ ကျနော်တို.ကတော့ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ကျနော်တို့ အန်ကယ်က အမေရိကန်ဒေါ်လာဂဏန်း (၆)လုံးပမာဏကို
သူ့ ကိုယ်ပိုင်ငွေကြေးတွေနဲ့ပြိုင်ပွဲကိုယှဉ်ပြိုင်ဖို.လှုဒါန်းကူညီခဲ့တာပါ။ ပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့လှေအသစ် တွေကို ဝယ်ယူရာနိုင်ငံ ကနေ ပြိုင်ပွဲလုပ်တဲ့နေရာကိုတိုက်ရိုက်ပို.ဆောင်ခဲ့ပြီး ကျန်တဲ့ လိုအပ်တာတွေကိုတော့ ရန်ကုန်ကနေ ပေ (၂၀) ကွန်တင်နာနဲ.ပို.ဆောင်ထား ပါတယ်။ စလုံးကများဆို ပေ (၄၀) ကွန်တင်နာ (၂) လုံး။ ကိုယ်ပိုင်မော်တော်ဘုတ်တွေနဲ့တပျော်တပါးကြီးလာကြတာတွေတယ်ဗျ။ ကမ်းစပ်မှာတော့ လာပြိုင်ကြတဲ့ တစ်နိုင်ငံစီ အတွက်ရွက်ဖြင်တဲကြီးတစ်လုံးစီ ထိုးပေးထားပြီးသက်ဆိုင်ရာ နိုင်ငံအလံတွေကို တဲရှေ.မှာ စိုက်ထူထားကြပါတယ်။ တဲနောက်မှာတော့ခုနကွန်တင်နာတွေထားတားပြီး၊ လိုအပ်တာတွေအကုန်အဲ့ဒီနေရာကနေပံပိုးဖို.ပါ။ ကံကောင်းချင်တော့ ကျနော်တို.ကွန်တင်နာက Aircon ပါတယ်ဗျ။ သူများနိုင်ငံကလူတွေတောင် လာလာပြီး ကျနော်တို. Base မှာ အပူလာရှောင်ကြရတာ။

ဒီပွဲမှာတော့ကျနော့်အဓိကတာဝန်အနေနဲ. Logistic Support နဲ့ Camera man ပါ။ ပြိုင်ပွဲအတွင်းနဲ့ပြင်ဆင်နေချိန်တွေကိုမှတ်တမ်းယူဖို.ပါပဲ။ ကျနော်ကိုအန်ကယ်က Sony Digital အသေးတစ်လုံး၊ အကြီးတစ်လုံး DVD ပေါ်ကိုတစ်ခါတည်းတင်တဲ့ camera အမျိုးအစားဗျ၊ အဲ့ဒီအချိန်တုံးကတော့ နောက်ဆုံးပေါ်ပါ။ Digital Video Cam တစ်လုံးပေးထားပါတယ်၊ စုစုပေါင်း cameras (၃) လုံးနဲ့ကျနော်ပါ။ ကျနော်တိုမြန်မာအသင်းမှာအားကစားသမား (၁၁)ဦး၊ နိုင်ငံခြားသားနည်းပြ (၃)ဦး၊ နည်းပြချုပ် (၁)ဦးပါပါတယ်။ နည်းပြချုပ် ကတော့ မြန်မာနိုင်ငံသား တစ်ချိန်ကနိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ ရွက်လှေအားကစားသမားကြီးပါ။ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့နိုင်ငံတကာဒိုင်လူကြီး
အဖြစ် အန်ကယ်လ်၊ ဆေးမှူးအတွက် အန်ကယ်လ်ဇနီး ဒေါက်တာပါ။

အရှေတောင်အာရှအားကစားပြိုင်ပွဲများ ရဲ့ရွက်လှေပြိုင်ပွဲဖွင့်ပွဲကိုတော့ ပြိုင်ပွဲကျင်းပတဲ့ကမ်းခြေမှာပဲ ဒေသဆိုင်ရာပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လွှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားက တတယ်တော့တည်းခိုနေထိုင်တဲ့ ဟိုတယ်ကနေ (၁) မိုင် လောက်သာဝေး ပေမယ့် မလေးလူမျိုးများရဲ့ ဟိတ်ကြီးဟန်ကြီးလုပ်တဲ့ထုံးစံနဲ့ သူတို.ဘယ်လောက်အရေးတယူလုပ် လဲဆိုတာပြချင်လို.Bus အကောင်းစားကြီး တွေနဲ့ ရဲအစောင့်အရှောက်ကားတန်း တွေနဲ.ဖွင့်ပွဲကိုသွားရတယ်ဗျ။

နောက်နေ့ပြိုင်ပွဲတွေစတော့ ကျနော်ရဲ့အလုပ်တာဝန်က မနက်အစောကြီးထပြီး နည်းပြတွေအတွက် ဌားထားတဲ့ အင်ဂျင်လှေတွေ ကို ဆီဖြည့်၊ လှေထဲမှာအဆင်သင့်ထည့်ထားတဲ့ ရေခဲဗူးတွေထဲကိုရေခဲနဲ့ သောက်စရာအရည်များ၊ အသီးအနှံတွေကိုဖြည့်တင်းရပါတယ်။ နည်းပြ (၃) ယောက်ကလှေ (၃) စင်း၊ နည်းပြချုပ်ကတစ်စင်းဆိုတော့လှေ (၄) စင်းကိုလှေတွေကပ်ထားတဲ့ ပါကင်ကနေ ဆီဖြည့်ဖို.မောင်းရတာတယ်မလွယ်ဘူးဗျာ။ ရေခဲကလဲအနည်းဆုံး ၁၅ ကီလိုလောက်သယ်ရတာဆိုတော့ နေ.စဉ်အတော်ပင်ပန်းပါတယ်။ ပြိုင်ပွဲတွေစဖို့နေ့ ရောက်တော့ ကျနော်တို.နည်းပြချုပ်က မနက်အစောကြီးပင်လယ်ထဲကိုထွက်မယ်လို့ ပြောထားတယ်ဗျ။ ဘာဖြစ်လို.လဲဆိုတော့ ရန်ကုန်ကအန်တီများမှာကြားစီစဉ်ပေးလိုက်တဲ့ ရှင်ဥဂပုတ်ကိုယ်တော်ကိုရေမျှောပူဇော်ဖို.ပါ။ ဘယ်နည်းဘယ်ပုံ ယတြာခြေ တာလဲတော့ကျနော်တို.မသိပါဘူး။ အရှင်းလင်းဆုံးပြောရရင်အန်ကယ်တောင်မသိပါဘူး။သူသိရင်သူကအယုံအကြည်မရှိတော့ ပေးမလုပ် မှာ စိုးလို.သူ့ပေးမသိတော့ပါဘူး။ နည်းပြချုပ်ထွက်သွားပြီး တစ်နာရီကျော်လောက်ကြာတော့ မျက်စိမျက်နာပျက်နဲ့ ပြန်လာတော့ ကျနော်ကဘာဖြစ်တာတုံးလို.မေးတော့။ မင်းဘယ်သူမှတော့မပြောနဲ့နော်တဲ့ ငါရေသွားမျှောတာရှင်ဥဂပုတ်ဖောင်ကိုရေချရုံရှိသေးတယ်၊ လှိုင်းကကြီးလို့ လှိုင်းပုတ်လိုက်တာတခါတည်းမြုပ်သွားတယ်တဲ့။

အို ဒီကိစ္စကတော့အထူးလျို.ဝှက်ကိစ္စပါပဲ။ ပြိုင်ပွဲနိုင်ရင်တော့တော်သေးတယ်၊ ရှံးရင်တော့ရေမျှောတာပြသနာပေါ်လို.ဆိုပြီး လက်ညိုးထိုး ကြမှာပါ။ ကျနော်လဲလုံးဝမပြောပါဘူး။ ကျနော်ကတော့နည်းပြချုပ်ရဲ့လှေနဲ.ရေထဲလိုက်ပြီး ဓာတ်ပုံလိုက်ရိုက်သလို တခါတလေလဲ သတင်းထောက်တွေအတွက် စီစဉ်ပေးထားတဲ့ ဇိမ်ခံသင်္ဘောအသေးစားနဲ့လိုက်သွားလေ.ရှိပါတယ်။ ရေထဲလေထဲမှာ လှုပ်ရှားနေတဲ့ ရွက်လှေတွေ၊ လှိုင်းတွေကြားကနေနဲ့ ကန်.သတ်နယ်မြေတွေထဲကို ဝင်ရိုက်လို.မရတာတွေကြောင့် တော်တော်ကိုကြိုးစားပမ်းစားရိုက်ခဲ့ ရတဲ့ဓာတ်ပုံတွေပါ။ ညနေအကုန်ပြီးလို.ရှိရင်တီဗွီနဲ့ ချိတ်ပြီးရိုက်ထားတွေပြန်ကြည့်ရတာ အလုပ်တစ်ခုပါ။ ပြိုင်ပွဲကစုစုပေါင်း (၇)ရက် ဆိုပေမယ့် စောစောပိုင်းရက်တွေမှာ ကျင်းပတဲ့အငယ်တန်းအသင်းလိုက် ပြိုင်ပွဲမှာတော့ကျနော်တို.အရေးနိုမ့်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ အန်ကယ်က ရွှေတစ်ခုရဖို.မှန်းထားတဲ့အပြင်၊ နိုင်ခဲ့ရင်ကျနော်တို. မြန်မာပြည်အတွက် ပထမဆုံးရွှေတံဆိပ်ဖြစ်လာမှာပါ။ သို.သော်လည်း မမျှော်လင့်ထားတဲ့လေတိုက်ခတ်မှုနှုန်းနည်းတဲ့အတွက် ကျနော်တို.မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ မနက်ပိုင်း လှေတွေဆီဖြည့်၊ ရိက္ခာဖြည့် လုပ်ငန်းမှာ ပြိုင်ပွဲဆက်ပြိုင်စရာမရှိတဲ့ကလေးနှစ်ယောက်ကိုကူခိုင်းရပါတယ်။

တစ်ရက်ကျနော်တို. ပြိုင်ပွဲဝင်လှေတွေ၊ နည်းပြချုပ်နဲ.အန်ကယ်တို.ရေထဲဆင်းသွားကြပါတယ်။ အန်ကယ်က ကျနော်တို.နိုင်ငံအသင်း ကို ကိုယ်စားမပြုတော့ပဲ နိုင်ငံတကာဒိုင်လူကြီးတာဝန်ထမ်းဆောင်ဖို. ရေထဲသွားတာပါ။ သူတို.အားလုံးမရှိတော့တဲ့အချိန်ကြမှ ပြိုင်ပွဲကျင်းပရေးကော်မတီကနေ ကျနော်တို့တဲကိုလာပြီး မြန်မာအသင်းကြီးတစ်ခုလုံးရဲ့ခေါင်းဆောင် Chef De Mission လို.ခေါ်ပါတယ်၊ သူလာမယ်ဆိုတဲ့အကြောင်း KL ကနေထွက်ခွာလာပြီလို.လာပြောပါတယ်။ သူ.အဆင့်အနေနဲ့ ကတော့မြန်မာအစိုးရရဲ့ ဒုဝန်ကြီး တစ်ဦး ဆိုတော့ မလေး တော်ဝင်ရဲတပ်ဖွဲ.က ကျနော်တို.တဲကိုလာပြီးလုံခြုံရေးယူထားပါတယ်။ တကယ်တော့ သိပ်မလိုအပ်တာတွေပါ။ ကျနော်ကနည်းပြချုပ်စီကို စက်နဲ့အကြောင်းကြား၊ နည်းပြချုပ်ကမှတဆင့် အန်ကယ်ဆီကိုဖုံးနဲ့အကြောင်းကြားတော့၊ မင်းဟာမင်းကြည့် စီစဉ် ဧည့်ခံလိုက်တော့ ဒီမှာပြိုင်ပွဲကအရေးကြီးနေလို.မလာနိုင်ကြောင်း အကြောင်းပြန်ကြားပါတယ်။ ကျနော်မှ တော့ ကုန်းပေါ် မှာ ကျန်ခဲ့တဲ့ကလေးနှစ်ယောက်ကို Uniform လဲခိုင်း နိုင်ငံတော်အလံတစ်ခုနဲ. သူတို.လာမယ့်ဆိုတဲ့နေရာမှာ ကြိုစောင့်နေပါတယ်။ အတော်ကြာတော့ နိုင်ငံတော်အလံလေးနဲ့ကားဆိုက်လာပြီး Chef De Mission ဆင်းလာတော့ ဟာဒါကိုယ့်ကိုကြိုဆိုတဲ့ကြိုဆိုရေးအဖွဲ.လားဆိုမေးတယ်ဗျ။ ကဲကဲကြိုဆိုရေးနဲ့ဓာတ်ပုံရိုက်ပါအုံးဆိုတော့ ရိုက်ပေး လိုက်ရသေးတယ်။ ပြိုင်ပွဲကျင်းပရေးကော်မတီကနေသူတို့ ရဲ့ သောင်ပြင်ပေါ်က ဗဟိုတဲမှာ ဂုဏ်ပြု လက်ဖက်ရည် နဲ့ ဧည့်ခံတယ်ဗျ။ ပြီးတော့ကျနော်ကိုကပ်ပြီး နဲနဲအချိန်ဆွဲထားပေးပါ။ သူ.ကို ပင်လယ်ထဲ ခေါ်သွားမယ့် ဇိမ်ခံသင်္ဘော ကအခုမှလာနေတုံးတဲ့။ ကျနော်မှဘယ်လိုဧည့်ခံထားရမလဲပေါ့။ ဒါနဲ့ကျနော်က အဘ ကျနော်တို.မြန်မာ base ကို လိုက် ကြည့်ပါအုံးဆိုတော့ ကောင်းသားပဲသွားကြတာပေါ့ဆိုပြီး ကျနော်တို. Base ကိုလိုက်ကြည့်ပါတယ်။ ခဏနေတော့ကျနော်တို့အတွက်စီစဉ်ထားတဲ့သင်္ဘောရောက်ပြီ ဆိုတော့ ဆိပ်ခံတံတားကိုသွားကြတယ်ဗျ။

ကျနော်တို. Chef De Mission စီးမှာဖြစ်တဲ့အတွက် နိုင်ငံတော်အလံတက်ခွင့်ရှိတော့ သင်္ဘောဦးမှာအလံစိုက်ပြီး ပင်လယ်ထဲထွက်ပြီး ပြိုင်ပွဲကိုကြည့်ရှုအားပေးကြတယ်။ ထုံစံအတိုင်း ဟိတ်ကြီးဟန်ကြီးနဲ့ မလေးရှားတော်ဝင်ကမ်းခြေစောင့်ရဲသင်္ဘောက မလှမ်းမကမ်းကနေ လိုက်စောက့်ရှောက်ပါသေးတယ်။ သူလာနေတဲ့အချိန်ကြမှ ကျနော်တို.မြန်မာလှေတစ်စင်းရှေ.ဆုံးပန်းဝင်သွားတော့ အားကစားဝန်ကြီး စီဖုံးဆက်ပြီး လှမ်းသတင်းပို.လိုက်သေးတယ်။ အန်ကယ်ကတော့ရေထဲကနေသူ.ဘုတ်နဲ.ခဏလာနှုတ်ဆက်ပြီးပြန်သွားတယ်ဗျ။ ကျနော်တို.အားကစားသမားတွေလဲမြန်မာအလံတင်ထားတဲ့သဘောင်္တစ်စင်းဟဲ့ဆိုပြီးအထူးအဆန်းနဲ.။

နောက် (၂) ရက်လောက်ကြာတော့ အန်ကယ်ကကျနော်တို.ကို Uniform တွေနဲ အစဉ်သင့်လုပ်ထား လူကြီးတစ်ယောက် ထပ်လာစရာ ရှိတယ်လို.ပြောထားတယ်ဗျ။ မနက်အစောကြီးမှာအခန်းထဲကိုဖုံးလာတော့အန်ကယ်က ကလေးတွေခေါ်ပြီးဆင်းလာခဲ့ လူကြီးရောက် နေပြီလိုပြောတော့ ကသောကမြောနဲ.ယူစရာရှိတဲ့ အင်မတန် အရေးကြီးသောကင်မရာတွေယူပြီးဆင်းသွားကြ တယ်ဗျ။ အောက်ရောက်တော့အန်ကယ်နဲ.လူကြီးကမနက်စာစားနေပါပြီ။ အစိုးရရဲ့ထိပ်တန်းတပ်မတော်အရာရှိကြီးတစ်ဦးပါ။နောက်လိုက်နောက်ပါ တွေကများပြီးလူကြီး လက်လှုပ်လဲဓာတ်ပုံရိုက်၊ ခေါင်းကုတ်လဲရိုက်နဲ. ကျနော့်မှာလဲ သူတို.နဲ့အပြိုင်အရေးကြီးတဲ့နေရာတွေမှာ အလုအယက် ရိုက်လိုက်ရတာဗျာ။ အဲ့ဒီလူကြီးကသူကိုယ်တိုင်ဓာတ်ပုံရိုက်တာဝါသနာပါပါတယ်။

(နောင်ကျနော်တို.မြန်မာပြည်ပြန်ရောက်တော့ဂျာနယ်ကြီး တွေရဲ့မျက်နာဖုံးတွေမှာကျနော်ပင်လယ်ထဲသက်စွန်.ဆံဖြားရိုက်ထားတဲ့ ပုံတွေ ကိုသူ.ရိုက်ထားတဲ့ပုံတွေဆိုဖော်ပြသွားတာတွေ.တော့အင်မတန်ရင်နာခဲ့ရပါကြောင်း၊ စကားချပ်)။ ဒီအကြောင်းအရာကိုထဲ့ရေးထားတာကတော့ဒီလူကြီးလာတာအဓိကမဟုတ်ပါဘူး။ ကျနော်ရိုက်ထားခဲ့တဲ့ပုံတွေကိုသူယူအသုံးပြုတဲ့အကြောင်းပြောချင်တာပါ။

ပြိုင်ပွဲနောက်ဆုံးနေ.မှာတော့ခရီးစဉ်တစ်ခုလုံးအမှတ်တရအဖြစ်ဆုံးအဖြစ်အပျက်ဖြစ်ခဲ့တာ။ အဲ့ဒီနေ့ကပြိုင်ပွဲရဲ့ နောက်ဆုံးနေ. ကျနော်တို.လှေနှစ်မျိုး မှာရွှေတံဆိပ်နှစ်ခုရတယ်ဆိုတာသေခြာသလောက်ဖြစ်နေတော့ အဲ့ဒီလှေတွေကမ်းကိုပြန်တဲ့အခါကျနော်တို့ရွက်လှေလောက ထုံးစံအတိုင်းရွှေရတဲ့လှေကကိုယ့်နိုင်ငံရဲ့ နိုင်ငံတော်အလံလွှင့်ပြီးပြန်မှာ ဆိုတော့ကျနော့်အတွက် အရေးကြီးတဲ့ပုံတွေရဖို.အတွက် နည်းပြချုပ်နဲ.တူတူရေထဲဆင်းသွားကြတာ။ လှေနှစ်စင်းစလုံးစိတ်ကြိုက်ရိုက်ပြီး၊ နောက်တစ်စင်းက အလံလွှင့်ဖို.ကိုရွှေလားငွေလား မသေခြာတဲ့ အတွက်မလွှင့်ဖြစ်ဖူးဗျ။ သူတို.မှာရေထဲမှာပြိုင်ပွဲတွင်းပြသနာရှိနေလို.ခုံရုံးမှာရှင်းကြရမှာ၊ ခုံရုံးမှာနိုင်ရင်ရွှေရပြီး ရှံးရင်ဒုတိယ ဖြစ်မှာဆိုတော့ တော်တော်ကိုရင်ခုန်ရတဲ့အချိန်ပါ။ နည်းပြတစ်ကောင်က သူ.ကုန်းပေါ်ကိုအမြန်ပြန်ချင်လို.သူ.အင်ဂျင်ဘုတ် ကိုယူသွား ပေးပါဆိုတော့ ကျနော့်သူ.စီကလက်လွှဲယူလိုက်တယ်။ အင်ဂျင်သိပ်မကောင်းဘူးလို.တော့ပြောသွားတယ်ဗျ။ ကျနော်ကအေးဆေးပါပေါ့။

နည်းပြချုပ်ကလဲ ဟိုခုံရုံးကိစ္စအတွက်အလောတကြီးပြန်သွားပြီ။ အဲ့ဒီနေ.ကဖြစ်ချင်တော့ဝေါ်ကီတော်ကီတစ်လုံးပဲအန်ကယ်ရဲ့ အမျိုးသမီး အန်တီစီမှာပါသွားတယ်။ ကျန်တဲ့စက်တွေအကုန်လုံးဘာကြောင့်မှန်းမသိဘူးမယူသွားကြဘူး။ ကျနော်ရေထဲမှာတစ်ယောက်ထဲ ကျန်ပြီး ပြန်မယ်ဆိုပြီးမောင်းထွက်တော့အင်ဂျင်သံကလုံးဝမမှန်ဘူး။ မီးခိုးကလဲ ထွက်ပြီးရှေ.ကို သွားသင့်သလောက်မသွားဘူးဖြစ်နေတယ်။ ညနေပိုစောင်းလာတော့ လေကပိုတိုက်ပြီးလှိုင်းကလဲကြမ်းလာ၊ ရေစီးကပင်လယ်ထဲကို ပြန်စီးနေတာဆိုတော့ ရေဆန်ကိုတက်ရသလို ဖြစ်နေတယ်။ ဒါနဲ့ကျနော် နည်းအမျိုးမျိုးနဲ့ကြိုးစားသော်လည်း လှေကကမ်းနဲ့ ပိုဝေးဝေးနေရော။ ဒါနဲ.စက်ပေါ်ကနေခေါ်ကြည့်တော့ အန်တီက ပြန်ထူးတယ်။ ကျနော်မော်တော်ဘုတ်ပျက်နေလို.လာကယ်ပါ လို.သတင်းပို.လိုက်နိုင်တယ်။ အန်တီကတော့သူ.တို.ကမ်းကို ခုံရုံးကိစ္စရှိလို.အလောတကြီးပြန်နေကြောင်း အမြန်ဆုံးလာကယ်ခိုင်းမယ်လို.ပြောတယ်။ ဒါနဲ.မိုးက တော်တော်လေးချုပ်လာပြီး လှိုင်းကြောင့် လှေကမှောက်မလိုဖြစ်တာနှစ်ခါလောက်ရှိတယ်။ဖြစ်ချင်တာများလှေပေါ်မှာ life jacket၊ အချက်ပြပစ္စည်းတွေကမပါဘူး။ ရေခဲဘူးနဲ့အချိုရည်တွေပဲပါတယ်။ ကျနော်ကတော့ ကင်မရာတွေကို ရေခဲဗူးထဲထည့်ပြီးကိုယ့်အနားမှာထားလိုက်တယ်။ မတော်တဆ လှေမှောက်သွား ရင်ဒီဖော့ဘူးကြီးဖက်ပြီးနေရမှာဆိုပြီးအစဉ်သင့်ပြင်ထားတာပါ။

အဲ့ဒီတစ်ခါလောက်အသက်နဲ့နီးတာ ခုအချိန်ထိမကြုံဖူးသေးပါဘူး။ ဘယ်လောက်ပဲရေကူးတက်တယ်ပြောပြော ပင်လယ်ထဲ ညမှောင်မှောင်ကြီးထဲကူးရမှာတော့ နည်းနည်းတော့ကျောချမ်းတယ်ဗျ။ ကမ်းခြေနဲ.တော့တော်တော်လေးဝေးလာပြီး ကျနော်ရဲ့ဝေါ်ကီတော်ကီ မှာအသံတချို.ကြားရသော်လည်းအလှမ်းဝေးတော့ပြောမရတော့ဘူး။ လှေအင်ဂျင်ကတော့လုံးဝရပ်သွားပြီး ရေစီးချောင်း အတိုင်းပင်လယ်ထဲကိုမြောနေတာဗျ။

သူတိုစောင့်နေရင် ဘယ်တော့လာမှန်းမသိတော့ ကျနော်ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ မလေးရှားတော်ဝင်ရဲသင်္ဘောတစ်စင်းနဲ. ရေတပ်ကလေသွင်းဘုတ်တစ်စင်း ကမ်းဖက်ကိုမောင်းနေတာတွေ.တယ်ဗျ။ ပင်လယ်တစ်ခုလုံး ဒီနှစ်စင်းပဲကျန်တော့တာဆိုတော့ ကျနော်ကြိုးစားပြီးလက်နဲ.အချက်ပြကြည့်တယ်။ ဝေါ်ကီတော်ကီထုတ်ပြီး ရှိသမျှလိုင်းတွေပြောင်းပြီး May Day ခေါ်တာလဲ ဘယ်သူမှ အကြောင်းမပြန်ဆိုတော့ စိတ်တော်တော်ကိုပူနေပြီ။ ခုနကနှစ်စင်းကလဲ မြင်လောက်တဲ့အရိပ်အယောင်မရှိဘူး။ ခနနေတော့ခုနကရေတပ် လေသွင်းလှေ ပြန်လှည့်လာတာတွေ.ရတယ်ဗျ။ ကျနော်အချက်ပြတာမြင်သွားပုံရတယ်။ သူတို.အနားရောက်လာတော့ ကျနော်လှေပျက် လို. ကူညီပါဆိုတော့သူတို.ကြိုးနဲ့ဆွဲသွားပေးမယ်တဲ့။ အော်မလေးကံကြီးပေလို.ဗျာ။ ကမ်းရောက်ခါနီးလမ်းတစ်ဝက်လောက်မှာရေတပ် ရေပေါ် ရှပ်ပြေးယာဉ်တစ်စင်း ကဘေးချင်းယှဉ်ပြီးလာမေးတယ်၊ မြန်မာလှေလား၊ သူတို.သတင်းရလို.လာကယ်တာတဲ့။ ဒီလိုနဲ.ကုန်းပေါ် ရောက်တော့မိုးချုပ်နေပါပြီ။ ကုန်းပေါ်ကိုခြေချတာနဲ.ဝေါ်ကီတော်ကီပေါ်ကနေ နည်းပြချုပ်အသံပေါ် လာပြီး “ဟိန်းဦးကြားလား၊ အကြောင်းပြန်တို.မင်းကိုလာကယ်ဖို.စီစဉ်နေပြီ” တဲ့ဗျာ။ သူတို.လာကယ်တဲ့အချိန်ထိဆိုရင် ကျနော်ကို မိုးချုပ်ကြီးထဲမှာရှာတွေ.ပါတော့ မလား။ ဘယ်လိုပဲဖြစ်ဖြစ်ကျနော်နားလည် ပါတယ်။ကျနော်တို.နိုင်ငံအတွက် ရွှေတစ်ခုရဖို.ကိုသူတို.မှာကြိုးစားနေကြရတာလေ။

နောက်ဆုံးမှာတော့ ကျနော်တို့ မြန်မာရွက်လှေအသင်း ဟာ သမိုင်းတွင်မယ့်ရွှေတံဆိပ် (၃) ခုနဲ့ ကြေးတံဆိပ်တစ်ခုရခဲ့ကြပါတယ်။ ဆုပေးပွဲမှာတော့ ကျနော်တို.ဆီကို အစိုးရတပ်မတော်ထိပ်တန်းအရာရှိကြီး၊ အားကစားဝန်ကြီး၊ Chef De Mission ဒုဝန်ကြီး နဲ့ နောက်လိုက်နောက်ပါ အများအပြား တက်ရောက်ချီးမြှင့်ကြပါတယ်။ ကျနော်တို.အောင်ပွဲခံပြီး မြန်မာပြည်ပြန်ဖို.လုပ်နေချိန်မှာ တော့ ကျနော်ကို အန်ကယ်ကခေါ်ပြီး မနက်လေယာဉ်နဲပြန်ဖို.နဲ.ရန်ကုန်ရောက်တာနဲ့ ရိုက်လာတဲ့ဗီဒီယိုခွေကို edit လုပ်ဖို.သူ.ရုံးကလူတွေနဲ.ကူညီပါ၊ edit လုပ်ပြီးတာနဲ့.နိုင်ငံတော်အကြီးအကဲတပ်ချုပ်ကြီးကိုယ်တိုင်ကြည့်မလို.ပါတဲ့။ ကျနော် amateur ရိုက်ထားတဲ့အခွေကိုပြလို. ဖြစ်ပါ့မလားဆိုတော့၊ မတက်နိုင်ဘူး၊ သူကကြည့်ချင်တယ်ဆိုတော့ပြရမှာပေါ့၊ ဘယ်ဖြစ်ပါ့မလဲတဲ့။

ဆက်ပါအုံးမယ်နော် ...

Thursday, December 23, 2010

Exercise Wallaby



ဒီအကြောင်းအရာလေးကတော့ ဘာရယ်မဟုတ်ဘူး ဒီနေ့ရုံးမှာပျင်းပျင်းရှိတာနဲ့ cyberpioneer tv ဝင်ကြည့်ရင်းရေးချင်စိတ်ပေါက်သွား
တာနဲ့ချရေးလိုက်တာလေးပါ။ Exercise Wallaby လို့နာမည်ပေးထားတဲ့စစ်ရေးလေ့ကျင့်မှုကြီးမှာ ထောက်ပို့တပ်ကဘယ်လောက်ထိ
စွမ်းဆောင်ပေးထားတဲ့အကြောင်းကို ရေးပြထားတာပါ။ ပြည်သူလူထုကို ထုတ်ပြန်ထားတဲ့ အတွက် ဒီ စစ်ရေးလေ့ကျင့်မှုအကြောင်း ရေးလို့ MIDEF ကတော့ မဖမ်းနိုင်ကောင်းဘူးတော့ထင်ပါရဲ့ဗျာ ...

Singapore Arms Forces စင်္ကာပူတပ်မတော်ရဲ့ ကြည်းတပ်နဲ့လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အတိုင်း
Australia နိုင်ငံ Queensland ရှိ Shoalwater Bay Training Area (SWBTA)မှာ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ
နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ၆၅ ရက်တိုင်တိုင် စစ်မှုထမ်းပေါင်း ၅၂၀၀ နဲ့တကယ့် ကျည်ဆံအစစ်များအသုံးပြု လေ့ကျင့်ခဲ့ကြပါတယ်။
အဲ့ဒီနေရာမှာ လေ့ကျင့်မှုဟာအခုအခါပါဆိုရင် အကြိမ် ၂၀ မြောက်လေ့ကျင့်တာဖြစ်ပြီး လေ့ကျင့်ရေးနယ်မြေဟာ စင်္ကာပူကျွန်းရဲ့ ၄ ဆ
ကြီးမားကျယ်ပြန့်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ Repulic of Singapore Air Force (RSAF) လေတပ်မတော်မှ F16 Fighter Jet လေယာဉ်တွေ၊ RSAF AH-64 Apache တိုက်ခိုက်ရေး Helicopter တွေ၊ RSAF Puma သယ်ယူရေးနဲ့ဘက်စုံသုံး Helicopter တွေနဲ့ RSAF Chinook အကြီးစား
သယ်ယူပို့ဆောင်ရေး Helicopter တွေလေတပ်မတော်မှသုံးစွဲလေ့ကျင့်ခဲ့ပါတယ်။ ကြည်းတပ်မတော် ကတော့ စင်္ကာပူမြို့စောင့်တပ်
ဌာနချုပ်ကဦးဆောင်ပြီး Air-Land Tactical Control Centre လို့ခေါ်တဲ့ ကြည်းတပ်၊ လေတပ်ဆိုင်ရာ ပူးတွဲတိုက်ခိုက်ရေး ထိမ်းချုပ်ဌာန
ကိုဖွင့်လှစ်ပြီး စင်္ကာပူနိုင်ငံကကိုယ်တိုင်ထုတ်လုပ်သော Howitzer အမြှောက်တင် သံခြပ်ကာယာဉ် Primus ၊ Light Strike Vehicle
စက်သေနတ်နဲ့ဒုံးပျံတင်အပေါ့စားတိုက်ခိုက်ရေးယာဉ်ငယ်များ၊ ပို့ဆောင်ရေးသံချပ်ကာယာဉ်များ၊ ရှေ့ပြေးမော်တော်ဆိုင်ကယ်များ
အသုံးပြုပြီးလေ့ကျင့်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှူတစ်ခုလုံးကို အဓိကအခန်းကဏ္ဍကကူညီပံ့ပိုးခဲ့တာကတော့ SAF ရဲ့ Forward Support Group(FSG) လို့ခေါ်တဲ့
ရှေ့ပြေးထောက်ပို့တပ်ကနေအစကနေအဆုံးအထိပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပံ့ပိုးပေးခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေ၊
မော်တော်ယာဉ်တွေ၊ ကွန်တင်နာတွေဟာ လေ့ကျင့်ခန်းဆင်းဖို့တပ်တွေရောက်ရှိတာနဲ့အစဉ်သင့်ရှိနေအောင် လေ့ကျင့်ရေးယာယီဌာန
ချုပ်ကို FSG တပ်နဲ့အတူတူကီလိုမီတာပေါင်း ၆၀၀၀ ကိုလေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတွေနဲ့ရောက်ရှိလာခဲ့ကြပါတယ်။
လေ့ကျင့်ခန်းတစ်ခုလုံး အောင်မြင်၊ချောမွေ့နေစေဖို့အတွက် FSG အနေနဲ့လပေါင်းများစွာကြိုတင်စီမံကိန်းတွေချပြီး အကောင်အထည်
ပေါ်အောင်ဆောင်ရွက်ခဲ့ကြရတာပါ။

FSG အနေနဲ့ စခန်းတည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေးစတာတွေကိုတာဝန်ယူရတဲ့အပြင် ၅၂၀၀ သောတပ်သားတွေအတွက်
အစားအသောက် ကဏ္ဍအတွက်စားဖိုမှုးတွေနဲ့ချက်ပြုတ်ရေးနဲ့ကျွေးမွေးရေးကိုပါဆောင်ရွက်ပေးရပါတယ်။ တစ်ရက်လျှင် အစားအစာ
၎ နပ်ကျွေးမွေးပြီး အသင့်သယ်ဆောင်သွားနိုင်တဲ့ ထမင်းဗူး ၁၂၀၀ ထုတ်လုပ်ပေးရပါတယ်။ FSG Unit မှာ ပျက်ဆီးချို့ယွင်းသွားတဲ့
ယာဉ်အမျိုးမျိုးကိုပြင်ဆင်ပေးနိုင်သော Technician များနဲ့ ပြင်ဆင်ရုံတစ်ခုပါယာယီတည်ဆောက်ပြီးပြုပြင်ပေးပါတယ်။ အရေးပေါ်
မတော်တဆဖြစ်မှုနဲ့ နာမကျန်းသူတွေကိုကုသပေးနိုင်ဖို့ ဆေးခန်းတစ်ခုကို ၂၄ နာရီဖွင့်လှစ်ပေးထားပြီး၊ ကြီးကျယ်တဲ့ပြသနာတစ်စုံ
တရာဖြစ်ခဲ့ရင် အနီးဆုံးဆေးရုံကို တင်ဖို့ပေးနိုင်ဖို့ဆေးဖက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်း ပိုင်းလော့နှင့်တကွ အစဉ်သင့်ထားရှိပါတယ်။
ဒါတွေအပြင် ဌာနချုပ်နဲ့ပါဝင်လေ့ကျင့်ရာတပ်ဖွဲ့များအား ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် သတင်းနဲ့ပြန်ကြားရေး တာဝန်တွေကို ပူးတွဲရယူထားရပါသေးတယ်။

ပါဝင်လေ့ကျင့်ရာတပ်ဖွဲ့တွေအဆင်ပြေပြေနေနိုင်အောင် FSG မှယာယီတဲတန်းယားတွေ တည်ဆောက်ပေးထားပြီး တဲတစ်ခုမှာ လူ ၁၆ ယောက်နေနိုင်ပါတယ်။ တစ်ယောက်စီအတွက် ခေါက်ကုတင်၊ အိပ်ယာတွေပါစီစဉ်ပေးထားပါတယ်။ သူတို့ရဲ့လူမှုရေးပြည့်စုံမှုအတွက်
အင်တာနက်သုံးစွဲနိုင်တဲ့ Internet Centre၊ နိုင်ငံတကာနဲ့ဆက်သွယ်နိုင်သော IDD Phone Service Centre တွေပါထည့်သွင်းပေးထား
ပါတယ်။

စစ်ရေးလေ့ကျင့်မှု တွေအနေနဲ့ကတော့ လေကြောင်းနဲ့ကုန်းကြောင်းပူးတွဲတိုက်ခိုက်မှုတွေ၊ စင်္ကာပူတပ်မတော်ရဲ့ ဟောင်ဝင်ဇာ အမြှောက်ကြီးတွေအသုံးပြုပြီး ခြေမှုန်းတိုက်ခိုက်တာတွေ၊ စခန်းတစ်ခုကနေတစ်ခုကို စစ်သည်တွေအချိန်တိုတွင်းချီတက်တိုက်ခိုက်နိုင်
ဖို့အတွက် သယ်ပို့ရဟတ်ယာဉ်တွေသုံးပြီး သယ်ယူပို့ဆောင်ပေးတာအပြင်၊ ဒီထက်မက ဝေးတဲ့နေရာတွေကိုပါ ချီတက်တိုက်ခိုက်စေ
ဖို့အတွက် Underslung Operation လို့ခေါ်တဲ့ အကြီးစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ကိုအသုံးပြုပြီး အပေါ့စားတိုက်ခိုက်ရေး မော်တော်ယာဉ်များ ကိုချီမပြီးပို့တဲ့လေ့ကျင့်ခန်းတွေပါလေ့ကျင့်ကြပါတယ်။

နောက်ဆုံးစစ်ရေးလေ့ကျင့်မှုကြီးပြီးဆုံးလို့တပ်ဖွဲ့တွေ၊ယူဆောင်သွားတဲ့စစ်လက်နက်ပစ္စည်းတွေ၊ သံချပ်ယာဉ်တွေကွိုစင်္ကာပူပြန်ရောက် သည်အထိပြန်လည်သယ်ဆောင်ခြင်းအလုပ်တွေကို ဆက်လက်လုပ်ဆောင်ကြရပါတယ်။ FSG ရဲ့ အထောက်အပံ့အကူအညီတွေကြောင့်
ဒီအကြိမ် ၂၀ မြောက် စစ်ရေးလေ့ကျင့်မှုကြီးအောင်မြင်တယ်ဆိုရင်လဲမမှားပါဘူး။ ဒီစစ်ရေးလေ့ကျင့်မှုကြီးမှာ FSG အတွက်စိန်ခေါ်မှု
နဲ့အခက်အခဲဆုံးဆောင်ရွက်အောင်မြင်မှုကတော့ Australian Quarantine Inspection Service (AQIS) က စစ်ဆေးတဲ့ ပါဝင်တဲ့
စက်တက်ယာဉ်တွေကို ကြံခိုင်ရေးနဲ့လုံခြုံမှုစစ်ဆေးရေးဖြစ်ပါတယ်။ ဒီစစ်ဆေးမှူဟာ အဆင့်မြင့်မားလှပြီး ခက်ခဲစွာဆောင်ရွက်ရတဲ့
အတွက် ပြင်ဆင်ချိန်နဲ့စစ်ဆေးချိန်အားလုံး ၁၀ ပါတ်ကြာမြင့်ခဲ့ပါတယ်။ အနှစ် ၂၀ အတွင်းပထမဆုံး AQIS ရဲ့စစ်ဆေးမှုကို အချိန်အပို၊ ငွေ အပိုမကုန်ပဲနဲ့အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒါ့အပြင် Australia ရဲ့သဘာဝသယံဇာတတွေ၊ ပြည်သူလူထုနဲ့၊ တိရိစ္ဆာန်
တွေကိုအထိအခိုက်အနည်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့လို့ North East Region Australian Biosecurity Award ကိုပါရရှိခဲ့ပါတယ်။





Refrence:
1).MIDEF News : FSG Ensures Success Behind the Scences for Ex Wallaby by LCT Tay Jiun Teng.
2) Cyberpioneer TV, Youtube.