Monday, November 22, 2010

ကျနော်နဲ Airlines Industry အပိုင်း (၈)

ကျနော်ဒီအပိုင်းမှာတော့စင်္ကာပူကိုအခြေစိုက်ပြီးဒေသတွင်းပျံသန်းနေတဲ့အထင်ရှားဆုံးစားရိတ်နည်းလေကြောင်းလိုင်းတွေအကြောင်း
ဖော်ပြပေးသွားပါမယ်။ ဒီစာကိုရေးခဲ့တဲ့အချိန်ကလွန်ခဲ့တဲ့ (၇) လကျော်ကဆိုတော့ဒီတလောအတွင်းအပြောင်းအလဲတွေများရှိခဲ့လို့၊
ကျနော်ရေးတာနဲ့များမတူတာရှိခဲ့သော်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြောလိုပါတယ်။

အာရှဒေသရဲ့ Budget Airline တွေရဲ့အစပထမကတော့ Malaysia ခြေစိုက် Air Asia ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် လောက်မှာစတင် တည်ထောင်တယ်လို.မှတ်တမ်းတွေမှာတွေ့ရပါတယ်။ ကျနော်အတိအကျကြီးတော့ research လုပ် ထားတာမဟုတ်ပေမယ့် budget airline တွေအကြောင်းသိသမျှနဲ့ ကျနော်ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ budget airlines များအကြောင်းကိုပြောပြသွားပါ့မယ်။ ကျနော်တို.အရှေ.တောင်အာရှအတွင်းမှာအဓိကယှဉ်ပြိုင်ပျံသန်းနေတဲ့ budget airline က ၃ ခုရှိပါတယ်။ စင်္ကာပူအခြေစိုက် Tiger Airways နဲ့ Jet Star Asia, မလေးရှားအခြေစိုက် Air Asia တို.ပါ။

ဒီလေကြောင်းသုံးခုရဲ့အကြောင်းကိုအကြမ်းဖျင်းပြောရရင် ပထမဆုံး Tiger Airways ပါ။ သူကတော့ ကမ္ဘာ.အကောင်းဆုံးလေကြောင်း တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Singapore Airlines (SQ) ကရှယ်ယာအများဆုံးပိုင်ဆိုင်ပါတယ်။ မြေပြင်ဝန်ဆောင်မှုနဲ့. လေယာဉ် ပြုပြင်ထိမ်းသိမ်းရေးတွေကိုတော့ SQ ကပိုင်တဲ့ Singapore Airline Engineering ကတာဝန်ယူတာဆိုတော့လေယာဉ်ပျံသန်းရေးလုံခြုံမှု အတွက်စိတ်အချရဆုံးbudgetလေကြောင်းလို.ကျနော်ပြောချင်ပါတယ်။ ဒါ့အပြင်ဈေးနှုန်းမှာလဲတခြားလေကြောင်း (၂)ခုထက်နှိုင်းယှဉ် ကြည့်မယ်ဆိုရင်ပိုသက်သာတာကိုတွေ.ရပါတယ်။ ဒါပေမယ့်ဝန်ဆောင်မှုအပိုင်းမှာတော့ကျန်တဲ့လေကြောင်းနှစ်ခုထက် စာရင်မဆို သလောက်လေးနိုမ့်သွားပါတယ်။ ဘာတွေလဲဆိုရင်စလုံးမှာတော့ Chaigi Airport Terminal 1, 2, 3 အပြင် Budget Terminal ဆိုပြီး နောက်ထပ် Terminal တစ်ခုရှိပါတယ်။ budget airlines တွေအတွက်စားရိတ်နည်းနည်းနဲ.ရပ်နားဝန်ဆောင်မှုပေးနိုင်အောင်ပါ။ budget terminal ဆိုတဲ့အတိုင်းchangi ရဲ့တခြား terminal ကြီးတွေနဲ.ယှဉ်လိုက်ရင်အတော်ကိုကွာပါတယ်။ လေယာဉ်ပေါ်ကိုမြေပြင် ကနေ တဆင့် လှေကားနဲ့တက်ရပါတယ်။ Aero Bridge တွေ tube တွေမရှိဘူးဗျ။ terminal ကနေလေယာဉ်လှေကားကိုရောက်ဖို.နည်းနည်း လေးလမ်းလျှောက်ရတယ်ဗျာ။ ဒါမယ့် budget terminal ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာထက် ၂ ဆ သို.မဟုတ် ၃ ဆ လောက်သာ ပါတယ်။ ဒီထက်တော့ပိုမပြောတော့ပါဘူး။ အဓိကကွာသွားတာကတော့အဲ့ဒါပါပဲ။ ပြီးတော့ online ticketing မှာ air fare ကိုတော့သူများ ထက်လျော့ပြထားတယ်။ ဒါပေမယ့်ဘာဖြစ်လဲဆိုတော့ online ကဝယ်လို.ဆိုပြီး ခရီးစဉ်တစ်ကြောင်းကို ၆ ကျပ်ပိုတောင်းတယ်ဗျာ။ နှစ်ကြောင်းအသွားအပြန်ဝယ်ရင် ၁၂ ကျပ်ဖြစ်ရော။ ပြီးတော့ check in bag အတွက် တစ်ကြောင်းကို ၁၅ ကီလိုထိ ၁၂ ကျပ် ၅၀ ပြား။ အဲ့ဒီမှာတင်သူတော်တော်လေးရသွားပါပြီ။ budget airline တွေရဲ့လက်မှတ်ကို online မှတဆင့် အဓိက ဝယ်ရတာ ဆိုတော့ သူ.ကို တစ်ကြောင်း ၆ ကျပ်အသားလွတ်ပေးလိုက်ရတာပါ။ ထုံးစံအတိုင်းလေယာဉ် ပေါ်မှာတော့ဘာမှမကျွေးပဲ၊ စားချင်ဝယ်စားရမှာပါ။
on flight entertainment ဆိုရင်လေကြောင်းလိုင်းကထုတ်တဲ့ မဂ္ဂဇင်းကလွဲပြီးဘာမှမရှိပါဘူး။ Tiger Airways ရဲ့လက်မှတ်အတန်း အစား ကတစ်မျိုးပဲရှိတဲ့အတွက် အကယ်၍များ မလိုက်ခဲ့ရင်ဝယ်ထားတဲ့လက်မှတ်ကအဆုံးပါပဲ။ တပြားမှပြန်မအမ်းပါဘူး။ Tiger Airways ဟာစင်္ကာပူ ကို Hub အဖြစ်ထားပြီးတော့အရှေ.ဖက်ဆိုရင် ဟောင်ကောင်ထိ၊ မြောက်ဖက်ဆိုရင်အိန္ဒိယနိုင်ငံ၊အရှေ.တောင်အာရှ ရဲ့မြို.တော်တော်များများနဲ. Australia ဖက်ကိုလဲပျံပါတယ်။ နောက်တခုသတိထားစရာလေးကတော့ online ကနေလက်မှတ်ဝယ်တဲ့အခါ
အစပိုင်းမှာတော့ကိုယ်ရွေးတဲ့ flight ဟာမနက်ပိုင်းဖြစ်နေပေမယ့်၊ တကယ်ငွေချေတော့မယ်လို့ဆိုရင် flight အပြောင်းအလဲကို system
ကနေသူ့အလိုလိုတခါတယံမှာပြောင်းပစ်တာကိုတွေ့ရတက်တယ်။ ဒါကြောင့်နောက်ဆုံးငွေချေဖို့ confirm လုပ်ခါနီးမှာကိုယ်ရွေးထား
တဲ့ flight ဟုတ်မဟုတ်အချိန်တွေကိုပါပြန်စစ်ပါလို့အကြံပြုပါရစေ။

နောက်တစ်ခုကတော့ Jet Star Asia ပါသူကတော့ကျနော်စောစောပိုင်းမှာပြောထားပြီးသားပါ။ Australia National Airlines Quantas ကရာနှုန်းပြည့်ပိုင်ဆိုင်ပါတယ်။ Myanmar Airways International (MAI) နဲ. Code share ဖြစ်တဲ့ အတွက်ရန်ကုန်ကိုပျံတဲ့အချိန်မှာသူ.ကို MAI တစ်ဖြစ်လဲတွေ.ရလေ့ရှိပါတယ်။ ကျနော်တို.နိုင်ငံတော် အလံတင်လေကြောင်း လေယာဉ်ကိုယ်ပိုင်မရှိခင်က Jet Star ကပဲ MAI အဖြစ် တောက်လျောက်ပျံသန်း ခဲ့တဲ့လေကြောင်းပါ။ သူကတော့ပြောရရင် budget airline ထဲမှာဈေးအကြီးဆုံးပါ။ လက်မှတ် အမျိုးအစား (၃) မျိုးခွဲထားပါတယ်။ Check – in Bag မပါဘူး လက်ဆွဲပဲယူမယ်ဆိုရင်တစ်ဈေး၊ ပုံမှန်အတိုင်းလက်ဆွဲရော check - in bag ရောယူမယ်ဆိုရင်တစ်ဈေး(၁၅ ကျပ်ကွာပါတယ်)။ နောက်တစ်မျိုးကတော့ လက်မှတ်ကို အကန့်အသတ် မရှိရက်နဲ့ အချိန်ရွေ.ဆိုင်းလို.ရတဲ့ဈေးပါ။ တကယ်ဆိုရင် အဲ့ဒီဈေးဟာ သာမန်ပုံမှန်လေကြောင်းများလက်မှတ်တွေထက်၊ သို.မဟုတ် လက်မှတ်တွေလောက် ဈေးများပါတယ်။ ဘာမှမထူးပါဘူး။ သူကတော့ changi airport terminal 1 ကနေထွက်ပါတယ်။ budget terminal ထက်သာသွား တာပေါ့ဗျာ။ online ပေါ်ကလက်မှတ်ဝယ်တဲ့အတွက်အပိုကျေးပေးစရာမလိုပါဘူး။

ပြီးတော့ကျနော်အင်မတန်ကြိုက်တဲ့ဝန်ဆောင်မှုကထိုင်ခုံကိုလက်မှတ်ဝယ်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ခုံ ကြိုတင်ပြီးယူထားလို.ရပါတယ်။ အရေးပေါ်ထွက်ပေါက်ခုံတန်းနဲ့ရှေ.ဆုံးတန်းကလွဲပြီးတော့ပေါ့။ အဲ့ဒီနေရာတွေဆိုရင်တော့ငွေနည်းနည်းပိုပေးရတယ်ဗျ။ နောက်ထပ်သူ.ရဲ့ဝန်ဆောင်မှုတစ်ခုကတော့စလုံးကလူတွေအတွက် ပေါ့နော်လက်မှတ်ကို online ကနေ booking လုပ်ချက်ချင်းငွေပေးစရာမလိုပဲ၊ (၁)ရက်အတွင်းမှာ 7-11 store, Singapore Post Office ကစာတိုက်များ နဲ. SAM Machine လို.ခေါ်တဲ့စက်ကနေပေးလို.ရပါတယ်။ credit/debit card မရှိတဲ့လူတွေအတွက်အရမ်းအဆင်ပြေတာပါ။ Jet Star ဟာအခု Japan Osaka ထိပျံပါတယ်။ ခရီးစဉ်အတွင်း ဝန်ဆောင်မှုကတော့တခြားသူတွေအတိုင်းဆိုတော့ထပ်မပြောတော့ပါဘူး။

နောက်ဆုံးတစ်ခုကတော့ Air Asia ပါ။ သူကတော့ budget တွေထဲမှာအကြီးဆုံးလို.ပြောလို.ရပါတယ်။ budget လေကြောင်းတွေ ထဲမှာခရီးစဉ်များဆုံးပျံသန်းတဲ့လေကြောင်းလဲဖြစ်ပါတယ်။ မလေးရှား KLLC လို.ခေါ်တဲ့ KL Budget Terminal ဟာသူ.ရဲ့ကိုယ်ပိုင် လေဆိပ်လိုပါပဲ။ သူ.လေယာဉ်တွေအကုန်အဲ့ဒီကပဲအတက်အဆင်းလုပ်ပါတယ်။ ချန်ဂီမှာတော့ terminal 1 ကနေဝန်ဆောင်မှုပေးပါ တယ်။ သူ.လက်မှတ်ကတော့တစ်မျိုးပဲရှိပါတယ်။ဒါမယ့် check in bag ပါမယ်ဆိုရင်ပိုပေးရတယ်။ လက်မှတ်ဈေးနှုန်းတွေအနေနဲ.ဆိုရင်တော့တစ်ခါတလေလဲသက်သာတယ်။ တခါတလေလဲသူများတွေထက်အများ ကြီးကိုဈေးပိုကြီးနေတက်တယ်ဗျ။ အထူးဝန်ဆောင်မှုတစ်ခုကတော့ online ကလက်မှတ်ဝယ်တဲ့အချိန်မှာလေယာဉ် ပေါ်မှာစားချင်တဲ့အစားအစာကိုကြိုတင်မှာထားလို.ရပါတယ်။ သူတို. Menu ထဲမှပါတဲ့စားစရာပေါ့နော်။ ကြိုမှာရင်သက်သာပါတယ်။ လေယာဉ်ပေါ်မှာမှာဝယ်စားလဲ ကျန်တဲ့လေကြောင်း နှစ်ခုထက်စာရင်အတော်ကိုသက်သာ တယ်လို.ပြောလို.ရတယ်ဗျ။ Air Asia နဲ့ KLLC ကတဆင့် Europe/Middle East/ Japan/Korea ထိ budget နှုန်းနဲ.သွားလို.ရပါတယ်။ Air Asia ကိုတော့ကျနော်တို.ရန်ကုန်ကလူတွေရင်းနီးပြီးသားဖြစ်မှာပါ။ လက်မှတ်ကတော့ ထုံးစံအတိုင်း online ကနေ credit/debit card တွေနဲ.ဝယ်လို.ရပါတယ်။

ရှိသမျှ budget airline တွေရဲ့ လက်မှတ်တွေကိုခရီးသွားဝန်ဆောင်မှု ပေးတဲ့ company တွေကနေလဲဝယ်လို့ ရတာလူတိုင်းသိမှာပါ၊ ဒါမယ့်ဈေးနှုံးမှာတော့ online ပေါ်ကနေတိုက်ရိုက် ဝယ်ရင်သက်သာလေ့ရှိပါတယ်။ နေ.စဉ်နဲ့ အမျှ၊ တစ်ခါတယံအချိန်နဲ.အမျှ ဈေးနှုံး တွေဟာအပြောင်းအလဲရှိနေ ပြီးသွားမယ့်ရက်ကနေ ခပ်ဝေးဝေးက ဝယ်လေ ဈေးသက်သာလေလေပါ။ ကျနော်ဆိုရင်ခရီးသွားဖို.အစီအစဉ်ရှိတယ်ဆိုရင် ၄-၅ လကြိုတင်စီစဉ်ပြီးဝယ်လေ့ရှိပါတယ်။ များသောအားဖြင့် zero air fare လို.ခေါ်တဲ့လက်မှတ်ခပေးစရာမလို၊ အခွန်နဲ့တချို.ဝန်ဆောင်ခပေးဆိုတဲ့ promotion တွေပါ။ စလုံးမှာတော့နေ.စဉ်နဲ.အမျှအကြောင်းအမျိုးမျိုးနဲ့ discount လုပ်နေတာပါပဲ။ တကယ်လဲသက်သာ တာရှိ သလို၊ မသက်သာပဲသာမန်လေကြောင်းထက် ဈေးကြီးနေတာတွေလဲအများကြီးပါ။ ကျနော်အကြံပြုချင် တာတော့ အကယ်၍များ budget လျော့ချပြီးခရီးသွားလို. Budget လေကြောင်းနဲ့များသွားမယ် လို.ဆုံးဖြတ်ခဲ့ရင်လက်မှတ်ဖိုး အပြင် ခရီးသွားအာမခံဖိုးပါ အမြဲထည့်တွက်စေချင်ပါတယ်။ လေယာဉ်ထွက်တာနောက်ကျ တာတို.၊ ခရီးစဉ်ဖျက်သိမ်း လိုက်တာတို. ဆိုတာ မကြာခနကြုံတွေ.ရလေ့ရှိလို.ပါ။ ဒါမယ့်အမြဲတမ်းတော့နောက်ကျပြီး၊ ဖျက်သိမ်းနေတာ တော့ မဟုတ်ပါဘူး။ ဖြစ်တက်တာကို ပြောပြ တာပါ။ကိုယ့်ကလဲ့များဖြစ်ခဲ့ရင်အာမခံနဲ.ဆိုတော့ ခံသာသေးတာပေါ့ဗျာ။ နောက်တစ်ခုကတော့နောက်ဆုံးငွေချေခါနီးမှာအချိန်၊ ခရီးစဉ်နဲ့ ကျသင့်ငွေကိုအပြန်ပြန် အလှန်လှန်စစ်ပါ။ မှားယွင်းခဲ့ရင်လေကြောင်းလိုင်းကတာဝန်ယူမှာမဟုတ်ပါဘူး၊ ကျသင့်ငွေကတော့အထူးသဖြင့် Tiger Airways မှာဖြစ်တက်ပါတယ်။ အစပိုင်းမှာတွေ.ထားတဲ့ငွေကတမျိုးတကယ်ပေးတော့မယ်ဆိုရင်တမျိုးဖြစ်တက် လေ့ရှိပါတယ်။

ဒီအပိုင်းမှာတော့ကျနော်ဒီလောက်နဲ့ပဲရပ်နားပါရစေ။

ကျနော်နဲ့ Airline Industry အပိုင်း (၉) သို့

Monday, November 15, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၇)

ဒီအပိုင်းမှာ ကျနော်ရေးသွားချင်တဲ့အကြောင်းတွေကတော့ check in counter and boarding gate တာဝန် တွေအပြင်တခါတယံမှာ ထမ်းဆောင်ရတဲ့တချို.တာဝန်လေးတွေပါ။ အရင်အခန်းမှာပြောခဲ့တဲ့ Deportee ကတော့အဓိကပါပဲ။

ချန်ဂီလေဆိပ်မှာနေ.စဉ်နိုင်ငံပေါင်းစုံက Deportee ခရီးသည် တွေအများအပြားပါ။အကြောင်းမျိုးစုံနဲ့ စလုံး လဝက ကနေပြည်ဝင်ခွင့် မပေးတဲ့ ခရီးသည်များပါပဲ။ကျနော်အတွေ.အကြုံမှာအများဆုံးတွေ.ရတဲ့ deportee ကတော့ ဗီယက်နမ်နိုင်ငံသူအများအပြားပါပဲ။ ကျန်တဲ့တခြား deportee တွေကတော့ အင်ဒိုနီရှား၊ ဖိလစ်ပိုင်နဲ. မြန်မာတွေ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေလဲပါမှာပေါ့ဗျာ။ ကျနော်ကတော့ကျနော်တွေ့ဖူးတဲ့နိုင်ငံများကိုသာပြောထားတာပါ။အဲ့ဒီမှာအများအားဖြင့်လာကြတဲ့ဗီယက်နမ်အမျိုးသမီးတွေကစလုံးမှာ
တရားမဝင်ကြေးစားများအဖြစ် အလုပ်လုပ်ဖို.လာကြတာများတယ်လို.သိရပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလင်ပိုင်ကလဲအနည်းအပါး ပါဝင် ပါတယ်။ မြန်မာပြည်ကကြတော့ဇာတ်လမ်းတစ်မျိုးပါ။ ဒီလိုအလုပ်လာလုပ်ကြတာတော့မဟုတ်ဘူး။ သို သော်ယူလာတဲ့ဗီဇာမှာတစ်ခုခု မှားယွင်းနေတာ၊ လဝက ကမေးတဲ့အခါလိပ်ပတ်လည်အောင် မပြောနိုင်တာနဲ့၊ အရင်လူဝင်မှုကြီးကြပ်ရေး နဲ့ဆိုင်တဲ့အမှားအယွင်း တစ်ခုရှိနေလို. black list ထဲမှာ ပါနေတာ။ တခါတလေလဲ social visit နဲ့ဝင်လာပြီးပြန်စရာ လက်မှတ်ကိုမပြနိုင်တဲ့သူတွေ စသည်ဖြင့် အမျိုးစုံသောအကြောင်းနဲ့ခရီးသည်တွေကိုစလုံး လဝက ကနေပြည်ဝင်ခွင့် ငြင်းပယ် တက်ပါ တယ်။ အဲ့ဒီလိုငြင်းပယ်ပြီဆိုလို.ရှိရင် လဝက ကောင်တာများကနေဒီခရီးသည်ကို အထူးခန်းတစ်ခုထဲ ကိုခေါ် သွားပြီး passport နဲ့ ဖုံးပါလာရင်ဖုံးကိုသိမ်းထားလိုက်ပါတယ်။ ဘယ်ကိုမှအဆက်အသွယ်လုပ်လို.မရ တော့ ပါဘူး။ ဘယ်နည်းနဲ့မှလဲအဆက်အသွယ်လုပ်ခွင့်မပေးပါဘူး။ ဒီအခန်းကို အချူပ်လို.တော့ မခေါ် ပါဘူး၊ ယာယီထိမ်းသိမ်းရေးအခန်းလိုပဲခေါ်ဝေါ်သုံးစွဲပါတယ်။ အဲ့ဒီထိမ်းသိမ်းရေးအခန်းထဲမှာတော့ဒီခရီးသည်ကိုမေးမြန်းသလား၊ ဘာတွေလုပ်သလဲဆိုတာတော့ကျနော်မသိပါဘူး။ အခန်းထဲခေါ်သွားပြီးမှလဝက အရာရှိကပြန်ပို့ဖို့ဆုံးဖြတ်တာလားဘာလားဆိုတဲ့ ICA ရဲ့အစီအစဉ်တွေကိုတော့ကျနော်တို့မသိနိုင်လို့ဘာမှမရေးထားတာပါ။

ဒီအခန်းထဲကိုထည့်ထားတာ၊ ကိုယ့်သဘောနဲ့ကိုယ်သွားတာမဟုတ်ပေမယ့် ဒီအခန်းထဲမှာနေတဲ့အတွက် နာရီနဲ့တွက်ပြီးငွေပေးရပါတယ်။ အထိန်းသိမ်းခံရတာတောင်အလကားမရပါဘူးဗျ။ အဲ့ဒီလိုထည့်သွင်းထားပြီး ရင်တော့ခရီးသည်မှာလာရင်းနိုင်ငံကိုပြန်မယ့်လေယာဉ် လက်မှတ်ရှိရင်၊ လက်မှတ်ယူထားတဲ့လေကြောင်းကို လဝက ကနေခုံနေရာရှိမရှိလှမ်းတောင်းပါတယ်။ လက်မှတ်မရှိဘူးဆိုရင်တော့ လဝက ကသူအစီအစဉ်နဲ့သူအနီးဆုံး အချိန်မှာ ခရီးသည်လာခဲ့တဲ့မူရင်းနိုင်ငံကို ပြန်မယ့်လေကြောင်းက လက်မှတ်ကို စီစဉ်ပါတယ်။ ဒါလည်းအလကားမရပါဘူး၊ လက်မှတ်ခပေးရမှာပါ။ လက်မှတ်ကိစ္စခုံကိစ္စ အစဉ်ပြေပြီဆိုရင် လဝက ကအရာရှိတစ်ယောက် သက်ဆိုင်ရာ လေကြောင်းကောင်တာကိုလာပြီး ဒီ deportee ခရီးသည်များအတွက်ချက်ကင်လုပ်ပါတယ်။ သူတို.ရဲ.ပစ္စည်းတွေ အတွက်လဲBaggage unit နဲ့ trace လိုက်ဖို.လုပ်ထားရပါတယ်။ လေကြောင်းလိုင်း အနေနဲကတော့ deportee ခရီးသည်အနဲ့အများ ပေါ်မူတည်ပြီးသူတို.လေယာဉ်ပေါ်တက်ဖို.အတွက်စီစဉ်ဖို.ဝန်ထမ်းတွေ ကိုစေလွှတ်ပါတယ်။ deportee ၅ ယောက်လောက်ဆိုရင်တော့ ဝန်ထမ်းတစ်ယောက် လောက်ပါပဲ။ ဝန်ထမ်းအနေနဲ့သက်ဆိုင်ရာစာရွက်စာတမ်းတချို.နဲ.ခရီးသည်တွေရဲ့ boarding pass တွေကိုယူပြီးတော့ လဝက တာဝန်မှူး ကောင်တာကိုသွား၊ အဲ့ဒီအချိန်မှာပဲ၊ ကျနော်တို.စီမှာတော့လုံခြုံရေးရဲလို.ခေါ်တယ်ဗျ။ အစိုးရရဲတော့ မဟုတ်ဘူး၊ လုံခြုံရေး company ကရဲပေါ့။ uniform ပဲကွာတယ်။ သေနက်ကိုင်တာဘာညာ အကုန်တူတူပဲ။ အဲ့ဒီရဲအစောင့်အရှောက်နဲ.ခရီးသည်ကို လဝက ကောင်တာကိုခေါ်လာ၊ တစ်ဦးချင်း passport နဲ့တိုက်စစ်ပြီးတာနဲ့ လဝကကနေကျနော်တို.စီကိုလွှဲပေးလိုက်ပါတယ်။ ခုနကရဲကတော့ ခရီးသည်လေယာဉ်ပေါ်တက်တဲ့အထိလိုက်ရတာပါ။ လက်ထိပ်တော့မခက်ပါဘူး။ မျက်စိအောက်က တော့လုံးဝအပြောက်မခံပါဘူး။ အဲ့ဒီရဲအစောင့်လိုက်တဲ့အတွက်လဲခရီးသည်ကငွေပေးရပါတယ်။ ဘယ်လောက်များဆိုးလဲဆိုရင်။ သူတို.ကိုခေါ်လာပြီး boarding gate မရောက်မီသင့်တော်နဲ.နေရာမှာ ပိုက်ဆံတောင်းရပါရောဗျာ။ ခုနက ထိန်းသိမ်းရေးအခန်းခ၊ လေယာဉ်လက်မှတ်အတွက် rebooking fees တို.ဘာတို.အတွက်နဲ့၊ ရဲအစောင့်အရှောက်လိုက်ခတွေပါပဲ။ တကယ်ဆိုရင်မသက်သာပါဘူး။ ကျနော်ကြုံဖူးသမျှ တွေထဲမှာ အနည်းဆုံး ကြားဖူးတာ တစ်ယောက်ကို S$350ပါ။ တစ်ယောက်ကို 700 ထိကျတာတွေဖူးပါတယ်။

ကျနော်တို. ကောင်တာကနေ မထွက်လာမီထဲကတစ်ယောက်အတွက် ဘယ်လောက်ကျမယ်ဆိုတာကို အရာရှိကပြောလိုက်ပြီးသားပါ။ တောင်းဖို.က ကျနော်တို.တာဝန်တဲ့ဗျာ။ လဝက ကသူ.ဟာသူတော့မတောင်းပဲနဲ.။ ကျနော်တို.ဆီကိုလွှဲလိုက်တဲ့စာရွက်ထဲမှာ ဒီခရီးသည် တွေဆီမှာငွေဘယ်လောက်ပါတယ်ဆိုတာကအစပါတော့။ ဟင့်အင်းမရှိဘူးလို.လဲငြင်းလို.မရရှာပါဘူး။ အဲ့ဒီမှာစတွေ.တာကတော့ ဘာသာစကားပြသနာပါပဲ။ အများအားဖြင့် က ဗီယက်နမ်တွေဆိုတော့ English လိုမပြောတက်၊ ကျနော်ကလဲတရုတ်လိုမတက်တော့ ငွေတောင်းရတာကမ္ဘာပျက် သလိုပါပဲ။ မပါဘူးဆိုလဲဘာမှတော့ မတက်နိုင်ပါဘူး။ ကျနော်ဆိုတောင်းကိုမတောင်းချင်ပါဘူး။ ပြန်လဲပို.ခံရသေး တယ်၊ ငွေလဲပေးရသေးတယ် ဆိုတော့လေ။ သူတို.ငွေပေးမှခုနကကျနော်တို.ရှာထားတဲ့သူတို.ရဲ့ပစ္စည်း တွေကိုလေယာဉ်ပေါ် တင်ပေးပါတယ်။ မပေးရင်မတင်ဘူးလို.တော့ပြောတာပဲ။ သူတို.ငွေပေးမပေးကို ကျနော်အထက်အရာရှိကိုချက်ချင်းပြန်ပြောရပါတယ်။ သူကမှတဆင့် baggage unit ကို ပစ္စည်းတွေ upload လုပ်ဖို.ထက်ပြီးအကြောင်းကြားပါတယ်။ boarding gate ကိုရောက်ရင်လဲ တခြား ခရီးသည် တွေနဲ့အဝေးမှာထားလေ့ရှိပြီး လေယာဉ်ပေါ်ကိုအရင်ဆုံးတင်ထားလေ့ရှိပါတယ်။ ထိုင်ခုံကိုလဲဟိုးစောစောပိုင်းထဲက နောက်ဆုံး မှာချန်ထားပြီးနေရာချထားလေ့ရှိပါတယ်။ passport နဲ့စာရွက်စာတမ်းတွေကို လေယာဉ် crew ရဲ့လက်ထဲကိုထည့်ပြီးရင်တော့ကျနော်တို.တာဝန်ကုန်သွားပါပြီ။

Deportee တွေထဲကမှတ်မှတ်ရရကြုံဖူးတဲ့အကြောင်းဆိုလို.နှစ်ခုလောက်ပဲထူးထူးခြားခြားရှိပါတယ်။ တစ်ယောက်ကတော့ ဗီယက်နမ်ခရီးသည်ပါ။ ဒီခရီးသည်ကို jet star flight နဲ့ ပြန်ပို.ပြီးနောက် တစ်ပါတ် လောက်မှာ Lion Air နဲ့ထပ်ပြီးတာဝန်ကျတယ်။ ပထမတော့မသေခြာဘူး၊ ICA ကဒီခရီးသည် ဒီတစ်ပါတ်အတွင်း ၂ ခါရှိပြီလို.ပြော မှသေခြာသွားတာပါ။ ဒီတစ်ခါတော့ Airline အရာရှိက စကားပြန် တစ်ယောက်နဲ့သူ.ကိုမေးကြည့်တော့ Jet Star နဲ့လာလို.ပြန်ပို့တယ်ထင်လို. Lion Air နဲ.ပြန်လာတာလို.ပြောတယ်ဗျ။ ဒါနဲသူ.ကိုပြန်မလာဖို.ဘယ်လေကြောင်းနဲ့ လာလာနင်.ကိုပြန်ပို.မှာဖြစ်ကြောင်း မနည်းကြီး ကိုရှင်းပြလိုက်ရတယ်ဗျ။ နောက်တစ်ခုကတော့ ကိုယ်တာဝန်ကျတဲ့ deportee တော့မဟုတ်ပါဘူး။ လမ်းမှာအရာရှိကိုယ်တိုင်လူတစ်အုပ်ကြီးနဲ့ဆိုတော့သွားစပ်စုလိုက်တာ။ မြန်မာ passport holder ချင်းလူမျိုးမိသားစုကလေးတွေရော၊ စုစုပေါင်း (၇)ယောက်ရှိမယ်။ MIA flight နဲ့ပြန်ပို.တာတဲ့။ သူတို.ဆိုဘာကြောင့် မှန်းကိုမသိဘူး၊ English ဆိုမွှတ်နေအောင်ပြောတက်တယ်။ ဘာသာပြန်စရာ တောင်မလို ဘူး။ ဗီဇာလဲပါတယ်၊ show money ကိုလဲ တော်တော်များများကိုပြတာဗျ။ အဲ့ဒါကိုပေးမဝင်တာဆိုတော့၊ အရင်အမှုတစ်ခုခု ရှိလို.ဖြစ်မယ်လို.ပဲထင်တယ်။ အရာရှိကငွေတွေ အများကြီးတောင်းရတာအားနာလို.ကျနော်ကိုထပ်ပြီးရှင်းပြခိုင်းတာနဲ.သိရတာ။ တခြားမြန်မာ တစ်ယောက်စနှစ်ယောက်စတွေ ခနခနတော့ တွေဖူးတယ်။ ကျနော့်အထင်ဗီဇာကိစ္စတွေပဲ နေမှာပါ။

အဲ့ဒီလိုခရီးသည်ကိုပြန်ပို့ပြီဆိုရင်ဒီခရီးသည်ကိုတင်ဆောင်လာတဲ့လေကြောင်းလိုင်းကိုဘာအကြောင်းနဲ့ပြည်ဝင်ခွင့်မပေးပဲပြန်ပို့တယ် ဆိုတာကိုအကြောင်းကြားပါတယ်။ တလက်စထဲပြသနာအကြီးအသေးပေါ်မူတည်ပြီးဒဏ်ငွေရိုက်ပါတယ်။ စလုံး ICA ကတော့ဒဏ်ငွေ ရိုက်တာသိပ်မပြင်းထန်ဘူးလို့ကြားဖူးတယ်။ ကျနော်ကြားဖူးတဲ့ထဲမှာ Taiwan လဝက ဟာအဆိုးဆုံးပါတဲ့။ လေကြောင်းလိုင်းကို deportee တစ်ယောက်အတွက် ၂၀၀၀ ဒဏ်ရိုက်ပါတယ်။ လေကြောင်းလိုင်းကလဲမြေပြင်ဝန်ဆောင်မှုပေးတဲ့ company ကိုဒဏ်ပြန် ရိုက်ပါတယ်။ အဲ့ဒီခရီးသည်ကိုချက်ကင်ဝင်ပေးလိုက်တဲ့ဝန်ထမ်းကို Trace ပြန်လုပ်သေခြာတယ်ဆိုရင်ဘာသတိပေးတာမှမလုပ်ပဲနဲ့ ချက်ချင်းအလုပ်ကထုတ်ပြစ်လိုက်တာပါ။ ကျနော်အလုပ်လုပ်စဉ်ကာလကဒီတိုင်ဝမ်လဝကပြသနာကြောင့် ၂ယောက်ထုတ်ပစ်တာ ကြုံဖူး ပါတယ်။ ဒါကြောင့်တိုင်ဝမ်ဆိုရင်အလွန်သတိထားကြရတယ်။ ခရီးသည်ကျေနပ်တာမကျေနပ်တာကိုအသာထားပြီးလုပ်ထုံးလုပ်နည်းတွေ ကိုအတိအကျလိုက်နာပြီးချက်ကင်ဝင်ပေးရတာပါ။ ဒါကြောင့်ခရီးသည်တွေကိုလဲချက်ကင်ဝန်ထမ်းတွေကိုနားလည်စေချင်ပါတယ်၊ တခါတလေရစ်တာမဟုတ်ပဲနဲ့တကယ့်ကိုလိုအပ်လို့မေးမြန်းတာတွေ၊ ရှည်ရှည်ဝေးဝေးတွေဆက်ပြီးစစ်ဆေးတာတွေလုပ်တာပါ။

(ဒီအောက်ကရေးထားတာကတော့ကျနော်မူလဒီစာရေးခါစအခြေအနေပါ။ အခုအခြေအနေမဟုတ်ဘူး ဆိုတာကြိုပြောပါရစေ။)

ဒီနေရာမှာ ကျနော်လေကြောင်းကိစ္စနဲ့တော့မဆိုင်ပေမယ့်ကြုံလို.ကိုယ်တွေကြုံတာလေးပြောပါရစေ။

၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ စလုံး ICA ဟာဗီဇာနဲ့ ပြည်ဝင်ခွင့်တွေနဲနဲလေးတင်းကြပ်လာပါတယ်။ လေဆိပ်ရဲ့ ICA ဟာအရင် ကသိပ်ပြီး မေးရိုးမေးစဉ်တွေမဟုတ်တဲ့မေးခွန်းတွေမေး၊ return ticket နဲ. Show money ကိုလဲတောင်းစစ်လာတာ တွေကိုတွေ.ရတယ်ဗျာ။ ကျနော်သူငယ်ချင်းတစ်ယောက်ရဲ့ညီမ လာလည်မယ်ဆိုတော့ ဗီဇာလျှောက်ခိုင်းတာနဲ.လျှောက်ပေး လိုက်တယ်။ အဲ့ဒီ ကောင်မလေး ဝင်လာပြီးတော့ပြောပြတာ့ ICA ကသူ.ကို Sponsor ကဘယ်သူလဲ? ၊ ဘယ်မှာနေတာလဲ? ဘာအလုပ်လုပ်တာလဲ? ၊ သိတာကြာပြီ လား စတဲ့ မေးခွန်းတွေ တော်တော်များများမေးတယ်တဲ့။ return ticketတောင်းကြည့်တော့ ticket က open ဖြစ်နေတယ်။ အဲ့လိုဆိုအင်မတန်မှကိုမကြိုက်တာပါ။ လာတဲ့သူတိုင်းကို သေခြာမှာ ပေမယ့် လာတဲ့သူတိုင်းဟာ ticket ကို open လုပ်လာပါတယ်။ ကျနော်ဆိုလိုချင်တာက စလုံးကို social visit visa နဲ့ဝင်လာရင်ကိုယ့်ကို sponsor လုပ်တဲ့သူရဲ့အကြောင်း အနည်းနဲ့အများလေး တော့ သိလာ သင့်တယ်ဗျ။ သွားရွှီးမယ်တော့မကြံနဲ့နော် sponsor ရဲ့ NRIC ကိုရိုက်ထဲ့လိုက်တာနဲ.သူတို. system ပေါ်မှာအကုန် သိနိုင်ပါတယ်။ ဒီလူဘယ်မှာနေပြီးဘာလုပ်တယ်၊ လူဘယ်နှစ်ယောက်ကို sponsor ပေးဘူးတယ်ကအစပါ။ ပြီးတော့ air ticket ကို open မလုပ်ပဲ ရက်တစ်ခုခုတော့ လုပ်လာခဲ့ပါ။ ဒီရောက်မှမပြန်သေးဘူးဆိုရင်လဲရက်ကို လက်မှတ် သက်တမ်း ရှိတဲ့အတွင်းမှာအခမဲ့ပြောင်း လို.ရပါတယ်။ budget airline တော့မပါဘူးနော်၊ budget airline ဆိုရင်တော့ date changing fees နဲ့ fare different ကိုပေးရမှာဗျ။

အရင်အပိုင်း ၆ နောက်ဆက်တွဲမှာကျနော့်မိတ်ဆွေမေးထားတဲ့အကြောင်းကိုပြန်ဖြေရရင်တော့ဘက်ဂျက်လေကြောင်းနဲ့ခရီးသွားတဲ့ transit ခရီးစဉ်တွေမှာအဖြစ်များပါတယ်။ သို့သော်သာမန်လေကြောင်းလိုင်းနဲ့သွားပေမယ့်လဲတခါတယံမှာကိုယ် transit လုပ်ရမယ့် လေဆိပ်ကတစ်မြို့ထဲမှာပေမယ့်နောက်တခြားလေဆိပ်တစ်ခုကိုသွားစီးရမယ်ဆိုရင်အဲ့ဒီနိုင်ငံပြည်တွင်းကိုဝင်ရမှာဖြစ်တဲ့အတွက် transit visa လိုအပ်ပါတယ်။ ဒါကြောင့်ခရီးရှည် Transit တွေနဲ့သွားတဲ့မခါမှာကိုယ်နောက်စီးရမယ့်လေယာဉ်ခရီးစဉ်ဟာကိုယ်ဆိုက်ရောက်တဲ့
လေဆိပ်ကနေပဲပြောင်းစီးရမှာလား၊ သို့မဟုတ် နောက်အခြားလေဆိပ်တစ်ခုခုမှာပြောင်းစီးရမှာလားဆိုတာကိုသိဖို့လိုအပ်ပါတယ်။

ဒီအခန်းကိုတော့ဒီမှာပဲ ရပ်ပါရစေ။ နောက်တစ်ခန်းမှာတော့ ကျနော်နဲ. Budget airlines များအတွေ.အကြုံကို ရေးသွားပါ့မယ်။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား…


ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ့ Airlines Industry အပိုင်း (၈) သို့

Tuesday, November 9, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၆) နောက်ဆက်တွဲ

ကျနော်ရဲ့မူရင်းအပိုင်း ၆ မှာ ဒီနောက်ဆက်တွဲနဂိုကမပါပါဘူး။ အပိုင်း (၆)မှာမိတ်ဆွေတစ်ယောက်က commentနဲ့လှမ်းပြောထား တာလေးကတကယ့်ကိုစိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်တာကြောင့်ဒါကိုရှင်းပြရင်းနဲ့ဒီနောက်ဆက်တွဲအပိုင်းကိုကျနော့်မိတ်ဆွေများအတွက် share ပေးလိုက်ပါတယ်။ Comment အတွက်ကျေးဇူးအများကြီးတင်ကြောင်းပါခင်ဗျား။


သူရေးထားတဲ့မူရင်းစာသားကတော့ -

“အဲဒီခရီးသည်ပြောသလို ဟိုဘက်ကလဲ လက်မခံ ၊ ဒီဘက်ကလဲ ပြန်ပို့ နဲ့သာဆိုရင် သေရောဗျာ။ပြေလည်အောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်း မရှိဘူးလားဗျ။ အထူးသဖြင့် နိုင်ငံအများစုသွားဖို့ အတွက် ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ ပါတ်စ်ပို့ ကိုင်ဆောင်ထားသူများအနေနဲ့ ဒါကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။လေယာဉ်လက်မှတ်အရောင်းဌာနတွေက နေ လက်မှတ်ဝယ်ချိန်မှာ တစ်ခါထဲ ရှင်းပြ တားမြစ်ပေးနိုင်ရင် ပိုကောင်းမယ် ထင်တာပဲဗျာ။ အင်မတန် ဗဟုသုတရတဲ့ ပို့စ်ပါပဲ။ ကျေးဇူးပါ။ ”


သူပြောသလိုပြေလည်အောင်ဆောင်ရွက်နိုင်တဲ့နည်းလမ်းရှိပါသလားဆိုရင်စလုံး ICA ပေါ်မူတည်ပါတယ်။ အကယ်၍ ICA တာဝန်မှူး ကသဘောကောင်းပြီးသိပ်ပြီးစာအုပ်ထဲကအတိုင်းမလုပ်ဘူးဆိုရင်တော့ခရီးသည်ပြောတဲ့အတိုင်းသူ့မှာရှိတဲ့လတ်မှတ်နဲ့သူ့မူရင်းနိုင်ငံ
ကိုပြန်ဖို့စီစဉ်ပေးနိုင်ပါတယ်။ ကျနော့်စာထဲမှာပါတဲ့အိန္ဒိယနိုင်ငံသားဟာနောက်ဆုံးမှာတော့ ICAရဲ့သဘောတူညီချက် နဲ့သူ့မူရင်းနိုင်ငံ ကိုပြန်လည်ထွက်ခွာခွင့်ရခဲ့တယ်လို့နောက်ပိုင်းမှာပြန်သိရပါတယ်ဗျ။ အဲ့ဒီလိုပြသနာမျိုးကို ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ဦးလေး ကြုံဖူးပါတယ်။ သူကမြန်မာပြည်ကနေစင်္ကာပူကိုလာ၊ စင်္ကာပူကနေတရုတ်ပြည်ကိုTiger Airways နဲ့သွားလည်ပါတယ်။ အသွားဆိုတော့ တရုတ်ဗီဇာရှိနေတယ်၊ စင်္ကာပူကိုပြန်ဝင်ဖို့ Multiple Entry Visa ကျန်နေသေးတယ်၊ (ရက်အတိအကျမလို၊ Multiple Visa ရှိရင် အထွက်မှာပြသနာမရှိ) တရုတ်ကနေအပြန်လတ်မှတ်အပြင်၊ စင်္ကာပူကနေရန်ကုန်ကို Silk Air နဲ့ပြန်ထွက်ဖို့ Confirm Ticket တွေ အပြည့်အစုံရှိပါတယ်။ ဒါကြောင့် Tiger Airways က တရုတ်ကိုအထွက်မှာ Check - In ဝင်ပေးလိုက်တယ်။ တရုတ်ပြည်ကပြန်တဲ့ အချိန် မှာဒီခရီးသည်ဟာစင်္ကာပူကိုပြန်ဝင်ဖို့အတွက် Multiple Visa မှာတစ်ရက် expiry ဖြစ်နေတယ်ဗျ။ တကယ်တော့သူတို့စီစဉ်ထားတာက တရုတ်ပြည်ကအပြန်ကိုစင်္ကာပူအတွင်းပြန်မဝင်တော့ပဲ Silk Air နဲ့ရန်ကုန်ပြန်ဖို့ပါ။

ပုံမှန်လေကြောင်းလိုင်းဆိုရင်ပြသနာလုံးဝမရှိပေမယ့်သူတို့စီးတာက Tiger ဆို တော့ terminal ကလဲမတူ၊ Internal transit လဲလုပ်ခွင့်မပေး၊ ICA ကလဲ VISA မှာတစ်ရက်ကျော်နေတဲ့အတွက်ပေးမဝင်ပဲလာရာတရုတ်ပြည်ကိုပြန်လွှတ်ဖို့သူစီးလာခဲ့တဲ့ Tiger Airways ကိုအကြောင်းကြားလိုက်ပါတယ်။ သူ့မှာတရုတ်ပြည်ကိုပြန်ဝင်ဖို့တရုတ်ပြည်ဝင်ဗီဇာလဲမရှိတော့ပါဘူး။ ဒါကြောင့်တရုတ်ပြည် ကိုပြန်မပို့ပဲ၊ ရန်ကုန်ကိုတိုက်ရိုက်ပြန်ချင်ကြောင်းပြောတော့လဲမရဘူးလို့ပြောတယ်။ အပြင်မှာစောင့်ကြိုနေတဲ့သူတွေက Tiger ကိုပြောပေးဖို့အကူအညီတောင်းတော့၊သူတို့နဲ့မဆိုင်၊ ICAနဲ့ဆိုင်တာဝင်ရောက်စွတ်ဖက်လို့မရဘူးဆိုပြီး၊ ICA ကိုပဲသွားတွေ့ခိုင်း ပါတယ်။ ICA ကလဲသူတို့မလုပ်ပေးနိုင်ကြောင်း၊ Tiger ကို Silk Air ကိုပြောင်းတင်ပေးဖို့ပြောပါဆိုပြီးဘောလီဘောပုတ်ကြပြန်ပါတယ်။ ဟိုဖက်ဒီဖက်လက်ညိုးထိုးနေရကနေနောက်ဆုံး ICA ကတာဝန်မှူးလွှဲချိန်ရောက်သွားတော့နောက်ရောက်လာတဲ့တာဝန်မှူး ကနေ ခရီးသည်ကို Terminal 2 ပြောင်းပြီး Silk Air နဲ့ပြန်လွှတ်ဖို့စီစဉ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုစလုံး ICA ကပြည်ဝင်ခွင့်မပေးတဲ့အတွက် ပြန်လွှတ်ရတဲ့ခရီးသည်မျိုးပါလာခဲ့ရင် ICA ကနေ Airline ကိုဒဏ်ငွေရိုက်ပါတယ်။ တကယ်တော့တရုတ် Check In Staff ရဲ့ပေါလျော့မှု၊ ခရီးသည်ကိုယ်တိုင်ကလဲမသိနားမလည်၊ ကိုယ့်ဗီဇာဘယ်တော့ကုန်မှန်းမသိတဲ့အတွက်မလိုအပ်တဲ့ကုန်ကျစားရိတ်တွေပိုကုန်၊ အချိန်ကုန်လူပမ်းဖြစ်ကြရတာပါ။

ကျနော်တို့စာတွေ့တွေသင်ကြားခဲ့စဉ်ကတော့အကယ်၍အဲ့ဒီလိုပြည်ဝင်ခွင့်မပေးခဲ့ရင်သူလာရာနိုင်ငံလေဆိပ်ကို၊လာရာ လေကြောင်းလိုင်းနဲ့ပြန်တင်ပေးမယ်လို့ပဲတွေ့ဖူးတယ်။ ကိုယ်ကလိပ်လည်အောင်ရှင်းပြပြီး၊ သူတို့နဲ့အတိုက်အခံပြောနိုင်မယ်ဆိုရင်၊ ICA ကလဲစာအုပ်ထဲကအတိုင်းမလုပ်ပဲ၊ လျော့ပေါ့စဉ်းစားမယ်ဆိုရင်တော့ကိုယ့်မူရင်းနိုင်ငံကိုပြန်ဖို့အခွင့်ရနိုင်ပါတယ်။ ဒါပေမယ့်အဲ့ဒီလို မဖြစ်အောင်တော့အစထဲကအပြည့်စုံဆုံးဖြစ်အောင်လုပ်သွား၊ စစ်ဆေးသွားခဲ့ရင်အသင့်တော်ဆုံးဖြစ်မှာပါ။

ကျနော့်မိတ်ဆွေပြောသလို၊လက်မှတ်အရောင်းဌာနတွေကနေကြိုတင်သတိပေးနိုင်ခဲ့ရင်လဲအလွန်ကောင်းပါတယ်။ ဒီကိစ္စမှာတော့ လတ်မှတ်ရောင်းတဲ့သူမှာတာဝန်မရှိပဲ၊ ခရီးသည်ကိုယ်တိုင်မှာသာတာဝန်ရှိပါတယ်။ ကျနော်တို့မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ တွေအတွက်တော့ရှင်းပါတယ်။ ဘယ်နိုင်ငံသွားသွားဗီဇာလိုပါတယ်။ Visa On Arrival ပေးတဲ့နိုင်ငံတချို့နဲ့ Visa လုံးဝကင်းလွတ်ခွင့် ပေးတဲ့နိုင်ငံ ၂ ခုလောက်ရှိပါတယ်။ ဒါပေမယ့်အတက်နိုင်ဆုံးဗီဇာကိုကြိုတင်ရယူသွားနိုင်ရင်အကောင်းဆုံး ဖြစ်ပါကြောင်း ကျနော့်မိတ်ဆွေများကိုအကြံပေးလိုက်ပါတယ်ခင်ဗျာ။ ။

Monday, November 8, 2010

ကျနော်နဲ့ Airlines Industry အပိုင်း (၆)

Boarding gate မှာကြုံဖူးးတဲ့နောက်ထပ်အဖြစ်အပျက်လေးတွေကိုကျနော်ဒီအခန်းမှာပြောသွားပါ့မယ်။ တစ်ရက်တော့ညနေပိုင်းကျနော် ဘန်ကောက်ဂိတ်တာဝန်ကျပါတယ်။ အဲ့ဒီ duty ကအဲ့ဒီနေ့အတွက်နောက်ဆုံးduty ပါ။ပြီးရင်ပြန်လို.ရပါပြီဗျ၊ အဲ့ဒါကြောင့်လဲကျနော် သူငယ်ချင်းတစ်ယောက်နဲချိန်းထားလိုက်တယ်။ အစပိုင်းတော့ဘာပြသနာမှမရှိဘူး။ tour group တွေများတော့ဂိတ်ထဲကိုလူဝင်တာလဲ တော်တော်များ နေပြီ၊ အေးဆေးပေါ့၊ တကယ်ကိုအေးဆေးပြီးသွားစေချင်တာလေ၊ ကိုယ့်မှာကိစ္စကရှိနေတာဆိုတော့။ ဂိတ်တာဝန် တွေကိုပုံမှန်အတိုင်းလုပ်နေတုံး SSU မှာပြသနာပေါ်နေတယ်၊ airline ကလာပါဆိုလို.သွားကြည့်တော့ယိုးဒယားခရီးသည် တစ်ယောက် ကျည်ဆံယူလာလို.တဲ့၊ တကယ့်ကိုအကြီးအကျယ် ပြသနာပါ။ SSU ကသူ.ကိုပေးမသွားတော့ပဲရဲကိုစောင့်ရပါမယ်တဲ့။ သိတဲ့အတိုင်း ကိုရွှေရဲတွေကသူတို.မှာအဆင့်ဆင့်အစီရင်ခံလူစုလုပ်ရမှာဆိုတော့အနည်းဆုံးဂိတ်ကိုနာရီဝက်လောက်ကြာမှရောက်မှာပါ။ ခရီးသည် ဟာချူလာလောင်ကောင်းတက္ကသိုလ်ကဆရာတဲ့ဗျာ။ဘာကိစ္စရှည်ပြီးယူလာလဲမသိဘူး။ သူ.မှာဒီဟာကိုလိပ်ပတ်လည်အောင် english လိုရှင်းမပြနိုင်တော့တခြားယိုးဒယားခရီးသည်တစ်ယောက်က ဘာသာပြန်ပေးနေတာပါ။ ခက်တာကလေယာဉ်ထွက်ဖို.မိနစ် ၂၀ လောက် ပဲလိုပါတော့တယ်။ နောက် ၅ မိနစ်ဆိုရင် boarding ခေါ်တော့မှာပါ။ သေခြာတာကတော့ဒီခရီးသည်ကို ချထားခဲ့ရတော့မှာပေါ့။ သူမှာလဲ ဒီလေယာဉ်နဲ.ပဲလိုက်ချင်ကြောင်းပြောနေတာ။ ခနနေတော့ရဲတွေရောက်လာရော၊ ဘာမှမမေးရသေးဘူး၊ချန်ထားခဲ့ပါတဲ့ကြာမှာတဲ့၊ ပြီးတာပဲပေါ့။ ခရီးသည်ကိုလိုက်ပါခွင့်မပြုဘူးလဲဆိုရောသူနဲ့တူတူ တစ်အုပ်ထဲလာတဲ့ခရီးသည်တွေကဘာဖြစ်တာလဲ ဆိုပြီးဂိတ်အပြင် ကိုထွက်ဖို.ကြိုးစားပါတယ်။ ကျနော်တို.ကလဲပေးမထွက်ပါဘူး။ ဟိုမှာက boarding ခေါ်နေပါပြီ။ အယောက် ၂၀လောက်ကလေယာဉ်ပေါ် မတက်ပဲပေကပ်နေပါတယ်။ ဘာပြောပြောနားမလည်ပါဘူး။ ဂိတ်တစ်ခု လုံးလဲဆူညံပြီးဘာတွေဖြစ် နေမှန်းကိုမသိပါဘူး။

ခရီးသည်တွေအကုန်လေယာဉ်ပေါ်ရောက်နေပြီ။ ဒီအုပ်စုတစ်ခုပဲ ကျန်တော့ crew ကချထားခဲ့ဖို. ပြောတယ်။ဘယ်လိုလုပ်ပြီး အယောက် ၂၀ ကျော်ကိုချထားခဲ့မလဲ။ ပိုတောင်ရှုပ်ကုန်မှာပါ။ ဒါနဲဘာသာပြန်ရဲ့အကူအညီနဲ့ ဒီခရီးသည်ကိုတော့ဘယ်နည်းနဲ့မှတူတူ လိုက်ပါခွင့် ပြုမှာ မဟုတ်ကြောင်း နင်တို.အကုန်လေယာဉ်ပေါ်ကိုတက်ပါဆိုတဲ့အကြောင်းကိုအကြိမ်ပေါင်းများစွာ ပြောမှမတက်ချင် တက်ချင် နဲ့ တက်သွားကြပါတယ်။ ယိုးဒယားတွေများအမျိုးချစ်ကြတာကန်းကုန်ပါပဲ။ ဒီကျည်ဆံယူလာတဲ့ခရီးသည်ကိုတော့ရဲကထုံးစံအတိုင်း တွေလုပ် ပြီး၊ ကျနော်တို.လက်ထဲကိုပြန်လွှဲအပ် လိုက်တဲ့သကာလမှာတော့ဒီလူအပြင်ရောက်သည်အထိဆက်ပြီးတာဝန်ယူရတော့တာ ပေါ့ဗျာ။

ဂိတ်မှာထူးထူးခြားခြားဖြစ်တဲ့နောက်တစ်ခုကတော့ Jakata ကိုထွက်မယ့် flight တစ်ခုမှာပါ။ computer system ထဲမှာ Deportee ခရီးသည်၊ စလုံး လဝက (ICA) ကပြည်ဝင်ခွင့်မပေးပဲလာရင်းနိုင်ငံကိုပြန်ပို.ခိုင်းတဲ့ခရီးသည်ကိုခေါ်ပါတယ်။ Deportee နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို နောက်အခန်းမှာကျနော်ပြောသွားပါ့ မယ်။ အခုဂိတ်မှာဖြစ်နေတာဆိုတော့ Deportee အကြောင်းရှင်း လိုက်ရင်အရမ်းတွေရှည်ပြီးလိုရင်းမရောက်မှာ စိုးလို.ပါ။ ခရီးသည်က India passport holder ပါ။ ဒီလိုခရီးသည်တွေကို လေယာဉ်ထွက် ခါနီး မိနစ် ၂၀ လောက်လိုမှရဲအစောင့်တစ်ယောက် ကျနော်တို.ဝန်ထမ်းတစ်ယောက်ကသူ.စာအုပ်ကိုကိုင်ပြီးတူတူလာလေ.ရှိပါတယ်။ ဂိတ်ကပုံမှန်တိုင်းအေးဆေးပါ။ deportee ကိုလဲဂိတ်အပြင်မှာတွေ.နေရတယ်။ ဒါပေမယ့်ခရီးသည်ကစကားတွေတအားပြော နေတာ ကိုတွေ.တယ်ဗျ။ ကျနော်တို.ဝန်ထမ်းကလဲသူ.ကိုရှင်းပြနေတာတွေ.တယ်။တစ်ခုခုတော့လွဲနေပြီ ပေါ့။ ခနနေကြတော့ကျနော်တို. ဝေါ်ကီတော်ကီစက်ပေါ် မှာအသံတွေစကြားလာနေရပြီ။ ဒီလူကိုတာဝန် ကျတဲ့သူကကျနော်တို. ဂိတ်တွေကိုကြီးကြပ်ရတဲ့ အထက်အရာရှိ နဲ.အပြန်အလှန်ပြောနေကြတာတွေ။ သူတို.စကားတွေအရခရီးသည်ဟာ ဒီလေယာဉ်နဲမလိုက်ဖူးလို. ငြင်းနေတဲ့အကြောင်းပါ။ တကယ်ဆို ရင် တော့ငြင်းခွင့်မရှိပါဘူး။ ဒီတော့အထက်ကတစ်ဆင့်မြင့်တဲ့အရာရှိကသူလာမယ်တဲ့။သူရောက်လာတော့လဲ အခြေအနေကသိပ် မထူး ပါဘူး။ ဒါနဲ့သူထက်ရာထူးပိုကြီးတဲ့ ဒုတိယမန်နေဂျာကစက်ပေါ်တက်လာပြီး၊ အုပ်ချုပ်ရေးမန်နေဂျာ၊ လေကြောင်းလိုင်း အထူးလုံခြုံရေး မန်နေဂျာများ နဲ့အတူအမြန်လာ နေပြီလို.ပြောပါတယ်။ သူတို.ရောက်လာတဲ့အခါမှာတော့အခြေအနေကပိုမိုတင်းမာလာပြီး၊ လက်သီးလက်မောင်းတန်းတဲ့အဆင့်အော်ကြဟစ်ကြတဲ့ဆီကိုရောက်ရောဗျာ။ လုံခြုံရေးကလဲလက်ထိပ်ခက်မယ်ကြီး တကဲကဲ လုပ်နေတာ။ အဲ့ဒီအချိန်မှာတော့ဂိတ်ထဲကခရီးသည်တွေအကုန် လေယာဉ်ပေါ်ရောက်ပြီးလို.ဒီလူပဲ ကျန် ပါတော့တယ်။ crew ကလဲဂိတ် ထဲမှာလာပြီးမေးလေယာဉ်အပေါက်ဝမှာရှိ နေတဲ့ကျနော့် runner ကလဲ စက်ပေါ်ကနေ captain မေးနေတဲ့အကြောင်းမစောင့်နိုင်ကြောင်း ပြောပါတယ်။ မန်နေဂျာ ကကြားဖြတ် ပြီးလေယာဉ်ဟာဒီခရီးသည်ကို စောင့်ရမယ်လို့ ပြောပါတယ်။ ထုံးစံတော့မဟုတ်ဘူး၊ သို.သော် အထူးကိစ္စ ဖြစ်နေတယ်ဆိုတော့လေ။ ဒါနဲ့ဘယ်လိုမှပြောမရတဲ့အဆုံးမှာတော့ခုနကဘယ်အချိန်တုံး ထဲကစစ်ကူခေါ် ထားတာလဲမသိတဲ့ လုံခြုံရေးတွေနဲ.ဒီလူကိုတစ်ဖက်တစ်ချက်ညှက်ပြီးခေါ်ပါလေရော၊ဟိုလူကလဲဖြစ်ချင်တာဖြစ်ဆိုပြီးတော့လားမသိဘူး၊ ကြမ်းပြင်ပေါ်ထိုင်ချ လိုက်ရောဗျာ။ ဒီလိုလဲမရဘူးဗျ၊ အတင်းမပြီးဆွဲခေါ်တာ၊ဟိုလူကလဲကုလားလိုရော၊ English လိုရောအော်ဟစ်ပြီးပါလာတာ။ Captain ကမှန်တွေကနေ မြင်နေရတာဆိုတော့၊ တံခါးပိတ်ဖို.တောင်မပြောရသေးဘူး၊ သူ. Crew ကိုပြောပြီး လေယာဉ်တံခါးကိုအတင်းပိတ်၊ Aero Bridge ဆီကနေနောက်ဆုတ်ပြေးတာ။ လေကြောင်းလိုင်း လုံခြုံရေးအရာရှိကအချက်ပြတာတောင်မရဘူး။

ဒါနဲ.ဘယ်လောက်များဒီခရီးသည်ကို တင်ပေးချင် နေလဲ ဆိုရင်လေကြောင်းထိန်းသိမ်းရေး tower ကိုတိုက်ရိုက် ဖုံးဆက်ပြီးလေယာဉ်ကိုtube ဆီရောက်အောင်ပြန် လာခိုင်း၊ ပြီးတော့တံခါးပါဖွင့်ခိုင်းပြီးတင်မယ်အလုပ်မှာတော့ captain ထွက်လာပြီးဒီလောက်ဆိုးသွမ်း နေတဲ့ခရီးသည်တစ်ယောက်ကိုလေယာဉ်ပေါ်မတင်ဆောင်နိုင်ကြောင်း တရားဝင်ငြင်းလိုက်တဲ့အခါ ဘယ်လိုမှမတက်နိုင်တော့ပါဘူး။
ခရီးသည်ကိုတော့လုံခြုံရေးအစောင့်အရှောက်တွေနဲ့ပြန်ခေါ်သွားပါတယ်။ ဒီကိစ္စကတော့စလုံးလဝကနဲ့တိုက်ရိုက် သက်ဆိုင်တာဆို တော့ကျနော်တို.တွေဆက်ပြီးအလုပ်ရှုပ် စရာမလိုတော့ပါဘူး။ လုံခြုံရေး ကတော့အပြင်းအထန်ကြိမ်းဝါးတာကတော့အချုပ်ဆီပို.ပစ်မယ် ဆိုတာပါပဲ။

အကုန်လဲပြီးရောသူ.အတွက်တာဝန်ကျတဲ့သူငယ်ချင်းကိုဇာတ်စုံခင်းခိုင်းတဲ့အခါမှာ ဒီလူဟာ အင်ဒိုနီးရှား Jakata ကလာတာဖြစ်ပြီး၊ စလုံးပြည်တွင်းကိုဝင်ဖို.အတွက် ICA (လဝက) ကပေးမဝင်ကြောင်းနဲ့၊ ဘာကြောင့် ပေးမဝင်တာလဲ ဆိုတဲ့ အကြောင်းပြချက်ကို တော့ ထုံးစံ အရပေးလေ့မရှိပဲ၊ သူလာခဲ့တဲ့ နိုင်ငံလေဆိပ်ကို ပြန်ပို.တာဖြစ်ပါတယ်။ ခရီးသည်ကပြောတာက၊ သူ.မှာစလုံးကနေ India ကိုပြန်ဖို.လက်မှတ်ရှိကြောင်းနဲ့ Jakata ကို ပြန်ဝင်ဖို. သူ.မှာ ဗီဇာမရှိတဲ့အတွက် အင်ဒို လဝက ကလဲသူ.ကိုပြန်ပို.မှာဖြစ်ကြောင်း၊ဒီစလုံးပြန်ရောက် တော့စလုံးက ပေးမဝင်ရင် သူ.မှာငွေတွေကုန်ပြီး လဝက နှစ်ခုကြားမှာ ဘောလီဘောပုတ်တန်းကစားတာကိုခံရမှာဖြစ်ကြောင်း ပြောတယ်လို.ပြောပါတယ်။ တကယ်တန်း သူပြောတာလဲအမှန်ပါပဲ။ သူ.စာအုပ်ဟာနှစ်နိုင်ငံလုံးကိုဝင်ဖို.အတွက်ဗီဇာ လိုပါတယ်။သူ India ကနေ Jakata ကိုသွား၊ အပြန်မှာ transit ကိုစလုံးကတဆင့်လုပ်ချင်တာပါ။

တကယ်တော့ Budget Airline တွေကိုစီးနင်းတဲ့အခါမှာကျနော်တို.သိထားကြတဲ့ အတိုင်း transit ကိုအတွင်းထဲမှာပြောင်းလို.မရပါဘူး။ လေကြောင်းလိုင်းအခေါ်အဝေါ်အရပြောရရင်တော့ interline check in လို.ခေါ်ပါတယ်။ ဥပမာ စင်္ကာပူကနေရန်ကုန်ကို Bangkok မှတဆင့်သွားမယ်ဆိုပါ ဆို. Thai Airways (TG) နဲ့ပေါ့ဗျာ။ ချန်ဂီမှာရှိတဲ့ TG ကောင်တာကနေတိုက်ရိုက် check in ဝင်ပြီး၊ ပစ္စည်းတွေ ကိုလဲရန်ကုန်ရောက်တဲ့အထိ ပြန်ထုတ်စရာမလိုပဲတိုက်ရိုက်ပို.လို.ရတာလူတိုင်းလိုသိကြမှာပါ။ BKK- RGN boarding pass ကိုလဲချန်ဂီမှာ တင် တစ်ခါတည်း print လုပ်ပေးလို.ရပါတယ်။ တချို.လေကြောင်းလိုင်းတွေတော့ transit မှာထပ်ပြီးချက်ကင်လုပ် ရပါတယ်၊ ဒါပေမယ့်ဘယ်နည်းနဲ့ မှအပြင် ကိုပြန်ထွက်ပြီးပြန်ဝင်စရာမလိုအပ်ပါဘူး။ ကိုယ့်ဟာကိုဗီဇာဘာညာတွေရှိလို့ ထွက်မယ်ဆိုရင်တော့လဲ တစ်မျိုးပေါ့။ Budget လေကြောင်းတွေမှာတော့အဲ့ဒီလိုမရဘူးဗျ။ အိတ်တွေကိုလဲကိုယ်နောက်ဆုံး ဆိုက်ရောက်ရာလေဆိပ်ကိုလဲပို.လို.မရပါဘူး။ point to point လို.ခေါ်တဲ့လေဆိပ်တစ်ခုကနေတစ်ခု ကိုပဲသွားလို. ရပါတယ်။ အဲ့ဒါကြောင့် budget လေကြောင်းတွေနဲ.ခရီးသွားမယ်ဆိုရင်သေခြာအောင် လေကြောင်းလိုင်းကို သေသေခြာခြာမေးသွားစေချင်ပါတယ်။ Jet Star ကတော့သူ.လေကြောင်းနဲ. transit လုပ်ရင်တချို.destination တွေမှာရနေပါပြီ။

ဥပမာတစ်ခုထပ်ပေးရရင်ရန်ကုန်ကနေ စင်္ကာပူကို ဘန်ကောက်မှတဆင့် Air Asia နဲ့သွားမယ်ဆိုပါ တော့၊ မြန်မာ passport holder တစ်ယောက်အတွက်ဘန်ကောက်ကိုဝင်ဖို.အတွက်ထိုင်းနိုင်ငံ ဗီဇာလို ပါတယ်။ သူကထိုင်း လဝက ကိုဖြတ်အပြင်ကိုထွက်ပြီး စင်္ကာပူကို ဆက်ဖို.အတွက်ချက်ကင်လုပ်ဖို.ပါ။ ချက်ကင်အိတ်တွေ ပါရင်လဲပြန်သွားထုတ်ပြီး၊ ပြန်ဝင်ရပါတယ်။ ရန်ကုန်ကနေတိုက်ရိုက် check in လုပ်၊ ဘန်ကောက်လေဆိပ်က transit area ကနေတိုက်ရိုက်လေယာဉ်ပေါ်တက်လို.မရပါဘူး။

ကျနော်လဲ အတက်နိုင်ဆုံးစာကိုပြေအောင်တော့ရေးထားပါတယ်။ အကယ်၍နားမလည်တာများရှိရင်ကျနော်ဆီကို အားမနာတမ်း အီးမေးလ်၊ Comment နဲ့message နဲ့မေးလို.ရပါတယ်။ အတက်နိုင်ဆုံးဖြေပေးပါ့မယ်။

တော်တော်များများကျနော့်သူငယ်ချင်းတွေကတော့ budget လေကြောင်းမစီးသလောက်ပါဗျ။ တချို.လဲသိပြီးသားတွေလဲဖြစ်မှာပါပဲ။ ခုနကကျနော်တို.ရဲ့အိန္ဒိယနိုင်ငံသားက မသိတော့ ချန်ဂီ transit area အတွင်းကနေသူ့ပြည် India ကိုပြန်ဖို့ transit လုပ်မယ်ဟဲ့ ဆိုပြီး လာခဲ့လိုက်တာ၊ Jakata ကနေသူစီးလာတဲ့လေယာဉ်က Jet Star ဆိုတော့နောက် India ကိုပြန်မယ့်လေယာဉ်ဆီကို transit check in ဝင်
လို့မရတော့သူအပြင်ထွက်ဖို့ကြိုးစားရာကနေ ICA ကသူ့ကိုတားဆီးခဲ့တာဖြစ်ပါတယ်။

ကျနော်နောက်ထပ်အခန်းကိုတော့ တချို.အထူးတာဝန်တွေအကြောင်းနဲ့ deportee အကြောင်း အစုံအလင် ရေးသွားပါ့မယ်။ ခုအချိန်ထိဖတ်ပေးကြတဲ့ကျနော်သူငယ်ချင်းတွေနဲ. ညီအစ်ကိုမောင်နှမ တွေကို အများကြီး ကျေးဇူးတင်ပါတယ်။

ဆက်ဖတ်ဖို့ဆန္ဒရှိသေးလျှင် ကျနော်နဲ့ Airlines Industry အပိုင်း (၇) သို့

Thursday, November 4, 2010

ကြေကွဲဖွယ်ရာ Halloween Night


အောက်တိုဘာလ (၃၀) ရက်နေ့စနေနေ့ည၊ကြောက်စရာ မိတ်ကပ်ပြင်ဆင်မှုတွေ၊ ထိတ်လန့်ဖွယ်ရာ ဖန်တီးမှုဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူငယ်လူရွယ်အများအပြားနဲ့စင်္ကာပူ Halloween Night မှာ သွေးအလိမ်းလိမ်းနဲ့ကြောက်လန့်စရာ၊ ကြွေကွဲဖွယ်ရာအမှန်တကယ်အဖြစ်အပျက်တစ်ခု စင်္ကာပူနိုင်ငံအရှေ့ဖျားက Downtown East Shopping Centre
ကလူတွေကြားမှာဖြစ်ပွားခဲ့ပါတယ်။

စည်ကားသိုက်မြိုက်နေတဲ့ Shopping Centre ကြီးရဲ့အလည်လူမြင်ကွင်းကြားမှာလူငယ်အုပ်စုနှစ်စုခိုက်ရန်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ်အရွယ်၊ Republic Polytechnic ဒုတိယနှစ်ကျောင်းသား Darren Ng Wei Jie ကို တဖက် လူငယ်တစ်ခု က ဓား (ဓားမကဲ့သို့ခုတ်ထစ်ရာတွင်သုံးသောဓားအကြီးစား) ဖြင့်ရက်ရက်စက်စက်အကြိမ်ပေါင်းများစွာခုတ်ထစ်ခဲ့မှုကြောင့်Darren တစ်ယောက် အခင်းဖြစ်ပွားပြီး ၅ နာရီအကြာမှာ Changi General Hospital မှာသေဆုံးခဲ့ရပါတယ်။

Darren အပါအဝင်သူ့သူငယ်ချင်း ၂ ယောက်က ၁၀ ယောက်ခန့်ရှိသောတခြားတစ်ဖက်အုပ်စုဖြင့် အပြန်အလှန်ရန်လိုသော မျက်လုံးဖြင့်စိုက်ကြည့်ရာကနေ၊ အပြန်အလှန်စကားများဖလှယ်ပြီးနောက်၊ လက်သီးထိုးရန်ဖြစ်ကြရာကနေ၊ Halloween Night အတွက်ကြောက်စရာအဆင်တန်စာဖြစ်တဲ့ဓားမဖြင့်ခုတ်တဲ့စီကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ အရေးမလှတော့တာကိုသိတဲ့ Darren နဲ့သူ့သူငယ်ချင်းတွေဟာShopping Centre အတွင်းဖက်ကိုဆုတ်ခွာထွက်ပြေးခဲ့ကြပေမယ့်ကံဆိုးတဲ့ Darren တစ်ယောက်မှန်တံခါးကို ဝင်တိုက်မိပြီးတဖက်ကလိုက်လာသူတွေရဲ့လက်ထဲကျဆင်းကာဓားမကိုင်ဆောင်ထားသူများကရယ်မောပြီး လူအများရှေ့မှာ သွေးအေးအေး နဲ့ ခုတ်ထစ်ခြင်းခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရပြီးဓားမကိုင်လူငယ်တွေထွက်ပြေး တိမ်းရှောင် သွားပြီးနောက် Darren သူငယ်ချင်း ၂ ယောက်ကသူ့ ကိုတွဲခေါ်ကာDowntown East Shopping Centre မှာရှိတဲ့ Sakura Japanese Buffet စားသောက်ဆိုင်နားအရောက်မှာတော့သွေးအလိမ်းလိမ်းနဲ့ဖြစ်ပြီး၊ သတိရတချက်မရတချက်ဖြစ်နေတဲ့ Darren ကိုသူ့သူငယ်ချင်း၂ ယောက်ကကြိုးစားပြီးသတိလစ်မသွားအောင်ပြုလုပ်ကြပါတယ်။ Darren စီ ကနေ ”အရမ်းနာတာပဲ၊ ငါမခံနိုင်တော့ဘူး” လို့အဆက်မပြတ်ညီးတွားသံကိုပတ်ဝန်းကျင်ကလူတွေကြားနေကြရတယ်။

Darren ရဲ့သူငယ်ချင်းတစ်ယောက်ကသူ့အင်္ကျကိုချွတ်ပြီးသွေးထွက်တာတွေလျော့ကျသွားအောင်ကြိုးစားခဲ့တဲ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတစ်ယောက်ကလဲမျက်နာသုတ်ပုဝါတွေကူညီပေးခဲ့ပါတယ်။ ခဏအကြာမှာတော့အရေးပေါ် လူနာတင်ကားနဲ့ရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး Darren ကိုအနီးဆုံးဆေးရုံကြီးတစ်ခုဖြစ်တဲ့ Changi General Hospital ကိုခေါ်သွားခဲ့ပြီးအစွမ်းကုန်ကြိုးစား အသက်ကယ်ပါသော်လည်းဆယ်ကျော်သက် Darren တစ်ယောက်ဝမ်းဗိုက်တစ်ဝိုက် မှာရရှိခဲ့တဲ့များပြားလှတဲ့ ဓားဒဏ်ရာများကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အခုလိုကြီးကျယ်တဲ့လူသတ်မှုကိုမျက်မြင်သက်သေ၊ CCTVသက်သေနဲ့အခြားအခြားသောအထောက်အထားတွေ ကြောင့် စင်္ကာပူရဲတပ်ဖွဲ့ CID ဌာနကြီးရဲ့လက်အောက်ခံအထူးစုံစမ်းမှုဆိုင်ရာတပ်ဖွဲ့ကနေ ဒီလူသတ်မှုကြူးလွန်ခဲ့တဲ့လူငယ် ၄ ဦးကို အခင်းဖြစ်ပွားပြီး ၄၈ နာရီအကြာ တင်္နလာနေ့နံနက်မှာဖမ်းဆီးလိုက်ပါတယ်။ တရားခံ ၄ ယောက်လုံးဟာ Tarah Merah နား
မှာရှိတဲ့ SAF Yatch Club ရဲ့ Honeymoon Villa တစ်ခုမှာသူငယ်ချင်းတစ်ယောက်အကူအညီနဲ့ဌားရမ်းပုံးအောင်းနေတာဖြစ်ပြီး
စင်္ကာပူရဲတပ်ဖွဲ့ကတင်္နလာနေ့မနက်ပိုင်းမှာသူတို့နေထိုင်ရာအခန်းကိုတံခါးခေါက်ချိန်မှာတော့တရားခံ ၃ ဦးဟာအသာတကြည်
အဖမ်းခံခဲ့ပြီး၊ တစ်ဦးကတော့ ၃ ထပ်မြင့်တဲ့ Villa ကနေအောက်မှရှိတဲ့ရေကူးကန်ထဲကိုခုန်ချထွက်ပြေးရာ၊ ရေကူးကန်သည်
ရေအနက် ၁.၁ မီတာသာရှိတဲ့အတွက်ဦးခေါင်းမှာဒဏ်ရာပြင်းထန်စွာရရှိပြီး Changi General Hospital ကိုပို့ဆောင်၍
အထူးကြပ်မတ်ကုသဆောင် (ICU) မှာဆေးကုသမှုခံယူနေရပါတယ်။

တရားခံများဟာအသက် ၂၀အရွယ် ပုဂ္ဂလိက ကျောင်းသား Ho Wui Ming, အသက် ၁၉ နှစ်အရွယ် National Service Man စစ်မှုထမ်း Chen Wei Zhen, အသက် ၂၁ နှစ်အရွယ် National Service Man စစ်မှုထမ်း Tang Jia Min နဲ့ အသက် ၁၈ နှစ်အရွယ် အလုပ်လက်မဲ့ Edward Tay Wei Loong တို့ဖြစ်ကြပါတယ်။ တရားခံ ၄ ယောက်အနက် ၃ ယောက်ကို နိုဝင်ဘာလ ၃ ရက်နေ့ကစင်္ကာပူတရားရုံးတော် မှာစွဲချက်တင်အမှုစတင်စစ်ဆေးခဲ့ပါတယ်။ Changi General Hospital အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတဲ့ အတွက်နောင်မှစွဲချက်တင်သွားမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ လူသတ်မှုအပြင်အခြားဥပဒေမဲ့လုပ်ဆောင်ချက် များအပါအဝင် အခြားဆက်စပ်မှုများကိုပါဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေငြာသွားပါတယ်။ လူသတ်မှုထင်ရှားပါက တရားခံ အားလုံးဟာ စင်္ကာပူဥပဒေအရသေဒဏ်ကျခံကြရမှာဖြစ်ပါတယ်။

တရားခံများကိုရုံးတော်မှာစွဲချက်တင်တဲ့နေ့မှာပဲသေဆုံးသူ Darren ရဲ့အသုဘအခန်းအနားကိုပြုလုပ်ခဲ့ရာတွင် Republic Polytechnic ကျောင်းသားများအပါအဝင်လူပေါင်းထောင်နဲ့ချီပြီး Darren ရဲ့နောက်ဆုံး ခရီးကိုလိုက်လံပို့ဆောင်ခဲ့ကြပါတယ်။ ဝမ်းနည်းကြေကွဲ တိတ်ဆိတ်ငြိမ်သက်နေသောအသုဘအခမ်းအနားကနေ Razor TV Programme Media အဖွဲ့ရဲ့ video ရိုက်ကူးမှုကို Darren ရဲ့သူငယ်ချင်းတွေကနေဒေါသတကြီးကန့်ကွက်ခြိမ်းချောက်ရာကနေခိုက်ရန်ဖြစ်ပွားနီးနီး အခြေအနေ ကိုရောက်ရှိခဲ့ပါတယ်။ ဒါအပြင့် Singapore Stomp မှာလဲဒီလူသတ်မှုနဲ့ပတ်သတ်ပြီးပြည်သူလူထုနဲ့ Darren ရဲ့သူငယ်ချင်းတွေကြားမှာဒေါသတကြီး online စစ်ပွဲလဲဖြစ်ပွားလာခဲ့ရပါတယ်။ Darren အတွက်အောက်မေ့ဖွယ် Facebookစာမျက်နာတစ်ခု ဖွင့်လှစ်ခဲ့ပြီးအခုအချိန်ထိ Facebook စာမျက်နာမှာပါဝင်သူ ၅၀၀၀ အထိနဲ့ ပြည်သူလူထုကနေဝမ်းနည်းကြောင်း၊ စာနာထောက်ထားကြောင်းတွေရေးသားခဲ့ကြပါတယ်။

ကျနော့်အနေနဲ့ သေဆုံးသူ Darren ကိုသိလဲမသိပါဘူး။ ဒါပေမယ့်အသက်ငယ်ငယ်လေးနဲ့အသေဆိုးနဲ့အသက်ဆုံးရုံးခဲ့ရပြီး၊ ဒီအရွယ်အထိထိန်းသိမ်းစောင့်ရှောက်ခဲ့ရတဲ့သူ့မိဘတွေကိုကိုယ်ချင်းစာစိတ်၊ ဘာမဟုတ်တဲ့အကြည့်လေးတစ်ချက် ကနေဒီလို အဖြစ်အပျက်ဆိုးကြီးဖြစ်ပွားခဲ့ရတာကိုလူငယ်လူရွယ်တွေသင်ခန်းစာယူနိုင်ဖို့နဲ့လူကြီးတွေအတွက်လဲသတင်းတစ်ခုအနေနဲ့ Darren နဲ့ပတ်သတ်သမျှသတင်းတွေကိုဖတ်ပြီးဘာသာပြန်ပေးထားတာဖြစ်ပါတယ်။

http://www.facebook.com/#!/pages/In-Remembrance-of-Darren-Ng-Wei-Jie-Republic-Polytechnic/141306885917530

Reference : TODAY Newspaper, Straits Times, Singapore Stomp , The New Paper.

Changi Airport Tax တိုးမြှင့်ကောက်ခံ


ကမ္ဘာ့အကောင်းဆုံးနံပ္ပါတ် ၁ လေဆိပ်ကြီးဖြစ်တဲ့ Changi Airport ဟာ ၂၀၁၁ ခုနှစ် April လမှစတင်ပြီး Transfer and Transit ခရီးသည်တွေကိုဝန်ဆောင်ခနဲ့လုံခြုံရေးအခတွေကောက်ခံတော့မှာဖြစ်တဲ့အကြောင်း Changi Airport Group (CAG) ကနေမနေ့ကကြေငြာသွားခဲ့ပါတယ်။ ယခင်ကလေယာဉ်ခရီးစဉ်ကူးပြောင်း၊ခရီးထောက်နားတဲ့အတွက်အခွန်ကောက်ခံလေ့မရှိပဲ
ယခုပထမဆုံးအကြိမ်အဖြစ်ကောက်ခံတာဖြစ်တယ်လို့သိရှိရပါတယ်။အခွန်S$12 ဖြစ်ပြီးခရီးသည် ၁၀ ဦးမှာ ၃ ဦးခန့်ပေးဆောင်
ရဖွယ်ရှိပါတယ်။ အလားတူတိုးမြှင့်အခွန်ကောက်ခံမှုမျိုးကိုဥရောပနိုင်ငံများရဲ့အဓိကလေဆိပ်ကြီးများတွင်သာမက၊ အာရှအတွင်း
ဂျပန်နဲ့ကမ္ဘာ့အကောင်းဆုံးလေဆိပ်စာရင်းဝင်ကိုး၇ီးယားနိုင်ငံဆိုလ်းမြို့ကအင်ချွန်းလေဆိပ်တို့မှာလဲပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့နှစ်ကခရီးသည် ၁.၅ သန်းဆိုက်ရောက်ထွက်ခွာအသုံးပြုခဲ့တဲ့ Changi Budget Terminal ရဲ့ Airport Tax ကို
S$15 ကနေ S$18 ကိုတိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေအတွက်မှာလဲ Changi Airport Terminal 1/2/3 နဲ့ Budget Terminal တို့မှာဆင်းသက်၊ရပ်နားခများကို ၁၅% တိုးမြှင့်ကောက်ခံသွားများဖြစ်ကြောင်းဖော်ပြသွားပါတယ်။

ခရီးသည် ၁၈၀ ကျော်ဆန့်အလတ်စားလေယာဉ်ကြီးတစ်စင်း ၃ နာရီကြာဆိုက်ရောက်ရပ်နားခမှာ S$1023 ကျသင့်တဲ့အတွက်၊
ဒေသတွင်းပြိုင်ဖက်လေဆိပ်ကြီးများဖြစ်တဲ့ဘန်ကောက် Suvarnabhumi၊ Hong Kong Chek Lap Kok တို့ရဲ့ဝန်ဆောင်ခများ ထက်ဈေး သက်သာသေးကြောင်း CAG မှာပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားပါတယ်။

လေဆိပ်အခွန်အခများကိုခရီးသည်ကပေးဆောင်ရသောအစဉ်အလာအရနဲ့လေကြောင်းလိုင်းများအတွက်ဆိုက်ရောက်ရပ်နားခ
တွေတိုးမြှင့်ခဲ့တဲ့အတွက်အခုလာမည့် ၂၀၁၁ ခုနှစ်တွင်းမှာလေယာဉ်လတ်မှတ်ခတွေဈေးပိုမိုလာဖွယ်ရာရှိပါတယ်။ စင်္ကာပူအခြေစိုက် စားရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ Tiger Airways ကတော့ CAG ရဲ့ကြေငြာချက်ကိုအလွန်တရာစိတ်ပျက်မိကြောင်း၊အခုလိုစီးပွားရေး နံလံထူစအခြေအနေနဲ့၊ ခရီးသည်တိုးမြှင့်နေတဲ့အချိန်အခါမှာ CAG အနေနဲ့လေကြောင်းလိုင်းတွေရဲ့စားရိတ်တွေကို လျှော့ချပေးခြင်းဖြစ် စီးပွားရေးကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်တယ်လို့ပြောကြားသွားပါတယ်။

Ref: TODAY Newspaper.

Monday, November 1, 2010

ကျနော်နဲ့ Airline Industry အပိုင်း (၅)

ကျနော်ဒီအပိုင်းမှာတော့ boarding gate မှာကြုံရတဲ့အခက်အခဲတွေနဲ.တခါတလေကြုံရတက် တဲ့တချို့ ထူးထူးခြားခြားအကြောင်းလေးတွေကိုရေးသွားပါ့မယ်။ အဓိကတွေ ကြရတဲ့အခက်အခဲတွေကတော့ ခရီးသည်ဂိတ်ကိုကြိုတင်မလာပဲနောက်ကျ လာတဲ့ပြသနာပါ။ ကျနော်အရင်တုံးကထင်တာကလေယာဉ်နဲ.ခရီးသွားမယ့်ခရီးသည်တွေဟာဟာအချိန်ကိုတိကျလေးစားစွာလာလိမ့်မယ်လို.ပေါ့၊ တကယ်တော့ အမြဲတမ်းမမှန်ကန်ပါဘူး။နေ.စဉ်အနည်းနဲ့အများကွာတာပဲရှိမယ်။ နောက်ကျပြီးလာတဲ့ခရီးသည်ကတော့ ရှိမြဲရှိနေတာပါ။ ကောင်တာမှာစပြီးချက်ကင်ဝင်ထဲကိုကပြောလိုက်ပါတယ်၊ ဂိတ်ကို (၁) နာရီကြိုဖွင့်ပြီး လေယာဉ်မထွက်ခွာမီ ၁၀ မိနစ်ကြိုပိတ်ကြောင်း၊ ဂိတ်အတွင်းသို့ဘယ်အချိန်မှာနောက်ဆုံးထားဝင်ပါ ဆိုတာကိုကောင်တာဝန်ထမ်းကတခါထဲရှင်းပြ၊ boarding pass မှာအဝိုင်းနဲ့အချိန်ကိုပြပေးလိုက် သော်လည်းဖြစ်မြဲ ဖြစ်တယ်လို.ပဲပြောရတော့မှာပေါ့။ တချို.ခရီးသည်တွေကတော့သိသိကြီးနဲ့ transit mall ထဲမှာဈေးဝယ်ရင်းနောက်ကျ သွားတာမျိုး၊ တခြား terminal တွေကိုလျှောက်လည်ရင်းနဲ့ပြန်လာဖို.နောက်ကျသွားတာတွေကြုံရပါတယ်။

ဂိတ်ရှာမတွေ.လို.နောက်ကျတာမျိုးတော့သိပ်မတွေ့ပါဘူး။တစ်ခါကြုံဖူးတယ်၊ အမျိုးသမီးနှစ်ယောက်ရယ် ကလေးလေး တစ်ယောက်ရယ် ဟောင်ကောင်ကိုအလည်သွားဖို.အတွက် Jakata ကနေဒီလာပြီး Transit လုပ်တာ၊ဂိတ်ပိတ်ပြီးလေယာဉ်ပြေးလမ်းပေါ်တက်သွားတဲ့အထိမလာပါဘူး။ကျနော်တို.ဂိတ်မှာလက်စ သိမ်းစရာတွေသိမ်းပြီး ဂိတ်ပြင်ထွက် နောက်တစ်ဂိတ်ကိုကူးဖို.သွားတဲ့လမ်းမှာတွေ.ရတယ်သူတို.ကို၊ ကျနော်တို.ကသိပြီးနေပြီလေ 2 female and 1 child ဆိုတော့လှမ်းမေးကြည့်လိုက်တယ်၊ ဘယ်သွားမှာလဲလို့မေးကြည့်တော့ခုနကကျနော်တို.နေခဲ့တဲ့ဂိတ်နဲ့ flight no. ပြောတယ်၊ ကျနော်တို.ကလေယာဉ်လေထဲတောင်ရောက်နေလောက်ပြီဆိုတော့မှအချိန်ကိုမကြည့်မိဘူးတဲ့၊ဘယ်လိုလုပ်ရမလဲတဲ့၊ ဘယ်လိုမှလုပ်လို.မရပါဘူး၊budget airline တွေဟာအဲ့ဒီလိုဖြစ်ရင်လက်မှတ်ကအဆုံးပါပဲ။အဲ့ဒီလို ကျန်ခဲ့ ပြီဆိုရင်ကျနော်တို.မှာအပိုအလုပ်တွေထပ်ရှုပ်ရတော့တယ်။ ကျနော်တို.အစဉ်သင့်ယူလာတဲ့ပုံစံမှာ ဖြည့်ပြီးစလုံးပြည်တွင်းကိုပြန်ဝင်ဖို.အတွက်စလုံး လဝက ဆီကိုသူတို.ရဲ့passport တွေနဲ့တကွကိုယ်တိုင် လိုက်အပ်ရတယ်။ လဝက ကနေ စီစစ်ပြီးပြည်ဝင်ခွင့်ပေးပါတယ်။ အကယ်၍ဗီဇာနဲ့တခြားလိုအပ်ချက်တွေ ရှိနေတဲ့ခရီးသည်ဆိုရင်တော့ပြည်ဝင်ခွင့်မပေးတော့ပဲနောက်ထပ်ခရီးစဉ်မရှိမခြင်းလေဆိပ်ထဲမှာပဲနေခိုင်းပါတယ်။
သူ့စာအုပ်ကိုတော့လုံခြုံရေးအရသိမ်းကောင်းသိမ်းထားနိုင်ပါတယ်။ကျနော်တော့ဒီလိုခရီးသည်မျိုးတော့မတွေ.ဖူးပါဘူး။စာတွေ.ထဲမှာတောအဲ့ဒီလိုပြောထားတယ်ဗျ။

လဝကကိစ္စပြီးရင်သူတိုကိုဆိုက်ရောက်လဝကကိုခေါ်သွား၊လေဆိပ်အတွင်းဆောင်တွေထဲကနေထွက်ပြီးပစ္စည်း တွေထွက်တဲ့နေရာကိုလိုက်ပို.၊ သက်ဆိုင်ရာပစ္စည်းထိမ်းသိမ်းတဲ့ unit ကိုအကြောင်းကြားပြီးတော့သူတို.ပစ္စည်းတွေ ထွက်လာတဲ့အထိလုပ်ရတာပါ။အစအဆုံး (၁)နာရီးနီးပါးကြာပါတယ်။ ကျနော်ဆိုကိုယ်တာဝန် ကျတဲ့ flight က ခရီးသည် ကျန်ခဲ့ရင်စိတ်တအားညစ်တာပဲ။ ခုနကခရီးသည်ဆိုရင်ကလေးကငိုလိုက်တာ တအားစိတ်မကောင်းဘူး။ ကိုယ်သာသူတို့လိုကျန်ခဲ့ရင်အဲ့ဒိလိုဖြစ်မှာပဲဆိုပြီးတွေးမိတယ်။ နောက်ပိုင်းခဏခဏကြုံလာတော့ရိုးသွားရော။ မြန်မာ flight ဆိုရင်တော့ကျန်ခဲ့တာမရှိသလောက်ပါပဲ။ တချို.တကယ်ကိုနောက်ကျနေတဲ့ခရီးသည်တွေလဲတွေ.ဖူးပါတယ်။ ချက်ကင်ဝင်တာနောက်ကျဂိတ်ကလဲ terminal ရဲ.အဆုံးမှာဆိုရင်အပြေးလေးကိုလာရတာ။ တခါတလေ captain ကစောင့်ပေးတက်ပါတယ်။ ၅ မိနစ်လောက်ပေါ့လေ၊သူမှာလဲအကြာကြီးစောင့်လို.မရပါဘူး။ captain ကစောင့်ချင်ပေ မယ့် crew ကမစောင့်ချင်တက်ဘူ၊ နင်တို.ခရီးသည်ကဘာဖြစ်လို.မလာသေးတာလဲဆိုတာရှိသေးတယ်။ မသိလို.ပေါ့၊ သိရင်သွားပြေးခေါ်လိုက်ပြီ။ တချို.ခရီးသည်များကျတော့နောက်ကျနေပြီ captainရဲ့ညှာတာမှုအရ စောင့်ပေးနေတာကိုပြေးခိုင်းတာမပြေးပဲနင့်လေယာဉ်ထွက်ဖို.အများကြီးလိုသေးတယ်မပြေးနိုင်ဘူး ဆိုတဲ့လူတွေနဲ.လဲတွေ.ရပါတယ်။ အများအားဖြင့် အင်ဒိုနီရှားခရီးသည်တွေပါ။

နောက်ထပ်ဂိတ်မှာတွေရတာတွေကခရီးသည်တွေဂိတ်ထဲဝင်ပြီးရင်ပြန်ထွက်ကြတာ။အိမ်သာသွားကြတာပါ။ တကယ်တော့တချို.ကအိမ်သာမဟုတ်ဘူးဈေးပြန်သွားဝယ်ကြတာ။အဲ့ဒီလိုဆိုရင်ပေးမထွက်လို.လဲမရ တော့ပေးတော့ထွက်တယ် ၁၀ ယောက်ထပ်မပိုရပေါ့။ ဒါကတော့ကိုယ်ကိုင်တွယ်တဲ့ flight ပေါ်မူတည်ပြီး ကိုယ့်တာဝန်နဲ.ကိုယ်ပါ။ စည်းမျဉ်းစည်းကမ်းနေနဲ.တော့မဟုတ်ဘူးပေါ့။ တစ်ခါကြုံဖူးတယ်ခရီးသည် boarding ခေါ်နေပြီမလာသေးလို. အိမ်သာထဲထိလိုက်ခေါ်ရတယ်။

နောက်ထပ်ပြသနာကတော့အားလုံးသိကြတဲ့အတိုင်း အရည်နဲ.ချွန်ထက်သော အရာ များနဲ့တချို. ပစ္စည်းများကိုလေယာဉ်ပေါ်ကိုယူလို.မရတာ။ ခရီးသည်တွေကတချို.လဲသိသိကြီးနဲ့လုပ်သလို မသိပဲ နဲ့ယူလာတာတွေရှိပါတယ်။ အဲ့ဒီမှာရှာဖွေရေးကတွေ.လို.သိမ်းစည်းဖျက်ဆီးရင်စိတ်ဆိုးကြပြသနာတွေရှာ ကြတာ ကခဏခဏတွေ.ရတဲ့ကိစ္စတစ်ရပ်ပါ။ Security Screening Unit (SSU) ကအလွန်တရာ တိကျပါတယ်။ မရဘူးလို. ပြောရင်လုံးဝမရပါဘူး။ သူတို.ရဲ့ဆုံးဖြတ်ချက်က final ပါ။ ကိုယ်ကလဲသွား မရှည်ရဲပါဘူး။ဘယ်သူမှတော့ ရေမွှေးကို ဗုံးမလုပ်တက်သိလို curry chicken ကလေယာဉ်ကိုမဖောက်ခွဲ နိုင်ပါဘူး။ (ကျနော့်စိတ်ထင်ပြောတာပါနော်၊ အခုနောက်ပိုင်းအကြမ်းဖက်သမားတွေရဲ့နည်းပညာသစ်တွေ ကြောင့်ဖြစ်ကောင်းလဲဖြစ်နိုင်ပါတယ်။) သို.သော်စည်းမျဉ်းစည်းကမ်းထဲမှာပြောတဲ့ အတိုင်းတသွေ မတိမ်းကို SSU ကလိုက်နာရပါတယ်။ ဘယ်သူကိုမှလဲမျက်နာမထောက်ပဲကင်းလွတ်ခွင့်တွေ မပေး ပါဘူး။ ကျနော်တို.ဝန်ထမ်းတွေကိုယ်တိုင်ဂိတ်ထဲကိုအရည်ယူလို.မရပါဘူး။ တခါဝင်ရင်တခါပြန်ပြီး စစ်ပါတယ်။ တချို.ခရီးသည်ကျတော့လဲလွယ်လွယ်ကူကူလျော့ပေးပြီးဘာမှာမပြောပါဘူး။တချို.ကြတော့လဲSSU ကအရာရှိများကိုယ်တိုင်လာရှင်းရတာတွေ၊နောက်ဆုံး airport police ကလာပြီးဖမ်းရတဲ့အထိရှိပါတယ်။ ဂိတ်ပြီးလို.ရှိရင် SSU ကနေအပ်တဲ့ပစ္စည်းအများစုကတော့ကတ်ကျေးအသေးအကြီးအစုံ၊ လက်သည်း ညှက် စတဲ့ အချွှန်ပစ္စည်းတွေပါပဲ။ ကျနော်တို.ကအဲ့ဒါတွေကိုသိမ်းပြီးရုံးကစတိုကိုပို့ရပါတယ်။ စတိုမှာဆိုကတ်ကျေးသေးအကြီးအစုံတောင်လိုပုံနေပါတယ်။

ဂိတ်မှာအမှတ်တရအဖြစ်ဆုံးတွေကတော့ မနက်အစောပိုင်း flight တစ်ခုပေါ့၊ အဲ့ဒီလိုမနက်ပိုင်း flight တွေဆိုပြသနာအကင်းဆုံးနဲ့လေယာဉ်ကိုအချိန်မှန်ထွက်စေချင်တယ်။ ပြီးတာနဲ့နောက်ထပ် (၂)နာရီ လောက်နားရတာမှာလေ၊ အနည်းဆုံး ၁ နာရီကျော်လောက်အိပ်လို.ရတယ်ဗျ။ လေဆိပ်ထဲကခုံပေါ်မှာ အိပ်တယ်လို.တော့မထင်ပါနဲ့နော်။ ဝန်ထမ်းတွေနားနေခန်းမှာအိပ်တဲ့ပက်လက်ကုလားထိုင် လိုခုံတွေ ချပေးထားတဲ့နေရာမှာအိပ်တာပါ။ လိုရင်းကိုဆက်ရ ရင်ဂိတ်လုပ်ငန်းတွေကပုံမှန်အတိုင်းပါပဲ ခရီးသည်တွေ ကိုလဲလေယာဉ်ပေါ်တောင်တင်ပြီးပြီထွက်ဖို.အတွက် captain ရဲ့ final load sheet ကိုစောင့်နေတဲ့အချိန်မှာပါ။ ကျနော်က runner ဆိုတော့လေယာဉ်တံခါးဝမှာစောင့်နေရတယ်။ ဝေါ်ကီတော်ကီကနေခုံနံပါတ်တစ်ခုကို controller ကရှာခိုင်းတယ်၊ပြီးတော့ security unit က crew နဲ့ captain ကို အကြောင်းကြားပေးပါတဲ့လေယာဉ်ကိုမထွက်ပါနဲ့အုံးဆိုပြီး၊ ကျနော်လိုအပ်တာတွေ အကြောင်းကြားပြီးတာနဲ့ ခုံမှာသွားရှာတော့ အသက် ၃၀ အရွယ်အမျိုးသားခရီးသည်တစ်ယောက်ကိုတွေ.ပါတယ်။ ကျနော်က controller ကို ခရီးသည် onboard ပါပေါ့။ ခဏနေတော့ SSU က နှစ်ယောက် လေယာဉ်ပေါက်ဝကိုရောက်လာပြီးခုနကခုံနံပါတ်က လူကိုလေယာဉ်ဖြင့်လိုက်ပါခွင့်မပြုပါ offload လုပ်ပါတဲ့။ အခုပဲသွားပြောပါတဲ့။ဟာ ဒီလိုမျိုးကြီးဘယ်လိုသွားပြောမှာ လဲစဉ်းစားကြည့်ပါအုံး။ ဒါမယ့်ကျနော်မှာငြင်းဖို.အခွင့်မရှိပါဘူး။ ကျနော်အလုပ်တာဝန်ကိုး၊ SSU ကလေယာဉ်ပေါ်ကို တက်ပြီးခေါ်လို.မရပါဘူး၊ အဲ့ဒါကြောင့်ပါ။ ဒါနဲ့မျက်နာကိုအတက်နိုင်ဆုံးချိုအောင်လုပ်ပြီးခရီးသည်ကို လူကြီးမင်း ကိုလုံခြုံရေးအရလေယာဉ်ပေါ်က offload လုပ်ရပါမယ်ဆိုတော့၊သူ.ကိုဆိုတာသေခြာရဲ့ လားတဲ့၊ သေခြာတဲ့အကြောင်း SSU ကမေတ္တာရပ်ခံတာဖြစ်ကြောင်းနဲ့ print ထုတ်ထားတဲ့name list ကိုပြတော့တော်သေးတယ်ထင်ထားသလို အကြောက်အကန်မငြင်းပဲအသာတကြည်နဲ့ လိုက်လာတယ်။လူကြီးမင်းရဲ့ ပစ္စည်းများအားလုံးကိုလဲယူလာပါလို.ပြော လိုက်ရသေးတယ်။ သူဆင်းပြီးတာနဲ့ controller ကလေယာဉ်ကိုတံခါးပိတ်၍ထွက်ခွာနိုင်ပြီလို့ပြောတာနဲ့လေယာဉ်လဲ ထွက်သွားပါတယ်။ဂိတ်ထဲမှာတော့ဒီလူကိုဘာလို.ဆင်းခိုင်းတာလဲဆိုတာမေးမြန်းလိုက်တော့ အိတ်ထဲမှာလက်ထိပ်တစ်စုံတွေ.လို.ပါတဲ့။ SSUကစောစောပိုင်းခရီးသည်ဝင်လာထဲကသတိထားမိသော် လည်း မသေခြာတာနဲ့အထက် အဆင့်ဆင့်စီကနေအမိန်.တောင်းခံခြင်း၊ Airport Police ကိုအမိန်.တောင်းခံခြင်းလုပ်နေရတာနဲ့နောက်ဆုံးခရီးသည် လေယာဉ်ပေါ်ကိုရောက်သွားတာပါပဲ။ တကယ်ဆိုရင်သိပ်တော့မကောင်းဘူးပေါ့၊ စောစောစီးစီးထဲကဆိုလေယာဉ် လဲနောက်မကျဘဲအချိန်မှန် တက်နိုင်မှာပါ။အခုတော့ ၁၀ မိနစ်လောက်နောက်ကျသွားပါတယ်။

ကျနော်တို.မှာတော့ကိစ္စမပြီးသေးပါဘူး။ Airport Police ကလာနေတုံးတဲ့၊ပြီးတော့ offload ဖြစ်ပြီဆိုတာ နဲ့ ခုနကပြောခဲ့ဖူးတဲ့အစအဆုံး အစီအစဉ်တွေကိုလဝက ကနေစပြီးဒီလူအပြင်ရောက်တဲ့အထိကြာအုံး တော့မှာလေ။ အလွန်စိတ်တိုတာ၊အိပ်ချိန် နားချိန်လေးပါသွားတာဆိုတော့လေ။ ခဏနေတော့ Airport Police (၄) ယောက်လောက်လာပါ တယ်။ ပါလာတဲ့ လက်ထိပ်ကိုဓာတ်ပုံရိုက်တာတဲ့ရဲကရိုက်၊ တိုင်းထွာစစ်ဆေးတဲ့သူကတိုင်းထွာ၊ခရီးသည်ကိုစစ်ဆေးပါ တယ်၊ ဘာအတွက်နဲ.ယူလာတာလဲပေါ့၊ ဒီပစ္စည်းဟာတားမြစ်ထားသောပစ္စည်းဆိုတာမသိဘူးလားဘာလားများပြား လှတဲ့ မေးခွန်းတွေမေး ပါတယ်။ SSU ကိုလဲဒီပစ္စည်းစတင်တွေရှိပုံဘယ်လို Action ယူပုံတွေအသေးစိတ်မေးပြီးတော့၊ ကျနော်တို.ကိုလဲခရီးသည်ကို offload လုပ်တဲ့အချိန်တွေလေယာဉ်ပေါ်မှာရှာတွေ.ချိန်တို.ကအစ အတိအကျ မေးမြန်းတာပါ။ဘာအတွက်လဲတော့မသိဘူးပေါ့ဗျာ။ ခရီးသည်ပြောတာကြားတာတော့သူ.ဟာမဟုတ်ပါဘူး၊သူ.ရည်းစားက နောက်ပြီးထည့်ပေးလိုက်တာပါလို.ပြောတယ်။ ဒါမယ့်သူ.လက်ထဲမှာဆိုတော့သူ.မှာပဲတာဝန်ရှိတာပေါ့။ မိနစ် ၃၀ လောက်စစ်ဆေးမေးမြန်းမှုတွေပြီးတာနဲ့သူတို.ရဲ့အထက်ကိုတင်ပြပြီးဒီလူကိုသွားခွင့်ပြုကြောင်းပြောတော့မှကျနော်တို.ရဲ့ထုံးစံအတိုင်းလဝကအစီအစဉ် တွေကိုဆက်လုပ်ရပါတော့တယ်။ အိပ်ဖို.တော့မပြောနဲ.တော့၊ မနက်စာလေး တောင်မနည်းပြေးစားပြီး နောက်duty တစ်ခုကိုပြေးလိုက်ရတာ။



နောက်ထပ်ဆင်တူအဖြစ်အပျက်မျိုးလေးတစ်ခုနောက် တစ်ခန်းမှာဆက်ရေးသွားပါ့မယ်။



ဆက်ဖတ်ဖို့ဆန္ဒရှိသေးရင် ကျနော်နဲ့ Airline Industry အပိုင်း (၆) သို့